# VI DIỆU PHÁP GIẢNG GIẢI — VER 1
> Hợp nhất từ 43 tập tin edited (trang 001–215)
## Trang 1
**အရှင်ဇနကာဘိဝံသ**
**ဒုတိယကျမ်းစာ**
အငယ်-အလတ်တန်း စာမေးပွဲများကို အောင်မြင်ရန်နှင့်
အခြေရဘို့ရန် တာဝန်ခံနိုင်လောက်အောင်
အဘိဓမ္မတ္ထသင်္ဂဟ အဋ္ဌကထာကို
တန်ဆာဆင်ထားသော
# **အခြေပြုသင်္ဂြိုဟ်**
၁၃၁၄, ခု                                          ဆဋ္ဌအကြိမ်
နယူးဘားမား ပိဋကတ်ပုံနှိပ်တိုက်
အမရပူရမြို့။
## Trang 2
နိဒါန်း အချီ
"အခြေပါဒ, သင်ကြားစွဲ, ချနည်းမကျယ်, ဝိပ္ပာယ်ကောင်းစွာ,
လိုရုံသာဖြင့်, အင်္ဂါရမသည်း, နားတွင်းရည်သို့, ညွတ်ပြောင်းမွေ့
မွေ့, တကျွေ့ကျွေ့လျှင်, တနေ့တထူး, ကျေးဇူးချဲ့ထွင်, ကျမ်းရိုး
ဝင်လျက်, သင်သင်အံအံ, ကြံကြံကြည့်ကြည့်" (အရှင်မဟာရဋ္ဌသာရ)
မည်သည့်ကျမ်းစာ မဆို ရှေးဦးစွာ အခြေပျိုးစ၌ "ဋီကာက ဘယ်နည်း၊
ဆရာ့ဆရာကြီးတို့က ဘယ်လို၊ မိမိ အဆိုက ဘယ်အသီး" ဟု စကားလုံး
ပြောင်ပြောင်နှင့် တဖေါင်ဖေါင်မပြောသေးဘဲ ခက်ခဲနက်နဲသော အဓိပ္ပါယ်
များကို မြုပ်ထားလျက် လွယ်ကူသော အနက် အဓိပ္ပါယ်ကိုသာ လက်ထပ်
ကျန သင်ပြသင့်ပေသည်။ ဥပမာ -- နားဖေါက်ရာ၌ သိမ်မွေ့ သေးငယ်သော
အပ်ကလေးဖြင့် ထွင်းဖေါက်ပြီးမှ တဖြည်းဖြည်း ချဲ့ကာချဲ့ကာ စိန်နားကပ်
ကြီးများပန်ဆင်သာအောင် ကျယ်ဝန်းလာသကဲ့သို့ ထို့အတူ လွယ်ကူသော
အနက်အဓိပ္ပါယ်မျိုးဖြင့် အခြေ ပျိုးပါလျှင် တဖြည်းဖြည်း ကျမ်းရိုးထိမိလျက်
လေးနက်သော အဓိပ္ပါယ်ကိုပင် လွယ်ကူသည် ဟု ထင်လာပါလိမ့်မည်။
ဤကဲ့သို့သော အကြောင်းအရာကို ကောင်းစွာ မြော်မြင်တော်မူသော
အရှင်အနုရုဒ္ဓါ ထေရ်မဟာသည် အဘိဓမ္မာဆိုင်ရာဝယ် အခြေပါဒ – ရခိုင်
လောက်အောင် ရည်မှန်း၍ အဘိဓမ္မတ္ထသင်္ဂဟကျမ်းကို ကြိုးပမ်း စီရင်တော်
မူခဲ့ ပေသည်။ ထို သင်္ဂြိုဟ်ကျမ်းသည် ယခု အခါ ဤ မြန်မာနိုင်ငံနှင့် တကွ
သီဟိုဠ် အင်္ဂလန် စသော နိုင်ငံများတွင် အပြစ် ကင်းစင်သော သုဝဏ္ဏပမာ
အဘိဓမ္မာ လေ့လာသူတို့၏ စက္ခု၌ ကြည့်ရှုတိုင်း ရှင်းလင်းသဖြင့် စန်းပွင့်
လျက် ရှိ၏။ [ သီဟိုဠ်အက္ခရာဖြင့် နိဿယအဓိပ္ပါယ်နှင့် တကွ ရှိ၏၊ ယစ်မျိုး
မင်းကြီး ဦးရွှေဇံအောင် ( အမ် အေ ) သည် အင်္ဂလိပ်လို ပြန်ထားသဖြင့်
အင်္ဂလန်မှာလည်း ထင်ရှားလျက် ရှိပေသည်။ ]
## Trang 3
ထိုမျှလောက် တွင်ကျယ်လျက်ရှိသော သင်္ဂြိုဟ်ကျမ်း၌ စည်းကမ်း ကျန၍
လှပအောင် ဆင်ပြင်ဘို့ရာ မိမိတို့ တာဝန်သာ ဖြစ်သောကြောင့် ခေတ်နှင့်
လျော်အောင် ဆင်ပြင်ဘို့ရန် စဉ်းစားသည့်အခါ ၁-အခြေပြုသူတို့နှင့်သာ
ထိုက်တန်သော နိဿယ သရုပ်ခွဲ ပါဋ္ဌ်လျောက် အဓိပ္ပါယ်တို့က တပိုင်း၊
၂-သင်္ဂြိုဟ်ပါဋ္ဌ်နှင့် ဆက်စပ်၍ အခြေရပြီးသူ တို့သာ သိမှတ် ထိုက်သော
အဓိပ္ပါယ် အလေးအနက်တို့က တပိုင်း၊ ဤသို့ ၂ ခဏ်းမျှ ပေါ်ထွက်လာ
ပေသည်။
ထို ၂ ခဏ်းတွင် အခြေ မရသေးသူတို့ အတွက်မှာ လေးနက်သော
အဓိပ္ပါယ် တို့ကို ကြည့်ရှုဘွယ်ရာ မဟုတ်သေး၊ အခြေရပြီးသူတို့မှာ လည်း
နိဿယ သရုပ်ခွဲ ပါဋ္ဌ်လျောက် အဓိပ္ပါယ်တို့မှာ အပိုသာ ဖြစ်တော့သည်။
ထို့ကြောင့် အခြေမရသေးသူတို့အတွက် မှန်၍ အခြေပြုသင်္ဂြိုဟ်ကျမ်းကို
ပို့ချသော ဆရာလည်း မပင်ပန်း−သင်ယူသော တပည့်များလည်း ရှင်းလင်း
အောင် ယဉ်ဆန်းသော စည်းစနစ် တို့ဖြင့် နည်းအသစ် တည်ထွင်၍ စီစဉ်
ဖွင့်ပြပေးအံ့။
[အခြေရပြီးသူတို့အတွက် လေးနက်သော အဓိပ္ပါယ်များကို မြန်မာ
ဘာသာဖြင့် ကျနစွာ ဖွင့်ပြထားသော ဘာသာဋီကာ ၌ တွေ့ရပါလိမ့်
မည်၊ ဤအခြေပြုသင်္ဂြိုဟ်၌ အများ၏ အယူအဆနှင့် မတူမျှသော အချက်
များကိုလည်း ထို ဘာသာဋီကာက ရှင်းလင်းပြပါလတံ့။]
သောတုနံ ပါသတာဝါယ, အဘိဓမ္မတ္ထသင်္ဂဟံ၊
မညောသံ သာဓိပ္ပါယေန, နိဿယေန သဒါ သုံဘံ။
သောတုနံ − သင်ပျံလေ့ကျက် , ဆောင်ရွက်ကြလို , စာသင်ပျို တို့၏၊
ပါသတာဝါယ−အရေးကျမ်းလစ်, အခြေဖြစ်ဘို့ အကျိုးငှါ။ အဘိဓမ္မတ္ထသင်္ဂဟံ−
အင်္ဂလိပ်လို, သီဟိုဠ်သက္ကတ, မြန်မာ့ဟန်ဖြင့်, နိုင်ငံလှည့်လည်, အဘိဓမ္မတ္ထ
သင်္ဂဟမည်သော ယခုတီကို၊ သာဓိပ္ပါယေန-ကျမ်းဂန်အစုံ, ပင်ကိုယ်အနှံ,
ထိမိစဘွယ်, အဓိပ္ပါယ်နှင့်တကွဖြစ်သော၊ နိဿယေန-သဒ္ဒါမပျက်, မြန်မာ
နက်ဟု ညက်ညက်ညောညော, ချောမောသော နိဿယဖြင့်၊ သဒါသုံဘံ-
သူ့အပိုင်းဖြင့်, ရှုတိုင်းတင့်အောင်၊ မညောသံ-အပြစ်လည်း ကင်း, ခေတ်
နည်းသွင်းလျက်, ရှင်းရှင်းယဉ်ယဉ်, ဆင်ပြင်ပေးအံ့သတည်း။
**ရေးသားပုံ အစီအစဉ်**
ပါဠိ ။ ။ ဤ အခြေပြု သင်္ဂြိုဟ်ကျမ်း၌ ပါဠိ နိဿယ အဓိပ္ပါယ် ဟု
အချုပ်အားဖြင့် ၃ ခဏ်း ရှိ၏၊ ထိုတွင် ပါဠိကို ဆိုလိုရင်းအဓိပ္ပါယ် ပေါ်လွင်
အောင် စာလုံးမဲကလေးများဖြင့် ခေါင်းတပ်၍၊ ရွတ်ဘတ်သည့် အခါ
ဝိဘတ်အဆုံး အဆုံးမှာ ရပ်ဆိုင်းဘို့ အဖြတ်အပိုင်းဖြင့် သေသပ်စွာ တအုပ်
သီးခြား စီစဉ်ထားသည်။
နိဿယ ။ ။ နိဿယကို အလွန် လွယ်ကူအောင် သဘောထား၍
အကျဉ်းဆုံး စီစဉ်ပါသော်လည်း၊ အချို့အရာ၌ သဒ္ဒါနက် မတိမ်းယိုင်စေလို
သောကြောင့် " ယထာက္ကမံ − အကြင် အကြင် အစဉ်ရှိတိုင်း " စသော
အနက်များမှာ ကျဉ်းသင့်သလောက် မကျဉ်းသာဘဲ ရှိရလေသည်။
အဓိပ္ပါယ် ။ ။အဓိပ္ပါယ်ကိုကား ၁-သရုပ်ခွဲခြင်း, ၂-တပုဒ် တဝါကျ၏
ဆိုလိုရင်း အဓိပ္ပါယ် , ၃-လေ့ကျင့်ဘွယ်ရာ မေးခွန်းများ ဟု ၃ ခဏ်း
ပိုင်းခြားထား၏၊ ရှေးတုန်းက အချို့ သရုပ်ခွဲကြပုံမှာ − ပါဠိကို ကျက်
အနက်ကို ထင်စေပြီးနောက် သရုပ်ကောက်ကိုလည်း တမျိုး ကြည့်ရှုရသဖြင့်
အချိန်ကုန် လူပန်း၍ စည်းကမ်းလည်း မကျချေ၊ ဤ ကျမ်း၌ကား ပါဠိကို
ကျက်၍ အနက်ထင်လျှင် သရုပ် မြင်လောက်သော စည်းကမ်းကို အခဏ်းတိုင်း
ညွှန်ပြထားသည်။
## Trang 4
**ဆောင်ပုဒ်။** ။တပုဒ်တပါဒမျှ၏ ဆိုလိုရင်းအဓိပ္ပါယ်ကို မသွယ်မဝိုက်
တိုက်ရိုက်ကြီး ပြထားသည့်ပြင်၊ မှတ်သားချင်ဘွယ် မလွယ်ကူတတ်သော
အချက်များ၌ လင်္ကာ ဆောင်ပုဒ် တို့ဖြင့် တုတ်တုတ်တိုတို လိုရာကို ပြထား
သည်မှာ အခြေပြုတို့ဉာဏ်နှင့် အထူးလျော်ကန်ကြောင်းကို အများပင် ဝန်ခံ
ကြပါလိမ့်လတ္တံ့။ [ အဓိပ္ပါယ် ဖွင့်ပြရာ၌ မူလ ပါဠိက ရှည်လျား နေပါမူ
"ဝေဒနာဉာဏ ၊ ပေ ၊ စတုဝီသတိ" ဟု အလယ်မှာ ပေယျာလ မြှုပ်ထား
ကြောင်းကို သိဘို့ရာ ၊ ပေ ၊ ဟူသော လက္ခဏာကို ပြထားသည့် အပြင်
ဆောင်ပုဒ်များကိုလည်း "ဆောင်" ဟု ပြထားသည်။ ]
**လေ့ကျင့်ခန်း။** ။လေ့ကျင့်ခန်း မေးခွန်းများကား တကျမ်းလုံး
အခြေဖြစ်ဘို့ရာ လွန်စွာ အရေးကြီးသော သင်တန်းစာ တရပ်ပင် ဖြစ်၏။
စာသင်သားတို့ ဉာဏ် တိုးပွားအောင် ကြိုးစား ကြံစည် စေလိုခြင်းကြောင့်
အဖြေကို တိုက်ရိုက် မပြလိုက်သော်လည်း၊ ဆိုခဲ့ပြီး အဓိပ္ပါယ်များကို သတိ
ပြု၍ ကြည့်ရှုပါမူ အလွယ်တကူ ဖြေဆိုနိုင်ဘို့ အရေး၌ နှောင့်နှေးဘွယ် မရှိ
ကြောင်းကိုလည်း ထပ်လောင်း၍ သတိပေးပါသည်။
**ဆရာများအား မှာထားချက်**
စာချဆရာသည် မိမိ တပည့်များကို သဒ္ဒါကို လေ့လာ စေပါလျှင် ကံ
ကတ္တား ကရိုဏ်း သမ္ပဒါန် စသော သဒ္ဒါဆိုင်ရာ၌ အတော်အတန် ရိပ်မိ
သူကို လေ့လာစေမှသာ လွယ်ကူစွာဖြင့် လိုရာ ခရီးသို့ ပြီးစီးပေါက်ရောက်
စေနိုင်ပေလိမ့်မည်။ ထိုမျှလောက်မှ မရိပ်မိသေးသူကို ပို့ချမိလျှင် သဲကန္တာရ
ကြီး၌ နွားအိုကြီးဖြင့် ခရီးသွားရသကဲ့သို့ အချိန်သာ ကုန်ခန်း၍ ပင်ပန်းကျိုး
မနပ်ဘဲ ရှိရာ၏၊ ဤအခြေပြသင်္ဂြိုဟ်၌ ပါဠိ နိဿယ အဓိပ္ပါယ် လေ့ကျင့်ခန်း
ဟု ၄ မျိုး ရှိသည်တွင်၊ ပဌမနေ့၌....
၁။ စာချဆရာက ပါဠိကို ဂ-ဃ-ဏ-န ဘတ်ပြ၍၊ တပည့်များကိုလည်း မိမိ
နှုတ်သံအတိုင်း အဘတ်ခိုင်းပါ။
၂။ ထို့နောက် နိဿယတိုင်း အနက်ကို ၁ ခေါက် ၂ ခေါက်မျှ ပို့ချပါ။
[သူတို့ အလိုအလျောက် အနက် ထင်ခဲ့ပါလိမ့်မည်။]
၃။ နက်ဖန် ဒုတိယနေ့၌ ပါဠိကို စာအုပ်အလွတ် အပြန်ခိုင်း၍၊ ပါဠိ
ကြည်ပြီးလျှင် သွက်လက်စွာ အနက် ထင်ပါစေ။ [လင်္ကာဆောင်ပုဒ်
ပါလျှင် လင်္ကာဆောင်ပုဒ်ကိုလည်း အပြန်ခိုင်းပါ။]
၄။ ထို့နောက် ဤစာအုပ်ပါ အဓိပ္ပါယ်များကို ဆရာက အလွတ်မပြောဘဲ၊
နှုတ်ရှင်းသော တပည့်ကို အဓိပ္ပါယ် တရပ်စီ တရပ်စီ အဘတ်ခိုင်း၍
ဘာဆိုကြောင်းကို နားလည်ကြသလား ဟု မေးပါ။ နားမလည်
သေးလျှင် ဆရာက ပြောပြပါ။ ဆိုင်ရာ အဓိပ္ပါယ်ကုန်လျှင် တနေ့
အတွက် အစအဆုံး အဓိပ္ပါယ်ကို ပြန်၍ အဘတ်ခိုင်းပါလေ။
၅။ အဓိပ္ပါယ် ပြီးလျှင် ပဌမနေ့ကဲ့သို့ ပါဠိဘတ်ပြ, အနက်ချပါ။
၆။ အနက်ချသည့်အခါ သန္ဓိပုဒ်စပ်ကို ပုဒ်ဖြတ်ပြ၍၊ ခက်ခဲသည့်နေရာ
များ၌ ဘယ်ပုဒ်က ဘယ်အနက်ကို ဟောသည် ဟု အစိတ်အစိတ်
ပုဒ်နက်ကိုလည်း ခွဲ၍ ပြောလိုက်ပါ။
၇။ ဤကဲ့သို့ ၂ ရက် ၃ ရက်မျှ ပို့ချမိလျှင် လေ့ကျင့်ခန်း မေးခွန်းများ
ပေါ်လာပါလတ္တံ့၊ ထိုလေ့ကျင့်ခန်း မေးခွန်းများကို တပည့်အား
အဘတ်ခိုင်း၍၊ မေးလိုရင်း သဘောကို နားမလည်လျှင် ရှင်းလင်း
အောင်ပြောပြပါ။ အဖြေကို မပြောပါနှင့်၊ သူ့ဘာသာ ကြံစည်ပါစေ။
၈။ ဤလေ့ကျင့်ခန်း မေးခွန်းတို့ ခက်ခဲ များပြားနေပါမူ၊ တရက်အတွက်
တက်စာ ဟု သဘောထားလျက် ပဌမရက်၌ အဘတ်ခိုင်း၍ မေးခွန်း
သဘောကိုသာ ပြောပြလိုက်ပြီးလျှင်၊ နောက် တရက်မှ ဖြေဆိုပါစေ။
မေးခွန်း နည်းနေလျှင်ကား မေးခွန်းအတွက် တရက် မကုန်စေဘဲ၊
ရှေ့က အဓိပ္ပါယ်များကို ပြောပြီးရာနေ့မှာပင် ဆက်လက်ဖြေဆိုပါစေ။
## Trang 5
၉။ ဖြေဆိုသည့် အခါလည်း စကားသုံး ညက်ညော၍ ချောမောအောင် ပြုပြင်ပေးပြီးလျှင်၊ ရံခါ လက်ရေးစာဖြင့် အဖြေပိုင်းပါ။
၁၀။ လေ့ကျင့်ခဏ်းမေးခွန်းများကို "ကြန့်ကြာသည်-အပိုဘဲ" ဟု သဘောထား၍ ခုန်ကျော်သွားပါလျှင်၊ သင်္ဂြိုဟ်အခြေ ဖြစ်ဘို့နှင့် ဆိုင်ရာ စာမေးပွဲများအတွက် တာဝန် မခံနိုင်ပါကြောင်း။
**စာသင်သားတို့အား တိုက်တွန်းချက်**
အို ဘို - စာသင်သား အပေါင်းတို့....... ပိဋကကျမ်းစာတို့ မည်သည် ဉာဏ်ကောင်းသူတို့သာ တတ်နိုင်ရာသည် မဟုတ်, လုံ့လဝီရိယဖြင့် စိတ်ပါ လက်ပါ မှန်မှန် ကြိုးစားပါလျှင် မည်သူမဆို တတ်သိနားလည်စမြဲပင်ဖြစ်၏။ ယခုအခါ တနေ့လျှင် ၅ ဂါထာလောက်မျှသာ အာဂုံကျက်နိုင်သော စာချ ဆရာတော်ကြီးများကို တွေ့မြင် ကြားသိကြရသည်မှာ ဝီရိယ အစွမ်း၏ သက်သေခံပင် မဟုတ်ပါလော၊ တကယ်အရေးကျလျှင် ဉာဏ်တခုကိုသာ အားကိုးလေ့ ရှိသူတို့ အောက်တန်းကျ၍၊ လုံ့လ ဝီရိယရှင်တို့ သာလျှင် အထက်တန်းသို့ တက်လှမ်းနိုင်ကြပေသည်။
ထို့ကြောင့် ဤကျမ်းကို လေ့လာကြသော စာသင်သားတို့သည်.... ၁-ပါဠိကို နှုတ်တက်ရွရွ ကျေအောင် ရစေခြင်း, ၂-ပါဠိမြင်လျှင် အနက် ထင်နိုင်ခြင်း, ၃- အထူးအားဖြင့် သင်္ဂဟဂါထာ အနက်များကို အလွတ် ရအောင် ကျက်ထားခြင်း, ၄-လင်္ကာ ဆောင်ပုဒ်များကို နှုတ်တက် ဆောင် ထားခြင်း, ၅-လေ့ကျင့်ခဏ်း မေးခွန်းများသို့ ရောက်သည့်အခါ စာမဖတ်မှီ မိမိတို့ ဘာသာဖတ်ခြင်း မေးကာ ဖြေကာ ကြိုးစားပါလျှင် မကြာခင် သာသနာ့ ကျက်သရေဆောင်များ ဖြစ်ကြပါလိမ့် သတည်း။
သီတင်းကျွတ်လ                                                                     **အရှင် ဇနကာဘိဝံသ**
၉ ၅
### **အခြေပြုသင်္ဂြိုဟ်**
**နိဿယနှင့် အဓိပ္ပါယ်**
| **ပဏာမ-ပဋိညာဉ်** | အဟံ - ငါသည်၊ အတုလံ - ပြိုင်ဘက်
ယှဉ်တူ, ရှိတော်မမူထသော၊ သဒ္ဓမ္မ
ဂဏုတ္တမံ - သုံးပါးသော သဒ္ဓမ္မ, မြတ်သော အရိယာဂိုဏ်းနှင့်
တကွလည်း ဖြစ်တော်မူထသော၊ သမ္မာသမ္ဗုဒ္ဓံ-မြတ်စွာဘုရား
ကို၊ (အဘိဝန္ဒာမိ-အန္တရာယ်ကင်းပျောက်, ကျမ်းပြီးမြောက်ဘို့,
ချီးမြှောက်ထပနာ, လွန်စွာကြည်နူး, အထူးအားဖြင့် ရှိခိုးပါ၏။)
အဘိဝါဒိယ - အန္တရာယ်ကင်းပျောက်, ကျမ်းပြီးမြောက်ဘို့,
ချီးမြှောက်ထပနာ, လွန်စွာကြည်နူး, အထူးအားဖြင့် ရှိခိုးပြီး၍၊
အဘိဓမ္မတ္ထသင်္ဂဟံ-အဘိဓမ္မာ, ဒေသနာ၏, လွန်စွာကျယ်ဝန်း,
အနက်ရင်းကို, အကျဉ်းချုံးကာ, သိမ်းယူရာ၏ အဖြစ်ကြောင့်,
အဘိဓမ္မတ္ထသင်္ဂဟ, ခေါ်ဆိုလက်သန်း, ပကရဏကျမ်းကို၊
ဘာသိဿံ-မိန့်ဆိုတည်ထွင်, စီရင်ပေအံ့။ |
( ) ဤသို့ ကွင်း၍ပြအပ်သော ပုဒ်များကို ပါဠိရင်း၌မပါဘဲ ရသင့်၍ ထည့်အပ်သော ပုဒ်များဟု မှတ်။ ဟောတိ ဟောန္တိစသော ပုဒ်များကား ထည့်ပုဒ်ဖြစ်သော်လည်း ထင်ရှားသဖြင့် အထူးကွင်းပြတော့မည် မဟုတ်।
## Trang 6
**ပဏာမ-ပဋိညာဉ် အဓိပ္ပါယ်**
**"သမ္မာသမ္ဗုဒ္ဓမတုလံ"** ဂါထာသည် အချုပ်အားဖြင့် ပဏာမနှင့် ပဋိညာဉ်ကို ပြသော ဂါထာတည်း။ [ရှိခိုးမှုကို "ပဏာမ" ဟု ခေါ်၏၊ တစုံတယောက်က ကျမ်းပြုဘို့ရန် တောင်းပန်ရာ "ပြုစီရင်အံ့-ပြုစီရင်မည်" ဟု ဝန်ခံမှုကို "ပဋိညာဉ်" ဟု ခေါ်သည်။]
[ကျမ်း၏ အစ၌ ပဏာမကို ပြုခြင်းသည် အန္တရာယ်ကင်းရှင်း၍ ကျမ်း ပြီးအောင် စီရင်နိုင်ခြင်း အကျိုး ရှိ၏၊ သို့ပေမည့် — ကျမ်းပြု ဆရာ ဟူသမျှ တို့သည် အန္တရာယ်ကင်း၍ ကျမ်းပြီးခြင်းအကျိုးငှါ ကျမ်းမပြုမီ ရှေးဦးအစ၌ မိမိ ဘာသာ ကိုးကွယ်ရာ တမျိုးမျိုးကို ရှိခိုး ပသရိုး ရှိကြ၏၊ ထို့ကြောင့် ဤ အဘိဓမ္မတ္ထသင်္ဂဟ ကျမ်းပြု ဆရာ အရှင် အနုရုဒ္ဓါသည် ကျမ်းမပြုခင် " ပူဇာစ ပူဇနီယာနံ, ဧတံမင်္ဂလမုတ္တမံ"ဟူသော မင်္ဂလာတရားတော်နှင့် ညီစွာ ရတနာ ၃ ပါးကို ရှိခိုးခြင်း ဟူသော ပဏာမ မင်္ဂလာကို ပြုတော်မူ ပြီးလျှင် ပဋိညာဉ်ကို ပြလိုရကား သမ္မာသမ္ဗုဒ္ဓံ — အစ ရှိသော ဂါထာကို မိန့်သတည်း။
ထိုဂါထာ၌ **"သမ္မာသမ္ဗုဒ္ဓမတုလံ, သ သဒ္ဓမ္မဂဏုတ္တမံ၊ အဘိဝါဒိယ"** ကား ပဏာမကို ပြသော စကားတည်း။ "ဘာသိဿံ အဘိဓမ္မတ္ထသင်္ဂဟံ" ကား ပဋိညာဉ်ကို ပြသော စကားတည်း။ … " ငါသည် သုံးပါးသော သဒ္ဓမ္မ အရိယာဂိုဏ်းကြီးနှင့် တကွ၊ ဂုဏ်တော် အရည်အခြင်း အားဖြင့် အတု မရှိသော မြတ်စွာဘုရားကို ရှိခိုး ပါ၏၊ ရှိခိုး ပြီး၍ ရှိခိုးပြီးနောက် အဘိဓမ္မတ္ထသင်္ဂဟ မည်သော အဋ္ဌကထာငယ်ကျမ်းကို မိန့်ဆို စီရင်ပေအံ့" ဟူလို။
သုံးပါးသော သဒ္ဓမ္မ ဟူသည်—ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဓတို့တည်း။
ပရိယတ္တိ = ပိဋကတ်သုံးသွယ်နှင့် အဋ္ဌကထာများ။
ပဋိပတ္တိ = သီလ ဓုတင် ကမ္မဋ္ဌာန်းအားထုတ်မှုနှင့် ဈာန်အကျင့်များ။
ပဋိဝေဓ = ထိုးထွင်း၍ သိအပ်သော မဂ်ဖိုလ် နိဗ္ဗာန်များတည်း။
**အရိယာဂိုဏ်းကြီး** ဟူသည်— အရိယာ အဖြစ်သို့ ရောက်ပြီးသော သံဃာ တော် အပေါင်းတည်း။
**အဘိဓမ္မတ္ထသင်္ဂဟ**—[ အဘိဓမ္မ + အတ္ထ + သံ + ဂဟ။ အဘိဓမ္မ = အဘိဓမ္မာ ဒေသနာတော်၏ + အတ္ထ = အနက် အဓိပ္ပါယ် အကျယ်များ ကို + သံ = အကျဉ်းချုံး၍ + ဂဟ = ယူရာဖြစ်သော ကျမ်း]-အဘိဓမ္မာ ဒေသနာတော်၏ အလွန်ကျယ်ဝန်းသော အနက်အဓိပ္ပါယ်များကို အကျဉ်း ချုံး၍ ယူထားသောကြောင့် ဤကျမ်းကို "အဘိဓမ္မတ္ထ သင်္ဂြိုဟ်ကျမ်း" ဟု ခေါ်သည်။ အဘိဓမ္မပုဒ်ကို ဖြုတ်၍ "သင်္ဂြိုဟ်ကျမ်း"ဟုလည်း ခေါ်၏။
[သက္ကတ၌ သင်္ဂဟကို "သံဂြဟ"ဟု ရေး၏၊ နိဂ္ဂဟိတ်ကို "င် " ပြုလျှင် " သင်္ဂြဟ" ဟု ဖြစ်၏၊ ဂဏ-ပုဒ်ကို လုံးကြီးတင် တချောင်းငင်နှင့် တကွ ဏ-သတ်၍ "ဂိုဏ်း" ဟု အနက် ပြန်ကြ သကဲ့သို့၊ ထို သင်္ဂြဟ ကိုလည်း လုံးကြီးတင် တချောင်းငင်နှင့်တကွ ဟ-သတ်၍"သင်္ဂြိုဟ်"ဟု အနက်ပြန်ရ လေသည်။]
**လက်သန်းအဋ္ဌကထာ။** လက်ညှိုး လက်မ စသည်မှာ ကြီးမား၍ လက်သန်းကား သေးငယ် သောကြောင့် အထက် အဋ္ဌကထာကြီး တို့မှာ လက်ညှိုး လက်မ စသည်နှင့် တူ၍ ဤ သင်္ဂြိုဟ်ကျမ်းကား လက်သန်းနှင့် တူ၏၊ ထို့ကြောင့် ဤသင်္ဂြိုဟ်ကျမ်းကို "လက်သန်းအဋ္ဌကထာ" ဟုလည်း ခေါ်ဝေါ်ကြသည်။
**လကျာ်းအဋ္ဌကထာ။** [တချို့ကလည်း "လကျာ်း=မှတ်သား ကြောင်း"ဟူသော အနက်မှ "လကျာ်း" ဟု ဖြစ်လာရကား အဘိဓမ္မာ ပါဠိအဋ္ဌကထာမှ မှတ်စုမှတ်ရာ မှတ်ချက်မျှလောက်ကိုပြသော "လကျာ်း အဋ္ဌကထာ " ဟုလည်း ခေါ်ဝေါ်လိုကြ၏၊ ဤ ဝါဒသည် သာ၍ ယုတ္တိရှိ သကဲ့သို့ ထင်ရပေသည်၊ ဤအလို "လကျာ်း"ဟုခေါ်နေရာမှ ကာလကြာ၍ "လက်သန်း" ပြောင်းလာသည် ဟု ကြံ။]
## Trang 7
**ပရမတ္ထ ၄ ပါး** တတ္ထ-ထို အဘိဓမ္မတ္ထသင်္ဂဟံ ဟူသော ပုဒ်၌၊ ဝုတ္တာ - ဆိုအပ် ကုန်သော၊ အဘိဓမ္မတ္ထာ- အဘိဓမ္မာ၏ အနက်တို့သည်။ ပရမတ္ထတော-ပရမတ္ထအားဖြင့်၊ စိတ္တံ-စိတ်၎င်း၊ စေတသိကံ - စေတသိက်၎င်း၊ ရူပံ-ရုပ်၎င်း၊ နိဗ္ဗာနံ-နိဗ္ဗာန်၎င်း၊ ဣတိ-ဤသို့၊ သဗ္ဗထာ-ခပ်သိမ်းသော အပြား အားဖြင့်၊ စတုဓာ-လေးပါးပြားကုန်၏။
**ပရမတ္ထ ၄ ပါးခေါင်းစဉ်**
ဤတတ္ထဝုတ္တာ-စသော ဂါထာကား ပရမတ္ထတရား ၄-ပါးကို အကျဉ်းချုပ် ခေါင်းစဉ်ပြသော ဂါထာတည်း၊ နောက်၌ ဤခေါင်းစဉ်အတိုင်း အကျယ် ချဲ့၍ စိတ်ပိုင်း၊ စေတသိက်ပိုင်း၊ ရုပ်ပိုင်းနှင့် နိဗ္ဗာန်တို့ကို ပြလတ္တံ့။
**ပရမတ္ထ** = [ ပရမ + အတ္ထ။ ပရမ=မြတ်သော၊ တနည်း=အချုပ် ပဓာန ဖြစ်သော+အတ္ထ=အနက် ( အထည်ကိုယ်, သဘောတရား) ] စိတ် စေတသိက် ရုပ် နိဗ္ဗာန်တို့သည် အာရုံကို သိခြင်း စသော မိမိတို့၏ သဘောမှ မဖေါက်ပြန်ကြကုန်၊ ဥပမာ-လောဘသည် လိုချင်ခြင်းသဘော ရှိ၏၊ ထို လောဘသည် လူ နတ်ဗြဟ္မာ သတ္တဝါအမျိုးမျိုး၌ ဖြစ်သော်လည်း လိုချင်ခြင်း သဘောမှ မဖေါက်ပြန်၊ ခွေးလောဘနှင့် လူ့လောဘသည် သဘောချင်းတူမျှလျက်ရှိ၏၊ ထိုသို့မဖေါက်မပြန် မှန်ကန်တိမတ်သည်ကိုပင် "မြတ်သည်"ဟု ဆိုထိုက်ရကား ထိုစိတ် စသည်ကိုပင် "ပရမတ္ထ=မြတ်သော သဘောတရား"ဟု ခေါ်ဝေါ်ရလေသည်။
> [ဆောင်] ၁။ မဖေါက်မပြန်, မှန်ကန်တိမတ်, ဟုတ်ပကတ်, အမြတ်
> ဟူ၍ ခေါ်။
**တနည်း**;—လူ နတ်ဗြဟ္မာ သတ္တဝါ အထွေထွေ၊ မြေ ရေ တော တောင် စသည်ဖြင့် အထည် ဝတ္ထု ပညတ်စုံတွေ မည်မျှပင် များနေ သော်လည်း ထိုတွင် အချုပ် အသားတင်ကို စစ်ထုတ် လိုက်လျှင် စိတ် စေတသိက် ရုပ် နိဗ္ဗာန်မှ တပါး ရှာမရချေ၊ ထို့ကြောင့် စိတ် စသော တရား ၄ ပါးကို "ပရမတ္ထ=အချုပ်ပဓာနဖြစ်သောတရား"ဟုလည်း ဆိုထိုက်လေသည်။
> [ဆောင်] ၂။ အထည်ဝတ္ထု, ပညတ်စုတွေ, များပလေလည်း, အခြေ
> အမြစ်, စိစစ်ထုတ်က, အချုပ်ပဓာန, တနည်းပြ, ပရမ
> ဟုခေါ်။
**စိတ်**=အာရုံကိုသိခြင်းသဘောတရား၊ [ အာရုံကို ရအောင်ယူနိုင်ခြင်းကို "သိခြင်း"ဟု ခေါ်သည်။ ]
**စေတသိက်**=စိတ်၌မှီသော သဘောတရား။
**ရုပ်**=အအေး အပူ စသော ဆန့်ကျင်ဘက် အကြောင်း များကြောင့် ဖေါက်ပြန်တတ်သော သဘောတရား။
**နိဗ္ဗာန်**=ဒုက္ခခပ်သိမ်း၏ အေးငြိမ်းရာဖြစ်သော သဘောတရား။
**လေ့ကျင့်ခန်း မေးခွန်းများ**
[မေးခွန်းများ၏အဖြေကို တိုက်ရိုက်ပြထားလျှင် ကြံဆချင်သောစိတ်ကို ဖိနှိပ်ထားသကဲ့သို့ ဖြစ်လိမ့်မည်။ အကြံအဆ မရှိက တကယ် လေးနက်သော အဓိပ္ပါယ်ကို မသိနိုင်။ သို့အတွက် စာသင်သားတို့ ဉာဏ်တိုးပွားအောင် ကြိုးစား ကြံဆစေလိုခြင်းကြောင့် အဖြေကို တိုက်ရိုက် မပြလိုက်သော်လည်း ဆိုခဲ့ပြီး အဓိပ္ပါယ်များကို သတိပြု၍ ကြည့်ရှု လေ့လာ ပါလျှင် လွယ်ကူစွာ ဖြေဆိုနိုင်ဘို့ အရေး၌ နှောင့်နှေးဘွယ် မရှိတော့ပေ။ သို့ဖြစ်၍ ဤမေးခွန်း များကို အတူ သင်ယူသော တပည့်တို့အား ဆရာက ရံခါ နှုတ်ဖြင့် သံပြိုင် အဖြေခိုင်း၍၊ ရံခါ တယောက်စီ အဖြေခိုင်းပါလေ၊ ရှေ့က အဓိပ္ပါယ်များကို
## Trang 8
[ရှင်းလင်းပြီး ဖြစ်စေရုံသာမက၊ စာမေးပွဲ၌ ဖြေဆိုနည်း ရသဖြင့် ရွှင်လန်း
အားတက် သွက်လက်လာပါလိမ့်မည်။]
က ။ သမ္မာသမ္ဗုဒ္ဓမတုလံ-ဂါထာကို အနက်ပေးပါ။
ခ ။ ဤသမ္မာသမ္ဗုဒ္ဓ-ဂါထာသည် အဘယ်ကိုပြသော ဂါထာနည်း။
ဂ ။ အဘယ်ကို ပဏာမဟု ခေါ်သနည်း။
ဃ ။ ကျမ်း၏အစ၌ ပဏာမကို ပြုခြင်းသည် ဘာအကျိုးရှိသနည်း။
င ။ ထို ပဏာမကို အဘယ်ပါဠိဖြင့် ပြသနည်း။
စ ။ အဘယ်ကို ပဋိညာဉ်ဟု ခေါ်သနည်း။
ဆ ။ ထို ပဋိညာဉ်ကို အဘယ်ပါဠိဖြင့် ပြသနည်း။
ဇ ။ သဒ္ဓမ္မ ၃ ပါးတွင် ပရိယတ္တိသဒ္ဓမ္မဟူသည် အဘယ်နည်း။
ဈ ။ ပဋိပတ္တိသဒ္ဓမ္မဟူသည် အဘယ်နည်း။
ည ။ ပဋိဝေဓသဒ္ဓမ္မဟူသည် အဘယ်နည်း။
ဋ ။ ပရိယတ္တိကိစ္စကြီးဟူသည် အဘယ်နည်း။
ဌ ။ အဘယ့်ကြောင့် အဘိဓမ္မတ္ထသင်္ဂဟ ဟု ခေါ်သနည်း။
ဍ ။ အဘယ့်ကြောင့် လက်သန်းအဋ္ဌကထာကျမ်းဟု ခေါ်သနည်း။
ဎ ။ တချို့ကအဘယ့်ကြောင့် "လက္ခဏာအဋ္ဌကထာ" ဟုခေါ်ကြသနည်း။
ဏ ။ အဘယ့်ကြောင့် "ပရမတ္ထ" ဟု ခေါ်သနည်း။ [နှစ်နည်းလုံးဖြေပါ။]
တ ။ စိတ် စေတသိက် ရုပ် နိဗ္ဗာန်ဟူသည် အဘယ်သဘောတရားများနည်း။
စိတ်ပိုင်းနိဿယ
စိတ်အကျဉ်း ၄ မျိုး              တတ္ထ - ထိုလေးပါးသော အဘိဓမ္မတ္ထတို့
တွင်၊ တာဝ-ရှေးဦးစွာ (ဥဒ္ဒိဋ္ဌ-အကျဉ်း
ပြအပ်ပြီးသော၊) စိတ္တံ-စိတ်သည်။ ကာမာဝစရံ-ကာမာဝစရ
စိတ်၎င်း၊ ရူပါဝစရံ-ရူပါဝစရစိတ်၎င်း၊ အရူပါဝစရံ - အရူပါ
ဝစရစိတ်၎င်း၊ လောကုတ္တရံပ-လောကုတ္တရာစိတ်၎င်း၊ ဣတိ-
ဤသို့၊ စတုဗ္ဗိဓံ-လေးပါးအပြားရှိသည်။ ဟောတိ-ဖြစ်၏။
စိတ်ပိုင်းအဓိပ္ပါယ်
ဤ "တတ္ထစိတ္တံတာဝ"မှ စ၍ စိတ်ပိုင်းကုန်အောင်သော စကားရပ်ကား
"စိတ္တံ စေတသိကံ ရူပံ နိဗ္ဗာနံ"ဟူသော အကျဉ်းချုပ် ခေါင်းစဉ်စကားတွင်
စိတ္တ - အရ အကျယ် ပြသော စကားရပ်တည်း။ ထို့ကြောင့် "တတ္ထ
စိတ္တံ တာဝ" စသော စကားကိုသာ စိတ်ပိုင်း၏ အစ ဟု မှတ်၊ သမ္မာ
သမ္ဗုဒ္ဓ-စသော ရှေ့၂ ဂါထာကား သင်္ဂြိုဟ် တကျမ်းလုံးနှင့် စပ်ဆိုင်သော
"နိဒါန်းအချီ" စကားရပ်တည်း။ [အိမ်အပေါင်းကို အရပ်ဟု ခေါ်သကဲ့သို့
စကားလုံးအပေါင်းကိုလည်း "စကားရပ်= စကားတရပ်"ဟု ခေါ်သည်။]
စိတ်အကျဉ်း ၄ မျိုး။ ။ ဤ "တတ္ထစိတ္တံတာဝ၊ ပ၊ လောကုတ္တရဉ္စေတိ"
ကား စိတ် ၄ မျိုး ရှိကြောင်းကို အကျဉ်းချုပ်ခေါင်းစဉ်ချ ပြန်သော ဥဒ္ဒေသ =
မာတိကာ စကားတည်း။ စိတ် ၄ မျိုး သရုပ်ကို ကာမာဝစရစိတ္တံ ရူပါဝစရ
စိတ္တံ စသည်ဖြင့် ပါဠိကြည့်၍ ရေတွက်လေ။
## Trang 9
စိတ်သည်၊ ကာမာဝစရံ-ကာမာဝစရ မည်သနည်း။
ဝစရံစ-၎င်း၊ ရူပါဝစရံစ-၎င်း၊ အရူပါဝစရံစ-၎င်း" ဟု အနက်ပေးရိုး ရှိ၏၊
ဤကျမ်းကား ထို စ သဒ္ဒါမျိုးကို ရွှေ့သို့ မလိုက်စေဘဲ၊ စ၏ အထွက်မှန်၍
အနက်ကိုသာ "၎င်း" ဟု သုံးစွဲလတ္တံ့။
ဝစရစိတ်ကား ဥက္ကဋ္ဌ (အမြတ်) တည်း၊ အရူပါဝစရစိတ်ကား ထိုရူပထက်
မြတ်၍ ဥက္ကဋ္ဌတရ ( အထူးမြတ်=သာ၍မြတ် ) တည်း၊ လောကုတ္တရာ
စိတ်ကား အရူပထက်ပင် မြတ်သောကြောင့် ဥက္ကဋ္ဌတမ (အလွန်အကြူး
အထူးမြတ် = အမြတ်ဆုံး) တည်း၊ ဤသို့ ဟီန-ဥက္ကဋ္ဌ-ဥက္ကဋ္ဌတရ-ဥက္ကဋ္ဌ
တမ-အားဖြင့် ရှေ့နောက် စီစဉ်ထားသည်။
ကာမစိတ်ကို အကျယ်ပြလို၍ စချီသော ပုစ္ဆာတည်း။
သက်ဝင်၍+စရ=ဖြစ်သောစိတ်။ ] ဤကာမဘုံ၌ သက်ဝင်၍ဖြစ်သော စိတ်ကို
"ကာမာဝစရစိတ်"ဟု ခေါ်၏။ အဝစရပုဒ်ကိုဖြုတ်၍ "ကာမစိတ်"ဟုလည်း
ခေါ်ကြသည်။
ပါဝင်" ခြင်းတည်း၊ ကာမာဝစရ အမည် ရသော စိတ် များသည် ရူပဘုံ
အရူပဘုံ၌ ဖြစ်ကြသော်လည်း နာမည်စာရင်း သွင်းသည့် အခါ ကာမဘုံ
၌သာ သက်ရောက်ကြရ၊ ပါဝင်ကြရသည်-ဟု ဆိုလိုသည်။
သဟဂုတ်ဖြစ်သော၊ ဒိဋ္ဌိဂတသမ္ပယုတ္တံ-
ဒိဋ္ဌိဂတသမ္ပယုတ် ဖြစ်သော၊ အသင်္ခါရိကံ - အသင်္ခါရိကဖြစ်
သော၊ ဧကံ-တပါးသောစိတ်၎င်း၊ သသင်္ခါရိကံ-သသင်္ခါရိက
ဖြစ်သော၊ ဧကံ - တပါးသော စိတ်၎င်း၊ သောမနဿ သဟ
ဂတံ-သောမနဿသဟဂုတ်ဖြစ်သော၊ ဒိဋ္ဌိဂတဝိပ္ပယုတ္တံ-ဒိဋ္ဌိ
ဂတ ဝိပ္ပယုတ် ဖြစ်သော၊ အသင်္ခါရိကံ - အသင်္ခါရိက ဖြစ်
သော၊ ဧကံ - တပါးသောစိတ်၎င်း၊ သသင်္ခါရိကံ - သသင်္ခါ
ရိက ဖြစ်သော၊ ဧကံ- တပါးသော စိတ်၎င်း၊ ဥပေက္ခာ သဟ
ဂတံ - ဥပေက္ခာသဟဂုတ် ဖြစ်သော၊ ဒိဋ္ဌိဂတ သမ္ပယုတ္တံ-
သော၊ (ရှေ့က အနက်အတိုင်း ဆိုပါ၊) အသင်္ခါရိကံ-သော၊
ဧကံ-၎င်း၊ သသင်္ခါရိကံ - သော၊ ဧကံ-၎င်း၊ ဥပေက္ခာသဟ
ဂတံ-သော၊ ဒိဋ္ဌိဂတဝိပ္ပယုတ္တံ-သော၊ အသင်္ခါရိကံ - သော၊
ဧကံ-၎င်း၊သသင်္ခါရိကံ-သော၊ ဧကံ-၎င်း၊ ဣတိ-ဤသို့၊ အဋ္ဌဝိ-
ဓမ္ပိ-ရှစ်ပါးလည်း ဖြစ်ကုန်သော၊ ဣမာနိ-ဤစိတ်တို့သည်၊ လောဘ
သဟဂတစိတ္တာနိနာမ-လောဘသဟဂုတ်စိတ်တို့ မည်၏။
အကုသိုလ်စိတ်
မောဟမူ ၂၊ အားဖြင့် ၁၂ ပါး ရှိသည့်တွင်.... သောမနဿ သဟဂတံ
စသည်ကား လောဘမူစိတ်ကို ပြသော စကားရပ်တည်း။
## Trang 10
**လောဘ သဟ ဂတ စိတ္တာနိနာမ** = [ လောဘ + သဟ + ဂတ။ လောဘ=လောဘနှင့်+သဟ+တကွ+ဂတ=ဖြစ်သည်၊ ] "လောဘနှင့် တကွဖြစ်သော စိတ်" ဟူလို၊ လောဘမူလ ရှိသောကြောင့် " လောဘမူလ စိတ် " လ-ကို ဖြုတ်၍ "လောဘမူစိတ်" ဟုလည်း ခေါ်စမှတ် ပြုကြ၏။
"သောမနဿသဟဂတံ ဒိဋ္ဌိဂတသမ္ပယုတ္တံ" စသော ပါဠိကို ကြည့်၍ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိကစိတ် ၁၊ သောမနဿ သဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိကစိတ် ၁၊ စသည်ဖြင့် ပါဠိရှိတိုင်း လောဘမူစိတ် ၈ ပါး၏ သရုပ်သကောင်ကို ရေတွက်လေ။
ထို့ပြင် ရှေးဦးစွာ "သောမနဿသဟဂတံ"ဟူသော ပါဠိကို ကြည့်၍ လောဘမူစိတ်၌ သောမနဿသဟဂုတ် စိတ် ၄၊ ဥပေက္ခာသဟဂုတ်စိတ် ၄၊ ပေါင်း ၈ ပါးရှိကြောင်းကို ဝေဒနာအပြားအားဖြင့် ခွဲပြရ၏။
ထို့နောက် "ဒိဋ္ဌိဂတသမ္ပယုတ္တံ" ဟူသော ပါဠိကို ကြည့်၍ သမ္ပယုတ် စိတ် ၄၊ ဝိပ္ပယုတ်စိတ် ၄၊ ပေါင်း ၈ ပါး ရှိကြောင်းကို ယောဂ (ယုတ္တ) အပြားအားဖြင့် ခွဲပြရ၏။
ထို့နောက် "အသင်္ခါရိကံ" ဟူသော ပါဠိကိုကြည့်၍ အသင်္ခါရိကစိတ် ၄၊ သသင်္ခါရိကစိတ် ၄၊ ပေါင်း ၈ ပါးရှိကြောင်းကို သင်္ခါရ အပြားအားဖြင့် ခွဲပြရ၏၊ ခွဲပြတိုင်း ခွဲပြတိုင်းပင် ပါဠိကို ရွတ်စေ၍ ရွတ်စေ၍ သရုပ်ကို ကောက်ကာ ငင်ကာ ပြတတ်စေရမည်။
သရုပ်သကောင်ကို ကွဲကွဲပြားပြား သိသူကို "သရုပ်ကွဲသူ" ဟု ခေါ်၏၊ ရှေးဦးစွာသင်ကာစ၌ သရုပ်ကွဲဘို့သာ လိုရင်းဖြစ်သောကြောင့် တပည့်များ ကွဲကွဲပြားပြား နားလည်အောင် ခွဲခြား၍ ပြကြပါလေ။
**၂။ ဒေါသမူစိတ်**      ဒေါမနဿ သဟ ဂတံ - ဒေါမနဿ သဟဂုတ် ဖြစ်သော၊ ပဋိဃသမ္ပယုတ္တံ - ပဋိဃသမ္ပယုတ် ဖြစ်သော၊ အသင်္ခါရိကံ - အသင်္ခါရိက ဖြစ်သော၊ ဧကံ - တပါးသောစိတ်၎င်း၊ သသင်္ခါရိကံ - သသင်္ခါရိက ဖြစ်သော၊ ဧကံ - ၎င်း၊ ဣတိ - သို့၊ ဒွေပိ - နှစ်ပါးလည်းဖြစ်ကုန်သော၊ ဣမာနိ - ဤစိတ်တို့သည်၊ ပဋိဃ သမ္ပယုတ္တစိတ္တာနိနာမ - ပဋိဃသမ္ပယုတ်စိတ်တို့ မည်၏။
**၂။ ဒေါသမူစိတ်**
**ပဋိဃ သမ္ပယုတ္တစိတ္တာနိနာမ** = [ပဋိဃ+သမ္ပယုတ္တ။ ပဋိဃ=ဒေါသ+သမ္ပယုတ္တ=ယှဉ်သည်။] "ဒေါသနှင့်ယှဉ်သော စိတ်" ဟူလို၊ ဒေါသမူလ ရှိသောကြောင့် "ဒေါသမူလစိတ်" လ-ကိုဖြုတ်၍ "ဒေါသမူစိတ်" ဟုလည်း ခေါ်စမှတ် ပြုကြ၏။
ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် အသင်္ခါရိကစိတ် ၁၊ ဒေါမနဿ သဟဂုတ် ပဋိဃသမ္ပယုတ် သသင်္ခါရိကစိတ် ၁၊ ပေါင်း ၂ ပါးဟု ပါဠိရှိတိုင်း သရုပ်ကို ရေတွက်လေ။
သောမနဿ ဥပေက္ခာ ဒေါမနဿ သုခ ဒုက္ခ ဟူသည်တို့ကား ဝေဒနာ စေတသိက်၏ နာမည် များတည်း။ ထို့ကြောင့် ဤစိတ်၌ ဒေါမနဿ သဟဂုတ်ချည်းဖြစ်၍ ဝေဒနာအားဖြင့် အပြား မရှိ၊ ပဋိဃသမ္ပယုတ်ချည်း ဖြစ်၍ ယောဂအားဖြင့်လည်း အပြားမရှိ (ဝိပ္ပယုတ်မရှိ ဟူလို)၊ အသင်္ခါရိက စိတ် သသင်္ခါရိကစိတ် ဟု သင်္ခါရအားဖြင့်သာ ၂ ပါးပြားသည်။
## Trang 11
**၂။ မောဟမူစိတ်**
သမ္ပယုတ္တံ-ဝိစိကိစ္ဆာသမ္ပယုတ် ဖြစ်သော၊
ဧကံ-တပါးသောစိတ်၎င်း၊ ဥပေက္ခာသဟဂတံ-သော၊ ဥဒ္ဓစ္စ
သမ္ပယုတ္တံ-ဥဒ္ဓစ္စသမ္ပယုတ်ဖြစ်သော၊ ဧကံ-၎င်း၊ ဣတိ-ဤသို့၊
ဒွေပိ – နှစ်ပါးလည်း ဖြစ်ကုန်သော၊ ဣမာနိ – ဤစိတ်တို့သည်၊
မောမူဟစိတ္တာနိနာမ−မောမူဟစိတ်တို့ မည်၏။
**၃။ မောဟမူစိတ်**
မောမူဟစိတ္တာနိနာမ = [ မောဟ + မူဟ။ မောဟ=သဒ္ဒါလည်း
တွေဝေခြင်း အနက် + မူဟ = သဒ္ဒါလည်း တွေဝေခြင်း အနက်ကို ဟော
သောကြောင့်"တွေဝေ တွေဝေသောစိတ်, ဝါ အလွန်တွေဝေသော စိတ်"
ဟူလို၊ ] မောဟမူဟစိတ် ဟု ဆိုလိုလျက် ရှေ့ဟကို ချေ၍ "မောမူဟ" ဟု
ဆိုထားသည်၊ မောဟမူလ ရှိသောကြောင့် – မောဟမူလစိတ်)" လ'ကို
ဖြုတ်၍"မောဟမူစိတ်"ဟုလည်းခေါ်စမှတ်ပြုကြသည်။
ဥပေက္ခာသဟဂုတ် ဝိစိကိစ္ဆာ သမ္ပယုတ်စိတ် ၁, ဥပေက္ခာ သဟဂုဘ်
ဥဒ္ဓစ္စသမ္ပယုတ်စိတ် ၁, ပေါင်း ၂ ပါးဟု ပါဠိရှိတိုင်း သရုပ်ခွဲလေ၊ ဥပေက္ခာ
သဟဂုတ်ချည်းဖြစ်၍ ဝေဒနာအားဖြင့် မကွဲပြား၊ ဝိစိကိစ္ဆာသမ္ပယုတ်စိတ်
ဥဒ္ဓစ္စသမ္ပယုတ်စိတ် ဟု ယောဂအားဖြင့် ၂ ပါးပြား၏။
သင်္ခါရ အားဖြင့်လည်း မကွဲပြား၊ ထိုစကား မှန်၏—သသင်္ခါရိကကို
ထောက်၍ အသင်္ခါရိကစိတ် ဟူသော နာမည်, အသင်္ခါရိကစိတ်ကို ထောံ၍
သသင်္ခါရိကစိတ် ဟူသော နာမည်များ ဖြစ်ပေါ်လာရလေသည်၊ ဤစိတ်၌
ထိုကဲ့သို့ အချင်းချင်း ထော်စရာ မရှိရကား နာမည် ၂ မျိုးလုံးပင် မရထိုက်၊
ရှေးဆရာအချို့က ၎င်းစိတ် ၂ ပါးကို အသင်္ခါရိက ဟု နာမည်တပ်ကြသေး၏။
ကျမ်းဆရာ၏ အလိုကျမည် မထင်။ [အကျယ်ကို ဘာသာဋီကာမှာရှ။]
**နိဿယနှင့်အဓိပ္ပါယ်**
**၄။ နိဂုံး**
ဆုဝံ-ဤသို့၊ သဗ္ဗထာဝိ - ခပ်သိမ်းသော အပြား
အားဖြင့်လည်း၊ ဒွါဒသ − တစ်ဆယ့်နှစ်ပါး ကုန်သော၊
အကုသလ စိတ္တာနိ – အကုသိုလ်စိတ် တို့သည်၊ သမတ္တာနိ-
ပြီးကုန်ပြီ။
**၅။ သင်္ဂဟဂါထာ**
လောဘမူလာနိ-လောဘမူစိတ်တို့သည်၊
အဋ္ဌဓာ-ရှစ်ပါး ပြားကုန်၏၊ ဒေါသမူလာ
နိစ – ဒေါသမှု စိတ်ဆိုသည်ကား၊ ဒွိ၁ – နှစ်ပါး ပြားကုန်၏၊
မောဟမူလာနိ၀‘မောဟမူ စိတ်တို့သည်ကား၊ ဒွေ-နှစ်ပါးတို့
တည်း၊ ဣတိ - ဤသို့၊ အကုသလာ – အကုသိုလ်စိတ်တို့သည်၊
ဒွါဒသ−တစ်ဆယ့်နှစ်ပါးတို့သည်၊ သိယုံ – ဖြစ်ကုန်၏။
**၄။ နိဂုံး။ ။**အိမ်စသည်ကို ကာရံသည့်အခါ အစွန်အဖျား၌အနားသတ်
ကမ္ပတ်ဖုံး ရှိသကဲ့သို့, ထို့အတူ စကားတရပ် အဆုံး၌လည်း ပြန်၍ ဖုံးသော
စကားကို "နိဂုံး"ဟု ခေါ်သည်၊ ထို့ကြောင့် "ဣစ္စေဝံ၊ပေ သမတ္တာနိ"ကား
နိဂုံးစကားတည်း၊ "ဤသို (ဤ ဆိုအပ်ခဲ့ပြီးသော စကားအရ) အစွမ်းကုန်
အပြားအားဖြင့် ၁၂ ပါးသော အကုသိုလ်စိတ်များ ပြီးကုန်ပြီ" ဟူလို။
**အကုသလ စိတ္တာနိ-** [အ + ကုသလ။ အ = မဟုတ် + ကုသလ=
အပြစ်ကင်းသည်၊ အကုသလ = အပြစ်ကင်းသည် မဟုတ်, အပြစ် မကင်း
သော တရား ဟူလို။] ဤစကားအရ- လောဘ ဒေါသ စသော အပြစ်မှ
မကင်းသောစိတ်ကို "အကုသလစိတ်" ခေါ်သည်)ဟု မှတ်။
**၅။ သင်္ဂဟ ဂါထာ။ •** [သံ+ဂဟ။ သံ=အကျဉ်းချုံး၍ +ဂဟ=
ယူကြောင်းစကား၊ ] (အလွယ်တကူ ဆောင်ယူဘို့ရာ အကျဉ်းချုပ်စကားကို
## Trang 12
"သင်္ဂဟ " ဟု ခေါ်သည်။) ထို့ကြောင့် ဤ – အဋ္ဌဓာ လောဘမူလာနိ "
ဂါထာသည် သင်္ဂဟ ဂါထာတည်း။ ထိုတွင်.
အဋ္ဌဓာလောဘမူလာနိ = ကား"သောမနဿ သဟဂတံ ဒိဋ္ဌိဂတ
သမ္ပယုတ္တံ အသင်္ခါရိကမေကံ" စသော လောဘမူစိတ် ၈ ပါးကို
အကျဉ်းချုပ်သော စကားတည်း။
ဒေါသမူလာနိစဉ်ဓာ = ကား " ဒေါမနဿ သဟဂတံ "
ဒေါသမူစိတ် ၂ ပါးကို အကျဉ်းချုပ်သော စကားတည်း။
မောဟမူလာနိစဒွေ=ကား"ဥပေက္ခာသဟဂတံ" စသော မောဟမူ
စိတ် ၂ ပါးကို အကျဉ်းချုပ်သော စကားတည်း။
ဣတိဒွါဒသာကုသလာသိယုံ=ကား ဣစ္စေဝံ စသော နိဂုံးအကျယ်ကို
အကျဉ်းပြသော (နိဂုံးကျဉ်း)စကားတည်း၊ နောက် သင်္ဂဟဂါထာ
များ၌လည်း ဤနည်းချည်း ခွဲစိတ်လေ။
လေ့ကျင့်ခန်း မေးခွန်းများ
က။ ၏ အစကား အဘယ်စကားရပ်နည်း။
ခ ။ ကာမာဝစရစသော စိတ် ၄ မျိုးကို အဘယ်သဘောအားဖြင့် ရှေနော်
စဉ်ထားသနည်း။
၈ ။ အဘယ့်ကြောင့် ကာမာဝစရစိတ် ဟု ခေါ်သနည်း။
ဃ။ အဘယ့်ကြောင့် လောဘမူစိတ် ဟု ခေါ်သနည်း။
င ။ လောဘမူစိတ်၌ သောမနဿ သဟဂုတ် ဥပေက္ခာ သဟဂုတ် စိတ်
မည်မျှစီ ရှိသနည်း ပါဠိထောက်၍ သရုပ်ကောက်ပြပါ။
**နိဿယနှင့်အဓိပ္ပါယ်**
၈ ။ သမ္ပယုတ် ဝိပ္ပယုတ်စိတ် မည်မျှစီ ရှိသနည်း, ပါဠိကိုထောက်၍ သရုပ်
ကောက်ပြပါ။
ဆ။ အသင်္ခါရိက သသင်္ခါရိကစိတ် မည်မျှစီ ရှိသနည်း, ပါဠိကိုထောက်၍
သရုပ်ကောက်ပြပါ။
ဇ ။ ဒေါသမူစိတ်၌ အသင်္ခါရိက သသင်္ခါရိကစိတ် မည်မျှစီရှိသနည်း။
၅ ။ မောဟမူစိတ်၌ သမ္ပယုတ် ဝိပ္ပယုတ်စိတ် မည်မျှစီရှိသနည်း။
ည ။ မောဟမူဒွေးသည် အသင်္ခါရိကလော, သသင်္ခါရိကလော။
ဋ ။ အချို့က အဘယ်သို ယူကြသနည်း၊ ထို အယူသည် ကျမ်းဆရာ၏
အလို ဟုတ်နိုင်မည်လော။
ဌ ။ ဣစ္ဆေဝံစသော စကားကို နာမည်ဘယ်သို့ ခေါ်သနည်း။
၃ ။ အဘယ့်ကြောင့် အကုသိုလ်စိတ် ဟု ခေါ်သနည်း။
ဎ ။ အဋ္ဌဓာ လောဘမူလာနိ ဂါထာကို နာမည်ဘယ်သို့ခေါ်သနည်း။
ဏ။ ထိုဂါထာကို အနက်ပေး၍ အကျဉ်းချုပ် ယူပုံကို ပြောပြပါ။
တ ။ အကုသိုလ်စိတ် ၁၂ ၌ သောမနဿ သဟဂုတ် ဒေါမနဿသဟဂုတ်
ဥပေက္ခာသဟဂုတ် မည်မျှစီ ရှိသနည်း ရေတွက်ပြပါ။
ထ။ သမ္ပယုတ်, ဝိပ္ပယုတ် မည်မျှစီရှိသနည်း။
၁ ။ အသင်္ခါရိက သသင်္ခါရိက အမည်ရသော စိတ် မည်မျှစီ ရှိသနည်း။
ဓ ။ အသင်္ခါရိက သသင်္ခါရိက အမည် မရသော သင်္ခါရဝိမုတ် စိတ်ကား
မည်မျှရှိသနည်း။
## Trang 13
**အကုသလ ဝိပါက်**
**၁။ အကုသလဝိပါက်**
ဥပေက္ခာ သဟ
ဂုတ် ဖြစ်သော၊ စက္ခုဝိညာဏံ - စက္ခု
ဗိညာဏ်စိတ်၎င်း၊ တထာ – ထို ဥပေက္ခာ သဟဂုတ် ဖြစ်သော၊
သောတဝိညာဏံ-၎င်း၊ ဃာနဝိညာဏံ-၎င်း၊ ဇိဝှါဝိညာ
ဏံ-၎င်း၊ ဒုက္ခ သဟဂတံ-ဒုက္ခ သဟဂုတ် ဖြစ်သော၊ ကာယဝိညာဏံ-၎င်း၊ ဥပေက္ခာ သဟဂတံ-သော၊ သမ္ပဋိစ္ဆန စိတ္တံ - သမ္မ
တိန္တုန်း စိတ် ၎င်း၊ ဥပေက္ခာ သဟဂတံ – သော၊ သန္တီရဏ
စိတ္တံစ- သန္တီရဏ စိတ် ၎င်း၊ ဣတိ-ဤသို့၊ သတ္တပိ-ခုနစ်ပါးလည်း
ဖြစ်ကုန်သော၊ ဣမာနိ – ဤ စိတ်တို့သည်၊ အကုသလဝိပါက
စိတ္တာန်နာမ-အကုသလ ဝိပါက် စိတ်တို့ မည်၏။
**အကုသလ ဝိပါက်စိတ်**
တထာ သောတ ဝိညာဏံ— ဤ၌ တထာ သဒ္ဒါ ဖြင့် သောတ ဝိညာဏ်
ဃာန ဇိဝှါ ဝိညာဏ် စိတ် တို့လည်း စက္ခု ဝိညာဏ် ကဲ့သို့ ဥပေက္ခာ သဟဂုတ်
များ ဖြစ် ကြောင်းကို ညွှန် ပြ သည်။
အကုသလဝိပါက စိတ္တာနိ — [ အကုသလ=အကုသိုလ်+ဝိပါက=
အကျိုး။] "အကုသိုလ်၏ အကျိုး ဖြစ်သော စိတ် များ" ဟူလို။
ဥပေက္ခာ သဟဂုတ် စက္ခု ဝိညာဏ် စိတ် ၁, ဥပေက္ခာ သဟဂုတ် သောတ
ဝိညာဏ် စိတ် ၁ စ သည် ဖြင့် အကုသလ ဝိပါက် စိတ် ၇ ပါး၏ သရုပ်ကို ပါဠိ
ကြည့် ၍ ရေတွက် ပြီး လျှင် ဥပေက္ခာ သဟဂုတ် စိတ် ၆, ဒုက္ခ သဟဂုတ် စိတ် ၁,
ပေါင်း ၇ ပါး ဟု ဝေဒနာ အပြား အား ဖြင့် သာ ခွဲ ပြ နှင့် ပါ ဘူး။
**နိဿယ နှင့် အဓိပ္ပါယ်**
**၂။ အဟိတ်ကုသလ ဝိပါက်**
**ဥပေက္ခာ သဟဂတံ**
**ကုသလ ဝိပါကံ** – ကုသိုလ်၏
အကျိုး ဖြစ်သော၊ စက္ခု ဝိညာဏံ – ၎င်း၊ တထာ-ထို ဥပေက္ခာ
သဟဂုတ် ဖြစ်သော၊ သောတ ဝိညာဏံ-၎င်း၊ ဃာန ဝိညာဏံ-
၎င်း၊ ဇိဝှါ ဝိညာဏံ-၎င်း၊ သုခ သဟဂတံ – သုခ သဟဂုတ် ဖြစ်
သော၊ ကာယ ဝိညာဏံ – ၎င်း။ ဥပေက္ခာ သဟဂတံ – သော၊
သမ္ပဋိစ္ဆန စိတ္တံ-၎င်း၊ သောမနဿ သဟဂတံ – သော၊ သန္တီ
ရဏ စိတ္တံ-၎င်း၊ ဥပေက္ခာ သဟဂတံ-သော၊ သန္တီရဏ စိတ္တံစ-
၎င်း၊ ဣတိ-ဤသို့၊ အဋ္ဌဝီ-ရှစ်ပါး လည်း ဖြစ် ကုန် သော၊ ဣမာနိ−
ဤ စိတ် တို့ သည်၊ ကုသလဝိပါကာဟေတုကစိတ္တာနိနာမ–
ကုသလ ဝိပါက် အဟိတ် စိတ် တို့ မည်၏။
**၂။ အဟိတ်ကုသလ ဝိပါက်စိတ်**
ကုသလ ဝိပါကာ ဟေတု က စိတ္တာ နိ— [ ကုသလ ဝိပါက – ကုသိုလ်၏
အကျိုး + အဟေတုက = အလောဘ စသော ယှဉ် ဘက် ဟိတ် မရှိ၊]
"ကုသိုလ် အကျိုး ဖြစ်သော ယှဉ် ဘက် ဟိတ် မရှိ သော စိတ်" ဟူလို။
ဤ ကုသလ ဝိပါက် အဟိတ် စိတ် ၈ ပါး၏ သရုပ်ကို ပါဠိ ကြည့် ၍ ရေတွက်
ပြီး လျှင် ဥပေက္ခာ သဟဂုတ် စိတ် ၆, သုခ သဟဂုတ် စိတ် ၁, သောမနဿ
သဟဂုတ် စိတ် ၁, ပေါင်း ၈ ပါး ဟု ဝေဒနာ အပြား အား ဖြင့် သာ ခွဲ နှင့်ပါ။
အဟေတုက ထည့် ရ ကျိုး။ အကုသလ ဝိပါက် သည် အဟိတ် ဝိပါက်
တမျိုး သာ ရှိ ရ ကား "အဟိတ် လေ လား, သဟိတ် လေ လား" ဟု ယုံ မှား ဘွယ်
မ ရှိ သော ကြောင့် အကုသလ ဝိပါက် ၏ အဆုံး (နိဂုံး) ၌ အဟေတုက သဒ္ဒါ
မ ထည့် ဘဲ "အကုသလ ဝိပါက စိတ္တာ နိ န၁ မ" ဟု ဆို ခဲ့ သည်၊ (ကုသလ ဝိပါက်
## Trang 14
ကား နောက်၌ ( မဟာဝိပါက် ရူပဝိပါက် အရူပဝိပါက် လောကုတ္တရာ
ဝိပါက် ဟု ) သဟိတ်ဝိပါက်တွေ ရှိသေးသောကြောင့် ဤ ကုသလဝိပါက်
သည် သဟိတ်လေလား အဟိတ်လေလား ဟု ယုံမှားဘွယ် ရှိရကား
"သဟိတ်ဝိပါက် မဟုတ်"ဟု သဟိတ်ဝိပါက်ကို တားမြစ်ဆိုရာ ဤကုသလ
ဝိပါက်၏ အဆုံး (နိဂုံး) ၌ အဟေတုက သဒ္ဒါ ထည့်၍ " ကုသလဝိပါကာ
ဟေတုကစိတ္တာနိနာမ"ဟု မိန့်သည်။)
[ဆောင်] (၁) အကုသလ,ဝိပါကဆုံး, ထိုနိဂုံးငယ်,ပယ်ချဘွယ်ရိပ်,
သဟိတ်ဝိပါက်, မရှိ တွက်ကြောင့် ထည့်စွက် သမှု
အဟေတုက, ထူးမပြ, သဒ္ဒထုံးစံနည်း။
(၂) ကုသလဝိပါက်,နိဂုံးတွက်မှာ တဖြာသဟိတ်-ဝိပါက်
စိတ်တွေမပါစေဘို့ အဟေတုက, ထည့်စွက်ပြ ဆရာ့
သုံးဟန်တည်း။
**၃။ အဟိတ်ကြိယာစိတ်**
(အဟေတုက ကြိယစိတ္တာနိ— သဟိတ် ဖြစ်သော မဟာကြိယာ ရူပ
အရူပ ကြိယာတို့ကို တားမြစ်လို၍ အဟေတုကဟု ဝိသေသန ကူမ ရသည်)
ဥပေက္ခာသဟဂုတ် ပဉ္စဒွါရာဝဇ္ဇန်းစိတ် ၁, စသည်ဖြင့် ပါဠိရှိတိုင်း ရေတွက်
**နိဿယနှင့်အဓိပ္ပါယ်**
**အဟေတုက ကြိယ စိတ္တာနိနာမ – အဟိတ် ကြိယာ စိတ်တို**
**မည်၏။**
**၄။ နိဂုံး**
**ဣစ္စေဝံ-ဤသို့၊ သဗ္ဗထာပိ – ခပ်သိမ်းသော အပြား**
**အားဖြင့်လည်း၊ အဋ္ဌာရသ-တစ်ဆယ့်ရှစ်ပါးကုန်သော၊**
**အဟေတုက စိတ္တာနိ – အဟိတ်စိတ် တို့သည်၊ သမတ္တာနိ**
**ပြီးကုန်ပြီ။**
**၅။ သင်္ဂဟ**
**အကုသလပါကာနိ – အကုသလ ဝိပါက်စိတ်**
**တို့သည်၊ သတ္တ – ခုနစ်ပါးတို့ တည်း၊ ပုည**
**ပါကာနိ – အဟိတ်ကုသလ ဝိပါက်စိတ် တို့သည်၊ အဋ္ဌာ-**
**ရှစ်ပါးပြားကုန်၏၊ ကြိယစိတ္တာနိ-ကြိယာစိတ်တို့သည်၊တိဏိ-**
**သုံးပါးတို့တည်း၊ ဣတိ - ဤသို့၊ အဟေတုကာ – အဟိတ်စိတ်**
**တို့သည်၊ အဋ္ဌာရသ-တစ်ဆယ့်ရှစ်ပါးတို့သိယုံ။**
**ဥပေက္ခာသဟဂတံ – သော၊ ပဉ္စဒွါရာဝဇ္ဇနစိတ္တံ – ပဉ္စဒွါရာ ဝဇ္ဇန်း စိတ် ၎င်း၊**
**တထာ – ထို ဥပေက္ခာ သဟဂုတ် ဖြစ်သော၊ မနောဒွါရာဝဇ္ဇန**
**စိတ္တံ – မနောဒွါရာဝဇ္ဇန်း စိတ်၎င်း၊ သောမနဿသဟဂတံ-**
**သော၊ ဟသိတုပ္ပါဒစိတ္တံစ-ဟသိတုပ္ပါဒ်စိတ်၎င်း၊ ဣတိ-ဤသို့၊**
**တိဏိပိ-သုံးပါးလည်းဖြစ်ကုန်သော၊ ဣမာနိ- ဤစိတ်တို့သည်၊**
ပြီးလျှင်, ဥပေက္ခာသဟဂုတ်စိတ် ၂, သောမနဿသဟဂုတ်စိတ် ၁, ပေါင်း
အဟိတ်ကြိယာစိတ် ၃ပါးတည်းဟု ဝေဒနာအပြားအားဖြင့်ခွဲလေး၊ [နိဂုံးနှင့်
သင်္ဂဟဂါထာ အဓိပ္ပါယ်မှာ လွယ်ပြီ။]
**သမ္ပယုတ် ဝိပ္ပယုတ်။** ။ဒိဋ္ဌိ ပဋိဃ (ဒေါသ) ဝိစိကိစ္ဆာ ဥဒ္ဓစ္စ ဥာဏ်
(ပညာ) ဟူသော စေတသိက် အထူးတို့နှင့် ယှဉ်သောစိတ်ကို သမ္ပယုတ်,
ထိုကဲ့သို့ စေတသိက်အထူးနှင့် မယှဉ်သောစိတ်ကို ဝိပ္ပယုတ် ဟု ခေါ်ရကား
ဤ အဟိတ်စိတ် ၁၉ ပါးလုံးသည် ထို စေတသိက် အထူး များနှင့် မယှဉ်
သောကြောင့် ဝိပ္ပယုတ်ချည်းသာတည်း ဟု ပြောစမှတ်ပြုကြ၏, ဤကျမ်း၏
အယူကို ဘာသာဋီကာမှာရှု။
## Trang 15
**အသင်္ခါရိက** **သသင်္ခါရိက** ။ ။ **သင်္ခါရ** သဒ္ဒါသည် " ပြုပြင်တတ် " ဟူသော အနက်ကို ဟော၏၊ (ထို ့ကြောင့် တစုံတခုကိစ္စကို မပြလို၍ တွန့်တို ဆုတ်နစ်သောစိတ် ဖြစ်နေသည့် အခါ ထိုစိတ်မျိုးကို ပြုပြင်ပေးတတ်သော ဆရာ မိဘ စသည့်တို့၏ ကာယပယောဂ ဝစီပယောဂ, မိမိ၏ ကာယ ဝစီ မနော ပယောဂများသည် သင်္ခါရမည်၏။)
[ **ဆောင်** ] တစုံတခု, ကိစ္စမှုကို မပြုလို၍, တွန့်တိုဆုတ်နစ်, စိတ်ဖြစ်သောခါ, ဆရာ မိဘ, ဟူသမျှကို ကာယ – ဝစီ, ဤနှစ်လီဖြင့်, ထို ဤ ခိုင်းစေ့, ငေါက်ငန်းလေတည့်, တထွေတိုက်တွန်း, ကျိုးပြစ်ညွှန်းလျက်, မေးထိုး လက်ပြ, ပယောဂနှင့်, .... တက်ကြွ ဘွယ်ရာ, ကိုယ် ့ဘာသာလည်း, ကောင်းစွာ ကျိုးပြစ်, ကြံစိစစ်၍, အားသစ်ဘွယ်မြို့, ဂါထာပျိုကို ရွတ်လို့ တခဏ်း, လက်ရုံးတန်းလျက်, လမ်းလျှောက်မှု, အစုစုသည်, မှတ်ရှု သင်္ခါရချည်တည်း။
ထို သင်္ခါရမျိုးနှင့် မကင်းစကောင်းသောစိတ်ကို **သသင်္ခါရိက**, ထို သင်္ခါရ မျိုးနှင့် ကင်း၍ အလိုအလျောက် ဖြစ်ကောင်းသောစိတ်ကို **အသင်္ခါရိက** ဟု ခေါ်သည်၊ ထိုကြောင့် အသင်္ခါရိက အမည်ရသောစိတ်သည် ထက်မြက်၏, သသင်္ခါရိက အမည်ရသောစိတ်ကား မထက်မြက်ချေ။
စက္ခုဝိညာဏ်စိတ်၏ ရူပါရုံကို မြင်ခြင်း သတ္တိသည် သင်္ခါရ ရှိမှုကြောင့်လည်း မညံ့ဖျင်း, သင်္ခါရ မရှိမှုကြောင့်လည်း ထူး၍ မထက်မြက်၊ သောတ ဝိညာဏ် စသည်လည်း ဤနည်းပင်၊ ဤသို အထက် မထက် နှစ်မျိုး မကွဲ ကောင်းသောကြောင့် အဟိတ်စိတ် ၁၈ ပါးလုံးကို အသင်္ခါရိက ဟူ၍၎င်း, သသင်္ခါရိက ဟူ၍၎င်း မဆိုအပ်။ [ ရှေးဆရာ အချို့က ၁၈ ပါးလုံး အသင်္ခါရိကဟု ဆို၏၊ နေဒီဆရာအချို့က အသင်္ခါရိက သသင်္ခါရိက နှစ်ပါးသင့် ဟု ဆို၏။ ထိုဆရာတို့ အလိုကို ဘာသာဋီကာ၌ စီစစ်ထားသည်။]
**နိဿယနှင့်အဓိပ္ပါယ်**
**လေ့ကျင့်ခဏ်း မေးခွန်းများ**
၁။ အကုသလဝိပါက်စိတ် မည်မျှရှိ၍, ထိုစိတ်တွင် ဥပေက္ခာသဟဂုတ်စိတ်, ဒုက္ခသဟဂုတ်စိတ်, မည်မျှစီ ရှိသနည်း။
၂။ အဟိတ်ကုသလဝိပါက်စိတ် မည်မျှရှိ၍, ထိုစိတ်တွင် ဥပေက္ခာသဟဂုတ် သုခသဟဂုတ် သောမနဿ သဟဂုတ်စိတ် မည်မျှစီ ရှိသနည်း။
၃။ အကုသလဝိပါက်စိတ်၏ နိဂုံး၌ အဟေတုကသဒ္ဒါမထည့်ဘဲ, အဘယ့်ကြောင့် ကုသလဝိပါက်စိတ်၏ နိဂုံးကျမှ အဟေတုက သဒ္ဒါ ထည့်ရ သနည်း။
၄။ အဟိတ်ကြိယာစိတ် မည်မျှရှိ၍ ထို စိတ်တွင် ဥပေက္ခာသဟဂုတ် စိတ် သောမနဿသဟဂုတ်စိတ် မည်မျှစီ ရှိသနည်း။
၅။ အဟိတ်စိတ် ၁၈ ပါးလုံး၌ သောမနဿ, ဥပေက္ခာ, သုခ, ဒုက္ခသဟဂုတ်စိတ်များ မည်မျှစီ ရှိသနည်း။
၆။ ဣစ္စေဝံ-စသည်ကို အဘယ်သို့ နာမည်ခေါ်သနည်း။
၇။ သတ္တာ အကုသလ ပါကာနိ ဟူသော သင်္ဂဟဂါထာကို အနက်ပေးပြီး လျှင်, အကျဉ်းချုပ် ယူပုံကို ပြပါ။
၈။ အဟိတ်စိတ် အားလုံးကို သမ္ပယုတ် ဟု ယူကြသလော, ဝိပ္ပယုတ် ဟု ယူကြသလော။
၉။ အသင်္ခါရိကလော, သသင်္ခါရိကလော, ရှေးဆရာ အချို့ အချို့က အဘယ်သို့ ယူကြသနည်း။
၁၀။ အဘယ်ကို သင်္ခါရ ဟု ခေါ်သနည်း, လင်္ကာထောက်ပါ။
၁၁။ အဘယ်စိတ်မျိုးကို အသင်္ခါရိက, သသင်္ခါရိက ဟု ခေါ်သနည်း။
၁၂။ အသင်္ခါရိက, သသင်္ခါရိက ၂ မျိုးတွင် ဘယ်စိတ်က ထက်မြက်သနည်း။
## Trang 16
သောဘနစိတ်များ
ပါပါဟေတုကမုတ္တာနိ – အကုသိုလ်
စိတ် အဟိတ်စိတ် တို့မှ လွတ်ကုန်သော၊
ဧကူနသဋ္ဌိ- တခုယုတ် ခြေခံဆယ်သော၊ စိတ္တာနိ- စိတ်တို့ကို၊
သောဘနာနီတိ-သောဘနစိတ်ဟူ၍၊ဝုစ္စရေ'ဆိုအပ်ကုန်၏၊
အထဝါ – အကျယ် တနည်းကား၊ ပါပါဟေတုကမုတ္တာနိ-
ကုန်သော၊ ဧကနဝုတိပိ – ကိုးဆယ့်တပါးလည်း ဖြစ်သော၊
စိတ္တာနိ-တို့ကို၊သောဘနာနီတိ-ဟူ၍၊ ဝုစ္စရေ'ကုန်၏။
သောဘနစိတ်များ
ဤဂါထာကား အကုသိုလ်စိတ် အဟိတ်စိတ်မှ တပါး ကြွင်းကျန်သော
အကျဉ်း ၅၉ အကျယ် ၉၁ ပါးသော စိတ်တို့ကို "သောဘန" မည်၏ ဟု
နာမည်ပေးသော ဂါထာတည်း၊ ထိုဂါထာ၌ ပါပါဟေတုကမုတ္တာနိ ၊ပေ၊
ဧကူနသဋ္ဌိစိတ္တာနိ" ဖြင့် သောဘနစိတ် အကျဉ်းကိုပြသည်။ "အထေကနဝုတိပိဝါ"ဖြင့် သောဘနစိတ် အကျယ်ကို ပြသည်၊ အထနှင့် ဝါကို ပေါင်း၍
"အထဝါ" ဟု ဆိုသည်၊ ဤဂါထာသည် အဟိတ်စိတ်တွင် ပါဝင်သော
ဂါထာမဟုတ်၊ ဆိုအပ်လတံ့သော သောဘနစိတ်များ၏ ရွှေတော်ပြေး အချိ
ဂါထာသာတည်း။
သောဘန အမည်။ ။သောဘန အမည်မရသော အကုသိုလ်စိတ်နှင့်
အဟိတ်စိတ်ကို ဗျတိရေက – အဝုတ္တသိဒ္ဓိနည်း အရ "အသောဘနစိတ်"
ဟု အမည် ပေးကြသေး၏။ [ ဗျတိရေက = ပြောင်းပြန် ယူရသော နည်း၊
"သောဘနမဟုတ်လျှင် အသောဘန"ဟူလို။ အဝုတ္တသိဒ္ဓိ = ကျမ်းဆရာက
အသောဘန ဟု တိုက်ရိုက်မဆိုအပ်သော်လည်း ပြီးနိုင်သောနည်း။]
နိဿယနှင့်အဓိပ္ပါယ်
ဧကဝုစ်အနက်။ ။ဧကူနဝီသတိ (တခုယုတ်နှစ်ဆယ်) အစ,နဝနဝုတိ
(၉၉) အဆုံးရှိသော သင်္ချာသဒ္ဒါ တို့သည် များသောအားဖြင့် ဣတ္ထိလိန်
ဧကဝုစ်ချည်သာတည်း၊ ထိုကြောင့် …. "ဧကူနသဋ္ဌိ – တခုယုတ် ခြောက်
ဆယ်သော၊ ဧကနဝုတိ-၉၁ ပါးသော"ဟု ဧကဝုစ်အနက် သုံးလိုက်သည်၊
နောက်နောက်သင်္ချာတို့၌လည်း ဤနည်းချည်တည်း။
[ဆောင်] ပီသာတျာဒိ, နဝုတိ, ဣတ္ထိဧကဝုစ်။
ထို့ပြင်'ယခုကာလ သင်္ချာပုဒ်တွေကို အနက်ပြန်ရာ၌ သဒ္ဒစည်းမျဉ်းကို
ကျူးလွန်နေတတ်ကြသည်။ ဥပမာ− "သတ္တ-ခုနှစ်ပါး အပြားရှိကုန်၏" ဟု
အနက်ပြန်လျှင် "အပြား+ရှိ" ဟူသော အနက်များသည် "သတ္တ"ဟူသော
ပါဠိ၌မရနိုင်၊ ဓာပစ္စည်း ဝိဓပုဒ်တို့နှင့် တွဲဘက်နေမှသာ"သတ္တဓာ-ခုနစ်ပါး
ပြားကုန်၏" ဟု၎င်း "သတ္တဝိဓော−ခုနစ်ပါး အပြားရှိ၏" ဟူ၎င်း အနက်
ပြန်နိုင်သည်၊ ထို ့ကြောင့် သင်္ချာပုဒ်များ၏ အနက်ကို ဤကျမ်းအဆိုအတိုင်း
သတိထားကြပါကုန်။
လေ့ကျင့်ခဏ်းမေးခွန်းများ
က။ အသောဘနစိတ် မည်မျှရှိသနည်း။
ခ ။ အသောဘန
သောဘန စိတ်၌ သုခ ဒုက္ခ သောမနဿ ဒေါမနဿ ဥပေက္ခာ
သဟဂုတ်စိတ်တို မည်မျှစီ ရှိသနည်း။
ဂ ။ သမ္ပယုတ် ဝိပ္ပယုတ် မည်မျှစီရှိသနည်း။
ဃ။ အသင်္ခါရိက သသင်္ခါရိက အမည်ရသောစိတ်က မည်မျှရှိ၍, အမည်
မရသောစိတ်က မည်မျှရှိသနည်း။
င ။ ဧကူနသဋ္ဌိ ဧကနဝုတိ တို့ကို အရေအတွက် များပါလျက် အဘယ့်
ကြောင့် ဧကဝုစ်နက် ပေးရသနည်း, အထောက်ပြပါ။
## Trang 17
သောမနဿ သဟဂတံ – သော၊ ဉာဏ
၁။ မဟာကုသိုလ်
သမ္ပယုတ္တံ - ဉာဏသမ္ပယုတ် ဖြစ်သော၊
အသင်္ခါရိကံ-သော၊ ဧကံ-၎င်း၊ သသင်္ခါရိကံ-သော၊ ဧကံ
၎င်း၊ သောမနဿသဟဂတံ-သော၊ ဉာဏဝိပ္ပယုတ္တံ - ဉာဏ
ဝိပ္ပယုတ်ဖြစ်သော၊ အသင်္ခါရိကံ-သော၊ ဧကံ-၎င်း၊ သသင်္ခါရိ
ကံ - သော၊ ဧကံ-၎င်း၊ ဥပေက္ခာသဟဂတံ – သော၊ ဉာဏ
သမ္ပယုတ္တံ-သော၊ အသင်္ခါရိကံ-သော၊ ဧကံ-၎င်း၊ သသင်္ခါရိ
ကံ – သော၊ ဧကံ - ၎င်း၊ ဥပေက္ခာ သဟဂတံ-သော၊ ဉာဏ
ဝိပ္ပယုတ္တံ-သော၊ အသင်္ခါရိကံ-သော၊ ဧကံ-၎င်း၊ သသင်္ခါရိ
ကံ - သော၊ ဧကံ - ၎င်း၊ ဣတိ - ဤသို့၊ အဋ္ဌပိ – ရှစ်ပါးလည်း
ဖြစ်ကုန်သော၊ ဣမာနိ'ဤစိတ်တို့သည်၊ ကာမာဝစရကုသလ
စိတ္တာနိနာမ-ကာမာဝစရကုသိုလ်စိတ်တို့ မည်၏။
ကာမသောဘနစိတ်
၁။ မဟာကုသိုလ်စိတ်။ ။ကာမ ရူပ အရူပ လောကုတ္တရာကုသိုလ်
တို့တွင် ကာမကုသိုလ်စိတ်က အရေအတွက် များသောကြောင့် ဤ ကာမ
ကုသိုလ်စိတ်ကို"မဟာကုသိုလ်စိတ်" ဟုလည်း ခေါ်စမှတ်ပြုကြ၏) (မဟာ-
များသော+ကုသလ= ကုသိုလ်) မဟာဝိပါက် မဟာကြိယာ ဟု ခေါ်ရာ၌
လည်း ဤနည်းပင်၊ [အချို့ဆရာတို့အဆိုကို ဘာသာဋီကာမှာရှု။] .
သောမနဿ သဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ် ၁, စသည်
ဖြင့် မဟာကုသိုလ်စိတ် ၈ ပါး၏ သရုပ်ကို ပါဠိ ရှိတိုင်း ရေတွက် ပြီးလျှင်
သောမနဿသဟဂုတ်စိတ် ၄, ဥပေက္ခာသဟဂုတ်စိတ် ၄, ပေါင်း ၈ ပါး
၂။ မဟာဝိပါက်
ဝစရ
မည်၏။
နီဿယနှင့်အဓိပ္ပါယ်
သောမနဿသဟဂတံ – သော၊ [ကုသိုလ်
အတိုင်း အနက်ဆို။] သဟေတုက ကာမာ
ဝိပါကစိတ္တာနိနာမ-သဟိတ်ကာမာဝစရဝိပါက်စိတ်လျှို
သောမနဿသဟဂတံ – သော၊ [ကုသိုလ်
၃။ မဟာကြိယာ အတိုင်း အနက်ဆို၊ ] သဟေတုက ကာမာ
ဝစရ ကြိယစိတ္တာနိနာမ-သဟိတ်ကာမာဝစရ ကြိယာစိတ်တို့
မည်၏။
ဣစ္စေဝံ-ဤသို့၊ သဗ္ဗထာပိ-လည်း၊ စတုဝီသတိ
၄။ နိဂုံး နှစ်ဆယ့်လေးပါးသော၊ သဟေတုကာမာဝစရ
ကုသလဝိပါကကြိယစိတ္တာနိ-ကာမာဝစရကုသိုလ်, သဟိတ်
ကာမာဝစရ ဝိပါက်, သဟိတ် ကာမာဝစရကြိယာ စိတ်တို့
သည်၊သမတ္တာနိ-ပြီးကုန်ပြီ။
သမ္မယုတ် စိတ် ၄, ဝိပ္ပယုတ် စိတ် ၄, ပေါင်း ၈ ပါး, အသင်္ခါရိကစိတ် ၄,
သသင်္ခါရိက စိတ် ၄, ပေါင်း ၈ ပါးဟု ဝေဒနာ ယောဂ သင်္ခါရ အပြား
အားဖြင့်လည်း ခွဲလေ။
၂။ သဟေတုက ကာမာဝစရဝိပါက စိတ္တာနိနာမ(အဟိတ်ကုသလ
ဝိပါက်ကို တားမြစ်လို၍ – သဟေတုက " ဟု ဝိသေသနပြုမှ ရသည်)
၎င်းဝိပါက်ကို "မဟာဝိပါက်စိတ်" ဟုလည်း ခေါ်စမှတ် ပြုသေး၏။
၃။ သဟေတုက ကာမာဝစရကြိယစိတ္တာနိနာမ(အဟိတ်ကြိယာကို
တားမြစ်လို၍ "သဟေတုက"ဟု ဝိသေသန ပြုမှ ရသည်။) ဤကြိယာစိတ်ကို
"မဟာကြိယာစိတ်"ဟုလည်း ခေါ်စမှတ် ပြုသေး၏၊ ဤ မဟာဝိပါက် မဟာ
ကြိယာစိတ်တို့၌ သရုပ်ခွဲပုံမှာ ကုသိုလ်နှင့်တူပြီ။
## Trang 18
၅။ သင်္ဂဟ သဟေတု ကာမာဝစရ ပုညပါက ကြိယာ –
ကာမာဝစရ ကုသိုလ်, သဟိတ် ကာမာဝစရ
ဝိပါက်, သဟိတ် ကာမာဝစရ ကြိယာစိတ်တို့ကို၊ ဝေဒနာ
ဉာဏသင်္ခါရ ဘေဒေန−ဝေဒနာအပြား, ဉာဏ်အပြား,သင်္ခါရ
အပြားအားဖြင့်၊ စတုဝီသတိ- နှစ်ဆယ့်လေးပါးဟူ၍၊ မတာ-
သိအပ်ကုန်၏။
သင်္ဂဟဂါထာ။ ။ဤ"ဝေဒနာဥာဏသင်္ခါရ"စသော ဂါထာကား
ကာမသောဘနစိတ်ကို အကျဉ်းချုပ် ရေတွက်ပြသော သင်္ဂဟဂါထာတည်း။
ဝေဒနာ ဥာဏ၊ ပေ ၊စတုဝိ သ တိ — သောမနဿသဟဂတံ(ဝေဒနာ)
ဉာဏသမ္ပယုတ္တံ (ဥာဏ် ) အသင်္ခါရိကမေကံ ( သင်္ခါရ )ဟု အစဉ်အတိုင်း
ရှု၍ ကုသိုလ် ဝိပါက်ကြိယာ ၃ ပါးကို"သောမနဿ ဥပေက္ခာ ဝေဒနာ ၂ပါး
အပြားအားဖြင့် မြှောက်ပွားလျှင် ၆ ပါးဖြစ်၏။
၎င်းကို ဥာဏ်ယှဉ် မယှဉ် (သမ္ပယုတ် ဝိပ္ပယုတ်) ၂ ပါး အပြားအားဖြင့်
မြှောက်ပွားလျှင် ၁၂ ပါး ဖြစ်၏။
၎င်းကို သင်္ခါရရှိ မရှိ(သသင်္ခါရိက အသင်္ခါရိက) ၂ ပါး အပြားအားဖြင့်
မြှောက်ပွားလျှင် ၂၄ ပါးဖြစ်၏။
ဤကား ဂါထာ အဆို အတိုင်း ကုသိုလ် ဝိပါက် ကြိယာ ၃ ပါးလုံးကို
ပေါင်း၍ မြှောက်ပွားခြင်းတည်း။
ကုသိုလ်ချည်းသက်သက် ၊ရေတွက်လိုလျှင် ကုသိုလ်ကို ဝေဒနာ အပြား
အားဖြင့် မြှောက် ၂, ၎င်းကို တဘန် ဥာဏ်အပြားအားဖြင့်မြှော ၄, ၎င်းကို
တဘန် သင်္ခါရအပြားအားဖြင့် မြှောက် ဂ ပါးဖြစ်၏၊ ဝိပါက် ကြိယာတို့ကို
လည်း ဤနည်းအတိုင်း မြှောက်ပွားလေ။
ကာမေ–ကာမတဆဲ့တဘုံ၌၊ (အဝစရာနိ–
သက်ဝင်၍ ဖြစ်သော စိတ် တို့သည် ) ၊
တေဝီသ - နှစ်ဆဲ့ သုံးပါးသော၊ ပါကာနိ-ဝိပါက်စိတ်တို၎င်း၊
ဝီသတိ – နှစ်ဆယ်သော၊ ပုညာပုညာနိ – ကုသိုလ် အကုသိုလ်
စိတ်တို့၎င်း၊ ဧကဒသ – တဆဲ့တပါးကုန်သော၊ ကြိယာဝ-
ကြိယာ စိတ်တို၎င်း၊ ဣတိ - ဤသို့၊ သဗ္ဗထာ – ခပ်သိမ်းသော
အပြား အားဖြင့်၊ စတုပညာသ – ငါးဆယ့် လေးပါးသည်၊
ဟောန္တိ-ဖြစ်ကုန်၏။
ကာမသောဘနအမည်။ (ဤကုသိုလ် ဝိပါက်ကြိယာ ၂ ၄ ပါးသည်
ကာမစိတ်တွင် ပါဝင်သောကြောင့် "ကာမ" လည်း မည်၏၊ သောဘနစိတ်
များတွင် ပါဝင်သောကြောင့် "သောဘန"လည်း မည်၏။ အမည်နှစ်ရပ်ကို
ပေါင်းစပ်၍"ကာမသောဘနစိတ်"ဟု ခေါ်စမှတ်ပြုကြ၏။)
ကာမစိတ်ပေါင်း။ ။ "ကာမေ တေဝီသ ပါကာနိ" ဂါထာကား
ကာမစိတ် ၅၄ ပါးလုံးကို ပေါင်းရုံး ရေတွက်ခြင်းနှင့်တကွ နိဂုံးကို ပြသော
"သင်္ဂဟနိဂုံး" ဂါထာတည်း။
တေဝီသပါကာနိ-အရကား အဟိတ်ဝိပါက်၁၅,မဟာဝိပါက် ဂ တည်း။
ပုညာ ပုညာနိ ဝီသတိ - အရကား အကုသိုလ် ၁၂, မဟာကုသိုလ်
ဂ တည်း။
ဧကာဒသ ကြိယာ • အရကား အဟိတ် ကြိယာ ၃, မဟာ ကြိယာ
ဂ တည်း။
အားလုံးပေါင်းလျှင် စတုပညာသအရ ကာမစိတ် ၅၄ ဖြစ်၏။
## Trang 19
လေ့ကျင့်ခဏ်းမေးခွန်းများ
က။ မဟာဝိပါက် မဟာကြိယာစိတ်တို၏ နိဂုံး၌ ဘာ့ကြောင့် သဟေတုက သဒ္ဒါကို ထည့်ရသနည်း။
ခ ။ ကာမသောဘန သင်္ဂဟဂါထာကို အနက်ပေး၍ အဓိပ္ပါယ်ပြပါ။
ဂ ။ ကာမသောဘနစိတ် မည်မျှရှိသနည်း, အကျဉ်းချုပ် ရေတွက်ပါ။
ဃ။ ထို ကာမသောဘနစိတ်၌ သောမနဿ ဥပေက္ခာ သဟဂုတ် စိတ်တို မည်မျှစီ ရှိသနည်း။
င ။ သမ္ပယုတ် ဝိပ္ပယုတ် အသင်္ခါရိက သသင်္ခါရိက စိတ်တိုကား မည်မျှစီ ရှိသနည်း။
စ ။ ကာမေ တေဝီသ ပါကာနိ – စသော ဂါထာသည် ဘာကို ပြသော ဂါထာနည်း။
ဆ။ ကာမာဝစရစိတ် (သိုမဟုတ်'ကာမစိတ်) မည်မျှရှိသနည်း။
ဇ ။ ကာမစိတ်တွင် ကုသိုလ် အကုသိုလ် ဝိပါက် ကြိယာ စိတ်တို မည်မျှစီ. ရှိသနည်း။
ဈ ။ သုခဒုက္ခ သောမနဿ ဒေါမနဿ ဥပေက္ခာသဟဂုတ်စိတ်ကို မည်မျှစီ ရှိသနည်း။
ည။ သမ္ပယုတ် ဝိပ္ပယုတ် အမည်ရသော စိတ်တို မည်မျှစီ ရှိ၍ သမ္ပယုတ် ဝိပ္ပယုတ် အမည်မရသောစိတ်တို မည်မျှစီ ရှိသနည်း။
ဋ ။ အသင်္ခါရိက သသင်္ခါရိက အမည် ရသော စိတ်တို့က မည်မျှစီ ရှိ၍ အသင်္ခါရိက သသင်္ခါရိက အမည်မရသော စိတ်က မည်မျှရှိသနည်း။
ကာမစိတ် ၅၄ ပြီး၏။
နိဿယနှင့်အဓိပ္ပါယ်
၁။ ရူပကုသိုလ်   ဝိတက္က ဝိစာရပီတိသုခေ ကဂ္ဂတာ  သဟိတံ - ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဈာန်အင်္ဂါ ငါးပါးနှင့်တကွ ဖြစ်သော၊ ပဌမဇ္ဈာနကုသလစိတ္တံ- ပဋ္ဌမဈာန် ကုသိုလ်စိတ်၎င်း၊ ဝိစာရပီတိသုခေကဂ္ဂတာသဟိတံ- ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဈာန်အင်္ဂါ လေးပါးနှင့် တကွ ဖြစ်သော၊ ဒုတိယဇ္ဈာန ကုသလစိတ္တံ – ဒုတိယဈာန် ကုသိုလ် စိတ်၎င်း၊ ပီတိ သုခေကဂ္ဂတာ သဟိတံ-ပီတိ သုခ ဧကဂ္ဂတာ ဈာန်အင်္ဂါ သုံးပါးနှင့် တကွ ဖြစ်သော၊ တတိယဇ္ဈာနကုသလ စိတ္တံ-တတိယဈာန်ကုသိုလ်စိတ်၎င်း၊ သုခေကဂ္ဂတာသဟိတံ- သုခ ဧကဂ္ဂတာ ဈာန်အင်္ဂါနှစ်ပါးနှင့် တကွ ဖြစ်သော၊ စတုတ္ထ ဇ္ဈာန ကုသလစိတ္တံ-စတုတ္ထဈာန် ကုသိုလ်စိတ်၎င်း၊ ဥပေက္ခေ ကဂ္ဂတာသဟိတံ- ဥပေက္ခာ ဧကဂ္ဂတာ ဈာန်အင်္ဂါ နှစ်ပါးနှင့်
***ရူ ပ စိ တ်***
၁။ရူပကုသိုလ်။ ။ [ဈာန်အင်္ဂါ, ဈာန်, ဈာန်စိတ်။ ဈာန = ဈာန်+ အင်္ဂ = အစိတ် အပိုင်း။ ( ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဟူသော စေတသိက် တပါး တပါးကို "ဈာန်အင်္ဂါ" ဟု ခေါ်၏ ဈာန်ဟူသည်ကား အပေါင်းဖြစ်သော ထို စေတသိက်များပင်တည်း) ဥပမာ-လက် ခြေ နား နှာ စသော ကိုယ်အင်္ဂါအစိတ်ကို"ကိုယ်အင်္ဂါ" ဟုခေါ်၍ ထို လက် ခြေ နား နှာ စသော ကိုယ်အင်္ဂါအပေါင်းကိုပင် "ကိုယ်" ဟု ခေါ်သကဲ့သို့တည်း။
[ကိုယ်ခေါ်ပုံနှင့် ဈာန်ခေါ်ပုံ, ကိုယ်အင်္ဂါခေါ်ပုံနှင့် ဈာန်အင်္ဂါ ခေါ်ပုံ တူ၏၊ ဤစကားအစဉ်အရ ဈာန်, ဈာန်အင်္ဂါ-ဟူသော အမည်သည် စိတ်၏ အမည် မဟုတ်, စေတသိက်၏ အမည်ဖြစ်သည်-ဟု သိပါ၊] ထိုစေတသိက် အပေါင်းဖြစ်သော ဈာန်နှင့် ယှဉ်သော စိတ်ကို"ဈာန်စိတ်" ဟု ခေါ်သည်။
## Trang 20
တကွ ဖြစ်သော၊ ပဉ္စမဇ္ဈာနကုသလစိတ္တံ – ပဉ္စမဈာန် ကုသိုလ်
စိတ်၎င်း၊ ဣတိ - ဤသို့၊ ပဉ္စဝီ - ငါးပါးလည်း ဖြစ်ကုန်သော၊
ဣမာနိ – ဤစိတ်တို့သည်၊ ရူပါဝစရ ကုသလ စိတ္တာနိနာမ–
ရူပါဝစရကုသိုလ်စိတ်တို့မည်၏။
၂။ ရူပ
ရူပဝိပါက် ဝိတက္က ဝိစာရတိ သုခေကဂ္ဂတာ သဟိတံ-
သော၊ပဌမဇ္ဈာနဝိပါကစိတ္တံ-ပဋ္ဌမဈာန်ဝိပါက်
စိတ်၎င်း၊ [ကုသိုလ်အတိုင်းဆို၊ ] ရူပါဝစရဝိပါကစိတ္တာနိနာမ–
ရူပါဝစရဝိပါက်စိတ်တို့ မည်၏။
၃။ ရူပကြိယာ ဝိတက္က ဝိစာရ ပိတိ သုခေကဂ္ဂတာ သဟိတံ-
သော၊ ပဌမဇ္ဈာနကြိယစိတ္တံ-ပဌမဈာန်ကြိယာ
စိတ်၎င်း၊ [ကုသိုလ်အတိုင်းဆို၊ ] ရူပါဝစရ ကြိယစိတ္တာနိနာမ–
' ရူပါဝစရကြိယာစိတ်တို့မည်၏။
ဝိတက် ဝိစာရ ပိတိ သုခ ဧကဂ္ဂတာ ဈာန်အင်္ဂါငါးပါးနှင့်တကွဖြစ်သော
ပဌမဈာန်ကုသိုလ်စိတ်၁, ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဈာန်အင်္ဂါလေးပါးနှင့်
တကွ ဖြစ်သော ဒုတိယဈာန် ကုသိုလ်စိတ် ၁, စသည်ဖြင့် ရူပ ကုသိုလ်စိတ်
၅ ပါးကို ပါဠိကြည့်၍ ရေတွက်လေ။
ပဉ္စမဈာန်စိတ်၌ "ဥပေက္ခေကဂ္ဂတာသဟိတံ" ဟု ဆို၍ ရွှေဈာန် ၄ ပါး၌
"သုခေကဂ္ဂတာသဟိတံ" ဟု ဆိုသောကြောင့် ရွှေ ဈာန်စိတ် ၄ ပါးသည်
သုခသဟဂုတ်တည်း, ပဉ္စမဈာန်စိတ်ကား ဥပေက္ခာ သဟဂုတ်တည်း-ဟု
ဝေဒနာအပြားအားဖြင့်သာ ခွဲထားနှင့်ဦး။
၂-၃။ ရူပဝိပါက်, ရူပကြိယာ — ဤစိတ်များ၌ သရုပ်ခွဲပုံ မထူးပြီ၊
ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၅ ပါးရှိသော ပဌမဈာန်
ဝိပါက်စိတ် ၁, ပဌမဈာန်ကြိယာစိတ် ၁, စသည်ဖြင့် ရေတွက်လေ။
နိဿယနှင့်အဓိပ္ပါယ်
၄။ နိဂုံး ဣစ္စေဝံ-ဤသို့၊ သဗ္ဗထာပိ-လည်း၊ ပန္နရသ-တဆဲ့
ငါးပါးကုန်သော၊ ရူပါဝစရကုသလဝိပါက ကြိယ
စိတ္တာနိ - ရူပါဝစရ ကုသိုလ် ဝိပါက် ကြိယာ စိတ်တို့သည်။
သမတ္တာနိ−ပြီးကုန်ပြီ။
၅။ သင်္ဂဟ ရူပါဝစရမာနသံ – ရူပါဝစရ စိတ်သည်၊ ဈာန
ဘေဒေန−ဈာန်တို့၏ အပြား အားဖြင့်၊ ပဉ္စဓာ-
ငါးပါးပြားသည်၊ ဘဝေ – ဖြစ်၏၊ တံ-ထို ငါးပါး ပြားပြီးသော
ရူပါဝစရစိတ်သည်၊ ပုညပါက ကြိယဘေဒါ-ကုသိုလ်ဝိပါက်
ကြိယာတို့၏ အပြား အားဖြင့်၊ ပဉ္စဒသဓာ - တဆဲ့ငါးပါးပြား
သည်၊ ဘဝေ-ဖြစ်၏။
၅ ပဉ္စဓာဈာနဘေဒေနံ, ရူပါဝစရမာနသံ
ဈာန်အင်္ဂါ ၅ ပါးရှိသော ပဌမဈာန်…....ထိုဈာန်နှင့် ယှဉ်သောစိတ်,
ဈာန်အင်္ဂါ ၄ ပါးရှိသော ဒုတိယဈာန်….. ထိုဈာန်နှင့် ယှဉ်သောစိတ်,
ဈာန်အင်္ဂါ ၃ ပါးရှိသော တတိယဈာန်…. ထိုဈာန်နှင့် ယှဉ်သောစိတ်
ဈာန်အင်္ဂါ ၂ ပါးရှိသော စတုတ္ထဈာန် …. ထိုဈာန်နှင့် ယှဉ်သောစိတ်,
တဘန် ဈာန်အင်္ဂါ ၂ ပါးရှိသော ပဉ္စမဈာန်….ထိုဈာန်နှင့် ယှဉ်သောစိတ်,
ဤသို ဈာန် ၅ မျိုးပြားခြင်းကြောင့် ထိုဈာန်နှင့် ယှဉ်သောစိတ်လည်း ၅ မျိုး
ပြားရလေသည်။
ပုည ပါက ကြိယ ဘေဒါ = ထို ၅ မျိုးကို တဘန် ကုသိုလ် ဝိပါက်
ကြိယာ ၃ မျိုးဖြင့် မြှောက်၍ ရူပဈာန်စိတ် ၁၅ ဖြစ်သတည်း၊ ဤ ရူပစိတ်
၁၅ ပါးလုံး၌ သုခ သဟဂုတ် ၁၂, ဥပေက္ခာ သဟဂုတ် ၃, ပေါင်း ၁၅ ဟု
ဝေဒနာအပြားအားဖြင့်သာ ခွဲလေ။
## Trang 21
၁။ အရူပကုသိုလ် အာကာသာနဉ္စာ ယတန ကုသလစိတ္တံ-
အာကာသာနဉ္စာ ယတန ကုသိုလ် စိတ်
၎င်း၊ ဝိညာဏဉ္စာ ယတနကုသလစိတ္တံ – ဝိညာဏဉ္စာ ယတန
ကုသိုလ်စိတ်၎င်း၊ အာကိဉ္စညာ ယတန ကုသလစိတ္တံ – အာ
ကိဉ္စညာယတန ကုသိုလ်စိတ် ၎င်း၊ နေဝသညာ နာသညာ
ယတန ကုသလစိတ္တံ-နေဝသညာ နာသညာ ယတန ကုသိုလ်
စိတ်၎င်း၊ ဣတိ-ဤသို့၊ စတ္တာရိပိ-လေးပါးလည်းဖြစ်ကုန်သော၊
ဣမာနိ-ဤစိတ် တို့သည်၊ အရူပါဝစရ ကုသလ စိတ္တာနိနာမ–
အရူပါဝစရ ကုသိုလ်စိတ်တို့မည်၏။
၂။ အရူပဝိပါက် အာကာသာနဉ္စာ ယတန ဝိပါက စိတ္တံ -
အာကာသာနဉ္စာ ယတန ဝိပါက်စိတ်၎င်း
[ကုသိုလ်အတိုင်းဆို၊ ဣမာနိ–တ်သည်၊ အရူပါဝစရ ဝိပါက၊
စိတ္တာနိနာမ'အရူပါဝစရ ဝိပါက်စိတ်တို့မည်၏။
၃။ အရူပကြိယာ အာကာသာနဉ္စာ ယတန ကြိယ စိတ္တံ –
အာကာသာနဉ္စာယတန ကြိယာစိတ်၎င်း၊
[ကုသိုလ်အတိုင်းဆို၊] ဣမာနိ-တ်သည်၊ အရူပါဝစရ ကြိယ
စိတ္တာနိနာမ'အရူပါဝစရ ကြိယာစိတ်တို့မည်၏။
အရူပစိတ်
၁-၂-၃။ ကုသိုလ်, ဝိပါက်, ကြိယာ။ အာကာသာနဉ္စာ ယတန
ကုသိုလ်စိတ် ၁, ဝိညာဏဉ္စာယတန ကုသိုလ်စိတ် ၁, စသည်ဖြင့် ကုသိုလ် ၄,
ဝိပါက် ၄, ကြိယာ ၄ တို့၏ သရုပ်ကို ပါဠိကြည့်၍ ရေတွက်လေ။
၄။ နိဂုံး ဣစ္စေဝံ-ဤသို့၊ သဗ္ဗထာပိ-လည်း၊ ဒွါဒသ-တဆဲ့
နှစ်ပါး ကုန်သော၊ အရူပါဝစရ ကုသလ ဝိပါက
ကြိယစိတ္တာနိ - အရူပါဝစရကုသိုလ် ဝိပါက် ကြိယာ စိတ်တို့
သည်၊ သမတ္တာနိ-ပြီးကုန်ပြီ။
၅။ သင်္ဂဟ အာရုပ္ပမာနသံ – အာရုပ္ပ စိတ်သည်၊ အာလမ္ဗန
ပဘေဒေန−အာရုံတို့၏အပြားအားဖြင့်၊ စတုဓာ–
လေးပါး ပြား၏၊ ပုန−တဘန်၊ ပုည ပါက ကြိယာ ဘေဒါ-
ကုသိုလ်ဝိပါက်ကြိယာတို့၏ အပြားအားဖြင့်၊ဒွါဒသဓာ-တဆဲ့
နှစ်ပါး အပြားအားဖြင့်၊ ဋ္ဌိတံ-တည်၏၊
၅။ အာလမ္ဗနပဘေဒန စတုဓာရုပ္ပမာနသံ
၁။ ကောင်းကင် ပညတ်အာရုံ…. အာကာသာနဉ္စာယတနစိတ်,
၂။ ပဌမာရုပ္ပ ဝိညာဏ်အာရုံ…. ဝိညာဏဉ္စာယတနစိတ်
၃။ နတ္ထိဘော ပညတ်အာရုံ…. အာကိဉ္စညာယတနစိတ်,
၄။ တတိယာရုပ္ပဝိညာဏ်အာရုံ....နေဝသညာ နာသညာယတနစိတ်,
ဤသို အာရုံ ၄ မျိုးပြားသောကြောင့် ထိုအာရုံ ၄ ပါးကိုအာရုံ ပြုသော
အရူပ ဈာန်စိတ်လည်း ၄ မျိုး ပြားရလေသည်။
[ ၂- ပဌမာ ရုပ္ပဝိညာဏ် ဟူသည့် အာကာသာနဉ္စာယတနစိတ်တည်း။
၄- တတိယာ ရုပ္ပဝိညာဏ် ဟူသည် အာကိဉ္စညာယတနစိတ်တည်။။]
[ဆောင်] ကောင်းကင် ခေါ်မှတ် - ပညတ်တဖြာ, ပဌမာရုပ္ပ - ဝိညာဏ
နှင့်; ဘာဝနတ္ထိ, တတိယာရုပ္ပံ- ဝိညာဏံ, လေးတန် အာရုံ
စဉ်တိုင်တည်း।
## Trang 22
ပုညပါက ကြိယာဘေဒါ- ထို လေးမျိုးကို တဘန် ကုသိုလ် ဝိပါက်
ကြိယာသုံးမျိုးဖြင့် မြှောက်လျှင် အရူပ ဈာန်စိတ် ၁၂ ပါးဖြစ်၏၊ ဤသင်္ဂဟ
စာသွားဖြင့် မည်သည့် ဝေဒနာနှင့် ယှဉ်သည် ဟု မသိသာသော်လည်း
ရူပ ပဉ္စမဈာန်မှ အထက် တဆင့် တက်၍ ရအပ်သော ဈာန်များ ဖြစ်သော
ကြောင့် အရူပစိတ် ၁၂ ပါးလုံး ( ရူပ ပဉ္စမဈာန် စိတ် နှင့် အလားတူ )
ဥပေက္ခာ ဝေဒနာနှင့် ယှဉ်သည် ဟု မှတ်။
မဟဂ္ဂုတ်စိတ် သတ္တဝိသ။ (ရူပစိတ်၁၅, အရူပစိတ်၁၂,ပေါင်း၂၇ ကို
မဟဂ္ဂုတ်စိတ် သတ္တဝီသ ဟုလည်း ခေါ်သည်၊ [ မဟဂ္ဂ+ မဟာ+ ဂတ။
မဟာ=မြတ်သည်၏အဖြစ်သို+ဂတ=ရောက် သာစိတ်။ ]
သမ္ပယုတ် ဝိပ္ပယုတ်။ ။စေတသိက်ပိုင်း၌ လာလတံ့ အတိုင်း ဥာဏ်
(ပညာ) နှင့် မယှဉ်သော ကြောင့် မဟဂ္ဂုတ်စိတ် ၂၇ ပါးလုံး သမ္ပယုတ်ချည်း
တည်း ဟု ပြောစမှတ် ပြုကြ၏၊ ဤကျမ်းကား အရှင် အနုရုဒ္ဓါ ကိုယ်တိုင်
သမ္ပယုတ် ဝိပ္ပယုတ် ဟု အထူး မဆိုအပ်သော အဟိတ်စိတ် နှင့် မဟဂ္ဂုတ်
လောကုတ္တရာ စိတ်တိုကို သမ္ပယုတ် ဟုလည်း မဆိုလို ဝိပ္ပယုတ် ဟုလည်း
မဆိုလို။
နာမည် ဟူသည်မှာ နောက်နောက် ဌာနတို့၌ သုံးစွဲဘိုရာ တင်ကြို၍
မှည့်ရသော အမည်တည်း၊ အဟိတ်စိတ် နှင့် ၍ မဟဂ္ဂုတ်စိတ် လောကုတ္တရာ
စိတ်များကို သမ္ပယုတ်ဟု၎င်း၊ ဝိပ္ပယုတ် ဟု၎င်း ခေါ်ဝေါ် သုံးစွဲထားသော
ဌာနကိုမရ, မသုံးစွဲသော ဌာနကိုသာ တွေ့ရသည်၊ ထိုကြောင့် သမ္ပယုတ်-
ဝိပ္ပယုတ် ဟု မခွဲခြင်းသာ ကျမ်းဆရာ၏အာဘော်ကျပေလိမ့်မည်။ ["ပညာ
ပန ဒွါဒသသု"စသော စေတသိက်ပိုင်း စကားနှင့် ဟေတုသင်္ဂဟ အသွားကို
ထောက်လေ။]
အသင်္ခါရိက သသင်္ခါရိက ။ ။မဟဂ္ဂုတ်စိတ်အားလုံးကို အသင်္ခါရိက
ဟုလည်း မဆိုရ, သသင်္ခါရိကဟုလည်း မဆိုရ၊ ] ရှေးဆရာအချို ့က သသင်္ခါ
ရိက, နောက်ဆရာအချို့ က နှစ်ပါးလုံးသင့် ဟု ဆိုကြသေး၏၊ ထိုအယူကို
ဘာသာဋီကာ၌ စီစစ်ထားသည်။]
လောကီစိတ်ဧကာသီ တိ။ ။ကာမစိတ် ၅၄, ဤမဟဂ္ဂုတ်စိတ် ၂၇,
ပေါင်း ၈၁ ကို လောကီစိတ် ဧကာသီတိ ဟု ခေါ်သည်။ \ [ ဧက = ၁ +
အသီတိ=၈၀။]
လေ့ကျင့်ခဏ်း မေးခွန်းများ
က။ ဈာန်အင်္ဂါ, ဈာန်စိတ် ဟူသည် အဘယ်ကို ခေါ်သနည်း။
ခ ။ ပဌမဈာန်စိတ် စသော လေးပါးကို သုခသဟဂုတ်ဟု ဆို၍, ပဉ္စမဈာန်
စိတ်ကို ဥပေက္ခာသဟဂုတ်ဟု အဘယ့်ကြောင့် ဆိုနိုင်သနည်း။
ဂ ။ အဘယ့်ကြောင့် ရူပစိတ်များ ၅ မျိုး ပြားသနည်း။
ဃ။ အရူပစိတ်ကို ဘာ့ကြောင့် ဥပေက္ခာသဟဂုတ်ဟု ဆိုနိုင်သနည်း။
င ။ အရူပစိတ်၏ အာရုံ ၄ ပါးဟူသည် အဘယ်နည်း, အာရုံနှင့်စိတ်များကို
တွဲစပ်ပြပါ။
စ ။ အဘယ်စိတ်များကို မဟဂ္ဂုတ်စိတ်ဟု ခေါ်သနည်း။
ဆ။ ထို မဟဂ္ဂုတ် စိတ်၌ သုခသဟဂုတ် ဥပေက္ခာသဟဂုတ် စိတ် မည်မျှစီ
ရှိသနည်း။
ဇ ။ ထို မဟဂ္ဂုတ် စိတ်များကို ရှေးဆရာတို့က သမ္ပယုတ်ဟု ယူဆသလော,
ဝိပ္ပယုတ် ဟု ယူသလော, ဤအခြေပြုက ဘယ်သို့ ယူလိုသနည်း။
ဈ ။ မဟဂ္ဂုတ်စိတ်သည်'အသင်္ခါရိကလော, သသင်္ခါရိကလော, ရှေးဆရာ
အချို့က ဘယ်သို ယူကြသနည်း။
## Trang 23
[ဝေဒနာသည် သုခ ဒုက္ခ သောမနဿ ဒေါမနဿ ဥပေက္ခာဟု ၅ ပါး
သုခ ဒုက္ခ ဥပေက္ခာ ဟု တနည်း ၃ ပါး ရှိ၏၊ ဤ ၃ ပါး ရှိသော နည်းဝယ်
သောမနဿကို သုခ၌ သွင်း၍ ဒေါမနဿကို ဒုက္ခ၌ သွင်းပြ ထားသည်၊
ထို့ကြောင့် ဝေဒနာ ၃ ပါး အပြားအားဖြင့် သရုပ်ခွဲလိုလျှင်, သုခသဟဂုတ်
ဟူရာ၌ သောမနဿ သဟဂုတ်ပါ ပါဝင်ကြောင်း - ဒုက္ခသဟဂုတ် ဟူရာ၌
ဒေါမနဿ သဟဂုတ်ပါ ပါဝင်ကြောင်းကို သိနှင့်ရာ၏၊ နောက်၌ ဝေဒနာ
၃ ပါး အပြားအားဖြင့်သာ ခွဲပြမည်။]
လောကီစိတ် အားလုံးအတွက် မေးခွန်းများ
က။ လောကီစိတ် မည်မျှရှိသနည်း၊ [*အကျဉ်းချုပ်ရေတွက်ပါ။*]
ခ ။ လောကီစိတ်၌ သုခသဟဂုတ်စိတ် မည်မျှနည်း၊ [* အားလုံး မေးခွန်း
များ၌ သရုပ်ရေတွက်ပြပါစေ။*]
ဂ ။ ဒုက္ခသဟဂုတ်စိတ် ဥပေက္ခာသဟဂုတ်စိတ် မည်မျှစီ ရှိသနည်း။
ဃ။ သမ္ပယုတ် ဝိပ္ပယုတ် အမည်ရသောစိတ် မည်မျှရှိသနည်း။
င ။ သမ္ပယုတ် ဝိပ္ပယုတ် အမည်မရသောစိတ် မည်မျှရှိသနည်း။
စ ။ အသင်္ခါရိက အမည်ရသောစိတ် သသင်္ခါရိက အမည်ရသောစိတ်တို
မည်မျှစီရှိသနည်း။
ဆ။ အသင်္ခါရိက သသင်္ခါရိက အမည်မရသောစိတ် မည်မျှရှိသနည်း။
ဇ ။ ထို သမ္ပယုတ် ဝိပ္ပယုတ် အသင်္ခါရိက သသင်္ခါရိက အမည် မရသော
စိတ်များကို ရှေးဆရာအချို့က ဘယ်၌ သွင်းကြသနည်း။
လောကီစိတ်ဧကာသီတိ ပြီး၏။
၁။ **မဂ်စိတ် ၄ ပါး** ။ *သောတာပတ္တိ မဂ္ဂစိတ္တံ* - သောတာပတ္တိ
မဂ်စိတ်၎င်း၊ *သကဒါဂါမိမဂ္ဂစိတ္တံ*-သက
ဒါဂါမိမဂ်စိတ်၎င်း၊ *အနာဂါမိမဂ္ဂစိတ္တံ* – အနာဂါမိမဂ်စိတ်၎င်း၊
*အရဟတ္တမဂ္ဂစိတ္တံစ* - အရဟတ္တမဂ်စိတ်၎င်း၊ *ဣတိ* - ဤသို့၊
*စတ္တာရိပိ* – လေးပါးလည်း ဖြစ်ကုန်သော၊ *ဣမာနိ* - ဤ စိတ်
တို့သည်၊ *လောကုတ္တရ ကုသလစိတ္တာနိနာမ* – လောကုတ္တရာ
ကုသိုလ်စိတ်တို့မည်၏။
၂။ **ဖိုလ်စိတ် ၄ ပါး** ။ *သောတာပတ္တိဖလစိတ္တံ* – သောတာပတ္တိ
ဖိုလ်စိတ်၎င်း၊ *သကဒါဂါမိဖလစိတ္တံ*-၎င်း၊
*အနာဂါမိဖလစိတ္တံ*-၎င်း၊ *အရဟတ္တဖလစိတ္တံစ* - ၎င်း၊ *ဣတိ-*
ဤသို့၊ *စတ္တာရိပိ*-ကုန်သော၊ *ဣမာနိ* – တို့သည်၊ *လောကုတ္တရ
ဝိပါကစိတ္တာနိနာမ*-လောကုတ္တရာဝိပါက်စိတ်တို့မည်၏။
၃။ **နိဂုံး** ။ *ဣစ္စေဝံ*-ဤသို့၊ *သဗ္ဗထာပိ*-လည်း၊ *အဋ္ဌ*-ရှစ်ပါးကုန်
သော၊ *လောကုတ္တရ ကုသလ ဝိပါက စိတ္တာနိ* –
လောကုတ္တရာ ကုသိုလ် လောကုတ္တရာ ဝိပါက် စိတ်တို့သည်၊
*သမတ္တာနိ*−ပြီးကုန်ပြီ။
လောကုတ္တရာစိတ် အကျဉ်း
၁-၂။ မဂ်စိတ်, ဖိုလ်စိတ်။ ။ သောတာပတ္တိမဂ်စိတ် ၁, သကဒါဂါမိ
မဂ်စိတ် ၁ စသည့်ဖြင့် မဂ်စိတ် ၄ ပါး ဖိုလ်စိတ် ၄ ပါး၏ သရုပ်ကို ပါဠိရှိတိုင်း
ရေတွက်လေ။
## Trang 24
၄။ သင်္ဂဟ
စတုမဂ္ဂပဘေဒေန – လေးပါးသော မဂ် တို့၏
အပြားအားဖြင့်၊ ကုသလံ− ကုသိုလ်စိတ်သည်၊
စတုဓာ-လေးပါးပြား၏၊ ပါကံ-ဝိပါက်စိတ်သည်၊ တဿ-ထို
ကုသိုလ်စိတ်၏၊ ဖလတ္တာ − အကျိုး၏အဖြစ်ကြောင့်၊ *တထာ-
ထို လေးပါးပြား၏၊ ဣတိ-ဤသို့၊ အနုတ္တရံ-လောကုတ္တရာစိတ်
ကို၊ အဋ္ဌဓာ – ရှစ်ပါးပြား၏ ဟူ၍၊ မတံ - သိအပ်၏။ * တထာ
သောတဝိညာဏံ ထုံးက ကဲ့သို့ ဤ၌ တထာ သဒ္ဒါလည်း
စတုဓာကို ညွှန်ပြသည်။
၄။ သင်္ဂဟဂါထာ။ ။ [မဂ်,မဂ်စိတ်] မဂ်ဟူသည် (သမုစ္စည်းပိုင်း၌
လာလတံ့ အတိုင်း) သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ စသော မဂ္ဂင် ဂ ပါတည်း၊
တရားကိုယ်အားဖြင့် ပညာဝိတက်စသော စေတသိက်များတည်း၊ ထိုမဂ်နှင့်
ယှဉ်သောစိတ်ကို "မဂ်စိတ်" ဟု ခေါ်သည်။
စတုမဂ္ဂ ပဘေဒေန စတုဓာကုသလံ'ထို မဂ္ဂင်ရှစ်ပါးတည်းဟူသော
မဂ်တရား၌ ပါဝင်သော သမ္မာဒိဋ္ဌိ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ
ဟူသည် အစဉ် အတိုင်း ပညိန္ဒြေ ဝီရိန္ဒြေ သတိန္ဒြေ သမာဓိန္ဒြေကို တည်း၊
ထိုဣန္ဒြေတိုသည် သောတာပတ္တိမဂ် အခိုက်၌ မထက်လှသေး၊ သကဒါဂါမိ
မဂ်အခိုက်၌ ထက်၏၊ အနာဂါမိ မဂ်အခိုက်၌ ထို့ ထက် အလွန် ထက်၏၊
အရဟတ္တမဂ် အခိုက်၌ အလွန် အကြူး အထူး ထက်၏၊ ဤသို့ မဂ်ချင်းတူ
သော်လည်း ဣန္ဒြေထက်-မထက် အားဖြင့် မဂ် ၄ မျိုး ပြားသောကြောင့်
မဂ်နှင့်ယှဉ်သောစိတ် (မဂ်စိတ်) လည်း ၄ မျိုး ပြားရလေသည်။
[ဆောင်] ဣန္ဒြေတွက်, ထက်-မထက်ကြောင့်, လေးချက်မဂ်ပြား, စိတ်
လည်းခြား, လေးပါး မြတ်ကုသိုလ်။
တထာ ပါကံ တဿ ဖလတ္တာ - ကုသိုလ်ဖြစ်သော မဂ်စိတ်က ၄ ပါး
ပြားသည်အား လျော်စွာ အကျိုးဖြစ်သော ဝိပါက် ( ဖိုလ် ) စိတ်လည်း
ထို မဂ်နှင့်တူစွာ ၄ ပါးပင် ပြားရတော့သည်။
ဝေဒနာ, ယောဂ, သင်္ခါရ။ ။ဤ လောကုတ္တရာစိတ် ဂ ပါးသည်
ဝေဒနာအပြားဖြင့် သုခသဟဂုတ်လည်း ဟုတ်၏, ဥပေက္ခာသဟဂုတ်လည်း
ဟုတ်၏၊ ထင်ရှားအောင် ပြဦးအံ့ — သောတာပတ္တိ မဂ်စိတ်သည် ပဌမ
ဈာန်စိတ် ဒုတိယ, တတိယ, စတုတ္ထ, ပဉ္စမဈာန်စိတ် ဟု ၅ပါးရှိ၏၊ နောက်နော်
မဂ်စိတ် ဖိုလ်စိတ်များလည်း ဤနည်း ပင် ဖြစ်၏။ [စိတ် အကျယ် ပြခဏ်း၌
ထင်ရှားလိမ့်မည်။]
ထိုသို့ ဈာန်အားဖြင့် ၅ ပါးစီ ပြားသော မဂ်စိတ်များကို ဤနေရာ၌
တပါးထည်း ပေါင်းစပ်၍ သောတာပတ္တိမဂ်စိတ် ၁, သကဒါဂါမိမဂ်စိတ် ၁,
ဟု အကျဉ်းအားဖြင့် ဆိုထားသည်, ထို့ကြောင့် သောတာပတ္တိမဂ်စိတ်သည့်
ရွှေဈာန် ၄ ပါးနှင့် ယှဉ်ခိုက် သုခသဟဂုတ်, နောက်ဆုံး ပဉ္စမဈာန်နှင့် ယှဉ်ခိုက်
ဥပေက္ခာသဟဂုတ် တည်း၊ သကဒါဂါမိမဂ်စိတ် စသည်လည်း ဤနည်းပင်၊
သမ္ပယုတ် ဝိပ္ပယုတ် ဟု မဆိုလိုကြောင်း အသင်္ခါရိက သသင်္ခါရိက ၂ ပါးလုံး
မဆိုရကြောင်းကို မဟဂ္ဂုတ်စိတ်အတိုင်း မှတ်၊
လောကုတ္တရာစိတ်ကျဉ်းပြီး၏။
သောဘန စိတ်ကျဉ်း ၅၉
## Trang 25
ဇာတ်အားဖြင့် ဧဝံ - ဤ ဆိုအပ်ပြီးသော အပြားအားဖြင့်၊
ရေတွက်ခြင်း
အကုသလာနိ – အကုသိုလ် စိတ်တို့သည်၊
ဒွါဒသဧဝ-တဆဲ့နှစ်ပါးတို့ သာတည်း၊ ကုသလာနိ – ကုသိုလ်
စိတ်တို့သည်၊ ဧက ဝီသတိ ဧဝ - နှစ်ဆဲ့ တပါးသာ တည်း၊
ဝိပါကာနိ – ဝိပါက် စိတ်တို့သည်၊ ဆတ္တိသေဝ - သုံးဆဲ့
ခြောက်ပါးသာတည်း၊ ကြိယစိတ္တာနိ – ကြိယာ စိတ်တို့သည်၊
ဝီသတိဧဝ-နှစ်ဆယ်သာတည်း။
ဇာတ်အားဖြင့် ရေတွက်ခြင်း။ ။မျိုးရိုး ဇာတိ " ဟူသော အသုံး
အနှုန်းအတိုင်း ပရမတ္ထတရားတို့၏ မျိုးရိုးကို"ဇာတိ = ဇာတ် "ဟု ခေါ်၏။
ထိုဇာတ်သည် ကုသိုလ်ဇာတ်, အကုသိုလ်ဇာတ်, အဗျာကတဇာတ် ဟု ၃ မျိုး
ရှိ၏။ [ဝိပါက်နှင့် ကြိယာကို အဗျာကတဇာတ် ဟု ခေါ်သည်၊ တနည်း--
ကုသိုလ်ဇာတ်, အကုသိုလ်ဇာတ်, ဝိပါက်ဇာတ်, ကြိယာဇာတ် ဟု ဇာတ်
အားဖြင့် ၄ မျိုး ရှိ၏ဟု မှတ်၊] ဤဇာတ်အပြားဖြင့် စိတ်တို့ကို ပေါင်းပြီးလျှင်
(သင်္ဂဟ ရေတွက်၍) ပြသောကြောင့် ("ဒွါဒသာကုသလာနေဝ". ဂါထာ
ကို **"ဇာတိဘေဒ စိတ္တသင်္ဂဟ"** ဂါထာ ဟု ခေါ်သည်၊) [ဇာတိဘေဒ==
ဇာတ်အပြားအားဖြင့်+စိတ္တသင်္ဂဟ=စိတ်တို့ကို ရေတွက်ပြသော ဂါထာ။]
ဆတ္တိသေဝ မှ ဧဝ သဒ္ဒါကိုလည်း ဝါကျတိုင်း လိုက်၍ အနက်ပေးလိုက်
သည်၊ " ရွှေက ပြခဲ့သော အတိုင်းသာ ရေတွက်လျှင် အကုသိုလ်ဇာတ်
၁၂ သာ, ကုသိုလ်ဇာတ် ၂၁ သာ, **ဝိပါက် ၃၆ သာ, ကြိယာ ၂၀သာရှိ၏"**
ဟူလို၊ အချို့ ကား - ကုသိုလ်နှင့်ဝိပါက်မှာ နောက်ထပ် အကျယ်လာဦးမည်
ဖြစ်၍ ဧကဝီသတိ ဆတ္တိသတို့၌ ဧဝသဒ္ဒါဖြင့် ယတိပြတ် မပိုင်းခြားသေးဘဲ
အကုသိုလ် နှင့် ကြိယာ အတွက်သာ ယတိပြတ် ပိုင်းခြား၍ " **ဒွါဒသေဝ
ဝီသတိဧဝ"** ဟု အနက် ပေးကြ၏။ ဒွါဒသ စသည်၏ သရုပ်ကို ရေတွက်ပါ။
ကာမေ – ကာမဘုံ၌၊ (အဝစရာနိ-
ဘုံအားဖြင့် ရေတွက်ခြင်း
သက်ဝင်၍ ဖြစ်ကုန်သော)၊ စိတ္တာနိ-
စိတ်တို့ကို၊ စတု ပညာသာ – ၅၄ ပါး ပြားကုန်၏ ဟူ၍ ၊
ပရမတ္ထဝိဒူ'ပရမတ်မြင်သိ, ပညာရှိသည် ၊ ဤရယေ-ဆိုရာ၏၊
ရူပေ-ရူပဘုံ၌၊ အဝစရာနိ – ကုန်သော၊ စိတ္တာနိ - တို့ကို၊ ပန္န
ရသ- ၁၅ ပါးတို့ ဟူ၍၊ ဤရယေ-၏၊ အရူပေ - အရူပဘုံ၌၊
အဝစရာနိ – ကုန်သော၊ စိတ္တာနိ - တို့ကို၊ ဒွါဒသ-၁၂ ပါးတို့
ဟူ၍၊ ဤရယေ - ၏၊ တထာ - ထိုမှ တပါး၊ အနုတ္တရေ -
လောကုတ္တရာ အဝစရ ဘုံ၌၊ စိတ္တာနိ-တို့ကို၊ အဋ္ဌာ-ရှစ်ပါး
ပြားကုန်၏ ဟူ၍၊ ဤရယေ - ဆိုရာ၏။
ဘုံအားဖြင့် ရေတွက်ခြင်း။ ။ဘုံ သည် ဌာနဘုံ, အဝတ္ထာဘုံဟု ၂ မျိုး
ရှိ၏။) ထိုတွင် ဌာ န ဘုံ ဟူသည် ယချက်မြင်အားဖြင့် တည်ရာဌာနရကောင်း
သော(အပါယ်ဘုံ, လူ့ဘုံ နတ်ဘုံ,ဗြဟ္မာ့ဘုံ) အရင်တည်း၊ အဝ တ္တာ ဘုံ ဟူ
သည်ကား, တဏှာ ၃ရပ်ဖြင့် သတ်မှတ်အပ်သော တရား အပေါင်းတည်း။
(၁) **"ကာမတဏှာ၏ အာရုံပြုရာနယ်ပယ်"**ဟု ကာမတဏှာဖြင့် ပိုင်းခြား
သတ်မှတ် အပ်သော ကာမစိတ် စေတသိက် ရုပ် အားလုံးသည် ကာမ
အဝတ္ထာဘုံ မည်၏။
(၂) **"ရူပတဏှာ၏ အာရုံပြုရာ နယ်ပယ် "´"**ဟု** ရူပတဏှာဖြင့် ပိုင်းခြား
အပ်သော ရူပစိတ် စေတသိက်သည် ရူပအဝတ္ထာဘုံ မည်၏။
(၃) **"အရူပ တဏှာ၏ အာရုံပြုရာ နယ်ပယ် " ဟု** အရူပ တဏှာဖြင့်
ပိုင်းခြား သတ်မှတ်အပ်သော အရူပစိတ် စေတသိက်သည် အရူပ
အဝတ္ထာဘုံ မည်၏။
## Trang 26
(၄) "၍ တဏှာ သုံးပါးတို့ အာရုံ မပြုနိုင်သော နယ်ပယ် တစ်ရပ် " ဟု
သတ်မှတ်အပ်သော နိဗ္ဗာန်နှင့် တကွ လောကုတ္တရာစိတ် စေတသိက်
သည် လောကုတ္တရာ အဝဋ္ဋာလာဘုံ မည်၏။….....ဤသို့ အဝဋ္ဋာလာဘုံ
၄ ပါး ရှိသည်။
ထို့ကြောင့် ကာမဘုံ ရူပဘုံ အရူပဘုံ ဟု ဆိုရာ၌ ဌာနဘုံလည်း
ကောင်း၏၊ အဝဋ္ဋာဘုံလည်း ရကောင်း၏။ လောကုတ္တရာဘုံ ဟု ဆိုရာ
၌ကား ဌာနဘုံ မရှိ၊ အဝဋ္ဋာလာဘုံသာ ရကောင်းသည်။
ဤသို့ ဘုံ လေးပါးအားဖြင့် စိတ်တို့ကို သင်္ဂြိုဟ်ရေတွက် ပြသောကြောင့်
"စတုပညာသဓာကာမေ" ဂါထာကို "ဘူမိဘေဒစိတ္တသင်္ဂဟ ဂါထာ" ဟု
ခေါ်သည်၊ စတုပညာသ စသည်တို့၏ သရုပ်ကို ရေတွက်လေ။
လေ့ကျင့်ခန်း မေးခွန်းများ
က။ လောကုတ္တရာစိတ် သင်္ဂဟဂါထာကို အနက်ပေးပါ။
ခ ။ ဘယ်အရာကို " မဂ် " ဟု ခေါ်သနည်း။
ဂ ။ ထို မဂ်သည် အဘယ့်ကြောင့် လေးမျိုးပြားသနည်း။
ဃ။ လောကုတ္တရာစိတ် အကျဉ်း ၄ ပါးကို သုခသဟဂုတ်၌သွင်းမည်လော,
ဥပေက္ခာသဟဂုတ်၌ သွင်းမည်လော။
င ။ ထိုကဲ့သို့ အဘယ့်ကြောင့် လေးမျိုးပြားသနည်း။
စ ။ ဒွါဒသာ ကုသလာနေဝ ဂါထာကို ဘာဂါထာ ဟု ခေါ်သနည်း။
ဆ။ ကုသိုလ် အကျဉ်း မည်မျှရှိသနည်း၊ [လောကီကုသိုလ် လောကုတ္တရာ
ကုသိုလ် ခွဲပြပါ။]
ဇ ။ ဝိပါက်စိတ် အကျဉ်း မည်မျှရှိသနည်း၊ [လောကီဝိပါက်လောကုတ္တရာ
ဝိပါက် ခွဲပြပါ။]
ဈ ။ ကြိယာစိတ် မည်မျှ ရှိသနည်း၊ [ရေတွက်ပြပါ။]
ည။ စတုပညာသဓာကာမေကို ဘာဂါထာ ခေါ်သနည်း, အနက် ပေးပါ။
ဋ ။ ဌာနဘုံ မည်မျှ, အဝဋ္ဋာလာဘုံ မည်မျှရှိသနည်း။
ပန-နိဂုံးကို ပြဦးအံ့၊ မာနသံ – အာရုံကို သိ
နိဂုံးနှင့် နိဒါန်း
ခြင်း လက္ခဏာအားဖြင့် တစ်ပါးတည်းသော
စိတ်ကို၊ ဣတ္ထံ-ဤဆိုအပ်ပြီးသော အပြားအားဖြင့်၊ ဧကူနနဝုတိ
ပဘေဒံ – တစ်ခုယုတ် ကိုးဆယ် အပြားရှိ၏ ဟူ၍၊ ဝိစက္ခဏာ–
ပညာရှိ တို့သည်၊ ဝိဘဇန္တိ - ဝေဘန် ကြကုန်၏၊ ဧကဝိသ
သတံ - တစ်ရာ့ နှစ်ဆယ့်တစ်ပါး ရှိ၏ ဟူ၍၊ အထဝါပိ ဘဇန္တိ-
တစ်နည်းလည်း ဝေဘန်ကြကုန်သေး၏။
နိဂုံး။ ။"ဣတ္ထမေကူနနဝုတိ ပဘေဒံ ပန မာနသံ"ကား ဆိုခဲ့ပြီးသော
စိတ်အားလုံးကို အကျဉ်းအုပ်ဖုံးသော " နိဂုံး " စကားတည်း၊) "စိတ်သည်
အာရုံကိုသိခြင်း လက္ခဏာအားဖြင့် တစ်ပါးတည်းသာရှိ၏၊ ထို တစ်ပါးတည်း
သော စိတ်ကို ဝေဒနာယောဂသင်္ခါရအားဖြင့်၎င်း [သောမနဿသဟဂတံ
ဒိဋ္ဌိဂတသမ္ပယုတ္တံ အသင်္ခါရိကမေကံ - စသည်ကိုကြည့်၊] စက္ခုစသော မှီရာ
သမ္ပတိဋ္ဌာန စသော ကိစ္စ အပြားအားဖြင့်၎င်း [. အဟိတ်စိတ်ကိုကြည့်၊ ]
ကုသိုလ် အကုသိုလ် အဗျာကတ ဇာတ် အပြားအားဖြင့်၎င်း [ ဒွါဒသာ
ကုသလာနေဝံ့ကြည့်၊ ] ကာမ ရူပ အရူပ လောကုတ္တရာဘုံ အပြားအားဖြင့်
၎င်း [ စတုပညာသဓာကာမေကိုကြည့်၊] ဈာန်အာရုံ မဂ်အပြားအားဖြင့်၎င်း
[ရူပ အရူပ လောကုတ္တရာစိတ်တို့ကိုကြည့်၊] ၈၉ ပါး ရှိသည်ဟု ပညာရှိများ
ခွဲစိတ် ဝေဘန်ခဲ့ကြသည်'ဟူလို။ စိတ်အကျဉ်းကိုပြသော စကားအားလုံး
ဤတွင် ပြီးဆုံးပြီ။
အကျယ်နိဒါန်း။ ။ဧကဝိသသတံ ဝါ အထ ဝိဘဇန္တိ ဝိစက္ခဏာကား
၁၂၁ ပါးပြားပုံကို ပြပြန်လို၍ စ ချီသော နိဒါန်းတည်း၊)ထို့ကြောင့် "ဣတ္ထ
မေကူနနဝုတိ" ဂါထာကို နိဂုံး နိဒါန်း နှစ်ပါးစုံပြသော ဂါထာ ဟု မှတ်။
## Trang 27
လောကုတ္တရာအကျယ်
**စိတ်ပိုင်း**
ဧကူန နဝုတိဝိဓံ-တစ်ခုယုတ် ကိုးဆယ် အပြားရှိသော၊ စိတ္တံ-စိတ်သည်၊ (ဝါ-စိတ်က၊ ) ဧကဝိသသတံ-တစ်ရာ့နှစ်ဆယ့် တစ်ပါးသည်၊ ကထံ ဟောတိ-အဘယ်သို့ ဖြစ်နိုင်သနည်း။
၁။ သောတာပတ္တိမဂ်စိတ် ၅
ဝိတက္က ဝိစာရ ပီတိ သုခေ ကဂ္ဂတာ သဟိတံ – သော၊
[ ရူပစိတ်တုန်းကအတိုင်းဆို ] ပဌမဇ္ဈာန သောတာပတ္တိ မဂ္ဂ စိတ္တံ – ပဌမဈာန် သောတာပတ္တိမဂ်စိတ်၎င်း၊ ဝိစာရ ပီတိသုခေ ကဂ္ဂတာသဟိတံ - သော၊ ဒုတိယဇ္ဈာန သောတာပတ္တိ မဂ္ဂစိတ္တံ-၎င်း၊ ပီတိ သုခေ ကဂ္ဂတာသဟိတံ – သော၊ တတိယဈာန သောတာပတ္တိမဂ္ဂစိတ္တံ – ၎င်း၊ သုခေ ကဂ္ဂတာသဟိတံ – သော၊
လောကုတ္တရာစိတ်အကျယ်။ ။"ကထမေကူန ၊ပေ၊ ဟောတိ" ကား တစ်ခုယုတ်ကိုးဆယ်ရှိသော စိတ်က ဘယ်နည်းမြှောက်ပွား၍ ၁၂၁ ပါး ပြား သနည်းဟု မေးသောပုစ္ဆာစကားတည်း၊ ဤ ပုစ္ဆာစကားအရ လောကုတ္တရာ အကျယ်ကို ပြတော့လတံ့။
၁။ သောတာပတ္တိမဂ်စိတ် ၅။ ။ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂ တာ ဈာန်အင်္ဂါ ၅ ပါးနှင့်တကွဖြစ်သော ပဌမဈာန်သောတာပတ္တိမဂ်စိတ် ၁, ဝိစာရ ပီတိ သုခ ဧကဂ္ဂတာဈာန်အင်္ဂါ ၄ ပါးနှင့်တကွဖြစ်သော ဒုတိယဈာန် သောတာပတ္တိမဂ်စိတ် ၁, စသည်ဖြင့် သောတာပတ္တိမဂ်စိတ် ၅ ပါး၏သရုပ်ကို ရေတွက်လေ။
စတုတ္ထဇ္ဈာနံ သောတာပတ္တိမဂ္ဂစိတ္တံ – ၎င်း၊ ဥပေက္ခေကဂ္ဂတာ သဟိတံ – သော၊ ပဉ္စမဇ္ဈာန သောတာပတ္တိမဂ္ဂစိတ္တံစ - ၎င်း၊ ဣတိ-ဤသို့၊ ပဉ္စပိ-ကုန်သော၊ဣမာနိ-တို့သည်၊ သောတာပတ္တိ မဂ္ဂစိတ္တာနိနာမ-သောတာပတ္တိမဂ်စိတ်တို့ မည်၏။
၂ ။ တထာ – ထိုငါးပါးစီ ပြားသော၊ အထက်မဂ်စိတ် ဖိုလ်စိတ်များ။ သကဒါဂါမိမဂ္ဂစိတ္တံ – သကဒါဂါမိ မဂ်စိတ် ၎င်း၊ အနာဂါမိမဂ္ဂစိတ္တံ – အနာဂါမိမဂ်စိတ်၎င်း၊ အရဟတ္တမဂ္ဂ စိတ္တံစ – အရဟတ္တ မဂ်စိတ်၎င်း၊ ဣတိ - ဤသို့၊ သမတိံသတိ-အတိကျ နှစ်ဆယ်သော၊ မဂ္ဂစိတ္တာနိ-မဂ်စိတ်တို့၎င်း၊ တထာ-ထို အတိကျ နှစ်ဆယ်သော၊ ဖလစိတ္တာနိ – ဖိုလ်စိတ်ကို၎င်း၊ ဣတိ - ဤသို့၊ သမစတ္တာလီသ – အတိကျ လေးဆယ်သော၊ လောကုတ္တရစိတ္တာနိ – လောကုတ္တရာ စိတ်တို့သည်၊ ဘဝန္တိ-ဖြစ်ကုန်၏။ ဣတိ-ဤသို့၊ (ဧကူနနဝုတိဝိဓံ−တစ်ခုယုတ် ကိုးဆယ်
၂။ တထာ သကဒါဂါမိမဂ္ဂ ၊ ပေ ၊ အရဟတ္တမဂ္ဂစိတ္တံ — တထာ သဒ္ဒါဖြင့် – သကဒါဂါမိမဂ်စိတ် အနာဂါမိမဂ်စိတ် အရဟတ္တ မဂ်စိတ်များ လည်း သောတာပတ္တိ မဂ်စိတ်နှင့် အလားတူ ၅ ပါးစီ ပြားကြသည် " ဟု ညွှန်ပြသည်၊ ထို့ကြောင့် – ဝိတက္က ဝိစာရ ပီတိ သုခေ ကဂ္ဂတာ သဟိတံ ပဌမဇ္ဈာန သကဒါဂါမိမဂ္ဂစိတ္တံ " စသည်ဖြင့် – ဥပေက္ခေကဂ္ဂတာ သဟိတံ - ပဉ္စမဇ္ဈာန အရဟတ္တ မဂ္ဂစိတ္တံ "တိုင်အောင် ပါဠိအသွားကို ချဲ့ထွင်ကြည့်လျက် သရုပ်ကိုလည်းရေတွက်လေ၊"သကဒါဂါမိမဂ္ဂ, အနာဂါမိမဂ္ဂ"ဟု စိတ္တံသဒ္ဒါ မပါဘဲ စကားသုံးခြင်းကိုကား စကားကျဉ်းအောင် ဝါကျ ချုံ့နည်းတည်း။
## Trang 28
အပြားရှိသော၊ စိတ္တံ-စိတ်သည်၊ ဝါ-စိတ်က၊ ဧကဝိသသတံ-
တစ်ရာ့ နှစ်ဆယ့်တစ်ပါးသည်၊ ဟောတိ-ဖြစ်နိုင်င်၏။) [ ဣတိ-နေခံ၌
" ဧကူနနဝုတိဝိဓံ " စသည်ကား – " ကထမေကူနနဝုတိဝိဓံ "
စသော အမေးကို ပြန်အုပ်ဖို့ရာ ထည့်အပ်သော စကား
တည်း။ ]
ဣတိ သမဝီသတိ မဂ္ဂစိတ္တာနိ — ဤနည်း အားဖြင့် အကျဉ်း မဂ်စိတ်
၄ ပါးကို ဈာန်အပြားအားဖြင့် အကျယ်မြှောက်ပွားလိုက်လျှင် မဂ်စိတ် ၂၀
အတိအကျ ဖြစ်လာလေသည်၊ ဤကဲ့သို့ မြှောက်ပွားခြင်းကို "ဈာန်ပွား" ဟု
ခေါ်စမှတ်ပြုကြသည်။ [ သမ သဒ္ဒါ " အညီ အမျှ အတိအကျ " ဟူသော
အနက်ကို ဟော၏။ ]
တထာ ဖလစိတ္တာနိစ'တထာ သဒ္ဒါဖြင့် မဂ်စိတ်ကို မြှောက်ပွားသလို
ဖိုလ်စိတ် ၄ ပါးကို မြှောက်ပွား၍လည်း " အတိကျ ၂ဝ ဖြစ်သည် " ဟု
ညွှန်ပြသည်၊ ထို့ကြောင့် "ဝိတက္ကဝိစာရပီတိသုခေ ကဂ္ဂတာသဟိတံ ပဌမ
ဇ္ဈာန သောတာပတ္တိဖလစိတ္တံ" စသည်ဖြင့် အကျယ်ကိုသိလေ။
ဣတိ သမစတ္တာလီသ လောကုတ္တရစိတ္တာနိ — ဤသို့ မဂ်စိတ် ၂ဝ
ဖိုလ်စိတ် ၂ဝ အားဖြင့် လောကုတ္တရာ စိတ်ပေါင်း အတိကျ ၄ဝ ဖြစ်သည်၊
ဤသို့ အကျယ် ရေတွက်သည့် အခါ အကျဉ်းတုန်းက လောကုတ္တရာစိတ်
၈ ပါးကို သီးခြားမရေတွက်ရ၊ ထို အကျဉ်း ၈ ပါးသည်ပင် အကျယ်မြှောက်
ပွား၍ ၄ဝ ဖြစ်လာသည်ဟူလို၊ ဥပမာ—၈ ကို ၅ ဖြင့်မြှောက်၍ ၄ဝ ဖြစ်ရာ၌
မူလတည်သော ၈ သည် ၄ဝ အတွင်း၌ ပါဝင်တော့သကဲ့သို့တည်း။
ဤစကားစဉ်အရ"လောကီစိတ် ၈၁ နှင့် လောကုတ္တရာ အကျယ် ၄ဝ ကို
ပေါင်းလျှင် စိတ်အကျယ် ၁၂၁ ပါး ဖြစ်သည်ဟု မှတ်။
၃။ သင်္ဂဟ ထု-အကျဉ်းချုပ်ကား၊ ဈာနင်္ဂယောဂဘေဒေန−
ဈာန်အင်္ဂါတို့၏ ယှဉ်ပုံ အပြား အားဖြင့်၊ ဧကေ
ကံ-တစ်ပါးတစ်ပါးသော လောကုတ္တရာစိတ်ကို၊ ပဉ္စာ-ငါးပါးစီ
ပြားသည်ကို၊ ကတွာ-ပြု၍၊အနုတ္တရံ'လောကုတ္တရာဖြစ်သော၊
စိတ္တံ-စိတ်ကို၊ စတ္တာလီသဝိဓန္တိစ-၄ဝ အပြားရှိ၏ဟူ၍လည်း၊
ဝုစ္စတိ-ဆိုအပ်၏။
၃။ သင်္ဂဟဂါထာ။ ။"ဈာနင်္ဂယောဂဘေဒေန ၊ ပေ ၊ စတ္တာလီသ
ဝိဓန္တိစ" ဂါထာကား လောကုတ္တရာစိတ် အကျယ်ကို အကျဉ်းချုပ်ပြသော
သင်္ဂဟဂါထာတည်း။
အချို့ မဂ်စိတ် ဖိုလ်စိတ်၌ ဈာန်အင်္ဂါ ၅ ပါးနှင့်ယှဉ်ခြင်း, အချို့အချို့၌
၄ပါး ၃ ပါး ၂ ပါး တစ်နည်း ၂ ပါးနှင့် ယှဉ်ခြင်း အားဖြင့် ဈာန် အင်္ဂါတို့
ယှဉ်ပုံက ၅ မျိုးပြားသောကြောင့် မဂ်စိတ် ဖိုလ်စိတ် တစ်ပါးတစ်ပါးလျှင် ၅ မျိုးစီ
ပြားရလေသည်။ ဤသို့ လောကုတ္တရာအကျဉ်း ၈ ကို ၅ ဖြင့်မြှော်၍ အကျယ်
၄ဝ ဖြစ်သည်-ဟူလို။
သောတာပတ္တိ မဂ်စိတ် ၅ ပါးတွင် ရှေ့စိတ် ၄ ပါးသည် သုခသဟဂုတ်,
ပဉ္စမဈာန်စိတ် ၁ ပါးကား ဥပေက္ခာသဟဂုတ် တည်း၊ နောက် မဂ်စိတ် ဖိုလ်စိတ်
များလည်း ဤနည်းပင်၊ ထို့ကြောင့် သုခသဟဂုတ်စိတ်ပေါင်း ၃၂, ဥပေက္ခာ
သဟဂုတ်စိတ်ပေါင်း ၈ ပါးရှိသတည်း။
လေ့ကျင့်ခန်းမေးခွန်းများ
က။ ဣတ္ထမေကူနနဝုတိ ဂါထာသည် ဘာကိုပြသော ဂါထာနည်း, ၎င်း
ဂါထာကို အနက်ပေးပြပါ။
## Trang 29
ခ ။ အာရုံကို သိခြင်း လက္ခဏာ အားဖြင့် တစ်ပါးတည်း ဖြစ်သော စိတ်က
တစ်ခုယုတ် ကိုးဆယ် ပြားနိုင်ပုံကို ပြောပြပါ။
ဂ ။ "တထာ သကဒါဂါမိမဂ္ဂ အနာဂါမိမဂ္ဂ"အရ အနာဂါမိမဂ်စိတ် ၅ မျိုး
ကို ရေတွက်ပြပါ။
ဃ။ "တထာ ဖလပိတ္တာနိ"အရ သောတာပတ္တိဖိုလ်စိတ် ၅ မျိုးကို ရေတွက်
ပြပါ။
င ။ လောကုတ္တရာစိတ် အကျယ် မည်မျှရှိသနည်း၊ [ မဂ်စိတ် ဖိုလ်စိတ် များကို
ခွဲပြပါ။]
စ ။ လောကုတ္တရာစိတ် အကျယ်နှင့် တကွ စိတ်တို့ကို ရေတွက်သည့် အခါ
လောကုတ္တရာ အကျဉ်း ၈ ပါးကို အဘယ့်ကြောင့် မသွင်းရသနည်း။
ဆ။ ဈာနင်္ဂယောဂဘေဒေန ဂါထာသည် ဘာကို ပြသော ဂါထာနည်း,
အနက်ပေးပြပါ။
ဇ ။ ဤ လောကုတ္တရာစိတ် အကျယ် ၄ဝ ၌ သုခသဟဂုတ် မည်မျှ, ဥပေက္ခာ
သဟဂုတ် မည်မျှစီ ရှိသနည်း။
ဈ။ သမ္ပယုတ်, ဝိပ္ပယုတ်, အသင်္ခါရိက, သသင်္ခါရိက ဟု ဤ အခြေပြုက
ဆိုလိုသလား, မဆိုလိုဘူးလား၊ ရှေးဆရာအချို့ ကမူ အဘယ်သို့ ဆိုလို
သတဲ့နည်း။
လောကုတ္တရာစိတ် အကျယ်
လောကီ လောကုတ္တရာ ရူပါဝစရံ-ရူပါဝစရစိတ်ကို၊ ပဌမာဒိ
ဈာန်စိတ်ပေါင်း ဇ္ဈာနဘေဒေ – ပဌမဈာန် အစရှိသော
ဈာန်အပြား၌၊ ဂယှတိယထာ – သွင်းယူအပ်သကဲ့သို့၊ တထာ–
ထို့အတူ၊ အနုတ္တရံ - လောကုတ္တရာစိတ်ကို၊ ပဌမာဒိဇ္ဈာန
ဘေဒေ-၌၊ ဂယှတိ-၏၊ အာရုပ္ပဉ္စာပိ – အာရုပ္ပ စိတ်ကိုလည်း၊
ပဉ္စမေ'ပဉ္စမဈာန်၌၊ ဂယှတိ - ၏၊ တသ္မာ-ထို့ကြောင့်၊ ပဌမာ
ဒိကံ – ပဌမဈာန် အစရှိသော၊ ဧကေကံ - တစ်မျိုး တစ်မျိုးသော၊
ဈာနံ – ဈာန်စိတ်ကို၊ ဧကာဒသဝိဓံ - တစ်ဆယ့်တစ်ပါးစီ အပြားရှိ၏
' ဟူ၍၊ ဤရိတံ – ဆိုအပ်၏၊ အန္တေထု- အဆုံး ပဉ္စမဈာန်၌ကား၊
( စိတ္တံ – စိတ်သည်၊ ) တေဝီသတိဝိဓံ- ၂၃ ပါး အပြားရှိသည်၊
ဘဝေ-ဖြစ်၏။
လောကီလောကုတ္တရာ ဈာန်စိတ်ပေါင်း။ ။"ယထာစ ရူပါဝစရံ"
စသော ၂ ဂါထာလည်း လောကီဈာန်စိတ် လောကုတ္တရာဈာန်စိတ်တို့ကို
ပေါင်း၍ ပဌမဈာန်စိတ် စသည်ကို မည်မျှစီ ရှိကြောင်းကို ရေတွက်ပြသော
သင်္ဂဟဂါထာပင်တည်း။
ယထာစ ရူပါဝစရံ ဂယှတာ နုတ္တရံတထာ။ ။ ၁ − ပဌမဈာန်,
၂-ဒုတိယဈာန်, ၃-တတိယဈာန်,၄-စတုတ္ထဈာန်, ၅−ပဉ္စမဈာန် ဟု
၅ မျိုး ခွဲထားပြီးလျှင်, ရူပါဝစရစိတ် အားလုံးကို ထိုဈာန် ၅ မျိုး၌ ထိုက်သလို
သွင်းယူရသကဲ့သို့, လောကုတ္တရာစိတ်အားလုံးကိုလည်း ပဌမဈာန် စသည်၌
သွင်းယူရသည်၊ သောတာပတ္တိမဂ်စိတ် ၅ ပါးကို ထိုဈာန် ၅ မျိုး၌ သွင်းလျှင်
ပဌမဈာန်စိတ် ၁, ဒုတိယဈာန်စိတ် ၁ စသည်ဖြစ်၏။ မဂ်ဖိုလ်စိတ်များလည်း
ဤနည်းပင်၊ ကြောင့် လောကုတ္တရာ ပဌမဈာန် စိတ်ပေါင်း ၈ ဖြစ်၏၊
ဒုတိယဈာန်စိတ် စသည်များလည်း ၈ ပါး
ပါးပင်တည်း။
## Trang 30
ကုသိုလ်နှင့်ဝိပါက်အကျယ် ပုညံ - ကုသိုလ်စိတ်သည်၊ သတ္တ
တိံသဝိဓံ- ၃၇ ပါး အပြားရှိ၏၊ တထာ-ထိုမှတစ်ပါး၊ ပါကံ-ဝိပါက် စိတ်သည်။ ဒွိပညာသဝိဓံ-
၅၂ ပါးအပြားရှိ၏၊ ဣတိ-ဤသို့၊ စိတ္တာနိ-စိတ်တို့ကို၊ ဧကဝိသ
သတံ-၁၂၁ ပါး ဟူ၍၊ ဗုဓာ-ပညာရှိတို့သည်၊ အာဟု-ဆိုကြ
ကုန်၏။
"အာရုပ္ပဉ္စာပိ ပဉ္စမ = အာရုပ္ပစိတ်ကိုလည်း " ဥပေက္ခာ ဧကဂ္ဂတာ
ဈာန်အင်္ဂါ ၂ ပါးနှင့် ယှဉ်သည့်အတွက် ဈာန်အင်္ဂါချင်း တူသောကြောင့်
ပဉ္စမဈာန်၌ သွင်းရမည်။)
ဧကာဒသဝိဓံ တသ္မာ , ပေ , ဘ ဝေ'ထို့ကြောင့် ကုသိုလ်ဝိပါက်ကြိယာ
အားဖြင့် လောကီရူပပဌမဈာန်စိတ် ၃, လောကုတ္တရာ ပဌမဈာန်စိတ် ၈,
ပေါင်း ပဌမဈာန်စိတ် ၁၁ ဖြစ်၏၊ ဒုတိယဈာန်စိတ် တတိယ စတုတ္ထဈာန်
စိတ်များလည်း ၎င်းအတိုင်း ၁၁ စီဖြစ်၏၊ ပဉ္စမဈာန်စိတ်ကား ထို ၁၁ တွင်
အာရုပ္ပစိတ် ၁၂ ထည့်၍ ၂၃ ဖြစ်၏။
ကုသိုလ် နှင့် ဝိပါက် အကျယ်။ ။ဤ ဂါထာလည်း ကုသိုလ် ဝိပါက်
အကျယ်ကို အကျဉ်းချုပ် ပြခြင်းနှင့်တကွ စိတ် အားလုံးကို အချုပ်ပြသော
သင်္ဂဟ ဂါထာပင်တည်း၊ လောကီကုသိုလ် ၁၇, လောကုတ္တရာကုသိုလ် ၂၀,
ပေါင်းကုသိုလ် ၃ရ ဖြစ်၏၊ လောကီဝိပါက် ၃၂, လောကုတ္တရာဝိပါက် ၂ဝ,
ပေါင်းဝိပါက် ၅၂ ဖြစ်၏။ အကုသိုလ်နှင့် ကြိယာတို့မှာ သင်္ချာ မတိုးသော
ကြောင့် ဤဂါထာ၌ ထပ်၍မပြ၊ ကုသိုလ် အကုသိုလ် ဝိပါက်ကြိယာအားလုံး
ပေါင်းလျှင် စိတ်အကျယ် ၁၂၁ ပါး ဖြစ်၏။
အဘိဓမ္မတ္ထသင်္ဂဟေ - အဘိဓမ္မတ္ထသင်္ဂြိုဟ်,
ခေါ်ဆို လက်သန်း, အဋ္ဌကထာကျမ်း၌၊ စိတ္တ
သင်္ဂဟ ဝိဘာဂေါနာမ  စိတ္တသင်္ဂဟ ဝိဘာဂ မည်သော၊
ပဌမော - ရှေးဦးစွာသော၊ ပရိစ္ဆေဒေါ-အပိုင်းသည်၊ ဣတိ-
ပြီးပြီ။
မဟာနိဂုံး။ ။ ဣတိ၊ ပေ၊ ပဉ္စမော ပရိစ္ဆေဒေါ-ကား စိတ်ပိုင်း တစ်ပိုင်း
လုံးကို အုပ်ဖုံးသော အကြီးစား "မဟာနိဂုံး" တည်း (စိတ္တံ စေတသိကံ ရူပံ
နိဗ္ဗာနမိတိ သဗ္ဗထာ ဟူသော ခေါင်းစဉ် ဥဒ္ဒေသစကားရပ်တွင် " စိတ္တံ "
ဟူသော အကျဉ်းဥဒ္ဒေသ၏ နိဒ္ဒေသ အကျယ်သည် ဤနေရာဝယ် ပြီးဆုံးပြီ
ဟူလို၊ ထို့ကြောင့် ဤစိတ်ပိုင်း တစ်ပိုင်းလုံးဖြင့် စိတ်ကို အကျယ် ဝေဘန်၍
ပြသည်ဟု မှတ်လေ။
လေ့ကျင့်ခန်း မေးခွန်းများ
က။ ယထာစရူပါဝစရံ – စသော ၂ ဂါထာသည် ဘာကိုပြသော ဂါထာ
နည်း, အနက်ပေးပါ။
ခ ။ ပဌမဈာန်စိတ် မည်မျှ ရှိသနည်း, လောကီ ဈာန်စိတ် လောကုတ္တရာ
ဈာန်စိတ် ခွဲပြပါ။
ဂ ။ ပဉ္စမဈာန်စိတ် မည်မျှရှိသနည်း, လောကီ လောကုတ္တရာ ခွဲပြပါ။
ဃ။ သတ္တတိံသဝိဓံ ပုညံ-ဂါထာသည် ဘာကိုပြသော ဂါထာနည်း။
င ။ စိတ် ၁၂၁ ၌ ကုသိုလ်စိတ်မည်မျှ, ဝိပါက်စိတ် မည်မျှရှိသနည်း, လောကီ
လောကုတ္တရာ ခွဲပြပါ။
စ ။ ဣတိအဘိဓမ္မတ္ထသင်္ဂဟေ စသော စကားသည် ဘာစကားနည်း။
ဆ။ စိတ်အကျဉ်းမည်မျှ, အကျယ် မည်မျှ ရှိသနည်း။
## Trang 31
၎ ။ အကုသိုလ်စိတ် အဟိတ်စိတ် မည်မျှစီရှိသနည်း၊ ၎င်းစိတ် ၂ မျိုးလုံးကို
အဘယ်သို့ နာမည်ခေါ်ကြသေးသနည်း၊
ဈ ။ သောဘနစိတ်အကျဉ်း မည်မျှ၊ အကျယ် မည်မျှရှိသနည်း။
ည။ ကာမသောဘနစိတ် မည်မျှရှိသနည်း။
ဋ ။ မဟဂ္ဂုတ်စိတ် မည်မျှရှိသနည်း။
ဌ ။ လောကီစိတ် မည်မျှရှိသနည်း။
ဍ ။ လောကုတ္တရာစိတ် အကျဉ်းမည်မျှ၊ အကျယ်မည်မျှရှိသနည်း။
ဎ ။ စိတ် ၁၂၁ တွင် သုခသဟဂုတ် မည်မျှရှိသနည်း၊ [ လောကီ သုခ
သဟဂုတ် လောကုတ္တရာ သုခသဟဂုတ် ခွဲပြပါ။]
ဏ။ ဥပေက္ခာသဟဂုတ် မည်မျှရှိသနည်း၊ [ လောကီ ဥပေက္ခာသဟဂုတ်
လောကုတ္တရာ ဥပေက္ခာသဟဂုတ် ခွဲပြပါ။]
တ ။ သင်္ဂြိုဟ်ပါဠိအတိုင်း သမ္ပယုတ် အမည်ရသောစိတ်၊ ဝိပ္ပယုတ် အမည်
ရသောစိတ်၊ သမ္ပယုတ် ဝိပ္ပယုတ် အမည်ရသောစိတ် မည်မျှစီရှိသနည်း။
ထ။ အသင်္ခါရိက သသင်္ခါရိက အမည်ရသောစိတ် မည်မျှ၊ အမည်မရသော
စိတ်က မည်မျှရှိသနည်း။
ဒ ။ ဤစိတ်ပိုင်း တပိုင်းလုံးဖြင့် အဘယ်ကို ပြသနည်း။
စိတ်ပိုင်းနိဿယနှင့်အဓိပ္ပါယ်
စေတသိက်ပိုင်းနိဿယ
ဧကုပ္ပါဒနိရောဓာ − တူသော ဖြစ်ခြင်း၊
လက္ခဏာ ၄ ပါး တူသော ချုပ်ခြင်း ရှိကုန်သည်၊ (ဟုတွာ-
ဖြစ်ကုန်၍၎င်း၊ ) ဧကာလမ္ဗနဝတ္ထုကာ – တူသော အာရုံ၊ တူ
သော မှီရာ ရှိကုန်သည်၊ (ဟုတွာ-ဖြစ်ကုန်၎င်း၊) စေတောယုတ္တာ–
စိတ်၌ယှဉ်ကုန်သော၊ ဒွိပညာသ-ငါးဆဲ့နှစ်ပါးသော၊
ဓမ္မာ-သဘောတရားတို့ကို၊ စေတသိကာ-စေတသိက်တို့ဟူ၍၊
မတာ–သိအပ်ကုန်၏။
စေတသိက်ပိုင်းအဓိပ္ပါယ်
" စိတ္တံ စေတသိကံ ရူပံ၊ နိဗ္ဗာနမိတိ သဗ္ဗထာ " ဟု အကျဉ်းဥဒ္ဒေသ
ခေါင်းစဉ်၍ပြအပ်သော မာတိကာစကားရပ်တွင် "စေတသိကံ" ဟူသော
ဥဒ္ဒေသ၏ အကျယ် နိဒ္ဒေသကို ပြတော်မူလိုသောကြောင့် ဧကုပ္ပါဒါအစ
ရှိသောပါဌ်ကို မိန့်သည်၊ ဤဂါထာကား စေတောယုတ္တလက္ခဏာ ၄ ပါးကို
ပြသော ဂါထာတည်း။
စေတောယုတ္တလက္ခဏာ ၄ ပါး။ စိတ်၌ယှဉ်ခြင်း၏အမှတ်အသား
အင်္ဂါများကို " စေတောယုတ္တလက္ခဏာ " ဟု ခေါ်၏၊ " ဧကုပ္ပါဒ ၊ ပေ ၊
ဝတ္ထုကာ" ဖြင့် ထို စေတောယုတ္တလက္ခဏာကိုပြသည်၊ စေတောယုတ္တအင်္ဂါ
များကား (၁) ဧကုပ္ပါဒ=စိတ်နှင့်တူသော ဖြစ်ခြင်း၊ (၂) ဧကနိရောဓ=
တူသောချုပ်ခြင်း၊ (ၣ) ဧကာလမ္ဗန=တူသောအာရုံ၊ (၄) ဧကဝတ္ထုက=
## Trang 32
ကထံ-ငါးဆဲ့နှစ်ပါး အဘယ်သို့ ပြားသနည်း။
၁။ သဗ္ဗစိတ္တသာဓာရဏ ဖဿော – ဖဿ၎င်း၊ ဝေဒနာ –
စေတသိက် ၇ ဝေဒနာ၎င်း၊ သညာ – သညာ၎င်း၊
စေတနာ-စေတနာ၎င်း၊ ဧကဂ္ဂတာ-ဧကဂ္ဂတာ၎င်း၊ ဇီဝိတိန္ဒြိယံ-
တူသော မှီရာ ဝတ္ထုရှိခြင်းအားဖြင့် လေးပါးရှိ၏၊ မည်သည့်စေတသိက် မဆို
စိတ်၌ယှဉ်သည့်အခါ ( ကာမရူပဘုံ၌)ဤ အင်္ဂါ ၄ ပါးနှင့် ညီညွတ်ကြရ
လေသည်၊ ဤ လက္ခဏာ ၄ ပါးကို သမ္ပယုတ္တလက္ခဏာ ဟု ၎င်း၊ စေတသိက်
လက္ခဏာ ၄ ပါးဟု၎င်း ခေါ်စမှတ်ပြုကြသေး၏။
(၁)တူသော ဖြစ်ခြင်း=စိတ်ဖြစ်သည်နှင့်တပြိုင်နက် အတူတကွ ဖြစ်ခြင်း။
(၂) တူသော ချုပ်ခြင်း=စိတ်ချုပ်သည်နှင့်တပြိုင်နက် အတူ ချုပ်ခြင်း။
(ၣ) တူသောအာရုံ=စိတ်ယူသော အာရုံကိုသာ အတူတကွယူခြင်း။
(၄)တူသော မှီရာ=စိတ်၏မှီရာ ဝတ္ထုကိုသာ အတူတကွမှီခြင်း။
။အရှင်အနုရုဒ္ဓါဆရာသည် ၅၂ ပါးသော စေတသိက် တို့ကို
၁-အညသမာနရာသိ=အညသမာန်းစေတသိက်တို၏ အစု၊ ၂-အကုသလ
ရာသိ = အကုသိုလ် စေတသိက် အစုံ၊ ၃- သောဘနရာသိ = သောဘန
စေတသိက်တို၏အစုံ)ဟု သုံးပုံ သုံးစု ပိုင်းခြား၍ မိန့်တော်မူလိုသောကြောင့်
"ကထံ" ဟူသော ပုစ္ဆာကို ကိုယ်တိုင် ထုတ်တော်မူသည်။
အညသမာန်းစေတသိက်
သဗ္ဗစိတ္တသာဓာရဏ စေတသိက် ။ ([ သဗ္ဗစိတ္တ = အလုံးစုံသော
စိတ် + သာဓာရဏ = ဆက်ဆံသောစေတသိက်၊ ]။ အလုံးစုံသော စိတ်နှင့်
ဇီဝိတိန္ဒြေ၎င်း၊ မနသိကာရောစ – မနသိကာရ ၎င်း၊ ဣတိ-
ဤသို့၊ သတ္တ - ခုနစ်ပါးကုန်သော၊ ဣမေစေတသိကာ - ဤ
စေတသိက်တို့သည်၊ သဗ္ဗစိတ္တသာဓာရဏာ နာမ – သဗ္ဗစိတ္တ
သာဓာရဏ စေတသိက်တို့ မည်၏။
ဆက်ဆံသော စေတသိက်၊ " စိတ်အားလုံးနှင့် ယှဉ်နိုင်သော၊ စိတ်ဖြစ်တိုင်း
ပါကြရသော စေတသိက်များ" ဟူလို။
၁။ ဖဿ= အာရုံကို တွေ့ထိခြင်း သဘော။
၂။ ဝေဒနာ=အာရုံအရသာကို ခံစားခြင်း သဘော။
ၣ။ သညာ=အာရုံကို မှတ်သားခြင်း သဘော။
၄။ စေတနာ=ယှဉ်ဘက် တရားတို့ကို ဆိုင်ရာကိစ္စ၌ ဆောင်ရွက်ကြ
ဘိုရာ စေ့ဆော်ခြင်း (တိုက်တွန်းနှိုးဆော်ခြင်း)သဘော။
၅။ ဧကဂ္ဂတာ=အာရုံတခု၌ တည်တံ့ခြင်း၊ တည်ကြည်ခြင်းသဘော။
၆။ ဇီဝိတိန္ဒြေ=ယှဉ်ဘက် တရားတို့ကို စောင့်ထိန်းခြင်း သဘော။
[ဤ ဇီဝိတိန္ဒြေသည် နာမ်တရားတို့၏ အသက်တည်း။]
၇။ မနသိကာရ = စိတ်ထည်း၌ အာရုံ ပေါ်လာအောင် ပြုပေးသော
သဘော၊ [စိတ်ကို အာရုံသို့ ရောက်၍ ရောက်၍ နေအောင် နှလုံး
သွင်းခြင်း သဘော။]
[ဆောင်] ထိ ° ခံစား၊ မှတ်သားလေ့ခေါ်၊ စေ့ဆော် တည်
ကြည် "၊ နာမ်သက်မည်လျှင်း-စောင့်ထိန်းခြင်းမှု "၊ အာရုံပြု"
မှတ်ရှု သဗ္ဗစိတ်။
## Trang 33
၂။ ပကိဏ်းစေတသိက် ၆ ဝိတက္ကော-ဝိတက်၎င်း၊ ဝိစာရော-
ဝိစာရ၎င်း၊ အဓိမောက္ခော-အဓိမောက္ခ၎င်း၊ ဝီရိယံ – ဝီရိယ၎င်း၊ ပီတိ-ပီတိ၎င်း၊ ဆန္ဒော-
ဆန္ဒ၎င်း၊ ဣတိ-ဤသို့၊ ဆ-ခြောက်ပါးကုန်သော၊ ဣမေစေတ
သိကာ – ဤ စေတသိက်တို့သည်၊ ပကိဏ္ဏကာ နာမ-ပကိဏ်း
စေတသိက်တို့မည်၏။
ဧဝံ - ဤသို့၊ တေရသ - တစ်ဆယ့်သုံးပါးကုန်သော၊ ဧတေ
စေတသိကာ - ဤ စေတသိက်တို့ကို၊ အညသမာနာတိ-အည
သမာန်းစေတသိက်တို့ ဟူ၍၊ ဝေဒိတဗ္ဗာ-သိအပ်ကုန်၏။
၂။ ပကိဏ်းစေတသိက် (ပကိဏ္ဏက၊ ပ=အပြားဖြင့် + ကိဏ္ဏ=
ရောပြွမ်းသော စေတသိက်[က=အနက်မရှိ၊ ]။ အပြားဖြင့် ရောပြွမ်းသော
စေတသိက် "စိတ်အားလုံး၌ မယှဉ်နိုင်ဘဲ၊ ဟိုတစ်ချို့ သည်တစ်ချို့ ရောရော
ပြွမ်းပြွမ်း ယှဉ်သော စေတသိက်များ" ဟူလို။
၁။ ဝိတက် = ယှဉ်ဘက် တရားတို့ကို အာရုံသို့ တင်ပေးခြင်း (ကြံစီ
ခြင်း ) သဘော။
၂။ ဝိစာရ=အာရုံကို သုံးသပ်ခြင်း (ထပ်၍ ထပ်၍ ယူခြင်း) သဘော။
ၣ။ အဓိမောက္ခ=အာရုံကို ဆုံးဖြတ်ချက်ချခြင်း သဘော။
၄။ ဝီရိယ=အားထုတ်ခြင်း (အားတက်သရောရှိခြင်း) သဘော။
၅။ ပီတိ=နှစ်သက်ခြင်း သဘော။
၆။ ဆန္ဒ=လိုလားတောင့်တခြင်း သဘော။
[ဆောင်] ကြံစီ ° သုံးသပ်၊ ဆုံးဖြတ် အားတက်၊ နှစ်သက်၊
တောင့်တ "၊ ဤ ခြောက်ဝ၊ မှတ်ကြ ပကိဏ်းတည်း။
ဝိတက်၊ စေတနာ၊ မနသိကာရ အထူး။ (ဝိတက်သည် သမ္ပယုတ်
တရားစုကို အာရုံသို့ ရှေးရှုတင်၏။ စေတနာကား ဝိတက် တင်အပ်သော
သမ္ပယုတ် တရားစုကို အာရုံ၌ယှဉ်ပေး၏၊ မနသိကာရသည်ကား သမ္ပယုတ်
တရားစုကို အာရုံသို့ ဖြောင့်ဖြောင့်မတ်မတ် ရောက်အောင် ပြုပေး၏)ဤသို့
သဘောသကံအားဖြင့် ထူးခြားကြသည်။
[ဆောင်] ဝိတက်အမှု၊ သမ္ပယုတ်စုကို ရှေးရှုတင်ကာ၊ စေတနာဓာတ်၊
သေချာမှတ်မူ၊ တင်အပ်တရား၊ ယှဉ်စပ်ထား၏၊ မနသိဘုံ၊ အာရုံ
ရှေးရှု၊ ဖြောင့်အောင်ပြုသည်၊ ခွဲမှု သဘောသကံတည်း။
အညသမာနာ တိ… ( သဗ္ဗစိတ္တသာဓာရဏ ၇၊ ပကိဏ်းစေတသိက် ၆၊
ပေါင်း ၁၃ ကို အညသမာန်းစေတသိက်ဟု ခေါ်၏၊)[ အညသမာန်းအမည်
ရကြောင်းကို ဘာသာဋီကာ၌ ဆိုထားပြီ။]
လေ့ကျင့်ခဏ်း။ မေးခွန်းများ
က။ ဧကုပ္ပါဒနိရောဓောစ-ဂါထာသည် ဘာကိုပြသော ဂါထာနည်း။
ခ ။ စေတောယုတ္တ လက္ခဏာ ၄ ပါးကို ပြပါ။
ဂ ▪ ဖဿ စသည်ကို အဘယ့်ကြောင့် "သဗ္ဗစိတ္တသာဓာရဏ" ခေါ်သလဲ။
ဃ။ ဖဿစသော ၇ ပါး၏ သဘောကို ပြပါ။
င ။ ဝိတက် စသည်ကို အဘယ့်ကြောင့် " ပကိဏ်း စေတသိက်" ဟု ခေါ်
သနည်း။
စ ။ ဝိတက် စသော ၆ ပါး၏ သဘောကိုပြပါ။
ဆ။ ဘယ် စေတသိက်အစုကို "အညသမာန်းရာသိ" ဟု ခေါ်သနည်း။
အညသမာန်း စေတသိက်စု ပြီး၏။
## Trang 34
၃။ အကုသိုလ် မောဟော – မောဟ၎င်း၊ အဟိရိကံ – အဟိ
စေတသိက် ၁၄ ရိက၎င်း၊ အနောတ္တပ္ပံ-အနောတ္တပ္ပ၎င်း၊ ဥဒ္ဓစ္စံ-
ဥဒ္ဓစ္စ၎င်း၊ လောဘော – လောဘ၎င်း၊ ဒိဋ္ဌိ - ဒိဋ္ဌိ၎င်း၊ မာနော-
မာန၎င်း၊ ဒေါသော-ဒေါသ၎င်း၊ ဣဿာ-ဣဿာ၎င်း၊ မစ္ဆရိ
ယံ-မစ္ဆရိယ၎င်း၊ ကုက္ကုစ္စံ-ကုက္ကုစ္စ၎င်း၊ ထိနံ-ထိန၎င်း၊ မိဒ္ဓံ-
မိဒ္ဓ၎င်း၊ ဝိစိကိစ္ဆာ-ဝိစိကိစ္ဆာ၎င်း၊ ဣတိ-ဤသို့၊ စုဒ္ဒသ-
၁၄ ပါးကုန်သော။ ဣမေစေတသိကာ - ဤ စေတသိက် တို့
သည်၊ အကုသလာ နာမ – အကုသိုလ်စေတသိက်တို့ မည်၏။
၃။ အကုသိုလ် စေတသိက် စု
၁။ မောဟ = အာရုံ၏ အမှန်သဘောကို ဖုံးကွယ်ခြင်းသဘော။
၂။ အဟိရိက=ဒုစရိုက်မှ မရှက်ခြင်း သဘော။
ၣ။ အနောတ္တပ္ပ=ဒုစရိုက်မှ မကြောက်လန့်ခြင်းသဘော၊ [ ကောင်းသော
လုပ်ငန်း၌ မရှက်မရွံ့မှုကား ဤ စေတသိက် ၂ ပါးမဟုတ်၊]
၄။ ဥဒ္ဓစ္စ=ပျံလွင့်ခြင်း သဘော။
၅။ လောဘ = လောကီအာရုံ ကာမဂုဏ်တို့၌ လိုချင်ခြင်း သဘော၊
[ ကုသိုလ်အရာ၌ လိုချင်ခြင်း၊ စွန့်ကြဲ ပေးကမ်းဘိုရာ ပစ္စည်းကို လိုချင်
ခြင်းကား လောဘမဟုတ်၊ ကုသိုလ်ဆန္ဒ တည်း။]
လောဘနှင့် ဆန္ဒ အထူး။ (အစေးဖြင့် ကပ်သကဲ့သို့ အာရုံ၌ ငြိကပ်
တွယ်တာခြင်း သဘော ပါသော လိုချင်မှုသည် လောဘတည်း ငြိကပ်
တွယ်တာခြင်း မရှိဘဲ အာရုံ တခုကို ရလိုရုံမျှသည် ဆန္ဒတည်း။ )
[ဆောင်] က။ ငြိကပ်တွယ်တာ၊ အစေးပါ၍၊ ဆိုင်ရာအာရုံ၊ စုံစုံ မက်
မက်၊ နှစ်သက်တောင့်တ၊ လိုချင်က၊ လောဘ သဘောတည်း။
ခ။ ငြိကပ်တွယ်တာ၊ စေးမပါဘဲ၊ ဆိုင်ရာ အာရုံ၊ ပြုလိုရုံမျှ၊
လိုချင်က၊ ဆန္ဒသဘောတည်း။
၆။ ဒိဋ္ဌိ=မှားမှားယွင်းယွင်း သိမြင်ခြင်း (အယူမှားခြင်း) သဘော။
၇။ မာန=ထောင်လွှားတက်ကြွခြင်းသဘော။
၈။ ဒေါသ=ခက်ထန် ကြမ်းတမ်းခြင်း သဘော။
၉။ ဣဿာ=သူတစ်ပါး၏ ဂုဏ်သိရ် စည်းစိမ် ချမ်းသာကို ငြူစူခြင်း
စောင်းမြောင်းခြင်း သဘော၊ [ နှုတ်ခမ်း စူ၍ မျက်စောင်း ထိုး၍
ပြောဆို ကြည့်ရှုကြောင်းတရား။]
၁၀။ မစ္ဆရိယ=ကိုယ့်စည်းစိမ်ကို ဝန်တိုခြင်းသဘော၊ [ သူတစ်ပါးတို့နှင့်
မဆက်ဆံစေလိုခြင်း နှမြောခြင်းသဘော။]
၁၁။ ကုက္ကုစ္စ=ဒုစရိုက်ကို ပြုမိပြီးမှ၎င်း၊ သုစရိုက်ကို မပြုခဲ့မိ၍၎င်း၊
နောင်တ တစ်ဖန် ပူပန်ခြင်းသဘော။
၁၂။ ထိန=စိတ်မလန်းဘဲ ခပ်ထိုင်းထိုင်းဖြစ်နေခြင်း သဘော။
၁၃။ မိဒ္ဓ=ယှဉ်ဘက်စေတသိက်များမလန်းဘဲ မှိုင်းတိုင်းတိုင်း ဖြစ်နေခြင်း
သဘော၊ [အိပ်ချင်မူးတူးဖြစ်နေသည့်အခါ ၎င်း ၂ ပါးထင်ရှား၏။]
၁၄။ ဝိစိကိစ္ဆာ=ဘုရား တရား စသည်များ၌ ယုံမှားခြင်းသဘော။
[အဓိပ္ပါယ်မသိ၍ တွေးတောယုံမှားမှုကား ဝိစိကိစ္ဆာမဟုတ်။]
[ဆောင်] အမှန်ကွယ်ဝှက် "၊ ဒုစရက်ကြောင့် – မရှက် မလန့်၊ ပျံလွင့်
သဘော လိုချင်သောအား၊ အယူမှားလျက်၊ ထောင်လွှား
တက်၍၊ ခက်ခက်ထန်ထန်၊ ငြူစူဟန်မှု၊ နှမြောဟုဆို၊ ဝန်တို
လေရုံ၊ နောင်တ ပူပင် = ထိုင်း မှိုင်း အင်နှင့်၊ ထို့ပြင်
ယုံမှား၊ ဆဲ့လေးပါးသည်၊ မှတ်သား အကုသိုလ်ချည်တည်း။
အကုသိုလ်စေတသိက်စု ပြီး၏။
## Trang 35
၄။ သောဘနသာဓာရဏ သဒ္ဓါ-သဒ္ဓါ၎င်း၊ သတိ - သတိ၎င်း၊
စေတသိက် ၁၉
ဟိရီ-ဟိရီ၎င်း၊ ဩတ္တပ္ပံ - ဩတ္တပ္ပ
၎င်း၊ အလောဘော-အလောဘ၎င်း၊ အဒေါသော – အဒေါသ
၎င်း၊ တတြမဇ္ဈတ္တတာ-တတြမဇ္ဈတ္တတာ၎င်း၊ ကာယပဿဒ္ဓိ-
ကာယပဿဒ္ဓိ၎င်း၊ စိတ္တပဿဒ္ဓိ-စိတ္တပဿဒ္ဓိ၎င်း၊ ကာယလဟုတာ-
ကာယလဟုတာ၎င်း၊ စိတ္တလဟုတာ-စိတ္တလဟုတာ၎င်း၊ ကာယမုဒုတာ-
ကာယမုဒုတာ၎င်း၊ စိတ္တမုဒုတာ-စိတ္တမုဒုတာ၎င်း၊ ကာယကမ္မညတာ-
ကာယကမ္မညတာ၎င်း၊ စိတ္တကမ္မညတာ-စိတ္တကမ္မညတာ၎င်း၊ ကာယပါဂုည
တာ-ကာယပါဂုညတာ၎င်း၊ စိတ္တပါဂုညတာ-စိတ္တပါဂုညတာ၎င်း၊ ကာယုဇု
ကတာ-ကာယုဇုကတာ၎င်း၊ စိတ္တုဇုကတာ-စိတ္တုဇုကတာ၎င်း၊ ဣတိ-
ဤသို့၊ ဧကူနဝီသတိ-တစ်ခုယုတ်နှစ်ဆယ်သော၊ ဣမေစေတသိ
ကာ – ဤ စေတသိက်တို့သည်၊ သောဘနသာဓာရဏာ နာမ-
သောဘနသာဓာရဏ စေတသိက်တို့မည်၏။
သောဘနစေတသိက်စု
၄။ သောဘနသာဓာရဏ— [သောဘန = သောဘနစိတ်+သာ
ဓာရဏ = ဆက်ဆံသောစေတသိက်] "သောဘနစိတ် အားလုံးနှင့် ဆက်
ဆံသော (ယှဉ်နိုင်သော) စေတသိက်များ"ဟူလို။
၁။ သဒ္ဓါ = မှန်သော ဘုရား တရား သံဃာနှင့် ကံ – ကံ၏ အကျိုး
စသည်ကို ကြည်ညိုမှု၊ ယုံကြည်မှု၊ ကျေကျေနပ်နပ်ရှိမှု။ [ မမှန်သော
ဘုရား တရား ကောင်းစွာမကျင့်သော သံဃာ စသည်၌ ယုံကြည်မှု
ကား သဒ္ဓါစစ်မဟုတ်။]
၂ ။ သတိ=ဘုရား တရားစသော ကုသိုလ်နှင့်ဆိုင်ရာကို အောက်မေ့မှု၊
အမှတ်ရမှု၊ [ အကုသိုလ်ဆိုင်ရာ အမှတ်ရမှု၊ ထိုထိုကိစ္စ လုပ်ငန်းကို
သတိရမှုကား သတိစစ်မဟုတ်။]
ၣ။ ဟိရိ =ဒုစရိုက်မှ ရှက်မှု။ ၄။ ဩတ္တပ္ပ=ဒုစရိုက်မှ ကြောက်လန့်မှု။
[ ကုသိုလ်ကောင်းမှု ဆိုင်ရာ၌ ရှက်မှု ကြောက်ရွံ့နေမှုကား ဟိရီ
ဩတ္တပ္ပ အစစ်မဟုတ်။ ]
၅။ အလောဘ=လောကီအာရုံ ကာမဂုဏ်ကို မလိုချင် - မစုံမက်မှု။
၆။ အဒေါသ = မခက်ထန် မကြမ်းတမ်းမှု၊ [ မေတ္တာ ဟူသည်လည်း
ဤစေတသိက်ပင်တည်း။]
၇။ တတြမဇ္ဈတ္တတာ = စိတ် စေတသိက်တို့ကို မိမိတို့ ကိစ္စ၌ အပိုအလွန်
မရှိစေရအောင် အလယ်အလတ်၌ တည့်မတ်မှု၊ လစ်လျူရှုမှု။
၈။ ကာယပဿဒ္ဓိ=စေတသိက်အပေါင်း၏ ငြိမ်းအေးမှု၊ [ကာယသဒ္ဒါ
စေတသိက်အပေါင်း ဟူသော အနက်ကိုဟော၏။]
၉။ စိတ္တပဿဒ္ဓိ= စိတ်၏ ငြိမ်းအေးမှု။
၁၀။ ကာယလဟုတာ=စေတသိက်အပေါင်း၏ လျှင်မြန် ပေါ့ပါးမှု။
၁၁။ စိတ္တလဟုတာ=စိတ်၏ လျင်မြန်ပေါ့ပါးမှု။
၁၂။ ကာယမုဒုတာ=စေတသိက်အပေါင်း၏ နူးညံ့မှု။
၁၃။ စိတ္တမုဒုတာ = စိတ်၏ နူးညံ့မှု။
၁၄။ ကာယကမ္မညတာ = စေတသိက်အပေါင်း၏ ကုသိုလ် ကောင်းမှု၌
ခံ့ညားမှု။
၁၅။ စိတ္တကမ္မညတာ = စိတ်၏ ကုသိုလ်ကောင်းမှု၌ ခံ့ညားမှု။
၁၆။ ကာယပါဂုညတာ=စေတသိက်အပေါင်း၏ (ကုသိုလ်ကောင်းမှု၌)
ပြွမ်းတီးလေ့လာမှု။
၁၇။ စိတ္တပါဂုညတာ=စိတ်၏ ပြွမ်းတီးလေ့လာမှု။
## Trang 36
၅။ ဝိရတိစေတသိက် ၃
သမ္မာဝါစာ- သမ္မာဝါစာ၎င်း၊ သမ္မာ
ကမ္မန္တောစ- သမ္မာကမ္မန္တော၎င်း၊ သမ္မာ
အာဇီဝေါစ – သမ္မာအာဇီဝ၎င်း၊ ဣတိ - ဤသို့၊ *တိဿာ*−
သုံးပါးသောသဘောတရားတို့သည်၊ ဝိရတိယောနာမ-ဝိရတိ
စေတသိက်တို့မည်၏။
၁၈။ ကာယုဇုကတာ=စေတသိက်အပေါင်း၏ ဖြောင့်မတ်မှု။
၁၉။ စိတ္တုဇုကတာ = စိတ်၏ ဖြောင့်မတ်မှု။
[ဆောင်] - ဘုရားစ-တုံ, ကောင်းအာရုံဝယ်, ကြည်ယုံကျေနပ်", အမှတ်
ရလျက်, ဒုစရက်မှ-ရှက်" ကြောက်" စွတည်း, ကာမအာရုံ- မစုံ
မမက်", မခက်ထန်မှု°, လျစ်လျူရှု၏, ( နှစ်ခုစိတ်စေး, ရောစပ်
တွေးလော ) ငြိမ်းအေး° ၁ လျှင်မြန် ° ၁ ကုသိုလ်ကံ – ဟု
ကောင်းသည့်မှုဝယ်-နူးညံ့ ၁၂ ၁၃ ခံ့ညားခ၁၄ ၁၁ လေ့လာများနှင့်၁၆ ၁၇
ဖြောင့်သားလေစွ ° ဆဲ့ကိုးဝသည် …… သောဘနသာဓာရဏ
တည်း။
၅။ ဝိရတိစေတသိက်
[မကောင်းမှု ဒုစရိုက်မှ ရှောင်ကြဉ်ခြင်းကို "ဝိရတိ" ဟု ခေါ်၏။]
၁။ သမ္မာဝါစာ=အသက်မွေးဝမ်းကြောင်းနှင့် မစပ်ဆိုင်သော ဝစီဒုစရိုက် ၄ ပါးမှ ရှောင်ကြဉ်မှု၊
၂။ သမ္မာကမ္မန္တ = အသက်မွေးဝမ်းကြောင်းနှင့် မစပ်ဆိုင်သော ကာယ
ဒုစရိုက် ၃ ပါးမှ ရှောင်ကြဉ်မှု။
၃။ သမ္မာအာဇီဝ=အသက်မွေးဝမ်းကြောင်းနှင့်စပ်ဆိုင်သော ဝစီ ဒုစရိုက် ၄, ကာယဒုစရိုက် ၃ ပါးမှ ရှောင်ကြဉ်မှု။
၆။ အပ္ပမညာ ၂ နှင့် ပညိန္ဒြေ ၁-ကရုဏာစ-ကရုဏာသည်၎င်း၊ မုဒိတာစ-
မုဒိတာသည်၎င်း၊ အပ္ပမညာယောနာမ–
အပ္ပမညာ စေတသိက်တို့မည်၏၊ ဣတိ - ဤသို့၊ *သဗ္ဗထာပိ*–
အလုံးစုံသော အပြားအားဖြင့်လည်း၊ *ပညိန္ဒြိယေန* – ပညိန္ဒြေ
စေတသိက်နှင့်၊ *သဒ္ဓိ*-တကွ၊ ပဉ္စဝီသတိ-နှစ်ဆဲ့ငါးပါးသော၊
ဣမေစေတသိကာ - ဤ စေတသိက်တို့ကို၊ *သောဘနာတိ*–
သောဘနတို့ဟူ၍၊ *ဝေဒိတဗ္ဗာ* - သိအပ်ကုန်၏။ (ဣတိ-ငါးဆဲ့
နှစ်ပါး ဤသို့ ပြားသတည်း။)
၆။ အပ္ပမညာနှင့် ပညိန္ဒြေ။ ဤ၌ ဤမျှ ဟု အတိုင်းအရှည် ပမာဏ
မထားဘဲ, သတ္တာပညတ်၌ ဖြစ်သော (အာရုံပြုသော) တရားကို "အပ္ပ
မညာ" ဟုခေါ်၏။ [ပုဂ္ဂိုလ်သတွာ-ဟူသည် ပရမတ္ထတရား မဟုတ်, ပညတ်
တရားတည်း၊ ထို့ကြောင့် "သတွာပညတ်" ဟု ခေါ်သည်။]
က ရုဏာ ==ဒုက္ခိတ သတွာပညတ်ကို အာရုံပြု၍ သနားမှု။
မုဒိတာ==သုခိတ သတွာပညတ်ကို အာရုံပြု၍ ဝမ်းမြောက်မှု။
ပညိန္ဒြေ=ဉာဏ်ဟု၎င်း၊ အမောဟဟု၎င်း၊ ခေါ်သော ပညာကိုပင်
သိမှုကိစ္စ၌ အစိုးတရ ဖြစ်သောကြောင့် "ပညိန္ဒြေ" ဟု ခေါ်၏။ [ပညာ+
ဣန္ဒြိယ။ပညာ=အထူးထူး အပြားပြား သိခြင်း-+ဣန္ဒြိယ=ထိုသိခြင်းကိစ္စ၌
အစိုးတရ ဖြစ်သည်။]
သောဘန = အပြစ် မရှိဘဲ တင့်တယ်သော စေတသိက် များကို
"သောဘန"ဟုခေါ်၏။ သောဘနသာဓာရဏစေတသိက် ၁၉ နှင့် ဝိရတိ
အပ္ပမညာ ၂, ပညိန္ဒြေ ၁, ပေါင်း ၂၅ ကို လောဘ ဒေါသ စသော အပြစ်
ကင်း၍ တင့်တယ်သောကြောင့် "သောဘန စေတသိက် " ဟု ခေါ်သည်။
သောဘနစေတသိက်ခန်း ပြီး၏။
## Trang 37
**၇။ သင်္ဂဟနိဂုံး**
၀ - အကျဉ်းချုံး၍ နိဂုံးကို ပြဥုးအံ့၊ ဧတ္တာ
ဝတာ−ဤမျှ အတိုင်းအရှည် ရှိသော စကား
အစဉ် ဖြင့်၊ အညသမာနာစ − အညသမာန်း မည်ကုန်သော၊
တေရသစ – တဆဲ့သုံးပါးသော စေတသိက်တို့၎င်း၊ တထာ-
ထိုမှတပါး၊ အကုသလာ – အကုသိုလ်မည်ကုန်သော၊ စုဒ္ဒသ-
တဆဲ့လေးပါးသော စေတသိက်တို့၎င်း၊ သောဘနာ – သော
ဘန မည်ကုန်သော၊ ပဉ္စဝီသ – နှစ်ဆဲ့ငါးပါးသော စေတသိက်
၎င်း၊ ဣတိ−ဤသို့၊ ဒွိပညာသ - ငါးဆဲ့နှစ်ပါးဟူ၍၊ ပဝုစ္စရေ−
ဆိုအပ်ကုန်၏။
**၇။ သင်္ဂဟနိဂုံး**
"ဧတ္တာဝတာစ တေရသ အညသမာနာစ၊ ပေယျာလ၊ ဒွိပညာသ ပဝုစ္စရေ"
ကား ပြအပ်ပြီးသော စေတသိက်များကို အကျဉ်းချုပ်ခြင်းနှင့်တကွ နိဂုံးကို
ပြသော သင်္ဂဟ နိဂုံးစကားတည်း။
တေရသ အညသမာနာဖြင့် အညသမာန်း စေတသိက် အကျယ်ကို အကျဉ်း
ချုပ်ပြသည်။
စုဒ္ဒသာကုသလာဖြင့် အကုသိုလ် စေတသိက် အကျယ်ကို အကျဉ်းချုပ်
ပြသည်။
သောဘနာပဉ္စဝီသဖြင့် သောဘန စေတသိက် အကျယ်ကို အကျဉ်းချုပ်
ပြသည်။
ဧတ္တာဝတာ ဣတိ ဒွိပညာသ ပဝုစ္စရေဖြင့် ၅၂ ပါးလုံးကို နိဂုံးအုပ်သည်။
ဤတွင် စေတသိက် ၅၂ ပါး သရုပ်ကို
ထုတ်ပြချက် ပြီး၏။
*လေ့ကျင့်ခဏ်း မေးခွန်းများ*
က။ အကုသလရာသိ စေတသိက်ကို သရုပ် ရေတွက်ပါ။
ခ ။ မောဟ စသော ၁၄ ပါး၏ သဘောကား အဘယ်နည်း။
ဂ ။ သောဘနသာဓာရဏ စေတသိက်ကို သရုပ် ရေတွက်ပြပါ။
ဃ။ သဒ္ဓါ စသော ၁၉ ပါး၏ သဘောကား အဘယ်နည်း။
[ အဟိရိကသည့် အဘယ် သဘောနည်း, သတိသည် အဘယ်
သဘောနည်း စသည်ဖြင့် တခုစီ ခွဲ၍လည်း မေး။]
င ။ အဘယ် သဘောကို ဝိရတိ ဟု ခေါ်သနည်း။
စ ။ သမ္မာဝါစာသည် ဘယ်မှ ရှောင်ကြဉ်သနည်း။
ဆ။ သမ္မာကမ္မန္တသည် ဘယ်မှ ရှောင်ကြဉ်သနည်း။
ဇ ။ သမ္မာအာဇီဝသည် ဘယ်မှ ရှောင်ကြဉ်သနည်း။
ဈ ။ ဘယ်သဘောကို အပ္ပမညာ ဟု ခေါ်သနည်း။
ည ။ ကရုဏာ မုဒိတာတို့သည် ဘယ်သို့ သဘောရှိကြသနည်း။
ဋ ။ ပညိန္ဒြေကို နာမည် ဘယ်သို့ ခေါ်သေးသနည်း။
ဌ ။ ဘယ် စေတသိက် အစုကို သောဘနရာသိ ဟု ခေါ်သနည်း။
ဍ ။ အဘယ့်ကြောင့် သောဘန ဟု ခေါ်သနည်း။
ဎ ။ ဧတ္တာဝတာမှ စ၍ ဒွိပညာသ ပဝုစ္စရေ-တိုင်အောင်သော စကားကို
ဘယ်လို အမည် ခေါ်သနည်း။
## Trang 38
ဣတော – ဤအခါမှ၊ ပရံ − နောက်၌၊
**သမ္ပယောဂနည်း အချီ** စိတ္တာဝိယုတ္တာနံ-စိတ်နှင့် မကွေမကွာ
ယှဉ်ကြကုန်သော၊ တေသံ-ထိုစေတသိက်တို့၏၊ စိတ္တုပ္ပါဒေ
သု - ဥပါဒ်သော စိတ်တို့၌၊ ပစ္စေကံ – အသီး အသီး၊ သမ္ပ
ယောဂေါ – ယှဉ်ပုံ ယှဉ်နည်းကို၊ ယထာယောဂံ - ယှဉ်ထိုက်
သည်အားလျော်စွာ၊ ပဝုစ္စတိ-ဆိုအပ်၏။ (ဆိုပေအံ့-ဟူလို။)
ကထံ-အဘယ်သို့ ယှဉ်ကုန်သနည်း။
**သမ္ပယောဂနည်း**
အချီ ဂါထာ။ ။ဤ "တေသံစိတ္တာဝိယုတ္တာနံ" ဂါထာကား သမ္ပ
ယောဂနည်းကို ပြလို၍ စချီသော ပလ္လင်ခံ စကားတည်း။
စိတ္တုပ္ပါဒေသု - စိတ္တုပ္ပါဒအရ အချို့အရာ၌ စိတ်စေတသိက် နှစ်ပါး
လုံးကို ယူရ၍, အချို့အရာ၌မူ စိတ်ကိုသာ ယူရ၏၊ ဤ၌ စိတ်ကိုသာ ယူ။
[စိတ္တ+ဥပ္ပါဒ။ ဥပ္ပါဒ=ဥပါဒ်သော, ဖြစ်သော+စိတ္တ=စိတ်။]
ပစ္စေကံ သမ္ပယောဂေါ ပဝုစ္စတိ— "မည်သည့် စေတသိက်က မည်မျှ
လောက်သော စိတ်တို့၌ ယှဉ်၏"ဟု အသီးအသီးစေတသိက်တို့၏ စိတ်၌ယှဉ်ပုံ
ယှဉ်နည်းကို ပြမည်'ဟူလို။
ဤ ဂါထာ၌ "တေသံ စိတ္တုပ္ပါဒေသု သမ္ပယောဂေါ"ဟူသော ပုဒ်ကို
အရ " စေတသိက်တို့၏ စိတ်၌ ယှဉ်ပုံ ယှဉ်ဟန်ကို ပြသော နည်းသည် သမ္ပ
ယောဂနည်းတည်း" ဟု မှတ်သားခဲ့ပါ။ [ဤ စေတသိက်ပိုင်းအဆုံး၌ ဆောင်
ပုဒ်နှင့်တကွ အကျယ်ပြအပ်လတ္တံ့။]
ကထံ ။ ။ ကထံ ဟု လာသမျှ၌ ဆိုင်ရာစကားကို အကျယ်၍ ပြလို၍
ပုစ္ဆာထုတ်သည်-ဟုချည်း မှတ်။
**သမ္ပယောဂနည်း** သတ္တ-သဗ္ဗစိတ္တသာဓာရဏ စေတသိက်
**အကျဉ်းချုပ်** ခုနစ်ပါးတို့သည်၊ သဗ္ဗတ္ထ – အလုံးရံသော
စိတ်တို့၌၊ ယုဇ္ဇန္တိ - ယှဉ်ကုန်၏။ ပကိဏ္ဏက ၆ – ပကိဏ်း
စေတသိက် ၆ပါးတို့သည်၊ (သဗ္ဗတ္ထ-အလုံးရံသောစိတ်တို့၌၊)
ယထာယောဂံ – ယှဉ်ထိုက်သည် အားလျော်စွာ၊ ( ယုဇ္ဇန္တိ -
ယှဉ်ကုန်၏၊) စုဒ္ဒသ - ၁၄ ပါးသော အကုသိုလ် စေတသိက်
တို့သည်၊ အကုသလေသွေဝ – အကုသိုလ်စိတ်တို့၌ သာလျှင်၊
(ယထာယောဂံ-စွာ၊ ယုဇ္ဇန္တိ-ကုန်၏၊) သောဘနာ-သောဘန
စေတသိက် ၂ ၅ ပါးတို့သည်၊ သောဘနေသွေဝ - သောဘန
စိတ်တို့၌သာလျှင်၊ (ယထာယောဂံ-စွာ၊ ယုဇ္ဇန္တိ-ကုန်၏၊)
**သဗ္ဗစိတ္တသာဓာရဏ** တာဝ – ပကိဏ်းစေတသိက်
**စေတသိက် သမ္ပယောဂနည်း**. စသည်တို့မှရှေးဥုးစွာ၊(နိဒ္ဒိဋ္ဌာ-
ညွှန်ပြအပ် ကုန်သော၊ ) သဗ္ဗစိတ္တသာဓာရဏာ - သဗ္ဗစိတ္တ
သာဓာရဏမည်ကုန်သော၊ သတ္တ – ခုနှစ်ပါးကုန်သော၊ ဣမေ
**သမ္ပယောဂနည်းအချုပ်။** ။ဤ"သတ္တ သဗ္ဗတ္ထ ယုဇ္ဇန္တိ "ဂါထာကား
သမ္ပယောဂနည်းကို အကျဉ်းချုပ် ခေါင်းစဉ်ပြသော ဥဒ္ဒေသဂါထာတည်း၊
နောက်၌ ဤအကျဉ်းချုပ်ခေါင်းစဉ်အတိုင်း အကျယ်ပြလိမ့်မည်။
သတ္တ သဗ္ဗတ္ထ ယုဇ္ဇန္တိမှ သဗ္ဗတ္ထ ပုဒ်ကို ယထာယောဂံ ပကိဏ္ဏကာ၌
လိုက်၍ အနက်စေ နက်ပေး၊ " ပကိဏ်း စေတသိက် တို့သည် အလုံးစုံသော စိတ်၌
ထိုက်သလို ယှဉ်ကုန်၏"ဟူလို၊ ယထာယောဂံနှင့် ယုဇ္ဇန္တိ ကိုလည်း နောက်နောက်
ဝါကျများ၌ လိုက်၍ အနက်ပေး။
## Trang 39
စေတသိကာ – ဤ စေတသိက် တို့ကို၊ *သဗ္ဗေသုပိ* – အလုံးစုံ
လည်း ဖြစ်ကုန်သော၊ *ဧကူနနဝုတိစိတ္တုပ္ပါဒေသု* – တခုယုတ်
ကိုးဆယ်သောစိတ်တို့၌၊ *လဗ္ဘန္တိ*–ရအပ်ကုန်၏၊ (ယှဉ်ကုန်၏-
ဟူလို။)
*ပကိဏ်းစေတသိက်* ၁၊ *ပန* - အမှတ်တစ်ပါးကား၊ *ပကိဏ္ဏကေ
သမ္ပယောဂ*နည်း သု-ပကိဏ်းစေတသိက်တို့တွင်၊ တာဝ-
ဝိစာရစသည်တို့မှ ရှေးဥုးစွာ၊ ( *နိဒ္ဒိဋ္ဌေ*–ညွှန်ပြအပ်သော၊ )
*ဝိတက္ကော* – ဝိတက်သည်၊ *ဒွိပဉ္စဝိညာဏ ဝဇ္ဇိတကာမာဝစရ
စိတ္တေသုစေဝ* – ဒွေ *ပဉ္စဝိညာဏ်* ၁ဝ သည် ကြဉ်အပ်သော
ကာမစိတ် ၄၄ ပါးတွို၎င်း၊ *ဧကာဒသသု*- ၁၁ ပါးကုန်သော၊
*ပဌမဈာနစိတ္တေသု* – ပဌမဈာန်စိတ်တို၎င်း၊ *ဣတိ* - ဤသို့၊ ပဉ္စ
ပညာသစိတ္တေသု- ၅ ၅ ပါးသော စိတ်တို့၌၊ *ဥပ္ပဇ္ဇတိ*-ဖြစ်၏။
***အညသမာန်းသမ္ပယော*ဂနည်း**
သဗ္ဗစိတ္တသာဓာရဏ သမ္ပယောဂနည်း။ ။သဗ္ဗစိတ္တ သာဓာရဏာ
တာဝ စသော စကားဖြင့် " *သတ္တ သဗ္ဗတ္ထ ယုဇ္ဇန္တိ* " ဟူသော အကျဉ်းကို
အကျယ်ပြသည်၊ နောက်၌လည်းဤနည်းချည်းတည်း၊ ဤစကားဖြင့်"သဗ္ဗစိတ္တ
သာဓာရဏ စေတသိက် ၇ ပါးသည် စိတ်တခုယုတ် ကိုးဆယ် အကျယ်
၁၂၁ ပါး၌ ယှဉ်၏" ဟု မှတ်။
*ပကိဏ်းစေတသိက် သမ္ပယောဂနည်း*။ ။ပါဠိရှိတိုင်းပင် မည်သည့်
စေတသိက်က မည်မျှသောစိတ်၌ ယှဉ်ကြောင်းမှာ သိသာသော်လည်း……
၁။ ဝိတက်သည် ဒွေပဉ္စဝိညာဏ် ၁ဝ ကြဉ်သောကာမစိတ် ၄၄, ပဌမ
ဈာန် ၁၁, ပေါင်း ၅၅ ပါးသော စိတ်တို့၌ ယှဉ်၏။
၂။ ပန-အမှတ်တစ်ပါးကား၊ *ဝိစာရော*–ဝိစာရသည်၊ *တေသု
စေဝ-*ထို ဝိတက်ယှဉ်ရာ ၅ ၅ ပါးသော စိတ်တို၎င်း၊ *ဧကဒသ
သု* - ကုန်သော၊ *ဒုတိယဇ္ဈာနစိတ္တေသု* - ဒုတိယဈာန် စိတ်တွို
၎င်း၊ *ဣတိ* - ဤသို့၊ *ဆသဋ္ဌိစိတ္တေသု* – ၆ ၆ ပါးသောစိတ်တို့၌၊
( *ဥပ္ပဇ္ဇတိ*–၏။ ) [သင်္ချာပုဒ်တို့၏ နောက်၌ ဣတိသဒ္ဒါ ပါလျှင်
"သည်-ဖြင့်-၌" ဟု ဝိဘတ်နက်သံ· မပါစေဘဲ "စိတ်တို့၎င်း"
ဟု အနက်သုံးရိုးရှိ သည်။]
၃။ *အဓိမောက္ခော* - အဓိမောက္ခသည်၊ ဒွိပဉ္စဝိညာဏဝိစိ
ကိစ္ဆာသဟဂတဝဇ္ဇိတစိတ္တေသု - ဒွေးပဉ္စဝိညာဏ် ၁၀, ဝိစိ
ကိစ္ဆာ ၁ သဟဂုတ် စိတ်သည် ကြဉ်အပ်သော ၇၀ ပါးသော
စိတ်တို့၌၊ (*ဥပ္ပဇ္ဇတိ*–၏။)
၄။ *ဝီရိယံ* - ဝီရိယသည်၊ ပဉ္စဒွါရာဝဇ္ဇန ဒွိပဉ္စဝိညာဏ
သမ္ပဋိစ္ဆန သန္တီရဏဝဇ္ဇိတစိတ္တေသု-ပဉ္စဒွါရာဝဇ္ဇန်း, ဒွေးပဉ္စ
ဝိညာဏ်, သမ္ပဋိစ္ဆန, သန္တီရဏသည် ကြဉ်အပ်သော ၇ ၃
ပါးသော စိတ်တို့၌၊ (*ဥပ္ပဇ္ဇတိ*–၏။)
၂။ ဝိစာရသည် ဝိတက်ယှဉ်ရာစိတ် ၅၅, ဒုတိယဈာန်စိတ် ၁၁, ပေါင်း
၆၆ ပါးသောစိတ်၌ ယှဉ်၏။
၃။ အဓိမောက္ခသည် စိတ်တခုယုတ်ကိုးဆယ်တွင် ဒွေပဉ္စဝိညာဏ် ၁၀,
ဝိစိကိစ္ဆာသဟဂုတ် ၁ ကို ကြဉ်၍ ၇၈ ပါးသော စိတ်၌ ယှဉ်၏။
၄။ ဝီရိယသည် ပဉ္စဒွါရာဝဇ္ဇန်း ၁, ဒွေပဉ္စဝိညာဏ် ၁ဝ, သမ္ပဋိစ္ဆန ၂,
သန္တီရဏ ၃ ကို ကြဉ်၍ ကြွင်း ၇၃ ပါးသော စိတ်၌ ယှဉ်၏။
## Trang 40
၅၊ ပီတိ – ပီတိသည်၊ ဒေါမနဿုပေက္ခာ သဟဂတ ကာယဝိညာဏ စတုတ္ထဈာန ဝဇ္ဇိတစိတ္တေသု - ဒေါသမူဒွေး, ဥပေက္ခာ သဟဂုတ်စိတ် ၅ ၅, ကာယဝိညာဏ်ဒွေး, စတုတ္ထ ဈာန် ၁၁ သည် ကြဉ်အပ်သော ၅ ၁ ပါးသောစိတ် တို့၌၊ (ဥပ္ပဇ္ဇတိ-၏။ )
၆။ ဆန္ဒော − ဆန္ဒသည်၊ အဟေတုက မောဟမူ ဝဇ္ဇိတ စိတ္တေသု-အဟိတ်စိတ် ၁၈, မောဟမူဒွေးသည်ကြဉ်အပ်သော တခုယုတ် ခုနစ်ဆယ်သော စိတ်တို့၌ ၊ ( ဥပ္ပဇ္ဇတိ-၏။ ) ဣတိ- ပကိဏ်းစေတသိက်တို့ ဤသို့ယှဉ်ကုန်၏။
သင်္ဂဟ
၇ ။ ပန - အကျဉ်းချုပ်ကား၊ ပကိဏ္ဏကဝိဝဇ္ဇိတာ – ပကိဏ်းစေတသိက်သည် ကြဉ်အပ်ကုန်သော၊ တေ စိတ္တုပ္ပါဒါ – ထို စိတ်တို့သည်၊ ယထာက္ကမံ – အကြင် အကြင် အစဉ်ရှိတိုင်း၊ ဆသဋ္ဌိ – ၆ ၆ ပါးသည်၎င်း၊ ပဉ္စပညာသ – ၅ ၅ ပါးသည်၎င်း၊ ဧကာဒသ-၁၁ ပါးတို့သည်၎င်း၊ သောဠသ- ၁၆ ပါးတို့သည်၎င်း၊ သတ္တတိ-၇ဝ သည်၎င်း၊ ဝီသတိစေဝ– ၂၀ သည်၎င်း၊ (ဟောန္တိ-ကုန်၏။)
၅။ ပီတိသည် စိတ် ၁၂၁ တွင် ဒေါသမူ ၂, ဥပေက္ခာသဟဂုတ် ၅၅, ကာယဝိညာဏ် ၂, စတုတ္ထဈာန်စိတ် ၁၁, ပေါင်း ၇ဝ ကြဉ်၍ ကြွင်း ၅၁ပါး၌ ယှဉ်၏၊ [သုခသဟဂုတ် ၆၃ ခုတွင် သုခသဟဂုတ်ကာယဝိညာဏ် ၁ နှင့် စတုတ္ထဈာန်စိတ် ၁၃ မှ တပါး ကျန် သုခသဟဂုတ်များတည်း။]
၆။ ဆန္ဒသည် အဟိတ်စိတ် ၁၈, မောဟမူစိတ် ၂ ကြဉ်၍ ကြွင်းတခုယုတ် ခုနစ်ဆယ်သောစိတ်၌ယှဉ်၏။.. ဤသို့ မြန်မာစကားပြင်အတိုင်း ခွဲတတ်ပါစေ။
သပကိဏ္ဏကာ - ပကိဏ်းစေတသိက်နှင့် တကွ ဖြစ်ကုန် သော၊ (တေစိတ္တုပ္ပါဒါ – တို့သည်၊ ယထာက္ကမံ-တိုင်း၊) ပဉ္စ
ပညာသ- ၅ ၅ ပါးသည်၎င်း၊ ဆသဋ္ဌိ-၆၆ ပါးသည်၎င်း၊ အဋ္ဌ
သတ္တတိ-၇ ၈ ပါးသည်၎င်း၊ တိသတ္တတိ-၇၃ ပါးသည်၎င်း၊ ဧက
ပညာသစ-၅၁ ပါးသည်၎င်း၊ ဧကူနသတ္တတိ-တယုတ် ခုနစ်ဆယ်သည်၎င်း၊ (ဟောန္တိ-ကုန်၏။)
၇။ သင်္ဂဟဂါထာ။ ။" တေပန စိတ္တုပ္ပါဒါ ယထာက္ကမံ နှင့် တကွ ဆသဋ္ဌိ ပဉ္စပညာသ" စသော နှစ်ဂါထာ တို့ကား အကျဉ်းချုပ် ပြသော ဂါထာတို့တည်း၊ ထိုတွင် ရှေ့ဂါထာဖြင့် ပကိဏ်းစေတသိက်တို့ အစဉ်အ တိုင်း ကြဉ်အပ်သော စိတ်များကိုပြသည်။ [ပကိဏ္ဏကဝိဝဇ္ဇိတာကို သတိပြု။] နောက်ဂါထာဖြင့် ပကိဏ်းစေတသိက်ကို ယှဉ်ရာ စိတ်များကို ပြသည်၊ [သပကိဏ္ဏကာကို ကြည့်။]
|    | အကျဉ်း  | အကျယ်  |
| ဝိတက်      | ဆသဋ္ဌိ   | ပဉ္စပညာသ  |
| ဝိစာရ       | ပဉ္စပညာသ  | ဆသဋ္ဌိ         |
| အဓိမောက္ခ  | ဧကာဒသ    | အဋ္ဌသတ္တတိ     |
| ဝီရိယ   | သောဠသ     | တိသတ္တတိ     |
| ပီတိ      | သတ္တတိ     | ဧကပညာသ     |
| ဆန္ဒ    | ဝီသတိ       | ဧကူနသတ္တတိ     |
ထိုတွင် ဆသဋ္ဌိ စသော သင်္ချာသည် စိတ်အကျဉ်း သင်္ချာလော, စိတ် အကျယ် သင်္ချာလော ဟု စဉ်းစားရာ၏၊ လောကုတ္တရာ အားလုံး၌ ယှဉ်နိုင် သော စေတသိက်အတွက် စိတ်အကျဉ်း သင်္ချာကို ပြသည်။ [ အဓိမောက္ခ
## Trang 41
ဝီရိယ ဆန္ဒ တိုတည်း။ ] လောကုတ္တရာစိတ် အချို့၌သာ ယှဉ်နိုင်သော စေတသိက် များအတွက် ( အကျယ်ချပြမှ သိသာမည် ဖြစ်သောကြောင့် ) စိတ်အကျယ် သင်္ချာကို ပြသည်။ [ ဝိတက် ဝိစာရ ပီတိ တို့တည်း။] ဆဋ္ဌသ
စသော သင်္ချာတို့၏ သင်္ချေယျ ( သရုပ် ) ကို အကျယ် စုဏ္ဏိယကြည့်၍ ရေတွက်လေ။
သမ္ပယောဂနည်း ၇။ ။သဗ္ဗစိတ္တသာဓာရဏ စေတသိက်တို့၏ယှဉ်ပုံ ယှဉ်ဟန်က တနည်း, ဝိတက်စသော ပကိဏ်းစေတသိက် ၆ ပါးတို့၏ ယှဉ်ပုံ ယှဉ်ဟန်က အသီးအသီး ၆ နည်း ဖြစ်၍ အညသမာန်း စေတသိက်စုအတွက် သမ္ပယောဂနည်း ၇ နည်း ရှိသည် ဟု မှတ်။
လေ့ကျင့်ခဏ်းမေးခွန်းများ
က။ တေသံစိတ္တာဝိယုတ္တာနံ - ဂါထာသည် ဘာကိုပြသော ဂါထာနည်း, ထို ဂါထာကို အနက်ပေးပါ။
ခ ။ အဘယ်နည်းမျိုးကို သမ္ပယောဂနည်းဟု ခေါ်သနည်း။
ဂ ။ သတ္တသဗ္ဗတ္ထယုဇ္ဇန္တိ - ဂါထာသည် ဘာကို ပြသော ဂါထာနည်း, ထို ဂါထာကို အနက်ပေးပါ။
ဃ။ သဗ္ဗစိတ္တသာဓာရဏ စေတသိက်တို့သည် မည်မျှလောက်သော စိတ်၌ ယှဉ်သနည်း။
င ။ ဝိတက်သည် မည်မျှလောက်သော စိတ်၌ ယှဉ်သနည်း,ပါဠိကိုရွတ်ပြပါ။
[ဝိစာရ စသော ၅ ပါးကိုလည်း မေးလေ။]
စ ။ တေပနစိတ္တုပ္ပါဒါ စသော စကားများကို အဘယ်သို့ နာမည်. ခေါ်သ နည်း, အနက်ပေးပါ။
ဆ။ ရှေဂါထာက ဘာကို ပြ၍, နောက် ဂါထာက ဘာကို ပြသနည်း။
ဇု။ ရွှေ ဂါထာလာ ဆဋ္ဌသ စသော သင်္ချာတို့၏ သင်္ချေယျ (သရုပ်)ကို ရေတွက်ပြပါ။
[ ၁ - ၂ - ၃ စသော အရေအတွက်ကို _သင်္ချာ_ ဟု ခေါ်၏, ထိုသို့ ရေတွက်အပ်သော သရုပ်ကို သင်္ချေယျ ဟု ခေါ်သည်။]
ဈ။ နောက် ဂါထာလာ **ပဉ္စပညာသ** စသော သင်္ချာတို့၏ သင်္ချေယျကို ရေ တွက်ပြပါ။
ည။ အညသမာန်း စေတသိက်၏ သမ္ပယောဂနည်း မည်မျှ ရှိသနည်း။
စ က် လှ ည့် ခွဲ ပုံ
ဋ ။ ဝိတက်၏ ယှဉ်ရာသာ ဖြစ်၍ ဝိစာရ၏ ယှဉ်ရာ မဟုတ်သောစိတ် ရှိ သလော။
ဌ ။ ဝိစာရ၏ ယှဉ်ရာသာ ဖြစ်၍ ဝိတက်၏ ယှဉ်ရာ မဟုတ်သောစိတ် မည်မျှ ရှိသနည်း။
ဍ ။ ဝိတက် ဝိစာရ နှစ်ပါးစုံ ယှဉ်ရာစိတ်ကား မည်မျှနည်း။
ဎ ။ နှစ်ပါးစုံ ယှဉ်ရာ မဟုတ်သော စိတ်ကား မည်မျှနည်း။
[ဤ နည်းအတိုင်း ဝိတက်ကို မူတည်, အဓိမောက္ခကို. မူလီသွတ်၍ခွဲ, ထို့နောက် ဝိစာရစသည်ကို မူတည်, အဓိမောက္ခ စသည်ကို မူလီ သွတ်လျက် လေးချက်လှည့်၍ ခွဲပြလေ၊ စာသင်သားကို ဥာဏ်မှာ သိပ်ရှုပ်ပုံရလျှင်လည်း ခွဲမပေးနှင့်, နောင်အခါ အလိုအလျောက် နားလည်လာလိမ့်မည်။]
အညသမာန်း **သမ္ပယောဂနည်း ပြီး၏။**
## Trang 42
အကုသိုလ် စေတသိက် ၁။ ပန-အတ္တိ တပါးကား၊ အကုသလေ
သမ္ပယောဂည်း သု - အကုသိုလ် စေတသိက် တို့တွင်၊
မောဟော – မောဟ၎င်း၊ အဟိရိကံ-၎င်း၊ အနောတ္တပ္ပံ − ၎င်း၊
ဥဒ္ဓစ္စံ-၎င်း၊ ဣတိ-ဤသို့၊ စတ္တာရော-လေးပါးကုန်သော၊ ဣမေ
စေတသိကာ-ဤ စေတသိက်တို့သည်၊ သဗ္ဗာကုသလ သာဓာ
ရဏာနာမ – အလုံးရံသော အကုသိုလ်စိတ် တို့နှင့် ဆက်ဆံ
သော စေတသိက်တွဲ မည်၏၊ [ သဗ္ဗေသုပိ-အလုံးရံလည်း ဖြစ်
ကုန်သော၊ ဒွါဒသာ ကုသလေသု – တဆယ့် နှစ်ပါးသော
အကုသိုလ်စိတ်တို့၌၊ လဗ္ဘန္တိ - ရအပ်ကုန်၏။]
၂။ လောဘော – လောဘကို၊ အဋ္ဌသု - ရှစ်ပါးကုန်သော၊
လောဘသဟဂတ စိတ္တေသွေဝ− လောဘသဟဂုတ် စိတ်တို့၌
သာလျှင်၊ လဗ္ဘတိ-ရအပ်၏။
၃။ ဒိဋ္ဌိ - ဒိဋ္ဌိကို၊ စတူသု - လေးပါးကုန်သော၊ ဒိဋ္ဌိဂတ
သမ္ပယုတ္တေသု ဧဝ - ဒိဋ္ဌိဂတ သမ္ပယုတ် စိတ် တို့၌ သာလျှင်၊
(လဗ္ဘတိ-၏။) [ ဧဝသဒ္ဒါနှင့် လဗ္ဘတံကို ဝါကျတိုင်းလိုက်။]
၄။ မာနော – မာနကို၊ စတူသု-ကုန်သော၊ ဒိဋ္ဌိဂတဝိပ္ပယု
တ္တေသုဧဝ-ဒိဋ္ဌိဂတ ဝိပ္ပယုတ်စိတ်တို့၌သာလျှင်။ လဗ္ဘတိ-၏။
၅။ ဒေါသော-ဒေါသ၎င်း၊ ဣဿာ-၎င်း၊ မစ္ဆရိယံ-၎င်း၊
ကုက္ကုစ္စံ-၎င်း၊ ဣတိ-ဤ စေတသိက်တို့ကို၊ ဒွိသု – နှစ်ပါးကုန်
အကုသိုလ်စေတသိက် သမ္ပယောဂည်း။ ။ [မည်သည့် စေတသိက်
က မည်သည့်စိတ်၌ ယှဉ်ကြောင်းမှာ ပါဠိသွားဖြင့် ထင်ရှားပြီ။ ]
သော၊ ပဋိဃသမ္ပယုတ္တစိတ္တေသုဧဝ – ပဋိဃ သမ္ပယုတ်စိတ်
တို၌သာလျှင်၊ (လဗ္ဘန္တိ-ကုန်၏။)
၆။ - ထိနမိဒ္ဓံ - ထိနမိဒ္ဓကို၊ ပဉ္စသု – ငါးပါးကုန်သော၊
သသင်္ခါရိက စိတ္တေသုဧဝ - သသင်္ခါရိက စိတ်တို့၌ သာလျှင်၊
(လဗ္ဘတိ-၏။)
၇။ ဝိစိကိစ္ဆာ – ဝိစိကိစ္ဆာကို၊ ဝိစိကိစ္ဆာ သဟဂတ
စိတ္တေယေဝ – ဝိစိကိစ္ဆာသဟဂုတ် စိတ်၌သာလျှင်၊(လဗ္ဘတိ-၏။)
၈။ သင်္ဂဟ စတ္တာရော-လေးပါးသော စေတသိက်တို့သည်၊
သဗ္ဗာပုညေသု – အလုံးစုံသော အကုသိုလ်စိတ်
တို့၌၊ ဂတာ-ဖြစ်ကုန်၏၊ တယော – သုံးပါးသော စေတသိက်
တို့သည်၊ လောဘမူလေ – လောဘမူ စိတ်၌သာလျှင်၊ ဂတာ-
ကုန်၏၊စတ္တာရော'လေးပါးသော စေတသိက်တို့သည်၊ဒေါသ
မူလေသု – ဒေါသမူစိတ်တို့၌သာလျှင်၊ ဂတာ – ကုန်၏၊ ဒွယံ-
ထိနမိဒ္ဓနှစ်ပါးအပေါင်းသည်၊ သသင်္ခါရေ−သသင်္ခါရိက စိတ်
ငါးပါး၌သာလျှင်၊ ဂတံ-၏၊ တထာ – ထိုမှတပါး၊ ဝိစိကိစ္ဆာ-
ဝိစိကိစ္ဆာ စေတသိက်သည်၊ ဝိစိကိစ္ဆာ စိတ္တေစ-ဝိစိကိစ္ဆာ
သဟဂုတ်စိတ်၌ သာလျှင်၊ ဂတာ - ဖြစ်၏၊ ဣတိ - ဤသို့၊
စုဒ္ဒသ - တဆဲ့ လေးပါးသော အကုသိုလ် စေတသိက်
၈။ သင်္ဂဟဂါထာ။ ။သဗ္ဗာ ပုညေသုစတ္တာရော စသည်၌ စတ္တာရော
စသော သင်္ချာတို့၏ သင်္ချေယျကို စုဏ္ဏိယ အကျယ်ကြည့်၍ ကောက်ပြလေ။
## Trang 43
တို့သည်၊ ဒွါဒသာ ကုသလေသွေဝ – တဆဲ့ နှစ်ပါးသော
အကုသိုလ် စိတ်တို့၌သာလျှင်၊ ပဉ္စာ-ငါးပါးအပြားအားဖြင့်၊
သမ္ပယုဇ္ဇန္တိ-ယှဉ်ကုန်၏။
သမ္ပယုဇ္ဇန္တိ ပဉ္စဓာ။ ။ ဤ ပါဌ်ဖြင့် အကုသိုလ် စေတသိက်တို့၏
သမ္ပယောဂနည်း ၅ နည်း ရှိသည်ဟု ပြသည်။
၁။ သဗ္ဗာပုညေသု စတ္တာရော—အရ သမ္ပယောဂနည်း တနည်း။
၂။ လောဘမူလေ တယောဂတာ-အရ ................................... တနည်း။
[လောဘသည် လောဘမူစိတ် ဂ ပါးလုံး၌ ယှဉ်၏၊ ဒိဋ္ဌိသည် လောဘမူ
သမ္ပယုတ် ၄ ၌သာ ယှဉ်၏၊ မာနသည် လောဘမူ ဝိပ္ပယုတ် ၄ ၌သာ ယှဉ်၏၊
ဤသို့ ယှဉ်ပုံမတူသော်လည်း ယှဉ်ရာစိတ်မှာ လောဘမူစိတ်ချည်းသာဖြစ်၍
သမ္ပယောဂ တနည်းတည်း ဟု ကျမ်းဆရာ ယူထားသည်။]
၃။ ဒေါသမူလေသု စတ္တာရော'အရ..........................တနည်း။
၄။ သသင်္ခါရိကေသု ဒွယံ-အရ ...........................တနည်း။
၅။ ဝိစိကိစ္ဆာ ဝိစိကိစ္ဆာသဟဂတစိတ္တေ-အရ............................တနည်း။
ဤသို့ သမ္ပယောဂနည်း ၅ နည်း ရှိသည်။
လေ့ကျင့်ခဏ်း မေးခွန်းများ
က။ သဗ္ဗာ ပုညေသု စတ္တာရော စသည်ကို ဘာ ဂါထာ ခေါ်သနည်း,
အနက်ပေးပါ။
ခ ။ စတ္တာရော'အရ သရုပ်ကောက်၍ ဆိုင်ရာ ပါဠိ အကျယ်ကို ရွတ်ပါ။
ဂ ။ တယော- အရ သရုပ်ကောက်၍ ပါဠိအကျယ်ကို ချွတ်ပြပါ။
ဃ။ ဒေါသမူလေသု စတ္တာရော'အရ သရုပ်ကောက်၍ ပါဠိ အကျယ်ကို
ရွတ်ပါ။
င ။ သသင်္ခါရိကေသု ဒွယံ- သရုပ်ကောက်၍ ပါဠိ အကျယ်ကို ရွတ်ပါ။
စ ။ အကုသိုလ် စေတသိက်တို့၏ သမ္ပယောဂ ၅ နည်းကို ရေတွက်ပါ။
စက်လှည့်ခွဲ ပုံ
ဆ။ မောဟ၏ ယှဉ်ရာသာဖြစ်၍ လောဘ၏ ယှဉ်ရာ မဟုတ်သော စိတ်
မည်မျှနည်း။
ဇ ။ လောဘ၏ ယှဉ်ရာသာဖြစ်၍ မောဟ၏ ယှဉ်ရာ မဟုတ်သော စိတ်
ရှိသလော။
ဈ ။ နှစ်ပါးစုံယှဉ်ရာ မဟုတ်သောစိတ် မည်မျှနည်း, သရုပ်ရေတွက်ပါ။
[ ဤနည်းအတိုင်း မောဟကို မူတည်ကာ ဒိဋ္ဌိ မာန မှစ၍ . ဝိစိကိစ္ဆာ
တိုင်အောင် မူလီသွတ်၊ ထိုနောက် လောဘ စသည်ကို မူတည်၍ ဒိဋ္ဌိ
စသည်ကို မူလီသွတ်၍ခွဲ၊ ယှဉ်ရာ စိတ်ချင်း တူနေလျှင် ထပ်၍ မူတည်ခြင်း,
မူလီသွတ်ခြင်း မပြုနှင့်၊ ဥပမာ−မောဟကို မူတည်လျှင် အဟိရိက စသည်ကို
မူလီမသွတ်နှင့် ထပ်၍လည်း မူတည်မနေနှင့်, ဒေါသကို ့မူလီ သွင်းပြီးလျှင်
ဣဿာမစ္ဆရိယ ကုက္ကုစ္စကို ထပ်၍ မူလီမသွတ်နှင့်,ထပ်၍မူလီသွတ်သော်
လည်း သရုပ်အရ ထူးတော့မည် မဟုတ်။ ]
အကုသိုလ် စေတသိက်များ၏ သမ္ပယောဂနည်း
## Trang 44
သောဘနစေတသိက် ၁။ ပန-အဘွို တပါးကား၊ သောဘနေ
သမ္ပယောဂနည်း သု – သောဘန စေတသိက် တို့တွင်၊
တာဝ-ဝိရတိ စသည်တို့မှ ရှေးဦးစွာ၊ (နိဒ္ဒိဋ္ဌာ – ကုန်သော၊)
သောဘန သာဓာရဏာ – သောဘန သာဓာရဏ မည်ကုန်
သော၊ ဧကူနဝီသတိ – တခုယုတ်နှစ်ဆယ်သော၊ ဣမေစေတ
သိကာ - ဤ စေတသိက်ဆိုသည်၊ သဗ္ဗေသုပိ-အလုံးရံလည်း
ဖြစ်ကုန်သော၊ ဧကူန သဋ္ဌိသောဘန စိတ္တေသု - တခုယုတ်
ခြောက်ဆယ်သော သောဘနစိတ်တို့၌၊ သံဝိဇ္ဇန္တိ - ရှိကုန်၏၊
(ယှဉ်ကုန်၏-ဟူလို။)
၂။ ပန-ကား၊ တိဿောပိ – သုံးပါးလည်း ဖြစ်ကုန်သော၊
ဝိရတိယော – ဝိရတိ စေတသိက်တို့ကို၊ လောကုတ္တရ စိတ္တေ
သု – လောကုတ္တရာစိတ်တို့၌၊ သဗ္ဗထာပိ- [ဒုစရိုက် ဒုရာဇီဝ,
ဟူသမျှကို တစ မချန်, ပယ်လှန် ရှောင်ရှား] အလုံးရံသော
အပြားအားဖြင့်၊ နိယတာ-အမြဲ ယှဉ်ကုန်လျက်၊ ဧကတောဝ-
တပြိုင်နက်ထည်း ပင်လျှင်၊ လဗ္ဘန္တိ-ရအပ်ကုန်၏။
သောဘနစေတသိက် သမ္ပယောဂနည်း
၁။ သောဘနသာဓာရဏ စေတသိက် ၁၉ သည် သောဘနစိတ်
အကျဉ်းတခုယုတ် ၆ဝ (အကျယ် ၉၁) ၌ ယှဉ်၏။
၂။ ဝိရတိယော ၊ ပေ ၊ လဘန္တိ - ဝိရတိစေတသိက် ၃ ပါးတို့သည်
လောကုတ္တရာ စိတ်တို့၌ ယှဉ်ရာဝယ်, .
(သဗ္ဗ ထာ ပိ — ဖြင့် ကာယ ဒုစရိုက် ဝစီဒုစရိုက် ဒုရာဇီဝ ဟူသမျှတို့မှ .
အကုန်အစဉ် ရှောင်ကြဉ်သောအားဖြင့် ယှဉ်ပုံကိုပြ၏။ [ သတ် ဖြတ် ခိုး ဝှက်
ခြင်း စသည်ကို ပြုလျက် မတရား အသက်မွေးမှုကို "ဒုရာဇီဝ" ဟု ခေါ်၏။ ]
ပန'ကား၊ လောကိယေသု-လောကီစိတ်တို့တွင်၊ ကာမာ
ဝစရ ကုသလေသွေဝ - ကာမာဝစရ ကုသိုလ်စိတ်တို့၌သာ
လျှင်၊ ကဒါစိ – [ဒုစရိုက်, ဒုရာဇီဝတ္ထိမှ ရှောင်ကြဉ်ခိုက်သော]
တရံတခါ၌၊ ဝိသုံ - [ သုံးပါးမတွဲ့, တကွဲတပြား] သီးခြား၍
သီးခြား၍၊ ဒိဿန္တိ-ထင်ကုန်၏၊ (ယှဉ်ကုန်၏)
(နိယ တာ'ဖြင့် လောကုတ္တရာစိတ် ဖြစ်တိုင်း ဖြစ်တိုင်း အမြဲယှဉ်လျက်
ပါသည်ဟု ပြ၏။)
(ဧကတောဝ - ဖြင့် သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ ၃ ပါးလုံး
တပြိုင်နက် အတူတကွ ယှဉ်ကြသည် ဟု ပြသည်၊ သဗ္ဗထာပိ
ဧကတောတို့၏ ထူးခြားပုံကို ဘာသာဋီကာ၌ ဆိုထားပြီ။
[ဆောင်] သဗ္ဗထာပိ-သဒ္ဒါရှိက, ဒုစရိစုံ, ကုန်သိမ်းခြုံ၍, ရှောင်ပုံကိုမျှ
ဓိပ္ပါယ် ပြ၏, တကွယှဉ်ပုံ,မပြတုံခဲ့၊ဧကတော- က,သဘောပြ
မှာ, တကွစုံယှဉ်,ကုန်မကြဉ်သည်,ယူအင် ဤသို့ ကွဲသတည်း။
လောကိယေသုပန၊ ပေ၊ ဝိသုံ ဝိသုံ'လောကီစိတ်တို့တွင်ကား ကာမာ
ဝစရကုသိုလ်စိတ်၌သာ ဝိရတိ ယှဉ်သည်၊ ထိုသို့ ယှဉ်ရာဝယ်
ကဒါစိ – ဒုစရိုက် ဒုရာဇီဝတ္ထိမှ ရှောင်ကြဉ်ရာ တရံတခါသာ ယှဉ်သည်။
[လောကုတ္တရာစိတ်၌ ကဲ့သို အမြဲ မယှဉ် ဟု ရွှေဝါကျက "နိယတာ " ကို
စောင်းသော စကားတည်း၊] ထို့ကြောင့် ဘုရားဖူး တရားနာ စသည်ဖြင့်
မဟာကုသိုလ်စိတ်တွေ ဖြစ်နေသော်လည်း ရှောင်ကြဉ်မှု သဘော မပါ,
ရှောင်ကြဉ်စရာ ဒုစရိုက် မရှိသောကြောင့် ဝိရတိစေတသိက်များ ယှဉ်လျက်
မပါချေ။
ဝိ သုံ ဝိ သုံ — ထိုသို့ တရံတခါ ယှဉ်ပြန်ပါလည်း အသီးအသီး တပါးစီ
တပါးစီသာ ယှဉ်သည်၊ ဝစီ ဒုစရိုက်မှ ရှောင်ကြဉ်၍ သမ္မာဝါစာ ယှဉ်ခိုက်
သမ္မာကမ္မန္တ သမ္မာအာဇီဝတို့ မယှဉ်၊ ကာယဒုစရိုက်မှ ရှောင်ကြဉ်၍ သမ္မာ
## Trang 45
၃။ ပန−ကား။ အပ္ပမညာယော-အပ္ပမညာစေတသိက် တို့
သည်၊ ဒွါဒသသု – တဆဲ့ နှစ်ပါးကုန်သော၊ ပဉ္စမဇ္ဈာနဝဇ္ဇိတ
မဟဂ္ဂတ စိတ္တေသုစေဝ-ပဉ္စမဈာန်စိတ်သည် ကြဉ်အပ်သော
မဟဂ္ဂုတ်စိတ် တွို၎င်း၊ ကာမာဝစရ ကုသလေသုစ - ကာမာ
ဝစရ ကုသိုလ်စိတ်တို၎င်း၊ သဟေတုက ကာမာဝစရ ကြိယ
စိတ္တေသုစ-သဟိတ် ကာမာဝစရ ကြိယာစိတ်တို့၎င်း၊ ဣတိ-
ဤသို့၊ အဋ္ဌဝီသတိ စိတ္တေသွေဝ– ၂၈ ပါးသော စိတ်တို့၌သာ
လျှင်၊ကဒါစိ သတွာပညတ်ကို အာရုံပြု၍ သနားမှု့, ဝမ်းမြော
မှုဖြစ်ရာ တရံတခါ၌၊ နာနာ{ ၂ပါး မတွဲ့, တကွဲတပြား အသီး
အခြားတို့သည်၊ ဟုတွာ-ဖြစ်ကုန်၍၊ ဇာယန္တိ-ဖြစ်ကုန်၏။
ကမ္မန္တ ယှဉ်ခိုက်, ကျန်နှစ်ပါး မယှဉ်။မိစ္ဆာဇီဝမှ ရှောင်ကြဉ်၍ သမ္မာအာဇီဝ
ယှဉ်ခိုက်, ကျန်နှစ်ပါးမယှဉ် ဟူလို၊ [ လောကုတ္တရာစိတ်၌ကဲ့သို့ တပြိုင်နက်
တပေါင်းထည်း မယှဉ်နိုင်ဟု ရှေးဝါကျက " ဧကတော" ကို စောင်းသည်။ ]
ဤ ၂ နံပါတ် ဝါကျအရ ဝိရတိ ၃ ပါးသည် လောကုတ္တရာစိတ် ဂ, မဟာ
ကုသိုလ် ဂ, ပေါင်း ၁၆ ပါးသော စိတ်၌ ယှဉ်၏ ဟု မှတ်ခဲ့ပါ။
၃။ အပ္ပမညာယောပန ၊ ပေ ၊ ဟုတွာ ဇာယ န္တိ — အပ္ပမညာ
စေတသိက် ၂ သည် ပဉ္စမဈာန်စိတ်ကြဉ် မဟဂ္ဂုတ် ၁၂ပါး, မဟာကုသိုလ် ဂ,
မဟာကြိယာ ဂ, ပေါင်း ၂၈ ပါးသောစိတ်၌ ယှဉ်သည်၊ ထိုသို့ ယှဉ်ရာဝယ်,
ကဒါစိ – သတွာပညတ်ကို အာရုံပြု၍ သနားမှု-ဝမ်းမြှောက်မှု ဖြစ်သည့်
အခါသာ ယှဉ်၏၊"ဘုရားစသည်ကို အာရုံပြုသည့်အခါ မယှဉ်နိုင်"ဟူလို။
နာနာ — ထိုကဲ့သို့ တရံတခါ ယှဉ်ပြန်ပါလည်း နှစ်ပါးစုံ၍ မယှဉ်နိုင်
တသီးတခြား တပါးစီ ယှဉ်သည်၊ " ဒုက္ခိတသတွာကို အာရုံပြု၍ . သနားမှု
ပန−ဝါဒအထူး မိန့်ဆိုဦးအံ့၊ ဧတ္ထ-ဤ ၂၈ ပါးသော စိတ်
တို့တွင်၊ ဥပေက္ခာ သဟဂတေသု-ဥပေက္ခာ သဟဂုတ် ဂ ပါး
တို့၌၊ ကရုဏာ မုဒိတာ - ကရုဏာ မုဒိတာ စေတသိက်တို့
သည်၊ န သန္တိ - မရှိကုန်၊ ဣတိ-ဤသို့၊ ကေစိ – အချိုဆရာ
သည်၊ ဝဒန္တိ - ဆိုကြကုန်၏။
၄။ ပန−ကား၊ ပညာ-ပညာစေတသိက်သည်၊ ဒွါဒသသု-
၁၂ ပါး ကုန်သော၊ ဉာဏ သမ္ပယုတ္တ ကာမာဝစရ စိတ္တေသု
စေဝ-ဉာဏသမ္ပယုတ် ကာမာဝစရစိတ်တို၎င်း၊ သဗ္ဗေသုပိ-
အလုံးရံလည်းဖြစ်ကုန်သော၊ ပဉ္စတိံသ မဟဂ္ဂတလောကုတ္တရ
ဖြစ်သည့်အခါ ကရုဏာယှဉ်၍, မုဒိတာ မယှဉ်၊ သုခိတသတွာကို အာရုံပြု၍
ဝမ်းမြောက်မှုဖြစ်သည့်အခါ မုဒိတာသာယှဉ်၍, ကရုဏာ မယှဉ် ဟူလို။
ကေစိဝါဒ။ ။အချို့ဆရာတို့ကား "ထို ၂၀ ပါးတွင် မဟာကုသိုလ်
ဥပေက္ခာသဟဂုတ် ၄, မဟာကြိယာ ဥပေက္ခာသဟဂုတ် ၄, ပေါင်း ဂ ပါး၌
ကရုဏာ မုဒိတာ မယှဉ်ထိုက် " ဟု ဆိုကြ၏။ ထိုဝါဒကို ဘာသာဋီကာ၌
စိစစ်ထားသည်၊ ကျက်မှတ်နှင့်ရန်ကား..
[ဆောင်] လေ့လာပြီးသား, ကျမ်းဂန်များကို, မထားသတိ, ရွတ်နိုင်ဘိသို,
*မုဒိ* *ကရုဏာ*, ဘာဝနာ၏, အပ္ပနာ ရွှေတန်း, ကမ္မဋ္ဌာန်း၌
*စီးဖြန်းဝါး*, ဝ, *အသား ကျက*, *သောမန ဥပေက်*, လှည့်စီ
ဖြစ်ကြောင်း, ရှိစကောင်းမို့, ၎င်းဝါဒ, ကေစိပြဟု,အောက်ချ
ထေရ်ရှင် မိန့်သတည်း။
၄။ ပညာ၊ ပေ ၊ သမ္ပယောဂံ ဂစ္ဆ တိ-ပညာစေတသိက်သည် ဉာဏ
သမ္ပယုတ် ကာမာဝစရစိတ် ၁၂, မဟဂ္ဂုတ်လောကုတ္တရာစိတ် ၃၅, ပေါင်း
## Trang 46
စိတ္တေသုစ - ၃၅ ပါးသော မဟဂ္ဂုတ် လောကုတ္တရာစိတ်တို့၎င်း၊ ဣတိ-ဤသို့၊ သတ္တစတ္တာလီသ စိတ္တေသု-၄၇ ပါးသော
စိတ်တို့၌၊ *သမ္ပယောဂံ* – ယှဉ်ခြင်းသို့၊ *ဂစ္ဆတိ* - ရောက်၏၊ ဣတိ-သောဘနစေတသိက်တို့ ဤသို့ ယှဉ်ကုန်၏။
၅။ *သင်္ဂဟ* ဧကူနဝီသတိ - တခုယုတ် နှစ်ဆယ်သော၊ *ဓမ္မာ*-သဘောတရားတို့သည်၊ဧကူနသဋ္ဌိသု-တခုယုတ် ခြောက်ဆယ်သောစိတ်တို့၌၊ *ဇာယန္တိ*-ဖြစ်ကုန်၏၊ တယော-သုံးပါးသောစေတသိက်တို့သည်၊ *သောဠသစိတ္တေသု*-၁၆ ပါး သောစိတ်တို့၌၊ *ဇာယန္တိ*-ကုန်၏။ *ဒွယံ* – စေတသိက် နှစ်ပါး အပေါင်းသည်၊ *အဋ္ဌဝီသတိယံ*- ၂၈ ပါးသောစိတ်၌၊*ဇာယတိ*-ဖြစ်၏၊ ပညာ-ပညာကို၊'**သတ္တစတ္တာလီသ ဝိဓေသုပိ**-၄၇ ပါး အပြားရှိသော စိတ်တို့၌၊ *(ပိ-အနက်မရှိ၊)* *ပကာသိတာ*-ပြအပ် ၏၊ *ဧဝံ*-ဤသို့၊ *သောဘနာ* − သောဘနစေတသိက်တို့သည်၊ *သောဘနေသွေဝ* – သောဘနစိတ်တို့၌ သာလျှင်၊ *စတုဓာ* – လေးပါး အပြားအားဖြင့်၊ *သမ္ပယုတ္တာ*-ယှဉ်ကုန်၏။
၄၇ ပါးသော စိတ်တို့၌ ယှဉ်၏။ [ ဤ၌ မဟဂ္ဂုတ် လောကုတ္တရာစိတ်တို့ကို သမ္ပယုတ် ဟု နာမည် မတပ်ဘဲ "မဟဂ္ဂုတ်လောကုတ္တရာစိတ္တေသု" ဟု သုံး ထားသောကြောင့် မဟဂ္ဂုတ်လောကုတ္တရာ စိတ်တို့ကို သမ္ပယုတ် ဟု မဆိုလို ကြောင်း စိတ်ပိုင်း၌ ပြခဲ့သည်။]
၅။ သင်္ဂဟဂါထာ ။ "*သမ္ပယုတ္တာ စတုဓေဝံ* " ဖြင့် သောဘန စေတသိက်တို့၏ ယှဉ်ပုံ ( သမ္ပယောဂနည်း ) ၄ မျိုး ရှိကြောင်းကို ပြသည်၊
သောဘနသာဓာရဏ စေတသိက်တို့၏ *သမ္ပယောဂနည်း* ၁, ဝိရတိတို့၏
*နိယ တ အနိယတ ယောဂီ အခွဲ*
*ယထာဝုတ္တာန် သာရေန* – အကြင် အကြင် ဆိုအပ်ပြီးသော သမ္ပယောဂနည်းကိုအစဉ် လိုက်သဖြင့်၊ *ဣဿာမစ္ဆရိယကုက္ကုစ္စဝိရတိ ကရုဏာဒယော-* ဣဿာ မစ္ဆရိယ ကုက္ကုစ္စ ဝိရတိ ကရုဏာမုဒိတာစေတသိက်တို့သည်၊*နာနာ*-တသီးတခြားတပါးစီ ဖြစ်ကုန်လျက်၊ *ကဒါစိ*– တရံတခါ၌၊ *(ဇာယန္တိ-ဖြစ်ကုန်၏၊)ထိနမိဒ္ဓံ*-ထိနနှင့် မိဒ္ဓသည်၊ *တထာ* - ထို တရံတခါ၌၊ *သဟ*-အတူတကွ၊ *(ဇာယတိ-၏၊)* *သေသာ*-ကြွင်းသောစေတသိက်တို့သည် *နိယတယောဂိနော*−အမြဲယှဉ်လေ့ရှိသော စေတသိက်တို့ မည်၏။
သမ္ပယောဂနည်း ၁, အား ၁, အပ္ပမညာတို့၏ သမ္ပယောဂနည်း ၁, ပညိန္ဒြေ၏ သမ္ပ ယောဂနည်း ၁, ပေါင်း ၄ ပါး ဟု အကျယ် စုဏ္ဏိယနှင့် အကျဉ်း သင်္ဂဟကို ကြည့်၍ ရေတွက်လေ၊ဧကူနဝီသတိ ဧကူနသဋ္ဌိ စသော သင်္ချာတို့၏ သင်္ချေယျ ကိုလည်း အကျယ်စကားကြည့်၍ ရေတွက်နိုင်လောက်ပြီ။
*နိယတယောဂီ အနိယတယောဂီ အခွဲ*။  ။ [ *နိယတ* = အမြဲ + *ယောဂီ*=ယှဉ်လေ့ရှိသော စေတသိက်၊ ]မိမိတို ယှဉ်ဘက်စိတ်ဖြစ်တိုင်း အမြဲ ယှဉ်လျက်ရှိသော စေတသိက်များကို " *နိယတယောဂီ*" ဟု ခေါ်၍)၊ မိမိတို့ ယှဉ်ဘက်စိတ်ဖြစ်တိုင်းအမြဲမယှဉ် တရံတခါသာ ယှဉ်နိုင်သော စေတသိက်ကို "*အနိယတယောဂီ*" ဟု ခေါ်သည်။)
ဣဿာ မစ္ဆရိယ ကုက္ကုစ္စ ၃, ဝိရတိ ၃, ကရုဏာ မုဒိတာ ၂, မာန ၁, ထိန မိဒ္ဓ ၂, ဤ ၁၁ ပါးသည် အနိယတယောဂီ စေတသိက်များတည်း၊ ကြွင်းသော ၄၁ ပါးကားနိယတယောဂီ စေတသိက်များတည်း၊ [ဝိရတိအရ လောကီ ဝိရတိကိုယူ, လောကုတ္တရာဝိရတိကား အမြဲယှဉ်သည်, ကရုဏာ ဒယော၌ အာဒိသဒ္ဓါဖြင့် မုဒိတာကိုယူ။]
## Trang 47
ယထာဝုတ္တာ နုသာရေန — မည်သည့်စိတ်၌ အမြဲယှဉ်ပုံ မယှဉ်ပုံမှာ
ဆိုခဲ့ပြီးသော သမ္ပယောဂနည်းကို အစဉ်လိုက်ကြည့်သဖြင့် သိလေ - ဟူလို၊
ထို့ကြောင့် ၎င်းပါဌ်ကို နိယတ အနိယတယောဂီ ၂ မျိုးနှင့် ဆိုင်အောင်
ရှေးဦးစွာ အနက်ပေးရမည်။
**လေ့ကျင့်ခဏ်း မေးခွန်းများ**
က။ သောဘနသာဓာရဏ စေတသိက် ၁၉ သည် မည်မျှ လောက်သော
စိတ်၌ ယှဉ်သနည်း, ပါဠိကိုရွတ်ပါ။
ခ ။ ဝိရတိစေတသိက်သည် မည်မျှလောက်သောစိတ်၌ ယှဉ်သနည်း။
ဂ ။ ဝိရတိတို့ လောကုတ္တရာစိတ်၌ ယှဉ်သည့်အခါ ရံခါ ယှဉ်သလား အမြဲ
တန်းယှဉ်သလား, ဆိုင်ရာပါဌ်ကို ထောက်ပါ။
ဃ။ တပေါင်းထည်း ယှဉ်သလား, တပါးစီ ယှဉ်သလား, ဆိုင်ရာ ပါဌ်ကို
ထောက်ပါ။
င ။ လောကီမဟာကုသိုလ်စိတ်၌ အမြဲတန်း တပေါင်းထည်း ယှဉ်သလော,
ဘယ်ပုံယှဉ်သနည်း ဆိုင်ရာပါဌ်ကို ထောက်ပါ။
စ ။ အပ္ပမညာဒွေးသည် မည်မျှလောက်သောစိတ်၌ ယှဉ်သနည်း။
ဆ။ အမြဲတန်း တပေါင်းထည်း ယှဉ်သလော, ဘယ်ပုံ ယှဉ်သနည်း, ဆိုင်ရာ
ပါဌ်ကို ထောက်ပါ။
ဇ ။ ကေစိဆရာတို့အလို အပ္ပမညာဒွေးသည် မည်မျှလောက်သော စိတ်၌
ယှဉ်သနည်း။
ဈ ။ ပညိန္ဒြေစေတသိက်သည် မည်မျှလောက်သောစိတ်၌ ယှဉ်သနည်း။
ည။ ဧကူနဝီသတိဓမ္မာ အစ, သောဘနေသွေဝ သောဘနာ အဆုံးရှိသော
ဂါထာသည် ဘာကိုပြသော ဂါထာနည်း။
ဋ ။ သောဘနစေတသိက်တို့၏ သမ္ပယောဂနည်း မည်မျှရှိသနည်း,
ရေတွက်ပါ။
ဌ ။ ဧကူနဝီသတိ ဧကူနသဋ္ဌိ သင်္ချာတို့၏ သင်္ချေယျကို ပြပါ။
ဍ ။ တယော သောဠသ သင်္ချာတို့၏ သင်္ချေယျကို ပြပါ။
ဎ ။ ဒွယံ အဋ္ဌဝီသတိ သင်္ချာတို့၏ သင်္ချေယျကို ပြပါ။
ဏ။ သတ္တစတ္တာလီသ သင်္ချာ၏ သင်္ချေယျကို ပြပါ။
တ ။ စေတသိက် ၅၂ ပါးလုံးတို့၏ သမ္ပယောဂနည်းပေါင်းမည်မျှရှိသနည်း,
အကျဉ်းချုပ် ရေတွက်ပြပါ။
[စက်လှည့်၍ ခွဲလိုလျှင် ခွဲလေဦးတော့, ကျယ်မည်စိုး၍ မရေးပြီ။]
ထ။ ဣဿာ မစ္ဆရိယ ကုက္ကုစ္စ စသော ဂါထာ (၆ ပါဒ) ကို အနက်ပေးပါ။
ဒ ။ အနိယတယောဂီစေတသိက် မည်မျှရှိသနည်း, ရေတွက်ပြပါ။
ဓ ။ နိယတယောဂီစေတသိက် မည်မျှရှိသနည်း။
**ဤတွင် သမ္ပယောဂနည်း ပြီး၏။**
## Trang 48
သင်္ဂဟနည်း ပဋိညာဉ်နှင့် ဒါနိ – ယခုအခါ၌၊ တေသံ - ထို စေ
အကျဉ်းချုပ်
တသိက်တို့၏၊ သင်္ဂဟဉ္စ - [ ထိုထို
စိတ်၌, ရထိုက်သမျှ, ပေါင်းယူပြသည့် ] သင်္ဂဟ နည်းကို
လည်း၊ ယထာရဟံ – ထိုက်သည်အားလျော်စွာ၊ ပဝက္ခာမိ -
မိန့်ဆိုပေအံ့၊ အနုတ္တရေ – လောကုတ္တရာစိတ်၌၊ ဆတ္တိံသ -
၃၆ ပါးသော၊ ဓမ္မာ – သဘောတရားတို့ကို၊ လဗ္ဘန္တိ-ရအပ်
ကုန်၏၊ မဟဂ္ဂတေ-မဟဂ္ဂုတ်စိတ်၌၊ ပဉ္စတ္တိံသ-၃၅ပါးသော၊
ဓမ္မာ-တို့ကို၊ လဗ္ဘန္တိ-ရအပ်ကုန်၏၊ ကာမာဝစရသောဘနေ
ကာမာဝစရသောဘန စိတ်၌၊ အဋ္ဌတ္တိံသပိ - ၃၈ ပါးလည်း
ဖြစ်သော၊ ဓမ္မာ-တို့ကို၊ လဗ္ဘန္တိ-ရအပ်ကုန်၏၊ အပုညမှိ-အကုသိုလ်၌၊
သတ္တဝီသတိ-၂၇ ပါးသော၊ ဓမ္မာ – တို့ကို၊ လဗ္ဘန္တိ-ကုန်၏၊
အဟေတုကေ – အဟိတ်စိတ်၌၊ ဒွါဒသ − ၁၂ ပါးကုန်သော၊
သင်္ဂဟနည်း
သင်္ဂဟဉ္စပဝက္ခာမိ, တေသံ ဒါနိ ယထာရဟံ —— ဤ ၂ ပါဒကား
သင်္ဂဟနည်းကို ပြလို၍ စချီသော ပဋိညာဉ် – အချီစကားတည်း၊ ယခုအခါ
ထိုစေတသိက်တို့၏ သင်္ဂဟနည်းကို ပြဆိုပေအံ့-ဟူလို။
သင်္ဂဟ - [သံ+ဂဟ] သံ (သံပိဏ္ဍေတွာ) = ပေါင်း၍ + ဂဟ=
ယူကြောင်းနည်း။ ပြခဲ့သော သမ္ပယောဂနည်း အရ (စိတ် တမျိုး တမျိုး၌
ယှဉ်ထိုက်သမျှ စေတသိက်တွေကို ပေါင်း၍ ယူကြောင်းနည်း ( အပေါင်း
ရေတွက်နည်း ) ကို"သင်္ဂဟနည်း"ဟု ခေါ်သည်)"ဆတ္တိံသာနုတ္တရေဓမ္မာ"
( လောကုတ္တရာစိတ်၌ စေတသိက်ပေါင်း ၃၆ ပါး ယှဉ်သည့် ) .စသော
လာလတံ့ စကားကို ထောက်လေ။
ဓမ္မာ - တို့ကို၊ လဗ္ဘန္တိ - ၏၊ ဣတိစ - ဤသို့၊ (စ-အနက် မရှိ)
ယထာ _ သမ္ဘဝယောဂေန − ဖြစ်သင့်သည်အားလျော်စွာ ယှဉ်
ခြင်းဖြင့်၊ တတ္ထ-ထိုစိတ်တို့၌၊ ပဉ္စဓာ – ငါးပါး အပြားအားဖြင့်၊
သင်္ဂဟော - ပေါင်းယူ ရေထွက်နည်းသည်၊ ဟောတိ-ဖြစ်၏၊
(တတ္ထ – ထို သင်္ဂဟနည်း၌ - ဟု ရှေးနက်ရှိ၏, ဆင်ခြင်လေ။)
ဆတ္တိံသာနုတ္တရေဓမ္မာ၊ ပေ ၊ ပဉ္စဓာတတ္ထသင်္ဂဟော - ၍ ဂါထာ
တို့ကား ဆိုအပ်လတံ့သော သင်္ဂဟနည်းကို အကျဉ်းချုပ်ခေါင်းစဉ်၍ ပြသော
(ဥဒ္ဒေသ – မာတိကာ) ဂါထာတို့တည်း၊ နောက်၌ ဤ ခေါင်းစဉ် အတိုင်း
အကျယ်ပြ လိမ့်မည်၊ ပဉ္စဓာ တတ္ထသင်္ဂဟော – အရ လောကုတ္တရာ စိတ်၌
သင်္ဂဟ ၁ နည်း, မဟဂ္ဂုတ် စိတ်၌ သင်္ဂဟ ၁ နည်း စသည်ဖြင့် ဂါထာ
ကြည့်၍ အကျဉ်းချုပ် သင်္ဂဟ ၅ နည်းကို ရေတွက်လေ။ [ဤသင်္ဂဟ နည်းသည်
နောက်နောက် သရုပ်ခွဲများနှင့် ညဝါဆိုင်ရာ၌ အလွန်ကျေးဇူးများ၏၊ ကြေ
ပွန်အောင် ခွဲပြပါလေ။]
လေ့ကျင့်ခဏ်း မေးခွန်းများ
က။ သင်္ဂဟဉ္စ ပဝက္ခာမိ, တေသံ ဒါနိ ယထာရဟံ— ကား ဘာကိုပြသော
စကားနည်း။
ခ ။` အဘယ်သို့သောနည်းကို သင်္ဂဟနည်း ဟု ခေါ်သနည်း။
ဂ ။ ဆတ္တိံသာ နုတ္တရေ ဓမ္မာ · စသော ၂ ဂါထာသည် ဘာကို ပြသော
ဂါထာနည်း။
ဃ။ "ပဉ္စဓာ တတ္ထ သင်္ဂဟော"အရ အကျဉ်းချုပ် သင်္ဂဟနည်း ၅ မျိုးကို
ရေတွက်ပြပါ။
## Trang 49
ကထံ-အဘယ်သို့ ရအပ်သနည်း။
လောကုတ္တရာစိတ်၌
၁။ တာဝ-မဟဂ္ဂုတ်စိတ် စသည်တို့မှ
သင်္ဂဟနည်း ရှေးဦးစွာ၊ (နိဒ္ဒိဋ္ဌေသု - ညွှန်ပြအပ်ကုန်
သော၊)လောကုတ္တရေသု-လောကုတ္တရာစိတ်တို့တွင်၊ အဋ္ဌသု-
ဂ ပါးကုန်သော၊ ပဋ္ဌမဇ္ဈာနိကစိတ္တေသု – ပဌမဈာန်နှင့် ယှဉ်
သော စိတ်တို့၌၊ အညသမာနာ − အညသမာန်းမည်ကုန်သော၊
တေရသ- ၁၃ ပါးကုန်သော၊ စေတသိကာ - စေတသိက်တို့
၎င်း၊ အပ္ပမညာဝဇ္ဇိတာ-အပ္ပမညာသည် ကြဉ်အပ်ကုန်သော
တေဝီသတိ- ၂၃ ပါးသော၊ သောဘနစေတသိကာ - သော
ဘနစေတသိက်တို့၎င်း၊ ဣတိ-ဤသို့၊ ဆတ္တိံသ-၃၆ ပါးသော၊
ဓမ္မာ – သဘောတရားတို့သည်၊ သင်္ဂဟံ – ပေါင်းယူအပ်ကုန်
သည်၏ အဖြစ်သို့၊ ဂစ္ဆန္တိ−ရောက်ကုန်၏။
လောကုတ္တရာစိတ် သင်္ဂဟနည်း။ [၁။ အဋ္ဌသု ပဌမဇ္ဈာနိကစိတ္တေသု]
လောကုတ္တရာစိတ်အကျယ် ၄ဝ ၌ သောတာပတ္တိမဂ် ပဌမဈာန်စိတ် ၁,ဖိုလ်
ပဌမဈာန်စိတ် ၁ စသည့်ဖြင့် ပဌမဈာန်စိတ်ပေါင်း ဂ ပါးရှိသည်။ ဒုတိယဈာန်
စိတ်စသည်များလည်း ဂ ပါးစီပင် ရှိ၏၊ ထိုတွင် ပဌမဈာန်စိတ်တို့၌.
" အညသမာနာ ၊ ပေ ၊ ဆတ္တိံသဓမ္မာသင်္ဂဟံ ဂစ္ဆန္တိ - အညသမာန်း
၁၃, (အပ္ပမညာကြဉ်) သောဘနစေတသိက် ၂၃, ပေါင်း ၃၆ ပါးသော
စေတသိက်တို့သည် ပေါင်းယူ ရေတွက်အပ်သည့် အဖြစ်သို့ ရောက်ကုန်၏၊
၃၆ ပါး ယှဉ်၏" ဟူလို၊ ဤနည်းအတိုင်း " ဒုတိယဈာန်စိတ် ဂ ပါး၌
ဝိတက်ကြဉ် ၃၅ ပါးသော စေတသိက်များ ယှဉ်၏"စသည်ဖြင့် သင်္ဂြိုဟ်ပါဠိ
ကြည့်၍ ရေတွက်လေ။
ဒုတိယ ဇ္ဈာနိက စိတ္တေသု-ဒုတိယဈာန်နှင့် ယှဉ်သော စိတ်
တို့၌၊ ဝိတက္ကဝဇ္ဇာ-ဝိတက်သည် ကြဉ်အပ်ကုန်သော၊တထာ-
ထို ၃၅ ပါးသော သဘောတရားတို့သည်၊(သင်္ဂဟံ'ပေါင်းယူ
အပ်ကုန်သည်၏အဖြစ်သို့၊ ဂစ္ဆန္တိ-ရောက်ကုန်၏။)
တတိယဇ္ဈာနိကစိတ္တေသု-တတိယဈာန်နှင့် ယှဉ်သောစိတ်
တို့၌၊ ဝိတက္ကဝိစာရ ဝဇ္ဇ - ဝိတက် ဝိစာရသည် ကြဉ်အပ်
ကုန်သော၊ တထာ-ထို ၃၄ပါးသော သဘောတရားတို့သည်၊
သင်္ဂဟံ-သို့၊ ဂစ္ဆန္တိ-၏[ တထာသင်္ဂဟံဂစ္ဆန္တိ-လိုက်စေ။]
စတုတ္ထဇ္ဈာနိကစိတ္တေသု-စတုတ္ထဈာန်နှင့် ယှဉ်သောစိတ်
တို့၌၊ ဝိတက္ကဝိစာရ ပီတိဝဇ္ဇာ - ဝိတက် ဝိစာရ ပီတိသည်
ကြဉ်အပ်ကုန်သော၊ တထာ - ၃၃ ပါးသော သဘောတရား
တို့သည်၊ သင်္ဂဟံ-သို့၊ ဂစ္ဆန္တိ-၏။
အပ္ပမညာဝဇ္ဇိတာ ဧကာလမ္ဗနဝတ္ထုကာ ဟူသော သမ္ပယောဂ
လက္ခဏာ၌ " ဧကာလမ္ဗနာ " အရ အာရုံချင်း တူမှသာ ယှဉ်နိုင်ကြသည်၊
ဤ၌ အပ္ပမညာသည် သတွာ ပညတ်ကို အာရုံပြု၏၊ လောကုတ္တရာစိတ်ကား
နိဗ္ဗာန်ကိုအာရုံပြုသည်၊ ဤသို အာရုံချင်း ကွဲပြားသောကြောင့် လောကုတ္တရာ
စိတ်၌ အပ္ပမညာစေတသိက်များ မယှဉ်နိုင်။
[ဆောင်] အပ္ပမညာ, အာရုံမှာကား, သတ္တာ ပညတ်, လောကုတ်မြတ်မူ,
နိဗ္ဗာန်ဟူ၏၊ မတူကွဲငြား, အာရုံပြားသဖြင့်, မှတ်သားဘွယ်ရိပ်
လောကုတ်စိတ်တွင်, အပ္ပမည, ကြဉ်ဖယ်ရသည်, မှတ်ကြလွယ်ဘူ
ကဗျာတည်း။
## Trang 50
ပဉ္စမဇ္ဈာနိကစိတ္တေသုပိ-ပဉ္စမဈာန်နှင့်ယှဉ်သောစိတ်တို့၌
လည်း၊ ဥပေက္ခာသဟဂတာ - ဥပေက္ခာနှင့် တကွ ဖြစ်ကုန်
သော၊ တေဧဝ - ထို ၃၃ ပါးသော သဘောတရားတို့ကိုပင်၊
သင်္ဂယှန္တိ – ပေါင်းယူအပ်ကုန်၏၊ ဣတိ-ဤသို့၊ သဗ္ဗထာပိ-
အလုံးစုံသော အပြားအားဖြင့်လည်း၊ အဋ္ဌသု-ဂ ပါးကုန်သော၊
လောကုတ္တရစိတ္တေသု - လောကုတ္တရာ စိတ်တို့၌၊ ပဉ္စကဈာန
ဝသေန'ပဉ္စကဈာန်၏အပြားအားဖြင့်၊ ပဉ္စဓာဝ-ငါးပါးအပြား
အားဖြင့်သာလျှင်၊ သင်္ဂဟော – ပေါင်းယူခြင်းသည်၊ ဟောတိ-
ဖြစ်၏၊ ဣတိ-ဤသို့ရအပ်ကုန်၏၊ [ ကထံ-အမေးကိုဖြေသည်။]
ပဉ္စမဇ္ဈာနိက စိတ္တေသုပိ ၊ ပ ၊ သ င်္ဂ ယှ န္တိ - စတုတ္ထဈာန်စိတ်၌ ၃၃ပါး
သော စေတသိက်များ ယှဉ်ကြသကဲ့သို, ထို့အတူ ပဉ္စမဈာန်စိတ်၌လည်း
၃၃ ပါးပင် ယှဉ်ကြ၏၊ သို့သော် " ဥပေက္ခေကဂ္ဂတာသဟိတံ ပဉ္စမဇ္ဈာန
သောတာပတ္တိမဂ္ဂစိတ္တံ " စသည်ဖြင့် ပဉ္စမဈာန်စိတ်မှာ ဥပေက္ခာဝေဒနာနှင့်
သာ ယှဉ်သောကြောင့် သုခဝေဒနာ၏ အရာဝယ် ဥပေက္ခာ ဝေဒနာကို
လဲလှယ်ထည့်သွင်းစေလိုသည့်အတွက် "ဥပေက္ခာသဟဂတာ တေဧဝ" ဟု
မိန့်မြွက်လေသည်။
ပဉ္စကဇ္ဈာနဝသေနပဉ္စဓာဝ သင်္ဂဟော - ဈာန်သည် ယခု သင်္ဂြိုဟ်
လာတိုင်းအားဖြင့် ပဉ္စကဈာန် ( ဈာန် ငါးပါး ငါးပါး အပေါင်း) ) တမျိုး, အခြား
သော ပါဠိတော်၌ လာသောနည်းအားဖြင့် စတုက္ကဈာန် ( ဈာန်လေးပါး
အပေါင်း) တမျိုးဟု နှစ်မျိုး နှစ်မျိုးရှိ၏၊ ထို နှစ်မျိုးတွင် ဤ၌ ပဉ္စကဈာန်၏ အပြား
အားဖြင့် သင်္ဂဟနည်း ငါးမျိုး ထွက်သည် ဟူလို၊ [ စတုက္ကဈာန်နည်းအား
ဖြင့်ကားသင်္ဂဟနည်း၄ မျိုးသာရှိမည် ဟု စတုတ္တဈာန်ကို စောင်းသည်၊ လေးမျိုး
ထွက်ပုံကို ဘာသာဋီကာ၌ ဆိုထားသည်။]
သင်္ဂဟ
၂။ အနုတ္တ - လောကုတ္တရာစိတ်၌၊ သင်္ဂဟ-
သင်္ဂဟနည်းတို့သည်၊ ယထာက္ကမံ-အကြင် အကြင်
အစဉ်ရှိတိုင်း၊ ဆတ္တိံသ-ဆတ္တိံသ သင်္ဂဟ၎င်း၊ ပဉ္စတ္တိံသစ-
ပဉ္စတ္တိံသ သင်္ဂဟ၎င်း၊ စတုတ္တိံသ - စတုတ္တိံသ သင်္ဂဟ၎င်း၊
တေတ္တိသဒွယံ-တေတ္တိံသသင်္ဂဟ ၂ ပါး အပေါင်း၎င်း၊ဣစ္ဆေ
ဝံ-ဤသို့၊ ပဉ္စာ – ငါးပါးအပြားအားဖြင့်၊ ဌိတာ-တည်ကုန်၏။
၂။ သင်္ဂဟဂါထာ
ဆတ္တိံသ (၃၆) ကား.. ပဋ္ဌမဈာန်စိတ်များ အတွက် သင်္ဂဟတည်း။
ပဉ္စတ္တိံသ (၃၅) ကား.. ဒုတိယဈာန်စိတ်များအတွက် …… တည်း။
စတုတ္တိံသ (၃၄) ကား.. တတိယဈာန်စိတ်များအတွက် …… တည်း။
က။ တေတ္တိံသ (၃၃) ကား.. စတုတ္ထဈာန်စိတ်များအတွက် …… တည်း။
ခ ။ တေတ္တိံသ (၃၃) ကား.. ပဉ္စမဈာန်စိတ်များအတွက်
တည်း။
လေ့ကျင့်ခဏ်း မေးခွန်းများ
က။ လောကုတ္တရာစိတ်၌ ယှဉ်သော စေတသိက်တို့ကို သရုပ် ရေတွက်ပြပါ။
ခ ။ ပဉ္စကဇ္ဈာနဝသေနဟူသော ဝိသေသနဖြင့် ဘာကို စောင်းသနည်း။
ဂ ။ သင်္ဂဟဂါထာကို အနက်ပေး၍ သင်္ဂဟ ၅ နည်းကို ရေတွက်ပါ။
[ဆတ္တိံသ ၁ နည်း, ပဉ္စတ္တိံသ ၁ နည်းစသည်ဖြင့် ရေတွက်ပြပါလေ။]
ဃ။ ဆတ္တိံသကား အဘယ်စိတ်၌ သင်္ဂဟနည်းလဲ,၎င်းဆတ္တိံသနှင့် ဆိုင်ရာ
အကျယ်ပါဠိရွတ်၍ ဆတ္တိံသအရ သရုပ်ရေတွက်ပါ။
င ။ ပဉ္စတ္တိံသအရ ဆိုင်ရာအကျယ်ရွတ်၍ သရုပ်ရေတွက်ပါ။
စ ။ ` စတုတ္တိံသအရ ဆိုင်ရာအကျယ်ရွတ်၍ သရုပ်ရေတွက်ပါ။
ဆ။ (က) တေတ္တိံသ အရ ဆိုင်ရာအကျယ်ရွတ်၍ သရုပ်ရေတွက်ပါ။
ဇ ။ ( ခ) တေတ္တိံသအရ ဆိုင်ရာ အကျယ်ရွတ်၍ သရုပ်ရေတွက်ပါ။
## Trang 51
**မဟဂ္ဂုတ်စိတ်၌ သင်္ဂဟနည်း**
၁။ ပန – ကား၊ မဟဂ္ဂတေသု-
မဟဂ္ဂုတ်စိတ် တို့တွင်၊ တာဝ-
ဒုတိယဈာန်စိတ်စသည်တို့မှ ရှေးဦးစွာ၊ ( နိဒ္ဒိဋ္ဌေသု-ညွှန်ပြအပ်ကုန်
သော၊ )
တီသု-သုံးပါးကုန်သော၊ ပဌမဇ္ဈာနိက စိတ္တေသု - ပဌမဈာန်နှင့်
ယှဉ်သောစိတ်တို့၌၊အညသမာနာ-မည်ကုန်သော၊ တေရသ-မည်ကုန်သော၊
စေတသိကာ - တို့၎င်း၊ ဝိရတိတ္တယဝဇ္ဇိတာ - ဝိရတိ သုံးပါး
အပေါင်းသည် ကြဉ်အပ်ကုန်သော၊ ဒွာဝီသတိ− ၂၂ပါးသော၊
သောဘနစေတသိကာစ-တို့၎င်း၊ဣတိ·သို့၊ပဉ္စတ္တိံသ-၃၅ပါး
**မဟဂ္ဂုတ်စိတ်၌ သင်္ဂဟနည်း**
၁။ ပဌမဈာန်စိတ်(ကုသိုလ်ဝိပါက်ကြိယာ) ၃ ပါး၌ အညသမာန်း ၁၃,
(ဝိရတိကြဉ်) သောဘန ၂၂, ပေါင်း ၃၅ ပါးသော စေတသိက်များ ယှဉ်
ကုန်၏၊ ဤသို့ စသည်ဖြင့် သင်္ဂြိုဟ်ပါဠိအတိုင်း ရေတွက်လေ။
ဝိရတိတ္တယဝဇ္ဇိတာ-(ဒုစရိုက် ဒုရာဇီဝဟူသမျှကို သီလဝိသုဒ္ဓိ အစွမ်းဖြင့်
ပယ်ရှားပြီးသော ယောဂီသူတော်စင်တို့ သန္တာန်၌ သမာဓိ ကောင်းစွာရ၍
စိတ် တည်ကြည်ရုံမျှဖြင့် မဟဂ္ဂုတ်ဈာန်များ ဖြစ်နိုင်ကြသည်။ ထို့ကြောင့်
ထို မဟဂ္ဂုတ် ဈာန်များ သီးခြား ပယ်ဘို့ရာ ဒုစရိုက် ဒုရာဇီဝ မရှိတော့ပြီ၊
လောကုတ္တရာ ဈာန်များကဲ့သို့လည်း ဒုစရိုက် အနုသယဓာတ်ကို အကြွင်းမဲ့
မပယ်ဖြတ်နိုင်ချေ၊ ထို့ကြောင့် မဟဂ္ဂုတ်စိတ်၌ ဝိရတိများ ယှဉ်ခွင့်မရှိ။
[ဆောင်] ဒုစ္စရိတ, ဒုဇ္ဇီဝကို, သီလခေါ်ဘိ, ဝိသုဒ္ဓိအား, စွမ်းပကားဖြင့်,
ပယ်ရှားပြီးလတ်, ယောဂီမြတ်တို့, ရအပ်ဈာန်ဝယ်, ပယ်ဘွယ်ဒုစရိ
လျှင်းမရှိ၍ ဝိရတိတွက်, မဟဂ္ဂုတ်မှာ, မယှဉ်သာသည်, ဋီကာမိန့်ခွန်း
ကဗျာတည်း။
သော၊ ဓမ္မာ-တို့သည်၊ သင်္ဂဟံ-သို့၊ ဂစ္ဆန္တိ-ရောက်ကုန်၏၊ [ ပန−အမှာ
စကားချပ်ညှပ်လိုက်ဦးအံ့၊ ဧတ္ထ- ၃၅ ပါးတို့တွင်၊ ကရုဏာ
မုဒိတာ - ကရုဏာနှင့် မုဒိတာ တို့ကို၊ ပစ္စေကမေဝ – တသီး
တခြားတပါးစီသာလျှင် ယောဇေတဗ္ဗာ-ယှဉ်စေအပ်ကုန်၏။
ဒုတိယဈာနိကစိတ္တေသု-တို့၌၊ လောကုတ္တရာစိတ်အတိုင်း
ပေး ဝိတက္ကဝဇ္ဇာ-မည်ကုန်သော၊ တထာ-ထို ၃၄ ပါးသော သဘော
တရားတို့သည်၊ သင်္ဂဟံ'သို့၊ ဂစ္ဆန္တိ-ရောက်ကုန်၏။
တတိယဈာနိက စိတ္တေသု – တို့၌၊ ဝိတက္က ဝိစာရ ဝဇ္ဇာ -
မည်ကုန်သော၊ တထာ – ထို ၃၃ ပါးသော သဘောတရားတို့သည်၊
သင်္ဂဟံ'သို့၊ ဂစ္ဆန္တိ-ရောက်ကုန်၏။
စတုတ္ထဇ္ဈာနိကစိတ္တေသု-တို့၌၊
ဝိတက္က ဝိစာရ ပီတိဝဇ္ဇာ-
မည်ကုန်သော၊ တထာ – ထို ၃၂ ပါးသော သဘောတရားတို့သည်၊
သင်္ဂဟံ-သို့၊ ဂစ္ဆ န္တိ-ရောက်ကုန်၏။
ကရုဏာ မုဒိတာ ၊ ပေ ၊ ပစ္စေက မေ ဝ'ကရုဏာ ယှဉ်ခိုက် မုဒိတာ
မယှဉ်စေရ, မုဒိတာ ယှဉ်ခိုက်လည်း ကရုဏာ မယှဉ်စေရ, အဘယ်ကြောင့်
နည်း, ကရုဏာက ဒုက္ခိတ သတွာ ပညတ်ကို အာရုံပြု၍ မုဒိတာက သုခိတ
သတွာပညတ်ကို အာရုံပြုသည့်အတွက် အာရုံချင်း မတူသောကြောင့်တည်း)
[ဆောင်] ဒုက္ခိတနှင့်,သုခိတ တဖြာ, သတွာပညတ်, စွဲမှတ်လေတုံ,အာရုံ
ယူလျှင်း, မတူခြင်းကြောင့်, ယင်းကရုဏာ, မုဒိတာတို့ နှစ်ဖြာ
ဆိုင်လျက်, တပြိုင်နက်, ဆက်ဆက်မယှဉ်ကြ။
ဒုတိယဈာန်စိတ် စသည်၌ ပါဠိကြည့်၍ သရုပ်ရေတွက်လေ။
## Trang 52
ပန-အဘို့တပါးကား၊ ပဉ္စရသ-၁၅ ပါးကုန်သော၊ ပဉ္စ
မဇ္ဈာနိက စိတ္တေသု-တို့၌၊ အပ္ပမညာယောဇေတဗ္ဗာ – အပ္ပမညာတို့ကို၊
လဗ္ဘန္တိ-ရအပ်ကုန်၊ ဣတိ-သို့၊ သဗ္ဗထာပိ – လည်း၊ သတ္တ
ဝီသတိ မဟဂ္ဂတစိတ္တေသု – ၂၇ ပါးသော မဟဂ္ဂုတ်စိတ်တို့၌၊
ပဉ္စကဈာနဝသေန-ဖြင့်၊ ပဉ္စဓာ-လျှင်၊ သင်္ဂဟော – သည်၊
ဟောတိ-၏၊ ဣတိ-ဤသို့ရအပ်ကုန်၏။
သင်္ဂဟ ၂။ မဟဂ္ဂတေ - မဟဂ္ဂုတ်စိတ်၌၊ ( သင်္ဂဟာ – တို့
သည်၊) ယထာက္ကမံ – တိုင်း၊ ပဉ္စတ္တိံသ – ပဉ္စတ္တိံသ
သင်္ဂဟ၎င်း၊ စတုတ္တိံသ-စတုတ္တိံသ သင်္ဂဟ၎င်း၊ တေတ္တိံသ
စ-တေတ္တိံသ သင်္ဂဟ၎င်း၊ ဗာတ္တိံသဝ-ဗာတ္တိံသသင်္ဂဟ
၎င်း၊ တိံသ- တိံသ သင်္ဂဟ၎င်း၊ ဣတိ-သို့၊ ပဉ္စဓာ-ငါးပါး
အပြားအားဖြင့်ပင်လျှင်၊ ဌိတာ-တည်ကုန်၏။
၂။ သင်္ဂဟဂါထာ။
ပဉ္စတ္တိံသ(၃၅)ကား ပဌမဈာန်စိတ် ၃ ပါးအတွက် သင်္ဂဟတည်း။
စတုတ္တိံသ (၃၄)ကား ဒုတိယဈာန်စိတ် ၃ အတွက် သင်္ဂဟတည်း။
တေတ္တိံသ (၃၃)ကား တတိယဈာန်စိတ် ၃ အတွက် သင်္ဂဟတည်း။
ဗာတ္တိံသ (၃၂)ကား စတုတ္ထဈာန်စိတ် ၃ အတွက် သင်္ဂဟတည်း။
တိံသ (၃၁)ကား ပဉ္စမဈာန်စိတ် ၁၅ အတွက် သင်္ဂဟတည်း။
ဤသို့အားဖြင့် မဟဂ္ဂုတ်စိတ်၌ သင်္ဂဟနည်း ၅ မျိုး ရှိသည်။
**လေ့ကျင့်ခဏ်း မေးခွန်းများ**
က။ မဟဂ္ဂုတ်စိတ် အားလုံး၌ စေတသိက် မည်မျှ ယှဉ်သနည်း, သရုပ်
ရေတွက်ပါ။
ဝိရတိ ၃ ပါးကို အဘယ်ကြောင့် ကြဉ်ရသနည်း, လင်္ကာ ထောက်ပါ။
ခ။ ကရုဏာနှင့် မုဒိတာတို့ ဘယ်ကြောင့် အသီး အသီး ယှဉ်ကြသနည်း,
လက်ခံ ထောက်ပါ။
ဂ။ မဟဂ္ဂုတ် စိတ်တို့၌ သင်္ဂဟနည်း မည်မျှ ရှိသနည်း။
ဃ။ ပဉ္စတ္တိံသ ကား ဘယ်စိတ်၌ သင်္ဂဟနည်းလဲ, ၎င်းပဉ္စတ္တိံသနှင့် ဆိုင်ရာ
အကျယ် ပါဠိကို ရွတ်၍ သရုပ် ရေတွက်ပါ။
င။ စတုတ္တိံသကား ဘယ်စိတ်၌ သင်္ဂဟနည်းလဲ, ဆိုင်ရာ အကျယ်ရွတ်၍
သရုပ် ရေတွက်ပါ။
ဆ။ တေတ္တိံသကား ဘယ်စိတ်၌ သင်္ဂဟနည်းလဲ, ဆိုင်ရာ အကျယ်ရွတ်၍
သရုပ် ရေတွက်ပါ။
ဇ ။ ဗာတ္တိံသကား ဘယ်စိတ်၌ သင်္ဂဟနည်းလဲ, ဆိုင်ရာ အကျယ် ရွတ်၍
သရုပ် ရေတွက်ပါ။
ဈ။ တိံသကား ဘယ်စိတ်၌ သင်္ဂဟနည်းလဲ, ဆိုင်ရာ အကျယ် ရွတ်၍
သရုပ် ရေတွက်ပါ။
## Trang 53
**ကာမသောဘနစိတ်၌ သင်္ဂဟနည်း**
၁။ ပန - ကား၊ ကာမာဝစရသောဘ
နေသု – ကာမ သောဘန စိတ်တို့တွင်၊
တာဝ.- ဝိပါက်ကြိယာတို့မှ ရှေးဦးစွာ၊ (နိဒ္ဒိဋ္ဌေသု-ညွှန်ပြအပ်ကုန်သော၊)
ကုသလေသု-ကုသိုလ်စိတ်တို့တွင်၊ ပဌမဒ္ဓယေ - ပဌမအရံ၌၊
အညသမာနာ-မည်ကုန်သော၊တေရသ-ကုန်သော၊စေတသိကာ-
တို့၎င်း၊ ပဉ္စဝီသတိ- ၂၅ ပါးသော၊ သောဘနစေတသိကာစ-
တို့၎င်း၊ ဣတိ-သို့၊ အဋ္ဌတ္တိံသ- ၃၈ ပါးသော၊ ဓမ္မာ-တို့သည်၊
သင်္ဂဟံ'သို့၊ဂစ္ဆန္တိ-ရောက်ကုန်၏၊ (ပန−အမှာစကားချပ်ညှပ်လိုက်ဦး
အံ့၊ ဧတ္ထ- ၃၈ ပါးတို့တွင်၊အပ္ပမညာဝိရတိယော-အပ္ပမညာ
ဝိရတိတို့ကို၊ပဉ္စပိ-၅ ပါးလုံးတို့ကိုလည်း၊ပစ္စေကမေဝ-တသီး
တခြား တပါးစီသာလျှင်၊ ယောဇေတဗ္ဗာ-ယှဉ်စေအပ်ကုန်၏။)
**ကာမသောဘန၌ သင်္ဂဟနည်း။** ။ [၁-ကုသလေသု ပဌမဒ္ဓယေ]
မဟာကုသိုလ် သောမနဿသဟဂုတ် ဥာဏသမ္ပယုတ် အသင်္ခါရိကစိတ်နှင့်
သသင်္ခါရိကစိတ်ကို ပဌမ အစုံဟု ဆိုသည်။ ၎င်း ပဌမအစုံ၌ အညသမာန်း
၁၃, သောဘန ၂၅, ပေါင်း ၃၈ ပါးသော စေတသိက်များ ယှဉ်သည်။
အပ္ပမညာဝိရတိယော၊ ပေ ၊ ယောဇေတဗ္ဗာ - ထိုသို့ ၃၈ ပါးယှဉ်
သော်လည်း အပ္ပမညာ ဝိရတိ ၅ ပါးလုံးတို့ကား တပြိုင်နက် ယှဉ်ခွင့် မရ
တပါးစီသာ ယှဉ်ခွင့်ရသည်၊ ဘာ့ကြောင့်နည်း, '(အပ္ပမညာသည် သတွာ
ပညတ်ကို အာရုံပြု၍, ဝိရတိတို့ကား ဝိတိက္ကမိတဗ္ဗ ဝတ္ထုကို အာရုံပြုသဖြင့်
အာရုံချင်း မတူသောကြောင့်တည်း။ )
[ဆောင်] အပ္ပမညာ, အာရုံမှာကား, သတွာ ပညတ်, စွဲမှတ်လေဘိ၊
ဝိရတိမူ, ဝိတိက္ကမိတဗ္ဗ, ဝတ္ထုက၌,စွဲရလေတုံ၊ အာရုံ မညီ
အလီလီကြောင့်, ဝိရတိ တေး, ပမညာ ဒွေးတို့, လုံးထွေးဆိုင်
လျက်, တပြိုင်နက် ဆက်ဆက် မယှဉ်ကြ။
ဒုတိယဒ္ဓယေ-ဒုတိယအရံ၌၊ ဉာဏဝဇ္ဇိတာ - ဉာဏ်သည်
ကြဉ်အပ်ကုန်သော၊ ဉာဏဝိပ္ပယုတ် စိတ်များမို့ ဉာဏ်ကို
ကြဉ်သည် တထာ-ထို ၃၇ ပါးသော သဘောတရားတို့သည်၊
သင်္ဂဟံ-သို့၊ ဂစ္ဆန္တိ-ရောက်ကုန်၏။
တတိယဒ္ဓယေ-တတိယအရံ၌၊ ဉာဏသမ္ပယုတ္တာ-ဉာဏ်
နှင့် ယှဉ်ကုန်သော၊ ပီတိဝဇ္ဇိတာ - ပီတိသည် ကြဉ်အပ်ကုန်
သော၊ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ်စိတ်များ ဖြစ်၍
ပီတိကြဉ် – ဉာဏ်ယှဉ်သည် တထာ - ထို ၃၇ ပါးသော
သဘောတရားတို့သည်၊ သင်္ဂဟံ-သို့၊ ဂစ္ဆန္တိ-ရောက်ကုန်၏။
စတုတ္ထဒ္ဓယေ-စတုတ္ထအရံ၌၊ ဉာဏပီတိဝဇ္ဇိတာ - ဉာဏ်
ပီတိသည် ကြဉ်အပ်ကုန်သော၊ တေဧဝ - ထို အညသမာန်း
သောဘန စေတသိက်တို့ကိုပင်၊ သင်္ဂယှန္တိ - ပေါင်းယူအပ်
ကုန်၏။
၂။ ကြိယစိတ္တေသု-ကြိယာ စိတ်တို့၌လည်း၊ ဝိရတိဝဇ္ဇိ
တာ – ဝိရတိသည် ကြဉ်အပ်ကုန်သော၊ တေဧဝ – ထို အည
ဤ စကားအရ မဟာကုသိုလ် ပဌမအစုံ၌ အများဆုံး ၃၈ ပါးသာ
တပြိုင်နက် အတူယှဉ်နိုင်ကြ၏၊ ထို ၃၈ ပါးတွင်လည်း အပ္ပမညာနှင့် ဝိရတိ
တို့မှာ အနိယတယောဂီ စေတသိက်များဖြစ်၍ တရံတခါသာ ယှဉ်ရသော
ကြောင့် အမြဲအားဖြင့် စေတသိက် ၃၃ ပါး ယှဉ်သည် ဟု မှတ်၊ ဒုတိယ
အစုံစသည်၌လည်း သင်္ဂြိုဟ်ပါဠိကြည့်၍ စေတသိက်ယှဉ်ကို သိလေ၊ မဟာ
ကုသိုလ် ၈ ကို အစုံဖွဲ့လျှင် ၄ စုံ ရှိရကား တစုံလျှင် သင်္ဂဟ တနည်းစီ
ဖြစ်သောကြောင့် သင်္ဂဟနည်း ၄ နည်း ရှိသည်။
## Trang 54
သမာန်း သောဘနစေတသိက် တို့ကိုပင်၊ စတူသု-လေးပါး
လည်းဖြစ်ကုန်သော၊ ဒုကေသု-အရံတို့၌၊ စတုဓာ-လေးပါး
အပြားအားဖြင့်သာလျှင်၊ သင်္ဂယှန္တိ-ကုန်၏။
၃။ တထာ-ထို ကြိယာစိတ်အတူ၊ ဝိပါကေသုစ - ဝိပါက်
စိတ်တို့၌လည်း၊ အပ္ပမညာဝိရတိဝဇ္ဇိတာ – အပ္ပမညာ ဝိရတိ
သည်ကြဉ်အပ်ကုန်သော၊တေဧဝ-ထို အညသမာန်းသောဘန
စေတသိက်တို့ကိုပင်၊ သင်္ဂယှန္တိ-ကုန်၏၊ ဣတိ-သို့၊ သဗ္ဗထာ
ပိ-လည်း၊ စတုဝီသတိ ကာမာဝစရ သောဘနစိတ္တေသု- ၂၄
ပါးသော ကာမ သောဘန စိတ်တို့၌၊ ဒုကဝသေန – အရံ၏
၂။ မဟာကြိယာစိတ်၌ သင်္ဂဟနည်း ။[ဝိပါက်ထက် စေတသိက်
အယှဉ်များသောကြောင့် မဟာကြိယာကို ရှေ့ထားသည်။ ]
ကြိယစိတ္တေသုပိ၊ ပေ ၊စတုဓာ သင်္ဂ ယ န္တိ 'မဟာကြိယာစိတ်၌လည်း
ကုသိုလ်အတိုင်း ဝိရတိကို ကြဉ်ရုံသာ ထူးသည်၊ မဟာကုသိုလ် ပဌမ
အစုံ၌ စေတသိက် ၃၈ ရှိရာ ဤမဟာကြိယာ ပဌမအစုံ၌ ဝိရတိ ကြဉ်၍
၃၅ ဖြစ်၏၊ ဒုတိယအစုံ စသည်များ၌လည်း ဤနည်းပင်တည်း။
ဝိရတိဝဇ္ဇိတာ=လောကီ ဝိရတိမှန်လျှင် ဧကန် ကုသိုလ်သဘောရှိသော
ကြောင့် အဗျာကတ ဇာတ်ဖြစ်သော ကြိယာ ( ဝိပါက်) တို့၌ မယှဉ်ထိုက်။
[ဆောင်] ဝိရတီနံ, လောကီမှန်လျှင်, ဧကန် ကုသလ, သဘာဝကြောင့်,
ဗျာကတဇာတ်, အရပ်ရပ်, မှတ်လေ မယှဉ်နိုင်။
၃။ မဟာဝိပါက်စိတ်၌ သင်္ဂဟနည်း။ မဟာဝိပါက်စိတ် ပဌမအစုံ
၌လည်း အညသမာန်း ၁၃, အပ္ပမညာ ဝိရတိကြဉ်၍ သောဘန ၂ဝ, ပေါင်း
၃၃ ပါး ယှဉ်၏, စသည်ဖြင့်' သိလေ။
အပြားအားဖြင့်၊ဒွါဒသဓာ-၁၂ ပါး အပြားအားဖြင့်သာလျှင်၊
သင်္ဂဟော – ပေါင်းယူခြင်းသည်၊ ဟောတိ - ၏၊ ဣတိ-ဤသို့
ရအပ်ကုန်၏။
သင်္ဂဟ ၄။ သဟေတုက ကာမာဝစရ ကုသိုလ်, သဟိတ်ကာမာဝစရ ဝိပါက်,
သဟိတ်ကာမာဝစရ ကြိယာစိတ်တွင်၊ ( ဧကဝုစ်နိဒ္ဓါရဏ၊ )
ကုသိုလေ-ကာမာဝစရကုသိုလ်စိတ်၌၊ အဋ္ဌတ္တိံသ - အဋ္ဌတ္တိံသ
သင်္ဂဟ သည်၎င်း၊ သတ္တတ္တိံသဒွယံ – သတ္တတ္တိံသ သင်္ဂဟ
နှစ်ပါးအပေါင်းသည်၎င်း၊ ဆတ္တိံသကံ – ဆတ္တိံသ သင်္ဂဟ
သည်၎င်း၊ ဘဝေ-ဖြစ်၏။ ။ကြိယေ-သဟိတ်ကာမာဝစရ
ကြိယာစိတ်၌၊ ပဉ္စတ္တိံသ - ပဉ္စတ္တိံသသင်္ဂဟသည်၎င်း၊ စတု
အပ္ပမညာ ဝိရတိဝဇ္ဇိတာ ---(ကာမဝိပါက် မှန်လျှင် ပရိတ္တခေါ်သော
ကာမတရားကို ဧကန် အာရုံပြုသောကြောင့် သတွာပညတ်ကို အာရုံပြုသော
အပ္ပမညာတို့ မယှဉ်ထိုက်၊ ဝိရတိမယှဉ်ကြောင်းကား ကြိယာစိတ် အတိုင်းပင်
တည်း။)
[ဆောင်] ဝိပါကာနံ, ကာမ မှန်လျှင်, ဧကန်ပရိတ္တ,အာလမ္ဗကြောင့်,
သတ္တပညတ်, အာရုံကပ်သည့်, အပ္ပမညာ, ထိုနှစ်ဖြာ, မှန်စွာ
မယှဉ်ထိုက်။
ဣတိသဗ္ဗထာပိ၊ပေ၊ ဒွါဒသဓာဝသင်္ဂဟော-'ဤသို့ ကာမသောဘန
စိတ် ၂၄ ကို အစုံဖွဲ့လျှင် ကုသိုလ် အတွက် ၄, ကြိယာအတွက် ၄, ဝိပါက်
အတွက် ၄, အားဖြင့် ၁၂ စုံ ထွက်ရကား, တစုံလျှင် သင်္ဂဟတနည်း ကျစီ
အားဖြင့် သင်္ဂဟနည်း ၁၂ ပါးရှိသည်။
## Trang 55
တ္တံသဒွယံ-စတုတ္တိံသသင်္ဂဟနှစ်ပါးအပေါင်းသည်၎င်း၊ တေ
တိံသကံ-တေတ္တိံသသင်္ဂဟသည်၎င်း၊ ဘဝေ-၏၊ ပါကေ-
သဟိတ်ကာမာဝစရဝိပါက်စိတ်၌၊ တေတ္တိံသ - တေတ္တိံသ
သင်္ဂဟသည်၎င်း၊ ဗာတ္တိံသဒွယံ – ဗာတ္တိံသ သင်္ဂဟ နှစ်ပါး
အပေါင်းသည်၎င်း၊ ဧကတ္တိံသကံ – ဧကတ္တိံသသင်္ဂဟသည်
၎င်း၊ (ဒွယေက-ကို ဒွယံဧက ဟု ပုဒ်ဖြတ်၊) ဘဝေ-၏။
၄။ သင်္ဂဟဂါထာ
ကုသိုလ်  | ကြိယာ  | ဝိပါက်
အဋ္ဌတ္တိံသ ၃၈ | ပဉ္စတ္တိံသ ၃၅ | တေတ္တိံသ ၃၃
(က) သတ္တတ္တိံသ ၃၇ | (က) စတုတ္တိံသ ၃၄ | (က) ဗာတ္တိံသ ၃၂
(ခ) သတ္တတ္တိံသ ၃၇ | (ခ) စတုတ္တိံသ ၃၄ | (ခ) ဗာတ္တိံသ ၃၂
တေတ္တိံသ ၃၃ | | ဧကတ္တိံသ ၃၁
**လေ့ကျင့်ခဏ်း မေးခွန်းများ**
က။ မဟာကုသိုလ်စိတ်၌ စေတသိက် မည်မျှယှဉ်သနည်း။
ခ။ အပ္ပမညာနှင့် ဝိရတိတို့ ဘာ့ကြောင့် အသီးသီး ယှဉ်ကြသနည်း။
ဂ။ မဟာကုသိုလ်စိတ်တို့၌ တပြိုင်နက် အများဆုံး မည်မျှယှဉ်သနည်း, အမြဲ
တန်း မည်မျှယှဉ်သနည်း, သရုပ် ရေတွက်ပါ။
ဃ။ ဤ မဟာကုသိုလ်နှင့်ဆိုင်ရာ သင်္ဂဟဂါထာပါဌ်ကို ပြပါ။
င။ ဤ မဟာကုသိုလ်စိတ်၌ သင်္ဂဟနည်း မည်မျှ ရှိသနည်း။
ဆ။ အဋ္ဌတ္တိံသကား အဘယ်စိတ်၌ သင်္ဂဟနည်းလဲ, အဋ္ဌတ္တိံသနှင့် ဆိုင်ရာ
စုဏ္ဏိယအကျယ်ကိုချွတ်၍ သရုပ်ရေတွက်ပါ။
ဇ။ (က) သတ္တတ္တိံသကား အဘယ်စိတ်၌ သင်္ဂဟနည်းလဲ, ဆိုင်ရာ ပါဠိ
အကျယ်ကိုရွတ်၍ သရုပ်ရေတွက်ပါ။
(ခ) သတ္တတ္တိံသကား အဘယ်စိတ်၌ သင်္ဂဟနည်းလဲ, ဆိုင်ရာ ပါဠိ
အကျယ်ကိုရွတ်၍ သရုပ်ရေတွက်ပါ။
ဈ ။ ဆတ္တိံသကား အဘယ်စိတ်၌ သင်္ဂဟနည်းလဲ, ဆိုင်ရာ ပါဠိ အကျယ်
ရွတ်၍ သရုပ်ရေတွက်ပါ။
ည။ မဟာကြိယာစိတ်၌ စေတသိက်မည်မျှယှဉ်သနည်း,သရုပ်ရေတွက်ပြပါ။
ဋ ။ ဝိရတိကို အဘယ့်ကြောင့် ကြဉ်ရသနည်း, လင်္ကာထောက်ပါ။
ဌ ။ တပြိုင်နက် အစွမ်းကုန် မည်မျှယှဉ်နိုင်သနည်း, [ အပ္ပမညာကို တပါးစီ
ယှဉ်သည်ကို သတိပြု။ ]
ဍ ။ အမြဲတန်း မည်မျှယှဉ်သနည်း, သရုပ်ရေတွက်ပါ။
ဎ ။ ဤ မဟာကြိယာနှင့် ဆိုင်ရာ သင်္ဂဟဂါထာပါဌ်ကိုပြပါ။
ဏ။ မဟာဝိပါက်စိတ်၌ ယှဉ်သမျှစေတသိက်တို့ကို သရုပ်ရေတွက်ပါ။
တ။ အပ္ပမညာကို အဘယ့်ကြောင့် ကြဉ်ရသနည်း, လင်္ကာထောက်ပါ။
ထ။ ဝိရတိကို အဘယ့်ကြောင့် ကြဉ်ရသနည်း, လင်္ကာထောက်ပါ။
ဒ။ ဤ မဟာကုသိုလ် ဝိပါက် ကြိယာစိတ် တို့၌ အမြဲတန်း ယှဉ်နိုင်သော
စေတသိက်ချင်း ထူးခြားသလော, ရေတွက်ပါ။
ဓ။ မဟာဝိပါက်နှင့်ဆိုင်ရာ သင်္ဂဟဂါထာပါဌ်ကို ပြပါ။
## Trang 56
**ထိုထိုစိတ်၌ မယှဉ်နိုင်သော စေတသိက်စု**
ဧတ္ထ - ဤ သောဘနစိတ် တို့တွင်
ကြိယေသုစ – မဟာကြိယာစိတ်
တို့၌၎င်း၊ မဟဂ္ဂတေစ-မဟဂ္ဂုတ်စိတ်၌၎င်း၊ ဝိရတိ - ဝိရတိ
တို့သည်၊ န ဝိဇ္ဇန္တိ - မရှိကုန်၊ အနုတ္တရေ'လောကုတ္တရာစိတ်၌၊
အပ္ပမညာ-အပ္ပမညာတို့သည်၊ န ဝိဇ္ဇန္တိ-မရှိကုန်၊ကာမပါကေ-
မဟာဝိပါက်စိတ်၌၊ ဒွယံ – ဝိရတိ အပ္ပမညာ နှစ်မျိုးလုံးသည်၊
တထာ-ထို အတူ၊ န ဝိဇ္ဇတိ-မရှိ။
**စိတ်ချင်းကွဲအောင်ပြုသော စေတသိက်စု**
အနုတ္တရေ - လောကုတ္တရာ စိတ်၌၊
ဈာနဓမ္မာ – ဈာန်တရား တို့သည်၊
ဝိသေသကာ-စိတ်ချင်းကွဲပြား, ထူးခြားအောင် ပြုတတ်ကုန်၏၊
မဇ္ဈိမေ−မဟဂ္ဂုတ်စိတ်၌၊ အပ္ပမညာစ-အပ္ပမညာတို့သည်၎င်း၊
ဈာနဓမ္မာစ – ဈာန်တရားတို့သည်၎င်း၊ ဝိသေသကာ - ကုန်၏၊
'ထိုထိုစိတ်၌ မယှဉ်နိုင်သော စေတသိက်စု ။ ။ ဤ " န ဝိဇ္ဇန္တေတ္ထ"
စသောဂါထာသည် သောဘနစေတသိက် ၂၅ တွင် ထိုထို သောဘနစိတ်၌
မယှဉ်နိုင်သော စေတသိက်တို့ကို အကျဉ်းချုပ် ရေတွက် ပြသော သင်္ဂဟ
ဂါထာတည်း၊ မယှဉ်နိုင်ပုံကို ထိုထိုစိတ်၌ ဆိုခဲ့ပြီးဖြစ်ရကား, ထို ဆိုခဲ့တိုင်း
သော စုဏ္ဏိယနှင့်ပြန်၍ ဆက်စပ်ကြည့်လေ၊ ဥပမာ — "နဝိဇ္ဇန္တေတ္ထဝိရတီ,
ကြိယေသုစ မဟဂ္ဂတေ"ဟူသော စကားနှင့်–ကြိယစိတ္တေသုပိ ဝိရတိဝဇ္ဇိတာ"
ဟူသော ကာမသောဘန သင်္ဂဟနည်းစကား "မဟဂ္ဂတေသု ပန တီသု ၊ ပေ၊
ဝိရတိတ္တယဝဇ္ဇိတာ ဒွာဝီသတိ သောဘနစေတသိကာ" ဟူသော မဟဂ္ဂုတ်
သင်္ဂဟနည်းစကားတို့ကို ဆက်စပ်ကြည့်လေ'ဟူလို။
**စိတ်ချင်းကွဲပြားအောင်ပြုသော စေတသိက်စု**
ပရိတ္တေသု – ကာမ သောဘနစိတ်တို့၌၊ ဝိရတိဉာဏပီတိစ-
ဝိရတိ ဉာဏ် ပီတိသည်၎င်း၊ အပ္ပမညာစ – အပ္ပမညာတို့သည်၎င်း၊
ဝိသေသကာ-ကုန်၏။
စိတ်ချင်းကွဲပြားအောင်ပြုသော စေတသိက်စု။ ။ဤ " အနုတ္တရေ
ဈာနဓမ္မာ " စသော ဂါထာလည်း စိတ်တမျိုးနှင့် တမျိုးကို ကွဲပြားအောင်
ပြုတတ်သော စေတသိက်များကို အကျဉ်းချုပ်ပြသော သင်္ဂဟဂါထာ တမျိုး
ပင်တည်း။
အနုတ္တရေ ဈာနဓမ္မာ ဝိသေသကာ ဈာန်တရား ဟူသည် ဝိတက်
ဝိစာရ စသည် တို့တည်း၊ လောကုတ္တရာစိတ်တွင် ဝိတက်သည် ပဌမ ဈာန်
စိတ်၌သာ ယှဉ်၍ ဒုတိယဈာန်စိတ် စသည်၌ မယှဉ်၊ ဤ ဝိတက်၏ ယှဉ်မှု
မယှဉ်မှုကြောင့် ပဌမဈာန်စိတ်သည် ဒုတိယဈာန်စိတ် စသည်တို့မှ ထူးခြား
ကွဲလွဲရလေ၏၊ ဤသို့လျှင်ပဌမဈာန်စိတ် စသည်တို့၏ ကွဲပြားမှုကို ဝိတက်ဈာန်
တရားက ပြုသည်။ [ဝေဒနာဉာဏသင်္ခါရဘေဒေန – ဂါထာ၌ ဉာဏ် တခု
တည်းက စိတ်ချင်း ကွဲပြားအောင် ပြုပုံနှင့် အတူတူပင်တည်း၊ အကျယ်ကို
ဘာသာ ဋီကာ၌ရှု။]
[ဆောင်] ယှဉ်ရာ စိတ်စု, သီးသန့်ပြုလျက်, ယှဉ်မှု တခြား, ကြွင်းစိတ်များ
နှင့်, ကွဲပြားစေမှု, ထူးအောင်ပြု, မှတ်ရှု ဝိသေသကတည်း။
မဇ္ဈိမေ။ ။(အညံ့စား ကာမစိတ်, အမြတ်ဆုံး လောကုတ္တရာစိတ်တို့၏
အလယ်ဖြစ်သောကြောင့် မဟဂ္ဂုတ်ကို"မဇ္ဈိမ" ဟု ခေါ်သည်။)
လေ့ကျင့်ခဏ်း မေးခွန်းများ
က။ နဝိဇ္ဇန္တေတ္ထ စသော ဂါထာကို ဘာ ဂါထာ ဟု ခေါ်သနည်း, ထို
ဂါထာကို အနက်ပေးပါ။
## Trang 57
ခ ။ မဟာကြိယာစိတ်တို့၌ ဝိရတိ မရှိဟူသော စကားအရ အကျယ် ပါဠိကို ပြပါ။
ဂ ။ မဟဂ္ဂုတ်စိတ်၌ ဝိရတိ မရှိဟူသော စကားအရ အကျယ် ပါဠိကို ပြပါ။
ဃ။ လောကုတ္တရာစိတ်၌ အပ္ပမညာ မရှိ ဟူသော စကားအရ အကျယ် ပါဠိကို ပြပါ။
င ။ မဟာဝိပါက်စိတ်၌ ဝိရတိအပ္ပမညာ ၂ မျိုးလုံး မရှိဟူသော စကားအရ အကျယ် ပါဠိကို ပြပါ။
စ ။ အနုတ္တရေဈာနဓမ္မာ စသော ဂါထာကို ဘာ ဂါထာ ခေါ်သနည်း။
ဆ။ လောကုတ္တရာစိတ်၌ အဘယ် တရားသည် စိတ်ချင်း ကွဲပြားအောင် ပြု သနည်း။
ဇ ။ ကွဲပြားအောင် ပြုပုံကို လင်္ကာထောက်၍ ထင်ရှားပြပါ။
ဈ ။ မဟဂ္ဂုတ် စိတ်၌ အဘယ်တရားသည် စိတ်ချင်းကွဲပြားအောင်ပြုသနည်း။
ည ။ ကာမသောဘနစိတ်၌ အဘယ်တရားများသည် စိတ်ချင်းကွဲပြားအောင် ပြုသနည်း။
**အကုသိုလ်စိတ်၌ သင်္ဂဟနည်း။**
၁။ ပန-ကား၊ အကုသလေသု - အကုသိုလ်စိတ် တို့တွင်၊ **တာဝ** -
ဒေါသမူစိတ် စသည်တို့မှ ရှေးဦးစွာ၊ (**နိဒ္ဒိဋ္ဌေသု-ညွှန်ပြအပ်ကုန်သော**၊)
လောဘမူလေသု - လောဘမူစိတ်တို့တွင်၊ ပဌမေ-ပဌမ ဖြစ်သော၊
အသင်္ခါရကေ – အသင်္ခါရိကစိတ်၌၊ အညသမာနာ – မည်ကုန်သော၊
တေရသ – ၁၃ပါးကုန်သော၊ စေတသိကာ – တို့၎င်း၊ အကုသလသာဓာရဏာ -
သဗ္ဗာကုသလ သာဓာရဏ မည်ကုန်သော၊ စတ္တာရောစ'လေးပါးသော
စေတသိက်တို့၎င်း၊ ဣတိ-ဤသို့၊ သတ္တရသ – တဆဲ့ခုနစ်ပါးသော
စေတသိက်တို့သည်၊ လောဘဒိဋ္ဌိတို့နှင့်၊ သဒ္ဓိ-တကွ၊
ဧကူနဝီသတိ-တခုယုတ် နှစ်ဆယ်သော၊ ဓမ္မာ-သဘောတရားတို့သည်၊
(**ဟုတွာ-ဖြစ်၍၊**) သင်္ဂဟံ-ပေါင်းယူအပ်ကုန်သည်၏ အဖြစ်သို့၊
ဂစ္ဆန္တိ-ကုန်၏။
**အကုသိုလ်စိတ် သင်္ဂဟနည်း။** ။လောဘမူစိတ်၌ အသင်္ခါရိက ၄,
ဒေါသမူစိတ်၌ အသင်္ခါရိက ၁, ၍ အသင်္ခါရိကစိတ် ၅ ပါး၌ သင်္ဂဟနည်းကို ရှေးဦးစွာ အစဉ်အတိုင်း ပြပြီးမှ, သသင်္ခါရိကစိတ် ၅ ပါး၏ သင်္ဂဟနည်းကို နောက်၌ စဉ်၍ ပြထား၏၊ ထို့နောက် အသင်္ခါရိက သသင်္ခါရိကမှ အလွတ် ဖြစ်သော မောဟမူဒွေးကိုပြသည်၊ မောဟမူတွင်လည်း ဝိစိကိစ္ဆာသဟဂုတ် စိတ်ကို စေတသိက် ယှဉ်ပုံ ထူးသောကြောင့် ဥဒ္ဓစ္စသဟဂုတ်စိတ် သင်္ဂဟ၏ နောက်မှ ပြထားသည်။
၁။ ပဌမေ အသင်္ခါရိက – (သင်္ဂြိုဟ်ပါဠိကို သတိပြု) အညသမာန်း ၁၃, သဗ္ဗာကုသလသာဓာရဏ ၄, လောဘ ဒိဋ္ဌိ ၂, ပေါင်း ၁၉ ပါးသော
## Trang 58
၂။ ဒုတိယေ အသင်္ခါရိကေ – ဒုတိယ အသင်္ခါရိကစိတ်၌၊
*လောဘမာနေန*-လောဘမာနနှင့်, (သဒ္ဓိ-တကွ,) *တထေဝ*-
ထိုအညသမာန်း, အကုသလသာဓာရဏစေတသိက်တို့သည်
ပင်, *သင်္ဂဟံ*-သို့, *ဂစ္ဆန္တိ*-ရောက်ကုန်၏။
၃။ *တတိယေ*-တတိယအသင်္ခါရိကစိတ်၌, *ပီတိဝဇ္ဇိတာ-*
ပီတိသည် ကြဉ်အပ်ကုန်သော, *လောဘဒိဋ္ဌိဟိ*-တို့နှင့်, *သဟ*-
တကွ, *အဋ္ဌာရသ* – တဆဲ့ ရှစ်ပါးကုန်သော, *တထေဝ* - ထို
အညသမာန်း, အကုသလသာဓာရဏ စေတသိက်တို့သည်
ပင်, *သင်္ဂဟံ*-သို့, *ဂစ္ဆန္တိ*-ရောက်ကုန်၏။
စေတသိက်တို့သည် သောမနဿသဟဂုတ် ဒိဋ္ဌိဂတ သမ္ပယုတ် အသင်္ခါရိက
စိတ်၌ ယှဉ်ကုန်၏, [ ဒိဋ္ဌိဂတ သမ္ပယုတ်ဖြစ်၍ ဒိဋ္ဌိယှဉ်သည်, " ဒိဋ္ဌိ စတူသု
ဒိဋ္ဌိဂတ သမ္ပယုတ္တေသု" ကို သတိပြု။]
၂။ *တထေဝ ဒုတိယေ*- အညသမာန်း ၁၂, အကုသလသာဓာရဏ ၄,
လောဘ မာန ၂, ပေါင်း ၁၉ ပါးသော စေတသိက်တို့သည် သောမနဿ
သဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိကစိတ်၌ ယှဉ်ကုန်၏, [ ဒိဋ္ဌိဂတ
ဝိပ္ပယုတ်ဖြစ်၍ ဒိဋ္ဌိကြဉ် မာနယှဉ်သည်, "မာနော စတူသု ဒိဋ္ဌိဂတဝိပ္ပယုတ္တေ
သု" ဟူသော သမ္ပယောဂနည်းကို သတိပြု။ ]
၃။ *တတိယေ တထေဝ*- ပီတိကြဉ် အညသမာန်း ၁၂, သဗ္ဗာကုသလ
သာဓာရဏ ၄, လောဘဒိဋ္ဌိ ၂, ပေါင်း ၁၈ ပါးသော စေတသိက်တို့သည်
ဥပေက္ခာသဟဂုတ်ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက စိတ်၌ ယှဉ်ကုန်၏, [ ပီတိ
ဒေါမနဿုပေက္ခာသဟဂတ - စသော သမ္ပယောဂနည်းကို ကြည့်၍ ပီတိ
ကြဉ်ရကြောင်းကို သိလေ။]
၄။ *စတုတ္ထေ*-စတုတ္ထ အသင်္ခါရိကစိတ်၌,လောဘမာနေ
န − လောဘမာနနှင့်, ( သဟ-တကွ, ) *တထေဝ* - ထို အည
သမာန်း, အကုသလသာဓာရဏ စေတသိက်တို့ သည်ပင်,
*သင်္ဂဟံ*-သို့, *ဂစ္ဆန္တိ*-ရောက်ကုန်၏။
၅။ *ပန*-အဘိတပါးကား, *ပဉ္စမေ*-ပဉ္စမဖြစ်သော, *ပဋိဃ
သမ္ပယုတ္တေ*-ပဋိဃသမ္ပယုတ် ဖြစ်သော, *အသင်္ခါရိကေ*-အသင်္ခါရိက
စိတ်၌, *ဒေါသော*-ဒေါသ၎င်း, *ဣဿာ*-၎င်း, *မစ္ဆရိယံ*-
၎င်း, *ကုက္ကုစ္စံစ*-၎င်း, *ဣတိ* - ဤသို့, *စတူဟိ* – လေးပါးသော
စေတသိက်တို့နှင့်, *သဒ္ဓိ* – တကွ, ပီတိဝဇ္ဇိတာ - ပီတိသည်
ကြဉ်အပ်ကုန်သော,ဝီသတိ- ၂ဝ သော, *တေဧဝဓမ္မာ*-ထိုအည
သမာန်း, အကုသလသာဓာရဏ တရားတို့ကိုပင်, *သင်္ဂယှန္တိ*-
ပေါင်းယူအပ်ကုန်၏, (ပန -အမှာစကားချပ် ညှပ်လိုက်ဦးအံ့,)
*ဧတ္ထ* – ဤ ၂ဝ သော စေတသိက်တို့တွင်, *ဣဿာ* -ဒုက္ခ။
၄။ *စတုတ္ထ တထေဝ*-ပီတိကြဉ် အညသမာန်း ၁၂, သဗ္ဗာကုသလ
သာဓာရဏ ၄, လောဘ မာန ၂, ပေါင်း ၁၈ ပါးသော စေတသိက်များ
ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိကစိတ်၌ ယှဉ်ကြ၏။
၅။ *ပဉ္စမေ ပဋိဃသမ္ပယုတ္တေ*—ဒေါသ ဣဿာ မစ္ဆရိယ ကုက္ကုစ္စ ၄,
ပီတိကြဉ် အညသမာန်း ၁၂, သဗ္ဗာကုသလသာဓာရဏ ၄, ပေါင်း ၂ဝသော
စေတသိက်တို့သည် ဒေါမနဿ သဟဂုတ် ပဋိဃသမ္ပယုတ် အသင်္ခါရိကစိတ်၌
ယှဉ်ကုန်၏။
ဣဿာ မစ္ဆရိယ ကုက္ကုစ္စ၊ *ပေ၊ပစ္စေကံ*'ဤသို ၂ဝ ယှဉ်သော်လည်
ဣဿာသည် သူတပါးစည်းစိမ်ကို အာရုံပြု၏, မစ္ဆရိယသည် မိမိစည်းစိမ်ကို
အာရုံ ပြု၏, ကုက္ကုစ္စသည် ပြုပြီး ဒုစရိုက် နှင့် မပြုခဲ့မိသော သုစရိုက်ကို
## Trang 59
ကုက္ကုစ္စာနိ – ဣဿာ မစ္ဆရိယ ကုက္ကုစ္စတို့ကို၊ ပစ္စေကမေဝ-
တသီးတခြား, တပါးစီသာလျှင်၊ ယောဇေတဗ္ဗာနိ – ယှဉ်စေ
အပ်ကုန်၏။
၆။ သသင်္ခါရိက ပဉ္စကေပိ – သသင်္ခါရိကစိတ် ငါးပါး
အပေါင်း၌လည်း၊ တထေဝ-ထိုအသင်္ခါရိက၌ ယှဉ်ထိုက်သော
စေတသိက်တို့ကိုပင်၊ ထိနမိဒ္ဓေန'ထိနမိဒ္ဓဖြင့်၊ ဝိသေသေတွာ-
အထူးပြု၍၊ ယောဇေတဗ္ဗာ-ယှဉ်စေအပ်ကုန်၏။
အာရုံပြု၏, ဤသို့ အာရုံကွဲပြားသောကြောင့် ထို ၃ ပါးကို တပြိုင်နက် မယှဉ်
နိုင်ရကား ဤ ဒေါသမူ အသင်္ခါရိကစိတ်၌ အလွန်ဆုံးအားဖြင့် ၁၉ ပါးသာ
တပြိုင်နက် ယှဉ်သည်၊ ဣဿာ မစ္ဆရိယ ကုက္ကုစ္စတို့ အနိယတယောဂီ
စေတသိက်များဖြစ်၍ တရံတခါသာ ယှဉ်သောကြောင့် အမြဲတန်းအားဖြင့်
၁၇ ပါးသာ ယှဉ်သည်။
[ဆောင်] . သူများ စည်းစိမ်,ကိုယ့် စည်းစိမ်တည်း,ပြုပြီး ဒုစရိုက်,မပြု
လိုက်မိ, သုစရိဟု, အာရုံပြုရာ, ကွဲသည့်တာကြောင့်, ဣဿာ
မစ္ဆရ,ကုက္ကုစ္စကို, တက္ကဆိုင်လျက်, တပြိုင်နက်, ဆက်ဆက်
မယှဉ်ကြ။
၆။ သသင်္ခါရိကပဉ္စကေ'သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ်
သသင်္ခါရိကစိတ် စသော သသင်္ခါရိကစိတ် ၅ ပါး၌ စေတသိက် ယှဉ်ပုံမှာ
အသင်္ခါရိက ၅ ပါး၌ ယှဉ်သော စေတသိက်များတွင် ထိန မိဒ္ဓ ၂ ပါးကို
ထပ်၍ ထည့်ရုံသာ ထူးသည်၊ ထိုကြောင့် "ပဌမ အသင်္ခါရိက၌ စေတသိက်
၁၉ ပါး ယှဉ်ရာတွင် ထိန မိဒ္ဓကို ထပ်၍ ထည့်က ပဌမ သသင်္ခါရိက စိတ်၌
ယှဉ်သော စေတသိက် ၂၁ ဖြစ်၏" ဟု သိလေ။
၇။ ပန-ကား၊ ဆန္ဒပီတိဝဇ္ဇိတာ-ဆန္ဒပီတိသည် ကြဉ်အပ်
ကုန်သော၊ အညသမာနာ-အညသမာန်းမည်ကုန်သော၊ ဧကာ
ဒသ-၁၁ပါးတို့၎င်း၊ အကုသလသာဓာရဏာ-သဗ္ဗာကုသလ
သာဓာရဏ မည်ကုန်သော၊ စတ္တာရောစ – လေးပါးတို့၎င်း၊
ဣတိ-ဤသို့၊ပန္နရသ-၁၅ ပါးကုန်သော၊ ဓမ္မာ-သဘောတရားတို့
သည်၊ ဥဒ္ဓစ္စသဟဂတေ-ဥဒ္ဓစ္စသဟဂုတ်စိတ်၌၊ သမ္ပယုဇ္ဇန္တိ-
ယှဉ်ကုန်၏။
၈။ ဝိစိကိစ္ဆာသဟဂတစိတ္တေစ – ဝိစိကိစ္ဆာ သဟဂုတ်
စိတ်၌ကား၊ အဓိမောက္ခဝိရဟိတာ – အဓိမောက္ခမှ ကင်းကုန်
သော၊ ဝိစိကိစ္ဆာသဟဂတာ – ဝိစိကိစ္ဆာနှင့် တကွ ဖြစ်ကုန်
သော၊ ပန္နရသ−၁၅ ပါးကုန်သော၊ တထေဝဓမ္မာ - ထို အည
သမာန်း အကုသလသာဓာရဏ စေတသိက်တို့ကိုပင်၊ သမုပ
လဘန္တိ-ကောင်းစွာ ရအပ်ကုန်၏၊ ဣတိ - ဤသို့၊ သဗ္ဗထာပိ-
လည်း၊ ဒွါဒသာကုသလ စိတ္တုပ္ပါဒေသု – ၁၂ ပါးသော အကု
သိုလ် စိတ်တို့၌၊ ပစ္စေကံ – အသီးအသီး၊ ယောဇိယမာနာ –
၇။ ပန္နရသဓမ္မာ ဥဒ္ဓစ္စသဟဂတေ'ဆန္ဒပီတိကြဉ် အညသမာန်း ၁၁,
သဗ္ဗာကုသလ သာဓာရဏ ၄, ပေါင်း ၁၅ ပါးသော စေတသိက်များသည်
ဥဒ္ဓစ္စ သဟဂုတ်စိတ်၌ ယှဉ်ကြ၏။
၈။ ဝိစိကိစ္ဆာသဟဂတစိတ္တေစ – ဥဒ္ဓစ္စ သဟဂုတ် စိတ်၌ ယှဉ်သော
၁၅ ပါးတွင် အဓိမောက္ခ ကြဉ်၍ ဝိစိကိစ္ဆာကို သွင်းလျက် ၁၅ ပါးသော
စေတသိက်များပင် ဝိစိကိစ္ဆာသဟဂုတ်စိတ်၌ ယှဉ်ကြ၏။
## Trang 60
ယှဉ်စေအပ်ပါကုန်သော်လည်း၊ ဂဏနဝသေန-ဂဏန်းသင်္ချာ
တို့၏ အပြားအားဖြင့်၊ သတ္တဓာ − ခုနစ်ပါး အပြား အားဖြင့်
သာလျှင်၊ သင်္ဂဟိတာ−ပေါင်းယူအပ်ကုန်သည်၊ ဘဝန္တိ-ဖြစ်
ကုန်၏၊ ဣတိ-ဤသို့ရအပ်ကုန်၏။
ပစ္စေကံ ယောဇိယမာနာ ပိ− ဤ ဆိုအပ်ပြီးသော နည်းအရ အကုသိုလ်
စိတ် ၁၂ ပါး၌ယှဉ်သော စေတသိက်များကို အသီးအသီး တမျိုးစီ သင်္ဂဟ
ပြုလျက် ပေါင်းစုရေတွက်ရာ ၁၂ မျိုး ထွက်လာ၏၊ သင်္ဂဟနည်း ၁၂ မျိုးပင်
ရှိသင့်၏။ သို့သော်
ဂဏန ဝသေန သတ္တဓာ − ဂဏန်းသင်္ချာ အနေအထား အမျိုးအစား
အားဖြင့် ဆိုလျှင် ၇ မျိုးသာရှိသည်၊ ( ၇ မျိုး ရှိပုံကို သင်္ဂဟ ဂါထာဖြင့်
ထင်ရှားစေလတံ့။) ထို့ကြောင့် "ဤ အကုသိုလ်စိတ်၌ သင်္ဂဟနည်း ၇ နည်း
သာ ရှိသည် ဟု မှတ်ယူကြလေ "ဟူလို။
| ပဌမ    | ဒုတိယ   | တတိယ   | စတုတ္ထ  | ပဉ္စမ    |
| **အသင်္ခါရိက** | ၁၉       | ၁၉       | ၁၈       | ၁၈       | ၂၀       |
| **သသင်္ခါရိက**  | ၂၁       | ၂၁       | ၂၀       | ၂၀       | ၂၂       |
[ အကုသိုလ်စိတ် ၁၂ တွင် အသင်္ခါရိက ၅ သသင်္ခါရိက ၅ ဟု ဤ၌
တိုက်ရိုက် ပြထားသောကြောင့် " ရှင်အနုရုဒ္ဓါ ကိုယ်တော်တိုင်က မောဟမူ
ဒွေးကို အသင်္ခါရိက သသင်္ခါရိက ၂ ပါးလုံး မဆိုလိုကြောင်း " ထင်ရှားပြီ။ ]
၉။ အကုသလေ - အကုသိုလ် စိတ်၌၊ သင်္ဂဟာ –
သင်္ဂဟနည်းတို့သည်၊ဧကူနဝီသ-ဧကူနဝီသ သင်္ဂဟ
၎င်း၊ အဋ္ဌာရသ - အဋ္ဌာရသ သင်္ဂဟ၎င်း၊ ဝီသ – ၂၀
သင်္ဂဟ၎င်း၊ ဧကဝိသ-ဧကဝိသသင်္ဂဟ၎င်း၊ ဝီသတိ-ဝီသတိ
သင်္ဂဟ၎င်း၊ ဒွာဝီသ - ဒွာဝီသ သင်္ဂဟ၎င်း၊ ပန္နရသ – ပန္နရသ
သင်္ဂဟ၎င်း၊ ဣတိ - ဤသို့၊ သတ္တဓာ – ခုနစ်ပါး အပြားအားဖြင့်၊
ဌိတာ-တည်ကုန်၏။
၉။ **သင်္ဂဟ ဂါထာ**
၁။ ဧကူနဝီသ ( ၁၉ ) ကား ပဌမ အသင်္ခါရိက ဒုတိယအသင်္ခါရိက စိတ်၌
သင်္ဂဟတည်း၊ ပါဠိအကျယ်နှင့် တိုက်ဆိုင်ကြည့်လေ။
၂ ။ အဋ္ဌာရသ ( ၁၈ ) ကား တတိယ အသင်္ခါရိက စတုတ္ထအသင်္ခါရိက၌
သင်္ဂဟတည်း။
၃။ ဝီသ
(၂၀) ကား ပဉ္စမ အသင်္ခါရိကစိတ်၌ သင်္ဂဟတည်း။
၄။ ဧကဝိသ (၂၁) ကား ပဌမ သသင်္ခါရိက ဒုတိယ သသင်္ခါရိက စိတ်၌
သင်္ဂဟတည်း။
၅။ ဝီသတိ (၂၀) ကား တတိယ သသင်္ခါရိက စတုတ္ထ သသင်္ခါရိက၌
သင်္ဂဟတည်း။
[ (၃ – ၅) သည် ဂဏန်းသင်္ချာချင်း တူသော်လည်း ၂၁-အရ
ဧကဝိသ သင်္ချာက ခြားနေ သောကြောင့် တပေါင်းတည်း မယူဘဲ
တနည်းစီ ခွဲထားသည်။ ]
၆။ ဒွာဝီသ (၂၂) ကား ပဉ္စမ သသင်္ခါရိက၌ သင်္ဂဟတည်း။
၇။ ပန္နရသ (၁၅) ကား မောဟမူဒွေး၌ သင်္ဂဟတည်း။
ဤသို့ ဂဏန်း သင်္ချာ အပြားအားဖြင့် သင်္ဂဟနည်း ၇ နည်း ရှိ၏။
## Trang 61
၁ဝ။ စတ္တာရော – လေးပါးကုန်သော၊ သာဓာရဏာ၁၈ –
အကုသလ သာဓာရဏ စေတသိက်တို၎င်း၊ အပရေ − အကု
သလံ သာဓာရဏ စေတသိက်တို့မှ တပါးကုန်သော၊ ဒသ-
ဆယ်ပါးကုန်သော၊ သမာနာ၁ဝ − အညသမာန်း စေတသိက်တိ
၎င်း၊ ( ဣတိ - သို့၊ ) ရဋ္ဌသ-၁၄ ပါးကုန်သော၊ ဧတေ – ဤ
စေတသိက်တို့ကို၊ သဗ္ဗာကုသလယောဂိနော – အလုံးရံသော
အကုသိုလ်စိတ်နှင့် ယှဉ်ကုန်၏ ဟူ၍၊ ပဝုစ္စန္တိ-ဆိုအပ်ကုန်၏၊
( "အပရေ-ဆန္ဒ ပီတိ အဓိမောက္ခမှ တပါးကုန်သော" ဟု
ရှေးနက်ရှိ၏၊ ဆင်ခြင်။)
၁ဝ။ သင်္ဂဟဂါထာ။ ။ ဤ "သာဓာရဏာစ စတ္တာရော" စသော
ဂါထာသည် အကုသိုလ်စိတ်အားလုံး၌ အမြဲယှဉ်လေ့ရှိသော စေတသိက်ကို
အကျဉ်းချုပ်ပြသော သင်္ဂဟ ဂါထာဖင်တည်း၊ (သဗ္ဗာကုသလ သာဓာရဏ
၄၊ ဆန္ဒ ပီတိ အဓိမောက္ခကြဉ် အညသမာန်း ၁ဝ၊ ၍ ၁၄ ကား အကုသိုလ်
စိတ်အားလုံး၌ အမြဲ ယှဉ်ကြသည်) [ဆန္ဒသည် မောဟမူ၌ မယှဉ်၊ ပီတိကား
ဥပေက္ခာသဟဂုတ်နှင့် ဒေါသမူ၌ မယှဉ်၊ အဓိမောက္ခမှာ ဝိစိကိစ္ဆာ သဟ
ဂုတ်၌ မယှဉ်။]
လေ့ကျင့်ခဏ်း မေးခွန်းများ
[ဤ အကုသိုလ်စိတ်၌ သင်္ဂြိုဟ်ပါဠိကိုကြည့်လျှင် သရုပ်ကွဲဘိုရန် မခဲယဉ်းဟု
ထင်ရသော်လည်း၊ နောင်ခါ အစဉ်သဖြင့် သရုပ်မြင်ဘို့ရာမှာ လွန်စွာ ခက်၏၊
ညဝါဆိုသည့်အခါ ယောင်လည်လည် နေကြသည်သာများ၏၊ ထို့ကြောင့်
၍ လေ့ကျင့်ခဏ်း၌ အစွမ်းကုန် လေ့လာကြပါကုန်။]
က။ ဧကူနပီသာဋ္ဌာရသ စသော သင်္ဂဟ ဂါထာကို အနက်ပေးပါ။
ခ ။ အကုသိုလ်စိတ်၌ သင်္ဂဟနည်း မည်မျှ ရှိသနည်း၊ ရေတွက်ပါ။
ဂ ။ ဧကူနပီသကား အဘယ် စိတ်များ၌ သင်္ဂဟနည်းလဲ၊ (က) ဧကာပီသ
(ခ) ဧကူနဝီသခွဲ၍ အကျယ်ပါဠိနှင့်ဆက်စပ်လျက် သရုပ်ရေတွက်ပါ။
ဃ။ အဋ္ဌာရသကား အဘယ်စိတ် များ၌ သင်္ဂဟနည်းလဲ၊ အကျယ်ပါဠိနှင့်
ဆက်စပ်ပြီးလျှင် သရုပ် ရေတွက်ပါ။
င ။ ဝီသကား ဘယ်စိတ်၌ သင်္ဂဟနည်းလဲ၊ ပါဠိနှင့်စပ်၍ သရုပ်ရေတွက်ပါ။
စ ။ ဧကဝီသကား အဘယ်စိတ်များ၌ သင်္ဂဟ နည်းလဲ၊ သရုပ်ရေတွက်ပါ။
ဆ။ ဝီသတိကား အဘယ်စိတ်များ၌ သင်္ဂဟနည်းလဲ၊ သရုပ် ရေတွက်ပါ။
ဇ ။ ဒွါဝီသကား အဘယ်စိတ်များ၌ သင်္ဂဟနည်းလဲ၊ သရုပ် ရေတွက်ပါ။
ဈ ။ ပန္နရသကား အဘယ်စိတ်များ၌ သင်္ဂဟနည်းလဲ၊ အကျယ် ပါဠိနှင့်
ဆက်စပ်၍၊ သရုပ် ရေတွက်ပါ။
ည။ သာဓာရဏာစ စတ္တာရောကား ဘာကိုပြသော ဂါထာနည်း။
ဋ ။ လောဘမူစိတ် ၈ ပါးလုံး၌ စေတသိက် မည်မျှ ယှဉ်သနည်း၊ သရုပ်
ရေတွက်ပါ။
ဌ ။ လောဘမူ သောမနဿ သဟဂုတ်စိတ် ၄ ၌ စေတသိက်ပေါင်းမည်မျှ
ဥပေက္ခာသဟဂုတ် ၄ ၌ မည်မျှယှဉ်သနည်း။
ဍ ။ ဒေါသမူဒွေး၌ စေတသိက် မည်မျှ ယှဉ်သနည်း၊ သရုပ်ရေတွက်ပါ။
ဎ ။ ဒေါသမူစိတ်၌ အများဆုံး တပြိုင်နက် မည်မျှ ယှဉ်သနည်း၊ အမြဲတန်း
မည်မျှ ယှဉ်သနည်း၊ သရုပ်ရေတွက်ပါ။
ဏ။ မောဟမူဒွေး၌ စေတသိက် မည်မျှ ယှဉ်သနည်း၊ သရုပ်ရေတွက်ပါ။
## Trang 62
၁။ _ပန - အတ္ထိတပါးကား၊ အဟေ_
***အဟိတ်စိတ်၌ သင်္ဂဟနည်း***
တုကေသု – အဟိတ်စိတ် တို့တွင်၊
တာဝ-ဝုဋ္ဌောစသည်တို့မှ ရှေးဦးရွာ၊ (နိဗ္ဗိသိတဗ္ဗေ - ညွှန်ပြ
ထိုက်သော၊) ဟသနစိတ္တေ-ဟသိတုပ္ပါဒ်စိတ်၌၊ ဆန္ဒဝဇ္ဇိတာ-
ဆန္ဒသည်ကြဉ်အပ်ကုန်သော၊ အညသမာနာ-အညသမာန်းသော၊ ဒွါဒသ-
၁၂ ပါးကုန်သော၊ဓမ္မာ-သဘောတရားတို့သည်၊ သင်္ဂဟံ-သို့၊
ဂစ္ဆန္တိ-ရောက်ကုန်၏။
၂၊ _ဝေါဋ္ဌပနေ - ဝုဋ္ဌောစိတ်၌၊ ဆန္ဒ ပီတိဝဇ္ဇိတာ – ဆန္ဒ
ပီတိသည် ကြဉ်အပ်ကုန်သော၊ တထာ ထို အညသမာန်း
စေတသိက်တို့သည်၊ သင်္ဂဟံ-၌၊ ဂစ္ဆန္တိ - ရောက်ကုန်၏။
၃။ _သုခသန္တီရဏေ _ - သုခသန္တီရဏစိတ်၌၊ ဆန္ဒဝီရိယ
ဝဇ္ဇိတာ – ဆန္ဒ ဝီရိယသည် ကြဉ်အပ်ကုန်သော၊ တထာ – ထို
အညသမာန်းစေတသိက်တို့သည်၊ သင်္ဂဟံ-၌၊ ဂစ္ဆန္တိ-ရောက်ကုန်၏။
***အဟိတ်စိတ်၌ သင်္ဂဟနည်း***
၁။ ဟသိတုပ္ပါဒ်စိတ်၌ ဆန္ဒကြဉ် အညသမာန်းစေတသိက် ၁၂ ယှဉ်၏။
၂။ (မနောဒွါရာဝဇ္ဇန်းစိတ်ကို ဝေါဋ္ဌပန ( ဝုဋ္ဌော ) စိတ် ဟု ခေါ်သည်။
၎င်း ဝုဋ္ဌောစိတ်၌ ဆန္ဒပီတိကြဉ် အညသမာန်း ၁၁ ယှဉ်၏၊ [ ဝေါဋ္ဌပန=
ပုဒ်၌ 8+အဝ+ရှေးရှိသော ဌာဓာတ်၊ ဏာပေပစ္စည်း၊ ယု ပစ္စည်းတည်း၊
ထို့ကြောင့် ဝေါဋ္ဌဗ္ဗန-ဟု မရေးဘဲ "ဝေါဋ္ဌပန" ဟု ရေးသည်။ ]
၃။ သုခသန္တီရဏစိတ်၌ ဆန္ဒဝီရိယကြဉ် အညသမာန်း ၁၁ ယှဉ်၏။
၄။´ _မနောဓာတုတ္တိကေ အဟေတုက ပဋိသန္ဓိယုဂဠေ-မနော
ဓာတ်သုံးပါး၊ အဟိတ်ပဋိသန္ဓေအစုံ၌၊ ဆန္ဒ ပီတိ ဝီရိယ ဝဇ္ဇိ
တာ-ဆန္ဒ ပီတိ ဝီရိယသည် ကြဉ်အပ်ကုန်သော၊ တထာ-ထို
အညသမာန်းစေတသိက်တို့သည်၊ သင်္ဂဟံ-သို့၊ ဂစ္ဆန္တိ-ရောက်ကုန်၏။
၅။ _ဒွိပဉ္စပညာဏေ-ဒွေးပဉ္စဝိညာဏ်၁ဝ၌၊ ပကိဏ္ဏကဝ
တ၁ – ပကိဏ်းစေတသိက်သည် ကြဉ်အပ်ကုန်သော၊ တေ
ယေဝ – ထို အညသမာန်းစေတသိက် တို့ကိုပင်၊ သင်္ဂယှန္တိ-
ပေါင်းယူအပ်ကုန်၏၊ ဣတိ-သို့၊ သဗ္ဗထာပိ-လည်း၊ အဋ္ဌာရသ
သု-၁၈ ပါးကုန်သော၊ အဟေတုကေသု – အဟိတ်စိတ်တို့၌၊
ဂဏနဝသေန - ဖြင့်၊ စတုဓာ-လေးပါး အပြားအားဖြင့်သာ
လျှင်၊ သင်္ဂဟော – ပေါင်းယူခြင်းသည်၊ ဟောတိ - ၏၊ ဣတိ-
ဤသို့ ရအပ်ကုန်၏။
၄။( ပဉ္စဒွါရာဝဇ္ဇန်း သမ္ပဋိစ္ဆိုန်း ဒွေးကို"မနောဓာတ် ၃ ပါး"ဟု ခေါ်၏။)
(ဥပေက္ခာသဟဂုတ် သန္တီရဏ ၂ ပါးကို" အဟိတ်ပဋိသန္ဓေအစုံ"ဟု ခေါ်၏၊)
ခေါ်ဝေါ်ခြင်း၏ အကြောင်းမှာ နောက်၌ ထင်ရှားလတံ့၊ ၎င်းစိတ်များ၌ ဆန္ဒ
ပီတိ ဝီရိယကြဉ် အညသမာန်း ၁ဝ ယှဉ်၏။
၅။ စက္ခုဝိညာဏ်ဒွေး၊ သောတဝိညာဏ်ဒွေး၊ ဃာနဝိညာဏ်ဒွေး၊ ဇိဝှါဝိညာဏ်ဒွေး၊
ကာယဝိညာဏ်ဒွေး ဤ ဝိညာဏ်ဒွေး ၅ ပါးကို"ဒွေးပဉ္စဝိညာဏ်"ဟု ခေါ်၏၊"နှစ်ခုဖြင့် မြှောက်
အပ်သော ၅ ပါးသော ဝိညာဏ် " ဟူလို၊ ၎င်းဒွေးပဉ္စဝိညာဏ်စိတ် ၁ဝ ၌
ပကိဏ်းစေတသိက် ၆ ပါး ကြဉ်သော အညသမာန်း ၇ ယှဉ်၏၊ သဗ္ဗစိတ္တ
သာဓာရဏ ၇ ပါးပင်တည်း।
## Trang 63
၆။ အဋ္ဌာရ သာဟေတုကေသု-တစ်ဆယ့် ရှစ်ပါးသော
အဟိတ် ဟု ဆိုအပ်ကုန်သော၊ စိတ္တုပ္ပါဒေသု-ဥပါဒ်
သောစိတ်တို့၌၊ သင်္ဂဟော-သင်္ဂဟနည်းသည်၊ ဒွါဒသ-ဒွါဒသ
သင်္ဂဟ၎င်း၊ ဧကာဒသ-ဧကာဒသသင်္ဂဟ၎င်း၊ သတ္တ-သတ္တ
သင်္ဂဟ၎င်း၊ ဣတိ - ဤသို့၊ စတုဗ္ဗိဓော-လေးပါး အပြားရှိ၏၊
[သင်္ဂဟဂါထာတို့၌ ရှိသော သင်္ချာပုဒ်တို့ကို "ဒွါဒသ-၁၂ပါးတို့၎င်း"
စသည်ဖြင့် ရှေးက အနက်ပေးကြ၏၊ ဆင်ခြင်လေ။]
သင်္ဂဟနည်းနှင့် နိဂုံး။ "အလုံးစုံကုန်သော၊အဟေတုကေသု-
အဟိတ်စိတ် တို့၌၊ သတ္တ - ခုနစ်ပါးသော သဗ္ဗ
စိတ္တသာဓာရဏစေတသိက်တို့သည်၊ (ယုဇန္တိ-ယှဉ်ကုန်၏၊)
ဂဏနဝသေန စတုဓာဝ ပြခဲ့သော အစဉ်အားဖြင့် သင်္ဂဟ ၅ နည်း
ဖြစ်သင့်သော်လည်း ဝုဋ္ဌောနှင့် သုခသန္တီရဏစိတ်တို့၌ ၁၁ ချင်း ဂဏန်း တူ
သောကြောင့် သင်္ဂဟပြု(ပေါင်းစုရေတွက်) ရာ၌ ၄ နည်းသာ ထွက်သည်။
သင်္ဂဟ ဂါထာ
၁။ ဒွါဒသ (၁၂) ကား ဟသိတုပ္ပါဒ်စိတ်၌ သင်္ဂဟနည်းတည်း။
၂။ ဧကာဒသ(၁၁) ကား ဝုဋ္ဌောနှင့် သုခသန္တီရဏ တို့၌ သင်္ဂဟ
နည်းတည်း။
၃။ ဒသ (၁ဝ) ကား မနောဓာတ် ၃၊ အဟိတ်ပဋိသန္ဓေအစုံ၌
သင်္ဂဟနည်းတည်း။
၄။ သတ္တံ (၇) ကား ဒွေးပဉ္စဝိညာဏ် ၁၀ ၌ သင်္ဂဟနည်းတည်း။
သေသာ
သဗ္ဗစိတ္တံ သာဓာရဏမှ ကြွင်းသော ပကိဏ်း
စေတသိက်တို့သည်၊ ယထာရဟံ-ယှဉ်ထိုက်သည်အားလျော်
စွာ၊ (ယုဇ္ဇန္တိ-သည်။) ဣတိ-ဤသို့၊ ဝိတ္ထာရတော-အကျယ်အားဖြင့်၊
တေတ္တိံသဝိဓသင်္ဂဟော–၃၃ ပါး အပြားရှိသော သင်္ဂဟနည်း
ကို၊ ဝုတ္တော-ဆိုအပ်ပြီ။
သင်္ဂဟနည်းနှင့် နိဂုံး။ "အဟေတုကေသု သဗ္ဗတ္ထ သတ္တ သေသာ ယထာ
ရဟံ" ကား အဟိတ်စိတ်အားလုံး၌ ယှဉ်နိုင်သော စေတသိက်၊ တချို့တချို့
၌သာ ထိုက်သည်အားလျော်စွာ ယှဉ်နိုင်သောစေတသိက်တို့ကို အကျဉ်းချုပ်
ပြသော သင်္ဂဟစကားတည်း။
"ဣတိ ဝိတ္ထာရတော ဝုတ္တော၊ တေတ္တိံသဝိဓသင်္ဂဟော" ကား သင်္ဂဟ
နည်း ၃၃ ပါးကို ပြန်၍ ဖုံးအုပ်သော နိဂုံးစကားတည်း။ ဆတ္တိံသာနုတ္တရေ
ဓမ္မာ'ဂါထာတုန်းက "ယထာသမ္ဘဝယောဂေန၊ ပဉ္စဓာတတ္ထ သင်္ဂဟော"
ဟု အကျဉ်းချုပ် သင်္ဂဟ ငါးပါး ရှိကြောင်းကို ဆိုပြီးလျှင် ယထာသမ္ဘဝ
ယောဂေန အရ ဖြစ်သင့်သလို ချဲ့ထွင်၍ ယှဉ်ပြရာဝယ် သင်္ဂဟနည်းပေါင်း
အကျယ် ၃၃ ပါး ထွက်လာသည် ဟူလို၊ သင်္ဂဟနည်း ၃၃ ပါး ကိုကား
လောကုတ္တရာစိတ်၌ ၅၊ မဟဂ္ဂုတ်စိတ်၌ ၅၊ စသည်ဖြင့် ရေတွက်လေ။
ဤတွင် သင်္ဂဟနည်း ပြီး၏။
## Trang 64
နိဂုံးနှင့် ဣတ္ထံ - ဤ ဆိုအပ် ပြီးသော အပြား အားဖြင့်၊
မှာထားချက် စိတ္တာဝိယုတ္တာနံ- စိတ်နှင့် မကွေ မကွာ ယှဉ်
ကြကုန်သော စေတသိက်တို့၏၊ *သမ္ပယောဂဉ္စ* – သမ္ပယောဂ
နည်းကို၎င်း၊ *သင်္ဂဟဉ္စ* - သင်္ဂဟနည်းကို၎င်း၊ ` ဉာတွာ-သိပြီး
သည်ရှိသော်၊ *ယထာယောဂံ*- ယှဉ်ထိုက်သည်အားလျော်စွာ၊
စိတ္တေန – ယှဉ်ရာစိတ်နှင့်၊ *သမံ* – အရေအတွက် ညီမျှသော၊
ဘေဒံ – အပြားကို ` ဥဒ္ဒိသေ - ထုတ်ပြရာ၏။ [ ဉာတွာ၏
ကတ္တားက စာသင်သား၊ ဥဒ္ဒိသေ၏ ကတ္တားက ဆရာ ဖြစ်၍
ကတ္တားချင်း မတူသောကြောင့် " ဉာတွာ-သိ၍ " ဟု အနက်
မပေးကောင်း။ ]
နိဂုံးနှင့် မှာထားချက်။ ။ ဣတ္ထံ စိတ္တာဝိယုတ္တာနံ - ဂါထာကား ဂါ
နိဂုံးနှင့် မှာထားချက်ကိုပြသော စကားတည်း။ ထိုတွင် " *ဣတ္ထံ၊* *ပေ၊* *ဉာတွာ*"
ကား နိဂုံး " *ဘေဒံ ၊ ပေ ၊ ဥဒ္ဒိသေ*"ကား မှာထားချက်တည်း၊ ဤဆိုခဲ့ပြီးသော
နည်း အတိုင်း စေတသိက် တို့၏ သမ္ပယောဂနည်း သင်္ဂဟနည်း များကို
စာသင်သားတို့ သိပြီးသည်ရှိသော် ယှဉ်ရာစိတ်နှင့် ညီမျှသော စေတသိက်
အပြားကိုလည်း စာချဆရာက ထုတ်ပြပါလေ'ဟူလို။
**သမ္ပယောဂနည်း သင်္ဂဟနည်း**
အရှင် အနုရုဒ္ဓါသည် သမ္ပယောဂနည်းဖြင့် စေတသိက်တို့၏ ယှဉ်ရာစိတ်
များကို " ဤ၍ ဤမျှ ရှိ၏ " ဟု ပိုင်းခြားသတ်မှတ်၍ ပြ၏။ " *ဝိတက္ကော* *တာဝ*
*ပဉ္စဝိညာဏဝန္တိတ* ၊ *ပေ* ၊ *ပဉ္စပညာသစိတ္တေသု ဥပ္ပဇ္ဇတိ* = ဝိတက်သည့်
၅၅ ပါးသော စိတ်၌ ယှဉ်၏ " စသော သမ္ပယောဂ နည်းကို ပြန်ကြည့်ပါ၊
(ထို့ကြောင့် – ယှဉ်ရာစိတ်ဓာတ်ကို ပိုင်းခြားသတ်မှတ်လို၍ စေတသိက်တို့၏
စိတ်၌ ယှဉ်ပုံ ယှဉ်ဟန်ကို ပြသော နည်းသည် သမ္ပယောဂနည်း မည်၏ "ဟု
မှတ်) ထို သမ္ပယောဂနည်းကား ၁၆ ပါးရှိ၏၊ ပြန်၍ ရေတွက်ပါလေ။
[**ဆောင်**] ယှဉ်ရာ စိတ်ဓာတ်၊ ပိုင်းဖြတ် လိုရိပ်၊ စေတသိက်၏၊ . စိတ်၌
ယှဉ်ဟန်၊ မိန့်သည်မှန်၊ နည်းသမ္ပယောဂ၊'သောဠသ။
သင်္ဂဟနည်းဖြင့် ထိုထိုစိတ်၌ ယှဉ်ထိုက်သမျှ စေတသိက်တို့ကို "ဤ၍ ဤမျှ
ရှိ၏" ဟု ပေါင်း၍ ( ပိုင်းခြားသတ်မှတ်၍ ) ပြသည်။ " *ဆတ္တိံသာနုတ္တရေ*
*ဓမ္မာ−လောကုတ္တရာစိတ်၌* စေတသိက် ၃၆ ပါး ယှဉ်၏"စသည်ကိုပြန်ကြည့်၊
(ထို့ကြောင့် " ယှဉ်ထိုက်သမျှ စေတသိက်တွေကို ပိုင်းခြား သတ်မှတ်လို၍
စိတ် တမျိုး တမျိုး၌ ပေါင်းစု ရေတွက် ပြသော နည်းသည့် သင်္ဂဟနည်း
မည်၏ ) ဟု မှတ်၊ ထို သင်္ဂဟနည်းကား ၃၃ ပါး ရှိ၏၊ ပြန်၍ ရေတွက်လေ။
[**ဆောင်**] ယှဉ်သည့် စေတသိက်၊ ပိုင်းဖြတ်ရိပ်ကြောင့်၊ စိတ်၌ ပေါင်းရုံး၊
ရေတွက်ကြုံး၊ နည်းထုံးသင်္ဂဟ၊ တေတ္တိသ။
စိတ္တေနသမမုတ္တိသေ - ဖဿသည် စိတ် ၅၅ ပါး၌ ယှဉ်သောကြောင့်
"လောဘမူ ပဋ္ဌမစိတ်၌ ယှဉ်သော ဖဿ၊ ဒုတိယစိတ်၌ ယှဉ်သော ဖဿ"
ဤသို့စသည်ဖြင့် ဖဿပေါင်း ၅၅ ပါး ပြား၏၊ ဝေဒနာစသည်လည်းနည်းတူ၊
ဝိတက်သည် ၅၅ ပါးသောစိတ်၌ ယှဉ်သောကြောင့် "လောဘမူ ပဌမစိတ်၌
ယှဉ်သော ဝိတက်" ဤသို့ စသည်ဖြင့် ဝိတက်ပေါင်း ၅၅ ပါးပြား၏၊ အဆုံး၌
ပညာသည် ၄၇ ပါးသော စိတ်၌ ယှဉ်သောကြောင့် ပညာပေါင်း ၄၇ ပါး
ပြား၏၊ ဤသို့လျှင် ယှဉ်ရာစိတ်နှင့်ညီမျှစွာ စေတသိက် တခုတခု၏ အပြားကို
ထုတ်ပြပါလေ ဟူလို။
## Trang 65
***မဟာ နိဂုံး*** အဘိဓမ္မတ္ထသင်္ဂဟေ-၌၊ စေတသိက သင်္ဂဟဝိဘာ
ဂေါနာမ-စေတသိက သင်္ဂဟ ဝိဘာဂမည်သော၊
ဒုတိယော-နှစ်ပိုင်းတို့၏ ပြည့်ကြောင်းဖြစ်သော၊ ပရိစ္ဆေဒေါ-
သည်၊ ဣတိ-ပြီးပြီ၊
***မဟာနိဂုံး။*** ။ ဣတိ အဘိဓမ္မတ္ထသင်္ဂဟေ – စသည်ကား စေတသိက်
တပိုင်းလုံးကို အုပ်ဖုံးသော မဟာနိဂုံးတည်း၊ – ' *စိတ္တံ စေတသိကံ ရူပံ နိဗ္ဗာနံ
မိတိ သဗ္ဗထာ*" ဟူသော အကျဉ်းချုပ် ခေါင်းစဉ် ဥဒ္ဒေသ မာတိကာဝယ်
စေတသိကံ-ဟူသော ဥဒ္ဒေသ၏ အကျယ်နိဒ္ဒေသ ဤတွင် ပြီးဆုံးပြီ ဟူလို။
လေ့ကျင့်ခဏ်း မေးခွန်းများ
က။ ဒွါဒသေကာဒသ ဒသ ဂါထာသည် ဘာကို ပြသော ဂါထာနည်း၊
အနက်ပေး၍ အဟိတ်စိတ်၌ သင်္ဂဟနည်း မည်မျှရှိကြောင်းကို ပြပါ။
ခ ။ ဒွါဒသကား အဘယ်စိတ်၌ သင်္ဂဟနည်းလဲ၊ အကျယ် ပါဠိနှင့်ဆက်စပ်၍
သရုပ်ရေတွက်ပါ။
ဂ။ ဧကာဒသကား အဘယ်စိတ်များ၌ သင်္ဂဟနည်းလဲ၊ အကျယ် ပါဠိနှင့်
ဆက်စပ်၍ သရုပ်ရေတွက်ပါ။
ဃ။ ဒသကား အဘယ် စိတ်များ၌ သင်္ဂဟနည်းလဲ၊ အကျယ် ပါဠိနှင့်
ဆက်စပ်၍ သရုပ်ရေတွက်ပါ။
င ။ သတ္တ ကား အဘယ်စိတ်၌ သင်္ဂဟနည်းလဲ၊ အကျယ်ပါဠိနှင့်ဆက်စပ်၍
သရုပ်ရေတွက်ပါ။
စ။ အဟေတုကေသု သဗ္ဗတ္ထ ဂါထာသည် ဘာကို ပြသော ဂါထာနည်း။
စ
ဆ။ ဣတ္ထိစိတ္တာဝိယုတ္တာနံ ဂါထာသည့် ဘာကို ပြသော ဂါထာနည်း။
ဇ ။ အရှင်အနုရုဒ္ဓါသည် သမ္ပယောဂနည်းဖြင့် ဘယ်တရားများကို ပိုင်းခြား
သတ်မှတ်၍ ပြသနည်း။
ဈ ။ သင်္ဂဟနည်းဖြင့် ဘယ်တရားများကို ပိုင်းခြားသတ်မှတ်၍ ပြသနည်း။
ည။ အဘယ်သ္မိသော နည်းကို သမ္ပယောဂနည်းဟု မှတ်ရမည်နည်း၊ ထို
သမ္ပယောဂနည်း မည်မျှရှိသနည်း၊ လင်္ကာထောက်ပါ။
ဋ ။ အဘယ်သ္မိသော နည်းကို သင်္ဂဟနည်း ဟု မှတ်ရမည်နည်း၊ ထို သင်္ဂဟ
နည်း မည်မျှရှိသနည်း၊ လင်္ကာထောက်ပါ။
ဌ ။ စိတ္တေန သမံ မုဒ္ဒိသေ အရ ဖဿပေါင်း မည်မျှရှိသနည်း။
ဍ ။ ဝိတက်ပေါင်း ဝိစာရပေါင်း မည်မျှစီရှိသနည်း။
ဎ ။ မောဟပေါင်း လောဘပေါင်း ဒေါသပေါင်း မည်မျှရှိသနည်း။
ဏ။ သဒ္ဓါပေါင်း အပ္ပမညာပေါင်း ဝိရတိပေါင်း မည်မျှစီရှိသနည်း။
တ။ ဣတိ အဘိဓမ္မတ္ထသင်္ဂဟေ ကား ဘာကိုပြသော စကားနည်း။
***စေတသိက်ပိုင်း***
***နိဿယနှင့် အဓိပ္ပါယ် ပြီးပြီ။***
## Trang 66
ပကိဏ်းပိုင်းနိဿယ
အနုသန္ဓေ       ယထာယောဂံ-ယှဉ်ထိုက်သည်အားလျော်
ခေါင်းစဉ် ပဋိညာဉ် စွာ၊ သမ္ပယုတ္တာ - အညီအမျှ ဧကုပ္ပါဒတာ
အ၀ရှိသော အပြားတို့ဖြင့် ယှဉ်ကြကုန်သော၊ သဘာဝတော-
မိမိ မိမိ၏ လက္ခဏာအားဖြင့်၊ တေပညာသ – ၅၃ ပါးသော၊
စိတ္တ စေတသိက၁ – စိတ် စေတသိက် ဖြစ်ကုန်သော၊ ဓမ္မာ-
သဘောတရားတို့ကို၊ (နိဒ္ဒိဋ္ဌ၁-အကျယ် ပြအပ်ကုန်ပြီ။)
ဒါနိ-ယခုအခါ၌၊ တေသံ-ထို ငါးဆဲ့သုံးပါးသော သဘော
တရားတို့၏၊ ယထာရဟံ-ထိုက်သည်အားလျော်စွာ၊ ဝေဒနာ
ဟေတုတော-ဝေဒနာအပြား, ဟိတ် အပြားအားဖြင့်၎င်း၊ ကိစ္စ
ဒွါရာလမ္ဗနဝတ္ထုတော-ကိစ္စအပြား, ဒွါရအပြား,အာရုံအပြား,
ဝတ္ထု အပြားအားဖြင့်၎င်း၊ သင်္ဂဟော နာမ – ရောပြွမ်း သမျှ
ပေါင်းရ၍ပြ, ပကိဏ္ဏက မည်သော သင်္ဂဟကို၊ စိတ္တုပ္ပါဒ
ဝသေန - စိတ်၏ အစွမ်းဖြင့်သာလျှင်၊ နီယတေ – ဆောင်ပြ
အပ်၏၊ (ဆောင်ပြပေအံ့-ဟူလို။)
ပကိဏ်းပိုင်း အဓိပ္ပါယ
ပ ကိဏ္ဏ က ’သဒ္ဒါသည်“ရောရောပြွမ်းပြွမ်း” ဟူသော အနက်ကို ဟော
ရကား (ဝေဒနာ သင်္ဂဟ စသော သင်္ဂဟ ၆ မျိုးကို ရောပြွမ်း၍ ပြသောကြောင့်
ပကိဏ္ဏက သင်္ဂဟခေါ်သည်ဟု မှတ်။ ဝေဒနာသင်္ဂဟ စသော တခုထည်းကို
ပကိဏ္ဏက သင်္ဂဟခေါ်သည်ဟု မမှတ်နှင့်၊ [ အချို့ အယူကို ဘာသာဋီကာ၌
စိစစ်ထားသည်။]
အနုသန္ဓေ-ခေါင်းစဉ်နှင့် ပဋိညာဉ် ။ ။ ဤ “ သမ္ပယုတ္တာ ယထာ
ယောဂ” စသော ဂါထာတိုကား ရှေ့နောက် စကားဆက်သွယ်မှု ဟူသော
အနုသန္ဓေနှင့် ခေါင်းစဉ် ပဋိညာဉ်တို့ကို ပြသော ဂါထာတို့တည်း၊ “ ယှဉ်
ထိုက်သလို ယှဉ်ကြကုန်သော ၅၃ ပါးသော သဘောတရားတို့ကို စိတ်ပိုင်း
စေတသိက်ပိုင်းတို့ဖြင့် အကျယ်ပြခဲ့ အကျယ်ပြခဲ့ပြီ၊ ( ရှေ့ပိုင်းစကားဆက်, ပုဗ္ဗာနုသန္ဓေ
ဟုလည်း ခေါ်၏၊) ယခုအခါ ထို သဘောတရားတို့၏ ပကိဏ္ဏက သင်္ဂဟကို
ဝေဒနာ ဟိတ် ကိစ္စ ဒွါရ အာရုံ ဝတ္ထု၊ အပြားအားဖြင့် ဆောင်ပြပေအံ့ »
ဟူလို၊ ( နောက်ပိုင်းစကားဆက်တည်း, အပရာနုသန္ဓေဟုလည်း ခေါ်၏၊ )
“ ဝေဒနာ ဟေတုတော‘ကိစ္စ’ဒွါရာလမ္မနဝတ္ထုတော ”ကို သင်္ဂဟောနှင့်
တွဲစပ်၍ ဝေဒနာသင်္ဂဟ ဟေတုသင်္ဂဟ စသော ခေါင်းစဉ်မာတိကာကို၎င်း,
“နိယတေ” ပါဌ်ဖြင့် ပဋိညာဉ်ကို၎င်း, မှတ်လေ။
တေပညာသ သဘာဝတော။ ။စိတ် တခုယုတ် ၉ဝ ရှိ၏ဟု ပြော
ဆိုရိုးရှိသော်လည်း စင်စစ်မှာတခုယုတ် ၉ဝ မရှိ၊ အာရမဏဝိဇာနန (အာရုံကို
သိခြင်းသဘော ) လက္ခဏာ အားဖြင့် တပါး ထည်းသာ ရှိကြောင်းကို
ဣတ္ထမေကူန နဝုတိ, ပဘေဒံ ပန မာနသံ ” ဟူသော စိတ်ပိုင်း ဂါထာ၌
ပြခဲ့ပြီ၊ စေတသိက် ၅၂ ပါးကား ဖဿ၏ ( အာရုံကို ထိခြင်း ) ဖုသန
လက္ခဏာ, ဝေဒနာ၏(အာရုံကိုခံစားခြင်း) အနုဘဝန လက္ခဏာ, သညာ၏
( အာရုံကို မှတ်သားခြင်း ) သဉ္ဇာနန`လက္ခဏာ စသော မိမိ ဆိုင်ရာ
လက္ခဏာအားဖြင့် တမျိုးစီဖြစ်ကြသောကြောင့် ၅၂ ပါးပင်ရှိ၏။ ထို့ကြောင့်
မိမိ မိမိ၏ သဘော သဘော လက္ခဏာ အားဖြင့် စိတ်က ၁ ပါး, စေတသိက်က
၅၂ ပါး, ပေါင်း ၅၃ ပါး ဖြစ်၏၊ ၎င်း ၅၃ ပါးကို – နာမ်တေပညာသ”ဟု
ခေါ်၏။
ပဋိနိဒ္ဒေသ ။ ။ “တေသံ သင်္ဂဟောနာမ နီယတေ” ပါဌ်ဖြင့် “ထို
စိတ် စေတသိက် တို့၏ သင်္ဂဟကို ဆောင်ပြပေအံ့” ဟု ဆိုသောကြောင့်
၍ ပကိဏ်းပိုင်းသည် စိတ်စေတသိက် ၂ ပါးစုံကို ထပ်မံ၍ ချွဲပြသော “ပဋိ
နိဒ္ဒေသ” တည်းဟု မှတ်။>
## Trang 67
ဝါဒ
၁။ တတ္ထ-ထိုခြောက်ပါးသောသင်္ဂဟတို့တွင်၊
ဝေဒနာ သင်္ဂဟေ တာဝ - ဟေတုသင်္ဂဟ စသည် တို့မှ ရှေး
ဦးစွာ၊ (နိဒ္ဒိဋ္ဌေ-ညွှန်ပြအပ်သော)၊ ဝေဒနာသင်္ဂဟေ-ဝေဒနာ
သင်္ဂဟ၌၊ ( လဗ္ဘမာန − ရထိုက်သော )၊ ဝေဒနာ – ဝေဒနာ
သည်၊ သုခံ-သုခဝေဒနာ၎င်း၊ ဒုက္ခံ-ဒုက္ခဝေဒနာ၎င်း၊ အဒုက္ခ
မသုခါစ - အဒုက္ခမသုခ ဝေဒနာ၎င်း၊ ဣတိ - ဤသို့၊ တိဝိဓာ-
(အာရမဏာနုဘဝန လက္ခဏာအားဖြင့်) သုံးပါး အပြားရှိ၏။
ဝေဒနာသင်္ဂဟ။ ဝေဒနာ အပြားအားဖြင့် စိတ် စေတသိက်တို့ကို
ပေါင်းယူရာဖြစ်သော စကားရပ်ကို “ဝေဒနာသင်္ဂဟ” ဟု ခေါ်သည်။
တိဝိဓာဝေဒနာ ၊ ပေ ၊ ဘေဒေနပဉ္စဓာ – ဤ စကားကား ဝေဒနာ
အပြားအားဖြင့် စိတ်တို့ကို ပေါင်းယူရမည်ဖြစ်၍ ရှေးဦးစွာ အရင်းခံဖြစ်သော
ဝေဒနာ အပြားကို ပြသော စကားတည်း၊ ဝေဒနာ အပြားသည် အခြား
သုတ္တန်တို့၌ ၁ ပါး ၂ ပါးမှ စ၍ အမျိုးမျိုး ဟောထားသော်လည်း, ဤ
အဘိဓမ္မာ၌ ၂ မျိုးသာ ဟောတော်မူ၏။ထိုတွင် ပဌမနည်းကားအာရမဏာနု
ဘဝန လက္ခဏာအားဖြင့် ပြားသောနည်းတည်း၊ [ အာရမ္မဏ=အာရုံ-+
အနုဘဝန=ခံစားခြင်း+ လက္ခဏ=အမှတ်အသား။ ]
အာရမဏာနုဘဝနနည်း။ ။ ၁-ဣဋ္ဌာရုံ=အလိုရှိအပ် ကောင်းမြတ်
သောအာရုံ, ၂-အနိဋ္ဌာရုံ = အလိုမရှိအပ် မကောင်းမြတ်သော အာရုံ,
၃-ဣဋ္ဌမဇ္ဈတ္တာရုံ= (ဣဋ္ဌာရုံလောက် မကောင်းတတ်) အလယ် အလတ်မျှ
အလိုရှိအပ်သောအာရုံဟု ၃ မျိုးရှိ၏၊ ဣဋ္ဌာရုံကိုခံစားသော ဝေဒနာသည်
သာယာသောအားဖြင့် ခံစား၏, ဤခံစားမှုကို “သုခဝေဒနာ”ဟု ခေါ်သည်၊
အနိဋ္ဌာရုံကို ခံစားသော ဝေဒနာသည် မသာယာသောအားဖြင့် ခံစား၏,
ဤ ခံစားမှုကို “ဒုက္ခဝေဒနာ” ဟု ခေါ်သည်၊ ဣဋ္ဌမဇ္ဈတ္တာရုံကို ခံစားသော
ပန−တနည်းကား၊ သုခံ − သုခဝေဒနာ၎င်း၊ ဒုက္ခံ – ဒုက္ခဝေဒနာ
၎င်း၊ သောမနဿံ − သောမနဿဝေဒနာ၎င်း၊ ဒေါမနဿံ –
ဒေါမနဿဝေဒနာ၎င်း၊ ဥပေက္ခာစ - ဥပေက္ခာဝေဒနာ၎င်း၊
ဣတိ-ဤသို့၊ ဘေဒေန - ဣန္ဒြေအပြားအားဖြင့်၊ ပဉ္စဓာ-ငါးပါး
ပြားသည်၊ ဟောတိ-ဖြစ်၏။
၂။ တတ္ထ - ထို ငါးပါးသော ဝေဒနာတို့တွင်၊ သုခသဟ
ဂတံ-သုခဝေဒနာနှင့်တကွ ဖြစ်သော စိတ်သည်၊ ကုသလဝိပါ
ဝေဒနာသည် သာယာသည်လည်း မဟုတ် မသာယာသည်လည်း မဟုတ်
လျစ်လျူရှုသောအားဖြင့် ခံစား၏, ဤ ခံစားမှုကို “ ဥပေက္ခာဝေဒနာ” ဟု
ခေါ်သည်။ ဤသို့ အာရမဏာနုဘဝန လက္ခဏာအားဖြင့် ဝေဒနာ ၃ မျိုး
ပြားသည်။
ဣန္ဒြိယ ဘေဒနည်း ။ ။ သုခိန္ဒြေ ဒုက္ခိန္ဒြေ သောမနဿိန္ဒြေ ဒေါမန
ဿိန္ဒြေ ဥပေက္ခိန္ဒြေ ဟူသော ဣန္ဒြေ အပြားအားဖြင့် သုခဝေဒနာ-ဒုက္ခ-
သောမနဿ-ဒေါမနဿ-ဥပေက္ခာဝေဒနာ ဟု ၅ မျိုး ပြားပြန်၏၊ ပြားခြင်း၏
အကြောင်းကို ဘာသာဋီကာ၌ ဆိုထားပြီ။
ဤ ဝေဒနာသင်္ဂဟ၌ ထို ၅ မျိုး အပြား အားဖြင့် စိတ်တို့ကို သင်္ဂြိုဟ်
ရေတွက်ပြလတံ့။ ဤ ဝေဒနာဖြင့် စိတ်ကိုရေတွက်နည်းသည် နည်းထူး နည်း
ဆန်းကြီး မဟုတ်, စိတ်ပိုင်း၌ သရုပ်ခွဲရိုး ဖြစ်နေသော သုခသဟဂုတ်စိတ်
ဒုက္ခသဟဂုတ်စိတ် - သောမနဿ သဟဂုတ်စိတ် ဒေါမနဿ သဟဂုတ်စိတ်
ဥပေက္ခာသဟဂုတ်စိတ်များပင်တည်း၊
စေတသိက်ကို ရေတွက်ခြင်း။ ။အရှင်အနုရုဒ္ဓါသည် – ဝေဒနာဖြင့်
စိတ်တို့ကိုရေတွက်လျှင်ယှဉ်ဘက်စေတသိက်များအတွက် သိသာလောက်ပြီ”
ဟု သဘောပိုက်၍ ပဓာန ဖြစ်သော စိတ်ကိုသာ ရေတွက် ပြခဲ့ပေသည်၊
## Trang 68
ဝိပါကံ -
ကံ – ကုသလ ဝိပါက် ဖြစ်သော၊ ကာယဝိညာဏံ ဧကံဧဝ –
ကာယဝိညာဏ် စိတ်တခုသာ တည်း၊ ဒုက္ခသဟဂတံ – ဒုက္ခ
ဝေဒနာနှင့်တကွ ဖြစ်သော စိတ်သည်၊ အကုသလ
အကုသလ ဝိပါက်ဖြစ်သော၊ တထာ – ထို ကာယဝိညာဏ်
စိတ်တခုသာတည်း၊
သို့သော် တမင် ဂရုမစိုက်လျှင် နားလည်ဘွယ် မရှိသောကြောင့် မာတိကာ
စသော ညဝါအကောက်များ၌ ကျေးဇူးများသောကြောင့် စေတသိက်တို့ကိုလည်း
တွဲဘက်၍ ရေတွက်ပြအံ့၊ နောက်သင်္ဂဟများ၌လည်း ဤနည်းကို သတိပြု။
[ဆောင်] *သုခဒုက္ခာ, ဝေဒနာနှင့်, ယှဉ်လာလေရိပ်, စေတသိက်ကား,
ခြောက်ပါးညီမျှ၊ သောမနဿဝယ်, လေးဆယ်နှင့် ခြောက်၊
ထို့နောက်ဒေါမန, ယှဉ်သမျှစစ်, နှစ်ဆဲ့တစ်သာ။ ဥပေက္ခာ၌,
ယှဉ်လာ ဖြစ်မြောက်, လေးဆဲ့ ခြောက်သည်, ရွေးကောက်
လေတော့ မခဲတည်း။*
၂။ *တတ္ထသုခသဟဂတ် ၊ ပေ ၊ ဧကမေဝ။* ။သုခဝေဒနာနှင့်တကွ
ဖြစ်သော စိတ်ကား အဟိတ်စိတ်လာ ကုသလဝိပါက် သုခ သဟဂုတ် ကာယ
ဝိညာဏ်စိတ် **၁** ပါးသာတည်း၊ ထို သုခသဟဂုတ် ကာယဝိညာဏ် စိတ်၌
*“ပဉ္စဝိညာဏေ ပကိဏ္ဏကဝန္တိတာ”* အရ သဗ္ဗစိတ္တသာဓာရဏစေတသိက်
**၇** ပါး ယှဉ်၏၊ ထို **၇** ပါးတွင် အရင်းခံ သုခဝေဒနာကို ကြဉ်၍ သုခ
ဝေဒနာနှင့် တကွဖြစ်သော စေတသိက်သည် ဖဿ စသော အားဖြင့် **၆** ပါး
ရှိသည်။
[ စိတ်တခု၌ ဖဿ ဝေဒနာ သညာ စသော စေတသိက် အများ
ယှဉ်ရာတွင် ဖဿလည်း **၁**−ဝေဒနာလည်း **၁**-သညာလည်း **၁**-စသည်ဖြင့်
**၁** ပါးစီသာ ရှိသောကြောင့် ဝေဒနာနှင့် ယှဉ်ဘက် ဖြစ်သော အခြား
၃။ ပန-ကား၊သောမနဿသဟဂတစိတ္တာနိ-သောမနဿ
ဝေဒနာနှင့် တကွ ဖြစ်သော စိတ်တို့သည်။ [ ဒွါသဋ္ဌိဝိဓာနိ
ဘဝန္တိ၌စပ်] စတ္တာရိ – လေးပါးကုန်သော၊ လောဘမူလာနိ-
လောဘမူစိတ်တို့၎င်း၊ ဒွါဒသ−**၁၂**ပါးကုန်သော၊ ကာမာဝစရ
သောဘနနိ-ကာမာဝစရ သောဘန စိတ်တို့၎င်း၊ ဒွေ−နှစ်ပါး
ကုန်သော၊ သုခသန္တီရဏ ဟသနာနိစ – သောမနဿ သန္တီ
ရဏစိတ်, ဟသိတုပ္ပါဒ်စိတ်တို့၎င်း၊ ဣတိ-ဤသို့၊ အဋ္ဌာရသ-
**၁၈**ပါးကုန်သော၊ ကာမာဝစရ သောမနဿသဟဂတ စိတ္တာ
နိ စေဝ-ကာမာဝစရ သောမနဿသဟဂုတ်စိတ်တို့၎င်း၊ ပဌမ
ဒုတိယ တတိယ စတုတ္ထဈျာနသင်္ခါတာနိ-ပဋ္ဌမဈျာန် ဒုတိယ
ဈျာန် တတိယဈျာန် စတုတ္ထဈျာန် ဟု ဆိုအပ်ကုန်သော၊ စတု
စတ္တာလီသ-**၄၄** ပါးသော၊ မဟဂ္ဂတလောကုတ္တရ စိတ္တာနိ စ-
မဟဂ္ဂုတ် လောကုတ္တရာဈျာန်စိတ်တို့၎င်း၊ ဣတိ-ဤသို့၊ ဒွါသဋ္ဌိ
ဝိဓာနိ-**၆၂** ပါး အပြားရှိကုန်သည်၊ ဘဝန္တိ-ဖြစ်ကုန်၏။
ဝေဒနာ **၁** ပါး မရှိပြီ၊ ထို့ကြောင့် ဝေဒနာနှင့် ယှဉ်ဘက် စေတသိက်တို့ကို
ရေတွက်ရာ၌ အရင်းခံ ဝေဒနာကို ကြဉ်၍ ရေတွက်ရသည်။]
တထာဒုက္ခသဟဂတံ အကုသလဝိပါကံ — ဒုက္ခဝေဒနာနှင့် တကွ
ဖြစ်သော စိတ်လည်း အကုသလဝိပါက် ဒုက္ခသဟဂုတ် ကာယဝိညာဏ်စိတ်
**၁** ပါးပင်တည်း၊ စေတသိက်လည်း သုခသဟဂုတ်ကဲ့ **၆** ပါးပင် ဖြစ်၏၊
ထို့ကြောင့် *“ သုခ ဒုက္ခာ, ဝေဒနာနှင့်, ယှဉ်လာလေရိပ်, စေတသိက်ကား,
ခြောက်ပါးညီမျှ”* ဟု ဆိုရလေသည်။
၃။ သောမနဿသဟဂတ ၊ ပေ၊ ဒွါသဋ္ဌိ ဝိဓာနိ ဘဝန္တိ။
သောမနဿဝေဒနာနှင့် တကွဖြစ်သော စိတ်ကား **၆၂** ပါး ရှိ၏၊ ပါဠိ ကြည့်၍
## Trang 69
၄၊ ပန-ကား၊ ဒေါမနဿ သဟဂတစိတ္တာနိ-ဒေါမနဿ ဝေဒနာနှင့်တကွဖြစ်သောစိတ်တို့သည်၊ ဒွေ−နှစ်ပါးကုန်သော၊ ပဋိဃသမ္ပယုတ္တစိတ္တာနိဧဝ - ပဋိဃသမ္ပုတ် စိတ်တို့ သာ တည်း၊
[ပန-ကား ဟု ဆိုသမျှ၌“အနက်ကား” ဟု ချည်း အနက်ဆို။]
၅။ သေသာနိ-ဆိုအပ်ပြီးသည်မှ ကြွင်းကုန်သော၊ သဗ္ဗာ နိပိ-အလုံးရံလည်း ဖြစ်ကုန်သော၊ ပဉ္စပညာသ− ၅၅ ပါးသည်၊ ဥပေက္ခာသဟဂတ စိတ္တာနိဧဝ – ဥပေက္ခာ ဝေဒနာနှင့် တကွ ဖြစ်သော စိတ်တို့ချည်းသာ တည်း၊ ဣတိ - ဤကား ဝေဒနာ အပြားအားဖြင့် ပေါင်းယူ ရေတွက်ခြင်းတည်း။
သရုပ်ရေတွက်လေ၊ သောမနဿနှင့်ယှဉ်သော စေတသိက်ကား “ဒေါသမူ ဒွေး၌သာ ယှဉ်သော ဒေါသ ဣဿာ မစ္ဆရိယ ကုက္ကုစ္စ ၄ ပါး, ဝိစိကိစ္ဆာ သဟဂုတ်စိတ်၌ ယှဉ်သော ဝိစိကိစ္ဆာ စေတသိက် ၁, ပေါင်း ၅ ပါးနှင့် အရင်းခံ ဖြစ်သော သောမနဿဝေဒနာကိုကြဉ် ” ကြွင်း ၄၆ ပါး တည်း၊ ထို့ကြောင့်“သောမနဿဝယ်,လေးဆယ်နှင့်ခြောက်” ဟု ဆိုရပေသည်။
၄။ ဒေါမနဿ သဟဂတ ၊ ပေ၊ ပဋိဃသမ္ပယုတ္တစိတ္တာနေဝ။
ဒေါမနဿဝေဒနာနှင့်တကွ ဖြစ်သော စိတ်ဟူသည် ဒေါသမူဒွေးပင်တည်း၊
စေတသိက်ကား ဒေါသမူဒွေး၌ယှဉ်သော စေတသိက် ၂၂ တွင် ဒေါမနဿ ဝေဒနာကြဉ်, ကြွင်း ၂၁ ပါး တည်း၊ ထို့ကြောင့် “ ထို့နောက် ဒေါမန, ယှဉ်သမျှစစ်, နှစ်ဆယ့်တစ်သာ” ဟု ဆိုရပေသည်။
၅။ သေသာနိ၊ပေ၊ဥပေက္ခာသဟဂတစိတ္တာ နေဝ – သုခသဟဂုတ် ဒုက္ခ သောမနဿ ဒေါမနဿ သဟဂုတ်စိတ်မှ ကြွင်းသော ၅၅ ပါးသည် ဥပေက္ခာဝေဒနာနှင့်တကွ ဖြစ်သော စိတ်ချည်းသာ တည်း၊ ဤ ဥပေက္ခာနှင့်
သင်္ဂဟဂါထာ
OJE
၆။ တတ္ထ-ထို ဝေဒနာ သင်္ဂဟ၌၊ (လဗ္ဘမာန–ရထိုက်သော၊ ) ဝေဒနာ – ဝေဒနာသည်၊ သုခံ−သုခဝေဒနာ၎င်း၊ ဒုက္ခံ-၎င်း၊ ဥပေက္ခာ–၎င်း၊ ဣတိ-ဤသို့၊ တိဝိဓာ-[အာရမဏာနုဘဝန လက္ခဏာ အားဖြင့် သုံးပါး အပြားရှိ၏၊ သောမနဿံ – သောမနဿ ဝေဒနာ၎င်း၊ ဒေါမနဿံ – ၎င်း၊ ဣတိ-၏ နှစ်ပါးကို ထည့်၍၊ ဘေဒေန – ဣန္ဒြေအပြားအားဖြင့်၊ ပဉ္စဓာ-ငါးပါး ပြား၏။
၇။ သုခံ – သုခ ဝေဒနာသည်၎င်း၊ ဒုက္ခံစ - ဒုက္ခဝေဒနာသည်၎င်း၊ ဧကကေ-တခုစီသော ကာယဝိညာဏ်စိတ်၌၊ ဌိတံ-တည်၏၊ ( ယှဉ်၏။ ) ဒေါမနဿံ – ဒေါမနဿ ဝေဒနာသည်။ ဒွယေ-စိတ်နှစ်ပါး အပေါင်း၌၊ ဌိတံ-၏၊ သောမနဿံ – သော မနဿ ဝေဒနာသည်။ ဒွါသဋ္ဌိသု – **၆၂** ပါးသော စိတ်တို့၌၊ ဌိတံ-၏၊ ဣတရာ-ဆိုအပ်ပြီးမှ တပါးသော ဥပေက္ခာဝေဒနာသည်၊ ပဉ္စပညာသကေ– **၅၅** ပါးသော စိတ်၌၊ ဌိတာ-တည်၏။
ယှဉ်သော စေတသိက်ကား “ ဒေါသ ဣဿာ မစ္ဆရိယ ကုက္ကုစ္စ ၄, သော မနဿ သဟဂုတ်စိတ်၌သာ ယှဉ်သော ပီတိ ၁, ပေါင်း ၅ ပါးနှင့် အရင်းခံ ဥပေက္ခာဝေဒနာကို ကြဉ်” ကြွင်း ၄၆ ပါးတည်း၊ ထို့ကြောင့် “ ဥပေက္ခာ၌, ယှဉ်လာဖြစ်မြောက်, လေးဆယ့်ခြောက်သည်” ဟု ဆိုရပေသည်။
၆-၇။ သင်္ဂဟဂါထာ။ ။ဤသင်္ဂဟဂါထာများတွင် ပဌမ ဂါထာသည် ဝေဒနာ အပြားကို အကျဉ်းချုပ် ပြ၏၊ ဒုတိယ ဂါထာကား ဝေဒနာနှင့် ယှဉ်သော စိတ်များကို အကျဉ်းချုပ် ပြသည်, အကျယ် ပါဠိနှင့် စပ်၍ကြည့် လေ၊ အာရမဏာနုဘဝန နည်းအားဖြင့်ကား သုခ သဟဂုတ်စိတ် ၆၃,
**2**
## Trang 70
ဒုက္ခသဟဂုတ်စိတ် ၃, ဥပေက္ခာသဟဂုတ်စိတ် ၅၅, ပေါင်း ၁၂၁ ပါး
ဖြစ်နိုင်ကြောင်းကိုလည်း စိတ်ပိုင်း၌ တွက်ပြခဲ့သည့်အတိုင်း သိလေဦး။
လေ့ကျင့်ခန်း။ မေးခွန်းများ
က။ အဘယ်ကြောင့် ပကိဏ္ဏက သင်္ဂဟ(ပကိဏ်းပိုင်း) ဟု ခေါ်သနည်း။
ခ ။ _သမ္ပယုတ္တာယထာယောဂံ_ – စသော ဂါထာတို့သည် ဘာကို ပြသော ဂါထာတို့နည်း။
ဂ ။ ထို ဂါထာများကို အနက်ပေး၍ _တေပညာသ_အရ ရေတွက်ပြပါ။
ဃ။ အဘယ်သို့သော စကားရပ်ကို ဝေဒနာသင်္ဂဟ ဟု ခေါ်သနည်း။
င ။ အာရမဏာနုဘဝနနည်း ဣန္ဒြိယဘေဒ နည်းတို့အရ အသီးအသီး ပြားသော ဝေဒနာအပြားကို ပြပါ။
စ ။ _သုခ မေကတ္ထ ဒုက္ခဉ္စ_-အရ အကျယ်ပါဠိကိုထောက်၍ သရုပ်ကောက်ပါ။
ဆ။ သုခသဟဂုတ် ဒုက္ခသဟဂုတ် စေတသိက်တို့ မည်မျှစီ ရှိကြသနည်း, လင်္ကာထောက်၍ သရုပ်ကောက်ပါ။
ဇ ။ _ဒေါမနဿံ ဒွယေ ဌိတံ_အရ အကျယ်ပါဠိ ထောက်၍ သရုပ်ကောက် ပြီးလျှင်, စေတသိက်ကိုလည်း လင်္ကာထောက်၍ သရုပ်ရေတွက်ပါ။
ဈ ။ _ဒွါသဋ္ဌိသု သောမနဿံ_ – အရ အကျယ်ပါဠိထောက်၍ သရုပ်ကောက် ပြီးလျှင်, စေတသိက်ကိုလည်း လင်္ကာထောက်၍ သရုပ်ကောက်ပါ။
ည ။ _ပဉ္စပညာသကေ ဣတရာ_-အရ အကျယ်ပါဠိကိုထောက်၍ သရုပ်ကောက် ပြီးလျှင်, စေတသိက်ကိုလည်း လင်္ကာထောက်၍ သရုပ်ကောက်ပါ။
၁။ _ဟေတုသင်္ဂဟေ-ဟေတုသင်္ဂဟ၌၊_ ( လဗ္ဘမာန-ရထိုက်ကုန်သော)၊ _ဟေတူနာမ_ - ဟိတ်တို့ မည်သည်၊ _လောဘော_ – လောဘ၎င်း၊ _ဒေါသော_ − ၎င်း၊ _မောဟော–၎င်း၊ အလောဘော–အလောဘ၎င်း၊ အဒေါသော-၎င်း၊ အမောဟောစ-၎င်း၊ _ဣတိ-ဤသို့၊ ဆဗ္ဗိဓာ_ခြောက်ပါး အပြား ရှိကုန်သည်၊ ဘဝန္တိ-ဖြစ်ကုန်၏။
ဟေတုသင်္ဂဟ။ ။ဟိတ်အပြားအားဖြင့် စိတ် စေတသိက်ကို သင်္ဂြိုဟ် ရေတွက်ရာ စကားရပ်ကို “ဟေတုသင်္ဂဟ” ဟု ခေါ်သည်။
၁။ _ဟေတူနာမ ၊ပေ၊ဆဗ္ဗိဓာဘ ဝ န္တိ_ဤစကားကား အရင်းခံဟိတ် အပြားကို ရှေးဦးစွာပြသော စကားတည်း၊ လောဘ စသော စေတသိက် ၆ ပါးကို “ဟိတ်” ဟု ခေါ်၏၊ အမောဟဟိတ် ဟူသည် ပညိန္ဒြေစေတသိက် ပင်တည်း၊ ဤဟိတ်အားဖြင့် စေတသိက်တို့ကိုလည်း ရေတွက်ပြရာ၏။
[ဆောင်] အဟိတ်တေရ, ဧက နှစ်ဆယ်, ဒွိဝယ် ဋ္ဌစတ်, တိဟိတ်မှတ်- ရလတ် သုံးဆဲ့ငါး။
[တေရ=တေရသ၊ အဟိတ်စေတသိက် ၁၃။ ဧကဟိတ်စေတသိက် ၂ဝ။ ဋ္ဌစတ် = အဋ္ဌစတ္တာလီသ၊ ဒွိဟိတ် စေတသိက် ၄၀။ တိဟိတ် စေတသိက် ၃၅။]
[အကျယ်ဆောင်] အဟိတ်တေရ,ရေတွက် ပြသော်, မောဟတဆူ, မောဟမူယှဉ်, ထို့ပြင် အဟိတ် – စိတ်၌ ယှဉ်ပြန်, သမာန် အည, ဆဲ့နှစ်ဝတည်း၊ ဧက နှစ်ဆယ်, မောဟုပယ်၍, တဆဲ့ ငါးယူ,
## Trang 71
၂။  တတ္ထ-ထိုဟေတုသင်္ဂဟ၌၊ ပဉ္စဒွါရာဝဇ္ဇနဒွေပဉ္စဝိညာ
ဏ သမ္ပဋိစ္ဆန သန္တီရဏ ဝေါဋ္ဌပန ဟသနသေန-ပဉ္စဒွါရာ
ဝဇ္ဇန်း, ဒွေပဉ္စဝိညာဏ်, *သမ္ပဋိစ္ဆိုက်* နှစ်ပါး, *သန္တီရဏ*သုံးရ,
*ဝုဋ္ဌော*, ဟသိတုပ္ပါဒ်တို့၏ အပြားအားဖြင့်၊ အဋ္ဌာရသ – ၁၈
ပါးသော စိတ်တို့သည်၊ အဟေတုက စိတ္တာဘိနာမ – အဟိတ်
စိတ်တို့ မည်၏။
မောဟမူတွင်, ယှဉ်လေသမျှ, လောဘမှု၌, ဒေါသမူဆိုက်သည့်
ယှဉ်ခိုက် သုံးဟိတ်, ဥာဏ ဝိပ်ကယ်, ဟိတ် နှစ်သွယ်သာ၊ ဒွိဝယ်
ဋ္ဌစတ်, အရမှတ်မူ့, ငါးရပ်ဟိတ်ကြဉ်, ဒွိဟိတ်ယှဉ်ငြား, လေးဆဲ့
ငါးနှင့်, အများ တိဟိတ် – စိတ်က ဟိတ်သုံး, ပေါင်းရုံး ရောစပ်၊
တိဟိတ် မှတ်ဘို့, ရလတ်သုံးဆယ်, ငါးခုကယ်မှာ, ဟိတ်ပယ်ရုံမျှ,
လွယ်ကူလှသည်, လုံးဝတိဟိတ်စိတ်ယှဉ်တည်း။
'၂။ တတ္ထ*ပဉ္စဒွါရာဝဇ္ဇန*,ပေ၊အဟေတုကစိတ္တာနိနာမ ဤစကား
သည် အသစ် အဆန်း မဟုတ်, အဟိတ်စိတ် ၁၈ ပါးကို ဝီထိစဉ် အတိုင်း
တမျိုးစီ၍ ပြထားခြင်း ဖြစ်သည်၊ လောဘ စသော ဟိတ်များနှင် မယှဉ်
သောကြောင့် အဟိတ်စိတ်ဟု ခေါ်၏၊ ဟိတ်မယှဉ်ကြောင်းမှာ စေတသိက်
ပိုင်း သင်္ဂဟနည်း အရ အဟိတ်စိတ်တွင် ယှဉ်နိုင်သော စေတသိက်များ၌
ဟိတ်မပါပုံကို ကြည့်သဖြင့် သိနိုင်သည်။
၍ အဟိတ်စိတ်၌ *ဆန္ဒ*ကြဉ် — *အညသမာန်း* ၁၂ ယှဉ်သောကြောင့် ထို
စေတသိက်များကိုလည်း အဟိတ်စိတ်နှင်ယှဉ်ခိုက် အဟိတ်စေတသိက်၁၂ပါး
ဟု မှတ်ထားခဲ့ပါဦး။
၃။  သေသာနိ-ကြွင်းကုန်သော၊ *သဗ္ဗာနိပိ*-အလုံးစုံလည်း
ဖြစ်ကုန်သော၊ *ဧကသတ္တတိစိတ္တာနိ* - ၇၁ ပါးသော စိတ်တို့
သည်၊ *သဟေတုကာနိ*-သဟိတ်စိတ်တို့ချည်းသာတည်း။
၂၄။ တတ္ထာပိ-ထို သဟိတ်စိတ်တို့တွင်လည်း၊ ဒွေ–နှစ်ပါး
ကုန်သော၊ *မောမူဟစိတ္တာနိ* – မောဟမူစိတ်တို့သည်၊ ဧက
*ဟေတု*ကာနိ-ဧကဟိတ်စိတ်တို့တည်း။
၃။ သေသာနိ ၊ ပေ ၊ *သဟေတုကာနေဝ* – အဟိတ်စိတ်မှ တပါး
ကျန်စိတ် ၇၁ ပါးကား သဟိတ်စိတ်သာတည်း၊ ဟိတ်တပါးဖြစ်စေ, နှစ်ပါး
ဖြစ်စေ, ယှဉ်ဘက်ဟိတ်ရှိသော စိတ်တွေကို သဟေတုက (သဟိတ်) စိတ်ဟု
ခေါ်သည်။
၄။ တတ္ထ*ာပိဒွေ*,ပေ ၊ *ဧကဟေတုကာနိ*-ယှဉ်ဘက်ဟိတ်တပါးသာ
ရှိသော စိတ်ကို " ဧကဟိတ်စိတ် " ဟု ခေါ်သည်၊ မောဟမူဒွေးသည်
မောဟဟိတ် ၁ ပါးနှင်သာ ယှဉ်၏၊ ထို မောဟမူဒွေး၌ စေတသိက် ၁၆ ပါး
ယှဉ်ရာ, ထို၌ပါသော မောဟမှာ အခြား ယှဉ်ဘက်ဟိတ် မရှိ၊ ထို့ကြောင့်
မောဟမူဒွေး၌ ယှဉ်သော မောဟကို အဟိတ်စေတသိက်အတွင်း၌ သွင်း၍
အဟိတ်စိတ်၌ယှဉ်သော ယခင် *အညသမာန်း* ၁၂နှင်ပေါင်းလျှင် "အဟိတ်
တေရ"အရ ဖြစ်၏၊ ထို့ကြောင့် "*အဟိတ်တေရ*, ရေတွက်ပြသော်, မောဟ
တဆူ, မောဟမူယှဉ်, ထို့ပြင် အဟိတ် – စိတ်၌ ယှဉ်ပြန်, သမာန် *အည*၊
ဆဲ့နှစ်ဝတည်း"ဟု….ဆိုခဲ့ပေသည်။
မောဟမှတပါး မောဟမူစိတ်၌ယှဉ်သော ကျန်စေတသိက် ၁၅ ပါးကား
ဧကဟိတ်စေတသိက်များတည်း ဟု မှတ်သားခဲ့ဦး။
## Trang 72
၅။ သေသာနိ-မောဟမူဒွေးမှကြွင်းကုန်သော၊ဒသ-ဆယ်
ပါးကုန်သော၊ အကုသလစ်တ္တာနိစေဝ - အကုသိုလ်စိတ်တို့
၎င်း၊ ဉာဏဝိပ္ပယုတ္တာနိ - ဉာဏဝိပ္ပယုတ် ဖြစ်ကုန်သော၊ ဒွါ
ဒသ-၁ ၂ ပါးကုန်သော၊ ကာမာဝစရသောဘနာနိစ – ကာမ
သောဘနစိတ်တို့၎င်း၊ ဣတိ-သို့၊ ဒွါဝီသတိ - ၂၂ ပါးသည်၊
ဒွိဟေထုကစိတ္တာနိ-ဒွိဟိတ်စိတ်တို့တည်း။
၅။ သေသာနိ ၊ ပေ ၊ ဒွိဟေတုကစိတ္တာနိ။ ။ ဟိတ်နှစ်ပါးနှင့် ယှဉ်
သော စိတ်များကို "ဒွိဟိတ်စိတ်" ဟု ခေါ်၏၊ ဤ ဒွိဟိတ်စိတ် ၂၂ ပါးတွင်
မည်သည့် စိတ်၌ မည်သည့်ဟိတ်များ ယှဉ်ကြောင်းကို စေတသိက် ယှဉ်ပုံ
ကြည့်၍ သိလေ။
ဤ ဒွိဟိတ်စိတ် ၂၂ ၌ ဝိစိကိစ္ဆာနှင့် ပညာကြဉ်၍ စေတသိက်ပေါင်း ၅ဝ
ယှဉ်၏၊ထို ၅ဝ တွင်လောဘမူစိတ်၌ လောဘမောဟ, ဒေါသမူစိတ်၌ ဒေါသ
မောဟ, ဥာဏဝိပ္ပယုတ်စိတ်၌ အလောဘ, အဒေါသ, ဤ ဟိတ်များသည်
အချင်းချင်း အပြန်အလှန် (လောဘသည်မောဟနှင့်, မောဟသည်လောဘ
နှင့် စသည်) ယှဉ်ရကား ဟိတ်တပါးစီနှင့်သာ ယှဉ်သော ဧကဟိတ် စေတ
သိက်များတည်း၊ ထို့ကြောင့် ဤ ဟိတ် ၅ ပါးနှင့် မောဟမူစိတ်၌ ယှဉ်သော
စေတသိက် (မောဟဟိတ်မှတပါး) ၁၅ ပါးကိုပေါင်းလျှင် "ဧကနှစ်ဆယ်"
အရ ဖြစ်၏၊ ထို့ကြောင့်"ဧကနှစ်ဆယ်, မောဟပယ်၍, တဆဲ့ငါးယူမောဟ
မူတွင်, ယှဉ်လေသမျှ, လောဘမူ၌, ဒေါသမူဆိုက်သည့်, ယှဉ်ခိုက် သုံးဟိတ်,
ဥာဏဝိပ်ကယ်, ဟိတ်နှစ်သွယ်သာ—"ဟု ဆိုခဲ့ပေသည်။
ဤ ဟိတ် ၅ ပါးမှ တပါး ဒွိဟိတ်စိတ်၌ ယှဉ်သော ကျန် ၄၅ ပါးကား
ဟိတ်နှစ်ပါးစီယှဉ်သော ဒွိဟိတ်စေတသိက်များတည်း ဟု မှတ်ခဲ့ပါ။
၆။ ဒွါဒသ-၁၂ ပါး ကုန်သော၊ ဉာဏသမ္ပယုတ္တကာမာ
ဝစရ သောဘနာနိစေဝ - ဉာဏသမ္ပယုတ် ကာမသောဘန
စိတ်တို၎င်း၊ ပဉ္စတ္တိသ မဟဂ္ဂတ လောကုတ္တရ စိတ္တာနိစ– ၃၅
ပါးသော မဟဂ္ဂုတ် လောကုတ္တရာ စိတ်တို့၎င်း၊ ဣတိ – ဤသို့၊
သတ္တစတ္တာလီသ - ၄၇ ပါးသည်၊ တိဟေက စိတ္တာနိ -
တိဟိတ် စိတ်တို့တည်း၊ ဣတိ-ဤကား ဟိတ် အပြားအားဖြင့်
စိတ်တို့ကို ပေါင်းယူခြင်းတည်း။
၆။ ဒွါဒသဥာဏသမ္ပယုတ္တ၊ပေ၊တိဟေတုကစိတ္တာနိ'ဟိတ်သုံးပါး
နှင့် ယှဉ်သော စိတ်ကို"တိဟိတ်စိတ်" ဟု ခေါ်သည်၊ ဤ တိဟိတ်စိတ်များ၌
အလောဘ အဒေါသ အမောဟ ဟိတ် ယှဉ်ကြောင်းကို စေတသိက်
ယှဉ်ပုံ ကြည့်၍ သိလေ။
ဤ တိဟိတ်စိတ် ၄၇ ၌ စေတသိက် ၃၈ ယှဉ်၏၊ ထိုတွင် ဟိတ် ၃ ပါးကား
( အလောဘသည် အဒေါသ အမောဟနှင့်, အဒေါသသည့် အလောဘ
အမောဟနှင့်, အမောဟ သည် အလောဘ အဒေါသနှင့် ယှဉ်သောကြောင့်)
ဒွိဟိတ် စေတသိက်၌ ပါဝင်လေပြီ၊ ထို့ကြောင့် ဒွိဟိတ်စိတ်၌ ယှဉ်သော
(ဟိတ်မှ တပါး) စေတသိက် ၄၅ နှင့် ဤဟိတ် ၃ ပါး ပေါင်းလျှင် "ဒွိဋ္ဌစတ်"အရ ဖြစ်၏၊ ထို့ကြောင့် "ဒွိဝယ်ဋ္ဌစတ်, အရမှတ်မူ, ငါးရပ်ဟိတ်ကြဉ်,
ဒွိဟိတ်ယှဉ်ငြား, လေးဆဲ့ငါးနှင့်, အများတိဟိတ်-စိတ်ကဟိတ်သုံး, ပေါင်းရုံး
ရောစပ်" ဟု ဆိုခဲ့ပေသည်။
အလောဘ အဒေါသ အမောဟမှ တပါး တိဟိတ်စိတ်၌ ယှဉ်သော
စေတသိက် ၃၅ ပါးကား တိဟိတ် စေတသိက်များ တည်း၊ ထို့ကြောင့်
"တိဟိတ် မှတ်ဘို့, ရလတ် သုံးဆယ်, ငါးခုကယ်မှာ, ဟိတ်ပယ်ရုံမျှ, လွယ်ကူ
လှသည်, လုံးဝတိဟိတ် စိတ်ယှဉ်တည်း" ဟု ဆိုခဲ့ပေသည်။
## Trang 73
၇။ အကုသလာ-အကုသိုလ်ဖြစ်ကုန်သော၊ဟေတူ-ဟိတ်တို့သည်၊ *လောဘော*-လောဘ၎င်း၊ *ဒေါသောစ*-ဒေါသ၎င်း၊ *မောဟောစ*-မောဟ၎င်း၊ (*ဣတိ*-ဤသို့၊) *တယော*-သုံးပါးတို့ တည်း၊ *ကုသလာဗျာကတာ* - ကုသိုလ် အဗျာကတ ဖြစ်ကုန်သော၊ *ဟေတူ* - ဟိတ်တို့သည်၊ *အလောဘော* – အလောဘ၎င်း၊ *အဒေါသော*-အဒေါသ၎င်း၊ *အမောဟော*-အမောဟ၎င်း၊ (*ဣတိ-တထာ၊*) *တထာ* – ထို သုံးပါးစီတို့တည်း။
ဂ။ အဟေတုကာ – အဟိတ်စိတ်တို့ကို၊ *အဋ္ဌာရသ*-၁၈ ပါးဟူ၍၊*မှတ်*-သိအပ်ကုန်၏။ *ဧကဟေတုကာ*ဧကဟိတ် စိတ်တို့ကို၊ ဒွေ – နှစ်ပါးတို့ ဟူ၍၊ မှတ်-အပ်ကုန်၏၊ *ဒွိဟေတုကာ-*ဒွိဟိတ်စိတ်တို့ကို *ဒွါဝီသတိ*- ၂၂ ပါးဟူ၍၊*မှတ်*-အပ်ကုန်၏၊ တိဟေထုကာ-တိဟိတ်စိတ်တို့ကို၊ *သတ္တစတ္တာလီသ*- ၄၇ ပါးဟူ၍၊ မှတ်–သိအပ်ကုန်၏။
၇-၈။ သင်္ဂဟဂါထာ
အကုသိုလ်စိတ်၌ ယှဉ်သော ဟိတ်ကို " အကုသိုလ်ဟိတ် " ဟု ၎င်း, ကုသိုလ်နှင့် ယှဉ်သော ဟိတ်ကို " ကုသိုလ်ဟိတ် " ဟု ၎င်း, အဗျာကတ (ဝိပါက်ကြိယာ) စိတ်နှင့် ယှဉ်သော ဟိတ်ကို "အဗျာကတဟိတ် " ဟု ၎င်း ခေါ်သည်။
ဟေတုကာဋ္ဌာရသေက'စသော ဂါထာ၌ အဋ္ဌာရသစသော သင်္ချာ တို့၏ သင်္ချေယျ (သရုပ်) ကို အကျယ်ပါဠိကြည့်၍ ရေတွက်လေ၊
***လေ့ကျင့်ခဏ်း မေးခွန်းများ***
က ။ အဘယ်သ္မိသော စကားရပ်ကို ဟေတုသင်္ဂဟ ဟု ခေါ်သနည်း။
ခ ။ ကုသိုလ်ဟိတ် အကုသိုလ်ဟိတ် အဗျာကတဟိတ်တို့ မည်မျှစီရှိသနည်း။
ဂ ။ အဟေတုကာဋ္ဌာရသ-အရ အကျယ် ပါဠိကိုပြ၍ သရုပ်ကောက်ပါ။
ဃ။ အဟိတ်စေတသိက် မည်မျှရှိသနည်း, အကျယ်လင်္ကာပုဒ်ကိုထောက်၍ သရုပ်ကောက်ပါ။
င ။ သဟိတ်စိတ် မည်မျှရှိသနည်း, အကျယ် ပါဠိကို ပြပါ။
စ ။ ဧကဟေတုကာဒွေ-အရ အကျယ် ပါဠိကိုပြ၍ သရုပ်ကောက်ပါ။
ဆ။ ဧကဟိတ် စေတသိက် မည်မျှရှိသနည်း, အကျယ် လင်္ကာပုဒ်ထောက်၍ သရုပ်ကောက်ပါ။
ဇ ။ ဒွါဝီသတိ ဒွိဟေတုကာ-အရ အကျယ်ပါဠိကိုပြ၍ သရုပ်ကောက်ပါ။
ဈ ။ ဒွိဟိတ် စေတသိက် မည်မျှ ရှိသနည်း, အကျယ်လင်္ကာပုဒ် ထောက်၍ သရုပ်ကောက်ပါ။
ည။ သတ္တစတ္တာလီသ တိဟေတုကာ – အရ အကျယ် ပါဠိကိုပြ၍ သရုပ် ကောက်ပါ။
ဋ ။ တိဟိတ် စေတသိက် မည်မျှရှိသနည်း, အကျယ် လင်္ကာပုဒ် ထောက်၍ သရုပ်ကောက်ပါ။
၂၀
## Trang 74
၁။ ကိစ္စသင်္ဂဟေ-ကိစ္စသင်္ဂဟ၌၊ (**လ** န္တ မာနာနိ-
ကိစ္စသင်္ဂဟ န်သော၊) ကိစ္စနိနာမ-ကိစ္စတို့ မည်သည်၊ ပဋိသန္ဓိ
ဘဝင်္ဂါဝဇ္ဇန ဒဿန သဝန ဃာယန သာယန ဖုသန သမ္ပဋိ
စ္ဆန သန္တီရဏ ဝေါဋ္ဌပန ဇဝန တဒါရမဏ စုတိဝသေန-ပဋိ
သန္ဓေကိစ္စ, ဘဝင်ကိစ္စ, အာဝဇ္ဇန်းကိစ္စ, ဒဿနကိစ္စ, သဝန
ကိစ္စ, ဃာယနကိစ္စ, သာယနကိစ္စ, ဖုသနကိစ္စ, သမ္ပဋိစ္ဆနကိစ္စ,
သန္တီရဏကိစ္စ, ဝုဋ္ဌောကိစ္စ, ဇောကိစ္စ, တဒါရုံကိစ္စ, စုတိကိစ္စ
တို့၏ အပြားအားဖြင့်၊ စုဒ္ဒသဝိဓာနိ – တစ်ဆယ့်လေးပါး အပြား
ရှိကုန်သည်၊ ဘဝန္တိ-ဖြစ်ကုန်၏။ ဤကဲ့သို့သရုပ်ရေတွက်ရာ၌
"ဝသ"သဒ္ဓါသည်"အပြား"ဟူသော အနက်ကို ဟော၏။ ]
၂။ ပန-ကား၊ ပဋိသန္ဓိ ဘဝင်္ဂါဝဇ္ဇန ပဉ္စဝိညာဏ ဋ္ဌာနာ
ဒိဝသေန - ပဋိသန္ဓေဌာန, ဘဝင်ဌာန, အာဝဇ္ဇန်းဌာန, ပဉ္စ
ဝိညာဏ် ဌာန အစရှိသည်တို့၏ အပြားအားဖြင့်၊ တေသံ-ထို
ကိစ္စတို့၏၊ ဒသဓာ - ဆယ်ပါး အပြားအားဖြင့်၊ ဌာနဘေဒေါ-
ဌာနတို့၏ အပြားကို၊ ဝေဒိတဗ္ဗော − သိအပ်၏။
ကိစ္စသင်္ဂဟ။ ။ ကိစ္စအားဖြင့် စိတ်စေတသိက်တို့ကို သင်္ဂြိုဟ် ရေတွက်
ပြရာ စကားရပ်ကို "ကိစ္စသင်္ဂဟ" ဟု ခေါ်သည်။
၁။ ကိစ္စာနိနာမ၊ပေ၊ စုဒ္ဒသဝိဓာနိ ဘဝန္တိ"ဤစကားကား အရင်းခံ
ကိစ္စအပြားကို ရှေးဦးစွာပြသော စကားတည်း၊ ကိစ္စ ၁၄ ပါးကိုရေတွက်ပါ။
၂။ ပဋိသန္တိဘဝင်္ဂ၊ပေ၊ဌာနဘေဒေါ-စက္ခုဝိညာဏ်,သောတ, ဃာန,
ဇိဝှါ ကာယဝိညာဏ်, ၍ ဝိညာဏ်ငါးပါး၏ ဖြစ်ရာ ဌာနကို "ပဉ္စဝိညာဏ
ဌာန" ဟု ၁ ဌာနတည်း ဆိုသည်။
ဌာနာဒိ၌ အာဒိသဒ္ဒါဖြင့် — သမ္ပဋိစ္ဆနဌာန, သန္တိရဏဌာန, ဝုဋ္ဌော
ဌာန, ဇောဌာန, တဒါရုံဌာနတို့ကို (ကိစ္စအစဉ်အတိုင်း ကြည့်၍ ) ယူပြီးလျှင်
ဌာနအပြား ၁ဝ ပါး သရုပ်ကို ရေတွက်လေ။
ကိစ္စဌာနအထူး။ ။ယခု မျက်မြင်အားဖြင့် လူတို့၏ အမှုလုပ်ငန်းကို
"ကိစ္စ" ဟု ခေါ်၍ ထိုလုပ်ငန်းကိုပြုလုပ်ရာအလုပ်ရုံကို"ဌာန"ဟု ခေါ်သကဲ့
သို, ထို့အတူ ထိုဆိုဒိတ် တည်းဟူခသော ပရမတ္ထတရား တုိ့၏ ပဋိသန္ဓိ
( ဘဝဟောင်းနှင့် ဘဝသစ်ကို ဆက်စ်ပေးခြင်း ) စသော အခြင်းအရာ
(အမှုလုပ်ငန်း) ကို "ကိစ္စ" ဟု ခေါ်၏။ထို ကိစ္စကိုပြုလုပ်ရာ ရွှေစိတ် နောက်
စိတ် နှစ်ခုတို့၏အကြား— စိတ်တခုဖြစ်လောက်ရာ အခါကာလကို"ဌာန" ဟု
ခေါ်၏။ ထိုအကြားဖြစ်သော ကာလဟူသည် ပရမတ်တရားမဟုတ်,ပညတ်
ပင်တည်း၊ ထို့ကြောင့် ပါဠိသုံးအားဖြင့် " အန္တရပညတ် " ဟု ခေါ်စမှတ်
ပြုကြ၏။ [အန္တရ=အကြားဖြစ်သော+ပညတ်=ပညတ်တရား။]
[ဆောင်] ၁။ ထိုထိုစိတ်ဓာတ်,ပရမတ်၏,စပ်ဟပ်ပေးခြင်း, အခြင်းအရာ,
စသည်မှာ, များစွာ"ကိစ္စ"ဆို။
၂ ။ စိတ်တမျိုး၏,ရှေ့ နောက် ရှိသည့်,စုတိဘဝင်, စ၍
အများ, စိတ်နှစ်ပါး၏, အကြားကာလ, အန္တရခေါ်အပ်,
ယင်းပညတ်, မှတ်လေ ဌာန" ကို။
ထင်ရှားစေအံ့ — ဝီထိချရာ၌ စုံ'ပ'ဘ (စုတိ ပဋိသန္ဓေဘဝင်) ဟု
စိတ်အစဉ်ရှိရာ, စုတိစိတ်၏ ကိစ္စကား ပစ္စုပ္ပန် ဘဝဟောင်းမှ ရွေ့လျှော
ခြင်းတည်း၊ ပဋိသန္ဓေစိတ်၏ ကိစ္စကား ဘဝဟောင်းနှင့် ဘဝသစ်ကို စပ်ပေး
ခြင်းတည်း၊ စုတိနှင့် ဘဝင်၏ အကြား၌ ထို စပ်ပေးခြင်းကိစ္စဖြစ်ရာ ခဏငယ်
၃ ချက်ခန့် အခါကလေးသည် ပဋိသန္ဓေဌာနတည်း၊ ထိုခဏငယ် ၃ ချက်ခန့်
ကာလဌာနကို ဝီထိပုံ'၌ "ဝဝဝ" ဤကဲ့သို သုည ၃ လုံး တွဲ၍ ပြကြ၏။ ထို
သုညတွဲကလေးများပင် ဌာန၏ပုံစံ ဟု မှတ်လေ။
## Trang 75
၃။ တတ္ထ-ထိုကိစ္စသင်္ဂဟ၌၊ ဝါ-ထိုကိစ္စတို့တွင်၊ဒွေ-နှစ်ပါး
ကုန်သော၊ ဥပေက္ခာသဟဂတသန္တီရဏာနိစေ၀ - ဥပေက္ခာ
သဟဂုတ် သန္တီရဏစိတ်တို၎င်း၊ အဋ္ဌ – ရှစ်ပါးကုန်သော၊
မဟာဝိပါကာနိစ – မဟာဝိပါက်စိတ်တို့၎င်း၊ နဝ-ကိုးပါးကုန်
သော၊ ရူပါရူပဝိပါက၁နိစ – ရူပဝိပါက် အရူပဝိပါက် စိတ်တို့
၎င်း၊ ဣတိ-ဤသို့၊ ဧကူသတိ - တခုယုတ် နှစ်ဆယ်သော၊
စိတ္တာနိ – စိတ်တို့သည်၊ ပဋိသန္ဓိဘဝဂ်ရတိကိစ္စာနိနာမ – ပဋိ
သန္ဓေကိစ္စ, ဘဝင်ကိစ္စ, ရတိကိစ္စ ရှိသော စိတ်တို့မည်၏။
၄။ ပန-ကား၊ အာဝဇ္ဇနကိစ္ဆာနိ – အာဝဇ္ဇန်းကိစ္စ ရှိသော
စိတ်တို့သည်၊ နွေ−နှစ်ပါးတို့တည်း၊ [ပဉ္စဒွါရာဝဇ္ဇန်းနှင့် မနော
ဒွါရာဝဇ္ဇန်းတည်း။]
၃။ တတ္ထဒွေ၊ ဖေ၊ ပဋိသန္ဓိဘဝင်္ဂစုတိကိစ္စာနိနာ မ — ဤစကားဖြင့်
ပဋိသန္ဓေကိစ္စ ဘဝင်ကိစ္စ စုတိကိစ္စ ရှိသော ( တပ်သော ) စိတ် ၁၉ ပါးဟု
မှတ်သား၍ ပါဠိအတိုင်း သရုပ်ရေတွက်လေ။
ဒွေဥပေက္ခာသဟဂတ သန္တီရဏာနိစေ ဇ'အဟိတ်ကုသလဝိပါက်
ပဋိသန္ဓေကျိုးကို ဒွိဟိတ်ဩမက ကုသိုလ်ကသာ ပေးသည်၊ [ ဘုံပိုင်း၌လာ
လတံ့၊] ထို ဒွိဟိတ်ဩမက ကုသိုလ်သည် အလွန် အားသေးရကား, အားရှိ
ပါးရှိ သောမနဿ ပဋိသန္ဓေကျိုးကို မပေးနိုင်၊ ထို့ကြောင့် အဟိတ်ကုသလ
ဝိပါက် ဥပေက္ခာသန္တီရဏ ပဋိသန္ဓေကျိုးကိုသာ ပေးရလေသည်၊ အကုသလ
ဝိပါက် ဥပေက္ခာသန္တီရဏ ပဋိသန္ဓေကျိုးကိုကား အကုသိုလ်စိတ်များက ပေး
သည်၊ ဤအဟိတ်ပဋိသန္ဓေ ၂ ခုကို "အဟိတ်ပဋိသန္ဓေအစုံ"ဟုခေါ်၏။
[မင်အိုး၌ ကလောင်တပ်ထားလျှင် – မင်အိုး၌ ကလောင်ရှိသည် " ဟု
ဆိုရသကဲ့သို့ "ကိစ္စရှိသည်"ကိုပင် "ကိစ္စတပ်သည်"ဟု ခေါ်စမှတ်ပြုကြ၏။ ]
၅။ ဒဿန သဝန ဃာယန သာယန ဖုသန သမ္ပဋိစ္ဆနကိစ္စာ
နိစ-ဒဿနကိစ္စ, သဝနကိစ္စ ဃာယနကိစ္စ,သာယနကိစ္စ,ဖုသန
ကိစ္စ, သမ္ပဋိစ္ဆန ကိစ္စရှိသော စိတ်တိုသည်လည်း၊ တထာ-
ထို့အတူ နှစ်ပါးစိတ်တည်း။ [စက္ခုဝိညာဏ်ဒွေး, သောတ,
ဃာန,ဇိဝှါ,ကာယဝိညာဏ်ဒွေး, သမ္ပဋိစ္ဆနဒွေးတို့တည်း။]
၆။ သန္တီရဏကိစ္စာနိ - သန္တီရဏ ကိစ္စရှိသော စိတ်တို
သည်၊တိဏိ-သုံးပါးတို့တည်း။ (အကုသလဝိပါက်သန္တီရဏ
နှင့် ကုသလဝိပါက်သန္တီရဏ ၂ ပါးတည်း။)
၇။ မနောဒွါရာ ဝဇ္ဇနမေဝ – မနောဒွါရာဝဇ္ဇန်း သည်ပင်၊
ပဉ္စဒွါရေ'ပဉ္စဒွါရအရာ၌၊ ဝေါဋ္ဌပနကိစ္စ-ဝုဋ္ဌောကိစ္စကို၊ သ
ခေတ် – ပြီးစေ၏။ ( မနောဒွါရ အရာ၌ အာဝဇ္ဇန်းကိစ္စ
တပ်သော မနောဒွါရာဝဇ္ဇန်းသည်ပင် ပဉ္စဒွါရ အရာ၌ ဝုဋ္ဌော
ကိစ္စတပ်သည်-ဟူလို။ )
ဂ။ အာဝဇ္ဇနဒ္ဓယဝဇ္ဇိတာနိ-အာဝဇ္ဇန်းဒွေးသည် ကြဉ်အပ်
ကုန်သော၊ ပဉ္စပညာသ− ၅၅ ပါးသော၊ကုသလာကုသလဖလ
ကြိယစိတ္တာနိ-ကုသိုလ် အကုသိုလ် ဖိုလ်ကြိယာစိတ်တို့သည်၊
ဇဝနကိစ္စာနိ-ဇောကိစ္စရှိသော စိတ်တို့မည်၏။
၄-၅-၆-၇ — ဤ ဝါကျများ၌ ပါဠိအနက်ကို ကြည့်၍ သိသာပြီ။
ဂ။ အာဝဇ္ဇန၊ပေးဇဝနကိစ္စာနိ- ကုသိုလ်စိတ် ၂၁, အကုသိုလ်၁၂,
ဖိုလ်စိတ် ၄, အာဝဇ္ဇန်းဒွေး ကြဉ်သော ကြိယာ ၁၈, ဤ ၅၅ သည် ဇောကိစ္စ
တပ်သော စိတ်များတည်း။
## Trang 76
၉။ အဋ္ဌ-ရှစ်ပါးကုန်သော၊ မဟာဝိပါကာနိ စ ဧဝ – မဟာ
ဝိပါက်စိတ်တို့၎င်း၊ သန္တီရဏတ္တယဉ္စ - သန္တီရဏ သုံးပါး
အပေါင်း၎င်း၊ ဣတိ-ဤသို့၊ ဧကာဒသ−၁၁ ပါးသော စိတ်တို့
သည်၊ တဒါရမဏကိစ္စာနိ-တဒါရုံကိစ္စရှိသောစိတ်တို့မည်၏။
၁၀။ ပန− အပေါင်းကို ပြဦးအံ့၊ တေသု-ထို ဆိုင်ရာကိစ္စ
ရှိသော စိတ်တို့တွင်၊ ဒွေ- ၂ ပါးကုန်သော၊ ဥပေက္ခာသဟဂတ
သန္တီရဏစိတ္တာနိ – ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်တို့
သည်၊ ပဋိသန္ဓေ ဘဝင်္ဂ စုတိ တဒါရမဏ သန္တီရဏဝသေန−
ပဋိသန္ဓေ, ဘဝင်, စုတိ, တဒါရုံ, သန္တီရဏကိစ္စတို့၏ အပြား
အားဖြင့်၊ ပဉ္စကိစ္စာနိ နာမ–၅ ကိစ္စရှိသော စိတ်တို့မည်၏။
၁၁။ အဋ္ဌ - ရှစ်ပါးကုန်သော၊ မဟာဝိပါကာနိ – မဟာ
ဝိပါက်စိတ်တို့သည်၊ ပဋိသန္ဓိ ဘဝင်္ဂ စုတိ တဒါရမဏဝသေန
ဖြင့်၊ စတုကိစ္စာနိ နာမ–၄ ကိစ္စရှိသော စိတ်တို့မည်၏။
၁၂။ နဝ-၉ပါးကုန်သော၊ မဟဂ္ဂတဝိပါကာနိ−မဟဂ္ဂုတ်
ဝိပါက်စိတ်တို့သည်၊ ပဋိသန္ဓိ ဘဝင်္ဂ စုတိ ဝသေန – အားဖြင့်၊
တိကိစ္စာနိ နာမ−၃ ကိစ္စရှိသော စိတ်တို့မည်၏။
၁၃။ သောမနဿသန္တီရဏံ − သောမနဿသန္တီရဏ
စိတ်သည်၊ သန္တီရဏတဒါရမဏဝသေန−သန္တီရဏတဒါရုံ
တို့၏ အပြားအားဖြင့်၊ ဒွိကိစ္စံ−နှစ်ကိစ္စရှိသော စိတ်မည်၏။
၁၄။ ဝေါဋ္ဌပနံ - ဝေါဋ္ဌေ [ မနောဒွါရာဝဇ္ဇန်း ] စိတ်သည်၊
ဝေါဋ္ဌပနာ ဝဇ္ဇနဝသေန - ဝုဋ္ဌောကိစ္စ, အာဝဇ္ဇန်း ကိစ္စ တို့၏
အပြားအားဖြင့်၊ တထာ-သို့အတူ နှစ်ကိစ္စ ရှိ၏။
၁၅။ ပန-ကား၊ သေသာနိ-ဆိုအပ်ပြီးမှ ကြွင်းကုန်သော၊
သဗ္ဗာနိပိ-အလုံးစုံလည်း ဖြစ်ကုန်သော၊ ဇဝန မနောဓာတုတ္တိ
က ဒွိပဉ္စဝိညာဏာနိ – ဇော ၅ ၅, မနောဓာတ် ၃, ဒွေးပဉ္စ
ဝိညာဏ် ၁ဝ တို့သည်၊ ယထာသမ္ဘဝံ - ဖြစ်သင့်သည်အား
လျော်စွာ၊ ဧကကိစ္စာနိ - တစ်ကိစ္စစီ ရှိသော စိတ်တို့ မည်၏၊
ဣတိ - ဤကား ကိစ္စအပြားအားဖြင့် စိတ်တို့ကို ပေါင်းယူခြင်း
တည်း။
တေသု ပန-စသော (၁၀,၁၁,၁၂,၁၃,၁၄,၁၅, နံပါတ်)စကား
ကား စိတ်တစ်မျိုး တစ်မျိုး၏ တပ်နိုင်သော ကိစ္စကို ပေါင်းယူ ရေတွက်ပြသော
စကားရပ်တည်း၊ စေတသိက်ပိုင်းက သင်္ဂဟနည်းမျိုးပင်ဖြစ်သည်၊ ပြခဲ့သော
အစိတ်အစိတ် ပါဠိကို ကြည့်၍ ၅ ကိစ္စ တပ်ကြောင်း, ၄ ကိစ္စ တပ်ကြောင်း
စသည်ကို သိလေ။
၁၅။ သေသာနိပန ၊ ပေ ၊ ယထာသမ္ဘဝမေကကိစ္စာနိ “ယထာ
သမ္ဘဝ” အရ ဖြစ်သင့်သလို တစ်ကိစ္စစီ တပ်ကြပုံကား − ဇော ၅၅ သည်
ဇောကိစ္စ ၁ သာ, မနောဓာတ် ၃ တွင် ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် အာဝဇ္ဇန်း
ကိစ္စ ၁ သာ, သမ္ပဋိစ္ကိုန်း ဒွေးသည် သမ္ပဋိစ္ကိုန်း ကိစ္စ ၁ သာ, စက္ခုဝိညာဏ်
ဒွေးသည် ဒဿနကိစ္စ ၁ သာ, သောတ ဝိညာဏ်ဒွေးသည် သဝနကိစ္စ ၁ သာ,
ဃာန ဝိညာဏ် ဒွေးသည် ဃာယနကိစ္စ ၁ သာ, ဇိဝှါဝိညာဏ် ဒွေးသည်
သာယနကိစ္စ ၁ သာ, ကာယဝိညာဏ် ဒွေးသည် ဖုသန ကိစ္စ ၁ သာ, ဤသို့
တစ်ကိစ္စစီသာ တပ်ကြသည်။
## Trang 77
သင်္ဂဟ
၁၆။ ***ပဋိသန္ဓာဒယော နာမ*** - ပဋိသန္ဓေ အစရှိသည်
မည်ကုန်သော၊ **စိတ္တုပ္ပါဒါ**-စိတ်တို့ကို၊ **ကိစ္စဘေဒေ
န**-ကိစ္စတို့၏ အပြားအားဖြင့်၊ ***စုဒ္ဒသ***-၁၄ ပါးတို့ဟူ၍၎င်း၊ ဌာန
ဘေဒေန – ဌာနတို့၏ အပြားအားဖြင့်၊ ***ဒသဓာ***-ဆယ်ပါး ပြား
ကုန်၏ဟူ၍၎င်း၊ ***ပကာသိတာ −*** ပြအပ်ကုန်၏။
၁၇။ ဧက ဒွိ တိ စတု ပဉ္စ ***ကိစ္စဋ္ဌာနာနိ***-တစ်ကိစ္စ တစ်ဌာန,
နှစ်ကိစ္စ နှစ်ဌာန, သုံးကိစ္စ သုံးဌာန, လေးကိစ္စ လေးဌာန ငါး
ကိစ္စ ငါးဌာနရှိသော စိတ်တို့ကို၊ ***ယထာက္ကမံ***-အကြင် အကြင်
အစဉ်ရှိတိုင်း၊ ***အဋ္ဌသဋ္ဌိ***-၆၀ ပါးဟူ၍၎င်း၊ ***တထာ***-ထိုမှတစ်ပါး၊
***ဒွေ စ***-နှစ်ပါးတို့ဟူ၍၎င်း၊ ***နဝ−***ကိုးပါးတို့ဟူ၍၎င်း၊ ***အဋ္ဌ***-ရှစ်ပါး
တို့ဟူ၍၎င်း၊ ***ဒွေ***-နှစ်ပါးတို့ဟူ၍၎င်း၊ ***နိဒ္ဒိသေ***-ညွှန်ပြရာ၏။
သင်္ဂဟဂါထာ။ ။ဤ ကိစ္စ အပြားအားဖြင့် စေတသိက်ကို ရေတွက်
ပုံမှာ မထူးလှ၊ စေတသိက်ယှဉ်ပုံကို ကြည့်ရုံမျှဖြင့် သိနိုင်လောက်ပြီ၊ သင်္ဂဟ
၂ ဂါထာတွင် ပဌမ ဂါထာသည် ၁ နံပါတ် ဝါကျမှ စ၍, ၉ နံပါတ် ဝါကျ
တိုင်အောင် အစိတ်အစိတ် ပြခဲ့သောစကားအကျယ်ကို အကျဉ်းချုပ်ပြ၍ ဒုတိယ
ဂါထာက ၁ဝ နံပါတ်ဝါကျမှစ၍ ၁၅ နံပါတ်ဝါကျတိုင်အောင် အပေါင်း
ရေတွက်၍ ပြခဲ့သော အကျယ်ကို အကျဉ်းချုပ် ပြသည်။
| ကိစ္စနှင့် ဌာန | ဧက           | ဒွေ  |   တိ    |  စတု  |   ပဉ္စ |
| စိတ်        | အဋ္ဌသဋ္ဌိ   |  ဒွေ   |   နဝ    |  အဋ္ဌ  |  ဒွေ   |
လေ့ကျင့်ခဏ်း မေးခွန်းများ
က။ အဘယ်စကားရပ်ကို ကိစ္စသင်္ဂဟ ဟု ခေါ်သနည်း။
ခ ။ ကိစ္စအပြား ဌာနအပြားကို သရုပ်ရေတွက်၍, ကိစ္စနှင့်ဌာန အထူးပြပါ။
ဂ ။ ပဋိသန္ဓေ-ဘဝင်-စုတိ ကိစ္စ တပ်သောစိတ် မည်မျှရှိကြောင်းကို သင်္ဂြိုဟ်
ထောက်၍ ပြပါ။
ဃ။ အာဝဇ္ဇန်းကိစ္စ တပ်သောစိတ် မည်မျှ ရှိသနည်း, အထောက်ပြပါ။
င ။ ဒဿန သဝန ဃာယန သာယန ဖုသန သမ္ပဋိစ္ဆန ကိစ္စ တပ်သောစိတ်
မည်မျှစီ ရှိသနည်း, သင်္ဂြိုဟ်ထောက်၍ အသီးအသီး ကောက်ပြပါ။
စ ။ သန္တီရဏ ကိစ္စ တပ်သောစိတ် မည်မျှ ရှိသနည်း, အထောက်ပြပါ။
ဆ။ ဝုဋ္ဌောကိစ္စ တပ်သောစိတ် မည်မျှ ရှိသနည်း, အထောက်ပြပါ။
ဇ ။ ဇောကိစ္စ တပ်သောစိတ် မည်မျှ ရှိသနည်း, အထောက်ပြပါ။
ဈ ။ တဒါရုံ ကိစ္စ တပ်သောစိတ် မည်မျှ ရှိသနည်း, အထောက်ပြပါ။
ည။ သင်္ဂဟ ၂ ဂါထာတွင် ပဌမ ဂါထာက အဘယ် စကားရပ်ကို အကျဉ်း
ချုပ်၍, ဒုတိယ ဂါထာက အဘယ် စကားရပ်ကို အကျဉ်းချုပ်သနည်း,
ထို နှစ်ဂါထာကို အနက်ပေးပြပါ။
ဋ ။ ဧက နှင့် အဋ္ဌသဋ္ဌိ အရ အကျယ်ပါဠိကိုပြ၍ သရုပ် ရေတွက်ပါ။
ဌ ။ ဒွိ နှင့် ဒွေး အရ ၂ ကိစ္စ ၂ ဌာနစီ တပ်သောစိတ် ၂ ပါး ရှိရာဝယ်
အကျယ်ထောက်၍ သရုပ်ကောက်ပါ။
ဍ ။ တိ နှင့် နဝ အရ အကျယ်ထောက်၍ သရုပ်ကောက်ပါ။
ဎ ။ စတု နှင့် အဋ္ဌ အရ အကျယ်ထောက်၍ သရုပ်ကောက်ပါ။
ဏ။ ပဉ္စ နှင့် ဒွေး အရ အကျယ်ထောက်၍ သရုပ်ကောက်ပါ။
## Trang 78
၁။ ဒွါရသင်္ဂဟေ - ဒွါရသင်္ဂဟ၌၊ (လဗ္ဘမာနာ
ဒွါရ သင်္ဂဟ နိ-ကုန်သော၊) ဒွါရာနိ နာမ – ဒွါရတို့မည်သည်၊
စက္ခုဒွါရံ-စက္ခုဒွါရ၎င်း၊ သောတဒွါရံ-၎င်း၊ ဃာနဒွါရံ-၎င်း၊
ဇိဝှါဒွါရံ-၎င်း၊ ကာယဒွါရံ-၎င်း၊ မနောဒွါရဉ္စ-၎င်း၊ ဣတိ-
ဤသို့၊ ဆဗ္ဗိဓာနိ−ခြောက်ပါး အပြားရှိကုန်သည်၊ ဘဝန္တိ-ဖြစ်၏။
၂။ တတ္ထ-ထိုခြောက်ပါးသော ဒွါရတို့တွင်၊ စက္ခုမေဝ-
စက္ခုပသာဒသည်ပင်၊ စက္ခုဒွါရံ-စက္ခုဒွါရ မည်၏၊ တထာ-
ဒွါရသင်္ဂဟ ။ ။ဒွါရ အပြားအားဖြင့် စိတ်စေတသိက်တို့ကို သင်္ဂြိုဟ်
ရေတွက်ပြရာ စကားရပ်ကို "ဒွါရသင်္ဂဟ" ဟု ခေါ်သည်။
၁။ ဒွါရာနိ နာမ၊ ပေ၊ ဆဗ္ဗိဓာနိ ဘဝန္တိ 'ဤစကားကား အရင်းခံ ဒွါရ
အပြားကို ရှေးဦးစွာပြသော စကားတည်း၊ ဒွါရသဒ္ဒါသည် လူနေအိမ်များ
၏ တံခါးပေါက်ကို ဟောရင်းဖြစ်၏၊ ဤနေရာ၌ကား ဤ တံခါးပေါက်နှင့်
အလားတူသော စက္ခုပသာဒ စသော တရားများကို သဒိသူပစာရအားဖြင့်
ဒွါရသဒ္ဒါက ဟောပြသည်၊ " ပကတိ တံခါးပေါက်သည် လူတို့ ဝင်ရောက်
ကြောင်း ဖြစ်သကဲ့သို့, ခန္ဓာအိမ်၏ စက္ခုပသာဒအစရှိသော တံခါးပေါက်
များလည်း စက္ခုဒွါရိကဝီထိ စသည်တို့၏ ( ဝင်ရောက်သည့်ပမာ ) ဖြစ်ပေါ်
လာကြောင်းဖြစ်သည်"ဟူလို၊ ဒွါရ ၆ ပါးသရုပ်ကို ပါဠိရှိတိုင်း ရေတွက်လေ။
၂။ စက္ခုမေဝ၊ ပေ ၊ ပဝုစ္စတိ - ဤစကားရပ်ကား ဒွါရ ၆ ပါး၏
တရားကိုယ်နှင့်တကွ ဝိဂြိုဟ်ကိုပြသော စကားတည်း၊ ထိုစကားမှန်၏ "စက္ခု
မေဝ စက္ခုဒွါရံ" ဖြင့် စက္ခုဒွါရဟူသည် စက္ခုပသာဒ ရုပ်ပင်တည်း ဟု စက္ခု
ဒွါရ၏ တရားကိုယ် အရကောက်ကို၎င်း, စက္ခုနှင့် ဒွါရကို"စက္ခုမေဝ+ဒွါရံ,
စက္ခုဒွါရံ " ဟု အဝဓာရဏကမ္မဓာရယသမာသ် တွဲစပ်ပုံကို၎င်း ပြသည်။
ထို့အတူ၊ သောတာဒယော ( ဧဝ ) – သောတပသာဒ အစ
ရှိသည် သည်ပင်၊ သောတဒွါရာဒီနိ - သောတဒွါရ အစ
ရှိသည်တို့မည်၏၊ ပန'အထူးကား၊ ဘဝင်္ဂ” – ဘဝင်စိတ်ကို၊
မနောဒွါရန္တိ-မနောဒွါရဟူ၍၊ ပဝုစ္စတိ-ဆိုအပ်၏။
၃။ တတ္ထ-ထိုခြောက်ပါးသောဒွါရတို့တွင်၊ ပဉ္စဒွါရာဝဇ္ဇန
စက္ခုဝိညာဏ သမ္ပဋိစ္ဆန သန္တီရဏ ဝေါဋ္ဌပန ကာမာဝစရ
ဇဝနတဒါရမဏဝသေန'ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဏ်ဒွေး,
သမ္ပဋိစ္ကိုန်းဒွေး, သန္တီရဏသုံးချ ဝုဋ္ဌော, ကာမဇောတစ်ဆယ့်
သုံးဆယ်, တဒါရုံတို့၏ အပြားအားဖြင့်၊ ဆစတ္တာလီသ - ၄၆
သောတာဒယော သောတဒွါရာဒီနိ ( သောတာဒယော၌
· အာဒိသဒ္ဒါဖြင့် ဃာန ဇိဝှါ ကာယ ပသာဒရုပ် တို့ကို ယူ) တထာသဒ္ဒါဖြင့်
စက္ခုဒွါရကဲ့သို့ – "သောတမေဝ+ဒွါရံ, သောတဒွါရံ " စသော ဝစနတ်နှင့်
သောတပသာဒ စသည်ကို အရကောက်ဘို့ရာ ညွှန်ပြသည်။
မနောဒွါရံပန ၊ ပေ ၊ ပဝုစ္စတိ— ဘဝင်စိတ်ကို မနောဒွါရဟု ဆိုအပ်
သည်၊ "မနောဒွါရအရမှာ စက္ခုဒွါရစသည်ကဲ့သို့ ပသာဒရုပ်ကို မကောက်ဘဲ
ဘဝင်စိတ်ကို ကောက်ယူပါလေ " ဟူလို၊ ဝိဂြိုဟ်မှာ – မနောဧဝ + ဒွါရံ,
မနောဒွါရံ – ပင်တည်း၊ မနောဧဝ−ဘဝင်စိတ်သည်ပင်၊ ဒွါရံ'ဝီထိစိတ်တို့၏
ဖြစ်ကြောင်းတည်း၊ မနောဒွါရံ – ဘဝင်စိတ်သည်ပင် ဝီထိစိတ်တို့၏ ဖြစ်
ကြောင်း။
၃။ တတ္ထ ပဉ္စဒွါရာ ပေ ဥပ္ပဇ္ဇန္တိ'ဤ စကားဖြင့် စက္ခုဒွါရ၌ ဖြစ်နိုင်
သော စိတ်ပေါင်း ၄၆ ပါးရှိ၏ ဟုမှတ်၊ ပဉ္စဒွါရာဝဇ္ဇန်း ၁-စက္ခုဝိညာဏ် ၂ -
သမ္ပဋိစ္ကိုန်း ၂-သန္တီရဏ ၃-ဝုဋ္ဌော(မနောဒွါရာဝဇ္ဇန်း) ၁-ကာမဇော ၂၉-
## Trang 79
ပါးသော၊ ***စိတ္တာနိ*** – စိတ်တို့သည်၊ ***စက္ခုဒွါရေ*** - စက္ခုဒွါရ၌၊
***ယထာရဟံ***- [အာရုံ ဘုံ ပုဂ္ဂိုလ် မနသိကာရစသည်အလိုက်]
ထိုက်သည်အားလျော်စွာ၊ ***ဥပ္ပဇ္ဇန္တိ***-ဖြစ်ကုန်၏။
၄။ ***တထာ***-ထို့အတူ၊ ***ပဉ္စဒွါရာဝဇ္ဇနသောတဝိညာဏာ
ဒိဝသေန***-ပဉ္စဒွါရာဝဇ္ဇန်း, သောတဝိညာဏ် အစရှိသည်တို့၏
အပြားအားဖြင့်၊ ***သောတဒွါရာဒီသုပိ***-သောတဒွါရအစရှိသည်
တို့၌လည်း၊ ***ဆစတ္တာလီသေဝ***- ၄၆ ပါးစီသာလျှင်ဖြစ်သော၊
( ***စိတ္တာနိ***-တို့သည်၊ ) ***ဘဝန္တိ***-ဖြစ်၏၊ ***ဣတိ***-ဤသို့၊ ***သဗ္ဗထာပိ***-
အလုံးစုံသော အပြားအားဖြင့်လည်း၊ ***ပဉ္စဒွါရေ*** - ငါးဒွါရ၌၊
***စတုပညာသ***- ၅၄ ပါးသော၊ ***စိတ္တာနိ***–တို့သည်၊ ***ကာမာဝစရာ
နေဝ−ကာမာဝစရစိတ်တို့ချည်းသာတည်း၊***
တဒါရုံ ၈- ( ၁၁ရှိသော်လည်း သန္တီရဏကို ယူပြီးဖြစ်၍ မဟာဝိပါက်စိတ်
၈ ကိုသာယူ ) ပေါင်း ၄၆ ပါးတည်း။ [ ဤ ပဉ္စဒွါရာဝဇ္ဇန်း စက္ခုဝိညာဏ်
စသော အစဉ်ကို ဝီထိကျစဉ် အတိုင်း ဆိုသည်၊ ယထာရဟံ စသည် တို့၏
အဓိပ္ပါယ်ကို ဘာသာဋီကာ၌ ဆိုထားပြီ။ ]
၄။ ***တထာ ပဉ္စဒွါရာဝဇ္ဇန၊ ပေ ၊ ဆစတ္တာလီသေဝ ဘဝန္တိ*** - သောတ
ဝိညာဏာဒိ၌ အာဒိသဒ္ဒါဖြင့် ဃာနဝိညာဏ် ဇိဝှါဝိညာဏ် ကာယဝိညာဏ်
တို့ကို ယူ၊ သောတဒွါရာဒီသု၌ အာဒိသဒ္ဒါဖြင့် ဃာနဒွါရ ဇိဝှါဒွါရ ကာယ
ဒွါရတို့ကိုယူ၊ "စက္ခုဝိညာဏ်အရာ၌ သောတဝိညာဏ် စသည်ကို လဲလှယ်
သွတ်သွင်း၍ သောတဒွါရိကစိတ် ၄၆, ဃာနဒွါရိကစိတ် ၄၆, ဇိဝှါဒွါရိက
စိတ် ၄၆, ကာယဒွါရိကစိတ် ၄၆ ဟု သိလေ"ဟူလို။
၅။ ***ပန***-အထူးကား၊ မနောဒွါရေ'မနောဒွါရ၌၊ ***မနော
ဒွါရာဝဇ္ဇန ပဉ္စပညာသဇဝန တဒါရမဏာနဉ္စ*** - မနောဒွါရာ
ဝဇ္ဇန်း, ***ဇော*** ၅ ၅, ***တဒါရုံ*** ၁၁ ပါး တို့၏ အပြားအားဖြင့်၊
***သတ္တသဋ္ဌိ***-၆၇ ပါးသော၊ ***စိတ္တာနိ*** – စိတ်တို့သည်၊ ***ဘဝန္တိ***-
ဖြစ်ကုန်၏။
၆။ ***ဧကူနဝီသတိ***-တစ်ခုယုတ်နှစ်ဆယ်သော၊ (***စိတ္တာနိ***-တို့
သည်) ***ပဋိသန္ဓိဘဝင်္ဂစုတိဝသေန*** - ***ပဋိသန္ဓိကိစ္စ ဘဝင်ကိစ္စ
စုတိကိစ္စတို့၏ အပြားအားဖြင့်၊ (ပဝတ္တမာနာနိ-ဖြစ်ကုန်သည်
ရှိသော်၊)*** ဒွါရဝိမုတ္တာနိ***-ဒွါရမှလွတ်ကုန်၏။
၇။ ***ပန***-အပေါင်းကို ပြဦးအံ့၊ ***တေသု*** – ထို ဆိုင်ရာဒွါရ၌
ဖြစ်သောစိတ်တို့တွင်၊ ***ပဉ္စဝိညာဏာနိ စ ဧဝ***-ဒွေးပဉ္စဝိညာဏ်
၁၀ တို့၎င်း၊ ***မဟဂ္ဂတလောကုတ္တရ ဇဝနာနိ စ*** – မဟဂ္ဂုတ်
လောကုတ္တရာဇောတို့၎င်း၊ ***ဣတိ***-ဤသို့၊ ***ဆတ္တိံသ***- ၃၆ပါးသော၊
ဣတိ သဗ္ဗထာပိ၊ ***ကာမာဝစရာနေဝ*** - ဤစက္ခုစသော ငါးဒွါရ၌
ဖြစ်သမျှသော စိတ်ပေါင်းသည် ၅၄ ပါးရှိ၏၊ ထိုအားလုံးသည် ကာမာဝစရ
စိတ်ချည်းသာတည်း၊ [ဟုတ် မဟုတ်ကို စိစစ်ကြည့်လေ။]
၅။ ***မနောဒွါရေ ပန၊ ပေ၊ သတ္တသဋ္ဌိ စိတ္တာနိ*** 'မနောဒွါရ၌ ဖြစ်သော
စိတ်ကား ၆၇ ပါးရှိ၏၊ ပါဠိကိုကြည့်၍ သရုပ်ရေတွက်လေ။
၆။ ***ဧကူနဝီသတိ၊ ပေ၊ ဒွါရဝိမုတ္တာနိ*** 'ပဋိသန္ဓေကိစ္စ ဘဝင်ကိစ္စ စုတိ
ကိစ္စ တပ်ခိုက် မည်သည့်ဒွါရ၌မျှ မဖြစ်ကြရကား ပဋိသန္ဓေ ဘဝင် စုတိစိတ်
တို့သည် ဒွါရဝိမုတ်စိတ်များ ဖြစ်ကုန်၏။
## Trang 80
(စိတ္တာနိ–တို့သည်၊) ယထာရဟံ - ထိုက်သည်အားလျော်စွာ၊
ဧကဒွါရိကစိတ္တာနိ နာမ-တစ်ဒွါရ၌ဖြစ်သော စိတ်တို့မည်၏။
၈။ ပန−ကား၊ မနောဓာတုတ္တိကံ-မနောဓာတ်သုံးစားသည်၊
ပဉ္စဒွါရိကံ-ငါးဒွါရ၌ဖြစ်၏။
၉။ သုခသန္တီရဏ ဝေါဋ္ဌပန ကာမာဝစရ ဇဝနာနိ-သုခ
သန္တီရဏ, ဝုဋ္ဌော, ကာမဇောတို့သည်၊ ဆဒွါရိကစိတ္တာနိ-
ခြောက်ဒွါရ၌ဖြစ်သော စိတ်တို့တည်း။
၁၀။ ဥပေက္ခာသဟဂတ သန္တီရဏ မဟာဝိပါကာနိ–
ဥပေက္ခာသန္တီရဏ ၂, မဟာဝိပါက် ၈ တို့သည်၊ ဆဒွါရိကာနိ
စ ဧဝ-ရံခါ ခြောက်ဒွါရ၌လည်း ဖြစ်ကုန်၏၊ ဒွါရဝိမုတ္တာနိ စ-
ရံခါ ခြောက်ဒွါရမှလည်း လွတ်ကုန်၏။
၇။ တေသု ပန၊ ပေ၊ ဧကဒွါရိကစိတ္တာနိ'ဒွေးပဉ္စဝိညာဏ် ၁၀ တွင်
စက္ခုဝိညာဏ်ဒွေးသည် စက္ခုဒွါရ၌သာဖြစ်၏, စသည်ဖြင့် သိလေ၊ မဟဂ္ဂုတ်
လောကုတ္တရာဇောတို့သည် မနောဒွါရ၌သာ ဖြစ်ကုန်၏။
၁၀။ ဥပေက္ခာသဟဂတ၊ ပေ၊ ဒွါရဝိမုတ္တာနိ စ'ဥပေက္ခာသဟဂုတ်
သန္တီရဏ ၂ နှင့် မဟာဝိပါက် ၈ တို့သည် သန္တီရဏ တဒါရုံကိစ္စ တပ်ခိုက်
၆ ဒွါရ၌ဖြစ်ကုန်၏၊ ပဋိသန္ဓေ ဘဝင် စုတိ ကိစ္စတပ်ခိုက် ၆ ဒွါရမှလွတ်ကုန်၏။
၇, ၈, ၉, ၁၀, ၁၁, ၁၂ - ဤ စကားရပ်တို့ကား တစ်ဒွါရ၌ ဖြစ်သော စိတ်
ငါးဒွါရ၌ဖြစ်သောစိတ် စသည်ဖြင့် ပေါင်းယူရေတွက်ပြသော စကားတည်း၊
စေတသိက်ပိုင်းလာ သင်္ဂဟနည်းမျိုးပင် ဖြစ်၏။
၁၁။ မဟဂ္ဂတဝိပါကာနိ-မဟဂ္ဂုတ်ဝိပါက် ၉ခုတို့သည်၊
ဒွါရဝိမုတ္တာနေဝ-အခါခပ်သိမ်း ခြောက်ဒွါရမှ လွတ်ကုန်သည်
သာလျှင်တည်း၊ ဣတိ-ဤကား ဒွါရဖြင့် စိတ်တို့ကို ပေါင်းယူ
ခြင်းတည်း။
၁၂။ ဧကဒွါရိကစိတ္တာနိ-တစ်ဒွါရ၌ဖြစ်သော စိတ်တို့သည်
၎င်း၊ ပဉ္စ ဆဒွါရိကာနိ စ-ငါးဒွါရ၌ဖြစ်သောစိတ် ခြောက်ဒွါရ၌
ဖြစ်သော စိတ်တို့သည်၎င်း၊ ဆဒွါရိကဝိမုတ္တာနိ-ရံခါ ခြောက်
ဒွါရ၌ဖြစ်၍, ရံခါ ခြောက်ဒွါရမှလွတ်သော စိတ်တို့သည်၎င်း၊
သဗ္ဗထာ'အလုံးစုံသောအပြားအားဖြင့်၊ [သဗ္ဗဒါ-ရှိလျှင်, အခါ
ခပ်သိမ်း၊ ဝိမုတ္တာနိ စ-ခြောက်ဒွါရမှ လွတ်သောစိတ်တို့သည်
၎င်း၊ ယထာက္ကမံ-အကြင်အကြင် အစဉ်ရှိတိုင်း၊ ဆတ္တိံသတိ-
၃၆ ပါးသည်၎င်း၊ တထာ-ထိုမှတစ်ပါး၊ တီဏိ-သုံးပါးတို့သည်
၎င်း၊ ဧကတ္တိံသ-၃၁ ပါးသည်၎င်း၊ ဒသဓာ-ဆယ်ပါး ပြား
ကုန်သည်၎င်း၊ နဝဓာ-ကိုးပါး ပြားကုန်သည်၎င်း၊ (ဟောန္တိ-
၁၁။ မဟဂ္ဂတ၊ ပေ၊ ဒွါရဝိမုတ္တာနေဝ−မဟဂ္ဂုတ် ဝိပါက်စိတ်တို့ကား
ပဋိသန္ဓေ ဘဝင် စုတိ ကိစ္စမှတစ်ပါး အခြားကိစ္စ မတပ်သောကြောင့် အခါ
ခပ်သိမ်း ၆ ဒွါရမှ လွတ်ကုန်၏။
၁၂။ သင်္ဂဟဂါထာ။ ။ပဉ္စ ဆ ဒွါရိကာနိ၌ "ပဉ္စဒွါရိက-ဆဒွါရိက"
ဟု ဆိုလိုလျက် ဂါထာအရာ ဖြစ်၍ စကား ကျဉ်းအောင် ဒွါရိက တစ်ပုဒ်ကို
ချေထားသည်၊ ဆဒွါရိကဝိမုတ္တာနိ၌လည်း " ဆဒွါရိက'ဒွါရဝိမုတ္တာနိ " ဟု
ဆိုလိုလျက် ဒွါရပုဒ်ကို ချေထားသည်။
## Trang 81
ဖြစ်ကုန်၏၊ ) ဣတိ - ဤသို့၊ ပဉ္စဓာ - ငါးပါး အပြားအားဖြင့်၊
ပရိဒီပယေ - ပြရာ၏။
"ယထာက္ကမံ ပဉ္စာ ပရိဒီပယေ" အရ
| ဧကဒွါရိက | ပဉ္စဒွါရိက | ဆဒ္ဓါရိက | ဆဒ္ဒါရိကဝိမုတ္တ | သဗ္ဗထာဒွါရဝိမုတ္တ |
| ဆတ္တိ'သတ် |   တီဏိ  |  ဧကတ္တိ'သ    |  ဒသနာ  | နဝဓာ |
ဤသို့ ၅ ပုံခွဲပြပြီးလျှင်"တေသုပန္ ပဉ္စဝိညာဏာနိစေဝ"စသော အကျယ်
ပါဠိကို ကြည့်၍ _ဆဗ္ဗိ_ သတိ စသော သင်္ချာတို့၏ သင်္ချေယျများကိုလည်း
ရေတွက်လေ။
`စေတသိက်ကို ရေတွက်ခြင်း။ ။အပ္ပမညာ ၂ သည် သတ္တာ ဟူသော
ပညတ်တရားကို အာရုံပြု၏၊ စက္ခုဒွါရ စသော ၅ ဒွါရကား ရူပါရုံ သဒ္ဒ ဂန္ဓ
ရသ `ဖေါဋ္ဌဗ္ဗာရုံဟူသော ပရမတ်တို့ကို အာရုံပြုသော စိတ်စေတသိက်တို့၏
ဖြစ်ရာတည်း၊ ထို့ကြောင့် အပ္ပမညာ ဒွေးသည် စက္ခုစသော ၅ ဒွါရ၌
မဖြစ်ထိုက်၊ မနောဒွါရ၌သာ ဖြစ်ထိုက်သည်၊ ကျန် စေတသိက်များကား
ဒွါရ ၆ ပါးလုံး၌ ဖြစ်ထိုက်၏ ဟု ဒွါရဖြင့် စေတသိက်တို့ကိုလည်း သင်္ဂြိုဟ်
ရေတွက်လေ။
လေ့ကျင့်ခဏ်း မေးခွန်းများ
က။ အဘယ် စကားရပ်ကို ဒွါရသင်္ဂဟ ဟု ခေါ်သနည်း။
ခ ။ ဒွါရအပြား မည်မျှရှိသနည်း၊ သရုပ် ရေတွက် ပြီးလျှင် တရားကိုယ်
ကောက်ပြပါ။
ဂ ။ ဒွါရသဒ္ဒါသည် အဘယ် အနက်ကို ဟောရင်း ဖြစ်သနည်း။
ဃ။ စက္ခုပသာဒစသည်ကို အဘယ့်ကြောင့် ဒွါရဟု ခေါ်နိုင်သနည်း။
င ။ စက္ခုဒွါရ၌ ဖြစ်သော စိတ်များကို သင်္ဂြိုဟ်ထောက်၍ ရေတွက်ပါ။
စ ။ သောတ ဃာန ဇိဝှါ ကာယဒွါရ တို့၌ အသီးသီးဖြစ်နိုင်သော စိတ်
များကို သင်္ဂြိုဟ်ထောက်၍ သရုပ်ကောက်ပြပါ။
ဆ။ မနောဒွါရ၌ ဖြစ်နိုင်သောစိတ်ကို သင်္ဂြိုဟ်ထောက်၍ သရုပ်ကောက်ပါ။
ဇ ။ ပဉ္စဒွါရ၌ မရနိုင်သော စေတသိက်ကို အကြောင်းနှင့်တကွ ပြပါ။
ဈ ။ ဒွါရဝိမုတ်စိတ် မည်မျှ ရှိသနည်း၊ သင်္ဂြိုဟ်ထောက်၍ သရုပ်ကောက်ပြပါ။
ည။ သင်္ဂဟဂါထာကို အနက်ပေးပါ။
ဋ ။ ဧကဒွါရိကစိတ် ဆတ္တိ'သကို အကျယ်ပါဠိထောက်၍ သရုပ်ကောက်ပြပါ။
ဌ ။ ပဉ္စဒွါရိကစိတ် တီဏိကို အကျယ်ပါဠိထောက်၍ သရုပ်ကောက်ပါ။
ဍ ။ ဆဒ္ဒါရိကစိတ် ဧကတ္တိ'သကို အကျယ်ပါဠိထောက်၍ သရုပ်ကောက်ပါ။
၁ ။ အဘယ်ကိစ္စ တပ်ခိုက် ဆဒ္ဒါရိက၊ အဘယ်ကိစ္စ တပ်ခိုက် ဒွါရဝိမုတ္တ ဖြစ်သနည်း။
ဏ၊ သဗ္ဗထာ ဒွါရဝိမုတ်စိတ် နဝဓာကို အကျယ် ပါဠိထောက်၍ သရုပ်
ကောက်ပါ။
တ။ ထိုစိတ်များ အဘယ့်ကြောင့် အချင်း ခပ်သိမ်း ၆ ဒွါရမှ လွှတ်ရှ
သနည်း။
## စာမျက်နှာ pdf 082
၁။ အာလမ္ဗနသင်္ဂဟေ- အာလမ္ဗနသင်္ဂဟ
အာရမဏသင်္ဂဟ ၌၊ (လက္ခဏာဒီသေ) အာရမဏာနိ
နာမ – အာရုံတို့ မည်သည်၊ ရူပါရမဏံ – ရူပါရုံ၎င်း၊ သဒ္ဒါ
ရမဏံသဒ္ဒါရုံ၎င်း၊ ဂန္ဓာရမဏံ-ဂန္ဓာရုံ၎င်း၊ ရသာရမဏံ-
ရသာရုံ၎င်း၊ ဖေါဋ္ဌဗ္ဗာရမဏံ – ဖေါဋ္ဌဗ္ဗာရုံ၎င်း၊ ဓမ္မာရမဏံစ-
ဓမ္မာရုံ၎င်း၊ ဣတိ-ဤသို့ ၊ ဆဗ္ဗိဓာနိ− ခြောက်ပါး အပြားရှိကုန်
သည်၊ ဘဝန္တိ-ဖြစ်၏။
၂။ တက္က-ထို ခြောက်ပါးသော အာရုံတို့တွင်၊ ရူပမေ၀-
အဆင်းသည်ပင်၊ ရူပါရမဏံ-ရူပါရုံမည်၏၊ တထာ-ထို့အတူ၊
_အာရမဏသင်္ဂဟ ။ ။( အာရုံ အပြားအားဖြင့် စိတ် စေတသိက်တို့ကို
သင်္ဂြိုဟ်ရေတွက်ရာ စကားရပ်ကို "အာရမဏသင်္ဂဟ"ဟု ခေါ်သည်)_
၁။ အာရမဏာနိနာမ၊ပေ၊ ဆဗ္ဗိဓာနိ"ဤစကားကား အရင်းခံအာရုံ
အပြားကို ရှေးဦးစွာပြသော စကားတည်း။
အာရမဏ [အာ+ရမု'ယု။ ယု ပစ္စည်းကို အနပြု၊ နု-ကို ဏ ပြန်၍
"အာရမဏ" ဟု ပုဒ်မှန် ဖြစ်၏ ] (အာရမဏသဒ္ဒါသည် " မွေ့လျော်ရာ"
ဟူသော အနက်ကို ဟော၏၊ ဥယျာဉ်ပန်းမာလ်သည် လူတို့၏ မွေ့လျော်ရာ
ဖြစ်သလို ရူပါရုံ စသည်တိုလည်း စိတ်စေတသိက်တို မွေ့လျော်ရာဖြစ်သည်)
အာလမ္ဗန—] အာ+လဗိ'ယု။ ယု ကို အနပြု၊ လ နေခံ၌ နိဂ္ဂဟိတ်
လာ၊ မ-ပြုပြီးလျှင် "အာလမ္ဗန" ဟု ပုဒ်မှန် ဖြစ်၏။ ] အာလမ္ဗန သဒ္ဒါသည်
" ဆွဲကိုင်အပ် " ဟူသော အနက်ကို ဟော၏။ မစွမ်း မသန်သော လူနာ၊
အဘိုးကြီးများသည် တောင်ဝှေး- သို့မဟုတ် ကြိုးတန်းကို ကိုင်၍ ထရ ထိုင်ရ
သကဲ့သို့ စိတ်စေတသိက်များလည်း အာရုံတစ်ခုခုကိုစွဲ၍ ဖြစ်ကြရသည်။)
သဒ္ဒါဒယော ( ဧဝ ) – အသံ အစရှိသည်တို့သည်ပင်၊ သဒ္ဒါ
ရမဏာဒီနိ-သဒ္ဒါရုံအစရှိသည်တို့ မည်၏။
၃။ ပန-အထူးကား၊ဓမ္မာရမဏံ-ဓမ္မာရုံကို ၊ ပသာဒ သုခုမ
ရူပ စိတ္တစေတသိက နိဗ္ဗာန ပညတ္တိဝသေန-ပသာဒရုပ်၊သုခုမ
ရုပ်၊ စိတ်၊ စေတသိက်၊ နိဗ္ဗာန်၊ ပညတ်တို့၏ အပြားအားဖြင့် ၊
ဆဓာ−ခြောက်ပါး အပြားတို့ဖြင့် ၊ သင်္ဂယှတိ-ပေါင်းယူအပ်၏။
၄။ တတ္ထ-ထိုခြောက်ပါးသောအာရုံတို့တွင်၊ စက္ခုဒွါရိက
စိတ္တာနံ – စက္ခုဒွါရိက စိတ်တို့၏၊ သဗ္ဗေသံပိ – အလုံးစုံတို့၏
၂။ တတ္ထရူပမေဝ၊ပေ၊သင်္ဂယှတိ"ဤစကားရပ်ကား အာရုံ ၆ ပါး၏
တရားကိုယ် အရကောက်နှင့် ဝစနတ္ထကိုပြသော စကားစုံတည်း၊ ထိုစကား
မှန်၏ "ရူပမေဝ ရူပါရမဏံ" ဖြင့် အဖြူ အနီ စသော အဆင်းကို ရူပါရုံ ဟု
အရကောက်၍၊ ရူပနှင့်အာရမဏကို – ရူပမေဝ+အာရမဏံ၊ ရူပါရမဏိ —
ဟု ကမ္မဓာရည်းသမာသ် တွဲစပ်စေလိုကြောင်းကို ပြသည်။
တထာသဒ္ဒါဒယော(သဒ္ဒါဒယော၌ အာဒိသဒ္ဒါဖြင့် ဂန္ဓ (အနံ့) ရသ
(အရသာ) ဖေါဋ္ဌဗ္ဗ (အတွေ့) တို့ကို ယူ) ဓမ္မကိုကား သီးခြား ယူလတံ့၊
တထာ'ဖြင့် " သဒ္ဒေါယေဝ- အာရမဏံ၊ ဂန္ဓောယေဝ'ရသောယေဝ–
ဖေါဋ္ဌဗ္ဗမေဝ'ဓမ္မောယေဝ+ အာရမဏံ" ဟူသော ဝစနတ္ထကို၎င်း၊ ထို ဝစ
နတ္ထတ္တိအရ အသံစသည်ကို ကောက်ယူဘို့ကို၎င်း၊ ညွှန်ပြသည်။
၃။ ဓမ္မာရမဏီ၊ပေ၊ဆဓာသင်္ဂယှတိဓမ္မာရုံကိုကား ၆ ပါး အပြား
အားဖြင့် ပေါင်းယူ ရေတွက်ရမည်။ "(၃ပသာဒရုပ် တမျိုး၊ ၂သုခုမရုပ်၊
၃-စိတ်၊ ၄-စေတသိက်၊ ၅-နိဗ္ဗာန်၊ ၆-ပညတ်တမျိုး အားဖြင့် ဓမ္မာရုံအမျိုး
အစား ၆ မျိုးရှိသည်) ဟူလို။
## Trang pdf 083
လည်း၊ ရူပမေဝ – ရူပါရုံသည်သာလျှင်၊ အာရမဏံ – အာရုံ
သည်၊ (ဟောတိ-ဖြစ်၏၊)တံပ-ထိုရူပါရုံသည်လည်း၊ ပစ္စုပ္ပန္နံ -
ပစ္စုပ္ပန်ရူပါရုံသာတည်း၊ တထာ - ထို့အတူ၊ သောတဒွါရိက
စိတ္တာဒီနံပိ – သောတဒွါရိကစိတ် အစရှိသည် တို့၏လည်း၊
[ အာဒိသဒ္ဒါဖြင့် ဃာန ဇိဝှါ ကာယဒွါရိက စိတ်များကို ယူ၊ ]
သဒ္ဒါဒိနိ-သဒ္ဒါရုံ အစရှိသည်တို့သည်၊ [ အာဒိဖြင့် ဂန္ဓ ရသ
ဖေါဋ္ဌဗ္ဗကိုယူ၊] (အာရမဏာနိ-အာရုံတို့သည်၊ဟောန္တိ-ဖြစ်ကုန်၏။)
တာနိဝ – ထို သဒ္ဒါရုံ အစရှိသည်တို့သည်လည်း၊ ပစ္စုပ္ပန္နာနိ
ယေဝ-ပစ္စုပ္ပန်တို့ချည်သာတည်း။
၅။ ပန-အထူးကား၊ မနောဒွါရိကစိတ္တာနံ – မနောဒွါရိက
စိတ်တို့၏၊ ဆဓံပိ – ခြောက်ပါး အပြားရှိသော အာရုံသည်
လည်း၊ ပစ္စုပ္ပန္နံ'ပစ္စုပ္ပန်သည်၎င်း၊ အတိတံ-အတိတ်သည်၎င်း၊
၄။ တတ္ထစက္ခုဒွါရိက၊ပေ၊ပစ္စုပ္ပန္နာနိယေဝ'ဒွါရသင်္ဂဟ၌ပြခဲ့သော
(စက္ခုဒွါရိကစိတ် ၄၆ ပါးလုံး၏ အာရုံကား ရူပါရုံသာတည်း၊) ၎င်း ရူပါရုံ
သည် (ပစ္စုပ္ပန်ရူပါရုံ-အတိတ်ရူပါရုံ-အနာဂတ်ရူပါရုံ ဟု သုံးမျိုး ရှိသည်)တွင်
ပစ္စုပ္ပန်ရူပါရုံ တမျိုးသာ ဖြစ်ရမည် ဟူလို၊ [ ဖြစ်ဆဲအာရုံကို ပစ္စုပ္ပန်၊ ဖြစ်ပြီး
အာရုံကို အတိတ်၊ ဖြစ်လတံ့အာရုံကို အနာဂတ် ဟု ခေါ်သည်။ ]
(သောတဒွါရိကစိတ် ၄၆ ၏ အာရုံကား ပစ္စုပ္ပန်သဒ္ဒါရုံ၊ ဃာနဒွါရိက
နှင့် ဂန္ဓာရုံ၊ ဇိဝှါဒွါရိကနှင့် ရသာရုံ၊ ကာယဒွါရိကစိတ် ၄၆ ၏ အာရုံကား
ပစ္စုပ္ပန်ဖေါဋ္ဌဗ္ဗာရုံတည်း-ဟု သိလေ၊ ၎င်းစိတ်များ၏ ပစ္စုပ္ပန်အာရုံ တမျိုးစီ
ကိုသာ အာရုံပြနိုင်ကြောင်းကား ဝီထိပိုင်း၌ အလွန်ထင်ရှားလတံ့။
အနာဂတံ-အနာဂတ်သည်၎င်း၊ ကာလဝိမုတ္တဉ္စ-ကာလဝိမုတ်
သည်၎င်း၊ ( ဟုတွာ-ဖြစ်၍၊ ) ယထာရဟံ - ထိုက်သည်အား
လျော်စွာ၊ အာရမဏံ-အာရုံသည်၊ ဟောတိ-ဖြစ်၏။
၆။ ပဋိသဒ္ဓိဘဝင်္ဂရတ် သင်္ခါတာနံ'ပဋိသန္ဓေ ဘဝင် ရတိ
ဟု ဆိုအပ်ကုန်သော၊ ဒွါရဝိမုတ္တာနဉ္စ - ဒွါရဝိမုတ်စိတ် တို့၏
လည်း၊ ဆဗ္ဗိဓမ္ပိ – ခြောက်ပါး အပြားရှိသော အာရုံသည်လည်း၊
ယထာသန္တဝံ – ဖြစ်သင့်သည်အားလျော်စွာ၊ ယေဘုယျေန−
များသောအားဖြင့်၊ ဘဝန္တရေ−အခြားမဲ့ လွန်ခဲ့ပြီးသော ဘဝ
၅။ မနောဒွါရိက ၊ ပေ ၊ အာရမဏိဟောတိ---(မနောဒွါရိကစိတ်
၆၇ ပါး တို့၏ အာရုံကား ပဉ္စဒွါရိက စိတ်များကဲ့သို့ အာရုံ တမျိုးထည်း
မဟုတ်၊ ဆဗ္ဗိ ပိ – ရူပါရုံ ၊ ပေ ၊ ဓမ္မာရုံအားဖြင့် ခြောက်ပါးလုံးပင် ဖြစ်၏
ပစ္စုပ္ပန္နမတီတံအနာဂတံကာလဝိမုတ္တဉ္စ'ပဉ္စဒွါရိကစိတ်တို့၏ အာရုံ
ကဲ့သို့ ပစ္စုပ္ပန်တမျိုးထည်း မဟုတ်၊ ပစ္စုပ္ပန်အာရုံလည်းရှိ၏၊ အတိတ်အာရုံ
အနာဂတ်အာရုံလည်းရှိ၏၊ ကာလဝိမုတ် (ပစ္စုပ္ပန် အတိတ် အနာဂတ် ကာလ
သုံးပါးမှ အလွတ်)အာရုံများလည်း ရှိသည်။
[နိဗ္ဗာန်နှင့်ပညတ်ကို ရည်ရွယ်၍ ကာလဝိမုတ်ဟု ဆိုသည်။နိဗ္ဗာန်သည်
မပျက်မစဲ အမြဲတည်၏၊ ထို့ကြောင့် အတိတ်က ဖြစ်ခဲ့ပြီ၊ ပစ္စုပ္ပန်၌ ဖြစ်ဆဲ၊
အနာဂတ်၌ ဖြစ်လတံ့ဟု မဆိုထိုက်) ပညတ် – ဟူသည်လည်း ဥပါဒ် ဋ္ဌီ ဘင်
အားဖြင့် အထင်အရှား မရှိ။ ထို့ကြောင့် ဖြစ်ပြီး'ဖြစ်ဆဲ'ဖြစ်လတံ့ ဟု မဆို
နိုင်ရကား နိဗ္ဗာန်နှင့် ပညတ်သည် ကာလ ၃ ပါးမှ လွှတ်၏။]
ယထာရဟံ'ထိုအားလုံး အာရုံကို စိတ်တစ်ခုထည်းက ပြွတ်သိပ်၍ အာရုံ
ပြုနိုင်သည်ဟုလည်း မမှတ်ရ၊ ထိုက်သင့်သလိုဘဲ အာရုံဖြစ်ကြသည်၊ အာရုံပြု ခံ
ကြသည်၊ ထိုက်သင့်သလို အာရုံပြုခံကြပုံကို ဘာသာဋီကာ မနောဒွါရ ဝီထိ
ခဏ်း၌ အစွမ်းကုန် သိရလတံ့။
## Trang pdf 084
တပါး၌၊ **ဆဒ္ဒါရဂ္ဂဟိတံ-ခြောက်ဒွါရ**သည် ယူအပ်သည်၎င်း၊
***ပစ္စုပ္ပန္နဝါ-ပစ္စုပ္ပန်***သည်သော်၎င်း၊ ***အတိတံဝါ-အတိတ်***သည်
သော်၎င်း၊ ***ပညတ္တိဘူတံဝါ−ပညတ်***ဖြစ်၍ ဖြစ်သည်သော်၎င်း၊
***ကမ္မ ကမ္မနိမိတ္တ ဂတိနိမိတ္တသမ္မတံ-ကံ၊ကမ္မနိမိတ်၊ ဂတိနိမိတ်***
ဟု သမုတ်အပ်သည်၎င်း၊ (ဟုတွာ-ဖြစ်၍၊) ***အာရမဏံ - အာရုံ***
သည်၊ ***ဟောတိ-၏။***
၆။ ***ဒွါရဝိမုတ္တာနံစ ၊ ပေ ၊ အာရမဏိဟောတိ-*** ဤစကားသည်
"**ဒွါရဝိမုတ်**"ဟု ခေါ်သော ပဋိသန္ဓေ ဘဝင် စုတိစိတ်တို့၏ အာရုံကိုပြသော
စကားတည်း၊ ဤစကား၌ " ***ဆဗ္ဗိဓံပီ ***" အရ ရူပါရုံ စသော အာရုံ 6 ပါး
ဖြစ်ကြောင်းကိုလည်း သတိပြုပါ။
***ဆဒွါရဂ္ဂဟိတံ ပစ္စုပ္ပန္န မာတိတံ ပညတ္တိဘူတံ ဝါ***'(သတ္တာတို့ စုတေခါ
နီး၌ စုတိ၏ရွှေ့က ကပ်လျက် တဆက်ထည်းနေသော ဇောဝီထိကို"**မရဏာ
သန္နဇော**" ဟု ခေါ်သည်။ ) ထိုမရဏာသန္နဇော၏ အာရုံများသည် ရူပါရုံ
စသော အာရုံ ၆ ပါးတွင် တပါးပါးပင် ဖြစ်သောကြောင့် ဒွါရ ၆ ပါးဖြင့်
ထိုက်သင့်သလိုယူ၏၊ ထိုအာရုံများတွင် အချို့မှာပစ္စုပ္ပန်၊ အချို့မှာအတိတ်၊
အချို့ကား (ကာလ 3 ပါးမှ အလွတ်ဖြစ်သော) ကာလဝိမုတ် ပညတ်တရား
များတည်း။
***ကမ္မ ကမ္မနိမိတ္တာ ဂတိနိမိတ္တသမ္မတံ***'ထိုအာရုံများကို ရူပါရုံ သဒ္ဒါရုံ
စသည်ဖြင့် ပင်ကိုယ်နာမည်ကို အသုံးမပြုဘဲ – အဘိဓမ္မာ ထုံးစံအရ " **ကံ
ကမ္မနိမိတ် ဂတိနိမိတ်**"ဟု သမုတ်ထားသည်၊ [ကံ ကမ္မနိမိတ် ဂတိနိမိတ် အခွဲ
မှာ ဘုံပိုင်းအဆုံး၌ ထင်ရှားလတံ့၊ ] နောက်ဘဝသစ်၌ ဖြစ်လတံ့သော ပဋိ
သန္ဓေ ဘဝင် စုတိစိတ်တို့သည် အခြားမဲ့ လွန်ခဲ့ပြီးစ ဘဝဟောင်းက ဆဒ္ဒါရိက
မရဏာသန္နဇောသည် ယူပေးအပ်သော "***တံ ကမ္မနိမိတ် ဂတိနိမိတ်***"သုံးပါး
တွင် တပါးပါးကို အာရုံပြုကြရိုး ဖြစ်သည်။)
၇။ ***တေသု-ထို*** စိတ်တို့တွင်၊ **စက္ခုဝိညာဏ၁ဒိနိ – စက္ခု**
ဝိညာဏ် အစရှိသော စိတ်တို့သည်၊ ***ယထာက္ကမံ – အကြင်***
အကြင် အစဉ်ရှိတိုင်း၊ ***ရူပါဒိ ဧကေကာရမဏာနေဝ – ရူပါရုံ***
အစရှိသော တပါးတပါးစီသာ အာရုံရှိကြကုန်၏။
ဂ။ ***ပန−ကား၊ မနောဓာတုတ္တိကံ-မနောဓာတ်*** သုံးခုတို့၏
အပေါင်းသည်၊ ***ရူပါဒိပဉ္စာရမဏံ-ရူပါရုံ*** အစရှိသော ငါးပါး
သော အာရုံရှိ၏။
***ယေဘုယျေန'သို့သော်*** အမြဲမဟုတ်၊ တချို့ ဘဝမှာ မရဏာသန္နအခါ၌
ယူပေးမည့် မရဏာသန္နဇောပင် မရှိသောကြောင့် ယေဘုယျနည်းဟု မှတ်။
ဤ စကားစဉ်အရ " ပဋိသန္ဓေစိတ် ဘဝင် စုတိစိတ် ကိုသည် များသော
အားဖြင့် အခြားမဲ့လွန်ခဲ့ပြီးစ ဘဝဟောင်း၌ ဆဒ္ဒါရိက မရဏာသန္နဇော
ယူပေးအပ်သော ပစ္စုပ္ပန် အတိတ် ပညတ်ဖြစ်၍ ကံ ကမ္မနိမိတ် ဂတိနိမိတ်
ဟု သမုတ်အပ်သော အာရုံ ၆ ပါးတွင် တပါးပါးကို ထိုက်သလို အာရုံပြု
သည်" ဟု မှတ်၊ ပါဠိကြည့်၍ ဤစကားကို နှုတ်တက်ပါစေ။
၇။ တေသုစက္ခုဝိညာဏာဒီနိ — ၍ "**တေသုစက္ခုဝိညာဏာဒိနိ--မှ**
စ၍ "**လောကုတ္တရစိတ္တာနိ နိဗ္ဗာနာရမဏာနိ** — တိုင်အောင် စကားစုကား
ထိုထို အာရုံကို အာရုံပြုနိုင်သော စိတ်များကို အပေါင်း ရေတွက်၍ ပြသော
စကားရပ်တည်း၊ စေတသိက်ပိုင်းလာ သင်္ဂဟနည်းမျိုးပင် ဖြစ်သည်။
စက္ခုဝိညာဏာဒီနိ၌ အာဒိသဒ္ဒါဖြင့် သောတဝိညာဏ် ဃာန ဇိဝှါ
ကာယဝိညာဏ်တို့ကို ယူ၊ ယထာက္ကမံ - အရ စက္ခုဝိညာဏ်စိတ်က ရူပါရုံ
၁ ပါးကို အာရုံပြု၏၊ စသည်ဖြင့် သိလေ။
ဂ။ မနောဓာတုတ္တိကံ ပန ရူပါဒိပဉ္စာရမဏံ (မနောဓာတ် ၃ ပါး
ကား ၅ ဒွါရ၌ ဖြစ်သောကြောင့် ရူပါရုံစသော အာရုံ ၅ ပါးကို အာရုံပြု၏)
## Trang pdf 085
၉။ သေသာနိ-ကြွင်းကုန်သော၊ ကာမာဝစရ ဝိပါကာနိ-
ကာမဝိပါက်စိတ်တို့၎င်း၊ ဟသနစိတ္တဉ္စ-ဟသိတုပ္ပါဒ်စိတ်၎င်း၊
ဣတိ-ဤစိတ်တို့သည်၊ သဗ္ဗထာပိ-အလုံးစုံသော အပြားအား
ဖြင့်လည်း၊ ကာမာဝစရာရမဏာနေဝ-ကာမ တရားသာလျှင်
အာရုံ ရှိကုန်၏။
၁၀။ အကုသလာနိစေဝ-အကုသိုလ်စိတ်တို့၎င်း၊ ဉာဏ
ဝိပ္ပယုတ္တကာမာဝစရ ဇဝနခနိစ-ဉာဏဝိပ္ပယုတ်ကာမာဝစရ
ဇောတို့၎င်း၊ ဣတိ-ဤ ၂၀ သော စိတ်တိုသည်၊ လောကုတ္တရ
ဝဇ္ဇိတသဗ္ဗာရမဏာနိ – လောကုတ္တရာသည် ကြဉ်အပ်သော
အလုံးစုံသော အာရုံ ရှိကုန်၏။
၉။ သေသာနိ ၊ ပေ ၊ ကာမာဝစရာရမဏာနေဝ—သေသ ပုဒ်၏
အပါဒါန်ကို ဆိုခဲ့ပြီးသော ဒွေးပဉ္စဝိညာဏ်နှင့် သမ္ပဋိစ္ဆိုန်းဒွေး ဟူသော
ဝိပါက်စိတ်များကိုခံ၊ ကာမဝိပါက် ၂၃ တွင် ဆိုခဲ့ပြီးသော ဒွေးပဉ္စဝိညာဏ်
သမ္ပဋိစ္ဆိုန်းမှ တပါး ကျန် ကာမဝိပါက် ( မဟာဝိပါက် သန္တီရဏ ) ၁၁ နှင့်
ဟသိတုပ္ပါဒ်တိုကား ကာမတရားကိုသာ အာရုံပြု၏။
[ " ကာမာဝစရာ ရမဏာနေဝ " ၌ ဧဝဖြင့် မဟဂ္ဂုတ်စသော အာရုံ
များကို ကန့်သည်၊ ကာမစိတ် ၅၄ – ယှဉ်ဘက် စေတသိက်နှင့် ရုပ်တရား
များကို ကာမတရား ဟု ခေါ်၏။]
၇-၈- ၉-ဝါကျတို့၌ ပြခဲ့သော စိတ်ပေါင်း ၂၅ ပါးတို့၏ အာရုံသည်
ကာမတရားချည်းသာ ဖြစ်၏။ ထို့ကြောင့် ကာမတရားကိုသာ အမြဲအာရုံ
ပြုသော စိတ်ပေါင်း ၂၅ ဟု မှတ်သားထားခဲ့ပါ၊ သင်္ဂဟဂါထာ၌ "ပဉ္စဝီသ
ပရိတ္တမှိ " အရ ဖြစ်လိမ့်မည်။
၁၁။ ဉာဏသမ္ပယုတ္တ ကာမာဝစရ ကုသလာနိစေဝ-
ဉာဏသမ္ပယုတ် ကာမာ၀စရကုသိုလ်ဇောတို့၎င်း၊ပဉ္စမဇ္ဈာန
သင်္ခါတံ- ပဉ္စမဈာန် ဟု ဆိုအပ်သော၊ အဘိညာကုသလဉ္စ-
အဘိညာဏ်ကုသိုလ်ဇော၎င်း၊ ဣတိ-ဤ ၅ ပါးသောစိတ်တို့
သည်၊ အရဟတ္တမဂ္ဂဖလ ဝဇ္ဇိတသဗ္ဗာရမဏာနိ – အရဟတ္တ
မဂ် အရဟတ္တဖိုလ်သည် ကြဉ်အပ်သော အလုံးစုံသော အာရုံ
ရှိကုန်၏။
၁၂။ ဉာဏသမ္ပယုတ္တကာမာဝစရ ကြိယာနိစေဝ-ဉာဏ
သမ္ပယုတ် ကာမာဝစရ ကြိယာစိတ်တို့၎င်း၊ ကြိယာဘိညာဏ်-
၁၀။ အကုသလာနိ ၊ ပေ ၊ လောကုတ္တရဝဇ္ဇိတသဗ္ဗာရမဏာနိ —
အာရုံသည် အချုပ်အားဖြင့်(၁-ကာမအာရုံ၊ ၂-မဟဂ္ဂုတ်အာရုံ၊ ၃-ပညတ်
အာရုံ၊ ၄-လောကုတ္တရာ (နိဗ္ဗာန်-လောကုတ္တရာစိတ်) အာရုံ ဟု ၄ မျိုးရှိ၏)
ထို ၄ မျိုးတွင် အကုသိုလ် ၁၂ - ဉာဏဝိပ္ပယုတ်ကာမဇော ၈-ပေါင်း ၂၀
သော စိတ်တို့သည် လောကုတ္တရာ အာရုံမှ တပါး ကျန် အာရုံ အားလုံးကို
အာရုံပြုသည်)သင်္ဂဟဂါထာ၌"ဝီသာ နုတ္တရမုတ္တမှိ"အရ ဖြစ်လတံ့။
[လောကုတ္တရာ တရားတို့သည် အလွန် နက်နဲရကား ထို လောကုတ္တရာ
အာရုံကို ဉာဏ်နှင့်ယှဉ်သော စိတ်ကသာ အာရုံပြုနိုင်၏။ ]
၁၁။ ဉာဏသမ္ပယုတ္တ ၊ ပေ ၊ သဗ္ဗာရမဏာနိ - (ဉာဏသမ္ပယုတ်
ကာမ ကုသိုလ်ဇော ၄ နှင့် ကုသိုလ်အဘိညာဏ် ၁၊ ဤ၅ ပါးသည် အရဟတ္တ
မဂ် အရဟတ္တဖိုလ်ကြဉ် ကျန်အားလုံးကို အာရုံပြု၏။ အဂ္ဂမဂ္ဂဖလဝဇ္ဇိတေ ပဉ္စ"
အရ ဖြစ်လတံ့။
[အထူး သိစွမ်းနိုင်သော ရူပ ပဉ္စမဈာန်ဇောကိုပင် " အဘိညာဏ် " ဟု
ခေါ်၏)အဘိ+ဥာ။အဘိ=အလွန်-+-ဥာ=သိစွမ်းနိုင်ခြင်း။ ]
## Trang 86
**ကြိယာ အဘိညာဏ်စိတ်၎င်း၊ ဝေါဋ္ဌပနဉ္စ – ဝုဋ္ဌောစိတ်၎င်း၊**
**ဣတိ - ဤ ခြောက်ပါးသော စိတ်တို့သည်၊ သဗ္ဗထာပိ-အလုံး**
စုံသော အပြားအားဖြင့်လည်း၊ **သဗ္ဗာရမ္မဏာနိ-အလုံးစုံသော**
**အာရုံ ရှိကုန်၏။**
၁၃။ **အာရုပ္ပေသု-အာရုပ္ပစိတ်တို့တွင် ဒုတိယ စတုတ္ထာနိ-**
**ဒုတိယ၊ စတုတ္ထ အာရုပ္ပစိတ်တို့သည်၊ မဟဂ္ဂတာရမ္မဏာနိ-**
**မဟဂ္ဂုတ်တရားသာလျှင် အာရုံရှိကုန်၏။**
၁၄၊ **သေသာနိ - ကြွင်းကုန်သော၊ သဗ္ဗာနိပိ – အလုံးစုံ**
လည်းဖြစ်ကုန်သော၊**မဟဂ္ဂတစိတ္တာနိ-မဟဂ္ဂုတ်စိတ်တို့သည်၊**
**ပညတ္တာရမ္မဏာနိ- ပညတ်တရားသာလျှင် အာရုံရှိကုန်၏။**
**၁၂။ ဉာဏသမ္ပယုတ္တကာမာဝစရ ကြိယာနိ စေဝ၊ ပေ၊ သဗ္ဗာရ**
**မ္မဏာနိ ဉာဏသမ္ပယုတ် ကာမကြိယာဇော ၄ – ကြိယာ အဘိညာဉ်**
စိတ် ၁-ဝုဋ္ဌောစိတ် ၁ – ဤ ၆ ပါးကား တစုံတစ်ခုကိုမျှ မကြဉ်ဘဲ အာရုံအား
လုံးကို အာရုံပြုနိုင်၏။ ***သဗ္ဗတ္ထ ဆ" အရ ဖြစ်လတ္တံ့။***
၁၃။ **အာရုပ္ပေသု၊ ပေ၊ မဟဂ္ဂတာရမ္မဏာနိ-ဒုတိယ အာရုပ္ပဟူသည်**
ဝိညာဏဉ္စာယတနစိတ် ၃ ပါးတည်း၊ စတုတ္ထာရုပ္ပ ဟူသည် နေဝသညာ
နာသညာယတနစိတ် ၃ ပါးတည်း၊ ဤ ၆ ပါးကား မဟဂ္ဂုတ် တရားကိုသာ
အာရုံပြုသည်၊ ***"ဆစိတ္တာနိ မဟဂ္ဂတေ"*** အရ ဖြစ်လတ္တံ့၊ မည်သည့် မဟဂ္ဂုတ်
ဖြစ်ကြောင်းကိုကား ဘုံပိုင်းကျမှ သိရလိမ့်မည်။
၁၄။ **သေသာနိ၊ ပေ၊ ပညတ္တာရမ္မဏာနိ - မဟဂ္ဂုတ်စိတ် ၂၇ တွင်**
ယခင် ၆ ပါးမှ တစ်ပါး ကျန် ၂၁ ကား ပညတ်တရားကိုသာ အာရုံပြုသည်၊
***"ဧကဝိသတိ ဝေါဟာရေ"*** အရ ဖြစ်လတ္တံ့၊ မည်သည့် ပညတ်ကို အာရုံပြု
ကြောင်းကား ကမ္မဋ္ဌာန်းပိုင်းကျမှ သိရလိမ့်မည်။
သင်္ဂဟ
၁၅။ **လောကုတ္တရစိတ္တာနိ – လောကုတ္တရာစိတ်တို့သည်၊**
**နိဗ္ဗာနာရမ္မဏာနိ-နိဗ္ဗာန်တရားသာလျှင် အာရုံရှိကုန်၏၊ ဣတိ-**
ဤကား အာရုံအပြားအားဖြင့် စိတ်တို့ကို ပေါင်းယူခြင်းတည်း။
၁၆။ **ပဉ္စဝီသ- ၂၅ ပါးသော၊ စိတ္တာနိ–စိတ်တို့သည်၊**
**ပရိတ္တမှိ-ကာမအာရုံ၌သာလျှင်၊ ဟောန္တိ−ကုန်၏၊ ဆ−**
၆ပါးကုန်သော၊ **စိတ္တာနိ–စိတ်တို့သည်၊ မဟဂ္ဂတေ-မဟဂ္ဂုတ်**
**အာရုံ၌သာလျှင်၊ ဟောန္တိ-ဖြစ်ကုန်၏၊ ဧကဝိသတိ- ၂၁ ပါးသော၊**
**စိတ္တာနိ – စိတ်တို့သည်၊ ဝေါဟာရေ – ပညတ်အာရုံ၌ သာလျှင်၊**
**ဟောန္တိ-ဖြစ်ကုန်၏၊ အဋ္ဌ-၈ ပါးကုန်သော၊ စိတ္တာနိ-စိတ်တို့သည်၊ နိဗ္ဗာန**
**ဂေါစရေ-နိဗ္ဗာန် အာရုံ၌သာလျှင်၊ ဟောန္တိ-ဖြစ်ကုန်၏။**
၁၅ နံပါတ်ကား ***"အဋ္ဌ နိဗ္ဗာနဂေါစရေ"*** အရ ဖြစ်လတ္တံ့။
၁၆-၁၇။ သင်္ဂဟဂါထာ
ရှေ့ ဂါထာကား ဧကန်အာရုံပြုသောစိတ်တို့ကို ပြသော သင်္ဂဟဂါထာ,
နောက်ဂါထာကား အနေကန် အာရုံပြုသောစိတ်တို့ကို ပြသော သင်္ဂဟဂါထာ
တည်း၊ ကာမ-မဟဂ္ဂုတ်—လောကုတ္တရာ-ပညတ် ဟု အာရုံ အမျိုးအစား
၄ ဘို ၄ စု ရှိရာ၊ တသ္မိံ တစုံကိုသာ အာရုံပြုသောစိတ်ကို ဧကန် အာရုံ
ပြုသောစိတ် ဟု ဆိုသည်၊ ထို့ကြောင့် ပဌမဂါထာ၌ ***"ပရိတ္တမှိ" ကာမအာရုံ၌***
သာလျှင်" ဟု ဧဝသဒ္ဒါ၏အနက် "သာလျှင်" ဟု ထည့်စွက်လိုက်၏၊ တပါး
သော အာရုံကိုအာရုံမပြု-ဟု ကန့်လေ၊ [ *ဧကန္တ'ဧက+အန္တ။ ဧက=တစ်ခု+
အန္တ=အပိုင်း အစု၊ ဝါ-ဧကန်*။]
## Trang 87
၁၇။ တိံသ- ၃၀ သော၊ စိတ္တာနိ-စိတ်တို့သည်၊ အနုတ္တရမုတ္တ
မှိ-လောကုတ္တရာ ၈ ပါးမှ လွတ်သော အလုံးစုံသော အာရုံ၌၊
ဟောန္တိ-ကုန်၏၊ ပဉ္စ – ငါးပါးကုန်သော၊ စိတ္တာနိ – စိတ်တို့သည်။
အဂ္ဂမဂ္ဂဖလုဇ္ဈိတေ – အရဟတ္တမဂ် အရဟတ္တဖိုလ်သည် ကြဉ်
အပ်သော အလုံးစုံသော အာရုံ၌၊ ဟောန္တိ-ဖြစ်ကုန်၏၊ ဆ ̧-ခြောက်
ပါးသော စိတ်တို့သည်ကား၊ သဗ္ဗတ္ထ – အလုံးစုံသော အာရုံ၌၊
ဟောန္တိ-ဖြစ်ကုန်၏၊ ဣတိ-ဤသို့၊ တသ္မိံ-ထို အာရမ္မဏ သင်္ဂဟ၌၊
သတ္တဓာ–ခုနစ်ပါး အပြားအားဖြင့်၊ သင်္ဂဟော – ပေါင်းယူ ရေ
တွက်ခြင်းသည်၊ ဟောတိ-ဖြစ်၏။ [ ဧကန်သင်္ဂဟ ၎င်း-အနေကန်
သင်္ဂဟ ၂ ကို "သတ္တဓာ" ဟု ဆိုသည်။ ]
၂ ဘို ၃ ဘို စသည်ကို အာရုံပြုသောစိတ်ကို အနေကန် အာရုံပြုသော
စိတ်ဟု ဆိုသည်။ ပိသာနုတ္တရမုတ္တမှိ-၌ လောကုတ္တရာမှ တပါးသောအာရုံကို
အာရုံပြုသည်ဟုဆိုလျှင် ကာမ မဟဂ္ဂုတ် ပညတ် ၃ မျိုးကိုအာရုံပြုနိုင်ကြောင်း
သိသာပြီ၊ [အနေကန္တ'အနေက=များသော+အန္တ=အဘို အစု၊ ဝါ
အနေကန်။ ] ပဉ္စဝီသ-ဆ-စသော သင်္ချာတို့၏ သင်္ချေယျ သရုပ်ကို ပါဠိ
အကျယ်ကြည့်၍ ရေတွက်လေ။
လေ့ကျင့်ခန်း မေးခွန်းများ
က။´ အဘယ်စကားရပ်ကို အာရမ္မဏ သင်္ဂဟ ဟု ခေါ်သနည်း။
ခ ။ ရူပ သဒ္ဒ ဂန္ဓ ရသ ဖေါဋ္ဌဗ္ဗာရုံတို့၏ တရားကိုယ်ကို ကောက်ပြပါ။
ဂ ။ ဓမ္မာရုံသည် မည်မျှပြားသနည်း၊ သင်္ဂြိုဟ်ထောက်၍ ရေတွက်ပါ။
ဃ။ စက္ခုဒွါရိကစိတ် ၄၆ ပါးသည် အဘယ် အာရုံကို အာရုံပြုသနည်း,
သင်္ဂြိုဟ်အထောက်ပြပါ၊
င ။ သောတဒွါရိကစိတ် – ဃာနဒွါရိကစိတ် – ဇိဝှါဒွါရိကစိတ် – ကာယ
ဒွါရိကစိတ် တို့သည် ဘယ်အာရုံကို အသီးအသီး အာရုံပြုကြသနည်း,
အထောက်ပြပါ။
စ ။ မနောဒွါရိကစိတ် တို့သည် အဘယ် အာရုံကို အာရုံ ပြုကြသနည်း,
အထောက်ပြပါ။
ဆ။ ပဋိသန္ဓေ ဘဝင် စုတိစိတ်တို့သည် ဘယ်အာရုံကို အာရုံပြုကြသနည်း,
အထောက်ပြပါ။
ဇ ။ အာရုံ တမျိုးထည်းကိုသာ အာရုံပြုသော စိတ်တို့ မည်မျှ ရှိသနည်း,
အထောက်ပြပါ။
ဈ ။ အာရုံ ၅ မျိုးကို အာရုံပြုသောစိတ် မည်မျှနည်း, အထောက်ပြပါ။
ည။ သင်္ဂဟ ၂ ဂါထာကို အနက်ပေးပြီးလျှင်, ပဌမဂါထာသည် ဘာကိုပြ၍
ဒုတိယဂါထာက ဘာကိုပြသည် ဟု ဖေါ်ပြပါ။
[ ဤအာရမ္မဏသင်္ဂဟသည် အဘိဓမ္မာဆိုင်ရာ၌ အသုံးအများဆုံးဖြစ်၏၊
ထို့ကြောင့် ပရိတ္တာရမ္မဏတိက် — အတီတာရမ္မဏတိက် – အဇ္ဈတ္တာရမ္မဏ
တိက် စသော အာရုံပြုဆိုင်ရာ ညဝါ နေ့ဝါတို့၌ ကျေးဇူး များဘိုရာ ဆရာ
စဉ်ဆက်တို့ ပို့ချရိုးဖြစ်သော ဧကန် အနေကန် အာရုံပြု အကျယ်ကိုလည်း
ဆက်လက်၍ လေ့လာကြပါကုန်။ ]
## Trang 88
ဧကန်လင်္ကာ
[ဆောင်] _ပဉ္စဝီ-ကာမ, ဆ-မဟဂ္ဂါ, ရှစ်ဖြာ-နိဗ္ဗာန်, နာမ်-တဆဲ့လေး,
တေရသ-ရုပ်, 'ပစ္စုပ်-ထို့တူ. တိတ်မူ-ဆမှတ်, နာဂတ်-မရှိ,
ဝိမုတ် – နှစ်ဆဲ့ကိုး, ( ရှေးရိုး ကျမ်းညီ, ) ဧကဝီ – ပညတ်,
ပရမတ္ထ'နဝတိံသာ, ဆဓာ−အဇ္ဈတ်, ဗာယျဘ်-ဆဗ္ဗ, နှစ်စီ-
ပဉ္စ, ဓမ္မ-သုံးဆဲ့ငါး, တပါး-ဌပိ, ဒွေးနှစ်လီတည်း, ငါးလီမှာ-
သုံး, ဆဲ့နှစ်'သုံးပင်, (သီကုံး ချိုဧ,) ဆဲ့လေး'ကိုးလီ, ပဉ္စဝီ–
သုံးတန်,ဧကန် ရှေးရှု, အာရုံပြုသည်, သောတုနောင်လာ
မခဲတည်း။_
အနေကန်လင်္ကာ
[ဆောင်] _မခဲစေရန်, အနေကန်ကို, အကျဉ်းဆိုအံ့, ပိုယိုကင်းပ, ကာမ
မဟဂ္ဂုတ်, ဝိမုတ်-ပညတ်, ပရမတ်ဟု, ငါးရပ်တူလစ်, သုံးဆဲ့
တစ်စီ၊ ပစ္စုပ်-တိတ, နာဂတနှင့်. ဓမ္မ-ရုပ်-နာမ်, ခြောက်တန်
ပေါင်းရုံး, လေး သုံးစီ၊ သုံးလီ အဇ္ဈတ်, စွဲလတ်မှီရောက်
ငါးဆဲ့ ခြောက်မှန်၊ နိဗ္ဗာန်ဧက်ဒသ၊ ပဉ္စ၌ဝယ်, လေးဆယ်နှင့်
ခြောက်, ရွေးကောက်စေမှု, ဥဒါန်းပြုသည် … . စေ့ငုဘန်ခါ
ထပ်လဲတည်း။_
[နာမ်တဘို-ရုပ်တဘိုတွဲ၊ ဤတွင် တဘိုကိုသာအာရုံပြုလျှင် ဧကန်အာရုံ
ပြသောစိတ်၊ နှစ်ဘိုလုံးကိုအာရုံပြုလျှင် အနေကန် အာရုံပြုသောစိတ်ဟုမှတ်၊
နောက်အတွဲများ၌လည်း ဤနည်းပင်၊ ပစ္စုပ္ပန်-အတိတ်-အနာဂတ်–ကာလ
ဝိမုတ်-လေးဘိုတတွဲ၊ ပညတ်-ပရမတ်တတွဲ၊ အဇ္ဈတ္တ-ဗဟိဒ္ဓ-အဇ္ဈတ္တဗဟိဒ္ဓ-
သုံးဘိုတတွဲ၊ ရူပါရုံ စသော အာရုံခြောက်ဘိုတတွဲ၊ တပါးအာရုံ – နှစ်ပါး
အာရုံ ငါးပါးအာရုံ – ဆဲ့နှစ်ပါးအာရုံ − လေးပါးအာရုံ− နှစ်ဆဲ့တပါး
အာရုံ တတွဲ။]
လင်္ကာဖျား၏ အကျယ် အရကောက်
[ဧကန် အခနကန် ယှဉ်တွဲ၍ရေးမည်၊ သင်္ချာကို လင်္ကာအတိုင်းသိ။]
_ပဉ္စဝီကာမ – ဝိပါက်ကာမ, ပဉ္စဒ္ဒါရာ, ဝဇ္ဇနာတည့်, ဟသိတုပ္ပ, ပဉ္စဝီသံ,
ကာမ မှန်, ဧကန် အာရုံပြု ။ ။ဟသိ ကြဉ်သော, ကာမဇော,
ဝုဋ္ဌာ'ဘိညာစု. .ရံတခါတုံ, ကာမစုံ, အာရုံ သူတ္တိပြု၊၃၁_
_ဆ မဟဂ္ဂါ-မဟဂ္ဂုတ်မှာ, မြဲပြုလာ,ဝိညာ နေဝါခြေ၏ ။အနေကန်တဲ့,
ယခင်ကွဲ့, သုံးဆဲ့တစ်ဟု ကောက်။_
_ရှစ်ဖြာနိဗ္ဗာန် – လောကုတ္တရံ, စိတ်ရှစ်တန်, နိဗ္ဗာန် ဧကန်ရောက်။
သမ္ပယုတ်ဆို, ကုသိုလ်မဟာ, ကြိယာနှင့်, ဘိညာ ဝုဋ္ဌာ, ဆဲ့တစ်
`ဟော, မှတ်လော နေကန်လှောက်။_
_နာမ် တဆဲ့လေး – ဝိညာ နေဝါ, လောကုတ္တာ, နာမ်မှာ တဆဲ့လေး။ ။
ယင်းက ဧကန်,အနေကန်တုံ, တဒါရုံနှော, ကာမဇော, ဝုဋ္ဌာ
ဘိညာဒွေး။_
_တေရသရုပ် – ပဉ္စဝိညာ, မနောဓာ, ရုပ်သာ ဧကန်ရွေး ။ ။အနေကန်တဲ့,
နာမ်လိုကွဲ့, လေးဆဲ့သုံးပါးရေး။၄၃_
_ပစ္စုပ် ထို့တူ စသည် - ပစ္စုပ် ဧကန်, ရုပ်တူ ကြံလော, တီတံ အတွက်,
မဟဂ္ဂုတ်မျိုး, (မရှိရိုးမှတ်,နာဂတ် ဧကန်, ) သုံးမျိုးဆံ, နေကန်
နာမ်သို့ တွေး။_
_ဝိမုတ်နှစ်ဆဲ့ကိုး-ကာလဝိမုတ်, ဧကန်ထုတ်က, ရူပ-အာကာ, အာကိဉ်ပါ့,
ရှစ်ဖြာ လောကုတ်ရေး။_
_ဧကဝီပညတ် – ပညတ်ကိုမျှ, ဧကန္တကား, ပဲ - အာကာ, အာကိဉ်ပါ,
ပေါင်းကာ ဧက်ဝီသေး။ - ။ဝိမုတ် – ပညတ်, ပရမတ်တို့, မှတ်ဘို
နေကန်, ကာမထံ, နည်းခံ အပ်လေသေး။_
## Trang 89
ပရမတ္ထနဝတိသာ
— ကာမ မဟဂ္ဂီ, မြတ် နိဗ္ဗာန်, ဧကန် စိတ်စုတွေး။
ပရမတ်, ဧကန်တဲ့, သုံးဆဲ့ကိုးပါးရေး။
ဆဓာအဇ္ဈတ် — အဇ္ဈတ်ဧကန်, မဟဂ္ဂံ, နည်းခံ ယူမနှေး။ ။ကာမစိတ်
တွင်, အဘိညာဉ်, ထည့်လျှင် နေကန်ရေး။
ဗာယျဘ်ဆဋ္ဌ- ဗဟိဒ္ဓမှန်, ဧကန် ဟူက, ရူပ အာကာ, လောကုတ္တရာ,
ခြောက်ဖြာ နှစ်ဆယ်ရေး။ ။အနေကန်မူ, အဇ္ဈတ်တူ, နည်းယူ
မှန် မဝေး။
[နတ္ထိဘော ပညတ် ဟူသည် ပဌမာရုပ္ပဝိညာဏ် ဟူသော အဇ္ဈတ္တ
တရား၏ မရှိခြင်း အဘာဝ ပညတ် ဖြစ်သောကြောင့် အဇ္ဈတ္တ သက်သက်
လည်း မဟုတ်, ဗဟိဒ္ဓ စစ်စစ်လည်း မဟုတ်ရကား ၎င်းနတ္ထိဘောပညတ်ကို
အာရုံ ပြုသော အာကိဉ္စညာယတနစိတ် ၃ ပါးသည် အဇ္ဈတ္တကို အာရုံ
ပြုသော စိတ်တွင်လည်း မပါ, ဗဟိဒ္ဓကို အာရုံပြုသော စိတ်တွင်လည်း မပါ,
အဇ္ဈတ္တာရမ္မဏ တိက်မုတ်သာ ဖြစ်မည်။]
နှစ်စီပဉ္စ-ရူပ သဒ္ဒ, ဂန္ဓ ရသာ, ဖေါဋ္ဌဗ္ဗာ, ငါးဖြာ အာရုံ ရေး။
စက္ခု သောတ, ဃာန ဇိဝှါ, ကာယပါ, စဉ်ကာ ဝိညာဏ်ဒွေး။ ။
နှစ်စီ . ဧကန်, အနေကန်ဟော, နာမ် သဘောတွင်, မနောဓာတ်
တဲ့, ထည့်လေကွဲ့, လေးဆဲ့ခြောက် ဟု တွေး။
ဓမ္မ'သုံးဆဲ့ငါး-ဓမ္မာရုံတွက်, ဧကန် ထွက်က, မဟဂ္ဂုတ်ဝယ်, လောကုတ်
ဆွယ်, သုံးဆယ် ငါးပါး တွေး။ ။အနေကန်မူ, နာမ် နည်းတူ,
မှတ်ယူ အပ်လေသေး။
တပါးဌပိ…တပါးစီပြ, ဧကန္တ, ပဉ္စဝိညာဏ်ဒွေး။ ။အာကာ-အာကိဉ်-
ခြောက်ခုချိန်, ဝိညာ-နေဝါလေး။ ။ကြိယာပစ်, လောကုတ်ရှစ်,
ပေါင်းစစ် ဌပိသေး။
ဒွေးနှစ်လီ-ဝိညာနေဝါ, ကြိယာ,နှစ်ဖြာ ဧကန်ရေး၊ [ဝိညာဏဉ္စာယတန
ကြိယာစိတ်, နေဝသညာနာသညာယတနကြိယာစိတ် ၂ ပါးကား
အာကာသာနဉ္စာယတနကုသိုလ် ကြိယာနှင့် အာကိဉ္စညာယတန
ကုသိုလ်ကြိယာနှစ်ပါးစီကို အာရုံပြုသည်။]
ငါးလီမှာသုံး-မနောဓာတ်ဟု, ဤသုံးခု, ငါးခုဧကန်တွေး၊ [ ရူပါရုံစသော
အာရုံငါးပါးကို အာရုံပြုသည် ဟူလို။]
ဆဲ့နှစ် သုံးပင်-ပဉ္စမဈာန်, ရူပမှန်, ဧကန်ဆဲ့နှစ်ပေး။
ဆဲ့လေးကိုးလီ-ဒု-တ-စတုတ္ထ, ယင်းရှုပံ, ဧကန်တဆဲ့လေး။
ပဉ္စဝီ သုံးတန်-နှစ်ဆဲ့ ငါးတန်, ပြုဧကန်, ဈာန်ပဌမ တေး၊ [ "တတ္ထာပိ
ဒသကသိဏာနိ"စသော ကမ္မဋ္ဌာန်းပိုင်းကို ကြည့်လေ။]
၎င်းတို့၏ အဓိပ္ပါယ်မှာ လွန်စွာကျယ်ဝန်း၍၎င်း အချိန်ရောက်က အလို
အလျောက် သိနိုင်သောကြောင့်၎င်း မရေးတော့ပြီ၊ ထို့ပြင် အလေးအမြတ်
ပြုအပ်သော အာရုံ-အလေးအမြတ် ပြုတတ်သော စိတ်များလည်း ရှိသေး၏၊
၎င်းတို့ဆိုင်ရာ အာရမ္မဏာဓိပတိ ပစ္စည်းအဖွင့် ဘာသာဋီကာ၌ ဆိုထားပြီး
စေတသိက် ကို ဧရတွက်ခြင်း။ ။ အပ္ပမညာသည် ရူပါရုံ အစရှိသော
အာရုံငါးပါးကို မပြု-ပညတ်ဓမ္မာရုံကိုသာ အာရုံပြုရှကား ရူပါရုံကို အာရုံ
ပြုသော စေတသိက် ၅၀ တည်း၊ သဒ္ဒ ဂန္ဓ ရသ ဖေါဋ္ဌဗ္ဗာရုံတို့၌ ၎င်းနည်းပင်၊
ဓမ္မာရုံကိုကား စေတသိက် ၅၂ ပါးလုံးက အာရုံပြု၏၊ အဇ္ဈတ္တ စသည်ကို
အာရုံပြုရာ၌ကား,
[ဆောင်] ငါးဆဲ့နှစ်ခု, စေတသိက်စုတွင်, အကုသလ ဓမ္မာ, လောကီ
သာတည်း၊ ဣဿာပမဉ်, ပယ်ကြဉ်အဇ္ဈ လောကဖြစ်ဘိ,
ဝိရတိမူ, ဝီတိက္ကမိတဗ္ဗ, သမုတ်ရသည့်, ကာမ−နာမ် – ရုံ,
## Trang 90
ပစ္စုပ်မြဲမှတ်, စွဲမှီကပ်၏၊ နောက်ထပ် ဝိရတီ, လောကုတ်
သည်ကား, ရွှေပြည်ခေမာ, အပ္ပမာဏ, ကာလဝိမုတ်,ဖွင့်
ထုတ်လေအပ်၊ ပညတ် ပမညာ, ဝိမုတ္တာဟု, အာရုံပြုလျှင်း၊
ကြွင်းလေသမျှ, တေတ္တိံသမှာ, ဘယ်ဟာတခု, အာရုံစုကို
မပြု မရှိလေဘူးတည်း။
အကုသလာ, လောကီသာတည်း -- အကုသိုလ် စေတသိက်တို့ကား
( အကုသိုလ်စိတ် နှင့် တူစွာ ) လောကီ အာရုံကိုသာ အာရုံပြုကြသည်၊
လောကုတ္တရာကို မပြု။
ဣဿာ ပမဉ်, ပယ်ကြဉ်အဇ္ဈ … ဣဿာနှင့် အပ္ပမညာသည် အဇ္ဈတ္တကို
(မိမိသန္တာန်ရှိ တရားကို) အာရုံ မပြု။
လောကဖြစ်ဘိ၊ ပေ ၊ စွဲမှီကပ်၏- လောကီဝိရတိ ၃ ပါးသည် "ဝီတိက္ကမိ
တဗ္ဗဝတ္ထု" ဟု ခေါ်ဝေါ်သမုတ်အပ်သော ကာမစိတ်-စေတသိက်ဟူသော
နာမ်တရားနှင့် ရုပ်တရားများကို အာရုံပြု၏၊ ထို တရားများလည်း ပစ္စုပ္ပန်သာ,
အနာဂတ် မဟုတ်။
နောက်ထပ်ဝိရတိ ၊ ပေ ၊ ကာလ ဝိမုတ်--- လောကုတ္တရာ ဝိရတိကား
နိဗ္ဗာန်ဟူသော ကာလဝိမုတ် အပ္ပမာဏတရားကို အာရုံပြုသည်။
ပညတ်ပမညာ, ဝိမုတ္တာဟု—အပ္ပမညာလည်း ကာလဝိမုတ် ဖြစ်သော
သတ္တာပညတ်ကို အာရုံပြုသည်။
ဤ သရုပ်ထုတ်ပြခဲ့သော _စေတသိက်များမှ_ ကြွင်းသော စေတသိက်
ပေါင်း ၃၃ ကား ဘယ်အာရုံမျိုးမဆို အာရုံ ပြုနိုင်ကြသည်-ဟူလို။ [မာတိကာ
အကောက်၌ ကျေးဇူးများ၏, သတိထားခဲ့ပါ၊ ရှေးဆရာများက "မစ္ဆရိယ
သည် ဗဟိဒ္ဓကို အာရုံ မပြု၊ လောကီ ဝိရတိသည် အနာဂတ်ကိုလည်း
အာရုံပြု၏"ဟု ဆိုကြသေး၏၊ ဤကျမ်း၏အဆိုကို ထိုစေတသိက်များ၏အဖွင့်
ဘာသာဋီကာတွင် ကြည့်လေ။]
က။
လေ့ကျင့်ခန်း မေးခွန်းများ
" ပဉ္စဝီသ ပရိတ္တမှိ " အရ ကာမတရားကို ဧကန် အာရုံပြုသောစိတ်
မည်မျှနည်း, သင်္ဂြိုဟ် အကျယ် ပါဠိကိုထောက်၍ ကောက်ပြပါ။
ခ ။ ကာမ တရားကို အနေကန် အာရုံပြုသောစိတ် မည်မျှနည်း, လင်္ကာ
သံပေါက်ကို ထောက်၍ ကောက်ပြပါ။ [ မာတိကာ၌ ပရိတ္တာရမ္မဏ
ပုဒ်အရ ဖြစ်လတ္တံ့။]
ဂ ။ " ဆ စိတ္တာနိ မဟဂ္ဂတေ " အရ မဟဂ္ဂုတ်ကို ဧကန်အာရုံပြုသောစိတ်
မည်မျှနည်း, သင်္ဂြိုဟ်အကျယ် ပါဠိထောက်၍ ကောက်ပြပါ။
ဃ။ မဟဂ္ဂုတ်တရားကို အနေကန် အာရုံပြုသောစိတ် မည်မျှနည်း, လင်္ကာ
သံပေါက်ကို ထောက်၍ ကောက်ပြပါ။ [မဟဂ္ဂတာရမ္မဏပုဒ် - အရ
ဖြစ်လတ္တံ့။ ]
င ။ " ဧကဝိသတိ ဝေါဟာရေ" အရ ပညတ်ကို ဧကန်အာရုံပြုသောစိတ်
မည်မျှရှိသနည်း, သင်္ဂြိုဟ် အကျယ်ပါဠိထောက်၍ ကောက်ပြပါ။
စ ။ ပညတ်ကို အနေကန် အာရုံပြုသောစိတ် မည်မျှနည်း, လင်္ကာသံပေါက်
ထောက်၍ ကောက်ပြပါ။ [ပရိတ္တာရမ္မဏ တိက်မုတ်-အရ ဖြစ်လတ္တံ့။]
ဆ။ " အဋ္ဌ နိဗ္ဗာနဂေါစရေ " အရ နိဗ္ဗာန်ကို ဧကန်အာရုံပြုသောစိတ်
မည်မျှ ရှိသနည်း, သင်္ဂြိုဟ်ထောက်၍ ကောက်ပြပါ။
ဇ ။ နိဗ္ဗာန်ကို အနေကန် အာရုံပြုသောစိတ် မည်မျှနည်း, လင်္ကာသံပေါက်
ထောက်၍ ကောက်ပြပါ။ [အပ္ပမာဏာရမ္မဏပုဒ်- အရ ဖြစ်လတ္တံ့။]
ဌ ။  အတိတ်တရားကို ဧကန် အာရုံပြုသောစိတ်, အနေကန် အာရုံပြုသော
- စိတ်တို့ မည်မျှစီ ရှိသနည်း, လင်္ကာသံပေါက်ထောက်၍ သရုပ်ကောက်
ပြပါ။   [အတီတာရမ္မဏပုဒ်-အရ ဖြစ်လတ္တံ့။ ]
## Trang 91
အာရုံပြုသော
စိတ် မည်မျှနည်း၊ လင်္ကာသံပေါက်ထောက်၍ ကောက်ပြပါ။ [ပစ္စုပ္ပန္နာရမ္မဏာပုဒ်-အရ ဖြစ်လတံ့။]
ဌ ။ ကာလဝိမုတ်ကို ဧကန် အာရုံပြုသောစိတ်၊ အနေကန်အာရုံပြုသောစိတ်
မည်မျှနည်း၊ လင်္ကာသံပေါက်ထောက်၍ ကောက်ပြပါ။ [အတီတာရမ္မဏတိက်မုတ် ဖြစ်လတံ့။]
၃ ။ အဇ္ဈတ္တတရားကို ဧကန် အာရုံပြုသောစိတ်၊ အနေကန် အာရုံပြုသော
စိတ် မည်မျှနည်း၊ လင်္ကာသံပေါက်ထောက်၍ ကောက်ပါ။ [အဇ္ဈတ္တာရမ္မဏာပုဒ်-အရ ဖြစ်လတံ့။]
ဎ ။ ဗဟိဒ္ဓတရားကို ဧကန် အာရုံပြုသောစိတ်၊ အနေကန် အာရုံပြုသောစိတ်
မည်မျှနည်း၊ လင်္ကာသံပေါက်ထောက်၍ ကောက်ပါ။ [ဗဟိဒ္ဓါရမ္မဏာပုဒ်-အရ ဖြစ်လတံ့။]
ဏ။ ဣဿာနှင့် အပ္ပမညာသည် အဇ္ဈတ္တတရားကို အာရုံပြုသလော၊ လင်္ကာ
ပုဒ်ကို ထောက်ပါ။
တ။ လောကီဝိရတိသည် အဘယ်တရားကို အာရုံပြုသနည်း၊ လင်္ကာပုဒ်
ထောက်ပါ။
ထ။ လောကုတ္တရာဝိရတိသည် အဘယ်တရားကို အာရုံပြုသနည်း၊ လင်္ကာ
ပုဒ်ကို ထောက်ပါ။
၁ ။ အပ္ပမညာဒွေးသည် အဘယ် တရားကို အာရုံပြုသနည်း၊ လင်္ကာပုဒ်
ထောက်ပါ။
ဝတ္ထုသင်္ဂဟေ ၁။ ဝတ္ထု သင်္ဂဟ၌၊ ( ဝတ္ထုသင်္ဂဟေ ဝတ္ထုနာမာနိ
ဣစ္စေဝမာဒိနာ နယေန ဝုတ္တော၊) ဝတ္ထုနိနာမ-ဝတ္ထုဟူမည်သည်၊
စက္ခုဝတ္ထု-စက္ခုဝတ္ထု၎င်း၊ သောတဝတ္ထု-၎င်း ၊ ဃာနဝတ္ထု-
၎င်း၊ ဇိဝှါဝတ္ထု - ၎င်း၊ ကာယဝတ္ထု-၎င်း၊ ဟဒယဝတ္ထုစ-
ဟဒယဝတ္ထု-၎င်း၊ ဣတိ-သို့၊ ဆဗ္ဗိဓာနိ-ခြောက်ပါးအပြားရှိကုန်သည်၊ ဘဝန္တိ-ဖြစ်ကုန်၏။
၂။ တာနိ - ထို ခြောက်ပါးသော ဝတ္ထုရုပ်တို့ကို၊ ကာမ
လောကေ - ကာမဘုံ၌၊ သဗ္ဗာနိပိ – အလုံးစုံတို့ကိုလည်း၊
လဗ္ဘန္တိ-ရအပ်ကုန်၏။
၃၊ ပန-အ တပါးကား၊ ရူပလောကေ – အသညသတ်
ကြဉ်သော ရူပဘုံ၌၊ ဃာနာဒိတ္တယံ- ဃာန စသော ဝတ္ထုရုပ်
သုံးပါးအပေါင်းသည်၊ ***နတ္ထိ-မရှိ။***
ဝတ္ထုသင်္ဂဟ ။ (ဝတ္ထု အပြားဖြင့် စိတ် စေတသိက်တို့ကို သင်္ဂြိုဟ်
ရေတွက်ရာ စကားရပ်ကို "ဝတ္ထုသင်္ဂဟ" ဟု ခေါ်သည်။)
၁။ ဝတ္ထုနိနာမ ။ ပေ ၊ ဆဗ္ဗိဓာနိ-ဤကား အရင်းခံ ဝတ္ထုအပြားကို
ရှေးဦးစွာပြသော စကားတည်း၊ ကျောင်း၏ တည်ရာ မှီရာ မြေကို "ဝိဟာရ
ဝတ္ထု-ကျောင်းနေရာ" ဟု ခေါ်စမှတ်ပြုသကဲ့သို့၊ စိတ် စေတသိက်တို့၏ မှီရာ
ကို " ဝတ္ထု "ဟု ခေါ်သည်၊ ဝတ္ထု ရုပ် ၆ ပါးသရုပ်ကို ပါဠိကြည့်၍ ရေတွက်
လေ။ ["စက္ခု သောတ ဃာန ဇိဝှါ ကာယ ဟဒယဝတ္ထု " ၌ စက္ခုဝတ္ထု၊
သောတဝတ္ထု၊ စသည်ဆိုလိုလျက် ဝါကျ ကျဉ်းအောင် ရှေးရှေး ဝတ္ထုသဒ္ဒါ
တွေကို ဖြုတ်ထားသည်၊ အဆုံး၌ ဝတ္ထုသဒ္ဒါတစ်ခုကို ပြထားသောကြောင့်
အန္တဒီပကနည်းလည်း ဆိုရ၏။]
၂ – ၃-၄ ဝါကျတိုမှာ ပါဠိရှိတိုင်း သိသာပြီ၊ ရူပဘုံ၌ – ဃာန စသော
ဝတ္ထုရုပ်များ မရှိ" ဟူသော စကားအရ ရူပ ဗြဟ္မာများမှာ နှာခေါင်းမရှိ၊
လျှာမရှိ၊ ကိုယ်မရှိ ဟု မမှတ်လင့်၊ ပသာဒရုပ် အကြည်ဓာတ်သာ မရှိသည်မဲ့
နှာခေါင်းပုံဟန် လျှာပုံဟန် ကိုယ်ပုံဟန်ကား လှပပြေပြစ်စွာ ထင်ရှားရှိ၏၊
ဃာနပသာဒ စသည်တို့ မရှိခြင်း၏ အကြောင်းကို ရုပ်ပိုင်း ရူပပဝတ္တိက္ကမ၌
သိရလတံ့၊ အရူပဘုံ၌ကား ရုပ်တရား ဟူသမျှ လုံးဝမရှိ၊ စိတ် စေတသိက်
အစဉ်သာ ရှိသည်။
## Trang 92
၄။ ပန-ကား၊ အရူပလောကေ – အရူပဘုံ၌၊ သဗ္ဗာနိပိ–
အလုံးစုံသော ဝတ္ထုရုပ်တို့သည်လည်း၊ န သံဝိဇ္ဇန္တိ-မရှိကုန်။
၅။ တတ္ထ-ထို ခြောက်ပါးသော ဝတ္ထုတို့တွင်၊ ပဉ္စဝိညာဏ
ဓာတုယော-ပဉ္စဝိညာဏဓာတ်တို့သည်၊ ယထာက္ကမံ-အကြင်
အကြင် အစဉ်ရှိတိုင်း၊ ဧကန္တေန-ဧကန်အားဖြင့်၊ ပဉ္စပသာဒ
ဝတ္ထုနိ – ငါးပါးသော ပသာဒဝတ္ထုတို့ကို၊ နိဿာယေဝ –
မှီ၍သာလျှင်၊ ပဝတ္တန္တိ-ဖြစ်ကုန်၏။
၆။ ပန-ကား၊ ပဉ္စဒွါရာဝဇ္ဇန သမ္ပဋိစ္ဆနသင်္ခါတ – ပဉ္စ
ဒွါရာဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုန်းဒွေးဟု ဆိုအပ်သော၊ မနောဓာတုစ-
မနောဓာတ်သည်လည်း၊ ဟဒယံ-ဟဒယဝတ္ထုကို၊ နိဿိတ
ယေဝ-မှီလျက်သာလျှင်၊ ပဝတ္တတိ-ဖြစ်၏။
၅။ တတ္ထ ပဉ္စဝိညာဏ ၊ ပေ၊ ပဝတ္တန္တိ- ဤ ဝါကျ၌ ယထာက္ကမံ အရ
စက္ခုဝိညာဏ်ဒွေးသည် စက္ခုဝတ္ထုကို မှီ၏၊ သောတဝိညာဏ်က သောတ
ဝတ္ထု၊ ဃာနဝိညာဏ်က ဃာနဝတ္ထု၊ ဇိဝှါဝိညာဏ်က ဇိဝှါဝတ္ထု၊ ကာယ
ဝိညာဏ်ဒွေးက ကာယဝတ္ထုကို မှီ၏ ဟု သိလေ။
၆။ ပဉ္စဒွါရာဝဇ္ဇန၊ ပေ၊ ပဝတ္တတိ — ဤ ပါဠိအရ (ပဉ္စဒွါရာဝဇ္ဇန်းနှင့်
သမ္ပဋိစ္ဆိုန်းဒွေးကို "မနောဓာတ်" ခေါ်သည်)ဟု မှတ်။ [သီဟိုဠ်မူ၌ "မနော
ဓာတု-ပဝတ္တတိ" ဟု ဧကဝုစ်ဖြင့် ရှိ၏။]
၇။ ပန - ကား၊ အဝသေသာ – ကြွင်းကုန်သော၊ မနော
ဝိညာဏဓာတုသင်္ခါတာ – မနောဝိညာဏဓာတ်ဟု ဆိုအပ်
သော စိတ်တို့သည်လည်း၊ သန္တီရဏမဟာဝိပါကဒေါသမူလပဋိဝဇ္ဇယ
ပဌမမဂ္ဂ ဟသန ရူပါဝစရဝသေန-သန္တီရဏ၊ မဟာဝိပါက်၊
ဒေါသမူဒွေး၊ သောတာပတ္တိမဂ်၊ ဟသိတုပ္ပါဒ်၊ ရူပစိတ်တို့၏
အဖြစ်ဖြင့်၊ (ပဝတ္တမာနာ-ဖြစ်ကုန်သည်ရှိသော်၊) ဟဒယံ-ကို၊
နိဿာယေဝ-မှီ၍သာလျှင်၊ ပဝတ္တန္တိ-ဖြစ်ကုန်၏။
၈။ ပန - ကား၊ အဝသေသ ကုသလာ· ကုသလကြိယ
နုတ္တရဝသေန - ကြွင်းသော ကုသိုလ် အကုသိုလ် ကြိယာ
လောကုတ္တရာတို့၏ အဖြစ်ဖြင့်၊ (ပဝတ္တမာနာ – ဖြစ်ကုန်သည်
၇။ အဝသေသာပန၊ ပေ၊ ပဝတ္တန္တိ - သန္တီရဏ ၃၊ မဟာဝိပါက် ၈၊
ဒေါသမူ ၂၊ သောတာပတ္တိမဂ်စိတ် ၁၊ ဟသိတုပ္ပါဒ် ၁၊ ရူပစိတ် ၁၅၊ ၍
၃ဝ သော စိတ်တို့သည် ဟဒယဝတ္ထုကို အမြဲမှီကုန်၏။
ဤ ၅-၆-၇ ဝါကျလာ ၄၃ ပါးသော စိတ်တို့သည် ရုပ်တရား ရှိသော
ကာမရူပဘုံတို့၌သာ ဖြစ်သောကြောင့် ဆိုင်ရာ ဝတ္ထုရုပ်ကို အမြဲ မှီကြရကား
"တေစတ္တာလီသနိဿယ"အရ ဖြစ်လတံ့။
၈။ အဝသေသ၊ ပေ၊ အနိဿာယ ဝါ - [အဝသေသာ ဟု ရှေးပါ၌
ရှိ၏၊ "အဝသေသာနိ ဒွါဒသ လောကိယ ကုသလာနိ" စသော ဋီကာဖွင့်ကို
ထောက်၍၎င်း၊ စာသွားကို ဆင်ခြင်၍၎င်း၊ အဝသေသ ဟု သမာသ်နှင့်
ပြင်လိုက်သည်။ ဆိုခဲ့ပြီးသော မနောဝိညာဏဓာတ် များကို အဝသေသပုဒ်၏
အပါဒါန်ခံ၊ နောက်၌ "မနောဝိညာဏဓာတု သင်္ခါတာ" ဟူသော ပါဌ်ကို ဤ
ဝါကျနှင့် နောက်ဝါကျများသို့လည်း လိုက်၍စပ်။]
## Trang 93
ရှိသော်၊ ) ***နိဿာယဝါ-မှီ၍၎င်း***၊ ***အနိဿာယဝါ-မမှီဘဲ၎င်း***၊
***ပဝတ္တန္တိ- ဖြစ်ကုန်၏။***
၉။ ***အာရုပ္ပဝိပါကဝသေန*** – ***အာရုပ္ပဝိပါက်၏ အဖြစ်ဖြင့်***၊
( ***ပဝတ္တမာနာ-ဖြစ်ကုန်သည်ရှိသော်***၊ ) ***ဟဒယံ-ကို***၊ ***အနိဿာယေဝ-မမှီဘဲ
သာလျှင်***၊ ***ပဝတ္တန္တိ-ဖြစ်ကုန်၏***၊ ***ဣတိ-ဤကား ဝတ္ထု အပြားအားဖြင့်
စိတ်တို့ကို ပေါင်းယူခြင်းတည်း။***
သင်္ဂဟ
၁၀။ ***ကာမေ-ကာမ ၁၁ ဘုံ၌***၊ ***ဆဝတ္ထု-ခြောက်ပါး
သော ဝတ္ထုရုပ်ကို***၊ ***နိဿိတာ- မှီကုန်သော***၊ ***သတ္တ-
ခုနစ်ပါးသော ဓာတ်တို့ကို***၊ ( ***မတံ – သိအပ်ကုန်၏***၊ ) ***ရူပေ-
အသညသတ်ကြဉ်သော ရူပ ၁၅ ဘုံ၌***၊ ***တိဝတ္ထု-သုံးပါးသော
ဝတ္ထုရုပ်ကို***၊ ***နိဿိတံ-မှီကုန်သော***၊ ***စတုဗ္ဘိဓာ – လေးပါး အပြား
ရှိသောဓာတ်တို့ကို***၊ (***မတံ-သိအပ်ကုန်၏***၊) ***အရူပေ–အရူပလေးဘုံ၌***၊
***ရူပကုသိုလ်မှ ကြွင်းသော လောကီကုသိုလ် ၁၂၊ ဒေါသမူဒွေးမှ ကြွင်း
သော အကုသိုလ် ၁၀၊ ပဉ္စဒွါရာဝဇ္ဇန်း – ဟသိတုပ္ပါဒ် – ရူပကြိယာ တို့မှ
ကြွင်းသော ကြိယာ ၁၃၊ သောတာပတ္တိမဂ်မှ ကြွင်းသော လောကုတ္တရာ ၇၊
ပေါင်း ၄၂ တည်း၊ ["ဒွေ စတ္တာလီသ"အရ ဖြစ်လတံ့။] ဤစိတ် ၄၂ ပါးသည်
ဘုံအားလုံး၌ ဖြစ်ထိုက်ရကား ကာမ ရူပဘုံ၌ ဖြစ်ခိုက် ဟဒယဝတ္ထုကို မှီ၍
ဖြစ်၏၊ အရူပဘုံ၌ ဖြစ်ခိုက် မမှီဘဲဖြစ်သည်။***
၉။ ***အာရုပ္ပ၊ ပေ၊ အနိဿာယေဝ*** - ***အရူပဝိပါက် လေးပါးကား
ပဋိသန္ဓေ ဘဝင်စုတိကိစ္စတပ်လျက် ရုပ်မရှိရာ အရူပဘုံ၌သာဖြစ်သောကြောင့်
ဟဒယဝတ္ထုကို အမြဲမမှီဘဲ ဖြစ်သည်။***
***အနိဿိတာ - မမှီသော***၊ ***ဧကော - တစ်ခုသော***၊ ***ဓာတု – မနော
ဝိညာဏဓာတ်ကို***၊ ***မတံ − သိအပ်၏။***
***တေစတ္တာလီသ-၄၃ ပါးသော***၊(***စိတ္တာနိ-စိတ်တို့သည်***၊)***နိဿာယ-မှီကုန်၍သာလျှင်***၊ ***ဇာယရေ-ဖြစ်ကုန်၏***၊ ***ဒွေစတ္တာလီသ-
၄၂ ပါးသော***၊ ***စိတ္တာနိ-စိတ်တို့သည်၊)နိဿာယစ-ပဉ္စဝေါကာရ
ဘုံ၌ ဖြစ်ခိုက် မှီကုန်၍၎င်း***၊ ***အနိဿာယ-***[***စတုဝေါကာရဘုံ၌
ဖြစ်ခိုက်***] ***မမှီကုန်ဘဲ၎င်း***၊ ***ဇာယရေ-ဖြစ်ကုန်၏***၊ ***ပါကောရုပ္ပာ-***
***အရူပဝိပါက် ၄ ခုတို့သည်***၊ ***အနိဿိတာ – မမှီကုန်ဘဲသာ***၊
***ဇာယရေ-ဖြစ်ကုန်၏။***
သင်္ဂဟ ဂါထာ။ ။***ကာမ ၁၁ ဘုံ-ရူပ ၁၅ ဘုံမ္မိကား ဝီထိမုတ်ပိုင်း၌
ထင်ရှားလတ္တံ့။***
***ဆဝတ္ထုနိဿိတာ ကာမေ သတ္တ ——— ကာမဘုံ၌ စက္ခုဝိညာဏဓာတ်
စသော ဓာတ် ၇ ပါးသည် ဝတ္ထုရုပ် ၆ ပါးကို ထိုက်သလိုမှီ၍ ဖြစ်သည်။***
***ရူပေ စတုဗ္ဘိဓာ တိဝတ္ထု — အသညသတ်ဘုံကို စိတ် မရှိသောကြောင့်
ကြဉ်၍ ကျန် ရူပဘုံများ၌ (စက္ခုဝိညာဏ-သောတဝိညာဏ-မနောဓာတ်-
မနောဝိညာဏဓာတ်-ဤဓာတ် ၄ ပါးသည် စက္ခု-သောတ-ဟဒယဝတ္ထု
သုံးပါးကို မှီသည်)။***
***အရူပေ ဓာတွေကာ နိဿိတာ အရူပဘုံ၌ဖြစ်သော မနောဝိညာဏ
ဓာတ် ၁ ပါးကား မှီဘို့ရာရုပ်မရှိသောကြောင့် ဝတ္ထုရုပ်ကို မမှီနိုင်။)***
***တေစတ္တာလီသ-ဒွေစတ္တာလီသ တို့၏ သရုပ်ကို ပါဠိ အကျယ် ကြည့်၍
ကောက်လေ၊ တေစတ္တာလီသကား ပဉ္စဝေါကာရဘုံ၌သာ ဖြစ်သောကြောင့်
ဝတ္ထုရုပ် တစ်ပါးပါးကို အမြဲမှီသည်၊ စတ္တာလီသကား ပဉ္စဝေါကာရဘုံ၌***
## Trang 94
အဘိဓမ္မတ္ထသင်္ဂဟေ-၌၊ ပကိဏ္ဏကသင်္ဂဟဝိဘာဂေါနာမ-
ပကိဏ္ဏကသင်္ဂဟဝိဘာဂမည်သော၊ တတိယော-သုံးပိုင်းတို့၏
ပြည့်ကြောင်းဖြစ်သော၊ ပရိစ္ဆေဒေါ−သည်၊ ဣတိ-ပြီးပြီ။
ဖြစ်ခိုက်မှီ၍၊ စတုဝေါကာရဘုံ၌ ဖြစ်ခိုက် မမှီဘဲဖြစ်သည်၊ အရူပဝိပါက်ကား
စတုဝေါကာရဘုံ၌သာ ဖြစ်သောကြောင့် အမြဲ မမှီ။
" *ဝေါကာရော လာမကေခန္ဓေ* " အဘိဓာန်အရ ဝေါကာရသဒ္ဒါသည်
"ခန္ဓာ"ဟူသော အနက်ကို ဟော၏၊ ပဉ္စ+ဝေါကာရ=ခန္ဓာငါးပါးရှိသော
ကာမရူပဘုံ၊ စတု+ဝေါကာရ=ခန္ဓာလေးပါးရှိသော အရူပဘုံ။  [အသည
သတ်ဘုံသည် ရူပက္ခန္ဓာ ၁ ပါးသာရှိ၍ ဧကဝေါကာရ မည်၏။]
စေတသိက်ကို ရေတွက်ပြခြင်း။ ။စက္ခုဝတ္ထုကိုမှီသော စေတသိက်
ကား စက္ခုဝိညာဏ်နှင့်ယှဉ်သော သဗ္ဗစိတ္တသာဓာရဏ ၇ တည်း၊ သောတ
ဃာန ဇိဝှါ ကာယ ဝတ္ထုတို့ကို မှီသော စေတသိက်များလည်း ၎င်းနည်းပင်
တည်း၊ ဟဒယဝတ္ထုကိုကား စေတသိက် ၅၂ ပါးလုံးက မှီသည်။
လေ့ကျင့်ခဏ်း မေးခွန်းများ
က။ အဘယ်စကားကို *ဝတ္ထုသင်္ဂဟ* ဟု ခေါ်သနည်း။
ခ ။ "ရူပလောကေ ဃာနာဒိတ္တယံ နတ္ထိ"အရ ရူပဗြဟ္မာများ၌ နှာခေါင်း လျှာ
ကိုယ်ခန္ဓာ မရှိ ဟု မှတ်ရမည်လော၊ အဘယ်တရား မရှိသနည်း။
ဂ ။ အရူပဘုံ၌ ရုပ် နာမ် နှစ်ပါးတွင် အဘယ်တရားသာရှိသနည်း။
ဃ။ စက္ခုဝိညာဏ်ဒွေးသည် အဘယ်ဝတ္ထုကို မှီသနည်း။
င ။ သောတဝိညာဏ် ဃာန ဇိဝှါ ကာယဝိညာဏ်ဒွေးတို့သည် အဘယ်
ဝတ္ထုကို အသီးအသီး မှီကြသနည်း။
စ ။ သင်္ဂဟ ၂ ဂါထာကို အနက်ပေးပါ။
ဆ။ အဘယ်စိတ်များကို "ပဉ္စဝိညာဏဓာတ်" ဟု ခေါ်သနည်း။
ဇ ။ အဘယ်စိတ်များကို "မနောဓာတ်"ဟု ခေါ်သနည်း။
ဈ ။ အဘယ်စိတ်များကို "မနောဝိညာဏဓာတ်"ဟု ခေါ်သနည်း။
ည။ ကာမဘုံ၌ မည်သည့်ဓာတ်နှင့် မည်သည့်ဝတ္ထုများ ရနိုင်သနည်း။
ဋ ။ ရူပဘုံ၌ မည်သည့်ဓာတ်နှင့် မည်သည့်ဝတ္ထုများ ရနိုင်သနည်း။
ဌ ။ အရူပဘုံ၌ မည်သည့်ဓာတ်နှင့် မည်သည့်ဝတ္ထုများ ရနိုင်သနည်း။
ဍ ။ အဘယ်ဘုံများကို "ပဉ္စဝေါကာရဘုံ"ဟု ခေါ်သနည်း။
ဎ ။ အဘယ်ဘုံများကို "စတုဝေါကာရဘုံ"ဟု ခေါ်သနည်း။
ဏ။ တေစတ္တာလီသ အရကို သင်္ဂြိုဟ်အကျယ် ပါဠိထောက်၍ ကောက်ပြပါ။
တံ ။ ၎င်း ၄၃ ပါးသည် အဘယ့်ကြောင့် ဝတ္ထုရုပ် တစ်ပါးပါးကို မှီ၍သာ
ဖြစ်ရသနည်း။
ထံ။ ဒွေစတ္တာလီသ အရကို သင်္ဂြိုဟ်ထောက်၍ ကောက်ပြပါ။
ဒ ။ ၎င်း ၄၂ ပါးသည် အဘယ့်ကြောင့် ရံခါမှီ၍၊ ရံခါမမှီဘဲ ဖြစ်သနည်း။
ဓ ။ အရူပဝိပါက် ၄ သည် အဘယ့်ကြောင့် မမှီမူ၍သာ ဖြစ်သနည်း။
ပကိဏ်းပိုင်း နိဿယနှင့်
အဓိပ္ပါယ် ပြီးပြီ။
## Trang 95
ဝီထိပိုင်းနိဿယ
အနုသန္ဓေနှင့် ဣစ္စေဝံ-ဤ ဆိုအပ်ပြီးသောနည်းဖြင့်၊ စိတ္တုပ္ပါ
ဒါနံ-စိတ် စေတသိက်တို့၏၊ ဥတ္တရံ – ကောင်း
မြတ်သော၊ သင်္ဂဟံ-ပကိဏ္ဏက သင်္ဂဟကို၊ ကတွာ - ပြုစီရင်
ပြီး၍၊ ဘူမိပုဂ္ဂလဘေဒေန− ဘူမိဘေဒ၊ ပုဂ္ဂလဘေဒနှင့်တကွ၊
ပုဗ္ဗာပရနိယာမိတံ-ရှေ့စိတ် နောက်စိတ်တို့ကို ပိုင်းခြား မှတ်သား
အပ်ရာ ဖြစ်သော၊ ပဋိသန္ဓိပဝတ္တိယံ - ပဋိသန္ဓေအခါ၊ ပဝတ္တိ
ဝီထိပိုင်း အဓိပ္ပါယ်
"ဝီထိ" သဒ္ဒါသည် "အစဉ်အတန်း" အနက်ကို ဟော၏၊ ထို့ကြောင့်
ပဉ္စဒွါရာဝဇ္ဇန်း စက္ခုဝိညာဏ် သမ္ပဋိစ္ဆိုန်း စသည်ဖြင့် စိတ်တို့၏ ဖြစ်စဉ်ကို
ပြသော အပိုင်းအခဏ်းကို "ဝီထိပိုင်း"ဟု ခေါ်သည်။
စိတ္တုပ္ပါဒါန၊ ပေ၊ ယထာသမ္ဘဝတော-ဤဂါထာတို့ကား အနုသန္ဓေ
နှင့် ပဋိညာဉ်ကိုပြသော ဂါထာတို့တည်း၊ " ဤ ဆိုခဲ့ပြီးသောနည်းဖြင့် စိတ်
စေတသိက်တို့၏ ကောင်းမြတ်သော ပကိဏ္ဏကသင်္ဂဟကို ပြုစီရင်ပြီး၍ ယခု
အခါ ဘူမိဘေဒ ပုဂ္ဂလဘေဒနှင့် တကွ ပဝတ္တိ မည်သော သင်္ဂဟကို အကျဉ်း
အားဖြင့် မိန့်ဆိုပေအံ့" ဟူလို။
ဥတ္တရံ-ကား ပါဠိအဆင်သင့်အောင် ပကိဏ်းပိုင်းကို ချီးမြှောက်သော
စကားဖြစ်သည်၊ အခြားသင်္ဂဟများထက် ကောင်းမြတ်သည်ဟု မမှတ်ရ။
ဘူမိပုဂ္ဂလဘေဒေန— ဤစကားကား ဝီထိပိုင်း၏ အဆုံးနား၌ ပြထား
သော ပုဂ္ဂလဘေဒနှင့် ဘူမိဝိဘာဂကို ရည်ရွယ်သော စကားတည်း၊ [ ဝီထိ
မုတ်ပိုင်းက ဘုံပုဂ္ဂိုလ်ကိုပြသော အခဏ်းများနှင့်လည်း သက်ဆိုင်၏။ ] "ထို
ပုဂ္ဂလဘေဒ ဘူမိဝိဘာဂနှင့်တကွ ပဝတ္တိသင်္ဂဟကို ပြမည်" ဟူလို။
အခါ၌၊ (စိတ္တုပ္ပါဒါနံ-စိတ်စေတသိက်တို့၏၊) ပဝတ္တိသင်္ဂဟံနာမ-
ဖြစ်ပုံကိုပြ၊ ပဝတ္တိမည်သောသင်္ဂဟကို၊ ယထာသမ္ဘဝတော-
ဖြစ်သင့်သည်အားလျော်စွာ၊ သမာသေန – အကျဉ်းချုပ် အား
ဖြင့်၊ ပဝက္ခာမိ-မိန့်ဆိုပေအံ့။
ကထံ-အဘယ်သို့ မိန့်ဆိုသနည်း။
ပုဗ္ဗာပရနိယာမိတံ- [ပုဗ္ဗ=ရှေ့စိတ်+အပရ=နောက်စိတ်+-နိယာမိ
တ=ပိုင်းခြားမှတ်သားရာ။ ] " ပဉ္စဒွါရာဝဇ္ဇန်းပြီးလျှင် စက္ခုဝိညာဏ် ဖြစ်၏
ထို့နောက် သမ္ပဋိစ္ဆိုန်းဖြစ်၏၊ ဤသို့ စသည်ဖြင့် ရှေ့စိတ် နောက်စိတ် တို့၏
ဖြစ်ပုံကို ပိုင်းခြားသတ်မှတ်၍ ပြအပ်ရာ သင်္ဂဟ " ဟူလို။
ပဝတ္တိသင်္ဂဟံနာမ ဖြစ်ခြင်း (ဖြစ်ပုံဖြစ်ဟန်)ကို "ပဝတ္တိ"ဟု ခေါ်၏။
ထို့ကြောင့် စိတ် စေတသိက်တို့၏ (ပဓာနအားဖြင့်-စိတ်၏)ဖြစ်ပုံဖြစ်ဟန်ကို
ပြသော သင်္ဂဟကို "ပဝတ္တိသင်္ဂဟ"ခေါ်သည် ဟု မှတ်။
ထိုစိတ်၏ဖြစ်ပုံသည်လည်းပဋိသန္ဓေအခါဖြစ်ပုံ၊ ပဝတ္တိအခါဖြစ်ပုံဟု ၂ မျိုး
ရှိ၏၊ ထိုတွင် ပဝတ္တိအခါ၌ ဖြစ်ပုံမှာ ပဉ္စဒွါရာဝဇ္ဇန်း စက္ခုဝိညာဏ်စသည်ဖြင့်
တစ်မျိုးပြီး တစ်မျိုး စီကာစဉ်ကာ ဖြစ်သောကြောင့်၎င်း၊ စက္ခုဒွါရ စသော
၆ ဒွါရ၌ ထိုက်သည့်အားလျော်စွာ ဖြစ်သောကြောင့်၎င်း "ဝီထိ" ဟု ခေါ်၏၊
ထို ဝီထိကိုပြသောသင်္ဂဟကို "ဝီထိသင်္ဂဟ"ဟု ခေါ်သည်။ ပဋိသန္ဓေ ဘဝင်
စုတိတို့၏ ဖြစ်ပုံကား စိတ်တစ်မျိုးထည်း ဖြစ်သောကြောင့်၎င်း၊ ထိုထိုဒွါရ၌
မဖြစ်သောကြောင့်၎င်း၊ ဝီထိမုတ္တ (ဝီထိမှ အလွတ်) ဟု ခေါ်၏။ ထိုဝီထိမုတ်
စိတ်များကိုပြသော သင်္ဂဟကို "ဝီထိမုတ္တသင်္ဂဟ"ဟု ခေါ်လတံ့။
[အဘိဓမ္မာနည်းအရပဋိသန္ဓေတည်စခဏကို ပဋိသန္ဓေအခါဟု ခေါ်၍
ပဋိသန္ဓေ တည်ပြီးနောက် အမိဝမ်းမှာ အောင်းနေဆဲပင် ဖြစ်သော်လည်း
ပဝတ္တိအခါဟု ခေါ်သည်။]
## Trang 96
ဝီထိ ခဏ်းဝယ် ဆ-၆ ပါးကုန်သော၊ ဝတ္ထုနိ-ဝတ္ထုတို့၎င်း၊
သိ ဘွယ်များ
ဆ-၆ ပါးကုန်သော၊ ဒွါရာနိ-ဒွါရတို့၎င်း၊ ဆ-
၆ ပါးကုန်သော၊ အာရမဏာနိ - အာရုံတို့၎င်း၊ ဆ - ၆ ပါး
ကုန်သော၊ ဝိညာဏာနိ-ဝိညာဉ်တို့၎င်း၊ ဆ-၆ ပါးကုန်သော၊
ဝီထိယော-ဝီထိတို့၎င်း၊ ဆဓာ-ခြောက်ပါးပြားသော၊ ဝိသယ
ပ္ပဝတ္တိ-ဝိသယပ္ပဝတ္တိ၎င်း၊ ဣတိ-ဤသို့၊ ဝီထိသင်္ဂဟေ-ဝီထိ
သင်္ဂဟ၌၊ ဆ-၆ ပါးကုန်သော၊ ဆက္ကာနိ - ဆက္ကတို့ကို၊ ဝေဒိ
တဗ္ဗာနိ-သိအပ်ကုန်၏။
ဝီထိခဏ်းဝယ် သိဘွယ်များ
ဆဝတ္ထုနိ ၊ ပေ ၊ ဆက္ကာနိ ဝေဒိတဗ္ဗာနိ-ဤဝါကျဖြင့် ဝီထိခဏ်း၌
အရေးတကြီးသိထိုက်သော တရားတို့ကို အကျဉ်းချုပ်၊ မာတိကာ ခေါင်းစဉ်
ထုတ်ပြခဲ့သည်၊ ချဲ့ဦးအံ့-နောက်၌ ဝီထိချသည့်အခါ "ဤစိတ်သည် မည်သည့်
ဝတ္ထုရုပ်ကိုမှီ၏" ဟု ဆဝတ္ထုနိအရ ဝတ္ထုကို၎င်း - "မည်သည့်ဒွါရ၌ ဖြစ်၏"
ဟု ဆဒ္ဒါရာနိ အရ ဒွါရကို၎င်း - "မည်သည့် အာရုံကို အာရုံပြုသည်" ဟု
ဆ အာရမဏာနိ အရ အာရုံကို၎င်း - "ဤ ဝိညာဏ်ကား မည်သည့် ဝီထိ၌
မှတ်သားကြောင်း ဝိညာဏ်" ဟု ဆ ဝိညာဏာနိ အရ ဝိညာဏ်ကို၎င်း
"ဤ ဝီထိကား မည်သည့်ဝီထိ"ဟု ဆ ဝီထိယောအရ ဝီထိကို၎င်း "ဤအာရုံ
ကား မည်သို့ မည်ပုံ ထင်လာသောအာရုံ" ဟု ဆဓာ ဝိသယပ္ပဝတ္တိ အရ
ဝိသယပဝတ္တိကို၎င်း၊ အချက်ကျအောင် သိမှသာ ဝီထိနှင့်စပ်သမျှကို အကုန်
နားလည်သည်ဟု ဆိုထိုက်သည်၊ ထို့ကြောင့် "ဤဆက္က ၆ ပါးကို ဝီထိခဏ်း၌
သိထိုက်သော အနက်အဓိပ္ပါယ်များဖြစ်၍ သိအောင်ပြုရမည်" ဟူလို။
၁။ ပန-ဆက်ဦးအံ့၊ ဝီထိမုတ္တာနံ - ဝီထိမုတ်
မှာထားချက် စိတ်တို့၏၊ ကမ္မ ကမ္မနိမိတ္တ ဂတိနိမိတ္တ ဝသေန-
ကံ ကမ္မနိမိတ် ဂတိနိမိတ်တို့၏အပြားအားဖြင့်၊ ဝိသယပ္ပဝတ္တိ-
အာရုံတို့၏ ဖြစ်ခြင်းသည်၊ တိပိဓာ - သုံးပါး အပြားရှိသည်၊
ဟောတိ-၏။
၂။ တတ္ထ - ထိုဆက္က ၆-ပါးတို့တွင်၊ ဝတ္ထုဒွါရာ
ရမဏာနိ-ဝတ္ထုဆက္က ဒွါရဆက္က အာရမဏဆက္က တို့သည်၊
ပုဗ္ဗေ - ရှေ့ ပကိဏ္ဏက သင်္ဂဟ၌၊ ဝုတ္တနယာနေဝ - ဆိုအပ်ပြီး
သော နည်းရှိကုန်သည်သာတည်း။
မှာထားချက်
၁။ ဝီထိမုတ္တာနံ၊ပေ၊ဝိသယ ပ္ပဝတ္တိ-ဤစကားကား - "ဆဓာဝိသယ
ပ္ပဝတ္တိ" ဟူသော စကား၌ နေရာတိုင်းမှာ ဝိသယပဝတ္တိ ၆ မျိုး ရှိသည် ဟု
ထင်မှားမည်စိုး၍ မှတ်ချက်ကိုပြသော အမှာစကားတည်း၊ "ဆဓာဝိသယ
ပ္ပဝတ္တိဖြင့် ဝိသယပဝတ္တိ ၆ မျိုး ရှိ၏" ဟု ဆိုခဲ့သော်လည်း ဝီထိစိတ်တို့၏
ဝိသယပဝတ္တိသာ ၆ မျိုးရှိသည်၊ ဝီထိမုတ်ခေါ်သော ပဋိသန္ဓေ ဘဝင် စုတိ
စိတ်တို့၏ ဝိသယပ္ပဝတ္တိကား ကံ ကမ္မနိမိတ် ဂတိနိမိတ် အားဖြင့် ၃ မျိုးသာ
ရှိသည်- ဟူလို။ [ဤ ဝိသယပဝတ္တိ ၃ မျိုးကား ဝီထိပိုင်းမှာ မလို၊ ဝီထိမုတ်
ပိုင်းကျမှ အသုံးပြုရလတ္တံ့။]
၂။ တတ္ထဝတ္ထု၊ ပေ ၊ ဝုတ္တနယာနေဝ - ဤ စကားဖြင့် ဝတ္ထုဆက္က
ဒွါရဆက္က အာရမဏ ဆက္က ဤ ၃ ဆက္ကကို ပကိဏ္ဏက သင်္ဂဟ၌ ဝတ္ထုသင်္ဂဟ
ဒွါရသင်္ဂဟ အာရမဏသင်္ဂဟ ဟု ပြခဲ့ပြီးဖြစ်၍ ထိုနည်းအတိုင်းသိလေတော့
ဟု မှာထားပြန်သည်။
## Trang 97
စက္ခုဝိညာဏံ - စက္ခုဝိညာဉ်၎င်း၊ သောတဝိညာဏံ - သောတဝိညာဉ်၎င်း၊ ဃာနဝိညာဏံ- ဃာနဝိညာဉ်၎င်း၊ ဇိဝှါ
ဝိညာဏံ-ဇိဝှါဝိညာဉ်၎င်း၊ ကာယဝိညာဏံ-ကာယဝိညာဉ်၎င်း၊ မနောဝိညာဏံစ-မနော
ဝိညာဉ်၎င်း၊ ဣတိ-ဤသို့၊ ဆ-ကုန်သော၊ ဝိညာဏာနိ-ဝိညာဉ်တို့ကို၊
ဝေဒိတဗ္ဗာနိ-သိအပ်ကုန်၏။
မေး။
ဤ ၃ ဆက္ကကို ပကိဏ္ဏကပိုင်း၌ ပြခဲ့ပြီး ဖြစ်လျက် အဘယ့်ကြောင့်
ထပ်၍ ဆိုပြန်သနည်း၊ "ပုနရုတ္တိဒေါသ မရောက်ပါလော" ဟူလို။
[ပုန=တဖန်+ဥတ္တိ=ဆိုခြင်းကြောင့်+ဒေါသ=အပြစ်။]
ဖြေ။ ဝီထိခဏ်း၌ အရေးတကြီး နားလည်ထိုက်သော ဆက္က ၃ မျိုးကို
အပြည့်အစုံ တပေါင်းတည်း ထုတ်ပြလိုသောကြောင့် ဤ ဆက္က
၃ ပါးကို ထပ်၍ ဆိုပြန်သည်၊ ဤ ၃ ဆက္ကကို ထပ်၍ ဆိုလိုက်သည့်
အတွက် စာနေစာသား များစွာ မကျယ်ပေ၊ ဤ ၃ ဆက္က၏ ဝီထိ
ခဏ်းမှာ လွန်စွာ အရေးကြီးသည်ဟူသော အဓိပ္ပါယ်ကား များစွာ
တာသွားလေသည်၊ ထို့ကြောင့် ဤ ၃ ဆက္ကကို ထပ်မံ၍ ဆိုမှု
အတွက် ကျမ်းဆရာ၌ အပြစ် မရှုထိုက်။
[ဆောင်] ဝီထိခဏ်းဝယ်၊ နားလည်ဘွယ်ကို၊ သွယ်သွယ်ပေါင်းစု၊ ပြလို
မှုကြောင့်၊ သုံးခု ဆက္က၊ ထပ်၍ပြ၊ ဆရာ့ ပြစ်မထိုက်။
ဝိညာဏ ဆက္က
စက္ခုဝိညာဏံ၊ပေ၊ဆဝိညာဏာနိ-ဤ စကားကား ဆဝိညာဏာနိ
အရ အကျယ်ပြသော စကားတည်း၊ စက္ခုဝိညာဏ် စသော ၆ ပါးကား
အဟိတ်စိတ်လာ ဒွေးပဉ္စဝိညာဏ် ပင်တည်း၊ ထို ဒွေးပဉ္စဝိညာဏ်မှ တပါး
သော စိတ်အားလုံးကို မနောဝိညာဏ် ဟု ခေါ်သည်။
ဝီထိဆက္က
ပန-အတ္ထိ တပါးကား၊ စက္ခု ဒွါရဝီထိ-စက္ခုဒွါရ
ဝီထိ၎င်း၊ သောတဒွါရ ဝီထိ-၎င်း၊ ဃာနဒွါရ ဝီထိ-
၎င်း၊ ဇိဝှါဒွါရဝီထိ-၎င်း၊ ကာယဒွါရ ဝီထိ-၎င်း၊ မနောဒွါရဝီထိ
စ-၎င်း၊ ဣတိ-ဤသို့၊ ဒွါရဝသေနဝါ-ဒွါရနှင့် စပ်သဖြင့်၎င်း၊
[ဝသသဒ္ဒါ အာယတ္တ (စပ်ခြင်း) အနက်ဟော ကြံ၊] စက္ခု
ဝိညာဏဝီထိ - ၎င်း၊ သောတဝိညာဏဝီထိ - ၎င်း၊ ဃာန
ဝိညာဏဝီထိ-၎င်း၊ ဇိဝှါဝိညာဏဝီထိ-၎င်း၊ ကာယဝိညာဏ
ဝီထိ-၎င်း၊ မနောဝိညာဏဝီထိစ-၎င်း၊ ဣတိ-ဤသို့၊ ဝိညာဏ
ဝသေနဝါ-ဝိညာဉ်နှင့် စပ်သဖြင့်၎င်း၊ (ယောဇေတဗ္ဗာ-၌စပ်၊)
ဒွါရပ္ပဝတ္တာ-ဒွါရ၌ဖြစ်ကုန်သော၊ စိတ္တပ္ပဝတ္တိယော-စိတ်တို့၏
ဖြစ်ခြင်း ဟူကုန်သော၊ ဆ-ကုန်သော၊ ဝီထိယော - ဝီထိတို့ကို၊
ယောဇေတဗ္ဗာ-ယှဉ်စေအပ်ကုန်၏။
ပဉ္စဒွါရေ-ပဉ္စဒွါရ၌၊ အတိမဟန္တံ - အတိ
မဟန္တာရုံ၎င်း၊ ဝါ - ထင်ပြီးသည်မှ စ၍ ဝိသယပ္ပဝတ္တိဆက္က
ရေတွက် အလွန် များသော စိတ္တက္ခဏရှိသော အာရုံ၎င်း၊
ဝီထိဆက္က။ ။"ဆဝီထိယော ပန ၊ ပေ ၊ ယောဇေတဗ္ဗာ" ကား ဆ
ဝီထိယော အရ အကျယ်ပြသော စကားတည်း၊ စက္ခုဒွါရဝီထိ စသည်ဖြင့်
ဒွါရနှင့် စပ်၍၎င်း၊ သို့မဟုတ် စက္ခုဝိညာဏဝီထိ စသည်ဖြင့် ဝိညာဉ်နှင့်
စပ်၍၎င်း၊ ဝီထိ ၆ မျိုး၏ နာမည်ကို မှတ်သားခဲ့ပါ။
ဒွါရပ္ပဝတ္တာစိတ္တပ္ပဝတ္တိယော - ဤ စကားကား "ဝီထိ-ဟူသည် ထိုထို
ဒွါရ၌ ပဉ္စဒွါရာဝဇ္ဇန်း စက္ခုဝိညာဏ်စသော အစဉ်အားဖြင့် စိတ်တို့၏ ဖြစ်ခြင်း
ပင်တည်း" ဟု ဝီထိ-အရ သရုပ်ကိုပြသော စကားတည်း။
## Trang 98
မဟန္တံ - မဟန္တာရုံ၎င်း၊ ဝါ-ထင်ပြီးသည်မှ စ၍ရေထွက်
များသော စိတ္တက္ခဏရှိသော အာရုံ၎င်း၊ ပရိတ္တံ-ပရိတ္တာရုံ၎င်း၊
ဝါ-ထင်ပြီးသည်မှ စ၍ရေတွက် နည်းသောစိတ္တက္ခဏရှိသော
အာရုံ၎င်း၊ အတိပရိတ္တဉ္စ-အတိပရိတ္တာရုံ၎င်း၊ ဝါ-ထင်ပြီးသည်မှ
စ၍ရေတွက် အလွန်နည်းသော စိတ္တက္ခဏရှိသော အာရုံ၎င်း၊
ဣတိ-ဤသို့၎င်း၊ မနောဒွါရေပန - မနောဒွါရ၌ကား၊ ဝိဘူတံ-
ဝိဘူတာရုံ၎င်း၊ ဝါ-ထင်ရှားသော အာရုံ၎င်း၊ အဝိဘူတဉ္စ-အဝိ
ဘူတာရုံ၎င်း၊ ဝါ-မထင်ရှားသော အာရုံ၎င်း၊ ဣတိ-ဤသို့၎င်း၊
[ဣတိ-နှစ်ချက်ကို ဆဓာ မှစပ်၊] ဆဓာ-၆ ပါး ပြားသော၊
ဝိသယပ္ပဝတ္တိ-အာရုံတို့၏ဖြစ်ခြင်းကို၊ ဝေဒိတဗ္ဗာ-သိအပ်၏။
ဝိသယပဝတ္တိဆက္က။ ။"အတိမဟန္တံ၊ ပေ၊ ဝိသယပ္ပဝတ္တိ ဝေဒိတဗ္ဗာ"
ကား - "ဆဓာ ဝိသယပ္ပဝတ္တိ" ဟူသော ခေါင်းစဉ် မာတိကာ အရ အကျယ်
ပြသော စကားတည်း။
အတိမဟန္တ - ထင်လာသည့် ခဏမှစ၍ ချုပ်သည့် ခဏတိုင်အောင်
ရေတွက်လျှင် အလွန်များသော စိတ္တက္ခဏ အသက်ရှိသော အာရုံကို "အတိ
မဟန္တအာရုံ၊ ဝါ-အတိမဟန္တာရုံ" ဟု ခေါ်ရသည်၊ ဤသို့စသည့်ဖြင့် အနက်
အတိုင်း မှတ်သား၍ ဝိသယပဝတ္တိ ၆ ပါးကိုလည်း ရေတွက်လေ။
ဝိ သ ယ ပ ဝ တ္တိ [ဝိသယ=အာရုံ+ပဝတ္တိ=ဖြစ်ခြင်း၊ ထင်လာခြင်း။]
အာရုံတို့၏ ဖြစ်ခြင်း (ထင်ခြင်း) ဟူရာ၌ သရုပ် သခင်္ကာကို လက်ဆုပ်
လက်ကိုင် ရှာလျှင် ဖြစ်ပေါ်လာသော (ထင်လာသော) အာရုံမှ တပါး
"ဖြစ်ခြင်း"ဟူ၍ မရှိပြီ၊ ထို့ကြောင့် ဝိသယပဝတ္တိ - အရ အတိမဟန္တစသော
အာရုံများကိုပင် ထုတ်ပြရလေသည်။
လေ့ကျင့်ခဏ်း မေးခွန်းများ
က ။ အဘယ်သို့သော အပိုင်းအခဏ်းကို "ဝီထိပိုင်း"ဟု ခေါ်သနည်း။
ခ ။ စိတ္တုပ္ပါဒါန မိစွေဝံ - စသောဂါထာတို့ကား ဘာကိုပြသော ဂါထာ
တိုနည်း၊ ထိုဂါထာတို့ကို အနက်ပေး၍ မြန်မာစကားပြင်ကို ပြပါ။
ဂ ။ အဘယ်သင်္ဂဟများကို "ပဝတ္တိသင်္ဂဟ" ဟု ခေါ်သနည်း။
ဃ။ ဤ ဝီထိပိုင်းသည် ပဋိသန္ဓေအခါ၌ စိတ်တို့၏ဖြစ်ပုံကို ပြမည်လော၊
သို့မဟုတ် ပဝတ္တိအခါ၌ စိတ်တို့၏ဖြစ်ပုံကို ပြမည်လော။
င။ ဤ ဝီထိခဏ်း၌ အရေးတကြီးသိထိုက်သော ဆက္က ၆ ပါးကို နာမည်
လောက်မျှ ပြပါ။
စ ။ ဝီထိစိတ်တို့၏ "ဝိသယပ္ပဝတ္တိ"မည်မျှရှိသနည်း၊ သင်္ဂြိုဟ်ထောက်ပါ။
ဆ။ ဝတ္ထု ဒွါရ အာရမဏ ဆက္ကတို့ကို ပကိဏ္ဏကပိုင်း၌ ဆိုပြီး ဖြစ်ပါလျက်
အဘယ့်ကြောင့် ထပ်၍ ဆိုပြန်သနည်း၊ ပုနရုတ္တိဒေါသ မရောက်လော။
ဇ ။ ဝိညာဏဆက္ကအရ သင်္ဂြိုဟ်ထောက်၍ သရုပ်ကောက်ပါ။
ဈ။ ဝီထိဆက္ကအရ သင်္ဂြိုဟ်ထောက်၍ ဒွါရနှင့်စပ်သောနာမည်၊ ဝိညာဏ်နှင့်
စပ်သော နာမည်များကို ကောက်ပြပါ။
ည။ ဝိသယပဝတ္တိ ၆ ပါး သရုပ်ကိုရေတွက်၍ ပဉ္စဒွါရ၌ ဝိသယပဝတ္တိမည်မျှ၊
မနောဒွါရ၌ မည်မျှရှိသည်ဟု ခွဲခြားပြပါ။
ဋ ။ အဘယ်အာရုံမျိုးကို အတိမဟန္တ-ပရိတ္တ-ဝိဘူတ-ဟု ခေါ်သနည်း။
## Trang 99
ကထံ-ဝိသယပ္ပဝတ္တိ ၆ ပါး အဘယ်သို့ ပြားသနည်း။
စိတ်သက် ၁။ ဥပ္ပါဒဋ္ဌိတိဘင်္ဂဝသေန- ဥပါဒ်ခဏ၊ ဋ္ဌီခဏ၊
ဘင်္ဂခဏတို့၏ အပြားအားဖြင့်၊ ခဏတ္တယံ - ခဏ
ငယ် သုံးခုတို့၏အပေါင်းသည်၊ ဧကစိတ္တက္ခဏံ နာမ-တခုသော
စိတ္တက္ခဏမည်၏။
ခဏငယ် ၃ ချက် စိတ်အသက်
၁။ ဥပ္ပါဒဋ္ဌိတိ ဘင်္ဂဝသေန - ဥပ္ပါဒ = ဥပါဒ် (ဖြစ်ပေါ်လာမှု၊)
ဌိတိ=ဋ္ဌီ (ဖြစ်ပြီးနောက်တည်နေမှု၊) ဘင်္ဂ=ဘင် (တည်ပြီးနောက် ပျက်စီး
ချုပ်ကွယ်မှု၊) ဤသို့ စိတ်တခုတခု၌ ဥပါဒ်-ဋ္ဌီ-ဘင် (ဖြစ်-တည်-ပျက်) ဟု
အခိုက်အတန့် ၃ မျိုးရှိ၏။
ခဏတ္တယံ ဧကစိတ္တက္ခဏံ နာမ- အတိုဆုံးသော အချိန်ကာလကလေး
ကို "ခဏ" ဟုခေါ်၏။ စိတ်၏ဥပါဒ်ရာ ကာလကလေးသည် ဘာလောက်မျှ
မကြာ၊ တစ်ခဏမျှ သာတည်း၊ တည်ရာကာလလည်း ခဏကလေးမျှသာ၊
ပျက်ရာကာလလည်း ခဏကလေးမျှသာတည်း၊ ဤခဏကလေးမျိုး ၃ ချိန်
အပေါင်းသည် စိတ္တက္ခဏ တခုမည်၏။ ယခင် အစိတ်အစိတ် ခဏကလေး
များကို ထောက်၍ ဤစိတ္တက္ခဏကို "ခဏကြီးတခု" ဟု ခေါ်စမှတ်ပြုကြ၏။
[စိတ္တ+ခဏ။ စိတ္တ= စိတ်၏+-ခဏ=ဖြစ်-တည်-ပျက်ရာ အချိန်အခါ။]
ဤစကားအရ "စိတ်တခုတခုသည် ခဏငယ် ၃ ချက်ခန့် အသက်ရှည်၏"
ဟု မှတ်သားပြီးလျှင်၊ ဥပါဒ် = စိတ်၏ဖြစ်မှု၊ ဥပါဒ်ခဏ = ဖြစ်ရာကာလ၊
စသည်ဖြင့် ဥပါဒ်နှင့် ဥပါဒ်ခဏ၊ ဋ္ဌီနှင့် ဋ္ဌီခဏ၊ ဘင်နှင့် ဘင်ခဏကို ခွဲခြား
နိုင်ပါစေ။ ["လက်ဖျောက်တချက်တီးရာကာလအတွင်း၌ ဤဥပါဒ် ဋ္ဌီ ဘင်နှင့်
ပြည့်စုံသောစိတ်ပေါင်းသည် ကုဋေတသိန်းမက ရှေ့နောက်ဆက်၍ ဖြစ်ပျက်
နိုင်၏"ဟု ဆို၏။]
ရုပ်သက် ၂။ ပန-အဘိတပါးကား၊ သတ္တရသ- တဆဲ့ခုနစ်
ချက်ကုန်သော၊ စိတ္တက္ခဏာနိ-ထိုစိတ္တက္ခဏ
တို့သည်၊ ရူပဓမ္မာနံ - [ပိညတ် ဒွေး၊ လက္ခဏရုပ် လေးခုမှ
တပါး] နှစ်ဆဲ့နှစ်ပါးသော ရုပ်တရားတို့၏၊ အာယု - အသက်
ရှည်ရာ ကာလတည်း။
ခဏကြီး ၁၇ ချက် ရုပ်အသက်
၂။ တာနိ၊ပေ၊ရူပဓမ္မာနမာယု-ရုပ်၏ အသက်ရှည်ရာကာလကား
စိတ္တက္ခဏ(စိတ်၏ဖြစ်ရာခဏကြီး)ဖြင့် ရေတွက်လျှင် ၁၇ ချက်ခန့် ကြာ၏၊
"ရုပ်၏အသက်သည် စိတ်၏အသက် ၁၇ သက်နှင့် ညီမျှသည်"ဟူလို၊ စိတ်၏
ဥပါဒ်ခဏ ဋ္ဌီခဏ ဘင်ခဏ ဟူသော ခဏငယ်ဖြင့် ရေတွက်လျှင်ကား ရုပ်
တသက်သည် ခဏငယ် ၅၁ ချက်ခန့် ကြာ၏၊ ထိုတွင် ရုပ်၏ ဥပါဒ်ခဏနှင့်
ဘင်ခဏသည် စိတ်၏ ဥပါဒ်ခဏ ဘင်ခဏနှင့် ကာလချင်း ညီမျှ၏၊ ဖြစ်ပြီး
နောက်၌ မချုပ်သေးဘဲ တည်နေရာ ဋ္ဌီခဏကသာ ကြာရှည်၏။ ထို့ကြောင့်
ရုပ်၏ ဋ္ဌီခဏသည် စိတ်၏ ခဏကြီးပေါင်း ၁၆ ချက်နှင့် ခဏငယ် တချက်ခန့်
ကြာ၏။ ခဏငယ်သက်သက်ဖြင့် ရေတွက်လျှင် ၄၉ ချက်ခန့် ကြာသည်ဟု မှတ်။
ဝိညတ်ဒွေး လက္ခဏရုပ်တို့ကား စိတ္တက္ခဏ ၁၇ ချက်ခန့် အသက်မရှည်ကြ၊
ထို့ကြောင့် ၎င်းတို့ကို ကြဉ်သည်၊ ၎င်းတို့၏ အသက်နှင့်တကွ ရုပ် ၂၈ ပါး
သရုပ်သည် ရုပ်ပိုင်း၌ ထင်ရှားလတ္တံ့။
ဤ ၁-၂ နံပါတ် စကား ၂ ရပ်ကား ဝီထိခဏ်း၌ အခြေခံ အုတ်မြစ်
သဘွယ် ဖြစ်သော စကားရပ်တို့တည်း၊ ဤမှ နောက်၌ အာရုံထင်လာပုံနှင့်
တကွ ဝီထိစဉ်ကို ပြတော့လတ္တံ့။
## Trang 100
ပဉ္စဒွါရဝီထိ  ဧကစိတ္တက္ခဏာတိတာနိ-တခုသော စိတ္တက္ခဏ
ကို လွန်ကုန်သည်၊ (ဟုတွာဝါ-ဖြစ်၍သော်၎င်း၊)
ဗဟုစိတ္တက္ခဏာတိတာနိ - များစွာသော စိတ္တက္ခဏကို လွန်
ကုန်သည်၊ (ဟုတွာဝါ-ဖြစ်၍သော်၎င်း၊) ဌိတိပ္ပတ္တာနေဝ - ဋ္ဌီခဏသို့
ပဉ္စဒွါရဝီထိ ခဏ်း။ ။စက္ခုစသော ၅ ဒွါရ၌ အာရုံထင်လာမှုကို အစွဲ
ပြု၍ ဖြစ်သောစိတ်ကို "ပဉ္စဒွါရဝီထိ"ဟု ခေါ်သည်၊ ဤသင်္ဂြိုဟ်ကျမ်း၌ ငါးဒွါရ
လုံးအတွက် အကျယ်မပြဘဲ စက္ခုဒွါရဝီထိ အတွက်သာ အကျယ်ပြလတ္တံ့။
သဗ္ဗာဋိသန္တာန်၌ ဝီထိစိတ် မဖြစ်သည့်အခါ ဘဝင်စိတ် အစဉ်သာလျှင်
အမြဲဖြစ်နေ၏၊ ဘဝင်စိတ်ဖြစ်နေသည့်အခါ ဘာကိုမျှ ထူးထူးထွေထွေမသိ၊
အခြားမဲ့ လွန်ခဲ့ပြီးစ ဘဝဟောင်း၌ စုတေခါနီးက မရဏာသန္နဇောသည်
ယူပေးအပ်သော ကံ ကမ္မနိမိတ် ဂတိနိမိတ် ၃ ပါးတွင် တပါးပါးကို အာရုံပြု
နေသည်၊ အိပ်ပျော်စဉ်အခါ၌ ဘဝင်ချည်းဖြစ်နေသည်၊ ထိုဘဝင်တို့၏အကြား
အကြား၌ ထင်လာသော အာရုံအသစ်ကိုစွဲ၍ ထိုက်သင့်သော စိတ်အစဉ်များ
တသုတ်တသုတ် ပေါ်လာလေသည်၊ ထိုကဲ့သို့ပေါ်လာမှုကို ဝီထိကျသည်ဟု
ခေါ်၏၊ ထိုဝီထိစိတ်အစဉ် ကုန်သည့်အခါ ဘဝင်ကျမြဲ ကျလေတော့၏။
ဧကစိတ္တက္ခဏာတီတာနိဝါ ဋ္ဌိတိပ္ပတ္တာနေဝ-ရူပါရုံ စသော အာရုံ
ငါးပါးသည် စက္ခုပသာဒစသော ၅ ဒွါရ၌ ထင်လာသည့်အခါ ဥပါဒ်လျှင်
ဥပါဒ်ခြင်း မထင်သေး၊ ရုပ်တို့မည်သည် ဋ္ဌီအခိုက်မှာ အားရှိ၏၊ ထို့ကြောင့်
အား အကောင်းဆုံး ရူပါရုံသည် အကြည်လင်ဆုံးသော စက္ခုပသာဒ၌ ထင်
လာရသော်လည်း အနည်းဆုံး စိတ္တက္ခဏ တချက်ခန့် လွန်ပြီးနောက် ဋ္ဌီသို့
ရောက်မှ ထင်လာနိုင်သည်။
ဗဟုစိတ္တက္ခဏာတိတာနိဝါ ဌိတိ ပ္ပတ္တာနေဝ - "စက္ခာလောက၊ ရူပ
ထင်ပြီ၊ မနသီ၊ လေးလီစက္ခုဘို့".... နှင့်အညီ၊ စက္ခုဝိညာဏ်၏ဖြစ်ကြောင်း
ရောက်ကုန်သည်ဖြစ်၍သာလျှင်၊ ပဉ္စာရမ္မဏာနိ-ငါးပါးသော
အာရုံတို့သည်၊ ပဉ္စဒွါရေ-ငါးဒွါရ၌၊ အာပါထံ-ရှေးရှုကျခြင်းသို့၊
ဝါ-ထင်ခြင်းသို့၊ အာဂစ္ဆန္တိ-ရောက်ကုန်၏။
အတိမဟန္တာရုံဝီထိ  တသ္မာ-ထို့ကြောင့်၊ ဧကစိတ္တက္ခဏာ
တိတကံ - လွန်ပြီးသော တခုသော
စိတ္တက္ခဏရှိသော၊ ရူပါရမ္မဏံ-ရူပါရုံသည်၊ စက္ခုဿ-စက္ခု
ပသာဒ၏၊ ဝါ - စက္ခုပသာဒသို့၊ အာပါထံ - ရှေးရှုကျခြင်းသို့၊
၄ ပါးတွင် စက္ခုပသာဒရုပ်က ညံ့ဖျင်းခဲ့သော်၎င်း၊ အာလောက ခေါ်သော
အရောင်အလင်းက ညံ့ဖျင်းခဲ့သော်၎င်း၊ ရူပါရုံက အားသေးခဲ့သော်၎င်း၊ ဤသုံး
တပါးပါးက ညံ့ဖျင်းချို့ယွင်းခဲ့လျှင် စိတ္တက္ခဏ ၂ ချက်ခန့်မှစ၍ ၁၅ ချက်ခန့်
တိုင်အောင် လွန်ပြီးနောက် ဋ္ဌီသို့ အတော်ကြာ ရောက်ပြီးမှသာ ထင်လာ
နိုင်သည်၊ သဒ္ဒါရုံ စသည်များလည်း ဤနည်းပင်တည်း၊ [မနသိကာရခေါ်
အာဝဇ္ဇန်းကား အာရုံထင်ရာတွင် ပါဝင်ထိုက်သော အကြောင်း မဟုတ်၊
ပဉ္စဝိညာဏ်၏ ဖြစ်ကြောင်းသာတည်း၊ ပဌမ အကြိမ်ရိုက်၌ စက္ခုဒွါရ၏
ဖြစ်ကြောင်းတွင် ထည့်သွင်း မှားပါသွားသည်။]
ပဉ္စာရမ္မဏာနိ ပဉ္စဒွါရေ -- ရူပါရုံသည် စက္ခုဒွါရ၌၊ သဒ္ဒါရုံသည်
သောတဒွါရ၌၊ ဂန္ဓာရုံသည် ဃာနဒွါရ၌၊ ရသာရုံသည် ဇိဝှါဒွါရ၌၊
ဖေါဋ္ဌဗ္ဗာရုံသည် ကာယဒွါရ၌ ထင်လာသည်ဟု အစဉ်အတိုင်းသိ၊ [ထင်လာ
ပုံကို ဘာသာဋီကာ၌ရှု။]
စက္ခုဒွါရိက အတိမဟန္တာရုံဝီထိ။ ။စက္ခုဒွါရ၌ဖြစ်၍ အတိမဟန္တာရုံ
ကို အာရုံပြုသော စိတ်အစဉ်ကို "စက္ခုဒွါရိက အတိမဟန္တာရုံဝီထိ" ဟု
ခေါ်သည်။
## Trang 101
ဝါ-ထင်ခြင်းသို့၊ ယဒိအာဂစ္ဆတိ - အကယ်၍ ရောက်လာအံ့၊
တတော-ထိုသို့ ထင်လာသည်ရှိသော်၊ ဝါ-ထိုသို့ထင်လာခြင်း ကြောင့်၊ ဒွိက္ခတ္တုံ-နှစ်ကြိမ်၊ ဘဝင်္ဂေ-သည် စလိတေ-လှုပ်ပြီး သည်ရှိသော်၊ ဘဝင်္ဂသောတံ-ဘဝင်အယဉ်ကို၊ ဝေါစ္ဆိန္ဒိတွာ
တသ္မာ၊ ပေ၊ အာပါထမာဂစ္ဆတိ- ဤစကားရပ်ကား ပြအပ်ခဲ့သော ဝိသယပ္ပဝတ္တိတ္ထိတွင် အတိမဟန္တဝိသယပ္ပဝတ္တိ (အတိမဟန္တာရုံ၏ဖြစ်ပုံ) ကို ပြလို၍ ကြံစီ ပြောဆိုအပ်သော ပရိကပ္ပ စကားတည်း။
ရူပါရုံ စသော အာရုံငါးပါးသည် ဥပါဒ်ပြီးနောက် စိတ္တက္ခဏ တစ်ချက်ခန့် လွန်မှသော်၎င်း၊ များစွာသော စိတ္တက္ခဏကို လွန်ပြီးမှသော်၎င်း၊ ထင်လာ တတ်လေရာ၊ ဤနေရာ၌ စိတ္တက္ခဏ တစ်ချက်ခန့်အလွန်တွင် အကယ်၍ကျရောက် ထင်လာငြားအံ့၊ - ကျရောက် ထင်လာပြီ ဆိုပါတော့ " ဟူလို။
ဤ စကားအရ - စက္ခုပသာဒ၌ ထင်သည့်အခါ ရူပါရုံသည် စိတ္တက္ခဏ တစ်ချက်ခန့် ကာလကို လွန်ခဲ့ပြီ ဟု မှတ်၊ ထို လွန်ခဲ့ရာ ကာလ၌ ဖြစ်သော ဘဝင်စိတ်ကိုလည်း အတီတ ဘဝင် ( ရူပါရုံ ထင်ရာကာလကို ထောက်၍ အတိတ် ဘဝင်-လွန်ပြီး ဘဝင် ) ဟု နာမည် တပ်ရသည်။
***[ဆောင်] အာရုံသီးသီး၊ ဖြစ်ပြီးသည့်နောက်၊ ထင်ရာထောက်၍
လွန်မြောက်ခဲ့ရိပ်၊ အတိတ် ခေါ်ငြား၊ ဘဝင်များ၊
မှတ်သား အတီတ။***
တတော ဒွိက္ခတ္တုံ ဘဝင်္ဂေ စလိတေ-ထို ရူပါရုံထင်လာမှုကြောင့် ဘဝင် နှစ်ကြိမ်လှုပ်သည်၊ ဆိုလိုအံ့ - ဘဝင်စိတ်သည် ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် ၃ ပါးတွင် တစ်ပါးပါးကို အာရုံပြုနေစဉ်၊ ထင်လာသော အာရုံသစ်ကြောင့် ယူနေဆဲ အာရုံကို စွဲမြဲစွာလည်း မယူနိုင်၊ လွှတ်လည်း မလွှတ်သေးဘဲ၊
ဖြတ်၍၊ တမေဝ ရူပါရမ္မဏံ - ထို ရူပါရုံကိုပင်၊ အာဝဇ္ဇန္တော ဆင်ခြင်သကဲ့သို့ဖြစ်သော၊ ပဉ္စဒွါရာဝဇ္ဇနစိတ္တံ-ပဉ္စဒွါရာဝဇ္ဇန်း စိတ်သည်၊ ဥပ္ပဇ္ဇိတွာ-ဖြစ်ပြီး၍၊ နိရုဇ္ဈတိ-ချုပ်ပျက်၏။
တတော - ထိုသို့ ပဉ္စဒွါရာဝဇ္ဇန်းစိတ် ချုပ်ခြင်းကြောင့်၊ တဿ-ထိုပဉ္စဒွါရာဝဇ္ဇန်းစိတ်၏၊ အနန္တရံ-အခြားမဲ့၌၊ တမေဝ ရူပံ-ထိုရူပါရုံကိုပင်၊ ပဿန္တံ-မြင်တတ်သော၊ စက္ခုဝိညာဏံ - စက္ခုဝိညာဉ်စိတ်၎င်း၊ သမ္ပဋိစ္ဆန္တံ - ခံယူသကဲ့သို့ဖြစ်သော၊ သမ္ပဋိစ္ဆနစိတ္တံ-သမ္ပဋိစ္ကိုန်းစိတ်၎င်း၊ သန္တီရယမာနံ - စုံစမ်းသကဲ့သို့ ဖြစ်သော၊ သန္တီရဏစိတ္တံ - သန္တီရဏ စိတ်၎င်း၊
ပင်ကိုယ်သဘောမှ ဖေါက်ပြား၍ ၂ ကြိမ်တိုင်တိုင် လှုပ်ချောက်ချားမှုကို "ဘဝင် လှုပ်" ဟု ခေါ်သည်။
***[ဆောင်] ..အသစ်အာရုံ၊ ထင်လာတုံလျှင်၊ စိတ်ဘဝင်တို့၊ ပင်ကိုယ်
ယူဆဲ၊ အာရုံထဲ၌၊ မစွဲမြဲငြား၊ လှုပ်ချောက်ချား၊ မှတ်သား
ဘဝင်လှုပ်***
ဒွိက္ခ'ဘဝင်္ဂေ စလိတေ ... ဤ စကားအရ လှုပ်ရှားသော ဘဝင် ၂ ကြိမ်ကို " ဘဝင်္ဂစလန " ဟု နာမည် တပ်သင့်၏၊ သို့သော် ဒုတိယဘဝင်္ဂ စလနကို " ဘဝင်္ဂုပစ္ဆေဒ " ဟု နောက်ဆရာတို့ နာမည်တပ်ကြသည်၊ [ ဘဝင်္ဂ+ဥပစ္ဆေဒ။ ဥပစ္ဆေဒ=ပြတ်စဲသော+ဘဝင်္ဂ=ဘဝင်။]
ဘဝင်္ဂ သောတံ၊ပေ၊ပဉ္စဒွါရာဝဇ္ဇနစိတ္တံ - ထို့နောက် ဘဝင်အစဉ်ကို ဖြတ်လျက် ထင်လာသော အာရုံသစ်ကို ဆင်ခြင်သကဲ့သို့ ဖြစ်သော ပဉ္စဒွါရာဝဇ္ဇန်းစိတ် ဖြစ်၍ ချုပ်၏။
## Trang 102
ဝဝဋ္ဌပေန္တံ-ပိုင်းခြား သတ်မှတ် ဆုံးဖြတ်သကဲ့သို့ ဖြစ်သော၊
ဝေါဋ္ဌပနစိတ္တဉ္စ - ဝုဋ္ဌောစိတ်၎င်း၊ ဣတိ - ဤ စိတ်တို့သည်
ယထာ၊ ဣမံ-အကြင်အကြင် အစဉ်ရှိတိုင်း၊ ဥပ္ပဇ္ဇိတွာ-ဖြစ်ကုန်
ပြီး၍၊ နိရုဇ္ဈန္တိ-ချုပ်ပျက်ကုန်၏။
၄။ တတော-ထို ဝုဋ္ဌောစိတ်မှ၊ ပရံ-နောက်၌၊ ဧကူနတ္တိံသ
ကာမာဝစရဇဝနေသု - တစ်ခုယုတ် ၃၀ သော ကာမာဝစရ
ဇောတို့တွင်၊ ယံကိဉ္စိ-အမှတ်မထား၊ တစ်ပါးပါးသောဇောသည်၊
တတော၊ပေ၊ဝေါဋ္ဌပနစိတ္တံ-ထို့နောက် ထိုရူပါရုံကို မြင်တတ်သော
စက္ခုဝိညာဏ်စိတ်၊ ထို ရူပါရုံကို ခံယူသကဲ့သို့ ဖြစ်သော သမ္ပဋိစ္ကိုန်းစိတ်၊
ထို ရူပါရုံကို စုံစမ်းသကဲ့သို့ ဖြစ်သော သန္တီရဏစိတ်၊ ထို ရူပါရုံကို " ရူပါရုံ
အမှန်ပင် "ဟု ဆုံးဖြတ်သကဲ့သို့ ဖြစ်သော ဝုဋ္ဌောစိတ်တို့ အစဉ်အတိုင်း ဖြစ်ကြ
ချုပ်ကြသည်။ [ဒုတိယအကြိမ်ရိုက်၌ တစ်မျိုးအဓိပ္ပါယ်ပါသွားသည်။]
ဤစကားစဉ်များအရ ရူပါရုံသည် ဥပါဒ်သည်မှစ၍ စိတ္တက္ခဏ ၈ ချက်ခန့်
ကြာခဲ့ပြီဟု မှတ်၊ စိတ်အစဉ်များလည်း "အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂု
ပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ကိုန်း၊ သန္တီရဏ၊ ဝုဋ္ဌော" ဟု
၈ ကြိမ် ရှိခဲ့ပြီ။ [ ဝဝတ္ထပေန္တံ ဟု ရှေးပါဠိ ရှိ၏၊ ထို ပါဌ်အတိုင်းဆိုလျှင်
"ဝေါတ္ထပနစိတ္တံ" ဟု ရေးမှ သူ့နည်းနှင့်သူ ရွှေသွား နောက်လိုက် ညီမည်၊
ဤ ပါဌ်အလို -"ဝ+အဝရှေးရှိသော+ထပဓာတ်" ဟု ကြံလေ။]
၄။ တတောပရံ၊ပေ၊ယံကိဉ္စိ-ဝုဋ္ဌောစိတ် ချုပ်ပြီးနောက် ဇောစောချိန်
ရောက်လတ်သော် ကာမတရားဖြစ်သော ရူပါရုံကို ကာမဇောကသာ အာရုံ
ပြုနိုင်၏။ [ အာရမ္မဏသင်္ဂဟကြည့်] ထို့ကြောင့် ကာမဇော တစ်ခုယုတ် သုံး
ဆယ်တွင် တစ်ပါးပါးသာ စောနိုင်ခွင့် ရှိသည်။
လဒ္ဓပစ္စယံ - ရအပ်သော ယောနိသော မနသိကာရ စသော
အကြောင်းရှိသည် ဖြစ်၍၊ ယေဘုယျေန - များသော အားဖြင့်၊
သတ္တက္ခတ္တုံ-ခုနစ်ကြိမ်၊ ဇဝတိ-အဟုန်ပြင်းစွာ ဖြစ်ပေါ်လာ၏၊
ဝါ-စော၏။
ဇဝနာနုဗန္ဓာနိ - ဇောသို့ အစဉ်လိုက်ကုန်သော၊ ဒွေ-နှစ်
ကြိမ်ကုန်သော၊ တဒါရမ္မဏပါကာနိ စ-တဒါရုံဝိပါက်စိတ်တို့
လဒ္ဓပစ္စယံ-ထိုသို့စောရာ၌လည်း မိမိဆိုင်ရာအကြောင်းအားလျော်စွာ
စောကြသည်၊ " ယောနိသော မနသိကာရ (အသင့်အတင့် နှလုံးသွင်းမှု )
ဟူသော အကြောင်းရှိလျှင် ကုသိုလ်ဇော တစ်ပါးပါးစော၏၊ အယောနိသော
မနသိကာရ ( မသင့်မတင့် နှလုံးသွင်းမှု ) ဟူသော အကြောင်းရှိလျှင် အကု
သိုလ်ဇော တစ်ပါးပါးစော၏၊ အနုသယကင်းသော ရဟန္တာ သန္တာန်ဖြစ်လျှင်
ကြိယာဇော တစ်ပါးပါးစော၏" ဟူလို၊
ယေဘုယျေန သတ္တက္ခတ္တုံ- ထိုကဲ့သို့ အခွင့်ရသော ဇောသည် စိတ်
တစ်မျိုးတည်းက ၇ ကြိမ်ထပ်၍ဖြစ်၏၊ "၇ ကြိမ်" ဟူသော စကားကိုလည်း
၇ ကြိမ်အဖြစ်များသောကြောင့် ယေဘုယျနည်းအားဖြင့် ဆိုသည်၊ ပကတိ
ရိုးရာအခါ၌ပင် ၆ ကြိမ်စောသော အရာလည်း အနည်းငယ် ရှိနိုင်သေး၏။
ထို့ကြောင့် " ကာမာဝစရဇဝနာနိ သတ္တက္ခတ္တုံ၊ ဆက္ခတ္တုမေဝ ဝါ ဇဝန္တိ "
ဟု မိန့်ဦးလတံ့၊ စုတိခါနီးအခါ၊ တွေဝေမိန်းမောရာအခါတို့၌ ၅ ကြိမ်မျှ
စောသော အရာလည်း ရှိသေး၏။
[ဆောင်] ပင်ကိုယ်ရိုးရာ၊ ချိန်အခါဝယ်၊ ခြောက်ကြိမ်သာလည်း၊ စော
သတည်းတဲ့၊ တစ်နည်းစုတေ၊ နီးသူတွေနှင့်၊ တွေဝေသူ့တွက်၊
ငါးကြိမ်ဘက်သဖြင့်၊ သတ္တက္ခတ္တု၊ မြဲမကြုံသည်၊ ယေဘုယျ
နည်း'မှတ်လေလော။
## Trang 103
သည်လည်း၊ ယထာရဟံ - သတ္တဝါအလိုက် ထိုက်သည့်အား
လျော်စွာ၊ ပဝတ္တန္တိ-ဖြစ်ကုန်၏၊ တတော-ထို ဒုတိယတဒါရုံမှ၊
ပရံ-နောက်၌၊ ဘဝင်္ဂပါတော-ဘဝင်ကျခြင်းသည်၊ ဟောတိ-
ဖြစ်၏။
၅။ ဧတ္တာဝတာ - ဤမျှ အတိုင်းအရှည် ရှိသော အစဉ်ဖြင့်၊
( ပရိပူရေန္တိ - မှာစပ်၊ ) စုဒ္ဒသ - တစ်ဆယ့်လေးကြိမ်ကုန်သော၊
ဇဝနာနု၊ ပေ၊ တဒါရမ္မဏပါကာနိ--ရေညာသို့ ဆန်၍ သင်္ဘော
ခုတ်သွားရာ၊ အောက်အကြေသို့ စီးဆင်းနေသော ရေအယဉ်သည် သင်္ဘော
နောက်သို့ အနည်းငယ်ခန့် ကာလမျှ ဆန်တက်လိုက်သွားသကဲ့သို့၊ ထို့အတူ
ဇောအဆုံးတွင် ဘဝင်ကျထိုက်သော်လည်း ဘဝင် မကျသေးဘဲ၊ တဒါရုံ
ကိစ္စတပ်လျက် ဝိပါက်စိတ်(မဟာဝိပါက် ၈-သန္တီရဏ ၃ တွင်)တစ်မျိုးမျိုးသည်
၂ ကြိမ်ထပ်၍ ဇောနောက်သို့ လိုက်ပါသွားလေသည်။ [ဇောနှင့် သင်္ဘော၊
ဘဝင်အယဉ်နှင့် ရေအယဉ်၊ တဒါရုံ ၂ ကြိမ် ဖြစ်လျက် ဇောနောက်သို့
လိုက်မှုနှင့် သင်္ဘောနောက်သို့ ရေအယဉ်လိုက်မှု တူသည်။]
တတောပရံ ဘဝင်္ဂပါတော - ဒုတိယတဒါရုံချုပ်ပြီးနောက် ဝီထိစိတ်
အစဉ်ကုန်သဖြင့် ဘဝင်ဘက်သို့ စိတ်အစဉ် ကျလေ၏၊ [ ဝီထိစိတ်တို့၏
ဖြစ်ခြင်းသည် ထထကြွကြွ ဗျာပါရ ရှိသဖြင့် မြင့်မောက် ကြွတက် သကဲ့သို့
ထင်ရ၏၊ ဘဝင်အစဉ် ဖြစ်ပုံကား ငြိမ်သက်လှသဖြင့် အောက်ကျ နိမ့်ရှိုင်း
သကဲ့သို့ ထင်ရ၏။ ထို့ကြောင့် ဘဝင်စိတ်အစဉ်၏ ဖြစ်ခြင်းကို "ဘဝင်္ဂပါတ-
ဘဝင်ကျခြင်း" ဟု ဆိုသည်။]
၅။ ဧတ္တာဝတာ၊ ပေ၊ ပရိပူရေန္တိ-ရူပါရုံဥပါဒ်သည်မှစ၍ ရေတွက်
လျှင် စိတ္တက္ခဏ ၁၇ ချက် ပြည့်ခဲ့ပြီ၊ ပါဠိကြည့်၍ ရေတွက်လေ။
ဝီထိစိတ္တုပ္ပါဒါ-ဝီထိစိတ္တုပ္ပါဒ်တို့၎င်း၊ ဒွေ-၂ ကြိမ်ကုန်သော၊
ဘဝင်္ဂစလနာနိ-ဘဝင်္ဂစလန၎င်း၊ [ဘဝင်္ဂုပစ္ဆေဒကိုလည်း
ဘဝင်္ဂစလန-ဟု ဆိုသည်၊] ပုဗ္ဗေဝ-ရှေးဦးကပင်လျှင်၊ အတီ
တကံ-လွန်နှင့်ပြီးသော၊ ဧကစိတ္တက္ခဏံ-တစ်ခုသောစိတ္တက္ခဏ
၎င်း၊ ဣတိကတွာ-ဤသို့ပြု၍၊ သတ္တရသစိတ္တက္ခဏာနိ - ၁၇
ချက်သော စိတ္တက္ခဏ တို့သည်၊ ပရိပူရေန္တိ - ပြည့်ကုန်၏၊
တတော-ထိုသို့ ၁၇ ချက် ပြည့်ခြင်းကြောင့်၊ နိရုဇ္ဈတိ-ချုပ်၏၊
ဧတံ အာရမ္မဏံ - ဤ အာရုံသည်၊ အတိမဟန္တံနာမ - အတိ
မဟန္တမည်သော၊ ဂေါစရံ - အာရုံတည်း။ [ တတောပရံ-ဟု
တတောနောက်၌ ပရံ ရှိသည်ကား အပို။ ]
တတော၊ ပေ၊ နိရုဇ္ဈတိ-ရုပ်တို့မည်သည် စိတ္တက္ခဏ ၁၇ ချက်ခန့်သာ
အသက်ရှည်ရကား၊ ဥပါဒ်ခဲ့သော ရူပါရုံလည်း ၁၇ ချက် အသက်ပြည့်ခြင်း
ကြောင့် ချုပ်ရတော့သည်။
အာရမ္မဏ မေတံ အတိမဟန္တံနာမ-စိတ္တက္ခဏ တစ်ကြိမ် အလွန်တွင်
ထင်လာသည်မှစ၍ရေတွက်လျှင် စိတ္တက္ခဏ ၁၆ ချက်ခန့်ကြာသော အာရုံသည်
အသက်အရှည်ဆုံးဖြစ်၏၊ သည့်ထက်အသက်ရှည်သောအာရုံမရှိ၊ ထို့ကြောင့်
ဤ ရူပါရုံသည် "အတိမဟန္တာရုံ" အမည်ရလေသည်။
ဝီထိပုံ အတွက် မှာထားချက် ။ ... ။ ဤ သင်္ဂြိုဟ်ကျမ်း အဆိုအတိုင်း
တိုက်ရိုက်နားလည်သင့်သော ဝီထိများကို အကျဉ်းချုပ်မျှ နားလည်အောင်
လေ့လာကြရာ၏၊ ဝီထိပုံ၌ " တီ - န " ဤသို့သော ပုံများကို ပြထား၏၊
`တီ=အတီတဘဝင်၊ န=ဘဝင်္ဂစလန၊ ဒ=ဘဝင်္ဂုပစ္ဆေဒ၊ ပ=ပဉ္စဒွါရာဝဇ္ဇန်း၊
စ=စက္ခုဝိညာဏ်၊ သံ=သမ္ပဋိစ္ကိုန်း၊ ဏ=သန္တီရဏ၊ ဝု=ဝုဋ္ဌော၊ ဇ=ဇော၊
တ==တဒါရုံ၊ ဘ==ဘဝင်၊ ဟု အတိုချုပ် ရေးထားသည် ဟု မှတ်၊ သုည -
## Trang 104
မည်သည့် ကင်းဆိတ်ခြင်း-ဘာမျှမရှိခြင်းဟူသော အနက်ကိုပြ၏၊ ခဏဟူသော
ကာလ အတိုကလေးလည်း အထင်အရှား ဘာမျှမရှိ၊ ထို့ကြောင့် " ၀၀၀ "
ဤသို့ ဆက်၍ ပြထားသော သုည ၃ လုံးဖြင့် ထိုထိုစိတ်၏ ဥပါဒ်ခဏ ဌီခဏ
ဘင်ခဏကို အစဉ်အတိုင်း ပြသည်။
နှုတ်တက် ဆောင်ရန် ဆိုရိုး
တဒါရမ္မဏဝါရ စက္ခုဒွါရိက အတိမဟန္တာရုံဝီထိ ဖြစ်ဟန်ကား-ရူပါရုံ
နှင့် စက္ခုပသာဒတို့ ရှေးရှုအတူ ဥပါဒ်ကြသည်မှစ၍ အတီတဘဝင် တစ်ချက်
အလွန်တွင် စက္ခုပသာဒ၌ ရူပါရုံ ထင်ခြင်းသို့ ရောက်သဖြင့်၊ ဘဝင်္ဂစလန၊
ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ကိုန်း၊ သန္တီရဏ၊ ဝုဋ္ဌော၊
ဇော ခုနစ်ကြိမ်၊ တဒါရုံ နှစ်ကြိမ် ဖြစ်ပြီးလျှင် ရူပါရုံ စက္ခုပသာဒတို့ တစ်ဆယ့်
ခုနစ်ချက် ရုပ်သက်စေ့ရကား၊ ဒုတိယတဒါရုံ၏ ဘင်နှင့်ပြိုင်၍ချုပ်ခြင်းရှိသော
ဝီထိသည် " တဒါရမ္မဏဝါရ စက္ခုဒွါရိက အတိမဟန္တာရုံဝီထိ " မည်၏၊
ထို့နောက် ဘဝင်ဖြစ်ထိုက်သမျှဖြစ်၏။ [တဒါရုံအဆုံးရှိသော စိတ်အကြိမ်ကို
တဒါရမ္မဏဝါရ ဟု ခေါ်သည်။]
3
စ
000
စက္ခုဒွါရဝီထိပုံ
3 = =
000 000 000 (3 0
C
C. C
၀ ၀ ၀ ၀ တ
000 000 000 000 000 000 000 000
000
ဤ ""အတွင်းရှိ စိတ်များသာ ဝီထိစိတ်ဖြစ်သည်၊ အပြင်ဘက် စိတ်
များကား ဘဝင်စိတ်ချည်းတည်း၊ "ဒွါရဝိမုတ္တာနဉ္စ ပဋိသန္ဓိဘဝင်္ဂစုတိသင်္ခါ
တာနံ" စသော အာရမ္မဏသင်္ဂဟကို ထောက်၍ ဘဝင်စိတ်များသည် ကံ၊
ကမ္မနိမိတ်၊ ဂတိနိမိတ် ၃ ပါးတွင် တစ်ပါးပါးကို အာရုံပြုသည်ဟု မှတ်၊ "စက္ခု
ဒွါရိကစိတ္တာနံ သဗ္ဗေသမ္ပိ ရူပမေဝ အာရမ္မဏံ၊ တဉ္စ ပစ္စုပ္ပန္နံ" ကို ထောက်၍
ပဉ္စဒွါရာဝဇ္ဇန်းအစ တဒါရုံအဆုံး ရှိသော ဝီထိစိတ် အားလုံးသည် ထင်လာ
သော ပစ္စုပ္ပန် ရူပါရုံကို အာရုံပြုသည်ဟု မှတ်၊ "တတ္ထ ပဉ္စဝိညာဏ ဓာတုယော
၊ပေ၊ပဉ္စပသာဒဝတ္ထုနိ နိဿာယေဝ ပဝတ္တန္တိ"ကို ထောက်၍ စက္ခုဝိညာဏ်
စိတ်သည် စက္ခုဝတ္ထုရုပ်ကို မှီသည် ဟု မှတ်၊ ဘဝင်နှင့်တကွ ကြွင်းသော စိတ်
အားလုံးကား မိမိ ရှေ့က စိတ်နှင့် ပြိုင်၍ဖြစ်သော ဟဒယဝတ္ထု ရုပ်ကိုချည်း
မှီကြသည်၊ ဝတ္ထုသင်္ဂဟကို ထောက်လေ၊ သည့်ထက် နက်နဲစွာ စိစစ်ဖွယ်
တို့ကို ဘာသာဋီကာ ဝီထိ ဆိုရိုးနှင့် သုံးချက်စု အဓိပ္ပါယ်တို့၌ စိစစ်ထားပြီ။
လေ့ကျင့်ခဏ်း မေးခွန်းများ
က။ ခဏတ္တယ၌ ခဏ ဟူသည် အဘယ်နည်း။
ခ။ အဘယ်ကို ဥပါဒ် ဌီ ဘင် ဟု အသီးအသီး ခေါ်သနည်း။
ဂ။ ဥပါဒ်နှင့် ဥပါဒ်ခဏကို ခွဲခြားပြပါ။
ဃ။ စိတ် တစ်ခုတစ်ခုသည် အသက် မည်မျှရှိသနည်း၊ အထောက်ပြပါ၊
င။ လက်ဖျောက် တစ်ချက် တီးရာကာလ၌ စိတ်ပေါင်း မည်မျှ ဖြစ်ချုပ်နိုင်
သနည်း။
စ။ ရုပ်သည် အသက် မည်မျှ ရှည်သနည်း၊ အထောက်ပြပါ။
ဆ။ ရုပ်၏ ဌီ ခဏသည် ခဏကြီးအားဖြင့် မည်မျှ၊ ခဏငယ်သက်သက် အား
ဖြင့် မည်မျှ ကြာသနည်း။
ဇ။ အဘယ်ကို ပဉ္စဒွါရဝီထိ ဟု ခေါ်သနည်း။
စျ။ ရူပါရုံ စသည်တို့ စက္ခုစသော ၅ ဒွါရ၌ ဥပါဒ်လျှင်ဥပါဒ်ခြင်း ထင်နိုင်
သလော၊ ဘယ်အခါကျမှ ထင်နိုင်သနည်း သင်္ဂြိုဟ်ထောက်ပါ။
ည။ ရူပါရုံ မထင်မီ လွန်ပြီးသော ဘဝင်ကို အဘယ်ကြောင့် အတီတဘဝင်ဟု
ခေါ်သနည်း၊ လင်္ကာထောက်ပါ။
## Trang 105
ဋ။ ဘဝင်စိတ်၏ ဘယ်ပုံ ဖြစ်မှုကို - "ဘဝင် လှုပ်သည်" ဟု ခေါ်သနည်း၊
လင်္ကာထောက်ပါ။
ဌ။ ဒုတိယ ဘဝင်္ဂစလနကို အဘယ့်ကြောင့် - "ဘဝင်္ဂုပစ္ဆေဒ"ဟု ခေါ်ကြ
သနည်း။
ဍ။ ယံကိဉ္စိလဒ္ဓပစ္စယံ - အရ အဘယ်အကြောင်းရှိလျှင် အဘယ်ဇော
စောသနည်း။
ဎ။ ယေဘုယျေန သတ္တက္ခတ္တုပါဌ်၌ အဘယ်ကို ရည်ရွယ်၍ ယေဘုယျေန
သဒ္ဒါကို ဆိုသနည်း၊ လင်္ကာထောက်ပါ။
ဏ။ တဒါရုံ ဝိပါက်စိတ်၏ ဇောနောက်သို့ လိုက်ပုံကို ဥပမာ ပြပါ။
တ။ အတိမဟန္တာရုံသည် ထင်ပြီးသည်မှစ၍ ချုပ်သည့်တိုင်အောင်ရေတွက်
လျှင် စိတ္တက္ခဏ မည်မျှ အသက်ရှည်သနည်း။
ထ။ အဘယ်ကို "တဒါရမ္မဏဝါရ" ဟု ခေါ်သနည်း၊ တဒါရမ္မဏဝါရ
စက္ခုဒွါရိက အတိမဟန္တာရုံဝီထိ ဆိုရိုးကို ပြပါ။
ဒ။ ဝီထိ စိတ်တို့သည် အဘယ်ကို အာရုံပြု၍၊ ရှေ့နောက် ဘဝင်တို့က အဘယ်ကို အာရုံပြုသနည်း။
ဓ။ စက္ခုဝိညာဏ်သည် အဘယ်ဝတ္ထုကို မှီ၍၊ ကြွင်းစိတ်များက အဘယ်ကို
မှီသနည်း၊ သင်္ဂြိုဟ်ထောက်ပါ။
ပန - အတ္တိ တစ်ပါးကား၊ ယာဝတဒါရမ္မဏုပ္ပါဒါ
စက္ခုဒွါ- တဒါရုံ နှစ်ကြိမ်ဖြစ်ရာ ခဏတိုင်အောင်၊
အပ္ပဟောန္တာတီတကံ - တည်ခြင်းငှါ မစွမ်းနိုင်သည် ဖြစ်၍
လွန်ခဲ့ပြီးသည်၊ ( ဟူ၍၊ ) အာပါတံ - ရှေးရှု ကျခြင်းသို့၊
ဝါ-ထင်ခြင်း၊ အာဂတံ-သော၊ အာရမ္မဏံ-သည်၊ မဟန္တံ
နာမ-မဟန္တာရုံ မည်၏၊ တတ္ထ - ထို မဟန္တာရုံဝီထိ၌၊ ဇဝနာ
ဝသာနေ-ဇော၏ အဆုံး၌၊ ဘဝင်္ဂပါတော ဝ-ဘဝင် ကျခြင်း
သည်သာလျှင်၊ ဟောတိ - ၏၊ တဒါရမ္မဏုပ္ပါဒေါ - တဒါရုံ၏
ဖြစ်ခြင်းသည်၊ နတ္ထိ-မရှိ။
ဇဝနဝါရ၊ စက္ခုဒွါရိက၊မဟန္တာရုံဝီထိ။ ။ယာဝ တဒါရမ္မဏုပ္ပါဒါ
ပါဌ်ကို အပ္ပဟောန္တ၌ စပ်၊ "တဒါရုံ ဖြစ်ရာခဏ တိုင်အောင် အခိုက်၌
တည်ခြင်းငှါ မစွမ်းနိုင်" ဟူလို။
အပ္ပဟောန္တာတီတက-အပ္ပဟောန္တ = ဘာဝန္တ = မစွမ်းနိုင်သည်ဖြစ်၍ + အတီ
တက=လွန်သည်၊ စက္ခုပသာဒ၌ မထင်နိုင်သေးဘဲ လွန်ခဲ့သည်ကို "လွန်"ဟု
ဆိုသည်။
အတိမဟန္တာရုံလည်း ဥပါဒ်လျှင်ဥပါဒ်ခြင်း မထင်နိုင်သေးဘဲ စိတ္တက္ခဏ
တစ်ချက်ခန့် လွန်ခဲ့၏၊ သို့သော် ထို အတိမဟန္တာရုံ၏ လွန်ခြင်းသည် တဒါရုံ
၂ ကြိမ် ဖြစ်သည့်တိုင်အောင် တည်နေခြင်းငှါ စွမ်းနိုင်သော "ပဟောန္တာတီ
တက"တည်း၊ ဤမဟန္တာရုံ၏ လွန်ခြင်းကား တဒါရုံ ၂ ကြိမ် ဖြစ်သည့်တိုင်
အောင် တည်နေခြင်းငှါ မစွမ်းနိုင်သော "အပ္ပဟောန္တာတီတက"တည်း။
ထို့ကြောင့် ဤ မဟန္တာရုံသည် စိတ္တက္ခဏ ၂ ချက် ၃ ချက်ခန့် လွန်ပြီးမှ
စက္ခုပသာဒ၌ ထင်နိုင်သည်။ ဇော ၇ ကြိမ်တိုင်အောင် တည်နေရဦးမည်
## Trang 106
ဖြစ်ရကား ၃ ချက်ခန့်ထက်ပို၍လည်းမလွန်သင့်၊ ဤသို့စိတ္တက္ခဏ ၂ ချက်လွန်
ပြီးမှ ထင်နိုင်သောကြောင့် ထင်သည်မှစ၍ ရေတွက်လျှင် စိတ္တက္ခဏ ၁၅ ချက်
ခန့် အသက်ရှည်ရကား အတိမဟန္တာရုံလောက် စိတ္တက္ခဏအသက်မများချေ၊
ထို့ကြောင့် အတိသဒ္ဒါကိုချ၍ "မဟန္တာရုံ" ဟု အမည်ရသည်။
ဤ စကားအရ – အတီတဘဝင် ၂ ချက်လွန်သော ပဌမ မဟန္တာရုံဝီထိ,
၃ ချက်လွန်သော ဒုတိယမဟန္တာရုံဝီထိဟု မဟန္တာရုံဝီထိ ၂ မျိုးရှိကြောင်း
သိသာပြီ။
ပဌမ မဟန္တာရုံဝီထိ-ဆိုရိုး။ ။ပဌမ မဟန္တာရုံဝီထိဖြစ်ဟန်ကား'
ရူပါရုံနှင့် စက္ခုပသာဒတို ရှေးရှုအတူ ဥပါဒ်ကြသည်မှစ၍ အတီတ တွင်
နှစ်ကြိမ် အလွန်တွင် စက္ခုပသာဒ၌ ရူပါရုံ ထင်ခြင်းသို့ ရောက်သဖြင့် ဘဝင်္ဂ
စလန [ရွှေအတိုင်း] ဝုဋ္ဌော ဇော ၇ ကြိမ်ဖြစ်ပြီးလျှင် ဘွင် တစ်ကြိမ်အကျတွင်
ရူပါရုံ စက္ခုပသာဒတို့ ၁၇ ချက် ရုပ်သက် စေ့ရကား, ပဌမ ဘွင်၏ ဘင်နှင့်
ပြိုင်၍ ချုပ်ခြင်းရှိသော ဝီထိသည် ပဌမ မဟန္တာရုံဝီထိ မည်၏။ ထို့နောက်
ဘွင် ဖြစ်ထိုက်သမျှ ဖြစ်လေသည်။
[ဝီထိပုံ - အတိမဟန္တာရုံဝီထိ ပုံစံဇယား]
ဒုတိယ မဟန္တာရုံ ဝီထိလည်း မထူးပြီ၊ အတီတတွင် ၃ ချက် လွန်ပြီးမှ
ထင်၍ သတ္တမဇော၏ ဘင်နှင့်ပြိုင်လျက် ရူပါရုံစက္ခုပသာဒတို ချုပ်ကြသည်၊
ဝီထိပုံစံကိုလည်း ရေးပြပါလေ၊ ဤ ဝီထိစိတ်၏ အာရုံပြုပုံ နှင့် မှီရာဝတ္ထုကို
အတိမဟန္တာရုံအတိုင်း သိလေ။
ယာဝဇဝနုပ္ပါဒါဝိ-ဇော ခုနစ်ကြိမ် ဖြစ်ရာ
ပရိတ္တာရုံဝီထိ
ကာလ တိုင်အောင်လည်း၊ အပ္ပဟောန္တာ
တိတကံ-သည်၊ (ဟုတွာ-၍၊) အာပါတံ-သ္မိံ၊ အာဂတံ-သော၊
အာရမ္မဏံ-သည်၊ ပရိတ္တံနာမ – ပရိတ္တာရုံ မည်၏၊ တထာ-ထို
ပရိတ္တာရုံဝီထိ၌၊ ဇဝနံပိ-ဇော၏လည်း၊ အနုပ္ပဇ္ဇိတွာ-မဖြစ်ခြင်း
ကြောင့်၊ ဒွတ္တိက္ခတ္တုံ-နှစ်ကြိမ်သုံးကြိမ်၊ ဝေါဋ္ဌပနမေဝ-ဝုဋ္ဌော
စိတ်သည်သာလျှင်၊ ပဝတ္တတိ - ဖြစ်၏၊ တတော-ထို ဝုဋ္ဌောမှ၊
ပရံ-နောက်၌၊ ဘဝင်္ဂပါတောဝ-ဘဝင်ကျခြင်းသည်သာလျှင်၊
ဟောတိ-ဖြစ်၏။
ဝေါဋ္ဌပနဝါရ, စက္ခုဒွါရိက, ပရိတ္တာရုံဝီထိ ။ ။ စက္ခုပသာဒ၏
အားသေးမှု, ရူပါရုံ၏ သေးငယ်မှုံမွှားမှု, အရောင်အလင်း၏ ညံ့ဖျင်းမှု,
ဤအကြောင်းစုတွင် ၂ ခုသော်၎င်း, ၃ ခုသော်၎င်း စုံ၍နေခြင်းကြောင့် ဇော
၇ ကြိမ် ဖြစ်သည့်တိုင်အောင်ပင် တည်ခြင်းငှါ မစွမ်းနိုင်သော လွန်ခြင်းရှိ၍
ထင်လာသောအာရုံကို ထင်သည်မှစ၍ရေတွက်လျှင်မဟန္တာရုံလောက်မများ
နည်းပါးသော စိတ္တက္ခဏ အသက်ရှိသောကြောင့်"ပရိတ္တာရုံ"ဟု ဆိုသည်။
"ဇော ၇ ကြိမ်ဖြစ်သည့်တိုင်အောင် မစွမ်းနိုင်" ဟု ဆိုသဖြင့် အနည်းဆုံး
စိတ္တက္ခဏ ၄ ချက်ခန့်လွန်ပြီးမှ ထင်လာကြောင်း သိသာပြီ၊ ဝုဋ္ဌော ၂ ကြိမ်
ဖြစ်ရဥုးမည်ဖြစ်သောကြောင့် စိတ္တက္ခဏ ၉ ချက်ထက်ပို၍လည်းမလွန်သင့်။
ဒွတ္တိက္ခဝေါဌပနမေဝ-ဇောစောခွင့် မရလျှင် ဝုဋ္ဌောစိတ်သည်ပင်,
ဇောတု ဇောယောင်ဖြင့် နှစ်ကြိမ် သုံးကြိမ် ထပ်လျက် ဖြစ်ခွင့်ရှိသည်။
၁။ စိတ္တက္ခဏ ၄ ချက်ခန့် လွန်ပြီးမှ ထင်လာ၍ စတုတ္ထဘွင်၏ ဘင်နှင့်
ပြိုင်လျက် ချုပ်ခြင်းရှိသော ဝီထိ။
## Trang 107
၂။ ၅ ချက်ခန့်လွန်ပြီးမှ ထင်လာ၍ တတိယဘွင်၏ ဘင်နှင့် ပြိုင်လျက်
ချုပ်ခြင်းရှိသော ဝီထိ။
၃။ ၆ ချက်ခန့် လွန်ပြီးမှ ထင်လာ၍ ဒုတိယဘွင်၏ ဘင်နှင့် ပြိုင်လျက်
ချုပ်ခြင်းရှိသော ဝီထိ။
၄။ ၇ ချက်ခန့်လွန်ပြီးမှ ထင်လာ၍ ပဌမဘွင်၏ ဘင်နှင့်ပြိုင်လျက် ချုပ်
ခြင်းရှိသော ဝီထိ။
၅။ ၈ ချက်ခန့်လွန်ပြီးမှ ထင်လာ၍ တတိယဝုဋ္ဌော၏ ဘင်နှင့်ပြိုင်လျက်
ချုပ်ခြင်းရှိသော ဝီထိ။
၆။ ၉ ချက်ခန့် လွန်ပြီးမှ ထင်လာ၍ ဒုတိယဝုဋ္ဌော၏ ဘင်နှင့်ပြိုင်လျက်
ချုပ်ခြင်းရှိသော ဝီထိ။
ဤသ္မိံ ပရိတ္တာရုံဝီထိ ၆ မျိုးရှိသင့်၏၊ ဆဋ္ဌပရိတ္တာရုံဝီထိမှတပါး အခြား
ဝီထိများ၌ ဝုဋ္ဌောကို ၂ ကြိမ် ၃ ကြိမ် အလိုရှိသလို ချခွင့်ရှိ၏။ ဝုဋ္ဌော ၂ ကြိမ်
ချလျှင် နောက်၌ ဘွင်တစ်ကြိမ် တိုးပေးရမည်။
ပဌမပရိတ္တာရုံဝီထိဆိုရိုး။ ။ပဌမပရိတ္တာရုံဝီထိဖြစ်ဟန်ကား-ရူပါရုံနှင့်
စက္ခုပသာဒတို ရှေးရှုအတူ ဥပါဒ်ကြသည်မှစ၍ အတီတတွင် ၄ ကြိမ်အလွန်
တွင် စက္ခုပသာဒ၌ ရူပါရုံထင်ခြင်းသို့ရောက်သဖြင့် ဘဝင်္ဂစလန [ရွှေအတိုင်း
ဆို] ဝုဋ္ဌော ၃ ကြိမ်ဖြစ်ပြီးလျှင် ဘွင် ၄ ကြိမ် အကျတွင် ရူပါရုံစက္ခုပသာဒတို့
တဆယ့် ခုနစ်ချက် ရုပ်သက်စေ့ရကား စတုတ္ထဘွင်၏ ဘင်နှင့်ပြိုင်၍ ချုပ်ခြင်း
ရှိသော ဝီထိသည် ပဌမပရိတ္တာရုံဝီထိမည်၏။ ထို့နောက် ဘွင်ဖြစ်ထိုက်သမျှ
ဖြစ်၏။
ဒုတိယ တတိယ စတုတ္ထ ပဉ္စမ ဆဋ္ဌဝီထိများ၏ ဆိုရိုးကိုလည်း ဤနည်းကို
မှီးလေ၊ ဝီထိပုံစံကို နောက် အတိပရိတ္တာရုံဝီထိခဏ်းမှ ပေါင်း၍ပြအံ့။
အတိပရိတ္တာရုံဝီထိ ပန-အကြိုတစ်ပါးကား၊ ယာဝေါဋ္ဌပ္ပါဒါ
စ-ဝုဋ္ဌော ၂ ကြိမ်ဖြစ်ရာ ကာလတိုင်အောင်
လည်း၊ အပ္ပဟောန္တာတိဘကံ-သည်၊ (ဟုတွာ-၍၊) အာပါတံ-
သို့၊ အာဂတံ-သော၊ နိရောဓာသန္နံ – နီးကပ်သော ချုပ်ခြင်းရှိ
သော၊ (ချုပ်လုခါနီးဖြစ်သော၊) အာရမ္မဏံ-သည်၊ အတိပရိတ္တံ
နာမ-အတိပရိတ္တာရုံ မည်၏၊ တတ္ထ - ထို အတိပရိတ္တာရုံဝီထိ၌၊
ဘဝင်္ဂစလနမေဝ - ဘဝင် လှုပ်ရုံသာလျှင်၊ ဟောတိ – ဖြစ်၏၊
ဝီထိစိတ္တုပ္ပါဒေါ-ဝီထိစိတ်တို့၏ ဖြစ်ခြင်းသည်၊ နတ္ထိ-မရှိ။
မောဃဝါရ, အတိပရိတ္တာရုံ။ . ။ [မောဃ=ယုတ်လျော့သည်၊ ဝီထိ
စိတ်မှ ယုတ်လျော့၍ ဘဝင်လှုပ်ရုံမျှဖြစ်သော စိတ်အကြိမ်ကို "မောဃဝါရ"
ဟု ဆိုသည်၊] စက္ခုပသာဒ၏ အလွန့်အလွန် အားသေးမှုစသော အကြောင်း
တို့ကြောင့် ဝုဋ္ဌော ၂ ကြိမ် ဖြစ်သည့်တိုင်အောင်ပင် တည်နေခြင်းငှါ မစွမ်း
နိုင်သော လွန်ခြင်းရှိ၍ ထင်လာသော အာရုံကို ထင်ပြီးသည်မှစ၍ ရေတွက်
လျှင် ပရိတ္တာရုံအောက် နည်းပါးသော စိတ္တက္ခဏ အသက်ရှိသောကြောင့်
အတိပရိတ္တာရုံ [အတိ=အလွန် + ပရိတ္တ=နည်းသောစိတ္တက္ခဏ အသက်
ရှိသော+အာရုံ] ဟု ဆိုရလေသည်၊ "ဝုဋ္ဌော ၃ ကြိမ်ဖြစ်သည် တိုင်အောင်
မစွမ်းနိုင်" ဟု ဆိုသဖြင့် အနည်းဆုံးစိတ္တက္ခဏ ၁၀ ချက်ခန့် လွန်ပြီးမှ ထင်လာ
ကြောင်း သိသာပြီ၊ "ဘဝင်္ဂစလနမေဝ"အရ ဘဝင် လှုပ်ရဥုးမည် —— ဟု ဆို
သောကြောင့် စိတ္တက္ခဏ ၁၅ ချက် ခန့်ထက် ပို၍ မလွန်သင့် ဟု ရှေးက
ယူကြ၏။
ဤ အတိပရိတ္တာရုံကို အာရုံပြု၍ ဝီထိစိတ် မဖြစ်သောကြောင့် – "အတိ
ပရိတ္တာရုံဝီထိ" ဟုပင် မခေါ်ဝေါ်ထိုက်၊ သို့သော် "မိန်းမမြုံမသား"ဟူသကဲ့သို့
ဥပစာတင်စား၍ "အတိပရိတ္တာရုံဝီထိ"ဟု နာမည်တပ်ရတော့သည်။
## Trang 108
***အတိပရိတ္တာရုံဝီထိ အပြား***
၁။ စိတ္တက္ခဏ ဆယ်ချက်လွန်ပြီးမှ ထင်လာ၍ ဘွင်နှစ်ကြိမ်လှုပ်ပြီးလျှင်
ပဉ္စမဘွင်၏ ဘင်နှင့်ပြိုင်လျက် ချုပ်ခြင်းရှိသော ပဌမအတိပရိတ္တာရုံ
ဝီထိ။
၂ ။ ၁၁ ချက်လွန်မှ ထင်လာ၍ စတုတ္ထ ဘွင်နှင့် ပြိုင်လျက် ချုပ်ခြင်းရှိသော
ဒုတိယဝီထိ။
၃။ ၁၂ ချက်လွန်မှထင်လာ၍ တတိယဘွင်နှင့်ပြိုင်လျက် ချုပ်ခြင်းရှိသော
တတိယဝီထိ။
၄။ ၁၃ ချက်လွန်မှ ထင်လာ၍ ဒုတိယဘွင်နှင့်ပြိုင်လျက် ချုပ်ခြင်းရှိသော
စတုတ္ထဝီထိ။
၅။ ၁၄ ချက် လွန်မှ ထင်လာ၍ ပဌမ ဘွင်နှင့် ပြိုင်လျက် ချုပ်ခြင်း ရှိသော
ပဉ္စမဝီထိ။
၆။ ၁၅ ချက် လွန်မှထင်လာ၍ ဒုတိယဘဝင်္ဂစလနနှင့် ပြိုင်လျက်ချုပ်ခြင်း
ရှိသော ဆဋ္ဌဝီထိ။
ဤသို့ ရှေးဆရာတို့အလို အတိပရိတ္တာရုံ ဝီထိ ၆ မျိုး ရှိ၏။
ပဌမ အတိပရိတ္တာရုံဝီထိ ဆိုရိုး။ ။ပဌမ အတိပရိတ္တာရုံ ဝီထိဖြစ်ဟန်
ကား - ရူပါရုံနှင့် စက္ခုပသာဒတို ရှေးရှုအတူ ဥပါဒ်ကြသည်မှစ၍ အတီတ
တွင် ဆယ်ကြိမ် အလွန်တွင် ရူပါရုံထင်ခြင်းသို့ ရောက်သဖြင့် ဘဝင်္ဂစလန
နှစ်ကြိမ် ဖြစ်ပြီးနောက် ဝီထိစိတ် မဖြစ်ဘဲ ဘွင်ဆက်၍ ဖြစ်ပြီးလျှင် ပဉ္စမဘွင်
အကျတွင် ရူပါရုံ စက္ခုပသာဒတို့ ၁၇ ချက် ရုပ်သက်စေ့ရကား ဒုတိယ
ဘဝင်္ဂစလနနောင် ပဉ္စမဘွင်၏ ဘင်နှင့်ပြိုင်၍ ချုပ်ခြင်းရှိသော ဝီထိသည် ပဌမ
အတိပရိတ္တာရုံဝီထိမည်၏၊ထို့ နောက်လည်း ဘဝင် ဆက်၍ဖြစ်သတည်း။
[ဝီထိပုံများ - ပဌမ ပရိတ္တာရုံ, ပဌမအတိပရိတ္တာရုံ, ဆဋ္ဌပရိတ္တာရုံ ဝီထိပုံစံဇယားများ]
ကြွင်းသော ဝီထိများကို ဤနည်းမှီး၍ သိလောက်ပြီ။
## Trang 109
**နိဂုံးချုပ်** ဣစ္စေဝံ-ဤ ဆိုအပ်ပြီးသောနည်းဖြင့် စက္ခုဒွါရေ-စက္ခုဒွါရ၌၎င်း၊ တထာ - ထို့အတူ၊ သောတဒွါရာဒီသုစ-သောတဒွါရအစရှိသည်တို့၌၎င်း၊ ဣတိ-သို့၊ သဗ္ဗထာပိ-အလုံးစုံသော အပြားအားဖြင့်လည်း၊ ပဉ္စဒွါရေ – ပဉ္စဒွါရ၌၊ တဒါရမဏ ဇဝန ဝေါဋ္ဌပန မောဃဝါရ သင်္ခါတာနံ - တဒါရမဏဝါရ, ဇဝနဝါရ, ဝေါဋ္ဌပနဝါရ, မောဃဝါရ ဟု ဆို အပ်ကုန်သော၊ စတုန္နံ-လေးပါးကုန်သော၊ ဝါရာနံ-ဝါရတို့၏၊ ယထာက္ကမံ-အကြင်အကြင် အစဉ်ရှိတိုင်း၊ အာရမ္မဏဘူတံ-အာရုံဖြစ်၍ ဖြစ်သော၊ ဝိသယပဝတ္တိ-အာရုံတို့၏ ဖြစ်ခြင်းကို၊ စတုဓာ-လေးပါး ပြား၏ ဟူ၍၊ ဝေဒိတဗ္ဗာ-သိအပ်၏။
နိဂုံးချုပ်။ ။"ဣစ္စေဝံ စက္ခုဒွါရေ"ကား "တသ္မာ ယဒိ ဧကစိတ္တက္ခဏာ တီတကံ" မှ စ၍ "နတ္ထိ ဝီထိစိတ္တုပ္ပါဒေါ" တိုင်အောင် စကားစုကို ပြန်၍ အုပ်ဖုံးသော စက္ခုဒွါရအတွက် နိဂုံးစကားတည်း၊ "တထာ သောတဒွါရာဒီသုစ"ကား စက္ခုဒွါရ၌ကဲ့သို့ သောတ, ဃာန, ဇိဝှါ, ကာယဒွါရတို့၌လည်း "အာရုံ၏ ဖြစ်ပုံ ဝိသယပဝတ္တိကို သိပါလေ" ဟု ညွှန်ပြသော နိဒဿန စကားတည်း၊ "ဣတိ သဗ္ဗထာပိ ပဉ္စဒွါရေ" စသည်ကား ငါးဒွါရလုံးအတွက် ဝိသယပဝတ္တိကို အုပ်ဖုံးသော အပေါင်းနိဂုံးစကားတည်း။
စတုန္နံ ဝါရာနံ ယထာက္ကမံ
၁။ တဒါရမဏဝါရ၏ ယထာက္ကမံ အာရမ္မဏဘူတာ
၂။ ဇဝနဝါရ၏ အာရုံ အတိမဟန္တာရုံ
၃။ ဝေါဋ္ဌပနဝါရ၏ အာရုံ မဟန္တာရုံ
၄။ မောဃဝါရ၏ အာရုံ ပရိတ္တာရုံ အတိပရိတ္တာရုံ
ဝီထိစိတ် သရုပ် ပဉ္စဒွါရေ-ပဉ္စဒွါရ၌၊ ယထာရဟံ - ဒွါရအာရုံ ရေတွက်ခြင်း အလိုက် ထိုက်သည်အားလျော်စွာ၊ ဝီထိစိတ္တာနိ-ဝီထိစိတ်တို့သည်၊ သတ္တေဝ - ခုနစ်ပါးတို့ သာလျှင်တည်း၊ စိတ္တုပ္ပါဒါ - စိတ်တို့၏ ဖြစ်ခြင်းအားဖြင့်၊ စတုဒ္ဒသ – တဆယ့်လေးပါးတို့တည်း၊ ဝိတ္ထာရာ-အကျယ်အားဖြင့်၊ စတုပညာသ- ၅၄ ပါးတည်း။
စက္ခုဒွါရ၌ အတိမဟန္တာရုံ ၁ မျိုး, မဟန္တာရုံ ၂ မျိုး, ပရိတ္တာရုံ ၆ မျိုး, အတိပရိတ္တာရုံ ၆ မျိုးအားဖြင့် ၁၅ မျိုး ရှိသကဲ့သို့, သောတဒွါရ စသည်တို့၌ လည်း ၁၅ မျိုးစီ ရှိ၏၊ထို့ကြောင့် ၅ ဒွါရကို ထည့်, အာရုံ ၁၅ ဖြင့် မြှောက်၍ ပဉ္စဒွါရဝီထိပေါင်း ၇၅ ရှိ၏ ဟု ရေတွက်ရိုးပြုသည်။
ဝီထိစိတ်သရုပ်ကို ရေတွက်ခြင်း။ ။ဝီထိစိတ္တာနိ သတ္တေဝ - စသော ဂါထာကား ဆိုခဲ့ပြီးသော ဝီထိစိတ်တို့ကို အကျဉ်းချုပ် ရေတွက်ပြသော သင်္ဂဟ ဂါထာတည်း။
ယထာရဟံ - စက္ခုဒွါရ၌ ရူပါရုံ ထင်လာလျှင် ပဉ္စဒွါရာဝဇ္ဇန်း စက္ခု ဝိညာဏ် စသည်ဖြစ်၏၊ သောတဒွါရ၌ သဒ္ဒါရုံထင်လာလျှင် ပဉ္စဒွါရာဝဇ္ဇန်း သောတ ဝိညာဏ် စသည် ဖြစ်၏၊ ဤသို့လျှင် ဒွါရအလိုက် အာရုံ အလိုက် ထိုက်သည့်အားလျော်စွာ ဝီထိစိတ်များ ဖြစ်ကြရသည် ဟူလို။
ဝီထိစိတ္တာနိ သတ္တေဝ - ဤသို့ဖြစ်ရာဝယ် တစ်ဝီထိ တစ်ဝီထိ၌ စိတ်အမျိုးအစားကို ရေတွက်လျှင် ၁-ပဉ္စဒွါရာဝဇ္ဇန်း, ၂-စက္ခုဝိညာဏ်, ၃-သမ္ပဋိစ္ဆိန္န, ၄-သန္တီရဏ, ၅-ဝုဋ္ဌော, ၆-ဇော, ၇-တဒါရုံ, ဤသို့ ၇ မျိုးသာ ရှိသည်။
စိတ္တုပ္ပါဒါ စတုဒ္ဒသ — ဖြစ်သောစိတ် အကြိမ်ကိုရေတွက်လျှင် ဇောက ၇ ကြိမ်, တဒါရုံက ၂ ကြိမ် ဖြစ်သောကြောင့် ပဉ္စဒွါရာဝဇ္ဇန်းက စ၍ ၁၄ ကြိမ် ဖြစ်သည်။
## Trang 110
ဧတ္ထ-ဤ ဝီထိသင်္ဂဟ အရာ၌၊ အယံ-ဤ ဆိုအပ်ပြီးသော
စကားရပ်သည်၊ ပဉ္စဒွါရေ-ပဉ္စဒွါရ၌၊ ဝီထိစိတ္တပ္ပဝတ္တိနယော-
ဝီထိစိတ်တို့၏ ဖြစ်ပုံ နည်းတည်း။
စတုပညာသဝိတ္ထာရာ — အကျယ်အားဖြင့်ကား ပဉ္စဒွါရ၌ ဖြစ်သော
စိတ်အားလုံးသည် ၅၄ ပါး ရှိ၏၊ (ကာမစိတ် ၅၄ ပါးပင်တည်း၊) ကြောင့်
"သဗ္ဗထာပိ ပဉ္စဒွါရေ စတုပညာသစိတ္တာနိ ကာမာဝစရာနေဝ"ဟူသော ဒွါရ
သင်္ဂဟစကားနှင့် ဤစကားသည် တစ်ထပ်တည်း ကျ၏။
**လေ့ကျင့်ခဏ်း မေးခွန်းများ**
က။ အပ္ပဟောန္တာတီတကံ ၌ "အပ္ပဟောန္တ" အရ အဘယ်အလို့ငှါ
မစွမ်းနိုင်သနည်း။
ခ ။ အတီတကံအရ အဘယ်ကို "လွန်သည်" ဟု ဆိုသနည်း။
ဂ ။ မဟန္တာရုံ ဝီထိမျိုး မည်မျှ ရှိသနည်း, ရေတွက်ပါ။
ဃ။ ၎င်း မဟန္တာရုံကို အဘယ့်ကြောင့် ဇဝနဝါရ ဟု ဆိုသနည်း။
င ။ ပဌမ မဟန္တာရုံဝီထိ ဆိုရိုးကို ပြပါ။
စ ။ ပရိတ္တာရုံ ဝီထိမျိုး မည်မျှ ရှိသနည်း, ရေတွက်ပါ။
ဆ။ ၎င်း ပရိတ္တာရုံဝီထိကို ဘာ့ကြောင့် ဝေါဋ္ဌပနဝါရ ဟု ဆိုသနည်း။
ဇ ။ ပဌမ ပရိတ္တာရုံဝီထိ ဆိုရိုးကို ပြပါ။
ဈ ။ ဝုဋ္ဌော ၂ ကြိမ်သာ ဖြစ်ခွင့်ရသော ဝီထိကား အဘယ်နည်း။
ည။ ၂ ကြိမ်, ၃ ကြိမ်, နှစ်မျိုးလုံး ဖြစ်ခွင့်ရသော ဝီထိကား အဘယ်နည်း။
ဋ ။ အဘယ်ကို "မောဃဝါရ" ဟု ခေါ်သနည်း။
ဌ ။ အတိပရိတ္တာရုံကို အာရုံပြု၍ ဝီထိစိတ် မဖြစ်ဘဲလျက် အဘယ့်ကြောင့်
"အတိပရိတ္တာရုံဝီထိ"ဟု ခေါ်နိုင်သနည်း။
ဍ ။ အတိပရိတ္တာရုံဝီထိမျိုး မည်မျှရှိသနည်း, ရေတွက်ပါ။
ဏ ။ ပဌမ အတိပရိတ္တာရုံဝီထိ ဆိုရိုးကိုပြပါ။
ဏ။ ဣစ္စေဝံ စက္ခုဒွါရေကား ဘာကိုပြသော စကားနည်း။
တ။ တထာ သောတဒွါရာဒီသုစကား ဘာကိုပြသော စကားနည်း။
ထ။ ဣတိသဗ္ဗထာပိပဉ္စဒွါရေ-စသည်ကား ဘာကိုပြသော စကားနည်း။
ဒ ။ စတုန္နံ ဝါရာနံ အာရမ္မဏဘူတာ-အရ ဆိုင်ရာဝါရနှင့်အာရုံတွဲဘက်ပြပါ။
ဓ ။ သင်္ဂဟဂါထာကို အနက်ပေး၍ ဝီထိစိတ္တာနိ သတ္တေဝ အရကို ပြပါ။
န ။ စိတ္တုပ္ပါဒါ စတုဒ္ဒသ, စတုပညာသ ဝိတ္ထာရာ, အရကား အဘယ်တရား
များနည်း။
ပ ။ ပဉ္စဒွါရဝီထိပေါင်း မည်မျှရှိသည်ဟု ရေတွက်ရိုး ရှိသနည်း။
**ပဉ္စဒွါရ ဝီထိခဏ်း**
## Trang 111
မနောဒွါရ ပန-အကြိုတပါးကား၊ မနောဒွါရေ-မနောဒွါရ၌၊
ဝိဘူတာရုံဝီထိ ဝိဘူတံ-ထင်ရှားသော၊ အာရမ္မဏံ-အာရုံသည်၊
အာပါတံ – သို့၊ ယဒိ အာဂစ္ဆတိ – အကယ်၍ ရောက်လာအံ့၊
တတော-ထိုသို့ ထင်လာသည်ရှိသော်၊ ဝါ-ထိုသို့ ထင်လာခြင်း
ကြောင့်၊ [ပရံ – ရှိသည်မှာအပို] ဘဝင်္ဂစလနမနောဒွါရာဝဇ္ဇန
ဇဝနာဝသာနေ – ဘဝင်္ဂစလန၊ မနောဒွါရာဝဇ္ဇန်း၊ ဇောတို့၏
အဆုံး၌၊ တဒါရမဏပါကာနိ – တဒါရုံ ဝိပါက်စိတ် တို့သည်၊
ပဝတ္တန္တိ - ဖြစ်ကုန်၏။ တတော-ထို တဒါရုံမှ၊ ပရံ-နောက်၌၊
ဘဝင်္ဂပါတော-သည်၊ ( ဟောတိ-၏။ )
ကာမဇော၊ မနောဒွါရဝီထိ။ ။ ကာမဇောစောသော စိတ်ဖြစ်လှည့်
အကြိမ်ကို ကာမဇောဝါရ'ဟု ခေါ်သည်၊ နောက်၌ “အပ္ပနာဇောဝါရ”ဟု
လာလိမ့်ဦးလတ္တံ့။
ယဒိ ဝိဘူတံ အာရမ္မဏံ' မနောဒွါရဟူသည် ဘဝင်စိတ်တည်း၊ ထို မနော
ဒွါရဘဝင်၌ ထင်လာသော အာရုံကား ( ပဉ္စဒွါရကဲ့သို့ ရူပါရုံစသော အာရုံ
ငါးပါးသာ မက ) စိတ် စေတသိက် ရုပ်အားလုံးနှင့် နိဗ္ဗာန်ပညတ်များပင်
ထင်လာနိုင်၏၊ ထိုအာရုံ အားလုံးကို ၁-ထင်ထင်ရှားရှား ထင်လာသော
ဝိဘူတအာရုံတမျိုး ၂-မထင်မရှား မသိမသာ ထင်လာသော အဝိဘူတ
အာရုံတမျိုးဟု ၂ မျိုးခွဲပြီးလျှင် ဤနေရာ၌ ဝိဘူတအာရုံထင်လာပြီဆိုပါတော့
ဟူလို။
ဘဝင်္ဂစလန၊ ပေ၊ ပါကာနိ ပဝတ္တန္တိ' ဤမနောဒွါရ၌ လွန်ပြီးသော
အတိတ် ရုပ်တရား၊ မဖြစ်သေးသော အနာဂတ် ရုပ်တရား၊ စိတ္တက္ခဏ
၁ ချက်မျှ အသက်ရှိသော စိတ် စေတသိက်၊ ထင်ရှားမရှိသော ပညတ်နှင့်
နိဗ္ဗာန်များပင် ထင်လာနိုင်ရကား ဥပါဒ်ပြီးနောက် စိတ္တက္ခဏ ဘယ်လောက်
လွန်မှ ထင်လာသည် ဟု မဆိုထိုက်၊ ထို့ကြောင့် ထို အာရုံများနှင့် စပ်၍
“အတီတဘဝင်” မရအပ်ပြီ။
ပစ္စုပ္ပန်ရုပ်အချို့ အတွက်ကား စိတ္တက္ခဏမည်မျှလွန်မှ ထင်လာသည် ဟု
ဆိုထိုက်ပေ၏၊ ထို အာရုံမျိုးနှင့် စပ်၍ အတီတဘဝင် ရအပ်၏၊ သို့သော်
ထိုရုပ်အာရုံများအတွက် ဤ ကျဉ်းမြောင်းလှသော သင်္ဂြိုဟ် ကျမ်းကလေး၌
ကျမ်းဆရာ အထူး မမြွက်ဘဲ ဘဝင်္ဂစလနက စ၍ ဝီထိစဉ်ကို ပြပေသည်။
[ထိုအာရုံများ ထင်ပုံနှင့်ဝီထိအကျယ်ကို ဘာသာဋီကာ၌ရှု။]
[ဆောင်] စိတ် စေတသိက်၊ ရုပ် – တိတ် – နာ ဂတ်၊ ပညတ် – နိဗ္ဗာန်၊
ထင်လာမှန်လျှင်၊ ဘဝင်တီတ၊ ချဘွယ်မဟုတ်၊ ပစ္စုပ်ရုပ်သာ
ထင်သောခါဝယ်၊ လျော်စွာနှိုင်းညှိ၊ ချခွင့်ရှိသည်၊ ယုတ္တိယုတ္တာ
စမ်းလေလော။
ဝိဘူတာရုံဝီထိ ဆိုရိုး။ ။ ထင်ရှားသော အာရုံတပါးပါးသည် မနော
ဒွါရ၌ ထင်လာသည်ရှိသော် ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ မနောဒွါရာဝဇ္ဇန်း
ဇော ၇ကြိမ် တဒါရုံ ၂ ကြိမ်ဖြစ်ပြီးလျှင် ထို့နောက် ဘဝင်ဖြစ်ထိုက်သမျှဖြစ်၏။
အဝိဘူတာရုံဝီထိဆိုရိုး။ ။ မထင်ရှားသော အာရုံ တပါးပါးသည်
မနောဒွါရ၌ ထင်လာသည်ရှိသော် ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ မနောဒွါရာ
ဝဇ္ဇန်း ဇောခုနစ်ကြိမ် ဖြစ်ပြီးလျှင် ထိုနောက် ဘဝင်ဖြစ်ထိုက်သမျှ ဖြစ်၏။
## Trang 112
ဝီထိ စိတ် သရုပ် ဧတ္ထ-ဤ ကာမဇောမနောဒွါရ၌၊ ဝီထိစိတ္တာနိ-
ရေတွက်ခြင်း တို့ကို၊ တီဏေဝ - သုံးပါးတို့ဟူ၍ သာလျှင်၊
ဝုတ္တာ-ဆိုအပ်ကုန်၏။ စိတ္တုပ္ပါဒါ-စိတ်တို့၏ဖြစ်ခြင်းအားဖြင့်၊
ဒသ-ဆယ်ပါးတို့ဟူ၍၊ ဝုတ္တံ-ဆိုအပ်၏၊ ဝိတ္ထာရေန ပန-အကျယ်
အားဖြင့်ကား၊ ဧကစတ္တာလီသ – လေးဆယ့်တပါးဟူ၍၊ ဝိဘာ
ဝယေ-ထင်စွာပြရာ၏။
အယံ-ဤဆိုအပ်ပြီးသောစကားသည်၊ ဧတ္ထ-ဤဝီထိသင်္ဂဟ
အရာ၌၊ ပရိတ္တဇဝနဝါရော−ကာမဇောဝါရတည်း။
ဝီထိစိတ် သရုပ် ရေတွက်ခြင်း
ဝီထိစိတ္တာနိ တီဏေဝ' မနောဒွါရာဝဇ္ဇန်း-ဇော-တဒါရုံအားဖြင့် ဝီထိစိတ်
အမျိုးအစား ၃ မျိုးသာ ရှိ၏။
စိတ္တုပ္ပါဒါ ဒသ' စိတ်အကြိမ် အားဖြင့်ကား ဇောက ခုနစ်ကြိမ်၊
တဒါရုံက နှစ်ကြိမ် ဥပါဒ် သောကြောင့် စိတ်တို့၏ ဥပါဒ်ချက် အားဖြင့် ရေ
တွက်လျှင် မနောဒွါရာဝဇ္ဇန်း၊ ဇော ၇ ကြိမ်၊ တဒါရုံ ၂ ကြိမ်၊ ပေါင်း ၁ဝ ကြိမ်
ဖြစ်၏။
ဝိတ္ထာရေန ဧကစတ္တာလီသ' ကာမဇော၏ အလှည့်အကြိမ်ကိုပြဆိုရာ
ကာမဇောဝါရ ဖြစ်၍ အပ္ပနာဇောများနှင့်လည်း မဆိုင်သေး၊ ကာမစိတ်
တွင် ပဉ္စဒွါရ၌ သတ်သတ် ဖြစ်သော ဒွေးပဉ္စဝိညာဏ် ၁၀ မနောဓာတ် ၃
တို့ကိုလည်း မရအပ်သောကြောင့်၊ အကျယ်အားဖြင့် ကြွင်းသော ကာမစိတ်
၄၁ သာတည်း၊ ၎င်း ၄၁ ပါးတည်းက ထိုက်သည့်အားလျော်စွာဖြစ်ရမည်
ဟူလို။
ဝိဘူတာရုံ ဝီထိ ပုံ
"$ 9 è C è è è è C è တ"
၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀
အဝိဘူတာရုံ ဝီထိပုံ
"$ 9 è è @ C è è è è"
၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀
လေ့ကျင့်ခန်း မေးခွန်းများ
က။ မနောဒွါရ၌ အဘယ်တရားများ ထင်လာနိုင်သနည်း။
ခ။ စိတ် စေတသိက် ပညတ် နိဗ္ဗာန်နှင့် အတိတ် အနာဂတ် ရုပ်တရားကို
အာရုံပြု၍ ဝီထိဖြစ်ရာ၌ အတီတဘဝင် ကျထိုက်သေးသလား။
ဂ။ အတီတဘဝင် ကျထိုက်သော မနောဒွါရဝီထိ၏ အာရုံကား အဘယ်
နည်း၊ လင်္ကာထောက်ပါ။
ဃ။ သင်္ဂြိုဟ် အထောက်နှင့်တကွ ဝိဘူတာရုံဝီထိ ဆိုရိုးကို ပြပါ။
င။ သင်္ဂြိုဟ် အထောက်နှင့်တကွ အဝိဘူတာရုံဝီထိ ဆိုရိုးကို ပြပါ။
စ။ သင်္ဂဟဂါထာကို အနက်ပေး၍ “ဝီထိစိတ္တာနိ တီဏေဝ” အရကို ပြပါ။
ဆ။ စိတ္တုပ္ပါဒါ ဒသ-ဝိတ္ထာရေန ဧကစတ္တာလီသ အရတို့ကို ကောက်ပါ။
ကာမဇောဝီထိများ
## Trang 113
၁။ ပန … အတ္ထိ တပါးကား၊ အပ္ပနာဇဝန
အပ္ပနာဇောဝီထိ
ဝါရေ-အပ္ပနာဇောဝါရ၌၊ ဝိဘူတာ ဝိဘူတ
ဘေဒေါ-ဝိဘူတာရုံ၊ အဝိဘူတာရုံဟု ကွဲပြားခြင်းသည်၊ နတ္ထိ-
မရှိ၊ တဒါရမဏုပ္ပါဒေါစ - တဒါရုံတို့၏ ဖြစ်ခြင်းသည်လည်း၊
တထာ-ထို့ အတူပင်တည်း၊ (မရှိဟူလို။)
၂။ ဟိ-ချဲ့ဦးအံ့၊ တတ္ထ - ထို အပ္ပနာဇောဝါရ၌၊ အဋ္ဌ-
၈ ပါးကုန်သော၊ ဉာဏသမ္ပယုတ္တကာမာဝစရ ဇဝနာနံ-ဉာဏ
အပ္ပနာဇောဝီထိ။ ။ မဟဂ္ဂုတ်လောကုတ္တရဇော ၂၆ ကို အပ္ပနာဇော
ဟု ခေါ်၏။ ထိုအပ္ပနာဇော စောသောစိတ် ဖြစ်လှည့်အကြိမ်ကို အပ္ပနာဇော
ဝါရဟု ခေါ်သည်၊ ဤစကားအရ မနောဒွါရဝီထိ၌ ကာမဇောဝါရ အပ္ပနာ
ဇောဝါရ ဟု ၂ မျိုး ရှိကြောင်း သိရာ၏။
၁။ ဝိဘူတာ ဝိဘူတဘေဒေါ နတ္ထိ။ ။ ဈာန် မဂ် ဖိုလ်ကို ရဘို့ရာ
ကသိုဏ်းစသော အာရုံကို မှန်း၍ ကမ္မဋ္ဌာန်း စီးဖြန်းသည့်အခါ ထို ကသိုဏ်း
စသော အာရုံများ အလွန်ထင်ရှားစွာ ထင်ပေါ်လာမှသာ ဈာန်စသည်ကို
ရနိုင်ကြသည်၊ ထို့ကြောင့် ဈာန်ဇော မဂ်ဇော ဖိုလ်ဇော စောရာ အပ္ပနာ
ဝီထိ၏ အာရုံမှန်လျှင် ထင်ရှားသော – ဝိဘူတာရုံ တမျိုးသာ ဖြစ်ရမည်၊
အဝိဘူတာရုံ ဟူ၍ မရှိစကောင်း၊ “ဝိဘူတာ ဝိဘူတဘေဒေါ နတ္ထိ”ဆိုသော
ကြောင့် ၂ မျိုးလုံး မရှိဟု မမှတ်လင့်၊ ထို ၂ မျိုး ကွဲပြားမှုသာ မရှိသည်
ဝိဘူတာရုံတမျိုးကား ရှိပေသည်သာ။
တထာ တဒါရမဏုပ္ပါဒေါစ' “ကာမေ ဇဝနသတ္တာ လမ္ဗနာနံ နိယမေ
သတိ” စသည်ဖြင့် လာလတ္တံ့အတိုင်း ကာမဇောနောက်၌သာ တဒါရုံ ကျနိုင်
ရကား ဤ အပ္ပနာဇောဝီထိ၌ တဒါရုံဖြစ်ခြင်းလည်း မရှိ။
သမ္ပယုတ် ကာမာဝစရဇောတို့တွင်၊ အညတရသ္မိံ – အမှတ်
မထား၊ တပါးပါးသောဇောသည်၊ ပရိကမ္မောပစာရာ နုလောမ
ဂေါတြဘုနာမေန' ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘု ဟူသော
နာမည်ဖြင့်၊ စတုတ္ထံ ဧဝ ဝါ – လေးကြိမ်သာလျှင်သော်၎င်း၊
တိက္ခတ္တုံ ဧဝ ဝါ - သုံးကြိမ်သာလျှင်သော်၎င်း၊ ယထာက္ကမံ-
၂။ တတ္ထ ဟိ၊ ပေ၊ အပ္ပနာဝီထိ ဩတရတိ--ဤစကားကား အပ္ပနာ
ဝီထိ ကျပုံကို အကျယ် ပြသော စကားတည်း၊ ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ
မနောဒွါရာဝဇ္ဇန်းတို့ကား ကာမဇောဝါရအတိုင်းဖြစ်၍ မထူးပြီ။
ဉာဏသမ္ပယုတ္တ၊ ပေ၊ အညတရသ္မိံ - ကမ္မဋ္ဌာန်း ပေါက်လုခါနီး၌
ဖြစ်သော မဟာကုသိုလ်၊ သို့မဟုတ် မဟာကြိယာစိတ်များသည် ဉာဏ်နှင့်
ယှဉ်သော စိတ်များသာ ဖြစ်ထိုက်သည်၊ ထို့ကြောင့် မနောဒွါရာဝဇ္ဇန်း၏
အခြားမဲ့၌ မဟာကုသိုလ် မဟာကြိယာ ဉာဏသမ္ပယုတ်ဇော ၈ ပါးတွင်
တပါးပါးသော ဇောသည့် စော၏။
ပရိကမ္မောပစာရာ၊ ပေ၊ တိက္ခတ္တုံ ဧဝ ဝါ--ထိုသို့စောရာ၌ ၄ ကြိမ်
သာလျှင်သော်လည်း စောခွင့် ရှိ၏၊ (ဧဝ သဒ္ဒါဖြင့် ၄ ကြိမ်ထက် မလွန်ရဟု
ကန့်။) ထို ၄ ကြိမ် စောရာ၌ ၎င်း ဇောတို့ နာမည်ကား “၁-ပရိကမ်၊
၂-ဥပစာရ၊ ၃-အနုလုံ၊ ၄-ဂေါတြဘု” ဟူသည်တည်း၊ ၃ ကြိမ်သာလျှင်
သော်လည်း စောခွင့်ရှိ၏။ (ဧဝ သဒ္ဒါဖြင့် ၃ ကြိမ်အောက် မယုတ်ရဟု ကန့်။)
ထို ၃ ကြိမ်စောရာ၌ ပရိကမ် အမည်ကို ချန်ထား၊ [ ဤ ပရိကမ် စသော
ဇောများကို “ဥပစာရ သမာဓိဇာ”ဟု ခေါ်၏၊ ဥပစာရဈာန် မဂ်ဖိုလ်
တို့၏ အနီး ဥပစာ၌ ဖြစ်သော+သမာဓိ=တည်ကြည်သော ဇောများ။]
ယောဂီသည် မန္တပညပုဂ္ဂိုလ်၊ တိက္ခပညပုဂ္ဂိုလ် ဟု ၂ မျိုးရှိ၏၊ မန္တ =
နုံ့သော၊ ညံ့သော--ပည=ပညာရှိသူ။ တိက္ခပည=ထက်မြက်သော ပညာ
ရှိသူ။ မန္တပညပုဂ္ဂိုလ်၌ အသိဉာဏ် နုံ့နှေးရကား ယခင် ဥပစာရ သမာဓိ
ဇောများ ၄ ကြိမ်တိုင်အောင် စောမှ ကိစ္စပြီး၏၊ တိက္ခပညပုဂ္ဂိုလ်၌ အသိ
ဉာဏ် လျင်မြန်ရကား ယခင်ဇောများ ၃ကြိမ်စောရုံမျှဖြင့် ကိစ္စပြီး၏၊ “ဈာန်-
မဂ်-ဖိုလ် များကို ရ၏” ဟူလို။
## Trang 114
အကြင်အကြင်အစဉ်ရှိတိုင်း၊ ဥပ္ပဇ္ဇိတွာ-ဖြစ်ပြီး၍၊ နိရုဒ္ဓေ-ချုပ်
သည်ရှိသော်၊ အနန္တရမေဝ-ချုပ်သည်၏ အခြားမဲ့၌သာလျှင်၊
ယထာရဟံ-တိက္ခမန္ဒ၊ ပုဂ္ဂိုလ်အလိုက်၊ ထိုက်သည်အားလျော်
စွာ၊ စတုတ္ထံ ဝါ-၄ ကြိမ်မြောက်သော်၎င်း၊ ပဉ္စမံ ဝါ- ၅ ကြိမ်
မြောက်သော်၎င်း၊ ဆဗ္ဗီသတိ မဟဂ္ဂတ လောကုတ္တရ ဇဝနေသု-
နှစ်ဆယ့်ခြောက်ပါးသော မဟဂ္ဂုတ် လောကုတ္တရာ ဇောတို့တွင်၊
ယထာဘိနီဟာရဝသေန - အကြင်အကြင် သမထ ဝိပဿနာ
ဘာဝနာစိတ်ကို ရှေးရှုဆောင်ခြင်း၏အစွမ်းဖြင့်၊ ယံကိဉ္စိ'တစုံ
ယထာရဟံ စတုတ္ထံ ဝါ ပဉ္စမံ ဝါ ယံ ကိဉ္စိ ဇဝနံ' မန္တပညပုဂ္ဂိုလ်သန္တာန်၌
ဥပစာရသမာဓိဇော ၄ ကြိမ်စောပြီးနောက် ၅ ကြိမ်မြောက်ဝယ် အပ္ပနာဇော
စော၏။ တိက္ခပညပုဂ္ဂိုလ်သန္တာန်၌ ၄ ကြိမ်မြောက်ဝယ် အပ္ပနာဇောစော၏၊
ထို့ကြောင့် “ယထာရဟံ” ဟု ဆိုသည်။
ဆဗ္ဗီသတိ၊ ပေ၊ ယထာဘိနီဟာရ ဝသေန' [ကသိုဏ်းစသော သမထ
ကမ္မဋ္ဌာန်းကို အားထုတ်လျှင် ဈာန်ရ၏၊ အနိစ္စ ဒုက္ခ စသော ဝိပဿနာကို
အားထုတ်လျှင် မဂ် ဖိုလ် ရ၏။] ဈာန်ရအောင် အားထုတ်သူသည် မိမိ၏
သမထ ဘာဝနာစိတ်ကို ဈာန်သို့ရောက်အောင် ရှေးရှုဆောင်၏၊ မဂ်ရအောင်
အားထုတ်သူကလည်း မိမိ၏ ဝိပဿနာ ဘာဝနာစိတ်ကို မဂ်ဖိုလ် ရောက်
အောင် ရှေးရှုဆောင်၏၊ ဤသို့ မိမိ၏စိတ်ကို ရှေးရှုဆောင်ခြင်းကို “ယထာဘိ
နီဟာရ” ဟု ဆိုသည်၊ [ အဘိ=ရှေးရှု+ နီဟာရ=ဆောင်ခြင်း။ ] ဤသို့
တခုသော၊ ဇဝနံ−ဇောသည်၊ အပ္ပနာန္တိ – အပ္ပနာအစဉ်သို့၊
ဩတရတိ – သက်ရောက်၏၊ တတော – ထို အပ္ပနာန္တိသို့
သက်ရောက်အခါမှ၊ ပရံ − နောက်၌၊ အပ္ပနာဇဝနာဝသာနေ−အပ္ပနာဇော၏
အဆုံး၌၊ ဘဝင်္ဂပါတောဝ - လျှင်၊ ဟောတိ-၏။
ယထာဘိနီဟာရ၏ အစွမ်းဖြင့် ၂၆ ပါးသော အပ္ပနာဇောတွင် ၁ ပါးပါး
သည် အပ္ပနာအစဉ်သို့ ရောက်၏၊ – အပ္ပနာဇော စောသည် — ဟူလို၊ ပဌမ
ဈာန်သို့ ရှေးရှု ဆောင်လျှင် ပဌမဈာန်ဇော စောမည်၊ ဒုတိယ ဈာန်သို့ ရှေးရှု
ဆောင်လျှင် ဒုတိယဈာန်ဇော စောမည်၊ စသည်ဖြင့် သိလေ။
အစဆုံးရသော ဈာန ဝီထိ ဖြစ်ပုံကား— ပထဝီကသိုဏ်း စသည်ကို
စီးဖြန်းဘန်များသဖြင့် ဈာန် ရလုလတ်၍ ပထဝီကသိုဏ်း ပညတ် စသော အာရုံ
တခုခုသည် မနောဒွါရ၌ ထင်လာသည် ရှိသော် ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ
မနောဒွါရာဝဇ္ဇန်း မန္တပည ပုဂ္ဂိုလ်၌ ပရိကမ် ဥပစာ အနုလုံ ဂေါတြဘု ဟု
ဥပစာရသမာဓိဇော ၄ ကြိမ်၊ တိက္ခပညပုဂ္ဂိုလ်၌ ဥပစာ အနုလုံ ဂေါတြဘု ဟု
သုံးကြိမ်၊ ထို့နောက် အပ္ပနာသမာဓိဇော တကြိမ်အကျတွင် ဝီထိစဉ် ပြတ်၍
ဘဝင် ဖြစ်ထိုက်သမျှ ဖြစ်သတည်း။
မန္တပည ပုဂ္ဂိုလ်၏ အစဆုံး ရအပ်သော
ဈာနဝီထိပုံ
ဘ
000 000 000 000 000 000 000
ဂေါ ဈ ဘ
000
000 000
[တိက္ခပညပုဂ္ဂိုလ်၏ ဝီထိ၌ ပရိကံ မပါခြင်းသာ ထူး၏၊ ပ = ပရိကံ၊
ဥ = ဥပစာ၊ န = အနုလုံ၊ ဂေါ = ဂေါတြဘု၊ ဈ = ဈာန်။]
## Trang 115
စဉ်းစား ဖွင့်ဆိုပိုင်း
၃။ တတ္ထ - ထိုအပ္ပနာဇောဝါရ၌၊ သောမနဿသဟဂတဇဝနာနန္တရံ - သောမနဿသဟဂုတ်ဇော၏ အခြားမဲ့၌၊ အပ္ပနာပိ - အပ္ပနာဇောကိုလည်း၊ သောမနဿသဟဂတာဝ - သောမနဿ သဟဂုတ် အပ္ပနာဇောကိုသာလျှင်၊ ပါဋိင်္ခိတဗ္ဗာ - အလိုရှိအပ်၏။ ဥပေက္ခာသဟဂတ ဇဝနာနန္တရံ - ဥပေက္ခာ သဟဂုတ်ဇော၏ အခြားမဲ့၌၊ (အပ္ပနာပိ -'ကိုလည်း) ဥပေက္ခာသဟဂတာဝ - ဥပေက္ခာသဟဂုတ် အပ္ပနာဇောကိုသာလျှင်၊ ပါဋိင်္ခိတဗ္ဗာ - ၏။
၃။ တတ္ထ သောမနဿ၊ ပေ၊ ဥပေက္ခာသဟဂတာဝ - ဤစကားကား အပ္ပနာဇောဝီထိ၌ ဥပစာရသမာဓိဇောခေါ် ကာမဇောနှင့် အပ္ပနာသမာဓိ ဇောများသည် သောမနဿသဟဂုတ်ချင်း ဥပေက္ခာသဟဂုတ်ချင်း ဖြစ်သော ဝေဒနာ တူရမည် ဟု ပြသော စကားတည်း။
သောမနဿ၊ ပေ၊ သောမနဿသဟဂတာဝ' မဟာကုသိုလ် ကြိယာသောမနဿသဟဂုတ် ဉာဏသမ္ပယုတ်ဇော ၄ ပါးတွင် ၁ ပါးပါးသော ဇော နောင် မဟဂ္ဂုတ် သောမနဿသဟဂုတ်ဇော ၁၀၊ မဂ်ဖိုလ်သောမနဿ သဟဂုတ်ဇော ၃၂၊ ပေါင်း ၄၀ တွင် တပါးပါး စောနိုင်၏။ [ဤစကားအရ “ဒွတ္တိံသ သုခပုညမ္ဘာ၊ သုခိတကြိယတော အဋ္ဌ”ဟု ဂါထာ၌ဖြစ်လတ္တံ့။]
ဥပေက္ခာသဟဂတ၊ ပေ၊ ဥပေက္ခာသဟဂတာဝ — မဟာကုသိုလ် ကြိယာ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ်ဇော ၄ ပါးတွင် တပါးပါးသော ဇောနောင် မဟဂ္ဂုတ် ဥပေက္ခာသဟဂုတ်ဇော ၁၀၊ မဂ်ဖိုလ် ဥပေက္ခာသဟဂုတ်ဇော (ပဉ္စမဈာန်) ၈၊ ပေါင်း ၁၈၊ တွင် တပါးပါးစောနိုင်၏။ [ဤစကားအရ “ဒွါဒသောပေက္ခကာပရံ၊ ဆ သမ္ဘောန္တိ ဥပေက္ခကာ” ဟု ဖြစ်လတ္တံ့။]
၄။ တထာပိ - ထိုတူသောဝေဒနာရှိသောဇောဝါရ၌လည်း၊ ကုသလဇဝနာနန္တရံ - မဟာကုသိုလ် ဉာဏသမ္ပယုတ် ဇော ၄ ခုတို့၏ အခြားမဲ့၌၊ ကုသလဇဝနာဝ - မဟဂ္ဂုတ်လောကုတ္တရာ ကုသိုလ်ဇောသည်၎င်း၊ ဟေဋ္ဌိမံ - အောက်ခံဖြစ်သော၊ ဖလတ္တယဉ္စ - ဖိုလ်ဇော ၃ ခု အပေါင်းသည်၎င်း၊ အပ္ပနာတိ - အပ္ပနာ ဖြစ်၏။ ကြိယဇဝနာနန္တရံ − မဟာကြိယာ ဉာဏသမ္ပယုတ် ဇော ၄ ခု၏အခြားမဲ့၌၊ ကြိယဇဝနာဝ - မဟဂ္ဂုတ်ကြိယာဇော သည်၎င်း၊ အရဟတ္တဖလဉ္စ - အရဟတ္တဖိုလ်ဇော သည်၎င်း၊ အပ္ပနာတိ - အပ္ပနာဖြစ်၏၊ ဣတိ - ဤသို့ မှတ်အပ်၏။
၄။ တထာပိ ကုသလ၊ ပေ၊ အရဟတ္တဖလဉ္စ' ဤစကားကား ကုသိုလ် ကာမဇောနောင် စောထိုက်သော အပ္ပနာဇော၊ ကြိယာ ကာမဇောနောင် စောထိုက်သော အပ္ပနာဇောတို့ကို ခွဲပြသော စကားတည်း။
ကုသလဇဝနာ၊ ပေ၊ ဖလတ္တယ မဂ္ဂေတိ— မဟာကုသိုလ် ဉာဏသမ္ပ ယုတ်ဇော ၄ ပါးတွင် တပါးပါးနောင် မဟဂ္ဂုတ် လောကုတ္တရာ ကုသိုလ်ဇော ၂၉၊ (အရဟတ္တဖိုလ်ကြဉ်)အောက်ဖိုလ်ဇော ၁၅၊ ပေါင်း ၄၄ ပါးတွင် တပါးပါး စောနိုင်၏။ သို့သော် ဝေဒနာချင်းကား ဖြစ်နောက် တူရလိမ့်မည်။ [ဤစကားအရ “ပုထုဇ္ဇနာနံ သေက္ခာနံ၊ ကာမပုညတိဟေတုတော” ဟု ဂါထာ၌ လာလတ္တံ့။]
ကြိယဇဝနာနန္တရံ၊ ပေ၊ အရဟတ္တဖလဉ္စ—— မဟာကြိယာ ဉာဏသမ္ပ ယုတ်ဇော ၄ ပါးတွင် တပါးပါးနောင် မဟဂ္ဂုတ်ကြိယာဇော ၉၊ အရဟတ္တ ဖိုလ်ဇော ၅၊ ပေါင်း ၁၄ ပါးတွင် တပါးပါး စောနိုင်၏။ သို့သော် ဝေဒနာ ချင်းကား ဖြစ်နောက် တူရလိမ့်မည်။ [ ဤစကား အရ – “တိဟေတုကာမ ကြိယာတော၊ ဝိတရာဂါန မပ္ပနာ” ဟု ဂါထာ၌ လာလတ္တံ့။ ]
## Trang 116
သင်္ဂဟ
၅။ သုခပုညမှ − သောမနဿသဟဂုတ် မဟာ
ကုသိုလ် ဉာဏသမ္ပယုတ်ဇောနှစ်ခုမှ၊ ပရံ−နောင်၌၊
ဒွတ္တိံသ - သုံးဆဲ့နှုစ်ပါးသော အပ္ပနာဇောသည်၊ သမ္ဘောန္တိ -
ဖြစ်၏၊ ဥပေက္ခကာ-ဥပေက္ခာသဟဂုတ် မဟာကုသိုလ်ဉာဏ
သမ္ပယုတ်ဇောနှစ်ခုမှ၊ ပရံ−နောင်၌၊ ဒွါဒသ-တဆဲ့နှစ်ပါးသော
အပ္ပနာဇောတို့သည်၊ သမ္ဘောန္တိ - ဖြစ်ကုန်၏၊ သုခိတကြိယ
တော-သောမနဿသဟဂုတ် မဟာကြိယာ ဉာဏသမ္ပယုတ်
ဇော ၂ ခုမှ၊ ပရံ-၌၊ အဋ္ဌ-ရှစ်ပါးသော အပ္ပနာဇောတို့သည်၊
သမ္ဘောန္တိ - ဖြစ်၏၊ ဥပေက္ခကာ – ဥပေက္ခာသဟဂုတ် မဟာ
ကြိယာဉာဏသမ္ပယုတ်ဇောနှစ်ခုမှ၊ ပရံ-၌၊ ဆ-ခြောက်ပါးသော
အပ္ပနာဇောတို့သည်၊ သမ္ဘောန္တိ-ဖြစ်၏။
၅။ သင်္ဂဟဂါထာ။ ။ဤ ဂါထာတို့ကား "တတ္ထသောမနဿ သဟ
ဂတဇဝနာနန္တရံ ၊ ပေ ၊ အရဟတ္တဖလဋာတိ " ဟူသော အကျယ် ပါဠိကို
အကျဉ်းချုပ်ပြသော သင်္ဂဟဂါထာတို့တည်း။
ဒွတ္တိ'သသုခပုညမှာ … မဟာကုသိုလ် သောမနဿသဟဂုတ် ဉာဏ
သမ္ပယုတ်ဇော ၂ ခု နောင် မဟဂ္ဂုတ်ကုသိုလ် သောမနဿဇော ၄၊ မဂ်
သောမနဿဇော ၁၆၊ အောက်ဖိုလ် ၃ ခု၏ သောမနဿဇော ၁၂၊ ပေါင်း
၃၂ ပါးဖြစ်၏။ "သောမနဿသဟဂတ ဇဝနာနန္တရံ အပ္ပနာပိ သောမနဿ
သဟဂတာဝ၊ ကုသလဇဝနာနန္တရံ ကုသလဇဝနဗ္ဗေဝ ဟေဋ္ဌိမဉ္စ ဖလတ္တယ
မပွေတိ" ကို ထောက်။
ဒွါဒသောပေက္ခာကာပရံ'မဟာကုသိုလ် ဥပေက္ခာသဟဂုတ် ဉာဏ
သမ္ပယုတ်ဇော ၂ ခု နောင် မဟဂ္ဂုတ်ကုသိုလ် ဥပေက္ခာဇော ၅၊ မဂ်ဥပေက္ခာ
ဇော ၄၊ အောက်ဖိုလ် ၃ ခု၏ ဥပေက္ခာဇော ၃၊ ပေါင်း ၁၂ ဖြစ်၏။ "ဥပေက္ခာ
သဟဂတ ဇဝနာနန္တရံ ဥပေက္ခာ သဟဂတာဝနှင့် ကုသလ ဇဝနာနန္တရံ"
စသည်ကို ထောက်။
သုခိတကြိယတောအဋ္ဌ'မဟာကြိယာ သောမနဿသဟဂုတ် ဉာဏ
သမ္ပယုတ်ဇော ၂ ခုနောင် မဟဂ္ဂုတ်ကြိယာ သောမနဿ ဇော ၄၊ အရဟတ္တ
ဖိုလ် သောမနဿသဟဂုတ် ဇော ၅၊ ပေါင်း ၈ ပါးတည်း၊ – ကြိယဇဝနာ
နန္တရံ၊ ကြိယဇဝနံ အရဟတ္တဖလဉ္ဇနှင့် သောမနဿသဟဂတ ဇဝနာနန္တရံ"
စသည်ကို ထောက်။
ဆသမ္ဘောန္တိ ဥပေက္ခကာ'—မဟာကြိယာ ဥပေက္ခာသဟဂုတ် ဉာဏ
သမ္ပယုတ်ဇော ၂ ခု နောင် မဟဂ္ဂုတ်ကြိယာ ဥပေက္ခာ သဟဂုတ်ဇော ၅၊
အရဟတ္တဖိုလ် ပဉ္စမဈာန် ၁၊ ပေါင်း ၆ ပါးတည်း၊ "ကြိယဇဝနာနန္တရံ" စသည်နှင့်
"ဥပေက္ခာသဟဂတဇဝနာနန္တရံ" စသည်ကို ထောက်။
၆။ ပုထုဇ္ဇနာနံ–တိဟိတ်ပုထုဇန်ပုဂ္ဂိုလ်တို့၏၎င်း၊ သေက္ခာ
နံ - အောက် ဖလဋ္ဌပုဂ္ဂိုလ် သုံးယောက်တို့၏၎င်း၊ ကာမပည
တိဟေတုတော – တိဟိတ် ကာမကုသိုလ် ၄ ခုမှ၊ [ကုသိုလ်
ဉာဏသမ္ပယုတ်-၄၊ ]ပရံ- ၌ စတုစတ္တာလီသ-၄၄ ပါးသော၊
အပ္ပနာ – အပ္ပနာဇောတို့သည်၊ *သမ္ဘောန္တိ* - ဖြစ်ကုန်၏၊ *ပိတ
ရာဂါနံ*-ရဟန္တာပုဂ္ဂိုလ်တို့၏၊ *တိဟေတုကာမကြိယတော*–
တိဟိတ် ကာမကြိယာ လေးခုမှ၊ [မဟာကြိယာ ဉာဏသမ္ပ
ယုတ်-၄၊] ပရံ-၌၊ *စုဒ္ဒသ*-တဆဲ့လေးပါးကုန်သော အပ္ပနာ
ဇောတို့သည်၊ *သမ္ဘောန္တိ* - ဖြစ်၏၊ ( ရံလင်အောင် ထည့်စွက်၍
ပေးသည်။ )
အယံ - ဤ ဆိုအပ်ပြီးသော စကားသည်၊ ဧတ္ထ - ဤ ထိ
သင်္ဂဟ၌၊ *မနောဒွါရေ* - မနောဒွါရ၌၊ *ဝီထိစိတ္တံ ပဝတ္တိနယော*-
ဝီထိစိတ်တို့၏ ဖြစ်ပုံနည်းတည်း။
၆။ *ပုထုဇ္ဇနာနံ၊ ပေ၊ တိဟေတုတော'*တိဟိတ်ပုထုဇန်နှင့် အောက်
ဖလဋ္ဌ သုံးယောက် သန္တာန်၌ တိဟိတ် ကာမကုသိုလ်စိတ် လေးခုသာ ပရိကမ်
ဥပစာ စသော ဥပစာရ သမာဓိဇောအဖြစ်ဖြင့် စောခွင့်ရှိ၏၊ ကြိယာဇော
စောခွင့်မရှိ၊ [မဂ္ဂဋ္ဌ ပုဂ္ဂိုလ်မှာ စိတ္တက္ခဏ တချက်ခန့်သာ ကြာသောကြောင့်
မဂ္ဂဋ္ဌပုဂ္ဂိုလ်သန္တာန်၌ ကာမကုသိုလ်များ ဖြစ်ခွင့်မရှိရကား *သေက္ခာနံ* အရ
ဖလဋ္ဌသေက္ခကိုသာ ယူ၊ ] *စတုစတ္တာလီသ'*အရ "တထာပိ ကုသလဇဝနာ
နန္တရံ" စသော ဝါကျ၌ ပြခဲ့ပြီ၊ ရွှေဂါထာလာ ဒွတ္တိံသနှင့် ဒွါဒသတ္တိ အရ
ပင်တည်း။
*တိဟေတုကာမကြိယတောဝိတရာဂါနံ*'ရဟန္တာသန္တာန်၌ တိဟိတ်
ကြိယာ လေးခုသာ ဥပစာရသမာဓိဇော အဖြစ်ဖြင့် စောခွင့်ရှိ၏။ ကုသိုလ်
ဇောများ စောခွင့်မရှိ၊ *စုဒ္ဒသ* – အရကို " *ကြိယဇဝနာနန္တရံ*" စသော
ဝါကျ၌ ပြခဲ့ပြီ၊ ရွှေဂါထာလာ အဋ္ဌနှင့် ဆ အရတည်း၊ ဤကား အကြမ်း
မျှသာ ဖြစ်သည်၊ ဤ ဂါထာအရ ပုဂ္ဂိုလ် တယောက် တယောက် အတွက်
အနုစိတ်၍လည်း ခွဲရာ၏၊ ခွဲဟန်ကို ဘာသာဋီကာမှာ ရှုလေ။
လေ့ကျင့်ခန်း မေးခွန်းများ
က။ အဘယ် ဇောများကို အပ္ပနာဇော ဟု ခေါ်သနည်း။
ခ ။ မနောဒွါရဝီထိ၌ ဇော ဘယ်နှစ်မျိုး ရှိသနည်း။
ဂ ။ ဝိဘူတာ ဝိဘူတဘေဒေါ နတ္ထိ – အရ နှစ်မျိုးလုံးပင် မရှိဟု မှတ်ရမည်
လော၊ ရှိလျှင် ထင်ရှားအောင် ပြပါ။
ဃ။ ပရိကမ် စသော ဇော ၄ ကြိမ်သည် အပ္ပနာဇောလော၊ ကာမဇော
လော၊ အဘယ့်ကြောင့် "ဥပစာရသမာဓိဇော" ခေါ်သနည်း။
င ။ စတုတ္ထက္ခဏံ တိက္ခဿ အရ ဖြစ်ရာ ပုဂ္ဂိုလ်ကို ခွဲခြား၍ ပြပါ။
စ ။ တိက္ခပည ပုဂ္ဂိုလ်၌ ဘယ်နှစ်ကြိမ်မြောက်မှာ အပ္ပနာဇော စော၍၊ မန္တ
ပညပုဂ္ဂိုလ်၌ ဘယ်နှစ်ကြိမ်မြောက်မှာ စောသနည်း။
ဆ။ အစဆုံးရသော ဈာနဝီထိဆိုရိုးကို ပြပါ။
ဇ ။ ထို ဝီထိ၌ ပရိကံစသော ဇောတို့က သောမနဿ ဝေဒနာနှင့်ယှဉ်လျှင်
အပ္ပနာဇော၌ ဘယ်ဝေဒနာနှင့် ယှဉ်မည်နည်း၊ သင်္ဂြိုဟ်ထောက်ပါ။
ျ။ မဟာကုသိုလ်ဇော ၄ ခုနောင် အပ္ပနာဇော မည်မျှ၊ မဟာကြိယာဇော
၄ ခု နောင် အပ္ပနာဇော မည်မျှ စောနိုင်သနည်း၊ သင်္ဂြိုဟ်ထောက်ပါ။
ည ။ ပဌမ သင်္ဂဟဂါထာကို အနက်ပေး၍ ဒွတ္တိံသ၊ ဒွါဒသ၊ အဋ္ဌ၊ ဆ အရ
တို့ကို ကောက်ပါ။
ဋ ။ ဒုတိယ သင်္ဂဟဂါထာကို အနက်ပေး၍၊ စတုစတ္တာလီသ အရ၊ စုဒ္ဒသ
အရတို့ကို ကောက်ပါ။
## Trang 118
၁။ ပန−အတ္ထိ တပါးကား၊ ဧတ္ထ-ဤ ပဉ္စဒွါရ မနောဒွါရ၌၊ သဒ္ဒါနေတွာ- [ အတိမဟန္တ၊ မဟန္တ စသော] အလုံးရံသောအပြားအားဖြင့်လည်း၊ အနိဋ္ဌေ- အနိဋ္ဌ ဖြစ်သော၊ အာရမ္မဏေ – အာရုံ၌၊ အကုသလ ဝိပါကာနေဝ-အကုသလဝိပါက်သာလျှင် ဖြစ်ကုန်သော၊ ပဉ္စဝိညာဏ သမ္ပဋိစ္ဆနသန္တီရဏ တဒါရမဏာနံ-ပဉ္စဝိညာဉ်သမ္ပဋိစ္ဆိုန်း သန္တီရဏ တဒါရုံတို့သည်၊ ဟောန္တိ−ဖြစ်၏။
၂။ ဣဋ္ဌေ-ဣဋ္ဌဖြစ်သော၊ အာရမ္မဏေ-အာရုံ၌၊ ကုသလ ဝိပါကာနိ (စုံ)-ကုသလဝိပါက်သာလျှင် ဖြစ်ကုန်သော၊ ပဉ္စ
တဒါရမဏနိယမော'"မည်သည့်ဇောနောက်၌ မည်သည့်တဒါရုံဖြစ်၏" ဟု တဒါရုံကို ပိုင်းခြား မှတ်သားမှုကို " တဒါရမဏနိယမ " ဟု ခေါ်သည်၊ တဒါရုံကို ပဓာနထား၍ ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုန်း သန္တီရဏတို့၏ နိယမ ကိုလည်း ဤအခဏ်း၌ ပိုင်းခြား သတ်မှတ် ပြလတ္တံ့။
၁။ အနိဋ္ဌအာရမ္မဏေ—-အလို မရှိထိုက်သော အာရုံကို – အနိဋ္ဌ " ဟု ခေါ်၏၊ အသေကောင်ပုတ် ကျင်ကြီး ကျင်ငယ် စသော မကောင်းသော အာရုံများတည်း၊ ထို အာရုံများကို ကျီး-လင်းတ-ခွေး စသော သတ္တဝါ တို့က အလိုရှိနေကြသော်လည်း စင်စစ် အလိုရှိခြင်းငှါ ထိုက်တန်သော အာရုံများ မဟုတ်ချေ။
'အကုသလဝိပါကာနေဝ'ထိုအနိဋ္ဌရုံများကို ရှေး အကုသိုလ်ကြောင့် တွေ့ကြရသည်ဖြစ်၍ ထို အနိဋ္ဌာရုံနှင့် တွေ့သောအခါ ဇောမှတပါး စက္ခု ဝိညာဏ် စသော ဝီထိစိတ်များသည့် အဟိတ် အကုသလဝိပါက် စိတ်ချည်း ဖြစ်ရမည်-ဟူလို။
ဝိညာဏ သမ္ပဋိစ္ဆန သန္တီရဏ တဒါရမဏာနိ – တို့သည်၊ ဟောန္တိ-ဖြစ်၏၊ ( စုံအောင် လိုက်ပေးသည်။ )
၃။ ပန−ကား၊ အတိဣဋ္ဌေ – အတိဣဋ္ဌဖြစ်သော၊ အာရမ္မဏေ-၌၊ သောမနဿသဟဂတာနေဝ – သောမနဿသဟ ဂုတ်သာလျှင် ဖြစ်ကုန်သော၊ သန္တီရဏ တဒါရမဏာနိ - တို့သည်၊ ဟောန္တိ-ဖြစ်၏။
၂။ ဣဋ္ဌ ဣဋ္ဌသည့် သာမန် အလိုရှိထိုက်သော ဣဋ္ဌမဇ္ဈတ္တ၊ အလွန် အလိုရှိထိုက်သော အတိဣဋ္ဌ၊ ဟု ၂ မျိုးရှိ၏၊ အတိဣဋ္ဌကို သီးခြားဆိုလတ္တံ့ ဖြစ်၍၊ ဤနေရာ၌ အလယ် အလတ်စားဖြစ်သော ဣဋ္ဌမဇ္ဈတ္တကိုယူ၊ သာမန် လောက်သာ လှပသော အဆင်း၊ သာမန်လောက်သာ ကောင်းသောအသံ၊ အနံ့၊ အရသာ၊ အတွေ့ စသည်များတည်း။
'ကုသလဝိပါကာနိ - ထို ဣဋ္ဌာရုံကို ရှေး ကုသိုလ်ကြောင့်သာ တွေ့ကြရသည်ဖြစ်၍ ထိုအာရုံနှင့် တွေ့သည့်အခါ ဇောမှ တပါးသော ဝီထိစိတ်များ မဟာဝိပါက်နှင့် အဟိတ်ကုသလဝိပါက် စိတ်တို့သာ ဖြစ်ကြ၏။
[နောက်အတိဣဋ္ဌ၌ သောမနဿ သန္တီရဏ တဒါရုံ ဟု ဆိုလတ္တံ့ ဖြစ်၍၊ ဣဋ္ဌမဇ္ဈတ္တာရုံ၌ သန္တီရဏ တဒါရုံတို့သည် ဥပေက္ခာသဟဂုတ် များသာ ဖြစ်ရမည် ဟု ဖွင့်ဆိုကြ၏။ ]
၃။ အတိဣဋ္ဌ၊ ပေ၊ တဒါရမဏာနိ ဘုရားရှင် စသော အာရုံ အလွန်ကောင်းသောအသံ စသည်ကို "အတိဣဋ္ဌ" ဟု ခေါ်သည်၊ ထို အတိ ဣဋ္ဌာရုံနှင့် တွေ့ကြုံသည့်အခါ သန္တီရဏနှင့် တဒါရုံတို့သည် သောမနဿ သဟဂုတ် ချည်းသာ ဖြစ်ရမည်၊ ပဉ္စဝိညာဏ်နှင့် သမ္ပဋိစ္ဆိုန်း စိတ်တို့ကား သောမနဿ မရှိ၍ ဣဋ္ဌမဇ္ဈတ္တာရုံတုန်းကနှင့် မထူးပြီ။
## Trang 119
၄။ တတ္ထာပိ-ထိုတဒါရုံတို့တွင်လည်း၊ သောမနဿသဟ
ဂတ ကြိယဇဝနာဝသာနေ −သောမနဿ သဟဂုတ် ကြိယာ
ဇော၏ အဆုံး၌၊ သောမနဿသဟဂတာနေဝ – သောမနဿ
သဟဂုတ်သာလျှင် ဖြစ်ကုန်သော၊ တဒါရမဏာနိ – တဒါရုံ
တို့သည်၊ ဘဝန္တိ-ဖြစ်ကုန်၏။
၅။ ဥပေက္ခာသဟဂတကြိယဇဝနာဝသာနေပိ -ဥပေက္ခာ
သဟဂုတ်ကြိယာဇော၏ အဆုံး၌လည်း၊ ဥပေက္ခာသဟဂတာ
နေဝ – ဥပေက္ခာသဟဂုတ်သာလျှင် ဖြစ်ကုန်သော၊ တဒါရမ
ဏာနိ-တို့သည်၊ ဟောန္တိ-ဖြစ်ကုန်၏။
၆။ ပန-ကား၊ ဒေါမနဿသဟဂတ ဇဝနာဝသာနေစ-
ဒေါမနဿသဟဂုတ်ဇော၏ အဆုံး၌သည်း၊ တဒါရမဏာနိ
စေဝ-တဒါရုံတို့သည်၎င်း၊ ဘဝင်္ဂါနိစ – ဘဝင်တို့သည်၎င်း၊
၄-၅။ တတ္ထာပိ သောမနဿ၊ ပေ၊ ဥပေက္ခာ သဟဂတာနေဝ
ကြိယာဇောတို့သည် ရဟန္တာသန္တာန်၌သာ ဖြစ်ရကား၊ အာရုံအား
လျော်စွာ အတိဣဋ္ဌာရုံနှင့်ကြုံလျှင် သောမနဿ ဇောစော၍၊ ဣဋ္ဌမဇ္ဈတ္တ-
အနိဋ္ဌာရုံတို့နှင့် တွေ့ကြုံလျှင် ဥပေက္ခာသဟဂုတ် ဇောများ စောကြသည်၊
ထို့ကြောင့် သောမနဿကြိယာဇောနောင် သောမနဿ တဒါရုံ ( မဟာ
ဝိပါက် ၄၊ သောမနဿသန္တီရဏ ၁) ၅ ပါးတွင် တပါးပါးဖြစ်၏၊ ဥပေက္ခာ
ကြိယာဇောနောင် ဥပေက္ခာတဒါရုံ ( မဟာဝိပါက် ၄၊ သန္တီရဏ ၂) ၆ ပါး
တွင် တပါးပါး ဖြစ်၏။
၆။ ဒေါမနဿ သဟဂတ ၊ ပေ ၊ဥပေက္ခာသဟဂတာနေဝဘဝ ဘဝန္တိ
သောမနဿဝေဒနာနှင့် ဒေါမနဿ ဝေဒနာသည် လွန်စွာ ဆန့်ကျင်ဘက်
ဖြစ်၏၊ အချင်းချင်း ရှေ့သွား နောက်လိုက် မဖြစ်နိုင်ကြ၊ ထို့ကြောင့် ဒေါသ
ဥပေက္ခာသဟဂတာနေဝ – ဥပေက္ခာသဟဂုတ်တို့ ချည်းသာ
လျှင်၊ ဘဝန္တိ-ဖြစ်ကုန်၏။
တသ္မာ-ထို့ကြောင့်၊ သောမနဿပဋိသန္ဓိကဿ - သော
မနဿပဋိသန္ဓေရှိသောပုဂ္ဂိုလ်၏၊ (သောမနဿနှင့် ပဋိသန္ဓေ
နေခဲ့သူ၏၊) ဒေါမနဿသဟဂတဇဝနာဝသာနေ-ဒေါမနဿ
ဇော၏အဆုံး၌ တဒါရုံဖြစ်ခွင့်ကြုံလျှင် ဥပေက္ခာသဟဂုတ် တဒါရုံသာဖြစ်ရ
မည်၊ တဒါရုံ ဖြစ်ခွင့်မကြုံဘဲ ( ဇဝနဝါရ ဝီထိဖြစ်၍ ) ဇောနောင် ဘဝင်ကျရ
လျှင်လည်း ဥပေက္ခာသဟဂုတ်ဘဝင်သာ ကျရမည် ဟူလို။
[ဆောင်] ဤဝယ်သနစ်၊ အရင်းစစ်က၊ ဥပေက်ကြိယာ၊ ဒေါသာခြောက်
နောက်၊ တဒါခြောက်တည်း၊ ကြိသောနောက်ငါး၊ ကြွင်းငြား
ဆဲ့ရှစ်၊ ဇောနောင်ဖြစ်သည်၊ ဆဲ့တစ် တဒါရုံပေါင်းတည်း။
ဤဝယ်သနစ် အရင်းစစ်က 'ဤအရာဝယ် ထိုထို ဇောနောင် တဒါရုံတို့ကို
စနစ်ကျကျ အရင်းကစလျက် စိစစ်ရေတွက်သည် ရှိသော်…
ဥပေက်ကြိယာ ပေ၊တဒါခြောက်တည်း– မဟာကြိယာဥပေက္ခာဇော ၄၊
ဒေါသဇော ၂၊ ၎င်းဇောခြောက်ပါးနောက်၌ မဟာဝိပါက် ၄၊ သန္တိ
ရဏ ၂၊ ပေါင်း ဥပေက္ခာသဟဂုတ် တဒါရုံ ၆ ပါး ဖြစ်နိုင်သည်။
ကြိသောနောက် ငါး - မဟာကြိယာ သောမနဿသဟဂုတ်ဇော ၄ ပါး
ဟသိတုပ္ပါဒ်ဇော ၁၊ ဤငါးပါးနောင် သောမနဿ တဒါရုံ ( မဟာ
ဝိပါက် ၄၊ သန္တီရဏ ၁၊ ) ၅ ပါး ဖြစ်နိုင်သည်။
ကြွင်းငြား၊ ပေ တဒါရုံပေါင်းတည်း —ကြွင်း အကုသိုလ်ဇော ၁၀၊ မဟာ
ကုသိုလ်ဇော ၈ နောင်၊ တဒါရုံ ၁၁ ပါးလုံး ဖြစ်နိုင်သည် ဟူလို။
တသ္မာယဒိ ၊ ပေ ၊ တဒါရမဏသမ္ဘဝေါ နတ္ထိ'သောမနဿ သဟ
ဂုတ်စိတ်နှင့် ပဋိသန္ဓေ နေခဲ့သူမှာ ပဝတ္တိအခါ အမြဲဖြစ်သော ဘဝင်လည်း
## Trang 120
သဟဂုတ်ဇော၏ အဆုံး၌၊ တဒါရမဏသမ္ဘဝေါ – တဒါရုံ၏
ဖြစ်သင့်ခြင်းသည်၊ ယဒိ နတ္ထိ-အကယ်၍မရှိအံ့၊ တဒါ-ထိုအခါ၌၊
ယံကိဉ္စိ – အမှတ်မထား၊ တပါးပါးသော၊ ပရိစိတပုဗ္ဗံ - ရှေး၌
လေ့ကျက်အပ်သော၊ ပရိတ္တာရမ္မဏံ-ကာမအာရုံကို၊ အာရ -
အာရုံ ပြု၍၊ ဥပေက္ခာသဟဂတသန္တီရဏံ – ဥပေက္ခာသဟ
ဂုတ်သန္တီရဏစိတ်သည်၊ ဥပ္ပဇ္ဇတိ - ဖြစ်၏၊ တံ - ထိုဥပေက္ခာ
သောမနဿ သဟဂုတ်စိတ်ချည်းသာ ဖြစ်ရိုး ရှိသည်၊ [ တဘဝ၌ ပဋိသန္ဓေ
ဘဝင်စုတိစိတ်တို့ တမျိုးထည်း တခုထည်းသာ ဖြစ်ကြောင်းကို မိန့်လတ္တံ့၊]
ထို့ကြောင့် သောမနဿနှင့် ပဋိသန္ဓေ နေခဲ့သူ၏ သန္တာန်၌ ဒေါသဇော
အဆုံးဝယ် ( တစုံတခု အကြောင်းချို့တဲ့မှုကြောင့် ) တဒါရုံ ဖြစ်ခွင့်မရလျှင်
ဘဝင်ကျရလိမ့်မည်၊ ထိုဘဝင်သည် သောမနဿ ဘဝင်ဖြစ်အံ့၊ ဒေါသဇောနှင့်
ရှေ့နောက်မတည့် ကပ်ဖဲ့ဖြစ်၏၊ ဥပေက္ခာဘဝင်ဖြစ်အံ့၊ မူလပဋိသန္ဓေနှင့် မသင့်
လျော်ချေ။
တဒါယံ ကိဉ္စိ၊ ပေ၊ သန္တီရဏံ ဥပ္ပဇ္ဇတိ- ဤသို့ တဒါရုံလည်း ဖြစ်ခွင့်မရ
ဘဝင်လည်းမကျသာဘဲ အခက်အခဲကြုံရာ အခါဝယ်၊ ရှေ့က ဒေါသဇော
နှင့်လည်းလျော် – နောက်က သောမနဿ ဘဝင်နှင့်လည်း သင့်တော်သော
ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်က အာဂန္တုက ဘဝင်ကိစ္စ တပ်လျက်
ဖြစ်လာရသည် ဟု - ဆရာတို့ ဆိုကြသတတ်။ [ပဋိသန္ဓေနှင့်တူစွာ ရိုးရာကျမြဲ
အာဝါသိက ဘဝင် မဟုတ်၊ ယခုမှ လတ်တလော ဖြစ်ရသော ဘဝင်ဖြစ်၍
"အာဂန္တုကဘဝင်" ဟု ခေါ်သည်။]
ပရိစိတပုဗ္ဗံ ပရိတ္တာရမ္မဏံ အာရဗ္ဘ — ၎င်း သန္တီရဏစိတ်သည် ယခု
ဒေါသဇောကျသော ဝီထိ၏အာရုံကို အာရုံမပြုနိုင်၊ ရှေးက အလေ့အလာ
များသော ကာမအာရုံ တပါးပါးကို အာရုံပြုသည်၊ ဥပမာ - ရူပါရုံပေါ်၌-
သဟဂုတ် သန္တီရဏစိတ်ကို အနန္တရိတွာ – အခြားမဲ့ ပြု၍၊
ဘဝင်္ဂပါတေန – သောမနဿ ဘဝင် ကျသည် သာလျှင်၊
ဟောတိ-ဖြစ်၏၊ ဣတိ-ဤသို့၊ အာစရိယာ-ဆရာတို့သည်၊ ဝဒန္တိ-
မိန့်ဆိုကြကုန်၏။ [" အနန္တရိတွာ – အနန္တရပစ္စည်းပြု၍ " ဟု
ရှေးအနက် ရှိ၏။]
၇။ တထာ-ထိုမှတပါး၊ ကာမာဝစရဇဝနာဝသာနေဧဝ-
ကာမာဝစရဇော၏ အဆုံး၌ သာလျှင်၊ ကာမာဝစရ သတ္တာနံ
ဧဝ-ကာမာဝစရသတ္တဝါတို့၏သန္တာန်၌သာလျှင်၊[ ဧဝ-လိုက်]
အာရမ္မဏဘူတေသု-အာရုံ ဖြစ်၍ ဖြစ်ကုန်သော၊ ကာမာဝစရ
ဓမ္မေသွေဝ-ကာမာဝစရ တရားတို့၌သာလျှင်၊ တဒါရမဏံ -
တဒါရုံကို၊ ဣစ္ဆန္တိ - အလိုရှိကြကုန်၏၊ ဣတိ - ဤကား တဒါ
ရမဏနိယမ အပြီးတည်း။
သင်္ဂဟ
၈။ ကာမေ-ကာမဘုံ၌၊ ( ပရိယာပန္နာနံ-အကျုံးဝင်
ကုန်သော၊ ) ဇဝနသတ္တာလမ္ဗနာနံ – ဇော၊ သတ္တာ၊
အာရုံတို့၏၊ နိယမေ – အမှတ်အသားသည်၊ သတိ-ရှိသော်၊
အလေ့အလာ ဝါသနာများသာလျှင် ရူပါရုံကို အာရုံပြုမည်၊ ဤသို့ စသည်ဖြင့်
သိလေ၊ ထို အာရုံများသည် အနိဋ္ဌာရုံဖြစ်အံ့၊ အကုသလဝိပါက် သန္တီရဏ
သာ ဖြစ်ခွင့်ရှိ၏၊ ဣဋ္ဌမဇ္ဈတ္တ-အတိဣဋ္ဌာရုံ ဖြစ်အံ့၊ ကုသလဝိပါက် ဥပေက္ခာ
သန္တီရဏစိတ်သာ ဖြစ်ခွင့် ရှိသည်၊ ထို ဥပေက္ခာသန္တီရဏ၏ အခြားမဲ့၌ကား
ရိုးရာကျမြဲဖြစ်သော သောမနဿ ဘဝင်ကျခွင့် ရလေတော့၏။
၇။ တထာ ကာမာဝစရ ၊ ပေ ၊ ဣစ္ဆန္တိ — ၁-ကာမဇော၊ ၂-ကာမ
ဘုံသားသတ္တာ၊ ၃- ဝိဘူတာရုံ သို့မဟုတ် အတိမဟန္တာရုံ ဖြစ်သော ကာမ
တရား၊ ဤအကြောင်း သုံးပါးစုံမှ တဒါရုံ ကျနိုင်သည်။
## Trang 121
**ဝီထိပိုင်း**
ဝိဘူတေ-ဝိဘူတာရုံ၌၎င်း၊ အတိမဟန္တေစ- အတိမဟန္တာရုံ၌
၎င်း၊ တဒါရမဏံ-တဒါရုံကို၊ ဤရိတံ-ဆိုအပ်၏။
ဧတ္ထ-ဤ ဝီထိသင်္ဂဟ၌၊ အယံ – ဤ ဆိုအပ်ပြီးသည်ကား၊
တဒါရမဏနိယမော−တဒါရုံကိုမှတ်သားခြင်းတည်း။
ဂ။ သင်္ဂဟဂါထာ ကား ၇ နံပါတ်ကို အကျဉ်းချုပ်သောဂါထာတည်း။
**လေ့ကျင့်ခဏ်။ မေးခွန်းများ**
က ။ အဘယ်ကို တဒါရမဏနိယမ ဟု ခေါ်သနည်း။
ခ ။ အဘယ်အာရုံမျိုးကို အနိဋ္ဌာရုံဟု ခေါ်သနည်း၊ ထိုအနိဋ္ဌာရုံနှင့်ကြုံသ
အခါ ဘယ် ဝိပါက်စိတ်များ ဖြစ်သနည်း။
ဂ ။ အဘယ် အာရုံမျိုးကို ဣဋ္ဌမဇ္ဈတ္တာရုံ ဟု ခေါ်သနည်း၊ ဣဋ္ဌမဇ္ဈတ္တာရုံ၌
အဘယ် ဝိပါက်စိတ်များ ဖြစ်သနည်း။
ဃ။ အဘယ် အာရုံမျိုးကို အတိဣဋ္ဌာရုံ ဟု ခေါ်သနည်း၊ အတိဣဋ္ဌာရုံ၌
အဘယ် ဝိပါက်စိတ်များ ဖြစ်သနည်း၊ သင်္ဂြိုဟ်ထောက်ပါ။
င ။ တဒါရုံ ချမှုနှင့်ဆိုင်ရာ လင်္ကာအချုပ်နှင့်တကွ အဓိပ္ပါယ်ပြပါ။
စ ။ သောမနဿ ပဋိသန္ဓေနေခဲ့သူ၏ ဒေါသဇော အဆုံး၌ တဒါရုံကျခွင့်
မရလျှင် အဘယ့်ကြောင့် ဘဝင် မချထိုက်သေးသနည်း။
ဆ။ ဘဝင် မချထိုက်လျှင် အဘယ်စိတ် ဖြစ်သနည်း၊ ထိုစိတ်သည် အဘယ်
တရားကို အာရုံပြုမည်နည်း။
ဇ ။ ထိုစိတ်ကို အဘယ့်ကြောင့် အာဂန္တုက _ ဘဝင် ဟု ခေါ်ကြသနည်း၊
အာဂန္တုက ဘဝင်ရှိလျှင် အာဝါသိကဘဝင်ကား အဘယ်နည်း။
၅ ။ တဒါရုံကျနိုင်ခြင်း၏ အင်္ဂါကို သင်္ဂြိုဟ် အထောက်နှင့် တကွ ပြပါ။
**နိဿယနှင့်အဓိပ္ပါယ်**
၂၃၃
**ဇဝနနိယမ**
၁။ စ - အဋ္ဌကထာဆရာတို့ကား၊ ဇဝနေသု - ဇောတို့
တွင်၊ ပရိတ္တဇဝနဝီထိယံ – ကာမဇောဝီထိ၌၊
ကာမာဝစရဇဝနာနိ-ကာမာဝစရဇောတို့သည်၊ သတ္တက္ခတ္တုံ
ဧဝဝါ- ခုနစ်ကြိမ်သာလျှင်သော်၎င်း၊ (နှက်ခံမှဧဝကိုလိုက်စေ၊)
ဆက္ခတ္တုံ ဧဝဝါ-ခြောက်ကြိမ် သာလျှင် သော်၎င်း၊ ဇဝန္တိ-
စောကုန်၏။
၂။ ပန−ကား၊ မန္ဒပ္ပဝတ္တိယံ – အဟုန်ရော့ရဲ့၊ နုံ့နဲ့နဲ့ ဖြစ်ရာ
အခါ၌၊ မရဏကာလာဒိသု - စုတေခါနီးကာလ အစရှိသည်
တို့၌၊ ပဉ္စဝါရမေဝ-ငါးကြိမ်သာလျှင်၊ ( ဇဝန္တိ-စောကုန်၏။ )
ဇဝနနိယမ ။ ။ ဇောကို ပိုင်းခြားမှတ်သား၍ ပြသော စကားရပ်ကို
"ဇဝနနိယမ" ဟု ခေါ်သည်။ [နိယမ=မှတ်သားသော စကား။]
၁။ ပရိတ္တဇဝန၊ပေ၊ ဇဝန္တိ 'ဤစကားကား ကာမဇောတို့၏ ပကတိ
ရိုးရာအခါ၌ စောပုံကိုပြသော စကားတည်း၊ အတိမဟန္တာရုံဝီထိ စသည်၌
ပြခဲ့သော ကာမဇောတို့ ၇ ကြိမ်သော်လည်း စောတတ်၏။ သို့မဟုတ် ၆ ကြိမ်
သော်လည်း စောတတ်၏၊ [သတ္တက္ခတ္တုံဧဝ – ၌ ဧဝသဒ္ဒါဖြင့် ၇ ကြိမ်ထက်
မလွန်ရဟု ကန့်၊ ဆက္ခတ္တုံဧဝ-၌ ဧဝသဒ္ဒါဖြင့် ၆ ကြိမ်အောက် မယုတ်ရဟု ကန့်၊
အချို့ဋီကာတို့ ဖွင့်ပုံကို ဘာသာဋီကာ၌ ရှု။]
၂။ မန္ဒပ္ပဝတ္တိ၊ပေ၊ပဉ္စဝါရမေဝ-မန္ဒ=သည်၊ အဟုန်မပြင်းလှ၊
ရော့ရဲရဲရှိသည်၊ "စိတ်ဇော အားသေးသည်"ဟူလို။
မရဏကာလာဒီသု 'မရဏကာလ=စုတေခါနီးအခါ၊အာဒိသဒ္ဒါဖြင့်
သစ်ပင်မှကျမှု ရေနစ်မွန်းမှု စသည်ကြောင့် တွေဝေမိန်းမော သေငယ်ဇောဖြင့်
မျော၍ နေရာ'မုစ္ဆာကာလ၊ သတိကင်း၍ မေ့နေရာ - ဝိသညီဘူတကာလ
တို့ကိုယူ။
## Trang 122
၃။ ပန-ကား၊ ဘဂဝတော - မြတ်စွာဘုရား၏၊ ယမက
ပါဋိဟာရိယကာလာဒိသု− ရေ မီးအစုံ ဖြစ်သော တန်ခိုးပြာဋိ
ဟာကို ပြရာကာလ အစရှိသည်တို့၌၊ လဟုကပ္ပဝတ္တိယံ-လျင်
မြန်စွာ ဖြစ်ရာအခါ၌၊ စတ္တာရိဝါ-၄ ကြိမ်သော်လည်း ဖြစ်ကုန်
သော၊ ပဉ္စဝါ-၅ ကြိမ်သော်လည်းဖြစ်ကုန်သော၊ ပစ္စဝေက္ခဏာ
စိတ္တာနိ-ပစ္စဝေက္ခဏာဇောစိတ်တို့သည်၊ ဘဝန္တိ-ဖြစ်ကုန်၏၊ ဣတိ
ပိ-ဤသို့လည်း၊ ဝဒန္တိ-အဋ္ဌကထာဆရာတို့ ဆိုကြကုန်၏။
မွေးဖွားခါစ - အတိတရုဏကာလ၊ စသည်ကိုယူ၊ ဤ မရဏကာလစသည့်
တို့၌ မှီရာ ဟဒယဝတ္ထုရုပ်၏ အားနည်းခြင်းကြောင့် ကာမဇောတို့ ၅ ကြိမ်
လောက်သာ စောကြရသည်။
[ဆောင်] မရဏကာလာ၊ အာဒိမှာဖြင့်၊ မုစ္ဆာ တစ်ရှိ၊ ဝိသညိနှင့်၊ အတိ
တရုဏ၊ စသည့်ကာလ၊ ဟူသမျှ၊ ယူရ မှတ်လေလော။
၃။ ဘဂဝတော၊ ပေ ၊ စိတ္တာနိဘဝန္တိ — မြတ်စွာဘုရား၏ တန်ခိုး
ပြာဋိဟာကို ပြတော်မူရာ အခါ၌ လက်ဝဲဘက်က မီးအလျှံထွက်အောင်ဈာန်
အဘိညာဉ် ဝင်စားရ၏၊ ထို့နောက် ဈာန်အဘိညာဉ်၌ ပါသော ဈာန်အင်္ဂါ
တွေကို ဆင်ခြင်ဘို့ရာ ပစ္စဝေက္ခဏာ ဝီထိခေါ် ကာမဇော ဝီထိများ ဖြစ်ရ၏၊
ထို့နောက် လက်ယာဘက်က ရေအယဉ် ထွက်လာအောင် ဈာန်အဘိညာဉ်
ဝင်စားရ၏၊ ဈာန်အင်္ဂါကို ဆင်ခြင်ရ၏။
ဤသို့ မီးအလျှံ ထွက်လာအောင် စိတ်အစဉ်တမျိုး ရေအယဉ် ထွက်လာ
အောင် စိတ်အစဉ်တမျိုးဖြစ်သော်လည်း၊ ကြည့်ရှုဖူးမျှော်သူတို့က မီးနှင့် ရေ
စုံဘက်၍ တပြိုင်နက် ထွက်လာသည်ဟု ထင်ကြရလေသည်။ ထိုသို့ တပြိုင်နက်
ထွက်လာသည်ဟု ထင်ရလောက်အောင်ပင် အဆောတလျင် ဖန်ဆင်းရမည့်
**နိဿယနှင့်အဓိပ္ပါယ်**
၄။ ပန-ကား၊ အာဒိကမ္မိကဿ-အစဆုံး ကမ္မဋ္ဌာန်း အား
ထုတ်မှု ရှိသော ပုဂ္ဂိုလ်၏၊ ပဌမကပ္ပနာယံ – ရှေးဦးစွာသော
အပ္ပနာ၌၊ မဟဂ္ဂတဇဝနာနိ-မဟဂ္ဂုတ်ဇောတို့သည်၊ ဧကဝါရ
မေဝ-တကြိမ်သာလျှင်၊ ဇဝန္တိ-စောကုန်၏၊ အဘိညာ
ဇဝနာနိစ – အဘိညာဉ်ဇောတို့သည်လည်း၊ သဗ္ဗဒါပိ – အခါ
ခပ်သိမ်းလည်း၊ ဧကဝါရမေဝ-တကြိမ်သာလျှင်၊ ဇဝန္တိ-စောကုန်၏၊ တတော-
ထိုတကြိမ်မှ၊ ပရံ – နောက်၌၊ ဘဝင်္ဂပါတော-ဘဝင်ကျခြင်းသည်၊ (ဟောတိ-ဖြစ်၏။)
အခမ်းအနားဖြစ်၍ ပစ္စဝေက္ခဏာဝီထိ၌ ပါသော ကာမဇောတို့ စိန်ပြေနပြေ
စောနေခွင့် မရ၊ ၄ ကြိမ်ခန့် ၅ ကြိမ်ခန့်ဖြင့် ကိစ္စ ပြီးအောင် အရေးတကြီး
စောကြရလေသည်၊ အရေးတကြီးမဟုတ်လျှင် ပစ္စဝေက္ခဏာ ဇောတို့ ၇ ကြိမ်
ပင် စော၏။ [ဝီထိစဉ်နှင့်အကျယ်ကို ဘာသာဋီကာမှာရှု။]
၄။ အာဒိကမ္မိကဿ- ထိုထိုဈာန် အတွက် အစဆုံး ကမ္မဋ္ဌာန်း အား
ထုတ်မှုရှိသော ယောဂီပုဂ္ဂိုလ်ကို " အာဒိကမ္မိကပုဂ္ဂိုလ် " ဟု ခေါ်သည်၊
ဥပမာ'ပဌမဈာန် ရပြီးနောက် ဒုတိယဈာန်ကို စ၍ အားထုတ်ပြန်လျှင် ဒုတိယ
ဈာန်အတွက် အာဒိကမ္မိက ပုဂ္ဂိုလ်ပင် ဖြစ်သည်၊ အထက်ဈာန်တို့ကို အား
ထုတ်ရာ၌လည်း ဤနည်းပင်တည်း။
ပဌမကပ္ပနာ - ထိုကဲ့သို့ အားထုတ်ရာ၌ ပဌမ-ပဌမ ရအပ်သော
ဈာန်ကို "ပဌမကပ္ပနာ" ဟု ခေါ်သည်။ [ ပဌမက ရှေးဦးစွာဖြစ်သော+
အပ္ပနာ=အပ္ပနာဈာန်။ ]
မဟဂ္ဂတဇဝနာနိဧကဝါရမေဝ- ထို အစဆုံးရအပ်သော ဈာနဝီထိ
ခဏ်း၌ ဈာန်ဇော ဟူသမျှ ၁ ကြိမ်သာ စောရမည်-ဟူလို၊ [ နောက်ထပ်
ဈာန်ဝင်စားသည့်အခါ၌ကား အကြိမ်များစွာ စောလိမ့်မည်။ ]
## Trang 123
၅ ။ ပန−ကား၊ စတ္တာရော-လေးပါးကုန်သော၊ မဂ္ဂုပ္ပါဒါ-
ဥပါဒ်သောမဂ်တို့သည်၊ ဧကစိတ္တက္ခဏိကာ – တစ်ခုသောစိတ္တ
က္ခဏရှိကုန်၏၊ တတော-ထိုတကြိမ်မှ၊ ပရံ-နောက်၌၊ ဒွေတိဏိဖလ
စိတ္တာနိ– ၂ကြိမ်၊ ၃ ကြိမ်သောဖိုလ်စိတ်တို့သည်၊ ယထာရဟံ-
မန္ဒပညပုဂ္ဂိုလ်အလိုက်၊ ထိုက်သည်အားလျော်စွာ၊ ဥပ္ပဇ္ဇန္တိ-
ဖြစ်ကုန်၏။ တတော-ထိုဖိုလ်ဇောတို့မှ၊ ပရံ'နောက်၌၊ ဘဝင်္ဂ
ပါတော-ဘဝင်ကျခြင်းသည်၊ ဟောတိ-ဖြစ်၏။
၆။ နိရောဓသမာပတ္တိကာလေ – နိရောဓ သမာပတ်ကို
ဝင်စားခါနီးကာလ၌၊ ဒွိက္ခတ္တုံ − နှစ်ကြိမ်၊ စတုတ္ထာရုပ္ပဇဝနံ−
အဘိညာဇဝနာနိသဗ္ဗဒါပိဧကဝါရမေဝ- [သဗ္ဗဒါပိကို အဘိညာ
ဇဝနာနိနှင့်သာ တွဲ၍ အဓိပ္ပါယ်မှတ်၊ မဟဂ္ဂတဇဝနာနိ နှင့် မတွဲမိစေနှင့်၊ ]
အဘိညာဏ်ဇောတို့ကား ပဌမရစ အခါ၌ ဖြစ်စေ၊ နောက်အခါ၌ ဖြစ်စေ၊
အခါခပ်သိမ်း ၁ ကြိမ်သာ စောသည် ဟူလို။
၅။ စတ္တာရောပန ၊ပေ၊ ဥပ္ပဇ္ဇန္တိ - မဂ်ဖိုလ်တို့သည် တကြိမ်သာ ဖြစ်ရိုး
ရှိကုန်၏၊ တကြိမ်ပြီးသည်နှင့်တပြိုင်နက် ဖိုလ်ဇော ဆက်၍ စော၏။
ယထာရဟံ ဒွေတိဏိ——-ထိုသို့ ဖိုလ်ဇောစောရာဝယ် မန္ဒပညပုဂ္ဂိုလ်၌
၂ ကြိမ်၊ တိက္ခပညပုဂ္ဂိုလ်၌ ၃ ကြိမ်၊ ဤသို့ ထိုက်သင့်သလို စောကြရသည်။
[ မ=မဂ်။ ဖ=ဖိုလ်။ ]
## Trang 124
**နိဿယနှင့်အဓိပ္ပါယ်**
စတုတ္ထအာရုပ္ပဇောသည်၊ ဇဝတိ-စော၏၊ တတော-ထိုစတုတ္ထာ
ရုပ္ပဇောမှ၊ ပရံ-နောက်၌၊ နိရောဓံ – စိတ် စေတသိက် စိတ္တဇရုပ်တို့၏
ချုပ်ခြင်းသို့၊ ဖုသတိ − ရောက်၏၊ ဝုဋ္ဌာနကာလေစ – နိရောဓ
သမာပတ်မှ ထရာကာလ၌လည်း၊ အနာဂါမိဖလံဝါ-အနာဂါမိ
ဖိုလ်ဇောသည်သော်၎င်း၊ အရဟတ္တဖလံဝါ - အရဟတ္တဖိုလ်
ဇောသည်သော်၎င်း၊ ယထာရဟံ-အနာဂါမ်၊ ရဟန္တာပုဂ္ဂိုလ်
အလိုက်၊ ထိုက်သည်အားလျော်စွာ၊ ဧကဝါရံ-တကြိမ်၊ ဥပ္ပဇ္ဇိ
တွာ-ဖြစ်ပြီး၍၊ နိရုဒ္ဓေ – ချုပ်သည်ရှိသော်၊ ဘဝင်္ဂပါတော-
ဘဝင်ကျခြင်းသည်သာလျှင်၊ ဟောတိ-ဖြစ်၏။
၆။ နိရောဓသမာပတ္တိ — [နိရောဓ = ချုပ်ခြင်းသို့ + သမာပတ္တိ==
ကောင်းစွာ ရောက်ခြင်း။ ] စိတ် စေတသိက် စိတ္တဇရုပ်၏ အခိုက်အတန့်မျှ
ချုပ်ငြိမ်းမှုသို့ ကောင်းစွာရောက်နေခြင်းကို "နိရောဓသမာပတ်ဝင်စားသည်"
ဟု ခေါ်စမှတ်ပြုကြသည်၊ [ တစုံတခုသောအရပ်၌ ဝင်ရောက် ခံစားနေသည်
ဟု မမှတ်မှားလင့်။] ထို သမာပတ်ကို အနာဂါမ်နှင့် ရဟန္တာများသာ ဝင်စား
နိုင်၏။
ဒွိက္ခတ္တုံစတုတ္ထာရုပ္ပဇဝနံ — ဤနိရောဓသမာပတ်ကို ဝင်စားခါနီး၌
စတုတ္ထအာရုပ္ပခေါ် နေဝသညာ နာသညာယတနဇော ( အနာဂါမ်ဖြစ်လျှင်
ကုသိုလ်ဇော၊ ရဟန္တာဖြစ်လျှင် ကြိယာဇော ) ၂ ကြိမ်စီ စောသည်။
တတောပရံ နိရောဓံ'ထို့နောက် သမာပတ်အတွင်း၌ စိတ် စေတသိက်
များ ဆက်လက်၍ မဖြစ်သေး၊ စိတ် စေတသိက်များ မဖြစ်လျှင် စိတ်ကြောင့်
ဖြစ်ရသော စိတ္တဇရုပ်များလည်း မကြာခင် ရပ်စဲလေတော့၏၊ သမာပတ်
အတွင်း၌ ကမ္မဇ ဥတုဇ အာဟာရဇ ရုပ်များသာ ဖြစ်၏။
## Trang 125
**ဝီထိပိုင်း**
၇။ သဗ္ဗတ္ထာပိ – အလုံးစုံလည်းဖြစ်သော၊ သမာပတ္တိဝီထိ
ယံ'ဈာနသမာပတ္တိ၊ ဖလ သမာပတ္တိဝီထိ၌၊ ဘဝသောတော
ဝိယ'ဘဝင်အယဉ်သည်ကဲ့သို့၊ ဝီထိနိယမော−ဇောအစဉ်ကို
မှတ်သားဖွယ် သည်၊ နတ္ထိ-မရှိပြီ၊ ဣတိကတွာ-ထိုအကြောင်း
ကြောင့်၊ ဗဟူနိပိ-များစွာသော ဇောတို့ကိုလည်း၊ လဗ္ဘန္တိ-
ရအပ်ကုန်၏၊ ဣတိ-ဤတွင် ဇဝနနိယမ အပြီးတည်း။
ဝုဋ္ဌာနကာလေ၊ပေ၊နိရုဒ္ဓေ — စိတ် စေတသိက် စိတ္တဇရုပ်များ ပြန်၍
ဖြစ်ပေါ်လာမှုကိုပင် " နိရောဓသမာပတ်မှထသည် " ဟု ခေါ်စမှတ် ပြုသည်၊
[အိပ်ရာမှထလာသလို ထလာသည်ဟု မမှတ်လင့်၊ ] သမာပတ်မှထသည့်အခါ
အနာဂါမ်ဖြစ်လျှင် အနာဂါမိဖိုလ်၊ ရဟန္တာဖြစ်လျှင် အရဟတ္တဖိုလ်စိတ်များ
ပဌမဆုံး တကြိမ်မျှ ပေါ်လာပြီးနောက် ဘဝင်ကျလေ၏။ [ ကမ္မဋ္ဌာန်းပိုင်း၌
အကျယ်လာဦးလတ္တံ့။]
၇။ သဗ္ဗတ္ထာပိ၊ပေ၊လဗ္ဘန္တိ — ဈာန်သို့ ကောင်းစွာရောက်ခြင်း၊ ဈာန်
ဇောချည်း ထပ်ကာထပ်ကာ များစွာဖြစ်နေခြင်းကို " ဈာနသမာပတ္တိ၊ ဝါ−
ဈာန်ဝင်စားသည် "ဟု ခေါ်၏၊ ဖိုလ်ဇောချည်း ထပ်ကာထပ်ကာ များစွာ
ဖြစ်နေခြင်းကို "ဖလသမာပတ္တိ၊ ဝါ – ဖိုလ်ဝင်စားသည်" ဟု ခေါ်သည်၊ ထို့
ကြောင့် ဤ သမာပတ်များအတွင်း၌ ဈာန်ဇော ဖိုလ်ဇောများ "မည်မျှဖြစ်သင့်
၏" ဟု မှတ်သားဖွယ်မရှိ၊ အများအပြားပင် ဖြစ်နိုင်ပေသည်။
ဣတိကတွာဗဟူနိပိ၌ ပိသဒ္ဒါဖြင့် ဈာန်ဝင်စားမှု ဖိုလ်ဝင်စားမှု၌ အလေ့
အလာ မရ-အဝါးမဝသေးခင် ၂ ကြိမ် ၃ ကြိမ်စသည်ဖြင့် အနည်းငယ်လည်း
ဖြစ်နိုင်သည်ကို ဆည်းသည်။
**နိဿယနှင့်အဓိပ္ပါယ်**
သင်္ဂဟ ဂ။ ပရိတ္တာနိ-ကာမဇောတို့ကို၊ သတ္တက္ခတ္တုံ-အလွန်
အားဖြင့် ခုနစ်ကြိမ်၊ မတာနိ−သိအပ်ကုန်၏၊( မတာ-
ကို ပြင်၍လိုက်၊) မဂ္ဂါဘိညာ-မဂ်ဇော အဘိညာဉ်ဇောတို့ကို၊
သကိံ - တကြိမ်၊ မတာ - သိအပ်ကုန်၏၊ အဝသေသာနိ -
ကြွင်းကုန်သော၊ ဇဝနာနိ – ဇောတို့ကို၊ ဗဟူနိပိ – အကြိမ်
များစွာတို့ကိုလည်း၊ လဗ္ဘန္တိ-ရအပ်ကုန်၏။
ဧတ္ထ-ဤ ဝီထိ သင်္ဂဟ၌၊ အယံ-ဤ ဆိုအပ်ပြီးသော စကား
သည်။ ဇဝနနိယမော-ဇောကို ပိုင်းခြား မှတ်သားခြင်းတည်း။ -
ဂ။ သင်္ဂဟဂါထာ။ ။သတ္တက္ခတ္တုံ ပရိတ္တာနိ'အရ " ကာမဇောတို့
၇ ကြိမ် စောနိုင်၏ " ဟူသော စကားကား အလွန်ဆုံးကို ပိုင်းခြား၍ ပြော
သော စကားတည်း၊ ၆-၅-၄ ကြိမ် စောနိုင်သေးသည်ကိုလည်း အကျယ်
ပါဠိပြန်၍ ကြည့်သဖြင့် သိသင့်လေပြီ။
မဂ္ဂါဘိညာသကိံ ကား " အဘိညာဇဝနာနိစ သဗ္ဗဒါပိ ဧကဝါရ
မေဝနှင့် စတ္တာရောပန မဂ္ဂုပ္ပါဒါ " ကို ချုံးသော စကားတည်း။
အဝသေသာနိ၊ပေ၊ ဗဟူနိပိ — ကြွင်းသော ဈာန်ဇော ဖိုလ်ဇောတို့ကား
အကြိမ်ပေါင်း များစွာလည်း စောနိုင်၏။ ဗဟူနိပိ၌ ပိသဒ္ဒါဖြင့် အနည်းငယ်
ကိုဆည်း၏၊ ထို့ကြောင့် ဈာန်ရစအခါ၌ ၁ ကြိမ်၊ နိရောဓ သမာပတ်ဝင်စား
ခါနီးအခါ၌ စတုတ္ထာရုပ္ပဇောတို့ ၂ ကြိမ်၊ မဂ်ရပြီးစ အခါ၌ ဖိုလ်ဇောများ
၂ ကြိမ် ၃ ကြိမ်၊ နိရောဓသမာပတ်မှ အထ၌ ၁ ကြိမ်၊ ဤသို့ အနည်းငယ်
လည်း စောနိုင်၏ ဟု ပါဠိအကျယ်ကို ကြည့်၍ ပေါင်းဆည်းပုံ သိလေ။
**လေ့ကျင့်ခဏ်း မေးခွန်းများ**
က။ အဘယ် စကားရပ်ကို ဇဝနနိယမ ဟု ခေါ်သနည်း။
ခ ။ ကာမဇောတို့ ပကတိအခါ၌ အကြိမ်ပေါင်း မည်မျှ၊ မရဏကာလ
စသည်တို့၌ အကြိမ်ပေါင်း မည်မျှ စောသနည်း။
ဂ ။ မရဏကာလာဒိ၌ အာဒိဖြင့် ဘယ်ကာလများကိုယူရမည်နည်း၊ လင်္ကာ
ထောက်ပါ။
ဃ။ တန်ခိုးပြသောအခါ စသည်၌ ပစ္စဝေက္ခဏာဇောများ အကြိမ်ပေါင်း
မည်မျှ စောသနည်း။
င ။ အာဒိကမ္မိက၏ ပဌမအပ္ပနာဈာန်သည် အကြိမ်မည်မျှ ဖြစ်သနည်း။
စ ။ အဘယ် ပုဂ္ဂိုလ်ကို အာဒိကမ္မိကပုဂ္ဂိုလ်ဟု ခေါ်သနည်း။
ဆ။ အဘိညာဉ်ဇောများသည် ဘယ်အခါ၌ တကြိမ်သာ စောသနည်း။
ဇ ။ မဂ်ဇောကို အကြိမ်မည်မျှ စောသနည်း၊ အထောက် ပြပါ။
၅ ။ မဂ်နောက် ဖိုလ်ဇောတို့သည် အကြိမ် မည်မျှ စောသနည်း၊ ပုဂ္ဂိုလ်
အလိုက်ခွဲပြပါ။
ည။ အဘယ်ကို နိရောဓ သမာပတ် ဝင်စားသည်ဟု ခေါ်သနည်း၊ နိရောဓ
သမာပတ်ကို အဘယ်ပုဂ္ဂိုလ်များ ဝင်စားနိုင်သနည်း။
ဋ ။ နိရောဓသမာပတ် ဝင်စားခါနီး ဝယ် ဘယ် ပုဂ္ဂိုလ်၌ ဘယ်ဇော စော
သနည်း။
ဌ ။ အဘယ်ကို နိရောဓသမာပတ်မှ ထသည်ဟု ဆိုသနည်း၊ နိရောဓသမာ
ပတ်မှ ထသည့်အခါ ဘယ်ပုဂ္ဂိုလ်၌ ဘယ်ဇော စောသနည်း။
ဍ ။ အဘယ်ကို ဈာန်ဝင်စားသည်-ဖိုလ်ဝင်စားသည် ဟု ဆိုသနည်း။
ဎ ။ ထို ဝင်စားသည့်အခါ ဈာန်ဇော ဖိုလ်ဇောများ မည်မျှဖြစ်သနည်း။
ဏ။ သင်္ဂဟဂါထာကို အနက်ပေး၍ ဗဟူနိပိ၌ ပိ သဒ္ဒါဖြင့် ဆည်းအပ်သော
အဓိပ္ပါယ်ကို ပြပါ။
**နိဿယနှင့်အဓိပ္ပါယ်**
**ပုဂ္ဂလဘေဒ**
၁။ **ပန**-ကား၊ **ဧတ္ထ**-ဤဝီထိစိတ်တို့တွင်၊ **ဒွိဟေ
တုကာနံ**-ဒွိဟိတ်ပုဂ္ဂိုလ်တို့၏ (သန္တာန်၌) ၎င်း၊
**အဟေတုကာနံစ** – အဟိတ် ပုဂ္ဂိုလ် တို့၏ (သန္တာန်၌) ၎င်း၊
**ကြိယာဇဝနာနိစေဝ** – ကြိယာဇောတို့ကို၎င်း၊ **အပ္ပနာဇဝနာ
နိစ**-အပ္ပနာဇောတို့ကို၎င်း၊ **နလဗ္ဘန္တိ**-မရအပ်ကုန်။
၁။ **ပုဂ္ဂလဘေဒ**။ ။ပုဂ္ဂိုလ် အပြားအားဖြင့် ခွဲခြား၍ ရထိုက်သော
ဝီထိစိတ်များကို ပြရာအခဏ်းကို " ပုဂ္ဂလဘေဒ " ဟု ခေါ်သည်၊ အတိုချုပ်
အားဖြင့် "ပုဂ္ဂိုလ်နှင့် စိတ်ရ" ဟု ခေါ်၏။
ပုဂ္ဂိုလ် အပြားကား—"ဒု – သု – ဒွိ – တိ၊ ယာအရိရှစ်၊ တကျိပ်နှစ်၊
မှတ်လစ် ပုဂ္ဂိုလ် အပြားတည်း " ဟူသည်နှင့်အညီ တကျိပ်နှစ်ယောက်ရှိ၏။
[ ဒု = ဒုဂ္ဂတိ အဟိတ် ပုဂ္ဂိုလ်၊ သု=သုဂတိ အဟိတ် ပုဂ္ဂိုလ်၊ ဒွိ=ဒွိဟိတ်၊
တိ=တိဟိတ်၊ ယာအရိ = အရိယာပုဂ္ဂိုလ် ၈ ယောက်။ ...... အရိယာ
၈ ယောက်ကား သောတာပတ္တိမဂ် စသည့်၌ တည်သော မဂ္ဂဋ္ဌ ၄ ယောက်နှင့်
သောတာပတ္တိဖိုလ် စသည့်၌ တည်သော ဖလဋ္ဌ ၄ ယောက်တည်း။]
**ဒွိဟေတုကာ၊ ပေ၊ နလဗ္ဘန္တိ**- [ ဒု=နှစ်ပါး+ဟေတု=ဟိတ်၊ က=
ရှိသည်။ ] အလောဘ အဒေါသ ဟိတ် ၂ ပါးရှိသော မဟာဝိပါက် ဉာဏ
ဝိပ္ပယုတ်စိတ်ဖြင့် ပဋိသန္ဓေ နေသူကို ဒုဟိတ် (ဒွိဟိတ်) ပုဂ္ဂိုလ် ဟု ခေါ်သည်၊
အဟိတ်စိတ်ဖြင့် ပဋိသန္ဓေ နေသူကို အဟိတ်ပုဂ္ဂိုလ် ဟု ခေါ်သည်၊ ထို
အဟိတ်ကား သုဂတိဘုံ၌ဖြစ်သော သုဂတိ အဟိတ်ပုဂ္ဂိုလ်-ဒုဂ္ဂတိ(အပါယ်)
ဘုံ၌ ဖြစ်သော ဒုဂ္ဂတိ အဟိတ်ပုဂ္ဂိုလ် ဟု ၂ မျိုးရှိ၏။
ဤဒွိဟိတ် သုဂတိအဟိတ် ဒုဂ္ဂတိအဟိတ် ပုဂ္ဂိုလ် ၃ ယောက်တို့သန္တာန်၌
ကာမကြိယာဇော ၉ နှင့် အပ္ပနာဇော ၂၆ ကို တဘဝလုံးမရနိုင်၊ ထို့ကြောင့်
## Trang 126
### ဝီထိပိုင်း
၂။ တထာ – ထိုမှတပါး၊ သုဂတိယံ-သုဂတိဘုံ၌၊ ဉာဏ
သမ္ပယုတ္တဝိပါကာနိ – ဉာဏသမ္ပယုတ် ဝိပါက်စိတ်တို့ကို
လည်း၊ နလဗ္ဘန္တိ-ကုန်။
၃။ ပန−ကား၊ ဒုဂ္ဂတိယံ−ဂ္ဂတိဘုံ၌၊ ဉာဏဝိပ္ပယုတ္တာနိ-
ဉာဏဝိပ္ပယုတ် ဖြစ်ကုန်သော၊ မဟာဝိပါကာနိစ-မဟာဝိပါက်
စိတ်တို့ကိုလည်း၊ နလဗ္ဘန္တိ-ကုန်။
၎င်းပုဂ္ဂိုလ် ၃ ယောက်သည် ထို ဘဝအတွက် ဈာန် မဂ် ဖိုလ်ကိုရဘို့ရန် မျှော်
လင့်ချက် မရှိရ၊ [ မဟဂ္ဂုတ် ဝိပါက်များကား (ဒွါရဝိမုတ်) ဝီထိမုတ် ဖြစ်၍
ဤ ဝီထိခဏ်းနှင့် မဆိုင်။]
၂။ တထာဉာဏ၊ပေ၊သုဂတိယံ-သုဂတိဘုံ၌ ထို ၃ ယောက်တွင်
သုဂတိအဟိတ်နှင့် ဒွိဟိတ် ၂ ယောက်သာဖြစ်ခွင့်ရှိ၏၊ ထို့ကြောင့် ထိုပုဂ္ဂိုလ်
၂ ယောက် သန္တာန်၌ (ယခင်စိတ်များအပြင် မဟာဝိပါက် ဉာဏသမ္ပယုတ်
၄ ကို ထပ်၍နှုတ် ) ၄၁ ပါးသော စိတ်များသာ ရနိုင်သည်၊ ၄၁ ပါးကား
အသောဘနစိတ် ၃၀ တွင် ဟသိတုပ္ပါဒ်ကြဉ် ၂၉၊ မဟာကုသိုလ် ၈၊ မဟာ
ဝိပါက်ဉာဏဝိပ္ပယုတ် ၄ တည်း။
[ဆောင်] သု ဒွိ-ပုဂ္ဂလော, စိတ်ရဟောကား, အသောဘန – သုံးဆယ်
မှလျှင် . ဟသိကြဉ်မှု, မဟာကု ရှစ်, ဝိပါက်စစ်တွေး, ဉာဏ်
ဝိပ်လေး, မှတ်ရေး လေးဆဲ့တပါးတည်း။
၃။ ဒုဂ္ဂတိယံ၊ပေ၊မဟာဝိပါကာနိစ-ဒုဂ္ဂတိဘုံ၌ ပဋိသန္ဓေနေသူကား
ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်တည်း၊ ထိုပုဂ္ဂိုလ်သန္တာန်၌ မဟာဝိပါက် ဉာဏဝိပ္ပယုတ်
၄ ပါးလည်း မရ၊ ထို့ကြောင့် ယခင် ၄၁ ပါးတွင် ၄ ပါးထပ်နှုတ်, ၃၇ ပါး
သာ ရသည်။
## Trang 127
### နိဿယနှင့်အဓိပ္ပါယ်
၄။ တိဟေတုကေသုခ – တိဟိတ်ပုဂ္ဂိုလ် ၉ ယောက်တို့
တွင်ကား၊ ခီဏာသဝါနံ-ရဟန္တာပုဂ္ဂိုလ်တို့၏ ( သန္တာန်၌ )၊
ကုသလာကုသလဇဝနာနိ – ကုသိုလ် အကုသိုလ် ဇောတို့ကို၊
နလဗ္ဘန္တိ-ကုန်။
[ဆောင်] ဒု'ပုဂ္ဂလော, စိတ်ရ ဟောလျှင်, ယခင် လေးဆယ်, တပါး
ကယ်မှ, လေးသွယ်ဝိပါက်, ဉာဏ်ဝိပ်ဖျက်, မှတ်ချက် သုံးဆဲ့
ခုနစ်တည်း။
၄။ တိဟေကေသု၊ပေ၊န လ ဘ န္တိ – အလောဘ အဒေါသ အမောဟ
ဟိတ်သုံးပါးရှိသော မဟာဝိပါက် ဉာဏသမ္ပယုတ်, သို့မဟုတ် မဟဂ္ဂုတ်ဝိပါက်
စိတ်ဖြင့် ပဋိသန္ဓေနေသူကို "တိဟိတ်ပုဂ္ဂိုလ်" ဟု ခေါ်၏၊ ထိုတိဟိတ်ကား
ပုထုဇဉ် ၁, အရိယာ ၈ အားဖြင့် ၉ ယောက်ရှိ၏၊ ထိုတွင် ရဟန္တာသန္တာန်၌
ကုသိုလ် ၂၁, အကုသိုလ် ၁၂ မရထိုက်၊ အကုသိုလ်ကို အားလုံးပင် ပယ်ခဲ့ပြီ၊
ကုသိုလ်ဖြစ်ရမည့်အရာ၌ ကြိယာစိတ်များသာဖြစ်၏။
ထို့ကြောင့် ဝီထိစိတ် ၈၀ တွင် ၃၃ ကြဉ် ၄၇ ဖြစ်၏၊ နောက်၌
"လောကုတ္တရဇဝနာနိစ ယထာသကံ အရိယာနမေဝ သမုပ္ပန္တိ"ဟု ဆိုလတံ့
ဖြစ်သောကြောင့် အရိယာ ၁ ပါးလျှင် ကိုယ့်ဆိုင်ရာ လောကုတ္တရာစိတ်တပါး
သာ ရနိုင်ရကား, ယခင် ၄၇ တွင် အောက်ဖိုလ် ၃ ပါးကြဉ်, ၄၄ ပါးသာ
ရနိုင်၏၊ ၄၄ ပါး သရုပ်ကား အဟိတ် ၁၈, မဟာဝိပါက် မဟာကြိယာ ၁၆,
မဟဂ္ဂုတ်ကြိယာ ၉, အရဟတ္တဖိုလ် ၁ တည်း။
[ဆောင်] အရဟံ တိဟိတ်, ရသည့်စိတ်ကား, အဟိတ်မဟာ – ဝိပါကြိ
မဟဂ်ကြိဆို, အရဟတ္တဖိုလ်, မှတ်သိုလေးဆဲ့လေးပါးတည်း။
## Trang 128
### ဝီထိပိုင်း
၅။ တထာ-ထိုမှတပါး၊သေက္ခပုထုဇ္ဇနာနံ-သေက္ခပုဂ္ဂိုလ်
ပုထုဇဉ်ပုဂ္ဂိုလ် တို့၏(သန္တာန်၌)၊ ကြိယဇဝနာနိ-ကြိယာဇော
တို့ကို၊ နလဗ္ဘန္တိ-ကုန်။
၆။ သေက္ခာနံ-သေက္ခပုဂ္ဂိုလ်တို့၏ (သန္တာန်၌)၊ ဒိဋ္ဌိဂတ
သမ္ပယုတ္တဝိစိကိစ္ဆာဇဝနာနိစ - ဒိဋ္ဌိဂတသမ္ပယုတ်ဝိစိကိစ္ဆာ
ဇောတို့ကိုလည်း၊ နလဗ္ဘန္တိ-ကုန်။
၅။ တထာသေက္ခ၊ပေ၊ကြိယဇဝနာနိ- သေက္ခပုဂ္ဂိုလ်အရ အောက်
ဖလဋ္ဌပုဂ္ဂိုလ် ၃ ယောက်ကိုသာယူ၊ ဖလဋ္ဌပုဂ္ဂိုလ်များ သန္တာန်၌ မိမိဆိုင်ရာ
မဂ်စိတ် ၁ ပါးစီသာ ရ၏။ ပုထုဇ္ဇနာနံ-ဟု သာမညဆိုသော်လည်း တိဟိတ်
ပုထုဇဉ်ကိုယူ၊ ဤ တိဟိတ်ပုထုဇဉ်နှင့် သေက္ခ ၃ ယောက်သန္တာန်၌ ကြိယာ
ဇော ၁၈ ပါးလုံး မရထိုက်၊ တိဟိတ်ပုထုဇဉ်၌ လောကုတ္တရာ ၈ ပါးလည်း
မရထိုက်၊ ထို့ကြောင့်တိဟိတ်ပုထုဇဉ်၌ ဟသိတုပ္ပါဒ်ကြဉ် အသောဘန ၂၉,
မဟာကုသိုလ် မဟာဝိပါက် ၁၆, မဟဂ္ဂုတ် ကုသိုလ် ၉, ပေါင်း ၅၄ ပါး
ရသည်။
[ဆောင်] တိဟိတ်ပုဂ္ဂလော, စိတ်ရဟောကား, အသောဘန,
သုံးဆယ်မှလျှင်, ဟသိကြဉ်ခွါ,မဟာဟုဆို,ကုသိုလ်ဝိပါက်,
ဆဲ့ခြောက်ချက်နှင့်, မဂ်ကုကိုး, ဖြစ်ကြမျိုး, မှတ်ရိုးငါးဆဲ့
လေးပါးတည်း။
၆။ ဒိဋ္ဌိဂတ၊ပေ၊သေက္ခာနံ−အောက်ဖလဋ္ဌသေက္ခ ၃ ယောက်သန္တာန်၌
ကြိယာဇောများအပြင် ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄, ဝိစိကိစ္ဆာ သဟဂုတ်စိတ်
များလည်းမရထိုက်၊ ထို့ကြောင့် တိဟိတ်ပုထုဇဉ်၌ ရထိုက်သောစိတ် ၅၄ ပါး
တွင် ဤ ၅ ပါးကို ထပ်၍ ကြဉ်ပြီးလျှင် မိမိဖိုလ်စိတ် ၁ ကို ထပ်၍ ထည့်သော်,
### နိဿယနှင့်အဓိပ္ပါယ်
၇။ အနာဂါမိပုဂ္ဂလာနံပန-အနာဂါမ်ပုဂ္ဂိုလ်တို့၏(သန္တာန်
၌)ကား၊ ပဋိဃဇဝနာနိစ – ဒေါသမူဇောတို့ကိုလည်း၊ နလ
ဗ္ဘန္တိ-မရအပ်ကုန်။
၈။ လောကုတ္တရဇဝနာနိစ – လောကုတ္တရာဇောတို့သည်
ကား၊ ယထာသကံ-မိမိဥစ္စာအားလျော်စွာ၊ အရိယာနမေဝ–
သောတာပတ္တိဖလဋ္ဌနှင့် သကဒါဂါမိဖလဋ္ဌ ပုဂ္ဂိုလ် ၂ မျိုးလုံး၏ စိတ်ရ ဖြစ်
သည်။ [အနာဂါမ်အတွက် ထပ်၍ ကြဉ်ဦးလတံ့။]
[ဆောင်] သကဒါဂါမ်, သောတာပန် ဟု, နှစ်တန် ပုဂ္ဂလော, စိတ်ရ
ဟောလျှင်, ယခင်ငါးဆယ်, လေးပါးကယ်မှ, ငါးသွယ်ဒိဋ္ဌိ–
ဝိစိသဟဂုတ် , ပယ်ကြဉ် နှုတ်ဘိ,ကိုယ့်ဖိုလ်ထည့်, မှတ်သိ
ငါးဆယ် နှင်းနှင်းတည်း။
၇။ အနာဂါမိ၊ပေ၊ပဋိဃဇဝနာနိ-အနာဂါမ်ပုဂ္ဂိုလ်၏သန္တာန်၌
ကား ယခင် ၅၀ တွင် ဒေါသမူဇောကိုထပ်နှုတ်,သောတာပတ္တိဖိုလ်အရာ၌
အနာဂါမိဖိုလ်စိတ်ကို လဲ၍ထည့်, ၄၈ ပါးသော စိတ်များ ရ၏။
[ဆောင်] နာဂါမ် ပုဂ္ဂလော, စိတ်ရ ဟောလျှင်, ယခင် ငါးဆယ်,
ဒေါသမူ ပယ်၍ , လဲလှယ် ကိုယ့်ဖိုလ်, ထည့်သိပ်သို, မှတ်လို
လေးဆယ့် ရှစ်ပါးတည်း။
၈။ လောကုတ္တရဇဝနာ၊ ပေ ၊ သမုပ္ပဇ္ဇန္တိ — သောတာပတ္တိ မဂ္ဂဋ္ဌ
ပုဂ္ဂိုလ်၌ မိမိဥစ္စာဖြစ်သော သောတာပတ္တိမဂ်ဇော ဖြစ်၏၊ သောတာပတ္တိ
ဖလဋ္ဌပုဂ္ဂိုလ်သန္တာန်၌ မိမိဥစ္စာ ဖြစ်သော သောတာပတ္တိ ဖိုလ်ဇော ဖြစ်၏၊
ဤသို့စသည်ဖြင့် အရိယာ ၈ ယောက်တို့သန္တာန်၌ မိမိဥစ္စာဖြစ်သောလောကုတ္တရာ
ဇောများ စောကြသည်-ဟူလို။
## Trang 129
### ဝီထိပိုင်း
အရိယာပုဂ္ဂိုလ်တို့၏(သန္တာန်၌)သာလျှင်၊ သမုပ္ပဇ္ဇန္တိ-ကောင်း
စွာ ဖြစ်ကုန်၏၊ ဣတိ-ဤတွင် ပုဂ္ဂလဘေဒ အပြီးတည်း။
**သင်္ဂဟ**
၁။ အသေက္ခာနံ-ရဟန္တာပုဂ္ဂိုလ်တို့၏(သန္တာန်၌)၊
သမ္ဘဝါ-ဖြစ်သင့်သည်အားလျော်စွာ၊ စတုစတ္တာလီ
သ-လေးဆဲ့လေးပါးသော ဝီထိစိတ်ကို၊ ဥဒ္ဒိသေ-ညွှန်ပြရာ၏၊
သေက္ခာနံ − သေက္ခပုဂ္ဂိုလ်တို့၏ ( သန္တာန်၌ )၊ ဆပ္ပညာသ-
ငါးဆဲ့ခြောက်ပါးသောဝီထိစိတ်ကို၊ သမ္ဘဝါ-စွာ၊ ဥဒ္ဒိသေ-၏၊
[ သင်္ဂြိုဟ်ပါဠိ၌ ယထာရဟံ ——— ဟု ရှိသော်လည်း အဖွင့် ဋီကာများကို ၎င်း
ကမ္မဋ္ဌာန်းပိုင်း၌ လာမည့် "ယထာသက ဖလဝသေန သာဓာရဏာဝ"ဟူသော
ပါဌ်ကို၎င်း ထောက်၍ "ယထာသကံ"ဟု ပြင်လိုက်သည်။]
၉။ သင်္ဂဟဂါထာ
အသေက္ခာနံစတုစတ္တာလီသ — အသေက္ခပုဂ္ဂိုလ်သန္တာန်၌ စိတ်ပေါင်း
၄၄ ပါး ရနိုင်၏၊သို့သော် "သမ္ဘဝါ"ဟု ဆိုသောကြောင့် ၄၄ ပါးလုံးဖြစ်သင့်မှ
ဖြစ်ရမည်, မဖြစ်သင့်လျှင် မဖြစ်ရ၊ မဟဂ္ဂုတ်ဈာန် ၉ ပါးလုံးကိုရသော ရဟန္တာ
သန္တာန်၌သာ ၄၄ ပါးဖြစ်သင့်သည်၊ မဟဂ္ဂုတ်ဈာန် မရလျှင် (၁ ပါးမရလျှင်
၁ ပါးအတွက်, ၂ ပါးမရလျှင် ၂ ပါးအတွက်စသည် လျှော့၍ ၉ ပါးလုံး မရ
လျှင်) ၃၅ ပါးသာ ဖြစ်သင့်သည်။
သေက္ခာနံ ဆ ပညာသ-ဤဆပညာသကား သေက္ခပုဂ္ဂိုလ် ၇ ယောက်
လုံး အတွက် ပေါင်း၍ ပြသော သင်္ချာတည်း၊ သောတာပတ္တိဖလဋ္ဌ ပုဂ္ဂိုလ်
အတွက် ပြခဲ့သော ၅၀ ၌ မဂ်စိတ် ၄ ပါးနှင့် သကဒါဂါမိ ဖိုလ်စိတ် အနာ
ဂါမိဖိုလ်စိတ်ကို ထပ်၍ထည့်လျှင် ၅၆ ပါးဖြစ်၏၊သမ္ဘဝါ-ဟု ဆိုသောကြောင့်
သောတာပတ္တိ မဂ္ဂဋ္ဌပုဂ္ဂိုလ်၌ ရထိုက်သောစိတ် (သောတာပတ္တိ မဂ်စိတ် ၁ )
## Trang 130
### နိဿယနှင့်အဓိပ္ပါယ်
အဝသေသာနံ-ကြွင်းသော ပုထုဇဉ်ပုဂ္ဂိုလ်တို့၏(သန္တာန်၌၊)
စတုပညသ-ငါးဆဲ့လေးပါးသော ဝီထိစိတ်ကို၊ သမ္ဘဝါ-စွာ၊
ဥဒ္ဒိသေ-ညွှန်ပြရာ၏။
ဧတ္ထ - ဝီထိသင်္ဂဟ၌၊ အယံ - ဤ ဆိုအပ်ပြီးသော စကား
သည်၊ ပုဂ္ဂလဘေဒေါ − ပုဂ္ဂိုလ် အပြားဖြင့် စိတ်တို့ကို ခွဲခြား
ခြင်းတည်း။
သောတာပတ္တိ ဖလဋ္ဌပုဂ္ဂိုလ်၌ ရထိုက်သောစိတ် ၅၀,ဤသို့စသည်ဖြင့်၎င်း ဈာန်
မရသော သောတာပတ္တိ ဖလဋ္ဌပုဂ္ဂိုလ်ဖြစ်လျှင်မဟဂ္ဂုတ်ကုသိုလ် ၉ နှုတ်၍ ၄၀,
ဤသို့ စသည်ဖြင့်၎င်း ခွဲရာ၏။
အဝသေသာနံစတုပညာသ — အဝသေသာအရ သေက္ခ အသေက္ခမှ
ကြွင်းသော ပုထုဇဉ် ၄ ယောက်ကိုယူ၊ စတုပညာသ-ကားတိဟိတ် ပုထုဇဉ်၌
ရထိုက်သော ၅၄ ပါးပင်တည်း၊ သမ္ဘဝါ – ဟု ဆိုသောကြောင့် ဒုဂ္ဂတိ
အဟိတ်ပုဂ္ဂိုလ်၌ ရထိုက်သော စိတ် ၃၇, သုဂတိ အဟိတ်ဒွိဟိတ်တို့၌ ၄၁,
ဈာန်ရ တိဟိတ် ပုထုဇဉ်၌ ၅၄, ဈာန်မရလျှင် ၄၅ ဟုဖြစ်သလို(ရှေ့ကပြခဲ့သည့်
အတိုင်း) ခွဲခြားရာ၏။ ထို့ပြင် ကာမ ရူပ အရူပဘုံအားဖြင့်လည်း ခွဲခြားရလိမ့်
ဦးမည်၊ ယခုခွဲပြသောနည်းကား 'ကာမဘုံသား ပုဂ္ဂိုလ်များ အတွက်သာ
ဖြစ်၏၊ ရူပ အရူပ ဘုံသားတို့အတွက် ဘူမိဘေဒ အဆုံးကျမှ ခွဲပြပေအံ့။
ပုဂ္ဂလဘေဒ ပြီး၏။
### ဝီထိပိုင်း
**ဘူမိဝိဘာဂ**
၁။ ပန-ကား၊ကာမာဝစရဘူမိယံ- ကာမာဝစရ
ဘုံ၌၊ သဗ္ဗာနိပိ – အလုံးစုံလည်း ဖြစ်ကုန်သော၊
ဧတာနိဝီထိစိတ္တာနိ - ဤ ဝီထိစိတ်တို့ကို၊ ယထာရဟံ-ပုဂ္ဂိုလ်
အလိုက် ထိုက်သည်အားလျော်စွာ၊ ဥပလဗ္ဘန္တိ-ရအပ်ကုန်၏။
၂။ ရူပါဝစရဘူမိယံ – ရူပါဝစရဘုံ၌၊ ပဋိဃဇဝန တဒါ
ရမဏဝဇ္ဇိတာနိ - ဒေါသမူဇော တဒါရုံသည် ကြဉ်အပ်ကုန်
သော၊ ဧတာနိ ဝီထိစိတ္တာနိ-တို့ကို၊ လဗ္ဘန္တိ-န်၏၊
ဘူမိဝိဘာဂ။ ။ဘုံအပြားအားဖြင့် ရသင့်သော ဝီထိစိတ်တို့ကို ခွဲခြား
ဝေဘန်ပြရာ အပိုင်း အခဏ်းကို " ဘူမိဝိဘာဂ " ဟု ခေါ်သည်၊ အတိုချုပ်
အားဖြင့်–ဘုံ၌စိတ်ရ"ဟု ခေါ်စမှတ်ပြုကြ၏။
၁။ ကာမာဝစရဘူမိယံ၊ ပေ ၊ ဥပလဗ္ဘန္တိ — ကာမဘုံ၌ ဝီထိစိတ်
၈၀ လုံး ရထိုက်၏။ [ ဝီထိစိတ်ကို ပြရာ ဝီထိပိုင်းဖြစ်၍ ဝီထိမုတ်စိတ် ၉ ပါး
အတွက် အထူး မမြွက်ပြီ။ ]
ယထာရဟံ — ဝီထိစိတ် ၈၀ ရထိုက်သည်ဟု ဆိုရသော်လည်း (ပုဂ္ဂလ
ဘေဒ၌ ပြခဲ့သည့်အတိုင်း) အဟိတ် စသော ပုဂ္ဂိုလ်များအလိုက် ထိုက်သင့်
သလို ရကြသည်-ဟူလို။
၂။ ရူပါဝစရ၊ပေ၊တဒါရမဏဝဇ္ဇိတာနိ-ဈာန်ရပြီးနောက် ဒေါသ
ဖြစ်လျှင် ဈာန် ကွယ်၏၊ တဒါရုံကား ကာမဘုံသား သန္တာန်၌သာရထိုက်၏၊
"ကာမေဇဝနသတ္တာလမ္ဗနာနံ"စသည်ကိုသတိပြု၊ ထို့ကြောင့်(အသညသတ်မှ
တပါးသော ) ရူပဘုံ၌ ဒေါသမူဒွေးနှင့် တဒါရုံကိစ္စ တပ်သော မဟာဝိပါက်
စိတ် ၈ ပါး မရထိုက်၊ [သန္တီရဏ ၃ ကား သန္တီရဏ ကိစ္စ တပ်ခိုက် ရူပဘုံ၌
ဖြစ်ထိုက်သေး၏။]
### နိဿယနှင့်အဓိပ္ပါယ်
၃။ အရူပါဝစရဘူမိယံ- အရူပါဝစရဘုံ၌၊ ပဌမမဂ္ဂ ရူပါ
ဝစရ ဟသန ဟေဋ္ဌိမာရုပ္ပဝဇ္ဇိတာနိစ- သောတာပတ္တိမဂ် ရူပါ
ဝစရစိတ် ဟသိတုပ္ပါဒ် အောက်အောက်သော အရူပစိတ်တို့
သည်လည်း ကြဉ်အပ်ကုန်သော၊ ဧတာနိ ဝီထိစိတ္တာနိ-တို့ကို၊
လဗ္ဘန္တိ-ကုန်၏။
၄။ စ.- ဆက်ဦးအံ့၊ သဗ္ဗတ္ထာပိ – အလုံးစုံသော ဘုံတို့၌
လည်း၊ တံတံပသာဒ ရဟိတာနံ-ထိုထို ပသာဒမှ ကင်းသော
ပုဂ္ဂိုလ်တို့၏ (သန္တာန်၌၊) တံတံဒွါရိက ဝီထိစိတ္တာနိ – ထိုထို
ဒွါရ၌ ဖြစ်သော ဝီထိစိတ်တို့ကို၊ နလဗ္ဘန္တေဝ - မရအပ်ကုန်
သည်သာလျှင်တည်း။
၃။ အရူပါဝစရ၊ပေ၊ဟေဋ္ဌိမာရုပ္ပဝဇ္ဇိတာနိ-အရူပဘုံ၌ သောတာ
ပတ္တိမဂ်စိတ် ၁, (ဝိပါက်များကား ဝီထိမုတ်ဖြစ်၍ ကြဉ်ပြီးဖြစ်သောကြောင့်)
ရူပစိတ် ၁၀, ဟသိတုပ္ပါဒ်နှင့် အောက်အောက် အရူပစိတ်များမရ၊ ဥပမာ--
ဝိညာဏဉ္စာယတန ( ဒုတိယ ) ဘုံ၌ အာကာသာနဉ္စာယတန ကုသိုလ်နှင့်
ကြိယာစိတ် မရ, နေဝသညာ နာသညာယတန ( စတုတ္ထ) ဘုံ၌ အာကာသာ
နဉ္စာယတန ဝိညာဏဉ္စာယတန အာကိဉ္စညာယတန ကုသိုလ်ကြိယာများ
မရနိုင်ဟူလို။
၄။ သဗ္ဗတ္ထာပိစ၊ ပေ ၊ နလဗ္ဘန္တေဝ-- ဘယ်ဘုံ၌မဆို ထိုထို ပသာဒ
မရှိသူ့ သန္တာန်၌ ထိုထို ပသာဒ( ဒွါရ) နှင့် စပ်သော ဝီထိစိတ်များ မရထိုက်၊
ဥပမာ'စက္ခုပသာဒ ချို့နေလျှင် (မျက်စိ မမြင်လျှင် ) ကာမဘုံသားပင် ဖြစ်
သော်လည်း စက္ခုဒွါရိက ဝီထိစိတ်များ မရနိုင် စသည်ဖြင့် သိလေ။
" ရူပလောကေပန ဃာနာဒိတ္တယံ နတ္ထိ" ဟု ဆိုခဲ့သည့်အတိုင်း ရူပဘုံ၌
ဃာန ဇိဝှါ ကာယပသာဒတို့ မရှိသောကြောင့် ထို ပသာဒ ( ဒွါရ) နှင့်
စပ်သော ဃာနဝိညာဏ် ၂, ဇိဝှါဝိညာဏ် ၂, ကာယဝိညာဏ် ၂, ပေါင်း
၆ ပါးလည်း မရထိုက်၊
### ဝီထိပိုင်း
၅။ ပန−ကား၊ အသညသတ္တာနံ-အသညသတ်ပုဂ္ဂိုလ်တို့
၏(သန္တာန်၌၊) သဗ္ဗထာပိ-အလုံးစုံသောအပြားအားဖြင့်လည်း၊
စိတ္တပ္ပဝတ္တိ - စိတ်၏ ဖြစ်ခြင်းသည်၊ နတ္ထေဝ – မရှိသည်သာ
တည်း၊ ဣတိ-ဤတွင် ဘူမိဝိဘာဂ အပြီးတည်း။
**သင်္ဂဟ**
၆။ ကာမေ-ကာမဘုံ၌၊ အသိတိ-၈၀ သော၊ ဝီထိ
စိတ္တာနိ-ဝီထိစိတ်တို့ကို၊ ယထာရဟံ – ထိုထို ပုဂ္ဂိုလ်
အလိုက် ထိုက်သည်အားလျော်စွာ၊ လဗ္ဘရေ – ရအပ်ကုန်၏၊
ရူပေ-အသညသတ်ကြဉ်သော ရူပတဆဲ့ငါးဘုံ၌၊ စတုသဋ္ဌိ-
ခြောက်ဆဲ့လေးပါးသော၊ ဝီထိစိတ္တာနိ-တို့ကို၊ ယထာရဟံ-စွာ၊
အရူပဘုံ၌ ပသာဒရုပ် ငါးပါးလုံး မရှိသောကြောင့် ပဉ္စ
ဒွါရ၌ ဖြစ်လေ့ရှိသော ပဉ္စဒွါရာဝဇ္ဇန်း ဒွေးပဉ္စဝိညာဏ် ၁၀ သမ္ပဋိစ္ဆိုင်း ၂ နှင့်
သန္တီရဏ ၃ တို့လည်း မရထိုက်။
၅။ အသညသတ္တာ၊ပေ၊နတ္ထေဝ" [အသည = သညာ မရှိသော+
သတ္တ = သတ္တာ။] သညာ မရှိသော ဗြဟ္မာ သတ္တာကို "အသညသတ္တ" ဟု
ခေါ်၏၊ သညာတခုကို ခေါင်းတပ်၍ "အသည" ဟု ဆိုသည်၊ အသညသတ်
ဘုံသားတို့မှာ (သညာစေတသိက်သာ မက) စိတ်စေတသိက် ဟူသမျှ မရှိ။
၆။ သင်္ဂဟဂါထာ
အသီတိ ဝိထိစိတ္တာနိကာမ−ကာမဘုံ၌ ဝီထိစိတ် ၈၀ လုံး ထိုက်သလို
ရနိုင်၏၊ ထိုက်သလို ရပုံကို ဒုဂ္ဂတိအဟိတ် ပုဂ္ဂိုလ်၌ ၃၇, သုဂတိ အဟိတ်
ပုဂ္ဂိုလ်၌ ၄၁ စသည်ဖြင့် ပုဂ္ဂလဘေဒ၌ ပြခဲ့သည့်အတိုင်း သိလေ။
### နိဿယနှင့်အဓိပ္ပါယ်
လဗ္ဘရေ-န်၏၊ တထာ-ထိုမှတပါး၊ အရူပေ-အရူပလေးဘုံ၌၊
ဒွေစတ္တာလီသ – လေးဆဲ့ နှစ်ပါးသော၊ ဝီထိစိတ္တာနိ − တို့ကို၊
ယထာရဟံ-စွာ၊ လဗ္ဘရေ-န်၏။
ဧတ္ထ-ဤဝီထိသင်္ဂဟ၌၊ အယံ-ဤ ဆိုအပ်ပြီးသော စကား
သည်၊ ဘူမိဝိဘာဂေါ – ဘုံအားဖြင့် ဝီထိစိတ်တို့ကို ခွဲခြား
ဝေဘန်ခြင်းတည်း။
ရူပေ စတုသဋ္ဌိ — ရူပဘုံကား ယခင် ၈၀ တွင် ဒေါသမူ ၂, မဟာ
ဝိပါက် ၈, ဃာန ဇိဝှါ ကာယဝိညာဏ် ၆ ကို ကြဉ် ( ကြဉ်ရပုံကို စုဏ္ဏိယ
ပြန်ကြည့် ) ၆၄ ပါးသော ဝီထိစိတ်များ ရနိုင်၏၊ "ယထာရဟံ"အရ တိဟိတ်
ပုထုဇဉ်နှင့် ဖလဋ္ဌ ၄ ယောက်အတွက် နောက်၌ ခွဲပြလတံ့။
ရူပဘုံ၌ ဈာန်ရပုဂ္ဂိုလ်များချည်းသာ ဖြစ်ရသောကြောင့် ဒု သု ဒွိ ပုဂ္ဂိုလ်
၃ ယောက်မရှိ၊ မဂ္ဂဋ္ဌပုဂ္ဂိုလ်၌ မိမိဆိုင်ရာ မဂ်စိတ် ၁ သာ ဖြစ်ခွင့်ရှိ၍ အထူး
စိစစ်ဘွယ် မလို။
အရူပေဒွေစတ္တာလီသ — အရူပဘုံ၌ကား ရူပဘုံ၌ ရထိုက်သော ၆၄
တွင် သောတာပတ္တိမဂ် ၁, ရူပစိတ်(ကုကြိ)၁၀, ဟသိတုပ္ပါဒ် ၁, [ ၎င်း ၁၂
ပါးကြဉ်ရပုံကို စုဏ္ဏိယ ကြည့်၊] ပဉ္စဒွါရာဝဇ္ဇန်း ၁,စက္ခုဝိညာဏ်ဒွေး သောတ
ဝိညာဏ်ဒွေး သမ္ပဋိစ္ဆိုင်းဒွေး, သန္တီရဏ ၃, [ ၎င်း ၁၀ ကိုကား အရူပဘုံ၌
ပသာဒရုပ်လည်း မရှိ, တဒါရုံကိစ္စလည်း မတပ်နိုင်သောကြောင့် "သဗ္ဗတ္ထာပိ
တံတံပသာဒရဟိတာနံ"စသော စကားအရ ကြဉ်ရသည်။] ဤ ၂၂ ပါးသော
စိတ်များကိုကြဉ်, ကြွင်း ၄၂ ပါးရ၏၊ [ ဝတ္ထုသင်္ဂဟ၌ပြခဲ့သော"ဒွေစတ္တာလီသ"
အရနှင့် အတူပင်တည်း။]
ဘူမိဝိဘာဂ ပြီး၏။
Trang pdf 131 - 131
**ဝီထိပိုင်း**
နိဂုံးချုပ်။
နိဂုံးချုပ်။
ဣစ္စေဝံ-ဤဆိုအပ်ပြီးသော အစီအစဉ်ဖြင့်၊ ဆဒွါရိက
စိတ္တပ္ပဝတ္တိ-ခြောက်ဒွါရ၌ဖြစ်သော စိတ်တို့၏ ဖြစ်ပုံ
သည်၊ ယထာသန္တံ ဝံ-ထိုထိုဒွါရ၌ ဖြစ်ထိုက်သည်အားလျော်
စွာ၊ ဘဝင်္ဂ န္တရိဘ၁-ဘဝင်သည် ခြားကွယ်သမှု ပြုအပ်သည်၊
( ဟုတွ၁ – ၍၊ ) ယာဝတာယုကံ – အသက်ရှည်သမျှ ကာလ
ပတ်လုံး၊ အဗ္ဗော မ္ဘိန္န၁−မပြတ်မစဲ၊ ပဝတ္တတိ-ဖြစ်၏။
အဘိဓမ္မတ္ထသင်္ဂဟေ – ၌၊ ဝီထိသင်္ဂဟ ဝိဘာဂေါန၁မ –
ဝီထိသင်္ဂဟဝိဘာဂ မည်သော၊ စတုတ္ထော – လေးပိုင်းတို့၏
ပြည့်ကြောင်းဖြစ်သော၊ ပရိစ္ဆေဒေါ−သည်၊ ဣတိ-ပြီးပြီ။
။ ။ ဣစ္စေဝံ ၊ ပေ ၊ ပဝတ္တတိ'ကား "ကထံ ဥပ္ပါဒဋ္ဌိတိဘင်္ဂ
ဝသေန" စသော ဝီထိကျပုံနှင့်စပ်သည့် စကားရပ် အားလုံးကို အုပ်ဖုံးသော
နိဂုံးစကားတည်း၊ ဆိုအပ်ပြီးသောနည်းအရ ဝီထိစိတ်များသည့် တဝီထိနှင့်
တဝီထိ အကြား၌ ဘဝင်ခြားလျက် ဆက်ကာ ဆက်ကာ အသက်ရှည်သမျှ
ဖြစ်ကြသည် ဟူလို။
ပုဂ္ဂိုလ်၌ စိတ်ရအကျယ် ။ ။ ဤပုဂ္ဂိုလ်စိတ်ရကို ဆရာမြတ်တ္တိ ပိဋက
သင်္ချာခေါ် က-ခ- စသော အက္ခရာသင်္ချာဖြင့် ပြခဲ့သောကြောင့် ရှေးဦးစွာ
ပိဋကသင်္ချာကို နားလည်စေရမည်။
ကာဒီ ဋာဒီ ယကာရာဒီ, နဝသင်္ချာ ပကာသိတာ၊
ပဉ္စသင်္ချာ ပ-ကာရာဒီ, သုညာနာမ သရ-ည-နာ။
ကာဒီ-က အစ, ဈ အဆုံး, အက္ခရာ ၉ လုံးတို့ကို၎င်း၊ ဋာဒီ'ဋ အစ,
ဓ အဆုံး, အက္ခရာ ၉ လုံးတို့ကို၎င်း၊ ယကာရာဒီ-ယ အစ, ဠအဆုံး,အက္ခရာ
၉ လုံးတို့ကို၎င်း၊ နဝသင်္ချာ−၁, ၂, ၃, ၄, ၅, ၆, ၇, ဂ, ၉, သင်္ချာတ္တိ ဟူ၍၊
ပကာသိတာ'ပြအပ်ကုန်၏၊ ပကာရာဒီ-ပ အစ, မ အဆုံး, အက္ခရာ ၅ လုံး
တို့ကို၊ ပဉ္စသင်္ချာ-၁, ၂, ၃, ၄, ၅ သင်္ချာတို့ဟူ၍၊ ပကာသိတာ'ကုန်၏၊ သရ
ည နာ-သရရှစ်သွယ်, နငယ်နှင့် ညတိုသည်၊ သုညာနာမ-သုညတ္တိ မည်၏။
[ က ဋ ပ ယတ္တိသည် ၁ ဂဏန်းကိုပြ၏, ခ ဌ ဖ ရ တို့သည် ၂ ဂဏန်းကို
ပြ၏, ဤသို့ စသည်ဖြင့်သိလေ၊ အဆုံး၌ ဈ ဓ ဠ တို့သည့် ၉ ဂဏန်းကို ပြ၏၊
ယကာရာဒီ၌ သက္ကတကျမ်းများဝယ် တာလုဇ'သ, မုဒ္ဓဇ-သ, ဒန္တဇ-သ, ဟု
သုံးလုံးပါသောကြောင့်– ယ ရ လ ရ လ ဝ သ သ သ ၁ ဟ ဠ" ဟု အက္ခရာ ၉ လုံး
ပြရမည့်၊ ရှေးဆရာတိုကား ရှေး သ သ အစား ယှ ရှ ဟု သုံးစွဲကြလေ၏၊ အ
အာ စသည်တို့သည် ဝ ဂဏန်းကိုပြ၏။ – ပိဋကသင်္ချာ,ဟူသမျှ,နောက်ပြန်
စဉ်၍ချ" ဆ လာ ဟု တ္တေလျှင် "ဆ=၇၊ လ=၃ " နောက်ပြန်စဉ်၍ ၃၇ ဟု
ချလေ ဟူလို။]
မဂ္ဂဋ္ဌပုဂ္ဂိုလ်များ၌ မဂ်စိတ် ၁ ပါးစီသာ ရှိသည်၊ ကာမပုဂ္ဂိုလ်များအတွက်
ပုဂ္ဂလဘေဒ၌ ကောက်ခဲ့ပြီး ဈာန်မရသော ကာမပုဂ္ဂိုလ်အတွက် မဟဂ္ဂုတ်
ဈာန် ၉ ကိုနှုတ်၍ ရေတွက်လေ၊ ဈာန်ရ ဟူရာ၌ ၁ ပါးရသူ-၂ ပါးရသူစသည်
ဖြင့် အမျိုးမျိုး ရှိသော်လည်း သရုပ်ခွဲ လွယ်အောင် မဟဂ္ဂုတ်ဈာန် ၉ ပါးလုံး
ရသူအတွက် ပြထားသည်။
[ဆောင်] ဈာန်မရသည့်, ကာမသတ္တာ, စိတ်သင်္ချာကား, ဆလာ-
ကဝံ့,မသံ' ယုဝါ, ဈလာ− မလံ၊ ( ဈာန်ဟုံလျှံမူ),
ဝါမံ-ဩမေ, ဟဝေ-ဘဝါ၊ ရူပမှာကား, ဂဝါ-ဈလ, မလ
မှတ်လေ၊ အရူပေမှာ, ဆခေ-လ ခ, ဟ (နှင့်) က သည်
ရွေးမျှဆံခြည် မတိမ်းတည်း။
[ဤလင်္ကာ၏ အဓိပ္ပါယ်ကို ဇယားကွက်ဖြင့် ထင်ရှားစေအံ့။]
Trang pdf 132 - 132
အရူပ ပုဂ္ဂိုလ်
။ဈာန်ရသော ကာမပုဂ္ဂိုလ်၏ ရရှိသော
စိတ် များတွင် ဘုံအားဖြင့် မရထိုက်သော ဒေါသမူ ၂, ဃာန ဝိညာဏ်
နိဿယနှင့်အဓိပ္ပါယ်
စသော ၆, မဟာဝိပါက် ၈ တို့ကို နှုတ်၍ ရူပဘုံဖြစ်သောကြောင့် ရူပဝိပါက်
၅ ခု ထည့်လျှင်, ရူပပုဂ္ဂိုလ်များ၏ စိတ်ရဖြစ်၏၊ ထို့ကြောင့် ဈာန်ရ ကာမ
တိဟိတ်၌ ရသောစိတ် ၅၄ တွင် ဒေါသမူစသော ၁၆ နှုတ်'ရူပ ဝိပါက်စိတ်
၅ ထည့်လျှင် ရူပ တိဟိတ်စိတ်အရ ၄၃ ဖြစ်၏၊ ဈာန်ရ သောတာပန် သကဒါ
ဂါမ် တို့၏ စိတ်ရ ၅ဝ တွင် ယခင်အတိုင်း နှုတ်'ထည့်က ရူပ သောတာပန်
သကဒါဂါမ် စိတ်ရ ၃၉ ဖြစ်၏၊ အနာဂါမ် စိတ်ရလည်း ၃၉ ပင်၊ ဈာန်ရ
ကာမ ရဟန္တာ၏စိတ်ရ ၄၄ တွင် ယခင်အတိုင်း နှုတ်-ထည့်က ရူပ ရဟန္တာ၏
စိတ်ရ ၃၅ ဖြစ်၏။ [ အနာဂါမ် ရဟန္တာတို ဒေါသမူကို ပယ်ပြီး ဖြစ်၍
ဘုံအတွက် နှုတ်ဘွယ် မလို။ ]
အရူပ ပုဂ္ဂိုလ်၌ စိတ်ရ။ . ။ရူပ တိဟိတ် စိတ်ရ ၄၃ တွင် ဘုံ အားဖြင့်
မရထိုက်သော ပဉ္စဒွါရာဝဇ္ဇန်း စက္ခုဝိညာဏ် သောတဝိညာဏ် သမ္ပဋိစ္ဆိုန်း
သန္တီရဏ ၁ဝ, ရူပကုသိုလ်နှင့် ဝိပါက် ၁ဝ နှုတ်လျှင် ၂၃ ကျန်၏၊ အရူပ
ဘုံသား ဖြစ်သောကြောင့် ပဋိသန္ဓေ ဘဝင် စုတိ ကိစ္စ တပ်ဘိုရာ အရူပဝိပါက်
၄ ထည့်လျှင် အရူပတိဟိတ်စိတ်ရ ၂၇ ဖြစ်၏။
ရူပသောတာပန် သကဒါဂါမ် အနာဂါမ်တို့၏ စိတ်ရ ၃၉ တွင် ယခင်
အတိုင်းပင် နှုတ်ထည့်လျှင် အရူပပုဂ္ဂိုလ်များ၏ စိတ်ရဖြစ်၏၊ ရူပ ရဟန္တာ၏
စိတ်ရ ၃၅ တွင် ယခင် ၂ဝ နှင့်တကွ ဟသိတုပ္ပါဒ်ကို နှုတ် ၁၄ ကျန်၏၊ အရူပ
ဝိပါက် ၄ ထည့်လျှင် အရူပ ရဟန္တာ၏ စိတ်ရ ၁၈ ဖြစ်၏။
ရူပဝိပါက် အရူပဝိပါက် များသည် တဘုံလျှင် ပဋိသန္ဓေ စသော ကိစ္စ
တပ်ဘိုရာ ၁-ပါးစီသာ ရနိုင်၏၊ ယခု ပြခဲ့သည့်ကား အားလုံးဘုံ အတွက်
ပေါင်း၍ ပြခြင်းတည်း၊ ထို့ကြောင့် နေဝသညာ နာသညာယတန ဘုံသား
ရဟန္တာအတွက် ဆိုလျှင် ယခင် ၁၈ မှ အောက် အရူပ ဝိပါက် ၃ ပါးကို
နှုတ်ရလိမ့်မည်၊ ထို့ပြင် " ဟေဋ္ဌိမာ ရုပ္ပဝဋ္ဌိတာနိ " အရ အောက်အောက်
အရူပကြိယာ ၃ ပါးကိုလည်း ကြဉ်ရလိမ့်မည်၊ ထို့ကြောင့် အောက်ဝိပါက်
ကြိယာ ၆ ပါးကြဉ်၍ ၁၂ ပါးသာ ရတော့၏၊ အခြား ပုဂ္ဂိုလ်များ၌လည်း
ဤနည်းအတိုင်း စီစစ်လေ။
Trang pdf 133 - 133
ဝီထိပိုင်း
လေ့ကျင့်ခဏ်း မေးခွန်းများ
[ပုဂ္ဂလဘေဒနှင့် ဘူမိဝိဘာဂကို ရောနှော၍ အစဉ်အတိုင်း မဟုတ်ဘဲ
သင့်သလို လေ့ကျင့်ခဏ်း ထုတ်မည်၊ ဆလာ ကဝံ စသော သင်္ချာကို သတိ
ထား၍ ပုဂ္ဂိုလ်စိတ်ရကို ကြိုးစား ရေတွက်ပါ။]
က။ အဘယ် အခဏ်းကို ပုဂ္ဂလဘေဒ ဟု ခေါ်သနည်း။
ခ ။ အဘယ် အခဏ်းကို ဘူမိဝိဘာဂ ဟု ခေါ်သနည်း။
၈ ။ ပုဂ္ဂိုလ်အပြား မည်မျှနည်း, ရေတွက်ပြပါ။
ဃ။ အဘယ် ပုဂ္ဂိုလ်မျိုးကို အဟိတ် ဒွိဟိတ် တိဟိတ် ဟု ခေါ်သနည်း။
င • ထိုထို ဘဝ၌ ဈာန်မရထိုက်သူတို့ကား ဘယ်ပုဂ္ဂိုလ်များနည်း။
• ။ ကာမဘုံ၌ စိတ်ပေါင်း မည်မျှ ရထိုက်သနည်း, သင်္ဂြိုဟ်ထောက်ပါ။
ဆ။ ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်၏ စိတ်ရကို လင်္ကာထောက်၍ သရုပ်ကောက်ပါ။
ဇ။ သုဂတိ အဟိတ် ဒွိဟိတ်ပုဂ္ဂိုလ်၏ စိတ်ရကို လင်္ကာထောက်၍ သရုပ်
ကောက်ပါ။
။ ။ ဈာန်ရသော ကာမတိဟိတ်ပုဂ္ဂိုလ်၏ စိတ်ရကို လင်္ကာထောက်၍ သရုပ်
ကောက်ပါ။
ည။ ဈာန်မရသော ကာမ တိဟိတ်၏ စိတ်ရကို သရုပ်ကောက်ပါ။
ဋ ။ ရူပဘုံ၌ ဝီထိစိတ်ပေါင်း မည်မျှနည်း, သင်္ဂြိုဟ်ထောက်၍သရုပ်ကောက်ပါ။
ဌ ။ ဝီထိမုတ်စိတ်ပါ ရေတွက်လျှင် ရူပဘုံ၌ မည်မျှ ရနိုင်သနည်း။
ဍ ။ ရူပတိဟိတ် ပုဂ္ဂိုလ်၏ စိတ်ရကို ကောက်ပါ။
၁ ။ အရူပဘုံ၌ ဝီထိစိတ်ပေါင်း မည်မျှနည်း, သင်္ဂြိုဟ်ထောက်၍ ကောက်ပါ။
နိဿယနှင့်အဓိပ္ပါယ်
ဏ။ ဝီထိမုတ်စိတ်ပါ ရေတွက်လျှင် မည်မျှ ရနိုင်သနည်း။
တ။ အရူပ တိဟိတ်ပုဂ္ဂိုလ်၏ စိတ်ရကို ကောက်ပြပါ။
ထ။ မဂ္ဂဋ္ဌ ၄ ယောက်၌ စိတ်ပေါင်း မည်မျှစီ ရနိုင်ကြသနည်း။
ဒ ။ ဇ္ဈာန်ရသော ကာမ သောတာ့ပန် သကဒါဂါမ်တို့၏ စိတ်ရကို လင်္ကာ
ထောက်၍ ကောက်ပါ။
ဓ ။ ဈာန်မရသော ကာမ သောတာပန် သကဒါဂါမ်၏စိတ်ရကို ကောက်ပါ။
န ။ ဈာန်ရသော ကာမအနာဂါမ်၏စိတ်ရကို လင်္ကာထောက်၍ ကောက်ပြပါ။
ပ ။ ဈာန်မရသော ကာမအနာဂါမ်၏ စိတ်ရကို ကောက်ပြပါ။
ဖ ။ ရူပ အောက်ဖလဋ္ဌပုဂ္ဂိုလ် ၃ ယောက်၏ စိတ်ရကို ကောက်ပြပါ၊
ဗ ။ အရူပ အောက်ဖလဋ္ဌ သုံးယောက်၏ စိတ်ရကို ကောက်ပြပါ။
ဘ။ ဈာန်ရသောကာမရဟန္တာ၏စိတ်ရကို လင်္ကာထောက်၍ကောက်ပြပါ။
မ.။ ဈာန်မရသော ကာမရဟန္တာ ၏ စိတ်ရကို ကောက်ပြပါ။
ယ။ ရူပ ရဟန္တာ၏ စိတ်ရကို ကောက်ပြပါ။
ရ ။ အရူပ ရဟန္တာ၏ စိတ်ရကို ကောက်ပြပါ။
လ။ ဝိညာဏဉ္စာယတနဘုံသား ရဟန္တာ၏စိတ်ရကို ကောက်ပြပါ။
• ။ နေဝသညာနာသညာယတန ဘုံသား ရဟန္တာ၏ စိတ်ရကို ကောက်ပြပါ။
ဝီထိပိုင်း နိဿယနှင့် အဓိပ္ပါယ်
ပြီးပြီ
९९
Trang pdf 134 - 134
ဝီထိမုတ်ပိုင်းနိဿယ
ဧဝံ-ဤဆိုအပ်ပြီးသောနည်းဖြင့်၊ ဝီထိစိတ္တဝသေ
အဿ နှင့် န-ဝီထိစိတ်တို့၏ အစွမ်းဖြင့်၊ ပဝတ္တိယံ - ပဝတ္တိ
အခါ၌၊ ပဝတ္တိသင်္ဂဟောန၁မ-ဖြစ်ပုံကိုပြ, ဖဝတ္တိ
ပဋိညာဉ်
မည်သောသင်္ဂဟကို၊ဥဒီရိတေ၁-မိန့်ဆိုအပ်ပြီ ဒါနိ-ယခုအခါ၌၊
သန္ဓိယံ – ပဋိသန္ဓေအခါ၌ ပဝတ္တိသင်္ဂဟောနာမ – ဖြစ်ပုံကိုပြ,
ပဝတ္တိမည်သောသင်္ဂဟကို(လိုက်)၊ဝုစ္စတိ-ဆိုအပ်၏၊ (ဆိုအပ်
လတံ့, ဆိုပေအံ့-ဟူလို။)
ဝီထိမုတ်ပိုင်း အဓိပ္ပါယ်
ဝီထိမုတ်ပိုင်း။ ။ပဋိသန္ဓေ ဘဝင် စုတိ ကိစ္စတပ်သော စိတ် ၁၉ ပါးကို
(ပြခဲ့သော ဝီထိစိတ်တိုမှ အလွတ်ဖြစ်သောကြောင့်) "ဝီထိမုတ္တ=ဝီထိမုတ်"
ဟု ခေါ်၏၊ ထို ဝီထိမုတ်စိတ်တို့ကိုပြရာ အပိုင်းအခဏ်းကို "ဝီထိမုတ်ပိုင်း"ဟု
ဤ ကျမ်းပြုဆရာကိုယ်တိုင် အမည်ပေးသည်။
66
ဘုံပိုင်း'၎င်းဝီထိမုတ်ပိုင်း၌ ဘုံနှင့်စပ်သောအခဏ်းလည်း ကျယ်ဝန်းစွာ
ပါသောကြောင့် နောက်ဆရာများက"ဘုံပိုင်း"ဟုလည်း ခေါ်စမှတ် ပြုကြ၏။
အနုသန္ဓေနှင့် ပဋိညာဉ်— ဝီထိစိတ္တဝသေနဝံ ၊ ပေ ၊ ဒါနိ ဝုစ္စတိ'ဤ
ဂါထာဖြင့် အနုသန္ဓေနှင့် ပဋိညာဉ်ကို ပြသည်၊ " ပြအပ်ပြီးသော နည်းဖြင့်
ပဝတ္တိအခါဝယ် ဝီထိစိတ်တို့၏ ဖြစ်ပုံကို ပြသော ပဝတ္တိသင်္ဂဟကိုဆိုပြီး၍, ယခု
အခါ ပဋိသန္ဓေအခါဝယ် ပဋိသန္ဓေစိတ်၏ ဖြစ်ပုံကို ပြသော ပဝတ္တိသင်္ဂဟကို
ဆိုပေအံ့" ဟူလို။
နိဿယနှင့်အဓိပ္ပါယ်
ဝီထိမုတ်ပိုင်းဝယ် စတဿေ၁-လေးပါးကုန်သော၊ဘူမိယော-
သိ ဘွယ်များ ဘုံတ္တို၎င်း၊ စတုဋ္ဌိဓာ – လေးပါး အပြား
ရှိသော၊ ပဋိသန္ဓိ - ပဋိသန္ဓေ၎င်း၊ စတ္တာရိ-
လေးပါးကုန်သော၊ ကမ္မာနိ - ကံတွို၎င်း၊ စတုဓာ – လေးပါး
ပြားသော၊ မရဏုပ္ပတ္တိစ-မရဏုပ္ပတ္တိ၎င်း၊ ဣတိ-ဤသို့၊ ထိ
မုတ္တသင်္ဂဟေ-ဝီထိမုတ္တသင်္ဂဟ၌၊ စတ္တာရိ−လေးပါးကုန်သော၊
စတုက္ကာနိ-စတုက္ကတ္တိကို၊ ဝေဒိတဗ္ဗာနိ-သိအပ်ကုန်၏။
ဘုံ ၄ မျိုးအ ကျဉ်း တတ္ထ - ထို လေးပါးသော စတုက္ကတ်တွင်၊
အပါယဘူမိ-အပါယ်ဘုံ၎င်း၊ ကာမသုဂတိ
ဘူမိ-ကာမသုဂတိဘုံ၎င်း၊ ရူပါဝစရဘူမိ – ရူပါဝစရ ၎င်း၊
ပဝတ္တိသင်္ဂဟောနာမသန္နိယံ 'ဤစကားအရ "ပဋိသန္ဓေ အခါဖြစ်ပုံကို
ပြသော သင်္ဂဟ" ဟု ဆိုသော်လည်း ပဋိသန္ဓေအခါသာ မက, စုတိအခါ
ဘဝင်ကိစ္စ တပ်သည့် အခါ၌လည်း စိတ်တို့၏ ဖြစ်ပုံကို ပြလတံ့၊ [ – ရာဇာ
အာဂတော'မင်းလာသည် " ဟု ပဓာနနည်းအားဖြင့် မင်းကို ခေါင်းတပ်၍
ပြောသော်လည်း နောက်လိုက် နောက်ပါတွေပါ လာသကဲ့သို့, ပဋိသန္ဓေ
အခါကို ခေါင်းတပ်ပြောသော်လည်း စုတိ ဘဝင်အခါတွေပါ ရနိုင်သည်။ ]
သိ ဘွယ်များ။ ။စတဿော ၊ ပေ၊ စတုက္ကာနိ ဝေဒိတဗ္ဗာနိ- ဤစကား
ကား ဝီထိမုတ်ပိုင်းဝယ် သိဘွယ်တို့ကို အကျဉ်းချုပ် ခေါင်းစဉ်၍ ပြသော
ဥဒ္ဒေသ မာတိကာ စကားတည်း၊ နောက်၌ ဤ အစဉ်အတိုင်း ချ၍ပြလတံ့၊
၁-ဘူမိစတုက္က, ၂ -ပဋိသန္ဓိစတုက္က, ၃-ကမ္မစတုက္က, ၄-မရဏုပ္ပတ္တိစတုက္က,ဟု
စတုက္က ၄ မျိုး သရုပ်ကို ရေတွက်ပါ။
ဘုံ ၄ မျိုး အကျဉ်း။ ။တတ္ထအပါယ ၊ ပေ ၊ ဘူမိယောနာမ-ဤစကား
ကား ဘူမိစတုက္ကကို အကျယ်ပြလို၍ ရှေးဦးစွာ ဘုံလေးပါး၏ ခေါင်းစဉ်ကို
Trang pdf 135 - 135
၂၆ဝ
ဝီထိမုတ်ပိုင်း
အရူပါဝစရဘူမိဝ – အရူပါဝစရဘုံ၎င်း၊ ဣတိ - ဤသည်တို
ကား၊ စတဿော- လေးပါးကုန်သော၊ ဘူမိယောနာမ–ဘုံတို့
မည်၏။
အပါယ် ၄ ဘုံ တ၁သု-ထိုလေးပါးသောဘုံတို့တွင်၊ နိရယေ၁-
နိရဲ (ငရဲ)၎င်း၊ တိရ စ္ဆာနယောနိ-တိရ စ္ဆာန် အရ
အဝေး၎င်း၊ ပေတ္တိဝိသယော - ပြိတ္တာတို့၏နေရာ၎င်း၊ အသုရ
ကာယေ၁၀ – အသုရကာယ်၎င်း၊ ဣတိ-ဤသို့၊ အပါယဘူမိ-
အပါယ်ဘုံသည်၊ စတုတ္တိဓ၁-၄ပါးအပြားရှိသည်၊ ဟောတိ-၏။
ပြပြန်သော အကျဉ်းချုပ် ဥဒ္ဒေသ မာတိကာ စကားပင်တည်း၊ ပါဠိရှိတိုင်း
ဘုံလေးပါးသရုပ်ကို မှတ်ထားခဲ့ပါ၊ သတွာတို့၏ ဖြစ်ရာဌာနကို "ဘူမိ-ဘုံ "
ဟု ခေါ်သည်။
အပါယ်ဘုံ ။ ။ တာသုနိရယော ၊ ပေ ၊ အပါယဘူမိ— [အပါယ။
အပ+-အယ။ အယ = ကုသိုလ်ကောင်းမှု + အပ = ကင်းသည်၊ ] ကုသိုလ်
ကောင်းမှု ကင်းသော ( ကုသိုလ်ကောင်းမှုပြုခွင့် များစွာ မရသော ) ဘုံကို
" အပါယ်ဘုံ" ဟု ခေါ်သည်။
နိရယ' [နိ+အယ။ အယ=ချမ်းသာ+နိ=မရှိ။] ချမ်းသာသုခ ရခွင့်
မရှိ၍ " ငရဲ" ဟု ခေါ်ရိုးရှိသော – နိရဲ " ဘုံလည်း'၁'သင်္ချိုဝ်း, ၂ 'ကာဠ
သုတ်, ၃'သံဃာတ, ၄-ရောရုဝ, ၅-မဟာရောရုဝ, ၆-တာပန,၇-မဟာ
တာပန, ၈'အဝိစိ ဟု ၈ ထပ် ရှိ၏၊ ဤမြေပြင်၏ အောက်၌ ယူဇနာပေါင်း
တစ်သောင်း ငါးထောင် ဝေးကွာသောအရပ်မှ စ၍ ၁၅၀၀၀ စီ ကွာခြားလျက်
အထက်အောက် တည်နေ၏၊ ဤနိရဲကြီး ၈ ထပ်တွင် တထပ် တထပ်၌..
၁-ဘင်ပုတ် နိရဲ့, ၂-ပြာပူ နိရဲ့, ၃-လက်ပန်တော နိရဲ့, ၄-သံလျက်
နိဿယနှင့်အဓိပ္ပါယ်
၂၆ဝ
ရွက်တော နိရဲ, ၅-ကြိမ်ပိုက်ချောင်းနိရဲ ဟု "ဥဿဒ"ခေါ် နိရဲငယ် ၅ ထပ်
(တံတိုင်းခပ်သလို ) ရံပတ်၍ နေပြန်လေသတဲ့။ [ဒေဝဒူတသုတ်။]
[ဆောင်] သဝ်း- ကာဠ, သံဃာတနှင့်, ရောရုဝနှစ်, တာပန်နှစ်,
တွက်စစ် အဝိစိ။
အထပ်တိုင်းမှာ, ဘင်-ပြာ-လက်-သန်, ကြိမ်ပိုက်ရံ, ငါးတန်
ဥဿဒရှိ။
တိရစ္ဆာနယောနိ -– [တိရော+အစ္ဆာန။ တိရော = ဘီလာ, ဝါ−
အလျားလိုက်အားဖြင့်+အစ္ဆာန = သွားသည်။] လူ နတ်တို့ကဲ့ သို မတ်မတ်
မသွား, အလျားလိုက်သွားသော အခြေ ၄ ချောင်း သားကောင် အပေါင်း,
အခြေ ၂ချောင်း ငှက်အပေါင်း, အခြေမရှိသော ရေနေ ကုန်းနေ သတ္တာတွေ
ကို " တိရစ္ဆာန်" ဟု ခေါ်၏၊ ထိုတိရစ္ဆာန်တို့၏ အပေါင်းအစုကို " တိရစ္ဆာန
ယောနိ " ဟု ခေါ်သည်၊ တိရစ္ဆာန်ဘုံဟု သီးခြားနေရာမရှိ၊ တိရစ္ဆာန်တမျိုး
တမျိုး၏ ပေါင်းစုနေရာ အရပ်ကိုပင် တိရစ္ဆာန်ဘုံ ဟု ခေါ်အပ်လေသည်။
ပေတ္တိ ဝိ သယ' [ပေတ္တိ=ပြိတ္တာ+ဝိသယ=နေရာ။] အိမ်ကြိုအိမ်ကြား၌
သလိပ် သချွဲ ထမင်းလုံး ဟင်းပေါက် ကောက်၍ စားသောက်ရ, မြစ် ချောင်း
ကမ်းနား၌ သးငါးရှာ၍ စားရ, တောကြီး တောင်ကြီးများ၌ မီးလောင် နေပူ
ဆူပူသတ်ဖြတ်ခံရသောတစ္ဆေမှင်စာ ဘီလူး သားရဲ သားဘက် အစိမ်းစသော
အမျိုးမျိုးသော သတွာတွေကို " ပြိတ္တာ" ဟု ခေါ်၏၊ ဘုံလည်း သီးခြားမရှိ၊
ပြိတ္တာတို့နေရာအရပ်ကိုပင် " ပြိတ္တာဘုံ " ဟု ခေါ်ရတော့သည်။
အသုရကာယ - [ အသုရ=အသုရာ+ကာယ=အပေါင်း။] အသုရာ
ဟူသည့် ပြိတ္တာအကြီးစားပင်ဖြစ်၏။ သမုဒြာ ဂင်္ဂါမြစ်ကမ်းစသော အရပ်၌
နေတတ်ကြ၏၊ ရေနား၌နေသော်လည်း ရေမသောက်ရ, ရေထည်း ဆင်းသွား
လျှင် ရေတွေပျောက်၍ သဲပူတွေသာ တွေ့ရ၏၊ စားဘွယ်ရာမှာ သာ၍ပင်
ဝေးသေး၏၊ ထို အသုရာ အပေါင်း၏ နေရာကိုပင် – အသုရကာယ်ဘုံ " ဟု
ခေါ်သည်, ဘုံ သီးခြား မ ရှိ။
## Trang 136
ကာမသုဂတိ ၇ ဘုံ
မနုဿလူ့ ဘုံ၎င်း၊ စာတုမဟာရာဇိက-
စာတုမဟာရာဇ် ဘုံ၎င်း၊ တာဝတိံသာ–
တာဝတိံသာ၎င်း၊ ယာမာ – ယာမာဘုံ၎င်း၊ တုသိတာ-
တုသိတာဘုံ၎င်း၊ နိမ္မာနရတိ - နိမ္မာနရတိဘုံ၎င်း၊ ပရနိမ္မိတ
ဝသဝတ္တိစ-ပရနိမ္မိတ ဝသဝတ္တိဘုံ၎င်း၊ ဣတိ - ဤသို့၊ ကာမ
သုဂတိဘူမိ - ကာမသုဂတိဘုံသည်၊ သတ္တဝိဓာ - ခုနစ်ပါး
အပြားရှိသည်၊ ဟောတိ-၏။
ပေါင်း ကာမ ၁၁
၁၁ ဘုံ
ပန – ဆက်ဦးအံ့၊ ဧကာဒသ-
တဆဲ့တပါး အပြားရှိသည်လည်း ဖြစ်
သော၊ သာအယံ-ထိုဘုံသည်၊ ကာမာဝစရဘူမိန္တေ-ကာမာ
ဝစရဘုံဟူ၍သာလျှင်၊ သင်္ခံ-ခေါ်ဝေါ်အပ်သည်၏ အဖြစ်သို့၊
ဂစ္ဆတိ-ရောက်၏။
ကာမသုဂတိ ၇ ဘုံ။ ။[သု=ကောင်းသော+ဂတိ=လားရာဘုံ။]
ကောင်းသော လာရောက်ရာဘုံကို "သုဂတိဘုံ" ဟု ဆိုသည်။ ဤကာမ
သုဂတိ ၇ ဘုံ၏ သရုပ်ကို ပါဠိကြည့်၍ ရေတွက်လေ။
ကာမ ၁၁ ဘုံ။ ။အပါယ် ( ဒုဂ္ဂတိ ) ၄ ဘုံနှင့် သုဂတိ ၇ ဘုံကို
ကာမ ၁၁ ဘုံ ဟု ခေါ်သည်၊ ပါဠိကြည့်၍ သရုပ်ရေတွက်လေ။
[စာတုမဟာရာဇ်ဘုံသည် မြင့်မိုရ်တောင်၏ အလယ်လေခံမှ စ၍ မြေပြင်
ရောက်အောင် ပြန့်နှံ့၏၊ တာဝတိံသာဘုံသည် မြင့်မိုရ်တောင် ထိပ်၌
ယာမာစသောဘုံသည် ထိုအထက် ကောင်းကင်၌ အဆင့်ဆင့် မြင့်လျက်
တည်ကြ၏၊ ထက်ဝန်းကျင်၌ကား နတ်ပြည်ခြောက်ထပ်လုံးပင် စကြာဝဠာ
တံတိုင်းထိအောင် ပြန့်နှံ့ တည်နေကြသောဟူ၏။
## လေ့ကျင့်ခန်း မေးခွန်းများ
**က။** အဘယ်ကြောင့် ဝီထိမုတ်ပိုင်းဟု ခေါ်သနည်း။
**ခ။** အဘယ်ကြောင့် ဘုံဟု ခေါ်သနည်း။
**ဂ။** ဝီထိစိတ္တဝသေနေဝံ ဂါထာသည် ဘာကို ပြသောဂါထာနည်း၊ ၎င်း
ဂါထာကို အနက်ပေး၍ စကားပြေကို ပြပါ။
**ဃ။** ပဝတ္တိသင်္ဂဟောနာမသန္ဒိယံ-ဟု ဆိုသောကြောင့် ပဋိသန္ဓေအခါ၌သာ
ဖြစ်ပုံကို ပြမည်လော၊ ဥပမာဆောင်၍ ထင်ရှားပြပါ။
**င။** စတ္တာရိစတုက္ကာနိ အရ စတုက္က ၄ပါးကို ကောက်ပြပါ။
**စ။** အဘယ်ကို"ဘုံ"ဟု ခေါ်သနည်း၊ ဘုံလေးပါးကို ရေတွက်ပါ။
**ဆ။** အဘယ်ဘုံမျိုးကို "အပါယ်ဘုံ"ဟု ခေါ်သနည်း။ အပါယ်ဘုံ ၄ ပါးကို
သင်္ဂြိုဟ်ထောက်၍ ရေတွက်ပါ။
**ဇ။** နိရဲကြီး ၈ ထပ်ကို လင်္ကာထောက်၍ ရေတွက်ပါ။
**စျ။** တထပ် တထပ်၌"ဥဿဒ" ခေါ် ငရဲငယ်များကို ရေတွက်ပါ။
**ည။** ထို ငရဲဘုံများသည် အဘယ် အရပ်၌ ရှိသနည်း။
**ဇ္ဇ။** အဘယ် သတ္တဝါမျိုးကို တိရစ္ဆာန် ဟု ခေါ်သနည်း။
**ဌ။** အဘယ် သတ္တဝါမျိုးကို ပြိတ္တာ ဟု ခေါ်သနည်း။
**ဍ။** အဘယ် သတ္တဝါမျိုးကို အသုရကာယ် ဟု ခေါ်သနည်း။
**ဎ။** ကာမသုဂတိ ၇ ဘုံကို သင်္ဂြိုဟ်ထောက်၍ ရေတွက်ပါ။
**ဏ။** ကာမ ၁၁ ဘုံတွင် သုဂတိဘုံ ဒုဂ္ဂတိဘုံ မည်မျှစီ ရှိသနည်း။
**တ။** စာတုမဟာရာဇ် စသော ဘုံများ အဘယ်အရပ်၌ တည်သနည်း။
## Trang 137
**ရူပ ၁၆ ဘုံ**
၁။ ဗြဟ္မပါရိသဇ္ဇာ-ဗြဟ္မပါရိသဇ္ဇာဘုံ၎င်း၊ ဗြဟ္မ
ပုရောဟိတာ-ဗြဟ္မာပုရောဟိတဘုံ၎င်း၊ မဟာ
ဗြဟ္မာစ-မဟာဗြဟ္မာဘုံ၎င်း၊ ဣတိ-ဤသုံးဘုံသည်၊ ပဌမဇ္ဈာန
ဘူမိ-ပဌမဈာန်ဘုံတည်း။
၂။ ပရိတ္တာဘာ-ပရိတ္တာဘာဘုံ၎င်း၊ အပ္ပမာဏာဘာ-
အပ္ပမာဏာဘာဘုံ၎င်း၊ အာဘဿရာစ-အာဘဿရာဘုံ၎င်း၊
ဣတိ - သုံးဘုံသည် ဒုတိယဇ္ဈာနဘူမိ – ဒုတိယဈာန်ဘုံတည်း။
၃။ ပရိတ္တသုဘာ-ပရိတ္တသုဘာဘုံ၎င်း၊ အပ္ပမာဏသုဘာ-
အပ္ပမာဏသုဘာဘုံ၎င်း၊ သုဘကိဏှာစ-သုဘကိဏှာဘုံ၎င်း၊
ဣတိ-သည်၊ တတိယဇ္ဈာနဘူမိ-တတိယဈာန်ဘုံတည်း။
၄။ ဝေဟပ္ဖလာ- ဝေဟပ္ဖိုလ်ဘုံ ၎င်း၊ အသညသတ္တာ-
အသညသတ်ဘုံ၎င်း၊ သုဒ္ဓါဝါသာစ – သုဒ္ဓါဝါသ ငါးဘုံ၎င်း၊
ဣတိ - ဤ ခုနစ်ဘုံသည်၊ စတုတ္ထဇ္ဈာနဘူမိ - စတုတ္ထဈာန်ဘုံ
တည်း၊ ဣတိ - ဤသို့၊ ရူပါဝစရဘူမိ - ရူပါဝစရဘုံသည်၊
သောဠသဝိဓာ-၁၆ ပါးအပြားရှိသည်၊ ဟောတိ-၏။
အဝိဟာ - အဝိဟာဘုံ၎င်း၊ အတပ္ပါ - အတပ္ပါဘုံ ၎င်း၊
သုဒဿာ-သုဒဿာဘုံ၎င်း၊ သုဒဿီ-သုဒဿီဘုံ၎င်း၊ အကနိဋ္ဌာ
စ-အကနိဋ္ဌာဘုံ၎င်း၊ ဣတိ-ဤသို့၊ သုဒ္ဓါဝါသဘူမိ-သုဒ္ဓါဝါသ
ဘုံသည်၊ ပဉ္စဝိဓာ-ငါးပါးအပြားရှိသည် ဟောတိ-၏။ စတုတ္ထ
ဈာန်ဘုံ၌ ပြခဲ့သော သုဒ္ဓါဝါသသည် ၅ ဘုံရှိ၏-ဟူလို။
**အရူပ ၄ ဘုံ**
အာကာသာနဉ္စာယတနဘူမိ – အာကာသာနဉ္စာ
ယတနဘုံ၎င်း၊ ဝိညာဏဉ္စာယတနဘူမိ - ဝိညာ
ဏဉ္စာယတနဘုံ၎င်း၊ အာကိဉ္စညာယတနဘူမိ - အာကိဉ္စညာ
ယတနဘုံ၎င်း၊ နေဝသညာနာသညာယတနဘူမိစ – နေ
ဝသညာနာသညာယတနဘုံ၎င်း၊ ဣတိ-ဤသို့၊ အရူပါဝစရဘူမိ-
သည်၊ စတုဗ္ဘိဓာ-လေးပါးအပြားရှိသည်၊ ဟောတိ-၏။
**ဘုံ၌ ပုဂ္ဂိုလ်ရ**
သုဒ္ဓါဝါသေသု – သုဒ္ဓါဝါသဘုံတို့၌၊ သဗ္ဗထာ-
အလုံးစုံသော အပြားအားဖြင့်၊ သဗ္ဗဒါ – ရှိလျှင်
"အခါခပ်သိမ်း" ဟု ပေး၊ ပုထုဇ္ဇနာ-ပုထုဇဉ်လည်း ဖြစ်ကုန်
သော၊ သောတာပန္နာစ – သောတာပန်လည်း ဖြစ်ကုန်သော၊
သကဒါဂါမိနောစာပိ-သကဒါဂါမ်လည်း ဖြစ်ကုန်သော၊ ပုဂ္ဂ
လာ-ပုဂ္ဂိုလ်တို့ကို၊ နလဗ္ဘန္တိ - မရအပ်ကုန်၊ အသညသတ္တာ-
ပါယဘူမိသု-အသညသတ်ဘုံ အပါယ်ဘုံတို့၌၊ အရိယာ-အရိယာ
ပုဂ္ဂိုလ်တို့ကို၊ နောပလဗ္ဘန္တိ-မရအပ်ကုန်၊ သေသဋ္ဌာနေသု-
ကြွင်းသောဘုံဌာနတို့၌၊ အရိယာ - အရိယာပုဂ္ဂိုလ်တို့ကို၎င်း၊
အနရိယာစ-ပုထုဇဉ်ပုဂ္ဂိုလ်တို့ကို၎င်း၊ လဗ္ဘန္တိ-ရအပ်ကုန်၏။
ဧတ္ထ – ဤ ဝီထိမုတ္တသင်္ဂဟ၌၊ ဣဒံ – ဤသည်ကား၊ ဘူမိ
စတုက္ကံ-ဘူမိစတုက္ကတည်း။
ရူပ ၁၆ ဘုံ၊ အရူပ ၄ ဘုံ တို့၏ သရုပ်ကို ပါဠိကြည့်၍ ရေတွက်လေ။
ဘုံ၌ ပုဂ္ဂိုလ်ရ။ ။"ပုထုဇ္ဇနာ ၊ပေ၊ အနရိယာပိစ" ဂါထာတို့ကားပြအပ်
ပြီးသော ဘုံတို့၌ ရထိုက်သော ပုဂ္ဂိုလ်တို့ကို ပြသော ဂါထာတည်း၊ ပုဂ္ဂိုလ်
၁၂ ယောက် သရုပ်ကို ဝီထိပိုင်း ပုဂ္ဂလဘေဒ၌ ပြခဲ့ပြီ။
သုဒ္ဓါဝါသ ၅ ဘုံ၌ ပုထုဇဉ် သောတာပန် သကဒါဂါမ်များ မရထိုက်ဟု
တိုက်ရိုက်ဆိုထားပြီ၊ မဂ္ဂဋ္ဌပုဂ္ဂိုလ် အဖြစ်၌ စိတ္တက္ခဏ တချက်ခန့်သာ ကြာ၍
## Trang 138
မဂ်ရပြီးလျှင် ချက်ခြင်း ဖိုလ်ကို ရ၏၊ ထို့ကြောင့် အနာဂါမိမဂ္ဂဋ္ဌပုဂ္ဂိုလ် အဖြစ်
ဖြင့်လည်း သုဒ္ဓါဝါသဘုံ၌ ပဋိသန္ဓေ မနေထိုက်၊ ထို့ကြောင့် သုဒ္ဓါဝါသ ဘုံ၌
အနာဂါမိဖလဋ္ဌနှင့် အရဟတ္တမဂ္ဂဋ္ဌ အရဟတ္တဖလဋ္ဌ ပုဂ္ဂိုလ် ၃ ယောက်သာ
ရထိုက်သည်။
အသညသတ်ဘုံ၌ သုဂတိအဟိတ်ပုဂ္ဂိုလ် ၁ ယောက်သာရ၍၊ အပါယ်
၄ ဘုံ၌ ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ် ၁ ယောက်သာ ရသောကြောင့် ထို ဘုံတို့၌
အရိယာပုဂ္ဂိုလ်များ မရထိုက်၊ သုဒ္ဓါဝါသ အသညသတ် အပါယ်ဘုံတို့မှ ကြွင်း
သော ကာမရူပ အရူပဘုံတို့၌ ပုထုဇဉ်နှင့် အရိယာများ ထိုက်သင့်သလို
ရကြသည်။
[ဆောင်] အပါယ် ဒု-ရ၊ လူ-နတ် စ၌၊ ဒု-ပ ဧက်ဒသ်၊ ထက် ငါးနတ်ဝယ်၊
အဟိတ်ပယ်လော၊ ဆယ်ဘုံရူပ၊ တိဟိတ် ရ၏၊ သညသု - သာ၊
ငါးသုဒ္ဓါမှာ၊ ရိယာခေါင်ဆုံး၊ သုံးယောက်စီရ၊ အရူပဝယ်၊
စ-မဂ်ပယ်သည်၊ ရှစ်သွယ်တိဟိတ် မကြွင်းတည်း။
အပါယ်ဒုရ-အပါယ်ဘုံ၌ ဒုဂ္ဂတိအဟိတ် ၁ ယောက်သာ ရ၏။
လူ-နတ်စ၌၊ ဒု-ပ ဧက်ဒသ် — [နတ်စ-နတ်အစဘုံ။
ဒုပ = ဒုဂ္ဂတိ
အဟိတ်ကို အပပယ်၍ ဧက်ဒသ်=ဧကာဒသ ၁၁] လူဘုံ စာတု
မဟာရာဇ်ဘုံတို့၌ ဒုဂ္ဂတိအဟိတ်မှတပါး ပုဂ္ဂိုလ် ၁၁ ယောက်ရ၏။
ထက် ငါး နတ်ဝယ်၊ အဟိတ် ပယ်လော — အထက် နတ်ပြည် ၅ ထပ်၌
ဒုဂ္ဂတိအဟိတ် သုဂတိအဟိတ် ပုဂ္ဂိုလ်ပယ်၍ ကျန် ၁ဝ ယောက်ရ၏။
ဆယ်ဘုံရူပ၊ တိဟိတ်ရ၏ — သုဒ္ဓါဝါသ ၅ အသညသတ်မှ တပါးသော
ဆယ်ဘုံ၌ တိဟိတ်ပုဂ္ဂိုလ် ၉ ယောက်ရ၏။ [အရိယာပုဂ္ဂိုလ်များ
တိဟိတ် ဖြစ်ကြောင်းကို ပုဂ္ဂလဘေဒ၌ ဆိုခဲ့ပြီ။]
သညသု သာ−အသညသတ်ဘုံ၌ သုဂတိအဟိတ် ၁ ယောက်သာရ၏။
ငါးသုဒ္ဓါမှာ၊ ရိယာခေါင်ဆုံး၊ သုံးယောက်စီရ — သုဒ္ဓါဝါသ ၅ ဘုံ၌
အနာဂါမိဖလဋ္ဌ အရဟတ္တမဂ္ဂဋ္ဌ အရဟတ္တဖလဋ္ဌ အထက်ဆုံး
အရိယာ သုံးယောက်စီရကြသည်။
အရူပဝယ်၊ စ-မဂ်ပယ်သည်၊ ရှစ်သွယ်တိဟိတ်
မကြွင်းတည်း—အရူပ ၄ ဘုံ၌ အစဆုံး သောတာပတ္တိ
မဂ်ကိုပယ်၍ ( တိဟိတ် ပုထုဇဉ်နှင့် အရိယာ ၇ ယောက်) တိဟိတ်
၈ ယောက်ရ၏။
## လေ့ကျင့်ခန်း မေးခွန်းများ
**က။** ရူပဗြဟ္မာ့ဘုံ မည်မျှရှိသနည်း၊ သင်္ဂြိုဟ်ထောက်၍ ရေတွက်ပါ။
**ခ။** ရူပဘုံတို့တွင် သုဒ္ဓါဝါသဘုံ မည်မျှ ပါသနည်း၊ ရေတွက်ပါ။
**ဂ။** သုဒ္ဓါဝါသဘုံသည် အဘယ်ဈာန်ဘုံ၌ ပါဝင်သနည်း။
**ဃ။** အရူပဘုံ မည်မျှရှိသနည်း၊ သင်္ဂြိုဟ်ထောက်၍ ရေတွက်ပါ။
**င။** "ပုထုဇ္ဇနာ နလဗ္ဘန္တိ" စသော ၂ ဂါထာကို အနက် ပေးပါ။
**စ။** အပါယ်ဘုံ၌ ရထိုက်သော ပုဂ္ဂိုလ်ကို လင်္ကာထောက်၍ ကောက်ပါ။
**ဆ။** လူ့ဘုံ စာတုမဟာရာဇ်ဘုံတို့၌ ရထိုက်သူကို ကောက်ပါ။
**ဇ။** အထက် နတ်ပြည်၌ ရထိုက်သူကို လင်္ကာထောက်၍ ကောက်ပါ။
**စျ။** ဝေဟပ္ဖိုလ်တိုင်အောင်သော ရူပ ၁ဝ ဘုံ၌ ရထိုက်သူများကို လင်္ကာ
ထောက်၍ ကောက်ပါ။
**ည။** အသညသတ်ဘုံ၌ရထိုက်သူကို လင်္ကာထောက်၍ ကောက်ပါ။
**ဋ။** သုဒ္ဓါဝါသဘုံ၌ ရထိုက်သူကို လင်္ကာထောက်၍ ကောက်ပါ။
**ဌ။** အရူပဘုံ၌ ရထိုက်သူကို လင်္ကာထောက်၍ ကောက်ပါ။
ဘူမိစတုက္က ပြီး၏။
## Trang 139
**ပဋိသန္ဓေ ၄ မျိုး**
**အကျဉ်း**
အပါယပဋိသန္ဓေ- အပါယ်ပဋိသန္ဓေ၎င်း၊ ကာမ
သုဂတိပဋိသန္ဓေ - ကာမသုဂတိ ပဋိသန္ဓေ၎င်း၊
ရူပါဝစရပဋိသန္ဓေ - ရူပါဝစရ ပဋိသန္ဓေ၎င်း၊
အရူပါဝစရ ပဋိသန္ဓေစ - အရူပါဝစရ ပဋိသန္ဓေ၎င်း၊ ဣတိ –
ဤသည်တို့ကား၊ စတုဗ္ဘိဓာ-လေးပါးအပြားရှိသော၊ ပဋိသန္ဓိ
နာမ-ပဋိသန္ဓေမည်၏။
**အပါယ်ပဋိသန္ဓေ ၁**
တတ္ထ-ထိုလေးပါးသော ပဋိသန္ဓေတို့တွင်
အကုသလဝိပါကော ဥပေက္ခာ သဟဂတ
သန္တီရဏံ-အကုသလဝိပါက် ဥပေက္ခာသဟဂုတ်သန္တီရဏ
စိတ်သည်၊ အပါယဘူမိယံ – အပါယ်ဘုံ၌၊ ဩက္ကန္တိ က္ခဏေ-
သက်ရောက်ဆဲခဏ၌၊ ပဋိသန္ဓိ-ပဋိသန္ဓေစိတ်သည်၊ ဟုတွာ-
ဖြစ်၍၊ တတော-ထိုပဋိသန္ဓေ အခါမှ၊ ပရံ-နောက်၌ ဘဝင်္ဂ -ဘဝင်စိတ်
သည်၎င်း၊ ပရိယောသာနေ – ဘဝအဆုံး၌၊ စဝနံ – စုတိစိတ်
သည်၎င်း၊ ဟုတွာ-၍၊ ဝေါစ္ဆိဇ္ဇတိ-ပြတ်၏၊ ဧကော-တခုသော၊
အယံ-ဤ ပဋိသန္ဓေသည်၊ အပါယပဋိသန္ဓေနာမ - အပါယ်ပဋိ
သန္ဓေ မည်၏။
**ပဋိသန္ဓေ ၄ မျိုး။** ။အပါယပဋိသန္ဓေ ၊ ပေ၊ ပဋိသန္ဓေနာမ — ဤစကား
ကား ပဋိသန္ဓိစတုက္ကကို အကျယ်ပြလို၍ ရှေးဦးစွာ ပဋိသန္ဓေ လေးပါး၏
ခေါင်းစဉ်ကိုပြသော မာတိကာ စကားတည်း၊ ဘဝဟောင်းအပြတ်တွင် ဆက်
စပ်သော အားဖြင့် ထိုထိုဘဝ၌ စိတ် စေတသိက်နှင့် ကမ္မဇရုပ်များ၏ အစဆုံး
ဖြစ်ခြင်းကို "ပဋိသန္ဓေနေခြင်း" ဟု ခေါ်သည်၊ ပဋိသန္ဓေ လေးမျိုး သရုပ်ကို
ပါဠိကြည့်၍ ရေတွက်လေ။
**အပါယ်ပဋိသန္ဓေ။** ။အဟိတ်အကုသလဝိပါက် ဥပေက္ခာ သဟဂုတ်
သန္တီရဏစိတ်သည် အပါယ် ၄ ဘုံဝယ် သက်ရောက်စ ( ဖြစ်ခါစ ) ၌ ပဋိ
သန္ဓေကိစ္စတင်၍ ဖြစ်၏၊ ပဋိသန္ဓေခဏမှနောက် ပဝတ္တိအခါဝယ် ( ဝီထိစိတ်
မဖြစ်သမျှ ) ဘဝင်ကိစ္စတပ်၍ဖြစ်၏၊ ဘဝတုံး၍ဆုံးသည့်အခါ စုတိကိစ္စတပ်၍
ဖြစ်၏၊ တဘဝ၌ ပဋိသန္ဓေ ဘဝင် စုတိကိစ္စတပ်သော စိတ်သည် ဤကဲ့သို့ စိတ်
တမျိုးထည်းသာ ဖြစ်ရိုးတည်း၊ ဤစကားအရ အပါယ်ဘုံ၌ ဤအဟိတ် စိတ်ဖြင့်
ပဋိသန္ဓေနေရမှုကို ထောက်၍ အပါယ် ( ဒုဂ္ဂတိ ) ဘုံသား ဟူသမျှကို "ဒုဂ္ဂတိ
အဟိတ်ပုဂ္ဂိုလ်" ဟု ခေါ်အပ်သည်။
**ကာမသုဂတိ ပဋိသန္ဓေ ၉**
ပန-ကား၊ ကုသလဝိပါကော ဥပေက္ခာသဟဂတ
သန္တီရဏံ – အဟိတ်ကုသလဝိပါက်ဥပေက္ခာ
သဟဂုတ် သန္တီရဏစိတ်သည်၊ ကာမသုဂတိ
ယံ-ကာမသုဂတိဘုံ၌၊ ဇစ္စန္ဓာဒီနံ - သန္ဓေကာဏ်း အစရှိကုန်
သော၊ မနုဿာနဉ္စေဝ-လူတို့၏၎င်း၊ ဘုမ္မဿိတာနံ – ဘုမ္မဇိုင်း
နတ်ကြီးတို့ကို မှီခိုနေကြရကုန်သော၊ ဝိနိပါတိကာသုရာနဉ္စာ-
ဝိနိပါတိကအသုရာတို့၏၎င်း၊ ပဋိသန္ဓိဘဝင်္ဂစုတိဝသေန-ဖြင့်၊
ပဝတ္တတိ-ဖြစ်၏။
**ကာမသုဂတိပဋိသန္ဓေ။** ။ [ဇစ္စန္ဓ-ဇာတိ+အန္ဓ၊ ဇာတိ=ပဋိသန္ဓေ
အားဖြင့်+အန္ဓ-ကာဏ်းသူ၊ ] စက္ခုပသာဒရုပ်ကို ဖြစ်စေနိုင်မည့်ကံ မရှိ၍
စက္ခုပသာဒ ဖြစ်ချိန်မှာ မဖြစ်ပေါ်လာသူကို "ဇစ္စန္ဓ၊ ဝါ -သန္ဓေကာဏ်း"ဟု
ခေါ်သည်၊ စက္ခုပသာဒဖြစ်ပြီးမှ တစုံတခုသော ဘေးရန်ကြောင့် ပျက်စီးရှာ
သူကား "သန္ဓေကာဏ်း" မဟုတ်။
ဇစ္စန္ဓာဒိ၌ အာဒိသဒ္ဒါဖြင့် "ဇစ္စဗဓိရ = ပဋိသန္ဓေအားဖြင့် နားထိုင်းသူ။
ဇစ္စမူဂ=ပဋိသန္ဓေအားဖြင့် စကားမပီဘဲ ထစ်အ-အ ဖြစ်နေသူ။ ဇစ္စဇဠ
ပဋိသန္ဓေအားဖြင့် ထိုင်းမှိုင်း ဖျင်းအသူ၊ တင်းတောင်းပမာဏ မူးမတ်ပဲ
အရှေ့ အနောက် စသည်ကိုမျှ မသိသူ၊ ဇစ္စုမ္မတ္တက=ပဋိသန္ဓေအားဖြင့် ရူးနှန်း
သူ၊ ပဏ္ဍက-သူများ၏ သုက်သွေးကို စုပ်ယူတတ်သူနှင့် သူတစ်ပါးတို့ သံဝါသ
ပြမှုကို ငြူစူ ချောင်းမြောင်းရလျှင် ကိလေသာ ငြိမ်းသူ။ ဥဘတောဗျဉ္စနက
## Trang 140
ဥဘတောဗျည်း၊ မိန်းမတလွှဲ ယောက်ျားတလွှဲ ဖြစ်သူ။ နပုံသက=ပုံပဏ္ဍုက်၊
မိန်းမအင်္ဂါလည်း မထင်ရှား – ယောက်ျားအင်္ဂါလည်း မထင်ရှားသူ။ ဓမ္မ=
မန်းစွဲသူ၊ စကားပြောလျှင် အမြင်မပြတ်ဘဲ ဒရွတ်ဆွဲ၍ ပြောရသူ။ " ဤသို့
စသည်ဖြင့် လူစင်မမှီသူတွေကို ယူလေ။
[ဆောင်] ဇစ္စန္ဓာဒိ၊ သဒ္ဒါရှိဝယ်၊ အာဒိအရ၊ ဗဓိရနှင့် မူဂ-ဇဠာ၊
ဥမ္မတ္တာ-ပဏ္ဍကော၊ ဥဘတောဗျည်း၊ တနည်းထုံးပြ၊ နပုံး
သကပြင်၊ ဓမ္မတွင်သည်၊ လူစင်မမှီ၊ လူမည်ကာသား၊ ထို
လူများကို၊ သွယ်ပွား ယူရလေသတည်း။
နိပါတိကာသုရ – [ဝိ+နိပါတိက + အ + သုရ။ ဝိ=ဖေါက်ပြန်
ပျက်စီးလျက်+နိပါတိက=ဖြစ်ပေါ်ကျရောက်သော+အ = သေးငယ်သော+
သုရ-နတ်။ ] စည်းစိမ်ဥစ္စာ အိပ်ရာနေရာ ကောင်းမွန်စွာ မရှိဘဲ ဖေါက်ပြန်
ပျက်စီး၍ နေသော နတ်သေးနတ်မွှား နတ်အငယ်စားတွေကို "ဝိနိပါတိက
အသုရာ" ဟု ခေါ်သည်။
ဘုမ္မဿိတ — [ဘုမ္မ+သိတ။ ဘုမ္မ=ဘုမ္မဇိုင်းနတ်-သိတ=မှီခိုသူ။]
မြေကြီးနှင့်စပ်သော တောစောင့် တောင်စောင့် အိမ်စောင့် သစ်ပင်စောင့်
မြေစောင့်နတ်ဟူသမျှကို "ဘုမ္မဇိုင်း" ဟု ခေါ်သည်၊ အတော်အတန်
တန်ခိုးကြီး၏၊ ယခင် ဝိနိပါတိက အသုရာတို့သည် ထိုဘုမ္မဇိုင်း နတ်ကြီးများကို
မှီခိုကပ်ယပ်၍ နေကြရလေသည်။ [ဤ နတ်များသည် စာတုမဟာရာဇ်ဘုံ၌
ပါဝင်ကြ၏။]
အဟိတ်ကုသလဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်သည် ထိုဇစ္စန္ဓ
စသော လူနှင့် အချို့သော ဝိနိပါတိက အသုရာတို့၏ သန္တာန်၌ ပဋိသန္ဓေ
ဘဝင် စုတိကိစ္စတပ်လျက်ဖြစ်၏၊ ထိုကြောင့် ထိုပုဂ္ဂိုလ်များကို သုဂတိဘုံသား
ဖြစ်သောကြောင့်၎င်း၊ အဟိတ်စိတ်ဖြင့် ပဋိသန္ဓေ နေသော ကြောင့်၎င်း၊
"သုဂတိအဟိတ်ပုဂ္ဂိုလ်" ဟု ဆိုအပ်၏။
၂။ ပန-ကား၊ အဋ္ဌ-ရှစ်ပါးကုန်သော၊ မဟာဝိပါကာနိ-
မဟာဝိပါက်စိတ်တို့သည်၊ သဗ္ဗသ္မိမ္ပိ-အလုံးစုံလည်းဖြစ်သော၊
ကာမသုဂတိယံ-ကာမသုဂတိဘုံ၌၊ ပဋိသန္ဓေဘဝင်္ဂစုတိဝသေ
န-ပဋိသန္ဓေ ဘဝင် စုတိကိစ္စတို့၏ အစွမ်းဖြင့်၊ ပဝတ္တန္တိ-ဖြစ်ကုန်၏။
၃။ နဝ - ၉ ပါးကုန်သော၊ ဣမေ- ပဋိသန္ဓေတို့သည်၊
ကာမသုဂတိပဋိသန္ဓေယောနာမ – ကာမ သုဂတိ ပဋိသန္ဓေတို့
မည်၏၊ ပန-ဆက်ဦးအံ့၊ ဒသ-ဆယ်ပါး အပြားရှိသည်
လည်းဖြစ်သော၊ သာအယံ-ထို ပဋိသန္ဓေသည်၊ ကာမာဝစရ
ပဋိသန္ဓေစ္စေဝ – ကာမာဝစရ ပဋိသန္ဓေ ဟူ၍သာလျှင် သင်္ခံ-
ခေါ်ဝေါ်အပ်သည်၏ အဖြစ်သို့၊ ဂစ္ဆတိ-ရောက်၏။
**ကာမပုဂ္ဂိုလ်တို့ သက်တန်း**
၁။ တေသု-ထိုကာမပဋိသန္ဓေနေသော ပုဂ္ဂိုလ်
တို့တွင်၊ စတုန္နံ-လေးပါးကုန်သော၊ အပါယာနံ-
အပါယ် ဘုံသားတို့၏၎င်း၊ မနုဿာနံ-လူတို့၏
၎င်း၊ ဝိနိပါတိကာသုရာနဉ္စ – ဝိနိပါတိက အသုရာတို့၏၎င်း၊
အာယုပ္ပမာဏကာလော-သက်တန်းပမာဏကာလသည်၊ ဂဏ
နာနံ - ရေတွက်ခြင်းငှာ၊ န သုခရော-မလွယ်ကူသည်သာ
ဖြစ်၏။
[နိဂုံး] ဣတိ-ဤသို့လျှင်၊ ဘူမိပဋိသန္ဓိဝိဘာဂေါ-ဘုံနှင့် ပဋိသန္ဓေ
အပြားသည်၊ ဣဓ-ဤ ဝီထိမုတ္တသင်္ဂဟ၌၊ ပကာသိတော-ပြ
အပ်ပြီးသည်ဖြစ်၍၊ သမတ္တော-ပြီးပြည့်စုံ၏။
## Trang 141
အာယုပ္ပမာဏဂဏနာယ - အသက် အတိုင်းအရှည်ကို ရေ
ထွက်ခြင်း၏၊ နိယမော-အမြဲ မှတ်သားဘွယ်သည်၊ နတ္ထိ-မရှိ။
၂။ ပန-ကား၊ စာတုမဟာရာဇိကာနံ – စာတုမဟာရာဇ်
ဘုံသား ဖြစ်ကုန်သော၊ ဒေဝါနံ – နတ်တို့၏၊ အာယုပ္ပမာဏံ-
အသက်အတိုင်းအရှည်သည်၊ ဒိဗ္ဗာနိ-နတ်ပြည်၌ဖြစ်ကုန်သော၊
ပဉ္စဝဿသတာနိ-အနှစ်ငါးရာတို့တည်း၊ မနုဿဂဏနာယ-
လူတို့၏ အရေအတွက်ဖြင့်၊ နဝုတိဝဿသတသဟဿပမာဏံ-
အနှစ်ကိုးသန်း အတိုင်းအရှည် ရှိသည်၊ ဟောတိ-ဖြစ်၏။
၃။ တာဝတိံသာနံ-တာဝတိံသာနတ်တို့၏၊(အာယုပ္ပမာဏံ-
အသက် အတိုင်းအရှည်သည်) တတော-ထို စတုမဟာ
၁။
ကာမပုဂ္ဂိုလ်တို့အသက်တမ်း။ ။အပါယ်ဘုံသားလူ ဝိနိပါတိက
အသုရာတို့၏ အသက်တမ်းသည် အမြဲမရှိ၊ တစ်ချို့ တစ်ရက်, တစ်နံနက်, တစ်ခဏမျှ
အသက်ရှည်၏။ အချို့ နှစ်ပေါင်း အသင်္ချေတိုင်အောင်ကြာ၏။
[ဆောင်] အပါယ် လူဇာတ်, ဝိနိပါတ်တို့, တချို့ တရက်, တနံနက်မျှ၊
အသက်အသင်္ချေ, တချို့, မှတ်လေ သက်တမ်းမမြဲတည်း။
[ ၍ သင်္ဂြိုဟ်က ဝိနိပါတိက အသုရာကိုသာ ဆိုသော်လည်း ဓမ္မဟဒယ
ဝိဘင်္ဂအဋ္ဌကထာ၌ ဘုမ္မဇိုဝ်း ( ရုက္ခဇိုင်း ) နတ်ကြီးများ အတွက်လည်း
အသက်အတိုင်းအရှည် မမြဲကြောင်းကို ဆိုထားပြီ။ ]
၂။ စာတုမဟာရာဇ် ၊ပေ ၊ ပမာဏံ ဟောတိ။ ။စာတုမဟာရာဇ်
ဘုံကြီးသား နတ်များ၏ အသက်ပမာဏကား ထိုစတုမဟာရာဇ် နတ်အရေ
အတွက်အားဖြင့် နှစ်ပေါင်း ငါးရာကြာ၏၊ လူအရေအတွက် အားဖြင့်ကား
နှစ်ပေါင်း ၉ သန်းကြာ၏။
ရာဇ်နတ်သက်ထက်၊ စတုက္ကုဏံ-လေးဆ တက်၏၊ ယာမာနံ-
ယာမာနတ်တို့၏၊ (အာယုပ္ပမာဏံ -- အသက် အတိုင်းအရှည်
သည်၊) တတော-ထို တာဝတိံသာ နတ်သက်ထက်၊ စတုက္ကုဏံ
– လေးဆ တက်၏။ တုသိတာနံ – တုသိတာ နတ်တို့၏၊
(အာယုပ္ပမာဏံ-သည်၊) တတော-ထို ယာမာနတ်သက်ထက်၊
၃။ တတော စတုက္ကုဏီ တာဝတိံသာနံ — တာဝတိံသာ နတ်သက်
ကား စာတုမဟာရာဇ်နတ်သက်ထက် လေးဆတက်မျှ ရှည်၏၊ ထို့ကြောင့်
တာဝတိံသာ နတ်သက်ကို စာတုမဟာရာဇ်တို့ တွက်ကိန်းဖြင့် တွက်လျှင်
(၅၀၀ ကို ၄ နှင့်မြောက်) နှစ်ပေါင်း (၂၀၀၀) နှစ်ထောင် ကြာ၏၊ သို့သော်
ပင်ကိုယ်က တာဝတိံသာနတ်တို့ နေ့တာ ညတာသည့် စာတုမဟာရာဇ် နတ်
တို့၏ နေ့တာ ညဉ့်တာထက် နှစ်ဆလောက် ရှည်၏။ ဥပမာ-စာတုမဟာရာဇ်၌
တစ်နေ့ တစ်ညဉ့်သည် ၂၄ နာရီခန့် ကြာလျှင် တာဝတိံသာ၌ တစ်နေ့ တစ်ညဉ့်
သည် ၄၈ နာရီခန့် ကြာလိမ့်မည် - ဟူလို၊ ထို့ကြောင့် တာဝတိံသာ နတ်တို့
တွက်ကိန်းဖြင့် တွက်ရလျှင် နှစ်ပေါင်း(၁၀၀၀)တစ်ထောင်သာကြာသည်၊ လူတို့
တွက်ကိန်းဖြင့် ယခင် ၉ သန်းကို ၄ ဖြင့်မြှောက် ၃ ကုဋေ ၆ သန်း ကြာ၏။
တတောစတုက္ကုဏီယာမာနံ —— ယာမာ နတ်သက်ကား တာဝတိံသာ
နတ်သက်ထက် ၄ ဆတက်မျှ ရှည်၏၊ ၁၀၀၀, ၄ ဆတက်, ၄၀၀၀ ဖြစ်၏၊
သို့သော် ယာမာနတ်တို့ နေ့တာ ညဉ့်တာသည့် တာဝတိံသာနတ်တို့ နေ့တာ
ညဉ့်တာထက် ပင်ကိုယ်က နှစ်ဆလောက် ရှည်သောကြောင့် ယာမာ နတ်
သက်ကို ယာမာတို့တွက်ကိန်းဖြင့်ရေတွက်လျှင်နှစ်ပေါင်း(၂၀၀၀)နှစ်ထောင်
သာ ကြာ၏၊ လူတို့တွက်ကိန်းဖြင့် တွက်လျှင် နှစ်ပေါင်း ၁၄ ကုဋေ ၄ သန်း
ကြာ၏။
## Trang 142
စတုက္ကုဏီ-၏၊ နိမ္မာနရတိနံ – နိမ္မာနရတိနတ်တို့၏၊ (အာယုပ္ပ
မာဏံ – သည်၊) တတော – ထို တုသိတာ နတ်သက်ထက်၊
စတုက္ကုဏံ – ၏၊ ပရနိမ္မိတ ဝသဝတ္တီနံ – ပရနိမ္မိတ ဝသဝတ္တိ
နတ်တို့၏၊ (အာယုပ္ပမာဏံ – သည်၊)တတော – ထို နိမ္မာနရတိ
နတ်သက်ထက်၊ စတုက္ကုဏံ – ၏။
၄။ ဝသဝတ္တိသု-ပရနိမ္မိတ ဝသဝတ္တိနတ်တို့၌၊ (အာယုပ္ပ
မာဏံ-သည်၊) ဝဿာနံ – နှစ်တို့၏၊ နဝသတဉ္စကောဋိယော-
ကုဋေကိုးရာတို့သည်၎င်း၊ ဧကဝီသတိကောဋိယော- ၂၁ ကုဋေ
တို့သည်၎င်း၊ တထာ – ထိုမှတစ်ပါး၊ ဆန္နဝုတိဝဿသတသဟ
ဿာနိ-အနှစ် ခြောက်သန်းတို့သည်၎င်း၊ ဟောတိ-ဖြစ်၏။
တတော စတုက္ကုဏံတုသိတာနံ —— တုသိတာနတ်သက်ကား ယာမာ
နတ်သက်ထက် ၄ ဆတက်မျှရှည်၏ [ ၄ ဆတက်ပုံကိုရှေ့အတိုင်းသိလောက်
ပြီ၊] ထို့ကြောင့် တုသိတာနတ်သက်သည် တုသိတာနတ်တို့ တွက်ကိန်းဖြင့်
နှစ်ပေါင်း (၄၀၀၀) လေးထောင်, လူတို့တွက်ကိန်းဖြင့် နှစ်ပေါင်း ၅၇ ကုဋေ
၆ သန်း ကြာ၏။
တတောစတုက္ကုဏီနိမ္မာနရတီနံ-နိမ္မာနရတိ နတ်သက်သည် တုသိတာ
နတ်သက်ထက် ၄ ဆတက်ရှည်ရကား နိမ္မာနရတိနတ်တို့ တွက်ကိန်းဖြင့် နှစ်
ပေါင်း (၈၀၀၀)ရှစ်ထောင်, လူတို့ တွက်ကိန်းဖြင့် နှစ်ပေါင်း ၂၃၀ ကုဋေ
၄ သန်း ကြာ၏။
တတောစတုက္ကုဏံပရနိမ္မိတ ဝသဝတ္တီနံ-ပရနိမ္မိတဝသဝတ္တိ နတ်သက်
သည် နိမ္မာနရတိနတ်သက်ထက် ၄ ဆတက်ရှည်ရကား ပရနိမ္မိတ ဝသဝတ္တိ
နတ်တို့ တွက်ကိန်းဖြင့် ( ၁၆၀၀၀ ) တစ်သောင်းခြောက်ထောင်, လူတို့ တွက်
ကိန်းဖြင့် နှစ်ပေါင်း ၉၂၁ ကုဋေ ၆ သန်း ကြာ၏။
[ဆောင်] ၁။ မ-ကိုဋ်-ခဲ-ဝါ, ဟ(နှင့်)တယာ, သုညာရွှေစ, အောက်
သုံးချ မှတ်ကြ နတ်ဘုံသက်။
၂။ ဈာန်-စလာ-ဝါဝါက, စောသမ-ဝင်းနုလာခါ, စောပု
ခေဠာ၊ ခြောက်သုညာ ညီညာ ထည့်စွက်, နတ်ခြောက်ဘုံ
လူကတွက်လျှင်, ဟော ဤမျှထွက်။
သုညာဒွေစ==အစဆုံး၌ သုည ၂ လုံးချ။ အောက်သုံးချ-အောက်
တန်းများ၌ သုည ၃လုံးချ။ ။ခြောက်သုညာညီညာထည့်စွက်-သုည
၆ လုံးကို အညီအမျှ ထည့်စွက်။ ]
နတ်ဘုံ
တာဝတိံသာ
ယာမာ
နတ်တွက်ကိန်းအသက် လူ့တွက်ကိန်းအသက်
စာတုမဟာရာဇ် ၅၀၀ (မ)
ဈာန် ၉၀၀၀၀၀၀
၁၀၀၀ (ကို)
စလာ=၃၆၀၀၀၀၀၀
၂၀၀၀ (ခဲ)
ဝါဝါက=၁၄၄၀၀၀၀၀၀
၄၀၀၀ (ဝါ)
စောသမ=၅၇၆၀၀၀၀၀၀
နိမ္မာနရတိ
၈၀၀၀ (ဟ)
၂၃၀၄၀၀၀၀၀၀
ပရနိမ္မိတဝသဝတ္တိ - ၁၆၀၀၀ (တယာ)
စောပုခေဋ္ဌာ=
၉၂၁၆၀၀၀၀၀၀
တုသိတာ
## Trang 143
လေ့ကျင့်ခန်း မေးခွန်းများ
က။ ပဋိသန္ဓေ ၄ ပါးကို သင်္ဂြိုဟ်ထောက်၍ ရေတွက်ပါ။
အပါယ်ပဋိသန္ဓေစိတ်ကား အဘယ်နည်း, သင်္ဂြိုဟ်ထောက်ပါ။
အဘယ့်ကြောင့် ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ် ဟု ခေါ်သနည်း။
ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်ဖြင့် ပဋိသန္ဓေနေသူတို့ကို သင်္ဂြိုဟ်
ထောက်၍ပြပါ။
ခ။
ဇစ္စန္ဓာဒိ၌ အာဒိအရ(အာဒိဝန္တပုဂ္ဂိုလ်ကို)လင်္ကာထောက်၍ကုံပါ။
ဝိနိပါတိက အသုရာဟူသည် အဘယ်နတ်မျိုးနည်း။
သုဂတိအဟိတ်ပုဂ္ဂိုလ်ဟု ခေါ်ခြင်း၏အကြောင်းကို ပြပါ။
ဂ။ မဟာဝိပါက်စိတ်သည် အဘယ်ဘုံ၌ ပဋိသန္ဓေကိစ္စတပ်သနည်း။
ဃ။ ကာမပဋိသန္ဓေကို သုဂတိ ဒုဂ္ဂတိ ခွဲ၍ ရေတွက်ပါ။
င။ အပါယ်ဘုံလူ့ဘုံ ဘုမ္မဇိုဝ်းနတ်တို့၌အသက်တမ်း မြဲ မမြဲကို သင်္ဂြိုဟ်နှင့်
လက်ချာထောက်ပါ။
စ။ စာတုမဟာရာဇ် နတ်သက်ကို နတ်တွက်ကိန်း လူ့တွက်ကိန်း တို့ဖြင့်
ရေတွက်ပြပါ။
ဆ။ တာဝတိံသာနတ်သက်ကို စာတုမဟာရာဇ်ကိန်း တာဝတိံသာကိန်း
လူ့ကိန်းဖြင့် ရေတွက်ပြပါ။
ဇ။ ယာမာနတ်သက်ကို တာဝတိံသာကိန်း ယာမာကိန်းဖြင့် တွက်ပါ။
ဈ။ တုသိတာ နတ်သက်ကို ယာမာကိန်း တုသိတာကိန်းဖြင့် တွက်ပါ။
ည။ နိမ္မာနရတိနတ်သက်ကို တုသိတာကိန်း နိမ္မာနရတိကိန်းဖြင့် တွက်ပါ။
ဋ။ ပရနိမ္မိတဝသဝတ္တီနတ်သက်ကို နိမ္မာနရတိကိန်း ပရနိမ္မိတကိန်း လူ့ကိန်း
ဖြင့် ရေတွက်ပါ။
ရူပ ပဋိသန္ဓေ ၆ ၁။ ပဌမဇ္ဈာနဝိပါကံ-ပဌမဈာန် ဝိပါက်စိတ်
သည်၊ ပဌမဇ္ဈာနဘူမိယံ– ပဌမဈာန်ဘုံ၌၊ ပဋိ
သန္ဓေဘဝင်္ဂစုတိဝသေန-ပဋိသန္ဓေဘဝင်စုတိတို့၏ အစွမ်းဖြင့်၊
ပဝတ္တတိ-ဖြစ်၏။
၂။ ဒုတိယဇ္ဈာနဝိပါကံ - ဒုတိယဈာန် ဝိပါက်စိတ်သည်
၎င်း၊ တတိယဇ္ဈာနဝိပါကဉ္စ = တတိယဈာန် ဝိပါက်စိတ် သည်
၎င်း၊ ဒုတိယဇ္ဈာနဘူမိယံ-ဒုတိယဈာန်ဘုံ၌၊ တထာ-သို့ အတူ
တည်း၊[ ပဋိသန္ဓေဘဝင် စုတိကိစ္စတပ်၍ ဖြစ်သည်ဟူလို။]
၃။ စတုတ္ထဇ္ဈာနဝိပါကံ - စတုတ္ထဈာန်ဝိပါက်စိတ်သည်။
တတိယဇ္ဈာနဘူမိယံ = တတိယဈာန်ဘုံ၌၊ (တထာ- ထို့အတူ
ပင်တည်း။)
၄။ ပဉ္စမဇ္ဈာနဝိပါကံ-ပဉ္စမဈာန်ဝိပါက်စိတ်သည်၊ စတု
တ္ထဇ္ဈာနဘူမိယံ = စတုတ္ထဈာန်ဘုံ၌၊ ( တထာ- ထို့အတူပင်
တည်း။)
၅။ ပန - အထူးကား၊ အသညသတ္တာနံ - အသညသတ်
ဗြဟ္မာတို့၏၊ ရူပမေဝ-ရုပ်ချည်းသာလျှင်၊ ပဋိသန္ဓိ-ပဋိသန္ဓေ
သည်၊ ဟောတိ-ဖြစ်၏၊ တထာ-ထို့အတူ၊ တတော-ထို ပဋိ
သန္ဓေခဏမှ၊ ပရံ-နောက်ဖြစ်သော၊ ပဝတ္တိယံ - ပဝတ္တိအခါ
ရူပ ပဋိသန္ဓေ။ ။၁-၂-၃-၄-ဤ စကားရပ်တို့၌ ပါဠိရှိတိုင်း သိသာပြီ၊
ဒုတိယဈာန်ဝိပါက် တတိယဈာန်ဝိပါက်တို့က ဒုတိယဈာန်ဘုံ၌ ဖြစ်ရပုံကို
ဘာသာဋီကာမှာရှု။
## Trang 144
၌၎င်း၊ စဝနကာလေစ-စုတေရာအခါ၌၎င်း၊ ရူပမေဝ-ရုပ်ချည်း
သာလျှင်၊ ပဝတ္တိတွာ-ဖြစ်၍၊ နိရုဇ္ဈတိ-ချုပ်၏။
ရူပပုဂ္ဂိုလ်တို့
အ သ က် တ မ် း
၆။ ဆ-ခြောက်ပါးကုန်သော၊ ဣမာ – ဤ ပဋိသန္ဓေတို့သည်၊
ရူပါဝစရပဋိသန္ဓိယော နာမ-ရူပါဝစရပဋိသန္ဓေတို့ မည်၏။
၁။ တေသု-ထို ပဋိသန္ဓေ နေသော ပုဂ္ဂိုလ်
တို့တွင်၊ ဗြဟ္မပါရိသဇ္ဇာနံ-ဗြဟ္မပါရိသဇ္ဇာဘုံ
သား ဖြစ်ကုန်သော၊ ဒေဝါနံ – ဗြဟ္မာတို့၏၊
( ဤ၌ ဒေဝသဒ္ဒါ ဗြဟ္မာကိုဟော၏၊ ) အာယုပ္ပမာဏံ – သည်၊
ကပ္ပဿ - အသင်္ချေယျကပ်၏၊ တတိယောဘာဂေါ - သုံးတို့
တစ်ဘို့တည်း၊ ဗြဟ္မပုရောဟိတာနံ – ဗြဟ္မပုရောဟိတ ဗြဟ္မာ
တို့၏၊ အာယုပ္ပမာဏံ-သည်၊ ဥပဍ္ဎကပ္ပေါ- အသင်္ချေယျကပ်
တစ်ဝက်တည်း။ မဟာဗြဟ္မာနံ – မဟာဗြဟ္မာတို့၏၊ အာယုပ္ပ
မာဏံ-သည်၊ ဧကကပ္ပေါ-အသင်္ချေယျတစ်ကပ်တည်း။
၂။ ပရိတ္တာဘာနံ-ပရိတ္တာဘဗြဟ္မာတို့၏၊ အာယုပ္ပမာဏံ-
သည်၊ ဒွေကပ္ပါနိ - မဟာကပ် ၂ ကပ်တို့တည်း။ ပဌမဈာန်
၅။ အသညသတ္တာ၊ပေ၊နိရုဇ္ဈတိ-အသညသတ်ဘုံ၌ စိတ် စေတသိက်
မရှိရကား ပဋိသန္ဓေနေတုန်းကလည်း ရုပ်ဖြင့် ပဋိသန္ဓေနေ၍ ပဝတ္တိအခါ စုတိ
အခါတို့၌လည်း ရုပ်ချည်းသာ ဖြစ်၍ ချုပ်၏။ အသညသတ်ဘုံက သုဂတိဘုံ
ဖြစ်သောကြောင့်၎င်း, ရုပ် ပဋိသန္ဓေမှာ အလောဘ စသော ယှဉ်ဘက်ဟိတ်
မရှိသောကြောင့်၎င်း, အသညသတ်ဘုံသားများကို "သုဂတိအဟိတ်"ပုဂ္ဂိုလ်
ဟု ခေါ်ရလေသည်၊ [ ကာမဘုံသား သုဂတိ အဟိတ်များနှင့်ကား မတူ
တတ်ပေ။ ]
သုံးဘုံအတွက်သာ အသင်္ချေယျကပ်ဖြင့် ရေထွက်၍ နေဘုံ
များ၌ မဟာကပ်ဖြင့် ရေတွက်သည်၊ အပ္ပမာဏာဘာနံ-အပ္ပ
မာဏာဘဗြဟ္မာတို့၏ အာယုပ္ပမာဏံ-သည်၊ စတ္တာရိကပ္ပါနိ-
မဟာကပ် လေးကပ်တို့တည်း၊ အာဘဿရာနံ - အာဘဿရ
ဗြဟ္မာတို့၏၊ အာယုပ္ပမာဏံ-သည်၊ အဋ္ဌကပ္ပါနိ – မဟာကပ်
ရှစ်ကပ်တို့တည်း။
၃။ ပရိတ္တသုဘာနံ- ပရိတ္တသုဘဗြဟ္မာတို့၏၊ အာယုပ္ပမာ
ဏံ-သည်၊ သောဠသကပ္ပါနိ - မဟာကပ် တစ်ဆယ့်ခြောက်ကပ်
တို့တည်း၊ အပ္ပမာဏသုဘာနံ - အပ္ပမာဏသုဘ ဗြဟ္မာတို့၏၊
အာယုပ္ပမာဏံ-သည်၊ ဒွတ္တိံသ ကပ္ပါနိ-မဟာကပ် ၃၂ ကပ်
တို့တည်း၊ သုဘကိဏှာနံ- သုဘကိဏှ ဗြဟ္မာတို့၏၊ အာယုပ္ပ
မာဏံ - သည်၊ စတုသဋ္ဌိကပ္ပါနိ - မဟာကပ် ခြောက်
ဆယ့်လေးကပ်တို့တည်း။
၄။ ဝေဟပ္ဖလာနံ-ဝေဟပ္ဖိုလ် ဗြဟ္မာတို့၏၎င်း၊ အသည
သတ္တာနဉ္စ - အသညသတ်ဗြဟ္မာတို့၏၎င်း၊ အာယုပ္ပမာဏံ-
သည်၊ ပဉ္စကပ္ပသတာနိ-မဟာကပ် ငါးရာတို့တည်း။
၅။ အဝိဟာနံ-အဝိဟဗြဟ္မာတို့၏ အာယုပ္ပမာဏံ-သည်၊
ကပ္ပသဟဿာနိ-မဟာကပ် တစ်ထောင်တို့တည်း၊ အတပ္ပါနံ-
အတပ္ပဗြဟ္မာတို့၏၊ အာယုပ္ပမာဏံ-သည်၊ ဒွေကပ္ပသဟဿာ
၁- ၂- ၃- ၄- ၅ — ဝါကျများ၌ ပါဠိရှိတိုင်း သိသာပြီ၊ ပဌမဈာန်ဘုံ၌
အသင်္ချေယျကပ်ကို ယူရခြင်း, အထက်ဘုံများ၌ မဟာကပ်ကို ယူရခြင်း၏
အကြောင်းနှင့် ကပ်တို့၏ အပြားကို ဘာသာဋီကာ၌ ရှု။
## Trang 145
နိ-မဟာကပ် နှစ်ထောင်တို့တည်း၊ သုဒဿာနံ-သုဒဿဗြဟ္မာ
တို့၏၊ အာယုပ္ပမာဏ-သည်၊ စတ္တာရိကပ္ပသဟဿာနိ-မဟာ
ကပ် လေးထောင်တို့တည်း၊ သုဒဿီနံ – သုဒဿီဗြဟ္မာတို့၏၊
အာယုပ္ပမာဏံ - သည်၊ အဋ္ဌကပ္ပသဟဿာနိ - မဟာကပ်
ရှစ်ထောင်တို့တည်း၊ အကနိဋ္ဌာနံ - အကနိဋ္ဌဗြဟ္မာတို့၏၊ အာ
ယုပ္ပမာဏံ – သည်၊ သောဠသကပ္ပသဟဿာနိ - မဟာကပ်
တစ်သောင်း ခြောက်ထောင်တို့တည်း။
ပဌမာရုပ္ပါဒိဝိပါကာနိ– ပဌမအာရုပ္ပ အစ
အာရူပ္ပပဋိသန္ဓေ ၄ ရှိသော ဝိပါက်စိတ်တို့သည်၊ပဌမာရုပ္ပ
ဘူမိသု-ပဌမအရူပအစရှိသော ဘုံတို့၌၊ ယထာက္ကမံ - အကြင်
အကြင် အစဉ် ရှိဘိုင်း၊ ပဋိသန္ဓိ ဘဝင် စုတိဝသေန – ဖြင့်၊
ပဝတ္တန္တိ-ဖြစ်ကုန်၏၊ စတဿော-လေးပါးကုန်သော၊ ဣမာ-
ဤ ပဋိသန္ဓေတို့သည်၊ အာရုပ္ပ ပဋိသန္ဓိယောနာမ - အာရုပ္ပ
ပဋိသန္ဓေတို့ မည်၏။
အာရုပ္ပပဋိသန္ဓေ။ [အာရုပ္ပ သဒ္ဒါသည် ( အရူပေ+ဘဝံ ) အရ
အရူပဘုံ၌ ဖြစ်သော စိတ်-ပုဂ္ဂိုလ်ကို ဟော၏၊ အရူပသဒ္ဒါကား အရူပဘုံကို
ဟော၏၊ ပါဠိ၌ – ပဌမာရူပါဒိဘူမိသု " ရှိစေ။] ပဌမအာရုပ္ပ ( အာကာသာ
နဉ္စာယတန ) ဝိပါက်သည် ပဌမ အရူပ ( အာကာသာနဉ္စာယတန) ဘုံ၌
ပဋိသန္ဓေ ဘဝင် စုတိ ကိစ္စတပ်၍ဖြစ်၏၊ ဒုတိယအာရုပ္ပ (ဝိညာဏဉ္စာယတန)
ဝိပါက်သည် ဒုတိယ အရူပဘုံ၌ ပဋိသန္ဓေ ဘဝင် စုတိ ကိစ္စတပ်၍ ဖြစ်၏၊
ဤသို့စသည်ဖြင့် ယထာက္ကမံအရ အစဉ်အတိုင်း ဖြစ်ရပုံကို သိလေ၊ ဤကား
အာရုပ္ပပဋိသန္ဓေ ၄ ပါးတည်း။
အာရုပ္ပပုဂ္ဂိုလ်တို့ ၁။ ပန-ဆက်ဦးအံ့၊ တေသု-ထို အာရုပ္ပ
ပဋိသန္ဓေနေသောပုဂ္ဂိုလ်တို့တွင် အာကာ
အသက်တမ်း
သာနဉ္စာယတနူပဂါနံ – အာကာသာနဉ္စာယတနဘုံသို့ ကပ်
ရောက်ကုန်သော၊ ဒေဝါနံ-ဗြဟ္မာတို့၏ အာယုပ္ပမာဏ-သည်၊
ဝီသတိကပ္ပသဟဿာနိ-မဟာကပ် နှစ်သောင်းတို့တည်း။
၂။ ဝိညာဏဉ္စာယတနူပဂါနံ – ဝိညာဏဉ္စာယတနဘုံသို့
ကပ်ရောက်ကုန်သော၊ ဒေဝါနံ-တို့၏၊ အာယုပ္ပမာဏံ-သည်
စတ္တာလီသကပ္ပသဟဿာနိ-မဟာကပ် ၄ သောင်းတို့တည်း။
၃။ အာကိဉ္စညာယတနူပဂါနံ- အာကိဉ္စညာယတနဘုံသို့
ကပ်ရောက်ကုန်သော၊ ဒေဝါနံ-တို့၏၊ အာယုပ္ပမာဏံ-သည်၊
သဋ္ဌိကပ္ပသဟဿာနိ-မဟာကပ် ခြောက်သောင်းတို့တည်း။
၄။ နေဝသညာ နာသညာယတနူပဂါနံ – နေဝသညာ
နာသညာယတနဘုံသို့ ကပ်ရောက်ကုန်သော ဒေဝါနံ-တို့၏
အာယုပ္ပမာဏံ-သည်၊ စတုရာသီတိကပ္ပသဟဿာနိ- မဟာ
ကပ် ရှစ်သောင်းလေးထောင်တို့တည်း။
တစ်ဘဝ၌တူမြဲတရား
ဧကဇာတိယံ - တစ်ခုသောဘဝ၌၊ ပဋိသန္ဓိ-
ပဋိသန္ဓေ စိတ်သည်၎င်း၊ ဘဝင်္ဂဉ္စ – ဘဝင်
စိတ်သည်၎င်း၊ တထာ-ထိုမှ တစ်ပါး၊ စဝနမာနသံ - စုတိစိတ်
ကာမပဋိသန္ဓေ ၁၀, ရူပ ပဋိသန္ဓေ ( ရုပ်ပဋိသန္ဓေနှင့်တကွ ) ၆, အာရုပ္ပ
ပဋိသန္ဓေ ၄, ပေါင်း ပဋိသန္ဓေ ၂၀ ရှိ၏၊ ပဋိသန္ဓေစိတ် ဆိုလျှင် ၁၉ သာရှိ၏၊
ပဋိသန္ဓေ ဟု သာမည ဆိုလျှင် ရုပ် ပဋိသန္ဓေနှင့်တကွ ၂၀ ရှိသည်ကို သတိပြု။
၁-၂-၃-၄- ဝါကျတို့၌ ပါဠိရှိတိုင်း သိလေ။
## Trang 146
သည်၎င်း၊ ဧကမေဝ-တစ်မျိုးထည်းသာလျှင်၎င်း၊ တထာ-ထို
အတူ၊ ဧကဝိသယဉ္စ-တူသော အာရုံ ရှိသည်သာလျှင်၎င်း၊
( ဟောတိ-၏ )။ ။ဣဒံ - ဤသည်ကား၊ ဧတ္ထ – ဤ ဝီထိမုတ္တ
သင်္ဂဟေ၊ ပဋိသန္ဓေစတုက္က-ပဋိသန္ဓေစတုက္က တည်း။
တစ်ဘဝ၌ တူမြဲတရား။ ။ဧကမေဝ-တစ်ဘဝ တစ်ဘဝ၌ ပဋိသန္ဓေ ဘဝင်
စုတိစိတ်တို့သည် တစ်မျိုးတည်းသာ ဖြစ်ရရိုးတည်း၊ ဥပမာ – ပဋိသန္ဓေ စိတ်က
မဟာဝိပါက် ပဌမစိတ် ဖြစ်ခဲ့ပါလျှင် ပဝတ္တိအခါ တစ်ဘဝလုံး ဖြစ်နေသော
ဘဝင်များလည်း မဟာဝိပါက် ပဌမစိတ်၊ စုတိကျသည့်အခါလည်း မဟာ
ဝိပါက် ပဌမစိတ်ချည်းသာ ဖြစ်ရမည် ဟူလို။
ဧကဝိသယ - အာရုံအားဖြင့်လည်း တူရိုးတည်း၊ ပဋိသန္ဓေစိတ်က
ကံကိုအာရုံပြုလျှင် ဘဝင် စုတိစိတ်များလည်း ကံကိုချည်းသာ အာရုံပြုရမည် ဟူလို။
လေ့ကျင့်ခန်း မေးခွန်းများ
ရူပဝိပါက်စိတ် ၅ ပါးတွင် အဘယ်ဝိပါက်သည် အဘယ်ဘုံ၌ ပဋိသန္ဓေ
ဘဝင် စုတိ ကိစ္စတပ်၍ ဖြစ်သနည်း၊ သင်္ဂြိုဟ်ထောက်ပါ။
အသညသတ်ဘုံ၌ အဘယ်တရားဖြင့် ပဋိသန္ဓေ နေသနည်း။
၈။ အသင်္ချေယျကပ်ဖြင့် ရေတွက်အပ်သောဘုံကား ဘယ်ဘုံများနည်း။
ပဌမဈာန်ဘုံသား ဗြဟ္မာများ၏ အသက် မည်မျှစီ ရှိသနည်း။
ဝေဟပ္ဖိုလ်နှင့် အသညသတ် ဗြဟ္မာတို့ အသက် မည်မျှစီ ရှိသနည်း။
၆။ သုဒ္ဓါဝါသ ဗြဟ္မာတို့အသက် မည်မျှစီ ရှိကြသနည်း၊ ထောက်ပါ။
၇။ ပဌမာရုပ္ပါဒိဝိပါကာနံ စသော စကား၌ ယထာက္ကမံ အရ ဝိပါက်နှင့်
ဘုံကို တွဲဘက်၍ ပြပါ။
၈။ အာရုပ္ပ ဗြဟ္မာတို့အသက် မည်မျှစီ ရှိသနည်း၊ အသီးအသီး ခွဲပြပါ။
၉။ ပဋိသန္ဓေ ဘဝင် — စသော ဂါထာကို အနက်ပေး၍ "ဧကမေဝ ဧက
ဝိသယဉ္စ" ၏ အဓိပ္ပါယ်ကို ပြပါ။
၁။ ဇနကံ - အကျိုးဝိပါက်ကို ဖြစ်စေတတ်
ကံ ၄ မျိုး ၄ လီ
သော ကံ၎င်း၊ ဥပတ္ထမ္ဘကံ – ထောက်ပံ့ကူညီ
တတ်သောကံ၎င်း၊ ဥပပီဠကံ – ကပ်၍ နှိပ်စက်တတ်သောကံ
၎င်း၊ ဥပဃာတကံ- ကပ်၍ သတ်ဖြတ်တတ်သော ကံ၎င်း၊
ဣတိ-ဤသည်တို့ကား၊ ကိစ္စဝသေန-ကိစ္စနှင့်စပ်သဖြင့်၊ (စတ္တာ
ရိ-လေးပါးကုန်သော၊ ကမ္မာနိနာမ-ကံတို့မည်၏။)
ကံ ၄ မျိုး ၄ လီ။ ။ကုသိုလ် အကုသိုလ် စေတနာကို"ကမ္မ=ကံ"ဟု
ခေါ်၏၊ ထိုကံ ၄ မျိုးအပေါင်းကို ကမ္မစတုက္က ဟု ခေါ်သည်၊ အရှင်အနုရုဒ္ဓါ
ထေရ်သည် ကမ္မစတုက္ကို ၄ မျိုးခွဲ၍ ပြတော်မူ၏။
၁။ ကိစ္စစတုက္က
ကိစ္စ စတုက္က ။ ။ ဖြစ်စေခြင်း-ထောက်ပံ့ခြင်း-နှိပ်စက်ခြင်း-သတ်
ဖြတ်ခြင်းသည် ကံတို့၏ ကိစ္စလုပ်ငန်းပင်တည်း၊ ဤသို့ ကိစ္စနှင့်စပ်၍ ကံ ၄ မျိုး
ပြားသည်။
ဇနကကံ-ဝိပါက် စိတ် စေတသိက်နှင့် ကမ္မဇရုပ်၊ ကံအရင်းခံ ရှိသော
ဥတုဇရုပ်ကို အကျိုးဝိပါက် ဟု ခေါ်၏၊ ထိုအကျိုးဝိပါက်ကို ပဋိသန္ဓေအခါ၌
ဖြစ်စေ ပဝတ္တိအခါ၌ဖြစ်စေ အခွင့်သင့်ရာအခါဝယ် မိမိကိုယ်တိုင် ဖြစ်စေနိုင်
သော ကံကို "ဇနက" ကံ ဟု ခေါ်သည်။
[ဆောင်] ၁။ ဝိပါက်စိတ်စေ၊ ရုပ်ထွေထွေကို သန္ဓေပဝတ္တိ၊ ခွင့်ခါရှိသော်၊
မိမိကိုယ်တိုင်၊ ဖြစ်စေနိုင်၊ ခေါ်ပိုင် "ဇနက" ကံ။
ဥပတ္ထမ္ဘကကံ ကိုယ်တိုင်ကား အကျိုးမပေးနိုင်၊ တစ်ပါးသောကံ
အကျိုးပေးခွင့် ရလေအောင်၊ အကျိုးပေးခွင့် ရနေပြန်လျှင် အကျိုးပေးသန်
လေအောင်၊ အကျိုးပေးသည့် အခါမှာလည်း ထို အကျိုးများ ရှည်ကြာ
## Trang 147
ဖွင့်ဖြိုးလေအောင်၊ ကုသိုလ်အရာမှာ ဖြစ်စေ၊ အကုသိုလ်အရာမှာ ဖြစ်စေ၊
လျော်စွာ ထောက်မကူညီတတ်သော ကံကို "ဥပတ္ထမ္ဘက"ကံ ဟု ခေါ်၏။
[ဆောင်] ၂။ အကျိုးပေးခွင့်၊ အခါသင့်ဘို့၊ အခွင့်သင့်ပြန်၊ ကျိုးပေးသန်
အောင်၊ ပေးပြန်ပြီးခါ၊ ရှည်မြင့်ကြာဘို့၊ လျော်စွာထောက်မ၊
ကူညီက၊ "ဥပတ္ထမ္ဘက" ကံ။
ဥပပီဠကကံ-တစ်ပါးသောကံကို အကျိုးပေးခွင့် မရလေအောင်၊ အခွင့်
ရပြန်လျှင် အကျိုးပေးမထက်သန်အောင်၊ ရပြီးသောအကျိုးကိုလည်း မဖွင့်ဖြိုး
လေအောင်၊ ကပ်၍နှိပ်စက်တတ်သော ကံကို "ဥပပီဠက"ကံ ဟု ခေါ်၏။
[ဆောင်] ၃။ အကျိုးပေးခွင့်၊ မရလင့်ဘို့၊ ရသင့်လေပြန်၊ ကျိုးမသန်
အောင်၊ ရပြန်အကျိုး၊ မဖွင့်ဖြိုးဘို့၊ အမျိုးမျိုးက၊ နှိပ်စက်
လှ၊ "ဥပပီဠက" ကံ။
ဥပဃာတကကံ-နှိပ်စက်ရုံတွင်မက၊ တစ်ပါးသောကံကို လုံးဝ အကျိုး
မပေးနိုင်အောင်၊ ပေးပြီးသော အကျိုးများကိုလည်း ပြတ်သွားအောင်၊ သတ်
ဖြတ်တတ်သော ကံကို "ဥပဃာတက"ကံ ဟု ခေါ်သည်။
[ဆောင်] ၄။ နှိပ်စက်ရုံတွင်၊ မကချင်ဘဲ၊ ယခင်ထက်တိုး၊ ကံအကျိုးကို
ပယ်ချိုးနှိပ်ချ၊ သတ်ဖြတ်က၊ "ဥပဃာတက" ကံ။
၂။ ပါကဒါနပရိယာယစတုက္က ။ ။ [ ပါက=အကျိုး--ဒါန-
ပေးခြင်း+ပရိယာယ=အလှည့်အကြိမ်။] သတ္တဝါတစ်ယောက်၌ ကံလေးမျိုး
သည်တို့ကား၊ ပါကဒါနပရိယာယေန- အကျိုးပေးလှည့်အစဉ်
အားဖြင့်၊ စတ္တာရိ-လေးပါးကုန်သော၊ ကမ္မာနိနာမ-ကံတို့မည်၏။
လုံးရှိလျှင် စုတေသည့်အခါ – "ဂရုကကံ" က အကျိုးပေးခွင့် အလှည့်ကျ၏၊
ဂရုကကံမရှိလျှင် "အာသန္နကံ"က အကျိုးပေးလှည့်ကျ၏၊ အာသန္နကံ မရှိလျှင်
"အာစိဏ္ဏကံ"က အကျိုးပေးလှည့်ကျ၏၊ အာစိဏ္ဏကံမရှိပြန်လျှင်
"ကဋတ္တာကံ"က အကျိုးပေးလှည့်ကျ၏၊ ဤသို့အကျိုးပေးလှည့်အစဉ်အားဖြင့်ကံ ၄ မျိုး
ပြားရပြန်သည်။
ဂရုကကံ-တစ်ပါးသောကံတို့က မတားမြစ်နိုင်လောက်အောင် ကြီးလေး
သော ကံတည်း၊ ကုသိုလ်အရာ၌ မဟဂ္ဂုတ် ( ဈာန် ) ကံများနှင့်၊ အကုသိုလ်
အရာ၌ ပဉ္စာနန္တရိယကံများတည်း။ [နိယတမိစ္ဆာဒိဋ္ဌိကံကိုလည်း ဂရုကကံ၌
ထည့်သွင်းကြသေး၏။]
ပဉ္စာနန္တရိယ — [ပဉ္စ+အနန္တရ+ဣယ။ ပဉ္စ=ငါးပါး+အနန္တရ=
အခြားမဲ့ဘဝ+ ဣယ = အကျိုးပေးသောကံ၊] အခြားမဲ့ ဒုတိယဘဝ၌ မုချ
မကောင်းကျိုး ပေးမည်ဖြစ်သော ကံငါးပါးကို "ပဉ္စာနန္တရိယကံ" ဟု
ခေါ်သည်။
ငါးပါးသရုပ်ကား၊ ၁-မာတုဃာတက=အမိသတ်မှု။ ၂-ပိတုဃာတက=
အဘသတ်မှု။ ၃-အရဟန္တဃာတက = ရဟန္တာသတ်မှု။ ၄-လောဟိတုပ္ပါ
ဒက = ဘုရားရှင်၌ သွေးကိုဖြစ်စေမှု၊ သွေးစိမ်းတည်အောင် သွေးခြေဥအောင်
ပြုမှု။ ၅-သံဃဘေဒက=သံဃာသင်းခွဲမှု။ [သိမ်တစ်ခုထဲ၌ တစ်ပြိုင်
နက် ကံကြီး ကံငယ်ခွဲ၍ ပြုမှသာ – သံဃဘေဒက ကံ ထိုက်သည်။]
အာသန္နကံ-စုတေခါနီးလောလောဆယ်၌ ပြုအပ်သောကံ၊ သို့မဟုတ်
ရှေးကပြုပြီးသားကို စုတေခါနီး၌ ထပ်၍ အောက်မေ့အပ် (ဆင်ခြင်နေအပ်)
သော ကံတည်း။
## Trang 148
၃။ ဒိဋ္ဌဓမ္မဝေဒနီယံ-ဒိဋ္ဌဓမ္မဝေဒနီယကံ၎င်း၊ ဥပပဇ္ဇဝေဒ
နီယံ-ဥပပဇ္ဇဝေဒနီယကံ၎င်း၊ အပရာပရိယဝေဒနီယံ – အပရာ
ပရိယဝေဒနီယကံ၎င်း၊ အဟောသိကမ္မဉ္စ – အဟောသိကံ၎င်း၊
ဣတိ-ဤသည်တို့ကား၊ ပါက ကာလဝသေန = အကျိုးပေးရာ
ကာလနှင့် စပ်သဖြင့်၊ စတ္တာရိ– လေးပါးကုန်သော၊ ကမ္မာနိနာမ-ကံတို့
မည်၏။
အာစိဏ္ဏကံ – နေ့စဉ်မပြတ် ဝတ်ထား၍ လေ့ကျက်အပ်သော ကံတည်း၊
ကုသိုလ်အရာ၌ ဘုရားရှိခိုး ရေလှူ ပန်းလှူ ဆွမ်းလှူ ဥပုသ်စောင့် စသည်နှင့်
အကုသိုလ်အရာ၌ မုဆိုး တံငါ လုပ်မှုတည်း။
ကဋတ္တာကံ-ဂရုက အာသန္န အာစိဏ္ဏကံ အခြေအနေသို့ မရောက်
တတ်ဘဲ၊ ဤဘဝ၌ သာမာန်ပြုအပ်သော ကံများနှင့်၊ ရှေးရှေးဘဝက ပြုအပ်
ခဲ့သော ကံများတည်း။ [ကဋတ္တာ--ပြုအပ်ခဲ့သည်၏အဖြစ်ကြောင့်-ကမ္မ
ကံဟူ၍ အမည်ရသော ကံတည်း၊ ပြုအပ်ပြီးဖြစ်၍ နာမည်မတပ်လျှင် မသင့်
မြတ်သောကြောင့် "ကဋတ္တာကမ္မ" ဟု နာမည်တပ်ရသည်။]
၃။ ပါကကာလ စတုက္က။ ။ပစ္စုပ္ပန်ကာလ၊ ဒုတိယဘဝ ကာလ၊
တတိယဘဝမှစ၍ နိဗ္ဗာန်မရမှီကာလ၊ ဤသို့ အကျိုးပေးရာကာလနှင့် စပ်၍
လည်း ကံ ၄ ပါး ပြားရသည်။
ဒိဋ္ဌဓမ္မဝေဒနီယ-မျက်မှောက် ပစ္စုပ္ပန်ဘဝ၌ အကျိုးပေးသောကံ။
ဥပပဇ္ဇဝေဒနီယ-နောက် ဒုတိယဘဝ၌ အကျိုးပေးသောကံ။
အပရာပရိယဝေဒနီယ -- တတိယဘဝမှ စ၍ နိဗ္ဗာန်မရမှီ အတွင်း၌
အကျိုးပေးသောကံတည်း။
အဟောသိကမ္မ-အကျိုးလုံးလုံး မပေးသော ကံတည်း။
၄။ အကုသလံ-အကုသိုလ်ကံ၎င်း၊ ကာမာဝစရကုသလံ-
ကာမာဝစရ ကုသိုလ်ကံ၎င်း၊ ရူပါဝစရကုသလံ - ရူပါဝစရ
ကုသိုလ်ကံ၎င်း၊ အရူပါဝစရကုသလံစ- အရူပါဝစရကုသိုလ်
ကံ၎င်း၊ ဣတိ-ဤသည်တို့ကား၊ ပါကဋ္ဌာနဝသေန- အကျိုးပေး
ရာဌာနနှင့်စပ်သဖြင့်၊ တထာ-ထို့အတူ လေးပါးတို့တည်း။
တတ္ထ-ထိုလေးပါးသောကံတို့တွင်၊ အကု
အကုသိုလ်ကံ ၃ မျိုး
အကျဉ်း သလံ-အကုသိုလ်ကံသည်၊ ကာယကမ္မံ-
ကာယကံ၎င်း၊ ဝစီကမ္မံ = ဝစီကံ၎င်း၊
မနောကမ္မဉ္စ-မနောကံ၎င်း၊ ဣတိ-ဤသို့၊ ကမ္မဒွါရဝသေန-ကမ္မ
ဒွါရနှင့်စပ်သဖြင့်၊ တိဝိဓံ--သုံးပါးအပြားရှိသည်၊ ဟောတိ-၏။
ကထံ – အဘယ်သို့ ပြားသနည်း။
၄။ ပါကဋ္ဌာနစတုက္က။ ။အကျိုးပေးရာ ဘုံဌာနနှင့် စပ်၍လည်း ကံ
၄ မျိုး ပြား၏၊ [ အရှင်အနုရုဒ္ဓါသည် ကမ္မစတုက္ကို ၄ မျိုး ခွဲပြီးလျှင် ကိစ္စ-
ပါကဒါနပရိယာယ-ပါကကာလ စတုက္ကတို့ကို သုတ္တန်ဒေသနာနည်း ဖြစ်၍
အကျယ်မပြဘဲ၊ ပါကဋ္ဌာနစတုက္က ကိုသာ အဘိဓမ္မာနည်း ဖြစ်သောကြောင့်
"တတ္ထ အကုသလံ ကာယကမ္မံ" မှ စ၍ ကမ္မစတုက္က ကုန်အောင် အကျယ်
ပြတော်မူသည်။]
အကုသိုလ်ကံအကျဉ်း။ ။ကမ္မဒွါရဝသေန— [ကမ္မ=ကံ+ဒွါရ=
ဖြစ်ရာ ဖြစ်ကြောင်း၊] ကံ၏ဖြစ်ရာ ကာယဒွါရ ဝစီဒွါရ မနောဒွါရကို "ကမ္မ
ဒွါရ" ဟု ခေါ်၏၊ ဤ
ကမ္မဒွါရသုံးပါးနှင့်စပ်၍ အကုသိုလ်ကံလည်း ကာယကံ
ဝစီကံ မနောကံ ဟု သုံးမျိုး ပြား၏၊ ထို ကံ သုံးမျိုးကို အကျယ် ပြပြန်လို၍
"ကထံ" စသည်ကို မိန့်သည်။
## Trang 149
ပါဏာတိပါတော-ပါဏာတိပါတ၎င်း၊ အဒိန္နာဒါနံ-အဒိန္နာ
ဒါန၎င်း၊ ကာမေသုမိစ္ဆာစာရောစ- ကာမေသုမိစ္ဆာစာရ၎င်း၊
ဣတိ-ဤသုံးပါးသည်၊ ကာယဝိညတ္တိသင်္ခါတေ-ကာယဝိညတ်
ဟု ဆိုအပ်သော၊ ကာယဒွါရေ – ကာယဒွါရ၌၊ ဗာဟုလ္လ
ဝုတ္တိတော – များစွာ ဖြစ်ခြင်းကြောင့်၊ ကာယကမ္မံနာမ -
ကာယကံမည်၏။
ကာယကံ ၃ ပါး။ ။ကိုယ်၌ အဖြစ်များသော အမှုကို "ကာယကံ"
ခေါ်၏၊ [ကာယ=ကိုယ်+ကမ္မ=ကံ၊ အမှု။]
ပါဏာတိပါတ-သူတစ်ပါးအသက်သတ်မှု။
အဒိန္နာဒါန-သူတစ်ပါး ဥစ္စာကို ခိုးဝှက် တိုက်ခိုက် လှည့်ပတ်၍ ယူမှု။
ကာမေသုမိစ္ဆာစာရ = ကာမဂုဏ်တို့၌ ကဲ့ရွဲ့ထိုက်စွာ ယုတ်ယုတ် မာမာ
ကျင့်မှု။ [ မိမိ၏ ဇနီးမှတစ်ပါး အခြားသူနှင့် ဖောက်ပြားမှု၊ မိမိ
ခင်ပွန်းသည်မှတစ်ပါး အခြား ယောက်ျားနှင့် ဖောက်ပြားမှု။]
ဝစီကံ ၄ ပါး။ ။နှုတ်၌ အဖြစ်များသော အမှုကို "ဝစီကံ" ဟု ခေါ်၏၊
[ဝစီ=နှုတ်+ကမ္မ=ကံ၊ အမှု။]
မုသာဝါဒ-မုသားပြောမှု၊ [ လိမ်၍ ညာဖြန်း၍ ပြောဆိုမှု။]
ပိသုဏဝါစာ=ချောပစ် ကုန်းတိုက်စကားကို ပြောဆိုမှု၊ [သူတစ်ပါးတို့ကို
ရန်ဘက်ဖြစ်စေမှု။]
ဖရုသဝါစာ = ကြမ်းတမ်းသော စကားကို ပြောဆိုမှု၊ [ မကြားကောင်း
မနာသာ ယုတ်ယုတ်မာမာ ဆဲဆို ငေါက်ငန်း ချောက်ချန်းမှု။]
လာပ၎င်း၊ ဣတိ - ဤလေးပါးသည်၊ ဝစီဝိညတ္တိသင်္ခါတေ-
ဝစီဝိညတ် ဟု ဆိုအပ်သော၊ ဝစီဒွါရေ - ဝစီဒွါရ၌၊ ဗာဟုလ္လ
ဝုတ္တိတော-များစွာဖြစ်ခြင်းကြောင့်၊ ဝစီကမ္မံနာမ-ဝစီကံ မည်၏။
အဘိဇ္ဈာ-အဘိဇ္ဈာ၎င်း၊ ဗျာပါဒေါ-ဗျာပါဒ၎င်း၊ မိစ္ဆာဒိဋ္ဌိစ-
မိစ္ဆာဒိဋ္ဌိ၎င်း၊ ဣတိ-ဤသုံးပါး ကား၊ ဝိညတ္တိယာ – ကာယ
ဝိညတ် ဝစီဝိညတ်ကို၊ အညတြာပိ – ကြဉ်၍လည်း၊ မနသ္မိံ
ယေ- မနောဒွါရ၌ သာလျှင်၊ ဗာဟုလ္လဝုတ္တိတော-များစွာဖြစ်
ခြင်းကြောင့်၊ မနောကမ္မံနာမ-မနောကံမည်၏။
သမ္ဖပ္ပလာပ = ပိန်ဖျင်းသော စကားကို ပြောဆိုမှု၊ [အနှစ် အဆန် ကင်း
သော စပါးပိန် စပါးဖျင်းအလား အနှစ်လည်းမပါ အနက်လည်း
မပါ ဒဏ္ဍာရီဝတ္ထုသွား "ရွှေယုံနဲ့ ရွှေကျား သက်ငယ်ရိတ်သွား
ရောတဲ့" စသော စကားကို ပြောဆိုမှု။]
မနောကံ ၃ ပါး။ ။ကိုယ်လည်း မလှုပ် နှုတ်လည်း မပါ စိတ်သာ အဖြစ်
များသော အမှု။
အဘိဇ္ဈာ = သူတစ်ပါး စည်းစိမ်ကို မတရား ယူလိုမှု၊ (တရားကိုယ်မှာ
လောဘတည်း။) [တောင်း၍ လဲ၍ ယူလိုခြင်းမှာ အဘိဇ္ဈာမဟုတ်။]
ဗျာပါဒ = သူတစ်ပါး၏ ပျက်စီး သေကြေရန် ကြံစီမှု၊ (တရားကိုယ်မှာ
ဒေါသတည်း။)
မိစ္ဆာဒိဋ္ဌိ = အယူမှားမှု၊ (တရားကိုယ်မှာ ဒိဋ္ဌိ စေတသိက်တည်း။)
အကုသလကမ္မပထ ၁၀- ဤ ကာယကံ ၃ ပါး ဝစီကံ ၄ ပါး မနောကံ
၃ ပါးကို အကုသလ ကမ္မပထတရား ၁၀ ပါး ဟု ခေါ်ဝေါ်ရိုး ပြကြသည်။
[အကုသလကမ္မ = အကုသိုလ်ကံ+ပထ= အပါယ် ရောက်ကြောင်းလမ်း။]
## Trang 150
ကံဖြစ်ကြောင်းတရား
၁။ တေသု-ထိုဆယ်ပါးတို့တွင် ပါဏာ
တိပါတော – ပါဏာတိပါတသည်၎င်း၊
ဖရုသဝါစာ – ဖရုသဝါစာသည်၎င်း၊ ဗျာပါဒေါစ - ဗျာပါဒ
သည်၎င်း၊ ဒေါသမူလေန – ဒေါသမူလ၊ ဒေါသမူလ ရှိသော
စိတ်ကြောင့်၊ ဇာယန္တိ-ဖြစ်ကုန်၏။
၂။ ကာမေသုမိစ္ဆာစာရော - ကာမေသုမိစ္ဆာစာရသည်
၎င်း၊ အဘိဇ္ဈာ - အဘိဇ္ဈာ သည်၎င်း၊ မိစ္ဆာဒိဋ္ဌိ - မိစ္ဆာဒိဋ္ဌိ
"အပါယ်ရောက်ကြောင်း မကောင်းသော လမ်းခရီးဖြစ်သော အကုသိုလ်ကံများ"
ဟူလို။... ဒုစရိုက် ၁၀ ပါးဟုလည်း ခေါ်၏၊ ဒု=မကောင်းသော+စရိတ=
အကျင့်၊ ဝါ…အကျင့်။ ]
၃။ ကံဖြစ်ကြောင်း တရား။ ။တေသု ပါဏာတိပါတော စသော
၁-၂-၃-၄ ဝါကျများကား ကံ ဖြစ်ကြောင်းတရားကို ပြသော စကားတည်း၊
"ဒေါသမူလေန-ဒေါသမူလ၊ ဒေါသမူလရှိသော စိတ်ကြောင့်" ဟု အနက်
၂ ချက် ပေးရာ၌ ပါဏာတိပါတနှင့် ဖရုသဝါစာသည် တရားကိုယ်အားဖြင့်
ဒေါသ နှင့် ယှဉ်သော စေတနာ ဖြစ်ရကား "ဒေါသမူလကြောင့် ဖြစ်သည်"
ဟူ၍၎င်း "ဒေါသမူလ ရှိသော ယှဉ်ဘက်စိတ်ကြောင့် ဖြစ်သည်" ဟူ၍၎င်း
အနက် ၂ ချက်လုံး သင့်၏။ ဗျာပါဒ၏ တရားကိုယ်မှာ ဒေါသပင် ဖြစ်ရကား
"ဒေါသမူလရှိသော ယှဉ်ဘက်စိတ်ကြောင့် ဖြစ်သည်" ဟူသော နောက်
အနက်သာ သင့်သည်။
၂။ ကာမေသုမိစ္ဆာစာရော၊ ပေ၊ လောဘမူလေန
ကာမေသုမိစ္ဆာစာရသည် တရားကိုယ်အားဖြင့် လောဘမူလစိတ်၌ ယှဉ်သော စေတနာ
တည်း၊ ကာမေသုမိစ္ဆာစာရနှင့် မိစ္ဆာဒိဋ္ဌိသည် လောဘမူလ၊ လောဘမူလ
သည်၎င်း၊ လောဘမူလေန-လောဘမူလ၊ လောဘမူလ
ရှိသောစိတ်ကြောင့်၊ ဇာယန္တိ-ဖြစ်ကုန်၏။
၃။ သေသာနိ-ကြွင်းကုန်သော၊ စတ္တာရိပိ-လေးပါးလုံးတို့
သည်လည်း၊ ဒွီဟိ-နှစ်ပါးကုန်သော၊ မူလေဟိ - လောဘမူ
ဒေါသမူတို့ကြောင့်၊ သမ္ဘဝန္တိ-ဖြစ်ကုန်၏။
၄။ ပန- ဆက်ဦးအံ့၊ စိတ္တုပ္ပါဒဝသေန – စိတ်ဖြစ်ခြင်း၏
အစွမ်းဖြင့်၊ ဧတံ အကုသလံ-ဤအကုသိုလ်ကံသည်၊ သဗ္ဗထာ
-အလုံးစုံသောအပြားအားဖြင့်လည်း၊ ဒွါဒသဝိဓံ- တစ်ဆယ့်နှစ်ပါး
အပြားရှိသည်၊ ဟောတိ-ဖြစ်၏။
ကာမာဝစရကုသိုလ်ကံ ၃ မျိုး
၁။ ကာမာဝစရကုသလံပိ - ကာမာဝစရကုသိုလ်ကံသည်လည်း၊ ကာယ
ဒွါရေ-ကာယဒွါရ၌၊ ပဝတ္တိ-ဖြစ်သော၊ ကာယကမ္မံ-ကာယကံ
၎င်း၊ ဝစီဒွါရေ-ဝစီဒွါရ၌၊ ပဝတ္တံ-ဖြစ်သော၊ ဝစီကမ္မံ-ဝစီကံ၎င်း၊
ရှိသောယှဉ်ဘက်စိတ်ကြောင့် ဖြစ်၏၊ အဘိဇ္ဈာကား လောဘမူလ ရှိသော
စိတ်ကြောင့်သာ ဖြစ်သည်။
၃။ သေသာနိ၊ ပေ၊ ဒွီဟိ မူလေဟိ – ဆိုခဲ့ပြီးသော ၆ ပါးမှ ကြွင်းသော
အဒိန္နာဒါန မုသာဝါဒ ပိသုဏဝါစာ သမ္ဖပ္ပလာပ တို့ကား ရံခါ လောဘ
ကြောင့်လည်းဖြစ်၊ ရံခါ ဒေါသကြောင့်လည်း ဖြစ်ကုန်၏။
၄။ စိတ္တုပ္ပါဒ၊ ပေ၊ ဒွါဒသဝိဓံ-ဤအကုသလ ကမ္မပထတရား ၁၀ ပါး
သည် စိတ်တို့၏ ဖြစ်ပုံအားဖြင့် ( အရင်းစစ်လျှင် ) အကုသိုလ်စိတ် ၁၂ ပါး
ပင်တည်း၊ "အကုသိုလ်စိတ် ၁၂ ပါးသည်ပင် ထိုက်သည့် အားလျော်စွာ
ပါဏာတိပါတ စသော အနေအားဖြင့် ဖြစ်ကြလေသည်" ဟူလို။
## Trang 151
မနောဒွါရေ-မနောဒွါရ၌၊ ပဝတ္တံ-သေ၊ မနောကမ္မံစ'မနောကံ
၎င်း၊ ဣတိ-သို့၊ကမ္မဒွါရဝသေန-ကမ္မဒွါရနှင့်စပ်သဖြင့်၊ တိဝိဓံ-
သည်၊ ဟောတိ-၏။
ကာမကုသိုလ်ကံ ၃ မျိုး။ ။ "တတ္ထ အကုသလံ ကာယကမ္မံ ဝစီကမ္မံ
မနောကမ္မတိ" ဟု ပြခဲ့သည့်အတိုင်း အကုသိုလ်ကံသာ ကာယကံစသော
အားဖြင့် ၃ ပါး ပြားသည် မဟုတ်သေး၊ ကာမာဝစရ ကုသိုလ်ကံလည်း
ကာယကံ ဝစီကံ မနောကံအားဖြင့် ၃ ပါးပြားသည့်'ဟူလို။
ကာယကံ ၃ ပါး
ပါဏာတိပါတဝိရတိ=ပါဏာတိပါတမှ ရှောင်ကြဉ်ခြင်း။
အဒိန္နာဒါနဝိရတိ=အဒိန္နာဒါနမှ ရှောင်ကြဉ်ခြင်း။
ကာမေသုမိစ္ဆာစာရဝိရတိ=ကာမေသုမိစ္ဆာစာရမှ ရှောင်ကြဉ်ခြင်း။
ဝစီကံ ၄ ပါး
မုသာဝါဒဝိရတိ=မုသာဝါဒမှ ရှောင်ကြဉ်ခြင်း။
ပိသုဏဝါစာဝိရတိ=ပိသုဏဝါစာမှ ရှောင်ကြဉ်ခြင်း။
ဖရုသဝါစာဝိရတိ=ဖရုသဝါစာမှ ရှောင်ကြဉ်ခြင်း။
သမ္ဖပ္ပလာပဝိရတိ=သမ္ဖပ္ပလာပမှ ရှောင်ကြဉ်ခြင်း။
မနောကံ ၃ ပါး
အနဘိဇ္ဈာ=အဘိဇ္ဈာမဖြစ်အောင် စောင့်စည်းခြင်း (အလောဘ)။
အဗျာပါဒ=ဗျာပါဒမဖြစ်အောင် စောင့်စည်းခြင်း (အဒေါသ)။
သမ္မာဒိဋ္ဌိ=အယူမှန်ခြင်း (အမောဟ-ပညာ)ဤ ၁ဝ ပါးကို "ကုသလ
ကမ္မပထ" တရားဟု၎င်း သုစရိုက် ၁၀ ပါးဟု၎င်း ခေါ်သည်။
၂။ ဒါန သီလ ဘာဝနာဝသေန ဒါန သီလ ဘာဝနာတို့၏
အပြားအားဖြင့်၊ တထာ-ထို့အတူ သုံးပါးပင်တည်း။
၃။ ပန- ဆက်ချူးအံ့၊ စိတ္တုပ္ပါဒဝသေန - စိတ်ဖြစ်ခြင်း၏
အစွမ်းအားဖြင့်၊ ဧတံ – ဤကာမာဝစရကုသိုလ်ကံသည်၊ အဋ္ဌ
ဝိဓံ-ရှစ်ပါးအပြားရှိသည်၊ ဟောတိ-၏။
ဒါန သီလ ဘာဝနာ အပစာယန ဝေယျာ
ပုညကြိယ ဝတ္ထု ၁၀ ဝစ္စ ပတ္တိဒါန ပတ္တာနုမောဒန ဓမ္မဿဝန
ဓမ္မဒေသနာ ဒိဋ္ဌိဇုကမ္မဝသေန-ဒါန၊ သီလ၊ ဘာဝနာ၊ အပစာ
၂။ တထာဒါနသီလဘာဝနာဝသေန'ကာယကံ ဝစီကံ မနောကံ
အားဖြင့် ပြားသော ကုသိုလ်ကံသည်ပင် ဒါန သီလ ဘာဝနာအားဖြင့် တဖန်
၃ မျိုး ပြားပြန်သည်၊ ယခင် ကုသလကမ္မပထတရား ၁၀ ပါးကို ဒါန သီလ
ဘာဝနာ ၃ မျိုးဖြင့် မြှောက်ပွားလျှင် ၃ဝ ဖြစ်နိုင်သည်။
၃။ စိတ္တုပ္ပါဒဝသေန ၊ ပေ ၊ ဟောတိ … စိတ်တို့၏ ဖြစ်ခြင်းအားဖြင့်
( အရင်းစစ်လျှင် ) ဤ ကာမကုသိုလ်ကံသည် ၈ ပါးရှိ၏၊ ၈ ပါးဟူသည့်မှာ
မဟာကုသိုလ်စိတ်ပင်တည်း၊ " မဟာကုသိုလ်စိတ် ၈ ပါးသည်ပင် ကာယကံ
စသော ဒါနစသော အနေအားဖြင့် ဖြစ်ကြသည် " ဟူလို။
သီလ=
ဘာဝနာ=
ပုညကြိယဝတ္ထု ၁ဝ ပါး။ ။ဒါန=ပေးကမ်းလှူဒါန်းမှု။ ။ သီ
၅ ပါး၊ ၈ ပါး၊ ၁၀ ပါးစသော သီလဆောက်တည်မှု။
ဘာဝနာ = ကမ္မဋ္ဌာန်း စီးဖြန်းမှု။ ။အပစာယန = အသက်သိက္ခာ ဂုဏ်ကြီးသူအား
အရိုအသေပြုမှု။ ဝေယျာဝစ္စ = သူများကုသိုလ်ကိစ္စ၌ ကူညီဆောင်ရွက်
မှု။ ။ပတ္တိဒါန=မိမိရသော ကုသိုလ်အဘို့ကို အမျှဝေမှု။ [ပတ္တိ = ရအပ်
သောကုသိုလ်အဘို့+ဒါန မိမိကဲ့သို့ အညီအမျှရကြစေရန်ပေးဝေမှု ။
ပတ္တာနုမောဒန = မိမိသို့ ရောက်လာသော ကုသိုလ်အဘို့ကို ဝမ်းမြောက်
## Trang 152
ယန၊ ဝေယျာဝစ္စ၊ ပတ္တိဒါန၊ ပတ္တာနုမောဒန၊ ဓမ္မဿဝန၊ ဓမ္မ
ဒေသနာ၊ ဒိဋ္ဌိဇုကမ္မတို့၏ အပြားအားဖြင့်၊ ဒသဝိဓံ-ဆယ်ပါး
အပြားရှိသည်၊
ဟောတိ-၏။
ပန - ဆက်ချူးအံ့၊ ဝီသတိဝိဓမ္ပိ' နှစ်ဆယ် အပြားရှိသည်
လည်း ဖြစ်သော၊ တံဧတံ'ထို ကုသိုလ် အကုသိုလ် ကံသည်၊
ဝမ်းသာ သာဓုခေါ်မှ၊ [ ပတ္တ = ကောင်းမှုရှင်တို့က အမျှဝေသဖြင့် မိမိထံ
ရောက်လာသော ကုသိုလ်အဘို့+အနုမောဒနာ=ဝမ်းမြောက်စွာသာဓုခေါ်မှ]။
ဓမ္မဿဝန=တရားနာမျှ။ ။ဓမ္မဒေသနာ = လာဘ်လာဘကိုမငဲ့ဘဲ တရား
ဟောမျှ။ ။ဒိဋ္ဌိဇုကမ္မ=အယူကို ဖြောင့်မတ်စွာယူမှု။
၍ ၁၀ ပါးကို " ပုညကြိယဝတ္ထု " ၁ဝ ပါး ဟု ခေါ်စမှတ် ပြုကြ၏
[ပုည+ကြိယ+ဝတ္ထု။ ပုည'ကောင်းမှ +ကြိယ=ပြုသင့်ပြုထိုက်သော+
ဝတ္ထု'တည့်ရာ၊"ကောင်းသောအကျိုး၏ တည့်ရာဖြစ်၍ ပြသင့်ပြုထိုက်သော
ကောင်းမှုကုသိုလ် ၁ဝ ပါး" ဟူလို။ ] သုစရိုက်ဆယ်ပါးနှင့် ပုညကြိယ ဝတ္ထု
၁ဝ ပါးသည် အတူတူပင် ဟု မှတ်မှားတတ်သည်, သတိပြု။
၁၀ ပါးက ၃ ပါးဖြစ်ပုံ။ ။ဒါနသီလဘာဝနာ၍ ၃ ပါးကို အစဉ်
အတိုင်းထား၍ အစဖြစ်သော အပစာယန ဝေယျာဝစ္စ ၂ ပါးကို အလယ်
ဖြစ်သော သီလတွင်း၌သွင်း၊ အလယ် ဖြစ်သော ပတ္တိဒါန ပတ္တာနုမောဒနာ
၂ ပါးကို အစဖြစ်သော ဒါန၌သွင်း၊ နောက်ဖြစ်သော ဓမ္မဿဝန ဓမ္မဒေသနာ
ဒိဋ္ဌိဇုကမ္မကို ဘာဝနာ၌သွင်း ( တနည်း'ဒိဋ္ဌိဇုကမ္မကို ဒါန သီလ ဘာဝနာ
၃ ပါးလုံးသွင်း၍) ရေတွက်လျှင် ဒါန သီလ ဘာဝနာ ၃ ပါး၌ ပါဝင်၏။
[ဆောင်] ဒါန'သီလ၊ ဘာဝနာ၊ သုံးဖြာစဉ်၍ခင်း။ ။စ'နှစ်ကိုလယ်၊
လယ်နှစ်ကို-စ နောက်မှ နောက်ချင်းသွင်း။
ရူပကုသိုလ်ကံ
ကာမာဝစရကမ္မမိဒံ-ကာမာဝစရကံ ဟူ၍သာလျှင်၊ သင်္ခ –
ခေါ်ဝေါ်အပ်သည်၏ အဖြစ်သို့၊ ဂစ္ဆတိ-ရောက်၏။
ပန-အဘို့ တပါးကား၊ ရူပါဝစရကုသလံ-
၅ ရူပါဝစရ ကုသိုလ်ကံသည်၊ မနောကမ္မ
မေဝ-မနောကံ တမျိုးသာတည်း၊ တဉ္စ - ထို မနောကံသည်
လည်း၊ ဘာဝနာမယ်-ဘာဝနာမယတည်း၊ အပ္ပနာပတ္တံ-အပ္ပနာ
သို့ရောက်၏၊ ဈာနင်္ဂဘေဒေန-ဈာန်အင်္ဂါတို့၏အပြားအားဖြင့်၊
ပဉ္စဝိဓံ-ငါးပါး အပြားရှိသည်၊ ဟောတိ-၏။
တံပနေတံ၊ ပေ၊ သင်္ခ ဂစ္ဆတိ'ဝီသတိဝိဓံ အရ ၂ဝ ဟူသည့် အကုသိုလ်
စိတ် ၁၂၊ မဟာကုသိုလ်စိတ် ၈ ၌ ယှဉ်သော စေတနာ ၂ဝ တည်း၊ ဤ
အကုသိုလ်ကံနှင့် ကာမာဝစရ ကုသိုလ်ကံ ၂ဝ ကို ကာမာဝစရကံ ဟူ၍
ခေါ်ဝေါ်သည့် " ဟူလို။
အရူပကုသိုလ်ကံ။ ။မနောကမ္မမေဝ'၍ ရူပါဝစရ ကုသိုလ်ကံကား
ကာယကံ ဝစီကံ မနောကံ ဟု ၃ မျိုးမရှိ မနောကံ ၁ မျိုးသာ ရှိသည်။
တဉ္စဘာဝနာမယံ — ဒါန သီလ ဘာဝနာဟု ၃မျိုး မရှိ, ဘာဝနာ
၁ မျိုးသာ ရှိသည်။ [ ဘာဝနာမယ၌ မယသဒ္ဒါ အနက်သီးခြား မရှိ။]
အပ္ပနာပတ္တိ …… ဤစကားကား ကာမကုသိုလ်ကို စောင်းသော စကား
တည်း၊ " မနောကံ ဘာဝနာမယ ဟု ဆိုသော်လည်း ကာမကုသိုလ်က
မနောကံ ဘာဝနာမယမျိုး မဟုတ်, အပ္ပနာဈာန်သို့ ရောက်သော မနောကံ
ဘာဝနာမယ တည်း " ဟူလို။ [ ဈာန်မရမှီ ရှေ့အဘို့၌ ကမ္မဋ္ဌာန်း ဘာဝနာ
ပွားများမှုကား ကာမကုသိုလ် မနောကံ ဘာဝနာတည်း။
ဈာနင်္ဂဘေဒေနပဉ္စဝိမံ'ရူပစိတ်၌ ပြခဲ့သည့်အတိုင်း ယှဉ်ဘက်ဈာန်
အင်္ဂါတို့က ၅ မျိုး ပြားခြင်းကြောင့် ရူပကုသိုလ်ကံလည်း ၅ မျိုးပြားရသည်။
## Trang 153
အရူပကုသိုလ်ကံ ၄
တထာ-ထိုမှတပါး၊ အရူပါဝစရကုသလ၌-
အရူပါဝစရကုသိုလ်ကံသည်လည်း၊မနော
ကမ္မံ – မနောကံသာတည်း၊ တံပိ - ထို မနောကံသည်လည်း၊
ဘာဝနာမယံ-တည်း၊ အပ္ပနာပတ္တံ – ၏၊ အာရမဏဘေဒေန-
အာရုံတို့၏ အပြားအားဖြင့်၊ စတုဗ္ဗိဓ-လေးပါး အပြားရှိသည်၊
ဟောတိ-၏။
အရူပကုသိုလ်ကံ။ ။အရူပါဝစရကုသိုလ်ကံ၏ မနောကံ – ဘာဝနာ
မယ – အပ္ပနာပတ္တ ဖြစ်ပုံမှာ ရူပကုသိုလ်ကံနှင့် မထူးပြီ၊ စိတ်ပိုင်း အရူပစိတ်၌
ပြခဲ့သည့်အတိုင်း ကောင်းကင် ပညတ် စသော အာရုံတို့၏ အပြားဖြင့် အရူပ
ကုသိုလ်ကံလည်း ၄ မျိုး ပြားရလေသည်။
တတ္ထ အကုသလံ ကာယကမ္မံ-မှ စ၍ ဤ " အာရမဏဘေဒေန စတုဗ္ဘိဓ
ဟောတိ"တိုင်အောင်သောစကားရပ်ကား အကုသိုလ်ကံစသော ကံ ၄မျိုး၏
ရသင့်သော အပြားကို ပြသော စကားရပ်တည်း၊ ဤမှ နောက်၌ ထို ကံတို့၏
ပါကဋ္ဌာနကို ပြတော့လတ္တံ့။
လေ့ကျင့်ခဏ်း မေးခွန်းများ
က။ ကမ္မစတုက္က အစိတ်အစိတ်စတုက္ကပေါင်း မည်မျှရှိသနည်း ရေတွက်ပါ။
အဘယ်ကံမျိုးကို ဇနက ဥပထမ္ဘက ဟု ခေါ်သနည်း။
အဘယ်ကံမျိုးကို ဥပပီဠက ဥပဃာတက ဟု ခေါ်သနည်း။
ခ။
င ။
အဘယ်ကံမျိုးကို ဂရုက အာသန္န ဟု ခေါ်သနည်း။
အဘယ်ကံမျိုးကို အာစိဏ္ဏ ကဋတ္တာဟု ခေါ်သနည်း။
အဘယ်ကံမျိုးကို ဒိဋ္ဌဓမ္မဝေဒနိယ ဥပပဇ္ဇဝေဒနီယ ဟု ခေါ်သနည်း။
ပဉ္စာနန္တရိယကံ ၅ ပါး သရုပ် ထုတ်ပြပါ။
အဘယ်ကို အပရာရိယဝေဒနီယ-အဟောသိကံ ဟု ခေါ်သနည်း။
ဈ ။ ကာယကံ ၃ ပါး သရုပ်ကို အနက် အဓိပ္ပါယ်နှင့်တကွ ပြပါ၊
ည။ ဝစီကံ ၄ ပါး သရုပ်ကို အနက်အဓိပ္ပါယ်နှင့်တကွ ပြပါ။
၄
ဋ ။ မနောကံ ၃ ပါး သရုပ်ကို အနက် အဓိပ္ပါယ်နှင့်တကွ ပြပါ။
။ ပါဏာတိပါတ စသော ၁၀ ပါးကို အဘယ့်ကြောင့် " အကုသလ
ကမ္မပထ" ဟု ခေါ်သနည်း။
ဍ ။ ဒုစရိုက် ၁၀ ပါး ဟူသည် အဘယ်တရားများနည်း။
၁ ။ ဒေါသမူလေန ပုဒ်နက်ကို နှစ်မျိုးခွဲ၍ ရသင့်သောကံနှင့် တွဲပြပါ။
ဏ။ လောဘမူလေန ပုဒ်နက်ကို ၂ မျိုးခွဲ၍ ရသင့်သောကံနှင့် တွဲပြပါ။
ဤ အကုသိုလ်ကံ ၁၀ ပါး၏ ဖြစ်ကြောင်းစိတ်ကား အဘယ်စိတ်များ
နည်း, သင်္ဂြိုဟ်ထောက်ပါ။
တ။
ထ။ ကုသလကမ္မပထ ၁ဝပါး၏သရုပ်ကို ကာယကံ ဝစီကံ မနောကံခွဲခြား၍
ရေတွက်ပါ။
၁ ။ သုစရိုက် ၁ဝ ပါးဟူသည့် အဘယ်တရားများနည်း။
ဓ ။
ကာမကုသိုလ်ကံ၏ ဖြစ်ကြောင်းစိတ်ကို သင်္ဂြိုဟ်ထောက်၍ ကောက်ပါ။
န ။ ပုညကြိယဝတ္ထု ၁ဝ ပါးကို သင်္ဂြိုဟ်ထောက်၍ ရေတွက်ပါ။
၎င်း ၁ဝ ပါးက ၃ ပါးဖြစ်ပုံကို သွင်းပြပါ။
"တံပနေတံ ဝီသတိဝိဓံ" အရ ကာမာဝစရကံ ၂ဝ သရုပ်ကို ပြပါ။
ရူပါဝစရ အရူပါဝစရကံတို့သည် ကာယကံစသော ကံသုံးပါး ဒါန သီလ
ဘာဝနာ ၃ ပါးတွင် အဘယ်၌ သွင်းမည်နည်း, သင်္ဂြိုဟ်ထောက်ပါ။
## Trang 154
ကာမကံ၏
၁။ ဧတ္ထ - ၍ လေးမျိုးသော ကံတို့တွင်၊
ဤ
အကျိုးပေးရာဘုံ ဥဒ္ဓစ္စရဟိတံ-ဥဒ္ဓစ္စမှကင်းသော၊ အကုသလ
ကမ္မ-အကုသိုလ်ကံသည်၊ အပါယဘူမိယံ-
အပါယ်ဘုံ၌၊ ပဋိသန္ဓေ - ပဋိသန္ဓေကို၊ ဇနေတိ = ဖြစ်စေ၏၊
ပဝတ္တိယံပန-ပဝတ္တိအခါကား၊ သဗ္ဗံ-အလုံးစုံလည်းဖြစ်သော၊
(ဥဒ္ဓစ္စလည်း ပါဝင်သောဟူလို၊) ဒွါဒသဝိဓံ- ၁ ၂ ပါး အပြား
ရှိသော အကုသိုလ်ကံသည်၊ သတ္တ - ခုနစ်ပါး ကုန်သော၊
အကုသလပါကာနိ-အကုသလဝိပါက်စိတ်တို့ကို၊ သဗ္ဗတ္ထာပိ-
အလုံးစုံလည်း ဖြစ်သော၊ ကာမလောကေ - ကာမဘုံ၌၎င်း၊
ရူပလောကေစ - ရူပဘုံ၌၎င်း၊ ယထာရဟ – ထိုက်သည်အား
လျော်စွာ၊ ဝိပစ္စတိ'ရင့်ကျက်စေ၏။
အကုသလကံ၏
ကာမကံ၏ အကျိုးပေးရာဘုံ။ ။၁-
။၁- "ဧတ္ထာကုလကမ္မ၊ပေ၊ဝိပစ္စတိ"
ကား ပါကဋ္ဌာနစတုက္က၌ ပြခဲ့သော ကံလေးမျိုးတွင် အကုသိုလ် ကံ၏
အကျိုးပေးရာ ( ပါကဋ္ဌာနကို ပြသော စကားတည်း၊ ဥဒ္ဓစ္စ သဟဂုတ်မှ
တပါးသော အကုသိုလ်ကံ ၁၁ ပါးသည့် အပါယ်ဘုံ၌ ပဋိသန္ဓေကျိုးပေး၏။
" အပါယ်ဘုံ၌ ဤ အကုသိုလ်ကံ ၁၁ ပါးတွင် ၁ ပါးပါးကြောင့် ပဋိသန္ဓေ
နေကြရသည်" ဟူလို၊ ဥဒ္ဓစ္စသဟဂုတ်ကံကား ပဋိသန္ဓေကျိုးကို မပေးနိုင်။
ပဝတ္တိအခါ၌ကား ဥဒ္ဓစ္စသဟဂုတ်နှင့်တကွ အကုသိုလ်ကံ ၁၂ လုံးပင်
အဟိတ်အကုသလဝိပါက် ၇ ပါးကို ကာမ ၁၁ ဘုံ၌၎င်း၊ အသညသတ်မှတပါး
ရူပ ၁၅ ဘုံ၌၎င်း၊ ထိုက်သလို ဖြစ်စေနိုင်၏၊ အသညသတ်ဘုံနှင့် အရူပဘုံတို့
၌ကား (စက္ခုသောတစသည့်မရှိ) အဟိတ်ဝိပါက်များ ဖြစ်ခွင့်မရှိ၊ ဤစကား
အရ " အကုသိုလ်ကံ၏ ပါကဋ္ဌာနကား ပဋိသန္ဓေအခါ အတွက် အပါယ်ဘုံ,
ပဝတ္တိအခါအတွက် ကာမ ၁၁ ဘုံနှင့် ရူပ ၁၅ ဘုံ " ဟု သိသာပြီ။
၂။ ကာမာဝစရကုသလံပိ – ကာမာဝစရကုသိုလ်ကံ
သည်လည်း၊ ကာမသုဂတိယမေ၀ = ကာမသုဂတိ ဘုံ၌သာ
လျှင်၊ ပဋိသန္ဓေ-ကို၊ ဇနေတိ-၏၊ တထာ- ထို ကာမသုဂတိဘုံ၌
သာလျှင်၊ ပဝတ္တိယဉ္စ – ပဝတ္တိအခါ၌လည်း၊ မဟာဝိပါကာနိ-
မဟာဝိပါက်စိတ်တို့ကို၊ (ဇနေတိ-၏၊) အဟေတုကဝိပါကာနိ
ပန - အဟိတ်ကုသလဝိပါက်စိတ်တို့ကိုကား၊ အဋ္ဌပိ – ရှစ်ပါး
လုံးတို့ကိုလည်း၊ သဗ္ဗတ္ထိ - အလုံးစုံလည်း ဖြစ်သော၊ ကာမ
လောကေ - ကာမဘုံ၌၎င်း၊ ရူပလောကေစ – ရူပဘုံ၌၎င်း၊
ယထာရဟိ'စွာ၊ ဝိပစ္ဆတိ-၏။
ကာမာဝစရကုသလကံ၏အကျိုး
တိဟိတ်ဥက္ကဋ္ဌ
၁။ တတ္ထ – ထိုကာမာဝစရ ကုသိုလ်ကံ
မည်အကျိုးတွင်လည်း၊ တိဟေတုကံ- တိဟိတ်ဖြစ်သော၊
ဥက္ကဋ္ဌ-အမြတ်ဖြစ်သော၊ ကုသလံ – ကုသိုလ်
ကံသည်၊တိဟေတုကံ-တိဟိတ်ဖြစ်သော၊ ပဋိသန္ဓိ-ပဋိသန္ဓေ
ကျိုးကို၊ ဒတွာ - ပေး၍၊ ပဝတ္တေ - ပဝတ္တိအခါ၌၊ သောဠသ
၂။ ကာမာဝစရ ကုသလံ ပိ ၊ ပေ ၊ ဝိပစ္စတိ'ကာမကုသိုလ်ကံလည်း
ကာမသုဂတိ ၇ ဘုံ၌သာ ပဋိသန္ဓေကျိုးကိုပေး၏၊ ပဝတ္တိအခါ၌လည်း မဟာ
ဝိပါက် ၈ ကိုကား ကာမသုဂတိဘုံ၌သာ ဖြစ်စေ၏၊ ( အပါယ်ဘုံ ရူပဘုံတို့၌
မဖြစ်စေ၊ ) အဟိတ်ကုသလဝိပါက် ၈ ကိုမူ ကာမ ၁၁ ဘုံ နှင့် ရူပဘုံ တို့၌
ထိုက်သလို ဖြစ်စေ၏၊ ( အရူပဘုံ၌
မဖြစ်စေ။ ) [ ရူပဘုံ၌ ဃာန ဇိဝှါကာယ
ဝိညာဏ်တို့ကို မဖြစ်စေနိုင်သောကြောင့် "ယထာရဟံ"ဟု ဆို၏။] ဤစကား
အရ ကာမကုသိုလ်ကံ၏ ပါကဋ္ဌာနကား ပဋိသန္ဓေအခါ၌ ကာမသုဂတိ ၇ဘုံ,
ပဝတ္တိအခါ၌ ကာမ ၁၁, ရူပ ၁၅ ဘုံ ဟု သိသာပြီ။
## Trang 155
ဝိပါကာနိ-တဆဲ့ ခြောက်ပါးသော ဝိပါက်စိတ်တို့ကို၊ ဝိပစ္ဆတိ-
ရင့်ကျက်စေ၏။
၂။ တိဟေတုကံ - သော၊ ဩမကံ = အညံ့စား ဖြစ်သော၊
(ကုသလံစ-ကုသိုလ်ကံသည်၎င်း၊) ဒွိဟေတုကံ – ဒွိဟိတ်ဖြစ်
သော၊ ဥက္ကဋ္ဌ-သော၊ ကုသလံစ - သည်၎င်း၊ ဒွိဟေတုကံ-
တိဟိတ်ဥက္ကဋ္ဌစသည်တို့၏ အကျိုး။ ။တတ္ထာပိတိဟေတုကမုက္ကဋ္ဌံ-
စသည်ကား ကာမကုသိုလ်ကံ၏ တိဟိတ် စသော အပြားနှင့် ထို
ကုသိုလ်၏ အကျိုးများကို ခွဲခြားသော စကားတည်း။
ဥက္ကဋ္ဌ
တိဟိတ်ကုသိုလ်။ ။ကုသိုလ်ပြုသည့် အခါ ကံ၏အကျိုးကို သိသော
ကမ္မဿကတာဉာဏ်, သို့မဟုတ် အနိစ္စ ဒုက္ခ အနတ္တဟု ဆင်ခြင်တတ်သော
ဝိပဿနာဉာဏ် ပါဝင်လာလျှင် ထိုကုသိုလ်သည် တိဟိတ်ကုသိုလ် ဖြစ်၏၊
အလောဘ အဒေါသ အမောဟ ဟိတ်သုံးပါးနှင့် ယှဉ်သည့်" ဟူလို၊ တရား
ကိုယ်မှာ မဟာကုသိုလ် ဉာဏသမ္ပယုတ်စိတ်တည်း။
ဥက္ကဋ္ဌ ကုသိုလ်။ ။ကုသိုလ်မပြုခင်သော်၎င်း ပြုပြီးနောက်သော်၎င်း
လောဘ ဒေါသစသော အကုသိုလ်များ မခြံရံဘဲ၊ ကုသိုလ်များ ခြံရံနေလျှင်
ထို တိဟိတ်ကုသိုလ်သည် သာလွန်မြင့်မြတ် ဥက္ကဋ္ဌအဖြစ်သို့ ရောက်လေ၏၊
ထို ကုသိုလ်ကို သတိရတိုင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ပြန်ပါမူကား အလွန့်
အလွန် မြင့်မြတ်လေတော့သည်။
အကျိုးပေးပုံ။ ။ထိုတိဟိတ်ဥက္ကဋ္ဌကုသိုလ်သည် မဟာဝိပါက် ဉာဏ
သမ္ပယုတ် ဟူသော တိဟိတ်ပဋိသန္ဓေကျိုးကိုပေး၍ ပဝတ္တိအခါ၌ မဟာဝိပါက်
နှင့် အဟိတ်ကုသလဝိပါက် ၁၅ ချက်သော အကျိုးကို ပေးသည်။
တိဟိတ်ဩမက ကုသိုလ်။ ။ကုသိုလ်မပြုခင်သော်၎င်း၊ ပြုပြီးမှသော်၎င်း,
အကုသိုလ်ကံများ ခြံရံနေလျှင် ယခင် တိဟိတ် ကုသိုလ်သည်ပင် အညံ့စား
အဖြစ်သို့ ရောက်လေရကား "တိဟိတ်သြမက" မည်ရလေသည်။
သော၊ ပဋိသန္ဓေ-ကို၊ တွာ-၍၊ ပဝတ္တေ-၌၊ တိဟေတုကရဟိ
တာနိ-တိဟိတ်ဝိပါက်မှကင်းကုန်သော၊ (မဟာဝိပါက်ဉာဏ
သမ္ပယုတ်မှ တပါးသော-ဟူလို၊) ဒွါဒသဝိပါကာနိ− ၁ ၂ ပါး
သော ဝိပါက်စိတ်တို့ကို၊ ဝိပစ္စတိ'ရင့်ကျက်စေ၏။
၃။ ဒွိဟေတုကံ - သော၊ ဩမကံ – သော၊ ကုသလံပန-
ကုသိုလ်ကံသည်ကား၊ အဟေတုကမေဝ – အဟိတ်သာလျှင်
ဖြစ်သော၊ ပဋိသန္ဓေ-ပဋိသန္ဓေကျိုးကို၊ ဒေတိ-ပေး၏၊ ပဝတ္တေ
စပဝတ္တိအခါ၌လည်း၊ အဟေတုကဝိပါကာနေဝ - အဟိတ်
ကုသလဝိပါက်စိတ်တို့ကိုသာလျှင်၊ ဝိပစ္စတိ'၏။
ဒွိဟိတ်ဥက္ကဋ္ဌကုသိုလ်။ ။ကုသိုလ်ပြုသည့်အခါ ( ကလေးသူငယ်များ
ပြုသကဲ့သို့) ကံ ကံ၏အကျိုးကို သိသော ဉာဏ်မပါလျှင် အမောဟ ဟိတ်နှင့်
မယှဉ်သောကြောင့် ဒွိဟိတ်ကုသိုလ် ဖြစ်၏။ တရားကိုယ်မှာ မဟာကုသိုလ်
ဉာဏဝိပ္ပယုတ်တည်း၊ ထိုကုသိုလ်၏ ရှေ့နောက်၌ ကုသိုလ်ခြံရံနေလျှင် ဒွိဟိတ်
ဥက္ကဋ္ဌကုသိုလ် ဖြစ်၏။
အကျိုးပေးပုံ။ ။ဤတိဟိတ်ဩမကနှင့် ဒွိဟိတ်ဥက္ကဋ္ဌ ကုသိုလ်သည်
မဟာဝိပါက် ဉာဏဝိပ္ပယုတ်ဟူသော ဒွိဟိတ်ပဋိသန္ဓေကျိုးကိုပေး၍၊ ပဝတ္တိ
အခါ" တိဟေတုက ရဟိတာန်" အရ တိဟိတ်မဟာဝိပါက် ဉာဏသမ္ပယုတ်
မှ တပါး၊ မဟာဝိပါက်ဉာဏဝိပ္ပယုတ် ၄၊ အဟိတ်ကုသလဝိပါက် ၈၊ ပေါင်း
၁၂ ပါးသော အကျိုးကို ပေးသည်။
ဒွိဟိတ်ဩမကကုသိုလ်။ ။ဒွိဟိတ်ကုသိုလ်၏ ဩမကဖြစ်ပုံကို တိဟိတ်
ဩမကအတိုင်း သိလေ၊ ဤ ဒွိဟိတ်ဩမက ကုသိုလ်ကား ပဋိသန္ဓေအခါ၌
ဇစ္စန္ဓ စသော လူနှင့် ဝိနိပါတိကအသုရာတို့ အတွက် အဟိတ်ကုသလဝိပါက်
## Trang 156
အသင်္ခါရံ - အသင်္ခါရိက ကုသိုလ်ကံသည်၊ သကေစိဝါဒ သင်္ခါရဝိပါကာနိ- သသင်္ခါရိက ဝိပါက်စိတ်တို့ကို၊ နပစ္စတိ-မရင့်ကျက်စေ၊ သသင်္ခါရံ-သသင်္ခါရိက ကုသိုလ်ကံသည်၊ အသင်္ခါရဝိပါကာနိ - အသင်္ခါရိကဝိပါက်စိတ်တို့ကို၊ နပတ္တံတိ-မရင့်ကျက်စေ၊ ဣတိ-ဤသို့၊ ကေစန - အချို့ဆရာတို့ ဆိုကြကုန်၏။
တေသံ – ထိုဆရာတို့၏(အယူ၌)၊ ဒွါဒသ-တစ်ဆယ့်နှစ်ပါးကုန်သော၊ ပါကာနိ - ဝိပါက်စိတ်တို့ကို၎င်း၊ ဒသ - ဆယ်ပါးကုန်သော၊ ပါကာနိ-တို့ကို၎င်း၊ အဋ္ဌ-ရှစ်ပါးကုန်သော၊ ပါကာနိစ-တို့ကို၎င်း၊ ယထာဝုတ္တာနုသာရေန-အကြင်အကြင်ဆိုအပ်ပြီးကို အစဉ်လျှောက်သဖြင့်၊ ယထာသန္တဝံ – ဖြစ်သင့်သည်အားလျှော်စွာ၊ ဥဒ္ဒေသေ–ပြရာ၏။
ဥပေက္ခာ သန္တိရဏ ပဋိသန္ဓေကျိုးကို ပေး၍ ပဝတ္တိအခါ၌ အဟိတ်ကုသလဝိပါက် ၈ ပါးကိုသာ ဖြစ်စေသည်။
[ဆောင်] ကုသိုလ်ပြုစဉ်, ကံကျိုးမြင်သိ, ဥာဏ်ယှဉ်ဘိက, တိဟိတ်ကုသိုလ်, ခေါ်ဆိုကြရိုး၊ အကျိုးမမြင်, ဥာဏ်မယှဉ်သော်, ခေါ်တွင်ဒွိဟိတ်’ကုသိုလ်စိတ်တည်း၊ ကြိတ်လိပ်သေသပ် ရှေ့နောက် နှစ်ရပ်ဝယ်, ညှပ်မူကုသိုလ်-ဥက္ကဌဆို၏၊ ထိုဇိုနှစ်တန်, အကုခြံလျှင်, တဘန်ဩမက – မည့်တံ့ကြသည်မှတ်ကြလွယ်ဘို့ အချုပ်တည်း။
**ကေစိဝါဒ။** — ဆိုခဲ့ပြီးသော စကားရပ်ကား အများသဘောတူဆုံးဖြတ်အပ်သော သမာနဝါဒတည်း၊ ကေစိဆရာ (မောရဝါဝီမည်သောအရပ်၌ သီတင်းသုံးသော မဟာဒတ္ထထေရ်)တို့ကမူ “အသင်္ခါရိက ကုသိုလ်ကံသည် သသင်္ခါရိက အကျိုးကို မပေး၊ သသင်္ခါရိက ကုသိုလ်ကလည်း အသင်္ခါရိကအကျိုးကို မပေးနိုင်”ဟုဆို၏၊ ထိုအယူအတိုင်း ရေတွက်လျှင်....
**ဒွါဒသ** — တိဟိတ်ဥက္ကဋ္ဌကုသိုလ်သည် အသင်္ခါရိက(မဟာကုသိုလ်ဥာဏသမ္ပယုတ် ၂ ပါး)ဖြစ်အံ့, အဟိတ်ကုသလဝိပါက် ၈, မဟာဝိပါက်အသင်္ခါရိက ၄, ၁၂ ပါးသော အကျိုးပေး၏၊ သသင်္ခါရိကဖြစ်အံ့, အဟိတ်ကုသလဝိပါက် ၈, မဟာဝိပါက်သသင်္ခါရိက ၄, ဤ ၁၂ ပါးကို ဖြစ်စေ၏၊ [အဟိတ်ဝိပါက်ကား အသင်္ခါရိက သသင်္ခါရိက ဟု မဆိုရ၍ နှစ်ဘက်လုံးဖြစ်သည်။]
**ဒသ** — တိဟိတ်သြမကနှင့် ဒွိဟိတ်ဥက္ကဋ္ဌကုသိုလ်လည်း အသင်္ခါရိကဖြစ်အံ့, အဟိတ်ကုသလဝိပါက် ၈, မဟာဝိပါက်ဉာဏဝိပ္ပယုတ်အသင်္ခါရိက ၂, ၍ ၁ဝ ပါးသောအကျိုးကို ဖြစ်စေ၏၊ သသင်္ခါရိကဖြစ်အံ့, အဟိတ်ကုသလဝိပါက် ၈, ဉာဏဝိပ္ပယုတ်သသင်္ခါရိက ၂, ဤဆယ်ပါးသော အကျိုးကိုပေး၏။
**အဋ္ဌ** — ဒွိဟိတ်သြမကကုသိုလ်ကား အသင်္ခါရိက သသင်္ခါရိက ၂ မျိုးလုံးပင် အဟိတ်ကုသလဝိပါက် ၈ ပါးကိုသာ ဖြစ်စေသည်၊ ဤသို့လျှင် ဆိုခဲ့ပြီးသော သမာနဝါဒနည်းကို အစဉ်လိုက်၍ ဖြစ်ထိုက်သလို ပြရာ၏။
**ကုသိုလ် — သမာနဝါဒ — ကေစိဝါဒ (ဝိပါက်အကျဉ်းချုပ်)**
| အမျိုးအစား | သမာနဝါဒ ဝိပါက် | ကေစိဝါဒ ဝိပါက် |
| တိဟိတ်ဥက္ကဋ္ဌ (အသင်္ခါရိက) | ၁၆ | ၁၂ |
| တိဟိတ်ဥက္ကဋ္ဌ (သသင်္ခါရိက) | — | ၁၂ |
| တိဟိတ်သြမက + ဒွိဟိတ်ဥက္ကဋ္ဌ (အသင်္ခါရိက) | ၁၂ | ၁၀ |
| တိဟိတ်သြမက + ဒွိဟိတ်ဥက္ကဋ္ဌ (သသင်္ခါရိက) | — | ၁၀ |
| ဒွိဟိတ်သြမက (အသင်္ခါရိက + သသင်္ခါရိက) | ၈ | ၈ |
## Trang 157
**ရူပကံ၏ အကျိုးပေးရာဘုံ**
၁။ ပန- ကား၊ ရူပါဝစရကုသလံ - ရူပါဝစရကုသိုလ်ကို၊ ပဋ္ဌမာနံ-ပဌမဈာန်ကို၊ ပရိတ္တံ-ပရိတ္တဈာန်ဖြစ်အောင်၊ ဘာဝေတွာ-ဖြစ်စေ၍ (ဖြစ်စေခြင်းကြောင့်၊) ဗြဟ္မပါရိသဇ္ဇေသု-ဗြဟ္မပါရိသဇ္ဇဗြဟ္မာတို့၌၊ ဥပ္ပဇ္ဇတိ-၏၊ (၂)တဒေဝ-ထိုပဌမဈာန်ကိုပင်၊ မဇ္ဈိမံ-မဇ္ဈိမဈာန်ဖြစ်အောင်၊ ဘာဝေတွာ–၍၊ ဗြဟ္မပုရောဟိတေသု-ဗြဟ္မပုရောဟိတဗြဟ္မာတို့၌၊ ဥပ္ပဇ္ဇတိ-၏။ (၃)ပဏီတံ-ပဏီတဈာန်ဖြစ်အောင်၊ ဘာဝေတွာ-၍၊ မဟာဗြဟ္မေသု-မဟာဗြဟ္မာတို့၌၊ ဥပ္ပဇ္ဇတိ-၏။
ရူပါဝစရကုသိုလ်ကံ၏ အကျိုးပေးရာဘုံ။ ။ ရူပကုသိုလ်ကံ၏ ပါကဋ္ဌာနကို သင်္ဂြိုဟ်ပါဌ်အတိုင်း သိနိုင်လောက်ပြီ၊ ဗြဟ္မပါရိသဇ္ဇေသု စသည့်တို့၌ သဒ္ဒါနည်းက “သတ္တမေသု”ဟု ပုလ္လိန်ဖြင့် နေသောကြောင့် “ဗြဟ္မပါရိသဇ္ဇာဘုံတို့၌” ဟု အနက်မပေးဘဲ, ဗြဟ္မပါရိသဇ္ဇဗြဟ္မာတို့၌ (ဗြဟ္မာတို့အထံ၌) ဟု အနက်ပေးသည်၊ ဘုံဟောဖြစ်လျှင် “ဗြဟ္မပါရိသဇ္ဇာယံ” ဟု ဣတ္ထိလိင်ဧကဝုစ်ဖြင့် ရှိရသည်။
**ပရိတ္တ မဇ္ဈိမ ပဏီတ အထူး။** ။ ဆန္ဒ-စိတ္တ-ဝီရိယ-ဝီမံသ (ပညာ) ဟူသော ဈာန်နှင့် ယှဉ်ဘက်တရားတို့တွင် တပါးပါးသည် အဓိပတိ (အကြီးအကဲ)ဖြစ်ရိုးတည်း၊ ထိုအဓိပတိဖြစ်ထိုက်သော တရားသည် ညံ့နေ လျှော့နေလျှင် ပရိတ္တဈာန်ဖြစ်၏, ထိုအဓိပတိက အလတ်တန်းစားသို့ ရောက်နေလျှင် မဇ္ဈိမဈာန်ဖြစ်၏, ထိုအဓိပတိက ထက်မြက်လျှင် ပဏီတဈာန်ဖြစ်၏။
[ဆောင်] ဓိပတိထိုက်ငြား, တပါးပါးပင်, ယုတ်လျှင် ပရိ, လယ် မဇ္ဈိ ထက်ဘိ ပဏီတ၊
၄။ တထာ-ထိုမှတပါး၊ ဒုတိယာနံ-ဒုတိယဈာန်ကို၎င်း၊ တတိယဈာနဉ္စ-တတိယဈာန်ကို၎င်း၊ ပရိတ္တံ-အောင်၊ ဘာဝေတွာ-၍၊ ပရိတ္တာဘေသု-ပရိတ္တာဘဗြဟ္မာတို့၌၊ ဥပ္ပဇ္ဇတိ-၏။ (၅)မဇ္ဈိမံ-အောင်၊ ဘာဝေတွာ-၍၊ အပ္ပမာဏာဘေသု – အပ္ပမာဏာဘဗြဟ္မာတို့၌၊ ဥပ္ပဇ္ဇတိ-၏။ (၆)ပဏီတံ-အောင်၊ ဘာဝေတွာ-၍၊ အာဘဿရေသု-အာဘဿရဗြဟ္မာတို့၌၊ ဥပ္ပဇ္ဇတိ-၏။
၇။ စတုတ္ထာနံ - စတုတ္ထဈာန်ကို၊ ပရိတ္တံ-အောင်၊ ဘာဝေတွာ-၍၊ ပရိတ္တသုဘေသု-ပရိတ္တသုဘဗြဟ္မာတို့၌၊ ဥပ္ပဇ္ဇတိ-၏။ (၈)မဇ္ဈိမံ-အောင်၊ ဘာဝေတွာ-၍၊ အပ္ပမာဏသုဘေသု-အပ္ပမာဏသုဘဗြဟ္မာတို့၌၊ ဥပ္ပဇ္ဇတိ-၏။ (၉)ပဏီတံ-အောင်၊ ဘာဝေတွာ-၍၊ သုဘကိဏှေသု-သုဘကိဏှဗြဟ္မာတို့၌၊ ဥပ္ပဇ္ဇတိ-၏။
၁၀။ ပဉ္စမာနံ – ပဉ္စမဈာန်ကို၊ ဘာဝေတွာ - ဖြစ်စေ၍၊ ဝေဟပ္ဖလေသု-ဝေဟပ္ဖိုလ်ဗြဟ္မာတို့၌၊ ဥပ္ပဇ္ဇတိ-၏။ (၁၁)တဒေဝ-ထိုပဉ္စမဈာန်ကိုပင်၊ သညာဝိရာဂံ - သညာ၌ စက်ဆုပ်အောင်၊ ဘာဝေတွာ–၍၊ အသညသတ္တေသု - အသညသတ်ဗြဟ္မာတို့၌၊ ဥပ္ပဇ္ဇတိ-၏။
၁၁။ တဒေဝသညာဝိရာဂံ ၊ ပေ ၊ အသညသတ္တေသု- ပဉ္စမဈာန်ကို ရပြီးသောပုဂ္ဂိုလ်သည် “အမှတ်သညာရှိနေ (စိတ်စေတသိက်ရှိနေ)သောကြောင့်သာ စားချင် သောက်ချင် လိုချင်မှု ဒေါသဖြစ်မှု မာနဖြစ်မှုတွေ ဖြစ်ရသည်, ရုပ်ခန္ဓာချည်းနေလျှင် အပြစ်တစုံတရာ မရှိဘဲ အမြဲငြိမ်းချမ်းဖွယ်ရှိသည့်” ဟု သညာစေတသိက်နှင့်တကွ စိတ်စေတသိက်အားလုံးပေါ်မှာ များစွာ အပြစ်မြင်၍ ပဉ္စမဈာန်ကိုပင် ထပ်ကာထပ်ကာ ဝင်စားလျှင် ထိုပဉ္စမဈာန်သည် သညာကို (စိတ်စေတသိက်အားလုံးကို) စက်ဆုပ်သော “သညာဝိရာဂဘာဝနာ”အဖြစ်သို့ ရောက်၏၊ ထိုပုဂ္ဂိုလ်စုတေလျှင် သူ့အလိုကျအောင် သညာမရှိသော အသညသတ်ဘုံသို့ ရောက်ရလေသည်။
## Trang 158
၁၂။ ပန-အထူးကား အနာဂါမိနော-ပဉ္စမဈာန်ရပြီးသော အနာဂါမ်ပုဂ္ဂိုလ်တို့သည်၊ သုဒ္ဓါဝါသေသု-သုဒ္ဓါဝါသဗြဟ္မာတို့၌၊ ဥပ္ပဇ္ဇန္တိ–ဖြစ်တတ်ကုန်၏။
၁၂။ အနာဂါမိနော၊ပေ ၊ သုဒ္ဓါဝါသေသု-—ပဉ္စမဈာန်ရပြီးသောသူသည် အနာဂါမ်ပုဂ္ဂိုလ်ဖြစ်လျှင် သုဒ္ဓါဝါသဘုံ၌ ဖြစ်ရ၏။ သို့သော် အမြဲမဟုတ်၊ ပဉ္စမဈာန်ရပြီးသော အနာဂါမ်ပုဂ္ဂိုလ်တစ်ချို့မှာ ဝေဟပ္ဖိုလ်၌လည်း ဖြစ်ခွင့်ရှိသေး၏၊ သုဒ္ဓါဝါသဘုံ၌ကား အနာဂါမ်ပုဂ္ဂိုလ်မှတပါး အခြားပုဂ္ဂိုလ်များ ပဋိသန္ဓေမနေနိုင်။ [သုဒ္ဓါဝါသဘုံ၌ အနာဂါမိဖလဋ္ဌ အရဟတ္တမဂ္ဂဋ္ဌနှင့် အရဟတ္တဖလဋ္ဌ ၃ ယောက်သာရှိ၏၊ ထိုတွင် မဂ္ဂဋ္ဌပုဂ္ဂိုလ်အဖြစ် ရဟန္တာအဖြစ်တို့၌ ပဋိသန္ဓေနေခွင့်မရှိရကား အနာဂါမိဖလဋ္ဌတစ်ယောက်သာ ပဋိသန္ဓေနေခွင့်ရှိသည်-ဟူလို။]
ထိုသို့ ပဋိသန္ဓေနေကြရာဝယ် ဣန္ဒြေငါးပါး ထက်မြက်မှုအစဉ်အားဖြင့် သုဒ္ဓါဝါသ ၅ ဘုံ၌ ဖြစ်ကြရသည်၊ သဒ္ဓိန္ဒြေထက်သူသည် အဝိဟာဘုံ၌, ဝီရိယိန္ဒြေထက်သူသည် အတပ္ပါဘုံ၌, သတိန္ဒြေထက်သူသည် သုဒဿာဘုံ၌, သမာဓိန္ဒြေထက်သူသည် သုဒဿီဘုံ၌, ပညိန္ဒြေထက်သူသည် အကနိဋ္ဌာဘုံ၌ ဖြစ်၏။
[ဆောင်] သဒ္ဓါ-ဝီရိ သတိ-သမာ, မိပညာ, ငါးဖြာ ဣန္ဒြေခင်း၊ သုဒ္ဓါဘုံငါး, ထက်သူများ, စံစား စဉ်တိုင်းသွင်း။
**အရူပကံ၏ အကျိုးပေးရာဘုံ**
အရူပါဝစရကုသလဉ္စ- အရူပါဝစရကုသိုလ်ကိုလည်း၊ ယထာက္ကမံ-အစဉ်အတိုင်း၊ ဘာဝေတွာ-ဖြစ်စေ၍၊ အရူပေသု-အရူပဘုံတို့၌၊ ဥပ္ပဇ္ဇန္တိ-ဖြစ်ကုန်၏။
**နိဂုံးချုပ်**
ဣတိ-ဤဆိုအပ်ပြီးသော အပြားအားဖြင့် မဟဂ္ဂတံ-မဟဂ္ဂုတ်ဖြစ်သော၊ ပုညံ-ကုသိုလ်ကံသည်၊ ယထာဘူမိဝဝတ္ထိတံ-အကြင်အကြင်ပိုင်းခြားအပ်သောဘုံ၌၊ သဒိသံ-တူသော၊ ပါကံ-အကျိုးကို၊ ပဋိသန္ဓေပဝတ္တိယံ – ပဋိသန္ဓေအခါ ပဝတ္တိအခါ၌၊ ဇနေတိ-ဖြစ်စေ၏။
ဣဒံ - ဤသည်ကား၊ ဧတ္ထ - ဤဝီထိမုတ္တသင်္ဂဟ၌၊ ကမ္မစတုက္ကံ-ကမ္မစတုက္ကတည်း။
**အရူပါဝစရကံ၏ အကျိုးပေးရာဘုံ။** ။ အာကာသာနဉ္စာယတနဈာန်ကိုရလျှင် အာကာသာနဉ္စာယတနဘုံ၌, ဝိညာဏဉ္စာယတနဈာန်ကိုရလျှင် ဝိညာဏဉ္စာယတနဘုံ၌ ဖြစ်၏ စသည်ဖြင့် ယထာက္ကမံအရ အစဉ်အတိုင်းဖြစ်ပုံကို သိလေ။
**နိဂုံးချုပ်။** ။ ဣတိ မဟဂ္ဂတံ ပုညံ-ကား ရူပါရူပကံတို့၏ ပါကဌာနကို နိဂုံးချုပ်ပြသော သင်္ဂဟဂါထာတည်း၊ “ဇနေတိ သဒိသံ ပါကံ”အရ ပဌမဈာန်ကုသိုလ်က ပဌမဈာန်ဝိပါက်အကျိုးကို ပေး၏, စသည့်ဖြင့် နေဝသညာနာသညာယတနကုသိုလ်တိုင်အောင် သိလေ။ [ကာမကုသိုလ်များတွင် ပဌမမဟာကုသိုလ်သည် မိမိနှင့်တူသော ပဌမမဟာဝိပါက်အကျိုးကို၎င်း, မတူသော ဒုတိယမဟာဝိပါက်စသော သဟိတ်ဝိပါက် ၇ ပါးနှင့် အဟိတ်ကုသလဝိပါက်ကို၎င်း ပေးနိုင်၏၊ ဤသို့စသည်ဖြင့် မိမိနှင့်တူသော အကျိုးမတူသော အကျိုးကို ပေးနိုင်ရကား၊ မဟာကုသိုလ်များ၌ “ဇနေတိ သဒိသံ ပါကံ” ဟု မဆိုဘဲ မဟဂ္ဂုတ်ကုသိုလ်များကိုသာ “ဇနေတိ သဒိသံ ပါကံ” ဟုဆိုရသည်။
## Trang 159
**လေ့ကျင့်ခန်း မေးခွန်းများ**
က။ အကုသိုလ်ကံ ၁၂ ပါးတွင် ပဋိသန္ဓေကျိုးကို ပေးနိုင်သောကံ မည်မျှ, ပဝတ္တိကျိုးကို ပေးနိုင်သောကံ မည်မျှနည်း, သင်္ဂြိုဟ်ထောက်ပါ။
ခ။ တိဟိတ်ကုသိုလ်ဖြစ်အောင် အဘယ်သို့ ကုသိုလ်ပြုရမည်နည်း, လင်္ကာထောက်ပါ။
ဂ။ ထိုတိဟိတ်ကုသိုလ်၏ ဥက္ကဋ္ဌ-ဩမကဖြစ်ပုံကို လင်္ကာထောက်၍ ပြပါ။
ဃ။ တိဟိတ်ဥက္ကဋ္ဌကုသိုလ်သည် ပဋိသန္ဓေကျိုး ပဝတ္တိကျိုးကို မည်မျှစီပေးသနည်း, သမာနဝါဒအရ သင်္ဂြိုဟ်ထောက်ပါ။
င။ တိဟိတ်ကုသိုလ်၏ ပဋိသန္ဓေ ပဝတ္တိကျိုးကို ကေစိဝါဒအရ အသင်္ခါရိက သသင်္ခါရိက ခွဲခြားရေတွက်ပါ။
စ။ ဒွိဟိတ်ဩမကကုသိုလ်သည် ဘယ်ပုဂ္ဂိုလ်များအတွက် ဘယ်ဘုံ၌ ပဋိသန္ဓေကျိုးကို ပေးသနည်း။
ဆ။ အဘယ်ဈာန်မျိုးကို ပရိတ္တ မဇ္ဈိမ ပဏီတဈာန်ဟု အသီးအသီးခေါ်သနည်း, လင်္ကာထောက်ပါ။
ဇ။ အသညသတ်ဘုံသို့ ရောက်ဘို့ရာ အဘယ်ဈာန်ကို အဘယ်သို့ အားထုတ်ရမည်နည်း။
ဈ။ အဘယ်တရားလွန်ကဲသူသည် အဘယ်သုဒ္ဓါဝါသဘုံ၌ ဖြစ်သနည်း, လင်္ကာထောက်ပါ။
ည။ ဣတိမဟဂ္ဂတံစသော ဂါထာကိုအနက်ပေး၍ “ဇနေတိ သဒိသံ ပါကံ”အရ အဓိပ္ပါယ်ကို ပြပါ။
**ကမ္မစတုက္က ပြီး၏။**
**စုတေခြင်း အကြောင်း ၄ ပါး**
အာယုက္ခယေန - အသက်တမ်း၏ ကုန်မှုကြောင့် စုတေရခြင်း၎င်း၊ ကမ္မက္ခယေန-ကံစွမ်း၏ ကုန်မှုကြောင့် စုတေရခြင်း၎င်း၊ ဥဘယက္ခယေန - အသက်တမ်း ကံစွမ်း ၂ ပါးစုံ၏ ကုန်မှုကြောင့် စုတေရခြင်း၎င်း၊ ဥပစ္ဆေဒကကမ္မုနာ – ကပ်၍ဖြတ်တတ်သောကံကြောင့် စုတေရခြင်း၎င်း၊ ဣတိ - ဤသည်တို့ကား၊ စတုဓာ - လေးပါးပြားသော၊ မရဏုပ္ပတ္တိနာမ – မရဏုပ္ပတ္တိမည်၏။
**စုတေခြင်း၏အကြောင်း ၄ ပါး။** ။ မရဏုပ္ပတ္တိစတုက္က ‘မရဏစုတေခြင်း+ဥပ္ပတ္တိ’ဖြစ်ပုံ။ စုတေရခြင်း၏ဖြစ်ပုံကို ပြသော စတုက္ကကို “မရဏုပ္ပတ္တိစတုက္က”ဟု ခေါ်သည်။ ၄ ပါးသရုပ်ကို အာယုက္ခယ ကမ္မက္ခယ စသည်ဖြင့် ရေတွက်လေ။
ညှိထွန်းထားအပ်သော ဆီမီးသည် ၁ – မီးစာကုန်ခြင်းကြောင့်လည်း ငြိမ်း၏၊ ၂–ဆီကုန်ခြင်းကြောင့်လည်း ငြိမ်း၏၊ ၃–မီးစာနှင့်ဆီ ၂ မျိုးလုံးကုန်ခြင်းကြောင့်လည်း ငြိမ်း၏၊ ၄–မီးစာဆီမကုန်သေးဘဲ လေပြင်းတိုက်ခတ်, သို့မဟုတ် တမင်ငြိမ်းသတ်မှုကြောင့်လည်း ငြိမ်း၏။
ထို့အတူ ၁–အချို့မှာ အသက်တမ်းကုန်မှုကြောင့် စုတေရ၏၊ မီးစာကုန်ခြင်းနှင့်တူ၏၊ [မီးတောက်ကား-သတ္တဝါတို့၏ “အသက်” ခေါ်သော ဇီဝိတနှင့်တူ၏၊ ထိုထိုဘုံဘဝခေတ်ကာလအလျောက် ၁၄၀ ၊ ၇၅ နှစ်တမ်းစသော အသက်တမ်းကို “အာယု”ဟုခေါ်သည်၊ ယခုအခါ အသက်တမ်း ၇၅ နှစ်တမ်းဟု ခန့်မှန်းကြ၏။]
၂–အချို့မှာ ထိုဘဝကို စီမံလိုက်သော ကံစွမ်း၏ကုန်မှုကြောင့် စုတေ၏၊ ဆီကုန်ခြင်းနှင့်တူ၏၊ ၃–အချို့မှာ အသက်တမ်းလည်းကုန်, ကံစွမ်းလည်းကုန် နှစ်ပါးစုံကြောင့် စုတေရ၏၊ မီးစာနှင့်ဆီတို့တပြိုင်နက်ကုန်ခြင်းနှင့် တူ၏၊ ၄–အချို့မှာ အသက်တမ်းကံစွမ်းမကုန်သေးသော်လည်း ရှေးရှေးကပြုအပ်ခဲ့သော ဥပစ္ဆေဒကကံ (ဥပဃာတကကံ) အခွင့်သာ၍ သူတစ်ပါးတို့လက်ချက်, ကိုယ့်ကိုယ်တိုင်နှိပ်စက်, ရောဂါဒဏ်တို့နှိပ်စီးသည့်အတွက်စသော အကြောင်းကြောင့်စုတေရ၏၊ လေပြင်းတိုက်ခတ်မှု-တမင်ငြိမ်းသတ်မှုကြောင့် မီးငြိမ်းခြင်းနှင့်တူ၏၊ ဤသို့လျှင် ထိုထိုဘုံဘဝမှ စုတေဘို့ရာ အကြောင်းလေးမျိုးရှိသည်၊ [ထိုဘဝကို စီမံလိုက်သော မူလဇနကကံကို ကမ္မက္ခယ၌ “ကမ္မ”ဟုခေါ်သည်။]
## Trang 160
**စုတေခါနီးအာရုံထင်ပုံ။** ။ တထာစ၊ပေ၊ပစ္စုပဋ္ဌာတိ-စကားဖြင့် မရဏာသန္နအခါ ကံ ကမ္မနိမိတ် ဂတိနိမိတ် ထင်လာပုံကို ပြသည်။
**စုတေခါနီး အာရုံထင်ပုံ**
ပန-ဆက်ဦးအံ့၊ တထာစ - ထိုအကြောင်းတို့ကြောင့်သာလျှင်၊ မရန္တာနံ-စုတေရသူတို့၏ မရဏကာလေ - စုတေခါနီးအခါ၌၊ ယထာရဟံ-ထိုက်သည်အားလျော်စွာ၊ အဘိမုခီဘူတံ-ရှေးရှုသကဲ့သို့ဖြစ်သော၊ ဘဝန္တရေ-ဘဝတပါး၌ (နောက်ဘဝ၌၊) ပဋိသန္ဓေဇနကံ- ပဋိသန္ဓေကိုဖြစ်စေတတ်သော၊ ကမ္မဝါ - ကုသိုလ်အကုသိုလ်ကံသည်သော်၎င်း၊ တံ ကမ္မကရဏကာလေ - ထိုကံကိုပြုရာအခါ၌၊ ရူပါဒိကံ-ရူပါရုံအစရှိသော၊ ဥပလဒ္ဓပုဗ္ဗ-ကံနှင့်ဆက်စပ်၍ ရအပ်ဘူးသည်လည်းဖြစ်သော၊ ဥပကရဏဘူတဉ္စ- ကံပြီးမြောက်ရုံအဆောက်အအုံဖြစ်၍လည်းဖြစ်သော၊
**တံ ကမ္မကရဏ ၊ ပေ ၊ ကမ္မနိမိတ္တဝါ…** ကံပြုစဉ်တုန်းက တွေ့ကြုံရသမျှအာရုံတွေကို “ကမ္မနိမိတ်” ဟုခေါ်သည်၊ [ကမ္မ=ကံ+နိမိတ္တ=အာရုံ။] ထိုအာရုံများကား ရူပါရုံ သဒ္ဒါရုံ စသည်ဖြင့် အာရုံ ၆ ပါးလုံးပင် ထိုက်သလို ရှိနိုင်၏။ ထိုကမ္မနိမိတ်ကို ဥပလဒ္ဓပုဗ္ဗကမ္မနိမိတ်, ဥပကရဏဘူတကမ္မနိမိတ်ဟု ၂ မျိုးခွဲထားရာ၏။
ထိုတွင် ကံနှင့်ဆက်စပ်၍ တိုက်ရိုက်ရအပ်ဘူးသော ပဓာနအာရုံကို “ဥပလဒ္ဓ”အာရုံဟု ခေါ်၏၊ ကံပြီးမြောက်ဘို့ရာ အဆောက်အအုံအခြံအရံမျှဖြစ်သော အပ္ပဓာနအာရုံကို “ဥပကရဏ”အာရုံဟု ခေါ်၏၊ ဥပမာ– ကျောင်းဆောက်လှူရာ၌ ကျောင်းသည် ဥပလဒ္ဓ, ဆွမ်းသင်္ကန်းစသော အခြံအရံများသည် ဥပကရဏ, ဘုရားကိုပန်းလှူရာ၌ ဘုရားသည် ဥပလဒ္ဓ, ပန်းသည် ဥပကရဏ, သားငါးကိုသတ်ရာ၌ သားငါးသည် ဥပလဒ္ဓ, လှံကန်စသော လက်နက်များသည် ဥပကရဏမည်၏။
[ဆောင်] (က) ကျောင်း ကန် ဘုရား, စေတီများနှင့်, သားငါး ဥစ္စာ, သူ့အိမ်ရာ, များစွာ ဥပ-လဒ်။ (ခ) ကျောင်းဆောက်လှူခမ်း, ဆွမ်းသင်္ကန်းတည့်, ပန်းနှင့်ဘုရား၊ သားငါးတို့တွက်, လက်နက်လှံကန်, ခြံရံဟူသမျှ, အဝဝ, ဥပကရဏမှတ်။
## Trang 161
ကမ္မနိမိတ္တံဝါ-ကံ၏အာရုံသည်သော်၎င်း၊ အနန္တရံ-အခြားမဲ့၌၊
ဥပ္ပဇ္ဇမာနဘဝေ- ဖြစ်လတံ့သောဘဝ၌၊ ဥပလဘိတတ္တံ့-ရထိုက်
( ရောက်ထိုက်) သည်လည်း ဖြစ်သော၊ ဥပဘောဂဘူတဉ္စ-
အသုံး အဆောင် ဖြစ်၍လည်းဖြစ်သော၊ ဂတိနိမိတ္တံဝါ-လားရာ
ဂတိ၌အခရုံသည်သော်၎င်း၊ကမ္မဗလေန-ကံ၏အစွမ်းကြောင့်၊
ဆန္နံ-ခြောက်ပါးကုန်သော၊ ဒွါရာနံ-ဒွါရတို့တွင်၊ အညတြသ္မိံ -
တပါးပါးသောဒွါရ၌၊ ပစ္စုပဋ္ဌာတိ-ရှေးရှုထင်လာ၏။
အနန္တရမုပ္ပ၊ ပေ ၊ ဂတိနိမိတ္တံပါ--လားရတော့မည့်ဂတိ၌ တွေ့ကြုံရ
လတံ့သော အာရုံဟူသမျှကို "ဂတိနိမိတ်" ဟု ခေါ်သည်၊ [ဂတိ=လားရာ
ဂတိ+နိမိတ္တတွေ့ကြုံထိုက်သောအာရုံ] ထိုဂတိနိမိတ်ကိုလည်း ဥပလဘိ
တဗ္ဗအာရုံ, ဥပဘောဂအာရုံ ဟု ၂ မျိုးခွဲရာ၏။.......
ဥပ လ ဘိ တဗ္ဗ''တိုက်ရိုက် ရောက်ထိုက်သောအရပ်။[လူ့ဘုံသွားလျှင်
အမိဝမ်း, ငရဲသွားလျှင် ငရဲဘုံ, ပြိတ္တာဖြစ်လတံ့မူ တော တောင် မြစ် ကမ်း
စသည့်, နတ်ပြည်သွားလျှင် နတ်ဗိမာန် စသည်များတည်း။]
ဥပဘောဂ-'ထိုထိုဂတိ၌ တွေ့ကြုံရမည့် အတွင်းအပ အသုံးအဆောင်
အခြွေအရံ [ လင်းတ ခွေး ကျီးကန်း ငရဲမီးလျှံ ငရဲထိန်း စသည်နှင့် နတ်သ္မီး
နတ်သား ဥယျာဉ် ပဒေသာပင် စသည်များတည်း။ ] ၍ ဂတိနိမိတ်များလည်း
ထင်လာတတ်သည်။
[ဆောင်] (က) တိုက်ရိုက်ကပ်၍, ရအပ်လေမည့်, အမိဝမ်းရေ, ငရဲပြေနှင့်
တောခြေမြစ်ကမ်း, နတ်ဘုံနန်းဟု, အစုစု, ဥပလဘိတမ်။
( ခ ) တွင်းပ သုံးဆောင်, မြားမြောင် စွာလှ, ခွေး လင်းတ
ကျီး, ငရဲမီးနှင့်, နတ်သ္မီးဝေဆာ, ပဒေသာ'ဟု, အစုစု,
ဥပဘောဂ မှတ်။
**စုတေခါနီး စိတ်အစဉ်ဖြစ်ပုံ**
တတော- ထိုထင်လာရာ အခါမှ၊ ပရံ−နော်၌၊
တထောပဋ္ဌိတံ-ထို အခြင်းအရာဖြင့် ထင်လာ
သော၊ တမေဝအ၁ရဏံ – ထို အာရုံကိုပင်၊
အာရမ္ဘ-အာရုံပြု၍၊ ဝိပဉ္စမနကကမ္မာရု ံ-အကျိုးပေးလ
သော ကံအားလျော်စွာ၊ ပရိသုဒ္ဓံ – စင်ကြယ်သည် မူလည်း
ဖြစ်သော၊ ဥပက္ကိလိဋ္ဌိဝါ - ညစ်နွမ်းသည်မူလည်း ဖြစ်သော၊
ဥပလဘိတဗ္ဗ ဘဝါနုရူပံ - ရထိုက်(ရောက်ထိုက်)သော ဘဝ
အားလျော်စွာ၊ တတ္ထ-ထို ရထိုက်သော ဘဝ၌၊ ဩဏတံ၀-
ကမ္မဗလေန'ထိုထင်လာမှုသည် အကျိုးပေးမည့် ကုသိုလ် အကုသိုလ်
ကံအစွမ်းကြောင့် ဖြစ်၏။
ဆခွံ့ ဒွါရာနံ အညတြသိ်'ထိုသို့ထင်ရာဝယ် ရူပါရုံဖြစ်လျှင် စက္ခုဒွါရ၌
ထင်လာ၏၊ သဒ္ဒါရုံ စသည်ဖြစ်လျှင် သောတ ဃာန ဇိဝှါ ကာယ မနောဒွါရ
တို့တွင် တပါးပါး၌ ထိုက်သလို ထင်လာ၏။
စုတေခါနီး စိတ်အစဉ်ဖြစ်ပုံ။ ။ထိုကဲ့သို့ ထင်လာပြီးနောက် ထင်
လာတိုင်းသော အာရုံ တပါးပါးကို အာရုံပြု၍ ( မစုတေခင် ) စိတ်အစဉ်
ဖြစ်နေပုံမှာ......
ဝိပစ္စမာနကကမ္မာရူပံပရိသုဒ္ဓိ — ကုသိုလ်ကံက အကျိုးပေးတော့
မည်ဖြစ်လျှင် (ကောင်းသောအာရုံ ထင်လာသောကြောင့် ထိုအာရုံကို အာရုံ
ပြုလျက်) ဖြူစင် ကြည့်လင်သော ကုသိုလ်စိတ်အစဉ် ဖြစ်နေသည်။
ဥပက္ကိလိဋ္ဌိဝါ — အကုသိုလ်ကံက အကျိုး ပေးတော့မည် ဖြစ်လျှင်
( မကောင်းသောအာရုံ ထင်လာသောကြောင့် ထိုအာရုံကို အာရုံပြုလျက် )
ညစ်နွမ်းသော မကြည့်လင်သော အကုသိုလ်စိတ်အစဉ် ဖြစ်နေသည်။
## Trang 162
**ကံအာရုံထင်ပုံ**
ညွှတ်နေသကဲ့သို့၊ စိတ္တသန္တာနံ– စိတ်အစဉ်သည်၊ အဘိဏံ-
မပြတ်၊ ဗာဟုလေန-များသောအားဖြင့်၊ ပဝတ္တတိ-ဖြစ်၏။
ဝါပန-တနည်းကား၊ဇနကဘူတံ-ပဋိသန္ဓေကို
တနည်း ဖြစ်စေ တတ်သည် ဖြစ်၍ ဖြစ်သော၊ တမေဝ
ကမ္မံ – ထို ကံသည်ပင်လျှင်၊ အဘိနဝကရုဏ
ဝသေန'မိမိကို အသစ်ပြုခြင်း၏ အစွမ်းဖြင့်၊ ဒွါရပတ္တံ – မနေ့၁
ဒွါရသို့ရောက်သည်၊ ဟောတိ-ဖြစ်၏ (ထင်၏-ဟူလို။)
ဥပလဘိတဗ္ဗဘဝါနုရူပံတတ္ထော ဏတံဝ'စုတေပြီးနောက် ရောက်
ထိုက်သော ဘဝအားလျော်စွာ ထို ဘဝသစ်၌ စိတ်အစဉ် ညွှတ်ကိုင်းနေ
သကဲ့သို့ ဖြစ်၏၊ ဥပမာ – အရပ်တပါးသို့ ခရီးသွားမည့်သူသည် ပြင်ဆင်မှ
ကိစ္စစုကို ပြုလုပ်နေသော်လည်း သွားရမည် အရပ်သို့ စိတ်အစဉ် ညွှတ်နေ
သကဲ့သို့တည်း။
ကံအာရုံ ထင်ပုံတနည်း။ ။"အဘိမုခီဘူတံ ဘဝန္တရေပဋိသန္ဓိဇနကံ
ကမ္မဝါ"ဟူသော ပါဌ်ဖြင့် ကံအာရုံထင်ပုံကို ပြခဲ့ပြီးသော်လည်း, ထို ကံအာရုံ
လည်း အခြားနည်းဖြင့် တမျိုးတဖုံထင်လာတတ်သေးသောကြောင့် ထိုထင်ပုံ
တနည်းကို ပြပြန်လို၍ "တမေဝ ဝါပန" စသည့်ကို ဆက်ရပြန်သည်။
အဘိနဝကရဏ ဝသေန— ပဋိသန္ဓေကျိုးကို ပေးမည့် ကံသည့် ရှေး
ဘဝဟောင်းများစွာက ပြုခဲ့သောကံ ဖြစ်စေကာမူ ယခု ထပ်၍ ပြုနေရသလို
စိတ်ထည်း၌ ထင်ယောင် မြင်ယောင် ဖြစ်နေသည့်၊ အလွန်ဝေးသောအခါက
ပြခဲ့သော အမှုများ အိပ်မက် မက်သည့်အခါ ယခုလတ်တလော ပြုနေရသလို
ထင်လာ မြင်လာပုံကို ထောက်ထား၍ ရှေးရှေးကံများ၏ အသစ် ပြုရသကဲ့သို့
ထင်လာပုံကို သဘောကျလေ။
တမေဝကမ္မ — ထိုသို့ ထင်လာရာ၌ အကြောင်းတပါး ရှာဘွယ် မရှိပြီ၊
မိမိအစွမ်းသည်ပင် ထင်လာနိုင်ခြင်း၏အကြောင်းတည်း၊ ထို့ကြောင့်"ကံသည်
မိမိ အစွမ်းကြောင့်ပင်လျှင် ယခု လက်တလော ပြုနေရသကဲ့သို့ ပေါ်လွင်စွာ
ထင်လာသည် " ဟု မှတ်။
## လေ့ကျင့်ခဏ်း မေးခွန်းများ
**က။** အဘယ်ကို အာယုက္ခယ ကမ္မက္ခယမရဏခေါ်သနည်း, ဥပမာပြပါ။
**ခ ။** အဘယ်ကို ဥဘယက္ခယ ဥပစ္ဆေဒကမရဏ ခေါ်သနည်း, ဥပမာပြပါ။
**ဂ ။** သတွာတို့ စုတေခါနီး၌ အဘယ်အရာများ ထင်လာတတ်သနည်း။
**ဃ။** အဘယ်အရာကို " ကံ " ဟု ခေါ်သနည်း, သင်္ဂြိုဟ်ထောက်ပါ။
**င။** အဘယ်အရာကို "ကမ္မနိမိတ်" ဟု ခေါ်သနည်း, ထောက်ပါ။
**စ။** ဥပလဒ္ဓကမ္မနိမိတ်ဟူသည် အဘယ်အရာမျိုးနည်း, သရုပ်ပြပါ။
**ဆ။** ဥပကရဏကမ္မနိမိတ် ဟူသည် အဘယ်အရာမျိုးနည်း, သရုပ်ပြပါ။
**ဇ။** အဘယ်အရာကို "ဂတိနိမိတ်" ဟု ခေါ်သနည်း, သင်္ဂြိုဟ်ထောက်ပါ။
**ဈ။** ဥပလဘိတဗ္ဗဂတိနိမိတ် ဟူသည် အဘယ်အရာမျိုးနည်း, သရုပ်ပြပါ။
**ည။** ဥပဘောဂ ဂတိနိမိတ်ဟူသည် အဘယ်အရာမျိုးနည်း, သရုပ်ပြပါ။
**ဋ ။** ကမ္မနိမိတ် ဂတိနိမိတ်သည် အဘယ်အစွမ်းကြောင့် ထင်လာသနည်း,
သင်္ဂြိုဟ်ထောက်ပါ။
**ဌ ။** ထိုအာရုံများ ထင်လာသည့်အခါ စိတ်အစဉ် တယ်ပုံ ဖြစ်နေသနည်း,
ကြည်လင်သလား, ညစ်နွမ်းသလား, ခွဲခြား၍ပြပါ။
**ဍ ။** ကံ အာရုံသည် အဘယ် အစွမ်းကြောင့် အဘယ်ပုံ ထင်လာသနည်း,
သင်္ဂြိုဟ်ထောက်၍ ထင်လာပုံ ၂ နည်းကို ပြပါ။
## Trang 163
**မရဏာသန္န ဝိထိ**
မရဏာသန္န ဝိထိ ပဏ္ဏာသန္နမဏဿ – အလွန် နီးကပ်သော
စုတေခြင်းရှိသော(စုတေခါနီးကပ်နေသော၊)
တဿ-ထို သတွာ၏၊ ဝီထိစိတ္တ၁ဝသာနေ-ဝီထိစိတ်၏ အဆုံး
၌သော်၎င်း၊ ဘဝင်္ဂက္ခယေဝါ — ဘဝင်၏ အကုန်၌သော်၎င်း၊
စဝနဝသေန – ရွေ့ လျောခြင်း၏ အစွမ်းဖြင့်၊ ပစ္စုပ္ပန္နဘဝပရိ
ယေ၁သ၁နဘူတံ – ပစ္စုပ္ပန်ဘဝ၏ အဆုံးဖြစ်၍ ဖြစ်သော၊ စုတိ
စိတ္တံ-ရတိစိတ်သည်၊ ဥပ္ပဇ္ဇိတွာ-ဖြစ်၍၊ နိရဣတိ-ချုပ်၏။
**ပဋိသန္ဓေစိတ် ဖြစ်ပုံ**
တသ္မိံ-ထိုစုတိစိတ်သည်၊ နိရုဒ္ဓါဝသာနေ-
အဆုံးသတ် ချုပ်သည် ရှိသော်၊ တဿ-
ထို စုတိစိတ်၏၊ အနန္တရမေဝ - အခြားမဲ့၌ သာလျှင်၊ တထာ
မရဏာသန္နဝီထိ။ ။မရဏာသန္နဝီထိ တဝီထိကျပြီးနောက် စုတေမည့်
သတ္တာ, သို့မဟုတ် မရဏာသန္နဝီထိနောင် ဘဝင်အနည်းငယ် ကျပြီးနောက်
စုတေမည့်သတ္တာကို "ပစ္စာသန္နမရဏသတွာ" ဟု ခေါ်သည်။
ဝီထိစိတ္တာဝသာနေဝါ ပါဌ်ဖြင့် ၁-ဇောနောင် စုတိကျသော သတွာ,
၂-တဒါရုံနောင် စုတိကျသော သတွာကို ပြ၏။
ဘဝင်္ဂက္ခယေဝါ ပါဌ်ဖြင့် ၃-ဇောတွင်နောင် စုတိကျသော သတွာ,
၄-တဒါရုံတွင်နောင် စုံတိကျသော သတ္တာကို ပြ၏၊ ဤစကားအရ မရဏာ
သန္ဓ ဝီထိသည် အချုပ်အားဖြင့် ၄ မျိုးရှိကြောင်းကို သိရာ၏။
စဝနဝသေန၊ ပေ ၊ စုတိစိတ္တ – ပစ္စုပ္ပန်ဘဝမှ ပြောင်းရွှေ့လျှောကျခြင်း
ကို ပါဠိလို "စုတိ" မြန်မာလို " စုတေ-သေသည် " ဟု ခေါ်၏၊ ထို စုတိစိတ်
သည် ပစ္စုပ္ပန်ဘဝအတွက် အဆုံးသတ် စိတ်ပေတည်း။
ပဋိသန္ဓေစိတ်ဖြစ်ပုံ။ ထို စုတိစိတ် အဆုံးသတ် ချုပ်ပြီးသည့် အခြား
မွဲ၌ပင် ကာလ မခြားဘဲ ဆက်လက်၍ ပဋိသန္ဓေစိတ်ဖြစ်၏၊ ထိုသို့ဖြစ်ရာ၌...
ဂဟိတံ-ထိုအခြင်းအရာဖြင့် မရဏ၁သန္နဇောသည် ယူအပ်ခဲ့
သော၊ အာရမဏံ-အာရုံကို၊ အာရာ-အာရုံပြု၍၊ သဝတ္ထုကံ
ဧဝဝါ-မှီရာဝတ္ထုရှိသည်သာလျှင်မူလည်း ဖြစ်သော၊
အဝထ္ထု
ကံဒဝဝါ - မှီရာဝတ္ထု၊ မရှိသည်သာလျှင် မူလည်း ဖြစ်သော၊
ယထာရဟံ - ထိုက်သည်အားလျော်စွာ၊ အဝိဇ္ဇာနုသယပရိက္ခ
တ္တေန – အဝိဇ္ဇာနုသယသည် ခြံရံအပ်သော၊ တဏှာနု သယ
မူလကေန-တဏှာနုသယလျှင် အရင်းခံရှိသော၊ သင်္ခါရေန'
ကုသိုလ် အကုသိုလ်ကံသည်၊ ဇနီယမာနံ – ဖြစ်စေအပ်သော၊
တထာဂဟိတံအာရမဏီအာရဗ္ဘိ -- မစုတေမှီ ရှေ့အဘို့က မရဏာ
သန္နဝီထိဇောတို့ ယူထားအပ်သော အာရုံကို ဆက်လက်၍ အာရုံ ပြုသည်၊
မရဏာသန္န ဝီထိစိတ်က ကံကိုယူခဲ့လျှင် ပဋိသန္ဓေစိတ်သစ်လည်း ကံအာရုံ
ကိုပင် ဆက်လက်၍ အာရုံပြုသည်၊ ကမ္မနိမိတ်ကို ယူခဲ့လျှင် ကမ္မနိမိတ်, ဂတိ
နိမိတ်ကို ယူခဲ့လျှင် ဂတိနိမိတ်ကို ဆက်လက်၍ အာရုံပြုသည်။
သဝတ္ထုကံဧ၀ 'ဤစကားကား ကာမရူပဘုံကို ရည်ရွယ်သော စကဦး
တည်း၊ ကာမဘုံ ရူပဘုံ၌ ဖြစ်လျှင် ထိုဘုံတို့၌ မှီရာဟဒယဝတ္ထုရုပ် ရှိသော
ကြောင့် ပဋိသန္ဓေစိတ်သည် မှီရာဝတ္ထုရှိသောစိတ် ဖြစ်ရမည်။
အဝတ္ထုကံဧဝေဝါ-ဤစကားကား အရူပဘုံကို ရည်ရွယ်သော စကား
တည်း၊ အရူပဘုံ၌ မှီရာငတ္ထုရုပ် မရှိသောကြောင့် ထိုဘုံ၌ ဖြစ်လျှင် ပဋိသန္ဓေ
စိတ်သည် မှီရာဝတ္ထုမရှိသောစိတ် ဖြစ်ရမည်။
သင်္ခါရေန ဇနီယမာနံ — ထို ပဋိသန္ဓေစိတ်သည် အလိုအလျောက်
ပေါ်ပေါက်လာသည်မဟုတ်,ထာဝရဘုရား ဗြဟ္မာမင်းကြီးများ ဖန်ဆင်းလိုက်
သည်လည်း မဟုတ်, ရှေးက မိမိပြုခဲ့သောကုသိုလ်ကံ-သို့မဟုတ် အကုသိုလ်ကံ
ဟူသော သင်္ခါရသည် ဖြစ်စေအပ်သော အကျိုးဝိပါက်တည်း။
## Trang 164
သမ္ပယုတ္တေဟိ - သမ္ပယုတ် တရားတို့သည်၊ ပရိဂ္ဂယှမနံ –
ခြံရံလျက်ယူအပ်သော၊ သဟဇာတာနံ-တကွဖြစ်ဘက်တရား
တို့၏၊ အဓိဋ္ဌာနဘာဝေန - တည်ရာ၏ အဖြစ်ကြောင့်၊ ပုဗ္ဗင်္ဂမ
ဘူတံ – ရှေ့သွား ခေါင်းဆောင်ဖြစ်၍ ဖြစ်သော၊ ဘဝန္တပဋိ
သန္ဓာနဝသေနဘဝတပါးကို စပ်ပေးခြင်း၏ အစွမ်းကြောင့်၊
ပဋိသမ္ဘိသင်္ခါတံ-ပဋိသန္ဓေဟု ခေါ်ဆိုအပ်သော၊ မာနသံ-စိတ်
သည်၊ ဥပ္ပဇ္ဇမာနမေဝ-ဥပါဒ်လျှင် ဥပါဒ်ခြင်းသာလျှင်၊ ဘဝန္တ
ရေ-ဘဝတပါး၌၊ ပတိဋ္ဌာတိ-တည်၏။
ယထာရဟံအဝိဇ္ဇာနုသယ ပရိက္ခိတ္တေန — ကံ ဟု ဆိုအပ်သော ထို
သင်္ခါရ၌ အဝိဇ္ဇာနုသယ (မောဟ) ခြံရံလျက်ရှိ၏။
တဏှာသလကန'ထိုသင်္ခါရ၌ တဏှာနုသယ လောဘလည်း
အရင်းခံလျက် ရှိ၏။
အဝိဇ္ဇာနှင့် တဏှာ မကင်းသေးလို ့သာ ကုသိုလ် အကုသိုလ် သင်္ခါရကို
ပြုမိကြသည်၊ အဝိဇ္ဇာနှင့် တဏှာကင်း၍ ရဟန္တာဖြစ်လျှင် ထို သင်္ခါရကို ပြုမိ
တော့မည်မဟုတ်၊ ထို ့ကြောင့် ရဟန္တာမဖြစ်ခင် ပြုသမျှ ကုသိုလ် အကုသိုလ်
သင်္ခါရ၌ အဝိဇ္ဇာနုသယ ခြံရံ၍ တဏှာနုသယ အရင်းခံလျက် ရှိသည်။
သမ္ပယုတ္တေဟိပရိဂ္ဂယုမာနံ – ပဋိသန္ဓေစိတ်၌ ( စိတ်ချည်း တခုထည်း
ဖြစ်သည်မဟုတ်၊ ) ဖဿ ဝေဒနာ သညာ အစရှိသော ယဉ်ဘော် ယှဉ်ဘက်
သမ္ပယုတ်များလည်း ခြံရံလျက်ပါသည်။
သဟဇာတာန မဓိဋ္ဌာနဘာဝေန ပုဗ္ဗင်္ဂမဘူတံ——ပဋိသန္ဓေ စိတ်က
ထို အတူတကွ ဖြစ်ဘော် ဖြစ်ဘက် တရားတို့၏ တည်ရာ မှီခိုရာ ဖြစ်သော
ကြောင့် ပဋိသန္ဓေစိတ်ကို ထို ဖဿ စသော တရားအပေါင်း၏ " ရွေ့သွား
ခေါင်းဆောင် " ဟု ဆိုထိုက်သည်။
ဘဝ န္တ ရ ပဋိသန္ဓာန ဝသန--ကား"ပဋိသန္ဓ" မည်ခြင်း၏ အကြောင်း
ကို ပြသော စကားတည်း၊ ထိုစိတ်ကို ဘဝဟောင်း အပြတ်တွင် ဘဝတပါးကို
(ဘဝသစ်ကို) ဆက်စပ်၍ ပေးတတ်သောကြောင့် ပါဠိလို"ပဋိသန္ဓေ"ဟုခေါ်ဆို
အပ်လေသည်' ဟူလို။
ဥပ္ပဇ္ဇမာန မေဝပတိဋ္ဌာတိ ဘဝန္တ ရေ – ထို ပဋိသန္ဓေစိတ်သည် ဘဝ
ဟောင်းမှာ ဥပါဒ်ခဲ့၍ ဒီ အခိုက်ကျမှ ဘဝသစ်၌ တည်သည်မဟုတ်, ဥပါဒ်လျှင်
ဥပါဒ်ခြင်း ဘဝသစ်၌ တည်သည် – ဥပါဒ်လဲ ဥပါဒ်ရော, ဘဝသစ် မှာလဲ
ရောက်လျက်နေရော" ဟူလို။
## လေ့ကျင့်ခဏ်း မေးခွန်းများ
**က။** အဘယ်သတ္မာကို "ပစ္စသန္ဓေမရဏသတွာ" ဟု ခေါ်သနည်း။
**ခ ။** စုတိစိတ်သည် ဘယ်စိတ်များနောင် ကျနိုင်သနည်း, ထောက်ပါ။
**ဂ ။** မရဏာသန္နဝီထိသည့် အချုပ်အားဖြင့် မည်မျှရှိသနည်း, ရေတွက်ပါ။
**ဃ။** အဘယ့်ကြောင့် "ပဋိသန္ဓေစိတ်" ဟု ခေါ်သနည်း, ထောက်ပါ။
**င။** ပဋိသန္ဓေစိတ်သည် ဘယ်ကိုအာရုံပြုသနည်း, အဘယ်ဘုံ၌ မှီရာဝတ္ထုရှိ၍
အဘယ်ဘုံ၌ မှီရာဝတ္ထု မရှိသနည်း။
**စ။** ပဋိသန္ဓေစိတ် ဖြစ်ဘို့ရန် အဘယ်အရာက စီမံသနည်း ထောက်ပါ။
**ဆ။** သင်္ခါရ၌ အဝိဇ္ဇာတဏှာတို့ အရင်းခံပုံ ခြံရံပုံကို ပြပါ။
**ဇ။** ပဋိသန္ဓေစိတ်ဖြစ်သည့်အခါ တပါးထည်းသာလော, ထောက်ပါ။
**ဈ။** ပဋိသန္ဓေစိတ်ကို အဘယ်ကြောင့်"ပုဗ္ဗင်္ဂမ"ဟု ဆိုသနည်း။
**ည။** ပဋိသန္ဓေစိတ်သည် ဘဝဟောင်းမှာ ဥပါဒ်၍ ဋီအခိုက် ရောက်မှ ဘဝ
သစ်၌ တည်သလော, သင်္ဂြိုဟ်ထောက်ပါ။
## Trang 165
**ကာမပဋိသန္ဓေစိတ်၏ အာရုံ**
ပန-ဆက်ဥးအံ့၊ ဒုတ္ထ-၏ ရတိပဋိသန္ဓေ
အခဏ်း၌၊ မရဏာသန္တိဝီထိယံ-မရဏ၁
သန္တု ပီထိ၌၊ မန္တပ္ပဝတ္တန္တိ – အဟုန်ရော့ရဲ့
ခွံ့ နှံ့နဲ့ ဖြစ်ကုန်သေ ၁၊ ဝါ-အဟုန်ရေ ့ရဲ့ ခွံ့ နွဲ့နွဲ့ ဖြစ်ခြင်းကြောင့်၊
ပဥ္စဝ-ငါးကြိမ်သာလျှင် ဖြစ်ကုန်သော၊ ဇဝနသို့ − ဇေတို့ကို၊
ပါဋိကင်္ခိတဗ္ဗာနိ - အလိုရှိအပ်ကုန်၏၊ တသ္မာ - ထို ကြောင့်၊
ပစ္စုပ္ပန္နောရမဏေသု- ပစ္စုပ္ပန် အာရုံတို့သည်၊ အခပါတံ-ရှေးရှု
ကျခြင်းသို့၊ အာဂတေသု-ရေနံကုန်လတ်သော်၊ခရန္တေ သွေ
ထင်ရှား ရှိကုန်စဉ်သာလျှင်၊ မရဏံ - စုတေခြင်းသည်၊ ယဒိ
ဟောတိ-အကယ်၍ဖြစ်အံ့၊ တဒါ - ထိုအခါ၌၊ ပဋိသန္တိဘဝင်္ဂါ
ပဋိသန္ဓေစိတ်သစ်၏ အာရုံ။ ။မရဏာသန္နဝီထိယံ−မှ စ၍ တထာ
အရူပါဝစရ ပဋိသန္ဓိယာစ မဂ္ဂတဘူတံ တိုင်အောင်သော စကားရပ်ကား
ပဋိသန္ဓေသစ်၏ အာရုံကိုပြသော စကားတည်း။
မန္တပ္ပဝတ္တိယံ ၊ ၊ ပေ ၊ ဥပလ န္တိ တိ —— စုတေခါနီး၌ စိတ်အားလုံးပင် ခတ်
ရော့ရော့ရှိရကား ဇောများလည်း အဟုန်မပြင်းလှသဖြင့် ၇ ကြိမ်မကျ ၅ကြိမ်
သာ စောကြကုန်၏၊ ထို ့ကြောင့် မရဏာသန္နဝီထိ၌ ပစ္စုပ္ပန်အာရုံများ( ကမ္မ
နိမိတ် ဂတိနိမိတ်ဖြစ်စေ ) ထင်လာလျှင်........
ဓရန္တေ သွေ၀မရဏံ — ထို အာရုံများသည် ၁၇ ချက်မျှ အသက်ရှည်
သောကြောင့် မချုပ်သေးမှီ စုတေဘွယ်ရာ အကြောင်းရှိ၏။
တဒါပဋိသန္နိ ဘဝင်္ဂါနံပိ ပစ္စုပ္ပန္နာရမာတာ-ထိုနည်းဖြင့်စုတေလျှင်
အတီတဘွင်မှစ၍ စုတိတိုင်အောင်ရေတွက်ကရူပါရုံ၏အသက်သည် စိတ္တက္ခဏ
၁၂ ချက်ခန့် ရှိသေးရကား စုတိနောင် ပဋိသန္ဓေစိတ် ၁ နှင့် ဘဝင် ၄ ကြိမ်
တို့သည် ထိုဘဝဟောင်းက မချုပ်သေးသော ပစ္စုပ္ပန် ရူပါရုံကိုပင် ဆက်လက်၍
အာရုံပြုကြ၏။ [အကျယ်ကို ဘာသာဋီကာမှာ ရှုပါ။]
ပစ္စုပ္ပန်အာရုံ ရှိကုန်သည်၏အဖြစ်ကို၊ လဗ္ဘတိ-ရအပ်၏၊ ဣတိ
ကထွာ - ဤအကြောင်းကြောင့်၊ ကာမာဝစရ ပဋိသန္ဓိယာ-
ကာမာဝစရ ပဋိသန္ဓေ၏၊ ဆဒ္ဒါနုဂ္ဂဟိတံ - ခြောက်ဒွါရဖြင့်
ယူအပ်သော၊ ကမ္မနိမိတ္တံ - ကမ္မနိမိတ်လည်း ဖြစ်သော၊ ဂတိ
နိမိတ္တဉ္စ- ဂတိနိမိတ်လည်း ဖြစ်သော၊ ပစ္စုပ္ပန္နံ – ပစ္စုပ္ပန်လည်း
ဖြစ်သော၊ အတိတံ-အတိတ်လည်းဖြစ်သော၊ အာရမဏံ-အာရုံ
ကို၊ ဥပလာ တိ'ရအပ်၏။
ဤ ပြခဲ့ပြီးသော အကြောင်းများကြောင့် ကာမ ပဋိသန္ဓေ၏ အာရုံသည်
ရူပါရုံ စသော ကမ္မနိမိတ်နှင့် ဂတိနိမိတ် ဖြစ်အံ့။........
ဆဒွါရဂ္ဂဟိတံ'ခြောက်ဒွါရဖြင့် ထိုက်သင့်သလို ယူနိုင်ကောင်း၏။
ပစ္စုပ္ပန္နမတီတံ — မချုပ်သေးလျှင် ပစ္စုပ္ပန်လည်း ဖြစ်နိုင်၏၊ ချုပ်ပြီးလျှင်
အတိတ်လည်း ဖြစ်နိုင်၏၊ အနာဂတ်ကား မရှိစကောင်း။
**ပစ္စုပ္ပန် ရူပါရုံ ထင်လာ၍ မနောဒွါရိက မရဏာသန္န ဝီထိဖြစ်ပုံ**
[စု=စုတိ၊ ပ=ပဋိသန္ဓေ။]
## Trang 322
ကမ္မံပန-ကံအာရုံသည်ကား၊အတီတမေဝ-အတိတ်တမျိုး
သာတည်း၊ တဉ္စ-ထိုအတိတ်ကံကိုလည်း၊ မနောဒွါရဂ္ဂဟိတံ-
မနောဒွါရဖြင့် ယူအပ်၏။ ပန - ဆက်ဦးအံ့၊ တာနိ ပန သဗ္ဗာနိပိ-
ထို အလုံးစုံသော အာရုံတို့သည်လည်း၊ ပရိတ္တဓမ္မဘူတာနေဝ-
ကာမတရားချည်းသာလျှင် ဖြစ်ကုန်သော၊ အာရမ္မဏာနိ-
အာရုံတို့တည်း။
၁။ ပန- ကား၊ ရူပါဝစရ ပဋိသန္ဓိယာ - ရူပါဝစရ ပဋိသန္ဓေ၏
အာရုံ၊ ပညတ္တိဘူတံ – ပညတ်
ဖြစ်၍ ဖြစ်သော၊ ကမ္မနိမိတ္တမေဝ - ကမ္မနိမိတ်
သည်သာလျှင်၊ အာရမ္မဏံ-အာရုံသည်၊ ဟောတိ-၏။
ကံ ဟူသည်ကား
ကမ္မံပန အတီတမေဝ တဉ္စမနောဒွါရဂ္ဂဟိတံ
ယခု ပဋိသန္ဓေကျိုးကို ပေးတော့မည်ဖြစ်သော ကုသိုလ် အကုသိုလ် စေတနာ
တည်း၊ မရဏာသန္နဝီထိ၌ ပါသော ကုသိုလ် အကုသိုလ်ဇော စေတနာ
တို့ကား ပဋိသန္ဓေကျိုးကို မပေးနိုင်၊ ထို့ကြောင့် မရဏာသန္နဝီထိ၌ ကံအာရုံ
ထင်လာလျှင် မရဏာသန္နဝီထိသို့ မရောက်မီက ဖြစ်ခဲ့သော အတိတ်ကံသာ
ဖြစ်ရမည်၊ ထိုကံလည်း အာရုံ ၆ပါးတွင် ဓမ္မာရုံမှာ ပါဝင်၍ မနောဒွါရဖြင့်သာ
ယူအပ်သည်၊
"ပဋိသန္ဓေစိတ်သည် ကံကို အာရုံပြုလျှင် မနောဒွါရိက မရဏာ
သန္နဇောသည် ယူပေးအပ်သော အတိတ်ကံကိုသာ အာရုံပြုသည်" ဟူလို။
တာနိ ပန ၊ ပေ ၊ အာရမ္မဏာနိ'၍ ပြဆိုအပ်ခဲ့သော ကံ ကမ္မနိမိတ် ဂတိ
နိမိတ် အာရုံတို့သည် ( တရားကိုယ် အားဖြင့် ) ကာမတရားတို့ချည်းသာ ဖြစ်
ကုန်၏။ [ မဟဂ္ဂုတ် ပညတ်အာရုံများမပါ…ဟူလို။]
ရူပ ပဋိသန္ဓေ၏ အာရုံ။ ။ရူပါဝစရ ပဋိသန္ဓေ၏ အာရုံကား ပညတ်
ဖြစ်သော ကမ္မနိမိတ်တည်း၊ ရူပါဝစရဈာန်သည် ကသိုဏ်းစသော ပညတ်ကို
အာရုံ ပြုရကား စုတေခါနီး၌ ဈာန်၏ အာရုံ ဖြစ်သော ကသိုဏ်းပညတ်
များသည် ကမ္မနိမိတ် အဖြစ်ဖြင့် ထင်လာကြရမြဲ ဖြစ်၏၊ ထို့ကြောင့် စုတိ
အခြားမဲ့၌ ဗြဟ္မာ့ပြည့်မှာဖြစ်သော ပဋိသန္ဓေစိတ်လည်း ထို ကသိုဏ်းစသော
ပညတ် ကမ္မနိမိတ်ကိုပင် ဆက်၍ အာရုံပြုသည်။
အရူပ ပဋိသန္ဓေ၏ အာရုံ။ ။အရူပါဝစရ ပဋိသန္ဓေ၏ အာရုံလည်း
ထို့အတူ ကမ္မနိမိတ်ပင်တည်း၊ ထို ကမ္မနိမိတ်သည် ပညတ်မဟဂ္ဂုတ် ၂ မျိုးတွင်
ထိုက်သင့်သလို ဖြစ်၏။
ပဌမ– တတိယ အရူပါဝစရ ပဋိသန္ဓေ( ဝိပါက် ) စိတ်၏ အာရုံသည်
(အစဉ်အတိုင်း ) ကောင်းကင်ပညတ်နှင့် နတ္ထိဘောပညတ် ကမ္မနိမိတ်တည်း၊
ဒုတိယ – စတုတ္ထ အရူပ ပဋိသန္ဓေ၏ အာရုံကား အစဉ်အတိုင်း ပဌမာရုပ္ပ
ဝိညာဏ်စိတ်နှင့် တတိယာရုပ္ပ ဝိညာဏ်စိတ် ဟူသော မဟဂ္ဂုတ် ကမ္မနိမိတ်
တည်း၊ ထိုသို့ ယထာရဟံ-အရ ထိုက်သင့်သလို ဖြစ်ပုံကို သိလေ။ [အာရမ္မဏ
သင်္ဂဟကို ပြန်ကြည့်။ ]
## Trang 323
၂။ တထာ - ထို့အတူ၊ အရူပါဝစရ
ပဋိသန္ဓိယာပိ – အရူပါဝစရ ပဋိသန္ဓေ စိတ်၏
လည်း၊ မဟဂ္ဂတဘူတံ – မဟဂ္ဂုတ် ဖြစ်၍
လည်းဖြစ်သော၊ ပညတ္တိဘူတဉ္စ-ပညတ်ဖြစ်၍လည်းဖြစ်သော၊
ကမ္မနိမိတ္တမေဝ - ကမ္မနိမိတ်သည်ပင်လျှင်၊ ယထာရဟံ-ထိုက်
သည်အား လျော်စွာ၊ အာရမ္မဏံ-အာရုံသည်၊ ဟောတိ-၏။
၃။ ပန-အဖို့တပါးကား၊အသညသတ္တာနံ-အသညသတ်
ဘုံသားတို့၏ ဇီဝိတနဝကမေဝ-ဇီဝိတနဝက ကလာပ်သည်
သာလျှင်၊ ပဋိသန္ဓိဘာဝေန-ပဋိသန္ဓေ၏ အဖြစ်ဖြင့်၊ ပတိဋ္ဌာတိ-
တည်၏ ၊တသ္မာ-ထို့ကြောင့်၊ တေ-ထို အသညသတ်ဘုံသား
တို့သည်၊ ရူပပဋိသန္ဓိကာ နာမ - ရုပ်ပဋိသန္ဓေ ရှိသူတို့ မည်၏၊
အာရုပ္ပါ-အရူပဘုံသားတို့သည်၊ အရူပ ပဋိသန္ဓိကာ-နာမ် ပဋိ
သန္ဓေ ရှိသူတို့တည်း၊ သေသာ-ကြွင်းသော ဘုံသားတို့သည်၊
ရူပါရူပပဋိသန္ဓိကာ-ရုပ် နာမ် အစုံ ပဋိသန္ဓေရှိသူတို့တည်း။
အာရုပ္ပစုတိယာ-အာရုပ္ပစုတိမှ၊ ပရံ-နောင်၌၊
ဟေဋ္ဌိမာရုပ္ပဝဇ္ဇိတာ-အောက်အောက် အရူပ္ပ
သည် ကြဉ်အပ်ကုန်သော၊ အာရုပ္ပါနိ စ – အာရုပ္ပ ပဋိသန္ဓေ
တို့သည်၎င်း၊ တထာ-ထိုမှတပါး၊ ကာမတိဟေတုကာ-ကာမ
တိဟိတ် ပဋိသန္ဓေတို့ သည်၎င်း၊ ဟောန္တိ-ဖြစ်ကုန်၏။
ရူပါဝစရစုတိယာ - ရူပါဝစရစုတိမှ၊ ပရံ – နောင်၌၊ အဟေတု
ရဟိတာ-အဟိတ်ပဋိသန္ဓေမှ တပါးသောပဋိသန္ဓေတို့သည်၊
သိယုံ-ဖြစ်ကုန်၏၊ ကာမတိဟေတုမှာ- ကာမတိဟိတ် စုတိမှ၊
ပရံ-နောင်၌၊ သဗ္ဗာ-အလုံးစုံသောပဋိသန္ဓေတို့သည်၊ သိယုံ-ဖြစ်ကုန်၏၊
ဣတရာ ပန-ဆိုခဲ့ပြီးမှတပါးသော ကာမအဟိတ် ဒွိဟိတ် စုတိ
မှကား၊ ပရံ-နောင်၌၊ ကာမေသွေဝ-ကာမတစ်ဆယ့်တစ်ဘုံတို့၌သာလျှင်၊
သိယုံ-ဖြစ်ကုန်၏။
အာရုပ္ပစုတိယာ၊ပေ၊ ကာမတိဟေတုကာ— အာရုပ္ပစုတိ ( အာရုပ္ပ
ဝိပါက်)၄ ခုနောင် အာရုပ္ပပဋိသန္ဓေစိတ် ၄, ကာမတိဟိတ်(မဟာဝိပါက်
ဉာဏသမ္ပယုတ် ) ပဋိသန္ဓေစိတ် ၄, ပေါင်း ၈ ပါး ဖြစ်နိုင်၏၊ ဟေဋ္ဌိမာရုပ္ပ
ဝဇ္ဇီတာ-အရ အောက်အောက် အရူပပဋိသန္ဓေကို ကြဉ်ဖို့ရန်သတိပြု၊ဥပမာ-
ဒုတိယ – ဝိညာဏဉ္စာယတနစုတိနှောင် အာကာသာနဉ္စာယတန ပဋိသန္ဓေ
မနှောင်းနိုင်၊ စတုတ္ထ-နေဝသညာနာသညာယတနစုတိနောင် အာကာသာ
နဉ္စ – ဝိညာဏဉ္စ, အာကိဉ္စညာယတန ပဋိသန္ဓေ ၃ ပါးလုံး မနှောင်းနိုင်၊
အထက် အရူပဘုံသို့ ရောက်ပြီး သူသည် အောက်အောက် အရူပဈာန်ကို
အားမထုတ်ကြသောကြောင့် အောက်အောက် အရူပဘုံ၌ ပြန်၍ မဖြစ်ပြီ၊ မိမိ
ဘုံ၌ကား ပြန်၍ ဖြစ်သေး၏။
ရူပါဝစရစုတိယာ, အဟေတုရဟိတာ-ရူပါဝစရစုတိ (ရူပဝိပါက်)
၅ ခုနောင် (ပဋိသန္ဓေစိတ် ၁၉ တွင် အဟိတ်ပဋိသန္ဓေ ၂ ကိုကြဉ်)ပဋိသန္ဓေ
စိတ် ၁၇ ပါး နှောင်းနိုင်၏၊"ရူပဘုံမှစုတေလျှင် ရူပ အရူပဘုံ၌လည်း ပဋိသန္ဓေ
နေနိုင်, ကာမဘုံ၌လည်း တိဟိတ်ဒွိဟိတ် ပဋိသန္ဓေနေနိုင်၏"ဟူလို၊ ဤစကား
## Trang 324
အယံ-ဤ ဆိုအပ်ပြီးသော စကားရပ်ကား၊ ဧတ္ထ-ဝီထိ
မုတ္တသင်္ဂဟ၌၊ စုတိပဋိသန္ဓိက္ကမော - စုတိ ပဋိသန္ဓေ အစဉ်ကို
ပြသော စကားတည်း။
လည်း ပုထုဇဉ်ကို ရည်ရွယ်သောစကား ဖြစ်သည်။ အရိယာတို့ကား အထက်
ရောက်လျှင် အောက်ဘုံ၌ပြန်၍ ပဋိသန္ဓေ မနေပြီ၊ [ ထို့ပြင် အသညသတ်မှ
စုတိသူတို့ ပဋိသန္ဓေကို ဤ သင်္ဂြိုဟ်စာသွားဖြင့် မထင်ရှားသေး၊"အသညဘုံ,
စုတိတုံက, ကာမတိဟိတ်, ဒွိဟိတ်သန္ဓေ, ရှစ်ခုနေ၏" ဟူသော ဘာသာ
ဋီကာကိုရှု။ ] -
သဗ္ဗာ ကာမတိဟေတုမှာ– ကာမတိဟိတ် (မဟာဝိပါက် ဉာဏသမ္ပ
ယုတ်) ၄ ခုနောင် ( ရုပ်ပဋိသန္ဓေနှင့် တကွ) ပဋိသန္ဓေ ၂ဝ လုံး နှောင်းနိုင်၏၊
"ဈာန်ရလျှင် ရူပအရူပဘုံသို့ ရောက်နိုင်၏၊ဈာန်မရလျှင် ကာမဘုံ၌ ထိုက်သလို
ဖြစ်နိုင်၏" ဟူလို။
ကာမေသွေဝ ပန ဣတရာ-ဆိုခဲ့ပြီးသော စုတိများမှ ကြွင်းသော ကာမ
ဒွိဟိတ် (မဟာဝိပါက် ဉာဏဝိပ္ပယုတ် ၄) အဟိတ် (ဥပေက္ခာသန္တီရဏ ၂)
ဤ ၆ ခုနောင် ထို ဒွိဟိတ် အဟိတ် ပုဂ္ဂိုလ်တို့က ဈာန်မရနိုင် သောကြောင့်
ကာမပဋိသန္ဓေ ၁ဝ သာ နှောင်းနိုင်သည်။
လေ့ကျင့်ခန်း မေးခွန်းများ
က။ ကာမာဝစရ ပဋိသန္ဓေ၏ အာရုံသည် ကမ္မနိမိတ် ဂတိနိမိတ် ဖြစ်အံ့
အဘယ်ဒွါရဖြင့် ယူအပ်သနည်း, သင်္ဂြိုဟ်ထောက်ပါ။
ခ။ ထို အာရုံသည် ပစ္စုပ္ပန်စသော ကာလ ၃ ပါးတွင် အဘယ် ကာလ၌
ဖြစ်ထိုက်သနည်း, ထောက်ပါ။
ဂ။ ကံ-အာရုံ ဖြစ်အံ့, အဘယ်ကာလ၌ ဖြစ်၍, အဘယ် ဒွါရဖြင့် ယူအပ်
သနည်း, ထောက်ပါ။
ဃ။ ရူပ ပဋိသန္ဓေသည် အဘယ်ကို အာရုံပြုသနည်း, သင်္ဂြိုဟ်ထောက်ပါ။
င။ အရူပ ပဋိသန္ဓေသည် အဘယ်ကို အာရုံပြုသနည်း, ယထာရဟံအရ
ထိုက်သင့်သလို ခွဲပြပါ။
စ။ အသညသတ်ဘုံ၌ အဘယ်တရားဖြင့် ပဋိသန္ဓေ နေသနည်း, သင်္ဂြိုဟ်
ထောက်ပါ။
ဆ။ ရုပ် ပဋိသန္ဓေနေရာဘုံ, နာမ်ပဋိသန္ဓေနေရာဘုံ, ရုပ်နာမ်အစုံ ပဋိသန္ဓေ
နေရာဘုံကို သင်္ဂြိုဟ်ထောက်၍ ခွဲပြပါ။
ဇ။ ဧကဝေါကာရ, စတုဝေါကာရ, ပဉ္စဝေါကာရ ဘုံများကို အသီးအသီး
ခွဲပြပါ။
ဈ။ အာရုပ္ပစုတိစိတ် မည်မျှရှိ၍ ထို စုတိများနောင် ပဋိသန္ဓေမည်မျှ နှောင်း
နိုင်သနည်း။
ည။ ရူပ စုတိစိတ် မည်မျှရှိ၍ ထို စုတိများနောင် ပဋိသန္ဓေစိတ် မည်မျှနှောင်း
နိုင်သနည်း။
ဋ။ အသညသတ် စုတိနောင် ပဋိသန္ဓေ မည်မျှ နှောင်းသနည်း။
ဌ။ ကာမတိဟိတ် စုတိ မည်မျှရှိ၍ ထို စုတိနောင် ပဋိသန္ဓေ မည်မျှ နှောင်း
နိုင်သနည်း။
ဍ။ ကာမအဟိတ် ဒွိဟိတ်စုတိ မည်မျှရှိ၍ ထို စုတိနောင် ပဋိသန္ဓေ မည်မျှ
နှောင်းနိုင်သနည်း။
## Trang 325
လေ့ကျင့်ခန်း မေးခွန်းများ
က။ ပဋိသန္ဓေစိတ်၏ အခြားမဲ့၌ အဘယ်ကို အာရုံပြု၍ အဘယ်စိတ် ဖြစ်
သနည်း, ထောက်ပါ။
ခ။ "တဒေဝစိတ္တံ – ထို ပဋိသန္ဓေစိတ် " ဟု ဆိုရာ၌ အဓိပ္ပါယ်ကို ဥပမာ
ဆောင်၍ ထင်ရှားအောင်ပြပါ။
ဂ။ သတ္တာတို့သန္တာန်၌ ဝီထိစိတ် မဖြစ်သည့်အခါ ဘယ်စိတ်ဖြစ်သနည်း,
ထောက်ပါ။
ဃ။ ဘဝင်္ဂ+အင်္ဂဘာဝေန-ပါဌ်ကိုထောက်၍"ဘဝင်္ဂ" ပုဒ် အဓိပ္ပါယ်ကို
ဝိဂြိုဟ်နှင့်တကွ ပြပါ။
င။ ပဋိသန္ဓေ စသော စိတ်တို့ဖြစ်ပုံသည် ဘာနှင့်တူသနည်း, သင်္ဂြိုဟ်ထောက်၍
တူပုံကို ထင်ရှားအောင် ပြစမ်းပါ။
စ။ ပဋိသန္ဓိ ဘဝင်္ဂဝီထိယော-စသော ဂါထာသည် ဘာကိုပြသော ဂါထာ
နည်း, ၎င်းဂါထာကို အနက်ပေးပါ။
ဆ။ ပဋိသင်္ခါယ ပနေတမဒ္ဓဝံ-စသော ဂါထာသည် ဘာကိုပြသော ဂါထာ
နည်း, အနက်ပေးပါ။
ဝီထိမုတ် နိဿယနှင့်
အဓိပ္ပါယ် ပြီးပြီ။
ရုပ်ပိုင်းနိဿယ
အနုသန္ဓေနှင့် ပဋိညာဉ် သပ္ပဘေဒပဝတ္တိကာ - ပဘေဒလည်း
ရှိကုန်, ပဝတ္တိလည်းရှိကုန်သော၊ စိတ္တ
စေတသိကာ-စိတ်စေတသိက် ဖြစ်ကုန်သော၊ ဓမ္မာ - သဘော
တရားတို့ကို၊ ဧတ္တာဝတာ-ဤမျှ အတိုင်းအရှည်ရှိသော ငါးပိုင်း
တို့ဖြင့်၊ ဟိ ယသ္မာ-အကြင့်ကြောင့်၊ ဝိဘတ္တာ-ဝေဘန်အပ်ကုန်
ပြီ၊ တသ္မာ-ထိုကြောင့်၊ ဒါနိ-ယခုအခါ၌၊ ရူပံ-ရုပ်ကို၊ပဝုစ္စတိ-
ဆိုအပ်၏။ [ ဆိုပေအံ့-ဟူလို။]
ရုပ်ပိုင်းအဓိပ္ပါယ်
[ရုပ်တရားတို့၏ အကြောင်းအရာကို ပြသော အပိုင်း အခန်းကို
"ရုပ်ပိုင်း" ဟု ခေါ်၏။]
ဧတ္တာဝတာ၊ပေ၊ ပဝုစ္စတိ-ဤဂါထာကား အနုသန္ဓေနှင့် ပဋိညာဉ်ကို
ပြသော ဂါထာတည်း၊ " စိတ္တံ စေတသိကံ ရူပံ နိဗ္ဗာနမိတိ " ဟု ခေါင်းစဉ်
ပြခဲ့သည့်အတိုင်း, စိတ် စေတသိက် ပကိဏ်း ဝီထိ ဝီထိမုတ် ဟု ငါးခုသော
အပိုင်းအခန်းတို့ဖြင့် စိတ် စေတသိက်တို့ကို အကျယ်ပြပြီး၍ ယခုအခါ ရုပ်ကို
ပြတော့မည်-ဟူလို။
သပ္ပဘေဒ ပဝတ္တိကာ [ သ+ပဘေဒ + ပဝတ္တိ + က။ သ
ရှိသည့်+ပဘေဒ=အပြား+ပဝတ္တိ = ဖြစ်ခြင်း+က = ကား အနက် မရှိ
သောထုံးစံအရ အပိုလာသည်။ ] ပဘေဒ-ဟူသည် ဥဒ္ဒေသ-နိဒ္ဒေသ-ပဋိ
နိဒ္ဒေသ-ဤ သုံးပါးအပြားတည်း၊ ထိုတွင် အကျဉ်းချုပ် ခေါင်းစဉ်၍ ပြခြင်းကို
## Trang 326
"ဥဒ္ဒေသ" ဟု ခေါ်၏၊ ထို အကျဉ်းကို ချဲ့ပြခြင်းကို "နိဒ္ဒေသ" ဟု ခေါ်၏၊
ထပ်မံ၍ တမျိုးတဖုံ ချဲ့ပြန်ခြင်းကို "ပဋိနိဒ္ဒေသ" ဟု ခေါ်၏။
ထို့ကြောင့် "စိတ္တံ စေတသိကံ ရူပံ နိဗ္ဗာနမိတိ" ၌ စိတ္တံ-ကား စိတ်ကို
အကျဉ်းချုပ် ပြသော ဥဒ္ဒေသစကားတည်း၊ စေတသိကံ-ကား စေတသိက်ကို
အကျဉ်းချုပ် ပြသော ဥဒ္ဒေသတည်း၊ ထိုနောက် "တတ္ထ စိတ္တံတာဝ စတုဗ္ဗေဓံ
ဟောတိ " မှ စ၍ စိတ်ပိုင်း အဆုံးတိုင်အောင် စကားကား စိတ်ကို အကျယ်
ပြသော နိဒ္ဒေသစကားတည်း၊ စေတသိက်ပိုင်း တပိုင်းလုံးကား စေတသိက်ကို
အကျယ် ပြသော နိဒ္ဒေသ စကားတည်း၊ ပကိဏ်းပိုင်းကား စိတ် စေတသိက်
နှစ်ပါးစုံကို တမျိုးတဖုံ ထပ်၍ ချဲ့ပြန်သော ပဋိနိဒ္ဒေသ စကားတည်း ဟု မှတ်။
[ဆောင်ပုဒ်]
၁။ စိတ္တံ-စေတသိကံ, ခေါင်းစဉ်ဟန်, မှတ်ရန် ဥဒ္ဒေသ။
၂။ တတ္ထကတမံ – တာဝခံလျက်, ချဲ့ရန် တက်လှိုင်း, စိတ်
တပိုင်းလုံး, အကျယ်သုံး, မှတ်ထုံး စိတ္တ နိဒ္ဒေသ။
၃။ စေတသိက်ကြိုး, တပိုင်းလုံးတည့်, စေတသိက, ချဲ့၍ပြ,
မှတ်ကြ နိဒ္ဒေသ။
၄။ ပကိဏ်းပိုင်းမှာ,နှစ်ဖြာစပ်မိ, ချဲ့ပြန်ဘိ, ပဋိနိဒ္ဒေသ။
ပဝတ္တိ-ဟူသည် စိတ် စေတသိက်တို့ ဖြစ်ခြင်း-ဖြစ်ပုံ-ဖြစ်ဟန်တည်း၊
ထို ဖြစ်ပုံမှာလည်း ပဋိသန္ဓေ ဘဝင် စုတိအခါ၌ ဖြစ်ပုံ-ဝီထိကျသည့် အခါ၌
ဖြစ်ပုံဟု နှစ်မျိုးရှိ၏၊ ဝီထိကျသည့် အခါ၌ ဖြစ်ပုံကို ဝီထိပိုင်းဖြင့် ပြခဲ့၏၊
ပဋိသန္ဓေ ဘဝင် စုတိအခါ၌ ဖြစ်ပုံကို ဝီထိ ဝီထိမုတ်ပိုင်းဖြင့် ပြခဲ့သည်၊ ဤသို့
ဥဒ္ဒေသစသော အပြား, ပဋိသန္ဓေ စသော ဖြစ်ပုံရှိသော စိတ်နှင့် စေတသိက်ကို
အောက် ၅ ပိုင်းဖြင့် ဝေဘန်၍ ပြခဲ့ပြီ ဟူလို။
## Trang 327
အကျဉ်းချုပ် ခေါင်းစဉ် သမုဒ္ဒေသာ-ရုပ်တို့ကို အကျဉ်းချုပ်
ပြခြင်း
အားဖြင့်၎င်း၊ ဝိဘာဂတော စ-ရုပ်
တို့ကို အကျယ်ဝေဘန်ခြင်း အားဖြင့်၎င်း၊ သမုဋ္ဌာနာ- ရုပ်တို့၏
ဖြစ်ကြောင်း အားဖြင့်၎င်း၊ ကလာပဘေဒတော-ရုပ်တို့ကို ကလာပ်
ဖွဲ့ခြင်း အားဖြင့်၎င်း၊ ပဝတ္တိက္ကမတော စ – ရုပ်တို့၏ ဖြစ်စဉ်
အားဖြင့်၎င်း၊ ဣတိ - ဤသို့၊ တတ္ထ – ထို ရူပသင်္ဂဟ၌၊ ပဉ္စဓာ-
ငါးပါး အပြားအားဖြင့်၊ သင်္ဂဟော – ပေါင်းယူ ခြင်းသည်၊
ဟောတိ-ဖြစ်၏။
သမုဒ္ဒေသာ၊ ပေ၊ သင်္ဂဟော ဤ ဂါထာကား ရုပ်ပိုင်း၌ အကျယ်
ပြမည့် သင်္ဂဟ ၅ ရပ်ကို အကျဉ်းချုပ် ခေါင်းစဉ်၍ ပြသော ဂါထာတည်း၊
၁=ရူပသမုဒ္ဒေသ, ၂ = ရူပဝိဘာဂ, ၃ = ရူပသမုဋ္ဌာန, ၄=ရူပကလာပ,
၅=ရူပ ပဝတ္တိက္ကမ, ဟု သင်္ဂဟ ၅ ရပ်ကို ပါဠိရှိတိုင်း မှတ်သားခဲ့ပါ။
လေ့ကျင့်ခန်း မေးခွန်းများ
က။ ဧတ္တာဝတာ ဝိဘတ္တာဟိ ဂါထာသည် ဘာကိုပြသော ဂါထာနည်း။
ခ။ သပ္ပဘေဒ၌ "ပဘေဒ" အရ အဘယ်ကို ဥဒ္ဒေသ နိဒ္ဒေသ ပဋိနိဒ္ဒေသ ဟု
ခေါ်သနည်း။
ဂ။ စိတ်၏ ဥဒ္ဒေသ နိဒ္ဒေသ စေတသိက်၏ ဥဒ္ဒေသ နိဒ္ဒေသကို လင်္ကာ
ထောက်၍ ကောက်ပြပါ။
ဃ။ ပဋိနိဒ္ဒေသ စကားကိုလည်း လင်္ကာထောက်၍ ကောက်ပြပါ။
င။ သပ္ပဘေဒ ပဝတ္တိကာ၌ အဘယ်ကို "ပဝတ္တိ" ဟု ခေါ်သနည်း။
ထို ပဝတ္တိကို ပြသော အပိုင်းကား ဘယ်အပိုင်းများနည်း။
စ။ ရုပ်ပိုင်းလာ သင်္ဂဟ ၅ ရပ်ကို သင်္ဂြိုဟ်ထောက်၍ ရေတွက်ပါ။
## Trang 171
၁။ စတ္တာရိ – လေးပါးကုန်သော၊ မဟာဘူတာမှိ – မဟာဘုတ်တို့၎င်း၊ စတုန္နံ လေးပါးကုန်သော၊ မဟာဘူတာနံ မဟာဘုတ်တို့ကို၊ ဥပါဒါယရူပံစ-မှီ၍ ဖြစ်သော ရုပ်၎င်း၊ ဣတိ – ဤသို့၊ ဒုဝိဓမ္ပိ – နှစ်ပါး အပြားရှိသည်လည်း ဖြစ်သော၊ ဧတံရူပံ – ဤ ရုပ်သည်၊ ဧကာဒသဝိဓ တစ်ဆယ့်တစ်ပါး အပြားအားဖြင့်၊ သင်္ဂဟံ – ပေါင်းယူအပ်သည်၏ အဖြစ်သို့၊ ဂစ္ဆတိ-ရောက်၏။
ရူပသမုဒ္ဒေသ — [သံ+ဥဒ္ဒေသ၊ သံ = အကျဉ်းချုပ် + ဥဒ္ဒေသ = ထုတ်ပြခြင်း။] ရုပ် ၂၈ ပါးကို အကျဉ်း သရုပ်မျှ ထုတ်ပြရာ စကားရှင်ကို "ရူပသမုဒ္ဒေသခဏ်း" ဟု ခေါ်သည်။
မဟာဘုတ်နှင့် ဥပါဒါရုပ်ခွဲ
၁။ စတ္တာရိမဟာဘူတာနိ− [မဟာ+ဘူတ။ မဟာ='ကြီးကျယ်သည်ဖြစ်၍'+ဘူတ = ထင်ရှားဖြစ်သော ရုပ်များ။] အခြားသော ရုပ်များထက် သဘောလက္ခဏာ အားဖြင့်၎င်း၊ အထည်ဒြဗ် အားဖြင့်၎င်း၊ ကြီးကျယ် ထင်ရှားသော ရုပ်ကို "မဟာဘူတ=မဟာဘုတ်" ခေါ်သည်။
စတုန္နဉ္စ ၊ ပေ ၊ ဥပါဒါယရူပံ — ဤ ဥပါဒါရုပ်များကား ၂၄ ပါးရှိ၏။ ယခင် မဟာဘုတ်စုကို ခြယ်လှယ်သော အမွှန်းတင် ရုပ်များပေတည်း။
ဣတိ ဒုဝိဓမ္ပိ ၊ ပေ ၊ ဂစ္ဆတိ — ဤသို့ အချုပ်အားဖြင့် မဟာဘုတ်-ဥပါဒါရုပ်ဟု ရုပ် ၂ မျိုး ပြား၏၊ ၎င်း နှစ်မျိုးကို သဘောတူပေါင်း၍ ခွဲလျှင် ၁၁ ပါး ပြားပြန်၏၊ ၁၁ ပါး သရုပ်ကို ယခုပင် ထုတ်ပြလိုသည်ဖြစ်၍ ကထံ ဟူသော ပုစ္ဆာကို ထုတ်ပြတော်မူသည်။
နိဿယနှင့်အဓိပ္ပါယ်
၃၃၇
၂။ ပထဝီဓာတု - ပထဝီဓာတ်သည်၎င်း၊ အာပေါဓာတု-အာပေါဓာတ်သည်၎င်း၊ တေဇောဓာတု-တေဇောဓာတ်သည်၎င်း၊ ဝါယောဓာတု ဝါယောဓာတ်သည်၎င်း၊ ဘူတရူပံနာမ-ဘူတရုပ် မည်၏။ [မဟာဘုတ်လည်း ခေါ်၏။]
၃။ စက္ခု-စက္ခုသည်၎င်း၊ သောတံ-သောတသည်၎င်း၊ ဃာနံ – ဃာနသည်၎င်း၊ ဇိဝှါ – ဇိဝှါသည်၎င်း၊ ကာယော-ကာယသည်၎င်း၊ ပသာဒရူပံနာမ-ပသာဒရုပ် မည်၏။
၂။ မဟာဘုတ် ၄။ ။မိမိသဘောကို ဆောင်နိုင်သော (မိမိသဘောအတိုင်း ထင်ရှားသော) အရာကို "ဓာတု=ဓာတ်" ဟု ခေါ်သည်။
ပထဝီ … မြေဓာတ်။
အာပေါ = ရေဓာတ်။
တေဇော=အငွေ့ဓာတ်။ ဝါယော = လေဓာတ်။
တေဇောကို မီးဓာတ် ဟု ပြောဆိုရိုး ရှိကြ၏၊ သီတတေဇော-အအေးငွေ့၊ ဥဏှတေဇော-အပူငွေ့ ဟု နှစ်မျိုး ရှိရကား "အငွေ့ဓာတ်" ဟု ရေးသည်။
၃။ ပသာဒရုပ် ၅။ ။အကြည်ဓာတ်ကို "ပသာဒ" ဟု ခေါ်၏။
စက္ခုပသာဒ = မျက်စေ့အကြည်။ [မျက်လုံးအတွင်း မျက်နက်ဝန်း အလယ်၊ သူငယ်ရိပ်ထင်ရာအရပ်၌ စက္ခုပသာဒရုပ်ပေါင်းများစွာ ပြန့်နှံ့လျက်ရှိသည်။]
သောတပသာဒ = နားအကြည်။ [နားပေါက်အတွင်း လက်စွပ်ကွင်းနှင့် သဏ္ဌာန်တူသော အရပ်၌ သောတပသာဒရုပ်ပေါင်း များစွာ ပြန့်နှံ့လျက်ရှိသည်။]
ဃာနပသာဒ = နှာခေါင်းအကြည်။ [နှာခေါင်းအတွင်း ဆိတ်သတ္တဝါ၏ ခွါနှင့် သဏ္ဌာန်တူသော အရပ်၌ ဃာနပသာဒရုပ်ပေါင်း များစွာ ပြန့်နှံ့လျက် ရှိသည်။]
## Trang 172
၄။ ရူပံ-အဆင်း အရောင်သည်၎င်း၊ သဒ္ဒေါ- အသံသည်၎င်း၊ ဂန္ဓော – အနံ့သည်၎င်း၊ ရသော – အရသာသည်၎င်း၊ အာပေါဓာတု ဝိဝဇ္ဇိတံ-အာပေါဓာတ်သည် ကြဉ်အပ်သော၊ ဘူတတ္တယသင်္ခါတံ-ဘူတရုပ် သုံးခုတို့၏ အပေါင်းဟု ဆိုအပ်သော၊ ဖေါဋ္ဌဗ္ဗံ – တွေ့ထိအပ်သော အတွေ့သည်၎င်း၊ ဂေါစရရူပံနာမ-ဂေါစရရုပ် မည်၏။
ဇိဝှါပသာဒ = လျှာအကြည်။ [လျှာ၏အလယ်၌ ကြာပွင့် အဖတ်ဖျားနှင့် အလားတူသော အရပ်၌ ဇိဝှါပသာဒရုပ်ပေါင်းများစွာ ပြန့်နှံ့လျက်ရှိသည်။]
ကာယပသာဒ = ကိုယ်အကြည်။ [အသားမာ အရေခြောက်နှင့် ခြေသည်းလက်သည်းဖျား ဆံပင်အမွေးဖျားမှ တစ်ပါး တစ်ကိုယ်လုံး၌ ကာယပသာဒရုပ်ပေါင်းများစွာ ပြန့်နှံ့လျက် ရှိသည်။]
၄။ ဂေါစရရုပ် ၇။ ။အာရုံဖြစ်သော ရုပ်တရားကို "ဂေါစရ" ရုပ် ဟု ခေါ်သည်။ "ဝိသယရုပ်" ဟုလည်း ခေါ်၏၊ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖေါဋ္ဌဗ္ဗာရုံ ဟု ပါဠိရှိတိုင်း ရေတွက်လေ။
အာပေါဓာတု ၊ ပေ ၊ ဖေါဋ္ဌဗ္ဗံ — ဖေါဋ္ဌဗ္ဗာရုံကား ရုပ် သီးခြား မဟုတ်၊ ပထဝီ တေဇော ဝါယော ဓာတ်ကြီး ၃ ပါးကိုပင် တွေ့ထိကောင်းသောကြောင့် ဖေါဋ္ဌဗ္ဗာရုံ ဟု ခေါ်၏၊ အာပေါဓာတ်ကား အလွန် သိမ်မွေ့သည့်အတွက် တွေ့ထိ၍ မရကောင်းသောကြောင့် ဖေါဋ္ဌဗ္ဗာရုံအဖြစ်မှ ကြဉ်ရ၏၊ အကျယ်ကို ဘာသာဋီကာမှာ ရှု။
[ဆောင်] အာပေါဓာတ်လေ့၊ လွန်သိမ်မွေ့သဖြင့်၊ ထိတွေ့စမ်းသပ်၊ မရအပ်၊ ဖေါဋ္ဌဗ် မမည်ထိုက်။
နိဿယနှင့်အဓိပ္ပါယ်
၃၃၉
၅။ ဣတ္ထိတ္တံ-ဣတ္ထိ၏ဖြစ်ကြောင်းရုပ်သည်၎င်း၊ ပုရိသတ္တံ-ပုရိသ၏ ဖြစ်ကြောင်း ရုပ်သည်၎င်း၊ ဘာဝရူပံနာမ-ဘာဝရုပ် မည်၏။
၆။ ဟဒယဝတ္ထု – ဟဒယဝတ္ထုသည်၊ ဟဒယရူပံနာမ-ဟဒယရုပ် မည်၏။
၇။ ဇီဝိတိန္ဒြိယံ-ဇီဝိတိန္ဒြေသည်၊ ဇီဝိတရူပံနာမ-ဇီဝိတရုပ် မည်၏။
၅။ ဘာဝရုပ် ၂။ ။အထီး အမ ဖြစ်ဘို့ရန် အကြောင်းခံ ဖြစ်သော ရုပ်ကို "ဘာဝ" ရုပ် ဟု ခေါ်သည်၊ ဣတ္ထိဘာဝရုပ်သည့် အမ သတ္တဝါတို့၏ တစ်ကိုယ်လုံး၌ ပြန့်နှံ့၍ တည်၏၊ ပုရိသဘာဝရုပ်သည့် အထီး သတ္တဝါတို့၏ တစ်ကိုယ်လုံး၌ ပြန့်နှံ့၍တည်၏၊ [အထီး အမတို့၏ အင်္ဂါဇာတ်ကို ဘာဝရုပ်ဟု မှတ်မှားတတ်သည်။ ထို အရာဝတ္ထုကား ဘာဝရုပ် မဟုတ်၊ ဘာဝရုပ်အတွက် ထင်ရှားသော အကျိုးဆက်သာတည်း။]
၆။ ဟဒယဝတ္ထုရုပ် ၁။ ။သားမြတ်နှစ်ခု အလယ် နှလုံးအိမ်၏ အတွင်း၌ ပုန်းညက်စေ့ခန့် ကျယ်သော တွင်းငယ်ရှိ၏၊ ထို တွင်းငယ်၌ သွေးများစွာရှိ၏၊ ထိုသွေးများကို ပြန့်နှံ့လျက် ၍ ဟဒယဝတ္ထုရုပ်ပေါင်း များစွာ ရှိသည်၊ ဆိုင်ရာ စိတ် စေတသိက်များ၏ မှီရာ ဝတ္ထုရုပ်ပေတည်း။
၇။ ဇီဝိတရုပ် ၁။ ။ဤ ဇီဝိတကား ကံကြောင့်ဖြစ်သော ရုပ်တို့၏ အသက်ပေတည်း၊ ဤရုပ်လည်း တစ်ကိုယ်လုံးမှာ ပြန့်နှံ့လျက် တည်သည်။
[ဆောင်] ဘော-ပသာဒ၊ ဇီဝိတ၊ သုက္က သွေး သည်းခြေ၊ အစိုကာယ၊ ရှိသမျှ၊ မုချ အနှံ့နေ။
[ဘော=ဘာဝရုပ်။ ။ပသာဒ=ကာယပသာဒ။ ။ဇီဝိတရုပ်။ ။သုက္က = သုက်ရည်။ သွေး။ သည်းခြေ။ ဤအရာဝတ္ထုများသည့် ခြောက်
## Trang 173
သွေ့သော အသားအရေမှ တစ်ပါး စိုစိုဖတ်ဖတ်ရှိသော တစ်ကိုယ်လုံး၌ ပြန့်နှံ့နေသည်၊ သုက်သွေး သည်းခြေ တို့ကား ရုပ် သီးခြား မဟုတ်၊ အာပေါဓာတ် လွန်ကဲသော ရုပ်အပေါင်းတည်း။]
၈။ ကဗဠီကာရော – အလုပ်အထွေး ပြုအပ်သော၊ အာဟာရော – အစာအာဟာရသည်၊ အာဟာရရူပံနာမ – အာဟာရရုပ် မည်၏။
၈။ အာဟာရရုပ် ၁။ ။ကဗဠ = အလုပ်+ကာရ = ပြုအပ်သော အစာ၊ ကဗဠီကာရ = အလုပ်ပြုအပ်သော အစာ။ (၎င်းအလုပ်ကို ခံတွင်းသို့ ဆောင်ယူခြင်းကို "အသွေး" ဟုလည်း ရှေးက သုံး၏၊) အလုပ် အဆုပ် အလွေးပြု၍ ရကောင်းသော အဖတ်ဖြစ်စေ အရည်ဖြစ်စေ အစာ ဟူသမျှကို "ကဗဠီကာရ" ဟု ခေါ်၏၊ ထို အစာအဟာရအတွင်း၌ ပါသော အဆီအနှစ် အစေးကို ပါဠိလို "သြဇာ" ဟု ခေါ်၏၊ ထိုသြဇာကိုမှ အာဟာရရုပ် ဟု ခေါ်သည်။
ငယ်ရွယ်သူများ၌ "ရသာရုံနှင့် သြဇာကို သဘောတူ" ဟု အထင်မှားတတ်၏၊ ရသာ ဟူသည် ချို ချဉ် စပ် ဖန် အငန် အခါး ဟူသော အရသာ ခြောက်ပါးတည်း၊ သြဇာကား ထိုထို အစာ၌ ပါသော အဆီ အနှစ် အစေးတည်း။
၉။ ဣတိစ၊ ပေ၊ သင်္ခံ ဂစ္ဆတိ — ဘူတရုပ် ၄၊ ပသာဒရုပ် ၅၊ ဝိသယ (ဂေါစရ)ရုပ် ၄၊ [၇ ရှိသော်လည်း ဖေါဋ္ဌဗ္ဗာရုံအတွက် ဘူတရုပ်၌ ပါပြီးဖြစ်၍ ၄ ပါးသာ ရေတွက်သည်၊] ဘာဝရုပ် ၂၊ ဟဒယ ဇီဝိတ အာဟာရရုပ် ၁ စီ၊ ပေါင်း ၁၈ ပါးတည်း၊ ဤ ၁၈ ပါးကို "သဘာဝရုပ်" စသည်ဖြင့် ခေါ်ဝေါ်ရသည်။ [သ = မိမိဥစ္စာဖြစ်သော+ဘာဝ-လက္ခဏာရှိသည်။]
[ဆောင်] ကိုယ်စီ, စသည့် မပျက်၊ ကိုယ့်လက္ခဏာ၊ ကိုယ်စီပါကြ၊ ဆယ့်နှစ်ဝ၊ သဘာဝရုပ် ခေါ်။
[အနိစ္စတာ၊ ဒုက္ခတာ၊ အနတ္တတာ စသော အများဆိုင်ရာ လက္ခဏာရှိသောကြောင့် "သလက္ခဏ" ရုပ် ဟုလည်း ခေါ်ရ၏။]
[ဆောင်] အနိစ္စတာ၊ အစဖြာသည့်၊ လက္ခဏာရှိကြ၊ ဆယ့်ရှစ်၊ သလက္ခဏ ခေါ်။
[ကံ စိတ် ဥတု အာဟာရ ဟူသော အကြောင်း တရားတို့သည် ဖြစ်စေအပ်သောကြောင့် "နိပ္ဖန္န" ရုပ် ဟုလည်း ခေါ်ရသည်။]
[ဆောင်] အကြောင်းတရား၊ ဆိုင်ရာများက၊ ဖြစ်ပွားစေအပ်၊ ပြီးစေအင်ကြ၊ ဆယ့်ရှစ်ဝ၊ နိပ္ဖန္န ဟု ခေါ်။
[ရုပ်ဆိုသည့်အတိုင်း ဖေါက်ပြန်တတ်သောကြောင့် ရူပရုပ်လည်း ခေါ်၏။]
[ဆောင်] ရုပ် ဆိုတိုင်းလျှင်၊ အဟုတ်ပင်တည်း၊ ရှေးအစဉ်၊ အသွင်ထူးခြား၊ ဖေါက်ပြားတတ်လှ၊ ဆယ့်ရှစ်ဝ၊ ရူပရုပ်ဟု ခေါ်။
[သံ = ကောင်းစွာ+မသန = သုံးသပ်အပ်သည်။ အနိစ္စ ဒုက္ခ အနတ္တ ဟူသော လက္ခဏာယာဉ် ၃ ပါးသို့တင်၍ သုံးသပ်ကောင်း-ကမ္မဋ္ဌာန်း စီးဖြန်း၍
## Trang 174
ရကောင်းသောကြောင့် "သံမသန" ရုပ် ဟု ခေါ်သည်၊ ကျန် ရုပ်များကား ထိုကဲ့သို့ မဟုတ်၍ အသဘာဝရုပ်၊ အလက္ခဏရုပ်၊ အနိပ္ဖန္နရုပ်၊ အရူပရုပ်၊ အသံမသန ရုပ်များတည်း။]
[ဆောင်] လက္ခဏာယာဉ်၊ တင်၍တပ်တပ်၊ သုံးသပ်အပ်စွ၊ ဆယ့်နှစ်ဝ၊ သံမသန ခေါ်။
လေ့ကျင့်ခန်း မေးခွန်းများ
(က)။ အဘယ်အခန်းကို ရူပသမုဒ္ဒေသခဏ်း ဟု ခေါ်သနည်း။
(ခ)။ အဘယ်ရုပ်မျိုးကို မဟာဘုတ် ဟု ခေါ်သနည်း။
(ဂ)။ အဘယ်ရုပ်ကို ဥပါဒါရုပ် ဟု ခေါ်သနည်း၊ မည်မျှရှိသနည်း။
(ဃ)။ အဘယ်ရုပ်ကို "ပသာဒ"ရုပ် ခေါ်သနည်း၊ သရုပ်ရေတွက်ပါ။ ထို ပသာဒရုပ်များ မည်သည့်အရပ်၌ ရှိကြသနည်း။
(င)။ အဘယ်ရုပ်ကို ဂေါစရရုပ် ဟု ခေါ်သနည်း၊ ရေတွက်ပါ။
(စ)။ အာပေါဓာတ်ကို အဘယ့်ကြောင့် ဖေါဋ္ဌဗ္ဗာရုံ အဖြစ်မှ ကြဉ်ရသနည်း၊ လင်္ကာထောက်ပါ။
(ဇ)။ အဘယ်ရုပ်ကို "ဘာဝ" ရုပ် ခေါ်သနည်း၊ ဘယ်မှာရှိသနည်း။
(ဈ)။ "ဟဒယ" ရုပ် "ဇီဝိတ" ရုပ်တို့ ဘယ်မှာ ရှိကြသနည်း။
(ည)။ အဘယ်ရုပ်ကို "အာဟာရ" ရုပ် ခေါ်သနည်း၊ အာဟာရနှင့် ရသကို ခွဲပြပါ။
(ဋ)။ အဘယ့်ကြောင့် သဘာဝရုပ် ခေါ်သနည်း၊ လင်္ကာထောက်ပါ။
(ဌ)။ အဘယ့်ကြောင့် သလက္ခဏရုပ် ခေါ်သနည်း၊ လင်္ကာထောက်ပါ။
(ဍ)။ အဘယ့်ကြောင့် နိပ္ဖန္နရုပ် ခေါ်သနည်း၊ လင်္ကာထောက်ပါ။
(ဎ)။ အဘယ့်ကြောင့် ရူပရုပ် ခေါ်သနည်း၊ လင်္ကာထောက်ပါ။
(ဏ)။ အဘယ့်ကြောင့် သံမသနရုပ် ခေါ်သနည်း၊ လင်္ကာထောက်ပါ။
နိဿယနှင့်အဓိပ္ပါယ်
၃၄၃
၁၀။ အာကာသဓာတု - အာကာသဓာတ်သည်၊ ပရိစ္ဆေဒရူပံနာမ-ပရိစ္ဆေဒရုပ် မည်၏။
၁၁။ ကာယဝိညတ္တိ-ကာယဝိညတ်သည်၎င်း၊ ဝစီဝိညတ္တိ-ဝစီဝိညတ်သည်၎င်း၊ ဝိညတ္တိရူပံနာမ-ဝိညတ်ရုပ် မည်၏။
၁၀။ ပရိစ္ဆေဒရုပ် ၁။ ။ရူပကလာပခဏ်း၌ ပြအပ်လတ္တံ့သော ရုပ်ကလာပ်တို့ကို တစ်ခုနှင့် တစ်ခု မရောယှက်လေအောင် ပိုင်းခြားတတ်သော အာကာသ (အကြား) ကို ပရိစ္ဆေဒရုပ် ဟု ခေါ်သည်၊ ဤ အာကာသဓာတ်သည့် ပရမတ်အစစ် မဟုတ်၊ ရုပ်ကလာပ် ၂ ခု ဖြစ်ပေါ်သည့်အခါ အလိုလို ပေါ်လာသော ပညတ်မျှသာတည်း၊ လက် ၂ ချောင်း ပူးကြည့်စမ်းပါ၊ အလိုလို အကြားတစ်ခု ပေါ်လာလိမ့်မည်၊ နောက် ဆိုလတ္တံ့ ရုပ်များလည်း ပရမတ်စစ် မဟုတ်ကြောင်း သိလေ။
၁၁။ ဝိညတ်ရုပ် ၂။ ။မိမိ အလိုဆန္ဒကို သူတစ်ပါးအား သိစေနိုင်သော အမူအရာ အထူးကို ဝိညတ်ရုပ်ဟု ခေါ်သည်၊ ကာယဝိညတ် ဟူသည့် ကိုယ်ဖြင့် သိစေတတ်သော အမူအရာတည်း၊ ဝစီဝိညတ်ကား နှုတ် (စကားသံ) ဖြင့် သိစေတတ်သော အမူအရာတည်း။
လက်ယပ်၍ ပြရာ၌ "လာစေလိုသည်" ဟု သူတစ်ပါးက သိနိုင်ခြင်းသည့် လက်ယပ်လိုက်သည့်တွင် ပါဝင်နေသော ကာယဝိညတ်ရုပ်၏ အစွမ်းပေတည်း၊ "လာခဲ့ပါ" ဟု အသံကိုပြုရာ၌ "လာစေလိုသည်" ဟု သူတစ်ပါးက သိနိုင်ခြင်းသည့် "လာခဲ့ပါ" ဟူသော စကားသံတွင် ပါဝင်သော ဝစီဝိညတ်ရုပ်၏ အစွမ်းပေတည်း၊ သစ်ပင် လှုပ်ဟန် ရထားခုတ်သံ စသည်တို့၌ ထိုလက်ယပ်မှ စကားပြောမှုနှင့် အလှုပ်ချင်း အသံချင်း တူပါလျက် – ဘာဆိုလိုမှန်း မသိရသည့်မှာ ထို ဝိညတ်မျိုး မပါသောကြောင့်တည်း။
## Trang 175
၁၂။ ရူပဿ-တိဇနိပ္ဖန္နရုပ်၏၊ လဟုတာ = ပေါ့ပါးသည်၏ အဖြစ်သည်၎င်း၊ မုဒုတာ – နူးညံ့သည်၏ အဖြစ်သည်၎င်း၊ ကမ္မညတာ-အမှု၌ ကောင်းသည်၏ အဖြစ်သည်၎င်း၊ ဝိညတ္တိဒွယံ-ဝိညတ်ရုပ် နှစ်ပါးအပေါင်းသည်၎င်း၊ ဝိကာရရူပံနာမ-မည်၏။
၁၂။ ဝိကာရရုပ် ၅။ ။ဝိ+ကာရ။ ဝိ = အထူး+ကာရ = အမူအရာ။ ထူးထွေခြားနားသော အမူအရာကို "ဝိကာရ" ရုပ်ဟု ခေါ်သည်။
တိဇနိပ္ဖန္နရုပ်၏ ထူးခြားသော အမူအရာသည် ရှေးကံကြောင့် ဖြစ်ရသော (ကမ္မဇ) ရုပ်များ၌ မရှိ၊ ယခု ဘဝတွင် စိတ် ဥတု အာဟာရ အကြောင်း ၃ ပါးကြောင့် ဖြစ်ရသော နိပ္ဖန္နရုပ်တို့၌သာ ရှိ၏၊ ထို့ကြောင့် "တိဇနိပ္ဖန္နရုပ်၏" ဟု ဆိုခဲ့ပေသည်၊ [တိ = အကြောင်း ၃ ပါးကြောင့်+ဇ = ဖြစ်သောရုပ်များ။]
လဟုတာ — စိတ်ချမ်းသာသည့်အခါ၊ အာဟာရ မျှတသည့်အခါ၊ ဥတု သာယာသည့်အခါတို့၌ ရုပ်ခန္ဓာ၏ ပေါ့ပေါ့ပါးပါး ရှိမှုသည့် ရိုးရိုးသာရာမှ ထူးခြားသော အမူအရာတည်း၊ ၎င်းအမူအရာကို "လဟုတာ" ဟု သမုတ်ရလေသည်။ [ရုပ်စစ် မဟုတ်။]
မုဒုတာ — ထို ဆိုအပ်ခဲ့သော အခါများ၌ ရုပ်ခန္ဓာ၏ နူးညံ့မှုသည် ထူးခြားသော အမူအရာပေတည်း၊ ထို အမူအရာကို "မုဒုတာ"ရုပ်ဟု သမုတ်ရလေသည်။
ကမ္မညတာ — ယခင်အခါတို့၌ ထိုထိုကိုယ်မှ နှုတ်မှဝယ် ရုပ်ခန္ဓာ၏ ကောင်းမွန်ခံ့ညားခြင်း ဖြတ်လတ် သွက်လက်ခြင်းသည့် ထူးခြားသော အမူအရာပေတည်း၊ ထို အမူအရာကို "ကမ္မညတာ" ရုပ် ဟု သမုတ်ရလေသည်။ [ဝိညတ်၏ ထူးခြားသော အမူအရာဖြစ်ပုံကို ဆိုခဲ့ပြီ။]
နိဿယနှင့်အဓိပ္ပါယ်
၃၄၅
၁၃။ ရူပဿ-နိပ္ဖန္နရုပ်၏၊ ဥပစယော – အစတစ်မျိုး တိုး၍ တစ်ဖုံ၊ ရုပ်မစုံခင်၊ ဖြစ်ခြင်းဟူသမျှသည်၎င်း၊ သန္တတိ-ထို နေခံဆက်စပ်၊ အထပ်ထပ် ဖြစ်ခြင်းသည်၎င်း၊ ဇရတာ = ရင့်ရော်သည်၏ အဖြစ်သည်၎င်း၊ အနိစ္စတာ – မမြဲသည်၏ အဖြစ်သည်၎င်း၊ လက္ခဏရူပံနာမ-လက္ခဏရုပ် မည်၏။ [ပန−အမှာ စကားချပ်၊ ညှပ်လိုက်ချုပ်အံ့၊ ဧတ္ထ=၏ လက္ခဏရုပ်၌၊]
၁၃။ လက္ခဏရုပ် ၄။ ။ဥပါဒ် ဌီ ဘင် (ဖြစ် တည် ပျက်) ဟူသော အမှတ်လက္ခဏာကို မြင်သဖြင့် "နိပ္ဖန္နရုပ်စုကို ပညတ်မဟုတ်၊ ရုပ်ပရမတ်" ဟု သိနိုင်ရကား ၍ ဥပစယ စသည်ကို လက္ခဏရုပ် ဟု သမုတ်ရလေသည်။
ဥပစယ —— ဥပသဒ္ဒါသည် "အစ" ဟူသော အနက် "အထက်၌" ဟူသောအနက်ကို ဟော၏၊ စယ သဒ္ဒါကား "ဖြစ်ခြင်း" ဟူသော အနက်ကို ဟော၏၊ ထိုကြောင့် ပဋိသန္ဓေတည်စ၌ ပဌမ ဖြစ်ခြင်း - ထိုနောက် တစ်ဘဝအတွက် ရထိုက်သမျှ ရုပ်များ ပြည့်စုံသည့်တိုင်အောင် အထက် အထက်၌ တိုးတက်၍ ဖြစ်ခြင်းကို "ဥပစယ" ဟူ၍ ဆိုအပ်၏။
သန္တတိ — တစ်ဘဝ အတွက် ရထိုက်သမျှ ရုပ်များ ပြည့်စုံသည့်ကစ၍ အစဉ်မပြတ် ထပ်ကာထပ်ကာ ဖြစ်ခြင်း (ဥပါဒ်ခြင်း) ကို "သန္တတိ" ဟု ဆိုသည်။ [သံ+တတိ။ သံ=ဆက်စပ်၍(ထပ်၍) +တတိ=ကျယ်ပွားခြင်း၊ ဖြစ်ခြင်း]
ဤစကား ၂ ရပ်ဖြင့် ရုပ်တို့၏ ဥပါဒ်ကိုပင် အခါကာလအလိုက် ဥပစယဟူ၍၎င်း၊ သန္တတိ ဟူ၍၎င်း ခေါ်ဆိုရသည်ဟု မှတ်။
[ဆောင်] (က) တစ်ဘဝ၌၊ စ၍ ဖြစ်အင်၊ မစုံခင် ဆက်၊ အထက်ထက်၌၊ တိုးတက် ဖြစ်မှ၊ ဥပါဒ်စု၊ ဥပစယ ခေါ်။
(ခ) တစ်ဘဝ၌၊ ဖြစ်ကြလေရိုး၊ ရုပ်မျိုးသီးသီး၊ စုံပြီးနေထပ်၊ ဥပါဒ်လေဘိ၊ များစွာရှိ၊ သန္တတိချည် ခေါ်။
## Trang 176
ဇာတိရူပမေဝ - ဇာတိရုပ် တစ်ခုထည်းကိုပင်၊ ဥပစယသန္တတိ
နာမေန - ဥပစယ သန္တတိ အမည်ဖြင့်၊ ပဝုစ္စတိ – နှစ်မျိုး ခွဲ၍
ဆိုအပ်၏။ ဣတိ-ဤသို့၊ ဧကာဒသဝိဓမ္ပိ-တစ်ဆဲ့တစ်ပါး အပြား
ရှိသည်လည်းဖြစ်သော၊ ဧတံရူပံ- ဤရုပ်သည်၊ သရူပဝသေန-
သရုပ် သကောင်၏ အပြားအားဖြင့်၊ အဋ္ဌဝီသတိဝိဓံ - နှစ်ဆဲ့
ရှစ်ပါး အပြားရှိသည်၊ ဟောတိ-ဖြစ်၏။
သင်္ဂဟဂါထာ
ဘူတ-ပသာဒ ဝိသယာ- ဘူတရုပ် ပသာဒရုပ်
ဝိသယရုပ်တို့၎င်း၊ ဘဝေါ- ဘာဝရုပ်၎င်း၊ ဟဒယံ – ဟဒယ
ဝတ္ထု၎င်း၊ ဣစ္စဝိ-ဤသို့လည်း၊ ဇီဝိတာဟာရ ရုပေဟိ-ဇီဝိတ
အာဟာရရုပ်တို့နှင့်တကွ၊ အဋ္ဌာရသဝိဓံ - တစ်ဆဲ့ရှစ်ပါးအပြား
ရှိသော နိပ္ဖန္နရုပ်၎င်း၊ တထာ – ထိုမှ တစ်ပါး၊ ပရိစ္ဆေဒေါစ –
ပရိစ္ဆေဒရုပ်၎င်း၊ ဝိညတ္တိ-ဝိညတ်ရုပ်၎င်း၊ ဝိကာရော-ဝိကာရ
ရုပ်၎င်း၊ လက္ခဏံ-လက္ခဏရုပ်၎င်း၊ ဣတိစ-သို့လည်း၊ ဒသ-
ဆယ်ပါးကုန်သော၊ အနိပ္ဖန္နာစ - အနိပ္ဖန္နရုပ်တို့၎င်း၊ ဣတိ -
ဤသို့၊ အဋ္ဌဝီသဝိဓံ-နှစ်ဆဲ့ရှစ်ပါး အပြားရှိသည်၊ ဘဝေ-ဖြစ်၏။
အယံ-ဤသည်ကား၊ ဆဋ္ဌ- ရူပပရိစ္ဆေဒ၌၊ ရူပသမုဒ္ဒေသော-
ရူပသမုဒ္ဒေသတည်း။
က။ လေ့ကျင့်ခဏ်း မေးခွန်းများ
အဘယ်ကို ပရိစ္ဆေဒရုပ် ဟု သမုတ်သနည်း။
ခ။ အဘယ်ကို ဝိညတ်ရုပ် ဟု သမုတ်သနည်း၊ မည်မျှပြားသနည်း။
ဂ။ အဘယ်ကို ဝိကာရရုပ် ဟု သမုတ်သနည်း၊ မည်မျှ ပြားသနည်း။
ဃ။ လဟုတာ စသော ၃ ပါး၏ သဘောကို ပြပါ။
င။ အဘယ်ကို လက္ခဏရုပ် ဟု သမုတ်သနည်း၊ မည်မျှ ပြားသနည်း။
စ။ ဥပစယနှင့် သန္တတိအထူးကို လင်္ကာထောက်၍ ပြပါ။
ဆ။ ဥပစယနှင့် သန္တတိကို သုတ္တန်ပါဠိအလို ဘယ်ရုပ် ဟု ဆိုမည်နည်း။
ဇ။ သင်္ဂဟဂါထာကို အနက်ပေး၍ ရုပ်အမျိုးအမည် ၁၁ ကိုရေတွက်ပါ။
ဈ။ ဘူတရုပ် ၄၊ ပသာဒရုပ် ၅ စသည်ဖြင့် ၂၈ ပါးသရုပ်ကို ရေတွက်ပါ။
ည။ ရုပ် ၂၈ ပါးသရုပ်ကို ရေတွက်ရာ၌ ဝိသယရုပ် ၇ ပါး ဝိကာရရုပ် ၅ ပါး
ရှိပါလျက် အဘယ့်ကြောင့် ဝိသယရုပ် ၅ ပါး ဝိကာရရုပ် ၃ ပါးဟုသာ
ရေတွက်ရသနည်း။
ဋ။ နိပ္ဖန္နရုပ် အနိပ္ဖန္နရုပ်တို့ မည်မျှစီ ရှိသနည်း၊ ရေတွက်ပါ။
ရူပသမုဒ္ဒေသ ပြီး၏။
## Trang 177
ပန-အဘို့တစ်ပါးကား၊ ဣစ္စေဝံ – ဤဆိုအပ်ပြီး
နည်းဖြင့်၊ ဂဟိတပဋိသန္ဓိကာနံ-ယူအပ်
ပြီးသော ပဋိသန္ဓေ ရှိသူတို့၏၊ ပဋိသန္ဓိ နိရောဓာနန္တရတော-
ပဋိသန္ဓေစိတ် ချုပ်ခြင်း၏ အခြားမဲ့မှ၊ ပဘုတိ – စ၍၊ တမေဝ
အာရမ္မဏံ-ထို ပဋိသန္ဓေစိတ်၏ အာရုံကိုပင်၊ အာရဗ္ဘ – အာရုံ
ပြု၍၊ တဒေဝစိတ္တံ-ထိုပဋိသန္ဓေစိတ်သည်ပင်၊ ယာဝ စုတိစိတ္တုပ္ပါဒါ – စုတိစိတ် ဖြစ်ရာကာလ တိုင်အောင်၊ ပဝတ္တတိ-
ဘဝင်နှင့် စုတိ။ ။ ဣစ္စေဝံ ဂဟိတ၊ပေ၊ပဝတ္တတိ-ဤစကားကား ပဋိ
သန္ဓေနောက်မှစ၍ ဘဝင်စိတ် ဖြစ်ပုံကိုပြသော စကားတည်း၊ ဤ ဆိုခဲ့သည့်
အတိုင်း ပဋိသန္ဓေနေသူတို့ သန္တာန်၌ ( ဥပါဒ် ဌီ ဘင် စေ့၍ ) ပဋိသန္ဓေစိတ်
ချုပ်သည်၏ အခြားမဲ့၌ ၁၅ကြိမ် ၁၆ ကြိမ်ခန့် ဘဝင်ဆက်လက်၍ ဖြစ်သည်။
တဒေဝ အာရမ္မဏံ အာရဗ္ဘ — ထို ဘဝင်များသည် ပဋိသန္ဓေစိတ် ယူအပ်
သော အာရုံကိုပင် လိုက်၍ယူကြသည်၊ ပဋိသန္ဓေစိတ်က ကံကိုအာရုံပြုလျှင် ထို
ဘဝအတွက် ဘဝင်တို့လည်း ကံကိုချည်း အာရုံပြုရမည်-စသည်ဖြင့် သိလေ။
တဒေဝ စိတ္တံ = ပဋိသန္ဓေစိတ်နှင့် ဘဝင်စိတ်သည် တစ်မျိုးထည်းဖြစ်သော
ကြောင့် သဒိသူပစာနည်းဖြင့် "တဒေဝစိတ္တံ-ထို ပဋိသန္ဓေစိတ်"ဟု ဆိုသည်၊
စင်စစ်မှာ ပဋိသန္ဓေစိတ်က ချုပ်ပြီးဖြစ်၍ ထိုဘဝ၌ ထပ်၍ မဖြစ်နိုင်တော့ပြီ၊
ထို ပဋိသန္ဓေစိတ်နှင့် အလားတူ စိတ်သာလျှင် ဘဝင်ကိစ္စ တပ်၍ ဖြစ်ခွင့်ရှိ
တော့သည်၊ ဥပမာ – ခြောက်ပါးဆေးကို ဘုဉ်းပေးလေ့ရှိသော ဘုဉ်းတော်
ကြီးသည် မနေ့ကစားပြီးနောက် ယနေ့တစ်ဖန် "မနေ့တုန်းက ဆေးကလေးကို
ကပ်စမ်းပါဦး" ဟု ဆိုပြန်ရာ၌ မနေ့တုန်းက ဆေးမှာ စားပြီးဖြစ်ရကား ထို
ဆေးနှင့်တူသော ၆ ပါးဆေးကိုပင် "မနေ့ကဆေး" ဟု ခေါ်သကဲ့သို့တည်း၊
ထို့ကြောင့် ပဋိသန္ဓေစိတ်က မဟာဝိပါက် ပဌမစိတ် ဖြစ်လျှင် တစ်ဘဝလုံး
အတွက် ဘဝင်များလည်း မဟာဝိပါက် ပဌမ စိတ်ချည်း ဖြစ်၏-စသည်ဖြင့်
သိလေ။
ဝီထိစိတ် ဖြစ်ခြင်းသည်၊ အသက္က မရှိလျှင်သော်၊ ဘဝဿ-
ဘဝ၏၊ အင်္ဂဘာဝေန – အကြောင်း၏ အဖြစ်ကြောင့်၊ ဘဝင်္ဂ
သန္တတိသင်္ခါတံ-ဘဝင်အစဉ်ဟု ဆိုအပ်သော၊ မာနသ-စိတ်
သည်၊ အဗ္ဗောစ္ဆိန္နံ – မပြတ်မစဲ၊ နဒီသောတော ဝိယ- မြစ်ရေ
အယဉ်ကဲ့သို့၊ ပဝတ္တတိ-ဖြစ်၏၊ ပရိယောသာနေ စ-ဘဝအဆုံး
၌လည်း၊ စဝနဝသေန ရွေ့လျောခြင်း၏အစွမ်းဖြင့်၊ စုတိစိတ္တံ-
စုတိစိတ်သည်၊ ဟုတွာ-ဖြစ်၍၊ နိရုဇ္ဈတိ-ချုပ်၏။
သံသရာစက် လည်ပုံ တတော-ထို စုတိစိတ်မှ၊ ပရဉ္စ-နောက်၌
လည်း၊ ပဋိသန္ဓာဒိဝသေန-ပဋိသန္ဓေ အစရှိ
သော စိတ်တို့သည်၊ ရထစက္ကမိဝ-ရထားစက်ဘီးသည်ကဲ့သို့၊
ပရိဝတ္တန္တိ-အဆက်ဆက်လည်ကုန်လျက်၊ ပဝတ္တန္တိ-ဖြစ်ကုန်၏။
ဘဝဿ အင်္ဂဘာဝေန-ဤကား "ဘဝင်" ပုဒ်၏ အနက်ကို ပြသော
စကားတည်း၊ "ဘဝဿ+အင်္ဂ = ဘဝင်္ဂ" ဝီထိစိတ် ပြတ်သည့်အခါ ဘဝင်
ဆက်၍မဖြစ်လျှင် ဘဝပြတ်၍ စုတေရတော့၏၊ ထိုကြောင့် ဘဝင်ကို "ဘဝ၏
အကြောင်း ဖြစ်သော ( ဘဝ မပြတ်အောင် ဆက်စပ်ပေးသော ) စိတ်" ဟု
ဆိုရသည်၊ ထိုဘဝင်စိတ်များသည် အကြိမ်ပေါင်းများစွာဆက်၍ မြစ်ရေအယဉ်
စီးသကဲ့သို့ ဖြစ်လေသည်။
ပရိယောသာနေ စ ၊ ပေ ၊ နိရုဇ္ဈတိ-ဘဝ ဆုံးသည့် အခါ၌လည်း
ထို ပဋိသန္ဓေစိတ်နှင့် အလားတူ စိတ်သည်ပင်လျှင် စုတိစိတ် ဖြစ်၍ ချုပ်၏၊
ဤစကားစဉ်ဖြင့် "တစ်ဘဝ တစ်ဘဝ၌ ပဋိသန္ဓေဘဝင် စုတိစိတ်ဟူ၍ တစ်မျိုးထည်း
သာ ဖြစ်၍ တစ်မျိုးထည်းသော အာရုံကို ယူကြကုန်၏" ဟု ပြသည်၊ "ပဋိသန္ဓေ
ဘဝင်္ဂစုတိ" စသော ဂါထာစကားနှင့် အဓိပ္ပါယ်တူပင်တည်း။
## Trang 178
ယထာက္ကမံ ဝ - အကြင်အကြင် အစဉ်ရှိတိုင်း သာလျှင်၊ ပရိ
ဝတ္တန္တိ-အဆက်ဆက်လည်ကုန်လျက်၊ ပဝတ္တန္တိ-ဖြစ်ကုန်၏။
နိဂုံး
ဣဓ- ပစ္စုပ္ပန် ဘဝ၌၊ ပဋိသန္ဓေ ဘဝင်္ဂစုတိယော – ပဋိ
သန္ဓေ ဘဝင် စုတိစိတ်တို့သည်၎င်း၊ စုတိစ – စုတိစိတ်
သည်၎င်း၊ (ပရိဝတ္တန္တိ ယထာ - ဆက်ကာ ဆက်ကာ ဖြစ်ကုန်
သကဲ့သို့၊ ) တထာ- ထို့အတူ၊ ဘဝန္တရေ- ဘဝတစ်ပါး၌၊ ပုန-
တစ်ဖန်၊ စုတိဘဝင်္ဂါဒိ- ပဋိသန္ဓေဘဝင် အစရှိသော၊ (ဣတိ
သဒ္ဒါ-အာဒိနှင့် အနက်တူ၊) အယံစိတ္တသန္တတိ- ဤ စိတ်အစဉ်
သည်၊ ပရိဝတ္တတိ-ဆက်ကာ ဆက်ကာ ဖြစ်၏။
သံသရာစက် လည်ပုံ
တတော ပရဉ္စ၊ပေ၊ ပဝတ္တန္တိ-ဤစကားကား သံသရာစက် လည်ပုံကို
ပြသောစကားတည်း၊ စုတိစိတ် ချုပ်ပြီးနောက်၌လည်း (ရဟန္တာ မဖြစ်သေး၍
ဘဝဇာတ် မသိမ်းသေးလျှင်) ပဋိသန္ဓေ ဘဝင် စုတိ ဟူသော စိတ်တို့သည်
ရထား၌ တပ်ထားအပ်သော စက်ဘီး၏ လည်ပုံကဲ့သို့ ဆက်ကာ ဆက်ကာ
ချာချာ ရစ်ပတ် မပြတ် ဖြစ်ပြန်တော့သည်။
ဝီထိနှင့် ဝီထိမုတ်ပိုင်း နိဂုံး
"ပဋိသန္ဓိဘဝင်္ဂဝီထိယော"စသော ဂါထာလည်း သံသရာစက်လည်ပုံ
ပြလျက် "ဝီထိပိုင်း-ဝီထိမုတ်ပိုင်း" ၂ ပိုင်းလုံးကိုပင် နိဂုံးအုပ်သော ဂါထာ
တည်း၊ ဤ ပစ္စုပ္ပန်ဘဝ၌ ပဋိသန္ဓေ ဘဝင် စုတိများ ဆက်ကာ ဆက်ကာ
ဖြစ်ကြသကဲ့သို့ နောင်ခံဘဝ၌လည်း ဤနည်းအတိုင်း (နိဗ္ဗာန် မရမခြင်း) ဖြစ်ပြန်
လေသည်-ဟူလို။
ပန-သံသရာစက်ပြတ်ကိန်းကား၊ ဗုဓာ-
သံသရာစက် ပြတ်ကိန်း
တိဟိတ်ပဋိသန်, ပင်ကိုယ်ဉာဏ် ရှိသူ
တို့သည်၊ စိရာယ-ကြာမြင့်စွာသောကာလပတ်လုံး၊ သဗ္ဗတာ-
သီလဖြူစင်, ဓူတင်ကိုဖြည့်, သမာဓိလောင်း, ကောင်းသော
အကျင့်ရှိကုန်သည်ဖြစ်၍၊ ဧသံ- စိတ်စေတသိက်, ပေါင်းကြိတ်
တည်ထွင်, ဤ ဖြစ်ပုံ အစီအစဉ်ကို၊ အဒ္ဓုဝံ-ဖြစ်ချည်ပျက်ချည်,
အမြဲ မတည်ပါတကား ဟူ၍၊ ပဋိသင်္ခါယ – ဝိပဿနာဉာဏ်
ပညာဖြင့်, ထင်စွာသိမျှ, ကြည့်ရှုဆင်ခြင်ကြကုန်သည် ရှိသော်၊
အစ္စုတံ-စုတေရွေ့လျော, သေရခြင်းသဘော မရှိသော၊ ပဒံ-
နိဗ္ဗာန်ကို၊ အဓိဂစ္ဆန္တိ-မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့်, အမှန်သိခြင်း
ကြောင့်၊ သုသမုစ္ဆိန္န သိနေဟဗန္ဓနာ - ကြွင်းမဲ့ သွေ့ခြောက်,
ဖြတ်တောက်အပ်ပြီး, တဏှာ တည်းဟူသော အစေး အဖွဲ့
ရှိကြကုန်သည်ဖြစ်၍၊ သမံ-သင်္ခါရ ခပ်သိမ်းတို့၏, ပြတ်ငြိမ်း
ရာမှန်, ဧကံနိဗ္ဗာန်သို့၊ ဂစ္ဆန္တိ – ဧကန်ထုတ်ချောက်, ရောက်ရ
ကုန်လတ္တံ့။
အဘိဓမ္မတ္ထသင်္ဂဟေ၊ ဝီထိမုတ္တသင်္ဂဟ ဝိဘာဂေါ နာမ-
ဝီထိမုတ္တသင်္ဂဟဝိဘာဂ မည်သော၊ ပဉ္စမော – ငါးခုမြောက် ပိုင်း တို့၏
ပြည့်ကြောင်းဖြစ်သော၊ ပရိစ္ဆေဒေါ-သည်၊ ဣတိ-ပြီးပြီ။
သံသရာစက် ပြတ်ကိန်း
ပဋိသင်္ခါယ ပနေတံ အဒ္ဓုဝံ-ဂါထာကား သံသရာစက် ပြတ်နိုင်သော ကိန်းကို
ပြညွှန်းလျက် တိုက်တွန်းကြောင်း ဖြစ်သော "ဥယျောဇဉ်" ဂါထာတည်း၊
အဓိပ္ပါယ်ကို အနက်အတိုင်း သိလေ။
## Trang 179
၁။ ပန-အဘို့တစ်ပါးကား၊ သဗ္ဗဉ္စ-အလုံးစုံလည်း
ဖြစ်သော၊ ဧတံရူပံ - ဤရုပ်သည်၊ အဟေတုကံ
ဝ-အဟေတုကချည်သာတည်း၊ [အပ္ပဟာတဗ္ဗံ ဝ မှ ဧဝကို
ပုဒ်တိုင်းလိုက်၍ပေး၊ သပ္ပစ္စယံဝ-သပ္ပစ္စယချည်သာတည်း၊
သာသဝံဧဝ – သာသဝချည်သာတည်း၊ သင်္ခတံဧဝ – သင်္ခတ
ချည်သာတည်း၊ လောကိယံဝ - လောကိယချည်သာတည်း၊
ကာမာဝစရံဧဝ – ကာမာဝစရ ချည်သာတည်း၊ အနာရမ္မဏ
ဧဝ-အနာရမ္မဏချည်သာတည်း၊ အပ္ပဟာတဗ္ဗံဧဝ – အပ္ပဟာ
တဗ္ဗချည်သာတည်း၊ ဣတိ - ဤသို့၊ ဧကဝိဓံပိ - တစ်ပါးစီသာ
အဘို့ရှိသော်လည်း၊ အဇ္ဈတ္တိကဗာဟိယာဒိဝသေန-အဇ္ဈတ္တိက
ရုပ် ဗာဟိယရုပ် အစရှိသည်တို့၏ အပြားအားဖြင့်၊ ဗဟုဓာ-
များသော အပြားအားဖြင့်၊ ဘေဒံ – ကွဲပြားခြင်းသို့၊ ဂစ္ဆတိ-
ရောက်၏။
ကထံ-အဘယ်သို့ ပြားသနည်း။
ရူပဝိဘာဂ။ ။ရုပ် ၂၈ ပါးကို အဇ္ဈတ္တိကရုပ်တစ်မျိုး ဗာဟိယရုပ်
တစ်မျိုးစသည်ဖြင့် ခွဲခြားဝေဘန်ရာ အပိုင်းအခဏ်းကို ရူပဝိဘာဂ ဟု ခေါ်၏။
သဗ္ဗဉ္စ ၊ ပေ ၊ ဘေဒံ ဂစ္ဆတိ-ကား ခွဲခြား ဝေဘန်ဘို့ရာ ရှေးဦးစွာ ပလ္လင်ခံ
အချီစကားတည်း။
အဟေတုကံ-အလောဘ စသော ဟိတ်များနှင့် မယှဉ်သောကြောင့် ရုပ်
ဟူသမျှ "အဟေတုက" ချည်သာတည်း၊ အဟေတုကံ ဧဝ၌ ဧဝ
သဒ္ဒါဖြင့် "သဟေတုကရုပ် မရှိ" ဟု ကန့်သည်။
သပ္ပစ္စယံ — ကံ စိတ် ဥတု အာဟာရ ဟူသော အကြောင်း ရှိသောကြောင့်
သပ္ပစ္စယ ချည်သာတည်း၊ အပ္ပစ္စယရုပ် မရှိ ဟု ကန့်။ [ ကံ စိတ် ဥတု
အာဟာရ ဟူသော အကြောင်း တစ်ခုခုကြောင့် ဖြစ်ရသည်ကိုပင်
အကြောင်းရှိသည်ဟု ဆိုသည်။]
သာသဝံ — [ သ+အာသဝ ] ကာမာသဝ ဘဝါသဝစသော အာသဝေါ
တရားတို့၏ အာရုံ ဖြစ်သောကြောင့် "သာသဝ" ချည်သာတည်း၊
အနာသဝရုပ် မရှိ ဟု ကန့်။
သင်္ခတံ-ကံ စသော အကြောင်းတစ်ခုခုသည် ပြုစီမံအပ်သောကြောင့် "သင်္ခတ
ချည်သာတည်း၊ အသင်္ခတရုပ် မရှိ ဟု ကန့်။
လောကိယံ — "သဗ္ဗေ သင်္ခါရာ အနိစ္စာ" အရ သင်္ခါရ လောက၌ ပါဝင်
သောကြောင့် "လောကိယ" ချည်းသာတည်း၊ လောကုတ္တရာရုပ် မရှိ
ဟု ကန့်။
ကာမာဝစရံ — ကာမတဏှာ၏ ( အာရုံပြုရာ ) ကျင်လည်ရာ ဖြစ်သော
ကြောင့် "ကာမာဝစရ" ချည်းသာတည်း၊ ရူပါဝစရ စသည် မဟုတ်
ဟု ကန့်၊ [ကာမာဝစရ တရားဆိုလျှင် စိတ်တစ်မျိုးသာ ရှိ၏ဟု ထင်
တတ်သည်၊ သတိပြု။]
အနာရမ္မဏ-စိတ် စေတသိက်တို့ကဲ့သို့ အာရုံကို မယူနိုင် သောကြောင့်
"အနာရမ္မဏ" ချည်သာတည်း၊ သာရမ္မဏရုပ် မရှိ ဟု ကန့်။
အပ္ပဟာတဗ္ဗ — အကုသိုလ် ကိလေသာကဲ့သို့ ပယ်ဘို့ရာ မဟုတ် ( ပယ်၍
လည်း မဖြစ် ) သောကြောင့် ရုပ်ဟူသမျှ – "အပ္ပဟာတဗ္ဗ"ချည်သာ
တည်း၊ ပဟာတဗ္ဗရုပ်ဟူ၍ မရှိ ဟု ကန့်။
ဣတိ ဧကဝိဓံပိ - ဤ နည်းအားဖြင့် စိစစ်လျှင် ရုပ် ဟူသမျှသည် တစ်ပါးစီ
( တစ်ဘို့စီ တစ်မျိုးစီ တစ်ပုံစီ ) သာ ရှိ၏၊ သို့သော် အဇ္ဈတ္တိက ဗာဟိယ
စသည်ဖြင့်ကား အများပင် ကွဲပြားနိုင်၏ ဟူလို။
## Trang 180
၂။ ပသာဒသင်္ခါတံ-ပသာဒဟု ဆိုအပ်သော၊ ပဉ္စဓမ္ပိ-
ငါးပါး အပြားရှိသည်လည်း ဖြစ်သောရုပ်သည်၊ အဇ္ဈတ္တိက
ရူပံနာမ – အဇ္ဈတ္တိကရုပ် မည်၏၊ ဣတရံ-ကျန် ၂၃ ပါးသော
ရုပ်သည်၊ ဗာဟိယရူပံနာမ-ဗာဟိယရုပ် မည်၏။
၃။ ပသာဒ ဟဒယသင်္ခါတံ – ပသာဒရုပ် ဟဒယရုပ် ဟု
ဆိုအပ်သော၊ ဆဗ္ဗိဓံ-ခြောက်ပါး အပြားရှိသည်လည်း ဖြစ်
သောရုပ်သည်၊ ဝတ္ထုရူပံနာမ-ဝတ္ထုရုပ်မည်၏၊ ဣတရံ-ကျန်
၂၂ ပါးသောရုပ်သည်၊ အဝတ္ထုရူပံ နာမ-အဝတ္ထုရုပ်မည်၏။
၄။ ပသာဒ ဝိညတ္တိသင်္ခါတံ – ပသာဒရုပ် ဝိညတ်ရုပ် ဟု
ဆိုအပ်သော၊ သတ္တဝိဓမ္ပိ – ခုနစ်ပါး အပြားရှိသည်လည်းဖြစ်
သောရုပ်သည်၊ ဒွါရရူပံနာမ – ဒွါရရုပ် မည်၏၊ ဣတရံ – ကျန်
၂၁ ပါးသော ရုပ်သည်၊ အဒွါရရူပံ နာမ – အဒွါရရုပ် မည်၏။
၂။ အဇ္ဈတ္တိက ဗာဟိယရုပ်။ ။အတွင်းဖြစ်သော ရုပ်ကို အဇ္ဈတ္တိက
ရုပ်၊ ပြင်ပဖြစ်သော ရုပ်ကို ဗာဟိယရုပ် ဟု ခေါ်သည်၊ "အတွင်း အပြင်
ဟူရာ၌ – ခန္ဓာကိုယ်၏ အတွင်း၊ ခန္ဓာကိုယ်၏ ပြင်ပ" ဟု မမှတ်လင့်၊ ခန္ဓာ
ကိုယ်၌ အတူတူ ဖြစ်ကြသော်လည်း ခန္ဓာကိုယ်၌ ကျေးဇူး အများဆုံး ဖြစ်
သောရုပ်ကို အဇ္ဈတ္တိက ( အတွင်းရုပ်) ဟု ခေါ်သည်၊ ဥပမာ-အိမ်မှုကိစ္စ၌
ကျေးဇူးအများဆုံးသူကို "အတွင်းလူ" ဟု ခေါ်ရသကဲ့သို့တည်း။
စက္ခု သောတ စသော ပသာဒရုပ် တို့သည် ခန္ဓာကိုယ်၌ ကျေးဇူးများ
ကြ၏။ ၎င်းတို့မပါလျှင် ကိုယ်နှင့်ဆိုင်ရာကိစ္စများ ပြီးစီးနိုင်ဘွယ်မရှိ၊ မျက်စိ နား
နှာ ပျက်နေသူကို သတိပြုလေ၊ ထို့ကြောင့် စက္ခုစသော ပသာဒရုပ် ငါးပါးကို
ခန္ဓာကိုယ်၌ ကျေးဇူးများသည့် အတွက် အဇ္ဈတ္တိကရုပ် ဟု ဆိုအပ်လေသည်၊
ခန္ဓာကိုယ်၌ အဇ္ဈတ္တိကရုပ် များလောက် ကျေးဇူး မများသောကြောင့် ကျန်
၂၃ ပါးကို ဗာဟိယ ( ပြင်ပ) ရုပ် ဟု ဆိုအပ်လေသည်။
[ဆောင်] (က) ခန္ဓာကိုယ်အား၊ ကျေးဇူးများသဖြင့်၊ မှတ်သားလေဘိ၊
အဇ္ဈတ္တိက၊ မည်နာမ၊ ခေါ်ကြ အတွင်းရုပ်။
(ခ) ကျေးဇူးအင်အား၊ တယ်မများသဖြင့်၊ မှတ်သားဘွယ်
လျှင်း၊ ကြွင်းဗာဟိယ၊ မည်နာမ၊ ခေါ်ကြ အပြင်ရုပ်။
၃။ ဝတ္ထု အဝတ္ထုရုပ်။ ။မှီရာရုပ်ကို ဝတ္ထု၊ မှီရာ မဟုတ်သော ရုပ်ကို
အဝတ္ထုရုပ် ဟု ခေါ်သည်၊ "မှီ" ဟူရာ၌ ထပ်၍ ကပ်၍ မှီသော အမှီမျိုး
မဟုတ်၊ ဆရာ မိဘကို တပည့် သားသမီးတို့က မှီခိုနေသည်၊ ဆရာမိဘ မရှိလျှင်
မဖြစ်နိုင် - မကြီးပွားနိုင်၊ ဆရာ မိဘ ရှိမှ ဖြစ်ရ ကြီးပွားရသကဲ့သို့၊ ထို့အတူ
ထို ဝတ္ထုရုပ်များ မရှိလျှင် ဆိုင်ရာ စေတသိက်များ မဖြစ်နိုင်၊ ဝတ္ထုရုပ်များ ရှိမှ
သာ ဖြစ်နိုင်သောကြောင့် စိတ် စေတသိက်တို့က ထို ရုပ်များကို "မှီသည်" ဟု
ဆိုရလေသည်၊ စက္ခု ပသာဒကို စက္ခု ဝိညာဏ် စိတ်နှင့် စေတသိက် တို့က
မှီသည်-စသည်ဖြင့် ဝတ္ထုသင်္ဂဟ ကြည့်၍ သိလေ။
၄။ ဒွါရ အဒွါရ ရုပ်။ ။ပကတိ တံခါးပေါက်သည် လူတို့ ထွက်ဝင်
ကြောင်း ဖြစ်သကဲ့သို့ ထို့အတူ "အကြောင်း" ဖြစ်သော ရုပ်ကို ဒွါရရုပ် ဟု
ခေါ်၏၊ စက္ခုပသာဒသည် စက္ခုဒွါရိက ဝီထိစိတ်တို့၏ ဖြစ်ကြောင်းတည်း၊
သောတ ဃာန ဇိဝှါ ကာယ ပသာဒသည် သောတ ဃာန ဇိဝှါ ကာယ
ဒွါရိက ဝီထိစိတ်တို့၏ ဖြစ်ကြောင်းတည်း၊ ၎င်း ၅ ပါးကို ဥပ္ပတ္တိဒွါရ ( ဝီထိ
စိတ်၏ ဖြစ်ကြောင်း) ဟု ဆို၏။
ကာယဝိညတ်သည် ကာယကံ ၃ ပါး၏ ဖြစ်ကြောင်းတည်း၊ များသော
အားဖြင့် ကိုယ်လက် လှုပ်ရှားမှုကို ပြုမှသာ ကာယကံများ ထမြောက်နိုင်၏၊
## Trang 181
၅။ ပသာဒ ဘာဝ ဇီဝိတ သင်္ခါတံ-ပသာဒရုပ် ဘာဝရုပ်
ဇီဝိတရုပ် ဟု ဆိုအပ်သော၊ အဋ္ဌဝိဓံပိ-ရှစ်ပါး အပြားရှိသည်
လည်းဖြစ်သော ရုပ်သည်၊ ဣန္ဒြိယရူပံနာမ – ဣန္ဒိယရုပ်မည်၏၊
ဣတရံ-ကျန် ၂၀ သော ရုပ်သည်၊ အနိန္ဒိယရူပံနာမ-အနိန္ဒိယ
ရုပ် မည်၏။
၆။ ပသာဒ ဝိသယသင်္ခါတံ – ပသာဒရုပ် ဝိသယရုပ်ဟု
ဆိုအပ်သော၊ ဒွါဒသဝိဓံပိ-တဆဲ့နှစ်ပါး အပြားရှိသည်လည်း
ဖြစ်သောရုပ်သည်၊ သြဠာရိကရုပ်လည်းမည်
၏၊ သန္တိကေရူပံ-သန္တိကေရုပ်လည်းမည်၏၊ သပ္ပဋိဃရူပဉ္စ-
သပ္ပဋိဃရုပ်လည်းမည်၏၊ ဣတရံ-ကျန် ၁၆ပါးသောရုပ်သည်၊
သုခုမရူပံ - သုခုမရုပ်လည်း မည်၏၊ ဒူရေရူပံ - ဒူရေရုပ်လည်း
မည်၏၊ အပ္ပဋိဃရူပံ-အပ္ပဋိဃရုပ်လည်း မည်၏။
၄။ ဒွါရ အဒွါရရုပ် (အဆက်)။ ။၎င်းဝစီဝိညတ်သည် ဝစီကံ ၄ ပါး၏ ဖြစ်ကြောင်းတည်း၊ များသောအားဖြင့်
နှုတ်မြွက် ပြောဆိုမှသာ ဝစီကံများ ထမြောက်နိုင်သည်၊ ၎င်း ၂ ပါးကို ကမ္မဒွါရ
(ကံ၏အကြောင်း) ဟု ဆို၏။ ဤသို့လျှင် ဝီထိစိတ်၏ ဖြစ်ကြောင်း၊ ကာယကံ
ဝစီကံ၏ ထမြောက်ကြောင်း ဖြစ်သောကြောင့် စက္ခုစသော ရုပ် ၇ ပါးကို
ဒွါရရုပ်ဟု ဆိုရလေသည်၊ ကျန်ရုပ်များကား ထိုကဲ့သို့ အကြောင်း မဟုတ်
သောကြောင့် အဒွါရရုပ် ဟု ခေါ်ရသည်။
နိဿယနှင့်အဓိပ္ပါယ်
၅။ ဣန္ဒြိယ အနိန္ဒိယရုပ်။ ။ဆိုင်ရာကိစ္စ၌ "အစိုးရသော ရုပ်ကို
ဣန္ဒိယရုပ်၊" အစိုးမရသောရုပ်ကို အနိန္ဒိယရုပ် ဟု ဆိုသည့်၊ စက္ခုပသာဒသည့်
ဒဿန (မြင်ခြင်း) ကိစ္စ၌ အစိုးရ၏၊ ထိုကြောင့် စက္ခုပသာဒကို စက္ခုဟု
ခေါ်၏၊ ဤသို့စသည်ဖြင့် သမုစ္စည်းပိုင်း၌ ထင်ရှားလတံ့။
၆။ သြဠာရိက သုခုမရုပ်။ ။ဉာဏ်စက္ခုဖြင့် ကြည့်ရှုသည့်အခါ ပေါ်
လွင် ထင်ရှားသော ရုပ်ကို သြဠာရိက (အကြမ်း) ရုပ်ဟု ဆိုသည်၊ စက္ခု
စသော ပသာဒရုပ် ၅ ပါးနှင့် ဝိသယရုပ် ၇ ပါး၊ ဤ ၁၂ ပါးသောရုပ်တို့
သည် ထိုသို့ ပေါ်လွင်ထင်ရှားသောကြောင့် သြဠာရိကရုပ် ခေါ်၏၊ ယင်း
တို့သည်ပင် နီးသကဲ့သို့ဖြစ်၍ သန္တိကေရုပ်, ဓာတ်သဘာဝအလိုက်
ထိခိုက်တတ်သောကြောင့် သပ္ပဋိဃရုပ် ဟူ၍လည်း ခေါ်ကြသေးသည်။
ဉာဏ်စက္ခုဖြင့် ကြည့်ရှုသည့်အခါ ထင်ရှားမတွေ့ သိမ်မွေ့လှသောရုပ်ကို သုခုမရုပ်
ဟု ဆိုသည်၊ ကျန် ၁၆ ပါးသော ရုပ်တည်း၊ ယင်းတို့သည်ပင် အဝေးသကဲ့သို့
ဖြစ်၍ ဒူရေရုပ်, ဓာတ်သဘာဝအလိုက် မထိခိုက်တတ်သောကြောင့် အပ္ပဋိဃရုပ်
ဟူ၍လည်း ခေါ်ကြသေးသည်။
[ဆောင်] (က) ဉာဏ်စက္ခုဖြင့်၊ ကြည့်ရှုလိုက်လျှင်၊ ပေါ်ထင်စွာသိ၊
သြဠာရိ-ခေါ်ဘိ အကြမ်းရုပ်။
( ခ ) ဉာဏ်စက္ခုဖြင့်၊ ကြည့်ရှုလိုက်လျှင်၊ ထင်နိုင်ခဲစွ၊ သုခုမ-
ခေါ်ကြ အနုရုပ်။
သန္တိကေ ဒူရေရုပ်။ ။လောက၌ နီးကပ်နေသော ဝတ္ထုကို ယူဘို့ရာ
လွယ်သကဲ့သို့၊ ဉာဏ်ဖြင့်ယူရာ၌ ထင်လွယ် မြင်လွယ် သိလွယ်သောကြောင့်
ယခင် သြဠာရိကရုပ်များကိုပင် သန္တိကေ (အနီး) ရုပ်၊ မထင်လွယ်သော
ကြောင့် ယခင် သုခုမရုပ်များကိုပင် ဒူရေ (အဝေး) ရုပ် ဟု ဆိုပြန်သည်။
[ဆောင်] (က) ဉာဏ်ဖြင့် လှမ်းယူ၊ လွယ်တကူဘို့၊ ပုံတူမှတ်စေ၊
သန္တိကေ၊ ခေါ်လေ အနီးရုပ်။
(ခ) ဉာဏ်ဖြင့် လှမ်းယူ၊ မလွယ်ကူ၍၊ ပုံတူမှတ်စေ၊
ရုပ်ထွေထွေ၊ ဒူရေ အဝေးရုပ်။
သပ္ပဋိဃ အပ္ပဋိဃရုပ်။ ။ဝီထိချခဏ်းဝယ် ပြခဲ့သည့် အတိုင်း ရူပါရုံ
သည် စက္ခုပသာဒ၌ ထိခိုက်၏၊ ဤသို့ စသည်ဖြင့် ဓာတ်သဘာဝ အလိုက်
ထိခိုက်တတ်သောကြောင့် သပ္ပဋိဃရုပ်မည်၏၊ [သ + ပဋိဃ။ ပဋိဃ==
ထိခိုက်ခြင်း+သ = ရှိသည်၊] ဓာတ်သဘာဝ အလိုက် မထိခိုက်တတ်သော
ရုပ်များကို အပ္ပဋိဃရုပ် ဟု ဆိုသည်။
[ဆောင်] စက္ခုရူပ၊ စသည်ချင်းထိ၊ ဓာတ်ခိုက်မိ၍၊ သပ္ပဋိဃ၊ မည်ရ
လေမြို့၊ ယင်းရုပ်တို့မှ၊ ကြွင်းသမျှရှိ၊ ဓာတ်မထိ၊ အပ္ပဋိဃရှု။
## Trang 182
၇။ ကမ္မဇံ - ကမ္မဇရုပ်သည်၊ ဥပါဒိန္နရူပံ-ဥပါဒိန္နရုပ်
မည်၏၊ ဣတရံ-ကျန် တိဇရုပ်သည်၊ အနုပါဒိန္နရူပံ-အနုပါဒိန္န
ရုပ် မည်၏။
၈။ ရူပါယတနံ-ရူပါရုံသည်၊ သနိဒဿနရူပံ-သနိဒဿန
ရုပ်မည်၏၊ ဣတရံ- ကျန် ၂၇ ပါးသောရုပ်သည်၊ အနိဒဿန
ရူပံ-အနိဒဿနရုပ် မည်၏။
၉။ အသမ္ပတ္တဝသေန - မိမိထံမှောက်သို့ မရောက် မသိ
မငြိမကပ်သောအာရုံကို ယူတတ်သည်၏အစွမ်းဖြင့် (ပဝတ္တံ-
ဖြစ်သော၊) စက္ခာဒိဒွယံ - စက္ခု အစရှိသော ရုပ် နှစ်ခုတို့၏
အပေါင်း၎င်း၊ သမ္ပတ္တဝသေန - မိမိ ထံမှောက်သို့ ရောက်ထိ
ငြိကပ်သော အာရုံကို ယူတတ်သည်၏ အစွမ်းဖြင့်၊ (ပဝတ္တံ-
ဖြစ်သော၊) ဃာနာဒိတ္တယံ - ဃာန အစရှိသော ရုပ် သုံးခုတို့၏
နိဿယနှင့်အဓိပ္ပါယ်
၇။ ဥပါဒိန္န အနုပါဒိန္နရုပ်။ ။ကံ၏ အကျိုးဖြစ်သော ရုပ်ကို ဥပါဒိန္န
ရုပ်၊ စိတ် ဥတု အာဟာရ ဤအကြောင်း ၃ ပါးကြောင့် ဖြစ်သော (တိဇ)
ရုပ်ကို အနုပါဒိန္နရုပ် ဟု ဆိုသည်၊ [ဥပ=တဏှာဒိဋ္ဌိတို့ ကပ်ရောက်အပ်သော
ကံက+အာဒိန္န=ငါ၏ အကျိုး ဟု စွဲယူအပ်သောရုပ်။]
၈။ သနိဒဿန အနိဒဿန။ ။စက္ခုဝိညာဏ်ဖြင့်မြင်ကောင်းသောရုပ်
ကို သနိဒဿနရုပ်၊ မမြင်ကောင်းသောရုပ်ကို အနိဒဿနရုပ် ဟု ခေါ်သည်။
၉။ ဂေါစရဂ္ဂါဟက အဂေါစရဂ္ဂါဟက။ ။[ဂေါစရ=အာရုံ+
ဂါဟက=ယူတတ်သည်၊] အာရုံကို ယူတတ်သော ရုပ်ကို ဂေါစရဂ္ဂါဟက၊
အာရုံကို မယူတတ်သောရုပ်ကို အဂေါစရဂ္ဂါဟကရုပ် ဟု ခေါ်၏၊ အာရုံကို
ယူတတ်သော ရုပ်ကား စက္ခုစသော ပသာဒရုပ် ၅ ပါးတည်း၊ ထိုတွင်...
အပေါင်း၎င်း၊ ဣတိ-သို့၊ ပဉ္စဝိဓံပိ-ငါးပါးအပြားရှိသည်လည်း
ဖြစ်သော ရုပ်သည်၊ ဂေါစရဂ္ဂါဟကရူပံ-ဂေါစရဂ္ဂါဟကရုပ်
မည်၏၊ ဣတရံ – ကျန် ၂၃ ပါးသော ရုပ်သည်၊ အဂေါစရဂ္ဂါ
ဟကရူပံ – အဂေါစရဂ္ဂါဟကရုပ် မည်၏၊
စက္ခာဒိဒွယံ အသမ္ပတ္တဝသေန — စက္ခု သောတ ၂ ပါးကား ရူပါရုံ
သဒ္ဒါရုံတို့ လာသည်ဖြစ်စေ-မလာသည်ဖြစ်စေ မိမိတို့ထံသို့ မရောမထိ မငြိ
ကပ်သော အာရုံကိုသာ ယူ၏၊ ထို့ကြောင့် စက္ခု သောတ ၂ ပါးကို အသမ္ပတ္တ
ဂါဟကရုပ် ဟု ခေါ်သည်၊ [အသမ္ပတ္တ==မရောက်သောအာရုံကို+ဂါဟက=
ယူတတ်သောရုပ်။]
ဃာနာဒိတ္တယံ သမ္ပတ္တဝသေန − ဃာန အစရှိသော ရုပ် ၃ ပါးကား
မိမိတို့အထံ၌ ထိမိကပ်မိသော ဂန္ဓာရုံ စသည့်တို့ကိုသာ ယူသည်၊ နှာခေါင်း
ပိတ်ထား၍ ဂန္ဓာရုံ နှာခေါင်းအတွင်းမရောက်လျှင် အနံ့မရနိုင်ခြင်းစသည့်ကို
သတိပြု၊ ထိုကြောင့် ဃာနစသော ပသာဒ ၃ ပါးကို သမ္ပတ္တဂါဟကရုပ် ဟု
ခေါ်သည်၊ [သမ္ပတ္တ=ရောက်သောအာရုံကို+ဂါဟက=ယူသောရုပ်။]
၁၀။ အဝိနိမ္ဘောဂ ဝိနိမ္ဘောဂရုပ်။ ။တခုစီခွဲ၍မရကောင်း တပေါင်း
တည်း ဖြစ်သော ရုပ်ကို အဝိနိမ္ဘောဂရုပ်၊ ခွဲခြား၍ ရကောင်းသော ရုပ်ကို
ဝိနိမ္ဘောဂရုပ်ဟု ဆိုသည်၊ ဝဏ္ဏ ဂန္ဓ ရသ သြဇာနှင့် မဟာဘုတ်ကြီး ၄ ပါး၊
## Trang 183
အဝိနိမ္ဘောဂရူပံ-အဝိနိမ္ဘောဂရုပ်မည်၏၊ ဣတရံ-ကျန် ၂၀
သော ရုပ်သည်၊ ဝိနိမ္ဘောဂရူပံ-ဝိနိမ္ဘောဂရုပ် မည်၏။
၁၁။ စ-နိဂုံးကို ဆိုဦးအံ့၊ ဣစ္စေဝံ -ဤသို့ စသော အပြား
အားဖြင့်၊ ဝိစက္ခဏာ – ပညာရှိ တို့သည်၊ အဋ္ဌဝီသတိဝိဓံ-
နှစ်ဆဲ့ရှစ်ပါး အပြားရှိသည်လည်း ဖြစ်သော ရုပ်ကို၊ အဗ္ဘန္တ
ရိကာဒိဘေဒေန-အဇ္ဈတ္တိကအစရှိသော အပြားအားဖြင့်၊ ယထာ
ရဟံ-ဝေဘန်ထိုက်သည်အားလျော်စွာ၊ ဝိဘဇန္တိ ဝေဘန်ကြ
ကုန်၏။
အယံ – ဤသည်ကား၊ ဧတ္ထ-ဤ ရူပပရိစ္ဆေဒ၌၊ ရူပဝိဘာ
ဂေါ-ရူပဝိဘာဂတည်း။
နိဿယနှင့်အဓိပ္ပါယ်
ဤရုပ် ၈ ပါးသည် ဘယ်နေရာ၌မျှ ခွဲခြား၍မဖြစ်၊ နေရောင် လရောင်၌ ဝဏ္ဏ
(အဆင်း) ရုပ်က ထင်ရှားနေသော်လည်း ဂန္ဓ ရသ သြဇာနှင့် မဟာဘုတ်
များလည်း ပါဝင်၏၊ ထိုထိုအနှံ့၌ ဂန္ဓရုပ်ထင်ရှား၏၊ ခဲဘွယ်ဘောဇဉ်၌ ရသ
ရုပ်နှင့် သြဇာရုပ် ထင်ရှား၏၊ မြေ ရေ လေ မီးတို့၌ ဓာတ်ကြီးလေးပါး အသီး
အသီးထင်ရှား၏။ သို့သော် အခြား ရုပ်များလည်း မထင်မရှား ပါဝင်သည့်၊
ထို့ကြောင့် ဝဏ္ဏစသော ရုပ် ၈ ပါးကို အဝိနိမ္ဘောဂရုပ်ဟု ခေါ်၏၊ ကျန်
သောရုပ်များတွင်ကား စက္ခုနှင့် သောတသည် ခွဲ၍ရ၏၊ ဤသို့စသည်ဖြင့် ခွဲ၍
ရကောင်းသောကြောင့် ဝိနိမ္ဘောဂရုပ် ဟု ခေါ်ရသည်။
နိဂုံး။ ။ ဣစ္စေဝံ စသည်ကား ဆိုခဲ့သမျှ ရူပဝိဘာဂကို ပြန်၍ ခြုံးသော
နိဂုံးစကားတည်း၊ ဤ ဝေဘန်နည်းအပြင် ဓမ္မသင်္ဂဏီ ရူပကဏ္ဍ ပါဠိတော်၌
ဝေဘန်ပုံများ ရှိသေးသောကြောင့် "ဣစ္စေဝံ- ဤသို့စသော အပြားအားဖြင့်"
ဟု ဆိုသည်။
လေ့ကျင့်ခဏ်း မေးခွန်းများ
က။ အဘယ် အခဏ်းကို ရူပဝိဘာဂခဏ်း ဟု ခေါ်သနည်း။
ခ။ ရုပ်အားလုံးကို ဘာ့ကြောင့် အဟေတုက---သပ္ပစ္စယ ခေါ်သနည်း။
ဂ။ အဘယ့်ကြောင့် သာသဝ-သင်္ခတ ဟု ခေါ်သနည်း။
ဃ။ အဘယ့်ကြောင့် လောကိယ-ကာမာဝစရ ဟု ခေါ်သနည်း။
င။ အဘယ့်ကြောင့် အနာရမ္မဏ-အပ္ပဟာတဗ္ဗ ဟု ခေါ်သနည်း။
စ။ အဘယ့်ကြောင့် အဇ္ဈတ္တိက ဗာဟိရ အမည်ရသနည်း။
ဆ။ အဘယ့်ကြောင့် ဝတ္ထုရုပ် အဝတ္ထုရုပ် မည်သနည်း။
ဇ။ အဘယ့်ကြောင့် ဒွါရရုပ် အဒွါရရုပ် မည်သနည်း၊ ဥပပတ္တိဒွါရရုပ် ကမ္မ
ဒွါရရုပ် ခွဲပြပါ။
ဈ။ အဘယ့်ကြောင့် ဣန္ဒြိယရုပ် အနိန္ဒိယရုပ် မည်သနည်း။
ည။ အဘယ့်ကြောင့် သြဠာရိက စသည် မည်သနည်း၊ အကြမ်း အနု အနီး
အဝေး သဘောကို လက်ထောက်၍ ထင်ရှားအောင် ပြပါ။
ဋ။ အဘယ်ကို ဥပါဒိန္နရုပ် အနုပါဒိန္နရုပ် ဟု ခေါ်သနည်း။
ဌ။ အဘယ် သဘော ရှိသော ရုပ်ကို သနိဒဿနရုပ် အနိဒဿနရုပ် ဟု
ခေါ်သနည်း၊ ရေတွက်ပါ။
ဍ။ အဘယ်သဘော ရှိသောရုပ်ကို ဂေါစရဂ္ဂါဟက အဂေါစရဂ္ဂါဟကရုပ်
ဟု ခေါ်သနည်း။
ဎ။ ဂေါစရဂ္ဂါဟကရုပ်တွင် အသမ္ပတ္တဂ္ဂါဟကရုပ် မည်မျှ သမ္ပတ္တဂ္ဂါဟကရုပ်
မည်မျှရှိသနည်း။
ဏ။ အဘယ်သဘော ရှိသော ရုပ်ကို အဝိနိမ္ဘောဂရုပ် ဝိနိမ္ဘောဂရုပ်ဟု
ခေါ်သနည်း၊ သရုပ်ကိုလည်း ကောက်ပြပါ။
ရူပဝိဘာဂ ပြီး၏။
## Trang 184
ရူပသမုဋ္ဌာန
၁။ ကမ္မံ – ကံ၎င်း၊ စိတ္တံ – စိတ်၎င်း၊ ဥတု-
ဥတု၎င်း၊ အာဟာရောစ - အာဟာရ ၎င်း၊
ဣတိ-ဤသို့၊ စတ္တာရော-လေးပါးတို့သည်၊ ရူပသမုဋ္ဌာနာနိနာမ-
ရုပ်ကိုဖြစ်စေတတ်သော အကြောင်းတို့မည်၏။
၂။ တတ္ထ-ထို လေးပါးသော သမုဋ္ဌာန်တို့တွင်၊ ကာမာဝ
စရံ= ကာမာဝစရကုသိုလ် အကုသိုလ်စေတနာ နှစ်ဆယ်၎င်း၊
ရူပါဝစရံ – ရူပါဝစရ ကုသိုလ်စေတနာ ငါးပါး၎င်း၊ ဣတိ -
ဤသို့၊ ပဉ္စဝီသတိဝိဓံပိ - နှစ်ဆဲ့ငါးပါး အပြား ရှိသည်လည်း
နိဿယနှင့်အဓိပ္ပါယ်
၁။ ရူပသမုဋ္ဌာန။ ရုပ်ကို ဖြစ်စေတတ်သော အကြောင်းနှင့်
ထိုအကြောင်းများကြောင့် ရုပ်တို့၏ဖြစ်ပုံကို ပြရာအခဏ်းကို ရူပသမုဋ္ဌာနခဏ်း
ဟု ခေါ်၏၊ ရုပ်ကို ဖြစ်စေတတ်သော အကြောင်းတရားသည် ကံ စိတ်
ဥတု အာဟာရအားဖြင့် လေးမျိုးရှိ၏ ဟု ပါဠိရှိတိုင်း မှတ်ခဲ့ပါ။
၂။ တတ္ထကာမာဝစရံ ၊ ပေ ၊ သမုဋ္ဌာပေတိ ---- ဤစကားရပ်ကား
ထိုအကြောင်း ၄ ပါးတွင် "ကံ"ဟူသော အကြောင်းတရားက ရုပ်ဖြစ်စေပုံကို
ပြသောစကားတည်း၊ ကံဟူသည် ထိုထိုစိတ်နှင့်ယှဉ်သောစေတနာစေတသိက်
တည်း၊ သို့သော် စေတနာတိုင်း ရုပ်ကို ဖြစ်စေနိုင်သည် မဟုတ်။
ကာမာဝစရံ ရူပါဝစရံ — အကုသိုလ် ၁၂၊ မဟာကုသိုလ်စိတ် ၈၊
ဤ ကာမာဝစရစိတ် ၂၀ နှင့် ယှဉ်သော စေတနာ စေတသိက် ၂၀ နှင့်၊ ရူပ
ကုသိုလ်စိတ် ၅ ပါးနှင့် ယှဉ်သော ရူပစေတနာ ၅၊ ဤ ၂၅ပါးသော စေတနာ
သာရုပ်ကိုဖြစ်စေနိုင်၏၊ ထိုစေတနာ(ကံ)ကြောင့်ဖြစ်သော ရုပ်ကို "ကမ္မဇ
ရုပ်"ခေါ်သည်၊ [ကမ္မ=ကံကြောင့်+ဇ=ဖြစ်သည်။]
ဖြစ်သော၊ အဘိသင်္ခတံ-ပြုစီမံပြီးအပ်သော၊ကုသလာကုသလ
ကမ္မံ - ကုသိုလ် အကုသိုလ်ကံသည်၊ အတ္တနော သန္တာနေ-
မိမိသန္တာန်၌၊ အဇ္ဈတ္တသန္တာနေ-အဇ္ဈတ္တသန္တာန်၌၊ ရှိလျှင်သာလျှင်
ကမ္မသမုဋ္ဌာနရူပံ – ကံကြောင့် ဖြစ်သော ရုပ် အပေါင်းကို၊ ပဋိ
သန္ဓေ – ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏကို၊ ဥပါဒါယ – အစပြု၍၊
ခဏေခဏေ-စိတ်၏ ခဏခဏတိုင်း၌၊ သမုဋ္ဌာပေတိ-ဖြစ်ပေါ်
စေ၏။
အဘိသင်္ခတံ-ထို "ကံ"ဟု ခေါ်သော စေတနာများလည်း တွေ့ရာ
မြင်ရာ စေတနာ မဟုတ်၊ နောင် အကျိုးပေးဘို့ရန် မိမိသန္တာန်၌ ပြုစီမံအပ်
ပြီး(ဖြစ်စေအပ်ပြီး) သော အတိတ် စေတနာများတည်း။
အတ္တနော သန္တာနေ ၊ ပေ ၊ သမုဋ္ဌာပေတိ-ထိုသို့ အကျိုးပေးဘို့ရန် အဆင်သင့်
ပြုစီမံအပ်သော စေတနာသည် သူတစ်ပါးသန္တာန် သွား၍ အကျိုးပေးသည်
မဟုတ်၊ မိမိသန္တာန်ဝယ် အကျိုးပေးခွင့်သာလျှင် သင့်ရာဘဝ၌ ပဋိသန္ဓေ
တည်စ စိတ်၏ ဥပါဒ်ခဏမှစ၍ ရုပ်ကို ဖြစ်စေသည်။
ခဏ ခဏ-ထိုသို့ ဖြစ်စေရာဝယ် တကြိမ်တခါသာ မဟုတ်၊ စိတ်၏
ဥပါဒ်ခဏ ဌိတိခဏ ဘင်ခဏတိုင်း ကမ္မဇရုပ်များကို အသစ်အသစ် ထပ်၍
ထပ်၍ ဖြစ်စေသည်။
ဤ-စကားစဉ်အရ — "ပဋိသန္ဓေစိတ်၏ ဥပါဒ်မှစ၍ ကမ္မဇရုပ်တို့သည်
စိတ်၏ ခဏတိုင်း ခဏတိုင်း (တဆဲ့ခုနစ်ချက် ရုပ်သက်စေ့က အဟောင်း
အဟောင်းချုပ်၍) အသစ် အသစ် ဖြစ်ကြကုန်၏" ဟု နှုတ်တက် မှတ်သား
ခဲ့ပါ။
## Trang 185
၃။ အာရုပ္ပဝိပါက ဒွိပဉ္စဝိညာဏဝဇ္ဇိတံ – အာရုပ္ပဝိပါက်
ဒွေးပဉ္စဝိညာဏ်သည် ကြဉ်အပ်သော၊ ပဉ္စသတ္တတိဝိဓံပိ-
ခုနစ်ဆဲ့ငါးပါးအပြားရှိသည်လည်းဖြစ်သော၊ စိတ္တံ-စိတ်သည်၊
စိတ္တသမုဋ္ဌာနရူပံ-စိတ်ကြောင့်ဖြစ်သော ရုပ်အပေါင်းကို၊ ပဌမ
ဘဝင်္ဂ-ပဌမဘဝင်၏ ဥပါဒ်ကို၊ ဥပါဒါယ-အစပြု၍၊ ဇာယန္တ
မေဝ-ဥပါဒ်လျှင် ဥပါဒ်ခြင်းသာလျှင်၊ သမုဋ္ဌာပေတိ-ဖြစ်စေ၏။
နိဿယနှင့်အဓိပ္ပါယ်
၃။ အာရုပ္ပ ၊ ပေ ၊ သမုဋ္ဌာပေတိ-ဤစကားရပ်ကား "စိတ်"ဟူသော
အကြောင်း တရားက ရုပ်ဖြစ်စေပုံကို ပြသော စကားရပ်တည်း၊ အာရုပ္ပ
ဝိပါက် ၄၊ ဒွေးပဉ္စဝိညာဏ် ၁၀၊ ဤ ၁၄ပါးမှ တပါး ၇၅ ပါးသော စိတ်
သည် ပဋိသန္ဓေစိတ်နောက် ပဌမဘဝင်စိတ်၏ ဥပါဒ်ခဏမှစ၍ ရုပ်ကို ဖြစ်စေ
နိုင်၏၊ ထိုစိတ်ကြောင့်ဖြစ်သောရုပ်ကို "စိတ္တဇ"ရုပ်ဟု ခေါ်သည်၊ [စိတ်ကို
မှတ်၍ဆိုသည်၊ စေတသိက်များလည်း စိတ်နှင့် ပေါင်းစပ်၍ ရုပ်ကိုဖြစ်စေကြ
သေး၏၊] ၇၅ ပါးသောစိတ်တွင် ပဋိသန္ဓေ ကိစ္စတပ်သောအခါ၊ ရဟန္တာ
တို့၏ စုတိကိစ္စတပ်သောအခါတို့၌ အချို့ စိတ်များ ရုပ်ကိုမဖြစ်စေနိုင်။
ဇာယန္တမေဝ —— စိတ်တို့သည် အလွန် အသက်တိုရကား ဥပါဒ်တုန်း
၌သာ အားရှိ၏၊ ထို့ကြောင့် ဥပါဒ်ခဏကသာရုပ်ကို ဖြစ်စေနိုင်၏၊ ထိုသို့
ဖြစ်စေရာ၌ ကံတခုတည်းက ရုပ်ပေါင်းများစွာကို ဖြစ်စေနိုင်သကဲ့သို့၊ စိတ်
တခုတည်းကလည်း ရုပ်ပေါင်းများစွာကို ဖြစ်စေနိုင်သည်၊ ဇာယန္တမေဝ၌
ဧဝသဒ္ဒါဖြင့် ဌိတိခဏ ဘင်ခဏတို့၌ ရုပ်ကို မဖြစ်စေနိုင်ဟု ကန့်သည်။
ဤ-စကားစဉ်အရ—"အရူပစိတ် ၄၊ ဒွေးပဉ္စဝိညာဏ် ၁၀ မှ တပါး ၇၅
ပါးသော စိတ်များသည် ပဋိသန္ဓေနောင် ပဌမ ဘဝင်၏ ဥပါဒ်မှစ၍ မိမိတို့
ဥပါဒ်ခိုက် ဥပါဒ်ခိုက်၌ ရုပ်ကို ဖြစ်စေသည်"ဟု နှုတ်တက်မှတ်ခဲ့ပါ။
၄။ တတ္ထ – ထို ခုနစ်ဆဲ့ငါးပါးသော စိတ်တို့တွင်၊ အပ္ပနာ
ဇဝနံ – အပ္ပနာဇောသည်၊ ဣရိယာပထမ္ပိ – ဣရိယာပုထ်ကို
လည်း၊ သန္နာမေတိ-ကောင်းစွာညွှတ်စေ ဆောင်ထားလေ၏။
၅။ ပန− အဘို့တပါးကား၊ ဝေါဋ္ဌပန ကာမာဝစရဇဝနာ
ဘိညာ - ဝုဋ္ဌော ကာမဇောတခုယုတ် သုံးဆယ် အဘိညာဏ်
ဒွေးတို့သည်၊ ဝိညတ္တိမ္ပိ - ကာယဝိညတ် ဝစီဝိညတ်ကိုလည်း၊
သမုဋ္ဌာပေန္တိ-ဖြစ်စေနိုင်ကုန်၏။
နိဿယနှင့်အဓိပ္ပါယ် (အဆက်)
၄။ တတ္ထအပ္ပနာ ၊ ပေ ၊ သန္နာမေတိ-ရုပ်ကို ဖြစ်စေနိုင်သော စိတ်
၇၅ ပါးတွင် အပ္ပနာဇော ၂၆ ပါးလည်း ပါဝင်၏။ သွားမှု ရပ်မှု ထိုင်မှု
လျောင်းစက်မှုကို "ဣရိယာပုထ်"ဟု ခေါ်၏။ ထို အပ္ပနာဇော ၂၆ပါးသည်
ဣရိယာပုထ်များကို ထောက်ပံ့နိုင်၏။
ထောက်ပံ့ — ဆိုသည်ကား – အခြား စိတ် စေတသိက်များကြောင့်
သွားခြင်း ဣရိယာပုထ် ဖြစ်နေလျှင် ထို သွားခြင်း ဣရိယာပုထ် မပျက်အောင်
ထောက်ပံ့ပေးနိုင်သည်၊ မိမိတို့ကား ဣရိယာပုထ်ကို စ၍ မဖြစ်စေနိုင်" ဟူလို၊
အချို့ကား "အပ္ပနာဇောများသည် ဣရိယာပုထ်ကို ဖြစ်စေနိုင်၏"
ဟု ယောင်မှားကြ၏၊ သာဓကကို ဘာသာဋီကာ၌ ရှုပါ။
ဣရိယာပထမ္ပိ၌-ပိသဒ္ဒါကား ဆိုအပ်ပြီးသော စကားကို ဆည်းသော
ဝုတ္တသမုစ္စည်း" တည်း၊ ဣရိယာပုထ်ကိုလည်း ထောက်ပံ့နိုင်၏။ ဆိုခဲ့ပြီး
သော စကားအရ ရုပ်သာမညကိုလည်း ဖြစ်စေနိုင်၏ ဟူလို၊ [ဣရိယာပုထ်
ဝိညတ်တို့ မပါသော ဖြစ်ရိုးဖြစ်စဉ် ရုပ်ကို "ရုပ်သာမည"ဟု ဆိုသည်။]
၅။ ဝေါဋ္ဌပန ၊ ပေ ၊ သမုဋ္ဌာပေန္တိ-ဝိညတ္တိမ္ပိ၌ ပိသဒ္ဒါလည်း ဆိုခဲ့
သော စကား ၂ ရပ်ကို ဆည်းသော ဝုတ္တသမုစ္စည်းပင်တည်း၊ ထို့ကြောင့်
## Trang 186
၆။ ပန-အထူးကို ဆိုဦးအံ့၊ ၁- ဝုဋ္ဌော ကာမဇော
အဘိညာဏ် တို့တွင်၊ တေရသ - တဆဲ့သုံးပါး ကုန်သော၊
သောမနဿဇဝနာနိ – သောမနဿဇောတို့သည်၊ ဟသနဝိ-
ပြုံးရယ်ခြင်းကိုလည်း၊ ဇနေန္တိ’ဖြစ်စေကုန်၏။
ဝုဋ္ဌော ကာမဇော တစ်ခုယုတ် ၃ဝ အဘိညာဏ်ဒွေး ၍ ၃၂ ပါးသော စိတ်တို့
သည် ကာယဝိညတ် ဝစီဝိညတ် ၂ ပါးကိုလည်း ဖြစ်စေနိုင်ကုန်၏၊ ပိသဒ္ဒါ
အရ ရုပ်သာမညကိုလည်း ဖြစ်စေနိုင်ကုန်၏၊ ဣရိယာပုထ်ကိုလည်း ထောက်ပံ့
နိုင်ကုန်၏ ဟူလို။
၆။ သောမနဿ၊ ပေ၊ ဇ န န္တိ ’ရွှေဝါကျ၌ ပြခဲ့သော ဝုဋ္ဌော ကာမ
ဇော အဘိညာဏ်တို့တွင် လောဘမူ သောမနဿဇော ၄၊ ဟသိတုပ္ပါဒ်
ဇော ၁၊ မဟာကုသိုလ်ကြိယာ သောမနဿဇော ၈ ၍ ၁၃ပါးကား ပြုံးရွှင်
ခြင်းကိုလည်း ဖြစ်စေနိုင်၏၊ ထိုတွင်...
[ဆောင်] “ရှစ်ပုထုဇန်, ခြောက်သေက္ခန်, ငါးတန် ရဟန္တာ၊
ဟာသအကြောင်း, ထူးပြားရှောင်း,စိတ်ပေါင်း တေရသာ”...
နှင့် အညီ၊ ပုထုဇန်တို့သည် လောဘမူ မဟာကုသိုလ် သောမနဿ ဇော
၈ ပါးတွင် တပါးပါးဖြင့် ပြုံးရယ်ကုန်၏၊ သေက္ခ (သောတာပန် သကဒါဂါမ်
အနာဂါမ်)ပုဂ္ဂိုလ်တို့ကား ဒိဋ္ဌိဂတသမ္ပယုတ် သောမနဿဇော ၂ ကို ပယ်ပြီး
ဖြစ်၍ လောဘမူ ဒိဋ္ဌိဂတဝိပ္ပယုတ် ၂၊ မဟာကုသိုလ် သောမနဿဇော ၄၊
ပေါင်း ၆ ပါးတွင် တပါးပါးဖြင့် ပြုံးရယ်ကုန်၏၊ ဘုရား ရဟန္တာ တို့ကား
ဟသိတုပ္ပါဒ်ဇော ၁၊ မဟာကြိယာ သောမနဿဇော ၄၊ ပေါင်း ၅ ပါးတွင်
တပါးပါးဖြင့် ပြုံးတော်မူကုန်၏။
ဟသနံပိ၌’ပိသဒ္ဒါကားဝါကျကို ဆည်းသည်၊ ရယ်ရွှင်ခြင်းကိုလည်း
ဖြစ်စေနိုင်၏၊ ဝိညတ်ကိုလည်း ဖြစ်စေနိုင်၏ ဟူလို။ [ ဣရိယာပထံပိနှင့်
နိဿယနှင့်အဓိပ္ပါယ်
၃၆.၃
စိတ္တသမုဋ္ဌာနရူပံ တို့ကိုကား ဝိညတ္တိပိတုန်းက ဆည်းခဲ့ပြီး ဖြစ်၍ . ထင်မံ
ဆည်းဘို့ မလို။]
“ တတ္ထအပ္ပနာဇဝနံမှစ၍ ဟသနဝိဇနေန္တိ ” တိုင်အောင်သော စကား
များကား ရုပ်ကိုဖြစ်စေနိုင်သော စိတ်များ၏ သတ္တိထူးကိုပြသော စကားရပ်
တည်း၊ ထိုစကားအရ ပရမတ္ထသရူပဘေဒနီ ကောက်ချက် ချသော ကဗျာ
ဆောင်ပုဒ်ကို မှတ်သားရာ၏။
[ဆောင်] မနောဓာတုံ, တဒါရုံက, ရူပဝိပါက်, ဆဲ့ကိုးချက်မှာ,
ရုပ်ကိုသာတည်း၊ အပ္ပနာဇဝန, ဆမ္ဘီသကား, ယာပထ
လည်း, ဖွဲ့တည်းခိုင်းစေ၊ တထွေဝုဋ္ဌော,ကာဇောဘိညာ,
ဒွတ္တိံသာကား, နှစ်ဖြာဝိညတ်-ကိုလည်းတတ်၏၊ သော
မနဿ,ဆဲ့သုံးခုကား, ရှယ်မှရွှင်ခြင်း,လည်းပြုလျှင်း၏
ကြွင်းအာရုပ္ပ - ဝိပါကနှင့်, ပဉ္စဝိညာ, ဆဲ့လေးဖြာသည်,
ဘယ်ဟာ ဖြစ်စေနိုင်ဘူးတည်း။
[မနောဓာတ် ၃, တဒါရုံ ၁၁, ရူပ၀ိပါက် ၅, ၎င်း ၁၉ ကား ရုပ်ကိုသာ
ဖြစ်စေနိုင်၏၊ အပ္ပနာဇော ၂ ၆ ကား ရုပ်သာမညအပြင် ဣရိယာပုထ်ကိုလည်း
ထောက်ပံ့နိုင်၏၊ ဝုဋ္ဌော ၁, ကာမဇော ၂၉, အဘိညာဉ် ၂, ပေါင်း ၃၂ ပါး
ကား ရုပ်သာမည ဣရိယာပုထ်တို့ အပြင် ဝိညတ် ကိုလည်း ဖြစ်စေနိုင်၏၊
ထို ၃၂ ပါးတွင် သောမနဿဇော ၁၃ ကား ရုပ်သာမည’ ဣရိယာပုထ်’
ဝိညတ်အပြင် ရယ်ရွှင်ခြင်းကိုလည်း ဖြစ်စေနိုင်၏၊ ကြွင်းသော အာရုံပ္ပဝိပါက်
ဒွေပဉ္စဝိညာဏ်တို့ကား ဘာတခုမျှ မဖြစ်စေနိုင်။]
## Trang 187
ရုပ်ကိုဖြစ်စေနိုင်သောကံ ၂၅ ပါးကို သင်္ဂြိုဟ်ထောက်၍ ရေတွက်ပါ။
ဂ။ ကမ္မဘာဝသည် ဘယ်အချိန်ကစ၍ ဘယ်ခဏ၌ ရုပ်ကို ဖြစ်စေသနည်း။
ရုပ်ကို ဖြစ်စေနိုင်သောစိတ်များကို သင်္ဂြိုဟ်ထောက်၍ ရေတွက်ပါ။
ဃ။ စိတ်သည် ဘယ်အခါမှစ၍ ဘယ်ခဏ၌ ရုပ်ကို ဖြစ်စေသနည်း။
ဆ။ ရုပ်သာမညကိုသာ ဖြစ်စေနိုင်သောစိတ် မည်မျှနည်း၊ လင်္ကာပုဒ်ကို
ထောက်ပါ။
ရုပ်ကို ဖြစ်စေခြင်းနှင့် တကွ ဣရိယာပုထ်ကို ထောက်ပံ့ နိုင်သောစိတ်
မည်မျှနည်း၊ သင်္ဂြိုဟ်ပါဠိနှင့် လင်္ကာကို ထောက်ပါ။
[စာမေးပွဲပုစ္ဆာများ၌ ဤနေရာမှာ – ဣရိယာပုထ်ကို ဖြစ်စေနိုင်သော
စိတ်ကို ထုတ်ပြပါ” ဟု ပုစ္ဆာထုတ်လိမ့်မည်, အဖြေတူပင်။ ]
ဈ။ ရုပ်ဣရိယာပုထ် ဝိညတ်ကို ဖြစ်စေနိုင်သော စိတ် မည်မျှရှိသနည်း,
သင်္ဂြိုဟ်နှင့် လင်္ကာပုဒ်ကို ထောက်ပါ။
ည။ ရုပ်ဣရိယာပုထ် ဝိညတ် အပြင် ရယ်ရွှင်ခြင်းကို ဖြစ်စေနိုင်သော စိတ်
မည်မျှရှိသနည်း၊ သင်္ဂြိုဟ်နှင့် လင်္ကာပုဒ်ကို ထောက်ပါ။
ဋ။ ပုထုဇဉ်တို့ အဘယ်စိတ်များဖြင့် ရယ်ကြသနည်း၊ လင်္ကာပုဒ်ကိုထောက်ပါ။
ဌ။ သေက္ခပုဂ္ဂိုလ်တို့ အဘယ်စိတ်များဖြင့် ရယ်ကြသနည်း၊ ထောက်ပါ။
ဍ။ ဘုရားရဟန္တာတို့ အဘယ်စိတ်များဖြင့် ပြုံးတော်မူကြသနည်း။
နိဿယနှင့်အဓိပ္ပါယ်
၃၆ ၅
၇။ သိတုဏောတု သမညာတ၁ - သိဘဥတု ဥဏှဥထု
ဟု အသိအမှတ်ပြုအပ်သော၊ တေဇောဓာတု - တေဇောဓာတ်
သည်၊ ဗြိတိပ္ပတ္တ၁ဝ-သို့ရောက်မှသာလျှင်၊ ဥတုသမုဋ္ဌာနရုပ်-
ဥတုကြောင့်ဖြစ်သောရုပ်ကို၊ အဇ္ဈတ္တဉ္စ-အဇ္ဈတ္တသန္တာန်၌၎င်း၊
ဗဟိဒ္ဓါစ-ဗဟိဒ္ဓသန္တာန်၌၎င်း၊ ယထာရဟံ- ထိုက်သည်အား
လျော်စွာ၊ သမုဋ္ဌာပေတိ-ဖြစ်စေ၏။
၇။ သီတုဏှာတု ၊ ပေ ၊ သမုဋ္ဌာပေတိ-’ဤစကားရပ်ကား“ ဥတု”
ဟူသော အကြောင်းတရားက ရုပ်ဖြစ်စေပုံကို ပြသော စကားရပ်တည်း၊
မဟာဘုတ် ၄ ပါးတွင် တေဇောဓာတ်ကိုပင် ယခု လောက၌ သီတဥတု
(အအေးငွေ့) ဟူ၍၎င်း, ဥဏှဥတု ( အပူငွေ့) ဟူ၍၎င်း, အသိအမှတ် ပြုကြ
လေသည်၊ အေးသော အရာဝတ္ထု ဟူသမျှ၌ သီတဥတု ( သီတတေဇော)
ပါ၏၊ ပူနွေးသော အရာဝတ္ထု ဟူသမျှ၌ ဥဏှဥတု (ဥဏှတေဇော) ပါသည်၊
ဥတုနှင့် တေဇော ဟူသည့် အသံသာကွဲ၏, အနက်အရမှာ အငွေ့ဓာတ်
ချည်းသာတည်း၊ မည်သည့်ဝတ္ထု၌မဆို အအေးငွေ့ အနွေးငွေ့ တခုခု အမြဲ
ရှိသည်။ [သီတုဏှောတု=သီတ+ဥ+ဥတု။]
ဌိတိပ္ပတ္တာ၁ — ရုပ်တရားတို့ မည်သည် ဌီအခိုက်အတန့်၌ ကြာမြင့်စွာ
တည်နေရသောကြောင့် ဥပါဒ်ခိုက်ထက် ဌီအခိုက်မှာ အားကောင်း၏၊
ထို့ကြောင့် ဥတု ခေါ်သော ဤ တေဇောဓာတ်သည် ဥပါဒ်ပြီးနောက်
ဌီအခိုက်သို့ ရောက်မှသာ ရုပ်ကိုဖြစ်စေ၏၊ ထိုဥတုကြောင့် ဖြစ်သော ရုပ်ကို
ဥတုဇ — ရုပ် ဟု ခေါ်သည်။ [ ဌိတိပ္ပဘာဝ၌ ဧဝ သဒ္ဒါဖြင့် ဥပါဒ်ခိုက်၌
မဖြစ်စေနိုင် ဟု ကန့်သည်။ ]
အဇ္ဈတ္တဉ္စ ဗဟိဒ္ဓါစ---ထိုသို့ ဖြစ်စေရာဝယ် အဇ္ဈတ္တသန္တာန်၌ ( ခန္ဓာ
ကိုယ်တွင်း၌ ) ရောက်ရှိ တွေ့ထိသော ဥတုကလည်း ခန္ဓာကိုယ် အတွင်း၌
## Trang 188
ဥတုဇရုပ်ကို ဖြစ်စေ၏၊ ဗဟိဒ္ဓသန္တာန်၌ ( ကိုယ်၏ ပြင်ပ သစ်ပင် တော
တောင် ရေ မြေ စသည့်တို့၌ ) ရှိသော ဥတုကလည်း ဗဟိဒ္ဓ၌ ဥတုဇရုပ်
များကို ဖြစ်စေ၏၊ အသက်ဝိညာဉ် မရှိသော ဝတ္ထု ဟူသမျှသည် ဥတုဇ
ရုပ်များချည်းသာ တည်း။
ယထာရဟံ — ဤသို့ အဇ္ဈတ္တဥတုက အဇ္ဈတ္တ၌ ရထိုက်သော ဥတုဇ
ရုပ်ကလာပ်ကို, ဗဟိဒ္ဓဥတုက ဗဟိဒ္ဓ၌ ရထိုက်သော ရုပ်ကလာပ်ကို ဖြစ်စေ
သည့် ဟု သိစေလို၍ ယထာရဟံ ဟု မိန့်သည်။ [ဥတုဇကလာပ် ၄ စည်းတွင်
ဗဟိဒ္ဓသန္တာန်၌ ၂ စည်းသာ ရထိုက်သည် ဟု ဆိုလတ္တံ့။]
ဤစကားအရ — “သီတဥတု ဥဏှဥတု ဟု ခေါ်သော တေဇောဓာတ်
သည် ဥပါဒ်ပြီးနောက် ဌီသို့ အရောက်တွင် ဥတုဇရုပ်ကို အဇ္ဈတ္တ ဗဟိဒ္ဓသန္တာန်၌
ရထိုက်သလို ဖြစ်စေသည်”ဟု နှုတ်တက်မှတ်ခဲ့ပါ။
၈။ ဩဇာသင်္ခါတေ၁-ဩဇာ ဟု ဆိုအပ်သော၊ အာဟာ
ရော – အာဟာရသည်၊ အာဟာရ သမုဋ္ဌာနရုပ် - အာဟာရ
ကြောင့်ဖြစ်သော ရုပ်ကို၊ အာဟရဏကာလေ- မျိုအပ်ရာ
အခါ၌၊ ဌာနပတ္တေ၁၀-ဌီသို့ ရောက်မှသာလျှင်၊ သမုဋ္ဌာပေတိ-
ဖြစ်စေ၏။
ဩဇာသင်္ခါတော၊ ပေ ၊ သမုဋ္ဌာပေတိ — ဤစကားရပ်ကား
“အာဟာရ” ဟူသော အကြောင်းတရားက ရုပ်ဖြစ်စေပုံကို ပြသော စကား
ရပ်တည်း၊ စားဘွယ် သောက်ဘွယ် ဟူသမျှ တို့၌ ပါရှိသော အဆီ အနှစ်
အစေးကို သြဇာဟူ၍၎င်း, အာဟာရဟူ၍၎င်း ခေါ်၏။ [ တယ် အဆီ'အနှစ်
အားကြီးတဲ့အစာ, တယ် အစေးအညှော်များတဲ့ ဆန်, စသော စကားများ
သည် သြဇာကိုပြောသော စကားများတည်း။]
နိဿယနှင့်အဓိပ္ပါယ်
၃၆၇
၉။ တတ္ထ’ထို ရုပ်တို့တွင်၊ ဟဒယ ဣန္ဒိယရူပါဠိ- ဟဒယ
ဣန္ဒိယရုပ်တို့သည်၊ ကမ္မဇာနေဝ-ကမ္မဇတို့ချည်းသာတည်း။
၁၀။ ဝိညတ္တိဒွယံ - ဝိညတ်နှစ်ပါးသည်၊ စိတ္တဇမေဝ- စိတ္တဇ
ချည်းသာတည်း။
၁၁။ သဒ္ဓေါ - သဒ္ဒရုပ်သည်၊ စိတ္တောတုဇော- စိတ်
နှစ်ပါးတို့ကြောင့် ဖြစ်၏။
အာဟရဏကာလဌာန ပတ္တောဝ ‘တစုံတခုသော စားဘွယ်
သောက်ဘွယ်ကို စားသောက်သည့် အခါ ထို အစာတွင်း၌ပါသော ဩဇာနှင့်
တကွ ရုပ်ဟူသမျှသည် ဥပါဒ် ဌီဘင် အားဖြင့် အစဉ်မပျက် ဖြစ်ပျက်ကြလေရာ,
ဥပါဒ်ပြီးနောက် ဌီ အခိုက်သို့ အရောက် အရောက်တွင် သြဇာ ဟု ခေါ်သော
အာဟာရရုပ်သည် ရုပ်သစ်တမျိုးကို တိုးပွား ဖြစ်ပေါ်စေ၏၊ ထို အာဟာရ
ကြောင့် ဖြစ်သောရုပ်ကို “အာဟာရဇရုပ်” ဟု ခေါ်၏။
ဤ စကားစဉ်အရ — “သြဇာ ဟူသော အာဟာရသည် စားဘွယ်ကို
မျိုလိုက်ရာအခါဝယ် ရောက်လေရာ အရပ်၌ အသစ်အသစ် ဥပါဒ်ပြီးနောက်
ဌီသို့ အရောက်မှာ အာဟာရဇရုပ်ကို ဖြစ်စေသည့် ” ဟု နှုတ်တက် မှတ်ခဲ့ပါ။
၉။ တတ္ထဟဒယ၊ပေ၊ကမ္မဇာနေဝ— ကမ္မဇာနေဝ၌ ဧဝဖြင့် စိတ္တဇ
ဥတုဇ အာဟာရဇမရှိဟု ကန့်သည်၊ ဤစကားအရ ဟဒယရုပ် ၁,ဣန္ဒိယရုပ် ၈
အားဖြင့် ဧကန် ကမ္မဇရုပ် ၉ ပါးရှိသည့် ဟု မှတ်။
၁၀။ ဝိညတ္တိဒွယံစိတ္တဇမေဝ — ဤစကားအရ ဧကန် စိတ္တဇရုပ် ၂ ဟု
မှတ်ခဲ့ပါ၊ ကမ္မဇ စိတ္တဇ ဧကန်ရုပ်များကို ပေါင်း၍ ဧကဇ ( အကြောင်းတပါး
ကြောင့် ဖြစ်သော)ရုပ် ၁၁ ပါးဟုလည်း မှတ်သားခဲ့ပါ။
၁၁။ သဒ္ဓေါစိတ္တောတုဇော — စကားပြောသံ အသက်ရှူသံ စသည့်
သည် စိတ္တဇ သဒ္ဒ တည်း၊ အပြင်ပ၌ မိုဃ်းသံ လေသံ ခေါင်းလောင်းသံ
## Trang 189
ဓာတ်သီချင်းသံနှင့် ဝမ်းတွင်း၌ လေသံတို့ကား ဥတုကြောင့် ဖြစ်သော ဥတုဇ
သဒ္ဒတည်း၊ ဤသို့လျှင် သဒ္ဒရုပ်သည် စိတ် ဥတု ၂ ပါးကြောင့် ထိုက်သည်အား
လျော်စွာ ဖြစ်၏၊ ဤစကားအရ ဒွိဇ (အကြောင်း ၂ ပါးကြောင့် ဖြစ်သော)
ရုပ် ၁ ပါးဟု မှတ်ခဲ့ပါ။
၁၂။ လဟုတာဒိတ္တယံ၊ပေ ၊ သန္တောတိ’ဥတု သာယာသည့်အခါ,
စိတ်ကြည်လင်သည့်အခါ, အစာ အာဟာရ မျှတသည့် အခါတို့၌ ရုပ်ခန္ဓာ၏
ပေါ့ပါးမှု (လဟုတာ), နူးညံ့မှု (မုဒုတာ), ထိုထို အမှုကိစ္စတို့၌ ကောင်းမွန်
ခံ့ညားမှု ( ကမ္မညတာ ) ရုပ်များသည့် ဖြစ်တတ်၏၊ ထို့ကြောင့် လဟုတာ
စသော ရုပ် ၃ ပါးသည့် ဥတု စိတ် အာဟာရ တို့တွင် တပါးပါးကြောင့်
ထိုက်သလိုဖြစ်၏၊ ဤစကားအရ တိဇရုပ် ၃ ပါးဟု မှတ်ခဲ့ပါ။
၁၃။ အဝိနိဗ္ဘောဂ၊ ပေ ၊ သမ္ဘူတာနိ ’ အဝိနိဗ္ဘောဂရုပ် ၈ ပါး
သည့် အကြောင်း လေးပါးကြောင့် ထိုက်သလို ဖြစ်၏။ အာကာသဓာတ်
ဟူသည်လည်း၊ ရုပ်ကလာပ် ၂ ခု ပေါင်းစပ် မိလျှင် အလိုလို ပါလာသော
“အကြား” တည်း၊ ထို့ကြောင့် ကမ္မဇကလာပ် ၂ ခုကြား ( အာကာသ) ကို
ကမ္မဇ အာကာသဓာတ်, စိတ္တဇ ကလာပ် ၂ ခု ကြားကို စိတ္တဇ အာကာသ
ဓာတ် စသည်ဖြင့် ခေါ်ဝေါ်ရလေသည်။ ဤ စကားအရ စတုဇရုပ် ၉ ပါးဟု
မှတ်သားခဲ့ပါ။
နိဿယနှင့်အဓိပ္ပါယ်
၃၆ ၉
၁၄။ လက္ခဏရူပါနိ-လက္ခဏ ရုပ်တို့သည်၊ ကုတောစိ-
မည်သည့် အကြောင်းကြောင့်မျှ၊ နဇာယန္တိ−မဖြစ်ကုန်။
သင်္ဂဟော အဋ္ဌာရသ - တဆဲ့ရှစ်ပါးသော ရုပ်တို့၎င်း၊ ပန္နရသ-
တဆဲ့ ငါးပါးသော ရုပ်တို့၎င်း၊ တေရသ – တဆဲ့
သုံးပါးသော ရုပ်တို့၎င်း၊ ဒွါဒသစ - တဆဲ့နှစ်ပါးသော ရုပ်တို့
၎င်း၊ ဣတိ-ဤသို့၊ ယထာက္ကမံ-အစဉ်အားလျော်စွာ “အကြင်
အကြင် အစဉ်ရှိတိုင်း” ဟုလည်း ဆိုနိုင်၏၊ ကမ္မစိတ္တော-တု
ကာဟာရဇာနိ - ကမ္မဇ စိတ္တဇ ဥတုဇ အာဟာရဇရုပ်တို့
သည်၊ ဟောန္တိ‘ဖြစ်ကုန်၏။
၁၄။ လက္ခဏရူပါနိ ၊ ပေ ၊ ဇာယ န္တိ ’လက္ခဏရုပ် ၄ ပါးကို မည်
သည့် အကြောင်းကြောင့် ဖြစ်သည် ဟု မဆိုသင့်။ [ အကြောင်းမှာ ဂါထာ၌
ထင်ရှားလတံ့၊ ] ဤစကားအရ နကုတောစိသမုဋ္ဌာန် ( ဘယ်အကြောင်း
ကြောင့်မျှ မဖြစ်သော ) ရုပ် ၄ ပါးဟု မှတ်သားခဲ့ပါ။
သင်္ဂဟဂါထာ။ ။ အဋ္ဌာရသ ၊ ပေ ၊ ယထာက္ကမံ’ကား ကမ္မဇရုပ်
စသည့်ကို အကျဉ်းချုပ် ရေတွက်ပြသော သင်္ဂဟဂါထာတည်း၊ ယထာက္ကမံ
အရ ကမ္မဇရုပ် အဋ္ဌာရသ, စိတ္တဇရုပ် ပန္နရသ, ဥတုဇရုပ် တေရသ, အာဟာ
ရဇရုပ် ဒွါဒသ ဟု သိလေ။
ကမ္မဇရုပ် ၁၈ ကား — ဧကန် ကမ္မဇရုပ် ၉ နှင့် အဝိနိဗ္ဘောဂရုပ် ၈
အာကာသဓာတ်တည်း။ [နောက်၉ပါးကို အနေကန် ကမ္မဇရုပ်များ
ဟုလည်း ခေါ်နိုင်၏၊ စုဏ္ဏိယကို ပြန်ကြည့်။ ]
စိတ္တဇရုပ် ၁၅ ကား—ဝိညတ် ၂, သဒ္ဒ ၁, လဟုတာဒိ ၃, အဝိနိဗ္ဘောဂနှင့်
အာကာသဓာတ် ၁ တည်း။
## Trang 190
ဥတုဇရုပ် ၁၃ ကား’ယခင် ၁၄ တွင် ဝိညတ် ၂ ကို နှုတ်။
အာဟာရဇရုပ် ၁၂ ကား’ယခင် ၁၃ တွင် သဒ္ဒရုပ်ကို ထပ်၍ နှုတ်။
ဇာယမာနာဒိရူပါနံ သဘာဝတ္တာ ‘ဤ ပါဌ်ကား လက္ခဏရုပ် ၄ ခု
“နကုတောစိသမုဋ္ဌာန်” မည်ခြင်း၏ အကြောင်းကို ပြသော ပါဌ်တည်း၊
လက္ခဏ ရုပ်တို့သည် ဖြစ်ဆဲ ဆဲ ရုပ်တို့၏ ဓမ္မတာ ဖြစ်သောကြောင့်
“မည်သည့် အကြောင်းကြောင့် ဖြစ်သည် ဟု မဆိုနိုင်” ဟူလို၊ ဇာယမာန =
ဖြစ်ဆဲရုပ်(ဥပါဒ်ဆဲရုပ်)၊ ဇာယမာနာဒိ၌ အာဒိသဒ္ဒါဖြင့် တည့်ဆဲရုပ်(ဌီရုပ်),
ပျက်ဆဲရုပ် (ဘင်ရုပ်) ကို ယူ။
သဘာဝတ္တာ’လက္ခဏရုပ်တို့ ဟူသည် ဥပစယ သန္တတိ ဇရတာ
အနိစ္စတာတို့တည်း၊ ဖြစ်ခြင်း (ဥပစယ-သန္တတိ)လက္ခဏာသည် ဖြစ်ဆဲရုပ်၏
သဘောတံထွာ ဓမ္မတာပင်တည်း၊ ရင့်ခြင်း(ဇရတာ)လက္ခဏာသည် တည်ဆဲ
ရုပ်၏ သဘောတံထွာ ဓမ္မတာပင်တည်း၊ ပျက်ခြင်း (အနိစ္စတာ) လက္ခဏာ
သည့် ပျက်ဆဲရုပ်၏ ဓမ္မတာပင်တည်း။
မုံ့လုံးကို ဝယ်စားသည့်အခါ အတွင်းမှာပါသော ထန်းလျက် အတွက်
သီးခြား အဘိုးပေးဘွယ် မရှိသကဲ့သို့ ဆိုင်ရာ အကြောင်းတရားတို့က ဆိုင်ရာ
နိဿယနှင့်အဓိပ္ပါယ်
၃၇၁
အယံ-ဤသည်ကား၊ ဧတ္ထ – ရူပ ပရိစ္ဆေဒ၌၊ ရူပသမုဋ္ဌာန
နယော၁-ရူပသမုဋ္ဌာန်နည်းတည်း။
ရုပ်ကိုစီမံလိုက်သည့်အခါ ၍ ဖြစ်ခြင်း ရင့်ခြင်း ပျက်ခြင်းဟူသောလက္ခဏာမှာ
သဘောတံထွာ ဓမ္မတာအလိုက်ပါလာတော့၏၊ တသီးတခြား ပြုစီမံနေဘွယ်
မရှိ၊ ထို့ကြောင့် ဤလက္ခဏရုပ် ၄ ပါးကို – “မည့်သည့် အကြောင်းကြောင့်
ဖြစ်သည့်” ဟု မဆိုနိုင်’ဟူလို။
[ အဋ္ဌကထာကြီးများ၌ ဥပစယနှင့် သန္တတိကို ပရိယာယ် အားဖြင့်
ရုပ်လေးမျိုး၌ သွင်းသောနည်းလည်း ရှိသေး၏၊ ထိုနည်းကိုလိုက်၍ မာတိကာ
အကောက်များ၌ အဋ္ဌာရသ စသော သင်္ချာတွင် ဥပစယနှင့် သန္တတိ သွင်း
ပြီးလျှင် ကမ္မဇရုပ် ဝီသ ( ၂၀ ), စိတ္တဇရုပ် သတ္တရသ ( ၁၇ ), ဥတုဇရုပ်
ပန္နရသ ( ၁၅ ), အာဟာရဇရုပ် စုဒ္ဒသ (၁၄) ဟု ဆိုထားသည်ကိုလည်း
သတိပြုခဲ့ပါ။ ]
လေ့ကျင့်ခဏ်း မေးခွန်းများ
က။ ဥတုသည် ရုပ် ၂၈ ပါးတွင် အဘယ်ရုပ်နည်း၊ အဘယ်ခဏ၌ ရုပ်ကို
ဖြစ်စေသနည်း။
ခ။ အာဟာရဟူသည့် ဘယ်အရာကို ခေါ်သနည်း၊ အဘယ်ခဏ၌ ရုပ်ကို
ဖြစ်စေသနည်း။
ဂ။ အသက်ရှိသော သတ္တဝါတို့၌ ကမ္မဇ စသော ရုပ် ၄ မျိုးတွင် အဘယ်
ရုပ်များရှိ၍၊ သစ်ပင် တော တောင် စသော သက်မဲ့ ဝတ္ထု၌ အဘယ်
ရုပ်များ ရှိသနည်း။
ဃ။ ဧကန် ကမ္မဇရုပ် မည်မျှနည်း၊ သင်္ဂြိုဟ်ထောက်၍ ရေတွက်ပါ။
## Trang 191
ဗ ။ ဧကန် စိတ္တဇရုပ် မည်မျှနည်း၊ သင်္ဂြိုဟ်ထောက်ပါ။
ဆ။ ဧကဇရုပ် မည်မျှနည်း၊ သင်္ဂြိုဟ်ထောက်ပါ။
ဒွိဇရုပ် မည်မျှနည်း၊ သင်္ဂြိုဟ်ထောက်ပါ။
ဇ ။ တိဇရုပ် မည်မျှနည်း၊ သင်္ဂြိုဟ်ထောက်ပါ။
စ။ စတုဇရုပ် မည်မျှနည်း၊ သင်္ဂြိုဟ်ထောက်ပါ။
ည။ န ကုတောစိ သမုဋ္ဌာန်ရုပ် မည်မျှနည်း၊ သင်္ဂြိုဟ်ထောက်ပါ။
ဋ ။ သင်္ဂြိုဟ်အဆိုအားဖြင့် ကမ္မဇရုပ် ၁၈ ပါး၊ ပရိယာယ်အားဖြင့် ၂၀ ကို
သရုပ်ရေတွက်ပါ။
ဌ ။ စိတ္တဇရုပ် ၁၅ ပါး၊ ပရိယာယ် အားဖြင့် ၁၇ ပါးကို သရုပ်ရေတွက်ပါ။
ဍ ။ ဥတုဇရုပ် ၁၃ ပါး၊ ပရိယာယ်အားဖြင့် ၁၅ ပါးကို သရုပ်ရေတွက်ပါ။
ယ။ အာဟာရဇရုပ် ၁၂ ပါး၊ ပရိယာယ်အားဖြင့် ၁၄ ပါးကို သရုပ်ရေတွက်
ပြပါ။
ဏ။ ဇာယမာနာဒိရူပါနံစသော ဂါထာကို အနက်ပေးပါ။
တ။ အဘယ့်ကြောင့် လက္ခဏရုပ် တို့သည် မည်သည့် အကြောင်းကြောင့်မျှ
မဖြစ်ကုန်သနည်း၊ သင်္ဂြိုဟ်ဟိတ်ပါဌ်ကို ထောက်ပြပါ။
ရူပသမုဋ္ဌာန်ခဏ်း
ပြီး၏။
ရူပကလာပ
နိဿယနှင့်အဓိပ္ပါယ်
၁။ ဧကပ္ပါဒါ-တူသောဖြစ်ခြင်း ရှိကုန်သည်၎င်း၊
ဧကနိရောဓါ-တူသောချုပ်ခြင်း ရှိကုန်သည်၎င်း၊
ဧကနိဿယာ - တူသော မှီရာ မဟာဘုတ် ရှိကုန်သည်၎င်း၊
ဟုတွာ – ဖြစ်ကုန်၍၊ သဟဝုတ္တိနယော - အတူတကွ ဖြစ်ခြင်း
၁။ ရူပကလာပ။ ။ကလာပသဒ္ဒါသည် – အပေါင်း အဖွဲ့အစည်း”
ဟူသော အနက်ကို ဟော၏၊ ထို့ကြောင့် အတူတကွ ဖြစ်ဘက်ရုပ်များကို
ပေါင်းစပ် ဖွဲ့စည်း၍ပြရာ အခဏ်းကို ရူပကလာပခဏ်း ဟု ခေါ်သည်၊ ရုပ်များ
ဖြစ်သည့်အခါ တစ်ခုချင်းခွဲ၍ ဖြစ်သည်မဟုတ်၊ ဆိုင်ရာရုပ်နှင့် ပူးပေါင်းတွဲဘက်
၍သာ ဖြစ်လေ့ ပျက်လေ့ ရှိကြသည်။
ဧကုပ္ပါဒ’တူသော ဖြစ်ခြင်းရှိသည် “ တစ်ကလာပ်ထည်း၌ ပါဝင်သော
ရုပ်များသည့် တစ်ခုကဖြစ်လျှင် အခြားတွဲဘက်များလည်း တစ်ပြိုင်နက် ဖြစ်ကြ
ရသည့်” ဟူလို။
ဧကနိရောဓ’တူသော ချုပ်ခြင်းလည်း ရှိကြသည်၊“ရုပ်တစ်ခုကချုပ်လျှင်
အခြားတွဲဘက် ကလာပ်တူရုပ်များလည်း ချုပ်ကြရသည် ” ဟူလို။
ဧကနိဿယ — တူသော မှီရာရှိကြသည်၊ ရုပ်ကလာပ်တစ်ခု၌ ပါဝင်သော
ဥပါဒါရုပ်တို့သည် မဟာဘုတ် ၄ ပါးကိုချည်း မှီကြရသည်၊ မဟာဘုတ်များ
လည်း အချင်းချင်း အပြန်အလှန် မှီကြသည်၊ ဤသို့ တစ်ကွဖြစ်ဘက် ဟူသမျှ
တူသော မှီရာမဟာဘုတ် ရှိကြသည် ဟူလို။
အတူဖြစ်ခြင်း — အတူချုပ်ခြင်း — တူသော မှီရာရှိခြင်းသည် သဟဝုတ္တိ
( အတူတကွ တွဲဘက်၍ ဖြစ်နိုင်ဘို့ရာ ) အင်္ဂါ ၃ ပါးတည်း၊ သဟဝုတ္တိနှင့်
ကလာပသဒ္ဒါသည့် အဓိပ္ပါယ်တူသောကြောင့် ယခင် ၃ ပါးကို ကလာပ်၏
အင်္ဂါဟူ၍လည်း ဆိုကြ၏၊ [ အချို့ ကား သဟဝုတ္တိကို ကလာပ်၏ အင်္ဂါ ၁ပါး
ဟု ဆိုလိုကြ၏၊ သင့် မသင့်ကို ဘာသာဋီကာ၌ စိစစ်ထားသည်။ ]
## Trang 192
ရှိသော ရုပ်အပေါင်းတို့သည်၊ ဧကဝီသတိ - နှစ်ဆဲ့တစ်စည်း
သော၊ ရူပကလာပါနာမ-ရုပ်ကလာပ်တို့ မည်၏။
ကမ္မဇကလာပ်
၂။ တတ္ထ-ထို ၂၁ စည်းသော ရုပ်ကလာပ်
တို့တွင်၊ ဇီဝိတံ−ဇီဝိတရုပ်၎င်း၊အဝိနိဗ္ဘောဂရူပဉ္စ-အဝိနိဗ္ဘောဂရုပ် ရှစ်ပါး၎င်း၊ စက္ခုနာ-စက္ခုပသာဒနှင့်၊
သဟ-တစ်ကွ ဖြစ်သည်ရှိသော်၊ စက္ခုဒသကံတိ-စက္ခုဒသက
ဟူ၍၊ ပဝုစ္စတိ’ဆိုအပ်၏။
တထာ-ထို့အတူ၊ သောတာဒီဟိ – သောတပသာဒ အစ
ရှိသောရုပ်တို့နှင့်၊ သဟ-တစ်ကွဖြစ်သည်ရှိသော်၊သောတဒသ
ကံ-သောတဒသက ဟူ၍၎င်း၊ ဃာနဒသကံ-ဃာနဒသကဟူ
၍၎င်း၊ ဇိဝှါဒသကံ – ဇိဝှါဒသကဟူ၍၎င်း၊ ကာယဒသကံ-
ကာယဒသက ဟူ၍၎င်း၊ ဣတ္ထိဘာဝဒသကံ-ဣတ္ထိဘာဝဒသ
က ဟူ၍၎င်း၊ ပုရိသဘာဝဒသကံ- ပုရိသဘာဝဒသကဟူ၍၎င်း၊ ဝတ္ထု
ဒသကန္တိစ-ဝတ္ထုဒသက ဟူ၍၎င်း၊ ယထာက္ကမံ - အစဉ်အား
လျော်စွာ၊ ယောဇေတဗ္ဗံ-ယှဉ်စေအပ်၏။
၂။ ကမ္မဇကလာပ်။ ။တတ္ထဇီဝိတံ၊ပေ၊ပဝုစ္စတိ’[ ဒသက၊ ဒသ==
ဆယ်ခု+က = အပေါင်း။ ]ရုပ်ဆယ်ခုတို့၏ အပေါင်းကို “ ဒသက ” ဟု
ခေါ်၏၊ ဇီဝိတရုပ် ၁, အဝိနိဗ္ဘောဂရုပ် ၈, စက္ခုပသာဒ ၁, ၍ ၁၀ ပါးကို
“ စက္ခုဒသက ကလာပ်” ဟု ခေါ်သည်၊ စက္ခုပသာဒရုပ်ဖြင့် မှတ်သား အပ်
သော ရုပ် ဆယ်ခုအပေါင်း” ဟူလို။
တထာသောတာဒီဟိ၊ပေ၊ယောဇေတဗ္ဗံ … သောတာဒီဟိ၌ အာဒိ
သဒ္ဒါဖြင့် ဃာနပသာဒ ဇိဝှါပသာဒ ကာယပသာဒ ဣတ္ထိဘာဝ ပုရိသဘာဝ
အဝိနိဗ္ဘောဂရူပမေဝ-အဝိနိဗ္ဘောဂ ရုပ်ရှစ်ပါးကိုပင်၊ ဇီဝိ
တေန-ဇီဝိတရုပ်နှင့်၊ သဟ’တစ်ကွဖြစ်သည်ရှိသော်၊ ဇီဝိတနဝ
ကံတိ−ဇီဝိတနဝက ဟူ၍၊ ပဝုစ္စတိ-ဆိုအပ်၏၊ ဣမေနဝ- ဤ
စည်းတို့သည်၊ ကမ္မသမုဋ္ဌာနကလာပါ-ကံကြောင့် ဖြစ်သော
ရုပ်ကလာပ်တို့တည်း။
စိတ္တဇကလာပ်
၃။ ပန - အတူ တစ်ပါးကား၊ အဝိနိဗ္ဘောဂ
ရူပံ – အဝိနိဗ္ဘောဂ ရုပ် ရှစ်ပါးသည်၊ သုဒ္ဓ
ဋ္ဌကံ-သုဒ္ဓဋ္ဌကမည်၏၊ တဒ-ထိုအဝိနိဗ္ဘောဂ ရုပ်သည်ပင်၊
ကာယဝိညတ္တိယာ-ကာယဝိညတ်နှင့်၊ သဟ-တစ်ကွ ဖြစ်သည်
ဟဒယဝတ္ထုရုပ် ဟူသော ဧကန် ကမ္မဇရုပ်များကို ယူ၊“ယထာက္ကမံ ယောဇေ
တဗ္ဗံ ” အရ ဇီဝိတရုပ် ၁, အဝိနိဗ္ဘောဂရုပ် ၈ ၌ သောတပသာဒ သွင်းလျှင်
သောတဒသက ကလာပ်ဖြစ်၏၊ဃာနပသာဒသွင်းလျှင် ဃာနဒသက ကလာပ်
ဖြစ်၏၊စသည့်ဖြင့် သိနိုင်လေခံပြီ၊ ဟဒယဝတ္ထု သွင်းလျှင် ဝတ္ထုဒသကကလာပ်
ဖြစ်၏။
အဝိနိဗ္ဘောဂ ၊ ပေ ၊ ကလာပါ’အဝိနိဗ္ဘောဂရုပ် ၈, ဇီဝိတရုပ် ၁,
ဤ ရုပ် ၉ ပါးအပေါင်းကို “ဇီဝိတနဝက” ကလာပ် ဟု ခေါ်၏၊ စက္ခုဒသက
ကလာပ်မှစ၍ ဤ ဇီဝိတနဝက ကလာပ်တိုင်အောင် ကမ္မဇကလာပ် ၉ စည်း
ဟူ၍ မှတ်၊ ဤ ကမ္မဇကလာပ်ကို စဉ်းစားကြည့်လျှင် ရူပသမုဋ္ဌာန်ခဏ်း၌ ပြခဲ့
သော ဧကန်ကမ္မဇရုပ် ၉ ပါးကို တစ်ခုစီ ခွဲခြား၍ အနေကန် ဖြစ်သော အဝိ
နိဗ္ဘောဂရုပ် ၈ ပါးနှင့် ဇီဝိတပါ တွဲဘက်ပြကြောင်း သိသာ၏၊ နောက်နောက်
ကလာပ် များ၌လည်း ဧကန် စိတ္တဇရုပ် စသည်ကို အဝိနိဗ္ဘောဂ ရုပ်များနှင့်
တွဲဘက်၍ ပြလတ္တံ့၊
## Trang 193
ရှိသော်၊ ကာယဝိညတ္တိနဝကံ - ကာယဝိညတ္တိနဝက မည်၏၊
ဝစီဝိညတ္တိသဒ္ဒေဟိ-ဝစီဝိညတ်သဒ္ဒရုပ် နှစ်မျိုးတို့နှင့်၊ သဟ’
တစ်ကွဖြစ်သည်ရှိသော်၊ ဝစီဝိညတ္တိဒသကံ-ဝစီဝိညတ္တိဒသက
မည်၏၊ - လဟုတာဒီဟိ - လဟုတာ အစရှိသော ရုပ် သုံးပါး
တို့နှင့်၊ သဒ္ဓိံ - တစ်ကွ ဖြစ်သည် ရှိသော်၊ လဟုတာဒေကာ
ဒသကံ - လဟုတာ ဧကဒသက မည်၏၊ ကာယဝိညတ္တိ
လဟုတာဒီဟိ - ကာယဝိညတ် လဟုတာ အစရှိသော
သုံးပါးတို့နှင့်၊ သဒ္ဓိံ- တစ်ကွ ဖြစ်သည်ရှိသော်၊ ကာယဝိညတ္တိ
လဟုတာဒိ ဒွါဒသကံ - ကာယဝိညတ္တိ လဟုတာဒိ ဒွါဒသက
မည်၏၊ ဝစီဝိညတ္တိ သဒ္ဒ လဟုတာဒီဟိ – ဝစီဝိညတ် သဒ္ဒ
လဟုတာ စသော ရုပ် သုံးပါးတို့နှင့်၊ သဒ္ဓိံ– တစ်ကွ ဖြစ်သည်
ရှိသော်၊ဝစီဝိညတ္တိသဒ္ဒလဟုတာဒိတေရသကံစ-ဝစီဝိညတ္တိ
သဒ္ဒလဟုတာဒိ တေရသကလည်း မည်၏၊ ဣတိဆ- ခြောက်
စည်းတို့ကား၊ စိတ္တသမုဋ္ဌာနကလာပါ-စိတ်ကြောင့် ဖြစ်သော
ရုပ်ကလာပ်တို့တည်း။
၃။ စိတ္တဇကလာပ်။ ။ အဝိနိဗ္ဘောဂ ၊ပေ၊ စိတ္တသမုဋ္ဌာနကလာပါ-
ကား စိတ္တဇကလာပ် ၆ စည်းကို ပြသော စကားရပ်တည်း၊ အဝိနိဗ္ဘောဂရုပ်
၈ ပါးကို သုဒ္ဓဋ္ဌကကလာပ်ဟု ခေါ်၏၊[သုဒ္ဓ+အဋ္ဌက။ သုဒ္ဓ-ဆိုလတ္တံ့သော
ဝိညတ်စသည့်တို့နှင့် မရောယှက်၍ သက်သက်သန့်သန့် ဖြစ်သော--အဋ္ဌက=
ရုပ် ရှစ်ခု အပေါင်း၊]
ယခင် ၈ ပါး၌ ကာယဝိညတ် ထည့်လျှင် ကာယဝိညတ္တိနဝက ကလာပ်
ဖြစ်၏၊ ကာယဝိညတ်ဖြင့် မှတ်အပ်သော ရုပ် ၉ ပါး အပေါင်း ဟူလို၊ ယခင်
ရှစ်ပါးတွင် ဝစီဝိညတ်နှင့် သဒ္ဒ ထည့်က ဝစီဝိညတ္တိဒသက ကလာပ်ဖြစ်၏၊
ဤသို့စသည်ဖြင့် အဝိနိဗ္ဘောဂရုပ် ၈ ပါးကို စိတ္တဇကလာပ်တိုင်းမှာ အရင်းခံ
အဖြစ်ဖြင့် ထည့်သွင်းလေ၊ [၍ သင်္ဂြိုဟ်ကျမ်း၌ စိတ္တဇကလာပ် ၆ စည်းသာ
လာသော်လည်း အဋ္ဌကထာကြီးများ အလိုအားဖြင့် ၈ စည်း ရထိုက်ကြောင်း
ဘာသာဋီကာ၌ ဆိုထားသည်။ ]
၄။ သုဒ္ဓဋ္ဌကံ – သုဒ္ဓဋ္ဌက၎င်း၊ သဒ္ဒနဝကံ-
ဥတုဇကလာပ်
သဒ္ဒနဝက၎င်း၊ လဟုတာဒေကာဒသကံ-
လဟုတာဒိ ဧကာဒသက၎င်း၊ သဒ္ဒလဟုတာဒိဒွါဒသကံစ-
သဒ္ဒလဟုတာဒိဒွါဒသက၎င်း၊ ဣတိ-ဤသို့၊ စတ္တာရော-လေး
စည်းတို့သည်၊ ဥတုသမုဋ္ဌာနကလာပါ-ဥတုကြောင့်ဖြစ်သော
ရုပ်ကလာပ်တို့တည်း။
အာဟာရဇကလာပ်
၅။ သုဒ္ဓဋ္ဌကံ-သုဒ္ဓဋ္ဌက၎င်း၊ လဟုတာ
ဒေကာဒသကံစ “လဟုတာဒိဧကာဒသ
က၎င်း၊ ဣတိ-ဤသို့၊ ဒွေ-နှစ်စည်းတို့သည်၊ အာဟာရသမုဋ္ဌာန
ကလာပါ…အာဟာရကြောင့် ဖြစ်သော ရုပ်ကလာပ်တို့တည်း။
၄။ ဥတုဇကလာပ်။ ။သုဒ္ဓဋ္ဌကံ ၊၊ဥတုသမုဋ္ဌာနကလာပါ’ကား
ဥတုဇကလာပ် ၄ စည်းကို ပြသော စကားရပ်တည်း၊ စိတ္တဇကလာပ်၌ ဆိုခဲ့
သည့်အတိုင်း အဝိနိဗ္ဘောဂရုပ် ၈ ခုကို သုဒ္ဓဋ္ဌက ကလာပ်, ထို ၈ ခုတွင်
သဒ္ဒထည့်၍ သဒ္ဒနဝက ကလာပ်, ထို ၈ ခုတွင် လဟုတာ မုဒုတာ ကမ္မညတာ
ထည့်၍ လဟုတာဧကာဒသက ကလာပ်, ၎င်း ၁၁ တွင် သဒ္ဒ ထည့်၍ သဒ္ဒ
လဟုတာဒိဒွါဒသက ကလာပ် ဟု ဆိုသည်။
၅။ အာဟာရဇကလာပ် ။ ။ သုဒ္ဓဋ္ဌကံ ၊ ပေ ၊ အာဟာရသမုဋ္ဌာန
ကလာပါ – ကား အာဟာရဇကလာပ် ၂ စည်းကို ပြသော စကားတည်း။
## Trang 194
အဇ္ဈတ္တ ဗဟိဒ္ဓကလာပ်
၆။ တတ္ထ- ထို နှစ်ဆဲ့တစ်စည်းသော
ရုပ်ကလာပ်တို့တွင်၊သုဒ္ဓဋ္ဌကံ-သုဒ္ဓဋ္ဌ
က၎င်း၊ သဒ္ဒနဝကံစ-သဒ္ဒနဝက၎င်း၊ ဣတိ-ဤသို့၊ ဒွေ-နှစ်စည်း
ကုန်သော၊ ဥတုသမုဋ္ဌာနကလာပါ – ဥတုကြောင့် ဖြစ်သော
ရုပ်ကလာပ်တို့ကို၊ ဗဟိဒ္ဓါပိ-ဗဟိဒ္ဓသန္တာန်၌လည်း၊လဗ္ဘန္တိ-
ရအပ်ကုန်၏။
ကလာပ် ဖွဲ့ပုံကို ဥတုဇကလာပ်အတိုင်း သိနိုင်လောက်ပြီ၊ ဤသို့လျှင် ကမ္မဇ
ကလာပ် ၉ စည်း, စိတ္တဇကလာပ် ၆, ဥတုဇကလာပ် ၄, အာဟာရဇ
ကလာပ် ၂ စည်းအားဖြင့် ရုပ်ကလာပ် ၂၁ စည်း ဖြစ်သည်။
၆။ အဇ္ဈတ္တ ဗဟိဒ္ဓကလာပ် အခွဲ။ ။တတ္ထသုဒ္ဓဋ္ဌကံ ၊ ပေ ၊ အဇ္ဈတ္တ
မေဝ - ကား အဇ္ဈတ္တသန္တာန် ဗဟိဒ္ဓသန္တာန်၌ ရထိုက်သော ရုပ်ကလာပ်ကို
ခွဲခြားပြသော စကားတည်း၊ ဥတုဇကလာပ် ၄ စည်း ရှိသည့်အနက် သုဒ္ဓဋ္ဌက
ကလာပ်နှင့် သဒ္ဒနဝကကလာပ်ကို ဗဟိဒ္ဓသန္တာန်၌လည်း ရကောင်း၏၊ ဗဟိဒ္ဓ
ဆိုသည်ကား ခန္ဓာကိုယ်မှ ပြင်ပ အဝိညာဏက ( သက်မဲ့ ) ဖြစ်သော သစ်ပင်
တော တောင် စသည်ကို ဆိုသည်။
ထို့ကြောင့် သစ်ပင် တော တောင် မြေရေ လေ မီး အိမ် စသည့်၌ ရှိသမျှ
ရုပ်တို့သည် ဥတုကြောင့်ဖြစ်သော သုဒ္ဓဋ္ဌကကလာပ်(အဝိနိဗ္ဘောဂရုပ်ရှစ်ပါး)
ချည်းသာ၊ အလောင်းကောင်များ၌လည်း ဤ ဥတုဇသုဒ္ဓဋ္ဌက ကလာပ် ၁စည်း
သာ ရှိသည်၊ ထို သစ်ပင် စသည်တို့၌လေခတ်၍သော်၎င်း, အချင်းချင်း ကြိတ်မိ
ခတ်မိ၍ သော်၎င်း, တမင် တီးခေါက်၍ သော်၎င်း, အသံထွက်ပေါ်လာသည့်
အခါ၌ ဖြစ်သမျှ ရုပ်အပေါင်းသည် ဥတုကြောင့်ဖြစ်သော သဒ္ဒနဝက ကလာပ်
များတည်း။
ပန - အဘို့ တစ်ပါးကား၊ အဝသေသာ - ဥတုဇကလာပ်
နှစ်စည်းမှကြွင်းကုန်သော၊ သဗ္ဗေပိ-အလုံးစုံသောကလပ်တို့
သည်လည်း၊ အဇ္ဈတ္တမေဝ-အတ္တတို့ချည်းသာတည်း၊ ဣတိ-
ဤတွင် ပြီး၏။ “ အဇ္ဈတ္တိကာယေဝါတိ ” ဟု ရှိလျှင်လည်း
ကောင်း၏။
ကမ္မစိတ္တောတုကာဟာရ သမုဋ္ဌာနာ-ကမ္မ သမုဋ္ဌာန်
စသည့် စိတ္တသမုဋ္ဌာန် ဥတုသမုဋ္ဌာန် အာဟာရသမုဋ္ဌာန်
ဖြစ်သော ရုပ်ကလာပ်တို့သည်။ ယထာက္ကမံ-အစဉ်အားလျော်
စွာ၊ နဝ-ကိုးစည်းတို့သည်၎င်း၊ ဆ– ခြောက်စည်းတို့သည်၎င်း၊
စတုရော-လေးစည်းတို့သည်၎င်း၊ ဒွေ-နှစ်စည်းတို့သည်၎င်း၊
ဗဟိဒ္ဓါပိ လဗ္ဘန္တိ၌’ပိသဒ္ဒါဖြင့် အဇ္ဈတ္တကို ဆည်းသည့်၊ ထို ဥတုဇရုပ်
ကလာပ် ၂ စည်းကို အဇ္ဈတ္တသန္တာန်၌လည်း ရကောင်း၏ ဟူလို။ [ သက်ရှိ
သတ္တဝါ ဟူသမျှကို အဇ္ဈတ္တသန္တာန် ဟု ဆိုသည်။ ]
အဝသေသာ၊ပေ၊အဇ္ဈတ္တမေဝ -- ယခင် ဥတုဇကလာပ် ၂ စည်းမှ
ကြွင်းသော ၁၉ စည်းတို့ကား အဇ္ဈတ္တ၌သာ ရကောင်း၏၊ ထို့ကြောင့်
ဗဟိဒ္ဓါပိအရ ဆည်းအပ်သော ဥတုဇကလာပ် ၂ စည်း, ဤ၌ ဆိုအပ်သော
ကလာပ် ၁၉ စည်း, ပေါင်း ကလာပ် ၂၁ စည်းလုံး အဇ္ဈတ္တ သန္တာန်၌ ထိုက်
သည့်အား လျော်စွာ ရနိုင်သည်။ [ အဇ္ဈတ္တမေဝ ( အဇ္ဈတ္တိကာယေဝ ) ၌
ဧဝဖြင့် ဗဟိဒ္ဓ၌ မရကောင်း ဟု ကန့်ကွက်သည်။ ]
သင်္ဂဟဂါထာ။ ။ကမ္မသမုဋ္ဌာနဟူသည်နှင့် ကမ္မဇဟူသည်မှာ အနက်
တူပင်တည်း၊ ကမ္မဇကလာပ် ၉ စည်း စသည်တို့၏ သရုပ်ကို အကျယ် ပါဠိ
ကြည့်၍ ကြေပွန်အောင် ရေတွက်ပါ။
## Trang 195
ဟောန္တိ မဖြစ်ကုန်၏၊ ဣတိ’ဤသို့၊ ကလာပါ – ရုပ်ကလာပ်တို့
သည်၊ ဧကဝီသတိ-နှစ်ဆဲ့တစ်စည်းတည်း။
အာကာသံ - အာကာသ ဓာတ်ကို ၎င်း၊ လက္ခဏာနိစ -
လက္ခဏရုပ်တို့ကို၎င်း၊ ကလာပါနံ – ရုပ်ကလာပ် တို့၏၊ ပရိ
စ္ဆေဒ လက္ခဏတ္တာ-အပိုင်းအခြား, အမှတ်အသားတို့၏အဖြစ်
ကြောင့်၊ ကလာပင်္ဂ”ဣတိ - ကလာပ်၏ အစိတ်အပိုင်း ဟူ၍၊
ဝိစက္ခဏာ - ပညာရှိတို့သည်၊ န အာဟု-မဆိုကြကုန်။
အယံ-ဤသည်ကား၊ ဣဓ - ဤ ရူပ ပရိစ္ဆေဒ၌၊ ကလာပ
ယောဇနာ-ကလာပ်တို့ကို ယှဉ်စပ် ( ဖွဲ့ပြ ) ခြင်းတည်း။
ကလာပါနံ ၊ ပေ၊ လက္ခဏာနိစ’ကလာပ်ဖွဲ့စည်းခဏ်း၌ ရုပ် ၂၈ တွင်
အာကာသဓာတ်နှင့် လက္ခဏရုပ် ၄ ပါး မပါဝင်ခဲ့ချေ၊ ဤ ဂါထာကား ထို
အာကာသဓာတ် လက္ခဏရုပ်တို့ ကလာပ် အစိတ်အပိုင်းမှာ မပါဝင်ရခြင်း၏
အကြောင်းကို ပြသောဂါထာတည်း။
ပရိစ္ဆေဒလက္ခဏတ္တာ -- ဤ ပါဌ်၌ ပရိစ္ဆေဒကား အာကာသဓာတ်
အတွက် ပြသောအကြောင်းတည်း၊ လက္ခဏကား လက္ခဏရုပ်များအတွက်
ပြသော အကြောင်းတည်း၊ အာကာသဓာတ်သည် ကလာပ်တို့၏ အပိုင်း
အခြားသာ ဖြစ်၏၊ ရုပ်ကလာပ် ၂ ခုစပ်လျှင် အာကာသဓာတ် ( အကြား )
အလိုလို ပါလာ၏၊ ထို့ကြောင့် အာကာသဓာတ်သည် ကလာပ် ဖွဲ့စည်းရာ၌
ကလာပ်၏ အစိတ်အပိုင်း မဖြစ်နိုင်၊“ကလာပ်၏ ပြင်ဘက်က” ဟူလို။
လက္ခဏရုပ်လည်း ရုပ်ကလာပ်တို့၏ ဖြစ်ခြင်း ရင့်ခြင်း ပျက်ခြင်းဟူသော
အမှတ်အသား မျှသာ ဖြစ်၏၊ လူတစ်ယောက်၏ မွေးဖွားခြင်း ကြီးရင့်ခြင်း
စုတေခြင်း ဟူရာ၌ မွေးဖွားမှု ကြီးရင့်မှု စုတေမှုသည် လူကောင်မဟုတ်၊ မွေး
လာပြီ, ကြီးရင့်ပြီ, သေရှာပြီ ဟု လူတစ်ယောက်ကို မှတ်သား ပြောဆိုဘို့ရာ
လက္ခဏာသာ ဖြစ်သကဲ့သို့ ထို့အတူ ဖြစ်ခြင်း ရင့်ခြင်း ပျက်ခြင်း ဟူသော
ဥပစယ သန္တတိ ဇရတာ အနိစ္စတာလည်း ရုပ်စစ် မဟုတ်၊ ရုပ်ကလာပ်တို့၏
အမှတ် လက္ခဏာသာ ဖြစ်သည်။ . ထို့ကြောင့် လက္ခဏရုပ် ၄ ပါးကိုလည်း
ရုပ်ကလာပ်တွင်း၌ မသွင်းထိုက်၊“ရုပ်ကလာပ် အထည်ကိုယ်မှာ အစိတ်အပိုင်း
အင်္ဂါအဖြစ်ဖြင့် မပါဝင်နိုင်” ဟူလို။
လေ့ကျင့်ခဏ်း မေးခွန်းများ
က။ ကလာပ သဒ္ဒါသည် အဘယ်အနက်ကို ဟောသနည်း။
အဘယ်အခဏ်းကို ရူပကလာပခဏ်း ဟု ခေါ်သနည်း။
ခ။ ကမ္မစိတ္တောတုကာဟာရ စသော ဂါထာကို အနက်ပေးပါ။
ဂ။ ကမ္မဇကလာပ် ၉ စည်း သရုပ်ကို ရေတွက်ပါ။
ဃ။ စိတ္တဇကလာပ် ၆ စည်းသရုပ်ကို သင်္ဂြိုဟ်ထောက်၍ ရေတွက်ပါ။
င။ အဘယ့်ကြောင့် သုဒ္ဓဋ္ဌကကလာပ် ဟု ခေါ်သနည်း။
ဆ။ ဥတုဇကလာပ် မည်မျှရှိသနည်း၊ သင်္ဂြိုဟ်ထောက်၍ ရေတွက်ပါ။
ဇ ။ အာဟာရဇကလာပ် မည်မျှရှိသနည်း၊ သင်္ဂြိုဟ်ထောက်၍ရေတွက်ပါ။
ဈ။ အဇ္ဈတ္တ သန္တာန်၌သာ ရထိုက်သောကလာပ် မည်မျှရှိသနည်း။
ည။ ဗဟိဒ္ဓ၌ ရထိုက်သောကလာပ် မည်မျှရှိသနည်း။
ဋ ။ အဇ္ဈတ္တ၌ အားလုံး ကလာပ်ပေါင်း မည်မျှရထိုက်သနည်း။
ဌ ။ သစ်ပင် တော တောင် အိမ် စသည်နှင့် အလောင်းကောင် များ၌
ကလာပ်မည်မျှ ရထိုက်သနည်း။
ဍ ။ ကလာပါနံ ပရိစ္ဆေဒလက္ခဏတ္တာ စသော ဂါထာကို အနက်ပေးပါ။
ဏ။ အဘယ့်ကြောင့် အာကာသဓာတ်နှင့် လက္ခဏရုပ်တို့ကို ကလာပ်အင်္ဂါ၌
မသွင်းသနည်း၊ သင်္ဂြိုဟ်ဟိတ်ပါဌ်ကို ထောက်ပါ။
## Trang 196
၁။ ပန-အဘို့ တပါးကား၊ သဗ္ဗာနိပိ-အလုံးရုံလည်း ဖြစ်ကုန်သော၊ ဧတာနိ ပါ – ဤရုပ်တို့ကို၊ ကာမလောက - ကာမဘုံ၌၊ ယထာရဟံ – ရထိုက်သည်အားလျော်စွာ၊ အနူနာနိ - မယုတ်လျော့ကုန်သည် ဖြစ်၍၊ ပဝတ္တိယံ-ပဝတ္တိအခါ၌၊ ဥပလဗ္ဘန္တိ-ရအပ်ကုန်၏၊
၂။ ပဋိသန္ဓေယံပန - ပဋိသန္ဓေ အခါ၌ကား၊ သံသေဒဇာနဉ္စ-သံသေဒဇ သတ္တာတို့၏ ( သန္တာန်၌ )၎င်း၊ သြပပါတိကာနဉ္စ-သြပပါတိက သတ္တာတို့၏ ( သန္တာန်၌ ) ၎င်း၊ ဥက္ကဋ္ဌဝသေန-အလွန်ကို ပိုင်းခြားခြင်း၏ အစွမ်းဖြင့်၊ စက္ခု သောတ ဃာန ဇိဝှါ ကာယ ဘာဝ ဝတ္ထု ဒသက သင်္ခါတာနိ - စက္ခုဒသက သောတဒသက ဃာနဒသက ဇိဝှါဒသက ကာယဒသက ဘာဝဒသက ဝတ္ထုဒသက ဟု ဆိုအပ် ကုန်သော၊ သတ္တဒသကာနိ-ခုနစ်ပါးသောဒသကတို့သည်၊ ပါတုဘဝန္တိ-ထင်ရှား ဖြစ်ကုန်၏။
ရူပပဝတ္တိက္ကမ ။ [ပဝတ္တိ+က္ကမ။ ပဝတ္တိ=ဖြစ်ခြင်း (ပျက်ခြင်းပါ ယူ)+က္ကမ= အစဉ် ] ရုပ်တို့၏ ဖြစ်ပုံပျက်ပုံ အစဉ်ကို ပြရာ အပိုင်းအခဏ်းကို "ရူပပဝတ္တိက္ကမ" ခဏ်း ဟု ခေါ်သည်။
၁။ သဗ္ဗာနိပိ၊ ပေ၊ ဥပလဗ္ဘန္တိ 'ကာမဘုံ၌ ရုပ် ၂၈ ပါးလုံး (အယုတ်အလျော့ မရှိ)ပဝတ္တိအခါဝယ် ထိုက်သလို ရကြ၏။ အမ ဖြစ်လျှင် ပုရိသဘာဝရုပ် မရ-အထီး ဖြစ်လျှင် ဣတ္ထိဘာဝရုပ် မရသောကြောင့်၎င်း, စက္ခု သောတ စသည် ချို့ သူတို့၌ တချို့ ရုပ်များ မရှိသောကြောင့်၎င်း, "ယထာရဟံ" ဟု ဆိုသည်။
အနူနာနိ — ထိုသို့ ပုဂ္ဂိုလ်အလိုက် အချို့ ရုပ်များ ရထိုက်သော်လည်း ကာမဘုံ တစ်ခုလုံး အတွက်ကား ရုပ် ၂၈ ပါးလုံးပင် ရနိုင်လေသောကြောင့် "အနူနာနိ" ဟု မိန့်ဆိုသည်။ [ အနူန=န+ဥန။ ဥန=ယုတ်လျော့သည့်+န=မဟုတ်။]
၂။ ပဋိသန္ဓိယံ၊ပေ၊ ပါတုဘဝန္တိ —— ပဋိသန္ဓေ စိတ် စေတသိက်နှင့် ကမ္မဇရုပ်တို့၏ တဘဝတဘဝ၌ ပဌမဆုံးဖြစ်ရာ အခါကို ပဋိသန္ဓေအခါ ဟု ခေါ်၏၊ ထို ပဌမဆုံး ဖြစ်သော စိတ် စေတသိက် ကမ္မဇရုပ်တို့၏ ဌီမှ စ၍ နောက်ကာလကို ( စုတိစိတ် မကျမီ အတွင်း၌ ) ပဝတ္တိအခါဟူ၍ ခေါ်သည်၊ ဤကား အဘိဓမ္မာ ထုံးစံတည်း။
ပုဂ္ဂိုလ် အမျိုးအစားသည် သံသေဒဇ'သြပပါတိက− ဂဗ္ဘသေယျက ဟု ၃ မျိုး ရှိ၏၊ ဂဗ္ဘသေယျကသည်လည်း ဇလာဗုဇ အဏ္ဍဇ – ဟု ၂ မျိုးရှိပြန်၏၊ ထို့ကြောင့် ပုဂ္ဂိုလ်အမျိုးအစားသည် ၃ မျိုးတနည်း, ၄ မျိုးတနည်း ရှိ၏ ဟု မှတ်၊ ဤပုဂ္ဂိုလ် ၄ မျိုးကို "ယောနိ ၄ မျိုး"ဟုလည်း ခေါ်စမှတ်ပြု၏၊ ယောနိသဒ္ဒါကား " အမျိုးဇာတ် " ဟူသော အနက်ကို ဟောသည်။
သံသေဒဇ'သံသေဒ+ဇ။ သံသေဒ=ငြိကပ်တွယ်တာရာ အရပ်၌+ဇ'ဖြစ်သောသတ္တာ။ [ သံသေဒ+ဇာတော, သံသေဒဇော။ ] ပဒုမ္မာကြာပန်း၌ သန္ဓေ တည်သော ပဒုမဝတီ မိဖုရား, ဝါးပင်၌ သန္ဓေ တည်သော ဝေဠုဝတီမိဖုရား, ရေပုတ် ငါးပုတ် စသည်တို့၌ သန္ဓေတည်သော ပိုးလောက် စသော သတ္တာမျိုးတည်း။
ဩပပါတိက — [ ဥပပါတ+ ဣက။ ဥပ'ခုန်လွှား၍+ ပါတ-ကျရောက် သကဲ့ သို့+ ဣက = ဖြစ်ခြင်းရှိသူ။ ] ဘဝဟောင်းမှ ခုန်လွှားခဲ့၍ ဘွားကနဲ ကျလာသကဲ့သို့ ခန္ဓာကိုယ် အထင်အရှား ဖြစ်သူကို သြပပါတိက (ဥပပတ် ပဋိသန္ဓေ နေသော) သတ္တာဟု ခေါ်သည်၊ ကမ္ဘာဦးက လူများနှင့် နတ် ဗြဟ္မာ စသည်တို့တည်း။
## Trang 197
ပန-အဘို့တပါးကာ၊ ဩမကဝသေန - အယုတ်အလျော့ကို ပိုင်းခြား ခြင်း၏ အစွမ်းဖြင့်၊ စက္ခု၊ သောတ ဃာန ဘာဝဒသကနိ-စက္ခု သောတ ဃာန ဘာဝဒသကတို့ကို၊ ကဒါစိ–တရံတခါ၌၊ န လဗ္ဘန္တိ – မရအပ်ကုန်၊ တသ္မာ - ထို ကြောင့်၊ တေသံ-ထိုစက္ခု၊ သောတ ဃာန ဘာဝဒသကတို့နှင့်၊ ဝသေန-စပ်သဖြင့်၊ ကလာပဟာနိ-ကလပ်တို့၏ ယုတ်လျော့ခြင်းကို၊ ဝေဒိတဗ္ဗာ-သိအပ်၏။
၃။ ပန - အဘို့ တပါးကား၊ ဂဗ္ဘသေယျက သတ္တာနံ-ဂဗ္ဘသေယျက သတ္တာတို့၏ (သန္တာန်)၌၊ ကာယ ဘာဝ ဝတ္ထုဒသက သင်္ခါတာနိ- ကာယ ဘာဝ ဝတ္ထုဒသက ဟု ဆိုအပ် ကုန်သော၊ တီဏိ - သုံးပါးကုန်သော၊ ဒသကနိ - ဒသကတို့သည်၊ ပါတုဘဝန္တိ-ထင်ရှားဖြစ်ကုန်၏၊ တတ္ထာပိ'ဆို သုံးပါးသော ဒသကတို့တွင်လည်း၊ ဘာဝ ဒသကံ-ဘာဝဒသကကို၊ ကဒါစိ - တရံတခါ၌၊ န လဗ္ဘတိ - မရအပ်၊ တတော-ထို ပဋိသန္ဓေအခါမှ၊ ပရံ−နောက်၌၊ ပဝတ္တိကာလေ - ပဝတ္တိအခါ၌၊ ကမေန-အစဉ်အားဖြင့်၊ ဝါ-တရွေ့ရွေ့၊ (ဝဍ္ဎမာနာနံ-ကြီးပွားကုန်သည် ရှိသော်၊) စက္ခုဒသကာဒယောစ – စက္ခု သောတ ဃာန ဇိဝှါ ဒသက တို့သည်လည်း၊ ပါတုဘဝန္တိ--ထင်ရှားဖြစ်ကုန်၏။
၃။ ဂဗ္ဘသေယျက၊ပေ၊ပါတုဘဝန္တိ — [ဂဗ္ဘော-အမိ ဝမ်းတိုက်+သေယျက=ကိန်းအောင်း ( ဖြစ်နေ ) သူ။] အမိဝမ်း၌ ကိန်းအောင်း၍ ပဋိသန္ဓေနေသူကို "ဂဗ္ဘသေယျက သတ္တာ" ဟု ခေါ်သည်၊ ဂဗ္ဘသေယျက ၂ မျိုးတွင် လူ စသောသူတို့ကဲ့သို့ သူငယ်အိမ် သားအိမ်၌ ဖြစ်သူကို "ဇလာဗုဇ" သတ္တာဟု ခေါ်သည်၊ ငှက် စသောသတ္တဝါတို့ကဲ့သို့ ဥခွံ၌ဖြစ်သူကို "အဏ္ဍဇ" သတ္တာ ဟု ခေါ်သည်၊ [ ဇလာဗု = သားအိမ်၌ + အဏ္ဍ = ဥခွံတွင်း၌+ဇ=ဖြစ်သူ။]
၍ ဂဗ္ဘသေယျက သတ္တာ ၂ မျိုးတို့ သန္တာန်၌ ပဋိသန္ဓေအခါ ကာယဒသက ဘာဝဒသက ဝတ္ထုဒသကတို့ ဖြစ်ကုန်၏၊ ၎င်းကလာပ် ၃ မျိုးကိုပင် "ကလလ ရေကြည်" ဟု ခေါ်သည်၊ [ အချို့ သတ္တာများ၌ ဘာဝဒသက ချို့တဲ့တတ်သေး၏။ ] ပဋိသန္ဓေ တည်ပြီးနောက် တစတစ ကြီးပွား၍ ၁၁ သတ္တာဟ (၇၇ ရက်) လောက် ကြာမှ စက္ခု၊ သောတ ဃာန ဇိဝှါ ဒသကတို့ ဖြစ်ကြသည်၊ [ ၎င်းတို့နှင့်စပ်၍ "ကမေန" ပါဌ်သာ သင့်မြတ်ကြောင်းကို....]
ပဋိသန္ဓေအခါ ရထိုက်၏ " ဆိုသော်လည်း အလွန်ဆုံးကို ပိုင်းခြား၍ ဆိုခြင်းဖြစ်သည်၊ အောက်ထစ်ကို လျော့၍ ပိုင်းခြားလျှင်, သံသေဒဇ သြပပါတိက သတ္တာတို့ သန္တာန်၌ စက္ခု သောတ ဃာန ဘာဝဒသက ၄ ပါးတို့ အချို့ သတ္တာ၏ ပဋိသန္ဓေ အခါ၌ မရသည်လည်း ရှိသေးရကား ထို ဒသက ၄ ပါးနှင့် စပ်၍ ရုပ်ကလာပ် လျော့နိုင်ပုံကိုလည်း သိလေ၊[ ဟာနိ၌ ဟာ-ဓာတ်+တိ ပစ္စည်း, တိကို နိပြုထားသည်၊ ဣတ္ထိလိင်ဧကဝုစ်။]
## Trang 198
"တတော ပရံ ပဝတ္တိမှိ, ဝဍ္ဎမာနဿ ဇန္တုနော၊
စက္ခုဒသကာဒယော စ, စတ္တာရော ဟောန္တိ သမ္ဘဝါ"
အရှင်အနုရုဒ္ဓါ ရေးသား အပ်သော ပရမတ္ထဝိနိစ္ဆယ ပါဠိဖြင့် ဘာသာဋီကာ၌ ဆုံးဖြတ်ထားသည်၊ ၍ သင်္ဂြိုဟ်စကားရပ်နှင့် စပ်၍ ပရမတ္ထသရူပဘေဒနီလာ ဆောင်ပုဒ်ကို မှတ်သားရာ၏။
[ဆောင်] ဘုမ္မဇိုင်းဖြတ်, ကြွင်းနတ် - နိဇ္ဈာ, ငရဲရွာ, တစ်သာ ဥပပါတ်၊ အကြွင်းဂတိ, လေးယောနိ, ရဘိ ပုံသေမှတ်။
[ဘုမ္မဇိုင်းနတ်ကို ပယ်၍ ကြွင်းသော နတ်ဗြဟ္မာများ, နိဇ္ဈာမတဏှိကဟု ခေါ်ဝေါ်အပ်သော (မီးသရဲ) ပြိတ္တာမျိုးနှင့် ငရဲဘုံများ၌ ဥပပါတ်ပဋိသန္ဓေ တစ်မျိုးသာ ရ၏၊ ကြွင်းသော လားရာ ဂတိများ၌ ယောနိ ၄ မျိုးလုံး ရ၏၊ မနုဿဂတိ(လူ့ဘုံ)၌ ကမ္ဘာဦးက လူတို့သည် ဥပပါတ် ပဋိသန္ဓေ နေကြ၏၊ ပဒုမဝတီ စသောသူတို့ သံသေဒဇ ပဋိသန္ဓေနေကြ၏၊ ဇလာဗုဇကား ယခု ထုံးစံပင်တည်း၊ အချို့လူများသည် ဥခွံတွင်း၌ အဏ္ဍဇ ပဋိသန္ဓေ နေကြ၏၊ တိရိစ္ဆာန် ပြိတ္တာနှင့် ဘုမ္မဇိုင်းနတ်များ၌လည်း ဤကဲ့သို့ ယောနိ ၄ ပါးလုံး ရနိုင်သည်။]
[ဆောင်] စက္ခု-သောတ, ဃာန-ဘာဝါ, ချို့ကောင်းရာကား, နှစ်ဖြာ ဂဗ္ဘ, သံသေဒ မှတ်၊ ဥပပါတ်မှာ, ပါယ်၌ သာလျှင်, စက္ခု-သောတ, ဘာဝချို့ဘိ၊ သုဂတိကား, ကမ္ဘာဦးသား, ချို့ငြား ဘောတစ်ခု။
[ဇလာဗုဇ အဏ္ဍဇ ဟူသော ဂဗ္ဘသေယျက ၂ မျိုးနှင့် သံသေဒဇသတ္တာတို့၌ စက္ခုဒသက သောတဒသက ဃာနဒသက ဘာဝဒသက ဤ ၄ မျိုးချို့တဲ့နိုင်၏၊ ဥပပါတ် ပဋိသန္ဓေ နေသူတို့တွင် အပါယ် ဥပပါတ် ပုဂ္ဂိုလ်တို့၌သာ စက္ခု သောတ ဘာဝဒသက ၃ မျိုး ချို့တဲ့ကောင်း၏၊ သုဂတိဘုံသား ဥပပါတ် ပုဂ္ဂိုလ်တို့တွင် ကမ္ဘာဦးက လူ ဥပပါတ်၌ ဘာဝဒသက ကလာပ် ချို့၏ (ကမ္ဘာဦးကလူများ ယောက်ျားလည်းမဟုတ်, မိန်းမလည်း မဟုတ်ကြသေး၊) အခြားသော သုဂတိဘုံသား ဥပပါတ်များကား မည်သည့် ရုပ်ကလာပ်မျှ မချို့တဲ့ကြချေ။
**လေ့ကျင့်ခဏ်း မေးခွန်းများ**
က။ ကာမဘုံသား အထီး အမတို့၌ ရုပ်ပေါင်းမည်မျှစီ ရထိုက်သနည်း။ ပုဂ္ဂိုလ်အမျိုးအစား ၃ ပါး, တနည်း ၄ ပါးကို သရုပ်ရေတွက်ပါ။
ခ။ သံသေဒဇ သြပပါတိက သတ္တာ ဟူသည် အဘယ် သတ္တာမျိုးနည်း။
ဂ။ ထို သတ္တာတို့၌ ပဋိသန္ဓေအခါ ရုပ်ကလာပ်ပေါင်း အလွန်ဆုံး မည်မျှ ရထိုက်၍, မည်သည့်ရုပ်ကလာပ်များ ချို့တဲ့ကောင်းသနည်း။
ဃ။ ဂဗ္ဘသေယျက သတ္တာတို့၏ ပဋိသန္ဓေအခါ၌ ရုပ်ကလာပ် ပေါင်း အလွန်ဆုံးမည်မျှ, အနည်းဆုံးမည်မျှ ရထိုက်သနည်း။
င။ ကလလ ရေကြည် ဟူသည် အဘယ်ရုပ်များကို ခေါ်သနည်း။
စ။ ဘုမ္မဇိုင်းမှ တစ်ပါး နတ်ဗြဟ္မာများ၌ အဘယ်ယောနိ ရသနည်း။
ဆ။ မနုဿဂတိ တိရစ္ဆာနဂတိတို့၌ အဘယ်ယောနိ ရသနည်း။
ဇ။ နိဇ္ဈာမတဏှိကပြိတ္တာမှ တစ်ပါး အခြား ပေတဂတိ၌ အဘယ်ယောနိ ရထိုက်သနည်း။
ဈ။ ဘုမ္မဇိုင်းနတ် နိဇ္ဈာမတဏှိကပြိတ္တာ နိရယဂတိတို့၌ အဘယ် ယောနိ ရထိုက်သနည်း။
ည။ စက္ခု သောတ ဃာန ဘာဝ စသော ဆောင်ပုဒ်ကို ရွတ်ပါ။
## Trang 199
**ရုပ်တို့၏ဖြစ်စဉ်**
၄။ ဣစ္စေဝံ - ဤ ဆိုအပ် ပြီးသော အစီအစဉ်ဖြင့်၊ ပဋိသန္ဓေမုပါဒါယ-ပဋိသန္ဓေစိတ်၏ဥပါဒ်ခဏကို၊ ဥပါဒါယ – အစပြု၍၊ ကမ္မသမုဋ္ဌာနာ-ကမ္မသမုဋ္ဌာန် ရုပ်တို့၎င်း၊ ဒုတိယစိတ္တံ-ပဌမဘဝင်စိတ်၏ ဥပါဒ်ခဏကို၊ ဥပါဒါယ-၍၊ စိတ္တသမုဋ္ဌာနာ – စိတ္တသမုဋ္ဌာန် ရုပ်တို့၎င်း၊ ဌိတိကာလံ - ပဋိသန္ဓေစိတ်၏ ဌီကာလကို၊ ဥပါဒါယ – ၍၊ ဥတုသမုဋ္ဌာနာ-ဥတုသမုဋ္ဌာန် ရုပ်တို့၎င်း၊ ဩဇာဖရဏံ-သြဇာ၏ ပြန့်နှံ့ရာ အခါကို၊ ဥပါဒါယ – ၍၊ အာဟာရ သမုဋ္ဌာနာစ-အာဟာရ သမုဋ္ဌာန်ရုပ်တို့၎င်း၊ ဣတိ-ဤသို့၊ စတုသမုဋ္ဌာနရူပကလာပသန္တတိ – လေးပါးသော အကြောင်းတို့ကြောင့် ဖြစ်သော ရုပ်ကလာပ်အစဉ်သည်၊ ကာမလောကေ – ကာမဘုံ၌၊ ဒီပဇာလာဝိယ –ဆီမီးလျှံသည် ကဲ့သို့၎င်း၊ သောတောဝိယ စ-မြစ်ရေအယဉ်သည် ကဲ့သို့၎င်း၊ ယာဝတာယုကံ- အသက်ရှည်သမျှ ကာလပတ်လုံး၊ အဗ္ဗောစ္ဆိန္နံ-မပြတ်မစဲ၊ တဖွဲဖွဲ၊ ပဝတ္တတိ-ဖြစ်၏။
ရုပ်တို့၏ဖြစ်စဉ်။ ။ရှေ့ကပြခဲ့သော စကားတို့ကား ရုပ်တို့၏ဖြစ်စဉ်ကို ပြသော စကားများ မဟုတ်ကြသေး၊ ဖြစ်စဉ်ကို ပြဘို့ရာ အခြေခံ စကားသာ ဖြစ်သေးသည်၊ – "ဣစ္စေဝံ၊ပေ၊ ပဝတ္တတိ" စကားများသာ ရုပ်တို့ ဖြစ်စဉ်ကို ပြသော စကားဖြစ်သည်၊ ဤ ဆိုအပ်ပြီးသော အစီအစဉ် အရ ဖြစ်ထိုက်သမျှ သော ရုပ်တို့တွင်.........
ပဋိသန္ဓေမုပါဒါယ ဒုတိယစိတ္တမုပါဒါယ — ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏမှ စ၍ ခဏတိုင်း ခဏတိုင်း ကမ္မဇရုပ်များ ဖြစ်ကြ၏၊ ပဋိသန္ဓေ စိတ်ကို ထောက်၍ ထိုနောက် ဖြစ်သော ပဌမဆုံး ဘဝင်ကို ဒုတိယစိတ် ဟု ခေါ်သည်၊ ထို ပဌမဘဝင်စိတ်၏ ဥပါဒ်မှစ၍ ဥပါဒ်တိုင်း ဥပါဒ်တိုင်း စိတ္တဇရုပ်များ ဖြစ်ကုန်၏။
ဌိတိကာလမုပါဒါယ'ဤ၌ ဌိတိကာလအရ ပဋိသန္ဓေစိတ်၏ ဌီကာလကိုယူ၊ ပဋိသန္ဓေစိတ်၏ ဌီခဏမှစ၍ ဥတုဇရုပ်များဖြစ်၏၊ ပဋိသန္ဓေနှင့် အတူ ဥပါဒ်သော ကမ္မဇကလာပ်များ၌ ဥတု ( တေဇောဓာတ် ) ပါ၏၊ ထို ဥတုများသည် ပဋိသန္ဓေစိတ် ဌီခဏရောက်လျှင် သူတို့လည်း ဌီခဏသို့ရောက်ကြ၏၊ ထိုအခါ ဥတုများမှ(တဥတုလျှင် ကလာပ်တခုကျ)ဥတုဇရုပ်ကလာပ်သစ်များ ဖြစ်ပေါ်လာကြသည်-ဟူလို။
ဩဇာဖရဏမုပါဒါယ – ပဋိသန္ဓေ နေပြီးနောက် သြပပါတိကနှင့် သံသေဒဇသတ္တာ တို့ဝယ် တစုံတစ်ခုသော စားဘွယ်ကို ( အယုတ်သဖြင့် မိမိတံထွေးကို ) စားသောက်သည့် အခါ ထို အစာ၌ ပါသော သြဇာသည် ကိုယ်၌ ပြန့်နှံ့၏၊ ဂဗ္ဘသေယျက သတ္တာတို့၌ မိခင် စားသမျှ အာဟာရသည် တသတ္တာဟ နှစ်သတ္တာဟလောက် ကြာလျှင် သူငယ်၏ ကိုယ်၌ ပြန့်နှံ့၏၊ ထို ပြန့်နှံ့သော ဗဟိဒ္ဓ ( အပြင် ) သြဇာနှင့် ပင်ကိုယ် ရှိရင်းဖြစ်သော အဇ္ဈတ္တ ( အတွင်း ) သြဇာတို့ ပူးပေါင်း မိကြသည့် အခါ ဩဇာ တစုံလျှင် တခုကျ အာဟာရဇရုပ်ကလာပ်ကို ဖြစ်စေ၏။
ဒီပဇာလာဝိယ' မီးစာ ဆီတို့ကြောင့် တောက်၍နေသော ဆီမီးသည် မျက်မြင် အားဖြင့် တခုထည်း ထင်ရသော်လည်း ရှေးရှေး မီးစာ အပိုင်းနှင့် ဆီတို့ကြောင့် ဖြစ်သော မီးတောက်, နောက်နောက် မီးစာအပိုင်းနှင့် ဆီတို့ကြောင့် ဖြစ်သော မီးတောက်တို့သည် တခုထည်း မဟုတ်၊ ရှေးရှေး မီးစာနှင့် ဆီတို့ အမြဲကုန်သလောက် မီးတောက်လည်း အမြဲချုပ်ပျောက်၏၊ နောက်နောက် မီးစာနှင့် ဆီတို့အတွက် အသစ်အသစ် မီးတောက်ပေါ်ထွက်၏၊ ထို့အတူ ရုပ်ခန္ဓာလည်း တခုထည်း ထင်ရစေကာမူ ရှေးရှေး ကံစိတ် ဥတု အာဟာရတို့ကြောင့် ဖြစ်သော ရုပ်အစဉ်သည် ဥပါဒ် ဌီ ဘင် စေ့က ချုပ်ကြရ၏၊ နောက်နောက် ကံ စသည်အတွက် ရုပ်သစ်အစဉ်များ ပေါ်ထွက်လာပြန်သည်။
## Trang 200
**ရုပ်တို့၏ ပျက်စဉ်**
၅။ ပန-ဖြစ်စဉ်မှ တပါး ချုပ်စဉ်ကို ပြဦးအံ့၊ မရဏကာလေ – စုတေခါနီး အခါ၌၊ စုတိစိတ္တောပရိ သတ္တရသမ စိတ္တဿ -- စုတိစိတ်မှ အထက်၊ တစ်ဆယ့်ခုနစ်ချက်မြောက်သော စိတ်၏၊ ဌိတိကာလံ-ဌီကာလကို၊ ဥပါဒါယ – ၍၊ ကမ္မဇရူပါနိ – ကမ္မဇရုပ် တို့သည်၊ န ဥပ္ပဇ္ဇန္တိ-မဖြစ်ကုန်၊ ပုရေတရံ – ရှေ့ဖြစ်သော ဥပါဒ်ခဏ၌၊ ဥပ္ပန္နာနိ-ဖြစ်ကုန်ပြီးသော၊ ကမ္မဇရူပါနိစ- ကမ္မဇရုပ်တို့သည်လည်း၊ စုတိစိတ္တသမကာလမေဝ – စုတိစိတ်နှင့် ညီမျှသော ကာလတိုင်အောင် သာလျှင်၊ ပဝတ္တိတွာ – ဖြစ်တည်ကုန်၍၊ နိရုဇ္ဈန္တိ-ချုပ်ကုန်၏၊ တတော-ထိုကမ္မဇရုပ်တို့ချုပ်ရာအခါမှ၊ ပရံ-နောက်၌၊ စိတ္တဇာဟာရဇ ရူပဉ္စ - စိတ္တဇ အာဟာရဇရုပ် သည်လည်း၊ ဝေါစ္ဆိဇ္ဇတိ-ပြတ်စဲ၏၊ တတော-ထို စိတ္တဇရုပ် အာဟာရဇရုပ်တို့ ချုပ်ရာကာလမှ၊ ပရံ−နောက်၌၊ ဥတုသမုဋ္ဌာနရူပ ပရမ္ပရာ-ဥတုသမုဋ္ဌာန် ရုပ် အဆက်ဆက်တို့သည်၊ ယာဝ မတကလေဝရ သင်္ခါတံ-စုတေပြီးနောက် အလောင်းကောင်ဟု, ခေါ်ဆိုအပ် သည်တိုင်အောင်၊ ပဝတ္တန္တိ 'ဖြစ်ကုန်၏။
၅။ ရုပ်တို့ပျက်စဉ်။ ။ "မရဏကာလေ၊ပေ၊ပဝတ္တန္တိ" ကား ရုပ်တို့၏ ချုပ်ပျက်စဉ်ကိုပြသော စကားရပ်တည်း၊ ပြအပ်ခဲ့သည့်အတိုင်း ကမ္မဇစသော ရုပ်တို့သည် အစဉ်မပြတ် ဖြစ်ကာချုပ်ကာ လာခဲ့ရာ စုတေခါနီးသို့ ရောက်လေသော် ကမ္မဇရုပ် ဆုံးမှသာ တဘဝ တုံးရာသောကြောင့် စုတိစိတ် အထက် နောက်ပြန် ရေတွက်လျှင် တစ်ဆယ့်ခုနစ်ချက်မြောက် စိတ်၏ ဌီခဏ လောက်မှစ၍ ကမ္မဇရုပ်သစ်များ မဖြစ်ကြတော့ပြီ၊ ထို ၁၇ချက်မြောက်စိတ်၏ ဥပါဒ်ခဏ၌ဖြစ်ကြသော ကမ္မဇရုပ်များသည် စုတိစိတ်၏ ဘင်ခဏ၌ ၁၇ ချက် ရုပ်သက်စေ့သဖြင့် စုတိစိတ်နှင့်ပြိုင်၍ ချုပ်ကြလေ၏။
[ကမ္မဇရုပ်များတွင် ဇီဝိတရုပ် ပါ၏၊ ထို ဇီဝိတကို "ရုပ်သက်" ဟု ခေါ်သည်၊ စိတ်နှင့်ယှဉ်သော စေတသိက်များတွင်လည်း ဇီဝိတိန္ဒြေ စေတသိက် ပါ၏၊ ထို ဇီဝိတိန္ဒြေကို – "နာမ်သက်" ဟုလည်း ခေါ်၏၊ တဘဝ အတွက် ထို ရုပ်သက် နာမ်သက်တို့ တပြိုင်နက် အပြီးသတ် ချုပ်သည်ကိုပင် – "အသက်ကုန်သည် စုတေသည်" ဟု ခေါ်စမှတ်ပြုရသည်။]
စိတ္တဇာဟာရဇရူပဉ္စ ဝေါစ္ဆိဇ္ဇတိ — ကမ္မဇရုပ် ချုပ်ပြီးသည့်နောက် မကြာခင်စိတ္တဇရုပ် အာဟာရဇရုပ်တို့ ပြတ်စဲ၏ဟု ဆိုရာ, ဘယ်လောက်ကြာမှ ပြတ်စဲသနည်း ဟု စိစစ်ထိုက်၏။
စိတ္တဇရုပ် — ရဟန္တာတို့၏ စုတိမှ တစ်ပါး အားလုံးသော သတ္တာတို့၏ စုတိစိတ်သည် ရုပ်ကို ဖြစ်စေနိုင်၏ဟု (အဋ္ဌကထာ) ဆို၏၊ ထို့ကြောင့် စုတိစိတ်၏ ဥပါဒ် ခဏ၌ အဆုံးသတ် ဖြစ်ကြသော စိတ္တဇရုပ်တို့သည် ကမ္မဇရုပ် ချုပ်ပြီး (စုတေပြီး) နောက် ခဏငယ် ၄၈ ချက်ခန့် ကြာမှ ချုပ်၏၊ [ ရုပ်သက်သည် ခဏငယ် ၅၁ ချက်ခန့် ရှည်ရာ၊ ၅၁ ချက်တွင် စုတိစိတ် အခိုက်တုန်းက
၍ သောတောဝိယ — မြစ်ရေအယဉ်ကို ကြည့်ရှုရာ၌ တခုထည်းထင်ရသော်လည်း ပဌမ မြင်ရသော မြစ်ရေသည် အောက်သို့ စီးလေပြီးနောက် ဒုတိယမြစ်ရေ ရောက်လာသကဲ့သို့, ထို့အတူ ပဌမရုပ် အစဉ်ချုပ်ပြီးနောက် ဒုတိယ စသော ရုပ်အစဉ်များ ပေါ်ပေါက်လာ၏၊ ဤသို့လျှင် ၄ ပါးသော အကြောင်းကြောင့် ဖြစ်ရသော ရုပ်များသည် ဆီမီးလျှံ ရေအယဉ်တို့ကဲ့သို့ အစဉ်မပျက် ဆက်ကာဆက်ကာ အသက်ရှည်သမျှ ဖြစ်ကြလေသည်။
## Trang 201
ခဏငယ် ၃ချက်ခန့် ကြာခဲ့ပြီ၊ ထို ၃ချက်ကိုနှုတ်က ၄၈ ချက်သာ ကျန်တော့
သည့်၊ ခဏကြီးအားဖြင့် မည်မျှကြာသင့်သည်ကိုလည်း ရေတွက်လေ။ ]
[ဆောင်] ကမ္မဇရုပ်,ချုပ်ပြီးနောက်မှ, စိတ္တဇတို့, ခဏအငယ်,
လေးဆယ်နှင့်ရှစ်,စေ့တုံလစ်, စိစစ်လေကွဲ့, ဆုံးသတဲ့။
အာဟာရဇရုပ် — ဗဟိဒ္ဓမှ မျိုးအပ်သော အာဟာရလည်း ရှိစေ,
အဇ္ဈတ္တ အာဟာရနှင့် ပူးပေါင်းမိသည့်လည်း ဖြစ်စေ, ဝိညာဏ် အထောက်
အညံ့လည်း ရသည်ဖြစ်စေ, ဤသုံးပါး ညီညွတ်လျှင် အာဟာရဇရုပ် ဖြစ်နိုင်၏၊
ထို့ကြောင့် စုတိစိတ်၏ ဘင်တိုင်အောင်ပင် ဝိညာဏ် အထောက်အပံ့ ရှိသေး
သောကြောင့် အာဟာရဇရုပ်များ ဖြစ်ကြသေး၏ ဟု ဆိုကြ၏၊ ၎င်း အလို
ခဏငယ် ၅၁ ချက်တွင် စုတိစိတ်၏ ဘင်ခဏအတွက် ၁ ချက်နှုတ်၍ စုတေပြီး
နောက် ခဏငယ် ၅ဝ ခန့်ကြာမှ အာဟာရဇရုပ်များ ချုပ်သည် ဟု ယူရပေ
မည်၊ ခဏကြီးအားဖြင့်လည်း ရေတွက်လေ၊
[ဆောင်] ကမ္မဇရုပ်, ချုပ်ပြီးနောက်မှ, ဟာရဇတို့, ခဏအငယ်,
ငါးဆယ်တိတိ,ပြည့်တုံဘိ, တွက်သိလေကွဲ့ ဆုံးသတဲ့။
ဥတုဇရုပ် — ဥတုဇရုပ်ကား – ယာဝ မတကဋေဝရသင်္ခါတာ ”
– အရ
အလောင်းကောင် တိုင်အောင် ဆက်၍ ဖြစ်ကြ၏။ [ ကဋေဝရ သဒ္ဒါသည်
အလောင်းကောင်ကို ဟော၏၊] ဤ"ယာဝ မတကဋေဝရသင်္ခါတာ"ဟူသော
စကားလည်း တဘဝအတွက် ပုံသဏ္ဌာန် မပျက်သေးခင် ပိုင်းခြား၍ ဆိုသော
စကားများသာ တည်း၊ စင်စစ်မှာ အလောင်းကောင် အဖြစ်မှ အရိုးစု တိုင်
အောင်-အရိုးဆွေး၍မြေမှုန့်အဖြစ်တိုင်အောင် ဥတုဇရုပ်ကလာပ်တို့ဆက်ကာ
ဆက်ကာ ကမ္ဘာပျက်သည့်တိုင်အောင်ပင် ဖြစ်ရစ်နိုင်သည်။
[ဆောင်] ကမ္မ-စိတ္တ, ဟာရဇတို့, ချုပ်ကြပြီးနောင်, အလောင်း
ကောင်မှ,စ၍ဆက်ဆက်, ကမ္ဘာပျက်မှ, တိုင်အောင်
ဥတုဇချည်းတဲ့။
နိဿယနှင့်အဓိပ္ပါယ်
၃ ၆ ၃
၆။ ဣစ္စေဝံ-ဤဆိုအပ်ပြီးသော အစဉ်ဖြင့်၊
ရုပ် သံသရာစက်
မတသတ္တာနံ-ရတေကုန်သော သတွာတို့၏
(သန္တာန်)၌၊ ပုနဘဝေ'တဘန်သာလျှင်၊ ဘဝန္တရေ-ဘဝတပါး
၌၊ ပဋိသဒ္မ - ပဋိသန္ဓေကို၊ ဥပါဒါယ-အစပြု၍၊ တထာ - ထို
ဆိုခဲ့သည့်အတိုင်း၊ ရူပံ-ရုပ်သည်။ ပဝတ္တတိ'ဖြစ်ပြန်၏။
၆။ ရုပ်သံသရာစက်။ ။ ဣစ္စေဝံ၊ပေ၊ပဝတ္တတိ'ကား ရုပ်သံသရာစက်
လည်ပုံကိုပြသော ဂါထာတည်း။ ဤ ပြခဲ့သော အစဉ်အားဖြင့် စုတေသော
သတွာတို့သန္တာန်၌ နောက်ဘဝဝယ် ပဋိသန္ဓေ၏ ဥပါဒ်မှစ၍ ပြခဲ့သည့် အစဉ်
အတိုင်း ကမ္မဇ စိတ္တဇ ဥတုဇ အာဟာရဇရုပ်များ ဖြစ်ပြန်လေသည်။
လေ့ကျင့်ခဏ်း မေးခွန်းများ
က။
ကမ္မဇရုပ်တို့သည် အဘယ်အခါကစ၍ ဖြစ်သနည်း,သင်္ဂြိုဟ်ထောက်ပါ။
ခ ။ ဘယ်အခါ နောက်ဆုံးဖြစ်၍ ဘယ်အခါ နောက်ဆုံး ချုပ်သနည်း။
စိတ္တဇရုပ်တို့သည် ဘယ်အခါကစ၍ ဖြစ်သနည်း, သင်္ဂြိုဟ်ထောက်ပါ။
ဃ။ ဘယ်အခါ၌နောက်ဆုံးဖြစ်၍ ဘယ်အခါ အဆုံးသတ် ချုပ်သနည်း။
စိတ္တဇံတို့ အဆုံးသတ် ချုပ်ရာကာလကို ပြသော လင်္ကာကို ရွတ်ပါ။
ဥတုဇရုပ်တို့သည် ဘယ်အခါကစ၍ ဖြစ်သနည်း, သင်္ဂြိုဟ်ထောက်ပါ။
ဆ။ ဘယ်အခါတိုင်အောင် ဖြစ်နိုင်သနည်း, သင်္ဂြိုဟ်ထောက်ပါ။
ဥတုဇတို့ အဆုံးသတ် ချုပ်ရာကိုပြသော လင်္ကာကို ရွတ်ပါ။
၅။ အာဟာရဇရုပ်တို့သည် ဘယ်အခါကစ၍ ဖြစ်တတ်သနည်း။
ည။ ဘယ်အခါ၌ နောက်ဆုံးဖြစ်၍ ဘယ်အခါ အဆုံးသတ် ချုပ်သနည်း။
အာဟာရဇတို့ အဆုံးသက်ချုပ်ရာကို ပြသော လင်္ကာကို ရွဘ်ပါ။
ဌ ။ ဣစ္ဆေဒံ မတသတ္တာနံ စသော ဂါထာကို အနက်ပေးပါ။
၅ဝ
## Trang 202
၇။ ပန-အဘို့တပါးကား၊ ရူပလောကေ-ရူပဘုံ၌၊ ဃာန
ဇိဝှါ ကာယ ဘာဝ ဒသကနိစ - ဃာန ဇိဝှါ ကာယ ဘာဝ
ဒသက တို့ကို၎င်း၊ အာဟာရဇ ကလာပါရှိစ – အာဟာရဇ
ကလပ်တို့ကို၎င်း၊ န လဗ္ဘန္တိ – မရအပ်ကုန်၊ တသ္မာ - ထို
ကြောင့်၊ တေသံ – ထို ရူပဗြဟ္မာတို့၏၊ ပဋိသန္ဓိကာလေ-ပဋိ
သန္ဓေအခါ၌၊စက္ခု သောတ ဝတ္ထုဝသေန-စက္ခု သောတဝတ္ထု
တို့၏ အပြားအားဖြင့်၊ တီဏိ − သုံးပါးကုန်သော၊ ဒသကနိ-
ဒသကတို့၎င်း၊ ဇီဝိတနဝကဉ္စ-ဇီဝိတနဝကင်း၊ ဣတိ-ဤသို့၊
စတ္တာရော - လေးပါးကုန်သော၊ ကမ္မသမုဋ္ဌာန ကလာပါ
၇။ ရူပဘုံ၌ ရထိုက်သောရုပ်များ။ ။ရူပလောကေ၊ပေ၊လဗ္ဘတိ-
ဤစကားကား အသညသတ်မှ တပါးသော ရူပဘုံ၌ ရသမျှ ရုပ်ကလာပ်ကို
ပြသော စကားတည်း၊ ရူပဘုံ၌ ကမ္မဇကလာပ် ၉ စည်းတွင် ဃာန စသော
ကလာပ် ၄ စည်း မရထိုက်၊ အဘယ့်ကြောင့်နည်း......ဃာနပသာဒ ရှိခြင်း
ကြောင့် နမ်းရှူချင်စိတ်ဖြစ်၏၊ ဇိဝှါပသာဒ ရှိခြင်းကြောင့် စားသောက်ချင်စိတ်
ဖြစ်၏၊ ကာယပသာဒ ရှိခြင်းကြောင့် တို့ချင် ထိချင်စိတ် ဖြစ်၏၊ ဘာဝရုပ်
ရှိခြင်းကြောင့် မေထုန်အမှုကို ပြုလို၏၊ ဤသို့ ဃာန စသော ရုပ်ကလာပ်တို့သည်
ကာမဂုဏ် စိတ်ဓာတ်ကို တိုးပွားစေသော ရုပ်များ တည်း၊ ရူပဘုံကလည်း
ကာမဂုဏ်ကို စက်ဆုပ်သော ဗြဟ္မာတို့၏ နေရာတည်း၊ ထို့ကြောင့် ဃာန
စသော ရုပ်ကလာပ်များ မရထိုက်။
[ဆောင်] ကာမစိတ်ဓာတ်, ပွားစေတတ်သဖြင့်, ဃာနတ္တယ,
ဘာဝ နှစ်ထွေ, ဗြဟ္မာ့ပြေ, မှတ်လေ မရထိုက်။
စက္ခု သောတ ပသာဒတို့ အတွက်ကား ဘုရားဖူး တရားနာ ကျေးဇူး
များသော နေရာဌာနများလည်း ရှိသေးသောကြောင့် ချွင်းချက် ထားသည့်၊
နိဿယနှင့်အဓိပ္ပါယ်
၃ ၉ ၁
ကမ္မသမုဋ္ဌာန်ကလာပ်တို့ကို၊လဗ္ဘန္တိ-ရအပ်ကုန်၏၊ပဝတ္တိယံ-
ပဝတ္တိအခါ၌၊ စိတ္တောတု သမုဋ္ဌာနာစ - စိတ္တသမုဋ္ဌာန် ဥတု
သမုဋ္ဌာန်ကလာပ်တို့ကိုလည်း၊ လဗ္ဘန္တိ-ရအပ်ကုန်၏။
ဂ။ ပန − အဘို့ တပါးကား၊ အသညသတ္တာနံ - အသည
သတ်ဗြဟ္မာတို့၏(သန္တာန်၌)၊ စက္ခု၊ သောတ ဝတ္ထု သဒ္ဒါပိ-
စက္ခုဒသက သောတဒသက ဝတ္ထုဒသက သဒ္ဒနဝကတို့ကို
ထို့ကြောင့် ရူပဗြဟ္မာတို့၏ ပဋိသန္ဓေအခါ၌ စက္ခု သောတ ဝတ္ထုဒသက ဇီဝိတ
နဝက ဤ ကလာပ် ၄ စည်းသာ ရထိုက်သည်။ [ ရူပဘုံ၌သာ ဇီဝိတ နဝက
ကလာပ်ကို တိုက်ရိုက်ပြ၍ ကာမဘုံ၌ မပြခဲ့သည့်ပြင်
"သန္တိ သဗ္ဗာနိ ရူပါနိ, ကာမေသု စတုသမ္ဘဝါ၊
ဇီဝိတနဝကံ ဟိတွာ, ကလာပါ´ဟောန္တိ ဝီသတိ"....ဟု
ကာမဘုံ၌ ဇီဝိတနဝက ကလာပ် မရှိကြောင်းကို ပရမတ္ထ ဝိနိစ္ဆယ၌ အရှင်
အရုဒ္ဓါ ကိုယ်တော်တိုင် မိန့်ဆိုထား၏၊ သင့်မသင့်ကို ဘာသာဋီကာမှာရှူ။
စိတ္တောတုသမုဋ္ဌာနား — ပဝတ္တိ အခါ၌ကား စိတ္တဇကလာပ် ဥတုဇ
ကလာပ်များ အားလုံးပင် ရထိုက်၏၊ ဗြဟ္မာတို့၌ ခဲဖွယ်ဘောဇဉ်ကို စားမျို
ခြင်း မရှိရကား အတွင်းသန္တာန်မှာ သြဇာရုပ် ရှိသော်လည်း ဗဟိဒ္ဓဩဇာနှင့်
ပူးပေါင်းရခြင်း မရှိသည့်အတွက် အာဟာရဇရုပ်များ မရကြချေ။ ထို့ကြောင့်
ဗြဟ္မာတို့သန္တာန်၌ ကမ္မဇ စိတ္တဇ ဥတုဇရုပ်များသာ ရှိသည်။
[ဗြဟ္မာများသည့် မိမိတို့ဈာန်၌နှစ်သက်ခြင်းပီတိဖြင့် တင်းတိမ်ကာ အစာ
မစားဘဲနေနိုင်ကြသည်၊ လူတို့သည့် တစုံတခုကို အားရပါးရ ပီတိကျနေသည့်
အခါ ဘာကိုမျှ မစားဘဲ နေနိုင်ကြသကဲ့သို့ တည်း၊ ဗြဟ္မာတို့၌ ဘာဝ
မရှိသော်လည်း ပုံသဏ္ဌာန်မှာ ယောက်ျားလိုပင်တည်း။ ]
## Trang 203
လည်း၊ န လဗ္ဘန္တိ-မရအပ်ကုန်၊ တထာ-ထို အထူ၊ သဗ္ဗာနိပိ-
အလုံးစုံလည်း ဖြစ်ကုန်သော၊ စိတ္တဇရူပါနိ - စိတ္တဇရုပ်တို့ကို၊
န လဗ္ဘန္တိ - မရအပ်ကုန်၊ တသ္မာ - ထို့ကြောင့်၊ တေသံ-ထို
အသညသတ်ဗြဟ္မာတို့၏၊ ပဋိသန္ဓေကာလေ-ပဋိသန္ဓေ အခါ၌၊
ဇီဝိတနဝကမေဝ - ဇီဝိတနဝက ကလာပ်သည်သာလျှင်၎င်း၊
ပဝတ္တိယံစ - ပဝတ္တိ အခါ၌လည်း၊ သဒ္ဒဝဇ္ဇိတံ - သဒ္ဒသည်
ကြဉ်အပ်သော၊ဥတုသမုဋ္ဌာနရူပံ-ဥတုသမုဋ္ဌာန်ရုပ်သည်၎င်း၊
အတိရိစ္ဆတိ – ကြွင်းကျန်၏၊ အတိရိစ္ဆတိ-ကား ပါဠိပျက်။
၈။ အသညသတ္တာနံ၊ပေ၊စက္ခုသောတဝတ္ထုသဒ္ဒါပိ— အသညသတ်
ဗြဟ္မာတို့ သန္တာန်၌ စက္ခုသောတ ဝတ္ထုဒသကနှင့် သဒ္ဒနဝက ကလာပ်များ
မရထိုက်၊ သဒ္ဒါပိ၌ အပိသဒ္ဒါဖြင့် ရှေး ရူပ ဗြဟ္မာများ မရထိုက်သော ဃာန
ဇိဝှါ ကာယ ဘာဝဒသကနှင့် အာဟာရဇ ကလာပ်များလည်း မရထိုက်ဟု
ဆောင်သည်၊ ထို့ကြောင့် ကမ္မဇကလာပ် ၉ စည်းတွင် ပဋိသန္ဓေအခါ၌ ဇီဝိတ
နဝက တစည်းသာ ရတော့၏၊ ထို့ကြောင့် "တသ္မာ တေသံ ပဋိသန္ဓေကာလေ
ဇီဝိတနဝကမေဝ" ဟု မိန့်၏၊ စိတ်မရှိသောကြောင့် စိတ္တဇကလာပ် အားလုံး
မရထိုက်ရကား "သဗ္ဗာနိပိ စိတ္တဇရူပါနိ" ဟု မိန့်သည်။
သဒ္ဒဝဇ္ဇိတံ ဥတုသမုဌာနရူပံ− ပဝတ္တိအခါ ဥတုဇကလာပ် ၄ စည်း
တွင် သဒ္ဒဆိုင်ရာက မရသောကြောင့် သုဒ္ဓဋ္ဌကနှင့် လဟုတာဒိ ဧကာဒသက
ကလာပ် ၂ စည်းသာ ရသည်၊ ထို့ကြောင့် အသညသတ်ဘုံ၌ အဝိနိမ္ဘောဂ
ရုပ် ၈, ဇီဝိတ ၁, လဟုတာ စသော ရုပ် ၃, ရုပ်ကလာပ်တိုင်း၌ ပါနိုင်သော
လက္ခဏရုပ် ၄, အာကာသဓာတ် ၁, ပေါင်း ၁၇ သာ ရသည်။
[အရှင်အနုရုဒ္ဓါသည် ရူပဘုံ၌ ဖြစ်နိုင်သော ရုပ်များကိုသာ ပြ၏၊ ဖြစ်စဉ်
ချုပ်စဉ်ကို မပြ၊ ထိုသို့ မပြခြင်းကား ကာမဘုံ၌နှင့် များစွာမထူးသောကြောင့်
ဖြစ်သည်၊ အနည်းငယ် ထူးဟန်ကိုကား ဘာသာဋီကာမှာ ရှု။
နိဿယနှင့်အဓိပ္ပါယ်
၃၉၇
၉။ ဣစ္စေဝံ-ဤဆိုအပ်ပြီးသောအစဉ်ဖြင့် ကာမရူပါသည
သင်္ခါတေသု - ကာမ ရူပ အသညသတ်ဟု ဆိုအပ်ကုန်သော၊
တိံသု – သုံးပါးကုန်သော၊ ဋ္ဌာနေသု – ဘုံဌာနတို့၌၊ ပဋိသန္ဓေ
ပဝတ္တိဝသေန-ပဋိသန္ဓေ ပဝတ္တိတို့၏ အပြားအားဖြင့်၊ ဒွိဓာ-
• နှစ်ပါး အပြားရှိသော၊ ရူပ ပဝတ္တိ - ရုပ်တို့၏ ဖြစ်ပျက်ပုံကို၊
ဝေဒိတဗ္ဗာ-သိအပ်၏။
သင်္ဂဟ
၁၀။ ကာမေသု - ကာမဘုံတို့၌၊ အဋ္ဌဝီသတိ-
နှစ်ဆယ့်ရှစ်ပါးသော၊ ရူပါနိ – ရုပ်တို့သည်၊
ဟောန္တိ-ဖြစ်ကုန်၏၊ ရူပေသု -အသညသတ်မှတပါး, ရူပတဆဲ့
ငါးဘုံတို့၌၊ တေဝီသ-နှစ်ဆဲ့သုံးပါးသော၊ ရူပါနိ-ရုပ်တို့သည်၊
ဟောန္တိ – ဖြစ်ကုန်၏၊ အသညီနံ - အသညသတ် ဗြဟ္မာတို့၏
(သန္တာန်)၌၊ သတ္တရသေဝ− တဆဲ့ခုနစ်ပါးသော ရုပ်တို့သည်
သာ၊ ဟောန္တိ-ဖြစ်ကုန်၏၊ အရူပေ-အရူပဘုံ၌၊ ကိဉ္စိပိ-ဘယ်ရုပ်တခု
မျှလည်း၊ နတ္ထိ-မရှိ။
၉။ ဣစ္စေဝံ ၊ ပေ ၊ ဝေဒိတဗ္ဗာ
ဝေဒိတဗ္ဗာ— ကား ကာမ ရူပ အသညသတ်ဘုံ
တို့၌ ရုပ်တို့၏ ဖြစ်ပျက်ပုံကို နိဂုံးအုပ်သော စကာ:တည်း။
၁၀။ သင်္ဂဟဂါထာ။ ။အဋ္ဌဝီသတိ၊ပေ၊ကိဉ္စိပိ-ကား သင်္ဂဟဂါထာ
တည်း၊ ကာမဘုံ၌ ရုပ် ၂၈ ပါးလုံး ရထိုက်၏၊ အသညသတ်မှတပါး ရူပ
၁၅ ဘုံ၌ ( ဃာန ဇိဝှါ ကာယပသာဒနှင့် ဘာဝရုပ် ၂ ကြဉ် ) ရုပ် ၂၃ ပါး
ရထိုက်၏၊ အသညသတ်ဘုံ၌ ရထိုက်သော ရုပ် ၁၇ ပါးကား . ....
[ဆောင်] အဝိနိဗ္ဗောဂ, ဇီဝိတနှင့်, သုံးဝ လဟု'တာဒိရှု၍,
စတုလက္ခဏာ, အာကာသာ, ပေါင်းပါ ဆဲ့ခုနစ်။
## Trang 204
သဒ္ဒေါ - သဒ္ဒရုပ်ကို၎င်း၊ ဝိကာရော - ဝိကာရရုပ် ငါးခု
ကို၎င်း၊ ဇရတာ - ဇရတာရုပ်ကို၎င်း၊ မရဏဉ္စ - အနိစ္စတာ
ရုပ်ကို၎င်း၊ ဥပပတ္တိယံ-ပဋိသန္ဓေတည်နေကာလ, ဥပါဒ်ခဏ၌၊
န လဗ္ဘန္တိ - မရအပ်ကုန်၊ ပဝတ္တေသု - ပဝတ္တိ အခါ၌ကား၊
ကိဉ္စိပိ-ဘယ်ရုပ်တခုမျှလည်း၊ န လဗ္ဘတိ – မရအပ်သည်မရှိ
ရအပ်သည်သာ ... အယံ - ဤသည်ကား၊ ဧတ္ထ – ဤရူပ ပရိ
စ္ဆေဒ၌၊ ရူပပဝတ္တိက္ကမ-ရူပပဝတ္တိက္ကမတည်း။
သဒ္ဒါဝိကာရော ၊ ပေ ၊ န လဗ္ဘန္တိ တိ'ဤဂါထာလည်း ပဋိသန္ဓေအခါ
ပဝတ္တိအခါတို့၌ ရထိုက်သော ရုပ်ကို အကျဉ်းချုပ်သော သင်္ဂဟဂါထာပင်
တည်း၊ ဥပပတ္တိယံ 'အရ ပဋိသန္ဓေ၏ ဥပါဒ်ခဏကိုသာ ယူ၊ ထို ဥပါဒ်ခဏ၌
သဒ္ဒရုပ်-ဝိညတ်ဒွေး-လဟုတာစသော ဝိကာရရုပ်များ – ဇရတာ အနိစ္စတာ
ရုပ်များ မရှိနိုင်၊ ပဝတ္တိကာလ၌ကား ရုပ် ၂၈ ပါးလုံး ထိုက်သလို ရနိုင်သည်။
လေ့ကျင့်ခဏ်း မေးခွန်းများ
က။
ရူပဘုံ၌ မည်သည့်ရုပ်များ မရထိုက်သနည်း, သင်္ဂြိုဟ်စုဏ္ဏိယ ထောက်ပါ။
ခ။
ဃာနဒိတ္တယ ဘာဝရုပ်တို့ အဘယ့်ကြောင့် ရူပဘုံ၌ မရသနည်း။
ဂ။
ရူပဗြဟ္မာများ၌ အာဟာရဇရုပ်များ ဘယ့်ကြောင့် မရထိုက်သနည်း။
ဃ။
ဗြဟ္မာများ၌ ဘာဝရုပ် မရှိလျှင် ရုပ်ပုံသဏ္ဌာန် ဘယ်သို့ ရှိသနည်း။
င။
အသညသတ်ဘုံ၌ ကမ္မဇကလာပ်တွင် ဘယ်ကလာပ်သာ ရသနည်း။
စ။
ဥတုဇကလာပ် ၄ စည်းတွင် အဘယ်ကလာပ်သာ ရသနည်း။
ဆ။
စိတ္တဇကလာပ်အားလုံး အဘယ့်ကြောင့် မရသနည်း။
ဇ။
ပဋိသန္ဓေ၏ ဥပါဒ်ခဏ၌ မရထိုက်သော ရုပ်များကို ကောက်ပြပါ။
ရူပပဝတ္တိက္ကမ ပြီး၏။
နိဿယနှင့်အဓိပ္ပါယ်
၃ ၉ ၉
၁။ ပန-အဘို့ တပါးကား၊ လောကုတ္တရ သင်္ခါတံ-
နိဗ္ဗာန်
လောကုတ္တရာ ဟု ဆိုအပ်သော၊ စတုမဂ္ဂညာဏေန-
လေးပါးသော မဂ်ဉာဏ်ဖြင့်၊ သစ္ဆိကာတဗ္ဗံ - မျက်မှောက်
ပြုအပ်သော၊ မဂ္ဂဖလာနံ -- မဂ်ဖိုလ် တရား တို့၏
အာရမ္မဏ
ဘူတံ-အာရုံဖြစ်၍ ဖြစ်သော၊ နိဗ္ဗာနံ-နိဗ္ဗာန်ကို၊ ဝါနသင်္ခါတာယ-ဝါန ဟု ဆိုအပ်သော၊ တဏှာယ-တဏှာမှ၊ နိက္ခန္တတ္တာ-
ထွက်မြောက်တတ်သည်၏ အဖြစ်ကြောင့်၊ နိဗ္ဗာနန္တိ - နိဗ္ဗာန်
ဟူ၍၊ ပဝုစ္စတိ-ဆိုအပ်၏။
ဟု
နိဗ္ဗာန်ပိုင်း။ ။ " စိတ္တံ စေတသိကံ ရူပံ နိဗ္ဗာန မိတိ သဗ္ဗထာ "
မာတိကာ စဉ်၍ ပြခဲ့သည့် အတိုင်း နိဗ္ဗာန် အကြောင်းကို ပြရာ အခဏ်းကို
" နိဗ္ဗာန်ပိုင်း " ဟု ခေါ်ဆိုထိုက်၏၊ သို့သော် နိဗ္ဗာန်အကြောင်းကို အနည်း
ငယ်သာ ပြလိုသောကြောင့် တခဏ်း တနား တပိုင်း အဖြစ်ဖြင့် မထားဘဲ
ရုပ်ပိုင်း၏ နောက်ဆက်တွဲအနေ ရုပ်ပိုင်း၌ပင် ထည့်သွင်းခဲ့လေသည်။
၁။
0
နိဗ္ဗာနံ၊ ပေ၊
၊ ပေ၊ နိဗ္ဗာနန္တိ ပဝုစ္စတိ'ပဌမ"နိဗ္ဗာနံ"ပုဒ်သည် နိဗ္ဗာန်
ဟူသောသဘောတရားကို ပြ၏၊ နိဗ္ဗာနန္တိ၌ နိဗ္ဗာနံပုဒ်ကား နာမည်ကို ပြ၏၊
[ကျောင်းကို(အထည်ဒြဗ်ပြ)ကိန်းအောင်းရာ ဖြစ်သောကြောင့် ကျောင်းဟု
ခေါ်၏ (နာမည်ပြ) ဟူသကဲ့သို့တည်း။ ]
စတုမဂ္ဂညာဏေန သစ္ဆိကာတဗ္ဗံ… သောတာပတ္တိ မဂ်ဉာဏ် စသော
မဂ်ဉာဏ် ၄ ပါးဖြင့် မျက်မှောက်ပြုအပ်၏။ " မျက်မှောက်ပြု" ဆိုသည်ကား
တိုက်ရိုက် မျက်စိဖြင့် မြင်ရသကဲ့သို့ သိမြင်ခြင်းတည်း၊ မဂ်ဉာဏ်ကို မရခင်
ကာမာဝစရ ဉာဏ်ဖြင့်ကား တိုက်ရိုက်မမြင် မှန်းဆ၍သာ သိနိုင်သည်။ ထို
နိဗ္ဗာန်သည် မဂ်ဖိုလ်တရားများ၏ အာရုံပေတည်း၊ ထို့ကြောင့်"မဂ္ဂဖလာန
မာရမ္မဏဘူတံ" ဟု မိန့်သည်။
## Trang 205
၂။ တံ - ထို နိဗ္ဗာန်သည်၊ သဘာဝတော - သဘော
အားဖြင့်၊ ဧကဝိဓံပိ – တမျိုးထည်းသာ ရှိပါသော်လည်း၊ သ
ဥပါဒိသေသ နိဗ္ဗာနဓာတု - သ ဥပါဒိသေသ နိဗ္ဗာနဓာတ်၎င်း၊
အနုပါဒိသေသ နိဗ္ဗာနဓာတုစ - အနုပါဒိသေသ နိဗ္ဗာနဓာတ်
၎င်း၊ ဣတိ-ဤသို့၊ ကာရဏပရိယာယေန = မှတ်သားကြောင်း
ပရိယာယ်အားဖြင့်၊ ဒုဝိဓံ – နှစ်ပါး အပြားရှိသည်၊ ဟောတိ-
ဖြစ်၏။
ဝါနသင်္ခါတာယ တဏှာယ'တဏှာကို "ဝါန"ဟု ခေါ်၏၊ [ဝါ==
ဆက်သွယ်တတ်သော တရား၊ ] အပ်ချုပ်သမားသည် အဝတ်တစ်စနှင့် တစ်စကို
ဆက်သွယ် ချုပ်ပေးသကဲ့သို့ တဏှာလည်း ယခု ပစ္စုပ္ပန်ဘဝနှင့် နောင် အနာ
ဂတ် ဘဝကို ဆက်သွယ်ပေး၏၊ ထို့ကြောင့် တဏှာ မကုန်သေးသမျှ ဘဝ
သံသရာမှ မလွတ်နိုင်ကြချေ။
နိက္ခန္တတ္တာ နိဗ္ဗာနန္တိ'နိဗ္ဗာန်တရားကား ထို ဝါနမှ ထွက်မြော်လေပြီ။
"ထွက်မြောက်" ဆိုသည်ကား "အာရုံပြု မခံရပြီ, တဏှာ့စက်ကွင်းမှ လွတ်
ကင်းလေပြီ " ဟု ဆိုလိုသည်၊ ဤ – ဝါနသင်္ခါတာယ နိက္ခန္တတ္တာ " ပါဌ်ဖြင့်
နိဗ္ဗာန၌ "နိ+ဝါန" ဟု ပုဒ်ခွဲ၍ " ဝါနတော+နိက္ခန္တတိ, နိဗ္ဗာနံ" ဟု
သမာသ် တွဲစေလိုသည်၊ [ နိရ်ဝါဏဟု သက္ကတ၌ ရှိသောကြောင့် "နိဗ္ဗာဏ"
ဟုလည်း ရေးသားကြသေး၏။ ]
၂။ နိဗ္ဗာန် ၂ မျိုး။
[သ+ဘာဝ။
။သဘာဝတော ဧကဝိဓံပိ
၁=မိမိ၏+ဘာဝ=လက္ခဏာ ] စိတ်သည့် အာရမ္မဏဝိဇာနနလက္ခဏာ
အားဖြင့် တမျိုးထည်းသာ − ဖဿသည့် ဖုသနလက္ခဏာအားဖြင့် တမျိုး
ထည်းသာ ရှိသကဲ့သို့ နိဗ္ဗာန်ဟူသော သဘောတရားလည်း သန္တိလက္ခဏာ
( ငြိမ်းခြင်း ) ဟူသော မိမိလက္ခဏာအားဖြင့် တမျိုးထည်းသာ ရှိသည်။
နိဿယနှင့်အဓိပ္ပါယ်
၄၀၀
[ဧကခံ အရ တပါးထည်းသာ ဟု ဆိုသောကြောင့် ရဟန္တာ အားလုံး၏
နိဗ္ဗာန်သည် ( အများဆိုင် ပစ္စည်းတခုအလား) တပါးထည်းသာ ရှိ၏ ဟု
မမှတ်လင့်၊ ကိုယ့်စိတ်နှင့်ကိုယ် ရှိသကဲ့သို့, ကိုယ့်နိဗ္ဗာန်နှင့်ကိုယ်ရှိရာ၏။ ]
သ ဥပါဒိသေသ နိဗ္ဗာနဓာတု— [သ+ ဥပါဒိ + သေသ။ သေသ
ကိလေသာတို့မှ ကြွင်းကျန်ရစ်သေးသော+ဥပါဒိ … ဝိပါက် နာမ် ခန္ဓာနှင့်
ကမ္မဇ ရုပ်ခန္ဓာ+သ = ရှိသည်။ ] မဂ်ဖြင့် ကိလေသာကို ပယ်သည့် အခါ
ခန္ဓာအစဉ်၌ ကိလေသာ ကုန်သွားသည်ရှိသော် ဖြစ်မြဲတိုင်းသော ဝိပါက်နာမ်
ခန္ဓာနှင့် ကမ္မဇရုပ်များ ကြွင်းကျန်ရစ်၏၊ ကိလသာတို့မှ ကြွင်းကျန်ရစ်သော
ထို ဝိပါက် ကမ္မဇရုပ်ဖြင့် မှတ်အပ်သော နိဗ္ဗာနဓာတ်ကို " သဥပါဒိသေသ
နိဗ္ဗာနဓာတ်" ဟု ခေါ်သည်၊ " ဝိပါက်နာမက္ခန္ဓာ ကမ္မဇရုပ် မချုပ်သေးခင်
(ပရိနိဗ္ဗာန်မစံခင်) အာရုံပြုအပ်သော.နိဗ္ဗာန်" ဟူလို။
"အနုပါဒိသေသ နိဗ္ဗာနဓာတု – [န+ဥပါဒိ+သေသ] ကိလေသာ
တို့မှ ကြွင်းကျန်ရစ်သည့် ဝိပါက်ကမ္မဇရုပ် မရှိသော နိဗ္ဗာနဓာတ် တည်း၊
"ဝိပါက် နာမက္ခန္ဓာ ကမ္မဇရုပ် ချုပ်ပြီးနောက် (ပရိနိဗ္ဗာန်စံသည့်အခါ) ရအပ်
သော နိဗ္ဗာန်" ဟူလို။
ဒုဝိဓိကာရဏ ပရိယာယေန – [ကာရဏပရိယာယ = အကြောင်း
ပရိယာယ်၊ ဝါ=ကာရဏူပစာ၊] သဥပါဒိသေသ အနုပါဒိသေသသည်နိဗ္ဗာန်
ကို မှတ်သားကြောင်း တည်း၊ ဤသို့ မှတ်သားကြောင်း ဖြစ်သော လက္ခဏက
၂ မျိုး ရှိသောကြောင့် မှတ်သားအပ်သော (လက္မ)နိဗ္ဗာန်လည်း အကြောင်း
လက္ခဏ၏ သဥပါဒိသေသ အနုပါဒိသေသ အမည်ကို အကျိုးလက္မ၌ တင်
စားလျက် ကာရဏူပစာရ အားဖြင့် သဥပါဒိသေသနိဗ္ဗာန် - အနုပါဒိသေသ
နိဗ္ဗာန်ဟု ၂ မျိုး ပြားရလေသည်။
၅၁
## Trang 206
၃။ တထာ – ထိုမှတပါး၊ သုညတံ – သုညတနိဗ္ဗာန်၎င်း၊
အနိမိတ္တံ—အနိမိတ္တနိဗ္ဗာန်၎င်း၊ အပ္ပဏိဟိတဉ္စ – အပ္ပဏိဟိတ
နိဗ္ဗာန်၎င်း၊ ဣတိ - ဤသို့၊ အာကာရ ဘေဒေန – အခြင်းအရာ
တို့၏ အပြားအားဖြင့်၊ တိဝိဓံ-သုံးပါးအပြားရှိသည်၊ ဟောတိ-
ဖြစ်၏။
၃။ တနည်း နိဗ္ဗာန် ၃ မျိုး။ ။သုညတာကာရ အနိမိတ္တာကာရ
အပ္ပဏိဟိတာကာရ အားဖြင့်လည်း နိဗ္ဗာန် ၃ မျိုး ပြားပြန်၏။
66
သုညတ— “ သုည ” သည့် သုဉ်းခြင်း, ကင်းခြင်း, မရှိခြင်း ဟူသော
အဓိပ္ပါယ်ကိုပြ၏၊ နိဗ္ဗာန်သည်လည်း ရာဂ ဒေါသ မောဟနှင့်တကွ ရုပ်ခန္ဓာ
နာမ်ခန္ဓာမှသုဉ်း၏ ကင်းဆိတ်၏၊ဤသို့ ရာဂဒေါသမောဟနှင့်တကွ ရုပ်နာမ်
အားလုံးတို့ သုဉ်းနေပုံ ကင်းဆိတ်နေပုံ အခြင်းအရာ အာကာရကို စွဲမှတ်၍
“သုညတနိဗ္ဗာန်” ဟုလည်း ခေါ်အပ်၏။
66
[ဆောင်] ရာဂ ဒေါသ, မောဟလည်းဆုံး, ရုပ်နာမ် သုဉ်းသဖြင့်,
လုံးလုံးသည်,ပုံတမျှ, သုညတနိဗ္ဗာန် ခေါ်။
အ
အနိမိတ္တ — နိမိတ္တ သဒ္ဒါကား အရှည် အတို အလုံး အခဲ အစ ရှိသော
ပုံသဏ္ဌာန်အနက်ကို ဟော၏၊ ရုပ်ခန္ဓာသည် ရုပ်ကလာပ်ချင်း ပေါင်းစုတွေ
ခဲလျက် ပုံသဏ္ဌာန် အမျိုးမျိုးပေါ်ထွက်၏၊နာမ်ခန္ဓာလည်း သာမန်ဥာဏ်ဖြင့်
မသိမြင်စေကာမူ ဘုရားရှင်တို့ ဥာဏ်မျိုးမှာ ပုံသဏ္ဌာန်
မဟုတ်သော်လည်း
ပုံသဏ္ဌာန်လိုပင် ထင်ရှားစရာရှိ၏၊ နိဗ္ဗာန်ကား ထိုကဲ့သို့ ပုံသဏ္ဌာန် မရှိချေ။
ဤသို့ ပုံသဏ္ဌာန် မရှိပုံ အခြင်းအရာ အာကာရကို စွဲမှတ်၍ “ အနိမိတ္တနိဗ္ဗာန်”
ဟုလည်း ခေါ်ဝေါ်အပ်၏။
[ဆောင်] အထည်ပုံဟန်, သဏ္ဌာန်အရိပ်, နိမိတ်ခေါ်ဘိ,
လျှင်းမရှိ, အနိမိတ္တခေါ်။
နိဿယနှင့်အဓိပ္ပါယ်
၄ဝ၃
၄။ အစ္စယံ-ရတေ ရွေ့ လျော, သေရခြင်းသဘောလည်း
မရှိထသော၊ အစ္စန္တိ-အဆုံးအပိုင်းအခြားကိုလည်း လွန်ပြီးထ
သော၊ အသင်္ခတံ-ကံစသော အကြောင်းလေးပါးတွင်, ဘယ်
အကြောင်းတခုမျှ မပြုအပ်သည်လည်းဖြစ်ထသော၊ အနုတ္တရံ-
မိမိထက် မြတ်သောတရားလည်း မရှိထသော၊ ပဒံ-ရောက်သင့်
ရောက်ခံရန်, လျော်ကန်သင့်မြတ်, ထင်ရှားရှိသောဓာတ် တမျိုးကို၊
ဝါနမုတ္တာ - တဏှာမှ လွတ်တော်မူကြကုန်ပြီးသော၊ မဟေ
သယော-မဟာဣသိ, မုနိထွဋ်တင်, ဘုရားရှင်တို့သည်၊ နိဗ္ဗာနံ
ဣတိ-နိဗ္ဗာန်ဟူ၍၊ ဘာသန္တိ-ဟောတော်မူကြကုန်၏။
အပ္ပဏိဟိတ—ပဏိဟိတသဒ္ဒါသည် တောင့်တခြင်းအနက်ကိုဟော၏၊
ပဏိဓိ သဒ္ဒါနှင့် အနက်တူပင်တည်း၊ နိဗ္ဗာန်ကို တဏှာသဘော အားဖြင့်
မတောင့်တအပ်, နိဗ္ဗာန်၌ တောင့်တတတ်သော တဏှာလည်း မရှိ၊ ဤသို့
ပူပူ ဆာဆာ တဏှာဖြင့်လည်း မတောင့်တအပ်, ပူပူ ဆာဆာ တောင့်တ
တတ်သော တဏှာလည်း မရှိပုံ အခြင်းအရာ အာကာရကို စွဲမှတ်၍“အပ္ပဏိ
ဟိတ နိဗ္ဗာန်” ဟုလည်း ခေါ်ဝေါ်အပ်၏။
[ဆောင်] တဏှာသဘော, အာသဝေါဖြင့်, မက်မောလေအပ်,
တောင့်တတတ်သည့်, ပဏိဟိတ, ကင်းရှင်းစွ, အပ္ပဏိ
ဟိတ ခေါ်။
၄။ သင်္ဂဟဂါထာ။ ။ပဒမ ၊ ပေ ၊ မဟေသယော-ကား နိဗ္ဗာန်၏
ဂုဏ်ပုဒ်ကို အကျဉ်းချုပ် ပြသော သင်္ဂဟဂါထာ တမျိုးတည်း၊ အနက်ရှိတိုင်း
အဓိပ္ပါယ်ချုပ်ကို မှတ်လေ။
## Trang 207
၅။ ဣတိ – ၍ ခြောက်ပါးသော ပရိစ္ဆေဒဖြင့်၊
နိဂုံးချုပ်
( နိဋ္ဌိ-ပြအပ်သော )၊ စိတ္တံ-စိတ်၎င်း၊ စေတသိ
ကံ-စေတသိက်၎င်း၊ ရူပံ-ရုပ်၎င်း၊ နိဗ္ဗာနံ-နိဗ္ဗာန်၎င်း၊ ဣစ္စာပိ –
ဤသို့လျှင်၊ ပရမတ္ထ-ပရမတ္ထဘုရားကို၊ စတုဓာဝ – လေးပါး
အပြားဖြင့်သာလျှင်၊ တထာဂတာ - ဘုရားရှင်တို့သည်၊ ပကာ
သေန္တိ-ထင်ရှားပြတော်မူကြကုန်၏။
အဘိဓမ္မတ္ထ သင်္ဂဟေ ၌၊ ရူပသင်္ဂဟဝိဘာဂေါ နာမ-ရူပ
သင်္ဂဟ ဝိဘာဂမည်သော၊ ဆဋ္ဌော – ခြောက်ပိုင်းတို့၏ ပြည့်
ကြောင်းဖြစ်သော၊ ပရိစ္ဆေဒေါ-အပိုင်းသည်၊ ဣတိ-ပြီးပြီ။
၅။ ဣတိစိတ္တ၊ ပေ၊ တထာဂတာ—ကား ပြခဲ့သော ပရမတ္ထ ၄ ပါးကို
နိဂုံးချုပ်သော ဂါထာတည်း၊ ဤတွင် “ စိတ္တံ စေတသိကံ ရူပံ နိဗ္ဗာနမိတိ
သဗ္ဗထာ ” ဟူသော အကျဉ်းချုပ်အရ အကျယ်ပြချက် ပြီးပြီ’ဟူလို။
လေ့ကျင့်ခန်း မေးခွန်းများ
အဘယ့်ကြောင့် နိဗ္ဗာန်ကို နိဗ္ဗာန် ဟု ခေါ်သနည်း၊ သင်္ဂြိုဟ်ဟိတ်ပါဌ်ကို
ထောက်ပါ။
နိဗ္ဗာန်သည် အဘယ်သဘော လက္ခဏာ ရှိသနည်း။
သဥပါဒိသေသ အနူပါဒိသေသ နိဗ္ဗာနဓာတ်ဟူသည် အဘယ်နည်း။
ဃ။ အဘယ့်ကြောင့် သုညတ အနိမိတ္တ အပ္ပဏိဟိတ ဟု ခေါ်သနည်း။.
ဣတိစိတ္တံ ဂါထာသည့် ဘာကိုပြသော ဂါထာနည်း၊ အနက်ပေးပါ။
ရုပ်ပိုင်း နိဿယနှင့် အဓိပ္ပါယ် ပြီးပြီ
သမုစ္စည်းပိုင်း
အနုသန္ဓေနှင့် ပဋိညာဉ် ဒွါသတ္တတိဝိဓာ-ခုနစ်ဆဲ့နှစ်ပါး အပြား
ရှိကုန်သော၊ သလက္ခဏာ-မိမိဆိုင်ရာ
လက္ခဏာရှိကုန်သော၊ ဝတ္ထုဓမ္မာ - ပရမတ်အလို, အထည်
ကိုယ် ဝတ္ထု ရှိကောင်းသော တရားတို့ကို၊ ဝုတ္တာ - ဆိုအပ်
ကုန်ပြီ၊ ဒါနိ – ယခုအခါ၌၊ တေသံ - ထိုတရားတို့၏၊ ယထာ
ယောဂံ – ယှဉ်ထိုက်သည်အားလျော်စွာ၊ သမုစ္စယံ- သဘော
တူချင်း, ပေါင်းသင်းစည်းပြ, သမုစ္ဆယသင်္ဂဟကို၊ ပဝက္ခာမိ-
ဆိုပေအံ့။
1
သမုစ္စည်းပိုင်း။ ။စိတ်ပိုင်းမှစ၍ ရုပ်ပိုင်းတိုင်အောင်သော စကားဖြင့်
ပရမတ္ထတရား ၄ ပါးကို အကျယ်ပြချက် ပြီးခဲ့လေပြီ၊ ယခုတဘန် ထို ပရမတ္ထ
တရား ၄ ပါးကို သဘောတူချင်း ပေါင်းသင်း ဖွဲ့စည်း၍ တနည်းပြလိုသော
ကြောင့် ဤ သမုစ္စည်းပိုင်းကို ဆိုရပြန်သည်၊ ထို့ကြောင့် “ ပရမတ္ထတရားကို
သဘောတူချင်း ပေါင်းသင်း ဖွဲ့စည်းပြရာ အပိုင်းကို သမုစ္စည်းပိုင်း”ဟု မှတ်။
ဒွါသတ္တတိ ၊ပေ ၊ သမုစ္စယံ−ကား အနုသန္ဓေနှင့် ပဋိညာဉ်ကို ပြသော
ဂါထာတည်း၊"ဤ ဆိုအပ်ပြီးသော သင်္ဂဟခြေခံပိုင်းဖြင့် မိမိဆိုင်ရာ လက္ခဏာ
ရှိသော ၇၂ ပါး သဘောတရားတို့ကို ဆိုအပ်ကုန်ပြီ၊ ယခုအခါ ထိုတရားတို့၏
သမုစ္စည်းကို မိန့်ဆိုပေအံ့” ဟူလို။
ဝတ္ထုဓမ္မာ — လောကမျက်မြင်အားဖြင့် အိမ် ကျောင်း လ နေ စသည့်
တို့မှာ အကောင်အထည် ရကောင်းသကဲ့သို့, စိတ် စေတသိက် နိဗ္ဗန္နရုပ်နှင့်
## Trang 208
နိဗ္ဗာန်များလည်း ဥာဏ်မျက်မြင် အားဖြင့် တရားအထည်ကိုယ် ရကောင်း၏၊
အာကာသဓာတ်စသော အနိပ္ဖန္နရုပ်များကား ထိုကဲ့သို့ အထည်ကိုယ်ကော်၍
မရ, ပရမတ်အစစ်လည်း မဟုတ်ကြ၊ နိပ္ဖန္နရုပ်များ၌ မြှောင်ပေါင်ပါလာသော
အခြင်းအရာများ ဖြစ်၍သာ ရုပ် ဟု နာမည် ခေါ်ရလေသည်၊ စင်စစ်မှာ
ပညတ်သဘောတွေ့သာတည်း၊ ထို့ကြောင့်ဒွါသတ္တတိအရ ၇၂ ပါး သရုပ်ကို
ပြရာ၌ ဝတ္ထုဓမ္မ မဟုတ်သော အနိပ္ဖန္နရုပ်များကို ကြဉ်ဘို့ရာ “ ဝတ္ထုဓမ္မာ” ဟု
မိန့်ဆိုလေသည်။
ဒွါသတ္တတိ ဝိဓာ—စိတ် ၁, စေတသိက် ၅၂, နိပ္ဖန္နရုပ် ၁၀, နိဗ္ဗာန် ၁,
ပေါင်း ၇၂ ပါးတည်း၊ [စိတ်နှင့် စေတသိက် ၅၃ ပါးကို နာမ်တရား ဖြစ်
သောကြောင့် “နာမ် တေပညာသ” ဟု ပကိဏ်းပိုင်း အစ၌ ဆိုခဲ့ပြီ။ ]
[ဆောင်] နာမ်’တေပညံ,ရုပ်နိပ္ဖန်, နိဗ္ဗာန်ယူဘိ, ဒွါသတ္တတိ။
သလက္ခဏာ – ( ပကိဏ်းပိုင်း အစ၌ ပြခဲ့သည့်အတိုင်း) စိတ်သည်
အာရမဏ ဝိဇာနနလက္ခဏာရှိ၏၊ စေတသိက် ၅၂ တွင် ဖဿသည် ဖုသန
လက္ခဏာရှိ၏၊ ဝေဒနာသည် အနူဘဝနလက္ခဏာ ရှိ၏-စသည်၊ ရုပ် ၁၀ ပါး
တွင် ပထဝီဓာတ်သည် က (ခိုင်မာခြင်း) လက္ခဏာ ရှိ၏’စသည်၊ နိဗ္ဗာန်
သည် သန္တိ (ငြိမ်းဧးခြင်း) လက္ခဏာရှိ၏၊ ဤသို့အားဖြင့် မိမိဆိုင်ရာ လက္ခဏာ
ရှိကြသည်။
သမုစ္စယံ — သံ+ဥစ္စယ၊ သံ=အတူတကွ ( တနည်း —— သဘောတူ
တရားတို့ကို ) + ဥစ္စယ = ပေါင်းစည်းရာအပိုင်း။ သဘောတူ တရားတို့ကို
ပေါင်းစည်းပုံမှာ အာသဝမည်သော တရားတစု, သြဃမည်သော တရားတစုံ
စသည့် တစုစီ တစုစီ ပြပုံအားဖြင့် ထင်ရှားလတ္တံ့။
မာတိကာ
နိဿယနှင့်အဓိပ္ပါယ်
၄၀၇
အကုသလသင်္ဂဟော - အကုသလသင်္ဂဟ၎င်း၊
မိဿကသင်္ဂဟော-မိဿကသင်္ဂဟ၎င်း၊ ဗောဓိ
ပက္ခိယသင်္ဂဟော-ဗောဓိပက္ခိယသင်္ဂဟ၎င်း၊ သဗ္ဗသင်္ဂဟော
စ-သဗ္ဗသင်္ဂဟ၎င်း၊ ဣတိ-ဤသို့၊ သမုစ္ဆယသင်္ဂဟော-သမုစ္စယ
သင်္ဂဟကို၊ စတုဗ္ဗေဓော - လေးပါး အပြားရှိ၏ ဟူ၍၊ ဝေဒိ
တဗ္ဗော-သိအပ်၏။
ကထံ – သင်္ဂဟလေးပါး အဘယ်သို့ ပြားသနည်း။....
၁။ တတ္ထ - မိဿကသင်္ဂဟ စသည်တို့မှ
ရ
အကုသလသင်္ဂဟ ရှေးဦးစွာ၊ ( နိဋ္ဌိ - ညွှန်ပြအပ်သော၊ )
အကုသလသင်္ဂဟေ – အကုသလသင်္ဂဟ၌၊ အာသဝါ - အာ
သဝ တို့သည်၊ ကာမာသဝေါ -
ကာမာသဝ၎င်း၊ ဘဝါ
601
အကုသလသင်္ဂဟော၊ ပေ ၊ ဝေဒိတဗ္ဗော’’ဤစကားကား သမုစ္စည်း
ပိုင်း၌ ပြမည့် သင်္ဂဟ ၄ ရပ်ကိုခေါင်းစဉ်၍ ပြသော အကျဉ်းချုပ် မာတိကာ
စကားတည်း။
အကုသလ သင်္ဂဟော။ ။အကုသိုလ်တရားတို့ကို သင်္ဂြိုဟ်ရေတွက်ရာ
အခဏ်းကို “အကုသလသင်္ဂဟ” ဟု ခေါ်သည်။
၁။ အာသဝေါ ၄ ပါး။ အာသဝသဒ္ဒါသည် အရက်(စိမ်ရည် )
ဟူသော အနက်ကို ဟောရင်းတည်း၊ ဤ နေရာ၌ကား ထို အရက်နှင့်တူသော
လောဘ စသည့်ကို (သဒိသူပစာရနည်း အားဖြင့်) ဟောသည်၊ ချွေဦးအံ့’
အရက်ကို အနံ့ ပြင်းဘို့ရာ သင့်လျော်သော အိုး၌ ကြာရှည်စွာ စိမ်ထားရ
သကဲ့သို့, ထို့အတူ လောဘ ဒိဋ္ဌိ မောဟဟူသော တရားဆိုးတို့ကိုလည်း(ခန္ဓာ
## Trang 209
သဝေါ-ဘဝါသဝ၎င်း၊ ဒိဋ္ဌာသဝေါ - ဒိဋ္ဌာသဝ ၎င်း၊ အဝိဇ္ဇာ
သဝေါ-အဝိဇ္ဇာသဝ၎င်း၊ (ဣတိ’ဤသို့၊) စတ္တာရော – လေးပါး
တို့တည်း။
အစဉ် တည်းဟူသော အရက်အိုး၌ ) အနုမတဂ္ဂ သံသရာဝယ် ကြာရှည်စွာ
စိမ်အပ်သကဲ့သို့ ဖြစ်သည်။
[ဆောင်] အာသဝ မည်, သဒ္ဒါသည်ကား, စိမ်ရည် အရက်, ဟောရင်း
အနက်တည်း၊မပျက်တမူ, သဒိသူဖြင့်, ညီတူကြီကာ,သံသရာဝယ်,
ခန္ဓာကိုယ်ဆိုး၊ အရက်အိုး၌, အခိုး ပြင်းစွာ, ထုံလျက်ပါသည့်,
သုံးဖြာ သဘော, လော-ဂိ-မော-ကို, ခေါ်လော အာသဝ
အမည်တည်း။
[ ယခုအခါ စာသင်သားတို့သည် ပရမတ္ထသဘောကို စေတသိက်ပိုင်း၌
ပြခဲ့သော လောဘ ဒိဋ္ဌိ မောဟ စသော နာမည်ဖြင့် ပြောပြမှသာ နားလည်
နိုင်ကြသည်၊ ထို့ကြောင့် ပရမတ္ထတရား အထည်ကိုယ် သဘောကို နားလည်
ဘို့ရာ လောဘ ဒိဋ္ဌိ စသော အများသုံး နာမည်ဖြင့် ပြရလိမ့်မည်၊ ဤကဲ့သို့
ပြခြင်းကိုပင် “တရားကိုယ် ကောက်ပြသည်” ဟု မှတ်ယူပါ၊ (တရားကိုယ်===
တရားသဘော အထည်ကိုယ်+ကောက်ပြ’လက်ဆုပ်လက်ကိုင် ပြသကဲ့သို့
ထင်ရှားအောင် ကောက်နှုတ် ထုတ်ပြခြင်း၊ ) ထိုကဲ့သို့ ကောက်ပြ ရာဝယ်
လောဘဆိုလျှင် စိတ်ပေါင်း မည်မျှ၌ ယှဉ်နိုင်သည်ကိုလည်း စေတသိက်ပိုင်း
ပြန်၍ သတိပြုပါလေ။ ]
ကာမာသဝ --- ဝတ္ထုအာရုံ ကာမဂုဏ်၌ တပ်မက်သော တဏှာတည်း၊
တရားကိုယ်ကား လောဘမူစိတ် ၈ ၌ ရှိသော လောဘတည်း။
နိဿယနှင့်အဓိပ္ပါယ်
၄ဝ၉
၂။ ဩဃါ-သြဃတို့သည်၊ ကာမောဃေါ-ကာမောဃ
၎င်း၊ ဘဝေါဃော-ဘဝေါ၎င်း၊ ဒိဋ္ဌောဃေါ-ဒိဋ္ဌောဃင်း၊
အဝိဇ္ဇောဃေါ – အဝိဇ္ဇောဃ၎င်း၊ ( ဣတိ-ဤသို့၊)စတ္တာရော-
လေးပါးတို့တည်း။
ဘဝါသဝ — ဘဝအရ ရူပ အရူပဈာန်နှင့် ထိုဈာန်၏ အကျိုးဝိပါက် ရ၏၊
ထိုဘဝ၌ နှစ်သက်မှ တဏှာကို ဘဝါသဝဟု ဆို၏၊ တရားကိုယ်ကား
ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄ ၌ ယှဉ်သော လောဘတည်း။ [ ပဋိသန္ဓေ
တည်ပြီးစဉ် မိမိဘဝကိုနှစ်သက်တတ်သော“ဘဝနိကန္တိ က”လောဘ
ဇောကိုလည်း ဘဝါသဝဟု ဆိုကြသေး၏၊ ဤဘဝါသဝမှ ကြွင်းသမျှကို
ကာမာသဝချည်းဟု မှတ်။ ]
[ဆောင်] ဝတ္ထုအာရုံ,ကာမဂုဏ်၌, တပ်မက်ထိုက်စွာ, များတဏှာကို,
ကာမာသဝ, ခေါ်ဆိုကြလော, အရ ကောက်ယူ, လောဘ
မူယှဉ်, လောဘပင်တည်း၊ ထို့ပြင်ရူပ-အရူပနှင့်, ဈာနပါက်,
ဘဝနှစ်ချက်၌, နှစ်သက်တဏှာ, ဘဝါသဝ, မှတ်ပြီးမှလျှင်,
အရကိုထုတ်, ဒိဌဝိယုတ်ယှဉ်, လောဘပင်ဟု, ကောက်နည်း
ပြုသည်, မှတ်နောက်နောင် ဤနည်းတည်း။
ဒိဋ္ဌာသဝ’ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄ ၌ ယှဉ်သော ဒိဋ္ဌိတည်း။
အဝိဇ္ဇာသဝ’အကုသိုလ်စိတ် ၁၂ ၌ ယှဉ်သော မောဟတည်း။
၂။ ဩဃ။ ။ဩသသဒ္ဒါသည် ရေအယဉ်ဟူသော အနက်ကိုဟော၏၊
[အဝ+ဟန၊ အဝ = လွှမ်းမိုး၍--ဟန = သတ်တတ်သည်၊ အငကို ဩ+
ဟနဓာတ်ကို သ ပြု၊ ဤ၌ကား ထို ရေအယဉ်နှင့် တူသော လောဘ ဒိဋ္ဌိ
၅၂
## Trang 210
၃။ ယောဂါ-ယောဂတို့သည်၊ ကာမယောဂေါ – ကာမ
ယောဂ၎င်း၊ ဘဝယောဂေါ-ဘဝယောဂ၎င်း၊ ဒိဋ္ဌိယောဂေါ-
ဒိဋ္ဌိယောဂ၎င်း၊ အဝိဇ္ဇာယောဂေါ-အဝိဇ္ဇာယောဂ၎င်း၊ (ဣတိ-
ဤသို့၊) စတ္တာရော-လေးပါးတို့တည်း။
မောဟကို သဒိသူပစာရအားဖြင့် ဟောသည်၊ ရေအယဉ်သည် သတွာတို့ကို
နှစ်မြုပ်အောင် လွှမ်းဖိ သတ်ဖြတ်တတ်သကဲ့သို့, ဤ လောဘ စသည်တို့လည်း
မိမိကိန်းရာ သတွာကို ဝဋ်ဒုက္ခ၌ အပါယ် ၄ ပါးအထိ နှစ်မြုပ်အောင် လွှမ်းဖိ
သတ်ဖြတ်တတ်ကြ လေသည်။
[ဆောင်] သြဃ သဒ္ဒါ, ဟောရင်းမှာကား, လွှမ်းကာ ဖိသတ်,
နှစ်မြုပ်တတ်သည့်, အရပ်ရပ်ပင်, ရေအယဉ်တည်း၊ဤတွင်
တမူ, သဒိသူဖြင့်, ညီတူဆွယ်ညှိ, အပါယ်ထိအောင်, မိမိ
ကိန်းရာ, သတွာကို, လွှမ်းကာဖိသတ်, နှစ်မြှုပ်တတ်သည့်
သုံးရပ် သဘော, လော ဒိဌ် မောကို, ခေါ်လော သြဃ
အမည်တည်း။
၃။ ယောဂ။ ။ယောဂသဒ္ဒါသည့် အစေးဖြင့်ကပ်၍ စပ်ထားသကဲ့သို့
ယှဉ်စပ်ခြင်း အနက်ကို ဟော၏၊“ သတွာတို့ကို ဝဋ်ဆင်းရဲ၌ ယှဉ်စပ်ပေးတတ်
သောတရား ” ဟူလို၊ ဤ သြဃ ယောဂ တို့၏ တရားကိုယ်ကောက်သည့်
အာသဝနှင့် တူ၏။
[ဆောင်] ဝတ္ထု နှစ်ရပ် , အစေးဖြင့် ကပ်၍, ယှဉ်စပ်သည့်နဲ, ဝဋ်
ဆင်းရဲ၌ မကွဲစေ့ငှါ, မြဲစွာယှဉ်စပ်, ကပ်ထားတတ်သည့်
သုံးရပ် သဘော, လော ဒိဌ်မောကို, ခေါ်လောယောဂ
အမည့်တည်း။
နိဿယနှင့်အဓိပ္ပါယ်
၄၁၁
၄။ ဂန္ထာ-ဂန္တတို့သည်၊ အဘိဇ္ဈာ-အဘိဇ္ဈာမည်သော၊
ကာယဂန္တော - ကာယဂန္ထ၎င်း၊ ဗျာပါဒေါ - ဗျာပါဒ မည်
သော၊ ကာယဂန္ထော – ကာယဂန္ထ ၎င်း၊ သီလဗ္ဗတပရာ
၄။ ဂန္ထ။ ။ ဂန္ထ သဒ္ဒါသည် သံကွင်းချင်း• ဆက်သလို ထုံးနှောင်
ဖွဲ့ယှက်ခြင်း အနက်ကို ဟော၏။ “ သတွာတို့၏ နာမကာယ ရူပကာယကို
ဝဋ်ဆင်းရဲမှ မလွတ်ရအောင် စုတိပြီး ပဋိသန္ဓေ-ပဋိသန္ဓေပြီး စုတိဟု ဆက်ပေး
တတ်သော တရားများ ” ဟူလို၊ “ အဘိဇ္ဈာ ကာယဂန္တ” စသည်၌ ကာယ
သဒ္ဒါကား နာမကာယ(နာမ်တရားအပေါင်း)ရူပကာယ(ရုပ်တရားအပေါင်း)
ကို ဟော၏။
[ဆောင်] သံကွင်းချင်းယှက်, ဖွဲ့နှောင် ဆက်သို့, နှစ်ချက်ကာယ,
နာမ်ရူပကို, ဒုက္ခဝဋ်၌, မလွတ်ထည့်အောင်, စုတိသန္ဓေ,
သန္ဓေစုတိ, ဆက်နှောင်ချည်,မှတ်သိဂန္တသဘောတည်း။
အဘိဇ္ဈာ — [ အဘိ+စျာ။ အဘိ=ရှေးရှု+ဈာ=ကြံစီခြင်း။ ] အာရုံ
တခုခုကို ရှေးရှုကြံစီခြင်း လိုချင်ခြင်းတည်း၊ တရားကိုယ်မှာ လောဘ
ဟူသမျှကို ကောက်။
ဗျာပါဒ’[8+အာ+ပါဒ။ ဝိ=ဖေါက်ပြန် ပျက်စီးခြင်းသို့+အာပါဒ==
ရောက်ခြင်း၊ ] စိတ်၏ ဖေါက်ပြန် ပျက်စီးခြင်း စိတ်ဆိုးခြင်းတည်း၊
တရားကိုယ်မှာ ဒေါသဟူသမျှကို ကောက်။
[ အကုသလ ကမ္မပထ၌ သူတစ်ပါး၏ စည်းစိမ်ကို မတရား လိုချင်မှ
လောဘကို အဘိဇ္ဈာ, သူတစ်ပါးကို သေကြေ ပျက်စီးစေလိုခြင်း ဒေါသကို
ဗျာပါဒ ဟု ကောက်ရသည်၊ ဤ၌ကား လိုချင်မှုဟူသမျှ လောဘ အားလုံးကို
အဘိဇ္ဈာ, စိတ်ဆိုးမှ ဟူသမျှ ဒေါသ အားလုံးကို ဗျာပါဒ ဟု ကောက်ယူ
ရသည်။ ]
## Trang 211
မာသော – သီလဗ္ဗတပရာမာသ မည်သော၊ ကာယဂန္ထော ၁-
ကာယဂန္ထော ၎င်း၊ ဣဒံသစ္စာဘိနိဝေသော ဣဒံသစ္စာဘိနိဝေသ
မည်သော၊ ကာယဂန္ထော ၁-ကာယဂန္ထော ၎င်း၊ ( ဣတိ - ဤသို့ )
စတ္တာရော-လေးပါးတို့တည်း။
၅။ ဥပါဒါနာနိ-ဥပါဒါန်တို့သည်၊ ကာမုပါဒါနံ-ကာမုပါ
ဒါန်၎င်း၊ ဒိဋ္ဌုပါဒါနံ – ဒိဋ္ဌုပါဒါန်၎င်း၊ သီလဗ္ဗတုပါဒါနံ -
သီလဗ္ဗတုပါဒါန်၎င်း၊ အတ္တဝါဒုပါဒါနံ - အတ္တဝါဒုပါဒါန်၎င်း၊
(ဣတိ-ဤသို့) စတ္တာရော-လေးပါးတို့တည်း။
၆။ နီဝရဏာနိ-နီဝရဏတို့သည်၊ ကာမစ္ဆန္ဒနီဝရဏံ-
ကာမစ္ဆန္ဒနီဝရဏ ၎င်း၊ ဗျာပါဒနီဝရဏံ - ဗျာပါဒနီဝရဏ
၎င်း၊ ထိန မိဒ္ဓ နီဝရဏံ-ထိန မိဒ္ဓ နီဝရဏ ၎င်း၊ ဥဒ္ဓစ္စကုက္ကုစ္စ
နီဝရဏံ – ဥဒ္ဓစ္စ ကုက္ကုစ္စ နီဝရဏ ၎င်း၊ ဝိစိကိစ္ဆာနီဝရဏံ-
ဝိစိကိစ္ဆာနီဝရဏ ၎င်း၊ အဝိဇ္ဇာနီဝရဏံ-အဝိဇ္ဇာနီဝရဏ ၎င်း၊
ဣတိ-ဤသို့၊ ဆ-ခြောက်ပါးတို့တည်း။
နိဿယနှင့်အဓိပ္ပါယ်
၄၁၃
သီလဗ္ဗတပရာမာသ — [သီလ+ဝတ+ပရ+အာမာသ။ သီလ=
နွား ခွေး အစရှိသည်တို့၏ အလေ့ + ဝတ = ၎င်းတို့၏ အကျင့် + ပရ -
မှားမှားယွင်းယွင်း+အာမာသ=သုံးသပ် (စွဲလမ်း) ခြင်း၊] နွား ခွေး စသည်
တို့၏ အလေ့အကျင့်ကို ကျင့်လျှင် ကိလေသာလည်း စင်ကြယ်, သံသရာမှ
လည်းလွတ်မြောက် လွယ်၏ ဟု မှားယွင်းစွာ သုံးသပ် စွဲလမ်းတတ်သော ဒိဋ္ဌိ
စေတသိက်တည်း။ [ကျင့်ပုံကို ဘာသာဋီကာမှာ ရှု။]
ဣဒံသစ္စာဘိနိဝေသ [ ဣဒံ + သစ္စ + အဘိ+ နိဝေသ။ ဣဒံ =
ဤ ငါ့အယူသာ+သစ္စ = အမှန် ဟု+အဘိ=လွန်လွန်ကဲကဲ + နိဝေသ=
နှလုံးသွင်း (စွဲလမ်း) မှု၊ ] အယူမှားကြီးကို ယူပြီးလျှင်...." ဤ ငါ့အယူသာ
အမှန်, ကျန်သမျှ အလွဲချည်း " ဟု ( လိပ်ခဲတင်းလင်း ) မှားယွင်းစွာ စွဲလမ်း
တတ်သော ဒိဋ္ဌိစေတသိက်ပင်တည်း။ [မှန်သောအယူကို ယူပြီးလျှင် ထိုကဲ့သို့
စွဲမြဲမှုမှာ ဒိဋ္ဌိမဟုတ်။]
၅။ ဥပါဒါန်။ ။ [ဥပ+အာဒါန။ ဥပ=လွန်လွန်ကဲကဲ စွဲမြဲစွာ+
အာဒါန=ယူခြင်း။] ဖားကို မြွေက ဖမ်းထားသကဲ့သို့ မစွန့်လွှတ်နိုင်ဘဲ စွဲစွဲ
လမ်းလမ်း ( အာရုံပြုသော အားဖြင့် ) ယူထားခြင်းကို " ဥပါဒါန" ဟု
ဆိုသည်။
[ဆောင်] ဖားကို မြွေနဂါး, မြဲစွာ ဖမ်းသို့, စွဲလမ်းသမျှ, အာရုံပြု
ဥပါဒါန် ဟု ခေါ်။
ကာမုပါဒါန - [ကာမ+ ဥပါဒါန။] တရားကိုယ်မှာ ကာမဂုဏ်၌ အလွန်
စွဲလမ်းတတ်သော လောဘဟူသမျှကို ကောက်။
ဒိဋ္ဌုပါဒါန — [ ဒိဋ္ဌိ+ဥပါဒါန ] သီလဗ္ဗတပရာမာသ'အတ္တဝါဒ ဒိဋ္ဌိ
၂ မျိုးမှတပါး ကျန်ဒိဋ္ဌိ အမျိုးမျိုးတည်း။
သီလဗ္ဗတုပါဒါန — သီလဗ္ဗတ ပရာမာသ ကာယဂန္ထနှင့် တူ၏။
အတ္တဝါဒုပါဒါန [အတ္တ+ဝါဒ] အတ္တရှိ၏ ဟု ပြောဆိုမှုတည်း။
နောက်ဥပါဒါန် ၃ပါး၏ တရားကိုယ်မှာ ဒိဋ္ဌိစေတသိက် ချည်းသာတည်း၊
စွဲလမ်းပုံ ကွဲပြား၍ ၃ မျိုး ခွဲခြားတော်မူသည်၊ အတ္တစွဲလမ်းပုံကို ဘာသာ
ဋီကာမှာ ရှု။
၆။ နီဝရဏ။ ။ဈာန် အစရှိသော ကုသိုလ် တရားများကို တားမြစ်
ပိတ်ပင်တတ်သော တရားတို့ကို နီဝရဏဟု ခေါ်သည်။
[ဆောင်] ကုသိုလ်တရား, ဈာန်မဂ်များကို, မြစ်တားတတ်သည်,
အလီလီ, နီဝရဏ ခေါ်။
## Trang 212
ကာမစ္ဆန္ဒ — [ကာမ+ဆန္ဒ။] ကာမဂုဏ်ကို လိုချင် နှစ်သက်မှု။
တရားကိုယ်မှာ လောဘကိုကောက်။
ဗျာပါဒ — တရားကိုယ်မှာ ဒေါသ အားလုံးတည်း။
ထိနမိဒ္ဓ — ထိန စေတသိက်နှင့် မိဒ္ဓ စေတသိက် ၂ ပါး။
ဥဒ္ဓစ္စ ကုက္ကုစ္စ — ဥဒ္ဓစ္စနှင့် ကုက္ကုစ္စ စေတသိက်တည်း။
ဝိစိကိစ္ဆာ – ဝိစိကိစ္ဆာ စေတသိက်တည်း။
အဝိဇ္ဇာ — မောဟအားလုံးကို ကောက်။
ထိန မိဒ္ဓနှင့် ဥဒ္ဓစ္စ ကုက္ကုစ္စ၌ တရားကိုယ် ၂ ပါးစီ ရပါလျက် နီဝရဏ
တပါးသာ ဆိုရခြင်း၏ အကြောင်းကို ဘာသာဋီကာ၌ အကျယ် ဆိုထားပြီ။
ကျက်မှတ်ဖွယ်ရန်ကား'
[ဆောင်] ထိ-မိဒ် နှစ်ခု, တွန့်တိုမှုနှင့်, ဥဒ်'ကု အတွက်, မငြိမ်သက် ဟု,
တချက် ကိစ္စ, တူပြိုင်ကြ၏၊ ....ဖြစ်ကြောင်းကလည်း, တကွမကင်း,
ပျင်းရိခြင်းနှင့်, ချို့ ယွင်းသမျှ, ဗျသနစုကို, တွေးရှုကြံလျက်, စဉ်တိုင်း
ဖြစ်၏။ စိစစ်ဖွယ်ချက်, ဆန့်ကျင်ဘက်ကား, ဆက်ဆက် ဝီရိယ,
သမထ ဟု, ကိစ္စလည်းတူ,အကြောင်းတူလျက်, ဆန့်ကျင် ဘက်
အား, တူလေငြား၍, နှစ်ပါးတရားကိုယ်,တစ်နီဝရဏ ဆိုသည့်,
သွင်းသို့ စိတ်ဝယ် မြဲမြဲတည်း။
နိဿယနှင့်အဓိပ္ပါယ်
လေ့ကျင့်ခဏ်၊ မေးခွန်းများ
၄၁၅
က။ အဘယ်သို့သော အပိုင်းအခဏ်းကို သမုစ္စည်းပိုင်း ဟု ခေါ်သနည်း။
ဂ။ ဒွါသတ္တတိဝိဓာ စသော ဂါထာသည် ဘာကို ပြသော ဂါထာနည်း,
အနက်ပေးပါ။
ဃ။ ဒွါသတ္တတိအရ၌ အနိပ္ဖန္နရုပ်များ ကြဉ်ရခြင်း၏ အကြောင်းကို ပြ၍,
၇၂ ပါး သရုပ်ကို ရေတွက်ပြပါ။
င။ သမုစ္စည်းပိုင်း၌ ခေါင်းစဉ်အရ သင်္ဂဟ မည်မျှရှိသနည်း,သင်္ဂြိုဟ်ထွေခံပါ။
စ။ အဘယ် သင်္ဂဟကို အကုသလသင်္ဂဟ ဟု ခေါ်သနည်း။
ဆ။ အဘယ်တရားမျိုးကို အာသဝ ဟု ခေါ်သနည်း, လင်္ကာထောက်ပါ။
ဇ။ အာသဝတို့၏ နာမည်နှင့် တရားကိုယ်ကို ယှဉ်တွဲပြပါ။[ တရားကိုယ်
ပြရာဝယ် မည်သည့်စိတ်၌ ယှဉ်သောတရားဟု ထင်ရှား ပြရမည်။ ]
စျ။ အဘယ်တရားမျိုးကို သြဃ ဟု ခေါ်သနည်း, လင်္ကာထောက်ပါ။
ည။ အဘယ်တရားမျိုးကို ယောဂ ဟု ခေါ်သနည်း, လင်္ကာထောက်ပါ။
ဋ။ အဘယ်တရားမျိုးကို ဂန္ထ ဟု ခေါ်သနည်း, လင်္ကာထောက်ပါ။
ဌ။ ထိုဂန္ထတို့၏ နာမည်နှင့် တရားကိုယ်ကို ယှဉ်တွဲပြပါ။
ဍ။ အဘယ်တရားမျိုးကို ဥပါဒါန် ဟု ခေါ်သနည်း, လင်္ကာထောက်ပါ။
ဎ။ ထို ဥပါဒါန်တို့၏ နာမည်နှင့် တရားကိုယ်ကို ယှဉ်တွဲပြပါ။
ဏ။ အဘယ်တရားမျိုးကို နီဝရဏ ဟု ခေါ်သနည်း, လင်္ကာထောက်ပါ။
တ။ ထို နီဝရဏတို့၏ နာမည်နှင့် တရားကိုယ်ကို ယှဉ်တွဲပြပါ။
## Trang 213
၇။ အနုသယာ-အနုသယ တို့သည်၊ ကာမရာဂါနုသ
ယော – ကာမရာဂါနုသယ ၎င်း၊ ဘဝရာဂါနုသယော - ဘဝ
ရာဂါနုသယ ၎င်း၊ ပဋိဃာနုသယော - ပဋိဃာနုသယ ၎င်း၊
မာနာနုသယော'မာနာနုသယ ၎င်း၊ ဒိဋ္ဌာနုသယော-ဒိဋ္ဌာနုသ
ယ ၎င်း၊ ဝိစိကိစ္ဆာနုသယော-ဝိစိကိစ္ဆာနုသယ ၎င်း၊ အဝိဇ္ဇာ
နုသယော'အဝိဇ္ဇာနုသယ ၎င်း၊ (ဣတိ-ဤသို့) သတ္တ'ခုနစ်ပါး
တို့တည်း။
ဂ။ သုတ္တန္တေ-သုတ္တန်ပါဠိတော်၌၊ (ဝုတ္တာနိ – ဟောတော်
မူအပ် ကုန်သော၊ ) သံယောဇနာနိ - သံယောဇဉ် တို့သည်၊
ကာမရာဂသံယောဇနံ - ကာမရာဂသံယောဇဉ် ၎င်း၊ ရူပရာဂ
သံယောဇနံ - ရူပရာဂ သံယောဇဉ် ၎င်း၊ အရူပရာဂသံယော
ဇနံ - အရူပရာဂသံယောဇဉ် ၎င်း၊ ပဋိဃသံယောဇနံ – ပဋိဃသံယောဇဉ် ၎င်း၊ မာန
သံယောဇနံ – မာနသံယောဇဉ် ၎င်း၊ ဒိဋ္ဌိသံယောဇနံ – ဒိဋ္ဌိသံ
ယောဇဉ်၎င်း၊ သီလဗ္ဗတပရာမာသသံယောဇနံ – သီလဗ္ဗတ
ပရာမာသသံယောဇဉ်၎င်း၊ ဝိစိကိစ္ဆာသံယောဇနံ−ဝိစိကိစ္ဆာ
သံယောဇဉ်၎င်း၊ ဥဒ္ဓစ္စသံယောဇနံ - ဥဒ္ဓစ္စသံယောဇဉ် ၎င်း၊
အဝိဇ္ဇာသံယောဇနံ - အဝိဇ္ဇာသံယောဇဉ် ၎င်း၊ ဣတိ - ဤသို့၊
ဒသ-ဆယ်ပါးတို့တည်း။
နိဿယနှင့်အဓိပ္ပါယ်
၄၁၇
အနုသယ ။ [ အနု+သယ။ အနု = အဘန်ဘန်။ ဝါ'အစဉ်
တစိုက်+သယ=ကိန်းအောင်းသောတရား။ သတ္တဝါတို့သန္တာန်၌ အဘန်ဘန်
အစဉ်တစိုက် ကိန်းအောင်းလျက် ပါနေသော ကိလေသာကို"အနုသယ"ဟု
ဆိုသည်။ ထို အနုသယကိလေသာကား ဥပါဒ် ဌိ ဘင်အားဖြင့် အထည်ကိုယ်
ထင်ရှားစွာ ဖြစ်ပေါ်နေသည် မဟုတ်၊ ဆိုင်ရာအာရုံနှင့် တွေ့လျှင် အဆင်သင့်
ဖြစ်ဘို့ရာ ကိလေသာဓာတ် တမျိုးသာတည်း။
[ဆောင်] သတ္တဝါသန္တာန်, အဘန်ဘန်လျှင်, အစဉ်တစိုက်,လိုက်၍ပါလာ,
ကိလေသာဟု, ဓာတ်အစု, အနုသယခေါ်။
ကာမရာဂါနုသယနှင့် ဘဝရာဂါနုသယတို့၏ တရားကိုယ် ကောက်ပုံမှာ
ကာမာသဝ ဘဝါသဝနှင့် တူ၏၊ ပဋိဃာနုသယကား ဒေါသတည်း၊ မာနာ
နုသယ စသည်တို့၏ တရားကိုယ်မှာ နာမည်အတိုင်းပင် ထင်ရှားပြီ။
ဂ။ သုတ္တန်သံယောဇဉ် ။ ။ " သံယောဇဉ်ကြိုး " ဟု ခေါ်ဝေါ်ရိုး
ရှိသည့်အတိုင်း သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ကြိုးဖြင့် ချည်နှောင်
သကဲ့သို့ ချည်နှောင်တတ်သော တရားကို သံယောဇဉ် ဟု ခေါ်သည်။
[ဆောင်] မိမိကိန်းရာ, သတ္တဝါကို, ထိုထိုဘုံမှ, မလွတ်ရအောင်,
ချည်နှောင်သမျှ, ကြိုးနှယ်ပြု, မှတ်ရှု သံယောဇဉ်။
ကာမရာဂသံယောဇဉ်=တရားကိုယ်မှာ ကာမာသဝနှင့် တူ၏။
ရူပရာဂ = ရူပဈာန် ထိုဈာန်၏ အကျိုးဝိပါက်၌ နှစ်သက်မှု တဏှာ။
အရူပရာဂ = အရူပဈာန် ထိုဈာန်၏ အကျိုးဝိပါက်၌ နှစ်သက်မှု တဏှာ။
[ ၎င်း ၂ ပါး၏ တရားကိုယ်မှာ ဘဝါသဝနှင့် တူ၏။]
ပဋိဃသံယောဇန = ဒေါသမူစိတ်၌ ယှဉ်သော ဒေါသတည်း။
ဒိဋ္ဌိသံယောဇန=တွဲဘက်ဖြစ်သော သီလဗ္ဗတပရာမာသ ဒိဋ္ဌိကို ချန်၍ ကျန်
ဒိဋ္ဌိအမျိုးမျိုးတည်း။
ကြွင်း သံယောဇဉ်များ၏ တရားကိုယ်မှာ လွယ်ပြီ၊ ဤ၌ သံယောဇဉ်
၁၀ ပါးဆို သော်လည်း တရားကိုယ်မှာ ၇ ပါးသာ ရ၏၊ တွက်ကြည့်လေ။
## Trang 214
၉။ အဘိဓမ္မေ- အဘိဓမ္မာ ပါဠိတော်၌၊ (ဝုတ္တာနိ-ကုန်
သော၊ ) အပရာနိပိ – တမျိုးလည်း ဖြစ်ကုန်သော၊ သံယော
ဇနာနိ - တို့သည်၊ ကာမရာဂသံယောဇနံ - ၎င်း၊ ဘဝရာဂ
သံယောဇနံ – ဘဝရာဂသံယောဇဉ်၎င်း၊ ပဋိဃသံယောဇနံ-
၎င်း၊ မာနသံယောဇနံ−၎င်း၊ ဒိဋ္ဌိသံယောဇနံ − ၎င်း၊ သီလဗ္ဗတ
ပရာမာသသံယောဇနံ - ၎င်း၊ ဝိစိကိစ္ဆာသံယောဇနံ – ၎င်း၊
ဣဿာသံယောဇနံ - ဣဿာသံယောဇဉ် ၎င်း၊ မစ္ဆရိယ သံ
ယောဇနံ−မစ္ဆရိယသံယောဇဉ်၎င်း၊ အဝိဇ္ဇာသံယောဇနံ-၎င်း၊
ဣတိ-ဤသို့၊ ဒသတို့တည်း။
၁၀။ ကိလေသာ - ကိလေသာတို့သည်၊ လောဘော-
လောဘ၎င်း၊ ဒေါသော-ဒေါသ၎င်း၊ မောဟော--မောဟ၎င်း၊
မာနော-မာန၎င်း၊ ဒိဋ္ဌိ - ဒိဋ္ဌိ ၎င်း၊ ဝိစိကိစ္ဆာ – ဝိစိကိစ္ဆာ၎င်း၊
ထိနံ-ထိန၎င်း၊ ဥဒ္ဓစ္စံ - ဥဒ္ဓစ္စ၎င်း၊ အဟိရိကံ - အဟိရိက၎င်း၊
အနောတ္တပ္ပံ - အနောတ္တပ္ပ၎င်း၊ ဣတိ - ဤသို့၊ ဒသ – ဆယ်ပါး
တို့တည်း။
နိဿယနှင့်အဓိပ္ပါယ်
၄၁၉
၉။ အဘိဓမ္မာ သံယောဇဉ်။ ။သံယောဇဉ် ၁၀ ပါးကို သုတ္တန်
ပါဠိတော်၌ တမျိုး, အဘိဓမ္မာပါဠိတော်၌ တမျိုး, ဘုရားရှင် ဟောတော်
မူသည့်အတွက် ဤ သင်္ဂြိုဟ်ကျမ်း၌လည်း ၂ မျိုး ခွဲပြထားသည်၊ တရားကိုယ်
ကောက်မှာ ပါဠိရှိတိုင်း သိသာပြီ၊ သုတ္တန်နည်းထက် ဣဿာနှင့် မစ္ဆရိယ
၂ပါး ပိုလာ၏၊ ဥဒ္ဓစ္စ လျော့သွား၏၊ ထို့ကြောင့် အဘိဓမ္မာအလို သံယောဇဉ်
တရားကိုယ် ၈ ပါး ရ၏၊ နည်းနှစ်ပါးလုံး ပေါင်းစပ်လျှင် သံယောဇဉ် တရား
ကိုယ် ၉ ပါး ထွက်၏။
[ဆောင်] လော-ဒေါ-မာ-ဒိဋ္ဌ, ဝိစိကိစ္ဆာနှင့်, ဥဒ်- ဣသ်-မစ္ဆရိ,
မောဟထည့်, မှတ်ဘိ တရားကိုယ်။
၁၀။ ကိလေသာ။ ။လောဘဖြစ်စေ, ဒေါသ မာန ဖြစ်စေ, စိတ်ကို
ညစ်ပေ စေတတ်သော တရားကို ကိလေသာ ဟု ခေါ်၏၊ ဤ ကိလေသာ
၁ဝ ပါး၏ တရားကိုယ်မှာ ပါဠိအတိုင်း သိသာပြီ။
[ဆောင်] လော-ဒေါ-မာနေ, စ ထွေထွေတို့, ညစ်ပေစေမှ,
စိတ်ကိုပြု, မှတ်ရှု ကိလေသာ။
တထောင့်ငါးရာ ကိလေသာ။ ။လောဘသည် ရှေ့၌ ပြခဲ့ပြီးသော
နာမ်တေပညာသ, နိပ္ဖန္နရုပ် အဋ္ဌာရသ, လက္ခဏရုပ် ၄, ဤ ၇၅ ပါးသော
တရားကို အာရုံ ပြု၏၊ ထို ၇၅ ပါးသော အာရုံသည် မိမိ အဇ္ဈတ္တသန္တာန်မှာ
လည်း ရှိ၏၊ ဗဟိဒ္ဓသန္တာန်မှာလည်း ရှိ၏၊ ထို့ကြောင့် အဇ္ဈတ္တသန္တာန်ကို
အာရုံပြု၍ လောဘ ၇၅, ဗဟိဒ္ဓသန္တာန်ကို အာရုံပြု၍လောဘ ၇၅ ရှိရကား
လောဘပေါင်း ၁၅ဝ ဖြစ်၏၊ လောဘ ကိလေသာ ကဲ့သို့ ဒေါသ စသော
ကိလေသာများလည်း ၁၅ဝ စီ ရှိရကား ၁၅ဝ ကိုတည့် ကိလေသာ ၁၀ ပါး
ဖြင့် မြှောက်လျှင် ၁၅ဝဝ ဖြစ်၏။
[ဆောင်] နာမ်တေပညာသ, ရုပ်နိပ္ဖန္န, လက္ခဏံရုပ် လေး။
သန္တာန်နှစ်ဝ, မြောက်ဆင့်က, တရာ့ငါးဆယ်ရေး။
ဆယ်ကိလေသာ, မြောက်ဆင့်ကာ, ငါးရာတထောင်တွေး။
[ ပညတ်အမျိုးမျိုးဖြင့် မြှောက်လျှင် မရေတွက်နိုင်အောင် များသေး၏။ ]
## Trang 215
၁၁။ ပန-အမှာစကားချပ်ညှပ်လိုက်ဦးအံ့၊
အမှာစကားချပ် ဧတ္ထ- အကုသလသင်္ဂဟဝယ်၊ အာသဝါ
ဒီသု – အာသဝ အစရှိသည်တို့၌၊ ကာမဘဝနာမေန – ကာမ
နာမည် ဘဝနာမည်ဖြင့်၊ တဗ္ဗတ္ထုကာ-ထို ကာမဟူသော
မှီရာအာရုံရှိသော၊ တဏှာ - တဏှာကို၊ အမိတာ – အလိုရှိ
အပ်၏၊ တထာပဝတ္တံ-ထိုထိုယူပုံ အခြင်းအရာအားဖြင့် ကွဲပြား
လျက်ဖြစ်သော၊ ဒိဋ္ဌိဂတမေဝ-ဒိဋ္ဌိစေတသိက်ကိုပင်၊သီလဗ္ဗတ
ပရာမာသော - သီလဗ္ဗတပရာမာသ ဟူ၍၎င်း၊ ဣဒံသစ္စာဘိ
နိဝေသော-ဣဒံသစ္စာဘိနိဝေသဟူ၍၎င်း၊ အတ္တဝါဒုပါဒါနော စ-
အတ္တဝါဒုပါဒါန ဟူ၍၎င်း၊ ပဝုစ္စတိ-ဆိုအပ်၏။
နိဿယနှင့်အဓိပ္ပါယ်
၄၂၁
၁၁။ အမှာစကားချပ်။ ။ကျမ်းဆရာတို့သည် မိမိပြခဲ့ပြီးသော စကား
ရပ်၌ အထူး သိစေလိုသော အချက်ဝယ် အမှာစကား ညှလျက် မှတ်ချက်ကို
ပြတတ်ကုန်၏၊ ဤ "အာသဝါဒီသု" စသည့်ကား ထိုကဲ့သို့ "မှတ်ချက်"ပြသော
စကားတည်း၊ အာသဝါဒီသု၌ အာဒိဖြင့် ကာမဘဝ သီလဗ္ဗတပရာမာသ
စသည့်တို့ပါရှိရာ သြဃ ယောဂစသော အခဏ်းများကို ယူ၊ ဂန္ထ -ကိလေသာ
အခဏ်းတို့မှ တပါး ကျန် အားလုံးတည်း။
ကာမဘဝ ၊ ပေ ၊ တဏှာအဓိပ္ပါယ်ဖြစ်၍ သင်္ဂြိုဟ်ဆရာ အလိုအား
ဖြင့် ကာမ သဒ္ဒါသည့် ဝတ္ထုအာရုံ ကာမဂုဏ်ကို ဟောရင်းတည်း၊ ဘဝ သဒ္ဓါ
လည်း ရူပ အရူပဈာန်နှင့် ၎င်းတို့၏ အကျိုး ဝိပါက်ကို ဟောရင်း တည်း၊
သို့ဖြစ်၍ ( ဒိဋ္ဌာသဝ စသည်၌ ဒိဋ္ဌိနှင့် အာသဝသည့် အရတူသော်လည်း)
ကာမနှင့် အာသဝ'ဘဝနှင့် အာသဝ စသည့်မှာ အရမတူဘဲ ဖြစ်နေသည်၊
ထို့ကြောင့် ကာမနှင့် အာသဝ စသည်တို့ အရတူဘို့ရာ ကာမနာမည်ဖြင့်(ဝါ-
ကာမအရ ) ဝတ္ထုအာရုံ ကာမဂုဏ်ကို တိုက်ရိုက်မယူဘဲ, ထိုအာရုံ၌ တည်
သော(ထို ကာမဂုဏ်ကို အာရုံပြုသော)ကာမတဏှာကို ဌာနူပစာရအားဖြင့်
ကောက်ပါ၊ ဘဝနာမည်ဖြင့် ( ဘဝအရ) ထို ဘဝကို အာရုံ ပြုသော ဘဝ
တဏှာကို ဌာနူပစာရ အားဖြင့် ကောက်ပါ၊ သို့မှ ကာမသဒ္ဓါ ဘဝသဒ္ဓါနှင့်
အာသဝသဒ္ဒါ စသည်တို့ အရတူကြ သဖြင့် – ကာမောယေဝ+အာသဝေါ,
ကာမာသဝေါ"စသော ကမ္မဓာရည်းဝိဂြိုဟ်ပြုနိုင်မည် ဟူလို၊ [ အာရုံဌာန၏
အမည်ကို အာရုံပြုတတ်သော ဌာနီ တဏှာ၌ တင်စား၍ ခေါ်ဝေါ်ခြင်းကို
ဌာနူပစာရ ဟု ဆိုသည်။ ]
သီလဗ္ဗတ ၊ ပေ ၊ ပဝုစ္စတိ—- –ဒိဋ္ဌိ စေတသိက် တခုထည်း ဖြစ်လျက်
အဘယ့်ကြောင့် သီလဗ္ဗတပရာမာသ စသည်ဖြင့် နာမည် အမျိုးမျိုး ဆိုအပ်
သနည်း" ဟု မေးဘွယ်ရှိ၍ ဤ အမှာစကားချပ်ကို ညှပ်ရလေသည်၊ ဆိုလို
ရင်းကား-သီလဗ္ဗတပရာမာသ ဒိဋ္ဌိသည် – နွား ခွေးတို့၏ အလေ့အကျင့်ဖြင့်
ကိလေသာမှ စင်ကြယ် သံသရာမှ လွတ်မြောက်လွယ်၏ " ဟု ယူ၏၊ ဣဒံ
သစ္စာဘိနိဝေသ ဒိဋ္ဌိသည် – " ဤ ငါ့အယူသာ အမှန်, ကျန် အယူတွေ အမှား
ချည်းဘဲ "ဟု စွဲမြဲစွာ ယူ၏၊ အတ္တဝါဒုပါဒါန ဒိဋ္ဌိသည်"အတ္တရှိ၏"ဟု ယူ၏၊
ဤသို့ ယူပုံ အခြင်းအရာ ကွဲပြား သောကြောင့် တရားကိုယ် အားဖြင့် ဒိဋ္ဌိ
စေတသိက်တခုထည်းကိုပင် သီလဗ္ဗတပရာမာသစသည်ဖြင့် နာမည်အမျိုးမျိုး
တပ်၍ ဆိုအပ်လေသည် ဟူလို။
[ " တထာပဝတ္တံ " ကား ဒိဋ္ဌိစေတသိက် တခုထည်းကိုပင် သီလဗ္ဗတ
ပရာမာသ စသည်ဖြင့် နာမည်အမျိုးမျိုး ဆိုရခြင်း အကြောင်းကို ပြသော ပါဌ်
တည်း၊ ထို့ကြောင့် "တထာပဝတ္တံ-ထိုထိုယူပုံ အခြင်းအရာ အားဖြင့် ကွဲပြား
လျက် ဖြစ်ခြင်းကြောင့် " ဟု ဟေတုအနက်ကိုလည်း သုံးစွဲပါလေ။
## Trang 216
သင်္ဂဟ
သမုစ္စည်းပိုင်း
၁၂။ ဝတ္ထုတော-ပရမတ်အလို အထည်ကိုယ်ဝတ္ထု
အားဖြင့်၊ အာသဝေါဃာ-အာသဝ ဩဃတို့ကို
၎င်း၊ ယောဂါစ-ယောဂတို့ကို၎င်း၊ ဂန္ထာ-ဂန္ထတို့ကို၎င်း၊
တယော-သုံးပါးစီတို့ ဟူ၍၊ ဝုတ္တာ-ဆိုအပ်ကုန်၏၊ ဥပါဒါနာ-
ဥပါဒါန်တို့ကို၊ ဒွေ-နှစ်ပါးတို့ဟူ၍၊ ဝုတ္တာ-ဆိုအပ်ကုန်၏၊ နီဝရဏာ-
နီဝရဏတို့သည်၊ အဋ္ဌ-ရှစ်ပါးတို့သည်၊ သိယုံ-ဖြစ်ကုန်၏၊
အနုသယာ-အနုသယတို့သည်၊ ဆဠေဝ-ခြောက်ပါးတို့
သာလျှင်၊ ဟောန္တိ-ဖြစ်ကုန်၏၊ သံယောဇနာ-သံယောဇဉ်တို့ကို၊
နဝ-ကိုးပါးတို့ ဟူ၍၊ မတာ-သိအပ်ကုန်၏၊ ကိလေသာ-
ကိလေသာတို့သည်၊ ဒသ-ဆယ်ပါးတို့တည်း၊ (ဣတိ-ဤသို့၊)
အယံပါပသင်္ဂဟော-အကုသလသင်္ဂဟကို၊ နဝဓာ-ကိုးပါး
အပြားအားဖြင့်၊ ဝုတ္တော-ဆိုအပ်ပြီ။
၁၂။ သင်္ဂဟဂါထာ။
အာသဝေါဃာ စ ယောဂါ စ ဂန္ထာ စ ဥပါဒါနာ စ နီဝရဏာ စ-ပါပသင်္ဂဟော ကား
သင်္ဂဟဂါထာတည်း၊ အမည်အားဖြင့် အာသဝ စသည်တို့က ၄, နီဝရဏ ၆,
အနုသယ ၇, သံယောဇဉ် ၁၀ ရှိသော်လည်း " ဝတ္ထုတော " ဟု ဆိုသော
ကြောင့် တရားကိုယ်အထည်ဝတ္ထုကိုသာ ကောက်ယူရေတွက်ရလျှင် အာသဝ
သည့် လောဘ ဒိဋ္ဌိ မောဟအားဖြင့် ၃ပါးတည်း၊ ဤသို့ စသည့်ဖြင့် ပြခဲ့သည့်
အတိုင်း ရေတွက်လေ၊ နဝဓာပါပသင်္ဂဟော၏အရ ၉ ပါးကား ၁-အာသဝ,
၂-ဩဃ စသည်တို့ပင်တည်း။
လေ့ကျင့်ခဏ်း မေးခွန်းများ
က။ အဘယ်တရားမျိုးကို အနုသယ ခေါ်သနည်း, လင်္ကာထောက်ပါ။
ထိုအနုသယတို့၏ နာမည်နှင့် တရားကိုယ်ကို ယှဉ်တွဲပြပါ။
ခ။ အဘယ်တရားမျိုးကို သံယောဇဉ် ဟု ခေါ်သနည်း, လင်္ကာထောက်ပါ။
ထိုသံယောဇဉ်တို့၏ သုတ္တန်နည်းအရ နာမည်နှင့် တရားကိုယ်, အဘိ
ဓမ္မာနည်းအရ နာမည်နှင့် တရားကိုယ်ကို ယှဉ်တွဲပြပါ။
နည်း ၂ ပါး ပေါင်းလျှင် တရားကိုယ် မည်မျှရှိသနည်း, ရေတွက်ပြပါ။
ဂ။ အဘယ်တရားမျိုးကို ကိလေသာ ဟု ခေါ်သနည်း, လင်္ကာထောက်ပါ။
တစ်ထောင့်ငါးရာ ကိလေသာကို လင်္ကာထောက်၍ ရေတွက်ပါ။
ဃ။ အာသဝါဒီသု ပနေတ္ထ အမှာစကားချပ်ကို အနက်ပေးပါ။
င။ ကာမောဃ၌ ကာမအရ ဘယ်အနက်ကို ဟောရင်း ဖြစ်သနည်း,
ဤနေရာ၌ ဘယ်အနက်ကို ဘယ်နည်းအရ ယူရမည်တဲ့နည်း။
စ။ ဘဝယောဂ၌ ဘဝ အရ ဘယ်အနက်ကို ဟောရင်းဖြစ်သနည်း, ဤနေ
ရာ၌ ဘယ်အနက်ကို ဘယ်နည်းအရ ယူရမည့်တဲ့နည်း။
ဆ။ ဒိဋ္ဌိ တစ်ခုထည်း ဖြစ်လျက် သီလဗ္ဗတပရာမာသ စသည်ဖြင့် နာမည်
အမျိုးမျိုး အဘယ့်ကြောင့် ဆိုရသနည်း, သင်္ဂြိုဟ်ပါဌ်ကို ထောက်ပါ။
## Trang 217
သမုစ္စည်းပိုင်း
၁။ မိဿကသင်္ဂဟေ - မိဿကသင်္ဂဟ၌၊
ဟေတု = ဟိတ်တို့သည်၊ လောဘော-
လောဘ၎င်း၊ ဒေါသော-ဒေါသ၎င်း၊ မောဟော-မောဟ၎င်း၊
အလောဘော-အလောဘ၎င်း၊ အဒေါသော-အဒေါသ၎င်း၊
အမောဟော-အမောဟ၎င်း၊ (ဣတိ-ဤသို့၊) ဆ-ခြောက်ပါး
တို့တည်း။
၂။ ဈာနင်္ဂါနိ – ဈာန်အင်္ဂါတို့သည်၊ ဝိတက္ကော-ဝိတက်
၎င်း၊ ဝိစာရော-ဝိစာရ၎င်း၊ ပီတိ-ပီတိ၎င်း၊ ဧကဂ္ဂတာ-ဧကဂ္ဂ
မိဿကသင်္ဂဟ။ ။ကုသိုလ် အကုသိုလ် အဗျာကတတို့ကို ရောနှော
ပြရာ အပိုင်းအခဏ်းကို "မိဿကသင်္ဂဟ" ဟု ခေါ်သည်။
၁။ ဟိတ်။ ။ရေသောက်မြစ်သည် သစ်ပင်ကို ထောက်ပံ့ ခိုင်ခံ့စေ
သကဲ့သို့, ထို့အတူ မိမိနှင့်တကွ ဖြစ်ဘက် ရုပ်နာမ် တရားတို့ကို ထောက်ပံ့
ခိုင်ခံ့စေတတ်သော တရားကို "ဟေတု=ဟိတ်" ဟု ခေါ်သည်။
[ဆောင်] ရေသောက်မြစ်လျှင်, ကိုယ့်သစ်ပင်ကို, စည်ပင်စေထ,
ထောက်ပံ့မ-သို့, တကွဖြစ်ဟန်, ရုပ်နှင့်နာမ်ကိုထောက်ခံ
သမျှ, ကျေးဇူးပြု, ဟေတု=ဟိတ်ဟု ခေါ်။
ဤ ဟိတ်ခြောက်ပါး၏ တရားကိုယ်မှာ ပါဠိအတိုင်းပင် သိသာပြီ၊ စေတ
သိက်ပိုင်းက သမ္ပယောဂနည်းကိုကြည့်၍ လောဘမူစိတ်၌ယှဉ်သော လောဘ
စသည်ဖြင့် သိလေ။
၂။ ဈာနင်။ ။ဆိုင်ရာအာရုံကို(ရိုးရိုးအာရုံပြုပုံထက် လွန်ကဲ၍ စူးစိုက်
ဝင်သွားသလို ဖြစ်အောင်)စူးစူးစိုက်စိုက် ရှုတတ်သော ဝိတက် ဝိစာရ စသော
တရားအပေါင်းကို "ဈာန=ဈာန်" ဟုခေါ်၏၊ ထိုဈာန်အပေါင်း၏ အစိတ်
အင်္ဂါကိုမှ ဈာန်အင်္ဂါဟု ခေါ်ရသည်။ [ရူပစိတ်ကို ပြန်ကြည့်ပါ။]
တာ၎င်း၊ သောမနဿံ-သောမနဿဝေဒနာ၎င်း၊ ဒေါမနဿံ-
ဒေါမနဿဝေဒနာ၎င်း၊ ဥပေက္ခာ-ဥပေက္ခာဝေဒနာ၎င်း၊
(ဣတိ-ဤသို့၊) သတ္တ-ခုနစ်ပါးတို့တည်း။
[ဆောင်] စူးစိုက်သမျှ, အာရုံပြုတောင်း, တရားပေါင်းကို, ဈာန်
ခေါ်ဆိုဘိ, ထို၏အင်္ဂါ, အစိတ်မှာမူ, ဈာနင်ဟူ, မှတ်ယူ
အမြဲခေါ်။
ဝိတက်ယှဉ်ရာစိတ် ၅၅ ပါး၌ ရှိသော ဝိတက်သည် ဝိတက်ဈာနင်တည်း၊
ဝိစာရပီတိတို့ကိုလည်း သမ္ပယောဂနည်းကြည့်၍ သိလေ၊ ဧကဂ္ဂတာနှင့် ဝေဒ
နာတို့ကား စိတ်အားလုံး၌ ယှဉ်နိုင်၏၊ သို့သော် "ပဉ္စဝိညာဏေသုဈာနင်္ဂါနိ"
ဟု ဆိုလတ္တံ့ ဖြစ်သောကြောင့် ဒွေပဉ္စဝိညာဏ် ၁၀ ၌ ယှဉ်ခိုက် ဖြစ်သော
ဧကဂ္ဂတာ ဝေဒနာတို့သည် ဈာနင် မထိုက်ချေ။ ထို့ကြောင့် ဒွေပဉ္စဝိညာဏ်မှ
တစ်ပါး စိတ် ၈၉-ဝယ် ရှိသော ဧကဂ္ဂတာသည် ဧကဂ္ဂတာဈာနင်
မည်၏၊ သောမနဿသဟဂုတ်စိတ် ၆၂ ၌ ရှိသော သောမနဿဝေဒနာ
သည် သောမနဿဈာနင်မည်၏၊ ဒေါသမူဒွေး၌ရှိသော ဒေါမနဿဝေဒ
နာသည် ဒေါမနဿဈာနင်မည်၏၊ ဥပေက္ခာသဟဂုတ်စိတ် ၅၅ တွင်ဒွေးပဉ္စ
ဝိညာဏ်မှ ဥပေက္ခာသဟဂုတ် ၈ ပါးကို နှုတ်၍ ကျန်စိတ် ၄၇ ပါး၌ ရှိသော
ဥပေက္ခာဝေဒနာသည် ဥပေက္ခာဈာနင်တည်း၊ ဈာနင် ၇ ပါး ရှိသော်လည်း
ဝေဒနာက ၃ဌာန ပါသောကြောင့် တရားကိုယ်မှာ ၅ ပါးသာ ရသည်ကို
သတိပြုခဲ့ပါ။
၃။ မဂ္ဂင်။ ။မဂ္ဂသဒ္ဒါသည် "လမ်းကြောင်း" ဟူသော အနက်ကို
ဟော၏၊ သမ္မာဒိဋ္ဌိ စသော တရားအပေါင်းသည် သုဂတိသို့ ရောက်ဘို့ရာ
## Trang 218
သမုစ္စည်းပိုင်း
၎င်း၊ သမ္မာကမ္မန္တော-သမ္မာကမ္မန္တ၎င်း၊ သမ္မာအာဇီဝေါ-
သမ္မာအာဇီဝ၎င်း၊ သမ္မာဝါယာမော-သမ္မာဝါယာမ၎င်း၊
သမ္မာသတိ-သမ္မာသတိ၎င်း၊ သမ္မာသမာဓိ-သမ္မာသမာဓိ
၎င်း၊ မိစ္ဆာဒိဋ္ဌိ-မိစ္ဆာဒိဋ္ဌိ၎င်း၊ မိစ္ဆာသင်္ကပ္ပေါ-မိစ္ဆာသင်္ကပ္ပ
၎င်း၊ မိစ္ဆာဝါယာမော-မိစ္ဆာဝါယာမ၎င်း၊ မိစ္ဆာသမာဓိ-
မိစ္ဆာသမာဓိ၎င်း၊ (ဣတိ-ဤသို့၊) ဒွါဒသ-တစ်ဆယ့်နှစ်ပါးတို့တည်း။
လမ်းကြောင်း ဖြစ်၏၊ မိစ္ဆာဒိဋ္ဌိ စသော တရားအပေါင်းကား ဒုဂ္ဂတိသို့ ရောက်
ဘို့ရာ လမ်းကြောင်းတည်း၊ ထိုမဂ္ဂမည်သော တရားအပေါင်း၏ အစိတ်
အင်္ဂါကို "မဂ္ဂင်္ဂ=မဂ္ဂင်" ဟု ခေါ်သည်။
[ဆောင်] ထိုထိုဂတိ, ရောက်မည့်လမ်းကြောင်း, တရားပေါင်းကို
မဂ္ဂဆိုဘိ, ထို၏အင်္ဂါ အစိတ်မှာမို့, မဂ္ဂင်ဟူ မှတ်ယူအမြဲခေါ်။
သမ္မာဒိဋ္ဌိ စသည်၌ "သမ္မာ" သဒ္ဒါသည် "ကောင်းသော" ဟု အနက်
ထွက်၏၊ "ကောင်း" ဆိုသည်မှာလည်း "မဖောက်မပြန် လမ်းမှန်ကျသည်"
ဟု ဆိုလိုသည်၊ ထို့ကြောင့် သမ္မာဒိဋ္ဌိ စသည်တို့၏ တရားကိုယ်ကို သောဘန
စိတ်၌ ထိုက်သလို ယှဉ်သော ပညာ စသည်ကိုသာ ကောက်ပါ၊
သမ္မာဒိဋ္ဌိ = ကောင်းစွာ သိမြင်မှု၊ တရားကိုယ်မှာ ပညာ။
သမ္မာသင်္ကပ္ပ = ကောင်းစွာ ကြံစည်မှု၊ တရားကိုယ်မှာ ဝိတက်။
သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝကား ဝိရတိ ၃ ပါးတည်း။
သမ္မာဝါယာမ = ကောင်းစွာ အားထုတ်မှု၊ တရားကိုယ်မှာ ဝီရိယ။
သမ္မာသတိ = ကောင်းစွာ အောက်မေ့မှု၊ တရားကိုယ်မှာ သတိ။
သမ္မာသမာဓိ = ကောင်းစွာ တည်ကြည်မှု၊ တရားကိုယ်မှာ ဧကဂ္ဂတာ။
မိစ္ဆာဒိဋ္ဌိ စသည်၌ မိစ္ဆာသဒ္ဒါကား "အမှားအယွင်း ဖောက်ပြန်ခြင်း"
ဟူသောအနက်ကို ဟော၏၊ ထို့ကြောင့် အကုသိုလ်စိတ်၌ ထိုက်သလို ယှဉ်
သော ဒိဋ္ဌိ စေတသိက် စသည်ကို ကောက်ရမည်၊ မိစ္ဆာဒိဋ္ဌိ = ဒိဋ္ဌိစေတ
သိက်။ ။မိစ္ဆာသင်္ကပ္ပ=အကုသိုလ်၌ယှဉ်သမျှဝိတက်။ ။မိစ္ဆာဝါယာမ=
အကုသိုလ်၌ ယှဉ်သမျှ ဝီရိယ။ ။မိစ္ဆာသမာဓိ=ဝိစိကိစ္ဆာသဟဂုတ်စိတ်မှ
တစ်ပါး အကုသိုလ်စိတ် ၁၁ ၌ ယှဉ်သော ဧကဂ္ဂတာ။ [ဝိစိကိစ္ဆာစိတ်၌
ဧကဂ္ဂတာသည် မဂ္ဂင်မထိုက် ဟု ဆိုလတ္တံ့၊] မဂ္ဂင် ၁၂ ပါး ရှိသော်လည်း
ဝိတက် ဝီရိယ ဧကဂ္ဂတာတို့က ၂ ထပ် ပါနေသောကြောင့် တရားကိုယ်မှာ
၉ ပါးသာ ရသည်ကို သတိပြုခဲ့ပါ။
၄။ ဣန္ဒြိယာနိ-ဣန္ဒြေတို့သည်၊ စက္ခုန္ဒြိယံ-စက္ခုန္ဒြေ၎င်း၊
သောတိန္ဒြိယံ-သောတိန္ဒြေ၎င်း၊ ဃာနိန္ဒြိယံ-ဃာနိန္ဒြေ၎င်း၊
ဇိဝှိန္ဒြိယံ-ဇိဝှိန္ဒြေ၎င်း၊ ကာယိန္ဒြိယံ-ကာယိန္ဒြေ၎င်း၊ ဣတ္ထိ
န္ဒြိယံ-ဣတ္ထိန္ဒြေ၎င်း၊ ပုရိသိန္ဒြိယံ-ပုရိသိန္ဒြေ၎င်း၊ ဇီဝိတိန္ဒြိယံ-
ဇီဝိတိန္ဒြေ၎င်း၊ မနိန္ဒြိယံ-မနိန္ဒြေ၎င်း၊ သုခိန္ဒြိယံ-သုခိန္ဒြေ၎င်း၊
ဒုက္ခိန္ဒြိယံ-ဒုက္ခိန္ဒြေ၎င်း၊ သောမနဿိန္ဒြိယံ-သောမနဿိန္ဒြေ
၎င်း၊ ဒေါမနဿိန္ဒြိယံ-ဒေါမနဿိန္ဒြေ၎င်း၊ ဥပေက္ခိန္ဒြိယံ-
ဥပေက္ခိန္ဒြေ၎င်း၊ သဒ္ဓိန္ဒြိယံ-သဒ္ဓိန္ဒြေ၎င်း၊ ဝီရိယိန္ဒြိယံ-ဝီရိယိ
န္ဒြေ၎င်း၊ သတိန္ဒြိယံ-သတိန္ဒြေ၎င်း၊ သမာဓိန္ဒြိယံ-သမာဓိန္ဒြေ၎င်း၊
၄။ ဣန္ဒြေ။ ။ဣန္ဒြိယသဒ္ဒါသည် "အစိုးရခြင်း" ဟူသော အနက်ကို
ဟော၏၊ ဆိုင်ရာကိစ္စ၌ အစိုးတရဖြစ်ပုံကို ဘာသာဋီကာမှာ ရှု၊ စက္ခုန္ဒြေမှစ၍
ပုရိသိန္ဒြေတိုင်အောင် ၇ ပါးကား ရုပ်သက်သက် ဣန္ဒြေများတည်း၊ တရား
ကိုယ်မှာ စက္ခု သောတ ဃာန ဇိဝှါ ကာယ ပသာဒနှင့် ဣတ္ထိဘာဝ ပုရိသ
## Trang 219
သမုစ္စည်းပိုင်း
ပညိန္ဒြိယံ-ပညိန္ဒြေ၎င်း၊ အနညာတညဿာမီတိန္ဒြိယံ-အနညာ
တညဿာမီတိန္ဒြေ၎င်း၊ အညိန္ဒြိယံ-အညိန္ဒြေ၎င်း၊ အညာတာ
ဝိန္ဒြိယံ-အညာတာဝိန္ဒြေ၎င်း၊ (ဣတိ-ဤသို့၊) ဗာဝီသတိ-နှစ်ဆယ့်
နှစ်ပါးတည်း။
ဘာဝရုပ်များကို ကောက်၊ ဇီဝိတိန္ဒြေကား ရုပ် နာမ် နှစ်ပါးရော၏၊ ဇီဝိတရုပ်နှင့်
ဇီဝိတိန္ဒြေစေတသိက်ကို ကောက်၊ မနိန္ဒြေစသည်တို့ကား နာမ်သက်သက်
ဣန္ဒြေများတည်း။
မနိန္ဒြေ=စိတ်အားလုံး။
သုခိန္ဒြေ=သုခသဟဂုတ် ကာယဝိညာဏ်၌ ယှဉ်သော ဝေဒနာ။
ဒုက္ခိန္ဒြေ=ဒုက္ခသဟဂုတ် ကာယဝိညာဏ်၌ ယှဉ်သော ဝေဒနာ။
သောမနဿိန္ဒြေ=သောမနဿသဟဂုတ်စိတ် ၆၂ ၌ ယှဉ်သော ဝေဒနာ။
ဒေါမနဿိန္ဒြေ=ဒေါသမူဒွေး၌ရှိသော ဝေဒနာ။
ဥပေက္ခိန္ဒြေ=ဥပေက္ခာသဟဂုတ်စိတ် ၅၅ ၌ရှိသော ဝေဒနာ။ [ဤဝေဒ
နိန္ဒြေ ၅ပါး၏ တရားကိုယ် ကောက်ပုံ၌ ဝေဒနာသင်္ဂဟကို ပြန်၍ သတိပြု။]
သဒ္ဓိန္ဒြေ, သတိန္ဒြေတို့ကား သောဘနစိတ်၌ ယှဉ်သော သဒ္ဓါ သတိ
စေတသိက်တို့တည်း။
ဝီရိယိန္ဒြေ=ဝီရိယ၏ ယှဉ်ရာစိတ် ၇၃ ပါး၌ ရှိသော ဝီရိယ။
သမာဓိန္ဒြေ=ဝီရိယနှင့် မယှဉ်သောစိတ် ၁၆, ဝိစိကိစ္ဆာသဟဂုတ်စိတ်မှ
တစ်ပါး ကျန် ၇၂ ပါး၌ ရှိသော ဧကဂ္ဂတာတည်း။ [ဤသို့ ကောက်ရပုံသည်
နောက်၌ ထင်ရှားလတ္တံ့။]
ပညိန္ဒြေ=တိဟိတ်စိတ် ၄၇ ၌ ယှဉ်သော ပညာ။ [လောကီတိဟိတ်
စိတ်၌ ရှိသော ပညာကိုသာ ပညိန္ဒြေ ဟု ကောက်ရိုး ပြုကြ၏၊ သင့် မသင့်ကို
ဘာသာဋီကာမှာ ရှု။]
အနညာတညဿာမီတိန္ဒြေ=သောတာပတ္တိမဂ်စိတ်၌ ရှိသော ပညာ။
အညိန္ဒြေ=အထက်မဂ် ၃, အောက်ဖိုလ် ၃ ၌ ရှိသော ပညာ။
အညာတာဝိန္ဒြေ=အရဟတ္တဖိုလ်၌ ရှိသော ပညာ။
ဣန္ဒြေ ၂၂ ပါးရှိသော်လည်း ဝေဒနာက ၅ ဌာန, ပညာက ၄ ဌာန
ပါသောကြောင့်၎င်း, ဇီဝိတိန္ဒြေ၏ တရားကိုယ်က ရုပ် ဇီဝိတ နာမ် ဇီဝိတ
၂ မျိုး ရသောကြောင့်၎င်း, တရားကိုယ် ၁၆ ပါး ရှိသည်ကို သတိပြုခဲ့ပါ။
၅။ ဗလာနိ-ဗိုလ်တို့သည်၊ သဒ္ဓါဗလံ-သဒ္ဓါဗိုလ်၎င်း၊ ဝီရိယ
ဗလံ-ဝီရိယဗိုလ်၎င်း၊ သတိဗလံ-သတိဗိုလ်၎င်း၊ သမာဓိဗလံ-
သမာဓိဗိုလ်၎င်း၊ ပညာဗလံ-ပညာဗိုလ်၎င်း၊ ဟိရီဗလံ-ဟိရီ
ဗိုလ်၎င်း၊ သြတ္တပ္ပဗလံ-ဩတ္တပ္ပဗိုလ်၎င်း၊ အဟိရိကဗလံ-
အဟိရိကဗိုလ်၎င်း၊ အနောတ္တပ္ပဗလံ-အနောတ္တပ္ပဗိုလ်၎င်း၊
(ဣတိ-ဤသို့၊) နဝ-ကိုးပါးတို့တည်း။
၅။ ဗိုလ်။ ။လောက၌ "ဗိုလ်"လုပ်သူသည် ရန်သူနှင့်ကြုံလျှင် မတုန်
လှုပ်သကဲ့သို့, ထို့အတူ ဆန့်ကျင်ဘက်တရားကြောင့် မလှုပ်ရှားနိုင် မြဲခိုင်သော
တရားကို "ဗလ=ဗိုလ်" ဟု ခေါ်သည်။
သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ ဗိုလ်တို့၏ တရားကိုယ် ကောက်သည်
သဒ္ဓိန္ဒြေစသည်နှင့် တူ၏၊ ဟိရီ သြတ္တပ္ပကား သောဘနစိတ်၌ ယှဉ်သော ဟိရီ
သြတ္တပ္ပ စေတသိက်တည်း၊ အဟိရိက – အနောတ္တပ္ပကား အကုသိုလ်စိတ်
အားလုံး၌ ယှဉ်သော အဟိရိက အနောတ္တပ္ပတည်း။
## Trang 220
သမုစ္စည်းပိုင်း
၆။ အဓိပတိ-အဓိပတိတို့သည်၊ ဆန္ဒာဓိပတိ-ဆန္ဒာဓိပတိ
၎င်း၊ ဝီရိယာဓိပတိ-ဝီရိယာဓိပတိ၎င်း၊ စိတ္တာဓိပတိ-စိတ္တာ
ဓိပတိ၎င်း၊ ဝီမံသာဓိပတိ-ဝီမံသာဓိပတိ၎င်း၊ (ဣတိ-ဤသို့၊) စတ္တာ
ရော-လေးပါးတို့တည်း။
၆။ အဓိပတိ။ ။[အဓိပ=မိမိနှင့် စပ်သွယ်သော တရားတို့၏
ပတိ = အရှင် တည်း၊] မိမိနှင့် အတူ ဖြစ်ဘက်တရားတို့၏ အကြီးအချုပ်
အရှင်သခင် တရားကို "အဓိပတိ" ဟု ခေါ်သည်၊ အဓိပတိနှင့် ဣန္ဒြေတို့
အစိုးရပုံ ကွဲပြားဟန်ကို ဘာသာဋီကာ၌ ဆိုထားပြီ။ ကျက်ရန်ကား'
[ဆောင်] အဓိပတိမျိုး, အုပ်ချုပ်စိုးကား, ပြိုင်ရိုးမရှိ, တစ်ပါးတည်းပေ,
ဘုရင်နှယ်တည်း၊ ဣန္ဒြေကား, မှူးမတ်လားသို့ သူများကိစ္စ
သူ့အလိုကျအောင်, လိုက်ရပြီကာ, ကိုယ့်ဆိုင်ရာဝယ်,
ကိုယ်သာလွှမ်းမိုး, အုပ်ချုပ်စိုးသည်, နှစ်မျိုးသည်ပုံ
ကွဲသတည်း။
ဆန္ဒာဓိပတိ = ဒွိဟိတ်ဇော တိဟိတ်ဇော ၂၅ ၌ ယှဉ်သော ဆန္ဒ။
[ "ဒွိဟိတ်ဇော တိဟိတ်ဇောတို့၌သာ အဓိပတိ ရထိုက်၏" ဟု ဆိုလတ္တံ့
ဖြစ်၍ ထိုဇောများမှ ထိုက်သလို ကောက်ယူရသည်။]
ဝီရိယာဓိပတိ=ယခင်ဇော ၅၂ ၌ ရှိသော ဝီရိယ။
စိတ္တာဓိပတိ=ယခင်ဇော ၅၂။
ဝီမံသာဓိပတိ=တိဟိတ်ဇော ၃၄ ၌ ရှိသော ပညာ [စူးစမ်း ဆင်ခြင်
တတ်သော ပညာကို ဝီမံသ ဟု ခေါ်၏။]
၇။ အာဟာရာ – အာဟာရတို့သည်၊ ကဗဠီကာရော
အာဟာရော – ကဗဠီကာရာဟာရ၎င်း၊ ဒုတိယော-ဒုတိယ
ဖြစ်သော၊ ဖဿော-ဖဿာဟာရ၎င်း၊ တတိယာ-တတိယ
ဖြစ်သော၊ မနောသန္စေတနာ-မနောသန္စေတနာဟာရ၎င်း၊
စတုတ္ထ-စတုတ္ထဖြစ်သော၊ ဝိညာဏံ-ဝိညာဏာဟာရ၎င်း၊
(ဣတိ-ဤသို့၊) စတ္တာရော-လေးပါးတို့တည်း။
၇။ အာဟာရ။ ။အစာ အာဟာရသည် ခန္ဓာကိုယ်ကို ကြာရှည်စွာ
ဆောင်ရွက် (ထောက်ပံ့ထား) သကဲ့သို့, ထို့အတူ မိမိဆိုင်ရာ အကျိုးများကို
ဆောင်ရွက်နိုင် (ဖြစ်စေနိုင်) သော တရားကို "အာဟာရ" ဟု ခေါ်၏။
ကဗဠီကာရာဟာရ=ရုပ်ပိုင်း၌ ပြခဲ့သော သြဇာရုပ်တည်း၊ ဤကဗဠီ
ကာရအာဟာရသည် သြဇာနှင့်တကွသော ရုပ်ရှစ်ပါး (အာဟာရဇအဋ္ဌ
ကလာပ်ရုပ်) ကို ဆောင်ရွက်၏၊ ဝါ-ဖြစ်စေ၏။
ဒုတိယ ဖဿာဟာရ=စိတ်အားလုံး၌ ယှဉ်သော ဖဿစေတသိက်
တည်း။ "ဖဿပစ္စယာ ဝေဒနာ" ဟူသည်နှင့်အညီ ဖဿာဟာရသည်
ဝေဒနာတည်းဟူသော အကျိုးကို ဆောင်ရွက်၏။ [ကဗဠီကာရာဟာရက
ပဌမဖြစ်၍ ဤဖဿာဟာရကို ဒေသနာအစဉ်အားဖြင့် ဒုတိယ ဟု ဆိုသည်၊
တတိယ စတုတ္ထ ဆိုရာ၌လည်း ဤနည်းသာတည်း။]
တတိယမနောသန္စေတနာဟာရ=စိတ်အားလုံး၌ယှဉ်သော စေတနာ
စေတသိက်တည်း၊ "သင်္ခါရပစ္စယာ ဝိညာဏံ" ဟူသည်နှင့်အညီ ဤစေတ
နာအာဟာရသည် ပဋိသန္ဓေဝိညာဏ်ဟူသော အကျိုးကို ဆောင်ရွက်၏။
[သင်္ခါရနှင့် စေတနာကား သဘောတူတည်း။]
စတုတ္ထဝိညာဏာဟာရ=စိတ်အားလုံးကို ဝိညာဏာဟာရ ဟု ဆို
သည်၊ "ဝိညာဏပစ္စယာ နာမရူပံ" နှင့်အညီ ဤဝိညာဏာဟာရသည်
တကွဖြစ်ဘက် စေတသိက် နာမ်နှင့် ရုပ်တရားကို ဆောင်ရွက်၏။
[ဆောင်] သြဇာဋ္ဌမကရူပံ ယေ, ဝေဒနံ ပဋိသန္ဓိကံ၊
နာမရူပံ အာဟရန္တိ, တသ္မာ အာဟာရာတိ ဝုစ္စရေ။
## Trang 221
၄၃၂
အမှာစကားချပ်
သမုစ္စည်းပိုင်း
ဂ။ ပန-အမှာ စကားချပ် ညှပ်လိုက်ဦးအံ့၊
ဧတ္ထ – ၍ မိဿက သင်္ဂဟ၌၊ ဣန္ဒြိယေသု-
ဣန္ဒြေတို့တွင်၊ သောတာပတ္တိမဂ္ဂညာဏံ – သောတာပတ္တိမဂ်
ဉာဏ်ကို၊ အနညာတညသာမီတိန္ဒြိယန္တိ - အနညာတညဿာ
မီတိန္ဒြေ ဟူ၍၊ ပဝုစ္စတိ = ဆိုအပ်၏။ ဣတိနှင့် ပဝုစ္စန္တိကို
ပြန်၍လိုက်၊ အရဟတ္တဖလညာဏံ-အရဟတ္တဖိုလ်ဉာဏ်ကို၊
အညာတာဝိန္ဒြိယံတိ - အညာတာဝိန္ဒြေ ဟူ၍၊ ပဝုစ္စတိ – ၏
မ - အလယ်၌၊ ဆ ဉာဏာနိ - အထက်မဂ် အောက်ဖိုလ်
ခြောက်ပါးသော ဉာဏ်တို့ကို၊ အညိန္ဒြိယာနီတိ - အညိန္ဒြေတို့
ဟူ၍၊ ပဝုစ္စန္တိ – ဆိုအပ်ကုန်၏၊ ဇီဝိတိန္ဒြိယဉ္စ – ဇီဝိတိန္ဒြေ
သည်လည်း၊ ရူပါ ရူပဝသေန – ရုပ် ဇီဝိတ နာမ် ဇီဝိတတို့၏
အပြားအားဖြင့်၊ ဒုဝိဓံ – နှစ်ပါး အပြား ရှိသည်၊ ဟောတိ –
ဖြစ်၏။
ယေ’အကြင် တရားတို့သည်၊ သြဇာဋ္ဌမကရူပံ-သြဇာလျှင် ရှစ်ခုမြောက်
ရှိသော ရုပ်ကို၎င်း၊ ဝေဒနံ−ဝေဒနာကို၎င်း၊ ပဋိသန္ဓေကံ’ပဋိသန္ဓေ ဝိညာဏ်
ကို၎င်း၊ နာမရူပံ’တကွဖြစ်ဘက် နာမ်ရုပ်ကို၎င်း၊ အာဟရန္တိ’ကိုယ်စီ ကိုယ်ငှ
ဆောင်ရွက်ကြကုန်၏၊ တသ္မာ-ထို့ကြောင့်၊ တေ’ထို ကဗဠီကာရာဟာရ
စသော တရားတို့ကို၊ အာဟာရာတိ – အာဟာရတို့ ဟူ၍၊ ဝုစ္စရေ – ဆိုအပ်
ကုန်၏။
၁၁၀
အမှာစကားချပ်။ “ဣန္ဒြိယေသု ပနေတ္ထ” မှ စ၍“အဓိပတိ
ဧကောဝ လဗ္ဘတိ” တိုင်အောင် စကားစုကား အထူးမှတ်ချက်ကို ပြသော
အမှာစကားရပ်တည်း၊ ဤစကားရပ်ကို ကြည့်၍ ဆိုခဲ့ပြီးသော ဣန္ဒြေ စသည့်၌
တရားကိုယ် ကောက်ပုံကို သိရမည်။
နိဿယနှင့်အဓိပ္ပါယ်
၄၃၃
၉။ ပဉ္စဝိညာဏေသု - ဒွေးပဉ္စဝိညာဏ်တို့၌၊ ဈာနင်္ဂါနိ–
ဈာနင်တို့ကို ၎င်း၊ အဝီရိယေသု – ဝီရိယ မရှိသောစိတ် တဆဲ့
ခြောက်ပါးတို့၌၊ ဗလာနိ - ဗိုလ်တို့ကို၎င်း၊ အဟေတုကေသု-
အဟိတ်စိတ်တို့၌၊ မဂ္ဂင်္ဂါနိ-မဂ္ဂင်တို့ကို၎င်း၊ န လဗ္ဘန္တိ - မ
အပ်ကုန်။
၉။ ပဉ္စဝိညာဏေသုဈာနင်္ဂါနိ —— ဈာနင် မည်သော တရားတို့တွင်
ဧကဂ္ဂတာနှင့် ဝေဒနာသည် ဒွေးပဉ္စဝိညာဉ်၌ ယှဉ်၏၊ သို့သော် ထို ဧကဂ္ဂ
တာနှင့် ဝေဒနာသည် ဒွေးပဉ္စဝိညာဉ်၌ ယှဉ်ခိုက်မှာ ဈာနင် အမည် မရထိုက်
ဟူလို၊ ထို့ကြောင့် တရားကိုယ် ကောက်တုန်းက ၎င်းတို့ကို ကြဉ်ခဲ့ရသည်၊
ဝိတက်စသည်တို့ကား ပင်ကိုယ်ကပင် ပဉ္စဝိညာဉ်၌ မယှဉ်ချေ။
အဝီရိယေသုဗလာနိ
ဝီရိယနှင့် မယှဉ်သောစိတ် ၁၆ ပါး ရှိ၏၊
[ စေတသိက်ပိုင်း သမ္ပယောဂနည်းကို သတိပြု၊ ] ထို စိတ်တို့၌ ယှဉ်ခိုက်
ဧကဂ္ဂတာ စေတသိက်သည် သမာဓိဗိုလ်အမည် မရထိုက်၊ သဒ္ဓါစသည်တို့ကား
ပင်ကိုယ်ကပင် အဝီရိယစိတ်၌ မယှဉ်ချေ။
အဟေတုကေသုမဂ္ဂင်္ဂါနိ —— အဟိတ်စိတ် အားလုံး၌၎င်း အချို့၌၎င်း
ယှဉ်ခိုက်ဝိတက် ဝီရိယ ဧကဂ္ဂတာတို့သည် မဂ္ဂင် မထိုက်၊ ပညာ စသည့်တို့
ကား ပင်ကိုယ်ကပင် အဟိတ်စိတ်၌ မယှဉ်ချေ။ ဈာနင်စသည့် မထိုက်ခြင်း၏
အကြောင်းကို ဘာသာဋီကာ၌ အကျယ် ဆိုထားပြီ။ မှတ်နှင့်ရန်ကား——
[ဆောင်] ၁။ ဝိတက်မယှဉ်၊ သို့ဖြစ်အင်ကြောင့်၊ ဈာနင်မရ၊ မှတ်ကုန်ကြ
ပဉ္စဝိညာဉ်မှာ။
၂။ ဝီရိယကိုယ်၊ မရှိလိုသဖြင့်၊ ဗိုလ်မထိုက်ဘို့၊ အလိုက်သိ၊
အဝီရိယပါ။
၅၅
## Trang 222
၄၃၄
သမုစ္စည်းပိုင်း
၁၀။ တထာ- ထိုမှ တပါး၊ ဝိစိကိစ္ဆာစိတ္တေ – ဝိစိကိစ္ဆာ
စိတ်၌၊ ဧကဂ္ဂတာ - ဧကဂ္ဂတာ သည်၊ မဂ္ဂင်္ဂိန္ဒြိယဗလဘာဝံ -
မဂ္ဂင်ဣန္ဒြေဗိုလ် အဖြစ်သို့၊ နဂစ္ဆတိ-မရောက်၊
၁၁။ ဒွိဟေတုက တိဟေတုက ဇဝနေသ္ဝေဝ - ဒွိဟိတ်
ဇော တိဟိတ်ဇော တို့၌ သာလျှင်၊ ယထာသမ္ဘဝံ – ဖြစ်သင့်
၁၀။
၃။ ဟိတ်နှင့်မယှဉ်၊ သို့ဖြစ်အင်ကြောင့်၊ မဂ္ဂင်မှဆိတ်၊ အဟိတ်
စိတ်၊ ကြိတ်လိတ် မြဲသေချာ။
တထာ ဝိစိကိစ္ဆာစိတ္တေ ၊ ပေ ၊ နဂစ္ဆတိ’ဝိစိကိစ္ဆာသဟဂုတ်
စိတ်၌ ယှဉ်သော ဧကဂ္ဂတာကား မဂ္ဂင်အမည်လည်း မရထိုက်၊ ဣန္ဒြေ ဗိုလ်
အမည်လည်း မရထိုက်။
[၍ သင်္ဂြိုဟ်ပါဠိ ရှိသည့်အတိုင်း သမာဓိန္ဒြေ၏ တရားကိုယ်ကို ကောက်ရ
လျှင် “ဝိစိကိစ္ဆာ သဟဂုတ်စိတ်မှတပါး စိတ် ၄၈ ၌ ရှိသော ဧကဂ္ဂတာသည်
သမာဓိန္ဒြေ မည်၏”ဟု ဆိုရပေလိမ့်မည်၊ စင်စစ်မှာ ဝိစိကိစ္ဆာစိတ်သာ မက၊
ဝီရိယနှင့် မယှဉ်သော စိတ် ၁၆ ပါး၌ ယှဉ်ခိုက် ဖြစ်သော ဧကဂ္ဂတာလည်း
သမာဓိန္ဒြေ မထိုက် ဟု အဋ္ဌကထာကြီးများ ယူကြလေပြီ၊ ထို အယူအတိုင်းပင်
ဓာတုကထာ၌ ကောက်ယူရ လေသည်။ ထို့ကြောင့် အဋ္ဌကထာကြီးများနှင့်
လျော်ညီအောင် ကျေးဇူးရှင် ဆရာတော်ကြီး ပြင်ထားသော ပါဠိကို ဘာသာ
ဋီကာမှာ ရှု။ ]
၆
၁၁။ ဒွိဟေတုက၊ပေ၊လဗ္ဘန္တိ’’ဒွိဟိတ်ဇော တိဟိတ်ဇော၌ရှိသော
ဆန္ဒစသည့်တို့သာ “အဓိပတိ” ဖြစ်ထိုက်သည့်၊ အခြားစိတ်များ၌ ယှဉ်သော
ဆန္ဒ စသည်တို့ကား အဓိပတိ မဖြစ်ထိုက်၊ ဇဝနေသ္ဝေဝ -- ၌ ဧဝဖြင့် ဇော
မဟုတ်သော တရားများကို ကန့်သည်၊ ဒွိဟေတုက တိဟေတုက – နောင်
နိဿယနှင့်အဓိပ္ပါယ်
၄၃၅
သည်အားလျော်စွာ၊ အဓိပတိ - အဓိပတိကို၊ ဧကောဝ-တစ်ပါး
တည်းကိုသာလျှင်၊ လဗ္ဘတိ-ရ အပ်၏။
သင်္ဂဟ
၁၂။ ဝတ္ထုတော-ပရမတ်အလို အထည်ကိုယ်
ဝတ္ထုအားဖြင့်၊ ဟေတူ – ဟိတ်တို့သည်၊ ဆ’
ခြောက်ပါးတို့တည်း၊ ဈာနင်္ဂါ – ဈာနင်တို့သည်၊ ပဉ္စ – ငါးပါး
တို့တည်း၊ မဂ္ဂင်္ဂါ-မဂ္ဂင်တို့သည်၊ နဝ-ကိုးပါးတို့တည်း၊ ဣန္ဒြိယ
ဓမ္မာစ-ဣန္ဒြေတရားတို့သည်ကား၊ သောဠသ - တဆဲ့ခြောက်ပါး
တို့တည်း၊ ဗလဓမ္မာ - ဗိုလ်တရားတို့ကို၊ နဝ-ကိုးပါးတို့ဟူ၍၊
ဥဒီရိတာ - ဆိုအပ်ကုန်၏၊ နဝ ဥဒီရိတာ=နဝ+ဥဒီရိတာ၊ အဓိ
ပတီ – အဓိပတိတို့ကို၊ စတ္တာရော – လေးပါးတို့ ဟူ၍၊ ဝုတ္တာ-
ဧဝသဒ္ဒါ ယှဉ်စပ်၍ “ဒွိဟေတုက တိဟေတုကေသ္ဝေဝ”ဟု မှတ်၊ ထို ဧဝဖြင့်
ဧကဟိတ်ဇော အဟိတ်ဇောကို ကန့်သည်။ [ ဇောတို့၏ ဒွိဟိတ် တိဟိတ်
ဖြစ်ပုံမှာ ဟေတုသင်္ဂဟကို သတိပြု။
အဓိပတိ ဧကောဝ
အကြီးဆုံး အချုပ်ဆုံးမှန်လျှင် ထိုထို ကိစ္စ၌
တစ်ယောက်သာ ရှိရသကဲ့သို့ ထို့အတူ မဟာကုသိုလ် ပဌမစိတ်၌ ဆန္ဒစသော
၄ ပါးလုံး ရှိရာ တစ်ပါးပါးသာ အဓိပတိဖြစ်ရမည်၊ ကျန် ၃ ပါးကား နောက်လိုက်
ငယ်သား သာတည်း၊ ဥပမာ— ဆန္ဒ အဓိပတိဖြစ်ခိုက် ဝီရိယ စသည်တို့က
သာမန် နောက်လိုက်တရားများ ဖြစ်ရမည် ဟူလို။
ယထာသမ္ဘဝံ — ထိုလေးပါးတွင် ဖြစ်သင့်သော တရား တစ်ပါးပါးက
အဓိပတိ ဖြစ်လိမ့်မည်၊ ဆန္ဒ ထက်သန်သည့် အခါ ဆန္ဒသည် အဓိပတိ ဖြစ်
သင့်၏၊ ဝီရိယ ထက်သန်သည့်အခါ ဝီရိယသည်၊စိတ်ထက်သန်သည့် အခါ
စိတ်သည်၊ ပညာ ထက်သန်သည့်အခါ ဝီမံသသည် အဓိပတိ ဖြစ်သင့်၏။
## Trang 223
၄၃၆
သမုစ္စည်းပိုင်း
ဆိုအပ်ကုန်၏၊ အာဟာရာ – အာဟာရ တို့သည်၊ တထာ
ထို့အတူ လေးပါးတို့တည်း၊ ဣတိ - ဤသို့၊ ကုသလာဒိသမာ
ကိဏ္ဏေ - ကုသိုလ် စသည်တို့ဖြင့် ရောပြွမ်းသော၊ မိဿက
သင်္ဂဟေ - မိဿကသင်္ဂဟကို၊ သတ္တဓာ - ခုနစ်ပါး အပြား
အားဖြင့်၊ ဝုတ္တော-ဆိုအပ်ပြီ။
၁၂။ သင်္ဂဟ။ ။ ဆ ဟေတူ စသည့်အရ ဟိတ် ၆ ပါး စသည်၏
တရားကိုယ် ကောက်ပုံကို ပြခဲ့သော စုဏ္ဏိယ၏ အဓိပ္ပါယ်ကို ကြည့်၍ သိနိုင်
လောက်ပြီ၊ သတ္တဓာအရ ၇ ပါးကား ၁-ဟေတု ၂-ဈာနင်္ဂ၊ ၃-မဂ္ဂင်္ဂ
စသော ၇ ပါးတည်း။
၇
လေ့ကျင့်ခန်း မေးခွန်းများ
က။ အဘယ်သင်္ဂဟကို မိဿကသင်္ဂဟ ဟု ခေါ်သနည်း။
ခ။ အဘယ်တရားမျိုးကို ဟေတု ခေါ်သနည်း၊ လင်္ကာထောက်ပါ။
ဂ။ အဘယ်တရားမျိုးကို ဈာနင် ဟု ခေါ်သနည်း၊ လင်္ကာထောက်ပါ။
ဃ။ အဘယ်စိတ်များ၌ ဈာနင် မရထိုက်သနည်း သင်္ဂြိုဟ်ထောက်ပါ။
င။ ထိုဈာန်တို့၏ နာမည်နှင့် တရားကိုယ်ကို ယှဉ်စပ်ပြပါ။
စ။ အဘယ်တရားမျိုးကို မဂ္ဂင် ဟု ခေါ်သနည်း၊ လင်္ကာထောက်ပါ။
ဆ။ အဘယ်စိတ်များ လုံးဝ မဂ္ဂင် မထိုက်သနည်း၊ သင်္ဂြိုဟ်ထောက်ပါ။
ဇ။ ဝိစိကိစ္ဆာစိတ်၌ကား အဘယ်တရားသည် မဂ္ဂင် မထိုက်နည်း။
နိဿယနှင့်အဓိပ္ပါယ်
ဈ။ ထို မဂ္ဂင်တို့၏ နာမည်နှင့် တရားကိုယ်ကိုယှဉ်တွဲပြပါ။
ည။ အဘယ်တရားမျိုးကို ဣန္ဒြေ ဟု ခေါ်သနည်း။
ဋ။ အဘယ်စိတ်များ၌ အဘယ်တရားသည် ဣန္ဒြေ မထိုက်သနည်း။
ဌ။ ထို ဣန္ဒြေတို့၏ နာမည်ဖြင့် တရားကိုယ်ကို ယှဉ်တွဲပြပါ။
ဍ။ အဘယ်တရားမျိုးကို ဗိုလ် ဟု ခေါ်သနည်း။
ဎ။ အဘယ်စိတ်များ၌ အဘယ်တရားများသည် ဗိုလ် မထိုက်သနည်း။
ဏ။ ထို ဗိုလ်တို့၏နာမည်နှင့် တရားကိုယ်ကို ယှဉ်တွဲပြပါ။
တ။ အဘယ်တရားမျိုးကို အဓိပတိ ဟု ခေါ်သနည်း။
၄၃၇
ထ။ ထို အဓိပတိကို အဘယ်တရား၌သာ ရအပ်သနည်း၊ သင်္ဂြိုဟ်ထောက်ပါ။
ဒ။ လေးပါးလုံး တပြိုင်နက် အဓိပတိ ဖြစ်ထိုက်သလော၊ သင်္ဂြိုဟ်ထောက်ပါ။
ဓ။ အဘယ်အခါ အဘယ်တရားသည် အဓိပတိ ဖြစ်သင့်သနည်း။
န။ အဓိပတိတို့၏ နာမည်နှင့် တရားကိုယ်ကို ယှဉ်တွဲပြပါ။
ပ။ အဘယ်တရားကို အာဟာရ ဟု ခေါ်သနည်း။
ဖ။ ထို အာဟာရတို့၏ နာမည်နှင့် တရားကိုယ်ကို ယှဉ်တွဲပြပါ။
ဗ။ ထို အာဟာရတို့ အသီးအသီး ဆောင်ရွက်သော အကျိုးများကို
သာဓကနှင့်တကွ ပြပါ။
## Trang 224
၄၃၈
ဗောဓိပက္ခိယ သင်္ဂဟ
သမုစ္စည်းပိုင်း
၁။ ဗောဓိပက္ခိယ သင်္ဂဟေ - ဗောဓိ
ပက္ခိယ သင်္ဂဟ၌၊ သတိပဋ္ဌာနာ- သတိ
ပဋ္ဌာန် တို့သည်၊ ကာယာနုပဿနာ သတိပဋ္ဌာနံ – ကာယာ
နုပဿနာ သတိပဋ္ဌာန်၎င်း၊ ဝေဒနာနုပဿနာ သတိပဋ္ဌာနံ-
ဝေဒနာနုပဿနာသတိပဋ္ဌာန်၎င်း၊စိတ္တာနုပဿနာသတိပဋ္ဌာနံ-
စိတ္တာနုပဿနာ သတိပဋ္ဌာန်၎င်း၊ ဓမ္မာနုပဿနာ သတိပဋ္ဌာနံ-
ဓမ္မာနုပဿနာ သတိပဋ္ဌာန်၎င်း၊ (ဣတိ-ဤသို့၊) စတ္တာရော-
လေးပါးတို့တည်း။
ဝ
ဗောဓိပက္ခိယသင်္ဂဟ ။ [ဗောဓိ+ပက္ခ+ ဏျ၊ ဗောဓိ=မဂ်
ဉာဏ်+ပက္ခ=အသင်း (ဘက်သား ) + ဏျ==ဖြစ်သည်။] မဂ်ဉာဏ်၏
ဘက်တော်အတွင်း၌ အသင်းဝင် တရားများကို “ ဗောဓိပက္ခိယ ” တရားဟု
ခေါ်၏၊ ထို ဗောဓိပက္ခိယ တရားစုကို ပြဆိုရာ အပိုင်း အခဏ်းကို “ ဗောဓိ
ပက္ခိယ သင်္ဂဟ ” ဟု ခေါ်သည်။
ထို့ကြောင့် ဗောဓိပက္ခိယ တရားတို့၏ တရားကိုယ်ကို ကောက်ရာ၌ မဂ်
ဖိုလ်နှင့် ယှဉ်သော တရားကို၎င်း၊ မဂ်ဖိုလ်၏ ရှေ့သွား ( သီလဝိသုဒ္ဓိ စိတ္တ
ဝိသုဒ္ဓိ စသည့်ဖြင့်) ကျေးဇူးများသည့် လောကီကုသိုလ် ကြိယာနှင့် ယှဉ်ခိုက်
တရားကို၎င်း၊ ထိုက်သလို ကောက်ရလိမ့်မည်။
၁။
သတိပဋ္ဌာန်။ ။ [ပဋ္ဌာန=ပ+ဌာန။ ပ==လွန်ကဲစွာ ( အာရုံ၌
သက်ရောက်၍ ) +ဌာန===တည်သောတရား၊ ] မိမိဆိုင်ရာ အာရုံ၌ လွန်လွန်
ကဲကဲ စွဲမြဲစွာ တည်သော သတိအထူးကို “သတိပဋ္ဌာန်” ဟု ခေါ်သည်။
[ဆောင်] လွန်လွန်ကဲကဲ၊ အာရုံထဲ၌၊ စွဲမြဲတည်ဘိ၊ ထိုသတိ၊
သတိပဋ္ဌာန်ခေါ်။
နိဿယနှင့်အဓိပ္ပါယ်
၄၃၉
၂။ သမ္မပ္ပဓာနာ - သမ္မပ္ပဓာန်တို့သည်၊ ဥပ္ပန္နာနံ-ဥပ္ပန္နံ ဟု
ဆိုအပ် ကုန်သော၊ ပါပကာနံ - အကုသိုလ် တရားတို့ကို၊
ပဟာနာယ - ပယ်ခြင်းငှါ၊ ဝါယာမော - အားထုတ်ခြင်း၎င်း၊
အနုပ္ပန္နာနံ - အနုပ္ပန္နံ ဟု ဆိုအပ်ကုန်သော၊ ပါပကာနံ – အကု
သိုလ် တရားတို့၏၊ အနုပ္ပါဒါယ - မဖြစ်ခြင်းငှါ၊ ဝါယာမော-
အားထုတ်ခြင်း၎င်း၊ အနုပ္ပန္နာနံ’အနုပ္ပန္နံ ဟု ဆိုအပ်ကုန်သော၊
ကုသလာနံ – ကုသိုလ် တရားတို့၏၊ ဥပ္ပါဒါယ – ဖြစ်ခြင်းငှါ၊
သတိပဋ္ဌာန် ၄ ပါး သရုပ်ကို သင်္ဂြိုဟ် ကြည့်၍ ရေတွက်လေ၊ ထို ၄ ပါး
လုံး၏ တရားကိုယ်မှာ မဟာကုသိုလ်ကြိယာ အပ္ပနာဇော ဆဗ္ဗေသ၌ ရှိသော
သတိစေတသိက် ချည်းသာတည်း။[တရားကိုယ်မှာ သတိ တစ်ပါးတည်း ဖြစ်
သော်လည်း ( ၁ ) အာရုံက ကာယ ဝေဒနာ စိတ္တ ဓမ္မ ၄ မျိုး ပြားခြင်း၊
(၂) ထို အာရုံများ၌ အသုဘ ဒုက္ခ အနိစ္စ အနတ္တ ယူပုံ ( ရှုပုံ ) အခြင်း
အရာက ၄ မျိုး ပြားခြင်း၊ ( ၃ ) သုဘ သုခ နိစ္စ အတ္တ ဟု ထင်မှားချက်ကို
ပယ်ခွါခြင်း ကိစ္စက ၄ မျိုး ပြားခြင်းကြောင့် ၄ မျိုးခြား၍ ဘုရား ဟောတော်
မူသည်၊ အကျယ်ကို ဘာသာဋီကာမှာ ရှု။ ]
[ဆောင်] သတိတစ်သာ၊ ဖြစ်တုံပါလည်း၊ ယူရာအာရုံ၊ လေးပါးစုံခဲ့၊
ယူပုံခြင်းရာ၊ လေးမျိုးသာတည်း၊ ပယ်ခွါကိစ္စ၊ ဖြစ်ပြန်က
လျှင်၊ လေးပါးပင်မျိုး၊ တို့ရှင်ပင်စည်၊ လေးမျိုးဟောသည်၊
မှတ်လော သတိပဋ္ဌာန် တည်း။
၂။ သမ္မပ္ပဓာန်။ ။ [ သမ္မာ+ပဓာန။ သမ္မာ=ကောင်းစွာ+ပဓာ
န=အားထုတ်ခြင်း။ ] အကုသိုလ်ကိုပယ်ခြင်း၊ အသစ် မဖြစ်စေခြင်း၊ ကုသိုလ်
ကို ဖြစ်စေခြင်း၊ တိုးအောင် အားထုတ်ခြင်း၊ ဤ ကိစ္စ ၄ ပါးသည် ရဟန္တာ
## Trang 225
၄၄၀
သမုစ္စည်းပိုင်း
ဝါယာမော - အားထုတ်ခြင်း၎င်း၊ ဥပ္ပဇ္ဇနံ – ဥပ္ပန္နံ ဟု ဆိုအပ်
ကုန်သော၊ ကုသလာနံ - ကုသိုလ်တရားတို့၏၊ ဘိယျောဘာ
ဝါယ-တိုးပွားသည်၏ အဖြစ်ဟူသော အကျိုးငှါ၊ဝါယာမော–
အားထုတ်ခြင်း ၎င်း၊ ဣတိ - ဤသို့၊ စတ္တာရော – လေးပါး
တို့တည်း။
များနှင့် မဆိုင်ရကား ရဟန္တာများ သန္တာန်၌သာ ဖြစ်လေ့ရှိသော ကြိယာ၌
ယှဉ်သော ဝီရိယကို မကောက်ထိုက်၊ ထို့ပြင် ဖိုလ်တရားများလည်း ထိုကိစ္စ
၄ ပါးလုံးကို မပြုနိုင်ရကား ဖိုလ်တရားများနှင့်လည်း မဆိုင်၊ ထို့ကြောင့်
ကုသိုလ်စိတ် ကုသလေသွေဝ၌ ယှဉ်သော ဝီရိယကိုသာ သမ္မပ္ပဓာန် ၄ ပါးလုံး၏
တရားကိုယ်တည်း ဟု မှတ်၊ ဤသို့ တရားကိုယ် အားဖြင့် ဝီရိယ တစ်ပါးတည်း
သာ ဖြစ်သော်လည်း အကုသိုလ်ကို ပယ်ခြင်းစသောကိစ္စ ၄ ပါးသောကြောင့်
သမ္မပ္ပဓာန် ၄ မျိုး ဟောတော်မူသည်။
[ဆောင်] ၁။ ကုသိုလ်စိတ်၌၊ ယှဉ်ခိုက်ကြုံမှ၊ ဝီရိယ၊ သမ္မပ္ပဓာန်ကောက်။
၂။ ဝီရိယတစ်ပါး၊ ဖြစ်တုံငြားလည်း၊ လေးပါး ကိစ္စ၊ ရှိလေ
ရသဖြင့်၊ သမ္မပ္ပဓာန်၊ လေးမျိုးဖန်၊ ဟောဟန် သဘော
ပေါက်။
ဥပ္ပန္နပါပက —— ရှေးက ဖြစ်စေ’ယခုဘဝမှာ ဖြစ်စေ’တကယ် ဖြစ်ပြီး
သောအကုသိုလ်ကို၎င်း၊ ဖြစ်ပြီး အကုသိုလ်များနှင့် ( ပါဏာတိပါတချင်း၊
အဒိန္နာဒါနချင်း စသည်ဖြင့် ) တူသော မဖြစ်သေးသော အကုသိုလ်ကို ၎င်း
“ ဥပ္ပန္နပါပက” ဟု ခေါ်သည်။
၆၆
[ဆောင်] ဖြစ်ပြီး၎င်း၊ တကြောင်း ထိုနှင့်၊ အသင့်တူမျှ၊ ပါပက၊
ဥပ္ပန္န ဟု ခေါ်။
နိဿယနှင့်အဓိပ္ပါယ်
၄၄၁
၃။ ဣဒ္ဓိပါဒါ – ဣဒ္ဓိပါဒ်တို့သည်၊ ဆန္ဒိဒ္ဓိပါဒေါ - ဆန္ဒိဒ္ဓိ
ပါဒ်၎င်း၊ ဝီရိယိဒ္ဓိပါဒေါ
– ဝီရိယိဒ္ဓိပါဒ်၎င်း၊ စိတ္တိဒ္ဓိပါဒေါ-
အနုပ္ပန္နပါပက — အနမတဂ္ဂ သံသရာ၌ မဖြစ်ဘူးသော အကုသိုလ်
ဟူ၍မရှိ၊ ထို့ကြောင့် ဤဘဝ၌ လုံးဝ မဖြစ်ဘူးသော အကုသိုလ်ကို၎င်း၊ အာရုံ
အသစ် အဆန်း တစ်ခုခုကိုစွဲ၍ မဖြစ်ဘူးသေးသော အကုသိုလ်ကို၎င်း၊ “အနုပ္ပန္န
ပါပက” ဟု ခေါ်သည်။
[ဆောင်] ဘဝ၌၊ လုံးဝ မဖြစ်၊ အာရုံသစ်ကြောင့်၊ မဖြစ်ဘူးကြ
ပါပက၊ အနုပ္ပန္န ခေါ်။
အနုပ္ပန္နကုသလ — ဤဘဝ၌ မဖြစ်ဘူးသေးသော သမထ ဝိပဿနာ
စသော လောကီကုသိုလ်မျိုး၊ သံသရာ၌ တစ်ခါမျှ မဖြစ်ခဲ့ဘူးသော မဂ်ကုသိုလ်
မျိုးကို “အနုပ္ပန္နကုသလ” ဟု ခေါ်သည်။
[ဆောင်] လောကီအတွက်၊ ဤဘက် ဘဝ၊ မဂ္ဂသံသရာ၊ ရံတစ်ခါထူး၊
မဖြစ်ဘူးကြ၊ ကုသလ၊ အနုပ္ပန္ ခေါ်။
ဥပ္ပန္နကုသလ—မဂ်တစ်ခု ဖြစ်ပြီးလျှင် ထိုမဂ်ကို ထပ်၍ တိုးပွားစေဘွယ်
မရှိ၊ မဖြစ်သေးသော ( အနုပ္ပန္န ) မဂ်ကိုသာ ဆက်လက်၍ ဖြစ်အောင် အား
ထုတ်ဘွယ် ရှိသောကြောင့် ဥပ္ပန္နကုသလကို တိုးပွားစေရာ၌ မဂ် ကုသိုလ်ကို
မယူဘဲ ရှေးဘဝကဖြစ်စေ ယခုဘဝ ဖြစ်စေ ဖြစ်ပြီးသော သမထ ဝိပဿနာ
စသော လောကီ ကုသိုလ်ကိုသာ ယူ။
[ဆောင်] ထို၍ဘဝ၊ ဖြစ်ကြလေပြီ၊ လောကီကုသလ၊ ဟူသမျှ၊
ဥပ္ပန္န ဟု ခေါ်။
၃။ ဣဒ္ဓိပါဒ်။ ။ [ ဣဒ္ဓိ+ပါဒ။ ဣဒ္ဓိ=ပြီးစီးထမြောက်သော အကျိုး
( ဈာန်မဂ်ဖိုလ် ) +ပါဒ=အခြေခံ။ ] ပြီးစီး ထမြောက်သော ဈာန်မဂ်ဖိုလ်
အကျိုးတို့၏ အခြေခံ အကြောင်းတရားကိုသာ “ဣဒ္ဓိပါဒ်”ဟုခေါ်သည်။
၅၆
## Trang 226
စိတ္တိဒ္ဓိပါဒ်၎င်း၊ ဝီမံသိဒ္ဓိပါဒေါ-ဝီမံသိဒ္ဓိပါဒ်၎င်း၊ ဣတိ-ဤသို့၊
စတ္တာရော-လေးပါးတို့တည်း။
၄။ ဣန္ဒြိယာနိ-ဣန္ဒြေတို့သည်၊ သဒ္ဓိန္ဒြိယံ-သဒ္ဓိန္ဒြေ၎င်း၊
ဝီရိယိန္ဒြိယံ-ဝီရိယိန္ဒြေ၎င်း၊ သတိန္ဒြိယံ-သတိန္ဒြေ၎င်း၊ သမာဓိန္ဒြိယံ-သမာဓိန္ဒြေ၎င်း၊ ပညိန္ဒြိယံ-ပညိန္ဒြေ၎င်း၊ ဣတိ-ဤသို့၊
ပဉ္စ-ငါးပါးတို့တည်း။
၅။ ဗလာနိ-ဗိုလ်တို့သည်၊ သဒ္ဓါဗလံ-သဒ္ဓါဗိုလ်၎င်း၊
ဝီရိယဗလံ-ဝီရိယဗိုလ်၎င်း၊ သတိဗလံ-သတိဗိုလ်၎င်း၊
သမာဓိဗလံ-သမာဓိဗိုလ်၎င်း၊ ပညာဗလံ-ပညာဗိုလ်၎င်း၊
ဣတိ-ဤသို့၊ ပဉ္စ-ငါးပါးတို့တည်း။
၆။ ဗောဇ္ဈင်္ဂါ-ဗောဇ္ဈင်တို့သည်၊ သတိသမ္ဗောဇ္ဈင်္ဂေါ-
သတိသမ္ဗောဇ္ဈင်၎င်း၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂေါ-ဓမ္မဝိစယ
သမ္ဗောဇ္ဈင်၎င်း၊ ဝီရိယသမ္ဗောဇ္ဈင်္ဂေါ-ဝီရိယသမ္ဗောဇ္ဈင်၎င်း၊
ပီတိသမ္ဗောဇ္ဈင်္ဂေါ-ပီတိသမ္ဗောဇ္ဈင်၎င်း၊ ပဿဒ္ဓိသမ္ဗောဇ္ဈင်္ဂေါ-ပဿဒ္ဓိသမ္ဗောဇ္ဈင်၎င်း၊ သမာဓိသမ္ဗောဇ္ဈင်္ဂေါ-သမာဓိ
သမ္ဗောဇ္ဈင်၎င်း၊ ဥပေက္ခာသမ္ဗောဇ္ဈင်္ဂေါ-ဥပေက္ခာသမ္ဗော
ဇ္ဈင်၎င်း၊ ဣတိ-ဤသို့၊ သတ္တ-ခုနစ်ပါးတို့တည်း။
၇။ မဂ္ဂင်္ဂါနိ-မဂ္ဂင်တို့သည်၊ သမ္မာဒိဋ္ဌိ-သမ္မာဒိဋ္ဌိ၎င်း၊
သမ္မာသင်္ကပ္ပေါ-သမ္မာသင်္ကပ္ပ၎င်း၊ သမ္မာဝါစာ-သမ္မာဝါစာ
၎င်း၊ သမ္မာကမ္မန္တော-သမ္မာကမ္မန္တ၎င်း၊ သမ္မာအာဇီဝေါ-
ထို့ကြောင့် အကျိုးပြီးစီးပြီးသော ရဟန္တာတို့၏ ကြိယာစိတ်၊ အကျိုး
တရားဖြစ်သော ဖိုလ်စိတ်များနှင့် မသက်ဆိုင်၊ သမ္မပ္ပဓာန်တရားကဲ့သို့ ကုသိုလ်
စိတ်၌ ယှဉ်ခိုက် ဆန္ဒ-ဝီရိယ-ပညာနှင့် ကုသိုလ်စိတ်များကိုသာ ဆန္ဒိဒ္ဓိပါဒ်
စသည့်၌ တရားကိုယ်ကောက်ပါ၊ ဣဒ္ဓိပါဒ်တို့သည် ဆန္ဒာဓိပတိ စသည့်ဖြင့်
အဓိပတိတပ်သော တရားချည်းသာ ဖြစ်ကုန်၏။
၄-၅။ ဣန္ဒြေ၊ ဗိုလ်။ ဣန္ဒြေ ဗိုလ်တို့၏ တရားကိုယ်မှာ သတိပဋ္ဌာန်
ကဲ့သို့ မဟာကုသိုလ် မဟာကြိယာ အပ္ပနာဇော၌ ယှဉ်သော သဒ္ဓါစသည့်ကို
ကောက်ပါ။
၆။ ဗောဇ္ဈင်။ [ဗောဓိ-အင်္ဂ၊ ဗောဓိ=သစ္စာ ၄ပါးကို သိကြောင်း
တရားအပေါင်း (သတိ ပညာစသော ဗောဇ္ဈင်တရားအပေါင်းတည်း၊)+
အင်္ဂ=အစိတ်အင်္ဂါ၊ ဈာနင် မဂ္ဂင် ဟူသကဲ့သို့ ဗောဓိမည့်သော တရား
အပေါင်း၏ အစိတ်အစိတ်ကို "ဗောဇ္ဈင်္ဂ-ဗောဇ္ဈင်" ဟု ခေါ်သည်၊ တရား
ကိုယ်မှာ သတိပဋ္ဌာန်၌ကဲ့သို့ မဟာကုသိုလ် မဟာကြိယာ အပ္ပနာဇောတို့၌
ယှဉ်သော သတိ စသည်တို့တည်း။
သတိသမ္ဗောဇ္ဈင်=သတိ စေတသိက်။
ဓမ္မဝိစယသမ္ဗောဇ္ဈင်=ပညာ စေတသိက်။ [ဓမ္မ=ဆိုင်ရာ တရား
များကို+ဝိစယ=စိစစ်တတ်သည်။] ဝီရိယ ပီတိသမ္ဗောဇ္ဈင်တို့ကား
ထင်ရှားပြီ။
ပဿဒ္ဓိသမ္ဗောဇ္ဈင်=ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိ စေတသိက်။
သမာဓိသမ္ဗောဇ္ဈင်=ဧကဂ္ဂတာ စေတသိက်။
ဥပေက္ခာသမ္ဗောဇ္ဈင်=တတြမဇ္ဈတ္တတာ စေတသိက်။ [သမ္ဗောဇ္ဈင်၌
သံသဒ္ဒါသည် "ကောင်းစွာ" ဟူသော အနက်ကို ဟော၏။]
၇။ မဂ္ဂင်။ ဤမဂ္ဂင်တရားကိုယ်များ၌လည်း သတိပဋ္ဌာန်ကဲ့သို့
မဟာကုသိုလ် မဟာကြိယာ အပ္ပနာဇော၌ ရှိသော ပညာစသည့်ကို ကောက်ပါ။
## Trang 227
သမ္မာအာဇီဝ၎င်း၊ သမ္မာဝါယာမော-သမ္မာဝါယာမ၎င်း၊ သမ္မာ
သတိ-သမ္မာသတိ၎င်း၊ သမ္မာသမာဓိ-သမ္မာသမာဓိ၎င်း၊ ဣတိ-
ဤသို့၊ အဋ္ဌ-ရှစ်ပါးတို့တည်း။
တရားကိုယ်ကောက်ရာ စိတ်များ။ သတိပဋ္ဌာန် ဣန္ဒြေဗိုလ် ဗောဇ္ဈင်
မဂ္ဂင်တို့၏ တရားကိုယ်ကောက်ရာဌာနဖြစ်သော စိတ်သည် တူ၏၊ သမ္မပ္ပဓာန်နှင့်
ဣဒ္ဓိပါဒ်တို့၏ တရားကိုယ်ကောက်ရာဌာနဖြစ်သော စိတ်သည် တူ၏။
[ဆောင်] ၁။ ပဋ္ဌာန်သတိ၊ ဣန္ဒြေဗိုလ်၊ ဗောဇ္ဈင်မဂ္ဂင်၊ တရားကိုယ်။
၂။ ကုသိုလ်မဟာ၊ ကြိယာနှင့်၊ အပ္ပနာဇဝန၊ ယှဉ်သမျှ
ကောက်ပြကြစေလို။
၃။ ပဓာန်သမ္မပ်၊ ဣဒ္ဓိပါဒ်တို့၊ ကောက်အပ်လေရာ၊ ကုသိုလ်သာ၊
မှတ်ပါကျမ်းအဆို။
**လေ့ကျင့်ခန်း မေးခွန်းများ**
က။ အဘယ်တရားမျိုးကို ဗောဓိပက္ခိယတရား ဟု ခေါ်သနည်း။
ခ။ အဘယ်တရားမျိုးကို သတိပဋ္ဌာန် ဟု ခေါ်သနည်း၊ လင်္ကာထောက်ပါ။
ဂ။ သတိပဋ္ဌာန်လေးပါး သရုပ်ကို ရေတွက်၍ တရားကိုယ်ကောက်ပါ။
ဃ။ တရားကိုယ်အားဖြင့် သတိတစ်ပါးတည်း ဖြစ်ပါလျက် အဘယ့်ကြောင့်
သတိပဋ္ဌာန်လေးမျိုး ပြားရသနည်း၊ လင်္ကာထောက်ပါ။
င။ အဘယ်တရားမျိုးကို သမ္မပ္ပဓာန် ဟု ခေါ်သနည်း။
စ။ သမ္မပ္ပဓာန်လေးပါး သရုပ်ကို ရေတွက်၍ တရားကိုယ်ကောက်ပြပါ။
ဆ။ တရားကိုယ်အားဖြင့် တစ်ပါးတည်း ဖြစ်ပါလျက် အဘယ့်ကြောင့် သမ္မပ္ပ
ဓာန်လေးမျိုး ပြားရသနည်း၊ လင်္ကာထောက်ပါ။
ဇ။ ဥပ္ပန္နပါပက ဟူသည် အဘယ်တရားများနည်း၊ လင်္ကာထောက်ပါ။
ဈ။ အနုပ္ပန္နပါပက ဟူသည် အဘယ်တရားများနည်း၊ လင်္ကာထောက်ပါ။
ည။ အနုပ္ပန္နကုသလ ဟူသည် အဘယ်တရားများနည်း၊ လင်္ကာထောက်ပါ။
ဋ။ ဥပ္ပန္နကုသလ ဟူသည် အဘယ်တရားများနည်း၊ လင်္ကာထောက်ပါ။
ဌ။ အဘယ်တရားမျိုးကို ဣဒ္ဓိပါဒ် ဟု ခေါ်သနည်း၊ သရုပ်ရေတွက်ပါ။
ဍ။ ဣဒ္ဓိပါဒ်လေးပါး၏ တရားကိုယ်ကို ထင်ရှားစွာ ကောက်ပြပါ။
ဎ။ ဣန္ဒြေဗိုလ်တို့၏ တရားကိုယ်ကို ထင်ရှားစွာ ကောက်ပြပါ။
ဏ။ အဘယ်တရားမျိုးကို ဗောဇ္ဈင်ဟု ခေါ်သနည်း၊ ဗောဓိ-အရနှင့်
ဗောဇ္ဈင်္ဂ-အရ ခွဲခြားပြပါ။
တ။ ဗောဇ္ဈင်ခုနစ်ပါး၏ နာမည်နှင့် တရားကိုယ်ကို တွဲစပ်ပါ။
ထ။ မဂ္ဂင်ရှစ်ပါး၏ နာမည်နှင့် တရားကိုယ်ကို တွဲစပ်ပြပါ။
ဒ။ သမ္မပ္ပဓာန် ဣဒ္ဓိပါဒ်တို့ တရားကိုယ်ကောက်ရာစိတ်ကား ဘယ်စိတ်များ
နည်း၊ လင်္ကာထောက်ပါ။
ဓ။ ကြွင်းတရားများ၏ တရားကိုယ်ကောက်ရာစိတ်ကား ဘယ်စိတ်များ
နည်း၊ လင်္ကာထောက်ပါ။
## Trang 228
**ဂ။ အမှာစကားချပ်။** "ဧတ္ထ ပန စတ္တာရော သတိပဋ္ဌာနာတိ" မှစ၍
"ဆဗ္ဗိသုဒ္ဓိပဝတ္တိယံ" တိုင်အောင်သော စကားရပ်ကား မှတ်ချက်ကို ပြသော
စကားတည်း။
စတ္တာရော သတိပဋ္ဌာနာတိ ၊ ပေ ၊ ပဝုစ္စတိ — ဤစကားကား သတိ
ပဋ္ဌာန်၏ တရားကိုယ်ကို ကောက်ပြသော စကားတည်း၊ သတိပဋ္ဌာန် ၄ ပါး၏
တရားကိုယ်မှာ သမ္မာသတိခေါ် စေတသိက် ၁ ပါးသာ ဟူလို။
တထာ စတ္တာရော ၊ ပေ ၊ သမ္မာဝါယာမော — ဤစကားကား သမ္မပ္ပ
ဓာန်၏ တရားကိုယ်ကို ကောက်ပြသော စကားတည်း၊ သမ္မပ္ပဓာန် ၄ ပါး၏
တရားကိုယ်လည်း သမ္မာဝါယာမခေါ်သော ဝီရိယစေတသိက် ၁ ပါးသာ
ဟူလို။
**ဂါထာ။** ပန-အမှာစကားချပ် ညှပ်လိုက်ဦးအံ့၊
ဧတ္ထ-ဤဗောဓိပက္ခိယသင်္ဂဟ၌၊ သမ္မာသတိ ဧကာဝ-သမ္မာသတိ
တစ်ပါးတည်းကိုပင်၊ စတ္တာရော သတိပဋ္ဌာနာတိ-စတ္တာရော သတိပဋ္ဌာနာဟူ၍၊ ပဝုစ္စတိ-ဆိုအပ်၏၊ တထာ-ထို့အတူ၊ သမ္မာဝါယာမော-သမ္မာဝါယာမ
တစ်ပါးတည်းကိုပင်၊ စတ္တာရော သမ္မပ္ပဓာနာတိ-စတ္တာရော
သမ္မပ္ပဓာနာ ဟူ၍လည်း၊ ပဝုစ္စတိ-ဆိုအပ်၏။
**သင်္ဂဟအပြား**
၉။ ဆန္ဒော-ဆန္ဒစေတသိက်၎င်း၊
စိတ္တံ-စိတ်၎င်း၊ ဥပေက္ခာ-တတြမဇ္ဈတ္တတာ၎င်း၊ သဒ္ဓါ-သဒ္ဓါ
၎င်း၊ ပဿဒ္ဓိပီတိယော-ပဿဒ္ဓိ ပီတိ စေတသိက်တို့၎င်း၊
သမ္မာဒိဋ္ဌိစ-သမ္မာဒိဋ္ဌိ၎င်း၊ သင်္ကပ္ပေါ-သမ္မာသင်္ကပ္ပ၎င်း၊ ဝါ
ယာမော-သမ္မာဝါယာမ၎င်း၊ ဝိရတိတ္တယံ-ဝိရတိသုံးပါး၎င်း၊
သမ္မာသတိ-သမ္မာသတိ၎င်း၊ သမာဓိ-သမ္မာသမာဓိ၎င်း၊
ဣတိ-ဤသို့၊ သဘာဝတော-တရားကိုယ်သဘောအားဖြင့်၊
စုဒ္ဒသ-တစ်ဆယ့်လေးပါးတို့တည်း၊ ပဘေဒေန-အပြားအားဖြင့်၊
သတ္တတ္တိံသ-သုံးဆယ့်ခုနစ်ပါးတည်း၊ တတ္ထ-ထိုဗောဓိပက္ခိယ
တရားတို့၌၊ သင်္ဂဟော-သင်္ဂဟသည်၊ သတ္တဓာ-ခုနစ်ပါးပြား၏။
၉။ ဆန္ဒောစိတ္တ ၊ ပေ ၊ သတ္တဓာ တတ္ထ သင်္ဂဟော — ဤဂါထာကား
ဗောဓိပက္ခိယတရားတို့၏ တရားကိုယ်ကို၎င်း၊ နာမည်အပြားကို၎င်း၊ သင်္ဂဟ
အပြားကို၎င်း၊ ပြသော ဂါထာတည်း။
ဗောဓိပက္ခိယတရားအပေါင်းကို တရားကိုယ်အားဖြင့် ရေတွက်လျှင်
၁-ဆန္ဒ၊ ၂-စိတ်၊ ၃-တတြမဇ္ဈတ္တတာ စေတသိက်၊ (၎င်းကို ဥပေက္ခာ ဟု
ခေါ်သည်၊ ဝေဒနာတည်းက ဥပေက္ခာမဟုတ်၊) ၄-သဒ္ဓါ၊ ၅-ပဿဒ္ဓိ စေတ
သိက် (ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိ ၂ ပါးကို တစ်ပေါင်းတည်းပြု၍ တစ်ခုတည်း
ယူသည်။) ၆-ပီတိ၊ ၇-သမ္မာဒိဋ္ဌိခေါ် ပညာ၊ ၈-သမ္မာသင်္ကပ္ပခေါ် ဝိတက်၊
၉-သမ္မာဝါယာမခေါ် ဝီရိယ၊ ၁၀-၁၁-၁၂-သမ္မာဝါစာ သမ္မာကမ္မန္တ
သမ္မာအာဇီဝ၊ ၁၃-သမ္မာသတိခေါ် သတိ၊ ၁၄-သမ္မာသမာဓိခေါ် ဧကဂ္ဂတာ၊
ဤ ၁၄ ပါးသာတည်း၊ တရားကိုယ်ကောက်ပုံ ပြန်ကြည့်လေ။
သတ္တတ္တိံသပဘေဒေန-နာမည်အားဖြင့် ရေတွက်လျှင် သတိပဋ္ဌာန်က
ကာယာနုပဿနာ သတိပဋ္ဌာန် စသည့်ဖြင့် ၄ ပါး၊ သမ္မပ္ပဓာန်က ဥပ္ပန္နပါပက
ပဟာနာယ ဝါယာမ စသည်ဖြင့် ၄ ပါး၊ ဤသို့ စသည်ဖြင့် ၃၇ ပါး ပြား၏၊
မဂ္ဂင်တိုင်အောင် ရေတွက်ကြည့်လေ။
## Trang 229
၁၀။ သင်္ကပ္ပပဿဒ္ဓိစ-သင်္ကပ္ပ ပဿဒ္ဓိ စေတသိက်တို့
သည်၎င်း၊ ဥပေက္ခာပီတိ-တတြမဇ္ဈတ္တ ဥပေက္ခာတို့
သည်၎င်း၊ ဆန္ဒောစ-ဆန္ဒသည်၎င်း၊ စိတ္တံ-စိတ်သည်၎င်း၊
ဝိရတိတ္တယဉ္စ-ဝိရတိသုံးပါးသည်၎င်း၊ နဝ-ကိုးပါးသော
တရားတို့သည်၊ ဧကဋ္ဌာနာ-တစ်ဌာနစီသာ ရှိကြကုန်၏၊
ဝီရိယံ-ဝီရိယသည်၊ နဝဋ္ဌာနံ-ကိုးဌာန ရှိ၏၊ သတိ-သတိ
သည်၊ အဋ္ဌဋ္ဌာနံ-ရှစ်ဌာန ရှိ၏၊ သမာဓိ-သမာဓိသည်၊
စတုဋ္ဌာနံ-လေးဌာန ရှိ၏၊ ပညာ-ပညာသည်၊ ပဉ္စ
ဋ္ဌာနာ-ငါးဌာန ရှိ၏၊ သဒ္ဓါ-သဒ္ဓါသည်၊ ဒုဋ္ဌာနာ-နှစ်ဌာနရှိ၏၊
(ဣတိ-ဤသို့၊) ဥတ္တမသတ္တတ္တိံသဓမ္မာနံ-မြတ်သော သုံးဆယ့်
ခုနစ်ပါးသော ဗောဓိပက္ခိယတရားတို့၏၊ ပဝရော-ကောင်း
မြတ်သော၊ ဧသော ဝိဘာဂေါ-ဤခွဲစိတ်ဝေဘန်ခြင်းသည်၊
ဟောတိ-ဖြစ်၏။
၁၀။ သင်္ကပ္ပပဿဒ္ဓိစ ၊ ပေ ၊ ဧသော ဝိဘာဂေါ — ဤဂါထာကား တရားကိုယ်
၁၄ ပါး၏ ဖြစ်ရာဌာနကို ခွဲခြားပြသော ဂါထာတည်း။
နဝဋ္ဌာနာ နဝ+ဧကာ...သက် စသော ၉ ပါးတို့၏
တည်ရာဌာနသည် ၁ ပါးစီ ရှိ၏၊ သင်္ကပ္ပ(ဝိတက်)၏ ဌာနကား သမ္မာသင်္ကပ္ပ
မဂ္ဂင်တည်း။ ပဿဒ္ဓိဌာန=ပဿဒ္ဓိသမ္ဗောဇ္ဈင်။ ပီတိဌာန=ပီတိ
သမ္ဗောဇ္ဈင်။ ဥပေက္ခာဌာန=ဥပေက္ခာသမ္ဗောဇ္ဈင်။ ဆန္ဒဌာန=ဆန္ဒိဒ္ဓိ
ပါဒ်။ စိတ္တဌာန=စိတ္တိဒ္ဓိပါဒ်။ ဝိရတိတ္တယဌာနတွင် သမ္မာဝါစာဌာန=
သမ္မာဝါစာမဂ္ဂင်။ သမ္မာကမ္မန္တဌာန=သမ္မာကမ္မန္တမဂ္ဂင်။ သမ္မာအာဇီဝ
ဌာန=သမ္မာအာဇီဝမဂ္ဂင်တည်း။
ဝီရိယံ နဝ — ဝီရိယ၏ တည်ရာဌာနကား ၉ ဌာနရှိ၏၊ သမ္မပ္ပဓာန် ၄၊
ဝီရိယိဒ္ဓိပါဒ်၊ ဝီရိယိန္ဒြေ၊ ဝီရိယဗိုလ်၊ ဝီရိယသမ္ဗောဇ္ဈင်၊ သမ္မာဝါယာမမဂ္ဂင်
တို့တည်း။
အဋ္ဌ သတိ — သတိ၏ တည်ရာဌာနကား ၈ ပါး ရှိ၏၊ သတိပဋ္ဌာန ၄၊
သတိန္ဒြေ၊ သတိဗိုလ်၊ သတိသမ္ဗောဇ္ဈင်၊ သမ္မာသတိမဂ္ဂင်တို့တည်း။
သမာဓိစတု — သမာဓိ၏ တည်ရာဌာနကား ၄ ဌာနရှိ၏၊ သမာဓိန္ဒြေ၊
သမာဓိဗိုလ်၊ သမာဓိသမ္ဗောဇ္ဈင်၊ သမ္မာသမာဓိမဂ္ဂင်တို့တည်း။
ပဉ္စပညာ — ပညာ၏ တည်ရာဌာနကား ၅ ဌာနရှိ၏၊ ဝီမံသိဒ္ဓိပါဒ်၊
ပညိန္ဒြေ၊ ပညာဗိုလ်၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်၊ သမ္မာဒိဋ္ဌိမဂ္ဂင်တို့တည်း။
သဒ္ဓါ ဒုဋ္ဌာနာ — သဒ္ဓါ၏ တည်ရာဌာနကား သဒ္ဓိန္ဒြေ၊ သဒ္ဓါဗိုလ်
အားဖြင့် ၂ ပါးရှိ၏။ [ဒုဋ္ဌာနုတ္တမ-ကို ဒုဋ္ဌာနာ+ဥတ္တမ ဟု ပုဒ်ဖြတ်။]
**ဗောဓိပက္ခိယဖြစ်ရာစိတ်များ**
၁၁။ သဗ္ဗေ-အလုံးစုံသော ဗောဓိပက္ခိယတရားတို့သည်၊ လောကုတ္တရေ-
လောကုတ္တရာစိတ်၌၊ ဟောန္တိ-ဖြစ်ကုန်၏၊ သင်္ကပ္ပပီတိယော-သင်္ကပ္ပပီတိတို့သည်ကား၊ ဝါ-အချို့
လောကုတ္တရာစိတ်၌၊ န ဟောန္တိ-မဖြစ်ကုန်၊ ဆဗ္ဗိသုဒ္ဓိပဝတ္တိယံ-
၁၁။ သဗ္ဗေ လောကုတ္တရေ ၊ ပေ ၊ ဆဗ္ဗိသုဒ္ဓိပဝတ္တိယံ — ဤဂါထာကား
ဗောဓိပက္ခိယတရားတို့ ရထိုက်ရာစိတ်ကို သတ်မှတ်ပြသော ဂါထာတည်း၊
ဗောဓိပက္ခိယတရားများသည် လောကုတ္တရာစိတ်၌ ဖြစ်ကုန်-ရထိုက်ကုန်၏၊
## Trang 230
သီလဝိသုဒ္ဓိ စသော ခြောက်ပါးသော ဝိသုဒ္ဓိတို့၏ ဖြစ်ရာအခါ၌၊
လောကိယေပိ-လောကီကုသိုလ် ကြိယာ၌လည်း၊ ယထာ
ယောဂံ-ယှဉ်သင့်သည်အားလျော်စွာ၊ ဟောန္တိ-ဖြစ်နိုင်
ကုန်၏။
သို့သော်... "နဝါ သင်္ကပ္ပပီတိယော" ဟုဆိုသောကြောင့် သင်္ကပ္ပ
(ဝိတက်) နှင့် ပီတိကား အချို့လောကုတ္တရာစိတ်များ၌ မရထိုက်၊ လော
ကုတ္တရာ ဒုတိယဈာန်စိတ် စသည်၌ သင်္ကပ္ပ မရထိုက်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန်
စိတ်၌ ပီတိမယှဉ်နိုင် ဟူလို၊ မယှဉ်ကြောင်းမှာ စေတသိက်ပိုင်းကို သတိပြု။
လောကိယေပိ ၊ ပေ ၊ ဆဗ္ဗိသုဒ္ဓိပဝတ္တိယံ — ကမ္မဋ္ဌာန်းပိုင်း၌ လာလတ္တံ့
ဖြစ်သော သီလဝိသုဒ္ဓိ စိတ္တဝိသုဒ္ဓိ ဒိဋ္ဌိဝိသုဒ္ဓိ ကင်္ခါဝိတရဏဝိသုဒ္ဓိ မဂ္ဂါမဂ္ဂ
ဉာဏဒဿနဝိသုဒ္ဓိ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိတို့ကို ဖြစ်စေဘို့ရာ လောကီ
ကုသိုလ် ကြိယာစိတ်များဖြင့် အားထုတ်ရလေသည်၊ ထိုအားထုတ်မှုဟူသည်
သတိပဋ္ဌာန် သမ္မပ္ပဓာန်စသော တရားများပင်တည်း၊ ထို့ကြောင့် လောကီ
ကုသိုလ်ကြိယာစိတ်များ၌လည်း ဗောဓိပက္ခိယတို့ ထိုက်သင့်သလို ဖြစ်ကုန်
သေး၏။
ဤစကားအရ လောကီကုသိုလ် ကြိယာများ၌ ယှဉ်ခိုက်ဖြစ်သော သတိ
စသည်ကိုလည်း သတိပဋ္ဌာန် သမ္မပ္ပဓာန်စသည်တို့အရ ကောက်ယူခဲ့ရပေသည်။
ဝိပါက်တရားများကား ပဋိသန္ဓေ ဘဝင်စုတိ တဒါရုံကိစ္စလောက်သာ တပ်နိုင်
သောကြောင့် သီလဝိသုဒ္ဓိ စသည့်တို့ကို မဖြစ်စေနိုင်၊ ထို့ကြောင့် ဝိပါက်၌
ယှဉ်သော တရားများကို တရားကိုယ် မကောက်ရ။
**လေ့ကျင့်ခန်း မေးခွန်းများ**
က။ "စတ္တာရော သတိပဋ္ဌာနာ ၊ ပေ ၊ ပဝုစ္စတိ" ကား ဘာကို ပြသော
စကားနည်း။
ခ။ "တထာ စတ္တာရော ၊ ပေ ၊ သမ္မာဝါယာမော" ကား ဘာကို ပြသော
စကားနည်း။
ဂ။ "ဆန္ဒောစိတ္တ ၊ ပေ ၊ သတ္တဓာ တတ္ထ သင်္ဂဟော" ဂါထာကား ဘာကို
ပြသော ဂါထာနည်း။
ဃ။ ထိုဂါထာအရ ဗောဓိပက္ခိယတရားအားလုံး၏ တရားကိုယ်ကို ရေ
တွက်ပါ။
င။ ဗောဓိပက္ခိယတရား ၃၇ ပါး၏ နာမည်ကို ရေတွက်ပါ။
စ။ သတ္တဓာ တတ္ထ သင်္ဂဟော-အရ သင်္ဂဟ ၇ ပါးကို ရေတွက်ပြပါ။
ဆ။ ၁ ဌာနစီသာ ပါသော တရားတို့ကို ရေတွက်၍ ဆိုင်ရာဌာနကိုလည်း
ညွှန်းပြပါ။
ဇ။ ၉ ဌာနပါသော တရား၏ ၉ ဌာနသရုပ်ကို ရေတွက်ပါ။
ဈ။ ၈ ဌာနပါသော တရား၏ ၈ ဌာနသရုပ်ကို ရေတွက်ပါ။
ည။ ၄ ဌာနပါသော တရား၏ ၄ ဌာနသရုပ်ကို ရေတွက်ပါ။
ဋ။ ၅ ဌာနပါသော တရား၏ ၅ ဌာနသရုပ်ကို ရေတွက်ပါ။
ဌ။ ၂ ဌာနပါသော တရား၏ ၂ ဌာနသရုပ်ကို ရေတွက်ပါ။
ဍ။ "နဝါ သင်္ကပ္ပပီတိယော" အရ သင်္ကပ္ပနှင့် ပီတိတို့သည် အဘယ်
လောကုတ္တရာ၌ မရထိုက်ကုန်သနည်း။
ဎ။ ဗောဓိပက္ခိယတရားကိုယ်များကို လောကီစိတ်၌လည်း ကောက်ထိုက်
သလော၊ ကောက်ထိုက်လျှင် သာဓကပါဠိကို ပြပါ။
ဏ။ လောကီဝိပါက်၌ အဘယ့်ကြောင့် ဗောဓိပက္ခိယတရားများ မရထိုက်
သနည်း။
## Trang 231
၁။ သဗ္ဗသင်္ဂဟေ - သဗ္ဗသင်္ဂဟ၌၊ ခန္ဓာ – ခန္ဓာ
သဗ္ဗသင်္ဂဟ တို့သည်၊ ရူပက္ခန္ဓော-ရူပက္ခန္ဓာ၎င်း၊ ဝေဒ
နာက္ခန္ဓော-ဝေဒနာက္ခန္ဓာ၎င်း၊ သညာက္ခန္ဓော - သညာက္ခန္ဓာ
၎င်း၊ သင်္ခါရက္ခန္ဓော- သင်္ခါရက္ခန္ဓာ၎င်း။ ဝိညာဏက္ခန္ဓော-
ဝိညာဏက္ခန္ဓာ၎င်း၊ (ဣတိ-ဤသို့၊) ပဉ္စ-ငါးပါးတို့တည်း။
၂။ ဥပါဒါနက္ခန္ဓာ – ဥပါဒါနက္ခန္ဓာ တို့သည်၊ ရူပုပါဒါ
နက္ခန္ဓော - ရူပုပါဒါနက္ခန္ဓာ၎င်း၊ ဝေဒနုပါဒါနက္ခန္ဓော- ဝေဒ
နုပါဒါနက္ခန္ဓာ ၎င်း၊ သညုပါဒါနက္ခန္ဓော – သညုပါဒါနက္ခန္ဓာ
၎င်း၊ သင်္ခါရုပါဒါနက္ခန္ဓော – သင်္ခါရုပါဒါနက္ခန္ဓာ၎င်း၊ ဝိညာ
ဏုပါဒါနက္ခန္ဓော-ဝိညာဏုပါဒါနက္ခန္ဓာ၎င်း၊ (ဣတိ-ဤသို့၊ )
ပဉ္စ-တို့တည်း။
သဗ္ဗသင်္ဂဟ ။
စိတ် စေတသိက် ရုပ် နိဗ္ဗာန် အားလုံးကို သိမ်းကြုံး
ရေတွက်ရာ အခန်းကို " သဗ္ဗသင်္ဂဟ " ဟု ခေါ်သည်။
၁။ ခန္ဓာ။ ။ခန္ဓသဒ္ဒါသည် – "အစုအပုံ " ဟူသော အနက်ကို ဟော
၏၊ ထို့ကြောင့် – ရူပက္ခန္ဓာ=ရုပ်အစု၊ ဝေဒနာက္ခန္ဓာ=ဝေဒနာအစု
စသည်ဖြင့် သိရာ၏၊ "အစုအပုံ"ဟူရာ၌ စပါးတွေ စုပုံနေသကဲ့သို့ ခန္ဓာကိုယ်
တွင်း၌ ရုပ်တွေ ဝေဒနာတွေ စုပုံနေသည်ဟု မမှတ်နှင့်၊ အတိတ်ရုပ် အနာ
ဂတ်ရုပ် ပစ္စုပ္ပန်ရုပ် ၃ မျိုးကို ဉာဏ်ဖြင့် စုပေါင်း စပ်ထားရာ၏၊ ထို ၃ မျိုး
ပေါင်းစပ်အပ်သော အစုအပုံကိုပင် " ရူပက္ခန္ဓာ = ရုပ် အစု" ဟု ဆိုသည်။
ရုပ်အများ တွင်လည်း ပထဝီဓာတ် တစ်ခုသည်ပင် အတိတ်ပထဝီ အနာဂတ်
ပထဝီ ပစ္စုပ္ပန်ပထဝီ ၃ မျိုးရှိ၏၊ ထို ၃ မျိုး စုပုံလျှင် ပထဝီဓာတ် တစ်ခုကိုပင်
"ရူပက္ခန္ဓာ " ဟု ခေါ်နိုင်သည်။
ထို့ကြောင့် ဝေဒနာတစ်ခု, သညာတစ်ခုထည်းကိုပင် အတိတ် အနာဂတ်
ပစ္စုပ္ပန်ဝေဒနာတွေ သညာတွေ စုပေါင်း၍ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ ဟု
ခေါ်နိုင်ကြောင်း သိပါ။ [ အဇ္ဈတ္တ ဗဟိဒ္ဓ စသော အပြားနှင့် တရားကိုယ်
ကောက်ပုံမှာ နောက်၌ ထင်ရှားလတ္တံ့။ ]
နိဿယနှင့်အဓိပ္ပါယ်
၂။ ဥပါဒါနက္ခန္ဓာ။ ။ဥပါဒါန်တရားတို့၏အာရုံဖြစ်သော ခန္ဓာကို
" ဥပါဒါနက္ခန္ဓာ " ဟု ခေါ်သည်၊ ထို့ကြောင့် ဥပါဒါနက္ခန္ဓာ"အရ ကာမု
ပါဒါန် စသည်တို့၏ အာရုံဖြစ်သော လောကီစိတ် စေတသိက် များနှင့် ရုပ်
အားလုံးကို ကောက်။
[မေး] ဘယ်အကျိုးငှာ ခန္ဓ ဥပါဒါနက္ခန္ဓ ဟု နှစ်မျိုးခွဲ၍ ဟောတော်
မူသနည်း။
[ ဖြေ ] ၁။ ခန္ဓ ဟူသော နာမည် အတွင်း၌ ရထိုက်သမျှ လောကီ
လောကုတ္တရာ အားလုံးကို သွင်း၍ ခန္ဓာဖွဲ့ပြခြင်းငှာ ပဌမ ခန္ဓဒေသနာကို
ဟောတော်မူ၏။
၂။ ယောဂီပုဂ္ဂိုလ်တို့ ဝိပဿနာကမ္မဋ္ဌာန်း စီးဖြန်းသည့်အခါ ဝိပဿနာ
ရှုဘို့ အတွက် လောကီတရား သက်သက်ကို ခန္ဓာ ဖွဲ့ပြခြင်းငှာ ဒုတိယ ဥပါဒါ
နက္ခန္ဓဒေသနာကို ဟောတော်မူသည်။
[ရူပံအနိစ္စံ, ဝေဒနာအနိစ္စာ စသည်ဖြင့် အနိစ္စ ဒုက္ခ အနတ္တဟု ကမ္မဋ္ဌာန်း
ရှုသည့်အခါ လောကုတ္တရာတရားကို အာရုံပြု၍ မရှုရ၊ လောကီ ရုပ်နာမ် ခန္ဓာ
ကိုသာ အာရုံပြုရသည်။]
[ဆောင်] ၁။ လောကီ လောကုတ်, မယုတ်မကြွင်း, ခန္ဓာ တွင်း၌, သိမ်း
သွင်း၍ယူ, ပြတော်မူ, မှတ်ယူ ခန္ဓ ဒေသနာနည်း။
၂။ ဝိပဿနာ,ရှုဘို့ငှာလျှင်, ဥပါဒါနက်, လောကီတွက်,
သက်သက် ဟောရ ပြန်သတည်း။
## Trang 232
၃။ အာယတနာနိ− အာယတန တို့သည်၊ စက္ခာယတနံ-
စက္ခာယတန၎င်း၊ သောတာယတနံ − သောတာယတန ၎င်း၊
ဃာနာယတနံ – ဃာနာယတန၎င်း၊ ဇိဝှါယတနံ -ဇိဝှါယတန
၎င်း၊ ကာယာယတနံ – ကာယာယတန ၎င်း၊ မနာယတနံ−
မနာယတန၎င်း၊ ရူပါယတနံ – ရူပါယတန၎င်း၊ သဒ္ဒါယတနံ-
သဒ္ဒါယတန၎င်း၊ ဂန္ဓာယတနံ-ဂန္ဓာယတန၎င်း၊ ရသာယတနံ-
ရသာယတန ၎င်း၊ ဖေါဋ္ဌဗ္ဗာယတနံ – ဖေါဋ္ဌဗ္ဗာယတန ၎င်း၊
ဓမ္မာယတနံ – ဓမ္မာယတန၎င်း၊ ဣတိ-ဤသို့၊ ဒွါဒသ – တစ်ဆယ့်
နှစ်ပါး တို့တည်း။
၄။ ဓာတုယော-ဓာတ်တို့သည်၊ စက္ခုဓာတု-စက္ခု ဓာတ်
၎င်း၊ သောတဓာတု – သောတဓာတ်၎င်း၊ ဃာနဓာတု-ဃာန
ဓာတ်၎င်း၊ ဇိဝှါဓာတု-ဇိဝှါဓာတ်၎င်း၊ ကာယဓာတု – ကာယ
ဓာတ်၎င်း၊ ရူပဓာတု – ရူပဓာတ်၎င်း၊ သဒ္ဒဓာတု - ၎င်း၊ ဂန္ဓ
ဓာတု-၎င်း၊ ရသဓာတု-၎င်း၊ ဖေါဋ္ဌဗ္ဗဓာတု - ဖေါဋ္ဌဗ္ဗဓာတ်
၎င်း၊ စက္ခုဝိညာဏဓာတု-စက္ခုဝိညာဏဓာတ်၎င်း၊ သောတ
ဝိညာဏဓာတု-သောတဝိညာဏဓာတ်၎င်း၊ ဃာနဝိညာဏ
ဓာတု - ဃာနဝိညာဏဓာတ်၎င်း၊ ဇိဝှါဝိညာဏဓာတု – ဇိဝှါ
ဝိညာဏဓာတ်၎င်း၊ ကာယဝိညာဏဓာတု - ကာယဝိညာဏ
ဓာတ်၎င်း၊ မနောဓာတု - မနောဓာတ်၎င်း၊ မနောဝိညာဏ
ဓာတု - မနောဝိညာဏဓာတ်၎င်း၊ ဓမ္မဓာတု - ဓမ္မဓာတ်၎င်း၊
( ဣတိ-ဤသို့၊) အဋ္ဌာရသ-တစ်ဆယ့်ရှစ်ပါးတို့တည်း။
၃။ အာယတန။ ။အာယတန သဒ္ဒါသည် " အကြောင်း" ဟူသော
အနက်ကို ဟော၏၊ စိတ် စေတသိတ်တို့သည် ရူပါရုံ စက္ခုပသာဒ စသည်ကို
အကြောင်းပြု၍ ဖြစ်ကြကုန်၏၊ ဤသို့ စိတ် စေတသိက်တို့၏ ဖြစ်ကြောင်း တရား
များကို"အာယတန" ဟု ဆိုရသည်၊ စက္ခာယတနစသော ငါးပါးတို့၏ တရား
ကိုယ်ကား စက္ခုပသာဒစသော ပသာဒရုပ် ငါးပါးတည်း၊ ရူပါယတန စသည့်
တို့၏ တရားကိုယ်မှာ ရူပါရုံစသော အာရုံ ငါးပါးတည်း၊ ဓမ္မာယတန၏
တရားကိုယ်မှာ နောက်၌ ထင်ရှားလတ္တံ့၊ စိတ်အားလုံးသည် မနာယတန၊
၄။ ဓာတ်။ ။မိမိသဘောကို ဆောင်တတ်သော တရားကို " ဓာတ်"
ဟု ခေါ်သည်၊ [ "မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်သည်ကို
ဆောင်သည် " ဟု ခေါ်၏။]
နိဿယနှင့်အဓိပ္ပါယ်
စက္ခုဓာတ် စသော ငါးပါး၏ တရားကိုယ်သည် စက္ခုပသာဒ စသော
ငါးပါးတည်း၊ ရူပဓာတ် စသော ငါးပါး၏ တရားကိုယ်ကား ရူပါရုံ စသော
ငါးပါးတည်း၊ (အာယတန ကောက်ပုံနှင့် တူ၏) စက္ခုဝိညာဏဓာတ်=စက္ခု
ဝိညာဉ်ဒွေး၊ သောတ ဃာန ဇိဝှါ ကာယဝိညာဏဓာတ် တို့ကား သောတ
ဝိညာဉ်ဒွေး ဃာနဝိညာဉ်ဒွေး ဇိဝှါဝိညာဉ်ဒွေး ကာယဝိညာဉ်ဒွေးတို့တည်း။
မနောဓာတ်၏ တရားကိုယ်ကား ပဉ္စဒွါရာဝဇ္ဇန်း ၁, သမ္ပဋိစ္ဆန်း ၂,
ပေါင်း ၃ ပါးတည်း။ [ " ပဉ္စဒွါရာဝဇ္ဇန သမ္ပဋိစ္ဆနသင်္ခါတာ ပန မနော
ဓာတုစ " ကို ထောက်၊ ] ဒွေပဉ္စဝိညာဏ် ၁၀, မနောဓာတ် ၃ မှ ကြွင်းသော
စိတ် ၇၆ ကို မနောဝိညာဏဓာတ် ဟု ခေါ်သည်၊ ဓမ္မဓာတ်ကား ထင်ရှား
လတ္တံ့။
## Trang 233
၅။ အရိယသစ္စာနိ – အရိယသစ္စာ တို့သည်၊ ဒုက္ခံ - ဒုက္ခ
ဟူသော၊ အရိယသစ္စံ - အရိယသစ္စာ၎င်း၊ ဒုက္ခသမုဒယော-
ဒုက္ခ၏ ဖြစ်ကြောင်းဖြစ်သော၊ အရိယသစ္စံ - ၎င်း၊ ဒုက္ခနိရော
ဓော-ဒုက္ခ၏ချုပ်ရာဖြစ်သော၊ အရိယသစ္စံ-အရိယသစ္စာ၎င်း၊ ဒုက္ခနိရောဓ
ဂါမိနီပဋိပဒါ-ဒုက္ခ၏ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်
ဖြစ်သော၊ အရိယသစ္စံ – အရိယသစ္စာ၎င်း၊ ( ဣတိ- ဤသို့၊ )
စတ္တာရိ-လေးပါးတို့တည်း။
အမှာစကားချပ်
၆။ ပန-အမှာစကားချပ် ညှပ်လိုက်ချူးအံ့၊
ဧတ္ထ – ဤ သဗ္ဗ သင်္ဂဟ၌၊ စေတသိက
သုခုမရူပ နိဗ္ဗာနဝသေန - စေတသိက် သုခုမရုပ် နိဗ္ဗာန်တို့၏
အပြားအားဖြင့် ဧကူနသတ္တတိဓမ္မာ-တစ်ခုယုတ်ခုနှစ်ဆယ်သော
တရားတို့သည်၊ ဓမ္မာယတနဓမ္မဓာတုတိ-ဓမ္မာယတနဓမ္မဓာတ်
ဟူ၍၊ သင်္ခံ-ခေါ်ဝေါ်အပ်သည်၏ အဖြစ်သို့၊ ဂစ္ဆန္တိ-ရောက်
ကုန်၏။
၇။ မနာယတနမေဝ-မနာယတနတစ်ခုထည်းကပင်၊ သတ္တ
ဝိညာဏဓာတုဝသေန - ခုနစ်ပါးသော ဝိညာဏ ဓာတ်တို့၏
အပြားအားဖြင့်၊ ဘိဇ္ဇတိ-ပြား၏။
၈။ ရူပဉ္စ – ရုပ်၎င်း၊ ဝေဒနာ - ဝေဒနာစေတသိက်၎င်း၊
သညာ-သညာစေတသိက်၎င်း၊ သေသစေတသိကာ-ဝေဒနာ
သညာမှ ကြွင်းသော စေတသိက် ငါးဆယ်တို့၎င်း၊ တထာ-
ထိုမှတစ်ပါး၊ ဝိညာဏံ – ဝိညာဏ်၎င်း၊ ဣတိ-သို့၊ ဧတေပဉ္စ-
၏ ငါးမျိုးတို့ကို၊ ပဉ္စက္ခန္ဓာတိ - ငါးပါးသော ခန္ဓာတို့ ဟူ၍
ဘာသိတာ-ဆိုအပ်ကုန်၏။
၅။ သစ္စာ။ ။သစ္စသဒ္ဒါသည် " အမှန် " ဟူသောအနက်ကို ဟော၏၊
ဒုက္ခဟူ၍ ဟောအပ်သော တရားတွေသည် ဧကန် အမှန် ဒုက္ခဖြစ်၏၊ သမုဒယ
ဟောအပ်သော တဏှာလည်း ဧကန်အမှန် ဒုက္ခ၏ အကြောင်း ဖြစ်၏၊
ဤသို့ စသည့်ဖြင့် မှန်ကန်သော တရားကို " သစ္စာ" ဟု ခေါ်သည်၊ ထို သစ္စာ
၄ပါးကိုပင် အရိယာပုဂ္ဂိုလ်တို့ သိအပ်သောကြောင့်"အရိယသစ္စာ" ဟုလည်း
ခေါ်ရပြန်သည်၊ ဤ သစ္စာ ၄ ပါးတရားကိုယ်မှာ ထင်ရှားလတ္တံ့။
သင်္ဂြိုဟ်ပါဠိအခေါ် | ခေါ်ဝေါ်ရိုး
(၁) ဒုက္ခ အရိယသစ္စ | ဒုက္ခသစ္စာ
(၂) ဒုက္ခသမုဒယ အရိယသစ္စ | သမုဒယသစ္စာ
(၃) ဒုက္ခနိရောဓ အရိယသစ္စ | နိရောဓသစ္စာ
(၄) ဒုက္ခနိရောဓဂါမိနီပဋိပဒါအရိယသစ္စ | မဂ္ဂသစ္စာ
၆။ အမှာစကားချပ်။ ။ ဧတ္ထပန ။ ပေ ၊ သင်္ခံ ဂစ္ဆန္တိ ဝါကျမှ စ၍
သဗ္ဗသင်္ဂဟ ဆုံးသည့်တိုင်အောင်သော စကားကား အမှာ စကားချည်သာ
တည်း၊ ထိုတွင် ဤ " စေတသိက် သုခုမ ၊ ပေ ၊ ဂစ္ဆန္တိ " ကား ဓမ္မာယတန
ဓာတ်၏ တရားကိုယ်ကိုပြသော စကားတည်း၊ စေတသိက် ၅၂, သုခုမ
ရုပ် ၁၆, နိဗ္ဗာန် ၁, ဤ တစ်ခုယုတ် ၇၀ သော တရားများကို ဓမ္မာယတန
ဓမ္မဓာတ်အရ ကောက်ပါဟူလို။
၇။ မနာယတနမေဝ၊ ပေ ၊ ဘိဇ္ဇတိ-အာယတန ၁၂ ပါး၌လာသော
မနာယတနတစ်ခုတည်းကပင်လျှင် ဓာတ်အခန်း၌ ဝိညာဏဓာတ် ၇ ပါး
အဖြစ်ဖြင့် ကွဲပြားရသည်။ [ ဝိညာဏဓာတ် ၇ ပါးဆိုသော်လည်း မနော
ဓာတ်မှာ ဝိညာဏဓာတ်မဟုတ်၊ သို့သော် စက္ခုဝိညာဏဓာတ် စသည်ဖြင့်
ဝိညာဏဓာတ်တွေက များနေသောကြောင့် စိတ်ဟူသမျှ ဝိညာဏဓာတ်ဟု
(များရာလိုက်၍) ဆိုဟန်တူသည်။ ]
၈။ ခန္ဓာ။ ။ရူပဉ္စ၊ပေ၊ ဘာသိတာ-ဤဂါထာကား ခန္ဓာငါးပါး၏
တရားကိုယ်ကို ကောက်ပြသော ဂါထာတည်း၊ ဤဂါထာ အရ--ရုပ်အဋ္ဌဝီသ
## Trang 234
၉။ တေဘူမကာ - ဘုံသုံးပါး၌ ဖြစ်ကုန်သော၊ တထာ-
ထို ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ် တို့ကို၊ ပဉ္စုပါဒါ
နက္ခန္ဓာတိ - ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ ဟူ၍၊ မတာ-
သိအပ်ကုန်၏၊ နိဗ္ဗာနံ-နိဗ္ဗာန်သည်၊ ဘေဒါဘာဝေန – အတိတ်
အနာဂတ်စသော အားဖြင့် အကွဲအပြား မရှိခြင်းကြောင့်၊ ခန္ဓ
သင်္ဂဟနိဿဋံ-ခန္ဓာအတွင်း၌ သွင်းယူခြင်းမှ လွတ်၏။
သည် ရူပက္ခန္ဓာ, ဝေဒနာစေတသိက်သည် ဝေဒနာက္ခန္ဓာ, သညာစေတသိက်
သည် သညာက္ခန္ဓာ, ဝေဒနာသညာမှ ကြွင်းသော စေတသိက်
၅၀ သည်
သင်္ခါရက္ခန္ဓာ,စိတ်တစ်ခုယုတ် ၉၀ သည် ဝိညာဏက္ခန္ဓာမည်၏ – ဟု နှုတ်
တက် ပါစေ။
၉။ ဥပါဒါနက္ခန္ဓာ။ ။ပဉ္စုပါဒါနက္ခန္ဓာ၊ပေ၊မတာ"၍ နှစ်ပါဒ
ကား ဥပါဒါနက္ခန္ဓာ၏ တရားကိုယ်ကိုပြသော စကားတည်း၊ တေဘူမက၌
ဘုံသုံးပါးကားကာမဘုံ ရူပဘုံ အရူပဘုံတည်း၊ ထိုဘုံသုံးပါး၌ ဖြစ်သော
တရားများကို " တေဘူမက " တရား ဟု ခေါ်သည်၊ ရုပ် ၂၈ နှင့် ကာမစိတ်,
ထိုစိတ်နှင့် ယှဉ်သော စေတသိက်သည် ကာမဘူမက=ကာမဘုံ၌ အကြုံးဝင်
၏၊ ရူပစိတ် စေတသိက်ကား ရူပဘူမက, အရူပစိတ် စေတသိက်ကား အရူပ
ဘူမကတည်း၊ လောကုတ္တရာ တရားများကား ဥပါဒါန်တို့၏ အာရုံမဟုတ်
သောကြောင့် မရထိုက်၊ ရုပ်အဋ္ဌဝီသသည် ရူပုပါဒါနက္ခန္ဓာ, ( ရူပက္ခန္ဓာနှင့်
မထူးပြီ)၊ လောကီစိတ်နှင့် ယှဉ်သော ဝေဒနာ သညာ ကျန်စေတသိက်များ
သည် ( အစဉ်အတိုင်း ) ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရု
ပါဒါနက္ခန္ဓာမည်၏၊ လောကီစိတ် ၈၁ သည် ဝိညာဏုပါဒါနက္ခန္ဓာ မည်၏။
နိဗ္ဗာန်ကို ခန္ဓာမဖွဲ့ရ။ ။ဘေဒါဘာဝေန၊ပေ၊နိဿဋံ-ဤ ၂ ပါဒ
ဖြင့် နိဗ္ဗာန်ကိုခန္ဓာမဖွဲ့ရခြင်း၏ အကြောင်းကိုပြ၏။ အတိတ် အနာဂတ်ပစ္စုပ္ပန်
စသော အားဖြင့် အကွဲ အပြား မရှိခြင်းကြောင့် နိဗ္ဗာန်ကို ခန္ဓာ မဖွဲ့ထိုက်။
[ဘေဒါဘာဝေန-ဟူသော ဟိတ်ပါဌ်ကို ကြည့်။ ]
[ဆောင်] ၁။ ကာလသုံးရပ်, အဇ္ဈ-ဗဟိ, သြဠာရိက, သုခုမနှင့်, ဟီန-
ပဏီတေ, ဒူရေ-သန္တိက, ကွဲပြား, ခန္ဓ-ဖွဲ့ကောင်းသည်။
၂။ နိဗ္ဗာန်သည်ကား, နှစ်ပါး မကွဲ, မြဲ ဗဟိဒ္ဓ, သုခုမနှင့်,
ပဏီတ ပေ, ဒူရေတွက်မှ, တစ်ဘက်ရ, ခန္ဓ ဝိမုတ်မည်။
မည်သည့်တရားမဆို အတိတ် အနာဂတ် ပစ္စုပ္ပန်ကွဲပြားလျှင် ထို ၃ မျိုးကို
စုပေါင်း၍ ခန္ဓာဖွဲ့ကောင်း၏၊ အဇ္ဈတ္တ ဗဟိဒ္ဓ ၂ မျိုးကွဲပြားလျှင် ထို ၂ မျိုးကို
စုပေါင်း၍၎င်း, သြဠာရိက ( ရုန့်ရင်းသော ) တရားတစ်မျိုး, သုခုမ (သိမ်မွေ့
သော )တရားတစ်မျိုး ဟု ကွဲပြားလျှင် ထို ၂ မျိုးကို ပေါင်း၍ ၎င်း, ဟီန
(ယုတ်သော) တရားတစ်မျိုး, ပဏီတ(မွန်မြတ်သော)တရားတစ်မျိုး ဟု ကွဲပြား
လျှင် ထို ၂ မျိုးကိုပေါင်း၍၎င်း, ဒူရေ (အသိခက်ခဲသဖြင့် ဉာဏ်နှင့်ဝေးသော)
တရားတစ်မျိုး, သန္တိက(အသိလွယ်သဖြင့် ဉာဏ်နှင့် နီးသော)တရားတစ်မျိုး ဟု
ကွဲပြားလျှင် ထို ၂ မျိုးကို ပေါင်း၍၎င်း, ခန္ဓာဖွဲ့ကောင်း၏။
နိဗ္ဗာန်ကား ကာလ ၃ ပါးမှ လွတ်၍ ကာလဝိမုတ်တည်း၊ အဇ္ဈတ္တ ဗဟိဒ္ဓ
ဟု ၂မျိုးမပြား, ခန္ဓာကိုယ်၏ ပြင်ဘက်မှာ တည်သောကြောင့် ဗဟိဒ္ဓတစ်မျိုး
သာတည်း၊ သြဠာရိက သုခုမ ဟု ၂ မျိုး မပြား, သိမ်မွေ့သောကြောင့် သုခုမ
တစ်မျိုးသာတည်း၊ ဟီန ပဏီတ ဟု ၂ မျိုး မပြား, မြတ်သောကြောင့် ပဏီတ
တစ်မျိုးသာတည်း၊ ဒူရေ သန္တိကဟု ၂ မျိုးမပြား, ဉာဏ်နှင့်ဝေးသောကြောင့်
ဒူရေ တစ်မျိုးသာတည်း၊ ဤသို့ ဆိုင်ရာ ဌာန၌ ၂ မျိုးမရ, တစ်မျိုးစီသာ ရသော
ကြောင့် နိဗ္ဗာန်ကို " ဘေဒါဘာဝ=အကွဲအပြား မရှိ " ဟု ဆိုသည်၊ [ ဗဟိဒ္ဓ
သုခုမ ပဏီတ ဒူရ ဟူသော ၄ မျိုးကား အချင်းချင်း ကွဲပြား တော့သည်
မဟုတ်၊ ဗဟိဒ္ဓ နိဗ္ဗာန်သည်ပင် သုခုမလည်း မည်၏၊ ပဏီတလည်း မည်၏
ဒူရလည်း မည်၏။]
## Trang 235
၁၀။ ဒွါရာရမဏဘေဒေန-ဒွါရခြောက်ပါး,
အာရုံ ခြောက်ပါး တို့၏ ကွဲပြားခြင်း
ကြောင့်၊ အာယတနာနိစ-အာယတန
တို့သည်လည်း၊ ဒွါဒသ - တစ်ဆယ့် နှစ်ပါး တို့သည်၊ ဘဝန္တိ -
ဖြစ်ကုန်၏၊ ဒွါရာရမဏတဒုပ္ပန္နပရိယာယေန – ဒွါရ ခြောက်ပါး
အာရုံ ခြောက်တန်, ထို ဒွါရ အာရုံတို့၌ ဖြစ်သော ဝိညာဏ်
ခြောက်သွယ် ပရိယာယ်အမြွက်အားဖြင့်၊ ဓာတုယော - ဓာတ်
တို့သည်၊ (အဋ္ဌာရသ-တစ်ဆယ့်ရှစ်ပါးတို့သည်၊) ဘဝန္တိ-ကုန်၏။
၁၁။ တေဘူမကံ – ဘုံသုံးပါး၌ ဖြစ်သော၊
ဝဋံ- ဝဋ်တရားသည်၊ ဒုက္ခံ-ဒုက္ခသစ္စာမည်
၏၊ တဏှာ – တဏှာသည်။ သမုဒယော-
သမုဒယ သစ္စာမည်သည်။ ဘဝေ - ၏၊ နိဗ္ဗာနံ - နိဗ္ဗာန်သည်၊
နိရောဓောနာမ-နိရောဓသစ္စာမည်၏၊ လောကုတ္တရော = လော
ကုတ္တရာဖြစ်သော၊ မဂ္ဂေါ-မဂ္ဂင်တရားကိုယ် ရှစ်ပါးကို၊(မဂ္ဂေါ-
မဂ္ဂသစ္စာဟူ၍၊) မတော-သိအပ်၏။
၁၀။ ဒွါရာရမဏ၊ ပေ ၊ ဓာတုယော"၍ ဂါထာကား အာယတန
၁၂, ဓာတ် ၁၈ ပါး ကွဲပြားရခြင်း၏ အကြောင်းကို ပြသော ဂါထာတည်း၊
ထိုတွင် ဒွါရာရမဏဘေဒေနပါဌ်ကား အာယတနအတွက် အကြောင်းပြချက်
တည်း၊ စက္ခာယတနသည် စက္ခုဒွါရတည်း၊ သောတ ဃာန ဇိဝှါ ကာယာ
ယတနတို့လည်း သောတဒွါရ စသည့်တို့ ပင်တည်း၊ မနာယတန အရ၌ စိတ်
အားလုံးကိုပင် ယူရိုးတည်း၊ သို့သော် ဤအရာ၌ မနာယတန တစိတ်ဖြစ်သော
ဘဝင်စိတ်ကိုစွဲ၍ မနာယတနကို မနောဒွါရ ဟု ဆိုသည်။ ဆိုလိုရင်းကား-
စိတ် စေတသိက်တို့၏ ဖြစ်ကြောင်းကို " အာယတန" ဟု ခေါ်၏။ ထို စိတ်
စေတသိက်တို့၏ ဖြစ်ကြောင်းဟူသည် ဒွါရနှင့် အာရုံတည်း၊( ဝီထိခန်းကို
သဘိပြု၊ ) ထို ဒွါရနှင့် အာရုံတို့က ၆ ပါးစီ ပြားခြင်းကြောင့် အာယတန
၁၂ ပါး ဖြစ်သည် ဟူလို။
ဒွါရာရမဏတဒုပ္ပန္နပရိယာယေနဓာတုယော-ကား ဓာတ် ၁၈ ပါး
ပြားခြင်း၏ အကြောင်း ပြချက် တည်း၊ ဒွါရခြောက်ပါး အာရုံ ခြောက်ပါး
ဝိညာဏ်ခြောက်ပါး ပြားသောကြောင့် ဓာတ် ၁၈ ပါး ဖြစ်သည် ဟူလို။
သစ္စာလေးပါး
တရားကိုယ်
ဒွါရ ၆ ပါး | အာရုံ ၆ တန် | ဝိညာဏ် ၆ သွယ်
စက္ခုဒွါရ | ရူပါရုံ | စက္ခုဝိညာဏ်
သောတဒွါရ | သဒ္ဒါရုံ | သောတဝိညာဏ်
ဃာနဒွါရ | ဂန္ဓာရုံ | ဃာနဝိညာဏ်
ဇိဝှါဒွါရ | ရသာရုံ | ဇိဝှါဝိညာဏ်
ကာယဒွါရ | ဖေါဋ္ဌဗ္ဗာရုံ | ကာယဝိညာဏ်
မနောဒွါရ | ဓမ္မာရုံ | မနောဝိညာဏ်
ဤ၌ မနောဓာတ်ကို မနောဒွါရ, ဓမ္မဓာတ်ကို ဓမ္မာရုံ ဟု ဆိုခြင်းသည်
မုချကောက်ရိုး အားဖြင့် မဖြစ်နိုင်၊ ပရိယာယ် တစ်မျိုးဖြင့်သာ ကောက်ယူခြင်း
ဖြစ်သောကြောင့် "ဒွါရာရမဏ တဒုပ္ပန္န ပရိယာယေန" ဟု ပရိယာယ သဒ္ဒါ
ထည့်စွက်၍ မိန့်မြွက်ရလေသည်။ [အကျယ်ကို ဘာသာဋီကာမှာရှု။ ]
၁၁။ သစ္စာ ၄
ပါး။
။ဒုက္ခံတေဘူမကံ ၊ ပေ ၊ လောကုတ္တရော
မတော"ဤ ဂါထာဖြင့် သစ္စာ ၄ ပါး၏ တရားကိုယ်ကို ပြသည်။
## Trang 236
ဒုက္ခိတေဘူမကံ — ကာမ ရူပ အရူပဘုံ ၃ ပါး၌ အကျုံးဝင်သော တရား
များသည့် ဒုက္ခသစ္စာ မည်၏၊ ဤ တေဘူမက တရား ဟူသည်လည်း လောကီ
တရားများပင်တည်း၊ သို့သော် တဏှာ (လောဘ) ကို သီးခြား ဆိုလတ္တံ့ဖြစ်၍
ကြဉ်ရမည်၊ ထို့ကြောင့် "လောကီစိတ် ၈၁၊ လောဘ ကြဉ်သော စေတသိက်
၅၁၊ ရုပ် ၂၈ သည့် ဒုက္ခသစ္စာမည်၏" ဟု မှတ်။
တဏှာသမုဒယော — လောဘမူစိတ် ၈ ပါး၌ ယှဉ်သော တဏှာ
(လောဘ) သည် သမုဒယ သစ္စာတည်း။
နိရောဓောနာမနိဗ္ဗာနံ'နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏။
မဂ္ဂါနေ'
လောကုတ္တရော'လောကုတ္တရာမဂ် ဟု သာမည ဆိုသော်လည်း
မဂ်စိတ် ၄ ခု၌ရှိသော မဂ္ဂင်တရားကိုယ် ၈ ပါးသာ မဂ္ဂသစ္စာ မည်သည်။
[မဂ်စိတ် ၄ ခု၌ စေတသိက် ၃၆ ယှဉ်ရာ၊ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ စသော
မဂ္ဂင် ၈ ပါး၏ တရားကိုယ် ဖြစ်ကုန်သော ပညာ ဝိတက် ဝိရတိ ၃၊ ဝီရိယ သတိ
သမာဓိများ ပါ၏။ ထို တရားကိုယ် ၈ ပါးသည့် မဂ္ဂသစ္စာ မည်၏ ဟူလို၊
ဖိုလ်စိတ်၌ မဂ္ဂင် တရားကိုယ်များ ယှဉ်၏။ သို့သော် နိဗ္ဗာန် ရောက်ဘို့ရာ
အကြောင်း (လမ်း) မဟုတ်၊ မဂ်၏ အကျိုးတရား ဖြစ်သောကြောင့် နိဗ္ဗာန
ဂါမိနိပဋိပဒါ ခေါ်သော အရိယသစ္စာတွင် (ဝါ – မဂ္ဂသစ္စာတွင်) မပါ
ဝင် နိုင်ချေ။]
တဏှာအစစ် တရာ့ရှစ်။ ။ "တဏှာသုံးတန်၊ အရင်းခံ၊ အာ'ကာ
သန် – ဖြင့် မြှောက်" နှင့် အညီ၊ တဏှာသမုဒယော'အရ တဏှာ အစစ်
တရာ့ရှစ် ဟု ပြောဆိုရိုးရှိ၏၊ ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ ဟု
တဏှာ ၃ မျိုးကိုတည်၊ ထိုတဏှာ ၃ မျိုးက အာရုံ ၆ မျိုးကို အာရုံပြုသော
ကြောင့် (အာ) အာရုံ ၆ ပါးဖြင့် မြှောက်၊ ၁၈ တည်း၊ ထို တဏှာ ၁၈ မျိုး
လုံးသည့် အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလ ၃ ပါး၌ရှိသော အာရုံတို့ကို
အာရုံပြု၍ ဖြစ်ရကား (ကာ) ကာလ ၃ ပါးဖြင့် မြှောက်၊ ၅၄ ဖြစ်၏၊ ထို
၅၄ ပါးလုံးပင် မိမိသန္တာန်ကို အာရုံပြု၍၎င်း၊ သူများသန္တာန်ကို အာရုံပြု၍
၎င်း ဖြစ်ရကား (သန်) သန္တာန် ၂ ပါးဖြင့်မြှောက်၊ ၁၀၈ ဖြစ်၏။ [ကာမ
တဏှာ ဘဝတဏှာ ဝိဘဝတဏှာ၏ အကြောင်းကို ဘာသာဋီကာမှာ ရှူ။]
၁၂။ သစ္စဝိမုတ်။ ။မဂ္ဂယုတ္တာ ၊ပေ ၊ စတုသစ္စဝိနိဿဇ္ဇာ-ဤဂါထာ
ဤ ပါဒကား သစ္စဝိမုတ် (သစ္စာမှလွတ်သော) တရားတို့ကို ပြသော စကား
ရပ်တည်း။
ပရမတ္ထ ၄ ပါးတွင် လောကီစိတ် စေတသိက်နှင့် နိဗ္ဗာန်သည့်၎င်း၊ မဂ်
စိတ်နှင့်ယှဉ်သော မဂ္ဂင် ၈ ပါးသည်၎င်း၊ အသီးအသီး သစ္စာမည်ကြလေပြီ၊
မဂ်စိတ် ၄ တွင် တပါးပါးလျှင် စေတသိက် ၃၆ စီ ယှဉ်ရာ၊ မဂ္ဂင်တရားကိုယ်
၈ ပါးကို နှုတ်လိုက်က ၂၈ စီသာ ကျန်တော့၏၊ ထို့ကြောင့် သောတာ
ပတ္တိမဂ်စိတ် ၁၊ စေတသိက် ၂၈၊ ပေါင်း (မဂ်စိတ္တုပ္ပါဒ်) ၂၉ သည့် သစ္စာ
အရေအတွက်မှလွတ်၏၊ ထိုအတူ သကဒါဂါမိမဂ် စိတ္တုပ္ပါဒ် ၂၉၊ အနာဂါမိ
မဂ်စိတ္တုပ္ပါဒ် ၂၉၊ အရဟတ္တမဂ်စိတ္တုပ္ပါဒ် ၂၉ သည့် သစ္စဝိမုတ်ချည့်တည့်း၊
[မာတိကာ အကော်၌ကား ၂၉ လေးလီကို (စိတ်ချင်း စေတသိက်ချင်း)
သဘောတူ ပေါင်း၍ မဂ်စိတ္တုပ္ပါဒ် ၂၉ ဟု သာမည ဆိုထားသည်။]
## Trang 237
အဘိဓမ္မတ္ထသင်္ဂဟေ-၌ သမုစ္ဆယ သင်္ဂဟဝိဘာဂေါနာမ-
သမုစ္စယသင်္ဂဟဝိဘာဂမည်သော၊ သတ္တမေ-ခုနစ်ပိုင်းတို့၏
ပြည့်ကြောင်းဖြစ်သော၊ ပရိစ္ဆေဒေါ-သည်၊ ဣတိ-ပြီးပြီ။
သုတ္တန်နည်း။
"စတုသစ္စဝိနိမုတ္တော ကောစိနာမ နတ္ထိ" (သစ္စာ
၄ ပါးမှ လွတ်သော သိကွယ် တရားမည်သည် မရှိ) ဟူသော အဋ္ဌကထာ
များ၏ စကားအရ ဆိုလျှင် ပရမတ္ထတရား အားလုံးကို သစ္စာ ၄ ပါး၌ ထိုက်
သလို သွင်းရလိမ့်မည်၊ ထို့ကြောင့် ဖိုလ်စိတ်၌ယှဉ်သော မဂ္ဂင် တရားကိုယ်
(ပညာဝိတက်စသည်) ၈ ပါးကို မဂ္ဂင်ချင်း တူသောကြောင့် (သဒိသူပစာရ
နည်းအားဖြင့်) မဂ္ဂသစ္စာ၌ သွင်းရာ၏၊ ကြွင်းသော မဂ်စိတ္တုပ္ပါဒ် ၂၉၊ ဖိုလ်
စိတ္တုပ္ပါဒ် ၂၉ ကို (သဗ္ဗေသင်္ခါရာ ဒုက္ခာ – အရ သင်္ခါရတရားတွင် ပါဝင်
သဖြင့် သင်္ခါရဒုက္ခ ဖြစ်သောကြောင့်) ဒုက္ခသစ္စာတွင်း၌ သွင်းယူရာ၏။
[ဆောင်] ဖိုလ်စိတ်ယှဉ်ထ၊ မဂ္ဂင်္ဂကို၊ မဂ္ဂသွင်း၊ ကြွင်းသည့် မဂ်ဖိုလ်၊
စိတ္တုပ်ကိုကား၊ ထိုထိုဒုက္ခ၊ သင်္ခါရမို့၊ ဒုက္ခသစ္စာ၊ သွင်းယူ
ရာသည်၊ နည်းလာ သုတ္တန် သဘောတည်း။
ဣတိ ပဉ္စပဘေဒေန – အရ ငါးပါး အပြားကား ခန္ဓ-ဥပါဒါနက္ခန္ဓ-
အာယတန-ဓာတု-အရိယသစ္စာ အခဏ်းတို့တည်း။
လေ့ကျင့်ခဏ်း မေးခွန်းများ
က။ အဘယ့်ကြောင့် သဗ္ဗသင်္ဂဟ ဟု ခေါ်သနည်း။
ခ။ ခန္ဓသဒ္ဒါသည် အဘယ်အနက်ကို ဟောသနည်း။
ဂ။ ခန္ဓ'ဥပါဒါနက္ခန္ဓ ဟု အဘယ်အကျိုးငှါ ၂ မျိုး ခွဲရသနည်း၊ လင်္ကာ
ထောက်ပါ။ ["ခန္ဓ-ဥပါဒါနက္ခန္ဓ အထူးကို ပြပါ"ဟု မေးလျှင်လည်း
ဖြေတူပင်တည်း။]
ဃ။ ခန္ဓာ ၅ ပါး၏နာမည်နှင့် တရားကိုယ်ကို တွဲစပ်ပြပါ။
င။ ဥပါဒါနက္ခန္ဓာ၏ နာမည်နှင့် တရားကိုယ်ကို တွဲစပ်ပြပါ။
စ။ အာယတန ၁၂ ပါး၏ နာမည်နှင့် တရားကိုယ်ကို တွဲစပ်ပြပါ။
ဆ။ အဘယ့်ကြောင့် အာယတန ၁၂ ပါး ဖြစ်နိုင်သနည်း၊ သင်္ဂြိုဟ်ထောက်ပါ။
ဇ။ ဓာတ် ၁၈ ပါး၏ နာမည်နှင့် တရားကိုယ်ကို တွဲစပ်ပြပါ။
ည။ အဘယ့်ကြောင့် ဓာတ် ၁၈ ပါး ဖြစ်နိုင်သနည်း၊ သင်္ဂြိုဟ်ထောက်ပါ။
ဋ။ သစ္စာလေးပါး၏နာမည်နှင့် တရားကိုယ်ကို ယှဉ်စပ်ပြပါ။
ဌ။ သစ္စဝိမုတ် တရားကိုလည်း ထုတ်ပြပါ။
ဍ။ စတုသစ္စဝိနိမုတ္တော ကောစိနာမ နတ္ထိ – အရ ထို သစ္စာဝိမုတ် တရား
များကို ရထိုက်သော သစ္စာတွင်း၌ သွင်းပြပါ။
ဎ။ နိဗ္ဗာန်ကို အဘယ့်ကြောင့် ခန္ဓာ မဖွဲ့ရသနည်း၊ သင်္ဂြိုဟ်ထောက်ပါ။
ဏ။ ဘေဒါဘာဝေန-၌ ဘေဒအရ ၁၁ ပါး အပြားကို ရေတွက်ပါ။
သမုစ္စည်းပိုင်း နိဿယနှင့် အဓိပ္ပါယ်
ပြီးပြီ။
တ။ ဝေဒနာ ၁ပါးထည်းကို ခန္ဓာဖွဲ့ရာ၌ အဘယ်သို့ စုပုံမည့်နည်း။
## Trang 238
ပစ္စည်းပိုင်း နိဿယ
ယေသံသင်္ခတဓမ္မာနံ – အကြင် သင်္ခတ ပစ္စယုပ္ပန်
ပဋိညာဉ်
တရားတို့အား၊ ယောဓမ္မာ - အကြင် သင်္ခတ၊
အသင်္ခတ၊ ပညတ်ဟူသော ပစ္စည်းတရား တို့သည်၊ ယထာ-
အကြင်အကြင် ဟေတုသတ္တိ အာရမ္မဏသတ္တိ အစရှိသော
အခြင်းအရာဖြင့်၊ ပစ္စယာ-ကျေးဇူးပြုတတ်ကုန်၏၊ တံဝိဘာဂံ-
ထိုပစ္စည်း၊ ပစ္စယုပ္ပန်၊ ကျေးဇူးပြုဟန် သတ္တိအပြားကို၊ ဟ-
ဤ ပစ္စယသင်္ဂဟ၌၊ ဣဒါနိ – ယခု အခါ၌၊ ယထာရဟံ – ထိုက်
သည်အားလျော်စွာ၊ ပဝက္ခာမိ-ဆိုပေအံ့။
ပစ္စည်းပိုင်း အဓိပ္ပါယ်
"ပစ္စည်း ပစ္စယုပ္ပန်တို့ကို ပြရာ အပိုင်းကို 'ပစ္စည်းပိုင်း' ဟု ခေါ်သည်။
ပစ္စယ'-ဟူသော ပါဠိကို မြန်မာလို"ပစ္စည်း"ဟု ခေါ်၏၊ အဓိပ္ပါယ်မှာ-
ဆိုင်ရာ အကျိုးများ၏ "အကြောင်း" ဟူလို၊ ယခုလောက၌ "ပစ္စည်း"
ခေါ်ဝေါ်ရသော ရွှေ ငွေ စသော ဥစ္စာသည် ဥစ္စာရှင်အား ဆိုင်ရာအကျိုးကို
ပေးသကဲ့သို့၊ ထို့အတူ ဆိုင်ရာအကျိုးကို ပေးတတ်သော အကြောင်းတရားကို
ပစ္စယ၊ ဝါ-ပစ္စည်း" ဟု ခေါ်ဝေါ်ရပေသည်။
ပစ္စယုပ္ပန်'ယခင် အကြောင်းတရားကြောင့် ဖြစ်ရသော အကျိုးတရားကို
ပါဠိလို ပစ္စယုပ္ပန္န၊ မြန်မာလို ပစ္စယုပ္ပန်ဟု ခေါ်သည်။ [ပစ္စယတော+ဥပ္ပန္နံ
= ပစ္စယုပ္ပန္နံ၊ ပစ္စယတော = အကြောင်းတရားကြောင့် -- ဥပ္ပန္နံ =
ဖြစ်သော အကျိုးတည်း။] အချုပ်ကား – ပစ္စည်း ဟူသည့် အကြောင်းတရား တည်း၊
ပစ္စယုပ္ပန်ဟူသည့် အကျိုးတရားတည်း။
ပဋိညာဉ်။ ။ယေသံသင်္ခတ၊ပေ၊ယထာရဟံ ဂါထာသည် ပဋိညာဉ်
ကို ပြသော ဂါထာတည်း၊ "ယခုအခါ ဤ ပစ္စယသင်္ဂဟ၌ ပစ္စည်းတရား၊
ပစ္စယုပ္ပန်တရား၊ ကျေးဇူးပြုပုံ သတ္တိအပြားကို ပြဆိုမည်" ဟူလို၊ "ယေသံ
သင်္ခတဓမ္မာနံ" ဖြင့် ပစ္စယုပ္ပန်တရားကို ပြ၏၊ "သင်္ခတဓမ္မာနံ"ဟု ဆိုသော
ကြောင့် ပစ္စယုပ္ပန် မှန်လျှင် သင်္ခတ တရားချည်းသာ (အသင်္ခတ ပညတ်များ
မပါ) ဟု မှတ်။ [ကံ စိတ် ဥတု အာဟာရနှင့် အာရုံစသော အကြောင်းတို့
ပြုစီရင်အပ်သော စိတ် စေတသိက် ရုပ်တရားကို "သင်္ခတ" ဟုခေါ်သည်။]
"ယေဓမ္မာ" ဖြင့် ပစ္စည်းတရားကို ပြ၏။ "ယေဓမ္မာ" ဟု သာမည
ဆိုသောကြောင့် ပစ္စည်းတရား၌ ယခင် သင်္ခတ တရား၊ အသင်္ခတ ဖြစ်သော
နိဗ္ဗာန်တရားနှင့် ပညတ်တရားမျိုးများ ပါဝင်ကြလေသည်၊ "ယထာ" ဖြင့်
ဟေတုသတ္တိ အာရမ္မဏသတ္တိ စသော ၂၄ ပစ္စည်းတို့၏ ကျေးဇူး ပြုနိုင်သော
အခြင်းအရာသတ္တိကို ပြသည်။
ပစ္စယာ — လောကဝယ် "အထက်လူကြီးက အောက် လူငယ်အား
ကျေးဇူး ပြုထားသည်"ဟု ဆိုရာ၌ (၁) အခြေအနေ မရှိသေးသော လူငယ်
အား အခြေအနေဖြစ်အောင် တည့်ထောင် ပေးခြင်းနှင့်၊ (၂) ရှိပြီးသော
အခြေအနေကို တည်တန့်အောင် ထောက်ပံ့ ပေးခြင်းကို "ကျေးဇူးပြုထား
သည့်" ဟု ဆိုရသကဲ့သို့၊ ထို့အတူ "ပစ္စည်းတရားတို့က ပစ္စယုပ္ပန် တရား
တို့အား ကျေးဇူးပြုသည်" ဟု ဆိုရာ၌ (၁) မဖြစ်သေးသော ပစ္စယုပ္ပန်တရားကို
ဖြစ်စေခြင်း၊ (၂) ဖြစ်ပြီးသော ပစ္စယုပ္ပန်တရားကို တည်တန့်အောင် ထောက်ပံ့
ခြင်းကို "ကျေးဇူးပြုသည့်" ဟု ခေါ်သည်။
[ဆောင်] ဖြစ်စေ-တည့်စေ၊ ဤနှစ်ထွေ၊ ခေါ်လေ ကျေးဇူးပြု။
"တံဝိဘာဂ"၌ တံ၏ အနက်ကို "ယေသံ-ယေဓမ္မာ-ယထာ" ဟု
ယ ၃ မျိုး အရကို ပြန်၍ စွဲယူရသည်၊ ဝိဘာဂသဒ္ဒါကား "ဝေဘန်အပ်သော
အထူးအပြား" ဟု အနက်ထွက်၏။ ထို့ကြောင့် – "တံဝိဘာဂံ' ထို ပစ္စည်း
ပစ္စယုပ္ပန် ကျေးဇူးပြုဟန် သတ္တိအပြားကို" ဟု အနက် ဆိုပေသည်။
## Trang 239
ပဋိစ္စသမုပ္ပါဒနယော – ပဋိစ္စသမုပ္ပါဒ်နည်း၎င်း၊
နည်း ၂ ပါးနှင့်
ထူးခြားပုံ ပဋ္ဌာနနယောစ-ပဋ္ဌာန်းနည်း၎င်း၊ ဣတိ-ဤသို့၊
ပစ္စယ သင်္ဂဟေ- ပစ္စယသင်္ဂဟကို၊ ဒုဝိဓော-
နှစ်ပါး အပြားရှိ၏ ဟူ၍၊ ဝေဒိတဗ္ဗော - သိအပ်၏၊ တတ္ထ
နည်း ၂ ပါးနှင့် ထူးခြားပုံ။ ။"ပဋိစ္စသမုပ္ပါဒနယော ၊ပေ ၊ ဝေဒိ
တဗ္ဗော" ဖြင့် နည်း ၂ ပါး ရှိကြောင်းကို ပြ၏၊ "တတ္ထ ၊ပေ ၊ ပဝုစ္စတိ"ဖြင့်
ထို နည်း ၂ ပါး၏ ထူးခြားပုံကို ပြ၏၊ ထူးခြားပုံကို ရှေးဦးစွာ ပါဠိတော်
ရင်းဖြင့် ရှင်းလင်းဦးအံ့။
"အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ ၊ပေ ၊ ဒေါမနဿု
ပါယာသာ သမ္ဘဝန္တိ"....ဤကား ပဋိစ္စသမုပ္ပါဒ် ပါဠိတော်တည်း။
"ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စရူပါနံ ဟေတု
ပစ္စယေန ပစ္စယော"...ဤကား ပဋ္ဌာန်းပါဠိတော်တည်း။
ပဋိစ္စသမုပ္ပါဒ် ပါဠိတော်၌...."အဝိဇ္ဇာပစ္စယာ"ဖြင့် ပစ္စည်းတရားကို
ပြ၏၊ "သင်္ခါရာ"ဖြင့် ပစ္စယုပ္ပန်တရားကို ပြ၏၊ "သင်္ခါရပစ္စယာ" ဖြင့်
ပစ္စည်းကိုပြ၏၊ "ဝိညာဏံ"ဖြင့် ပစ္စယုပ္ပန်ကိုပြ၏၊ ဤသို့ ပစ္စည်းနှင့် ပစ္စယုပ္ပန်
လောက်ကိုသာ ပြသည်၊ "မည်သည့် ပစ္စယသတ္တိဖြင့် ကျေးဇူးပြုသည့်" ဟု
ပစ္စယ သတ္တိထူးကို မပြချေ။
ပဋ္ဌာန်းပါဠိတော်၌...."ဟေတူ"ဖြင့် ပစ္စည်းကိုပြ၏။ "ဟေတုသမ္ပယုတ္တ
ကာနံ၊ပေ၊ရူပါန" ဖြင့် ပစ္စယုပ္ပန်ကိုပြ၏၊ "ဟေတုပစ္စယေန"ဖြင့် ဟေတု
ပစ္စယသတ္တိကိုပြ၏၊ ဤသို့ ပစ္စည်း ပစ္စယုပ္ပန်သာမက၊ ပစ္စယ သတ္တိထူးကိုလည်း
သေသေချာချာ ထုတ်ဖော်၍ ပြသည်၊ ဤကား ပါဠိတော်ရင်းဖြင့် ရှင်းလင်း
ချက်တည်း၊ ဤ ရှင်းလင်းချက်ကို သတိထား၍ သင်္ဂြိုဟ်စာသွားကို စဉ်းစားရ
လိမ့်မည်။
ထို နည်းနှစ်ပါး တို့တွင်၊ တမ္ဘာဝဘာဝီဘာဝါကာရမတ္တောပ
လက္ခိတေ-ထို အဝိဇ္ဇာအစရှိသော ပစ္စည်းတရားတို့၏ဖြစ်ခြင်း
ကြောင့်၊ ဖြစ်လေ့ရှိသော သင်္ခါရ အစရှိသော ပစ္စယုပ္ပန်တရား
တို့၏၊ ဖြစ်ပုံ အခြင်းအရာလောက်မျှဖြင့်၊ မှတ်သားအပ်သော
နည်းသည်၊ ပဋိစ္စသမုပ္ပါဒနယေ- ပဋိစ္စသမုပ္ပါဒ်နည်း မည်၏။
ပဋ္ဌာန နယော ပန – ပဋ္ဌာန်းနည်းကိုကား၊ အာဟစ္စပစ္စယ
ဋ္ဌိတိ - အထူးပြု၍ ဖြစ်သော ပစ္စယသတ္တိကို၊ အာကာရ – အစွဲ
တာဝဘာဝိ၊ ပေ ၊ ပဋိစ္စသမုပ္ပါဒနယာ —
[တမ္ဘာဝ=ထို၏
ဖြစ်ခြင်း၊] "တမ္ဘာဝ" ပါဌ်ဖြင့် "အဝိဇ္ဇာပစ္စယာ၊ သင်္ခါရပစ္စယာ" စသော
ပစ္စည်းတရားများကို ပြသည်၊ ထို့ကြောင့် "တမ္ဘာဝ-ထို အဝိဇ္ဇာအစရှိသော
ပစ္စည်းတရားတို့၏ ဖြစ်ခြင်း" ဟု အနက် မှတ်။
"ဘာဝီ" ပါဌ်ဖြင့် – "သင်္ခါရာ၊
ဝိညာဏံ" စသော ပစ္စယုပ္ပန် တရားများကို ပြသည်၊ ထို့ကြောင့် "ဘာဝီ'
ဖြစ်လေ့ရှိသော အကျိုးတရား" ဟု အနက်မှတ်။
ဘာဝါကာရ — [ဘာဝ+အာကာရ] ဖြစ်ပုံအခြင်းအရာ၊ ဤပါဠ်ဖြင့်
အဆုံးက "သမ္ဘဝ န္တိ" ကြိယာကို ရည်ရွယ်သည်၊ မတ္တသဒ္ဒါကား ဧဝသဒ္ဒါ၏
ပရိယာယ်တည်း၊ "မျှ=လောက်"ဟူသော အနက်ကို ဟော၏၊ သည်မျှသာ၊
သည့်လောက်သာ ပြ၏။ – ပဋ္ဌာန်းနည်း ကဲ့သို့ ပစ္စယ သတ္တိကို မပြ" ဟု
ကန့်သည်။
ပဌာနနယော၊ ပေ၊ ပဝုစ္စတိ— အာဟစ္စသဒ္ဒါကား အာ ရှေးရှိသော
ဟနဓာတ် တွာပစ္စည်းတည်း၊ ဓာတ်တို့၏ အနက်များစွာကို ဟောနိုင်သော
ကြောင့် ဤ၌ – "အထူးပြု၍" ဟူသော အနက်ကို ဟော၏။
## Trang 240
ပြု၍၊ ပဝုစ္စတိ – ဟောတော်မူအပ်၏။ [ပန – အမှာစကားချပ်၊
ညှပ်လိုက်ချူးအံ့၊ ဥဘယံ – နည်း နှစ်ပါးကို၊ ဝေါမိတွာ-
ရောနှော၍၊ အာစရိယာ-အဋ္ဌကထာဆရာတို့သည်၊ ပပဉ္စ န္တိ-
ချဲ့ပွင့်ကြကုန်၏။
ပစ္စယဋ္ဌိတိ၌ ဌိတိသဒ္ဒါသည် "သတ္တိ" ဟူသော အနက်ကို ဟော၏၊
"ပစ္စည်းတရားတို့၏ တည့်တည့်ကြောင်း သတ္တိ" ဟူလို၊ အာဟစ္စပစ္စယဋ္ဌိတိကို
မြန်မာလို တိုက်ရိုက် အနက်ပြန်လျှင် "အထူးဖြစ်သော ပစ္စယသတ္တိ၊ ဝါ-
ပစ္စယသတ္တိထူး"ဟု အနက်ထွက်၏၊ ဟိတ်ခြောက်ပါးသည် ဟေတုသတ္တိထူး
ရှိ၏၊ အာရုံ ၆ ပါးသည့် အာရမ္မဏသတ္တိထူး ရှိ၏၊ ဤသို့ စသည်ဖြင့် ထိုထို
ပစ္စယသတ္တိထူးကို "အာဟစ္စပစ္စယဋ္ဌိတိ" ဟု ခေါ်သည်။
ဤသို့လျှင် အကြောင်းပစ္စည်းဖြစ်ခဲ့သော် ဖြစ်လေ့ရှိသော အကျိုးပစ္စယုပ္ပန်
တရားတို့၏ ဖြစ်ပုံ အခြင်းအရာလောက်မျှ ကိုသာ ပြ၍ (ပဋ္ဌာန်းနည်းကဲ့သို့)
ပစ္စယ သတ္တိထူးကို မပြသော နည်းသည့် ပဋိစ္စသမုပ္ပါဒ် နည်းတည်း၊ ပစ္စည်း
ပစ္စယုပ္ပန်သာမက ပစ္စယသတ္တိကိုပါ ပြသော နည်းသည့် ပဋ္ဌာန်းနည်းတည်း-
ဟု မှတ်။
[ဆောင်] ၁။ အကြောင်း ပစ္စယ၊ ဖြစ်တုံကမူ၊ ဖြစ်ကြလေရိုး၊ ကျိုးပစ္စ
ယုပ္ပန်၊ ဖြစ်ဟန်လောက်မျှ၊ ထုတ်ဖော်ပြ၍၊ ပစ္စယသတ္တိ
မပြဘိ၊ မှတ်သိ ပဋိစ္စ-သမုပ္ပါဒ။
၂။ ပစ္စည်း ပစ္စယုပ္ပန်၊ ဖြစ်ဟန်မက၊ ပစ္စယ၏၊ သတ္တိထူးလည်း
တပါထည်း၊ ပြနည်းပဋ္ဌာန။
ဥဘယံ ၊ပေ ၊ အာစရိယာ'ဤစကားကား ပဋိစ္စသမုပ္ပါဒ အဋ္ဌကထာ
ဆရာကို စောင်းသော အမှာစကား ချပ်တည်း၊ ဝိဘင်းပါဠိတော်၌ ပဋိ
သမုပ္ပါဒဝိဘင်း ဟု ရှိ၏။ ထို ဝိဘင်းကို ဖွင့်ပြသော အဋ္ဌကထာ ဆရာသည့်
ပဋိစ္စသမုပ္ပါဒ်နည်း သက်သက်ကိုသာ မဖွင့်ဘဲ၊ ပဋ္ဌာန်းနည်းကိုပါ ရောနှော
ထည့်သွင်းလျက်၊ [ပစ္စယော ဟောတိ ပုညာနံ ဒုဝိဓာ။ သာ – ထို အဝိဇ္ဇာ
သည်၊ ပုညာနံ – ပုညာဘိသင်္ခါရတို့အား၊ ဒုဝိဓာ – အာရမ္မဏ ဥပနိဿယ
ဟူသော ၂ ပစ္စယသတ္တိဖြင့်၊ ပစ္စယော — ကျေးဇူးပြုသည်၊ ဟောတိ – ၏၊]
စသည်ဖြင့် ဖွင့်ပြလေသည်။ "ငါတို့ (အရှင်အနုရုဒ္ဓါ)ကား နည်း ၂ပါးကို
ခွဲခြား၍ ဖွင့်ပြမည်" ဟူလို။
လေ့ကျင့်ခဏ်း မေးခွန်းများ
က။ အဘယ် အပိုင်းအခဏ်းကို ပစ္စည်းပိုင်းဟု ခေါ်သနည်း။
ခ။ အဘယ်တရားကို ပစ္စယ-ဝါ ပစ္စည်း ဟု ခေါ်သနည်း။
ဂ။ အဘယ်တရားကို ပစ္စယုပ္ပန္န-ပစ္စယုပ္ပန် ဟု ခေါ်သနည်း။
ဃ။ သင်္ခတဓမ္မာနံ၌ သင်္ခတ ဟူသည် အဘယ်တရားများနည်း။
င။ သင်္ခတ အသင်္ခတ ပညတ် ၃ မျိုးတွင်၊ ပစ္စည်းတရားသည့် အဘယ်အ
မျိုးများ ဖြစ်ထိုက်၍ ပစ္စယုပ္ပန်က အဘယ် အမျိုးများ ဖြစ်ထိုက်သနည်း၊
ဆိုင်ရာပါဌ်ကို ထောက်ပါ။
စ။ ပစ္စယာ-အရ "ကျေးဇူးပြု"ဟူသည် အဘယ်နည်း။
ဆ။ တမ္ဘာဝ-ဘာဝိ-ဘာဝါကာရမတ္တ-ပုဒ်တို့၏ အနက်ကို ခွဲပြပါ။
မတ္တ-ဖြင့် ဘယ်အနက်ကို ပြ၍၊ ဘာကို ကန့်သနည်း။
ဇ။ အာဟစ္စ ပစ္စယဋ္ဌိတိ၌ အာဟစ္စ၏ အနက် - ပစ္စယဋ္ဌိတိ အနက်ကို ပြပါ။
ည။ အဘယ်နည်းကို ပဋိစ္စသမုပ္ပါဒ် ဟု ခေါ်သနည်း၊ လင်္ကာထောက်ပါ။
ဋ။ အဘယ်နည်းကို ပဋ္ဌာန်းနည်း ဟု ခေါ်သနည်း၊ လင်္ကာထောက်ပါ။
## Trang 241
တက္က'ထို နည်းနှစ်ပါးတို့တွင်၊ အဝိဇ္ဇာ
ပဋိစ္စသမုပ္ပါဒ်နည်း
ပစ္စယာ-သစ္စာလေးတန်၊ ပုဗ္ဗန္တ – အပရန္တ၊ ထိုနှစ်ဝနှင့်၊ ပဋိစ္စသမုပ္ပါဒ်၊ ဤရှစ်ရပ်ကို မပြတ်ပိတ်ကာ၊
အဝိဇ္ဇာ ဟူသော အကြောင်းကြောင့်၊ သင်္ခါရာ - ပုညာပုည၊ အာ၊ သုံးဝအပြား၊ သင်္ခါရတရားတို့သည်၊ သမ္ဘဝန္တိ
ပဋိစ္စသမုပ္ပါဒ်နည်း အဓိပ္ပါယ်။ အဝိဇ္ဇာပစ္စယာ-သိထိုက်သည်ကို
မသိ၊ မသိထိုက်သည်ကိုသာ သိသောတရားကို "အဝိဇ္ဇာ" ဟု ခေါ်၏၊
[အ+ဝိဇ္ဇာ၊ အ ဆန့်ကျင်ဘက်+ဝိဇ္ဇာ = ဉာဏ်၊ "ဉာဏ်၏ ဆန့်ကျင်
ဘက်တရား" ဟူလို၊ ] တရားကိုယ်မှာ အကုသိုလ်စိတ် ၁၂ ၌ ယှဉ်သော
မောဟတည်း။
ထို အဝိဇ္ဇာမည်သော မောဟသည် ၁-ဒုက္ခသစ္စာ၊ ၂-သမုဒယသစ္စာ၊
၃-နိရောဓသစ္စာ၊ ၄-မဂ္ဂသစ္စာ၊ ဤ ၄ ပါးကို မသိအောင် ဖုံးလွှမ်းတတ်၏၊
၅-အတိတ်က ဖြစ်ခဲ့သော ခန္ဓာ အာယတန ဓာတ် အဘို့အစုကို "ပုဗ္ဗန္တ"
ဟု ခေါ်၏၊ [ပုဗ္ဗ+အန္တ၊ ပုဗ္ဗ'ရှေး အတိတ်၌ ဖြစ်သော+အန္တ = အဘို့
အစု၊ ] ၆-အနာဂတ်၌ ဖြစ်မည့် ခန္ဓာစသော အဘို့အစုကို "အပရန္တ" ဟု
ခေါ်၏၊ ၇-ထို ရှေ့နောက် ၂ ပါးကို "ပုဗ္ဗန္တာ ပရန္တ" ဟု ခေါ်၏၊ အဝိဇ္ဇာ
သည် ထို တရားတွေ၏ အမှန် သဘောကို ကောင်းစွာ မသိအောင် ဖုံးကွယ်
၍ ထားသည့်၊ ၈ – ဤ ပဋိစ္စသမုပ္ပါဒ် တရားတို့၏ အမှန်သဘောကိုလည်း
ကောင်းစွာမသိအောင် အဝိဇ္ဇာက ပိတ်ကာထားသည်။
ဤ ၈ ပါးနှင့် စပ်ဆိုင်ရာကို မသိခြင်းသာ အဝိဇ္ဇာ ဟု ခေါ်၏၊ အလွန်
ဉာဏ်ကြီးသူတို့၏ အရာဖြစ်သော အချက်များကို ပိုင်နိုင်စွာ မသိခြင်းမှာ
အဝိဇ္ဇာ မဟုတ်၊ မိမိဉာဏ်၏ သတ္တိ ညံ့မျှသာတည်း၊ ဥပမာ — နေ့လည်
နိဿယနှင့်အဓိပ္ပါယ်
၄၇၃
ဖြစ်ကုန်၏၊ သင်္ခါရပစ္စယာ – သင်္ခါရ ဟူသော အကြောင်း
ကြောင့်၊ ဝိညာဏံ – လောကီ သက်သက်၊ ဝိပါက် တရား၊
သုံးဆဲ့နှစ်ပါးသော ဝိညာဏ်သည်၊ သမ္ဘဝတိ-ဖြစ်၏၊ ဝိညာဏ
ကြောင်တောင်ဝယ် နေရောင်ရှိလျက် ခတ်ဝေးဝေးကို လှမ်း၍ မမြင်နိုင်ခြင်း
သည် အမှောင်၏ ကာကွယ်မှုကြောင့် မဟုတ်၊ မိမိမျက်လုံး၏ မစူးရှမှုကြောင့်
သာ ဖြစ်သကဲ့သို့တည်း။
သင်္ခါရာသစ္တ န္တိ — ယခု ဘဝ၌ ကိုယ်မှ နှုတ်မှ စိတ်မှုများနှင့် နောက်
ဘဝအတွက် အကျိုးဝိပါက်များကို ပြုစီမံတတ်သော တရားကို "သင်္ခါရ" ဟု
ခေါ်၏၊ တရားကိုယ်မှာ လောကီကုသိုလ် အကုသိုလ်စိတ်၌ ယှဉ်သော စေတ
နာ ၂၉ တည်း၊ ဤ သင်္ခါရတို့သည် အဝိဇ္ဇာကြောင့် ဖြစ်ကုန်၏။
ထိုတွင် မဟာကုသိုလ် ၈၊ ရူပကုသိုလ် ၅ ၌ ယှဉ်သော စေတနာ ၁၃ ကို
"ပုညာဘိသင်္ခါရ" ဟု ခေါ်၏၊ [ ပုည + အဘိသင်္ခါရ၊ "ပုည == ကုသိုလ်
ဖြစ်သော + အဘိသင်္ခါရ = ပြုစီမံတတ်သောတရား။ သင်္ခါရ နှင့် အဘိ
သင်္ခါရသည် အနက်တူ၏။ အကုသိုလ်စိတ် ၁၂ ၌ ယှဉ်သော စေတနာကို
အပုညာဘိသင်္ခါရ ဟု ခေါ်၏၊ အရူပကုသိုလ်စိတ် ၄ ၌ ယှဉ်သော စေတနာ
ကို အာနေဉ္စာဘိသင်္ခါရ ဟု ခေါ်၏၊ [ အာနဉ္စသဒ္ဒါသည် မတုန်မလှုပ်ခြင်း-
အနက်ကို ဟော၏၊ အရူပတရားများသည် သမာဓိ အားကောင်းရကား
ဆန့်ကျင်ဘက် တရားတို့ကြောင့် လှုပ်ရှားမယိုင် မြဲခိုင်သည့်အတွက် အာနေဉ္စ
မည်ကုန်၏။]
သင်္ခါရပစ္စယာဝိညာဏံ − သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ရာ၌ ဝိညာဏ်
အရ ပဋိသန္ဓေ ပဝတ္တိအခါ၌ ထိုက်သင့်သလိုဖြစ်သော လောကီဝိပါက်စိတ်
၃၂ ပါးကိုသာ ယူ၊ ထိုတွင် ပုညာဘိသင်္ခါရကြောင့် အဟိတ်ဝိပါက် ၈၊ မဟာ
ဝိပါက် ၈၊ ရူပဝိပါက် ၅၊ ပေါင်း ၂၁ ပါးသော ဝိညာဏ်ဖြစ်၏၊ အပုညာဘိ
သင်္ခါရကြောင့် အကုသလဝိပါက်ဝိညာဏ် ၇ ဖြစ်၏၊ အာနေဉ္စာဘိ သင်္ခါရ
၆ဝ
## Trang 242
ပစ္စယာ - ရှေးရှေးဘဝ၊ ကမ္မဝိညာဏ်၊ ပစ္စုပ္ပန်တွက်၊ ဝိပါက်
ဝိညာဏ်၊ ဟူသော အကြောင်းကြောင့်၊ နာမရူပံ - ဝိပါက်
ယှဉ်ဘိ၊ စေတသိက၊ ကမ္မဇဟု၊ နာမ်ရုပ်အစုသည်၊ သမ္ဘဝတိ-
ဖြစ်၏၊ နာမရူပပစ္စယာ'နာမ်ရုပ်ဟူသော အကြောင်းကြောင့်၊
ကြောင့် အရူပဝိပါက်ဝိညာဏ် ၄ ဖြစ်၏။ [ဝဋ်တရားတို့၏ လည်နေပုံကို
ပြသော အရာဖြစ်၍ လောကုတ္တရာဝိပါက်ဝိညာဏ်ကို မကောက်ထိုက်။]
ဝိညာဏပစ္စယာ နာမရူပံ – ဝိညာဏပစ္စယာ၌ ဝိညာဏ် အရဝယ်
ရှေးရှေးဘဝက ဖြစ်ခဲ့သော ကမ္မဝိညာဏ်နှင့် ယခု ပစ္စုပ္ပန်မှာဖြစ်သော ဝိပါက်
ဝိညာဏ်များကို ကောက်ယူရမည်။[စေတနာ တည်းဟူသော ကံနှင့် ယှဉ်
သောစိတ်ကို ကမ္မဝိညာဏ်ဟု ခေါ်သည်၊ သင်္ခါရပစ္စယာ ဝိညာဏံ တုန်းက
အကျိုးဝိညာဏ်နှင့် ဤ ဝိညာဏပစ္စယာ၌ အကြောင်းဝိညာဏ်၏ အရကော်
ချင်း မတူသည်ကို သတိပြု။ ]
နာမရူပံ၌ နာမအရဝယ် ဝိပါက် ဝိညာဏ်နှင့် ယှဉ်သော စေတသိက်
များကို ကောက်၍၊ ရူပအရ ကမ္မဇရုပ်ကိုသာ ကောက်ယူရာ၏၊ ဤ နာမ်ရုပ်
များသည် ဝိညာဏ်ကြောင့် ဖြစ်ကုန်၏။
အရူပဘုံ၌ နာမ်သာ ရှိ၏၊ အသညသတ် ဘုံ၌ ရုပ်သာ ရှိ၏၊ ပဉ္စဝေါ
ကာရဘုံ၌ နာမ်ရုပ် ၂ ပါးလုံး ရှိ၏၊ ပဉ္စဝေါကာရ နာမ်ရုပ်တွင်လည်းရံခါ
နာမ်ကိုသာ၊ ရံခါ ရုပ်ကိုသာ၊ ရံခါ နာမ်ရုပ် ၂ ပါးလုံးကို ဝိညာဏ်က
ကျေးဇူးပြု၏၊ ထို့ကြောင့် နာမရူပံ၌ – နာမဉ္စ ရူပဉ္စ နာမရူပဉ္စ နာမရူပံ
ဟု ဧကသေသ ပြုထားသည်၊ နာမဉ္စ– (အရူပဘုံ၊ ရံခါ ပဉ္စဝေါကာရဘုံ၌)
နာမ်လည်း၊ ရူပဉ္စ– (အသညသတ်ဘုံ၊ ရံခါ ပဉ္စဝေါကာရဘုံ၌) ရုပ်လည်း၊
နာမရူပဉ္စ-(ပဉ္စဝေါကာရဘုံ၌)နာမ်ရုပ်လည်း၊ နာမရူပံ-နာမ်၊ ရုပ်၊ နာမ် ရုပ်၊
နိဿယနှင့်အဓိပ္ပါယ်
၄၇၅
သဠာယတနံ-စက္ခာယတန၊ စသည်အပြား၊ ခြောက်ပါးသော
အာယတန တရားသည်၊ သမ္ဘဝတိ - ဖြစ်၏၊ သဠာယတန
ပစ္စယာ – ခြောက်ပါးသော အာယတန ဟူသော အကြောင်း
ကြောင့်၊ ဖဿော – စက္ခုစသား၊ ခြောက်ပါးသော သမ္ဖဿ
တရားသည်၊ သမ္ဘဝတိ = ဖြစ်၏၊ ဖဿပစ္စယာ
ဖဿ
[ဤကား မှတ်နှင့်ရုံသာတည်း၊ အဋ္ဌကထာကြီးများ၌ ဝိညာဏ်အရ စိတ်
အားလုံးကို ကောက်၍၊ နာမအရ စိတ်အားလုံးနှင့် ယှဉ်သော စေတသိက်
အားလုံး၊ ရူပအရ စတုဇရုပ်အားလုံးကို ကော်သည်၊ အဋ္ဌကထာအာဘော်နှင့်
တကွ ကျေးဇူးပြုပုံကို ဘာသာဋီကာမှာ ရှု။
နာမရူပပစ္စယာ သဠာယတနံ'ဤ နာမရူပပစ္စယာ၌ နာမရူပ-အရ
ဆိုခဲ့ပြီးသော နာမ်ရုပ်ကိုပင် ယူ၊ သဠာယတန၌ အာယတန ၆ ပါးကား
စက္ခာယတန သောတ ဃာန ဇိဝှါ ကာယ မနာယတန တို့တည်း၊ ဤ၌လည်း
မနာယတနအရငယ် လောကီဝိပါက်စိတ် ၃၂ ပါးကိုသာ ကောက်၊ အာယ
တန ၆ ပါးလုံးသည် ပဉ္စဝေါကာရ ဘုံ၌သာ ရှိ၍ အရူပဘုံ၌ ၆ ခု မြောက်
သော မနာယတန တပါးသာ ရှိရကား "သဠာယတနဉ္စ ဆဋ္ဌာယတန
သဠာယတနံ" ဟု ဧကသေသ ပြုရပြန်သည်၊ သဋ္ဌာယတနဉ္စ-ခြောက်ပါးသော
အာယတနလည်း၊ ဆဋ္ဌာယတနဉ္စ'(အရူပဘုံအတွက်) ၆ ခု မြောက်သော
မနာယတနလည်း၊ သဠာယတနံ-၆ ပါးသော အာယတန၊ ၆ ခုမြောက်သော
မနာယတန။
သဠာယတနပစ္စယာဖဿော—- သဠာယတန အရ ဆိုခဲ့ပြီးသော
စက္ခာယတန စသော ၆ ပါးကို ယူ၊ [ ရူပါယတန စသော ၆ ပါးကိုလည်း
တနည်း ကောက်ယူသေး၏၊ ] ဖဿနှင့် သမ္မဿမှာ အနက်တူ၏။ သမ္ဖဿ
၆ ပါးကား စက္ခုသမ္ဖဿ၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ နောသမ္ဖဿ
## Trang 243
ဟူသော အကြောင်းကြောင့်၊ ဝေဒနာ-စက္ခုစသား၊ ခြေခံပါး
သော သမ္ဖဿဇာဝေဒနာ တရားသည်၊ သမ္ဘဝတိ – ဖြစ်၏၊
66
တို့တည်း၊ စက္ခာယတနကြောင့် ဖြစ်သော ဖဿကို "စက္ခုသမ္ဖဿ" ဟု
ခေါ်၏၊ သောတ သမ္မဿ စသည်၌လည်း ဤ နည်းတည်း၊ ဤ၌ ဖဿ အရ
လောကီဝိပါက် ၃၂ ၌ ယှဉ်သော ဖဿ စေတသိက်ကိုသာ ကောက်။
ဖဿပစ္စယာဝေဒနာ − ဖဿ အရ ယခင် ဖဿများကို ယူ၊ ယခင်
သမ္မဿကြောင့် ဖြစ်သော ဝေဒနာကို "သမ္မဿဇာဝေဒနာ" ဟု ခေါ်သည်၊
[သမ္ပဿတော+ဇာတာ၊ သမ္ဖဿဇာ၊] ဝေဒနာ ၆ ပါးကား စက္ခုသမ္ဖဿ
၆
ဇာဝေဒနာ၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ မနောသမ္ဖဿ ဇာ ဝေဒနာတို့
တည်း၊ ဤ၌လည်း ဝေဒနာအရ လောကီဝိပါက် ၃၂ ၌ ယှဉ်သော ဝေဒနာ
စေတသိက်ကိုသာ ကောက်။
တရားကိုယ်ကောက်ပုံ အထူး။ ။ ပဋိစ္စသမုပ္ပါဒ်၌ ဟောပုံ နည်း
သည် အဘိဓမ္မဘာဇနီယနည်း၊ သုတ္တန္တဘာဇနီယနည်း ဟု ၂ မျိုး ရှိ၏၊
အဘိဓမ္မဘာဇနီယနည်း အလိုအားဖြင့် ဘယ်တရားမဆို ရနိုင်သမျှအားလုံး
ကို ကောက်ယူ၏၊ ဥပမာ-ဝိညာဏအရ စိတ် ၈၉ ကို ကောက်၏၊ ဖဿ
အရ ရှေ့စိတ် အားလုံးနှင့် ယှဉ်သော ဖဿ အားလုံးကို ကောက်၏၊ ဓာတု
ကထာ စသည်၌ ဤ နည်း အတိုင်း ကောက်သည်၊ ထို အဘိဓမ္မာနည်း အလို
အားဖြင့် ပဋိစ္စသမုပ္ပါဒ် ဒင်္ဂါ ၁၂ ပါးကို "အတီတေ ဟေတဝေါ ပဉ္စဣဒါနိ
ဖလပဉ္စကံ" စသည်ဖြင့် အကြောင်းအကျိုး ခွဲပြရန်လည်း မလိုချေ၊ ခွဲ၍လည်း
မဖြစ်။
သုတ္တန်နည်း၌ အတိတ်အကြောင်း ၅ ပါး၊ ပစ္စုပ္ပန်အကျိုး ၅ ပါး စသည့်
ဖြင့် ခွဲပြရမည် ဖြစ်၍ သင်္ခါရပစ္စယာ ဝိညာဏံ၌ ဝိညာဏ်အရ၊ သဠယတန၌
မနာယတန အရ အကျိုးဖြစ်သော လောကီ ဝိပါက်စိတ်ကိုသာ ကောက်၍
နိဿယနှင့်အဓိပ္ပါယ်
၄၇၇
ဝေဒနာပစ္စယာ-ဝေဒနာဟူသော အကြောင်းကြောင့်၊ တဏှာ-
ရူပ သဒ္ဒ၊ စသည်ခြေချယ်သွယ်၊ အကျယ်မြှောက်ပွား၊ တရာ့
ရှစ်ပါးသော တဏှာတရားသည်၊ သမ္ဘဝတိ – ဖြစ်၏၊ တဏှာ
ပစ္စယာ – တဏှာ ဟူသော အကြောင်းကြောင့်၊ ဥပါဒါနံ-
နာမရူပံ၌ နာမအရနှင့် ဖဿဝေဒနာ အရ၌ကား ထို ဝိပါက်နှင့် ယှဉ်သော
စေတသိက်နှင့် ဖဿဝေဒနာတို့ကိုသာ ထိုက်သလို ကောက်ယူရမည်၊ သို့မှ
"ဖလပဉ္စက" ၌ ၎င်း ၅ ပါးကို ကောက်ယူလတို့နှင့် ညီမျှလိမ့်မည်။
[ဆောင်] ဓာတုကထာကောက်၊ စသည့်ရောက်လျှင်၊ ဝိညာဉ်-နာမ၊
မန-ဖဿ၊ ဝေဒနာတို့၊ ထွေရာအားလုံး၊ ကုန်သိမ်းကြုံး၍
ထုံးအဘိဓမ္မာ၊ နည်းနာ အရ၊ ကော်သင့် လှ၏၊ သင်္ဂဟထွက်၊
ဤကျမ်းတွက်ကား၊ ဝိပါက်ကိုသာ၊ ကောက်သင့်ရာသည်၊
မှတ်ပါ သုတ္တန် အလိုတည်း။
66
ဝေဒနာပစ္စယာတဏှာ'ရူပတဏှာ သဒ္ဒတဏှာ ဂန္ဓ ရသ ဖေါဋ္ဌဗ္ဗ
ဓမ္မတဏှာ ဟု ပါဠိတော်၌ အကျဉ်းချုပ် တဏှာ ၆ ပါးလာ၏၊ [ ရူပါရုံကို
တပ်မက်မောသော တဏှာကို ရူပတဏှာ ဟု ခေါ်၏၊ သဒ္ဒတဏှာ စသည်၌
နည်းတူ၊ ] ၎င်း ၆ ပါးကို ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာ ၃ ပါး
ဖြင့် မြှောက်၊ ထို့နောက် သန္တာန် ၂ ပါးဖြင့် မြောက်၊ ထို့နောက် ကာလ
၃ ပါးဖြင့် မြှောက်၊ တဏှာ ၁၀၈ ပါးဖြစ်၏၊ [သမုစ္စည်းပိုင်း "တဏှာသမု
ဒယောဘဝ"အဖွင့်တုန်းကမြှောက်ပြခဲ့ပြီ၊ မြှောက်ပုံအစဉ် မတူသော်လည်း
အဓိပ္ပါယ်မှာ အတူတူပင်တည်း။ ] တဏှာ၏ တရားကိုယ်ကား လောဘမူ
စိတ်၌ယှဉ်သော လောဘတည်း။
တဏှာပစ္စယာ ဥပါဒါနံ
ဥပါဒါန် ၄ ပါး သရုပ်နှင့်တကွ တရားကိုယ်
ကောက်ပုံကို သမုစ္စည်းပိုင်း၌ ဆိုခဲ့ပြီ။
## Trang 244
လေးပါးသော ဥပါဒါန်သည်၊ သမ္ဘဝတိ – ဖြစ်၏၊ ဥပါဒါန
သမ္ဘဝတိ
ပစ္စယာ – ဥပါဒါန် ဟူသော အကြောင်းကြောင့်၊ ဘဝေါ-
တဏှာကာမုပါဒါန် အထူး။ ကာမုပါဒါန် ဟူသည့် တဏှာပင်
ဖြစ်ရကား တဏှာပစ္စယာ-အရ၌ အကြောင်းတဏှာနှင့် ဥပါဒါန်၌ ပါဝင်
သော ကာမုပါဒါန်သည် အဘယ်သို့ ထူးခြားသနည်း ဟု မေးဘွယ်ရှိ၏။ ထို
အမေးကို မဖြေမှီ ဥပါဒါန၌ – ဥပသဒ္ဒါသည် အလွန်အကဲ (စွဲစွဲမြဲမြဲ) ဟူသော
အနက်ရှိ၏၊ အာဒါန သဒ္ဓါသည် ယူခြင်း အနက်ရှိ၏" ဟု မှတ်သားပြီးမှ
အဖြေကို သိရာ၏။
[ဆောင်] ချင်းချင်း ထောက်ဆ၊ ရှေးရှေး ကျသည့်၊ ဒုဗ္ဗလ ဟု၊ လိုချင်
မှုကို၊ တဏှာဆိုလော့၊ ထိုထိုနောက်မှ၊ ဗလာဖြစ်ပြန်၊ ဥပါဒါန်
တည်း ။ တဘန်ဆိုကြ၊ ကေစနကား၊ မရသေးခင်၊ တောင့်တ
အင်ကို၊ ခေါ်တွင် တဏှာ၊ ရခဲ့ပါတုံ၊ စုံစုံမက်မက်၊ နှစ်သက်
ပါဒါန်ပြု၏ ။၊ နှစ်ခု ခွဲကြိတ်၊ ဆန့်ကျင် ရိပ်ကား၊ အပ္ပစ
တာ၊ သန္တုဋ္ဌာတည်း ။ ဒုက္ခာ ကျိုးတွေ၊ ရေတွက်လေသော်၊
ရှာဖွေတောင့်တ၊ တကြောင့်ကြဟု၊ စောင့်ရှောက်မှုသည်
တဏှပါဒါန် အခွဲတည်း။
သမျှ၊
၁'အချင်းချင်း ထောက်ဆ၍ ရှေးရှေးကျသော ဒုဗ္ဗလ (အားသေး
သော) လိုချင်မှုသည် တဏှာမည်၏၊ ထိုနောက် ဗလဝ (အားကြီးသော)
လိုချင်မှုသည့် ကာမုပါဒါန်မည်၏၊ ဤကား သဘောအတိုင်း ခွဲပြချက်တည်း၊
၂ – ကေစိဆရာတို့ကား... "တစုံတခုသော အာရုံကို မရသေးခင် လိုချင်
တောင့်တမှုသည့် တဏှာမည်၏၊ ရရှိပြီးနောက် စုံစုံမက်မက် နှစ်သက် စွဲလမ်း
မှုသည် ကာမုပါဒါန် မည့်၏" ဟု ဆိုကြ၏၊ ၃'ထို့ပြင်........တဏှာသည်
အပိစ္ဆတာ (မလိုချင်မှု) ၏ ဆန့်ကျင်ဘက်တည်း၊ ကာမုပါဒါန်သည့်
နိဿယနှင့်အဓိပ္ပါယ်
၄၇၉
ကမ္မဘဝ ဥပပတ္တိဘဝသည်၊ သမ္ဘဝတိ-ဖြစ်၏၊ ဘဝပစ္စယ၁-
ကမ္မဘဝ ဟူသော အကြောင်းကြောင့်၊ ဇာတိ-ဝိပါက်တရား၊
သန္တုဋ္ဌိတာ (တင်းတိမ်ရောင့်ရဲမှု) ၏ ဆန့်ကျင်ဘက်တည်း။ [ ပဌမ လိုချင်
မှုက တဏှာ၊ ရပြီးနောက် တင်းမတိမ်ဘဲ ထပ်ကာ ထပ်ကာ လိုချင်မှုကား
ကာမုပါဒါန် ဟူလို၊ ] ၄ – တဏှာသည် တောင့်တမှ ရှာဘွေမှ ဒုက္ခစု၏
အကြောင်းရင်းတည်း၊ ကာမုပါဒါန်သည် ရရှိသော အာရုံကို ကြောင့်ကြရမှ
စောင့်ရှောက်ရမှ ဒုက္ခစု၏ အကြောင်းရင်းတည်း။
ဥပါဒါနပစ္စယာဘဝေါ—ဘဝသည် ကမ္မဘဝ ဥပပတ္တိဘဝဟု ၂ မျိုး
ရှိ၏၊ ထိုတွင် လောကီကုသိုလ် ၁၇၊ အကုသိုလ် ၁၂ ၌ ရှိသော စေတနာ
(ကံ) ၂၉ သည် ကမ္မဘဝ မည်၏။ [ သင်္ခါရ-အရတုန်းက ကောက်ခဲ့သော
ပုညာဘိသင်္ခါရ အပုညာဘိသင်္ခါရ အာနေဉ္စာဘိသင်္ခါရများပင်တည်း။]
ဥပပတ္တိဘဝဟူသည်ကား ထိုကံကြောင့်ဖြစ်သော လောကီဝိပါက် စိတ်
စေတသိက်နှင့် ကမ္မဇရုပ်များတည်း၊ ထို ဥပပဝတ္တိ ဘဝသည့် ကာမဘဝ ရူပ
ဘဝ အရူပဘဝ သညီဘဝ အသညီဘဝ နေဝသညီနာသညီဘဝ ဧကဝေါ
ကာရဘဝ စတုဝေါကာရဘဝ ပဉ္စဝေါကာရဘဝ ဟု ၉ ပါးရှိ၏၊ ဤဘဝကြီး
၉ ပါး၏ အရကောက်ကို ဓာတုကထာ အကောက်၌ သိရလတံ့။
သင်္ခါရနှင့် ကမ္မဘဝအထူး။ ။သင်္ခါရနှင့် ကမ္မဘဝသည့် လောကီ
ကုသိုလ် အကုသိုလ်၌ယှဉ်သော စေတနာချည်းဖြစ်၍ အဘယ်သို့ ထူးသနည်း
ဟု မေးဘွယ် ရှိ၏။ အဖြေကား — ယခု ပစ္စုပ္ပန်ဘဝ၌ အကျိုး ပေးဘို့ရန်
အတိတ် ဘဝတုန်းက ဖြစ်သော စေတနာသည့် သင်္ခါရ မည့်၏၊ [ အဝိဇ္ဇာ
သင်္ခါရာ အတီတော အဒ္ဓါ-ကို ထောက် ] နောင် အနာဂတ်ဘဝ၌ အကျိုး
ပေးဘို့ရန် ယခုပစ္စုပ္ပန်၌ဖြစ်သော စေတနာသည့် ကမ္မဘဝမည့်၏၊ ပစ္စုပ္ပန္နော
## Trang 245
ရုပ်နာမ် နှစ်ပါးတို့၏ ဖြစ်ခြင်းသည်၊ သမ္ဘဝတိ- ဖြစ်၏၊ ဇာတိ
ပစ္စယာ – ဇာတိ ဟူသော အကြောင်းကြောင့်၊ ဇရာမရဏံ-
အဒ္ဓါတွင် ကမ္မဘဝ ပါဝင်သည်ကို ထောက်၊ ဤသို့ စေတနာချင်း တူသော်
လည်း အတိတ် ဘဝက စေတနာ ပစ္စုပ္ပန်ဘဝ စေတနာ ဟု ဘဝကာလ
အားဖြင့် ကွဲပြား သတည်း၊ [ ဤသို့ ဘဝကာလအားဖြင့် ကွဲပြားပုံကိုသာ
ဤနေရာ၌ မှတ်၊ သင်္ခါရာ ပုရစေတနာ – စသော အဓိပ္ပါယ်မှာ ဤနေရာနှင့်
မဆိုင်သေး။ ]
[ဆောင်] ကမ္မဘဝ၊ သင်္ခါရတို့၊ ကောက်ပြဘွယ်ဟူ၊ အရတူလည်း၊
ခုမူဘဝ၊ ဖြစ်ကြထွေလာ၊ စေတနာကို၊ သေချာကမ္မ-ဘဝ
မှတ်ရေး၊၊ အတိတ်ရှေး၊ စေတနာစုကို၊ ခေါ်မှတင်သ၊
သင်္ခါရသည်၊ ကာလသည်ပုံ ကွဲသတည်း။
ဘဝပစ္စယာဇာတိ -- ဤ၌ ဇာတိအရ လောကီဝိပါက် စေတသိက်
နှင့် ကမ္မဇရုပ်တို့၏ ဖြစ်ခြင်း(ဥပါဒ်)ကိုသာ ကော်ပါ၊ သို့မှသာ – "အာယတိ°
ဖလပဉ္စကံ" အရ အကျိုး ၅ ပါး၌ ဇာတိ ပါနိုင်မည်၊ ဓာတုကထာကဲ့သို့
ရုပ်နာမ် အားလုံးတို့၏ ဖြစ်ခြင်းကိုမကောက်နှင့်၊ ဤ ဇာတိသည့် ကုသိုလ်ကံ
အကုသိုလ်ကံကြောင့်သာ ဖြစ်ရကား ဘဝပစ္စယာ၌ ဘဝအရကိုလည်း ကမ္မ
ဘဝကိုသာ အဋ္ဌကထာကော်လေသည်။ [ မူလဋီကာ၌ ဥပပတ္တိဘဝကိုလည်း
ကောက်ယူသေး၏။ ]
ဇရာ'ဟူသည် ဇာတိကဲ့သို့ လောကီဝိပါက် စိတ် စေတသိက် ကမ္မဇ
ရုပ်တို့၏ ရင့်ခြင်း (ဒီ) တည်း။
မရဏ … ဟူသည့် ယခင် တရားတို့၏ ပျက်စီးခြင်း (ဘင် တည်း။
[ဇာတိပစ္စယာ ဇရာမရဏံ-ဟု နိဂ္ဂဟိတ်နှင့် ပါဌ်မှန်ရှိစေ။ ]
နိဿယနှင့်အဓိပ္ပါယ်
၄၈၁
ဇရာမရဏသည် ၎င်း၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿု
ပါယာသာ-ပိုးရိမ်ခြင်း၊ ငိုကြွေးခြင်း၊ စိတ်နှလုံး မသာယာခြင်း၊
ပြင်းစွာ ပင်ပန်းခြင်းတို့သည်၎င်း၊ သမ္ဘ၀န္တိ 'ဖြစ်ကုန်၏။
ဧဝံ-ဤ အဝိဇ္ဇာ အစရှိသော အကြောင်းတို့ ကြောင့်သာ၊
ကေဝလဿ - သုခမဘက်၊ သက်သက်သော၊ ဝါ - အလုံးရံ
သောက 'ဟူသည့် ဝမ်းနဲခြင်းတည်း၊ (စိုးရိမ်ခြင်း-ဟုလည်း ဆိုကြ၏)တရား
ကိုယ်မှာ ဒေါသမူဒွေး၌ ယှဉ်သော ဒေါမနဿ ဝေဒနာတည်း။
ပရိဒေဝ'ဟူသည့် တစုံတခု ပျက်စီးမှုကြောင့် တမ်းတ ငိုကြွေးခြင်းတည်း၊
တရားကိုယ်မှာစိတ္တဇဝိပလ္လာသ သဒ္ဒရုပ်တည်း၊ [ စိတ်ကြောင့် ဖြစ်
သော ဖေါက်ပြန်သော အသံရုပ် ဟူလို။ ]
ဒုက္ခ — ဟူသည် ကိုယ်ဆင်းရဲမှ (ကာယိကဒုက္ခ) တည်း၊ တရားကိုယ်မှာ
ဒုက္ခသဟဂုတ် ကာယဝိညာဉ်နှင့် ယှဉ်သော ဝေဒနာတည်း။
ဒေါမနဿ — ဟူသည့် စိတ်ဆင်းရဲမှ စိတ်နှလုံး မသာယာမှု (စေတသိက
ဒုက္ခ) တည်း၊ တရားကိုယ်မှာ ဒေါသမူဒွေး၌ ယှဉ်သော ဝေဒနာ
တည်း။
ဥပါယာသ— [ဥပ+အာယာသ၊ ဥပ'လွန်ကဲပြင်းပြစွာ+အာယသ
ပင်ပန်းခြင်း] သောက ပရိဒေဝတို့ထက် လွန်ကဲလျက် အသံမျှ မထွက်
နိုင်အောင်မြှိုက်ကြီးငင်ကြီးဖြစ်ကာ အတွင်းဆွေး-ဆွေးခြင်းမျိုးတည်း၊
တရားကိုယ်မှာ ဒေါသမူဒွေး၌ ယှဉ်သော ဒေါသတည်း။
သောက ပရိဒေဝ ဥပါယာသအထူး။ ။ဆီကို ချက်ရာ၌အိုးအတွင်း
မှာ ဆီကျက်နေခြင်းသည် ဝမ်းနှဲခြင်း သောကနှင့် တူ၏၊ ကျက်အားကြီး၍
ဆီများ ဝေလျှံတက်ခြင်းသည် ငိုသံထွက်လာခြင်း ပရိဒေဝနှင့် တူ၏၊ ဝေလျှံ
၆၁
## Trang 246
သော၊ ဧတဿ ဒုက္ခက္ခန္ဓဿ – ဤ ဒုက္ခအစု၏၊ သမုဒယော-
ဖြစ်ခြင်းသည်၊ ဟောတိ-ထင်ရှား၏။
အယံ-ဤသည်ကား၊ဧသ-ဤပစ္စယသင်္ဂဟေ၊ပဋိစ္စသမုပ္ပါဒ
နယော-ပဋိစ္စသမုပ္ပါဒ် နည်းတည်း။
ပြီးနောက်။ ကျန်ရစ်သော ဆီများ၏ ကုန်ခမ်းသွားအောင် ကျက်ခြင်းသည်
အတွင်းဆွေး ဆွေးကာ လွန်စွာပူလောင်သော ဥပါယာသနှင့် တူ၏။
[ဆောင်] ၁။ အိုးတွင်းဆီကျက်, သောကတွက်, လျှံတက် ပရိဒေ။
၂။ ကုန်ခမ်းအောင်သာ,ကျက်မှုမှာ, ဥပါယာသ ပေ။
၃။ ပမာသဘော, ထင်အောင်နှော, စိတ်စော ဆင်ခြင်လေ။
နိဂုံး။ ။ဧဝမေတဿ၊ ပေ ၊ သမုဒယောဟောတိ'ကား ပဋိစ္စသမုပ္ပါဒ်
တရားစုကို ပြန်၍ ဖုံးအုပ်သော နိဂုံး စကားတည်း၊ ၍ အဝိဇ္ဇာ စသော
အကြောင်းတရားတို့ ကြောင့်သာ သုခ နှင့် မရော မယှက် သက်သက် ဒုက္ခတုံး
ဒုက္ခစု၏ ဖြစ်ခြင်းသည် လောက၌ ထင်ရှား၏၊ "ဗြဟ္မာ ဗိဿနိုး တန်ခိုး
ကြီးမား ထာဝရဘုရားတို့ ဖန်ဆင်းခြင်းကြောင့် ဖြစ်သည် မဟုတ်၊ ပုဂ္ဂိုလ်'
သတ္တာ-ငါ-သူ-ယောက်ျား'မိန်းမ၏ ဖြစ်ခြင်းလည်း မဟုတ်, ဒုက္ခ အစု၏
သာ ဖြစ်ခြင်း" ဟူလို။
လေ့ကျင့်ခန်း မေးခွန်းများ
ဂ။ အဘယ်တရားကို အဝိဇ္ဇာ ဟု ခေါ်သနည်း, တရားကိုယ်ကောက်ပါ။
ဃ။ အဝိဇ္ဇာ ဖုံးလွှမ်းအပ်သော နှစ်ဌာနသရုပ်ကို ထုတ်ပြပါ။
င။ အဘယ်တရားကို သင်္ခါရ ဟု ခေါ်သနည်း, တရားကိုယ်ကောက်ပါ။
စ။ အဘယ်တရားများကို ပုညာဘိသင်္ခါရ-အပုညာဘိသင်္ခါရ- အာနေဉ္စာ
ဘိသင်္ခါရဟု ခေါ်သနည်း။
နိဿယနှင့်အဓိပ္ပါယ်
၄၈၃
ဆ။ သင်္ခါရပစ္စယာ ဝိညာဏံ၌ ဝိညာဏအရ တရားကိုယ် ကောက်ပါ။
ဇ။ အဘယ်သင်္ခါရကြောင့် အဘယ်ဝိညာဉ်များ ဖြစ်သနည်း။
ဈ။ ဝိညာဏပစ္စယာ၌ ဝိညာဏအရ တရားကိုယ် ကောက်ပြပါ။
ည။ နာမရူပံ၌ နာမအရ, ရူပအရ ကောက်ပြပါ။
ဋ။ အဋ္ဌကထာကြီးဆိုတိုင်း ဝိညာဏ-နာမ'ရူပတို့၏ အရ ကောက်ပါ။
ဌ။ သဠာယတနံ၌ အာယတန ၆ ပါး သရုပ်ကို ထုတ်၍, စက္ခာယတန=
မနာယတနတို့၏ တရားကိုယ်ကို ကောက်ပါ။
ဍ။ သဠာယတနပစ္စယာ၌ သဠာယတန ၂ နည်း ကောက်ပြပါ။
ဏ။ ဖဿ-အရ တရားကိုယ်ကိုပြ၍, သမ္ဖဿ ၆ ပါး သရုပ်ကို ထုတ်ပါ။
တ။ အဘယ်ဖဿကို စက္ခုသမ္ဖဿ ဟု ခေါ်သနည်း။
ထ။ ဝေဒနာအရ တရားကိုယ်ပြ၍ ဝေဒနာ ၆ ပါး သရုပ်ကို ထုတ်ပါ။
ဒ။ ဝိညာဏ နာမ မန ဖဿ ဝေဒနာ တို့၌ ဓာတုကထာ ကောက်ပုံနှင့်
ဤကျမ်းက ကောက်ပုံသည့် တူသလော, လင်္ကာထောက်ပါ။
ဓ။ တဏှာ၏ တရားကိုယ်ကိုပြ၍, တဏှာ ၆ ပါးသရုပ်ကို ထုတ်ပါ။
န။ တဏှာနှင့် ကာမုပါဒါန်အထူးကို လင်္ကာထောက်၍ ခွဲပြပါ။
ပ။ ကမ္မဘဝ၏ တရားကိုယ်ကို ကောက်ပါ။
ဖ။ ဥပပတ္တိဘဝ၏ တရားကိုယ်ကို ကောက်၍, ဥပပတ္တိဘဝအပြား ၉ ပါး
သရုပ်ကို ထုတ်ပါ။
ဗ။ ကမ္မဘဝနှင့်သင်္ခါရသည့် ဘယ်သို့ ထူးခြားသနည်း, လင်္ကာထောက်ပါ။
ဘ။ ဘဝပစ္စယာ ဇာတိ၌ ဘဝအရ အဘယ်ဘဝကို ယူမည်နည်း။
မ။ ဇာတိ ဇရာ မရဏတို့၏ အရကို ကောက်ပြပါ။
ယ။ သောက-ပရိဒေဝ-ဒုက္ခ-ဒေါမနဿ-ဥပါယာသတို့ ဟူသည် အဘယ်
သဘောနည်း, အသီးအသီး တရားကိုယ် ကောက်ပြပါ။
ရ။ သောက ပရိဒေဝ ဥပါယာသတို့၏ သဘောကို ဥပမာဖြင့် ခွဲပြပါ။
လ။ ဧဝမေတဿ ကေဝလဿ စသည့်ကား ဘာစကားနည်း။
## Trang 247
ပဋိစ္စသမုပ္ပါဒ်နည်းဝယ် တတ္ထ- ထို ပဋိစ္စသမုပ္ပါဒ်၌၊ တယော-
သိဘွယ်များ သုံးပါးကုန်သော၊ အဒ္ဓါ – အဓွန့်တို့ကို၊
နိဿယနှင့်အဓိပ္ပါယ်
ကထံ-အဘယ်သို့ သိအပ်ကုန်သနည်း။...
အဓွန့် ၃ ဖြာ
၎င်း၊ ဝါ – ကာလတို့ကို၎င်း၊ ဒွါဒသ-
တစ်ဆယ့်နှစ်ပါးကုန်သော၊ အင်္ဂါနိ - အင်္ဂါတို့ကို ၎င်း၊ ဝီသတိ-
နှစ်ဆယ်သော၊ အာကာရာ'အခြင်းအရာ တို့ကို၎င်း၊ ဝါ-အပြား
တို့ကို၎င်း၊ တိသန္တိ-သုံးပါးသော အစပ်ကို၎င်း၊ စတုသင်္ခေပါ-
လေးပါးသော အလွှာတို့ကို၎င်း၊ ဝါ-လေးပါးသော အဘို့ အရ
တို့ကို၎င်း၊ တီဏိ-သုံးပါးကုန်သော၊ ဝဋ္ဋာနိ - ဝဋ်တို့ကို၎င်း၊
ဒွေ-နှစ်ပါးကုန်သော၊ မူလာနိ စ-မူလတို့ကို၎င်း၊ ဝေဒိတဗ္ဗာနိ-
သိအပ် သိထိုက်ကုန်၏။
ပဋိစ္စသမုပ္ပါဒ်နည်းဝယ် သိဘွယ်များ။ ။ဤ"တတ္ထ တယောအဒ္ဓါမှ
စ၍ ဝေဒိတဗ္ဗာနိ" တိုင်အောင်သော စကားရပ်ကား ပဋိစ္စသမုပ္ပါဒ်နည်းဝယ်
သိဘွယ်ရာ အချက်များကို ဆက်လက်၍ ပြလိုသောကြောင့် အကျဉ်းချုပ်
ခေါင်းစဉ်၍ ပြသော "ဥဒ္ဒေသ == မာတိကာ" စကား တည်း၊ ဤ အဓွန့်
စသည်တို့ဖြင့် ပဋိစ္စသမုပ္ပါဒ်ကို ခွဲခြား၍ သိထိုက်သည်, သိအောင် ပြုကြပါ
ဟူလို။
အဒ္ဓါ'ဟူသော ပါဌ်၌ "အဓွန့်"ဟူ၍ အနက်ဆိုကြ၏၊ အဓွန့်ဟူသည့်
ကာလပင် တည်း၊ အာကာရာ — ဟူသော ပါဌ်၌ "အခြင်းအရာ" ဟူ၍
အနက်ဆိုရိုးရှိ၏၊ "အခြင်းအရာ" ဟူသည် "အမူအရာကြိယာ" ဖြစ်ရကား
ထိုအနက် မကောင်း၊ ရိုးရာဖြစ်၍သာ ထည့်လိုက်ရသည်။ "ပကာရာ အာ
ကာရာ" ဟု မူလဋီကာ ဖွင့်သောကြောင့် "အပြားတို့ကို၎င်း" ဟု တနည်း
ပေးလိုက်သည်၊ အဓိပ္ပါယ် နောက်၌ ထင်ရှားလတ္တံ့။
၄၈၅
အဝိဇ္ဇာသင်္ခါရာ- အဝိဇ္ဇာသင်္ခါရ တို့သည်၊
အတီတေ-အတိတ်ဘဝ ဟူသော၊ အဒ္ဓါ-
ကာလမည်၏၊ ဇာတိ ဇရာမရဏံ - ဇာတိ ဇရာမရဏသည်၊
အနာဂတေ-အနာဂတ်ဘဝဟူသော၊ အဒ္ဓါ - ကာလမည်၏၊
မဇ္ဈေ – အလယ်၌၊ အဋ္ဌ -- ရှစ်ပါးသော တရားတို့သည်၊
ပစ္စုပ္ပန္နေ-ပစ္စုပ္ပန်ဘဝဟူသော၊ အဒ္ဓါ-ကာလမည်၏၊ ဣတိ-
စတုသင်္ခေပါ — ဟု ပါဌ်ဟောင်း ရှိ၏၊ သမာဟာရဒွန်သမာသ် ဖြစ်၍
"စတုသင်္ခေပုံ" ဟု ရှိမှကောင်းမည်၊ သင်္ခေပ'ဟူသော ပါဌ်၌ "အလွှာ" ဟု
အနက်သုံးရိုး ရှိ၏, အဓိပ္ပါယ် မထင်ရှား၊ "သင်္ခေပ သဒ္ဓေါဝါ ဘာဂါမိဝစနံ"
ဟု ဖွင့်သောကြောင့် "အဘို့အစု" ဟု အနက်သုံးလိုက်သည်။
အဓွန့် ၃ ဖြာ။ ။အဓွန့် ( ကာလ ) ဟူသည် ထင်ရှားမရှိ, ပညတ်မျှ
သာ ဖြစ်ရကား ထိုကာလ၌ ဖြစ်သော တရားကိုသာ ( ဌာနူပစာရအား
ဖြင့် ) အတိတ်ကာလ စသည့်ဖြင့် နာမည်တပ်၍ ကောက်ယူအပ်လေသည်၊
[ ဌာနကာလ၏ အမည်ကို ဌာနီတရားပေါ်၌ တင်စားမှုကို ဌာနူပစာဟု
ခေါ်သည်။ ]
အဝိဇ္ဇာ သင်္ခါရာ အတီတော အဒ္ဓါ — သတွာ တစ်ယောက်သည်
ရှေးရှေး အတိတ်ဘဝ၌ သံသရာ၏ အပြစ်ကို မမြင်နိုင်အောင် အဝိဇ္ဇာ ဖုံးလွှမ်း
သဖြင့် ကုသိုလ် အကုသိုလ် သင်္ခါရကို ပြုမိခဲ့လေ၏၊ ထို့ကြောင့်. အဝိဇ္ဇာနှင့်
သင်္ခါရသည် အတိတ်အဓွန့်၌ ဖြစ်ခဲ့သော တရားများတည်း။
မဇ္ဈေ အဋ္ဌ ပစ္စုပ္ပန္နော — ထိုသို့ အတိတ်ဘဝက ကုသိုလ် အကုသိုလ်
သင်္ခါရကိုပြုခဲ့မိသောကြောင့် ယခုလို ပစ္စုပ္ပန်ဘဝ၌ ပဋိသန္ဓေ ကာလမှစ၍
## Trang 248
ဤသို့၊ တယော — ၃ ပါးကုန်သော၊ အဒ္ဓါ - ကာလ တို့ကို၊
(ဝေဒိတဗ္ဗာ-သိအပ်ကုန်၏။)
အင်္ဂါ ၁၂ ပါး
အဝိဇ္ဇာ-အဝိဇ္ဇာ၎င်း၊ သင်္ခါရာ-သင်္ခါရာတို့
၎င်း၊ ဝိညာဏံ – ဝိညာဏ် ၎င်း၊ နာမရူပံ-
နာမ်ရုပ်၎င်း၊ သဠာယတနံ
- သဠာယတန၎င်း၊ ဖဿံ-ဖဿ
၎င်း၊ ဝေဒနာ – ဝေဒနာ၎င်း၊ တဏှာ - တဏှာ၎င်း၊ ဥပါဒါနံ-
ဥပါဒါန်၎င်း၊ ဘဝေါ - ဘဝ၎င်း၊ ဇာတိ - ဇာတိ၎င်း၊ ဇရာ
မရဏံ - ဇရာမရဏံ၎င်း၊ ဣတိ - သို့၊ ဒွါဒသ - တစ်ဆယ့်နှစ်ပါး
ကုန်သော၊ အင်္ဂါနိ-အင်္ဂါတို့ကို၊ ဝေဒိတဗ္ဗာနိ-ကုန်၏။ [ပန–
အမှာစကားချပ် ညှပ်လိုက်ချုပ်အံ့၊ ဧတ္ထ-ဤပဋိစ္စသမုပ္ပါဒ်ပါဠိ၌၊
သောကာဒိဝစနံ - သောက အစရှိသော သဒ္ဒါသည်၊ နိဿန္ဒ
ဝိညာဏ်, နာမ်ရုပ်, သဠာယတန,ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ကမ္မ
ဘဝ, ဤ ၈ ပါးတို့ ဖြစ်ကြကုန်၏၊ ထို့ကြောင့် ဤ ၈ ပါးသည် ပစ္စုပ္ပန်အဓွန့်
မည်၏။ [ ဘဝ - အရ ၍ ပစ္စုပ္ပန်အဓွန့်၌ ကမ္မဘဝကိုသာ ယူ။ ]
ဇာတိဇရာမရဏံ အနာဂတာ — ယခုလို ပစ္စုပ္ပန်ဘဝ၌ ကမ္မဘဝ
ဟူသော ကုသိုလ်ကံ အကုသိုလ်ကံ စီမံပြန်ရကား နောက် အနာဂတ် ဘဝ၌
ဇာတိ ဇရာ မရဏများ ဖြစ်ကြရပြန်လေသည်၊ ထို့ကြောင့် ဇာတိ ဇရာ မရဏ
သည့် အနာဂတ် အဓွန့်တရားများတည်း။
အင်္ဂါ ၁၂ ပါး။ ။အင်္ဂါ'ဟူသည် ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်း၌ မပါလျှင်
မပြီး အရေးအကြီးဆုံးဖြစ်သော အစိတ်အပိုင်းတည်း၊ လှည်းဘီး စက်ဝိုင်း၏
အစိတ်အစိတ် ဒေါက်ဆန်များကဲ့သို့ မှတ်၊ အင်္ဂါ ၁၂ ပါးကို ပါဠိရှိတိုင်း
ရေတွက်လေ၊ ဇရာမရဏ ၂-ပါးကို အင်္ဂါတစ်ပါးတည်း ဟု မှတ်။
နိဿယနှင့်အဓိပ္ပါယ်
၄၀၇
ဖလနိဒဿနံ-ဇာတိအတွက် အဆက်ဆက် အကျိုးကို ပြခြင်း
မျှသာတည်း။ (အသီးအခြား အင်္ဂါ မဟုတ်-ဟူလို။)
ပန - အဘို့ တစ်ပါးကား၊ ဧတ္ထ-
အပြား ၂၀, သုံးသွယ်အစပ်,
လေးရပ်အစု ဤ ပဋိစ္စသမုပ္ပါဒ်၌၊ အဝိဇ္ဇာသင်္ခါ
ရဂ္ဂဟဏေန-အဝိဇ္ဇာသင်္ခါရကို
တိုက်ရိုက် ယူလိုက်သဖြင့်၊ တဏှုပါဒါန ဘဝါပိ - တဏှာ,
ဥပါဒါန်,ကမ္မဘဝတို့သည်လည်း၊ဂဟိတာ-ယူအပ်ကုန်သည်၊
သောကာဒိဝစနံပနေတ္ထ — စသည်ကား အမှာ စကား ချပ်တည်း၊
အာဒိသဒ္ဒါဖြင့် ပရိဒေဝ ဒေါမနဿ ဥပါယာသကို ယူ၊ ဤ သောက စသည့်
တို့ကား သတွာတိုင်းမှာ ဖြစ်သည် မဟုတ်၊ ဗြဟ္မာနှင့် အချို့ နတ်လူ စသည်မှာ
မဖြစ်၊ သတွာတိုင်းမှာ မဖြစ်လျှင် ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းတွင် မပါလျှင် မပြီး
အရေးကြီးသောအင်္ဂါ မဟုတ်နိုင်၊ ဇာတိဟူသော အကြောင်းကြောင့် ဖြစ်
ပေါ်မည်ဆိုလျှင် ဆက်သွယ်၍ဖြစ်ဘွယ်ရှိသောအဆက်ဆက်အကျိုး(အကျိုး
ဆက်)တရားများသာ ဖြစ်သည်၊ ဇရာမရဏကား သတွာတိုင်းမှာ ဖြစ်၏၊
ထို့ကြောင့် အင်္ဂါအဖြစ်ဖြင့် ပါဝင်လေသည်၊ ဤ စကားအရ'ဇာတိ၏ မုချ
အကျိုးရင်းကား ဇရာမရဏတည်း၊ ဇာတိ၏ အကျိုးဆက်ကား သောက
စသော ၅ ပါးတည်းဟု မှတ်။
အပြား ၂၀, သုံးသွယ် အစပ်, လေးရပ် အစု။
။အဝိဇ္ဇာသင်္ခါ
ရဂ္ဂဟဏေနမှ စ၍ စတုသင်္ခေပါ ဘဝန္တိ-တိုင်အောင် စကားရပ်ကား ဝီသ
တာကာရ – တိသန္တိ – စတုသင်္ခေပ အရတို့ကို အကျယ် ပြသော စကားရပ်
တည်း၊ ထို စကားရပ်တွင် "အဝိဇ္ဇာသင်္ခါရဂ္ဂဟဏေန ၊ ပေ ၊ ဣတိကတွာ
တိုင်အောင်သော စကားစုကား အတိတ် အကြောင်း ၅ ပါး ရပုံ ပစ္စုပ္ပန်
အကြောင်း ၅ ပါး ရပုံ အနာဂတ် အကျိုး ၅ ပါး ရပုံကို ပြသော အခြေခံ
စကားစုတည်း၊
## Trang 249
ဘဝန္တိ-ဖြစ်ကုန်၏၊ တထာ-ထိုအတူ၊ တဏှုပါဒါန ဘဝဂ္ဂဟ
ဏေန စ-တဏှာ,ဥပါဒါန်, ကမ္မဘဝတို့ကို တိုက်ရိုက်ယူလိုက်
အဝိဇ္ဇာသင်္ခါရဂ္ဂဟဏေန ၊ ပေ ၊ ဘဝါပိဿ'"အဝိဇ္ဇာသင်္ခါရာ အတိ
တော အဒ္ဓါ" အတိတ်အဓွန့်(ဘဝ)၌ အဝိဇ္ဇာနှင့် သင်္ခါရကိုသာ တိုက်ရိုက်
ယူခဲ့၏၊ ထို ၂ ပါးတွင် အဝိဇ္ဇာသည် ကိလေသာ ဆယ်ပါး၌ ပါဝင်သော
ကိလေသဝဋ်ပင် ဖြစ်၏၊ တဏှာနှင့် ဥပါဒါန်လည်း ကိလေသဝဋ်ပင် တည်း၊
ထိုသို့ ကိလေသဝဋ်ချင်း တူသောကြောင့် အဝိဇ္ဇာကို တိုက်ရိုက်ယူလိုက်သဖြင့်
တနွယ်ငင်-တစင်ပါ" ဆိုသလို တဏှာနှင့် ဥပါဒါန်တို့ကိုလည်း အဝိနာ
ဘာဝ ( မကင်း စကောင်းသော ) နည်းအားဖြင့် ယူရလေသည်၊ [ အဝိဇ္ဇာ
မကင်း သူ့မျှသာဖြင့် "တဏှာ မဖြစ်ပါဘူး" ဟု ဘုရားစူး ကျိန်သော်လည်း
မဟုတ်နိုင်၊ အသေးစား တဏှာဖြစ်လျှင် အကြီးစား ဥပါဒါန်လည်း ဖြစ်မည့်
သာ၊ ဤ အရာများကို မြန်မာက "တနွယ်ငင်-တစင်ပါ" နည်းလေးဆယ်က
"အဝိနာဘာဝနည်း" ဟု စကားသုံးသည်။ ]
သင်္ခါရသည် ကမ္မဝဋ် ဖြစ်၏၊ [ ဝဋ်သုံးပါး အခွဲကို ကြည့်၊ ] ကမ္မဘဝ
လည်း ကမ္မဝဋ်ပင်တည်း၊ ထိုသို့ ကမ္မဝဋ်ချင်း တူသောကြောင့် အတိတ် ဘဝ၌
သင်္ခါရကို တိုက်ရိုက်ယူလိုက်သဖြင့် ကမ္မဘဝကိုလည်း အဝိနာဘာဝ နည်းဖြင့်
ယူပြီးဖြစ်တော့၏၊ ဤ စကားအရ အတိတ်ဘဝ၌ "အဝိဇ္ဇာ သင်္ခါရ တဏှာ
ဥပါဒါန် ကမ္မဘဝ" ဟု အကြောင်းငါးပါး ရသည်။
[ဆောင်] အတိတ်ခွန့်မှာ, အဝိဇ္ဇာကို, တိုက်ရိုက် ဆိုသဖြင့်, ထိုနှင့်
မသွေ ကိလေသ-ဟူ, ဝဋ်တူပြုသည့်, တဏှပါဒါန်, ယူရ
ပြန်၏၊ တစ်ဖန်စဉ်ပြ,သင်္ခါရဖြင့်, ကမ္မဝဋ်တူ, ဘဝယူ-ဟု
တို့သူနောင်လာ, သိစိမ့်ငှာ, အဝိနာဘော, နည်းပြ
ဟောသည်, မှတ်လော ယူရိုး ယူစဉ်တည်း။
နိဿယနှင့်အဓိပ္ပါယ်
၄၉
သဖြင့်လည်း၊ အဝိဇ္ဇာသင်္ခါရာ-အဝိဇ္ဇာသင်္ခါရတို့သည်လည်း၊
ဂဟိတာ-ယူအပ်ကုန်သည်၊ ဘဝန္တိ - ဖြစ်ကုန်၏၊ ဇာတိ ဇရာ
သင်္ခါရနှင့် ကမ္မဘဝ အထူး။ ။အဝိဇ္ဇာပစ္စယာ သင်္ခါရာတုန်းက
သင်္ခါရနှင့် ဥပါဒါနပစ္စယာ ဘဝေါ တုန်းက ကမ္မဘဝတို့သည်. စေတနာချင်း
အရတူသော်လည်း, အတိတ်ဘဝနှင့် ပစ္စုပ္ပန်ဘဝ ဟု ဘဝကာလချင်း ကွဲပြား
သဖြင့် ထူးခြားလေပြီ၊ ဤနေရာကား အတိတ်အကြောင်း ၅ ပါးတွင် သင်္ခါရနှင့်
ကမ္မဘဝကို ပြွတ်သိပ်၍ ယူထားသဖြင့် ဘဝ ကာလချင်း တူနေပြန်ရကား
အဘယ်သို့ ထူးသနည်းဟု မေးဘွယ်ရှိပြန်၏။
အဖြေကား.." သင်္ခါရာ ပုရစေတနာ,ဘဝေါတု မုဉ္စသမား
သဗ္ဗာ ဝါစေတနာ ဘဝေါ, သင်္ခါရာသမ္ပယုတ္တကာ
ဟူသည်နှင့်အညီ (၁) ထိုထိုကုသိုလ် အကုသိုလ်ပြုရာ၌ အထမမြောက်မှီ
ရှေးအဘို့ဖြစ်သော ပုဗ္ဗစေတနာသည် သင်္ခါရ မည်၏၊ အထမြောက်သော
မုဉ္စစေတနာသည် ဘဝမည်၏။ (၂) တနည်း-ဇော ၇ ကြိမ်တွင် ရှေ့ဇော
၆ ကြိမ်နှင့် ယှဉ်သော စေတနာသည် သင်္ခါရမည်၏၊ သတ္တမဇောနှင့်ယှဉ်သော
စေတနာသည် ဘဝမည်၏၊ (၃) တနည်း ----စေတနာနှင့် ယှဉ်သော စိတ်
စေတသိက်သည် သင်္ခါရမည်၏၊ စေတနာ ဟူသမျှသည် ဘဝမည်၏၊ ဤကား
ထိုထို ပါဠိတော်လာတိုင်း အမျိုးမျိုးကောက်ပြသော နည်းတည်း။
[ ဤနည်းများအရ ၁-ပုဗ္ဗစေတနာတည်းဟူသော သင်္ခါရကို တိုက်ရိုက်
ယူလိုက်သဖြင့် မုဉ္စစေတနာတည်းဟူသော ကမ္မဘဝကိုလည်းယူပြီးဖြစ်လေ၏
၂-ရှေ့ဇော ၆ ကြိမ်နှင့် ယှဉ်သော စေတနာ သင်္ခါရကို ယူလိုက်သဖြင့် သတ္တမ
ဇောနှင့် ယှဉ်သော စေတနာ ကမ္မဘဝကိုလည်း ယူပြီး ဖြစ်လေ၏။ ၃-
စေတနာနှင့် ယှဉ်ဘက် စေတသိက် ဟူသော သင်္ခါရကို ယူလိုက်သဖြင့် စေတနာ
တည်းဟူသော ကမ္မဘဝကိုလည်း ယူပြီးဖြစ်လေသည်။ ]
## Trang 250
မရဏဂ္ဂဟဏေန စ - ဇာတိ ဇရာ မရဏ တို့ကို တိုက်ရိုက်
ယူလိုက်သဖြင့်လည်း၊ ဝိညာဏာဒိဖလပဉ္စကမေဝ-ဝိညာဏ်
ဂါထာနက်။ ။ပုရစေတနာ – ပုဗ္ဗစေတနာတို့သည်၊ ဝါ – ရှေ့ဇော
၆ ကြိမ်နှင့် ယှဉ်သော စေတနာတို့သည်၊ သင်္ခါရာ – သင်္ခါရတို့ မည်၏၊ မုဉ္စ
သတ္တမာ'မုဉ္စစေတနာ သတ္တမဇော စေတနာတို့သည်၊ ဘဝေါ-မည်၏၊ ဝါ…
တနည်းကား၊ သဗ္ဗာစေတနာ - အလုံးစုံသော စေတနာသည်၊ ဘဝေါ…
ဘဝမည်၏၊ သမ္ပယုတ္တကာ−စေတနာနှင့် ယှဉ်ဘက် စိတ်စေတသိက်တို့သည်
သင်္ခါရာ'သင်္ခါရတို့ မည်၏။
ဝိညာဏ်, နာမ်ရုပ်, သဠာယတန,ဖဿ, ဝေဒနာတို့ကား အတိတ်ကံ
ကြောင့် ဖြစ်သော ပစ္စုပ္ပန်ဘဝ၌ အကျိုး ၅ ပါးတည်း၊ ["မဇ္ဈေအဋ္ဌပစ္စုပ္ပန္နော
အဒ္ဓါ" ကို ထောက်၊ ] ၎င်းအကျိုး ၅ ပါးလုံးပင် ၍ ပဋိစ္စသမုပ္ပါဒ် ပါဠိ၌
တိုက်ရိုက် လာသည်ဖြစ်၍ အထူးပြောဘွယ် မလို။
တဏှုပါဒါန၊ပေ၊သင်္ခါရာ'ပစ္စုပ္ပန်အဓွန့် (ဘဝ)၌ တဏှာ
ဥပါဒါန ကမ္မဘဝ ဟူသော အကြောင်း ၃ ပါးသာ တိုက်ရိုက်လာ၏၊ ထို
၃ ပါးကို တိုက်ရိုက်ယူလိုက်သဖြင့် ယခင် ပြခဲ့သော အဝိနာဘာဝနည်း အရ
အဝိဇ္ဇာနှင့် သင်္ခါရကိုလည်း ယူပြီး ဖြစ်ပြန်သည်၊ [ တဏှာ ဥပါဒါန်ဖြင့်
အဝိဇ္ဇာကို, ကမ္မဘဝဖြင့် သင်္ခါရကို ပြန်၍ယူပါ ဟူလို၊ ဤ စကားအရ
ပစ္စုပ္ပန်ဘဝ၌ တဏှာ ဥပါဒါန် ကမ္မဘဝ အဝိဇ္ဇာ သင်္ခါရ ဟု အကြောင်း
၅ ပါး ရပြန်သည်။
ဇာတိ ဇရာ၊ပေ၊ဝိညာဏာဒိ ဖလပဉ္စကမေဝ-ဇာတိဟူသည့် တရား
ကိုယ် သီးခြား မရှိ၊ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတို့၏
ဖြစ်ခြင်း ဥပါဒ်သာတည်း၊ ဇရာမရဏ-ဟူသည်လည်း ထို တရားတို့၏ ဌိ နှင့်
ဘင်သာတည်း၊ ထို့ကြောင့် "ဇာတိဇရာမရဏံ ၊ အနာဂတောအဒ္ဓါ" အရ
နိဿယနှင့်အဓိပ္ပါယ်
၄၉၁
အစရှိသော အကျိုးငါးပါး အပေါင်းကို သာလျှင်၊ ဂဟိတံ –
ယူအပ်၏၊ ဣတိကတွာ - ဤ အကြောင်းကြောင့်။
အတီတေ – အတိတ်ဘဝ၌၊ ပဉ္စ – ငါးပါးကုန်သော၊ ဟေ
တဝေါ - အကြောင်းတရားတို့၎င်း၊ ဣဒါနိ – ဤ ပစ္စုပ္ပန်ဘဝ၌၊
ဖလပဉ္စကံ- အကျိုးငါးပါး အပေါင်း၎င်း၊ ဣဒါနိ – ဤ ပစ္စုပ္ပန်
ဘဝ၌၊ ပဉ္စ-ငါးပါးကုန်သော၊ ဟေတဝေါ-အကြောင်းတို့၎င်း၊
အာယတိံ - အနာဂတ် ဘဝ၌၊ ဖလပဉ္စကံ - အကျိုး ငါးပါး
အပေါင်း၎င်း၊ ဣတိ'ဤသို့၊ဝီသတိ-နှစ်ဆယ်သော၊ အာကာရာ-
အပြားတို့သည်၎င်း၊ ဝါ- အခြင်းအရာတို့သည်၎င်း၊ တိသန္ဓိ-
သုံးပါးသော အစပ်သည်၎င်း၊ စတုသင်္ခေပါ - လေးပါးသော
အဘို့တို့သည်၎င်း၊ ဝါ – လေးပါးသော အလွှာတို့သည် ၎င်း၊
ဘဝန္တိ-ဖြစ်ကုန်၏။
အနာဂတ် အဓွန့်၌ ဇာတိဇရာမရဏကို ဆိုသဖြင့် ဝိညာဏ် စသော အကျိုး
၅ ပါးကိုပင် ယူရလေတော့သည်၊ ဤ စကားအရ အနာဂတ်ဘဝ၌ ဝိညာဏ်
နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ-ဟု အကျိုး ၅ ပါး ရပြန်သည်ဟု မှတ်။
["ဇာတိဇရာ မရဏေန စ ဝိညာဏာဒိဖလပဉ္စကမေဝ" ဟု သီဟိုဠ်မူ ရှိ၏,
သာ၍ ကောင်းသည်။ ]
အတီတေ ဟေတဝေါ ပဉ္စ၊ ဣဒါနိ ဖလပဉ္စကံ။
ဣဒါနိ ဟေတဝေါ ပဉ္စ၊ အာယတိံ ဖလပဉ္စကံ ။
ဤ
"အဝိဇ္ဇာသင်္ခါရဂ္ဂဟဏေန" မှ စ၍ "ဝိညာဏာဒိဖလပဉ္စကမေဝ ဂဟိတံ"
တိုင်အောင် အခြေခံစကားကို ထောက်ခံ၍ အတိတ်ဘဝ၌ ဖြစ်သော အကြောင်း
၅ ပါး, ပစ္စုပ္ပန်ဘဝ၌ ဖြစ်သော အကျိုး ၅ ပါး, ပစ္စုပ္ပန်ဘဝ၌ ဖြစ်သော
အကြောင်း ၅ ပါး, အနာဂတ်ဘဝ၌ ဖြစ်သော အကျိုး ၅ ပါး အားဖြင့်
အပြား ၂၀, အစပ် ၃ ပါး, အလွှာ ၄ ပါး ဖြစ်ကုန်၏။
## Trang 251
အကြောင်း ၅ ပါး၊ နောက် အနာဂတ် ဘဝ၌ ဖြစ်သော အကျိုး ၅ ပါး
ရကြောင်းကို သိရာ၏၊ ဆိုခဲ့ပြီးသော စကားကို ကြည့်၍ သရုပ်ရေတွက်လေ။
ဝီသတာကာရာ ဆိုခဲ့ပြီးသော အတိတ်အကြောင်း ၅ ပါး စသည်ကို
ပေါင်းလျှင် ၂၀ ဖြစ်၏၊ ထို ၂၀ ကိုပင် "ခြင်းရာ ၂၀" ဟု ရှေးက ခေါ်ရိုး
ပြုကြ၏။ စင်စစ်မှာ အတိတ် အကြောင်းတရားတို့၏ အပြား ၅ ပါး၊ ပစ္စုပ္ပန်
အကျိုးတရားတို့၏ အပြား ၅ ပါး စသည် ဖြစ်သောကြောင့် အပြား ၂၀
ဟူ၍သာ မှတ်။
ကို သန္တိအဆက်အစပ်ကို "သန္တိ" ဟု ခေါ်၏၊ ပဋိစ္စသမုပ္ပါဒ် အင်္ဂါ၌
အကြောင်းတရား၏ အဆုံးနှင့် အကျိုးတရား၏ အစ၊ အကျိုးတရား၏ အဆုံး
နှင့် အကြောင်းတရား၏ အစသည့် အစပ်၏ နေရာတည်း၊ ထိုနေရာကို မျဉ်းတို
ဟား၍ ပြမည်၊ [ အဝိဇ္ဇာ သင်္ခါရ --- ဝိညာဏ် နာမ်ရုပ် သဠာယတန
ဖဿ ဝေဒနာ --- တဏှာ ဥပါဒါန် ကမ္မဘဝ --- ဇာတိ ဇရာမရဏ ]
ဤ ပုံစံအရ…… သင်္ခါရနှင့် ဝိညာဏ်၏ အကြားသည် အတိတ် အကြောင်းနှင့်
ပစ္စုပ္ပန်အကျိုးတစပ်၊ ဝေဒနာနှင့် တဏှာ၏ အကြားသည် ပစ္စုပ္ပန် အကျိုးနှင့်
ပစ္စုပ္ပန်အကြောင်းတစပ်၊ ဘဝနှင့် ဇာတိအကြားသည် ပစ္စုပ္ပန်အကြောင်းနှင့်
အနာဂတ်အကျိုးတစပ်၊ ဤသို့ အစပ် ၃ ပါး ဖြစ်သည်။
စတုသင်္ခေပ။ ဤစတုသင်္ခေပါ အရကား အစပ် သုံးခုဖြင့် ခွဲခြားအပ်
သော အကြောင်း အကျိုး တရားများတည်း၊ အတိတ်အကြောင်း ဖြစ်သော
အဝိဇ္ဇာ သင်္ခါရသည် တဘို့၊ ပစ္စုပ္ပန်အကျိုး ဖြစ်သော ဝိညာဏ် နာမ်ရုပ်
သဠာယတန ဖဿ ဝေဒနာသည် တဘို့၊ ပစ္စုပ္ပန် အကြောင်းဖြစ်သော တဏှာ
ဥပါဒါန် ကမ္မဘဝသည် တဘို့၊ အနာဂတ်အကျိုးဖြစ်သော ဇာတိ ဇရာ မရဏ
သည် တဘို့၊ [သောကစသည့်ကိုလည်း ၍ စတုတ္ထအဘို့၌ သွင်း] ဤသို့
၄ ဘို့ (၄ စု ၄ ပုံ) ဖြစ်သည်၊ ဤ အဘို့အစုအပုံကိုပင် "အလွှာ" ဟု ရှေးက
သုံးစွဲရိုးပြသည်။
နိဿယနှင့်အဓိပ္ပါယ်
လေ့ကျင့်ခန်း မေးခွန်းများ
က။ အတိတ်အဓွန့်တရားကို သင်္ဂြိုဟ်ထောက်၍ သရုပ်ရေတွက်ပါ။
ခ။ အနာဂတ် အဓွန့်တရားကို သင်္ဂြိုဟ်ထောက်၍ သရုပ်ရေတွက်ပါ။
ဂ။ ပစ္စုပ္ပန် အဓွန့်တရားကို သင်္ဂြိုဟ်ထောက်၍ သရုပ်ရေတွက်ပါ။
ဃ။ အင်္ဂါ ၁၂ ပါးကို သင်္ဂြိုဟ်ထောက်၍ သရုပ်ရေတွက်ပါ။
င။ ဇာတိ၏ အကျိုးရင်း အကျိုးဆက်များကို ခွဲခြားပြပါ။
စ။ တိုက်ရိုက်ပြသော အကြောင်း ၂ ပါးတွင် အဝိဇ္ဇာဖြင့် ဘယ်တရားကို၊
သင်္ခါရဖြင့် ဘယ်တရားကို၊ အဘယ့်ကြောင့် ဘယ်နည်းအရ ယူနိုင်
သနည်း၊ လက်ဥထောက်ပါ။
ဆ။ အတိတ် အကြောင်း၌ သင်္ခါရ ကမ္မဘဝ ၂ ပါးလုံး ပါဝင်နေရာ၊ ထို
၂ ပါးတို့ အရကောက်အထူးကို ဂါထာထောက်၍ ကောက်ပြပါ။
ဇ။ တိုက်ရိုက်ပြသော ပစ္စုပ္ပန်အကြောင်း ၃ ပါးတွင် တဏှာ ဥပါဒါန်ဖြင့်
ဘယ်တရားကိုယူ၍ ကမ္မဘဝဖြင့် ဘယ်တရားကို ယူမည်နည်း။
ဈ။ ဇာတိဇရာ မရဏဖြင့် ဘယ့်ကြောင့် ဝိညာဏ်စသော အကျိုး ၅ ပါးကို
ယူရသနည်း။
ည။ အတီတေ ဟေတုပဉ္စက — အရနှင့် ဣဒါနိ ဖလပဉ္စက — အရ
သရုပ်ရေတွက်ပါ။
ဋ။ ဣဒါနိ ဟေတုပဉ္စက — အရနှင့် အာယတိ ဖလပဉ္စကံ — အရ သရုပ်
ရေတွက်ပါ။
ဌ။ ဝီသတာကာရ — အရ သရုပ်ရေတွက်ပြပါ။
ဍ။ တိသန္တိ — အရနှင့် စတုသင်္ခေပ — အရ သရုပ်ရေတွက်ပါ။
## Trang 252
ဝဋ် ၃ ပါး
စ — အဘိတပါးကား၊ အဝိဇ္ဇာတဏှုပါဒါနာ —
အဝိဇ္ဇာ တဏှာ ဥပါဒါန် တို့သည်၊ ကိလေသ
ဝဋံ — ကိလေသဝဋ် မည်၏၊ ကမ္မဘဝသင်္ခါတေ — ကမ္မဘဝ
ဟု ဆိုအပ်သော၊ ဘဝေကဒေသော — ဘဝတစိတ်သည်၎င်း၊
သင်္ခါရာစ — သင်္ခါရတို့သည်၎င်း၊ ကမ္မဝဋံ — ကမ္မဝဋ် မည်၏၊
ဥပပတ္တိဘဝ သင်္ခါတေ — ဥပပတ္တိဘဝ ဟု ဆိုအပ်သော၊
ဘဝေကဒေသော — ဘဝတစိတ် သည်၎င်း၊ အဝသေသာစ —
ကြွင်းသော ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ
ဇာတိ ဇရာ မရဏ တို့သည်၎င်း၊ ဝိပါကဝဋံ — ဝိပါကဝဋ်
မည်၏၊ ဣတိ — ဤသို့၊ တီဏိ — သုံးပါးကုန်သော၊ ဝဋ္ဋာနိ — ဝဋ်
တို့ကို၊ ဝေဒိတဗ္ဗာနိ — သိအပ်ကုန်၏။
ဝဋ် ၃ ပါး။ ဝဋ္ဋ — သဒ္ဒါသည် စက်ဘီးများ ချာချာလည်သလို
လှည့်လည်ခြင်း အနက်ကို ဟော၏၊ ထို့ကြောင့် "အကြောင်းပြီးလျှင် အကျိုး၊
အကျိုးပြီးလျှင် အကြောင်း" ဟု အကြောင်းအကျိုး မပြတ်ဘဲ ဆက်စပ် လှည့်
လည်နေသော ပဋိစ္စသမုပ္ပါဒ်တရားတွေကို "ဝဋ္ဋ ဝါ — ဝဋ်" ဟု ခေါ်သည်။
ထိုပဋိစ္စသမုပ္ပါဒ်အင်္ဂါ ၁၂ ပါးကို ဝဋ် ၃ ပါးဖြင့် ခွဲလျှင်…….
အဝိဇ္ဇာတဏှုပါဒါနာ၊ ပေ၊ ကိလေသဝဋံ — အဝိဇ္ဇာ တဏှာ ဥပါဒါန် ၃ ပါး
သည် ကိလေသဝဋ်တည်း၊ [ သမုစ္စည်းပိုင်း၌ ပြခဲ့သော ကိလေသာ ၁၀ ပါးတွင်
ဤ တရားတို့၏ တရားကိုယ်များ ပါဝင်နေသည်ကို သတိပြု။ ]
ကမ္မဘဝ၊ ပေ၊ ကမ္မဝဋံ — ကမ္မဘဝ ဟူသော ဘဝတစိတ်နှင့် သင်္ခါရတို့
သည် ( ကံတရားချည်းသာ ဖြစ်သောကြောင့် ) ကမ္မဝဋ်မည်၏။ [ဘဝသည်
ကမ္မဘဝ ဥပပတ္တိဘဝ ဟု ၂ မျိုး ရှိ၏၊ ဘဝ ၂ မျိုးလုံးကို မယူဘဲ ကမ္မဘဝ
ဟူသော တစိတ်တပိုင်းကိုသာ ယူသောကြောင့် "ဘဝတစိတ်" ဆိုသည်၊
ဘဝေကဒေသ = ဘဝ+ဧကဒေသ။ ]
ဥပပတ္တိဘဝသင်္ခါတော၊ ပေ၊ ဝိပါကဝဋံ — ဘဝ ၂ မျိုး ရှိသည့်တွင်
ဥပပတ္တိဘဝဟူသော ဘဝတစိတ်နှင့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ
ဝေဒနာ ဇာတိ ဇရာ မရဏတို့သည် ( အကျိုးတရားများချည်း ဖြစ်သော
ကြောင့်) ဝိပါကဝဋ်မည်၏။ [ဤဝိပါကဝဋ်ကို ရည်ရွယ်၍ ဝိညာဏ် နာမ် ရုပ်
စသည်တို့၌ ဝိပါက်စေတသိက်နှင့် ကမ္မဇရုပ်များချည်းသာ ကောက်ခဲ့ရသည်၊
၍ ဝိပါကဝဋ်ကို ရည်ရွယ်၍ ပင်လျှင် တစုံတယောက်မှာ ဒုက္ခကြီးစွာ ခံစား
နေရသည့်အခါ "ဝဋ်ခံနေရသည်၊ တယ် ဝိပါကဝဋ် အားကြီးရှာတယ်" ဟု၎င်း
"သူတစ်ပါးကို နာအောင်မလုပ်နဲ့ ဝဋ်ပါတတ်တယ်" ဟု၎င်း "ဝဋ် အမြဲ
ငရဲ အပ" ဟု၎င်း ပြောဆိုရိုး ပြုကြသည်။
ဝဋ်မြစ် ၂ ပါး။ အမြစ်အရင်း အစကို "မူလ" ဟု ခေါ်သည်၊ ပဋိစ္စ
သမုပ္ပါဒ်စက်သည် အတိတ်ဘဝ အကြောင်းမှစ၍ ပစ္စုပ္ပန်ဘဝ အကျိုးများ
ဖြစ်သည့်တိုင်အောင် ရှေ့ပိုင်းတစက်၊ ပစ္စုပ္ပန် အကြောင်းမှစ၍ အနာဂတ်ဘဝ
အကျိုးတိုင်အောင် နောက်ပိုင်း တစက်၊ ဟု ၂ စက်ရှိ၏။ (၁) "အဝိဇ္ဇာ
သင်္ခါရ — ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ" တို့ကား ရှေ့ပိုင်း
စက်တည်း၊ ထို စက်၌ အဝိဇ္ဇာသည် အရင်းမူလ အစဖြစ်၏။
(၂) "တဏှာ ဥပါဒါန် ဘဝ — ဇာတိ ဇရာ မရဏ" တို့ကား နောက်ပိုင်း
စက်တည်း၊ ထိုစက်၌ တဏှာသည် အရင်းမူလ အစဖြစ်၏၊ ဤသို့လျှင် အဝိဇ္ဇာ
တဏှာအားဖြင့် မူလ ၂ ပါးရှိသည်။
## Trang 253
စက်ရဟတ် ပျက်ကိန်း စ — ဆက်ချူးအံ့၊ တေသမေဝ မူလာနံ —
ထို မူလ နှစ်ပါးတို့၏ သာလျှင်၊ နိရောဓေန —
အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့်၊ (ဝဋံ —
ဝဋ်တရားသည်၊) နိရုဇ္ဈတိ — ချုပ်၏။
စက်ရဟတ် ပျက်ကိန်း။ "တေသမေဝ စ မူလာနံ နိရောဓေန
နိရုဇ္ဈတိ" ကား ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်၏ (ဝါ — ဝဋ်တရား၏) ချုပ်ပျက်
ပုံကို ပြသော စကားတည်း၊ သစ်ပင်၌ ရေသောက်မြစ် ပြတ်လျှင် တပင်လုံး
ပျက်စီးတော့သကဲ့သို့၊ ထို့အတူ သံသရာတွင် စည်ပင်နေသည့် သတ္တဝါဟု
ခေါ်ဆိုအပ်သော ရုပ် နာမ် ခန္ဓာ သစ်ပင်ကြီး၌ အဝိဇ္ဇာ တဏှာ ဟူသော
ရေသောက်မြစ် ၂ ခုကို အရဟတ္တမဂ် တည်းဟူသော လက်နက်ဖြင့် ဖျက်ဆီး
လိုက်သည့်အခါ အပြီးသတ် ချုပ်ငြိမ်းလေတော့၏၊ ထို့ကြောင့် ပဋိစ္စသမုပ္ပါဒ်
စက်ရဟတ်၏ ပျက်ကိန်းကိုလည်း ဟောတော်မူလေသည်။
"အဝိဇ္ဇာယ တွေဝ အသေသ ဝိရာဂနိရောဓာ သင်္ခါရနိရောဓော၊
သင်္ခါရနိရောဓာ ဝိညာဏနိရောဓော၊ ဝိညာဏနိရောဓာ နာမရူပ
နိရောဓော၊ နာမရူပနိရောဓာ သဠာယတနနိရောဓော၊ သဠာယတန
နိရောဓာ ဖဿနိရောဓော၊ ဖဿနိရောဓာ ဝေဒနာနိရောဓော၊
ဝေဒနာနိရောဓာ တဏှာနိရောဓော၊ တဏှာနိရောဓာ ဥပါဒါန
နိရောဓော၊ ဥပါဒါနနိရောဓာ ဘဝနိရောဓော၊ ဘဝနိရောဓာ
ဇာတိနိရော့မော၊ ဇာတိနိရောဓာ ဇရာမရဏံ၊ သောက ပရိဒေဝ
ဒုက္ခ ဒေါမနဿုပါယာသာ နိရုဇ္ဈန္တိ၊ ဧဝမေတဿ ကေဝလဿ
ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။"
အဝိဇ္ဇာယ တွေဝ — အဝိဇ္ဇာ၏ သာလျှင်၊ အသေသဝိရာဂ နိရောဓာ —
အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့်၊ သင်္ခါရနိရောဓော — သင်္ခါရတို့၏
ချုပ်ငြိမ်းခြင်းသည်၊ ဟောတိ — ၏ စသည့် အနက်ဆို။
အဝိဇ္ဇာ၏ အကြောင်း။ ဇရာ မရဏ မုစ္ဆာယ၊ ပေ၊ အဝိဇ္ဇာစ
ပဝတ္တတိ — အိုခြင်း သေခြင်း တွေဝေမိန်းမောကြောင်း
သောကစသော တရားအပေါင်းသည်၊ အဘိဏှသော — မပြတ်
မလပ်၊ မီဠိတာနံ — နှိပ်စက်အပ်သော သတ္တဝါတို့၏ (သန္တာန်၌၊)
အာသဝါနံ — အာသဝေါတရားတို့၏၊ သမုပ္ပါဒါ — ဖြစ်ခြင်း
ကြောင့်၊ အဝိဇ္ဇာစ — အဝိဇ္ဇာသည်လည်း၊ ပဝတ္တတိ — ဖြစ်ပြန်၏။
အဝိဇ္ဇာ၏ အကြောင်း။ "ဇရာ မရဏမုစ္ဆာယ၊ ပေ၊ အဝိဇ္ဇာစ
ပဝတ္တတိ" ကား အဝိဇ္ဇာ၏ အကြောင်းကို ပြသော စကားရုပ်တည်း၊ [ အဝိဇ္ဇာ
ကြောင့် သင်္ခါရဖြစ်၊ ပေ၊ ဇာတိကြောင့် ဇရာ မရဏ သောက စသည်တို့
ဖြစ်လျှင်၊ အဝိဇ္ဇာကား အဘယ့်ကြောင့်ဖြစ်သနည်းဟု မေးဘွယ်ရှိ၍ အဝိဇ္ဇာ၏
အကြောင်းကို ပြပြန်သည် ဟူလို။] ဇရာ မရဏမုစ္ဆာယ၌ မုစ္ဆာ — သောက
စသော ၅ ပါးကိုယူ၊ သောက စသည်တို့သည် မိန်းမော တွေဝေကြောင်း
တရားများဖြစ်၏။ "ဝမ်းနည်းလိုက်တာ မေ့ကိုယ်သွားတာပဲ၊ ငိုလိုက်တာ ပူဆွေး
လိုက်တာ မေ့ကိုယ်သွားတာပဲ" ဟူသည်ကို ထောက်။
အာသဝါနံ သမုပ္ပါဒါ အဝိဇ္ဇာစ ပဝတ္တတိ … အဝိဇ္ဇာ၏ အကြောင်း
ကား ကာမာသဝ စသော အာသဝေါတရား ၄ ပါးတည်း၊ ချဲ့ဦးအံ့ — ပဋိစ္စ
သမုပ္ပါဒ်ပါဠိ၌ သောက စသည်ကို အဆုံးသတ်လျက်ရှိ၏။ သောကဟူသည်
ဒေါမနဿတည်း၊ ထို့ကြောင့် သောကဖြစ်လျှင် ယှဉ်ဘက် အဝိဇ္ဇာလည်း
ပါဝင်ပြီ၊ ဒုက္ခ ဒေါမနဿ ဥပါယာသတို့ ဖြစ်လျှင်လည်း အဝိဇ္ဇာသည် ရှေ့
နောက်ဖြစ်စေ၊ အတူတကွဖြစ်စေ ပါတော့၏၊ ပရိဒေဝဟူသော ငိုကြွေးမှု
(သဒ္ဒရုပ်) သည်လည်း အဝိဇ္ဇာ (မသိ မလိမ္မာမှု) ကြောင့်သာ ဖြစ်ရကား
အဝိဇ္ဇာ အရင်းခံလျက် ရှိ၏၊ ထိုကြောင့် "ဇရာမရဏမုစ္ဆာယ အာသဝါနံ
သမုပ္ပါဒါ အဝိဇ္ဇာစ ပဝတ္တတိ" ဟု မိန့်ဆိုလေသည်၊ ထို သောက စသည်ကား "ကာမ
တော ဇာယတိ သောကော" နှင့် အညီ ကာမာသဝ စသည်တို့ကြောင့်ဖြစ်၏။
[အကျယ်ကို ဘာသာဋီကာမှာ ရှု။]
[ဆောင်] အာသဝကြောင့်၊ သောက စသည်၊ ငါးလီ ခပင်း၊ ဖြစ်တုံ
လျှင်းက၊ မကင်းသင့်ရာ၊ အဝိဇ္ဇာလည်း၊ ပါဝင်ပြီးမို့၊ ဆိုနည်း
မထောင့်၊ အာသဝ ကြောင့်သာ၊ အဝိဇ္ဇာလည်း၊ ဖြစ်
သတည်းဟု၊ ကျမ်းကြီး ဆိုတိုင်း၊ သင်္ဂြိုဟ် လှိုင်းသည်....
ကသိုဏ်း ထင်အောင် ရှုဘို့တည်း။
## Trang 254
နိဂုံး
ဣစ္စေဝံ — ဤ ဆိုအပ်ပြီးသော နည်းဖြင့်၊ အဗန္ဓကံ —
အဆက်မပြတ်၊ ဖွဲ့စပ်အပ်ထသော၊ တေဘူမကံ —
ဘုံသုံးပါးတွင်၊ အကြုံးဝင်ထသော၊ အနာဒိကံ — အစလည်း ရှိ
ထသော ဝဋံ — ဝဋ်တရားကို၊ ပဋိစ္စသမုပ္ပါဒေါတိ — ပဋိစ္စသမုပ္ပါဒ်၊
စက်ရဟတ်ဟူ၍၊ မဟာမုနိ — မုနိထွဋ်တင်၊ ဘုရားရှင်သည်၊
ပညပေသိ — ဟောထားတော်မူခဲ့လေပြီ။
နိဂုံး။ "ဣစ္စေဝံ အဗန္ဓကံ" — စသော ဂါထာကား အဓွန့် စသည့် ခွဲပြ
ခဏ်းကို ပြန်၍ ဖုံးသော နိဂုံးစကားတည်း၊ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်၊ ပေ၊
ဇာတိကြောင့် ဇရာ မရဏ သောက စသည်တို့ဖြစ်၊ သောက စသည် ဖြစ်လျှင်
မုချ အာသဝေါ မကင်းသေး၊ အာသဝေါ မကင်းသေးက အာသဝကြောင့်
သောက စသည်နှင့် တကွ အဝိဇ္ဇာလည်း ဖြစ်ပြန်၏၊ ဤသို့ အဆက်မပြတ်
ရဟတ်စက်ပမာ ချာချာလည်ဘိ ( ဘယ်တရားက စ၍ ဖြစ်သည်၊ ဘယ်တုန်း
အခါကစ၍ ဖြစ်သည် — ဟု) အစ မရှိသော ဝဋ်တရားကို "ပဋိစ္စသမုပ္ပါဒ်စက်"
ဟု ဘုရားရှင်ကိုယ်တော်မြတ် ပညတ်တော်မူခဲ့ပေသည်။
နိဿယနှင့်အဓိပ္ပါယ်
လေ့ကျင့်ခန်း မေးခွန်းများ
က။ အဘယ်တရားကို "ဝဋ္ဋ၊ ဝါ — ဝဋ်" ဟု ခေါ်သနည်း။
ခ။ ကိလေသဝဋ်တရားကို သင်္ဂြိုဟ်ထောက်၍ သရုပ်ရေတွက်ပါ။
ဂ။ ကမ္မဝဋ်တရားကို သင်္ဂြိုဟ်ထောက်၍ သရုပ်ရေတွက်ပါ။
ဃ။ "ကမ္မဘဝသင်္ခါတော ဘဝေကဒေသော" အရ "ဘဝတစိတ်" ဟူသော
စကား၏ အဓိပ္ပါယ်ကို ပြပါ။
င။ ဝိပါကဝဋ်တရားကို သင်္ဂြိုဟ်ထောက်၍ သရုပ်ရေတွက်ပါ။
စ။ အဘယ်ကို မူလ ဟု ခေါ်သနည်း၊ မူလသရုပ်ကို ရေတွက်ပါ။
ဆ။ အဘယ်တရားများ ချုပ်လျှင် သံသရာဝဋ် ပြတ်သနည်း။
ဇ။ ဇရာမရဏမုစ္ဆာယ — ၌ မုစ္ဆာအရ ဘယ်တရားများကို ယူမည်နည်း။
ဈ။ အာသဝကြောင့် အဝိဇ္ဇာဖြစ်သည် ဟု ဆိုရာ၌၊ လင်္ကာထောက်၍ အဓိပ္ပါယ်
ထင်ရှားအောင် ပြပါ။
ပဋိစ္စသမုပ္ပါဒ်နည်း
ပြီး ပြီး
## Trang 255
ပဋ္ဌာန်းနည်း
ဟေတုပစ္စယော — ဟေတုပစ္စည်း၎င်း၊ အာရမ္မဏပစ္စယော — ၎င်း၊
အဓိပတိပစ္စယော — ၎င်း၊ အနန္တရပစ္စယော — ၎င်း၊
သမနန္တရပစ္စယော — ၎င်း၊ သဟဇာတပစ္စယော — ၎င်း၊
အညမညပစ္စယော — ၎င်း၊ နိဿယပစ္စယော — ၎င်း၊
ဥပနိဿယပစ္စယော — ၎င်း၊ ပုရေဇာတပစ္စယော — ၎င်း၊
ပစ္ဆာဇာတပစ္စယော — ၎င်း၊ အာသေဝနပစ္စယော — ၎င်း၊
ကမ္မပစ္စယော — ၎င်း၊ ဝိပါကပစ္စယော — ၎င်း၊
အာဟာရပစ္စယော — ၎င်း၊ ဣန္ဒြိယပစ္စယော — ၎င်း၊
ဈာနပစ္စယော — ၎င်း၊ မဂ္ဂပစ္စယော — ၎င်း၊
သမ္ပယုတ္တပစ္စယော — ၎င်း၊ ဝိပ္ပယုတ္တပစ္စယော — ၎င်း၊
အတ္ထိပစ္စယော — ၎င်း၊ နတ္ထိပစ္စယော — ၎င်း၊
ဝိဂတပစ္စယော — ၎င်း၊ အဝိဂတပစ္စယော — ၎င်း၊
ဣတိ — ဤသို့၊ ( ပစ္စယာ — ပစ္စည်းတို့သည်၊ စတုဝီသတိ — နှစ်ဆဲ့လေးပါး
တည်း။ )
အယံ — ဤ သည်ကား၊ ဧက္က — ပစ္စယသင်္ဂဟ၌၊ ပဋ္ဌာန
နယော — ပဋ္ဌာန်းနည်းတည်း။
၁၄။ ပဋ္ဌာန်းနည်း။ ပဋ္ဌာန်းပါဠိတော်၌ "ဟေတုပစ္စယော၊ ပေ၊
အဝိဂတပစ္စယော" ဟု ၂၄ ပစ္စည်းသရုပ်ကို ရှေးဦးစွာ ထုတ်ပြ၍ ထိုနည်းမှ
အလွန်ကျယ်ဝန်းစွာ ဟောတော်မူသည်၊ ဤ သင်္ဂြိုဟ်ကျမ်း၌ကား ပဋ္ဌာန်းနည်း
အားလုံး၏ တစွန်းတစ သရုပ်ကိုပင် ပဋ္ဌာန်းနည်း ဟု မိန့်ဆိုလေသည်၊ ဤပဋ္ဌာန်း
နည်း၌ ကျယ်ဝန်းစွာ ရေးလျှင် အခြေပြုခါစနှင့် မတန်မည် စိုး၍ ၃ ချက်စု
ဘာသာဋီကာ အဖြစ်ဖြင့် သီးခြား စီစဉ်ထားသော စာအုပ်ကိုရှုပါ။
နိဿယနှင့်အဓိပ္ပါယ်
ထု — အမျိုးအားဖြင့် ခွဲခြားချူးအံ့၊ နာမံ —
ပစ္စည်း ၆ မျိုး အခွဲ
နာမ်သည်၊ နာမဿ — နာမ် အချင်းချင်း
အား၊ ဆဟိ — ခြောက်ပစ္စယသတ္တိတို့ဖြင့်၊ ပစ္စယော — ကျေးဇူး
ပြုသည်၊ ဟောတိ — ဖြစ်၏၊ နာမံ — သည် (လိုက်)၊ နာမရူပိနံ —
နာမ်ရုပ်နှစ်ပါးတို့အား၊ ပဉ္စဟိ — ငါးပစ္စယသတ္တိ တို့ဖြင့်၊ ပစ္စ
ယော — သည်၊ ဟောတိ — ဖြစ်၏၊ ပုန — တဖန်၊ နာမံ — သည်၊
ရူပဿ — ရုပ်အား၊ ဧကေန — တပစ္စယသတ္တိဖြင့်၊ ပစ္စယော —
သည်၊ ဟောတိ — ၏၊ ရူပဉ္စ — ရုပ်သည်လည်း၊ နာမဿ — နာမ်
အား၊ ဧကေန — ဖြင့်၊ ပစ္စယော — သည်၊ ဟောတိ — ၏၊ ပညတ္တိနာမ
ရူပါနိ — ပညတ်၊ နာမ်၊ ရုပ်တို့သည်၊ နာမဿ — နာမ်အား၊
ဒွီဟိ — နှစ်ပစ္စယသတ္တိတို့ဖြင့်၊ ပစ္စယော — သည်၊ ဟောတိ — ၏၊
နာမရူပဉ္စ — နာမ်ရုပ်နှစ်ပါး အပေါင်းသည်လည်း၊ ဒွယဿ — နာမ်
ရုပ်နှစ်ပါး အပေါင်းအား၊ နဝဟိ — ကိုးပစ္စယသတ္တိတို့ဖြင့်၊ ပစ္စ
ယော — သည်၊ ဟောတိ — ၏၊ ဣတိ — ဤသို့၊ ပစ္စယာ — ပစ္စည်းမျိုး
တို့သည်၊ ဆဋ္ဌိ — ၆ မျိုး အပြားရှိကုန်၏။
ပစ္စည်း ၆ မျိုး။ "ဆဓာ နာမံ တု နာမဿ" — စသော ဂါထာတို့ကား
၂၄ ပစ္စည်းတို့တွင် နာမ် အချင်းချင်း ကျေးဇူးပြုသော ပစ္စည်းပေါင်း မည်မျှ
စသည်ဖြင့် ခွဲပြသော အကျဉ်းချုပ် မာတိကာ ဂါထာတို့တည်း၊ ထို ဂါထာ
အရ ပစ္စည်း ၆ မျိုးကား —
၁။ နာမ်သည် နာမ်အား ကျေးဇူးပြုသော ပစ္စည်းမျိုး ၆ ပစ္စည်း၊
၂။ နာမ်သည် နာမ်ရုပ်အား ကျေးဇူးပြုသော ပစ္စည်းမျိုး ၅ ပစ္စည်း၊
၃။ နာမ်သည် ရုပ်အား ကျေးဇူးပြုသော ပစ္စည်းမျိုး ၁ ပစ္စည်း၊
## Trang 256
ကထံ-အမျိုး ခြောက်ပါး အဘယ်သို့ ပြားသနည်း။..
အနန္တရနိရုဒ္ဓါ-အခြားမဲ့ ဖြစ်၍ ချုပ်ကုန်ပြီးသော၊ စိတ္တစေတသိက - စိတ်စေတသိက် ဖြစ်ကုန်သော၊ ဓမ္မာ - တရားတို့သည်၊ ပဋိပ္ပန္နာနံ - အကြောင်းကို စွဲ၍ ဖြစ်ကုန်သော၊ စိတ္တစေတသိကာနံ - ကုန်သော၊ ဓမ္မာနံ-တရားတို့အား၊ အနန္တရ သမနန္တရ နတ္ထိ ဝိဂတဝသေန-အနန္တရ သမနန္တရ နတ္ထိ ဝိဂတ ပစ္စည်းတို့၏ အစွမ်းဖြင့်၊ ပစ္စယော-ကျေးဇူးပြုသည်၊ ဟောတိ-ဖြစ်၏။
ပုရိမာနိ-ရှေးရှေး ဖြစ်ကုန်သော၊ ဇဝနာနိ - ဇောတို့သည်၊ ပစ္ဆိမာနံ - နောက်နောက် ဖြစ်ကုန်သော၊ ဇဝနာနံ - ဇောတို့အား၊ အာသေဝနဝသေန - အာသေဝနပစ္စည်း၏ အစွမ်းဖြင့်၊ ပစ္စယော-သည်၊ ဟောတိ-ဖြစ်၏။
၄။ ရုပ်သည် နာမ်အား ကျေးဇူးပြုသော ပစ္စည်းမျိုး
၅။ ပညတ် နာမ်ရုပ်တို့သည် နာမ်အား ကျေးဇူးပြုသော ပစ္စည်းမျိုး
၆။ နာမ် ရုပ် နှစ်ပါးက နာမ် ရုပ် နှစ်ပါးအား ကျေးဇူးပြုသော ပစ္စည်းမျိုး
နာမ်အချင်းချင်း ကျေးဇူးပြုသော ၆ ပစ္စည်း။ ။ "အနန္တရနိရုဒ္ဓါ၊ ပေ၊ ဆဓာ နာမံ နာမဿ ပစ္စယော ဟောတိ" ဖြင့် ၁-အမျိုးအစား ဖြစ်သော ၆ ပစ္စည်းကိုပြသည့်၊ ဆဓာ နာမံတု နာမဿ အရ ကျေးဇူးပြုသော ၆ ပစ္စည်းကား အနန္တရ သမနန္တရ အာသေဝန သမ္ပယုတ္တ နတ္ထိ ဝိဂတ များတည်း'ဟူလို။
သဟဇာတတကွ ဖြစ်ကုန်သော၊ စိတ္တစေတသိက - ကုန်သော၊ ဓမ္မာ - တရားတို့သည်၊ အညမညံ - အချင်းချင်း၊ သမ္ပယုတ္တဝသေန - သမ္ပယုတ္တပစ္စည်း၏ အစွမ်းဖြင့်၊ ပစ္စယော-သည်၊ ဟောတိ-၏၊ ဣတိစ-ဤသို့လျှင်၊ နာမံသည်၊ နာမဿ-နာမ်အချင်းချင်းအား၊ ဆဓာ-ခြောက်ပစ္စယသတ္တိတို့ဖြင့်၊ ပစ္စယော-သည်၊ ဟောတိ-၏။
ဟေတု ဈာနင်္ဂ မဂ္ဂင်္ဂါနိ-ဟေတ် ဈာနင် မဂ္ဂင်တို့သည်၊ သဟဇာတာနံ - တကွ ဖြစ်ကုန်သော၊ နာမရူပါနံ - နာမ်ရုပ်တို့အား၊ ဟေတာဒိဝသေန-ဟေတုပစ္စည်း အစရှိသည်တို့၏ အစွမ်းဖြင့်၊ (အာဒိဖြင့် ဈာန မဂ္ဂ ယူ) ပစ္စယော-သည်၊ ဟောတိ-၏။
သဟဇာတာ-တကွ ဖြစ်သော၊ စေတနာ-စေတနာသည်၊ သဟဇာတာနံ-တကွ ဖြစ်ကုန်သော၊ နာမရူပါနံ - နာမ်ရုပ်တို့အား၎င်း၊ နာနာက္ခဏိကခ - အသီးသီးသော ခဏ၌ ဖြစ်သော၊ စေတနာ-သည်၊ ကမ္မာဘိနိဗ္ဗတ္တာနံ-ကံကြောင့် ဖြစ်ကုန်သော၊ နာမရူပါနံ-တို့အား၎င်း၊ ကမ္မဝသေန-ကမ္မပစ္စည်း၏ အစွမ်းဖြင့်၊ ပစ္စယော-သည်၊ ဟောတိ-၏။
နာမ်သည် နာမ်ရုပ်အား ကျေးဇူးပြုသော ၅ ပစ္စည်း။ ။ "ဟေတု ဈာနင်္ဂ မဂ္ဂင်္ဂါနိ၊ ပေ၊ ပဉ္စဓာ နာမံ နာမရူပါနံ ပစ္စယော ဟောတိ" ဖြင့် ၂-အမျိုးအစား ဖြစ်သော ၅ ပစ္စည်းကို ပြသည့်၊ ပဉ္စဓာ နာမရူပါနံ - အရ နာမ်သည် နာမ်ရုပ်အား ကျေးဇူးပြုသော ၅ ပစ္စည်းကား ဟေတု ဈာန မဂ္ဂ ကမ္မ ဝိပါကပစ္စည်းများတည်း-ဟူလို။
## Trang 257
ဝိပါကက္ခန္ဓာ - ဝိပါက် နာမက္ခန္ဓာတို့သည်၊ အညမညံ-အချင်းချင်းအား၎င်း၊ သဟဇာတာနံ-ကုန်သော၊ ရူပါနံ - တို့အား၎င်း၊ ဝိပါကဝသေန - ဝိပါကပစ္စည်း၏ အစွမ်းဖြင့်၊ ပစ္စယော-သည်၊ ဟောတိ-၏၊ ဣတိစ-ဤသို့လျှင်၊ နာမံ-နာမ်သည်၊ နာမရူပါနံ - နာမ်ရုပ်တို့အား၊ ပဉ္စဓာ - ငါးပစ္စယသတ္တိတို့ဖြင့်၊ ပစ္စယော-သည်၊ ဟောတိ-၏။
ပစ္ဆာဇာတာ - နောက်နောက်၌ ဖြစ်ကုန်သော၊ စိတ္တစေတသိကာ - စိတ်စေတသိက် ဖြစ်ကုန်သော၊ ဓမ္မာ - တရားတို့သည်၊ ပုရေဇာတဿ-ရှေးရှေး၌ ဖြစ်သော၊ ဣမဿ ကာယဿ- ရူပကာယအား၊ ပစ္ဆာဇာတဝသေန-ပစ္ဆာဇာတ ပစ္စည်း၏ အစွမ်းဖြင့်၊ ပစ္စယော-သည်၊ ဟောတိ-၏၊ ဣတိ-သို့၊ နာမံ-သည်၊ ရူပဿ-အား၊ ဧကဓာဝ-တစ်ပစ္စယသတ္တိဖြင့်သာလျှင်၊ ပစ္စယော-သည်၊ ဟောတိ-၏။
နာမ်က ရုပ်အား ကျေးဇူးပြုသော ၁ ပစ္စည်း။ ။ "ပစ္ဆာဇာတာ၊ ပေ၊ ဧကဓာဝ နာမံ ရူပဿ ပစ္စယော ဟောတိ" ပါဌ်ဖြင့် ၃-အမျိုးအစား ဖြစ်သော ၁ ပစ္စည်းကို ပြသည့်၊ ဧကဓာ ပန ရူပဿ - အရ နာမ်သည် ရုပ်အား ကျေးဇူးပြုသော ၁ ပစ္စည်းကား ပစ္ဆာဇာတ ပစ္စည်းတည်း-ဟူလို။
ဆဝတ္ထုနိ - ခြောက်ပါးသော ဝတ္ထုရုပ်တို့သည်၊ ပဝတ္တိယံ - ပဝတ္တိအခါ၌၊ သတ္တန္နံ-ခုနစ်ပါးကုန်သော၊ ဝိညာဏဓာတုနံ - ဝိညာဏဓာတ်တို့အား၎င်း၊ ပဉ္စာရမ္မဏာနိ - ငါးပါးသော အာရုံတို့သည်၊ ပဉ္စဝိညာဏဝီထိယံ - ပဉ္စဝိညာဏဝီထိအား၎င်း၊ ပုရေဇာတဝသေန - ပုရေဇာတပစ္စည်း၏ အစွမ်းဖြင့်၊ ပစ္စယော-သည်၊ ဟောတိ-ဖြစ်၏၊ ဣတိ-ဤသို့၊ ရူပံ-သည်၊ နာမဿ-အား၊ ဧကဓာဝ-တစ်ပစ္စယသတ္တိဖြင့်သာလျှင်၊ ပစ္စယော-သည်၊ ဟောတိ-၏။
ရုပ်က နာမ်အား ကျေးဇူးပြုသော ၁ ပစ္စည်း။ ။ "ဆဝတ္ထုနိ၊ ပေ၊ ဧကဓာဝ ရူပံ နာမဿ ပစ္စယော" ဖြင့် ၄-အမျိုးအစား ဖြစ်သော ၁ ပစ္စည်းကို ပြသည်၊ ရူပံ နာမဿ ဧကဓာ-အရ ရုပ်က နာမ်အား ကျေးဇူးပြုသော ၁ ပစ္စည်းကား ပုရေဇာတ ပစ္စည်းတည်း'ဟူလို။
အာရမ္မဏဝသေန - အာရမ္မဏပစ္စည်း၏ အစွမ်းဖြင့်၎င်း၊ ဥပနိဿယဝသေနစ - ဥပနိဿယပစ္စည်း၏ အစွမ်းဖြင့်၎င်း၊ ဣတိ-ဤသို့၊ ဒုဝိဓာ-နှစ်ပစ္စယသတ္တိတို့ဖြင့်၊ ပညတ္တိနာမရူပါနိ-ပညတ် နာမ်, ရုပ်တို့သည်၊ နာမသေဝ-နာမ်အားသာလျှင်၊ ပစ္စယာ-ကျေးဇူးပြုတတ်ကုန်သည်။ ဟောန္တိ-ကုန်၏။
ပညတ် နာမ်ရုပ်က နာမ်အား ကျေးဇူးပြုသော ၂ ပစ္စည်း။ ။ "အာရမ္မဏဝသေန၊ ပေ၊ ဒုဝိဓာ ပညတ္တိနာမရူပါနိ နာမသေဝ ပစ္စယာ ဟောန္တိ" ဖြင့် ၅-အမျိုးအစား ဖြစ်သော ၂ ပစ္စည်းကို ပြသည်၊ ပညတ္တိနာမရူပါနိ နာမဿ ဒုဝိဓာ-အရ ပညတ်နာမ်နှင့် ရုပ်တို့က နာမ်အား ကျေးဇူးပြုသော ၂ ပစ္စည်းကား အာရမ္မဏ ဥပနိဿယတို့တည်း။
## Trang 258
တတ္ထ-ထိုနှစ်ပစ္စည်းတို့တွင်၊ အာရမ္မဏပစ္စည်းသည်၊ ရူပါဒိဝသေန-ရူပါရုံအစရှိသည်တို့၏ အပြားဖြင့်၊ ဆဗ္ဗိဓံ-ခြောက်ပါးအပြားရှိသည်၊ ဟောတိ-ဖြစ်၏၊ ဥပနိဿယောပန-ဥပနိဿယပစ္စည်းသည်ကား၊ အာရမ္မဏူပနိဿယော-အာရမ္မဏူပနိဿယ၎င်း၊ အနန္တရူပနိဿယော- အနန္တရူပနိဿယ၎င်း၊ ပကတူပနိဿယောစ-ပကတူပနိဿယ၎င်း၊ ဣတိ-သို့၊ တိဝိဓော-သုံးပါး အပြားရှိသည်၊ ဟောတိ-၏။
အာရမ္မဏ, ဥပနိဿယ ပြား။ ။ "တတ္ထ ရူပါဒိဝသေန၊ ပေ၊ ပကတူပနိဿယောစေတိ" - ဤ စကားကား အာရမ္မဏပစ္စည်းနှင့် ဥပနိဿယပစ္စည်းအပြားကို ပြသော စကားရပ်တည်း၊ အာရမ္မဏပစ္စည်းသည် ရူပါရုံ သဒ္ဒါရုံ စသောအားဖြင့် ၆ ပါး ရှိ၍ ဥပနိဿယပစ္စည်းကား အာရမ္မဏူပနိဿယ, အနန္တရူပနိဿယ, ပကတူပနိဿယ, ဟု ၃ မျိုး ပြားသည်-ဟူလို။
ဥဒ္ဒိဿယ ၃ မျိုး၏ သရုပ်
၁။ တတ္ထ-ထို သုံးပါးတို့တွင်၊ ဂရုကတံ-အလေးဂရု ပြုအပ်သော၊ အာရမ္မဏမေဝ-အာရုံသည်ပင်လျှင်၊ အာရမ္မဏူပနိဿယော-အာရမ္မဏူပနိဿယပစ္စည်း မည်၏။
၂။ အနန္တရနိရုဒ္ဓါ-အခြားမဲ့ ဖြစ်၍ ချုပ်ကုန်ပြီးသော၊ စိတ္တစေတသိကာ-စိတ် စေတသိက် ဖြစ်ကုန်သော၊ ဓမ္မော - တရားတို့သည်၊ အနန္တရူပနိဿယော-အနန္တရူပနိဿယ ပစ္စည်းမည်၏။
ဥပနိဿယ ပစ္စည်း ၃ မျိုး၏ သရုပ်။ ။ (၁) "အာရမ္မဏမေဝ ဂရုကတံ အာရမ္မဏူပနိဿယော" ကား အာရမ္မဏူပနိဿယ ပစ္စည်း၏ သရုပ်ကို ပြသော စကားတည်း။ (၂) "အနန္တရနိရုဒ္ဓါ စိတ္တစေတသိကာ ဓမ္မာ အနန္တရူပနိဿယော" ကား အနန္တရူပနိဿယ ပစ္စည်း၏ သရုပ်ကို ပြသော စကားတည်း။ (၃) "ရာဂါဒယောပန ဓမ္မာ" စသည်ကား ပကတူပနိဿယ၏ သရုပ်ကို ပြသော စကားတည်း။
၃။ ပန-အဘို့တစ်ပါးကား၊ ရာဂါဒယော - ရာဂ အစရှိကုန်သော၊ ဓမ္မော - အကုသိုလ်တရားတို့သည်၎င်း၊ သဒ္ဓါဒယော-သဒ္ဓါ အစရှိကုန်သော၊ ဓမ္မာ - ကုသိုလ်တရားတို့သည်၎င်း၊ သုခံ- ကာယိကသုခသည်၎င်း၊ ဒုက္ခံ - ကာယိကဒုက္ခသည်၎င်း၊ ပုဂ္ဂလော-ပုဂ္ဂိုလ်သည်၎င်း၊ ဘောဇနံ - ဘောဇဉ်သည်၎င်း၊ ဥတု - ဥတုသည်၎င်း၊ သေနာသနဉ္စ - ကျောင်း အိပ်ရာ နေရာသည်၎င်း၊ ယထာရဟံ - ထိုက်သည်အား လျော်စွာ၊ အဇ္ဈတ္တဉ္စ - အဇ္ဈတ္တသန္တာန်၌၎င်း၊ ဗဟိဒ္ဓါစ-ဗဟိဒ္ဓသန္တာန်၌၎င်း၊ ကုသလာဒိဓမ္မာနံ-ကုသိုလ်အစရှိသော တရားတို့အား၎င်း၊ ကမ္မံ-ဗလဝဖြစ်သော ကံသည်၊ ဝိပါကာနံ-ဝိပါက် နာမက္ခန္ဓာတို့အား၎င်း၊ (ပစ္စယော-သည်၊ ဟောတိ-၏၊) ဣတိစ-ဤသို့လျှင်၊ ပကတူပနိဿယော - ပကတူပနိဿယပစ္စည်းသည်၊ ဗဟုဓာ-များသောအပြားအားဖြင့်၊ ဟောတိ-၏။
အဓိပတိ သဟဇာတ အညမည နိဿယ အာဟာရ ဣန္ဒြိယ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတဝသေန-အဓိပတိပစ္စည်း သဟဇာတပစ္စည်း အညမညပစ္စည်း နိဿယပစ္စည်း အာဟာရပစ္စည်း ဣန္ဒြိယပစ္စည်း ဝိပ္ပယုတ္တပစ္စည်း အတ္ထိပစ္စည်း အဝိဂတပစ္စည်းတို့၏ အစွမ်းဖြင့်၊ ယထာရဟံ - ထိုက်သည်အားလျော်စွာ၊ ကိုးပစ္စယသတ္တိတို့ဖြင့်၊ နာမရူပါနိ - နာမ်ရုပ်တို့သည်၊ နာမရူပါနံ - တို့အား၊ ပစ္စယာ - ကျေးဇူးပြုတတ်ကုန်သည်၊ ဘဝန္တိ-ကုန်၏။
နာမ်ရုပ် ၂ က နာမ်ရုပ် ၂ အား ကျေးဇူးပြုသော ၉ ပစ္စည်း။ ။ "အဓိပတိ သဟဇာတ၊ ပေ၊ နဝဓာ နာမရူပါနိ နာမရူပါနံ ပစ္စယာ ဘဝန္တိ" - ၆-အမျိုးအစား ဖြစ်သော ၉ ပစ္စည်းကို ပြသည်၊ ဒွယံ ဒွယဿ နဝဓာ - အရ နာမ်ရုပ် နှစ်ပါးက နာမ်ရုပ်နှစ်ပါးအား ကျေးဇူးပြုသော ပစ္စည်းသည် အဓိပတိ သဟဇာတ အညမည နိဿယ အာဟာရ ဣန္ဒြိယ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတတို့တည်း'ဟူလို။
## Trang 259
[ဝသေနေတိ-ဟု ဣတိ ပါသည်ကား အပို၊]
တတ္ထ-ထိုပစ္စည်းတို့တွင်၊ (၁) ဂရုကတံ - အလေးဂရု ပြုအပ်သော၊ အာရမ္မဏံ - အာရုံသည်၊ အာရမ္မဏာဓိပတိဝသေန - အာရမ္မဏာဓိပတိ၏ အစွမ်းဖြင့်၊ နာမာနံ - နာမ်တို့အား၎င်း.. (၂) စတုဗ္ဗိဓောပိ - လေးပါးအပြားရှိသည်လည်း ဖြစ်သော၊ သဟဇာတာဓိပတိ-သဟဇာတာဓိပတိသည်၊ သဟဇာတဝသေန-သဟဇာတာဓိပတိပစ္စည်း၏ အစွမ်းဖြင့်၊ သဟဇာတာနံ-တကွဖြစ်ကုန်သော၊ နာမရူပါနံ-နာမ်ရုပ်တို့အား၎င်း၊ ပစ္စယော-သည်၊ ဟောတိ-၏၊ ဣတိစ- ဤသို့လျှင်၊ အဓိပတိပစ္စယော - သည်၊ ဒုဝိဓော-နှစ်ပါးအပြားရှိသည်၊ ဟောတိ-၏။
အဓိပတိသရုပ် နှင့် အပြား။ ။ "တတ္ထ ဂရုကတံ" စသည်ကား အဓိပတိ စသော ပစ္စည်း ၉ မျိုး၏ သရုပ် နှင့် တစ်ပစ္စည်း တစ်ပစ္စည်း၌ ရထိုက်သော အပြားကို ပြသောစကားတည်း၊ ထိုတွင် "ဂရုကတံ အာရမ္မဏံ၊ ပေ၊ ဒုဝိဓော ဟောတိ အဓိပတိပစ္စယော" ဟူသော စကားရပ်ကား အဓိပတိပစ္စည်း၏ သရုပ်နှင့်တကွ အဓိပတိ ၂ ပါး ပြားကြောင်းကို ပြသော စကားတည်း၊ အဓိပတိပစ္စည်းသည် အာရမ္မဏာဓိပတိ, သဟဇာတာဓိပတိ ၂ မျိုးပြားသည်'ဟူလို။
၂။ သဟဇာတသရုပ်အပြား (၁) စိတ္တစေတသိကာ - စိတ်စေတသိက်ဖြစ်ကုန်သော၊ ဓမ္မော-တရားတို့သည်၊ အညမညံ - အချင်းချင်းအား၎င်း၊ သဟဇာတရူပါနဉ္စ - တကွဖြစ်သော ရုပ်တို့အား၎င်း၊ (၂) မဟာဘူတာ-မဟာဘုတ်တို့သည်၊ အညမညံ - အချင်းချင်းအား၎င်း၊ ဥပါဒါရူပါနဉ္စ-ဥပါဒါရုပ်တို့အား၎င်း၊ (၃) ပဋိသန္ဓိက္ခဏေ-ပဋိသန္ဓေခဏ၌၊ ဝတ္ထုဝိပါကာ - ဟဒယဝတ္ထု၊ ဝိပါက် နာမက္ခန္ဓာတို့သည်၊ အညမညံ - အချင်းချင်းအား၎င်း၊ ပစ္စယော - သည်၊ ဟောတိ-၏၊ ဣတိစ-ဤသို့လျှင်၊ သဟဇာတပစ္စယော-သည်၊ တိဝိဓော-သုံးပါးအပြားရှိသည်၊ ဟောတိ-၏။
၂။ သဟဇာတ သရုပ်နှင့် အပြား။ ။ "စိတ္တစေတသိကာ၊ ပေ၊ တိဝိဓော ဟောတိ သဟဇာတပစ္စယော" ကား သဟဇာတပစ္စည်းသရုပ်နှင့် သဟဇာတပစ္စည်း ၃ မျိုးပြားကြောင်းကို ပြသော စကားတည်း။
၃။ အညမညသရုပ်အပြား (၁) စိတ္တစေတသိကာ-ကုန်သော၊ ဓမ္မာ - တို့သည်၊ အညမညံ-၎င်း၊ (၂) မဟာဘူတာ-တို့သည်၊ အညမညံ-၎င်း၊ (၃) ပဋိသန္ဓိက္ခဏေ-၌၊ ဝတ္ထုဝိပါကာ-တို့သည်၊ အညမညံ-၎င်း၊ ပစ္စယော-သည်၊ ဟောတိ-၏၊ ဣတိစ - ဤသို့လျှင်၊ အညမညပစ္စယော-အညမညပစ္စည်းသည်၊ တိဝိဓော-သည်၊ ဟောတိ-၏။
၃။ အညမညသရုပ်နှင့်အပြား။ ။ "စိတ္တစေတသိကာ၊ ပေ၊ တိဝိဓော ဟောတိ အညမညပစ္စယော" ကား အညမညပစ္စည်း သရုပ်နှင့် အညမညပစ္စည်း ၃မျိုးပြားကြောင်းကို ပြသော စကားတည်း။
## Trang 260
၄။ နိဿယ သရုပ်အပြား (၁) စိတ္တစေတသိကာ-ကုန်သော၊ ဓမ္မာ - တို့သည်၊ အညမညံ - ၎င်း၊ သဟဇာတရူပါနဉ္စ - တကွဖြစ်သော ရုပ်တရားတို့အား၎င်း၊ (၂) မဟာဘူတာ-တို့သည်၊ အညမညံ-၎င်း၊ ဥပါဒါရူပါနဉ္စ-ဥပါဒါန်ရုပ်တို့အား၎င်း၊ (၃) ဆဝတ္ထုနိ - ခြောက်ပါးသော ဝတ္ထုရုပ်တို့သည်၊ သတ္တန္နံ - ခုနစ်ပါးကုန်သော၊ ဝိညာဏဓာတူနံ-ဝိညာဏဓာတ်တို့အား၎င်း၊ ပစ္စယော - သည်၊ ဟောတိ - ၏၊ ဣတိစ- ဤသို့လျှင်၊ နိဿယပစ္စယော-နိဿယပစ္စည်းသည်၊ တိဝိဓော-သည်၊ ဟောတိ-၏။
၄။ နိဿယ ပစ္စည်း သရုပ်နှင့် အပြား။ ။ "စိတ္တစေတသိကာ ဓမ္မာ၊ ပေ၊ တိဝိဓော ဟောတိ နိဿယပစ္စယော" ကား နိဿယပစ္စည်း သရုပ်နှင့် နိဿယပစ္စည်း ၃ မျိုးပြားကြောင်းကို ပြသော စကားတည်း။
၅။ အာဟာရ သရုပ် အပြား (၁) ကဗဠီကာရော-အလုပ်အတွေ့ကို ပြုအပ်သော၊ အာဟာရော - အာဟာရသည်၊ ဣမဿ ကာယဿ - ဤ ရူပကာယအား၎င်း၊ (၂) အရူပိနော - နာမ် ဖြစ်ကုန်သော၊ အာဟာရော - အာဟာရတို့သည်၊ သဟဇာတာနံ- တကွ ဖြစ်ကုန်သော၊ နာမရူပါနံ - နာမ်ရုပ်တို့အား၎င်း၊ ပစ္စယော-သည်၊ ဟောတိ-၏၊ ဣတိစ-၍လျှင်၊ အာဟာရပစ္စယော-အာဟာရပစ္စည်းသည်၊ ဒုဝိဓော-သည်၊ ဟောတိ-၏။
၅။ အာဟာရ ပစ္စည်း သရုပ်နှင့် အပြား။ ။ "ကဗဠီကာရော၊ ပေ၊ ဒုဝိဓော ဟောတိ အာဟာရပစ္စယော" ကား အာဟာရပစ္စည်း သရုပ်နှင့် အာဟာရပစ္စည်း ၂ မျိုး ပြားကြောင်းကိုပြသော စကားတည်း။
၆။ ဣန္ဒြိယ သရုပ်ပြား (၁) ပဉ္စ-ငါးပါးကုန်သော၊ ပသာဒါ - ပသာဒရုပ်တို့သည်၊ ပဉ္စ-ငါးပါးကုန်သော၊ ဝိညာဏာနံ - ဝိညာဏ်တို့အား၎င်း၊ (၂) ရူပဇီဝိတိန္ဒြိယံ - ရူပဇီဝိတိန္ဒြေသည်၊ ဥပါဒိရူပံ - ဥပါဒိ (ကမ္မဇ) ရုပ်တို့အား၎င်း၊ (၃) အရူပိနော - နာမ်တရား ဖြစ်ကုန်သော၊ ဣန္ဒြိယာ - ဣန္ဒြေတို့သည်၊ သဟဇာတာနံ - ကုန်သော၊ နာမရူပါနံ-တို့အား၎င်း ပစ္စယော-သည်၊ ဟောတိ-၏၊ ဣတိစ-လျှင်၊ ဣန္ဒြိယပစ္စယော-သည်၊ တိဝိဓော-သည်၊ ဟောတိ-၏။
၆။ ဣန္ဒြိယပစ္စည်း သရုပ်နှင့် အပြား။ ။ "ပဉ္စပသာဒါ၊ ပေ၊ တိဝိဓော ဟောတိ ဣန္ဒြိယပစ္စယော" ကား ဣန္ဒြိယပစ္စည်း သရုပ်နှင့် ဣန္ဒြိယပစ္စည်း ၃ မျိုး ပြားကြောင်းကို ပြသော စကားတည်း။
၇။ ဝိပ္ပယုတ္တ သရုပ်ပြား (၁) သြက္ကန္တိက္ခဏေ - ပဋိသန္ဓေခဏ၌၊ ဝတ္ထု - ဟဒယဝတ္ထုသည်၊ ဝိပါကာနံ-ဝိပါက်ခန္ဓာတို့အား၎င်း၊ စိတ္တစေတသိကာ-ကုန်သော၊ ဓမ္မော-တို့သည်၊ သဟဇာတရူပါနံ-တကွဖြစ်သော ရုပ်တို့အား၎င်း၊ ပစ္စယော-သည်၊ ဟောတိ-၏၊ ဣတိစ-လျှင်၊ ဝိပ္ပယုတ္တပစ္စယော-သည်၊ တိဝိဓော-သည်၊ ဟောတိ-၏။
၇။ ဝိပ္ပယုတ္တပစ္စည်း သရုပ်နှင့် အပြား။ ။ "သြက္ကန္တိက္ခဏေ၊ ပေ၊ တိဝိဓော ဟောတိ ဝိပ္ပယုတ္တပစ္စယော" ကား ဝိပ္ပယုတ္တပစ္စည်း သရုပ်နှင့် ဝိပ္ပယုတ္တပစ္စည်း ၃ မျိုး ပြားကြောင်းကို ပြသော စကားတည်း။
## Trang 261
ရုပ်တို့အား၎င်း၊ သဟဇာတဝသေန - သဟဇာတဝိပ္ပယုတ္တ
ပစ္စည်း၏ အစွမ်းဖြင့်၊ ပစ္စယော - သည်၊ ဟောတိ - ဖြစ်၏၊
(၂) ပစ္ဆာဇာတ၁ – နောက်နောက်၌ ဖြစ်ကုန်သော၊ စိတ္တ
စေတသိကာ - ကုန်သော၊ ဓမ္မာ - တို့သည်၊ ပုရေဇာတဿ-
ရှေးရှေး၌ ဖြစ်သော၊ ဣမဿ ကာယဿ- ၏ ရူပကာယအား၊
ပစ္ဆာဇာတဝသေန - ပစ္ဆာဇာတ ဝိပ္ပယုတ္တပစ္စည်း၏ အစွမ်း
ဖြင့်၊ ပစ္စယော - သည်၊ ဟောတိ-ဖြစ်၏၊ (၃) ဆ - ခြောက်ပါး
ကုန်သော၊ ဝတ္ထူနိ - ဝတ္ထုရုပ် တို့သည်၊ ပဝတ္တိယံ - ပဝတ္တိ
အခါ၌၊ သတ္တန္နံ – ခုနစ်ပါးကုန်သော၊ ဝိညာဏဓာနံ – ဝိညာ
ဏဓာတ်တို့အား၊ ပုရေဇာတဝသေန - ပုရေဇာတ ဝိပ္ပယုတ္တ
ပစ္စည်း၏ အစွမ်းဖြင့်၊ ပစ္စယော-သည်၊ ဟောတိ-ဖြစ်၏၊ ဣတိစ-
ဤသို့လျှင်၊ ဝိပ္ပယုတ္တ ပစ္စယော - ဝိပ္ပယုတ္တံ ပစ္စည်းသည်၊ တိဝိ
ဓော-သုံးပါး အပြားရှိသည်၊ ဟောတိ-ဖြစ်၏။
၈။ အတ္ထိ အဝိဂတ အပြား သဗ္ဗထာ - အလုံးစုံသော အပြား
အားဖြင့်၊ သဟဇာတံ-သဟဇာတ
မျိုး၎င်း၊ ပုရေဇာတံ - ပုရေဇာတမျိုး၎င်း၊ ပစ္ဆာဇာတံစ -
ပစ္ဆာဇာတမျိုး၎င်း၊ ကဗဠီကာရော အာဟာရော - ကဗဠီ
ကာရ အာဟာရ၎င်း၊ ရူပဇီဝိတံ-ရူပဇီဝိတိန္ဒြိယ၎င်း၊ ဣတိ-
သို့၊ အယံ ပဉ္စဝိဓော - ဤ ငါးပါး အပြား ရှိသော ပစ္စည်းသည်၊
အထိအဝိဂတအပြား။ ။"သဟဇာတံ ပုရေဇာတံ၊ ပေ၊ ပဉ္စဝိဓော
ဟောတိ အတ္ထိပစ္စယော အဝိဂတပစ္စယော" ကား အတ္ထိပစ္စည်း အဝိဂတ
ပစ္စည်းတို့၏ အပြားကို ပြသောစကားတည်း၊ ရှေ့ကပြခဲ့သော သဟဇာတမျိုး,
နိဿယနှင့်အဓိပ္ပါယ်
၅၁၃
အတ္ထိပစ္စယောစ-အတ္ထိပစ္စည်းသည်၎င်း၊ အဝိဂတပစ္စယောစ-
အဝိဂတ ပစ္စည်းသည်၎င်း၊ ဟောတိ - ဖြစ်၏။ [မိစ္ဆယံတိ-ဟု
ရှိသည်ကား ပါဠိပျက်၊ မိစ္ဆယံ-ဟုသာ ရှိရမည်။]
ပစ္စည်း အကျဉ်းချုပ် စ = ဆက်ဦးအံ့၊ အာရမ္မဏူပနိဿယ
ကမ္မပစ္စယေသု - အာရမ္မဏ ပစ္စည်း
ဥပနိဿယပစ္စည်း ကမ္မပစ္စည်း အတ္ထိပစ္စည်း တို့၌၊ သဗ္ဗေပိ-
အလုံးစုံလည်း ဖြစ်ကုန်သော၊ ပစ္စယာ-တို့သည်၊ သမောဓနံ−
ပေါင်းဆုံခြင်းသို့၊ ဂစ္ဆန္တိ-ရောက်ကုန်၏။
အမှာစကားချပ်
ငါ - အမှာ စကားချပ် ညှပ်လိုက်ဦးအံ့၊
ထို-ဤ ပဋ္ဌာန်းနည်း၌၊ သဗ္ဗထာ-အလုံး
စုံသော သဟဇာတမျိုးတို့၌လည်း၊ သဟဇာတရူပံတိ-သဟ
ဇာတရူပ ဟူသည်၊ ပဝတ္တေ-ပဝတ္တိအခါ၌၊ စိတ္တသမုဋ္ဌာနာနံ-
စိတ်ကြောင့် ဖြစ်သော ရုပ်တို့၏၎င်း၊ ပဋိသန္ဓေယံ - ပဋိသန္ဓေ
အခါ၌၊ ကဋတ္တာရူပါနံစ - ကဋတ္တာ ရုပ်တို့၏၎င်း၊ ဝသေန-
အပြားအားဖြင့်၊ ဒုဝိဓံ-နှစ်ပါး အပြားရှိသည်၊ ဟောတိ-ဖြစ်၏၊
ဣတိ-သို့၊ ဝေဒိတဗ္ဗ-သိအပ်၏။
ပုရေဇာတမျိုး, ပစ္ဆာဇာတမျိုး, ကဗဠီကာရ အာဟာရ, ရူပဇီဝိတိန္ဒြိယ
တို့သည် အတ္ထိပစ္စည်း အဝိဂတပစ္စည်းလည်း မည်ကုန်၏-ဟူလို။
ပစ္စည်းအကျဉ်းချုပ် ၄ ပါး» ။ ၂၄ ပစ္စည်းကို ထိုက်သလို သွင်းလျှင်
အာရမ္မဏပစ္စည်း,
ဥပနိဿယပစ္စည်း, ကမ္မပစ္စည်း, အတ္ထိပစ္စည်း, ဤ ၄ ပစ္စည်း
တို့၌ဝင်၏၊ ထို့ကြောင့် အကျဉ်းချုပ်အားဖြင့် ပစ္စည်း ၄ မျိုးသာ ရှိသည်။
အမှာစကားချပ်။ ။ "သဟဇာတရူပံတိပနေတ္ထ" စသည်ကား
အမှာစကားချပ်တည်း၊ ရှေ့က ဆိုခဲ့သော စကားတို့၌ သဟဇာတမျိုး ဟူသမျှ
၆၅
## Trang 262
ဣတိ - ဤသို့၊ သန္တဝါ – ဖြစ်သင့်သောအားဖြင့်၊
တေကာလိကာ-ကာလ သုံးပါး၌လည်း ဖြစ်ကုန်
သော၊ ကာလမုတ္တာစ – ကာလ သုံးပါးမှလည်း လွတ်ကုန်
သော၊ အဇ္ဈတ္တဉ္စ - အတ္တ သန္တာန်၌လည်း ဖြစ်ကုန်သော၊
ဗဟိဒ္ဓါစ - ဗဟိဒ္ဓသန္တာန်၌လည်း ဖြစ်ကုန်သော၊ သင်္ခတဉ္စ-
သင်္ခတ တရားလည်း ဖြစ်ကုန်သော၊ အသင်္ခတဉ္စ - အသင်္ခတ
တရားလည်း ဖြစ်ကုန်သော၊ တထာ - ထိုမှတပါး၊ ပညတ္တိ
နာမရူပါနံ – ပညတ် နာမ် ရုပ်တို့၏၊ ဝသေန – အပြားအားဖြင့်၊
တိဝိဓာ-သုံးပါး အပြားအားဖြင့်၊ ဌိတာ-တည်ကုန်သော၊ ဓမ္မာ-
တရားတို့သည်၊ ပဋ္ဌာနေ-ပဋ္ဌာန်းအရာ၌၊ သဗ္ဗထာ-အလုံးစုံသော
အပြားအားဖြင့်၊ စတုဝီသတိ – ၂၄ ပါးသော၊ ပစ္စယာနာမ-
ပစ္စည်းတို့ မည်၏။
ထပ်၍ "သဟဇာတရူပါနံ" ဟူသော ပါဠိ ရှိ၏၊ ထို ပါဠိအရ သဟဇာတရုပ်
ဟူရာ၌.. (၁) ပဝတ္တိအခါဖြစ်လျှင် စိတ္တဇရုပ်ကို ဆိုသည်ဟုမှတ်၊ (၂)ပဋိသန္ဓေ
အခါဖြစ်လျှင် ကဋတ္တာ (ကမ္မဇ) ရုပ်ကို ဆိုလိုသည်ဟုမှတ်၊ ဤသို့လျှင် စိတ္တဇရုပ်
ပဋိသန္ဓေ ကမ္မဇရုပ်ဟု သဟဇာတရုပ် ၂ မျိုးရှိ၏-ဟူလို။
နိဂုံးချုပ်လျက် တေကာလိက စသည် ခွဲပြချက်။ "ဣတိ တေ
ကာလိကာ ဓမ္မာ" စသော ဂါထာကား ၂၄ ပစ္စည်းတွင် ပါဝင်သော တရား
တို့၏ တေကာလိက, ကာလဝိမုတ္တ စသည်ဖြင့် အမျိုးမျိုးရှိကြောင်းကို ခွဲပြရင်း
နိဂုံးချုပ်သော ဂါထာတည်း၊ တေကာလိက-ကာလဝိမုတ္တ အားဖြင့် ၂ မျိုး
အဇ္ဈတ္တ-ဗဟိဒ္ဓအားဖြင့် ၂ မျိုး, သင်္ခတ အသင်္ခတ အားဖြင့် ၂ မျိုး, ပညတ်
နာမ်ရုပ် အားဖြင့် ၃ မျိုး, ဤသို့ အသီးသီး ပြားကုန်သော တရားသည်
ပဋ္ဌာန်းနည်း အရာဝယ် ၂၄ ပစ္စည်း အမည်ရလေသည်-ဟူလို။
နိဿယနှင့်အဓိပ္ပါယ်
၅၁၅
ထိုတွင် တေကာလိက တရားဟူသည် စိတ် စေတသိက် ရုပ်တို့တည်း၊
ကာလဝိမုတ္တ ဟူသည် နိဗ္ဗာန်ပညတ်တည်း၊ အဇ္ဈတ္တ ဟူသည် မိမိသန္တာန်၌
ဖြစ်သော စိတ် စေတသိက် ရုပ်များတည်း၊ ဗဟိဒ္ဓဟူသည် သူတစ်ပါး သန္တာန်၌
ဖြစ်သော စိတ် စေတသိက် ရုပ်နှင့် နိဗ္ဗာန်တည်း၊ သင်္ခတဟူသည် စိတ် စေတ
သိက် ရုပ်များတည်း၊ အသင်္ခတ ဟူသည် နိဗ္ဗာန်ပညတ်တည်း။
လေ့ကျင့်ခန်း မေးခွန်းများ
က။ ဆဓာနာမံတု နာမဿ – စသော ဂါထာ တို့သည် ဘာကို ပြသော
ဂါထာတို့နည်း။
ခ။ ထိုဂါထာ၌ "ဆဗ္ဗိဓာပစ္စယာ" အရ ပစ္စည်း ၆ မျိုးကိုရေတွက်ပါ။
ဂ။ ဆဓာနာမံတု နာမဿအရ အကျယ် ပြသော စကားရပ်၏ အစနှင့်
အဆုံးကို သတ်မှတ်ပြီးလျှင်, ၆ ပစ္စည်း သရုပ်ကို ထုတ်ပြပါ။
ဃ။ ပဉ္စဓာနာမရူပီနံ အရ အကျယ် ပြသော စကား၏ အစ နှင့် အဆုံးကို
သတ်မှတ်ပြီးလျှင်, ၅ ပစ္စည်း သရုပ်ကို ထုတ်ပြပါ။
င။ ဧကဓာပုနရူပဿ အရ အကျယ်ပြသော စကားကို ပြပါ။
စ။ ရူပံ နာမဿ စေကဓာ အရ အကျယ်ပြသော စကားရပ်ကို ပြပါ။
ဆ။ ပညတ္တိ နာမရူပါနိ နာမဿ ဒုဝိဓာအရ အကျယ်ပြသော စကား၏ အစ
အဆုံးကို သတ်မှတ်ပြီးလျှင် ထို ၂ ပစ္စည်း၏ နာမည်ကို ပြပါ။
ဇ။ အာရမ္မဏပစ္စည်း အပြားနှင့် ဥပနိဿယ ပစ္စည်းအပြားကို ပြပါ။
ရ။ ထို ဥပနိဿယပစ္စည်းများ၏ သရုပ်ကို ပြသော ပါဠိကို အစအဆုံး ပိုင်း
ခြား ပြပါ။
ည။ ဒွယံ ဒွယဿ နဝဓာ အရ ၉ ပစ္စည်းကို သင်္ဂြိုဟ်ထောက်၍ ရေတွက်ပါ။
ဋ။ ၂၄ ပစ္စည်းကို အကျဉ်းချုပ်လျှင် ပစ္စည်းပေါင်း မည်မျှ ဖြစ်သနည်း။
ဌ။ သဟဇာတ ရူပါနံ-ဟု လာရှိသည့် ပါဠိဟူသမျှ၌ သဟဇာတရုပ်ဟူသည်
ဘယ်နှစ်မျိုး ရှိသနည်း, သင်္ဂြိုဟ်ထောက်၍ ရေတွက်ပါ။
## Trang 263
တတ္ထ - ထို ပညတ် နာမ်ရုပ် တို့တွင်၊
ရုပ် နာမ် ပညတ်အခွဲ
ရူပဓမ္မာ - ရုပ်
တရားတို့ ဟူသည်။
ရူပက္ခန္ဓောဝ-ရူပက္ခန္ဓာပင်တည်း၊ စိတ္တစေတသိကသင်္ခါတာ-
စိတ် စေတသိက် ဟု ဆိုအပ်ကုန်သော၊ စတ္တာရော- လေးပါး
ကုန်သော၊ အရူပိနော-နာမ်ဖြစ်ကုန်သော၊ ခန္ဓာ – ခန္ဓာတို့၎င်း၊
နိဗ္ဗာနဉ္စ-နိဗ္ဗာန်၎င်း၊ ဣတိ-သို့၊ ပဉ္စဝိဓံ-ငါးပါး အပြားရှိသည်
လည်း ဖြစ်သော တရားကို၊ အရူပန္တိ - အရူပ ဟူ၍၎င်း၊
နာမန္တိ စ-နာမ်ဟူ၍၎င်း၊ ပဝုစ္စတိ-ဆိုအပ်၏။
တတော - ထို ရုပ် နာမ်မှ၊ အဝသေသာ - ကြွင်းသော၊
ပညတ္တိပန-ပညတ်သည်ကား၊ ပညာယတ္တာ-အပြားအားဖြင့်
သိစေအပ်သည်၏ အဖြစ်ကြောင့်၊ ပညတ္တိ - အတ္ထပညတ်၎င်း၊
ရုပ်နာမ်ပညတ်တို့ကို ခွဲပြခြင်း။ ။ ဆိုခဲ့ပြီးသော စကားအစဉ်ဖြင့်
ပဋိစ္စသမုပ္ပါဒ်နည်း ပဋ္ဌာန်းနည်း ပြီးဆုံးပြီ ဖြစ်၍ ပစ္စည်းပိုင်းကို အဆုံးသတ်
သင့်သော်လည်း, ဆိုခဲ့ပြီးသောဂါထာဝယ် – "ပညတ္တိနာမ ရူပါနံ, ဝသေန
တိဝိဓာ ဌိတာ" ဟု ပါရှိသဖြင့် ပညတ် နာမ် ရုပ်များကို ခွဲခြား၍ ပြပြန်
လိုသောကြောင့် "တတ္ထ ရူပဓမ္မာ" မှစ၍ "ဝစီသောသာနုသာရေန" ဂါထာ
တိုင်အောင် ဆက်လက် မိန့်ဆိုရပြန်လေသည်၊ ထိုတွင် "ရူပဓမ္မာ ပန ပဝုစ္စတိ"
ကား ရုပ်နှင့် နာမ်၏ သရုပ်ကို ပြသော စကားတည်း၊ ရုပ်တရား ဟူသည်
သမုစ္စည်းပိုင်း၌ ပြခဲ့သော ရူပက္ခန္ဓာပင်တည်း၊ နာမ်တရား ဟူသည်ကား
ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာ ဟူသော ၄ပါးနှင့် နိဗ္ဗာန်
တရားတည်း။
သဒ္ဒပညတ်, အတ္ထပညတ်။ ။ "တတော အဝသေသာ၊ ပေ၊ ဒုဝိဓာ
ဟောတိ" ဖြင့် ပညတ် ၂ မျိုး ပြားကြောင်းကို ပြသည်။ "ပညာပီယတ္တာ
ပညတ္တိ" ဖြင့် အတ္ထပညတ်ကို ပြ၏၊ ထင်ရှားစေအံ့— — "ပညာယတ္တာ"
နိဿယနှင့်အဓိပ္ပါယ်
၅၁၇
ပညာပနတော - အပြားအားဖြင့် သိစေတတ်သည်၏ အဖြစ်
ကြောင့်၊ ပညတ္တိစ- သဒ္ဒပညတ်၎င်း၊ ဣတိ-သို့၊ ဒုဝိဓာ-နှစ်ပါး
အပြားရှိသည်၊ ဟောတိ-ဖြစ်၏။
အတ္ထပညတ် အကျယ်
(၁) တံတံဘူတဝိပရိဏာမာကာရံ-
ထိုထို ပထဝီ စသော မဟာဘုတ်တို့၏,
အထူးထူး အဖုံဖုံ, ထက်ဝန်းကျင် ညွှတ်ကိုင်းလျက် တည်နေပုံ
အရ "သိစေအပ်" ဟူသည် သူတစ်ပါးတို့ နားလည်အောင် ပြောပြအပ်သော
အနက်တည်း၊ [စိတ်၌ ထင်လာသမျှ အကောင်အထည် ဒြဗ်ဝတ္ထု စသည်ကို
"အနက်" ဟု ခေါ်သည်၊] ထိုအနက်ကို အမျိုးမျိုး အစားစား များပြား
သော နာမည်တပ်၍ သိစေအပ်သောကြောင့် "ပကာရေန + ဉာပီယတိ"
ဟူသော ဝစနတ်အရ "ပညတ္တိ" ဟု ဆိုရလေသည်။ ["ပကာရေန-အပြား
အားဖြင့်+ဉာပီယတိ-သိစေအပ်၏" ဟု အနက်ဆို။]
"ပညာပနတော ပညတ္တိ" ဖြင့် သဒ္ဒပညတ်ကိုပြ၏၊ ထင်ရှားစေအံ့—
ပါဠိစကားသံဖြစ်စေ, မြန်မာ ကုလား တရုတ်စသော လူမျိုးများ၏ စကားသံ
ဖြစ်စေ, ထိုထို စကားသံ (သဒ္ဒ) ဟူသမျှသည် မိမိတို့ ဘာသာ အလျောက်
ဆိုလိုရာ အနက်ဒြဗ် အထည် ဝတ္ထု တစ်ခုခုကို အမျိုးမျိုး အစားစား အားဖြင့်
သိစေတတ်သည်ချည်း ဖြစ်သောကြောင့် "ပကာရေန+ဉာပေတိ"ဟူသော
ဝစနတ်အရ "ပညတ္တိ" မည်၏။ ["ပကာရေန-အပြားအားဖြင့်+ ဉာပေတိ-
သိစေတတ်၏" ဟု အနက်ဆို၊ ပညတ္တိ - ၌ ကား ပ ရှေးရှိသော ဉ ပဓာတ်,
တစ်နည်း ဉာဓာတ်, (ကာရိတ်ပစ္စည်းကြေ) တိ ပစ္စည်းတည်း။]
အတ္ထပညတ် အကျယ်။ ။ ကထံစသည်ကား ပညတ် ၂ မျိုးကို အကျယ်
ပြသော စကားတည်း၊ ထိုတွင် "တံတံဘူတဝိပရိဏာမာကာရ" မှ စ၍
"ပညတ္တိနာမ" တိုင်အောင်သော စကားရပ်ကား အတ္ထပညတ်ကို ပြသော
စကားရပ်တည်း။
၆၆
## Trang 264
အခြင်းအရာကို၊ ဥပါဒါယ – ရှေးဦးစွာ ကပ်ယူ၍၊ ဝါ-စွဲ၍၊
တထာတထာ-ထိုထို ဘူမိပဗ္ဗတ အစရှိသော အပြားအားဖြင့်၊
ပညတ္တာ – ခေါ်ဝေါ်ပညတ် သမုတ်အပ်သော၊ ဘူမိပဗ္ဗတာ
ဒိကာ-ဘူမိပဗ္ဗတ အစရှိသော သန္တာနပညတ်၎င်း။
(၁) တံတံဘူတ၊ ပေ၊ ဘူမိပဗ္ဗတကား။ ။ သတ္တာသန္တာန်မှ
တစ်ပါး အပြင်တည်ရာ ဝတ္ထုတို့၌ ပထဝီ အာပေါ တေဇော ဝါယော ဟူသော
မဟာဘုတ်ကြီး ၄ ပါးနှင့် ဝဏ္ဏ ဂန္ဓ ရသ ဩဇာ ဟူသော ရုပ် ၈ ပါး အပေါင်း
(အဋ္ဌကလာပ်) သာ ပရမတ္ထအားဖြင့် ထင်ရှားရှိသည်၊ ထို ရုပ် ၈ ပါးတွင်
အထည်ကိုယ် ထင်ရှားသော မဟာဘုတ်ကိုသာ စကား သုံးလိမ့်မည်၊
မဟာဘုတ် တို့၏ အစဉ်အဆက် တွဲယှက်ပြီးလျှင် ပြန့်ကျယ် ပြားချပ်သော
အခြင်းအရာအားဖြင့် ညွှတ်ပေါင်း စုပုံနေဟန် အစဉ်သန္တာန်ကို ရှေးဦးစွာ
စိတ်ဖြင့် ယူ၍ (အာရုံပြု၍,) ဤအရာကား "ဘူမိ" မြန်မာလို
"မြေ" စသည်ဖြင့် အမည် ပညတ် သမုတ်အပ်လေ၏၊ ထို မဟာဘုတ်တို့၏ အစဉ်
အဆက် တွဲယှက်ပြီးလျှင် မိုးမိုးမောက်မောက် မတ်စောက်စောက် အားဖြင့်
ထက်ဝန်းကျင် ညွတ်ပေါင်း စုပုံနေဟန် အခြင်းအရာကို စိတ်ဖြင့်ယူ၍ ဤအရာ
ကား ပဗ္ဗတ (တောင်) စသည်ဖြင့် နာမည် ပညတ် သမုတ်အပ်လေ၏။- ထိုသို့
သမုတ်အပ်သော အရာဝတ္ထု အထည် ဒြဗ်သည် မဟာဘုတ်တို့၏ အစီအစဉ်ကို
စွဲ၍ ဖြစ်သောကြောင့် "သန္တာနပညတ်" မည်၏။ [သမူဟပညတ် ဟုလည်း
ဆိုကြ၏။]
[ဘူတဝိပရိဏာမာကာရ "ဝိဝိဓံ+ပရိ (သမန္တတော) +နမနံ+
ဝိပရိဏာမော" ဝိဝိဓံ=အထူးထူး အပြားပြား (အမျိုးမျိုး အဖုံဖုံ) + ပရိ
သမန္တတော=ထက်ဝန်းကျင်မှ နမနံ = ညွှတ်ကိုင်း ပေါင်းစုလျက် တည်နေ
ပုံသည်+ဝိပရိဏာမော = မည်၏၊ "ဘူတာနံ+ ဝိပရိဏာမော ဘူတဝိပရိ
နိဿယနှင့်အဓိပ္ပါယ်
၅၁၉
(၂) သန္ထာရ သန္နိဝေသာကာရံ - သစ်သား စသော
အဆောက်အဦးတို့၏ စုဝေး တည်နေပုံ အခြင်းအရာကို၊ ဥပါ
ဒါယ-၍၊ တထာတထာ - ထိုထို ဂေဟ ရထ သကဋ အစ
ရှိသော အပြားအားဖြင့်၊ ပညတ္တာ - သော၊ (တထာတထာ
ပညတ္တာကို ဝါကျတိုင်း လိုက်) ဂေဟ ရထ သကဋာဒိကာ-
ဂေဟ ရထ သကဋအစရှိသော သမူဟ ပညတ်၎င်း။
ဏာမော" ဘူတာနံ=မဟာဘုတ်တို့၏ ဝိပရိဏာမော=အမျိုးမျိုး အဖုံဖုံ
ထက်ဝန်းကျင်၌ ညွတ်ကိုင်း ပေါင်းစုလျက် တည်နေပုံသည်၊ ဘူတဝိပရိဏာ
မောမည်၏၊ "ဘူတဝိပရိဏာမောစ+သော အာကာရောစာတိ ဘူတ
ဝိပရိဏာမာကာရော" ဟု ဝိဂြိုဟ်ပြု၊ ဘူမိပဗ္ဗတာဒိကာ၌ အာဒိသဒ္ဓါဖြင့်
ရုက္ခ-နဒီ-သမုဒ္ဒ-စသည်ကို ယူ။]
(၂) သမ္ဘာရသန္နိဝေသာ၊ ပေ၊ ဂေဟ ရထ သကဋာဒိကာ။
သစ်သားစသော အဆောက်အဦးတို့၏ တစ်ခုနှင့်တစ်ခု ဆက်သွယ်ပေါင်းစုလျက်
တည်နေပုံကို စိတ်ဖြင့် ရှေးဦးစွာ ယူ၍ ရှေးလူကြီးတို့သည် ဤအရာဝတ္ထုကား
"ဂေဟ (အိမ်)" ဤဝတ္ထုကား "ရထ (ရထား)" ဤဝတ္ထုကား "သကဋ
(လှည်း)" စသည်ဖြင့် နာမည်ပညတ် သမုတ်အပ်လေသည်၊ ဤကဲ့သို့ ပညတ်
အပ်သော အထည်ဒြဗ်သည် အဆောက် အပြုံးတွေ ပေါင်းစု နေပုံကို စွဲ၍
ဖြစ်သောကြောင့် "သမူဟပညတ်" မည်၏။ [ပုံသဏ္ဌာန်ကို စွဲ၍ ဖြစ်သော
ကြောင့် သဏ္ဌာန ပညတ်-ဟုလည်း ဆိုကြ၏၊] သကဋာဒိကာ၌ အာဒိဖြင့်
အိမ်တွေ ပေါင်းနေသည်ကိုစွဲ၍ "ဂါမ (ရွာ)" မြေကြီးတွေ ပေါင်းနေသည်ကို
စွဲ၍ "ဃဋ (အိုး)" ချည်ချောင်းတွေ ပေါင်းနေသည်ကို စွဲ၍ "ပဋ (ပုဆိုး)"
စသော ပညတ်တို့ကို ယူ။
## Trang 265
(၃) ခန္ဓပဉ္စကံ - ခန္ဓာငါးပါး အပေါင်းကို၊ ဥပါဒါယ – ၍၊
တထာတထာ-ထိုထို ပုရိသပုဂ္ဂလ အစရှိသောအပြားအားဖြင့်၊
ပညတ္တာ- သော၊ ပုရိသပုဂ္ဂလာဒိကာ - ပုရိသ, ပုဂ္ဂလအစ
ရှိသော သတ္တပညတ်၎င်း။
(၄) စန္ဒာဝဋ္ဋနာကံ - လ နေ နက္ခတ် တို့၏ မြင့်မိုရ်
တောင်ကို လက်ျာရစ် လည်လျက် ထွက်ပုံ ဝင်ပုံ အစရှိသည်
ကို၊ ဥပါဒါယ – ၍၊ တထာတထာ - ထိုထို ဒိသာကာလ အစ
ရှိသောအပြားအားဖြင့်၊ ပညတ္တာ-သော၊ ဒိသာကာလာဒိကာ-
ပုဗ္ဗဒိသာအစရှိသော ဒိသာပညတ်, ပုဗ္ဗဏှအစရှိသော ကာလ
ပညတ်၎င်း။
(၃) ခန္ဓပဉ္စက၊ ပေ၊ ပုရိသပုဂ္ဂလာဒိကာ။ ။ ခန္ဓာငါးပါးအပေါင်း
ကို ရှေးဦးစွာ စိတ်ဖြင့် စွဲယူ၍ (အာရုံပြု၍) ဤအရာကား "ပုရိသ" ဤအရာ
ကား "ပုဂ္ဂလ" ဟု နာမည် ပညတ် သမုတ်အပ်သည်။ ဤကဲ့သို့ ပညတ်
အပ်သော အထည်ဒြဗ်သည် သတ္တဝါကို စွဲ၍ ဖြစ်သောကြောင့် "သတ္တ
ပညတ်" မည်၏၊ (ခန္ဓာပဉ္စကကို စွဲ၍ ဖြစ်သောကြောင့် ဥပါဒါပညတ်-ဟု
လည်း ဆိုနိုင်၏၊) အာဒိဖြင့် ဣတ္ထိ, အတ္တ, ဇီဝ စသော ပညတ် များကို
ယူသင့်၏။
(၄) စန္ဒာဝဋ္ဋနာ၊ ပေ၊ ဒိသာကာလာဒိကာ။ ။ စန္ဒသဒ္ဓါဖြင့်
လကို ဥပလက္ခဏ နည်းအားဖြင့် မှတ်၍ဆိုသည်၊ နေနက္ခတ်ပါ ယူ၊ အာဝဋ္ဋန
သဒ္ဒါသည် လှည့်လည်ခြင်းအနက်ကို ဟော၏၊ [လ နေ နက္ခတ် တို့သည်
ဤ ကျွန်းသူ ကျွန်းသားတို့ အမြင်အားဖြင့် အရှေ့ခေါ်သော အရပ်မှ ထွက်
ပြီးလျှင် လက်ျာရစ်လည်၍ အနောက် ခေါ်သော အရပ်မှာ နောက်ဆုံး ဖြစ်
သည်ဟု ဝင်သည်ဟု ထင်ကြရ၏၊ ထို နေ လ နက္ခတ်၏ အသွားအလာကို စွဲ၍
နိဿယနှင့်အဓိပ္ပါယ်
၅၂၁
(၅) အသမ္ဖဋ္ဌာကာရံ – မဟာဘုတ်ချင်း မထိ မစပ်ပုံ
အခြင်းအရာကို၊ ဥပါဒါယ – ၍၊ တထာတထာ - ထိုထို ကူပ
ဂူဟာ အစရှိသော အပြားအားဖြင့်၊ ပညတ္တာ - သော၊ ကူ
ပဂူဟာဒိကာ-ကူပဂူဟာ အစရှိသော အာကာသပညတ်၎င်း။
အကြင်အရပ်မှ ရှေးဦးစွာ ထွက်ပေါ်လာ၏၊ ထို အရပ်ကို "ရှေးဦး" အနက်
ဟော "ပုဗ္ဗ-ပုရတ္ထိမ" သဒ္ဒါတို့ဖြင့် "ပုဗ္ဗဒိသာ-ပုရတ္ထိမဒိသာ (အရှေ့အရပ်)"
ဟု ပညတ်ထားကြ၏၊ လ နေ နက္ခတ်တို့ နောက်ဆုံး ဖြစ်ရာ အရပ်ကို "ပစ္ဆိမ
ဒိသာ (အနောက်အရပ်)" ဟု၎င်း, လက်ျာဘက် အရပ်ကို "ဒက္ခိဏဒိသာ
(တောင်အရပ်)" ဟု၎င်း, လက်ဝဲဘက် အရပ်ကို မြင့်မြောက်သော အရပ်
ဖြစ်၍ "အထက်" ဟော ဥတ္တရသဒ္ဓါဖြင့် "ဥတ္တရဒိသာ (မြောက်အရပ်)"ဟု၎င်း,
ပညတ်ထား၏၊ [မြောက်အရပ်က မြင့်ပုံကို မြင့်မိုရ်တောင် ရှိသဖြင့်၎င်း, ရေစီး
ပုံကို ကြည့်သဖြင့်၎င်း သိရာ၏။]
နေ၏ ရှေးဦးစွာ ထွက်စ အခါကို တစ်နေ့လုံးအတွက် ရှေးဦးစွာ ဖြစ်သော
အခါဖြစ်၍ "ပုဗ္ဗဏှ (နံနက်ပိုင်း)" ဟုပညတ်ထား၏၊ "မဇ္ဈဏှ (နေ့လယ်
ပိုင်း)" "အပရဏှ (ညနေပိုင်း)" ဟု ပညတ်ပုံကိုလည်း သိလေ၊ ဤ ပညတ်
မျိုးကား ဒိသာပညတ်, ကာလ ပညတ်တို့တည်း၊ အာဒိဖြင့် ဥတုပညတ်,
တာကုးလ စသော မာသ ပညတ်, နှစ် ဟူသော သံဝစ္ဆရ ပညတ် တို့ကို ယူ။
[ပုဗ္ဗဏှ = ပုဗ္ဗ + အဟ။ ပုဗ္ဗ = ရှေ့ + အဟ=နေ့၊ နေ့၏ ရှေ့အဘို့
(နံနက်ပိုင်း) အာကို အလှပြု။]
(၅) အသမ္ဖဋ္ဌာ၊ ပေ၊ ကူပဂူဟာဒိကာ။ ။ "တွင်းဂူ"အစ ရှိသည်
တို့သည် ထက်ဝန်းကျင် အရပ်၌သာ မြေသား မဟာဘုတ် ရုပ်ကလာပ်များ
ရှိကြ၏၊ အလယ်အရပ်၌ကား မဟာဘုတ် ရုပ်ကလာပ်များ အထင်အရှား မရှိ
ချေ၊ ထို မဟာဘုတ် ရုပ်ကလာပ်တို့ ဆက်သွယ်၍ ထိစပ်ခြင်း မရှိ, ဟာလာ
၆၉
## Trang 266
(၆) တံတံ ဘူတနိမိတ္တံ – ပထဝီကသိုဏ်း အစရှိသော
ထိုထို မဟာဘုတ် အာရုံကို၎င်း၊ ဘာဝနာဝိသေသဉ္စ – ပရိကမ္မ
ဘာဝနာ အစရှိသော ဘာဝနာ အစဉ် အထူးကို၎င်း၊ ဥပါ
ဒါယ-၍၊ တထာ တထာ - ထိုထို ကသိဏ နိမိတ္တ အစရှိသော
အပြားအားဖြင့်၊ ပညတ္တာ-ပညတ်အပ်သော၊ ကသိဏနိမိတ္တာဒိ
ကာစ - ကသိုဏ်းပညတ် ပရိကမ္မနိမိတ် အစရှိသော နိမိတ္တ
ပညတ်၎င်း၊ ဣတိ ဧဝမာဒိပ္ပဘေဒါ ပန - ဤသို့ အစရှိသော
ဟင်းလင်း ဖြစ်နေပုံကို အာရုံပြု၍ ဤ အရာဝတ္ထုကား "ကူပ (တွင်း)"
အရာဝတ္ထုကား "ဂူဟာ (ဂူ)" ဟု နာမည်ပညတ် တင်ထားအပ်လေ၏၊ ဤသို့
ပညတ်အပ်သော အထည်ဒြဗ်သည် ဟင်းလင်းဟာလင်း ကောင်းကင်ကို စွဲ၍
ပညတ်အပ်သောကြောင့် "အာကာသပညတ်" မည်၏။ [ — မဟာဘုတ်ချင်း
မထိ" ဟူရာ၌ တွင်းဂူတို့၏ အရှေ့နံရံ မဟာဘုတ် မြေသားနှင့် အနောက်
နံရံ မဟာဘုတ် မြေသားတို့ မထိမိ-မစပ်မိကြသည့်ကို ယူ၊ ] ဂူဟာဒိကာ၌
အာဒိဖြင့် လေဏ- (လိုဏ်), ဆိဒ္ဓ- (အပေါက်), ဝိဝရ' (အကြား), သုသိရ−
(အခေါင်း), စသည်များကို ယူ။
။ [တံတံ ဘူတ
၆။ တံတံဘူတ၊ ပေ ၊ ကသိဏနိမိတ္တာဒိကာစ။
နိမိတ္တံ – ဖြင့် ကသိဏ ပညတ် ဖြစ်ပုံကို, ဘာဝနာဝိသေသံဖြင့် ပရိကမ္မနိမိတ္တ
စသော နိမိတ္တပညတ် ဖြစ်ပုံကို ပြသည်။ ] ကမ္မဋ္ဌာန်း လေးဆယ်တွင် ကသိုဏ်း
ပညတ်သည် ထိုထို မဟာဘုတ်အာရုံကို စွဲ၍ဖြစ်၏၊ ပထဝီဓာတ်လွန်ကဲသော
ရုပ်ကလပ် မြေအပြင်ကိုစွဲ၍ "ပထဝီကသိဏ" အာပေါဓာတ်လွန်ကဲသော ရုပ်
ကလာပ် ရေအယဉ်ကိုစွဲ၍ "အာပေါကသိဏ" စသည်ဖြင့် နာမ ပညတ်များ
တင်ထားအပ်လေသည်၊ ဤကား ကသိဏပညတ်တည်း၊ ပရိကမ္မနိမိတ် ဥဂ္ဂဟ
နိဿယနှင့်အဓိပ္ပါယ်
နိမိတ်ပညတ်များကား ဘာဝနာ အစဉ်အထူးကို
စွဲ၍ဖြစ်ကြသည်၊ ထို ပညတ်များ ဖြစ်ပုံကို ကမ္မဋ္ဌာန်းပိုင်း၌ သိရလတံ့။
ဧဝမာဒိပ္ပဘေဒါ — ယခု ပြအပ်ခဲ့သော ပညတ်မှ တပါး တတိယာရုပ္ပ
ဝိညာဏ်၏ အာရုံဖြစ်သော "နတ္ထိဘောပညတ်" "အာနာပါဏပညတ်"
နီလ ပီတကသိုဏ်း စသော "ဝဏ္ဏကသိဏပညတ်" ပုဂ္ဂလပညတ် အဋ္ဌကထာ
စသည့်၌ လာသော ပရမတ္ထတရားအပေါင်းကို စွဲ၍ ပညတ်အပ်သော "ဥပါဒ
ပညတ်" ပဌမ စသည့်ကို ထောက်၍ "ဒုတိယ တတိယ စသော ပညတ်"
အရှည်ကို ထောက်စာ၍ အတိုကို "ရဿ" အတိုကို ထောက်စာ၍ အရှည်ကို
"ဒီဃ" စသော — "ဥပနိဓာပညတ်" စသော အားဖြင့် မရေမတွက်နိုင်အောင်
များပြားစွာ ရှိ၏။
ပရမတ္ထတော အဝိဇ္ဇမာနာပိ — ပညတ်အပ်သမျှသော အရာဝတ္ထု
အထည်ဒြဗ်စုသည် ပရမတ္ထအားဖြင့် အစစ်အမှန်ကို ရှာလျှင် တခုမျှ ထင်ရှား
မရှိကြ၊ ဘူမိ-ဟု ပညတ်အပ်သော မြေသားဒြဗ်သည်ပင် ပုထုဇဉ်တို့ ထင်သည့်
အတိုင်း အဆိုင် အခဲ အတွဲ အထု အစုအဝေးကြီး မဟုတ်၊ ရုပ်မှုန့် ရုပ်သေး
အဋ္ဌကလာပ် ရုပ်မှုန့်ကလေးများသာ ဖြစ်သည်။
အတ္ထစ္ဆာယာကာရေန စိတ္တုပ္ပါဒါနံ အာရမ္မဏဘူတာ — ထိုအထည်
ဒြဗ် အတ္ထ ပညတ်စုသည် ပရမတ္ထအားဖြင့် ထင်ရှား မရှိပါသော်လည်း
ပရမတ္ထတို့၏ အရိပ်အရောင် (ပရမတ္ထတရားသားတို့ကို စွဲမြှောင်လျက် ထင်ယောင်
မြင်ယောင် ဖြစ်လာလောက်အောင်သော) အခြင်းအရာအားဖြင့် စိတ္တုပ္ပါဒ်မှာ
ထင်လာသည်၊ စိတ် စေတသိက်တို့၏ အာရုံဖြစ်နေသည့် ဟူလို၊ [ အတ္ထစ္ဆာ
ယာကာရ — အတ္ထ+ဆာယာ+အာကာရ။ အတ္ထ=ပရမတ္ထ+ဆာယာ=
အရိပ်အရောင်+အာကာရ=အခြင်းအရာ။ ပညတ် ဖြစ်သော အထည်ဝတ္ထု
ဒြဗ်စုသည် ပရမတ္ထတရားကိုသာ စွဲမြှောင်၍ အရိပ်အရောင် ထွက်နေသည့်နှင့်
တူသည်။ ]
## Trang 267
တံတံ ဥပါဒါယ ဥပနိဓာယ — ထို အတ္ထပညတ် အထည်ဒြဗ် စုသည်
ထိုထို အခြင်းအရာကို စွဲ၍၎င်း, ထိုထို အရာဝတ္ထုကို ထောက်၍၎င်း, ပညတ်
အပ်သော ဒြဗ်စုတည်း၊ [ ထိုထိုအခြင်းအရာကိုစွဲ၍ ပညတ်အပ်ပုံမှာ ဘူမိပဗ္ဗတ
စသော ပညတ်များကို ကြည့်၍ သိလေ၊ ထိုထို အရာဝတ္ထုကို ထောက်၍
ပညတ်ပုံမှာ အရှည်ကို ထောက်၍ အတိုကို "ရဿ" ပဌမကို ထောက်၍
နှစ်ခုမြောက်ကို "ဒုတိယ" စသော ပညတ်များတည်း။]
ကာရဏံ ကတွာ တထာ တထာ ပရိကပ္ပိယမာနာ — ထိုထိုအခြင်းအရာ
အားဖြင့်၎င်း, ထောက်စာ၍၎င်း, ရအပ်သော ဝတ္ထုသည် ပညတ်ခြင်း၏
အကြောင်းတည်း၊ ဥပမာ — ပထဝီစသော မဟာဘုတ်တို့၏ ပြန့်ကျယ် ပြားချပ်
သော အခြင်းအရာ အားဖြင့် စုဝေးနေခြင်းသည် "ပထဝီ" ဟု ပညတ်ခြင်း၏
အကြောင်း ပဝတ္တနိမိတ် ဖြစ်၏၊ ထို့ကြောင့် "ပထဝီ" ကို ဝိဂြိုဟ် လုပ်လျှင်
ယခင် ပဝတ္တနိမိတ် အကြောင်းကို ကြည့်၍ "ပတ္ထတီတိ ပထဝီ" ဟု ပြုလုပ်ရ၏။
[ပတ္ထတီ — ပြန့်ကျယ်ခြင်းသို့ ရောက်တတ်၏'ဟု ဆို။] ဤသို့လျှင် ထိုထို
အခြင်းအရာကိုစွဲ၍ ထောက်စာ၍ ပညတ်ဘို့ရာ အကြောင်း ပဝတ္တနိမိတ်လုပ်၍
အမျိုးမျိုးအစားစား ထင်တိုင်း မြင်တိုင်း ကြံစီ၍ ယူအပ်သော အထည်ဝတ္ထုကို
"အတ္ထပညတ်" ဟု ဆိုလေသည်။
သင်္ခါယတိ — စသော ကြိယာတို့ကား "ပညာပီယတိ" ၏ ပရိယာယ်
(ကိုယ်စားလှယ်) ကြိယာများတည်း၊ ပညာပီယတိ တခုသာ "ပညတ္တိ" ပုဒ်၏
ဝိဂြိုဟ်ဖြစ်သောကြောင့် လိုရင်းကြိယာ ဖြစ်သည်။ ထိုတွင်...
သင်္ခါယတိ — ဘူမိဟု ပညတ်အပ်သော မြေအပြင်ကို "ဘူမိ" ဟု ဆိုလျှင်
ကောင်းစွာ ဆိုအပ်သည် မည်၏, မှန်ကန်စွာ ဆိုအပ်သည် မည်၏။
သမညာယတိ — ထို မြေအပြင်ကို "ဘူမိ" ဟူ၍ အားလုံး ညီတူညီမျှ
သဘောတူ အသိအမှတ်ပြုအပ် သမုတ်ထားအပ်လေသည်။
ဝေါဟရီယတိ — အများကလည်း ထို မြေအပြင်ကို ပါဠိလို "ဘူမိ"
မြန်မာလို "မြေကြီး" ဟု သုံးနှုန်း ပြောဆိုအပ်လေသည်။
ပညာပီယတိ — သူတစ်ပါးကိုလည်း ထို မြေသားကို "ဘူမိ" ဟု သိစေ
အပ်, သိအောင် ပြောပြအပ်, ပြောပြနိုင်လေသည်။
ထို့ကြောင့် မြေသား ဖြစ်သော ထို အထည့်ဒြဗ်ကို "ပကာရေဟိ ဉာပီ
ယတိ" ဟူသော ဝစနတ္ထအရ "အတ္ထပညတ်" ဟု ဆိုအပ်သတည်း။
## Trang 268
လေ့ကျင့်ခန်း မေးခွန်းများ
က။ ရုပ်နှင့် နာမ်တရားများကို သင်္ဂြိုဟ်ထောက်၍ သရုပ်ကောက်ပါ။
ခ။ သဒ္ဒပညတ်, အတ္ထပညတ်ရအောင် ဝိဂြိုဟ် ၂ မျိုးပြု၍ အနက်ပေးပါ။
ဂ။ အဘယ် အခြင်းအရာကို အစွဲပြု၍ ဘူမိပဗ္ဗတ စသော ပညတ်များ ဖြစ်
သနည်း, သင်္ဂြိုဟ်ထောက်ပါ။
ဃ။ သဒ္ဒ—အတ္ထ ပညတ် ၂ မျိုးတွင် မြေဒြဗ်ကို အဘယ်ပညတ် ဟု ဆို၍
ဘူမိသဒ္ဒါကို အဘယ်ပညတ် ဟု ဆိုမည်နည်း။
င။ အဘယ်ကိုစွဲ၍ ရထ သကဋ စသော ပညတ်များ ဖြစ်သနည်း, သင်္ဂြိုဟ်
ထောက်ပါ။
စ။ အဘယ်ကိုစွဲ၍ ပုရိသ ပုဂ္ဂလ စသော ပညတ်များ ဖြစ်သနည်း, သင်္ဂြိုဟ်
ထောက်ပါ။
ဆ။ အဘယ်ကိုစွဲ၍ ဒိသာ ကာလ စသော ပညတ်များ ဖြစ်သနည်း, သင်္ဂြိုဟ်
ထောက်ပါ။
ဇ။ အဘယ်ကိုစွဲ၍ ကူပ ဂူဟာ စသော ပညတ်များ ဖြစ်သနည်း, သင်္ဂြိုဟ်
ထောက်ပါ။
ဈ။ အဘယ်ကိုစွဲ၍ ကသိဏ နိမိတ္တ စသော ပညတ်များ ဖြစ်သနည်း, သင်္ဂြိုဟ်
ထောက်ပါ။
ည။ ဧဝမာဒိပ္ပဘေဒါ-အရ အခြားသောပညတ်များကို မှတ်မိသမျှ ပြပါ။
ဋ။ ယခု ပြခဲ့သော "မြေသားဒြဗ်" စသော အတ္ထပညတ်များ၏ ပရမတ္ထ
အားဖြင့် ထင်ရှား မရှိပုံကို ထင်ရှားအောင် ပြောပြပါ။
ဌ။ အတ္ထစ္ဆာယာ ကာရေန၏ အဓိပ္ပါယ်ကို နားလည်အောင် ပြောပြပါ။
ဍ။ သင်္ခါယတိ သမညာယတိတို့၏ အဓိပ္ပါယ်ကို ပြောပြပါ။
ဎ။ ဝေါဟရီယတိ ပညာပီယတိတို့၏ အဓိပ္ပါယ်ကို ပြောပြပါ။
နိဿယနှင့်အဓိပ္ပါယ်
ပန-အဘိတပါးကား၊ ပညာပနတော-
သဒ္ဒပညတ် အကျယ်
ပညတ္တိ - သဒ္ဒ ပညတ်ကို၊ နာမ နာမကမ္မာဒိ
နာမေန – နာမ နာမကမ္မ အစရှိသော အမည်ဖြင့်၊ ပရိဒီပိတံ-
ပြအပ်၏။
သဗ္ဗ ပညတ် အကျယ်။ ။ ပညာပနတော၊ ပေ၊ ပရိဒီပိတာ-သဗ္ဗပညတ်
ကိုကား နာမ နာမကမ္မ စသော အမည်များဖြင့် ထင်ရှားအောင် ပြအပ်၏၊
ဝါ-နာမ နာမကမ္မ စသော အမည်များဖြင့် ထင်ရှားအောင် ပြောပြကြပါလေ၊
ဆိုလိုရင်းကား သဗ္ဗပညတ် ဟူသမျှသည် နာမ နာမကမ္မ စသော အမည်ရ၏
ဟူလို။ ဥပမာ — ဘူမိ ဟူသော သဒ္ဒါကို — "နာမ" ဟူ၍၎င်း "နာမကမ္မ" ဟူ၍၎င်း
ခေါ်နိုင်၏၊ နာမကမ္မာဒိ၌ အာဒိဖြင့် နာမဓေယျ-နိရုတ္တိ-ဗျဉ္ဇန-အဘိလာပ
ဤ ၄ ပါးကိုယူ၊ ဘူမိ သဒ္ဒါသည် နာမဓေယျ နိရုတ္တိ ဗျဉ္ဇန အဘိလာပဟူသော
အမည်ကိုလည်း ရနိုင်သည်။
နာမ မည်ပုံ။ ။ နာမသဒ္ဒါသည် "အနက်သို့ ညွတ်တတ်၏" ဟူသော
အဓိပ္ပါယ် "မိမိ အထံသို့ အနက်ကို ညွှတ်လာ စေတတ်၏" ဟူသော
အဓိပ္ပါယ်ကို ပြ၏။ "အတ္ထံ နမတီတိ နာမံ, အတ္တနိ အတ္ထံ နာမေတီတိ
နာမံ" ဟု ဝိဂြိုဟ်ပြု၊ အတ္ထ-အနက်ဒြဗ်သို့၊ နမတိ-ညွှတ်တတ်၏၊ ဣတိ-
ထို့ကြောင့်၊ နာမံ-နာမ မည်၏။ အတ္တနိ-မိမိ (ဟူသော သဒ္ဒါ)သို့၊ အတ္ထံ-
အနက် ဒြဗ်ကို၊ နာမေတိ-ညွှတ်လာစေတတ်၏၊ ဣတိ-ထို့ကြောင့်၊ နာမံ-
နာမ မည်၏။
"အနက်သို့ ညွှတ်တတ်၏" ဟူသည့်ကား — ဘူမိသဒ္ဒါသည် "မြေကြီး"
ဟူသော အနက်ကိုဟောစွမ်းနိုင်သော သတ္တိရှိ၏၊ ထိုသို့ ဟောစွမ်းနိုင်သော
သတ္တိ ရှိသည့်အားလျော်စွာ မြေကြီး ဟူသော အနက်ကို ဟောဘို့ရာ အမြဲ
## Trang 269
ညွှတ်နေသကဲ့သို့ (အနက်ဒြဗ်ဘက်သို့ ဦးလှည့်နေသကဲ့သို့) ဖြစ်သည်ကို
"အနက်သို့ ညွှတ်သည်" ဟု ဆိုသည်။
"မိမိသို့ အနက်ကို ညွှတ်စေတတ်၏" ဟူသည်ကား ထိုကဲ့သို့ ဟောစွမ်း
နိုင်သော သတ္တိရှိသည့် အားလျော်စွာ ဘူမိသဒ္ဒါက မြေကြီးတည်းဟူသော
အနက်ကို မိမိဟောနက် အဖြစ်ဖြင့် အမြဲ ကိုင်းရှိုင်းညွတ်လာ စေသကဲ့သို့ ဖြစ်
သည်ကို "မိမိသို့ အနက်ကို ညွှတ်စေတတ်၏" ဟု ဆိုသည်။ [သဒ္ဒါကျမ်းတို့၌
ပြောရိုးအဓိပ္ပါယ်မှာ စဉ်းစားဘွယ်ရာသာတည်း။]
နာမကမ္မ မည်ပုံ။ ။ ထို ဘူမိ ဟူသော သဒ္ဒါနာမ သည်ပင် အရေးပါ
အရာရောက်သော ရှေးပညာရှိတို့ ပြုအပ်သော နာမည် ဖြစ်သောကြောင့်
"ကတ္တဗ္ဗတိ ကမ္မံ, နာမမေဝ + ကမ္မ" အရ "နာမကမ္မ" မည်ပြန်သည်။
[ကတ္တဗ္ဗ-ပြုအပ်၏, မှည့်ခေါ်အပ်၏၊ ဣတိ-ကြောင့်၊ ကမ္မံ — ကမ္မမည်၏၊
နာမမေဝ-နာမသည်ပင် ကမ္မ-ကမ္မတည်း။]
နာမဓေယျ မည်ပုံ။ ။ ထို ဘူမိဟူသော သဒ္ဒါနာမသည်ပင် ပညာရှိတို့
ပညတ် တင်ထားအပ်သောကြောင့် "မီယတိ ထပီယတိ ဓေယျံ, နာမမေဝ+
ဓေယျ" အရ "နာမဓေယျ" မည်ပြန်၏။ [မီယတိ ထပီယတိ-ရှေးလူကြီး
သူမတို့ ထားအပ်၏'ဟု အနက်ဆို။]
နိရုတ္တိ မည်ပုံ။ ။ ထို ဘူမိ ဟူသော သဒ္ဒါနာမသည်ပင် မရွတ်ဆိုမီ
တိမ်မြုပ် ငုပ်နေသော အဖြစ်မှ ထုတ်ဖော်၍ ရွတ်ဆိုအပ်သောကြောင့်
"ဥတ္တေဘိ ဥတ္တိ နီဟရိတွာ + ဥတ္တိ" အရ "နိရုတ္တိ" မည်ရပြန်သည်၊
[နီဟရိတွာ-ထုတ်ဖော်၍+ဥတ္တိ — ရွတ်ဆိုအပ်သော သဒ္ဒါတည်း — ဟု ဆို၊
ဘုရားမပွင့်မီက ပိဋကတော်တွေ မြုပ်နေ၏၊ ဘုရားပွင့်တော်မူမှ ထုတ်ဖော်
ဟောအပ်သဖြင့် ပိဋကတော်တွေ ပေါ်လာပုံ ကြည့်လေ။]
ဗျဉ္ဇန မည်ပုံ။ ။ ထို ဘူမိ ဟူသော သဒ္ဒါနာမ သည်ပင် အနက်ကို
ထင်ရှား ပြတတ်သောကြောင့် "အတ္ထံ ဗျဉ္စယတိ ပကာသေတီတိ" အရ
"ဗျဉ္ဇန" မည်ရပြန်သည်။ [အတ္ထံ- အနက်ဒြဗ် အတ္ထပညတ်ကို၊ ဗျဉ္စယတိ
ပကာသေတိ-ထင်ရှားပြတတ်၏-ဟု ဆို။]
အဘိလာပ မည်ပုံ။ ။ ထို ဘူမိ ဟူသော သဒ္ဒါနာမသည်ပင် ဝဒန္တ
ပုဂ္ဂိုလ်တို့သည် အနက်သို့ ရှေးရှု၍ ရွတ်ဆို အပ်သောကြောင့် "အဘိလပ္ပ
တီတိ" အရ "အဘိလာပ" မည်ရပြန်သည်၊ [အဘိလပ္ပတိ-အနက်သို့ ရှေးရှု
(မှန်း၍) ရွတ်ဆို ပြောပြအပ်၏-ဟု ဆို။]
ဤသို့ အားဖြင့် လူတယောက်၌ အမည် ၆ မျိုး မှည့်ထား သကဲ့သို့, ဘူမိ
ဟူသော သဒ္ဒပညတ်-တခုသည်ပင် နာမ, နာမကမ္မ, နာမဓေယျ, နိရုတ္တိ,
ဗျဉ္ဇန, အဘိလာပ ဟု အမည် ၆ မျိုး ရသည်၊ ထိုထို ဘာသာဝါဒ အလိုက်
ပြောဆိုကြသော စကား ဟူသမျှသည် သဒ္ဒပညတ် ချည်းတည်း၊ သဒ္ဒပညတ်
ဟူသမျှလည်း နာမ နာမကမ္မ စသော အမည်ကို ရနိုင်သည်ချည်း တည်း၊
ထို့ကြောင့် "နာမ နာမကမ္မာဒိနာမေန ပရိဒီပိတာ" ဟု မိန့်သည်။
သဒ္ဒပညတ် ၆ မျိုး။ ။ ထိုသို့ နာမ နာမကမ္မ စသည့် အမည် ရသော
သဒ္ဒ ပညတ်သည် ဝိဇ္ဇမာနပညတ် စသော အားဖြင့် ၆ မျိုး ရှိပြန်၏၊ ၆ မျိုး
သရုပ်ကို ပါဠိကြည့်၍ ရေတွက်လေ။
နိဿယနှင့်အဓိပ္ပါယ်
သာ- ထို သဒ္ဒ ပညတ်သည်၊ ဝိဇ္ဇမာန
ပညတ္တိ - ဝိဇ္ဇမာန ပညတ်၎င်း၊ အဝိဇ္ဇ
မာနပညတ္တိ - အဝိဇ္ဇမာန ပညတ်၎င်း၊ ဝိဇ္ဇမာနေန အဝိဇ္ဇမာန
ပညတ္တိ - ဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ် ၎င်း၊ အဝိဇ္ဇမာနေန
ဝိဇ္ဇမာနပညတ္တိ-အဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ်၎င်း၊ ဝိဇ္ဇမာနေန
ဝိဇ္ဇမာနပညတ္တိ-ဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ်၎င်း၊ အဝိဇ္ဇမာနေန
အဝိဇ္ဇမာန ပညတ္တိစ - အဝိဇ္ဇမာနေန အဝိဇ္ဇမာန ပညတ် ၎င်း၊
ဣတိ-သို့၊ ဆဗ္ဗိဓံ- ၆ ပါး .အပြားရှိသည်၊ ဟောတိ-၏။
## Trang 270
တတ္ထ – ထို ခြောက်ပါး တို့တွင်..... (၁) ယဒါ - အကြင်
အခါ၌၊ ပရမတ္ထတော-ပရမတ္ထအားဖြင့်၊ ဝိဇ္ဇမာနံ - ထင်ရှားရှိ
သော၊ ရူပဝေဒနာဒိ – ရုပ်ဝေဒနာ အစရှိသည်ကို၊ ဧတာယ-
ဤ သဒ္ဒ ပညတ်ဖြင့်၊ ပညာပေန္တိ – ပညတ်ကြကုန်၏၊ တဒါ-
ထိုအခါ၌၊ အယံ-ဤ သဒ္ဒပညတ်ကို၊ ဝိဇ္ဇမာနပညတ္တီတိ - ဝိ
ဇ္ဇမာနပညတ်ဟူ၍၊ ပဝုစ္စတိ-ဆိုအပ်၏၊ (၂) ယဒါပန - အကြင်
အခါ၌ကား၊ ပရမတ္ထတော – ဖြင့်၊ အဝိဇ္ဇမာနံ – ထင်ရှား မရှိ
သော၊ ဘူမိပဗ္ဗတာဒိ-ဘူမိပဗ္ဗတ အစရှိသည်ကို၊ တာယ-
ဤ သဒ္ဒပညတ်ဖြင့်၊ ပညာပေန္တိ-ပညတ်ကြကုန်၏၊ တဒါ-ထို
အခါ၌၊ အယံ - ဤ သဒ္ဒပညတ်ကို၊ အဝိဇ္ဇမာန ပညတ္တီတိ -
အဝိဇ္ဇမာန ပညတ်ဟူ၍၊ ပဝုစ္စတိ-ဆိုအပ်၏၊ ပန – အဘိတပါး
၁။ ဝိဇ္ဇမာနပညတ်။ ။ ယဒါ ပရမတ္ထတော ၊ ပေ၊ ဝိဇ္ဇမာနပညတ္တိ-
ပညတ်အပ်သော အနက်ဒြဗ် အတ္ထပညတ်က ပရမတ္ထအားဖြင့် ထင်ရှားရှိလျှင်,
သဒ္ဒပညတ် (အမည်နာမ စကားသံ) ကို ဝိဇ္ဇမာန ပညတ် ဟု ဆိုရ၏၊
[ဝိဇ္ဇမာနဿ+ပညတ္တိ, ဝိဇ္ဇမာနပညတ္တိ၊ ဝိဇ္ဇမာနဿ – ပရမတ္ထ အားဖြင့်
ထင်ရှားရှိသော အနက်ဒြဗ် အတ္ထ ပညတ်ကို+ပညတ္တိ – သိစေကြောင်း ဖြစ်
သော သဒ္ဒပညတ်သည်၊ ဝိဇ္ဇမာနပညတ္တိ – ဝိဇ္ဇမာနပညတ်မည်၏၊] ပုံစံ
ရူပဝေဒနာ စသည်တည်း၊ ရူပ ဟူသော သဒ္ဒါသည် သဒ္ဒ ပညတ်
တည်း၊ ထို သဒ္ဒပညတ်ဖြင့် ပြအပ်သော ပထဝီ အာပေါ စသော ရုပ် ၂၈ ခု
ကား အတ္ထ ပညတ်တည်း၊ ထို ပထဝီ အာပေါ စသည်က ပရမတ္ထ အားဖြင့်
ထင်ရှားရှိသောကြောင့် ထို အနက်ကိုပြသော ရူပသဒ္ဒါကို ဝိဇ္ဇမာနပညတ် ဟု
ဆိုရလေသည်၊ ဝေဒနာ သညာ စသော ပရမတ္ထသဒ္ဒါဟူသမျှ ဝိဇ္ဇမာနပညတ်
ချည်းတည်း။
နိဿယနှင့်အဓိပ္ပါယ်
ကား၊ ဥဘိက္ခံ – ဝိဇ္ဇမာန, အဝိဇ္ဇမာန အားဖြင့် နှစ်ပါးသော
အနက်တို့၏၊ ဝေါမိဿကဝသေန-ရောနှောခြင်း၏ အစွမ်းဖြင့်၊
သေသာ ကြွင်းသော ပညတ် တို့ကို၊ ယထာက္ကမံ - အကြင်
အကြင် အစဉ်ရှိတိုင်း၊ (၃) ဆဠဘိညောတိ-ဆဠဘိညဟူ၍၎င်း၊
(၄) ဣတ္ထိသဒ္ဒေါတိ-ဣတ္ထိသဒ္ဒဟူ၍၎င်း၊ (၅) စက္ခုဝိညာဏန္တိ-
စက္ခုဝိညာဏဟူ၍၎င်း၊ (၆) ရာဇပုတ္တောတိစ - ရာဇပုတ္တဟူ၍
၎င်း၊ ဝေဒိတဗ္ဗာ-သိအပ်ကုန်၏။
၂။ အဝိဇ္ဇမာနပညတ်။ ။ ယဒါပန ၊ ပေ ၊ အဝိဇ္ဇမာနပညတ္တိ——
အနက်ဒြဗ် အတ္ထပညတ်က ထင်ရှား မရှိသောကြောင့် ဘူမိ ဟူသော သဒ္ဒ
ပညတ်လည်း "အဝိဇ္ဇမာနဿ + ပညတ္တိ" အရ အဝိဇ္ဇမာနပညတ် မည်ရ
လေသည်၊ [အဝိဇ္ဇမာနဿ – ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အနက်
ကို + ပညတ္တိ — သိစေကြောင်း ဖြစ်သော သဒ္ဒပညတ်သည် အဝိဇ္ဇမာန
ပညတ္တိ-အဝိဇ္ဇမာနပညတ် မည်၏၊ ပဗ္ဗတ-ဂေဟစသော သဒ္ဒါများကိုလည်း
သိလေ။]
ဥ၊ ပေ၊ ဝေဒိတဗ္ဗာ-ထို ထင်ရှားရှိသော အနက် ထင်ရှားမရှိသော
အနက် ၂ ရပ်ကို ရောစပ်၍ ပညတ်ပြန်လျှင် (နာမည်တပ်ပြန်လျှင်) ဝိဇ္ဇမာနေန
အဝိဇ္ဇမာနပညတ္တိ-စသည့် ဖြစ်ပုံကို ပြလတံ့သော အစဉ်အတိုင်း သိရာ၏။
၃။ ဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ် — ဆဠဘိည-ခြောက်ပါးသော
အဘိညာဉ်ရှိသူ၊ ဤ၌ အဘိညာဉ် ၆ ပါးကား ပရမတ္ထအားဖြင့် ထင်ရှားရှိ၍
ဝိဇ္ဇမာနတည်း၊ ထို အဘိညာဉ် ရှိသူ ပုဂ္ဂိုလ်ကား ထင်ရှားမရှိ, အဝိဇ္ဇမာန
တည်း၊ ထို ၂ ရပ်ကို ရောစပ်၍ ပညတ်ထားသောကြောင့် — ဆဠဘိည
ဟူသော သဒ္ဒပညတ်ကို "ဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ်" ဟု ဆိုရသည်၊
## Trang 271
ပညတ်နှစ်မျိုးကိုသိပုံနှင့်
နာမပညတ်ဖြစ်ပေါ်လာပုံ
ပစ္စည်းပိုင်း
ဝစီဃောသာနုသာရေန — စကား
သံကို အစဉ်လိုက်သဖြင့်၊ သောတ
ဝိညာဏဝီထိယာ—သောတ ဝိညာ
ဏ ဝီထိ၊ တဒနုဝတ္တိက မနောဒွါရဝီထိ၏၊ ပဝတ္တာနန္တရုပ္ပန္န၌
[တေပိဋက (ဝိဇ္ဇာသုံးပါးရှိသူ), ပဋိသမ္ဘိဒါပတ္တ (ပဋိသမ္ဘိဒါဉာဏ်သို့ရောက်သူ)
စသော သမာသ်ပုဒ်များကိုလည်း သိလေ။ ]
၄။ အဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ် — ဣတ္ထိသဒ္ဒ — မိန်းမသံ၊ ဤ၌
ဣတ္ထိအရ မိန်းမ ဟူသည် ပရမတ္ထအားဖြင့် ထင်ရှားမရှိ, အဝိဇ္ဇမာနတည်း၊
အသံကား ( သဒ္ဒရုပ်ဖြစ်၍ ) ပရမတ္ထအားဖြင့် ထင်ရှားရှိ၏, ဝိဇ္ဇမာနတည်း၊
ထို ၂ ရပ်ကို ရောစပ်၍ ပညတ်ထားသောကြောင့် "ဣတ္ထိသဒ္ဒ" ဟူသော
သဒ္ဒပညတ်ကို "အဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ်" ဟု ဆိုရသည်။
၅။ ဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ် — စက္ခုဝိညာဏံ=စက္ခုပသာဒကို
မှီသော ဝိညာဏ်၊ ဤ၌ စက္ခုပသာဒ ဟူသည်လည်း ထင်ရှားရှိ၍ ဝိဇ္ဇမာန
တည်း၊ ဝိညာဏ်စိတ်လည်း ထင်ရှားရှိ၏၊ ထို ၂ ရပ်ကိုရောစပ်၍ ပညတ်ထား
သောကြောင့် "စက္ခုဝိညာဏ" ဟူသော သဒ္ဒပညတ်ကို ဝိဇ္ဇမာနေန ဝိဇ္ဇမာန
ပညတ် ဟု ဆိုရလေသည်။ [ စက္ခုသမ္ဖဿ — သောတဝိညာဏံ စသည်
ကိုလည်း သိရာ၏။]
၆။ အဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ် — ရာဇပုတ္တ=မင်း၏သားတော်၊
ဤ၌ မင်းဟူသည်လည်း ပရမတ္ထအားဖြင့် ထင်ရှားမရှိ, အဝိဇ္ဇမာနတည်း၊
သားတော် ဟူသည်လည်း ထင်ရှားမရှိ၊ ထို ၂ ရပ်ကို ရောစပ်၍ ပညတ်ထား
သောကြောင့် "ရာဇပုတ္တ" ဟူသော သဒ္ဒပညတ်ကို အဝိဇ္ဇမာနေန အဝိဇ္ဇမာန
ပညတ် ဟု ဆိုရလေသည်။ [ ခတ္တိယပုတ္တ, ဗြဟ္မဏပုတ္တ, သေဋ္ဌိပုတ္တ စသည်
ကိုလည်း သိလေ။ ]
နိဿယနှင့်အဓိပ္ပါယ်
မနောဒွါရဿ — ဖြစ်သည်၏ အခြားမဲ့၌ ဖြစ်သော မနောဒွါရ
ဝီထိ၏၊ ဂေါစရာ — အာရုံဖြစ်သော၊ ( သာယံ ပညတ္တိ-၌ စပ်၊ )
ယဿ — အကြင် နာမပညတ်ကို၊ အနုသာရေန — အစဉ်လိုက်
သဖြင့်၊ တတော—ထို တတိယမနောဒွါရဝီထိမှ၊ ပရံ—နောက်၌၊
အတ္ထာ—အနက်ဒြဗ် အတ္ထပညတ်တို့ကို၊ ဝိညာယန္တိ — သိအပ်
ကုန်၏၊ သာယံပညတ္တိ—ထိုနာမပညတ်ကို၊ လောကသင်္ကေတ
နိမ္မိတာ—လောကသင်္ကေတ, အဖြစ်သို့ ကျရောက်အောင် တစတစ စီစဉ်,
တည်ထွင် ဖန်ဆင်းအပ်၏ ဟူ၍၊ ဝိညေယျာ—သိအပ်၏။
ပညတ် ၂ မျိုးကို သိပုံနှင့် နာမပညတ် ဖြစ်လာပုံ။ ။ဝစီဃောသာ
နုသာရေန၊ပေ၊နိမ္မိတာ—ကား နာမပညတ် အတ္ထပညတ်တို့ကို သိသော ဝီထိကို၎င်း,
နာမပညတ်၏ ဖြစ်ပေါ်လာပုံကို၎င်း, ပြသော ဂါထာတို့တည်း။ [ နာမ
ပညတ်ဟူသည် ပြခဲ့သော သဒ္ဒပညတ်ပင်တည်း။ ]
— မြန်မာလို
ဝစီဃောသာနုသာရေန သောတဝိညာဏဝီထိယာ
"နွား" ပါဠိလို "ဂေါ" ဟူသော စကားသံကို ကြားသည့်အခါ, ထိုအသံကို
အစဉ်လိုက်သော ( အာရုံပြုသော ) (၁) သောတဝိညာဏဝီထိ ဖြစ်၏။
သောတဝိညာဏဝီထိ ဖြစ်လျှင်, ထို လွန်ပြီး ချုပ်ပြီးသော "ဂေါ" ဟူသော
အသံကို ဆက်လက်၍ အာရုံပြုသော ( ၂ ) တဒနုဝတ္တိက မနောဒွါရဝီထိ
လည်း ဖြစ်ရိုးတည်း၊ ထို့ကြောင့် သောတဝိညာဏဝီထိယာ ဟူသော ပါဌ်
ဖြင့် တဒနုဝတ္တိက မနောဒွါရဝီထိကိုပါ အဝိနာဘာဝနည်းအရ ယူလေ၊
[ တဒနုဝတ္တိက — တံ+အနုဝတ္တိက၊ တံ—ထို ရှေးဝီထိ နောက်သို့+ အနု
ဝတ္တိက — အစဉ်လိုက်သော ] ၍ ၂ ဝီထိဖြင့် အသံသာမည ( သဒ္ဒါရုံမျှ )
ကိုသာ သိသေး၏၊ "ဂေါ" ဟူသော နာမည် ပညတ်ကို တပ်အပ် မသိ
နိုင်သေး။
## Trang 272
ပစ္စည်းပိုင်း
ပဝတ္တာနန္တရုပ္ပန္နံ မနောဒွါရဿ ဂေါစရာ—ထို ၂ဝီထိ ဖြစ်ပြီးနောက်
အခြားမဲ့၌ မနောဒွါရဝီထိသည် ၃ ကြိမ်မြောက်ဖြစ်၏၊ ထိုမနောဒွါရဝီထိက
သာ— "နာမပညတ်" ဟု ခေါ်သော သဒ္ဒပညတ်ကို အာရုံပြုသည်၊ ထို့ကြောင့်
"မနောဒွါရဿ ဂေါစရာ" ကို "သာယံပညတ္တိ" ၌ စပ်ပါ၊ [ ဂေါစရာကို
အတ္ထာ၌ချည်း စပ်လေ့ရှိကြ၏, စဉ်းစားလေ၊ ]
အတ္ထာယဿာနုသာရေန ဝိညာယန္တိ တတောပရံ—ထို နာမပညတ်
ကို အစဉ်လိုက်၍ သိပြီးနောက်မှ အနက်ဒြဗ် အတ္ထပညတ်ကို ၄ ကြိမ်မြောက်
မနောဒွါရဝီထိဖြင့် သိနိုင်သည်၊ ဤအစဉ်ကို ရည်ရွယ်၍....
"သဒ္ဒံ ပဌမစိတ္တေန, တီတံ ဒုတိယစေတသာ၊
နာမံ တတိယစိတ္တေန, အတ္ထံ စတုတ္ထစေတသာ"...ဟု မိန့်သည်။
သဒ္ဒံ —ပစ္စုပ္ပန် သဒ္ဒါရုံကို၊ ပဌမစိတ္တေန— ပဌမသောတဝိညာဏဝီထိဖြင့်၊
ဇာနာတိ—သိ၏၊ အတီတံ—လွန်ပြီးသော အတိတ် သဒ္ဒါရုံကို၊ ဒုတိယစေတ
သာ— ၂ ကြိမ်မြောက် တဒနုဝတ္တိက မနောဒွါရဝီထိဖြင့်၊ ဇာနာတိ—ဆက်လက်၍
သိ၏၊ နာမံ—နာမပညတ် (သဒ္ဒပညတ်) ကို၊ တတိယစိတ္တေန—၃ ကြိမ်မြောက်
မနောဒွါရဝီထိဖြင့်၊ ဇာနာတိ—ဆက်လက်၍ သိ၏၊ အတ္ထံ—အနက်ဒြဗ် အတ္ထ
ပညတ်ကို၊ စတုတ္ထစေတသာ— ၄ ကြိမ်မြောက် မနောဒွါရဝီထိဖြင့်၊ ဇာနာတိ—
ဆက်လက်၍ သိ၏။
သာယံပညတ္တိ၊ပေ၊လောကသင်္ကေတနိမ္မိတာ— [လောကသတ္တဝါ
အပေါင်း + သင်္ကေတ = အမှတ်အသား + နိမ္မိတ = ဖန်ဆင်းအပ်သည့်,
တည်ထွင်ထားအပ်သည်။ ] ထို နာမပညတ်( သဒ္ဒပညတ် ) ကို သတ္တဝါ
အပေါင်း၏ အမှတ်သင်္ကေတ အဖြစ်သို့ ကျရောက်လာအောင် ရှေးလူကြီးတို့
တစတစ စီစဉ်လျက် တည်ထွင်အပ်သည်—ဟူလို။
ကမ္ဘာတည်ပြီးနောက် လူသတ္တဝါတွေ ပေါ်ပေါက်လာသည့်အခါ
ထိုထို အကြောင်းအရာ (အနက်ဒြဗ် အတ္ထပညတ်) တွေသာ ရှိသေး၏၊ ထို
နိဿယနှင့်အဓိပ္ပါယ်
အဘိဓမ္မတ္ထသင်္ဂဟေ-၌၊ ပစ္စယသင်္ဂဟဝိဘာဂေါနာမ—
ပစ္စယသင်္ဂဟဝိဘာဂ မည်သော၊ အဋ္ဌမော — အဋ္ဌမတို့၏
ပြည့်ကြောင်းဖြစ်သော၊ ပရိစ္ဆေဒေါ—သည်၊ ဣတိ—ပြီး၏။
အကြောင်းအရာကို ပြောဘို့ရာ စကား ( နာမ — သဒ္ဒပညတ် ) မရှိသေး၊
ထိုအခါ တော်တော် ဉာဏ်ပညာရှိသော လူကြီးက မြေသားဒြဗ်ကိုကြည့်၍
"ဘူမိ ပထဝီ" စသော စကား (နာမပညတ်) ကိုစ၍ တည်ထွင် ဖန်ဆင်း
လိုက်၏၊ ထိုအခါကစ၍ "ဘူမိ" ဟု ပြောလိုက်လျှင် မြေကြီးဒြဗ်ကို ပြောသည်
ဟု အများ နားလည်လေသည်၊ "ဘူမိ" သဒ္ဒါသည် မြေသားဒြဗ်ကို သိဘို့ရာ
အမှတ်အသား စကားတလုံး ဖြစ်လေတော့သည်—ဟူလို။
မြန်မာလူမျိုး ပေါ်ပေါက်၍ မြန်မာစကားများကို တည်ထွင် ဖန်ဆင်းခဲ့ပုံ,
ကုလားလူမျိုး ပေါ်ပေါက်၍ ကုလားစကားများကို တည်ထွင် ဖန်ဆင်းလာ
ခဲ့ပုံ, စသည်ဖြင့် အမျိုးမျိုး စကားများ ပေါ်ပေါက်လာပုံကို၎င်း, ယခုကာလ
မှာပင် တော်တော် တွင်ကျယ်သူတို့က စကားသစ် စကားဆန်းများကို (အများ
သုံး သင်္ကေတ ဖြစ်အောင်) တည်ထွင် ဖန်ဆင်းပုံများကို၎င်း, ဉာဏ်ဖြင့်ချဲ့ထွင်
ကြည့်လေ၊ ဤသို့လျှင် နာမပညတ်( ထိုထို ဘာသာအလိုက် စကားသံ ) ကို
လောကသင်္ကေတ အနေသို့ ကျရောက်အောင် အရေးပါ၍ အရာရောက်သူက
တည်ထွင် ဖန်ဆင်း၍ ထားအပ်လေသည်။
လေ့ကျင့်ခဏ်း မေးခွန်းများ
က။ သဒ္ဒပညတ်ကို အဘယ်သို့သော အမည်များဖြင့် ထင်ရှားအောင် ပြအပ်
သနည်း။
ခ။ သဒ္ဒပညတ်ကို အဘယ့်ကြောင့် "နာမ" ဟု ဆိုရသနည်း။
ဂ။ အဘယ်ကြောင့် "နာမကမ္မ, နာမဓေယျ" ဟု ခေါ်ရသနည်း။
ဃ။ အဘယ်ကြောင့် "နိရုတ္တိ, ဗျဉ္စန" ဟု ခေါ်ဆိုရသနည်း။
## Trang 273
ပစ္စည်းပိုင်း
င။ အဘယ်ကြောင့် "အဘိလာပ" ဟု ခေါ်ဆိုရသနည်း။
စ။ ဘယ်ပညတ်မျိုးကို "ဝိဇ္ဇမာနပညတ်" ဟု ခေါ်သနည်း, ပုံစံပြပါ။
ဆ။ ဘယ်ပညတ်မျိုးကို "အဝိဇ္ဇမာနပညတ်" ဟု ခေါ်သနည်း, ပုံစံပြပါ။
ဇ။ "ဆဋ္ဌဘိည" ကို အဘယ်ကြောင့် အဘယ်ပညတ် ဟု ခေါ်သနည်း။
ဈ။ "ဣတ္ထိသဒ္ဒ" ကို အဘယ့်ကြောင့် အဘယ်ပညတ် ဟု ခေါ်သနည်း။
ည။ "စက္ခုဝိညာဏ" ကို အဘယ့်ကြောင့် အဘယ်ပညတ် ဟု ခေါ်သနည်း။
ဋ။ "ရာဇပုတ္တ" ကို အဘယ့်ကြောင့် အဘယ်ပညတ် ဟု ခေါ်သနည်း။
ဌ။ ဝစီဃောသာနုသာရေန ၂ ဂါထာကို အနက်ပေးပါ။
ဍ။ "ဂေါ" ဟူသော အသံကို ဘယ်ဝီထိဖြင့် ရှေးဦးစွာ သိသနည်း,
သင်္ဂြိုဟ်ပါဌ်နှင့် ဂါထာပိုဒ်ကို ထောက်ပါ။
ဎ။ အတိတ်ဖြစ်သော "ဂေါ" သံကို ဘယ်ဝီထိဖြင့် သိသနည်း, သင်္ဂြိုဟ်
ပါဌ်နှင့် ဂါထာပိုဒ်ကို ထောက်ပါ။
ဏ။ "ဂေါ" ဟူသော နာမပညတ်ကို ဘယ်ဝီထိဖြင့် သိသနည်း, သင်္ဂြိုဟ်
ပါဌ်နှင့် ဂါထာပိုဒ်ကို ထောက်ပါ။
တ။ နွားကောင်ဒြဗ် ( အတ္ထပညတ် ) ကို ဘယ်ဝီထိဖြင့် သိသနည်း, သင်္ဂြိုဟ်
ပါဌ်နှင့် ဂါထာပိုဒ်ကို ထောက်ပါ။
ထ။ နာမပညတ် ဟူသမျှသည် အဘယ်သို့ ဖြစ်ပေါ်လာသနည်း, ထင်ရှား
အောင် "ဘူမိ" သဒ္ဒါ ဖြစ်ပေါ်လာပုံကို ပြောပြစမ်းပါ။
ပစ္စည်းပိုင်း နိဿယနှင့် အဓိပ္ပါယ်
ပြီး၏။
ကမ္မဋ္ဌာန်းပိုင်း
ပဋိညာဉ်တော်—၍ ပစ္စယသင်္ဂဟ၏အခြားမဲ့မှ၊ ပရံ—နောက်၌၊
သမထဝိပဿနာနံ — သမထဝိပဿနာ ဟု ဆိုအပ်
ကုန်သော၊ ဘာဝနာနံ—ဘာဝနာတို့၏၊ ဒွိဓမ္ပိ — နှစ်ပါးအပြား
ရှိသည်လည်းဖြစ်သော၊ ကမ္မဋ္ဌာနံ—ကမ္မဋ္ဌာန်းကို၊ ယထာ—
အစဉ်အားလျော်စွာ၊ ပဝက္ခာမိ—ဆိုပေအံ့။
ကမ္မဋ္ဌာန်းပိုင်း။ ။ကမ္မဋ္ဌာန်း အမျိုးမျိုးကို ပြရာ အပိုင်းအခဏ်းကို
"ကမ္မဋ္ဌာန်းပိုင်း" ဟု ခေါ်သည်။
သမထ၊ပေ၊ယထာက္ကမံ—ဤဂါထာကား ပဋိညာဉ်ကိုပြသော ဂါထာ
တည်း၊ "ပစ္စယသင်္ဂဟ၏ အခြားမဲ့ဖြစ်သော ဤကာလမှ နောက်၌ သမထ
ကမ္မဋ္ဌာန်း ဝိပဿနာကမ္မဋ္ဌာန်းအားဖြင့် ၂ မျိုးသော ကမ္မဋ္ဌာန်းကို အစဉ်
အတိုင်း ပြမည်" ဟူလို။
သမထဝိပဿနာနံ ဘာဝနာနံ—လွန်စွာ အကျိုးများသဖြင့် မိမိတို့
သန္တာန်၌ အဖန်ဖန် ဖြစ်စေအပ်သော တရားကို "ဘာဝနာ"ဟုခေါ်သည်၊
ဘာဝေတဗ္ဗာတိ ဘာဝနာ။ ဘာဝေတဗ္ဗာ — ရှေးဦးစွာ ဖြစ်စေအပ်
ဖြစ်စေထိုက်, တကြိမ်ဖြစ်ပြီးနောက်လည်း ထပ်၍ထပ်၍ တိုးပွားစေအပ်
တိုးပွားစေထိုက်၏၊ ဣတိ—ထိုကြောင့်၊ ဘာဝနာ—ဘာဝနာ မည်၏၊[ ထို
ဘာဝနာကို မိမိသန္တာန်၌ ဖြစ်လာအောင် တိုးတက်ပွားများလာအောင်
အားထုတ်ခြင်းကို "ဘာဝနာပွားခြင်း" ဟု ခေါ်ဝေါ်ကြသည်။ ]
[ဆောင်] အကျိုးတရား, အလွန်များသဖြင့်, ဖြစ်ပွားစေအပ်,
တရားမြတ်, မှတ်လေ ဘာဝနာ။
## Trang 274
ကမ္မဋ္ဌာန်းပိုင်း
ထိုဘာဝနာသည် သမထဘာဝနာ ဝိပဿနာဘာဝနာ ဟု ၂ မျိုးရှိ၏၊
ထိုတွင် သမုစ္စည်းပိုင်း၌ ပြခဲ့သော နီဝရဏတရားတို့ကို၎င်း, ဝိတက်စသော
အောက်အောက်ဈာန်အင်္ဂါများကို၎င်း, ငြိမ်သက်စေသော သမာဓိကို
"သမထဘာဝနာ" ဟု ခေါ်၏၊ "သမေတီတိ သမထော"။ သမေတိ—နီဝရဏ
တရား ဝိတက်စသော ဈာန်အင်္ဂါများကို ငြိမ်သက်စေတတ်၏၊ ဣတိ—ကြောင့်၊
သမထော—သမထမည်၏၊ တရားကိုယ်မှာ လောကီကုသိုလ် ကြိယာ၌ရှိသော
သမာဓိခေါ် ဧကဂ္ဂတာစေတသိက်တည်း၊ ထိုတွင် ပဌမဈာန်သမာဓိက
နီဝရဏတို့ကို ငြိမ်းစေ၍, ဒုတိယဈာန် စသည်တို့က ဝိတက်စသည်တို့ကို ငြိမ်း
စေသည်၊ [ ဒုတိယဈာန် စသည်တို့၌ ဝိတက်စသော အောက်အောက်ဈာန်အင်္ဂါ
များ မပါသဖြင့် ငြိမ်းစေကြောင်းကို သိလေ၊ ] ၍ စကားအရ သမထဘာဝနာ
ကမ္မဋ္ဌာန်းကို အားထုတ်လျှင် မဟဂ္ဂုတ်ဈာန်များကို ရနိုင်သည်ဟု မှတ်။
တေဘူမကရုပ်နာမ်တရားကို အနိစ္စ ဒုက္ခ အနတ္တဟု ရှုတတ်သော ဉာဏ်
ပညာကို "ဝိပဿနာဘာဝနာ" ဟု ခေါ်၏၊ "ဝိဝိဓေန အနိစ္စာဒိအာကာရေ
န + ပဿတီတိ ဝိပဿနာ"။ ဝိဝိဓေန—အထူးထူးသော၊ အနိစ္စာဒိအာကာ
ရေန—အနိစ္စအစရှိသော အခြင်းအရာအားဖြင့်၊ ပဿတိ—ရှုတတ်၏၊ ဣတိ—
ထိုကြောင့်၊ ဝိပဿနာ—ဝိပဿနာ မည်၏၊ တရားကိုယ်မှာ မဟာကုသိုလ်
မဟာကြိယာ၌ ယှဉ်သော ဉာဏ်တည်း၊ ဤဝိပဿနာကို ပွားများလျှင်
မဂ်ဖိုလ်ကို ရနိုင်၏၊ ဤသို့ သမထဘာဝနာ ဝိပဿနာဘာဝနာ ဟု ၂ မျိုး
ရှိသည်။
ကမ္မဋ္ဌာနံ— [ကမ္မ + ဌာန၊ ကမ္မ = အမှု + ဌာန = တည်ရာ၊ ]
"ကမ္မဿ + ဌာနံ ကမ္မဋ္ဌာနံ"။ ကမ္မဿ = ဘာဝနာကိုပွားများ အားထုတ်
မှု၏ + ဌာနံ = တည်ရာ အာရုံသည်၊ ကမ္မဋ္ဌာနံ = ကမ္မဋ္ဌာန်း မည်၏၊ ဤ
စကားအရ ကမ္မဋ္ဌာန ( ကမ္မဋ္ဌာန်း ) ဟူသော ဘာဝနာ ၂ ပါးကို ပွားများ
အားထုတ်မှု၏+တည်ရာ ဖြစ်သော ပထဝီကသိုဏ်း စသော အာရုံနှင့် ရုပ်
နာမ် အာရုံများတည်းဟု မှတ်၊ [ပထဝီကသိုဏ်းစသော အာရုံသည် သမထ
ဘာဝနာ၏ ကမ္မဋ္ဌာန်းတည်း၊ ရုပ်နာမ် အာရုံကား ဝိပဿနာဘာဝနာ၏
ကမ္မဋ္ဌာန်းတည်း၊ ရှေးရှေးသော ဘာဝနာအစဉ်ကို ကမ္မဋ္ဌာန်း ဟု တနည်း
ခေါ်သေး၏၊ ထိုနည်းကို ဘာသာဋီကာမှာ ရှု။ ]
သမထကမ္မဋ္ဌာန်းဝယ် သိဘွယ်များ
နိဿယနှင့်အဓိပ္ပါယ်
၁။ တတ္ထ — ထို သမထကမ္မဋ္ဌာန်း ဝိပဿနာကမ္မဋ္ဌာန်းတို့တွင်၊ သမထ
သင်္ဂဟေ—သမထကမ္မဋ္ဌာနသင်္ဂဟ၌၊ တာဝ — ရှေးဦးစွာ၊ ဒသ — ၁ဝ ပါးကုန်သော၊ ကသိဏာနိ—
ကသိုဏ်းတို့၎င်း၊ ဒသ — ၁ဝ ပါးကုန်သော၊ အသုဘာ—အသုဘတို့
၎င်း၊ ဒသ — ၁ဝ ပါးကုန်သော၊ အနုဿတိယော — အနုဿတိတို့၎င်း၊
စတဿော — လေးပါးကုန်သော၊ အပ္ပမညာယော — အပ္ပမညာ
တို့၎င်း၊ ဧကာ — တခုသော၊ သညာ—သညာ၎င်း၊ ဧကံ—တခု
သော၊ ဝဝတ္ထာနံ — ဝဝတ္ထာန်၎င်း၊ စတ္တာရော — လေးပါးကုန်
သော၊ အာရုပ္ပါစ—အာရုပ္ပတို့၎င်း၊ ဣတိ—ဤသို့၊ သတ္တဝိဓေန—
ခုနစ်ပါးအပြားအားဖြင့်၊ သမထကမ္မဋ္ဌာနသင်္ဂဟော—သမထကမ္မဋ္ဌာန
သင်္ဂဟကို၊ ဝေဒိတဗ္ဗော—သိအပ်၏၊ တီဏိ နိမိတ္တာနိ—မှ၊ ဝေဒိတဗ္ဗာနိ—ကို ပြန်၍ လိုက်စေသည်။
ယထာက္ကမံ—"သမထဝိပဿနာနံ" ဟု အစဉ်ရှိသည့်အတိုင်း သမထ
ကမ္မဋ္ဌာန်းကို ရှေးဦးစွာပြ၍ ထိုနောက် ဝိပဿနာကမ္မဋ္ဌာန်းကို ပြမည်။
သမထကမ္မဋ္ဌာနသင်္ဂဟ။ ။သမထကမ္မဋ္ဌာန်းကို သင်္ဂြိုဟ်ရေတွက်ရာ
အခဏ်းကို "သမထကမ္မဋ္ဌာနသင်္ဂဟ" ဟု ခေါ်သည်။
## Trang 275
ကမ္မဋ္ဌာန်းပိုင်း
၂။ ရာဂစရိတာ—ရာဂစရိုက်၎င်း၊ ဒေါသစရိတာ—ဒေါသ
စရိုက်၎င်း၊ မောဟစရိတာ—မောဟစရိုက်၎င်း၊ သဒ္ဓါစရိတာ—
သဒ္ဓါစရိုက်၎င်း၊ ဗုဒ္ဓိစရိတာ—ဗုဒ္ဓိစရိုက်၎င်း၊ ဝါ — ပညာစရိုက်
၎င်း၊ ဝိတက္ကစရိတာ—ဝိတက်စရိုက်၎င်း၊ ဣတိ—ဤသို့၊ ဆဋ္ဌိဓေန—
ခြောက်ပါးအပြားအားဖြင့်၊ စရိတသင်္ဂဟော—စရိတသင်္ဂဟကို၊
ဝေဒိတဗ္ဗော—သိအပ်၏။
သမထကမ္မဋ္ဌာန်း ၄၀—ကသိုဏ်း ၁ဝ, အသုဘ ၁၀, အနုဿတိ ၁၀,
အပ္ပမညာ ၄, အာဟာရေပဋိကူလသညာ ၁, စတုဓာတုဝဝတ္ထာန် ၁,
အာရုပ္ပ ၄, ဟု ကမ္မဋ္ဌာန်း ၄၀ ၏ အကျဉ်းသရုပ်ကို သိနှင့်ရာ၏၊ အကျယ်
လာလိမ့်လတံ့။
သတ္တဝိဓေန—အရ ၇ ပါးကား ကသိုဏ်း, အသုဘ စသော
ဆိုခဲ့ပြီး ၇ ခဏ်းတည်း။
စရိုက်။ ။ [သင်္ဂြိုဟ်ပါဌ်၌ "စရိတာ" ဟု ရှိ၏၊ အဋ္ဌကထာကြီးတို့၌
"စရိယာ" ဟု ရှိသည်၊ စရိုက် — ဟူသည် ပင်ကိုယ်ရိုးရာ သူတကာ ဖြစ်နေ
ကျထက် လွန်ကဲပိုမို၍ အဖြစ်များခြင်းတည်း၊ ထိုကဲ့သို့ အဖြစ်များသူကို
"ရာဂစရိုက်ရှိသူ—သဒ္ဓါစရိုက်ရှိသူ"စသည်ဖြင့် ခေါ်ဝေါ်ရလေသည်။
၁။ ရာဂစရိုက်ရှိသူသည် လောကီအာရုံကာမဂုဏ်ဘက်၌ မရှက်မကြောက်
လိုက်စား၏။
၂။ ဒေါသစရိုက်ရှိသူသည် နေရာတိုင်း၌ ရှူးရှူးရှဲရှဲနှင့် အမြဲစိတ်တို၏။
၃။ မောဟစရိုက်ရှိသူသည် နမူးနထူးနှင့် ထိုင်းမှိုင်း ဖျင်းအ အောက်ကျ
နောက်ကျ ရှိ၏။
၄။ သဒ္ဓါစရိုက်ရှိသူသည် ရတနာ ၃ပါးကို လွန်စွာကြည်ညို၏။ [ သို့သော်
အသိဉာဏ်နည်းလျှင် အလွဲအမှားကို ကြည်ညိုမိတတ်သည်။ ]
၅။ ဗုဒ္ဓိ ( ပညာ ) စရိုက်ရှိသူသည် ထက်မြက်သော ဉာဏ်ပညာဖြင့်
အရာရာ စဉ်းစားဆင်ခြင်လေ့ရှိ၏၊ သူများပြောတိုင်း မယုံ။
၆။ ဝိတက်စရိုက်ရှိသူတို့သည် အကြံများပြီးလျှင် အလုပ်မတွင်ဘဲ
ရှိတတ်၏။
နိဿယနှင့်အဓိပ္ပါယ်
၃။ ပရိကမ္မဘာဝနာ—ပရိကမ္မဘာဝနာ၎င်း၊ ဥပစာရ
ဘာဝနာ—ဥပစာရဘာဝနာ၎င်း၊ အပ္ပနာဘာဝနာစ—အပ္ပနာ
ဘာဝနာ၎င်း၊ ဣတိ — ဤသို့၊ တိဿော — သုံးပါးကုန်သော၊
ဘာဝနာ—ဘာဝနာတို့ကို၊ ဝေဒိတဗ္ဗာ—သိအပ်ကုန်၏။
၄။ ပရိကမ္မနိမိတ္တံ — ပရိကမ္မနိမိတ်၎င်း၊ ဥဂ္ဂဟနိမိတ္တံ —
ဥဂ္ဂဟနိမိတ်၎င်း၊ ပဋိဘာဂနိမိတ္တဉ္စ—ပဋိဘာဂနိမိတ်၎င်း၊ ဣတိ—
ဤသို့၊ တီဏိ—သုံးပါးကုန်သော၊ နိမိတ္တာနိစ—နိမိတ်တို့ကိုလည်း၊
ဝေဒိတဗ္ဗာနိ—သိအပ်ကုန်၏။
ကထံ— ကသိုဏ်းဆယ်ပါး, စသည်အားဖြင့်, အဘယ်သို့
ပြားသနည်း။
ကသိုဏ်း ၁၀ ပါး
ပထဝီကသိဏံ — မြေကသိုဏ်း၎င်း၊
အာပေါကသိဏံ — ရေကသိုဏ်း၎င်း၊
တေဇောကသိဏံ — မီးကသိုဏ်း၎င်း၊
ဝါယောကသိဏံ — လေကသိုဏ်း၎င်း၊
နီလကသိဏံ — ညိုသောအဆင်းကသိုဏ်း၎င်း၊
ပီတကသိဏံ — ဝါသောအဆင်းကသိုဏ်း၎င်း၊
လောဟိတကသိဏံ — နီသောအဆင်းကသိုဏ်း၎င်း၊
ဩဒါတကသိဏံ — ဖြူသောအဆင်းကသိုဏ်း၎င်း၊
အာလောကကသိဏံ — အလင်းကသိုဏ်း၎င်း၊
အာကာသကသိဏံ — ကောင်းကင်ကသိုဏ်း၎င်း။
၃။ ဘာဝနာ ၃ ပါး, နိမိတ် ၃ ပါး — ဘာဝနာနှင့် နိမိတ်များကို
ပါဠိရှိဘိုင်း သရုပ်မျှ မှတ်သားနှင့်ဦး, အကျယ်လာလိမ့်မည်။
## Trang 276
သြဒါတကသိဏံ - ဖြူသော အဆင်းကသိုဏ်း၎င်း၊ အာကာသကသိဏံ-
ကောင်းကင်အပေါက်ကသိုဏ်း၎င်း၊ အာလောကကသိဏဉ္စ-
အလင်းရောင် ကသိုဏ်း၎င်း၊ ဣတိ ဣမာနိ-ဤသည်တို့ကား၊
ဒသ - ဆယ်ပါးကုန်သော၊ ကသိဏာနိနာမ - ကသိုဏ်းတို့
မည်၏။
အသုဘ ၁ဝ ပါး
ဥဒ္ဓုမာတကံ - ဥဒ္ဓုမာတက အသုဘ၎င်း၊
ဝိနီလကံ – ဝိနီလကအသုဘ၎င်း၊ ဝိပုဗ္ဗကံ-
ဝိပုဗ္ဗက အသုဘ ၎င်း၊ ဝိစ္ဆိဒ္ဒကံ - ဝိစ္ဆိဒ္ဒက အသုဘ ၎င်း၊
ဝိက္ခာယိတကံ - ဝိက္ခာယိတက အသုဘ၎င်း၊ ဝိက္ခိတ္တကံ-
ဝိက္ခိတ္တက အသုဘ ၎င်း၊ ဟတဝိက္ခိတ္တကံ - ဟတဝိက္ခိတ္တက
အသုဘ၎င်း၊ လောဟိတကံ - လောဟိတက အသုဘ၎င်း၊
ပုဠုဝကံ-ပုဠုဝက အသုဘ၎င်း၊ အဋ္ဌိကဉ္စ - အဋ္ဌိက အသုဘ
၎င်း၊ ဣတိ ဣမေ-ဤသည်တို့ကား၊ ဒသ-ဆယ်ပါးကုန်သော၊
အသုဘာနာမ-အသုဘတို့ မည်၏။
။ ကသိဏ သဒ္ဒါသည် "အလုံးစုံ" ဟူသော အနက်ကို
ဟော၏၊ ကမ္မဋ္ဌာန်း ရှုသော ပုဂ္ဂိုလ်သည့် အလုံးစုံ အကုန်အစင် တပြိုင်နက်
ထင်မြင်အောင် ဆင်ခြင် ကြည့်ရှုအပ်သော အာရုံ ဟူလို။
ပထဝီသဒ္ဒါကား ကမ္မဋ္ဌာန်းရှုဘို့ရာ (အငယ်ဆုံး) တထွာနှင့် လက်
လေးသစ်ခန့်မျှ, (အကြီးဆုံး) ကောက်နယ်တလင်းခန့်မျှ, ဝိုင်းဝိုင်းစက်စက်
ပြုလုပ်ထားအပ်သော မြေသားဒြပ်ကို ဟော၏၊ "ပထဝီယေဝ + ကသိဏံ
ပထဝီကသိဏံ" ပထဝီယေဝ'မြေသည်ပင်လျှင်၊ ကသိဏံ'အလုံးစုံ ထင်မြင်
အောင် ဆင်ခြင်ကြည့်ရှုအပ်သည့်တည်း၊ ပထဝီကသိဏံ – အလုံးစုံ ထင်မြင်
အောင်ဆင်ခြင် ကြည့်ရှုအပ်သောမြေ [အကျယ်ကို ဘာသာဋီကာမှာရှု။]
အသုဘ။ ။အသုဘ− သဒ္ဓါသည့် "မသာယာဘွယ်'မတင့်တယ်"
ဟူသော အနက်ကို ဟော၏၊ ထို့ကြောင့် အလောင်းကောင်ကို ပါဠိလို
အသုဘ" မြန်မာလို "မသာ" မြန်မာနှင့် ပါဠိစပ်၍ – မသာ"အသုဘ"ဟု
ခေါ်စမှတ် ပြုကြသည်။
နိဿယနှင့်အဓိပ္ပါယ်
၁။ ဥဒ္ဓုမာတက--[ဥ+ဓုမာတ+က၊ ဥ=အထက် (နောက်)၌+
ဓုမာတ'ဖူးဖူးရောင်သည့်+ က = စက်ဆုတ်ဘွယ်၊] သေသည်မှ အထက်,
၂ ရက် ၃ ရက် ကူးသဖြင့်, ဖူးဖူးရောင်ပုတ်, စက်ဆုပ်ဘွယ်ရာ, မသာလောင်း
၎င်း-ဟု အနက်ကျယ်ဆို။
၂။ ဝိနီလက—[ဝိ+နီလ+က၊ ဝိ…ရောနှောသော(အသားများရာ၌
နီ, ပြည်စုရာ၌ ဖြူ, ဤသို့ အနီ အဖြူ ရောသော) +နီလ= အများအားဖြင့်
ညှိမဲသော အလောင်း၊ ] ဖြူနီသဘော, ရောနှောစပ်တွဲ, ညိုမဲမဲပုတ်, စက်ဆုတ်
ဘွယ်ရာ, မသာလောင်း၎င်း။
၃။ ဝိပုဗ္ဗက [ဝိ+ပုဗ္ဗ+က၊ ဝိ=ယိုစီးသော+ပုဗ္ဗပြည်ရှိသော
အလောင်း ၊] ပြည်တစိုစို, ပေါက်ကွဲ ယိုလျက်, စက်ဆုတ်ဘွယ်ရာ, မသာ
လောင်း ၎င်း။
၄။ ဝိစ္ဆိဒ္ဒက—[ဝိ+ဆိဒ္ဒ+က၊ ဝိ=အထက်ပိုင်း အောက်ပိုင်း မစပ်
မိအောင်+ဆိဒ္ဒ==ရန်သူ သတ်ဖြတ်ထားအပ်သော အလောင်း ] ထက်အောက်
နှစ်ရပ်, မဆက် စပ်အောင်, ဖြတ်အပ်ပြီးလျက်, စက်ဆုပ်ဘွယ်ရာ, မသာ
လောင်း ၎င်း။
၅။ ဝိက္ခာယိတက— [ဝိ+ခါယိတ+က၊ ဝိ=အမျိုးမျိုး အဖုံဖုံ+
ခါယိတ = လင်းတ ကျီး ခွေး တို့သည် ခဲစားအပ်သော အလောင်း၊ ] ခွေး
## Trang 277
လင်းတ ကြီး, အသီးသီးတို့, နည်းမျိုးစုံပြား, ဖုံဖုံအားဖြင့်, ခဲစားထင်လျက်,
စက်ဆုပ်ဘွယ်ရာ, မသာလောင်း၎င်း။
၆။ ဝိက္ခိတ္တက — [ ဝိ+ခိတ္တ+က၊ ဝိ =အထူးထူး အပြားပြား
( လက်တခြား ခြေခေါင်း ကိုယ် တခြားစီ )+ခိတ္တ==ရန်သူတို့သည် ဖရို ဖရဲ
ပစ်လွှင့် ထားအပ်သော အလောင်း ] လက် ခြေ ခေါင်း ကိုယ်, ဖရိုဖရဲ, ထိုထို
ကြဲသဖြင့်, ပစ်လွှင့်အပ်လျက်, စက်ဆုတ်ဘွယ်ရာ, မသာလောင်း၎င်း။
၇။ ဟတဝိက္ခိတ္တက—[ဟတ+ဝိ+ခိတ္တ+က၊ ဟတ=ဒါးလှံစသည်
တို့ဖြင့် အစိတ်စိတ် အမွှာမွှာ နေအောင် ညှဉ်းပန်း နှိပ်စက် အပ်သော +
ဝိက္ခိတ္တက ( ရှေးနည်း ) အလောင်းကောင်၊ ဝိက္ခိတ္တက တုန်းက ခုတ်ဖြတ်၍
တခြားစီထားသည်၊ ဤ၌ကား ခုတ်ဖြတ်ရုံမက အစိတ်စိတ်အမွှာမွှာ နေအောင်
ညှဉ်းပန်း နှိပ်စက်ထားသည်၊ ဤသို့ စိတ်မှာထားသည့် အခါ ကျီး သတ္တာ၏
ခြေနှင့် သဏ္ဌာန်တူသည့် ဟု ရှေးဆရာတို့ ဆို၏၊ ] ........ ကျီးခြေမယွင်း,
ဒါးဖြင့် ရွှင်း၍, ညှဉ်းအပ်ထိုထို, လက်ခြေ ကိုယ်တို့, ဖရိုဖရဲ, ထိုထိုကြဲသဖြင့်,
ပစ်လွှင့်အပ်လျက်, စက်ဆုတ်ဘွယ်ရာ မသာလောင်း၎င်း။
၈။ လောဟိတက—'လောဟိတ=သွေး+က=လွှတ်သည်, ယိုစီး
သည့်၊ ရှေးပုဒ်တို့၌ပါသော"က"သဒ္ဒါသည့် စက်ဆုပ်ဘွယ်ဟူသောအနက်ကို
ဟော၏၊ ဤပုဒ်၌ ပါသော"က"ကား ကိရဏ(လွှတ်ခြင်း ယိုစီးခြင်း) အနက်
ကို ဟောသည်၊ ] သွေးများ ထွက်ယို, တကိုယ်လုံးပေ, လိမ်းကျံနေသော,
မသာလောင်း၎င်း။
၉။ ပုဠုဝက—'[ပုဠုဝ=ပိုးလောက်+က===ထွက်စေသည်၊] ပိုးလော်
တွေပြည့်, ကျိကျိတက်နေ, ထွက်စေတတ်သော, မသာလောင်း၎င်း။
၁၀။ အဋ္ဌိက— [အဋ္ဌိ=အရိုး+က=စက်ဆုပ်ဘွယ်၊ အရိုးစုဖြစ်စေ,
အရိုးတချောင်းဖြစ်စေ, အဋ္ဌိကချည်းတည်း၊] အရိုးစုအပေါင်း, တချောင်း
ဖြစ်စေ, အသရေယုတ်, စက်ဆုပ်ဘွယ်ရာ, မသာလောင်း၎င်း။
နိဿယနှင့်အဓိပ္ပါယ်
လေ့ကျင့်ခဏ်း မေးခွန်းများ
က။ အဘယ် အပိုင်းအခဏ်းကို "ကမ္မဋ္ဌာန်းပိုင်း" ဟု ခေါ်သနည်း။
ခ။ အဘယ်တရားမျိုးကို "ဘာဝနာ" ဟု ခေါ်သနည်း, လက်ရာထေခံပါ။
ဂ။ အဘယ်သဘောမျိုးကို"ဘာဝနာပွားသည်" ဟု ယခုကာလ၌ ခေါ်ဆို
ကြသနည်း။
ဃ။ အဘယ်တရားမျိုးကို "သမထ ဘာဝနာ" ဟုခေါ်သနည်း။
င။ သမထ-သဒ္ဒါကို ဝိဂြိုဟ်ပြု၍ အနက်ပေးပါ။
စ။ သမထ-ဘာဝနာကို ပွားစေလျှင် ဘယ်အကျိုးကို ရနိုင်သနည်း။
ဆ။ အဘယ်တရားကို "ဝိပဿနာဘာဝနာ" ဟု ခေါ်သနည်း။
ဝိပဿနာ-သဒ္ဒါကို ဝိဂြိုဟ်ပြု၍ အနက်ပေးပါ။
ဇ။ ဝိပဿနာဘာဝနာ ပွားလျှင် ဘယ်အကျိုးကို ရနိုင်သနည်း။
ည။ ကမ္မဋ္ဌာန – ပုဒ်ကို ဝိဂြိုဟ်ပြု၍ အနက်ပေးပြီးလျှင်, ထို ဝိဂြိုဟ် – အရ
"ကမ္မဋ္ဌာန" ခေါ်သော တရားများကို ကောက်ပြပါ။
ဋ။ သတ္တဝိဓေန ကမ္မဋ္ဌာနသင်္ဂဟော'အရ ၇ ပါး သရုပ်ကို ရေတွက်ပါ။
ဌ။ သမထ ကမ္မဋ္ဌာန်း ၄ဝ ကို သရုပ် အကျဉ်း ရေတွက်ပါ။
ဍ။ စရိုက်, ဘာဝနာ, နိမိတ်များ၏ သရုပ်ကို အသီးအသီး ရေတွက်ပါ။
ဎ။ ကသိုဏ်း ၁၀ ပါး သရုပ်ကို ရေတွက်ပြီးလျှင်, ကသိဏသဒ္ဓါ၏ အနက်
ကို ထင်ရှားအောင် ပြပါ။
ဏ။ အသုဘ သဒ္ဒါ၏ အနက်ကို ပြပြီးလျှင်, အသုဘ ၁၀ ပါး သရုပ်ကို
ရေတွက်ပါ။
တ။ ရှေး အသုဘ ၃ ပါး၏ အနက်အကျယ်နှင့် အဓိပ္ပါယ်ကို ပြပါ။
ထ။ ထို့နောက် ၃ ပါး၏ အနက် အကျယ်နှင့် အဓိပ္ပါယ်ကို ပြပါ။
ဒ။ နောက်ဆုံး လေးပါး၏ အနက် အကျယ်နှင့် အဓိပ္ပါယ်ကို ပြပါ။
## Trang 278
အနုဿတိ ၁၀ ပါး
ဗုဒ္ဓါနုဿတိ - ဗုဒ္ဓါနုဿတိ၎င်း၊ ဓမ္မာ
နုဿတိ-ဓမ္မာနုဿတိ၎င်း၊ သံဃာနုဿတိ - သံဃာနုဿတိ၎င်း၊
သိလာနုဿတိ-သီလာနုဿတိ၎င်း၊ စာဂါနုဿတိ-စာဂါနုဿတိ၎င်း၊ ဒေဝတာနုဿတိ-
ဒေဝတာနုဿတိ၎င်း၊ ဥပသမာနုဿတိ-ဥပသမာနုဿတိ၎င်း၊ မရဏာနုဿတိ-မရဏာနုဿတိ၎င်း၊ ကာယ
ဂတာသတိ-ကာယဂတာသတိ၎င်း၊ အာနာပါနဿတိစ – အာနာပါနဿတိ၎င်း၊
ဣတိ ဣမာ-ဤသည်တို့ကား၊ ဒသ-ဆယ်ပါးကုန်သော၊ အနုဿ
တိယောနာမ-အနုဿတိတို့ မည်၏။
အနုဿတိ။ ။ [အနု+သတိ၊ အနု'အဖန်ဖန်+ သတိ'အဖန်ဖန်
ဆင်ခြင်မှု၊] အဖန်ဖန်ထပ်၍ အောက်မေ့ဆင်ခြင်မှု (သတိ-စေတသိက်)
ကို "အနုဿတိ" ဟု ခေါ်သည်။
၁။ ဗုဒ္ဓါနုဿတိ—'ဗုဒ္ဓ=ဘုရား၏ပုံသဏ္ဌာန်တော်နှင့် ဘုရားဂုဏ်တော်
များကို+အနုဿတိ=အဖန်ဖန် အောက်မေ့ခြင်း။
၂။ ဓမ္မာနုဿတိ - ပိဋက တရားတော်များနှင့်တကွ မဂ်ဖိုလ် နိဗ္ဗာန်
တရားများ၏ ဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ခြင်း။
၃။ သံဃာနုဿတိ - အရိယာ သံဃာတော်များ၏ ဂုဏ်တော်ကို
အဖန်ဖန် အောက်မေ့ခြင်း၊ [ ၍ ရတနာသုံးပါး၏ အရဟတာ စသော
ဂုဏ်တော် ၉ ပါး, သွာက္ခာတတာ စသော ဂုဏ်တော် ၆ ပါး, သုပ္ပဋိပန္နတာ
စသော ဂုဏ်တော် ၉ ပါးကို အနက် အဓိပ္ပါယ်နှင့်တကွ – ရတနာ့ဂုဏ်ရည်
ကျမ်း" ၌ ရေးသားခဲ့ပြီ။ ]
၄။ သီလာနုဿတိ — မိမိ စောင့်ထိန်းအပ်သောသီလ အမျိုးမျိုး၏
မကျိုးမပေါက် မပျောက် မကျားပုံကို အဖန်ဖန် အောက်မေ့ခြင်း၊[မကျိုး
မပေါက် မပျောက် မကျားတို့၏ အဓိပ္ပါယ်ကို ရတနာ့ဂုဏ်ရည်၌ ရေးခဲ့ပြီး]
၅။ စာဂါနုဿတိ—'မိမိ စွန့်ကြဲ ပေးကမ်း လှူဒါန်းသမျှ ( ဂုဏ်ပကာ
သနကိုလည်း မမြှော်, မော်မော်မောက်မောက်လည်း မပြု, ဝန်တိုမှုလည်း
မဘက် ) ရက်ရက်ရောရော သန့်ရှင်း စင်ကြယ်သော ဂုဏ်ကို အာရုံပြု၍
အဖန်ဖန် အောက်မေ့ခြင်း။
၆။ ဒေဝတာနုဿတိ — နတ် ဗြဟ္မာတို့ကို သက်သေခံ ပြ၍ မိမိ၏
ကုသိုလ်ကောင်းမှုတွေ ကိုပင် အဖန်ဖန်ဆင်ခြင် အောက်မေ့ခြင်း၊[ သဒ္ဓါ
သီလ သုတ စာဂ ပညာ ဟိရီ သြတ္တပ္ပ ဟူသော သူတော်ကောင်း တရားနှင့်
ပြည့်စုံသူတို့သည် ဤလူ့ပြည်မှ စုတေကြလျှင်, နတ်ပြည် ဗြဟ္မာ့ပြည်၌ ဖြစ်ရ
ကုန်၏၊ ငါ့မှာလည်း ထိုတရားများ ရှိပေသည့် တကား ဟု ကိုယ့် ကုသိုလ်
တရားတွေကို အောက်မေ့ အားရနေခြင်း ဟူလို။ ]
၇။ ဥပသမာနုဿတိ—(ဥပသမာ=ငြိမ်းခြင်း၊] နိဗ္ဗာန်၏ငြိမ်းဧပုံကို
အာရုံပြု၍ အဖန်ဖန် အောက်မေ့ခြင်း။
၈။ မရဏာနုဿတိ--သေရခြင်း သဘောကို အဖန်ဖန် တွေးကာ
အောက်မေ့လျက် သတိသံဝေဂရခြင်း။ (ကြောက်နေခြင်းမဟုတ်။)
၉။ ကာယဂတာသတိ− [ကာယ-သဒ္ဒါသည့် "အပေါင်း" ဟူသော
အနက်ကို ဟော၏+ ဂတ-သဒ္ဒါကား "ဖြစ်ခြင်း" အနက်ကို ဟောသည်၊ ]
ဆံပင် စသော ၃၂ ကောဋ္ဌာသ အပေါင်း၌ အာရုံပြုလျက် ဖြစ်သော သတိ
တရား'ဟူလို။
၁၀။ အာနာပါနဿတိ — ထွက်သက် ဝင်သက်ကို အောက်မေ့သော
သတိတရား၊ [ အာန+အာပါန+သတိ၊ အာန=ထွက်သက်+အာပါန=
ဝင်သက်၊ ပါဏ'ဟု "ဏ" နှင့် မရှိရ, သရဓာတ်သည် ရွှေက တပုဒ်လာလျှင်
ဒွေဘော်ရောက်မြဲဖြစ်၍ "ဿတိ"ဟုရှိစေရမည်၊ ဤ ဗုဒ္ဓါနုဿတိစသည်တို့၌
သတိကား အာရမ္မဏိက တရားတည်း၊ ထို သတိ၏ အာရုံ ကမ္မဋ္ဌာန်းကား
ဘုရားဂုဏ်တော် စသည်တို့များတည်း။
## Trang 279
အပ္ပမညာ ၄ ပါး
မေတ္တာ-မေတ္တာ၎င်း၊ ကရုဏာ – ကရုဏာ
၎င်း၊ မုဒိတာ - မုဒိတာ၎င်း၊ ဥပေက္ခာစ -
ဥပေက္ခာ၎င်း၊ ဣတိ ဣမာ - ဤသည်တို့ကား၊ စတဿော -
လေးပါးကုန်သော၊ အပ္ပမညာယောနာမ'အပ္ပမညာတို့မည်၏။
ဗြဟ္မဝိဟာရောတိစ – ဗြဟ္မဝိဟာရဟူ၍လည်း၊ ပဝုစ္စတိ -
ဆိုအပ်၏။
အပ္ပမညာ။ ။ "ဤ၍ ဤမျှ" ဟု အတိုင်းအရှည် ပမာဏ မထား-မခွဲ
ခြားဘဲ, သတ္တာအများ၌ ဖြစ်သော တရားကို "အပ္ပမညာ"ဟု ခေါ်သည်။
မေတ္တာ —— သတ္တဝါ များကို ကောင်းစေလိုခြင်း,ချစ်ခင် မြတ်နိုးခြင်း
သဘော တရားကိုယ်မှာ"အဒေါသ" စေတသိက်တည်း၊ သို့သော် အဒေါသ
စေတသိက်တိုင်းကို မေတ္တာ ဟု မမှတ်ရ၊ ဘုရားဖူး တရားနာ စသည်တို့၌
အဒေါသ စေတသိက်ယှဉ်လျက် ပါသော်လည်း မေတ္တာမဟုတ်၊ မေတ္တာကား
ချစ်ခင်မြတ်နိုးအပ်သော သတွာပညတ်ကိုသာ အာရုံပြုသည့်၊ [ ရိုးရိုးတန်းတန်း
အကျိုးလိုလားမှုသာ "မေတ္တာစစ်" တည်း၊ သားချစ် မယားချစ် ဆွေမျိုးချစ်
သံယောဇဉ်ချစ်တို့မှာ"မေတ္တာအတု"သာ, တရားကိုယ်အားဖြင့် တဏှာပေမ
(လောဘ) တရားတည်း။]
ကရုဏာ—'ဒုက္ခိတသတွာပညတ်ကို အာရုံပြု၍ သနားခြင်း သဘော။
မုဒိတာ—''သုခိသတွာပညတ်ကို အာရုံပြု၍ ဝမ်းမြောက်ခြင်း သဘော။
[ကရုဏာ မုဒိတာတို့ကို ဘာသာဋီကာမှာရှု၊ ၎င်း ၂ ပါးကား စေတ
သိက်ပိုင်းလာ အပ္ပမညာ ၂ ပါးတည်း။ ]
ဥပေက္ခာ—'သတွာပညတ်ကို အာရုံပြု၍ လစ်လျူရှုခြင်း သဘော၊
[ ဝမ်းလည်း မပြောက်, သနားလည်း မသနား, မေတ္တာလည်း မထားဘဲ,
သင့်တင့်အောင် ရှုစားတတ်သော သဘောတရား။ ] တရားကိုယ်ကား—
( သတွာပညတ်ကို အာရုံ ပြုခိုက်မှာ ဖြစ်သော) တတြမဇ္ဈတ္တတာ စေတသိက်
တည်း။
သညာ ၁ ပါး
အာဟာရေ - အစာအာဟာရ၌၊ ပဋိကူလ
သညာ-စက်ဆုပ်ဘွယ် ဟု, အမှတ်ပြုသော
သညာသည်၊ ဧကာ-တခုသော၊ သညာနာမ-သညာမည်၏၊
ဤ၌ မေတ္တာ စသည်တို့ကား အာရုံကမ္မဋ္ဌာန်း မဟုတ်, အာရမ္မဏိက
( အာရုံရှိသော ) ကမ္မဋ္ဌာန်းတို့တည်း၊ မေတ္တာ၏ အာရုံကမ္မဋ္ဌာန်းကား
ပိယမနာပ သတွာပညတ်တည်း၊[ပိယ==ချစ်အပ်သူ၊ မနာပ = မြတ်နိုးအပ်
သူ။ ] ကရုဏာ၏ အာရုံ ကမ္မဋ္ဌာန်းကား ဒုက္ခိတသတွာ ပညတ်တည်း၊
မုဒိတာ၏ အာရုံကမ္မဋ္ဌာန်းကား သုခိတသတွာ ပညတ်တည်း၊ ဥပေက္ခာ၏
အာရုံကမ္မဋ္ဌာန်းကား မဇ္ဈတ္တသတွာပညတ်တည်း၊[ ဒုက္ခိတ = ဆင်းရဲသူ။
သုခိတ=ချမ်းသာသူ၊ မဇ္ဈတ္တ=သုခိတမဟုတ်, ဒုက္ခိတမဟုတ်, အလတ်စား
သတွာ။ ]
ဗြဟ္မဝိဟာရ —— ၎င်း ၄ ပါးတွင် တပါးပါးဖြင့် နေခြင်းသည် ဗြဟ္မာတို့
နေခြင်းနှင့် တူသောကြောင့် ဤ ၄ ပါးကို "ဗြဟ္မဝိဟာရ" ဟု ခေါ်၏၊
မေတ္တာ စသည်ကို ပွားများလျှင် သတ္တာတို့ အပေါ်မှာ ခြောက်သွေ့သွေ့
မဟုတ်ဘဲ စိုစိုပြေပြေရှိ၏၊ ထို့ကြောင့် မေတ္တာ စသည်ကို ဗြဟ္မဝိဟာရ ၄ ပါး
ဟုလည်း ခေါ်သည်။
သညာ ၁ ပါး—'ခဲဘွယ်ဘောဇဉ် စသော အစာအဟာရ၌ စက်ဆုပ်
ဘွယ် ဟု ထင်မှတ်လာအောင် ရှုတတ်သော သညာကို "အာဟာရေ ပဋိ
ကူလသညာ" ဟု ခေါ်၏၊ ဤ၌ ပဋိကူလသညာသည် အာရမ္မဏိက တရား
တည်း၊ ထိုသညာ၏ အာရုံကမ္မဋ္ဌာန်းကား အစာအာဟာရတည်း။
## Trang 280
စတုဓာတုဝဝတ္ထာန် ၁ ပါး
စတုဓာတုဝဝတ္ထာနံ- ဓာတ်လေးပါး
ကိုပိုင်းခြားမှတ်သားခြင်းသည်၊ ဧကံ-
တခုသော၊ ဝဝတ္ထာနံနာမ-ဝဝတ္ထာန်မည်၏။
အာရုပ္ပ ၄ ပါး
အာကာသာနဉ္စာယတနာဒယော - အာက
သာနဉ္စာယတနဈာန် အစရှိသည်တို့သည်၊
စတ္တာရော - လေးပါးကုန်သော၊ အာရုပ္ပါနာမ - အာရုပ္ပတို့
မည်၏၊ ဣတိ - ဤသို့၊ သဗ္ဗထာပိ - အလုံးစုံသော အပြားအား
ဖြင့်လည်း၊ သမထနိဒ္ဒေသေ-သမထကမ္မဋ္ဌာန နိဒ္ဒေသ၌၊ စတ္တာ
လီသ - လေးဆယ်သော၊ ကမ္မဋ္ဌာနာနိ - ကမ္မဋ္ဌာန်းတို့သည်၊
ဘဝန္တိ-ဖြစ်ကုန်၏။
စတုဓာတုဝဝတ္ထာန် ၁ ပါး---ခန္ဓာကိုယ်၌"ပထဝီ အာပေါ တေဇော
ဝါယော" ဟူသော ဓာတ်ကြီး လေးပါးကို ပိုင်းခြား မှတ်သားတတ်သော
ဉာဏ်ကို "စတုဓာတုဝဝတ္ထာန်" ဟု ခေါ်၏၊ [စတုဓာတု=ဓာတ် ၄ ပါး+
ဝဝတ္ထာန == ပိုင်းခြားတတ်သောဉာဏ်၊ ဤ၌လည်း ပိုင်းခြားတတ်သော
ဉာဏ်သည့် အာရမ္မဏိက တရားတည်း၊ ထိုဉာဏ်၏ အာရုံကမ္မဋ္ဌာန်းကား
ဓာတ်ကြီး ၄ ပါးတည်း။
အာရုပ္ပ ၄ ပါး — ဤ၌လည်း အာကာသာနဉ္စာယတနဈာန် စသော
အာရုပ္ပ ၄ ပါးသည့် အာရမ္မဏိကတရားများတည်း၊ ထို တရားတို့၏ အာရုံ
ကမ္မဋ္ဌာန်းကား ကောင်းကင်ပညတ်စသော ၄ ပါးတည်း၊ ထို အာရုံ ၄ ပါးကို
စိတ်ပိုင်း အာရုပ္ပစိတ်တုန်းက ပြခဲ့ပြီ။
ကမ္မဋ္ဌာန်း ၄၀ အကျယ် ပြီး၏။
နိဿယနှင့်အဓိပ္ပါယ်
သပ္ပါယ အခွဲ ၁။ ပန-အဘို့တပါးကား၊ စရိတေသု - စရိုက်
တို့တွင်၊ ဒသ-ဆယ်ပါးကုန်သော၊ အသုဘာ-
အသုဘတို့သည်၎င်း၊ ကာယဂတာသတိ သင်္ခါတ- ကာယ
ဂတာသတိဟု ဆိုအပ်သော၊ကောဋ္ဌာသဘာဝနာစ-ကောဋ္ဌာ
သ ဘာဝနာသည်၎င်း၊ ရာဂစရိတ- ရာဂစရိုက်ရှိသူအား၊
သပ္ပါယံ-လျောက်ပတ်ကုန်၏။
၂။ စတဿော – လေးပါး ကုန်သော၊ အပ္ပမညာယော-
အပ္ပမညာတို့သည်၎င်း၊ နီလံအာဒီနိ - နီလ အစရှိကုန်သော၊
စတ္တာရိ - လေးပါးကုန်သော ကသိဏာနိစ - ကသိုဏ်းတို့
သည်၎င်း၊ ဒေါသစရိတဿ - ဒေါသစရိုက် ရှိသူအား၊ သပ္ပါ
ယာနိ - လျောက်ပတ်ကုန်၏။
သပ္ပါယဘေဒ။ ။မည်သည့်စရိုက် ရှိသူအား မည်သည့် ကမ္မဋ္ဌာန်းနှင့်
လျောက်ပတ်သည့် ဟု ခွဲပြရာအခဏ်းကို"သပ္ပါယဘေဒအခဏ်း"ဟု ခေါ်သည်၊
စရိုက် ခြောက်ပါးတွင် ရာဂ ဒေါသ မောဟ ဝိတက်တို့သည် မကောင်းသော
စရိုက်များတည်း၊ ထို စရိုက်များကို ပယ်ရှားဘို့ရာ စရိုက်၏ အကြိုက် မဟုတ်
သော ကမ္မဋ္ဌာန်းကို အားထုတ်ရမည်၊ သဒ္ဓါ ပညာ တို့သည့် ကောင်းသော
စရိုက်များတည်း၊ ထို စရိုက်များ တိုးတက်လာအောင် စရိုက်၏ အကြိုက်ဖြစ်
သော ကမ္မဋ္ဌာန်းကို အားထုတ်ရမည်။
၁။ ရာဂစရိုက် ရှိသူတို့။ ။အသုဘ၁ဝ,ကာယဂတာသတိခေါ်သော
ကောဋ္ဌာသကမ္မဋ္ဌာန်း ၁, ဤ ကမ္မဋ္ဌာန်း ၁၁ ပါးသည့် ရာဂစရိုက် ရှိသူအား
လျောက်ပတ်၏၊ ရာဂစရိုက် ရှိသူသည် ဤ ကမ္မဋ္ဌာန်းကို အားထုတ် သင့်သည်၊
သို့မှသာ ရာဂမီး ငြိမ်းမည်'ဟူလို။
## Trang 281
၃။ အာနာပါနံ – အာနာပါနသည်၊ မောဟစရိတဿ –
မောဟစရိုက် ရှိသူအား၎င်း၊ ဝိတက္ကစရိတဿ စ-ဝိတက်စရိုက်
ရှိသူအား၎င်း၊ သပ္ပါယံ-လျောက်ပတ်၏။
၄။ ဗုဒ္ဓါနုဿတိ အာဒယော - ဗုဒ္ဓါနုဿတိ အစရှိကုန်
သော၊ ဆန္နံ - ခြောက်ပါးသော ကမ္မဋ္ဌာန်းတို့သည်၊ သဒ္ဓါစရိ
တဿ-သဒ္ဓါစရိုက် ရှိသူအား၊ သပ္ပါယာ-လျောက်ပတ်ကုန်၏။
၂။ ဒေါသစရိုက် ရှိသူဘို့။ ။ဒေါသစရိုက် ရှိသူသည်ကား ဆိုးဝါးသော
အာရုံကို အာရုံပြုနေလျှင် သာ၍ ဒေါသတိုးဘွယ် ရှိ၏၊ ထို့ကြောင့် ဒေါသ
ကင်းဘို့ရာ မေတ္တာစသော အပ္ပမညာ ၄, နီလ ကသိုဏ်း, ပီတ ကသိုဏ်း,
လောဟိတ ကသိုဏ်း, သြဒါတ ကသိုဏ်း ၄, ဤ ကမ္မဋ္ဌာန်း ၈ ပါးကို အား
ထုတ်ရမည်၊ [ နီလ စသော အဆင်းများသည် သန့်ရှင်း ကြည်လင် ရကား
၎င်းတို့ကို အာရုံပြုရလျှင် ဝမ်းမြောက် ဝမ်းသာ သောမနဿ ဖြစ်လာ၏၊
မေတ္တာ စသည်များလည်း ထို့အတူပင်တည်း။]
၃။ မောဟဝိတက်စရိုက် ရှိသူတို့ဘို့။ ။မောဟသမားသည် ပျံ့လွင့်
တုန်လှုပ်၏။ ( ဝိစိကိစ္ဆာ ဥဒ္ဓစ္စတို့နှင့် ယှဉ်ပုံ ကြည့်သဖြင့် ပျံ့လွင့် တုန်လှုပ်
ကြောင်းကို သိလေ၊ ) ဝိတက် သမားလည်း အကြံများသဖြင့် ပျံ့လွင့်၏၊
အာနာပါနကမ္မဋ္ဌာန်းကား ထွက်သက် ဝင်သက်ကို အချက်ကျကျလိုက်၍ အာရုံ
ပြုရသဖြင့် တုန်လှုပ် ပျံ့လွင့်သော စိတ်ကို ချုပ်နိုင် ဖမ်းနိုင်သော ကမ္မဋ္ဌာန်း
ပေတည်း၊ ထို့ကြောင့် မောဟနှင့် ဝိတက်စရိုက် ရှိသူ ၂ မျိုးသည်ကား အာနာ
ပါနဿတိ ကမ္မဋ္ဌာန်းနှင့် အသင့်တော်ဆုံးဖြစ်၏။ ထို့ကြောင့်"အိပ်မပျော်ဘဲ
ဝိတက်များနေလျှင်၊ အာနာပါနကို နှလုံးသွင်း"ဟု ပြောကြသည်။
၄။ သဒ္ဓါစရိုက် ရှိသူဘို့။ ။ ပင်ကိုယ်က ကောင်းနေသော သဒ္ဓါ
တရားသည်ကား ဘုရားစသော အာရုံများနှင့် တွေ့ကြုံလျှင် "အတိုင်းထက်အလွန်
၅။ မရဏူပသမသညာ ဝဝတ္ထာနိ- မရဏာနုဿတိ,
ဥပသမာနုဿတိ, အာဟာရေ ပဋိကူလသညာ, စတုဓာတု
ဝဝတ္ထာန်တို့သည်၊ ဗုဒ္ဓိစရိတဿ - ပညာစရိုက် ရှိသူအား၊
သပ္ပါယာနိ - လျောက်ပတ်ကုန်၏။
၆။ ပန- အဘို့ တပါးကား၊ သေသာနိ - ကြွင်းကုန်သော၊
သဗ္ဗာနိပိ – အလုံးစုံလည်း ဖြစ်ကုန်သော၊ ကမ္မဋ္ဌာနာနိ - ကမ္မ
ဋ္ဌာန်းတို့သည်၊ သဗ္ဗေသမ္ပိ - အလုံးစုံသော သူတို့အားလည်း
သပ္ပါယာနိ-လျောက်ပတ်ကုန်၏၊ တတ္ထာပိ – ထို ကမ္မဋ္ဌာန်းတို့
တွင်လည်း၊ ကသိဏေသု - ကသိုဏ်း ဆယ်ပါး တို့တွင်၊
ပုထုလံဝါ - ကောက်နယ် တလင်းဝန်းခန့် ကျယ်ပြန့်သော
တံခွန်နဲ့ ဘုရား " ကဲ့သို့ တိုးတက် ဖွင့်ထွားလာဘွယ် ရှိသောကြောင့် ဗုဒ္ဓါ
နုဿတိ ဓမ္မ သံဃ သီလ စာဂ ဒေဝတာနုဿတိ ၆ ပါးသည် သဒ္ဓါစရိုက်
ရှိသူနှင့် သင့်တင့်လျောက်ပတ်၏။
၅။ ပညာစရိုက် ရှိသူဘို့။ ။ပညာစရိုက်ရှိသူသည်ကား သိမ်မွေ့ နက်နဲ
သော အာရုံနှင့် တွေ့ကြုံ၍ ကြပ်ကြပ် စဉ်းစားရလေ ပညာတိုးပွားလေ ဖြစ်
သောကြောင့် သိမ်မွေ့နက်နဲသော မရဏာနုဿတိ ဥပသမာနုဿတိ
အာဟာရေ ပဋိကူလသညာ စတုဓာတုဝဝတ္ထာန်တို့နှင့် လျောက်ပတ်သည်။
၆။ အများနှင့်ဆိုင်သော ကမ္မဋ္ဌာန်း။ ။သေသာနိ'အရကား ဆိုခဲ့
ပြီးသော ကမ္မဋ္ဌာန်းများမှ ကြွင်းသော ပထဝီကသိုဏ်း, အာပေါ, တေဇော,
ဝါယော, အာကာသ, အာလောက ဟူသော ၆ ပါးနှင့် အာရုပ္ပ ၄ ပါး
ပေါင်း ၁၀ ပါးတည်း၊ ထို ကမ္မဋ္ဌာန်း ၁၀ ပါးကား မည်သည့်စရိုက်ရှိသူ မဆို
အားလုံးနှင့် လျောက်ပတ်၏။
## Trang 282
ကသိုဏ်းသည်သာ၊ မောဟစရိတဿ - မောဟစရိုက် ရှိသူ
အား၊ သပ္ပါယံ - လျောက်ပတ်၏၊ ခုဒ္ဒကံဧဝ - စကောခွက်
နွယ်,ကျဉ်းငယ်သော ကသိုဏ်းသည်သာ၊ ဝိတက္ကစရိတဿ-
ဝိတက်စရိုက်ရှိသူအား၊ သပ္ပါယံ-၏၊ ဣတိ - ဤတွင် သပ္ပါယ
ဘေဒ အပြီးတည်း။
အယံ-ဤ ဆိုအပ်ပြီးသည်ကား၊ ဧတ္ထ-ဤ ကမ္မဋ္ဌာနသင်္ဂဟ
၌၊ သပ္ပါယဘေဒေါ-သပ္ပါယဘေဒခဏ်း တည်း။
တတ္ထာပိ ၊ ပေ ၊ ဝိတက္ကစရိတဿ 'ထို ပြခဲ့သော ကမ္မဋ္ဌာန်းတို့တွင်
ကသိုဏ်း ၁၀ ပါး၌ ကသိုဏ်းဝန်း စီမံသည့်အခါ ခွက်ငယ် စကော ငယ်ခန့်
ငယ်ငယ်လည်း စီမံနိုင်၏။ ["ခွက်ငယ်"ဟူရာ၌ ယခုကာလ ရေသောက်ခွက်
ကလေးလောက်ကို မယူနှင့်, တထွာနှင့် လက်လေးသစ်ခန့်မျှ ရှိသော ခွက်ကို
ယူ၊ မန်း(ဗန်း)စကော တို့၏ပမာဏကား ခွက်ထက် အနည်းငယ် ကြီးသည့်
ဟု ဆို၏၊ သို့သော် ယခုကာလ ဆန်ပြာတဲ့စကောလောက် မကြီးစေသင့်၊
ကောက်စပါးနယ်ရာ တလင်းဝန်းမျှလောက် ကျယ်အောင်လည်း စီမံနိုင်၏။
ထိုတွင်......
ပုထုလံ မောဟစရိတဿ— မောဟစရိုက် ရှိနေသူသည် ပင်ကိုယ်ကပင်
တွေတွေဝေဝေ ဖြစ်နေရာ, ခက်ကျဉ်းကျဉ်း ကသိုဏ်းကို အာရုံပြုနေရပြန်လျှင်
သာ၍ စိတ်ကျဉ်းကြပ်ဘွယ် ရှိသောကြောင့် ပြန့်ကျယ်သော ကသိုဏ်းနှင့်သာ
လျောက်ပတ်၏။
ခုဒ္ဒကံ ဝိတက္ကစရိတဿဝ ဝိတက်စရိုက် ရှိသူသည် ပင်ကိုယ်က
စိတ်လွင့်ပါး နေရာဝယ် ခက်ကျယ်ကျယ် ကသိုဏ်းကို အာရုံ ပြုနေရ ပြန်လျှင်
ဝိတက်ကို အားပေးရာရောက်မည် ဖြစ်သောကြောင့် ဝိတက်ကို ချုပ်တည်း
ဘို့ရာ ကျဉ်းငယ်သော ကသိုဏ်းဝန်းနှင့်သာ လျောက်ပတ်သည်။ [ ဝိတက္က
စရိတဿေဝ-မှ ဧဝသဒ္ဒါကို "ပုထုလံဧဝ-ခုဒ္ဒကံဧဝ"ဟု ရှေ့ထိုင်စေ။]
အထူးလျောက်ပတ်သော ကမ္မဋ္ဌာန်းကို ရွေးချယ်ဘို့ရာ ဤ သပ္ပါယ
ခဏ်းကို ပြဆိုရခြင်း ဖြစ်သည်၊ စင်စစ်မှာ ကမ္မဋ္ဌာန်းမှန်လျှင် ရာဂစသော
စရိုက်ဆိုးကို ပယ်ရှား၍ သဒ္ဓါ ပညာကို တိုးပွားစေနိုင်သည်သာ ဖြစ်သော
ကြောင့် မည်သည့်စရိုက်ရှိသူ မဆို အလုံးစုံသော ပုဂ္ဂိုလ်အား အလုံးစုံသော
ကမ္မဋ္ဌာန်းများ အထိုက်အလိုက် လျောက်ပတ်သည်သာ။
လေ့ကျင့်ခဏ်း မေးခွန်းများ
က။ အဘယ်တရားကို "အနုဿတိ" ဟု ခေါ်သနည်း။
ခ။ ဗုဒ္ဓ-ဓမ္မ-သံဃာနုဿတိတို့၏ အဓိပ္ပါယ်ကို ပြပါ။
ဂ။ အဘယ်ကို သီလ စာဂ ဒေဝတာနုဿတိဟု ခေါ်သနည်း။
ဃ။ အဘယ်ကို မရဏ ကာယဂတာ အာနာပါနဿတိ ဟု ခေါ်သနည်း။
င။ မေတ္တာသည် အဘယ်သဘောရှိ၍, အဘယ်ကို အာရုံပြုသနည်း။
စ။ ကရုဏာသည် အဘယ်သဘောရှိ၍, အဘယ်ကို အာရုံပြုသနည်း။
ဆ။ မုဒိတာသည် အဘယ်သဘောရှိ၍, အဘယ်ကို အာရုံပြုသနည်း။
ဇ။ ဥပေက္ခာသည် အဘယ်သဘောရှိ၍, အဘယ်ကို အာရုံပြုသနည်း။
ဈ။ မေတ္တာနှင့် ဥပေက္ခာတို့၏ တရားကိုယ်ကို ကောက်ပြပါ။
ည။ ထို ၄ ပါးကို အဘယ်ကြောင့် "ဗြဟ္မဝိဟာရ" ဟု ခေါ်သနည်း။
ဋ။ အဘယ်ကို "ဧကသညာ" ဟု ဆိုသနည်း။
ဌ။ အဘယ်ကို "ဧကံဝဝတ္ထာနံ" ဟု ဆိုသနည်း။
ဍ။ အာရုပ္ပ ၄ ပါး၏ အာရုံကမ္မဋ္ဌာန်းကို (စိတ်ပိုင်းအရ) ထုတ်ပြပါ။
ဎ။ စရိုက် ၆ ပါးနှင့် သက်ဆိုင်သော ကမ္မဋ္ဌာန်းများကို ခွဲခြားပြပါ။
ဏ။ အားလုံးနှင့် သင့်တင့်သော ကမ္မဋ္ဌာန်းကို ပြပါ။
တ။ မောဟစရိုက်ရှိသူဘို့ မည်မျှကျယ်သော ကသိုဏ်းဝန်းကို စီမံ၍ ဝိတက်
စရိုက်ရှိသူတို့ မည်မျှကျဉ်းသော ကသိုဏ်းဝန်းကို စီမံရသနည်း။
## Trang 283
၁။ ပန - အဘို့ တပါးကား၊ ဘာဝနာသု-
ဘာဝနာတို့တွင်၊ သဗ္ဗတ္ထာပိ-အလုံးစုံသော
ကမ္မဋ္ဌာန်းတို့၌လည်း၊ ပရိကမ္မဘာဝနာ – ပရိကမ္မဘာဝနာကို၊
လဗ္ဘတေဝ-ရအပ်သည်သာတည်း။
၂။ ဗုဒ္ဓါနုဿတိ အာဒီသု-ဗုဒ္ဓါနုဿတိ အစရှိကုန်သော၊
အဋ္ဌသု-ရှစ်ပါးသောကမ္မဋ္ဌာန်းတို့၌၎င်း၊ သညာဝဝတ္ထာနေသု စ-
အာဟာရေပဋိကူလသညာ,စတုဓာတုဝဝတ္ထာန်တို့၌၎င်း၊ ဣတိ-
ဤသို့၊ ဒသသု-ဆယ်ပါးကုန်သော၊ ကမ္မဋ္ဌာနေသု-ကမ္မဋ္ဌာန်း
တို့၌၊ ဥပစာရ ဘာဝနာဝ - ဥပစာရဘာဝနာ သည်သာလျှင်၊
သမ္ပဇ္ဇတိ-ပြည့်စုံ၏၊ အပ္ပနာ-အပ္ပနာဘာဝနာသည်၊ နတ္ထိ-မရှိ။
ဘာဝနာဘေဒ။ ။ သုံးပါးသော ဘာဝနာအပြားဖြင့် ရသင့်သော
ကမ္မဋ္ဌာန်းကို ခွဲပြရာ အခဏ်းသည် "ဘာဝနာဘေဒခဏ်း" မည်၏။
၁။ သဗ္ဗတ္ထာပိ၊ပေ၊လဗ္ဘတေဝ'ဆိုင်ရာ ကမ္မဋ္ဌာန်းကို အာရုံပြုပြီးလျှင်
ပထဝီ ပထဝီ စသည်ဖြင့် နှုတ်က ရွတ်၍၎င်း, စိတ်ဖြင့် မှန်း၍၎င်း, ရှေးဦးစွာ
ပွားများမှုကို " ပရိကမ္မဘာဝနာ " ဟု ခေါ်၏၊ ဤ ပရိကမ္မဘာဝနာနှင့်
မည်သည့် ကမ္မဋ္ဌာန်းမှ မကင်းစကောင်း၊ ပရိကမ္မဘာဝနာမှ အဆင့်ဆင့်
တက်၍ ဥပစာရဘာဝနာ အပ္ပနာဘာဝနာသို့ ရောက်ရသည့်၊ [ပရိကရောတီတိ
ပရိကမ္မံ၊ ပရိကရောတိ-အထက်အထက် ဘာဝနာကိုပေးတတ်၏၊ ဣတိ-
ထို့ကြောင့်၊ ပရိကမ္မံ-ပရိကမ္မမည်၏။ ]
၂။ ဗုဒ္ဓါနုဿတိအာဒီသု ၊ ပေ ၊ နတ္ထိ အပ္ပနာ'-အိမ် အနီးအပါးကို
"အိမ်ဥပစာ" ဟု ခေါ်သကဲ့သို့, ထို့အတူ အပ္ပနာဘာဝနာ(ဈာန်မဂ်ဖိုလ်
၃။ ပန - အဘို့တပါးကား၊ သေသေသု - ကြွင်းကျန်ကုန်
သော၊ သမတိံသ ကမ္မဋ္ဌာနေသု - အတိကျ သုံးဆယ်သော
ကမ္မဋ္ဌာန်းတို့၌၊ အပ္ပနာဘာဝနာပိ-အပ္ပနာဘာဝနာသည်လည်း၊
သမ္ပဇ္ဇတိ-ပြည့်စုံ၏။
၄။ တတ္ထာပိ-ထိုသုံးဆယ်သော ကမ္မဋ္ဌာန်းတို့တွင်လည်း၊
ဒသကသိဏာနိ – ဆယ်ပါးသော ကသိုဏ်းတို့သည် ၎င်း၊
အာနာပါနဉ္စ-အာနာပါနသည်၎င်း၊ ပဉ္စကဇ္ဈာနိကာနိ – ပဉ္စက
ဈာန်နှင့် ယှဉ်ကုန်၏။
တရား) ၏ အနီးအပါးဖြစ်သော ဘာဝနာအစဉ်ကို "ဥပစာရဘာဝနာ" ဟု
ခေါ်ရလေသည်။ [ဥပ(သမီပေ) + စရတိ ပဝတ္တတီတိ ဥပစာရော၊ ဥပ(သမီ
ပေ) – အပ္ပနာဘာဝနာ၏ နီး၌၊ စရတိ ပဝတ္တတိ- ဖြစ်တတ်၏၊ ဣတိ--
ထိုကြောင့်၊ဥပစာရော-ဥပစာရမည်၏။ ]ပရိကမ္မဘာဝနာ သည်ပင်တဖြေးဖြေး
ရင့်သည့် အခါ ဥပစာရ ဘာဝနာအမည် ရလေသည်၊ ဗုဒ္ဓါနုဿတိ စသော
ကမ္မဋ္ဌာန်းတို့ကို ပွားများရာ၌ ဥပစာရဘာဝနာ တိုင်အောင်သာ ရောက်နိုင်၏၊
အပ္ပနာဘာဝနာသို့ မရောက်နိုင်၊ [ မရောက်နိုင်ခြင်း၏ အကြောင်းကို ဘာသာ
ဋီကာမှာ ရှု။]
၃။ သေသေသု ၊ပေ ၊ သမ္ပဇ္ဇတိ -- ဆိုင်ရာ အာရုံ၌ စွဲမြဲစွာ သက်ဝင်
တည်နေသော ဈာန်မဂ်ဖိုလ် တရားများကို "အပ္ပနာဘာဝနာ"ဟု ခေါ်သည်၊
"အပ္ပနာ- အနိဿိတတ္တာ အပ္ပနာ" အပ္ပံ အနိဿိတံ-ဥပစာရဘာဝနာ ထက်
လွန်ကဲ၍ စွဲမြဲစွာ အာရုံ၌ သက်ဝင် တည်နေတတ်၏။ ဣတိ – ထို့ကြောင့်၊
အပ္ပနာ-အပ္ပနာ မည်၏။
၄။ ဒသကသိဏာနိ၊ပေ၊ပဉ္စကဇ္ဈာနိကာနိ'ကသိုဏ်း ၁၀ ပါးနှင့်
အာနာပါန ကမ္မဋ္ဌာန်း တို့သည် ရူပါဝစရဈာန် ၅ ပါးလုံး၏ အာရုံတည်း၊
## Trang 284
၅။ ဒသအသုဘာ - ဆယ်ပါးသော အသုဘတို့သည်၎င်း၊
ကာယဂတာသတိ စ - ကာယဂတာသတိသည်၎င်း၊ ပဌမဇ္ဈာ
နိကာ-ပဌမဈာန်နှင့် ယှဉ်ကုန်၏၊
၆။ မေတ္တာဒယော- မေတ္တာ အစရှိကုန်သော၊ တယော-
သုံးပါးသော ဗြဟ္မဝိဟာရတို့သည်၊ စတုက္ကဇ္ဈာနိကာ-စတုက္က
ဈာန်နှင့် ယှဉ်ကုန်၏။
၇။ ဥပေက္ခာ - ဥပေက္ခာ ဗြဟ္မဝိဟာရသည်၊ ပဉ္စမဇ္ဈာနိ
ကာ-ပဉ္စမဈာန်နှင့်ယှဉ်၏၊ ဣတိ-ဤသို့၊ ရူပါဝစရဇ္ဈာနိကာနိ-
၎င်းတို့တွင် တပါးပါး အားထုတ်လျှင် ရူပဈာန် ၅ ပါးလုံးကို ရနိုင်၏ – ဟူလို၊
[ ဈာန်ငါးပါး အပေါင်းကို "ပဉ္စက" ဟု ခေါ်၏။ ]
၅။ ဒသအသုဘာ၊ ပေ ၊ ပဌမဇ္ဈာနိကာ --- အသုဘ ၁၀ ပါးနှင့်
ကာယဂတာသတိ ကမ္မဋ္ဌာန်းတို့သည်ကား ပဌမဈာန်၌သာ အာရုံ ဖြစ်ကုန်၏။
၆။ မေတ္တာဒယော ၊ ပေ ၊ စတုက္ကဇ္ဈာနိကာ -- အောက် ရူပဈာန်
၄ ပါးကိုစတုက္ကဈာန် ဟု ဆိုသည်။ မေတ္တာ ကရုဏာ မုဒိတာ ဟူသော ဗြဟ္မ
ဝိဟာရ ၃ ပါးသည် အောက်ဈာန် ၄ ပါး၏ အာရုံများတည်း။
ဤ စကားစဉ်အရ ပဌမဈာန်၏ အာရုံ ဖြစ်သော ကမ္မဋ္ဌာန်းပေါင်း ၂၅
ဟု မှတ်၊ အာရမ္မဏသင်္ဂဟတုန်းက "ပဉ္စဝီ- သုံးတန်" ဟူသော စကား
လည်း ဤ ပဌမဈာန်ကို ရည်ရွယ်သော စကားတည်း၊ ကုသိုလ်ဝိပါက် ကြိယာ
အားဖြင့် ပဌမဈာန် ၃ ပါးသည်၊ ၂၅ ပါးသော ကမ္မဋ္ဌာန်း (ပညတ်တရား)ကို
အာရုံပြုသည့် ဟူလို၊] ဒုတိယ တတိယ စတုတ္ထ ရူပဈာန်စိတ်တို့၏ အာရုံဖြစ်
သော ကမ္မဋ္ဌာန်းကား ( ကသိုဏ်း ၁၀, အာနာပါန ၁, မေတ္တာစသော ၃ )
၁၄ ပါး ဖြစ်၏၊ ထို့ကြောင့် "ဗာရသာ'ကိုးလီ" ဟု အာရမ္မဏသင်္ဂဟ၌
ဆိုခဲ့သည်။
ရူပါဝစရဈာန်နှင့် ယှဉ်ကုန်သော၊ ကမ္မဋ္ဌာနာနိ-ကမ္မဋ္ဌာန်းတို့
သည်၊ ဆဗ္ဗီသတိ-နှစ်ဆဲ့ခြောက်ပါတည်း။
၈။ ပန – အဘို့ တပါးကား။ စတ္တာရော – လေးပါးကုန်
သော၊ အာရုပ္ပါ-အာရုပ္ပကမ္မဋ္ဌာန်းတို့သည် အာရုပ္ပဇ္ဈာနိက-
အာရုပ္ပဈာန်နှင့် ယှဉ်ကုန်၏၊ ဣတိ - ဤတွင် ဘာဝနာဘေဒ
အပြီးတည်း။
အယံ-ဤ ဆိုအပ်ပြီးသည်ကား၊ ဧတ္ထ-ဤကမ္မဋ္ဌာန သင်္ဂဟ
၌၊ ဘာဝနာဘေဒေါ-ဘာဝနာဘေဒခဏ်း တည်း။
၇။ ဥပေက္ခာ ပဉ္စမဇ္ဈာနိကာ = ဥပေက္ခာ ဗြဟ္မဝိဟာရသည် ပဉ္စမ
ဈာန်နှင့်သာ ယှဉ်၏၊ ဤစကားစဉ်အရ- ပဉ္စမဈာန်စိတ်၏ အာရုံ ကမ္မဋ္ဌာန်း
သည် ( ကသိုဏ်း ၁၀, အာနာပါန ၁, ဥပေက္ခာဗြဟ္မဝိဟာရ ၁ ) ၁၂ ပါး
ရှိ၏ ဟု သိလေ၊ ထို့ကြောင့် " ဆဲ့နှစ်-သုံးပင်" ဟု ဆိုခဲ့သည်။
ဆဗ္ဗီသတိ ရူပါဝစရဇ္ဈာနိကာနိ — ၍ ဆိုပြီးခဲ့သော စကားအရ ရူပ
ဈာန်ကို ဆောင်စွမ်းနိုင်သော ကမ္မဋ္ဌာန်းတို့သည် ကသိုဏ်းပညတ် ၁၀,အသုဘ
ပညတ် ၁၀, ဆံ အစရှိသော ကောဋ္ဌာသပညတ် ၁, အာနာပါန ၁, ဗြဟ္မဝိဟာရ
တရား ၄ ပါး၏ အာရုံဖြစ်သော သတ္တာပညတ် ၄ မျိုး, ပေါင်း ၂၆ ပါးတည်း၊
အရူပဈာန်အတွက် ၂ ပါး လာဦးလတံ့။
၈။ စတ္တာရော အာရုပ္ပါ အာရုပ္ပဇ္ဈာနိကာ – ဤ၌ အာရုပ္ပဈာန်
လေးပါး၏ အစဉ်အတိုင်း ဖြစ်သော ကမ္မဋ္ဌာန်းကား ကောင်းကင်ပညတ်,
ပဌမာရုပ္ပဝိညာဏ်, နတ္ထိဘာဝပညတ်, တတိယာရုပ္ပဝိညာဏ် တို့တည်း ဟု
စိတ်ပိုင်းပြခဲ့သည့်အတိုင်းသိလေ၊ ဤ၌ပါသော အာကာသပညတ် နတ္ထိဘာဝ
ပညတ် ၂ ပါးနှင့် ယခင် ရူပဈာန်အတွက် ပညတ် ၂၆ ပါးကိုပေါင်း၍ကမ္မဋ္ဌာန်း
## Trang 285
၄၀ တွင် ပညတ်ကမ္မဋ္ဌာန်းပေါင်း ၂၈ ပါး ပါ၏၊ ကျန် ကမ္မဋ္ဌာန်း ၁၂ ပါး
ပရမတ္ထတရားများတည်း။
[ဆောင်] ကသိုဏ်းဆယ်ဝ, အသုဘနှင့်, ကောဋ္ဌာသပါ, အာနာပါန,
ဗြဟ္မဝိဟာ', ထို လေးဖြာ၏, သတ္တာပညတ်, လေးရပ်ဟု ပြ
အာရုပ္ပဝယ်, နှစ်သွယ် ပညတ်, ဗ္ဗီသတို့, မုချပညတ်, အာရုံ
မှတ်လော့၊ ကြွင်းလတ် ဆယ့်နှစ်, ပရမတ် စစ်သည့်, ခွဲလှစ်
လေးဆယ် ကမ္မဋ္ဌာန်းတည်း။
လေ့ကျင့်ခဏ်း မေးခွန်းများ
က။ အဘယ်ကို " ပရိကမ္မဘာဝနာ" ဟု ခေါ်သနည်း။
ခ။ အဘယ်ကို "ဥပစာရဘာဝနာ" ဟုခေါ်သနည်း။
ဂ။ အဘယ်ကို "အပ္ပနာဘာဝနာ" ဟု ခေါ်သနည်း။
ဃ။ ဥပစာရဘာဝနာသည် ရကောင်း၍ အပ္ပနာဘာဝနာ မရကောင်းသော
ကမ္မဋ္ဌာန်းများကို သင်္ဂြိုဟ်ထောက်၍ ကောက်ပါ။
င။ ဘာဝနာ ၃ မျိုးလုံး ရကောင်းသော ကမ္မဋ္ဌာန်းကိုသရုပ်ရေတွက်ပါ။
စ။ ရူပဈာန် ၅ ပါးလုံး၏ အာရုံကမ္မဋ္ဌာန်းကို သင်္ဂြိုဟ်ထောက်ပါ။
ဆ။ ပဌမဈာန်၏သာ အာရုံကမ္မဋ္ဌာန်းကို သင်္ဂြိုဟ်ထောက်၍ ပြပါ၊
ဇ။ အောက်ဈာန် လေးပါး၏သာ အာရုံကမ္မဋ္ဌာန်းကို ပြပါ။
ဈ။ ပဉ္စမဈာန်၏သာ အာရုံဖြစ်သော ကမ္မဋ္ဌာန်းကို သင်္ဂြိုဟ်ထောက်၍ပြပါ။
ည။ "ဆဗ္ဗီသတိ ရူပါဝစရဇ္ဈာနိကာနိ" အရ ၂၆ ပါး သရုပ်ကို ပြပါ။
ဋ။ ပဌမဈာန်စိတ်၏ အာရုံ ကမ္မဋ္ဌာန်းပေါင်း မည်မျှ ဒုတိယ တတိယ
စတုတ္ထ ပဉ္စမဈာန်စိတ်၏ အာရုံ ကမ္မဋ္ဌာန်းပေါင်း မည်မျှနည်း။
ဌ။ အာရုပ္ပဈာန် ၄ ပါးတို့၏ ကမ္မဋ္ဌာန်းကို အစဉ်အတိုင်း တွဲပြပါ။
ဍ။ ကမ္မဋ္ဌာန်း ၄၀ တွင် ပညတ်ကမ္မဋ္ဌာန်းများကို ရေတွက်ပါ။
၁။ ပန-အဘို့ တပါးကား၊ နိမိတ္တေသု – နိမိတ်
တို့တွင်၊ ပရိကမ္မနိမိတ္တံ – ပရိကမ္မနိမိတ်ကို၎င်း၊
ဥဂ္ဂဟနိမိတ္တဉ္စ - ဥဂ္ဂဟ နိမိတ်ကို၎င်း၊ သဗ္ဗတ္ထာပိ – အလုံးစုံ
သော ကမ္မဋ္ဌာန်း တို့၌လည်း၊ ယထာရဟံ - ထိုက်သည်အား
လျော်စွာ၊ ပရိယာယေန - ပရိယာယ် အားဖြင့်၊ လဗ္ဘန္တေဝ -
ရအပ်ကုန်သည်သာ။
ဂေါစရဘေဒ။ ။သုံးပါးသော အာရုံအပြားဖြင့် ရသင့်သော ကမ္မ
ဋ္ဌာန်းကို ခွဲပြရာ အခဏ်းကို "ဂေါစရဘေဒခဏ်း" ဟု ခေါ်သည်။ [ဂေါစရ
သဒ္ဒါ နိမိတ္တသဒ္ဒါတို့သည် အာရုံ ဟူသော အနက်ကို ဟောကုန်၏။]
၁။ ပရိကမ္မနိမိတ္တံ ဥဂ္ဂဟနိမိတ္တဉ္စ သဗ္ဗတ္ထာပိ လဗ္ဘန္တေဝ-
ကမ္မဘာဝနာ၏ အာရုံကို "ပရိကမ္မနိမိတ်"ဟု ခေါ်သည်။ ["ပရိကမ္မဿ+
နိမိတ္တံ, ပရိကမ္မနိမိတ္တံ" ပရိကမ္မဿ =ပရိကမ္မဘာဝနာ၏+နိမိတ္တံ= အာရုံ
တည်း'ဟု အနက်ဆို။ ]
ဥဂ္ဂဟနိမိတ်-ဟူသည်ကား စိတ်ဖြင့် မှန်း၍ ယူအပ်သော အာရုံတည်း၊ – "ဥဂ္ဂ
ဟေတဗ္ဗန္တိ ဥဂ္ဂဟံ" ဥဂ္ဂဟေတဗ္ဗ=စိတ်ဖြင့် မှန်းယူ အပ်၏-ဟု ဆို၊ ဥဂ္ဂဟ
နိမိတ်လည်း ပရိကမ္မဘာဝနာ၏ အာရုံပင် ဖြစ်၏၊ သို့သော် ဥဂ္ဂဟနိမိတ်--
ဟူသော နာမည်တူးကို ရသောကြောင့် ပရိကမ္မနိမိတ်-ဟု မခေါ်ရပြီ၊ထိုနိမိတ်
၂ ပါး၏ ဖြစ်ပုံကို ကိုယ်တိုင် ပြလတံ့။ ]
ပရိယာယေန --- ဗုဒ္ဓါနုဿတိ စသည်တို့၌ မူလ စီးဖြန်း ကတည်းက
ဘုရားဂုဏ်တော်ကို စိတ်ဖြင့် မှန်း၍ စီးဖြန်းရသောကြောင့် "ဘယ်အခိုက်မှာ
ပရိကမ္မနိမိတ်, ဘယ်အခိုက်ကျတော့ ဥဂ္ဂဟနိမိတ်" ဟု အထင်အရှား ခွဲခြား၍
မရ၊ ဂုဏ်တော်များ မထင်ရှားခင် ပရိကမ္မနိမိတ်, အတော် ထင်ရှားသည့်
## Trang 286
၂။ ပဋိဘာဂနိမိတ္တံပန-ပဋိဘာဂနိမိတ်ကိုကားကသိဏာ
အသုဘကောဋ္ဌာသ အာနာပါနေ သွေဝ - ကသိုဏ်း ဆယ်ပါး,
အသုဘ ဆယ်ပါး, ဆံ အစရှိသော ကောဋ္ဌာသ, အာနာပါန
တို့၌သာလျှင်၊ လဗ္ဘန္တီတိ – ရအပ်၏၊ ဟိ – မှန်၏၊ တတ္ထ - ထို
ကသိုဏ်း, အသုဘ, ကောဋ္ဌာသ, အာနာပါန တို့၌၊ ပဋိဘာဂ —
ပဋိဘာဂနိမိတ် ထင်လာသည့်အခါ ဥဂ္ဂဟနိမိတ်နှင့် အမှတ်အတားလောက်သာ ခွဲခြားနိုင်ရကား ထိုနိမိတ်
၂ ပါးကို မုချ ရသည်ဟု မဆိုသာ, ပရိယာယ်အားဖြင့်သာ ရကောင်းသည်
ဟု ဆိုလိုသည်။
ယထာရဟံ — ပရိယာယ်အားဖြင့် ရကောင်းသည် ဟု ဆိုသော်လည်း
ကမ္မဋ္ဌာန်း ၄၀ လုံးမှာပင် ပရိယာယ်အားဖြင့်သာ ရကောင်းသည် ဟု မမှတ်
လင့်၊ ပဋိဘာဂနိမိတ် ရကောင်းသော ကသိုဏ်း ၁၀, အသုဘ, ကောဋ္ဌာသ,
အာနာပါန တို့၌ကား ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ် ၂ ပါးကို ကွဲကွဲ ပြားပြား
အထင်အရှားပင်မုချရကောင်း၏၊ ထို့ကြောင့် "ယထာရဟံ ပရိယာယေန"ဟု
မိန့်၏၊ နိမိတ် ၂ ပါးကို အချို့ ကမ္မဋ္ဌာန်း၌ ပရိယာယ်အားဖြင့် ရထိုက်၏၊
အချို့ ကမ္မဋ္ဌာန်း၌ကား မုချပင် ရထိုက်သည်ဟူလို။
၂။ ပဋိဘာဂ ၊ ပေ၊ လဗ္ဘန္တီတိ"ပဋိဘာဂနိမိတ် ဟူသည့် စီးဖြန်းခါစ
မူလအာရုံနှင့် တူသော အာရုံတမျိုးတည်း၊ ( နောက်၌ ထင်ရှားလတံ့၊ )
ဘုရား ဂုဏ်တော် စသည်တို့ကား စီးဖြန်းခါစနှင့် ဘာဝနာ အသားကျ
သည့် နောက်အခါဝယ် တမျိုးတဖုံ ကွဲပြား၍ ထင်လာတော့သည် မဟုတ်
ထို့ကြောင့် ဗုဒ္ဓါနုဿတိ စသော ကမ္မဋ္ဌာန်း ၁၈ ပါး တို့၌ ပဋိဘာဂနိမိတ်
မရဘဲ, ကသိုဏ်း ၁၀, အသုဘ ၁၀, ကာယဂတာသတိ၏ အာရုံဖြစ်သော
ဆံ အစရှိသော ကောဋ္ဌာသပညတ်, အာနာပါနတို့၌သာ ပဋိဘာဂနိမိတ် ရစ
ကောင်းသည်။
နိမိတ္တံ – ပဋိဘာဂ နိမိတ်ကို၊ အာရမ္မဏံကတွာ – အာရုံပြု၍၊ ဥပစာရ
သမာဓိစ-ဥပစာရ သမာဓိသည်၎င်း၊ အပ္ပနာသမာဓိစ-အပ္ပနာ
သမာဓိသည်၎င်း၊ ပဝတ္တန္တိ 'ဖြစ်ကုန်၏။
ကထံ−ဘာဝနာ သုံးပါး, နိမိတ် သုံးပါး အဘယ်သို့ ပြား
သနည်း။....
၁။ ဣဒါနိ — ယခုအံ့၊ အာဒိကမ္မိကဿ-
ရှေးဦးစထွင်, ကမ္မဋ္ဌာန်းအားထုတ်မှု၌
ယှဉ်သော ပုဂ္ဂိုလ်၏၊ ပထဝီမဏ္ဍလာ
ဒီသု - ပထဝီကသိုဏ်းဝန်း အစရှိသည်တို့၌၊ နိမိတ္တံ-အာရုံကို၊
ဥဂ္ဂဏှန္တဿ – ယူစဉ်၊ တံအာရမ္မဏံ - ထို အာရုံကို၊ ပရိကမ္မ
နိမိတ္တံတိ - ပရိကမ္မနိမိတ်ဟူ၍၊ ပဝုစ္စတိ - ဆိုအပ်၏၊ သာစ
## Trang 287
ဘာဝနာ - ထို ပရိကမ္မနိမိတ်ကို အာရုံပြုသော ဘာဝနာ
သည်လည်း၊ ပရိကမ္မဘာဝနာနာမ-ပရိကမ္မဘာဝနာမည်၏။
၂။ ပန - အဘို့တပါးကား၊ ယဒါ – အကြင်အခါ၌၊ တံနိမိတ္တံ = ထို အာရုံသည်၊ စိတ္တေန - စိတ်ဖြင့်၊ သမုဂ္ဂဟိတံ-
ကောင်းစွာ ယူအပ်သည်၊ ဟောတိ-ဖြစ်၏၊ စက္ခုနာ – မျက်စိ
ဖြင့်၊ ပဿန္တဿေဝ-မြင်ရစဉ်ကဲ့သို့၊ မနောဒွါရဿ - မနော
ဒွါရ၏၊ အာပါထံ-ရှေးရှုကျခြင်းသို့၊ အာဂစ္ဆတိ - ရောက်သည်၊
ဟောတိ-၏၊ တဒါ-ထိုအခါ၌၊ တမေဝအာရမ္မဏံ – ထိုအာရုံ
သည်ပင်၊ ဥဂ္ဂဟနိမိတ္တံနာမ – ဥဂ္ဂဟနိမိတ် မည်၏၊ သာ စ
ဘာဝနာ - ထို ဥဂ္ဂဟနိမိတ်ကို အာရုံပြုသော ဘာဝနာသည်
လည်း၊ သမာဓီယတိ-သမာဓိဖြစ်၏။
၃။ ပန - အဘို့တပါးကား၊ တထာ – ထို ဆိုအပ်ပြီးသော
အခြင်းအရာအားဖြင့်၊ သမာဟိတဿ - တည်ကြည်သော၊
ဧတဿ-ယောဂီပုဂ္ဂိုလ်၏ တဒါ-ထိုဥဂ္ဂဟနိမိတ်ထင်ရာ
အခါမှ၊ ပရံ-နောက်၌၊ တသ္မိံ ဥဂ္ဂဟနိမိတ္တေ-၌၊ ပရိကမ္မသမာဓိနာ-
ပရိကမ္မသမာဓိဖြင့်၊ ဘာဝနံ− ပွားများမှုကို၊ အနုယုဉ္စန္တဿ-
အားထုတ်ပြန်သည်ရှိသော်.....ယဒါ-အကြင်အခါ၌၊တပ္ပဋိ
ဘာဂံ-ထိုဥဂ္ဂဟနိမိတ်နှင့်အလားတူသော၊ ဝတ္ထုဓမ္မဝိမုစ္ဆိတံ-
ဝတ္ထုဒြဗ် ပရမတ်သဘောမှ လွတ်သော၊ ပညတ္တိသင်္ခါတံ-
ပညတ်ဟု ဆိုအပ်သော၊ ဘာဝနာမယံ-ဘာဝနာကြောင့်ဖြစ်သော၊ အာရမ္မဏံ-အာရုံသည်၊ စိတ္တေ-စိတ်၌၊
သန္နိသိန္နံ-ငြိမ်သက်စွာတည်သည်၊ သုသမာပိတံ-ကောင်းစွာ
သက်ဝင်အပ်သည်၊ ဟောတိ-ဖြစ်၏၊ တဒါ-ထိုအခါ၌၊ တံ-ထို
အာရုံကို၊ ပဋိဘာဂနိမိတ္တံ-ပဋိဘာဂနိမိတ်ဟူ၍၊ ဝုစ္စတိ-ဆိုအပ်၏။
## Trang 288
(ပဋိဘာဂနိမိတ် ဖြစ်ပုံအကျယ်) — ယဒါ တပ္ပဋိဘာဂံ ဝတ္ထုဓမ္မဝိမုစ္ဆိတံ ပညတ္တိသင်္ခါတံ ဘာဝနာမယံ
အာရမ္မဏံ စိတ္တေ သန္နိသိန္နံ သုသမာပိတံ ဟောတိ — အကြင်အခါ ထို ဥဂ္ဂဟနိမိတ်နှင့် ပုံသဏ္ဌာန် ပမာဏတူသော
အာရုံတမျိုးသည် စိတ်၌ ငြိမ်သက်စွာ တည်နေ၏။ စိတ်ထည်း၌ ကောင်းစွာ
သွင်းထားအပ် သကဲ့သို့ ဖြစ်၏။ "မပျောက် မပျက် ကွက်ကွက် ကွင်းကွင်း
ထင်လာ၏" ဟူလို၊ [ပဋိဘာဂ သဒ္ဒါသည် "အတူ" ဟူသော အနက်ကို
ဟော၏။ "ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ်များနှင့် အလားတူသော အာရုံ"
ဟူလို၊] ထို ပဋိဘာဂနိမိတ်ကား ဥဂ္ဂဟနိမိတ်ထက် အဆ ရာ ထောင် မက
သာလွန်၍ ကြည်လင်၏။ ဆွတ်ဆွတ်ဖြူသော ဗျိုင်းကလေးသည် ညိုမှောင်သော
တိမ်တောင် တိမ်ထွဋ်ထဲ၌ ပျံဝဲ၍ နေသည့်အခါ လွန်စွာ ပသာဒ ရှိသကဲ့သို့
ထိုပဋိဘာဂနိမိတ်လည်း ယောဂီပုဂ္ဂိုလ်၏ စိတ်ထည်း၌ အလွန့်အလွန်
ကြည်နူးဘွယ် ဖြစ်လေသည်။
ဝတ္ထုဓမ္မဝိမုစ္ဆိတံ ပညတ္တိသင်္ခါတံ ဘာဝနာမယံ။
။ထိုပဋိဘာဂ
နိမိတ်သည် ပညတ်လော, ပရမတ်လော, ဘာ့ကြောင့် ဖြစ်သနည်း ဟူသော
မေးခွန်း ၂ ရပ်ကို မေးဘွယ်ရှိ၍ ဤ စကားကို ဆိုရသည်၊ ဘာဝနာမယံ−
ထို ပဋိဘာဂနိမိတ်သည် ဘာဝနာ သညာအစွမ်းကြောင့် ဖြစ်၏။ [ ဘာဝနာ
စိတ်နှင့်ယှဉ်သော သညာကို "ဘာဝနာသညာ" ဟု ခေါ်သည်၊ ] ဝတ္ထုဓမ္မ
ဝိမုစ္ဆိတံ ပညတ္တိသင်္ခါတံ-အထည်ကိုယ် ဝတ္ထုဒြဗ် ပရမတ် မဟုတ်, ပညတ်
ဖြစ်သည်။ ["ဒွေ အသီတိ ဝိဓာ ဝုတ္တာ-ဝတ္ထုဓမ္မာ" ကဲ့သို့ ဤ၌လည်း "ဝတ္ထု
ဓမ္မ"သဒ္ဒါသည် "ပရမတ် အထည်ဝတ္ထု" ဟူသော အနက်ကိုဟော၏။]
ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ်တို့သည် မြေဝန်း မြေပိုင်း ဖြစ်သောကြောင့်
အထည်ကိုယ်ဒြဗ် ထင်ရှား၏။ အဋ္ဌကလာပ်ရုပ် ပရမတ်တရားတွေသာတည်း၊
ထို အဋ္ဌကလာပ်ရုပ် ပရမတ် တရားအပေါင်းကိုပင် သမူဟပညတ် ဖြစ်သော
ကြောင့် "ကသိုဏ်းပညတ်" ဟုခေါ်နေကြသည်၊ အရင်းခံမှာ ပရမတ်တရား
များပေတည်း၊ ထို ပဋိဘာဂနိမိတ်ကား ထိုကဲ့သို့ ပရမတ် အထည်ကိုယ် ဝတ္ထု
မဟုတ်၊ ထို ပရမတ် အထည်ကိုယ် ဝတ္ထုနှင့် အလားတူစွာ ဘာဝနာ သညာ
အစွမ်းကြောင့် ယောဂီပုဂ္ဂိုလ်၏ စိတ်ထည်းမှာ ထင်လာ မြင်လာသော ပညတ်
တမျိုးဖြစ်သည်-ဟူလို။
၄။ တတောပဋ္ဌာယ ၊ ပေ၊ နိပ္ဖန္နာ နာမ ဟောတိ-ပဋိဘာဂနိမိတ်
သည် ဘာဝနာစိတ် ( သညာ ) ၏ အစွမ်းကြောင့် ဖြစ်ပေါ်လာသည် ဟု
ဆိုလျှင်, ထို ပဋိဘာဂနိမိတ်ကို ဖြစ်ပေါ်စေနိုင်သော ဘာဝနာစိတ်လည်း
ရှေးကထက် တိုးတက်၍ သမာဓိအားကောင်းမှသာ ပဋိဘာဂနိမိတ်ကို ပေါ်
လာစေနိုင်မည်၊ ထို့ကြောင့် ပဋိဘာဂနိမိတ် ပေါ်လာသည်မှ စ၍ ဘာဝနာ
စိတ် အစဉ်လည်း ပရိကမ္မဘာဝနာ အဆင့်အတန်းကို လွန်ပြီးလျှင် ဥပစာရ
ဘာဝနာ အဆင့်အတန်းသို့ ရောက်လေပြီ ဟု မှတ်။
## Trang 289
၅။ တတော - ထို ဥပစာရဘာဝနာ ဖြစ်ရာ အခါမှ၊ ပရံ-
နောက်၌၊ တမေဝ ပဋိဘာဂနိမိတ္တံ-ထို ပဋိဘာဂနိမိတ်ကိုပင်၊
ဥပစာရသမာဓိနာ-ဥပစာရ သမာဓိဖြင့်၊ သမာသေဝန္တဿ-
ကောင်းစွာ မှီဝဲသည်ရှိသော်၊ ရူပါဝစရပဌမဇ္ဈာနံ -ရူပါဝစရ
ပဌမဈာန်သည်၊ အပ္ပတိ-သက်ရောက်၏။
ကာမာဝစရသမာဓိသင်္ခါတာ-ထို ဥပစာရဘာဝနာဟူသည် သမာဓိ
ပြဋ္ဌာန်းသော ကာမာဝစရ စိတ်ပင်တည်း။
ပရိဗန္ဓဝိပ္ပဟီနာ-- [စိတ္တံ ဗန္ဓန္တိ နိဝါရေန္တီတိ ပရိဗန္ဓာ၊ စိတ္တံ-
ကုသိုလ်စိတ်ကို၊ ပရိဗန္ဓန္တိ နိဝါရေန္တိ -- နှောက်ယှက် တားမြစ်တတ်ကုန်၏၊
ဣတိ-ထို့ကြောင့်၊ ပရိဗန္ဓာ-ပရိဗန္ဓတို့ မည်၏၊ "အရ] ကာမစ္ဆန္ဒ စသော
နီဝရဏ ငါးပါးကို "ပရိဗန္ဓ" ဟု ခေါ်သည်၊ ဥပစာရဘာဝနာသည် ထို
"ပရိဗန္ဓ" ခေါ်သော နီဝရဏများကို ပယ်ခွာနိုင်၏။
ဤ စကားစဉ်အရ " ကာမစ္ဆန္ဒနီဝရဏ စသော ကိလေသာ အနှောက်
အယှက်တို့ အနယ်ကျသဖြင့်, ဝိတက်စသော ဈာန်အင်္ဂါနှင့်တကွ ဘာဝနာ
စိတ်အစဉ်သည် အလွန် ကြည်လင်လှလေပြီ" ဟု မှတ်၊ ထို့ကြောင့် ၎င်း
ဥပစာရဘာဝနာကို "ဥပစာရဈာန်" ဟု လည်း ခေါ်ဝေါ်ကြသည်။
အချုပ်မှာ --- ပဋိဘာဂနိမိတ် ထင်လာသည့်အခါ ဘာဝနာ အစဉ်ကို
"ဥပစာရဘာဝနာ" ဟု ခေါ်၏၊ ထို ဥပစာရဘာဝနာ ဖြစ်ပေါ်သည့်အခါ
ကာမစ္ဆန္ဒ စသော နီဝရဏများ ကင်းကွာ၍, ဝိတက် စသော ဈာန်အင်္ဂါ
၅ ပါးတို့ အထင်အရှား ကိုယ့်ဆိုင်ရာ ကိစ္စကို ရွက်ဆောင်ကြလေပြီ———ဟု
ဆိုလိုသည်။
၅။ ပဋိဘာဂနိမိတ် နှင့် အပ္ပနာဘာဝနာ။ ။တတောပရံ ၊ ပေ ၊
ပဌမဇ္ဈာနမတိ-ပဋိဘာဂနိမိတ် ထင်လာ၍ ဥပစာရဘာဝနာသို့ ရောက်ပြီး
ပုဂ္ဂိုလ်သည် ထို ထင်လာသော ပဋိဘာဂနိမိတ်ကို အာရုံပြုလျက် ဆက်လက်
အားထုတ်ပြန်လျှင်, ထက်မြက်သောဉာဏ်ကြီးရှင်တို့မှာ မကြာမတင် "အပ္ပနာ
ဘာဝနာ"ခေါ်သော ရူပါဝစရဈာန် ပေါ်လာ၏၊ ထိုမျှလောက် မထက်သူမှာ
"စကြာမင်း ဖြစ်လိမ့်မည်" ဟု အဟော ထွက်သော ကိုယ်ဝန်သူငယ်ကို
မယ်တော် မိဖုရားကြီးက အထူးယုယ စောင့်ရှောက်သကဲ့သို့, ထို ရပြီးသော
ပဋိဘာဂနိမိတ်ကို ပျောက်ကွယ် မသွားရအောင် အထူး စောင့်ရှောက်လျက်
အဆက်မပြတ် အထပ်ထပ် အားထုတ်ရမည်၊ ဤကဲ့သို့ အားထုတ်ခြင်းကိုပင်
လျှင် "သမာသေဝန္တဿ=ကောင်းစွာ မှီဝဲသည်" ဟု ဆိုလိုသည်။
လေ့ကျင့်ခဏ်း မေးခွန်းများ
၁။
က။ ပရိကမ္မနိမိတ် စသည့်၌ "နိမိတ္တ" သဒ္ဒါ၏ အနက်ကို ပြပါ၊
ခ။ အဘယ်ကို "ပရိကမ္မ , ဥဂ္ဂဟ, ပဋိဘာဂနိမိတ်" ဟု ခေါ်သနည်း။
ဂ။ ပဋိဘာဂနိမိတ် ရကောင်းသော ကမ္မဋ္ဌာန်းကို သင်္ဂြိုဟ်ထောက်ပြပါ။
ဃ။ ပရိကမ္မနိမိတ်နှင့် ဥဂ္ဂဟနိမိတ်ကို အဘယ် ဘာဝနာက အာရုံပြု၍, ပဋိ
ဘာဂနိမိတ်ကို အဘယ် ဘာဝနာစိတ်တို့က အာရုံပြုသနည်း။
င။ ပဋိဘာဂနိမိတ် မရကောင်းသော ကမ္မဋ္ဌာန်းတို့၌ ဥပစာရဘာဝနာသည်
အဘယ်နိမိတ်ကို အာရုံပြုမည်နည်း။
စ။ အဘယ် ပုဂ္ဂိုလ်မျိုးကို "ယောဂီ" ဟု ခေါ်သနည်း။
ဆ။ ပထဝီကသိုဏ်းကို ပွားများရာ၌ ပရိကမ္မနိမိတ်နှင့် ပရိကမ္မဘာဝနာဖြစ်ပုံ,
ဥဂ္ဂဟနှင့် ပရိကမ္မဘာဝနာဖြစ်ပုံကို သင်္ဂြိုဟ်အတိုင်း ပြပါ။
ဇ။ ပဋိဘာဂနိမိတ်သည် ဘယ်အစွမ်းကြောင့် ဖြစ်သနည်း, ပညတ်လော
ပရမတ်လော, သင်္ဂြိုဟ်ပုဒ်ကို ထောက်ပါ။
ဈ။ ပဋိဘာဂနိမိတ်နှင့် ဥပစာရဘာဝနာ ဖြစ်ပုံကို ပြောပြပါ။
ည။ ဥပစာရ ဘာဝနာစိတ်ဟူသည် ကာမစိတ်လော, ရူပ စိတ်လော, ဘယ်
တရားများကို ပယ်ရှားနိုင်သနည်း, သင်္ဂြိုဟ်ပုဒ်ကို ထောက်ပါ။
ဋ။ ဥပစာရဘာဝနာဖြစ်ပြီးနောက် အပ္ပနာဘာဝနာသို့ ရောက်အောင်
ဘယ်ပုံ ပြုရမည်နည်း။
## Trang 290
၆။ တတော - ထို ပဌမဈာန်မှ၊ ပရံ-
နောက်၌၊ တမေဝ ပဌမဇ္ဈာနံ-ထိုပဌမ
ဈာန်ကိုပင်၊ အာဝဇ္ဇနံ – အာဝဇ္ဇနဝသိ
ဘော်၎င်း၊ သမာပဇ္ဇနံ – သမာပဇ္ဇနဝသိဘော်၎င်း၊ အဓိဋ္ဌာနံ -
အဓိဋ္ဌာနဝသိဘော်၎င်း၊ ဝုဋ္ဌာနံ-ဝုဋ္ဌာနဝသိဘော်၎င်း၊ ပစ္စဝေ
က္ခဏံ – ပစ္စဝေက္ခဏဝသိဘော်၎င်း၊ ဣတိ - ဤသို့၊ ပဉ္စဟိ–
ငါးပါးကုန်သော၊ ဣမာဟိဝသိတာဟိ … ဤ ဝသိဘော်တို့ဖြင့်၊
၆။ ဒုတိယဈာန် စသည် ဖြစ်ပုံ။ … ။တတောပရံ၊ ပေ ၊ ဝသိဘူတံ
ကတွာ-ပဌမဈာန် ရပြီးနောက် ဒုတိယဈာန်ကို ရလိုသော ယောဂီသည် မိမိ
ရအပ်သော ပဌမဈာန်ကို ငါးတန်သော ဝသိဘော်တို့ဖြင့် အတော်အစွမ်းသတ္တိ
ရှိဘို့ရန် အဖန်ဖန်ဝင်စားရသည်၊ အစွမ်းသတ္တိကို ပါဠိလို"ဝသိတာ-ဟု၎င်း,
ဝသိဘာဝ-ဟု၎င်း" ခေါ်၍, မြန်မာလို "ဝသိဘော်" ဟု ခေါ်သည်၊ ဤ
ဝသိဘော် ၅ ပါးနှင့် တကွ သိဘွယ်ရာ ဟူသမျှ တို့ကို ဘာသာဋီကာမှာ ရှု။
ကျက်မှတ်ရန်………ဆောင်ပုဒ်များ
၁။
ဈာန်အင်္ဂါစု, ဆင်ခြင်မှု၌, တခုဝီထိ, တခု၏ကြား, ဘွင်မများ
ဘဲ, ဆက်သွားဆင်ခြင်, စွမ်းနိုင်လျှင်သော်, ဝသိဘော်-မိန့်ခေါ်
အာဝဇ္ဇန။
၂။ ဝင်စားလိုလျှင်,အပိုတွင်တို့, မဝင်-မခြား, အလျင်အားဖြင့်,
ဝင်စားနိုင်သော်, ဝသိဘော်, မိန့်ခေါ် သမာပဇ္ဇန။
၃။ ရှည်ရှည်-တိုတို,တန့်ထားလိုလျှင်, ဘဝင် လွှမ်းမိ, မကျထည့်
အောင်, ဈာန်၏ အစဉ်, ထားနိုင်လျှင်သော်, ဝသိဘော်-
မိန့်ခေါ် အဓိဋ္ဌာန။
၄။ ချိန်ခါ တို-ရှည်, ရွယ်ရည်မှန်းဆ, ထိုခဏ၌, ဈာန်မှ ထခြင်း,
စွမ်းနိုင်လျှင်းသော်, ဝသိဘော်–မိန့်ခေါ် ဝုဋ္ဌာန။
ဝသိဘူတံ - ဝသိဘော်သို့ ရောက်သည်ကို၊ ကတွာ - ပြု၍၊
ဝိတက္ကာဒိသံ - ဝိတက် အစရှိသော၊ ဩဠာရိကင်္ဂ - ရုန့်ရင်း
သော ဈာန်အင်္ဂါကို၊ ပဟာနတ္ထံ-ပယ်ခြင်းငှာ၎င်း၊ ဝိစာရာဒိ
သုခုမင်္ဂုပ္ပတ္တိယာ - ဝိစာရ အစရှိသော သိမ်မွေ့သော ဈာန်
အင်္ဂါ၏ ဖြစ်ပေါ်လာခြင်းငှာ၎င်း၊ ပဒဟတော - အားထုတ်
သည်ရှိသော်၊ ယထာက္ကမံ-အစဉ်အားလျော်စွာ၊ ဒုတိယဇ္ဈာနာ
ဒယော - ဒုတိယဈာန် အစရှိသည်တို့သည်၊ ယထာရဟံ -
ထိုက်သည်အားလျော်စွာ၊ အပ္ပန္တိ-သက်ရောက်ကုန်၏။
၅။ ပစ္စဝေက္ခဏာ--ဇောစောကာဖြင့်, ဈာန်အင်္ဂါစုံ, ဆင်ခြင်မှုစစ်,
နည်းတူဖြစ်၍, အာဝဇ္ဇနာ, ဝသိတာမြောက်, အစွမ်းရောက်က,
ပစ္စဝေက်ခေါ်,ဝသိဘော်လည်း တပါးတည်း, အပြီးရော်နေကျ။
ထိုသို့ ပဌမဈာန်ကို အစွမ်းထက်
အောင် ပြုလုပ်ပြီးနောက်, ပဌမဈာန်နှင့် ယှဉ်သော ဈာန်အင်္ဂါ ၅ ပါးတွင်
ဝိတက်သည် ကြမ်းတမ်း၏၊ ( ဝိတက် ကြီးဘန် များလျှင် ကာမဂုဏ် ကိုပင်
ကြိမိမှာ စိုးရ၍, ကာမစ္ဆန္ဒနီဝရဏ ရန်သူကြီးနှင့် နီးလှချေ၏။ ) ထိုကြောင့်
ဝိတက် အလျှင်းမပါအောင် ပယ်ခွာဘို့ရာ၎င်း, ပဌမဈာန်တုန်းကထက် သိမ်
မွေ့သော "ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ" ဈာန်အင်္ဂါတို့ ပေါ်လာဘို့ရာ၎င်း,
ရှေးက ထင်ပြီးသော ပဋိဘာဂနိမိတ်ကိုပင် ဆက်လက် အားထုတ် ပြန်ရာ
ဒုတိယဈာန် ခေါ်သော "အပ္ပနာဘာဝနာ" ဖြစ်ပေါ် လာလေသည်၊ ပင်
ကိုယ်က ဝိတက်စက်ဆုပ်၍ ဘာဝနာကို အားထုတ်ခဲ့သောကြောင့် ဒုတိယဈာန်
ပေါ်လာသည့် အခါ ဝိတက်မပါတော့ဘဲ ဈာန်အင်္ဂါ ၄ ပါးသာ ယှဉ်တော့
သည်၊ "အိမ်သာမှ ဧည့်လာ"ဆိုသကဲ့သို့ ဘာဝနာက ဝိတက်ကို မကြည့်သာ
သဖြင့် ဝိတက်လည်း မပါဝံ့ရှာတော့ချေ၊ တတိယဈာန်စသည့် တက်ခဏ်း
၌လည်း ဤနည်းအတိုင်းပင်တည်း။
## Trang 291
၅၇၂
နိဂုံး
၇။ ဣစ္စေဝံ-ဤသို့လျှင်၊ ပထဝီကသိဏာဒိသု- ပထဝီ
ကသိုဏ်း အစရှိကုန်သော၊ ဒွါဝီသတိ ကမ္မဋ္ဌာနေသု-
နှစ်ဆယ့် နှစ်ပါးသော ကမ္မဋ္ဌာန်းတို့၌၊ ပဋိဘာဂနိမိတ္တံ – ပဋိ
ဘာဂနိမိတ်ကို၊ ဥပလဗ္ဘတိ-ရအပ်၏။
အပ္ပနာသို့ ရောက်စေနိုင်သော
ကျန်ကမ္မဋ္ဌာန်းများ
ဂ။ ပန-အဘို့တပါးကား၊ အဝသေသေသု-ကြွင်းသောကမ္မဋ္ဌာန်း
တို့တွင်၊ အပ္ပမညာ-အပ္ပမညာတို့
သတ္တပညတ္တိယံ-သတွာပညတ်၌၊ ပဝတ္တန္တိ-ဖြစ်ကုန်၏။
ဝိတက္ကာဒိကံ — ၌ အာဒိဖြင့် ဝိစာရ ပီတိ သုခကို ယူ၊ တတိယဈာန်ကို
ရလိုရာ၌
ဝိစာရကို ပယ်ခြင်းငှါ၊ စတုတ္ထဈာန်ကို ရလိုရာ၌ ပီတိကိုပယ်ခြင်းငှါ၊
ပဉ္စမဈာန်ကို ရလိုရာ၌ သုခကို ပယ်ခြင်းငှါ၊ အားထုတ်ရမည့် ဟူလို။
ဝိစာရာဒိ-၌ အာဒိဖြင့် ပီတိ သုခ ဧကဂ္ဂတာကိုယူ၊ အောက်အောက်
ဈာန်မှာ ရှိသော စိတ် စေတသိက်ထက်၊ အထက်အထက် ဈာန်မှာ ရှိသော
စိတ် စေတသိက်များက တိုး၍ တိုး၍ သိမ်မွေ့ ကြသည့်၊ ထိုသို့ သိမ်မွေ့သော
ဈာန်အင်္ဂါများ ဖြစ်ပေါ်လာအောင် အားထုတ်ရမည် ဟူလို။
၇။ နိဂုံး။ ။ဣစ္စေဝံ၊ ပေ ၊ ပဋိဘာဂနိမိတ္တံ ဥပလဗ္ဘတိ-ကား "အာဒိ
ကမ္မိကဿ"စသော အကျယ်စကားကို ပြန်၍ဖုံးသော နိဂုံး စကားတည်း၊
ဒွါဝီသတိ-အရကား ပဋိဘာဂနိမိတ်ရကောင်းသော ကသိုဏ်း ၁ဝ၊ အသုဘ
၁ဝ၊ ကောဋ္ဌာသ၊ အာနာပါဏတို့တည်း။
အပ္ပနာသို့ရောက်စေနိုင်သော ကျန် ကမ္မဋ္ဌာန်းများ။ ။အပ္ပ
နာကို ဆောင်စွမ်းနိုင်သော ကမ္မဋ္ဌာန်း ၃၀ တွင် ပဋိဘာဂနိမိတ် ရကောင်း
သော ကမ္မဋ္ဌာန်း ၂၂ ပါး အတွက်သာ ပြီးသေးသည့်၊ ထို့ကြောင့် အဝ
သေသေသု အရ အပ္ပနာသို့ ရောက်စေနိုင်သော ကျန် အပ္ပမညာ ၄၊ အာရုပ္ပ
၄ ကိုသာ ယူ၊ ဗုဒ္ဓါနုဿတိ စသည့်တို့ကို သီးခြား ဆိုလိမ့်ဦးမည်၊ အပ္ပမညာ
၄ ပါး၏ သတွာပညတ် ၄ မျိုး၌ ဖြစ်ပုံကိုလည်း ပြခဲ့ပြီ။
နိဿယနှင့်အဓိပ္ပါယ်
၅ ၇ ၃
၉။ ပန-အဘို့တပါးကား၊ အာကာသဝဇ္ဇိတ ကသိဏေ
သု - အာကာသသည် ကြဉ်အပ်သော ကသိုဏ်း ကိုးပါးတို့
တွင်၊ ယံကိဉ္စိ – အမှတ်မထား တပါးပါးသော၊ ကသိဏံ-
ကသိုဏ်းကို၊ ဥဂ္ဃါဋေတွာ-ခွါ၍၊ လဒ္ခံ – ရအပ်သော၊ အာ
ကာသံ – ကောင်းကင် ပညတ်ကို၊ ( အာရဗ္ဘ - အာရုံပြု၍၊ )
အနန္တ ဝသေန - အဆုံး အပိုင်း အခြား မရှိသည်၏ အဖြစ်ဖြင့်၊
ပရိကမ္မံ – ပရိကမ်ကို၊ ကရောန္တဿ - ပြုသော ပုဂ္ဂိုလ်၏
(သန္တာန်၌၊ ) ပဌမာရုပ္ပံ- ပဌမအာရုပ္ပ ဈာန်သည်၊ ဥပ္ပဇ္ဇတိ-
သက်ရောက်၏။
အာရုပ္ပ ၄ ပါး အခန်း
၉။ အာကာသဝဇ္ဇိတ၊ ပေ ၊ ပဌမာရုပ္ပမုပ္ပဇ္ဇတိ- ရူပပဉ္စဈာန်ကို
ရပြီးနောက် အာကာသာနဉ္စာယတန( ပဌမာရုပ္ပ ) ဈာန်ကို တက်လိုသော
ယောဂီသည် ကသိုဏ်းကိုးပါးတွင် တပါးပါးကို ဘာဝနာဖြင့် ပယ်ခွါ၍ ရအပ်
သော (ထင်လာသော) ကောင်းကင်ပညတ်ကို အာရုံပြုလျက် "အာကာသော
အနန္တော၊ အာကာသော အနန္တော" ဟု ရွတ်ဆို၍သော်၎င်း၊ စိတ်ဖြင့်
မှန်း၍သော်၎င်း၊ ပွားများအားထုတ်ရမည်၊ ဤသို့ ပွားများ အားထုတ်မှုကို
ပရိကမ်ပြုသည့် " ဟု ဆိုသည်။ ထိုကဲ့သို့ အားထုတ်စဉ် ဘာဝနာ အသား
တက်၍ အဆက်ဆက် ရင့်ကာ ဥပစာရဘာဝနာသို့ရောက်၊ ထို့ထက် လွန်
မြောက်၍ အပ္ပနာ ဘာဝနာစခန်းသို့ ရောက်လေသည်။
[ အာကာသော-ကောင်းကင် ပညတ်သည်၊ အနန္တော – ဥပါဒ် ဘင်
အားဖြင့် အဆုံး အပိုင်းအခြား မရှိ – ဟု အနက်ဆို၊ ဤ၌ – အာကာသံ
ပရိကမ္မံ ကရောန္တဿ" ကိုထောက်၍ ပဌမာရုပ္ပဝိညာဏ်၏ ကောင်းကင်
ပညတ်ကို အာရုံပြုကြောင်း သိလေ။ ]
## Trang 292
၅၇၄
၁၀။ တမေဝ ပဌမာရုပ္ပဝိညာဏံ-ထို ပဌမာရုပ္ပ ဝိညာဏ်
ကိုပင်၊ (အာရဗ္ဘ – ၍၊ ) အနန္တဝသေန-အဆုံး အပိုင်းအခြား
မရှိသည်၏ အဖြစ်ဖြင့်၊ ပရိကမ္မံ-ပရိကမ်ကို၊ ကရောန္တဿ-၌၊
ဒုတိယာရုပ္ပံ-ဒုတိယအာရုပ္ပဈာန်သည်၊ ဥပ္ပဇ္ဇတိ-၏။
၁၁။ ပန - ကား၊ တမေဝ ပဌမာရုပ္ပ ဝိညာဏာဘာဝံ-
ထို ပဌမာရုပ္ပ ဝိညာဏ်၏ မရှိခြင်း ဟူသော " နတ္ထိဘော
ပညတ် " ကိုပင်၊ အာရဗ္ဘ–၍၊ နတ္ထိကိဉ္စိ-နတ္ထိဟူ၍၊
ပရိကမ္မံ – ကို၊ ကရောန္တဿ – ၌၊ တတိယာရုပ္ပံ - တတိယ
အာရုပ္ပဈာန်သည်၊ ဥပ္ပဇ္ဇတိ-၏။
၁၀။ တမေဝ ပဌမာရုပ္ပ၊ ပေ ၊ ဒုတိယာရုပ္ပမုပ္ပဇ္ဇတိ — ဒုတိယ
အာရုပ္ပ ( ဝိညာဏဉ္စာယတန ) ဈာန်ကို ရလိုပြန်သော် ယခင် ပဌမာအာရုပ္ပ
ဝိညာဏ်ကို အာရုံပြု၍ "ဝိညာဏံ အနန္တံ၊ ဝိညာဏံ အနန္တံ" ဟု ပရိကမ်
ပြုရသည်၊ [ ဝိညာဏံ=ပဌမာရုပ္ပဝိညာဏ်သည်၊ အနန္တံ = အဆုံးအပိုင်း
အခြားမရှိ ဟု အနက်ဆို၊ ဤ၌"ပဌမာရုပ္ပဝိညာဏံ ပရိကမ္မံ ကရောန္တဿ"ကို
ထောက်၍ ဒုတိယာရုပ္ပ ဝိညာဏ်က ပဌမာရုပ္ပဝိညာဏ်ကို အာရုံပြုကြောင်း
သိလေ။ ]
၁၁။ တမေဝ ပဌမာရုပ္ပဝိညာဏာဘာဝံ၊ ပေ၊ ဥပ္ပဇ္ဇတိ — တတိယ
အာရုပ္ပ ( အာကိဉ္စညာယတန ) ဈာန်ကို ရလိုပြန်သော်...... ပဌမာရုပ္ပ
ဝိညာဏ်၏မရှိခြင်း (နတ္ထိဘောပညတ်ကို) အာရုံပြု၍ "နတ္ထိကိဉ္စိ၊ နတ္ထိကိဉ္စိ"
ဟု ပရိကမ် ပြုရသည်။
[ကိဉ္စိ-ဖိုးဇဉ်း အနည်းငယ်မျှ၊ နတ္ထိ – မရှိ ဟု ပေး၊ "အဘာဝ" နှင့်
"နတ္ထိဘာဝ" သည့် သဒ္ဒါသာ ကွဲ၏၊ အဘာဝ = မရှိခြင်း၊ နတ္ထိဘာဝ-မရှိ
သည့်၏အဖြစ်၊ ဟု အနက် အဓိပ္ပါယ်မှာ အတူတူပင် တည်း၊ ဣတ္ထိဘာဝကို
နိဿယနှင့်အဓိပ္ပါယ်
၅၇ ၅
၁၂။ တတိယာရုပ္ပံ-တတိယာရုပ္ပ ဝိညာဏ်ကို၊ ( အာရဗ္ဘ-
အာရုံပြု၍၊) ဧတံ- တတိယာရုပ္ပ ဝိညာဏ်သည်၊ သန္တံ-ငြိမ်
သက်ပေစွ၊ ဧတံ-ဤ တတိယာရုပ္ပ ဝိညာဏ်သည်၊ ပဏီတံ-
မွန်မြတ်ပေစွ၊ ဣတိ - ဤသို့၊ ပရိကမ္မံ = ပရိကမ် ဘာဝနာကို၊
ကရောန္တဿ-ပြုသော ပုဂ္ဂိုလ်၏ (သန္တာန်၌၊) စတုတ္ထာရုပ္ပံ-
စတုတ္ထာရုပ္ပဈာန်သည်၊ ဥပ္ပဇ္ဇတိ-၏။
အပ္ပနာသို့ မရောက်စေနိုင်သော
ကမ္မဋ္ဌာန်းများ
၁၃။ စ-အဘို့တပါးကား၊ အဝ
သေသေသု – ကြွင်းကျန် ကုန်
သော၊ ဒသသု - ဆယ်ပါး ကုန်
သော၊ ကမ္မဋ္ဌာနေသု - ကမ္မဋ္ဌာန်းတို့၌၊ ဗုဒ္ဓဂုဏာဒိကံ – ဘုရား
"ဣတ္ထိဘော"ခေါ်သလို၊ နတ္ထိဘာဝကိုလည်း "နတ္ထိဘော"ဟု ခေါ်သည်၊
မရှိဟူသည် ပရမတ် မဟုတ်၊ ပညတ်သာ ဖြစ်သောကြောင့် "နတ္ထိဘောပညတ်"
ဟုခေါ်ဝေါ်ရလေသည်၊ ဤ၌"ပဌမာရုပ္ပ ဝိညာဏာဘာဝံ ပရိကမ္မံ ကရောန္တ
ဿ"ကို ထောက်၍ တတိယာရုပ္ပ ဝိညာဏ်က"နတ္ထိဘောပညတ်"ကို အာရုံ
ပြုကြောင်း သိလေ။
၁၂။ တတိယာရုပ္ပံ၊ ပေ ၊ စတုတ္ထာရုပ္ပမုပ္ပဇ္ဇတိ--- စတုတ္ထာရုပ္ပ ( နေဝ
သညာနာသညာယတန ) ဈာန်ကို ရလိုသော် ………… ယခင် တတိယာရုပ္ပ
ဝိညာဏ်ကို အာရုံပြု၍ " သန္တံ ဧတံ၊ ပဏီတံ ဧတံ " ဟု ပရိကမ် ပြုရသည်။
[ ဤ၌ – တတိယာရုပ္ပံ ပရိကမ္မံ ကရောန္တဿ " ထောက်၍ စတုတ္ထာ ရုပ္ပ
ဝိညာဏ်က တတိယာရုပ္ပဝိညာဏ်ကို အာရုံပြုကြောင်း သိလေ။ ]
အပ္ပနာဘာဝနာတိုင်အောင် ဆောင်နိုင်သော
ကမ္မဋ္ဌာန်း ၃ဝ ပြီးပြီ။
## Trang 293
၅၇ ၆
ဂုဏ်တော်အစရှိသော၊ အာရမ္မဏ-အာရုံကို၊ အာရဗ္ဘ-အာရုံ
ပြု၍၊ ပရိကမ္မံ - ပရိကမ်ကို၊ ကတွာ-ပြု၍၊ တသ္မိံ နိမိတ္တံ-ထို
ဘုရားဂုဏ်တော်အစရှိသော အာရုံကို၊ သာဓုကံ-ကောင်းစွာ၊
ဥဂ္ဂဟိတေ- ယူအပ်သည်ရှိသော်၊ တသ္မိံ - ထို ဘုရားဂုဏ်
တော် အစရှိသော အာရုံ၌ပင်လျှင်၊ ပရိကမ္မဉ္စ-ပရိကမ္မဘာဝနာ
သည်လည်း၊ သမာဓိယတိ-ကောင်းစွာ တည်ကြည်၏၊ ဥပစာ
ရောစ - ဥပစာရဘာဝနာသည်လည်း၊ သမ္ပဇ္ဇတိ-ပြည့်စုံ၏။
အပ္ပနာသို့ မရောက်စေနိုင်သော ကမ္မဋ္ဌာန်းများ။
အဝသေသေသု စ၊ ပေ ၊ ဥပစာရောစ သမ္ပဇ္ဇတိ — ကား အပ္ပနာဘာဝနာ တိုင်အောင်
မဆောင်နိုင်သော(ဗုဒ္ဓါနုဿတိ အာဒိသု အဋ္ဌသု သညာဝဝတ္ထာနေသု အရ)
ကျန် ကမ္မဋ္ဌာန်း ၁ဝ ပါးတို့၏ ဘာဝနာနှင့် နိမိတ်ကို ပြသော စကားတည်း၊
ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းလိုသူသည် အရဟံဂုဏ်တော်ကိုပွားလိုလျှင်၊
အရဟံဂုဏ်တော်ကို အာရုံပြု၍ – ဣတိပိ သောဘဂဝါ အရဟံ" ဟု ပရိကမ်
ပြုရမည်၊ ဂုဏ်တော်သည့် ပရိကမ္မနိမိတ် မည်၏၊ ပွားများမှုသည့် ပရိကမ္မ
ဘာဝနာ မည်၏၊ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ကို ပွားများလိုလျှင် သမ္မာသမ္ဗုဒ္ဓ
ဂုဏ်တော်ကို အာရုံပြု၍" ဣတိပိ သောဘဂဝါ သမ္မာသမ္ဗုဒ္ဓေါ" စသည့်ဖြင့်
ပွားများရမည့်၊[နောင် ဂုဏ်တော်များ၌လည်း ဤ နည်းအတိုင်း သိလေ။
တသ္မိံ နိမိတ္တေ၊ ပေ၊ ပရိကမ္မဉ္စ သမာဓိယတိ-ထို ဂုဏ်တော်အာရုံကို
ကောင်းစွာ ယူမိသည်ရှိသော် ( ဥဂ္ဂဟနိမိတ် ထင်လာသည့်ရှိသော် )ထိုအခါ
ယခင် ပရိကမ္မဘာဝနာသည့် တည့်ကြည့်လှလေပြီ။
ဥပစာရောစ သမ္ပဇ္ဇတိ — ထို့ထက် သမာဓိ ရသည့်အခါ နီဝရဏ
ကိလေသာတို့ ကင်းကွာသဖြင့် ဥပစာရဘာဝနာ အဆင့်အတန်းသို့ တက်
လှမ်းလေပြီ၊ [ဗုဒ္ဓဂုဏာဒိကံ-၌ အာဒိဖြင့် တရားဂုဏ်တော် စသော ကျန်
ကမ္မဋ္ဌာန်း ၉ ပါးကို ယူ။ ]
အဘိညာဉ်
နိဿယနှင့် အဓိပ္ပါယ်
၁၄။ ပန-အဘို့တပါးကား၊ အဘိညာဝသေန-
အဘိညာဉ်၏ အစွမ်းဖြင့်၊ ပဝတ္တမာနံ - ဖြစ်
သော၊ ရူပါဝစရ ပဉ္စမဇ္ဈာနံ – ရူပါဝစရ ပဉ္စမဈာန်သည်၊
အဘိညာပါဒက ပဉ္စမဇ္ဈာနာ-အဘိညာဏ်၏ အခြေခံဖြစ်သော
ပဉ္စမဈာန်မှ၊ ဝုဋ္ဌာဟိတွာ-ထပြီး၍၊ အဓိဋ္ဌေယျာဒိကံ-အဓိဋ္ဌာန်
အပ်သော အာရုံ အစရှိသည်ကို၊ အာဝဇ္ဇေတွာ - ဆင်ခြင်၍၊
ပရိကမ္မံ - ပရိကမ်ကို၊ ကရောန္တာ - ပြုသော ပုဂ္ဂိုလ်၏
(သန္တာန်၌၊) ရူပါဒိ-ရူပါရုံ အစရှိကုန်သော၊ အာရမ္မဏေသု-
အာရုံတို့၌၊ ယထာရဟံ – ထိုက်သည်အားလျော်စွာ၊ ဥပ္ပဇ္ဇတိ-
သက်ရောက်၏။
၁၅။ အဘိညာစန္ဒမံ-အဘိညာဉ် မည်သည်လည်း၊ ဣဒ္ဓိ
ဝိဓံ-ဣဒ္ဓိဝိဓ အဘိညာဉ်၎င်း၊ ဒိဗ္ဗသောတံ - ဒိဗ္ဗသောတ အဘိ
ညာဉ်၎င်း၊ ပရစိတ္တဝိဇာနနာ- ပရစိတ္တဝိဇာနနအဘိညာဉ်၎င်း၊
ပုဗ္ဗေနိဝါသာနုဿတိ-ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်၎င်း၊
ဒိဗ္ဗစက္ခု-ဒိဗ္ဗစက္ခု အဘိညာဉ်၎င်း၊ ဣတိ-သို့၊ ပဉ္စ-ငါးပါး
ပြားကုန်၏။ အယံ - ဤသည်ကား၊ ဧတ္ထ - ဤ ကမ္မဋ္ဌာန
သင်္ဂဟ၌၊ ဂေါစရဘေဒေါ-ဂေါစရဘေဒ တည်း။
စ-နိဂုံးကား၊ သမထကမ္မဋ္ဌာနနယော--သမထကမ္မဋ္ဌာန်း
နည်းသည်၊ နိဋ္ဌိတော-ပြီးပြီ။
၁၄။ အဘိညာဉ်ခဏ်း။ ။အဘိ + ဉာဏ = အဘိ = အလွန်-- ဉာဏ --
သိခြင်း၊ အလွန်အကြူး အထူးသိတတ်သော ရူပ ပဉ္စဈာန်နှင့် ယှဉ်သော
ဉာဏ်ကို " အဘိညာဏ် " ဟု ခေါ်သည့်၊ ထို ဉာဏ်နှင့် ယှဉ်သော ဈာန်
## Trang 294
၅၇၀
စိတ်ကိုလည်း သဟစရဏ ( တကွ ဖြစ်ဘက် ) နည်းအရ အဘိညာဏ်' ဟု ပင်
ခေါ်နိုင်၏၊ ထို အဘိညာဏ်များနှင့် စပ်သွယ်၍ သိဘွယ် ဟူသမျှကို ဘာသာ
ဋီကာမှာ ရှူ။
၁။
ဣဒ္ဓိဝိဓ =တန်ခိုး အမျိုးမျိုးကို ဖန်ဆင်းနိုင်သော အဘိညာဉ်။
၂။ ဒိဗ္ဗသောတ = နတ်တို့၏ သောတပသာဒကဲ့သို့ ဝေးသော အသံ၊
တိုးတိုးသံကိုလည်း ကြားနိုင်သော အဘိညာဉ်။
၃။ ပရစိတ္တဝိဇာနနာ=သူများစိတ်ကို သိနိုင်သော အဘိညာဉ်။
၄။ ပုဗ္ဗေနိဝါသာနုဿတိ = ရှေးရှေးဘဝ၌ ဖြစ်ခဲ့သမျှ အကြောင်းကို
ပြန်ပြောင်း၍ အောက်မေ့နိုင်သော အဘိညာဉ်။
၅။ ဒိဗ္ဗစက္ခု = နတ်မျက်စိကဲ့သို့ ဝေးသောအဆင်း၊ သေးငယ်သော
အဆင်းကိုလည်း မြင်နိုင်သော အဘိညာဉ်။
အဘိညာဉ် အမျိုးမျိုး။ ။အဘိညာဉ် ၇ ပါးဟု သုံးစွဲရာဝယ် ( စ)
ဒိဗ္ဗစက္ခု၊ ( သော ) ဒိဗ္ဗသောတ၊ (ဣဒ်) ဣဒ္ဓိဝိဓ၊ (ပ) ပရစိတ္တဝိဇာနန၊
(ပုဒ်) ပုဗ္ဗေနိဝါသ၊ ( ယ ) ယထာကမ္မူပဂ=ကံအားလျော်စွာ ထိုထိုဘုံ၌
ဖြစ်ရသူများကို မြင်နိုင်ခြင်း၊ ( အ ) အနာဂတံသ === နောင် အနာဂတ်၌
ဖြစ်လတံ့ အကြောင်းအရာများကို သိမြင်နိုင်ခြင်း၊ ၍ ၇ ပါးတည်း၊ အဘိညာဉ်
၅ ပါးဟု ဆိုလျှင် (ယ) ယထာကမ္မူပဂနှင့်(အ)အနာဂတံသည့် ဒိဗ္ဗစက္ခုနှင့်
မကင်းကောင်းသောကြောင့် ဒိဗ္ဗစက္ခု၌ သွင်းယူလေ၊ အဘိညာဉ် ၆ ပါး
ဟု ဆိုပြန်လျှင် ထို ၅ ပါးတွင် အာသဝက္ခယ အဘိညာဉ်ကို ထည့်စွက်လေ။
[ အာသဝေါတရား တို့ကို ကုန်ခမ်းစေနိုင်သော အရဟတ္တမဂ် ဉာဏ်ကို
အာသဝက္ခယအဘိညာဉ် ဟု ခေါ်သည်၊ ] ဤ ၅ ပါးသည့် လောကီ အဘိ
ညာဉ်၊ ဤ အာသဝက္ခယကား လောကုတ္တရာ အဘိညာဉ်တည်း၊
[ဆောင်] စ-သော-ဣဒ်-ပ၊ ပုဒ်-ယ-အ-ဟု၊ သတ္တာဘိညာ၊
ငါးဖြာ ဖြစ်က၊ ယ နှင့် အ ကို၊ စ ၌ သွင်းယူ၊ ခြောက်မှ
အာသဝက်၊ ထိုဝယ်စွက်၊ သုံးချက် နားလည်စေ။
နိဿယနှင့်အဓိပ္ပါယ်
လေ့ကျင့်ခဏ်း မေးခွန်းများ
က။ ဒုတိယဈာန်ကို ရလိုသော် ပဌမဈာန်ကို အဘယ်သို့ ပြုရသနည်း။
ဝိတက္ကာဒိကံ-၌ အာဒိဖြင့် ဘယ်ကို ယူမည်နည်း။
ခ။ ဝိစာရာဒိ သုခုမင်္ဂုပ္ပတ္တိယာ-၌ အာဒိဖြင့် ဘယ်ကို ယူမည့်နည်း။
ဣစ္စေဝံ ပထဝီကသိဏာဒီသု - စသော စကားရပ်ကား ဘာကိုပြသော
စကားနည်း။
ဂ။ အဝသေသေသု ပန အပ္ပမညာ – စသည်၌ " အဝသေသေသု" အရ
ဘယ်ကမ္မဋ္ဌာန်းကို ယူမည်နည်း။
ဃ။ အာကာသာနဉ္စာယတနဈာန်ကို အားထုတ်ရာ၌ ပရိကမ်ပြုပုံကို ပြပါ။
"ပဌမာရုပ္ပဝိညာဏ်သည့် ကောင်းကင်ပညတ်ကို အာရုံပြု၏"ဟု ဆိုရာ၌
ဘယ်ပါဌ်ကို ထောက်မည်နည်း။
င။ ဝိညာဏဉ္စာယတနဈာန်ကို အားထုတ်ရာ၌ ပရိကမ်ပြုပုံကို ပြပါ။
စ။ ထို ဈာန်သည့် အာကာသာနဉ္စာယတနဈာန်ကို အာရုံပြု၏-ဟု ဆိုရာ၌
ဘယ်ပါဌ်ကို ထောက်မည်နည်း။
ဆ။ တတိယာရုပ္ပဈာန်ကို အားထုတ်ရာ၌ ပရိကမ်ပြုပုံကို ပြပါ။
ဇ။ ထို ဈာန်သည့် နတ္ထိဘောပညတ်ကို အာရုံပြု၏-ဟု ဆိုရာ၌ ဘယ်ပါဌ်ကို
ထောက်မည်နည်း။
ဈ။ စတုတ္ထာရုပ္ပဈာန်ကို အားထုတ်ရာ၌ ပရိကမ်ပြုပုံကို ပြပါ။
ည။ ထို ဈာန်သည် တတိယာရုပ္ပဝိညာဏ်ကို အာရုံပြု၏-ဟု ဆိုရာ၌ ဘယ်
ပါဌ်ကို ထောက်မည့်နည်း။
ဋ။ အဘိညာဉ် ၅ ပါးသရုပ်ကို သင်္ဂြိုဟ်ထောက်၍ ကောက်ပြပါ။
ဌ။ အဘိညာဉ် ၇ ပါး၊ ၅ ပါး၊ ၆ ပါး ခွဲပြပါ။
သမထကမ္မဋ္ဌာန်းဆိုင်ရာ ပြီးပြီ။
## Trang 295
၅၈၀
ဝိပဿနာကမ္မဋ္ဌာန်းနယ်
သိဘွယ်များ
၁။ ပန-အဘို့တပါးကား၊ ဝိပဿနာ
ကမ္မဋ္ဌာနေ - ဝိပဿနာ ကမ္မဋ္ဌာန်း၌၊
သီလဝိသုဒ္ဓိ - သီလဝိသုဒ္ဓိ ၎င်း၊ စိတ္တ
ဝိသုဒ္ဓိ-စိတ္တဝိသုဒ္ဓိ ၎င်း၊ ဒိဋ္ဌိဝိသုဒ္ဓိ-ဒိဋ္ဌိဝိသုဒ္ဓိ ၎င်း၊ ကင်္ခါဝိတရဏဝိသုဒ္ဓိ-ကင်္ခါဝိတရဏဝိသုဒ္ဓိ ၎င်း၊ မဂ္ဂ
ါမဂ္ဂညာဏဒဿနဝိသုဒ္ဓိ - မဂ္ဂါမဂ္ဂညာဏဒဿနဝိသုဒ္ဓိ ၎င်း၊ ပဋိပဒါညာဏဒဿနဝိသုဒ္ဓိ-
ပဋိပဒါညာဏဒဿနဝိသုဒ္ဓိ ၎င်း၊ ဉာဏဒဿနဝိသုဒ္ဓိ-ဉာဏဒဿနဝိသုဒ္ဓိ ၎င်း၊ ဣတိ-
ဤသို့၊ သတ္တဝိဓေန-ခုနစ်ပါးအပြားအားဖြင့်၊ ဝိသုဒ္ဓိသင်္ဂဟော-
ဝိသုဒ္ဓိသင်္ဂဟကို၊ ဝေဒိတဗ္ဗော- သိအပ်၏၊ ဝိမောက္ခမုခါနိ စ
ဝေဒိတဗ္ဗာနိ-မှ " ဝေဒိတဗ္ဗ " ကို လိုက်စေ။
၂။ အနိစ္စလက္ခဏံ- အနိစ္စလက္ခဏာ၎င်း၊ ဒုက္ခလက္ခဏံ-
ဒုက္ခလက္ခဏာ၎င်း၊ အနတ္တလက္ခဏဉ္စ- အနတ္တလက္ခဏာ၎င်း၊
ဣတိ-ဤသို့၊ တီဏိ--သုံးပါးကုန်သော၊ လက္ခဏာနိ-လက္ခဏာ
တို့ကို၊ ဝေဒိတဗ္ဗာနိ-သိအပ်ကုန်၏။
ဝိပဿနာကမ္မဋ္ဌာနသင်္ဂဟ။ ။ဝိပဿနာကမ္မဋ္ဌာန်းဝယ် သိဘွယ်
များကား-ဝိသုဒ္ဓိ ၇ ပါး၊ လက္ခဏာ ၃ ပါး၊ အနုပဿနာ ၃ ပါး၊ ဝိပဿ
နာဉာဏ် ၁၀ ပါး၊ ဝိမောက္ခ ၃ ပါး၊ ဝိမောက္ခမုခ ၃ ပါး၊ ဤ ၆ မျိုးသော
အခဏ်းများတည်း။
၁။ ဝိသုဒ္ဓိ ၇ ပါး--- [ဝိ=အထူး+သုဒ္ဓိ=စင်ကြယ်သည်၊ ] အထူး
စင်ကြယ်သော တရားကို " ဝိသုဒ္ဓိ " ဟု ခေါ်၏၊ ၇ ပါးသရုပ်ကို ပါဠိကြည့်၍
ရေတွက်လေ၊ အကျယ်လာလတ္တံ့။
၂။ လက္ခဏာ ၃ ပါး။ သင်္ခါရ တရားတို့၏ အမှတ် အသားကို
လက္ခဏာ " ဟု ခေါ်သည့် " မြဲသလား၊ မမြဲဘူးလား" ဟု ဉာဏ်ဖြင့်
နိဿယနှင့်အဓိပ္ပါယ်
၅၈၁
၃။ အနိစ္စာနုပဿနာ-အနိစ္စာနုပဿနာ၎င်း၊ ဒုက္ခာနုပဿ
နာ-ဒုက္ခာနုပဿနာ၎င်း၊ အနတ္တာနုပဿနာ---အနတ္တာနုပဿ
နာ၎င်း၊ ဣတိ-သို့၊ တိဿော-သုံးပါးကုန်သော၊ အနုပဿနာ-
အနုပဿနာတို့ကို၊ ဝေဒိတဗ္ဗာ-သိအပ်ကုန်၏။
၄။ သမ္မသနဉာဏံ - သမ္မသနဉာဏ်၎င်း၊ ဥဒယဗ္ဗယဉာ
ဏံ-ဥဒယဗ္ဗယဉာဏ်၎င်း၊ ဘင်္ဂဉာဏံ-ဘင်္ဂဉာဏ်၎င်း၊ ဘယ
ဉာဏံ - ဘယဉာဏ်၎င်း၊ အာဒီနဝဉာဏံ - အာဒီနဝဉာဏ်
၎င်း၊ နိဗ္ဗိဒါဉာဏံ-နိဗ္ဗိဒါဉာဏ်၎င်း၊ မုစ္စိတုကမျတာ ဉာဏံ-
မုစ္စိတုကမျတာဉာဏ်၎င်း၊ ပဋိသင်္ခါဉာဏံ-ပဋိသင်္ခါဉာဏ်
၎င်း၊ သင်္ခါရုပေက္ခာဉာဏံ- သင်္ခါရုပေက္ခာဉာဏ်၎င်း၊ အနု
လောမဉာဏဉ္စ - အနုလောမဉာဏ်၎င်း၊ ဣတိ - သို့၊ ဒသ-
ဆယ်ပါးကုန်သော၊ ဝိပဿနာဉာဏာ - ဝိပဿနာဉာဏ်
တို့ကို၊ ဝေဒိတဗ္ဗာ-ကုန်၏။
သေသေချာချာရှု၊ မမြဲခြင်း အမှတ်အသားကို မြင်လျှင် ဧကန် ပြုစီမံဆင်တဲ့
သင်္ခါရဘဲ-ဟု မှတ်၊ ဒုက္ခ အနတ္တ လက္ခဏာလည်း ဤနည်းပင်၊ ၎င်း ၃ ပါးကို
လှည်းယာဉ် လှေယာဉ်အလား နိဗ္ဗာန်သို့ သွားကြောင်း ဖြစ်သောကြောင့်
"လက္ခဏာယာဉ် ၃ ပါး" ဟု ခေါ်စမှတ် ပြု၏။
၃။ အနုပဿနာ ၃ ပါး--- [အနု=အဘန်ဘန်-ပဿနာ=ရှုတတ်
သောဉာဏ်၊ ] သင်္ခါရ တရားတို့ကို အနိစ္စ ဒုက္ခ အနတ္တ ဟု အဘန်ဘန်
ရှုတတ်သော ဉာဏ်ကို " အနုပဿနာ " ဟု ခေါ်သည်။ ဝိပဿနာဉာဏ်
ပင်တည်း။
၄။ ဝိပဿနာဉာဏ် ၁၀ ပါး - ယခင်
အနုပဿနာဉာဏ်သည်
သမ္မသနစသော အမည်အားဖြင့် ၁ဝ မျိုးပြားပြန်၏၊ ထို ၁ဝ မျိုးကို ဝိပဿနာ
ဉာဏ် ၁၀ ပါးဟု မှတ်။
## Trang 296
၅။ သုညတော-သုညတမည်သော၊ ဝိမောက္ခော-ဝိမောက္ခ
၎င်း၊ အနိမိတ္တံ-အနိမိတ္တမည်သော၊ ဝိမောက္ခော-ဝိမောက္ခ
၎င်း၊ အပ္ပဏိဟိတော-အပ္ပဏိဟိတမည်သော၊ ဝိမောက္ခောစ-
ဝိမောက္ခ၎င်း၊ ဣတိ-သို့၊ တယော-၃ပါးကုန်သော ဝိမောက္ခာ-
ဝိမောက္ခတို့ကို၊ ဝေဒိတဗ္ဗာ-သိအပ်ကုန်၏။
၆။ သုညတာနုပဿနာ-သုညတာနုပဿနာ၎င်း၊ အနိ
မိတ္တာနုပဿနာ-အနိမိတ္တာနုပဿနာ၎င်း၊ အပ္ပဏိဟိတာ
နုပဿနာစ-အပ္ပဏိဟိတာနုပဿနာ၎င်း၊ ဣတိ-သို့၊ တီဏိ-
သုံးပါးကုန်သော၊ ဝိမောက္ခမုခါနိစ-ဝိမောက္ခမုခတို့ကိုလည်း၊
ဝေဒိတဗ္ဗာနိ-သိအပ်ကုန်၏။
ကထံ - ဝိသုဒ္ဓိခုနစ်ပါး စသည်အားဖြင့် အဘယ်သို့ ပြား
သနည်း။
၁။ ပါတိမောက္ခသံဝရသီလံ-ပါတိမောက္ခသံဝရသီလ၎င်း၊
ဣန္ဒိယသံဝရသီလံ-ဣန္ဒြိယသံဝရသီလ၎င်း၊
အာဇီဝပါရိသုဒ္ဓိသီလံ-အာဇီဝပါရိသုဒ္ဓိသီလ၎င်း၊
ပစ္စယသန္နိဿိတသီလံစ-ပစ္စယသန္နိဿိတသီလ၎င်း၊
ဣတိ-ဤသို့၊ စတုပါရိသုဒ္ဓိသီလံ-စတုပါရိသုဒ္ဓိသီလသည်၊
သီလဝိသုဒ္ဓိနာမ-သီလဝိသုဒ္ဓိ မည်၏။
၅။ ဝိမောက္ခ ၃ ပါး — ကိလေသာတို့မှ လွတ်သော မဂ်ဖိုလ်တရားကို
"ဝိမောက္ခ" ဟု ခေါ်၏။
၆။ ဝိမောက္ခမုခ ၃ ပါး — မုခသဒ္ဒါသည် "အဝင်ဝ"ဟူသော အနက်ကို
ဟော၏၊ ယခင် ဝိမောက္ခသို့ ဝင်ရောက်ဘို့ရာ တံခါးပေါက်အလား "အဝင်ဝ
ဖြစ်သော ဝိပဿနာတရား" ဟူလို။
ဤကား ဝိပဿနာကမ္မဋ္ဌာန်း၌ သိထိုက်သော အချက်များကို ရှေးဦးစွာ
အကျဉ်းချုပ် ခေါင်းစဉ်ပြသော စကားတို့တည်း၊ ဤ ခေါင်းစဉ်အတိုင်း ဝိသုဒ္ဓိ
၇ ပါးကစ၍ အကျယ်ပြလတ္တံ့။
နိဿယနှင့်အဓိပ္ပါယ်
၅၀၃
သီလဝိသုဒ္ဓိ။ သီလ၏ စင်ကြယ်ခြင်းသည် သီလဝိသုဒ္ဓိ မည်၏၊
ရဟန်းများ၌ စတုပါရိသုဒ္ဓိသီလ လုံခြုံမှ သီလဝိသုဒ္ဓိ ဖြစ်သည်၊ [ စတု =
၄ ပါး--ပါရိသုဒ္ဓ = ထက်ဝန်းကျင် စင်ကြယ်သော သီလ၊ ]
ပါတိမောက္ခသံဝရသီလ — "ဒွေးမာတိကာ" ဟု ခေါ်အပ်သော
ပါတိမောက္ခပါဠိတော်၌ ပညတ်အပ်သော သီလအားလုံးကို
စောင့်ရှောက် ထိန်းသိမ်းခြင်းသည် "ပါတိမောက္ခသံဝရသီလ" မည်၏။
ဣန္ဒြိယ သံဝရ သီလ ---- စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊
မနိန္ဒြေအားဖြင့် ၆ ပါးသော ဣန္ဒြေတို့ကို ( အကုသိုလ် မဖြစ်အောင် )
စောင့်စည်းခြင်းသည် "ဣန္ဒြိယသံဝရသီလ" မည်၏။
အာဇီဝပါရိသုဒ္ဓိသီလ — [အာဇီဝ = အသက်မွေးမှု + ပါရိသုဒ္ဓိ =
သန့်ရှင်း စင်ကြယ်သည်။] ဒကာ ဒကာမတို့ လှူချင် ဒါန်းချင်အောင် သစ်သီး
ပေးမှု၊ ပန်းပေးမှု၊ ချော့မော့ ဖြားယောင်းမှု စသည်ကို ရှောင်ကြဉ်၍ စင်
ကြယ်စွာ ရအပ်သော ပစ္စည်းများကိုသာ ခံယူသုံးစွဲလျှင် ဤ သီလ လုံခြုံ၏။
ပစ္စယသန္နိဿိတသီလ — [ပစ္စယ = ပစ္စည်း + သန္နိဿိတ = မှီ၍ဖြစ်
သော] "ဆွမ်း သင်္ကန်း ကျောင်း ဆေး" ပစ္စည်းလေးပါး၌ မှီ၍ဖြစ်သော
သီလကို "ပစ္စယသန္နိဿိတသီလ" ဟု ခေါ်သည်။
[ဆောင်] "အသက်ရှည်ကြာ ဘေးရောဂါတို့၊ ကိုယ်မှာ မကပ်၊ ပရိယတ်
နှင့်၊ ပဋိပတ်ရေး၊ မြော်ထောက်တွေး၍၊ ဤဆေး – ဤဆွမ်း
သင်္ကန်းနှင့်၊ ရွှင်လမ်းဘွယ်ကောင်း၊ ဤစံကျောင်းကို၊ မှီအောင်း
သုံးစွဲပါသတည်း"....ဟု ပစ္စည်းလေးပါးကို သုံးစွဲရသဖြင့် ရသင့်သော
အကျိုးများကို ဆင်ခြင်၍ သုံးစွဲလျှင် ဤ သီလ လုံခြုံ၏။
## Trang 297
၂။ ဥပစာရသမာဓိ၎င်း၊ အပ္ပနာသမာဓိ၎င်း၊ ဣတိ-ဤသို့၊
ဒွေပိ-နှစ်ပါးအပြားရှိသည်လည်း ဖြစ်သော၊ သမာဓိသည်၊ စိတ္တ
ဝိသုဒ္ဓိနာမ-စိတ္တဝိသုဒ္ဓိ မည်၏။
၃။ လက္ခဏရသပစ္စုပဋ္ဌာနပဒဋ္ဌာန-လက္ခဏ၊
ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်တို့၏အစွမ်းဖြင့်၊ နာမရူပပရိဂ္ဂဟော-
နာမ် ရုပ် တို့ကို ပိုင်းခြား၍ ယူနိုင်ခြင်းသည်၊ ဒိဋ္ဌိဝိသုဒ္ဓိနာမ-
ဒိဋ္ဌိဝိသုဒ္ဓိ မည်၏၊
၄။ စ-အဘို့တစ်ပါးကား၊ တေသံယေဝ နာမရူပါနံ-ထို
နာမ် ရုပ် တို့၏ပင်လျှင်၊ ပစ္စယပရိဂ္ဂဟော-အကြောင်းကို
ပိုင်းခြား၍ ယူနိုင်ခြင်းသည်၊ ကင်္ခါဝိတရဏဝိသုဒ္ဓိနာမ-
ကင်္ခါဝိတရဏဝိသုဒ္ဓိ မည်၏။
၂။ စိတ္တဝိသုဒ္ဓိ — သမထကမ္မဋ္ဌာန်းတုန်းက ပြခဲ့သော ဥပစာရဘာဝနာကို
"ဥပစာရသမာဓိ" ဟု ခေါ်၍၊ အပ္ပနာဘာဝနာကို "အပ္ပနာသမာဓိ" ဟု
ခေါ်သည်၊ ထို ဘာဝနာခဏ်းသို့ ရောက်သော စိတ်အစဉ်သည် နီဝရဏ
ကိလေသာ အနောက်အကျုတို့ အနယ်ကျသဖြင့် လွန်စွာ ကြည်လင်ရကား
"စိတ္တဝိသုဒ္ဓိ" မည်၏။
၃။ ဒိဋ္ဌိဝိသုဒ္ဓိ --- [ဒိဋ္ဌိ = သိမြင်မှု (ဉာဏ်ပညာ အယူ)] နာမ် ရုပ်
တရားတို့ကို လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်အားဖြင့် ဆင်ခြင် ကြည့်
ရှုလျှင် အတ္တဟု စွဲလမ်းသော မိစ္ဆာအယူမှ စင်ကြယ်ရကား သန့်ရှင်းသော
အသိဉာဏ် (အသိမှန်) ဖြစ်ပေါ်လာသည်၊ ထို ဉာဏ်ကို "ဒိဋ္ဌိဝိသုဒ္ဓိ"ဟု
ခေါ်သည်၊ [လက္ခဏ ရသ စသည်ကို ဘာသာဋီကာမှာ ရှု။]
၄။ ကင်္ခါဝိတရဏဝိသုဒ္ဓိ --- [ကင်္ခါ = ယုံမှားသံသယ + ဝိတရဏ =
လွန်မြောက်ကြောင်းတရား] "ငါသည် ရှေးက ဖြစ်မှ ဖြစ်ခဲ့ဘူးလေသလား၊
အလုံးစုံကို အကုန် သိနိုင်သော ဘုရားရှင် ဟူသည် ရှိမှရှိနိုင်ပါ့မည်လား"
စသော ယုံမှားသံသယမှ လွန်မြောက်ကြောင်းဖြစ်သော ဉာဏ်ကို "ကင်္ခါ
ဝိတရဏဝိသုဒ္ဓိ"ဟု ခေါ်သည်၊ ထို ဉာဏ်မျိုး ပေါ်ပေါက်လာအောင် ယခင်
နာမ် ရုပ် တရားတို့၏ အကြောင်းရင်းဖြစ်သော – ကံ စိတ် ဥတု အာဟာရ
စသည်ကို ပိုင်းခြား၍ ယူရ-ဆင်ခြင်ရမည်။
လေ့ကျင့်ခဏ်း မေးခွန်းများ
က။ အဘယ်တရားကို "ဝိသုဒ္ဓိ" ဟု ခေါ်သနည်း၊ သရုပ် ရေတွက်ပါ။
ခ။ အဘယ်တရားကို "လက္ခဏ" ဟုခေါ်သနည်း၊ သရုပ် ရေတွက်ပါ။
ဂ။ အဘယ်တရားကို "အနုပဿနာ" ဟုခေါ်သနည်း၊ သရုပ် ရေတွက်ပါ။
ဃ။ ဝိပဿနာဉာဏ် ၁၀ ပါးကို သရုပ် ရေတွက်ပါ။
င။ အဘယ်တရားကို "ဝိမောက္ခ" ဟု ခေါ်သနည်း၊ သရုပ် ရေတွက်ပြပါ။
စ။ အဘယ်တရားကို "ဝိမောက္ခမုခ" ဟုခေါ်သနည်း၊ သရုပ် ရေတွက်ပြပါ။
ဆ။ အဘယ် သီလများကို "စတုပါရိသုဒ္ဓိသီလ" ဟု ခေါ်သနည်း။
ဇ။ အဘယ်ကို "စိတ္တဝိသုဒ္ဓိ" ဟု ခေါ်သနည်း၊ သင်္ဂြိုဟ်ထောက်ပါ။
ဈ။ အဘယ်ကို "ဒိဋ္ဌိဝိသုဒ္ဓိ" ဟု ခေါ်သနည်း၊ သင်္ဂြိုဟ်ထောက်ပါ။
ည။ အဘယ်တရားကို "ကင်္ခါဝိတရဏဝိသုဒ္ဓိ" ဟု ခေါ်သနည်း။
နိဿယနှင့်အဓိပ္ပါယ်
၅၀၉
## Trang 298
၅။ ပန-အဘို့တစ်ပါးကား၊ တတော-ထို ကင်္ခါဝိတရဏ
ဝိသုဒ္ဓိမှ၊ ပရံ-နောက်၌၊ တထာ-ထို ဆိုအပ်ခဲ့ပြီးသော အခြင်း
အရာဖြင့်၊ ပရိဂ္ဂဟိတေသု-ပိုင်းခြား၍ ယူအပ်ကုန်ပြီးသော၊
သပစ္စယေသု-အကြောင်းနှင့်တကွဖြစ်ကုန်သော၊ အတီတာဒိ
ဘေဒဘိန္နေသု-အတိတ် အစရှိသော အပြားအားဖြင့် ပြား
ကုန်သော၊ တေဘူမကသင်္ခါရေသု-တေဘူမကသင်္ခါရတို့၌၊
ခန္ဓာဒိနယံ-ခန္ဓာ အစရှိသော နည်းကို၊ အာရဗ္ဘ-အစွဲပြု၍၊
ကလာပဝသေန-အပေါင်း၏ အစွမ်းဖြင့်၊ သံခိပိတွာ-ချုံး၍၊
ခယဋ္ဌေန-ကုန်ခမ်းခြင်း အနက်သဘောကြောင့်၊ အနိစ္စ-
၅။ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ — [မဂ္ဂ = လမ်းမှန် + အမဂ္ဂ =
လမ်းမှန်မဟုတ်ဟု + ဉာဏ = သိခြင်း + ဒဿန = (မျက်စိဖြင့် မြင်ရသကဲ့သို့)
ဉာဏ်ဖြင့် ထင်ရှားစွာ မြင်ခြင်း + ဝိသုဒ္ဓိ = စင်ကြယ်သည်။] ဤ ဝိသုဒ္ဓိစခန်းသို့
ရောက်လျှင် ယောဂီပုဂ္ဂိုလ်၏ သန္တာန်၌ ရှေးရှေးက မဖြစ်ဘူးသော ကိုယ်ရောင်
ကိုယ်ဝါ၊ လွန်စွာ နှစ်သက်မှု ပီတိစသော ၁၀ မျိုးသော တရား ဖြစ်ပေါ်
လာတတ်၏၊ ထိုအခါ၌ ကိုယ်ရောင် ကိုယ်ဝါ စသည်ကို စွဲလမ်း နှစ်သက်၍
မဂ်ဖိုလ် ရပြီဟု ထင်မှတ်နေလျှင် ဝိပဿနာ လမ်းစဉ် လွှဲလေတော့၏၊ ထို
ကိုယ်ရောင် ကိုယ်ဝါ စသည်၌ စွဲလမ်းနှစ်သက်မှုကို ပယ်ရှား၍ ဝိပဿနာကို
ဆက်လက် အားထုတ်သွားမှသာ လမ်းမှန်ကျသည်။
ဤသို့ ကိုယ်ရောင် ကိုယ်ဝါ စသည်ကို မစွဲလမ်းမနှစ်သက်ဘဲ ဝိပဿနာကို
ဆက်လက် အားထုတ်မှုသည်သာ မဂ်ဖိုလ် ရကြောင်း လမ်းကောင်း လမ်းမှန်
(မဂ္ဂ)တည်း၊ ကိုယ်ရောင် ကိုယ်ဝါ စသည်ကို နှစ်သက်နေမှုကား မဂ်ဖိုလ်
ရဘို့ရန် လမ်းမှန်မဟုတ် (အမဂ္ဂ)တည်းဟု သိမြင်တတ်သော ဉာဏ်သည်
မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ မည်၏။
သမ္မသနဉာဏ်။ [သံ = ကောင်းစွာ + မသန = သုံးသပ်သည်။]
နာမ်ရုပ် တရားများကို အနိစ္စ ဒုက္ခ အနတ္တဟု သုံးသပ်တတ်သော ဉာဏ်ကို
"သမ္မသနဉာဏ်" ဟု ခေါ်သည်၊ ထို ဉာဏ်ဖြစ်ပုံကို ယခု ပြတော့လတ္တံ့၊
"သုံးသပ်" ဟူရာ၌ "လက်ဖြင့် ကိုင်တွယ် သုံးသပ်သည်" ဟု မမှတ်လင့်၊
စိတ်ဖြင့် အာရုံပြုခြင်းကို "သုံးသပ်" ဟု ခေါ်သည်။
တတောပရံ ပန တထာပရိဂ္ဂဟိတေသု သပ္ပစ္စယေသု — ဒိဋ္ဌိဝိသုဒ္ဓိဖြင့်
နာမ်ရုပ် တရားကို ပိုင်းခြားခဲ့ပြီ၊ ကင်္ခါဝိတရဏဝိသုဒ္ဓိဖြင့် နာမ် ရုပ် တို့၏
အကြောင်းကို ပိုင်းခြားခဲ့ပြီ၊ ထို ဝိသုဒ္ဓိ ၂ ပါးဖြင့် ပိုင်းခြားအပ်ပြီးသည်ကို
ရည်ရွယ်၍ "တထာပရိဂ္ဂဟိတေသု သပစ္စယေသု" ဟု မိန့်သည်။
တေဘူမကသင်္ခါရေသု — စိတ် စေတသိက် ရုပ် ဟူသမျှ – သင်္ခါရ
မည်သည်ချည်းတည်း၊ သို့သော် အနိစ္စ ဒုက္ခ အနတ္တဟု ဝိပဿနာရှုသည်
အခါ လောကုတ္တရာ တရားတို့ကို မရှုနိုင်၊ မိမိတို့တွေ့ကြုံဆဲဖြစ်သော တေဘူ
မက(ဘုံသုံးပါး၌ ဖြစ်သော လောကီနာမ်ရုပ်) သင်္ခါရ တရားတို့ကိုသာ
ရှုနိုင်သည်၊ ထို့ကြောင့် "တေဘူမကသင်္ခါရေသု" ဟု မိန့်ရပြန်သည်။
အတီတာဒိဘေဒဘိန္နေသု — အတီတာဒိ၌ အာဒိဖြင့် ( သမုစ္စည်းပိုင်း
ဘေဒါဘာဝေန-အရ၌ ဖွင့်ပြခဲ့သော ) အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ
ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိကတို့ကို ယူ၊ အတိတ်ရုပ် အနာဂတ်
ရုပ် ပစ္စုပ္ပန်ရုပ် အဇ္ဈတ္တရုပ် စသောအားဖြင့် ၁၁ ပါး ကွဲပြားကောင်းသော
သင်္ခါရတရားများ ဟူလို။
ခန္ဓာဒိနယမာရဗ္ဘ — ၍ စကားကား သမ္ဘိဒါမဂ် ပါဠိတော်၌
လာသောနည်းကို ညွှန်းပြသော စကားတည်း၊ [ဤ "ခန္ဓာဒိနယမာရဗ္ဘ"ကို
"ကလာပဝသေန သံခိပိတွာ"၌ စပ်။] ခန္ဓာ-အရ မှတ်နှင့်ရန်........
နိဿယနှင့်အဓိပ္ပါယ်
၅၀၇
## Trang 299
အနိစ္စံ-အနိစ္စတည်း၊ ဘယဋ္ဌေန-ကြောက်ဘွယ်ခမန်း ဘေးဘျမ်း
ဟူသော အနက်သဘောကြောင့်၊ ဒုက္ခံ-ဒုက္ခတည်း၊ အသာ
ရကဋ္ဌေန-အနှစ်သာရ မရှိသည်၏အဖြစ် ဟူသော အနက်
သဘောကြောင့်၊ အနတ္တာ-အတ္တမဟုတ်၊ ဣတိ-ဤသို့၎င်း၊
[ဆောင်] ဒွါရခြောက်ဖုံ၊ အာရုံခြောက်တန်၊ ဝိညာဏ်ခြောက်ဝ၊ ဖဿ
ခြောက်ထွေ၊ ဝေဒနာခြောက်၊ သညာခြောက်နှင့်၊ ခြောက်
စေတနာ၊ ခြောက်တဏှာစွက်၊ ဝိတက်ဝိစာ၊ ခြေခံစီသာတည်း၊
ဓာတ်လည်း ခြောက်ပိုင်း၊ ကသိုဏ်းဆယ်ဖြာ၊ ဒွတ္တိံသာမျှ၊
ကောဋ္ဌာသနှင့်၊ အာယတန-ဓာတု၊ အကုန်ရှလေ၊ ဣန္ဒြေမှ၊
လောကီဟူ၏၊ ကာ-ရူ-အရွ၊ ဓာတ်သုံးဆူတိုး၊ ဘဝကိုးတန်၊
ရူပဈာန်ပြင်၊ အပ္ပမည၊ အရူပနှင့်၊ ပဋိစ္စသမုပ္ပါဒ်၊ ဆယ့်နှစ်ရပ်စု
အာဒိပြသည်......စေ့ငုကုန်စင် မကြွင်းတည်း။
ကလာပဝသေန သံခိပိတွာ — [၍ သံခိပိတွာကို "သမ္မသန္တဿ" ၌
စပ်၊] ထို ခန္ဓာစသော နည်းကို စွဲ၍ တေဘူမကသင်္ခါရတို့၌ (အစိတ်အစိတ်
မသုံးသပ်ဘဲ) တစ်ပေါင်းတည်း ချုံးပြီးလျှင် အကျဉ်းဆုံး နည်းအားဖြင့် သုံး
သပ်-ဟူလို၊ ဤ နည်းကို "ကလာပသမ္မသနနည်း" ဟု ခေါ်၏၊ ဝိပဿနာ
အလုပ်ကို အားထုတ်သူသည် ရှေးဦးစွာ ဤနည်းဖြင့် အားထုတ်ရမည်၊
ဤ နည်းကား အလွယ်ဆုံးတည်း။
အနိစ္စံ ခယဋ္ဌေန၊ ပေ၊ အသာရကဋ္ဌေနာတိ — ကား သုံးသပ်ပုံအခြင်း
အရာကို ပြသော စကားတည်း၊ ဤ စကားစဉ်အရ – ကလာပသမ္မသနနည်း
ဖြင့် ပွားများပုံကား...... ၁ – သဗ္ဗေ ရူပံ အနိစ္စံ ခယဋ္ဌေန၊ ဒုက္ခံ ဘယဋ္ဌေန၊
အနတ္တာ အသာရကဋ္ဌေန၊ ၂ – သဗ္ဗာ ဝေဒနာ အနိစ္စာ ခယဋ္ဌေန၊ ဒုက္ခာ
ဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌေန၊ ၃ – သဗ္ဗာ သညာ အနိစ္စာ ခယဋ္ဌေန
....... အသာရကဋ္ဌေန၊ ၄ – သဗ္ဗေ သင်္ခါရာ အနိစ္စာ ခယဋ္ဌေန...
အသာရကဋ္ဌေန၊ ၅ – သဗ္ဗံ ဝိညာဏံ အနိစ္စံ ခယဋ္ဌေန၊ ဒုက္ခံ ဘယဋ္ဌေန၊
အနတ္တာ အသာရကဋ္ဌေန။
[သဗ္ဗေ ရူပံ-အလုံးစုံသော ရူပက္ခန္ဓာသည်၊ ခယဋ္ဌေန-စသည်ကို အနက်
ကြည့်၍ ဆို၊ ဤ၌ "သဗ္ဗေ ရူပံ" ဟူသည် အတိတ် အနာဂတ် စသော ၁၁ ပါး
အပြားအားဖြင့် ပြားသော ရုပ်အားလုံးတည်း၊ ဝေဒနာက္ခန္ဓာစသည်၌လည်း
ဤနည်းပင်၊ ဒွါရခြောက်ဖုံ၊ အာရုံခြောက်တန် စသည်ကိုလည်း ပွားများရာ၏။]
အဒ္ဓါနဝသေန သန္တတိဝသေန ခဏဝသေနဝါ — စကားလည်း
သမ္မသနနည်း အမျိုးမျိုးကို ပြသော စကားပင်တည်း၊ အဒ္ဓါနသမ္မသနနည်း၊
သန္တတိသမ္မသနနည်း၊ ခဏသမ္မသနနည်းတို့ဖြင့်လည်း သုံးသပ် ပွားများရမည်
ဟူလို။ ထိုတွင်......
အဒ္ဓါနသမ္မသနနည်း။ ။အဒ္ဓါနသဒ္ဒါသည် ပစ္စည်းပိုင်းလာ "အတီ
တောအဒ္ဓါ" ကဲ့သို့ ဘဝကာလကို ဟော၏၊ ထို့ကြောင့် ရုပ် နာမ် တရား
များကို အတိတ်ဘဝ ပစ္စုပ္ပန်ဘဝ အနာဂတ်ဘဝ ပိုင်းခြား၍ သုံးသပ်
ပွားများမှုကို အဒ္ဓါနသမ္မသနနည်းဟု မှတ်။
မြန်မာလို ပွားများဟန်ကား...."အတိတ်ဘဝ၌ ဖြစ်သော ရူပက္ခန္ဓာသည်
ထို အတိတ်ဘဝ၌ပင် ချုပ်လေပြီ၊ ပစ္စုပ္ပန်ဘဝသို့ မရောက်နိုင်၊ ဤသို့
ကုန်ခမ်းခြင်းသဘောရှိ၍ အနိစ္စ၊ ကြောက်မက်ဘွယ် ဖြစ်သောကြောင့် ဒုက္ခ၊
အနှစ်သာရ မရှိသောကြောင့် အနတ္တ တရားချည်းပါတကား" ဤသို့ စသည်
ဖြင့် ပွားများရာ၏၊ အဒ္ဓါနသမ္မသနနည်းသည် ကလာပသမ္မသနနည်းထက်
သိမ်မွေ့၏၊ ထို့ကြောင့် ကလာပသမ္မသနနည်းဖြင့် အတော်အသားကျပြီးမှ
ဤနည်းဖြင့် ပွားများဘို့ရန် ဆက်လက်ပြထားသည်။
နိဿယနှင့်အဓိပ္ပါယ်
၅၀၇
## Trang 300
၎င်း၊ သမ္မသနဉာဏေန-သမ္မသနဉာဏ်ဖြင့်၊ လက္ခဏတ္တ
ယံ-လက္ခဏာယာဉ် သုံးပါးအပေါင်းကို၊ သမ္မသန္တဿ-သုံး
သပ်သူလည်း ဖြစ်သော၊ တေသွေ-ထို တေဘူမကသင်္ခါရ
တို့၌ပင်၊ ပစ္စယဝသေန-အကြောင်းနှင့် စပ်သဖြင့်၎င်း၊ ခဏ
ဝသေန-ခဏနှင့် စပ်သဖြင့်၎င်း၊ ဥဒယဗ္ဗယဉာဏေန-
သန္တတိသမ္မသနနည်း။ ။ရုပ် နာမ် တို့၏ သဘောတူသော အစဉ်
အဟန်းကို "သန္တတိ" ဟု ခေါ်၏၊ ဥပမာ − နေပူမှာနေခိုက် ပူသော ရုပ်
အစဉ်သည် သန္တတိတစ်ခုတည်း၊ အရိပ်သို့ရောက်၍ အအေးရုပ် ပေါ်ပေါက်
သည့်အခါ သန္တတိတစ်မျိုး ပြောင်းလေ၊ စသည်ဖြင့် သန္တတိအကျယ်ကို
ဘာသာဋီကာမှာရှု၊ ပွားများပုံကား အပူရုပ်အစဉ်သည် အအေးရုပ်
အစဉ်သို့ မရောက်၊ ဤသို့ ကုန်ခမ်းခြင်း သဘောရှိ၍ အနိစ္စ၊ စသည်တို့တည်း၊
ဤ သန္တတိသမ္မသနနည်းသည် တစ်ဘဝတည်းမှာပင် အစဉ်အမျိုးမျိုး ခွဲ၍
ပွားများရသောကြောင့် အဒ္ဓါနသမ္မသနနည်းထက် သိမ်မွေ့သဖြင့် အဒ္ဓါန
သမ္မသန၏အခြားမဲ့၌ ဆက်လက်ပွားဘို့ရန် ပြထားသည်။
ခဏသမ္မသနနည်း။ ။ရုပ် နာမ် တို့၏ ခဏအားဖြင့် သုံးသပ် ပွားများ
မှုကို "ခဏသမ္မသနနည်း" ဟု ခေါ်သည်၊ ပွားများဟန်ကား "အတိတ်
ခဏ၌ဖြစ်သော ရူပက္ခန္ဓာသည် အတိတ်ခဏ၌ ချုပ်လေပြီ၊ ပစ္စုပ္ပန်ခဏသို့
မရောက်၊ ကုန်ခမ်းခြင်း အနက်သဘောကြောင့် အနိစ္စ" စသည်ဖြင့်၎င်း၊
"အတီတတွင်္ဂခဏ၌ ဖြစ်သော စိတ် စေတသိက်(နာမ်ခန္ဓာ ၄ ပါး) သည်
အတီတတွင်္ဂခဏ၌ ချုပ်လေပြီ၊ ဘဝင်္ဂစလနခဏသို့ မရောက်" စသည်ဖြင့်၎င်း
ရုပ်ဝီထိ နာမ်ဝီထိ အစဉ်အတိုင်း သုံးသပ်ပွားများရမည်၊ ဤ ခဏသမ္မသန
နည်းကား အစွမ်းကုန် သိမ်မွေ့သော နည်းတည်း၊ ထို့ကြောင့် သန္တတိ
နည်းဖြင့် အသားကျပြီးမှ ဆက်လက် သုံးသပ်ဘို့ရန် ပြထားသည်။
နိဿယနှင့်အဓိပ္ပါယ်
၅၀၉
ဥဒယဗ္ဗယဉာဏ်ဖြင့်၊ ဥဒယဗ္ဗယံ-အဖြစ်အပျက်ကို၊ သမနု
ပဿန္တဿ-အထပ်ထပ် ရှုသူလည်းဖြစ်သော (ယောဂေါ-
ယောဂီပုဂ္ဂိုလ်၏ သန္တာန်၌).....
သမ္မသနဉာဏေန လက္ခဏတ္တယံ သမ္မသန္တဿ — ကလာပသမ္မသန
စသည်ဖြင့် ပွားများသောစိတ်၌ ဉာဏ်ပညာယှဉ်လျက်ရှိ၏၊ ထိုဉာဏ်ကို
သမ္မသနဉာဏ်ဟု ခေါ်သည်၊ ပြခဲ့ပြီးသည့်အတိုင်း ထိုဉာဏ်ဖြင့် တေဘူမက
သင်္ခါရတို့၌ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာ ထင်မြင်အောင် ဆင်ခြင် သုံးသပ်
ရမည်-ဟူလို။
ဥဒယဗ္ဗယဉာဏ်။ [ဥဒယ = ဖြစ်ခြင်း(ဥပါဒ်) + ဗ္ဗယ = ပျက်ခြင်း
(ဘင်) (ဗ ကို ဗျည်းတစ်လုံးထည်းဆင့်)] ရုပ်နာမ်တို့၏ ဥပါဒ်နှင့် ဘင်ကို
ထင်မြင်အောင် ရှုတတ်သော ဉာဏ်သည် ဥဒယဗ္ဗယဉာဏ် မည်၏။
တေသွေ ပစ္စယဝသေန — ၎င်းကို "သမနုပဿန္တဿ" ၌စပ်၊ ဆိုခဲ့ပြီး
သော နည်းများအရ ပွားများဘန်များသဖြင့် သမ္မသနဉာဏ် ရင့်သန်ပြီးသော
ယောဂီသည် ထို နာမ် ရုပ်တို့ကိုပင် အကြောင်းတရားနှင့် စပ်၍ အထပ်ထပ်
သုံးသပ်ရမည်၊ ပစ္စယ-အရ အကြောင်းတို့ကား........
[ဆောင်] အဝိဇ်-တဏှာ၊ ကံ-အာဟာ၊ ဖဿာ-နာမ်ရုပ်များ၊
ပစ္စယ၊ အကြောင်းစု၊ ခေါ်မှ မြဲမှတ်သား။
ထိုတွင် ရုပ်တရား၏ အကြောင်းကား အဝိဇ္ဇာ တဏှာ ကံ အာဟာရ
တို့တည်း၊ စေတသိက် နာမ်တရားတို့၏ အကြောင်းကား.. အဝိဇ္ဇာ တဏှာ
ကံ ဖဿတို့တည်း၊ စိတ် နာမ်တရားတို့၏ အကြောင်းကား.. အဝိဇ္ဇာ တဏှာ
ကံ နာမရူပတို့တည်း၊ [သုံးသပ် ပွားများပုံကို ဘာသာဋီကာမှာရှု၊] ဤသို့
အကြောင်းနှင့် ဆက်သွယ်၍ သုံးသပ် ပွားများမှုကို အခေါ်ရလွယ်အောင်
"ပစ္စယသမနုပဿနာနည်း" ဟု ခေါ်ကြစို့။
## Trang 301
ဩဘာသော-ကိုယ်ရောင် ကိုယ်ဝါ၎င်း၊ ပီတိ – နှစ်သက်
ခြင်း၎င်း၊ ပဿဒ္ဓိ - ကိုယ်စိတ်နှစ်ပါး၏ ငြိမ်းခြင်း၎င်း၊ အဓိ
မောက္ခော-သက်ဝင် ယုံကြည်သော သဒ္ဓါ၎င်း၊ ပဂ္ဂဟော-
စိတ်ကို ချီးမြှောက်တတ်သော ဝီရိယ၎င်း၊ သုခံ - သုခဝေဒနာ
၎င်း၊ ဉာဏံ - ထက်မြက်လျင်မြန် အမြင်သန်သော ဝိပဿနာ
ဉာဏ်၎င်း၊ ဥပဋ္ဌာနံ - အာရုံ၌ စွဲမြဲစွာတည်သော သတိ၎င်း၊
ဥပေက္ခာစ - တတြ မဇ္ဈတ္တုပေက္ခာ, အာဝဇ္ဇနုပေက္ခာ ၎င်း၊
နိကန္တိစ - ဝိပဿနာကို နှစ်သက်မှု နူးညံ့သော တဏှာ၎င်း၊
ဣတိ-သို့၊ ဩဘာသာဒိ ဝိပဿနုပက္ကိလေသ ပရိဗန္ဓ ပရိဂ္ဂဟ
ဝသေန – ဩဘာသ အစရှိသော ဝိပဿနာ၏ ညစ်ညူး
ကြောင်း ဘေးရန်ကို ပိုင်းခြား၍ ယူခြင်း၏ အစွမ်းဖြင့်၊ မဂ္ဂါ
မဂ္ဂလက္ခဏာဝဝတ္ထာနံ - ဝိပဿနာ၏ လမ်းမှန် လမ်းမမှန်
လက္ခဏာကို ပိုင်းခြား သတ်မှတ် ဆုံးဖြတ်တတ်သော ဉာဏ်
သည်၊ မဂ္ဂါမဂ္ဂဉာဏဒဿန ဝိသုဒ္ဓိ နာမ – မဂ္ဂါမဂ္ဂ ဉာဏ
ဒဿနဝိသုဒ္ဓိ မည်၏။
ခဏဝသေန— ဥပါဒ်ခဏ ဘင်ခဏကို – ခဏ
ခဏ ဘင်ခဏကို “ ခဏ ” ဟု မှတ်] ဤသို့
အကြောင်းနှင့် တွဲဘက်၍ နာမ်ရုပ်
တို့၏ အဖြစ်အပျက်ကို ရှုပွားများလျှင်
ဥပါဒ်ခဏ ဘင်ခဏအားဖြင့် အဖြစ်အပျက်တွေ အလိုလို ထင်လာလေ၏၊
ထိုအခါ အကြောင်းကို မစဉ်းစားတော့ဘဲ ဥပါဒ်ခဏ ဘင်ခဏကိုသာ သတိ
ထား၍ ဤ ခဏသမနုပဿနာနည်းဖြင့် ကြိုးစား ပွားများလေသော်, အဖြစ်
အပျက်တွေ အလွန်ထင်ရှားသည့်အတွက် စိတ်အားတက်ကြွ၍ စိတ် အလွန်
ကြည်လင်ရကား, ဥဒယဗ္ဗယဉာဏ်အဆုံးမသတ် လမ်းခုလတ်မှာပင် ဩဘာသ
စသော ဥပက္ကိလေသ ဘေးရန်နှင့် အမှန် တွေ့ရတတ်လေသည်။
၁။ ဝိပဿနုပက္ကိလေသ ၁ဝ ပါး
၁။ ဩဘာသ— [ ကိုယ်ရောင် ကိုယ်ဝါ၊ ] စိတ်ဓာတ်၏ ကြည်လင်မှု
ကြောင့် ကိုယ်မှ အရောင် အဝါတို့သည် စိတ်အစွမ်းအားလျော်စွာ အချို့ မိမိ
ထက်ဝန်းကျင် အနားတွင် ၎င်း, အချို့ တစ်ခမ်းလုံးလင်းအောင် ၎င်း, အချို့
တစ်ကျောင်းလုံး တစ်တိုက်လုံး တစ်နယ်လုံးမှစ၍ စကြာဝဠာတစ်ခုလုံး လင်းအောင်
၎င်း ထွက်ကုန်၏။
၂။ ပီတိ---ဝိပဿနာဉာဏ်နှင့် ယှဉ်သော ပီတိ စေတသိက်၊ ဤ ပီတိ
အတွက် ယောဂီပုဂ္ဂိုလ်သည် အလွန်နှစ်သက် မွေ့လျော်၏။
၃။ ပဿဒ္ဓိ — ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိ စေတသိက်၊ ဤ ပဿဒ္ဓိတို့
အတွက် ယောဂီပုဂ္ဂိုလ်၏ ကိုယ် စိတ် ၂ ပါးသည် ထူးထူး ခြားခြား ငြိမ်
သက်လေတော့၏၊[ ပဿဒ္ဓိသာမက, လဟုတာ မုဒုတာ ကမ္မညတာ ပါဂုညတာ
ဥဇုကတာ စေတသိက် များလည်း ထူးထူး ခြားခြား ဖြစ်ပေါ် လာ
ကြသည်။
၄။ အဓိမောက္ခ—[သဒ္ဓါစေတသိက်၊] ကမ္မဋ္ဌာန်းအာရုံ၌ စူးစိုက်စွာ
သက်ဝင်ယုံကြည်သော သဒ္ဓါတရားလည်း ဖြစ်ပေါ်လာ၏။
၅။ ပဂ္ဂဟ—[ဝီရိယ၊ ဝိပဿနာ စိတ်ဓာတ်ကို နောက်မဆုတ်နိုင်အောင်
အားပေး ချီးမြှောက်တတ်သော ဝီရိယလည်း ဖြစ်ပေါ်လာ၏။
၆။ သုခ—[သုခဝေဒနာ၊ ] မွန်မြတ်သော စိတ္တဇရုပ်တို့ဖြင့် တစ်ကိုယ်လုံး
ထုံမွှမ်း၍ ချမ်းမြစေသော သုခဝေဒနာလည်း ဖြစ်ပေါ်လာ၏။
၇။ ဉာဏ— [ဝိပဿနာဉာဏ်၊] ဝဇီရစိန်လက်နက် မိုဃ်းကြိုးစက်သို့
သွက်လက် လျင်မြန် အမြင်သန်သော ဝိပဿနာဉာဏ်လည်း ဖြစ်ပေါ်လာ၏၊
ထိုဉာဏ်ကြောင့် သင်္ခါရတို့၌ ရှုလိုက်တိုင်း ရှုလိုက်တိုင်း အဖြစ် အပျက်ကို
ကွက်ကွက်ကွင်းကွင်း ရှင်းလင်းစွာ သိမြင်လေ၏။
၈။ ဥပဋ္ဌာန – [ သတိစေတသိက်၊ ] ကမ္မဋ္ဌာန်းအာရုံ၌ စွဲမြဲစွာ
တည်သော သတိတရားလည်း ဖြစ်ပေါ်လာ၏။
၉။ ဥပေက္ခာ--- [တတြမဇ္ဈတ္တုပေက္ခာ, အာဝဇ္ဇနုပေက္ခာ ၂ မျိုး၊]
ဖြစ်မှု ပျက်မှု (ဥဒယဗ္ဗယ) သဘောတွေ အလွန် ထင်နေလေရကား, မထင်
ထင်အောင် ရှုဘို့ရာ ဗျာပါရ မများတော့ဘဲ, အသင့်အားဖြင့် ရှုစားတတ်
သော တတြမဇ္ဈတ္တတာ စေတသိက်ကို“ တတြမဇ္ဈတ္တုပေက္ခာ ” ဟု ခေါ်၏၊
ဖြစ်မှ ပျက်မှုကို ဆင်ခြင်သည့်အခါ အလွန် လျင်မြန်စွာ ဆင်ခြင်နိုင်သော
အာဝဇ္ဇန်းနှင့် ယှဉ်သော စေတနာကို “အာဝဇ္ဇနုပေက္ခာ”ဟု ခေါ်၏၊ [ပီတိ-
မှ စ၍ ဤ ဥပေက္ခာ တိုင်အောင်သော တရားတို့ကား ဝိပဿနာဉာဏ်၏
ယှဉ်ဘက် စေတသိက်များတည်း။]
## Trang 302
၁၀။ နိကန္တိ— [သိမ်မွေ့သောတဏှာ၊ ] ထို ဩဘာသ စသည့်ဖြင့်
တန်ဆာ ဆင်အပ်သော ဝိပဿနာဉာဏ်ကို နှစ်သက်နေမှု တဏှာလည်း
ဖြစ်ပေါ်လာ၏၊ ထို တဏှာသည် အလွန် သိမ်မွေ့ရကား တဏှာမှန်းပင်
မသိသာချေ, ဝိပဿနာ၌ မွေ့လျော်မှု ( ဝိပဿနာရတိ ) ဟုသာ ယောဂီ
ပုဂ္ဂိုလ်က မှတ်ထင်နေသည်။
[ ဩဘာသာဒိ ဝိပဿနုပက္ကိလေသ ပရိဗန္ဓပရိဂ္ဂဟ—ဝိပဿ
နာ – ဝိပဿနာဉာဏ် + ဥပက္ကိလေသ = ညစ်နွမ်းကြောင်း ဖြစ်သော
ပရိဗန္ဓ =ဘေးရန်များ၊ ] ဆိုခဲ့ပြီးသော ဩဘာသစသည့် ၁ဝ ပါးကို ဝိပဿ
နာဉာဏ်၏ ညစ်နွမ်းကြောင်း ဖြစ်သော ဘေးရန်အန္တရာယ်များဟု ဆိုသည်၊
ထိုတွင် ဩဘာသ စသော ၉ ပါးကား အကုသိုလ် မဖြစ်၍ ဘေးရန် အစစ်
မဟုတ်၊ နိကန္တိ တစ်ခုသာ ဘေးရန်အစစ် တည်း၊ သို့သော် ဩဘာသစသည့်
တို့ ဖြစ်ပေါ်လာသည့်အခါ ပရိယတ်၌ မကျွမ်းကျင်သော အချို့ ယောဂီ၌
“ငါ့မှာ ရှေးအခါက ဤကိုယ်ရောင် ကိုယ်ဝါမျိုး မထွက်ဘူးချေ, အရောင်
အဝါကို ဖြစ်စေနိုင်သော စိတ်သည် မဂ်စိတ် ဖိုလ်စိတ်ပင် ဖြစ်၏ , ငါသည်
မဂ်ဖိုလ်ကို ရပြီ” ဟု၎င်း, …… “ ငါ့မှာ ရှေးက ဤကဲ့သို့ ပီတိပဿဒ္ဓိ စသည်
တို့ မဖြစ်ဘူးချေ, ငါသည် မဂ်ဖိုလ်ကို ရပြီ” ဟု၎င်း........ဤသို့ အထင်ကြီးကာ
ဝိပဿနာ လမ်းလွဲ၍ သာယာမှု ( တဏှာ ), အထင်ကြီးမှု (မာန), ငါဟု
စွဲလမ်းမှု ( ဒိဋ္ဌိ ) တို့ ဖြစ်လေကုန်၏၊ ထို တဏှာ မာန ဒိဋ္ဌိတို့ကား ဝိပဿ
နာကို ညစ်နွမ်းစေတတ်သော ဘေးရန်အစစ်တည်း၊ ထို တဏှာ မာန ဒိဋ္ဌိ
တို့သည် ဩဘာသ စသည့်တို့ကို စွဲ၍ ဖြစ်သောကြောင့် ( လူမိုက် အားပေး
ဆိုသလို)
ဩဘာသ စသည်ကိုလည်း ဖလူပစာ ဌာနူပစာအားဖြင့် ဝိပဿ
နာ၏ ညစ်နွမ်းကြောင်း ဘေးရန် ဟု ဆိုရလေသည်။
ပရိယတ်၌ ကျွမ်းကျင်သော ယောဂီသည်ကား....ထို ဩဘာသစသည့်
တို့သည် တဏှာ မာန ဒိဋ္ဌိတို့၏ တည်ရာ ဖြစ်၍ ဝိပဿနာဉာဏ်ကို ညစ်နွမ်း
စေတတ်သော ဘေးရန်များတည်း၊ ထို ဩဘာသ စသည်ကို နှစ်သက် စွဲလမ်း
နေမှုသည် မဂ်ဖိုလ်ရကြောင်း လမ်းကောင်း လမ်းမှန် မဟုတ်သဖြင့် အမဂ္ဂ
တည်း၊ အစဉ်အတိုင်း ဆက်လက်၍ တိုးတက် အားထုတ်မှုသည်သာ မဂ်ဖိုလ်
ရကြောင်း လမ်းကောင်း လမ်းမှန် ဖြစ်၍ မဂ္ဂအစစ် ဖြစ်သည်--ဟု ပိုင်းခြား
သတ်မှတ်နိုင်၏၊ ထိုကဲ့သို့ ဝိပဿနာ၏ဘေးရန်ကို အမှန်အတိုင်းသိမ်းဆည်း၍
လမ်းမှန် လမ်းမမှန် လက္ခဏာကို ပိုင်းခြား သတ်မှတ် တတ်သော ဉာဏ်ကို
“မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ” ဟု ခေါ်သည်။
**လေ့ကျင့်ခန်း မေးခွန်းများ**
က။ မဂ္ဂါမဂ္ဂဉာဏဒဿန ဝိသုဒ္ဓိ – ပုဒ်၌ မဂ္ဂ+အမဂ္ဂ + ဉာဏ + ဒဿန
ပုဒ်နက်ကို ပြပါ။
ခ။ အဘယ်ဉာဏ်ကို “သမ္မသနဉာဏ်” ဟု ခေါ်သနည်း, ထို ဉာဏ်သည်
ဝိသုဒ္ဓိ ၇ ပါးတွင် ဘယ် ဝိသုဒ္ဓိစခန်း၌ ဖြစ်သနည်း။
ဂ။ တထာ ပရိဂ္ဂဟိတေသု သပ္ပစ္စယေသု၏ အဓိပ္ပါယ်ကို ပြောပြပါ။
ဃ။ ဝိပဿနာ အားထုတ်ရာ၌ လောကုတ္တရာကို အာရုံပြုနိုင်-မပြုနိုင် ဆိုင်ရာ
ပါဌ်ကို ထောက်ပြပါ။
## Trang 303
၄။ အတီတာဒိဘေဒဘိသု၌ အာဒိဖြင့် ယူရသော အနက်ကို ပြပါ။
၅။ ခန္ဓာဒိနယ၌ အာဒိအရ လင်္ကာကို ပြပါ။
၆။ ကလာပဝသေန သံခိပိတွာ အရ ကလာပသမ္မသန နည်းဖြင့် ပွားများ
ပုံကို ပြပါ။
၇။ အဒ္ဓါနဝသေနအရ “အဒ္ဓါနသမ္မသန” ပွားများနည်းကို ပြပါ။
၈။ သန္တတိဝသေနအရ “သန္တတိသမ္မသန”ပွားများနည်းကို ပြပါ။
၉။ ခဏဝသေန အရ “ခဏသမ္မသန” ပွားများနည်းကို ပြပါ။
၁၀။ ဥဒယဗ္ဗယ၌ ဥဒယပုဒ် ဝယပုဒ်တို့၏ အနက်ကို ပြပါ။
၁၁။ ဥဒယဗ္ဗယဉာဏ်သည် ဘယ်ဝိသုဒ္ဓိစခန်း၌ ဖြစ်သနည်း။
၁၂။ ပစ္စယဝသေန အရ အကြောင်းဟူသည် အဘယ်တရားများနည်း။
၁၃။ ခဏဝသေန၌ ခဏဟူသည် အဘယ်နည်း။
၁၄။ ဝိပဿနုပက္ကိလေသ ဘေးရန်သည် ဉာဏ် ၁၀ ပါးတွင် အဘယ်ဉာဏ်
အခိုက်မှာ ဖြစ်သနည်း။
၁၅။ ဩဘာသ ပီတိ ပဿဒ္ဓိ တရားတို့ကို ခွဲခြားပြပါ။
၁၆။ အဓိမောက္ခ ပဂ္ဂဟ သုခ ဟူသည် အဘယ်တရားများနည်း။
၁၇။ ဉာဏ ဥပဋ္ဌာန ဟူသည် အဘယ်တရားများနည်း။
၁၈။ ဥပေက္ခာ နိကန္တိ ဟူသည် အဘယ်တရားများနည်း။
၁၉။ ဩဘာသ စသော ၉ ပါးသည် အပြစ်မဟုတ်ဘဲလျက် ဘယ့်ကြောင့်
“ဝိပဿနုပက္ကိလေသ”ဟု ခေါ်သနည်း။
၂၀။ အဘယ်ကို မဂ္ဂ·အမဂ္ဂ ဟု ခေါ်၍, အဘယ်ဉာဏ်ကို “မဂ္ဂါမဂ္ဂဉာဏ
ဒဿနဝိသုဒ္ဓိ”ဟု ခေါ်သနည်း။
**နိဿယနှင့်အဓိပ္ပါယ်**
၆။ ပန - အဘို့တစ်ပါးကား၊ တထာ - ဆိုအပ်ပြီး
သော အခြင်းအရာဖြင့်၊ ပရိဗန္ဓဝိမုတ္တဿ - ဘေးရန်တို့မှ လွတ်ပြီး
သော၊ တဿ-ထို ယောဂီပုဂ္ဂိုလ်၏ (သန္တာန်၌)၊ ဥဒယဗ္ဗယ
ဉာဏတော - ဥဒယဗ္ဗယဉာဏ်မှ၊ ပဋ္ဌာယ - စ၍၊ ယာဝါ
နုလောမ - အနုလောမဉာဏ် တိုင်အောင်၊ တိလက္ခဏံ –
လက္ခဏာယာဉ် သုံးပါးသို့၊ (အာရောပေတွာ-တင်၍၊) ဝိပဿ
နာပရမ္ပရာယ- ဝိပဿနာဉာဏ် အဆက်ဆက်ဖြင့်၊ ပဋိပဇ္ဇန္တ
ဿ - လွန်စွာကြိုးကုတ် အားထုတ်သည်ရှိသော်၊ နဝ-ကိုးပါး
ကုန်သော၊ ဝိပဿနာဉာဏာနိ - ဝိပဿနာ ဉာဏ်တို့သည်၊
ပဋိပဒါ ဉာဏဒဿန ဝိသုဒ္ဓိ နာမ – ပဋိပဒါ ဉာဏဒဿန
ဝိသုဒ္ဓိမည်၏။
၆။ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ။ ။ပဋိပဇ္ဇတိ ဧတာယာတိ ---
ဟူသော ဝစနတ်အရ မဂ်သို့ ရောက်ကြောင်း ဉာဏ်ကို “ပဋိပဒါ”ဟု ခေါ်၏။
ဧတာယ—ဤ ဉာဏ်ဖြင့်၊ ပဋိပဇ္ဇတိ-မဂ်သို့ ရောက်၏-ဟု ပေး၊ ဉာဏဒဿန
ဝိသုဒ္ဓိ မည်ပုံမှာ ရှေးအတိုင်းပင်၊ ထို့ကြောင့် မဂ်သို့ရောက်ကြောင်း စင်ကြယ်သော
ဉာဏ်အမြင်ကို “ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ ” ဟု မှတ်။
တထာ ပရိဗန္ဓဝိမုတ္တဿ-ဆိုခဲ့ပြီးသော မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိဖြင့်
ဝိပဿနာ၏ ဘေးရန် ၁ဝ ပါးမှ ကင်းလွတ်ပြီးသော ယောဂီသည်
ဥဒယဗ္ဗယဉာဏတော ပဋ္ဌာယ ယာဝါနုလောမ— ဥဒယဗ္ဗယ
ဉာဏ်မှ စ၍ အနုလောမဉာဏ် တိုင်အောင် အစဉ် အတိုင်း တိုးတက်၍
အဆက်ဆက် အားထုတ်သည့် ရှိသော် “ ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိ ” ဖြစ်၏၊
ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိ၏ အစကား ဥဒယဗ္ဗယဉာဏ်တည်း, အဆုံးကား
အနုလောမဉာဏ်တည်း၊ [မဂ္ဂါမဂ္ဂဉာဏဒဿန ဝိသုဒ္ဓိ တုန်းက ဥဒယဗ္ဗယ
ဉာဏ်ဖြစ်ခဲ့သော်လည်း....အပြီးမသတ် လမ်းခုလတ်မှာ ဝိပဿနုပက္ကိလေသ
ဘေးရန်တို့၏ နှောက်ရှက်ခြင်းကြောင့် မသန့်ရှင်းခဲ့သေးချေ၊ ထို့ကြောင့် ယခု
အခါ ထို ဘေးရန်မှ လွတ်ကင်းပြီး ဖြစ်၍ ဥဒယဗ္ဗယဉာဏ် ထက်သန် လာ
အောင် ထပ်မံ အားထုတ်ရပြန်သည်။ ဘင်္ဂဉာဏ် ဘယဉာဏ် စသည်တို့၏
ဖြစ်ပုံကို ဘာသာဋီကာမှာ ရှု။ ]
## Trang 304
၇။ မဂ်ရခါနီး စိတ်အစဉ် ဖြစ်ပုံ။ ။ တထာ ဧဝံ ပဋိပဇ္ဇန္တဿ ၊ ပေ ၊ နာမေန
ပဝတ္တန္တိ- ဤ စကားကား မဂ်ရခါနီး၌ စိတ်အစဉ်ဖြစ်ပုံကို ပြသော စကား
တည်း၊ ဆိုခဲ့ပြီးသော အစဉ်ဖြင့် အားထုတ်လာရာ ဝိပဿနာဉာဏ် ရင့်သန်
သဖြင့် “ အပ္ပနာ” ခေါ်သော မဂ်ဉာဏ်ဖြစ်ပေါ်ချိန်နီးလေသော် “ ဘဝင်္ဂ
စလန, ဘဝင်္ဂုပစ္ဆေဒ ”ဟု ဘဝင်အစဉ်ပြတ်၍ မနောဒွါရာဝဇ္ဇန်းစိတ် ဖြစ်၏။
ထို မနောဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာ
သုံးပါးတွင် တစ်ပါးပါးသော အနိစ္စ အစရှိသော လက္ခဏာကို အာရုံပြု၍
ဝိပဿနာစိတ် ၂ ကြိမ် ၃ ကြိမ်တို့သည် ပရိကမ် ဥပစာ အနုလုံ
ဟူသောအမည်ဖြင့် ဖြစ်ကုန်၏။ [မနောဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌ တိက္ခပုဂ္ဂိုလ် ဖြစ်လျှင် ဥပစာ
အနုလုံ ဟူသော နာမည်ဖြင့် ဝိပဿနာစိတ် ၂ ကြိမ်, မန္တပုဂ္ဂိုလ် ဖြစ်လျှင်
ပရိကမ် ဥပစာ အနုလုံ ဟူသော နာမည်ဖြင့် ၃ ကြိမ်ဖြစ်၏။ ၎င်းစိတ်များကို
“ ဥပစာရသမာဓိဇော ” ဟုလည်း ခေါ်၏၊ မဂ်၏ အနီး ဥပစာ၌ ဖြစ်သော
သမာဓိ အားကောင်းသော ကာမဇောများ--ဟူလို။]
ယံကိဉ္စိ အနိစ္စာဒိလက္ခဏမာရဗ္ဘ— ထို ဝိပဿနာ စိတ်များသည်
အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာ ၃ ပါးတွင် တစ်ပါးပါးကို အာရုံပြု၍ ဖြစ်သည်။
ယာ သိခါပတ္တာ ၊ ပ ၊ ဝုစ္စတိ -- ဤစကားကား ဝုဋ္ဌာနဂါမိနီ
အမည်ရသော ဝိပဿနာဉာဏ်ကို ကောက်နှုတ်၍ ပြသော အမှာစကား
တည်း၊ “ ဝုဋ္ဌာနဂါမိနီ ဝိပဿနာ”ဟူ၍ ကျမ်းဂန်၌ အတော် အသုံးများ
သော နာမည်တစ်မျိုး ရှိ၏၊ ထို ဝုဋ္ဌာနဂါမိနီ ဝိပဿနာဉာဏ် ဟူသည် ဉာဏ်
တစ်မျိုး အထူး မဟုတ်၊ ဝိပဿနာဉာဏ် ၁၀ ပါးတွင် အထွဋ် အထိပ်သို့
ရောက်သော သင်္ခါရုပေက္ခာ ဉာဏ် နှင့် အနုလောမဉာဏ် ပင် ဖြစ်သည်
ဟူလို။ [ သင်္ခါရုပေက္ခာဉာဏ်ကို အစပိုင်း အလယ်ပိုင်း အဆုံးပိုင်း ဟု
၃ ပိုင်း ပိုင်းပြီးလျှင် အနုလောမဉာဏ် နှင့် ကပ်နေသော အဆုံးပိုင်းကို
အထွဋ်အထိပ်သို့ ရောက်သော သင်္ခါရုပေက္ခာဉာဏ် ဟုမှတ်၊ အနုလောမ
ဉာဏ် ဟူသည်ကား ပရိကမ် ဥပစာ အနုလုံ အမည်ရသော ဝိပဿနာ
ဉာဏ်များပင်တည်း။ ]
## Trang 305
၈။ တတော ၊ ပေ၊ ပဝတ္တတိ - ဤကား ဂေါတြဘုစိတ် ဖြစ်ပုံကို
ပြသော စကားတည်း၊ ဂေါတြဘုစိတ်သည် ပရိကမ် ဥပစာ အနုလုံ မည်သော
စိတ်တို့ကဲ့သို့ အနိစ္စ စသော လက္ခဏာ တစ်ပါးပါးကို အာရုံမပြု နိဗ္ဗာန်ကို
အာရုံပြုသည်။ ထို့ကြောင့် ဤ ဂေါတြဘုကို “မဂ်၏ ရှေ့က နိဗ္ဗာန်ကို ညွှန်ပြ
သောကြောင့် မဂ်ဇော ဖိုလ်ဇော၏ ရှေ့သွားဖြစ်သော အာဝဇ္ဇန်းနှင့်တူ၏”ဟု
ပြောစမှတ် ပြုသည်။
ပုထုဇ္ဇနဂေါတ္တံ အဘိဘဝန္တိ — ထို ဂေါတြဘုနောက် မဂ်စိတ်ပေါ်
လာလျှင် အရိယာအနွယ်သို့ ရောက်ပြီ ဖြစ်၍ ဂေါတြဘုစိတ်သည် ပုထုဇန်
အနွယ်ကို လွှမ်းမိုး ( ကျော်လွန် ) သော တရားပေတည်း၊ ဤ စကားအရ
“ ဂေါတ္တံ + ဘဝတိ အဘိဘဝတီတိ ဂေါတြဘု” ဟု ဝိဂြိုဟ်ပြု၊ ဂေါတ္တံ=
ပုထုဇန်အနွယ်ကို+ဘဝတိ အဘိဘဝတိ=လွှမ်းမိုးတတ်၏-ဟု ပေး။
အရိယဂေါတ္တံ အဘိသမ္ဘောန္တိ —— ဂေါတြဘူ စိတ်သည် အရိယာ
အနွယ်သို့လည်း ရောက်သည်မည်၏၊ “ ရောက် ” ဟူသည် “ ဖြစ်စေခြင်း ”
ပင်တည်း၊ ဤစကားအရ “ ဂေါတ္တံ + ဘဝတိ အဘိသမ္ဘောနာတီတိ ဂေါ
တြဘု ” ဟု ဝိဂြိုဟ်ပြု၊ ဂေါတ္တံ=အရိယာအနွယ်ကို + ဘဝတိ အဘိသမ္ဘော
နာတိ = ရောက်တတ်၏ ဟု ပေ။ [ “ ဘူ=ပတ္တိယံ” ဟူသော ဓာတ်,
အဘိသမ္ဘောန္တ-ပါပုဏန္တိဟူသော အဖွင့်ကို ထောက်၍“အဘိသမ္ဘောန္တိ-
ရောက်လျက်၎င်း”ဟု အနက် ဆိုခဲ့သည်။]
၉။ မဂ္ဂဝီထိကျပုံ ။ ။ တဿာ အနန္တရမေဝ ၊ ပေ ၊ ဘဝင်္ဂပါတော
ဟောတိ—ဂေါတြဘု၏ အခြားမဲ့၌ မဂ်စိတ်သည် အပ္ပနာဝီထိသို့ ရောက်၏
“မဂ် ဖိုလ် ဖိုလ်”ဟု အပ္ပနာဇောအစဉ် ဖြစ်၏-ဟူလို။
ဒုက္ခသစ္စံ ပရိဇာနန္တော မဂ္ဂသစ္စံ ဘာဝန္တော — မီးသည်
မီးစာကို လောင်, အမှောင် ပယ်ရှင်း အလင်းရောင် လွှမ်းခြုံစေမှု
ဤ ကိစ္စ ၄ ခုကို တစ်ပြိုင်နက် ပြုနိုင်သကဲ့သို့,ထို့အတူ မဂ်တရားလည်း ဒုက္ခ
သစ္စာကို ပိုင်နိုင်စွာ သိခြင်း, သမုဒယသစ္စာကို ပယ်ခြင်း, နိရောဓ သစ္စာကို
မျက်မှောက်ပြု ( တိုက်ရိုက်အာရုံပြု ) ခြင်း, မဂ္ဂသစ္စာကို ဖြစ်ပေါ်လာစေခြင်း
ဟူသော ကိစ္စ ၄ ချက်ကို တစ်ပြိုင်နက် ပြီးစေနိုင်သည်။
ဒွေ တီဏိ ဖလစိတ္တာနိ --- မဂ်စိတ် တစ်ကြိမ် ဖြစ်ပြီးနောက် တိက္ခပုဂ္ဂိုလ်
ဖြစ်လျှင် ဖိုလ်စိတ် ၃ ကြိမ်, မန္တပုဂ္ဂိုလ် ဖြစ်လျှင် ဖိုလ်စိတ် ၂ ကြိမ် ဖြစ်ပြီး၏။
## Trang 306
ကုန်သော၊ ဖလစိတ္တာနိ - ဖိုလ်စိတ်တို့၏၊ ပဝတ္တိတွာ – ဖြစ်ပြီး
ခြင်းကြောင့်၊ ဘဝင်္ဂပါတောဝ-ဘဝင် ကျခြင်းသည်သာလျှင်၊
ဟောတိ-ဖြစ်၏။
ပစ္စဝေက္ခဏာ ဝီထိ
၁၀။ ပုန – တဖန်၊ ဘဝင်္ဂ - ဘဝင်ကို၊
ဝေါစိန္တိတွာ – ဖြတ်၍၊ ပစ္စဝေက္ခဏာ
ဉာဏာနိ-ပစ္စဝေက္ခဏာ ဉာဏ်တို့သည်၊ ပဝတ္တန္တိ - ဖြစ်ကုန်၏။
ပဏ္ဍိတော-လောကုတ္တရာ ပညာရှိသည်၊ မဂ္ဂံ - မဂ်ကို၎င်း ၊
ဖလဉ္စ-ဖိုလ်ကို ၎င်း၊ နိဗ္ဗာနံ – နိဗ္ဗာန်ကို၎င်း၊ ပစ္စဝေက္ခတိ-
အမှန် ဆင်ခြင်၏၊ ဟိနေ-ပယ်အပ်ကုန်ပြီးသော၊ ကိလေသေ-
ကိလေသာ တို့ကို၎င်း၊ သေသေစ - ကြွင်းကျန်သေးသော
ကိလေသာတို့ကို၎င်း၊ ပစ္စဝေက္ခတိဝါ-ဆင်ခြင်သူလည်း ရှိ၏၊
နပစ္စဝေက္ခတိဝါ-မဆင်ခြင်သူလည်းရှိ၏။
ကြောင့် ဘဝင်ကျလေတော့၏။ [ "ဖလစိတ္တာနိ-တို့သည်၊ ပဝတ္တိတွာ-ဖြစ်၍"
ဟု မပေးနှင့်၊ ပဝတ္တိတွာ၏ ကတ္တားက ဖလစိတ္တာနိ, ဟောတိ၏ ကတ္တားက
ဘဝင်္ဂပါတော, ဤသို့ ကတ္တား ကွဲပြားသော အရာတိုင်းမှာ တွာ ပစ္စယန္တ
ပုဒ်များကို " ၍ " ဟု မပေးဘဲ " ၏ " ဟု ပေးရိုးရှိသည်။ ]
မန္ဒပုဂ္ဂိုလ်၏ မဂ္ဂဝီထိပုံ
ပစ္စဝေက္ခဏာ ဝီထိခဏ်း။ ။မဂ္ဂဝီထိနောက် ဘဝင်ကျ၍ ဘဝင်
ပြတ်သည့်အခါ မဂ်ဖိုလ် စသည်ကို ဆင်ခြင်သော" ပစ္စဝေက္ခဏာဝီထိ " များ
ဖြစ်ကြ၏၊ ထို ဝီထိတို့၌ပါသော မဟာကုသိုလ် မဟာကြိယာ ဉာဏသမ္ပယုတ်
ဇောနှင့် ယှဉ်သော ဉာဏ်များကို "ပစ္စဝေက္ခဏာဉာဏ်" ဟု ခေါ်သည်။
နိဿယနှင့်အဓိပ္ပါယ်
မဂ္ဂဖလဉ္စပစ္စဝေက္ခတိ ပဏ္ဍိတာ— ဤကား ပစ္စဝေက္ခဏာ ဝီထိ
များကို ပြသော ဂါထာတည်း၊ မဂ်ဖိုလ် ရပြီးသော ပညာရှိသည် – "ငါသည်
ဤမဂ် ဤဖိုလ် နိဗ္ဗာန်ကို ရပေပြီ " ဟု မဂ်ဖိုလ်နိဗ္ဗာန်ကို ဧကန် ဆင်ခြင်သည်
မဂ်ကိုဆင်ခြင်သော ပစ္စဝေက္ခဏာဝီထိ, ဖိုလ်ကို ဆင်ခြင်သော ဝီထိ နိဗ္ဗာန်ကို
ဆင်ခြင်သော ဝီထိ, ဤ သုံးပါးကား မုချ ဖြစ်သည့် ဟူလို။
ဟီနေကိလေသေ သေသေ, ပစ္စဝေက္ခတိဝါနဝါ— မဂ်ဖြင့် ပယ်
အပ်သော ကိလေသာကို ပြန်၍ ဆင်ခြင်သော ဝီထိ, မပယ်နိုင်၍ ကျန်နေသော
ကိလေသာကို ဆင်ခြင်သော ဝီထိ, ဤ ၂ ဝီထိကား အမြဲ မဟုတ်, အချို့
ပုဂ္ဂိုလ်မှာ ဖြစ်၍, အချို့ ပုဂ္ဂိုလ်မှာ မဖြစ် ဟူလို၊ ဤ စကားစဉ်အရ သောတာ
ပတ္တိမဂ်ကို ရပြီးနောက် ၅ ဝီထိ, သကဒါဂါမိမဂ်ကို ရပြီးနောက် ၅ ဝီထိ,
အနာဂါမိမဂ်ကို ရပြီးနောက် ၅ ဝီထိ, အရဟတ္တမဂ်ကို ရပြီးနောက် ( ကျန်
ကိလေသာမရှိ၍) ၄ ဝီထိ, ပေါင်း ပစ္စဝေက္ခဏာ ၁၉ ဝီထိ ဖြစ်ခွင့်ရှိသည် ဟု
မှတ်၊ ( မုချ ဖြစ်ရမည်ဟု မဆိုလို။ )
၁၁။ ဉာဏဒဿန ဝိသုဒ္ဓိခဏ်း။ ။[ဉာဏ=သိသည့်+ဒဿ
န=တိုက်ရိုက် မြင်သည့်+ဝိသုဒ္ဓိ=ဆိုင်ရာ ကိလေသာမှ စင်ကြယ်သည်။ ]
သီလဝိသုဒ္ဓိ စသော အောက် ဝိသုဒ္ဓိ ၆ ပါးကို အစဉ် အတိုင်း အားထုတ်
## Trang 307
ပဝုစ္စတိ-ဆိုအပ်၏။…ဣတ္ထ - ဤ ဝိပဿနာ ကမ္မဋ္ဌာန်း၌၊ အယံ
ဤ ဆိုအပ်ပြီးသည်ကား၊ ဝိသုဒ္ဓိဘေဒေါ-ဝိသုဒ္ဓိဘေဒတည်း။
ပြီးနောက် ဖြစ်ပေါ် စေအပ်သော မဂ်ဉာဏ် ( သောတာပတ္တိမဂ် စသော )
၄ ပါးကို ကိလေသာမှ စင်ကြယ်၍ သစ္စာ ၄ ပါးကို တိုက်ရိုက် သိတတ်သော
ကြောင့် " ဉာဏဒဿနဝိသုဒ္ဓိ " ဟု ခေါ်သည်၊ မဂ်၏ ရှေ့နားက အနုလုံသို့
ကျလျှင် အောက်ဝိသုဒ္ဓိ ၆ ပါး ပြီးလေပြီ၊ ထို့ကြောင့် မဂ် ၄ ပါးကို "ဉာဏ
ဒဿနဝိသုဒ္ဓိ" ခေါ်သည် ဟူလို။
ဝိသုဒ္ဓိ ၇ ပါးနှင့် ဉာဏ် ၁၀ ပါး တွဲပြချက်။ ။သီလဝိသုဒ္ဓိ စိတ္တ
ဝိသုဒ္ဓိ ဒိဋ္ဌိဝိသုဒ္ဓိ ကင်္ခါဝိတရဏဝိသုဒ္ဓိ စခန်းတို့၌ နာမ်ရုပ် တရားတို့ကို အနိစ္စ
ဒုက္ခ အနတ္တ ဟု မသုံးသပ်ရသေးသောကြောင့် သမ္မသနဉာဏ် မဖြစ်သေး၊
မဂ္ဂါမဂ္ဂ ဉာဏဒဿနဝိသုဒ္ဓိ စခန်း၌ သမ္မသနဉာဏ်နှင့် ဥဒယဗ္ဗယဉာဏ်
ရှေ့ပိုင်းတစိတ်ဖြစ်၏၊ ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိစခန်း၌ ဥဒယဗ္ဗယဉာဏ်
နောက် တစိတ်နှင့် ဘင်္ဂဉာဏ်, ဘယဉာဏ်, အာဒီနဝဉာဏ်, နိဗ္ဗိဒါ
ဉာဏ်, မုစ္စိတုကမျတာဉာဏ်, ပဋိသင်္ခါဉာဏ်, သင်္ခါရုပေက္ခာဉာဏ်, အနု
လောမဉာဏ်တို့ ဖြစ်ကုန်၏၊ ဉာဏဒဿန ဝိသုဒ္ဓိစခန်း၌ နိဗ္ဗာန်ကို အာရုံ
ပြုရကား သင်္ခါရတရား၌ အနိစ္စ ဒုက္ခ အနတ္တ ဟု မရှိသောကြောင့် ဝိပဿနာ
ဉာဏ် မလိုတော့ပြီ။
[ဆောင်] ၁။ သီ-စိတ်-ဒိဌ-ကင်, ဤလေးအင်, ဉာဏ်စဉ် မဆိုင်သင့်။
၂။ မဂ္ဂါမဂ္ဂ, စခန်းကျလျှင်, သမ္မသန – ဉာဏ်အစနှင့် ဥဒ
ယဗ္ဗယံ-ရှေ့ပိုင်းဉာဏ်, အမှန် ပါသဖြင့်။
၃။ ပဋိပဒ, စခန်းကျသော်, ဥဒယလှိုင်း, နောက်အပိုင်းမှ,
စ၍ အနုလုံ, တိုင်အောင်ခြုံ, ဉာဏ်ကုန် ၉ ပါးဆင့်။
နိဿယနှင့်အဓိပ္ပါယ်
လေ့ကျင့်ခဏ်း မေးခွန်းများ
၁။ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ၌ ဘယ်ဝိပဿနာ ဉာဏ်များ ဖြစ်သနည်း။
၂။ ဥဒယဗ္ဗယဉာဏ်သည် မဂ္ဂါ မဂ္ဂ ဉာဏဒဿန ဝိသုဒ္ဓိတုန်းက ဖြစ်ခဲ့ပြီး
ပါလျက် အဘယ့်ကြောင့် တဖန် ဖြစ်ရပြန်သနည်း။
၃။ ဒွေတီဏိ ဝိပဿနာ စိတ္တာနိ၌ အဘယ်ပုဂ္ဂိုလ်မှာ ၂ ကြိမ်, အဘယ်
ပုဂ္ဂိုလ်မှာ ၃ ကြိမ် ဖြစ်သနည်း, ၂ ကြိမ်ဖြစ်လျှင် နာမည်ဘယ်သို့, ၃ ကြိမ်
ဖြစ်လျှင် နာမည်ဘယ်သို့နည်း။
၄။ ထို ဝိပဿနာ စိတ်များသည် အဘယ်ကို အာရုံ ပြသနည်း, ဆိုင်ရာ
ပါဌ်ကို ထောက်ပါ။
၅။ အဘယ်ဉာဏ်များကို " ဝုဋ္ဌာနဂါမိနိ ဝိပဿနာ " ဟု ခေါ်သနည်း,
သင်္ဂြိုဟ်ထောက်ပါ။
၆။ အဘယ်ကို " အနုလောမဉာဏ် " ဟု ခေါ်သနည်း။
၇။ ဂေါတြဘုစိတ်သည် အဘယ်ကို အာရုံ ပြုသနည်း, ဆိုင်ရာ ပါဌ်ကို
ထောက်ပါ။
ဆိုင်ရာပါဌ်တို့အရ " ဂေါတြဘု " ပုဒ်ကို ဝိဂြိုဟ်ပြုပါ။
၈။ အပ္ပနာဝီထိ မနောဒွါရတိ အရ အပ္ပနာအစဉ်ကို ပြပါ။
၉။ မဂ်စိတ် ၄ ချက်ကို ဥပမာနှင့်တကွ ပြပါ။
၁၀။ ဒွေတီဏိဖလစိတ္တာနိ၌ ဒွေတီဏိအရကို ပုဂ္ဂိုလ်ဖြင့် ခွဲပြပါ။
၁၁။ မဂ္ဂဝီထိ တဝီထိချ၍, မဂ်ဖိုလ်တို့၏ အာရုံကိုလည်း ပြပါ။
၁၂။ သင်္ဂြိုဟ်အဆိုအတိုင်း အဘယ်ပစ္စဝေက္ခဏာ ဝီထိများ မုချဖြစ်ထိုက်၍
အဘယ်ဝီထိများ ဖြစ်မဖြစ် ၂ မျိုးရသနည်း။
၁၃။ ပစ္စဝေက္ခဏာ ၅ ဝီထိ, ၁၉ ဝီထိ သရုပ်ကို အသီးအသီး ရေတွက်ပါ။
၁၄။ ဉာဏဒဿနဝိသုဒ္ဓိ ဟူသည် အဘယ်နည်း, သင်္ဂြိုဟ်ထောက်ပါ။
၁၅။ ဝိသုဒ္ဓိ ၇ ပါးနှင့် ဉာဏ် ၁၀ ပါးကို ရသင့်သလို တွဲပြပါ။
## Trang 308
၁။ တက္က-ထို ဝိပဿနာရှုခဏ်း၌၊ အနတ္တာ
နုပဿနာ--အနတ္တာ နုပဿနာသည်၊ အတ္တာ
ဘိနိဝေသံ - အတ္တ ဟူ၍ စွဲလမ်းခြင်းကို၊ မုဉ္စ န္တီ - စွန့်လွှတ်
နိုင်သည်၊ ( ဟုတွာ - ဖြစ်၍၊ ဝါ-ဖြစ်ခြင်းကြောင့်၊ ) သုညတာ
နုပဿနာနာမ "သုညတာနုပဿနာ မည်သော၊ ဝိမောက္ခမုခံ-
ဝိမောက္ခမုခသည်၊ ဟောတိ-ဖြစ်၏။
၁။ ဝိမောက္ခခွဲ။ ။အနတ္တာနုပဿနာ အတ္တာဘိနိဝေသံ မုဉ္စန္တိ—
အနုပဿနာဉာဏ် ၃ မျိုးတွင် အနတ္တ ဟု ရှုသော အနုပဿနာသည် အတ္တ
ရှိသည် ဟု မှတ်ထင်မှုကို လွှတ်နိုင်၏၊ ထို့ကြောင့် ထို အနတ္တာနုပဿနာကို
ဝိမောက္ခမုခ ၃ မျိုးတွင် သုညတာနုပဿနာ မည်သော ဝိမောက္ခမုခ ဟု
ခေါ်လေသည်။
ရုပ်နာမ် ခန္ဓာတွင်း၌ လွန်စွာ တန်ခိုးသတ္တိရှိ၍ မပျက်မစဲ အမြဲတည်သော
ခန္ဓာအိမ် အဟောင်း ပျက်လျှင် ခန္ဓာအိမ်သစ်ကို ဖန်ဆင်းနိုင်သော, ထိုထို
ကိစ္စ ပြုလုပ်ဘို့ရန် အတွင်းက စီမံနေသော, ကောင်း မကောင်းကို ခံစား
တတ်သော အတ္တ ခေါ် အထည်ကိုယ် အမာခံ အနှစ်တမျိုး ရှိ၏ ဟု
ပုထုဇန်တို့က ထင်မှားနေကြသည်၊ ထို အတ္တကို အစွဲပြု၍ " ငါ – သူ – မိမိ
မောင်မောင် – ကို " စသော စကားလုံးတို့ဖြင့် သုံးနှုန်း ခေါ်ဝေါ်ကြ၏၊
ခန္ဓာကိုယ် တကိုယ်လုံး ( ရုပ်နာမ် အားလုံး ) ၌ ကြောင်းကျိုး စုံလင်အောင်
မွှေနှောက်၍ အနတ္တာနုပဿနာဖြင့် အတ္တ-ရှိ မရှိကို ထိထိမိမိ ရှုစားသည့်
အခါ ဘာမျှ မရှိ – သုညချည်းသာ ဖြစ်လေတော့၏၊ ဤသို့လျှင် အနတ္တာ
နုပဿနာသည် အတ္တကင်းစင် သုည ထင်အောင် ရှုနိုင် သောကြောင့်
"သုညတာ နုပဿနာ" ဟူသော နာမည်ရလျက် ဝိမောက္ခသို့ ဝင်ရာ အဝ
ဖြစ်လေသည်။ [သုညတ=အတ္တမှ ကင်းဆိတ်၏ ဟု+အနုပဿနာ=ရှုစား
တတ်သော ဉာဏ်။ ]
နိဿယနှင့်အဓိပ္ပါယ်
၂။ အနိစ္စာနုပဿနာ-အနိစ္စာနုပဿနာသည်၊ ဝိပလ္လာသ
နိမိတ္တံ-ဝိပလ္လာသ နိမိတ်ကို၊ မုဉ္စန္တီ--သည်၊ ( ဟုတွာ-၍၊ ဝါ-
ကြောင့်၊ ) အနိမိတ္တာ နုပဿနာ နာမ – အနိမိတ္တာ နုပဿနာ
မည်သော၊ ဝိမောက္ခမုခံ -သည်၊ ဟောတိ-ဖြစ်၏။
၂။ အနိစ္စာနုပဿနာ၊ပေ ၊ မုဉ္စန္တိ— နိမိတ္တသဒ္ဒါသည် "ပုံသဏ္ဌာန်"
ဟူသော အနက်ကို ဟော၏၊ ပုထုဇန်တို့က ရုပ်နာမ်အပေါင်းကို တလုံးထဲ
တခဲထဲ စုတွဲနေဟန် ပုံသဏ္ဌာန်ကြီး ထင်နေ၏၊ ထိုသို့ မဟုတ် မမှန်
ဖေါက်ပြန်စွာ ထင်မှားအပ်သော ပုံသဏ္ဌာန်ကို " ဝိပလ္လာသနိမိတ္တ " ဟု
ခေါ်သည်။ အနိစ္စာနုပဿနာဉာဏ်ဖြင့် ရုပ်နာမ်ခန္ဓာ၌ ပုံသဏ္ဌာန် ရှိ မရှိကို
ထိထိမိမိ ရှုစားသည့်အခါ ယခုဖြစ် ယခုပျက် မမြဲသော .. အချက်ကိုသာ
တွေ့ရ၏၊ ပုံသဏ္ဌာန် ဖြစ်လောက်အောင် ကြာရှည် လေးမြင့်စွာ တည်လျက်
စုပေါင်းတွေခဲ ပူးတွဲနေသည်ကို မတွေ့ရ၊ ဤသို့လျှင် အနိစ္စာ နုပဿနာသည်
ဝိပလ္လာသနိမိတ်ကို စွန့်လွှတ်ပယ်ခွါနိုင်သောကြောင့် "အနိမိတ္တာ နုပဿနာ"
ဟူသော အမည်ကိုရလျက် ဝိမောက္ခသို့ ဝင်ရာ လမ်းပေါက်ဝ တမျိုး ဖြစ်လေ
သည်။[ အနိမိတ္တ = နိမိတ်ပုံပန်း သဏ္ဌာန်မရှိ ဟု + အနုပဿနာ=ရှုစား
တတ်သော ဉာဏ်။]
၃။ ဒုက္ခာ နုပဿနာ - ဒုက္ခာနုပဿနာသည်၊ တဏှာ
ပဏိဓိံ – တောင့်တတတ်သော တဏှာကို၊ မုဉ္စန္တီ – သည်၊
(ဟုတွာ-ဖြစ်၍၊ ဝါ-ကြောင့်၊) အပ္ပဏိဟိတာနုပဿနာ နာမ-
၃။ ဒုက္ခာနုပဿနာ၊ပေ ၊ မုဉ္စန္တိ— တောင့်တတတ်သော တဏှာကို
" တဏှာပဏိဓိ " ဟု ခေါ်သည်၊ ထို တောင့်တမှုသည် "ချမ်းသာဘွယ်" ဟု
ထင်မြင်မှု ကြောင့်သာ ဖြစ်၏၊ ဒုက္ခာ နုပဿနာကား ရုပ်နာမ် ဟူသမျှ၌
## Trang 309
အပ္ပဏိဟိတာနုပဿနာ မည်သော၊ ဝိမောက္ခမုခံ – သည်၊
ဟောတိ-ဖြစ်၏။
၄။ တသ္မာ-ထို့ကြောင့်၊ ဝုဋ္ဌာနဂါမိနိဝိပဿနာ – ဝုဋ္ဌာန
ဂါမိနိဝိပဿနာသည် ..အနတ္တတော - အနတ္တအားဖြင့်၊ ယဒိ
ဝိပဿတိ-အကယ်၍ ရှုအံ့၊ (ဧဝံသတိ-ဤသို့ ရှုသည်ရှိသော်၊)
မဂ္ဂေါ – မဂ်သည်၊ သုညတော ဝိမောက္ခောနာမ - သုညတ
ဝိမောက္ခ မည်သည်၊ ဟောတိ-ဖြစ်၏။
၅။ အနိစ္စတော - အနိစ္စအားဖြင့်၊ ယဒိ ဝိပဿတိ - အံ့၊
( ဧဝံသတိ-သော်၊ ) မဂ္ဂေါ- သည်၊ အနိမိတ္တော ဝိမောက္ခော
နာမ - အနိမိတ္တ ဝိမောက္ခ မည်၏။
တကယ် ချမ်းသာ ရှိ-မရှိကို ထိထိမိမိ ရှုစားလေရာ, ချမ်းသာဘွယ် မမြင်
ဆင်းရဲဘွယ် ချည်းသာ ထင်လာသောကြောင့် တဏှာပဏိဓိကို ပယ်ခွါ၍
"အပ္ပဏိဟိတာ နုပဿနာ " ဟူသော အမည်ထူးကို ရလျက် ဝိမောက္ခသို့
ဝင်ရာ လမ်းပေါက်ဝတမျိုးဖြစ်လေသည်။ [အပ္ပဏိဟိတ=တောင့်တဘွယ်
မရှိ ဟု+အနုပဿနာ=ရှုတတ်သော ဉာဏ်။]
[ "ဝုဋ္ဌာနဂါမိနိ ဝိပဿနာ " မည်သော ဉာဏ်များကို ရေးခဲ့ပြီ၊ ]
၄။ တသ္မာယဒိဝုဋ္ဌာနဂါမိနိ ၊ ၊ ပေ ၊ ဝိပဿ
နာ— ထို ဝုဋ္ဌာနဂါမိနိ ဝိပဿနာ
စခန်းသို့ မရောက်မီက သင်္ခါရတို့၌ အနိစ္စဟု၎င်း, ဒုက္ခဟု ၎င်း, အနတ္တဟု ၎င်း,
အမျိုးမျိုးအဖုံဖုံ စုံအောင်ပင် ရှုပေလိမ့်မည်၊ ဝုဋ္ဌာနဂါမိနိဝိပဿနာ စခန်း၌
အကယ်၍ အနတ္တဟု ရှုခိုက်ကြုံလျှင် မဂ်ကို"သုညတ ဝိမောက္ခမဂ်"ဟု အမည်
မှည့်ရမည် – ဟူလို။ [ မဂ်ဖိုလ်သို့ ရှေးရှု အဝမူ၍ နေသော ဝုဋ္ဌာနဂါမိနိ
ဝိပဿနာက အနတ္တ ဟု ရှုသဖြင့် သုညတဝိမောက္ခ အမည်ရခဲ့လျှင် မဂ်လည်း
သုညတမဂ်ပင် မည်ရတော့သည်၊ နောက်၌လည်း ဤနည်းပင်။ ]
နိဿယနှင့်အဓိပ္ပါယ်
၆။ ဒုက္ခတော - ဒုက္ခအားဖြင့်၊ ယဒိ ဝိပဿတိ-အံ့၊ ( ဧဝံ
သတိ-သော်၊ ) မဂ္ဂေါ – သည်၊ အပ္ပဏိဟိတော ဝိမောက္ခော
နာမ – အပ္ပဏိဟိတ ဝိမောက္ခ မည်၏၊ ဣတိစ – ဤသို့လည်း၊
မဂ္ဂေါ – သည်၊ ဝိပဿနာ ဂမနဝသေန - မဂ်၏ ဖြစ်ပေါ်လာ
ကြောင်းဖြစ်သော ဝိပဿနာနှင့်စပ်သဖြင့်၊ တီဏိ-သုံးမျိုးကုန်
သော၊ နာမာနိ – အမည်တို့ကို၊ လဘတိ - ရ၏၊ တထာ - ထို
အတူ၊ ဖလဉ္စ- ဖိုလ်သည်လည်း၊ မဂ္ဂဝီထိယံ - မဂ္ဂဝီထိ၌၊ မဂ္ဂါ
ဂမနဝသေန - ဖိုလ်၏ ဖြစ်ပေါ်လာကြောင်း ဖြစ်သော မဂ်နှင့်
စပ်သဖြင့်၊ တီဏိ-ကုန်သော၊ နာမာနိ-တို့ကို၊ လဘတိ – ရ၏။
၅။ ယဒိအနိစ္စတော၊ပေ၊အနိမိတ္တောဝိမောက္ခောနာမ – ဝုဋ္ဌာန
ဂါမိနိဝိပဿနာက အနိစ္စဟု ရှုသဖြင့် (အနိမိတ္တဝိမောက္ခမုခ အမည်ရခဲ့လျှင်)
မဂ်လည်း " အနိမိတ္တဝိမောက္ခ" မည်တော့၏။
၆။ ယဒိဒုက္ခတော၊ ပေ၊ ဝိမောက္ခောနာမ— ဝုဋ္ဌာနဂါမိနိ ဝိပဿ
နာက ဒုက္ခ ဟုရှုသဖြင့် ( အပ္ပဏိဟိတဝိမောက္ခမုခ အမည်ရခဲ့လျှင် ) မဂ်
လည်း "အပ္ပဏိဟိတဝိမောက္ခ" မည်တော့၏။
ဣတိစ ဝိပဿနာဂမနဝသေန တီဏိနာမာနိ လဘတိ— ဤစကား
ကား "တသ္မာ ယဒိမှ စ၍ အပ္ပဏိဟိတော ဝိမောက္ခောနာမ" တိုင်အောင်
ဆိုပြီးစကားကို ပြန်ဖုံးသောနိဂုံးစကားတည်း။ [ဝိပဿနာဂမန-ဝိပဿနာ
အာဂမန၊အာဂမန = မဂ်၏ဖြစ်ပေါ်လာကြောင်း ဝိပဿနာ-ဝိပဿနာ၊
ဤသို့လျှင် မဂ်၏ ဖြစ်ပေါ်လာကြောင်း ဝိပဿနာနှင့် စပ်၍ မဂ်မှာ ( သုညတ
ဝိမောက္ခစသော) အမည် ၃ မျိုး ရသည်။
တထာဖလဉ္စ၊ ပေ၊ မဂ္ဂဝီထိယံ — ဖိုလ်စိတ်၏ ဖြစ်ပေါ်လာကြောင်း
ဖြစ်သော မဂ်ကို "မဂ္ဂါဂမန" ဟု ခေါ်သည်၊ [မဂ္ဂ+အာဂမ၊ အာဂမန
## Trang 310
ဖိုလ်၏ ဖြစ်ပေါ်လာကြောင်း၊ မဂ်နောက်က ဆက်၍ဖြစ်သော ဖိုလ်လည်း
မဂ်နှင့် စပ်၍ အမည် ၃ မျိုးပင် ရ၏၊ မဂ်က သုညတဝိမောက္ခ အမည် ရလျှင်
ထို့နောက် ဖိုလ်များလည်း သုညတဝိမောက္ခာပင် မည်၏– ဟူလို။
အထူးမှတ်ချက်။ ။ယောဂီပုဂ္ဂိုလ်သည် သဒ္ဓိန္ဒြေလွန်သူ, သမာဓိန္ဒြေ
လွန်သူ, ပညိန္ဒြေ လွန်သူ ဟု ၃ မျိုးရှိရာ, သဒ္ဓိန္ဒြေ လွန်ကဲသူသည် အနိစ္စ ဟု
အရှုများသောကြောင့် အနိမိတ္တဝိမောက္ခမုခဖြင့် အနိမိတ္တဝိမောက္ခ မဂ်ဖိုလ်ကို
ရတတ်၏၊ သမာဓိန္ဒြေ လွန်ကဲသူသည် ဒုက္ခဟု အရှုများသောကြောင့် အပ္ပဏိ
ဟိတဝိမောက္ခမုခဖြင့် အပ္ပဏိဟိတဝိမောက္ခ မဂ်ဖိုလ်ကို ရတတ်၏၊ ပညိန္ဒြေ
လွန်ကဲသူသည် အနတ္တ ဟု အရှုများသဖြင့် သုညတဝိမောက္ခ မဂ်ဖိုလ်ကို
ရတတ်၏။
[ဆောင်] ၁။ အနိစ္စဟူ, ရှုလေ့သူ, မှတ်ယူ သဒ္ဓါမွန်။
၂။ ဒုက္ခဟူဘိ, ရှုလေ့ရှိ, သမာဓိ ကဲ၍လွန်။
၃။ အနတ္တသာ,ရှုသူမှာ, ပညာထက်မြက်ချွန်။
၇။ ဖလသမာပတ္တိ၊ပေ၊ပဝုစ္စတိ — ယခင် ဆိုခဲ့ပြီးသော စကားကား
မဂ္ဂဝီထိတွင်းမှာ ပါသော ဖိုလ်များအတွက် ဆိုသော စကား ဖြစ်သည်၊ မဂ်နှင့်
မဆက်သော ဖလသမာပတ္တိ ဝီထိခဏ်းမှာကား ဖိုလ်၏ ရှေ့က ဝိပဿနာနှင့်
စပ်၍ သုညတဝိမောက္ခ စသော အမည်ကို ရသည်။
ဖိုလ်ဝင်စားလိုလျှင် ဝိပဿနာကို နှလုံးသွင်းရသေး၏၊ ထို ဝိပဿနာက
သုညတဝိမောက္ခမုခ ဖြစ်လျှင် ( မဂ်ရပြီးစက ဘာဘဲမည်မည် ) ယခု အခါ
ဝိပဿနာနှင့် စပ်၍ ဖိုလ်ကို သုညတဝိမောက္ခ ဟု မှည့်ရမည်၊ ဝိပဿနာက
အနိမိတ္တ ဝိမောက္ခမုခ အပ္ပဏိဟိတ ဝိမောက္ခမုခ ဖြစ်ရာတို့၌လည်း ဤနည်း
ပင်တည်း။
ယထာသကံ ဖလမုပ္ပဇ္ဇမာနမ္ပိ… " မဂ်က သုညတမဂ် ဖြစ်၍, ဖလသ
မာပတ် ဝင်စားသည့် အခါ ဝိပဿနာက အနိမိတ္တနုပဿနာ ဖြစ်နေလျှင်,
ဝိပဿနာ နာမည်နောက်သို့ ဖိုလ်နာမည် လိုက်ခဲ့သော် , အရင်းခံ မဂ်နှင့်
ဆန့်ကျင်ဘက် မဖြစ်ပေဘူးလား " ဟု မေးဘွယ်ရှိ၍ ဤစကားကို ဆိုရသည်။
ထိုထို သုညတမဂ် စသည်တို့၏ ဥစ္စာရင်း ( အကျိုး ) ဖြစ်သော ဖိုလ်ပင်
ဖြစ်သော်လည်း ဥစ္စာရှင်ဖြစ်သော မဂ်နောက်သို့ မလိုက်စေနှင့်တော့, ယခု
လောလောဆယ် ဖြစ်သွားဖြစ်သော ဝိပဿနာ၏ နာမည် နောက်သို့သာ
လိုက်ရမည်"ဟူလို။
နိဿယနှင့်အဓိပ္ပါယ်
၇။ ပန - အဘိတပါးကား၊ ဖလသမာပတ္တိဝီထိယံ – ဖလ
သမာပတ္တိဝီထိ၌၊ ယထာသုတ္တနယေန-အကြင်အကြင် ဆိုအပ်
ခဲ့တိုင်းသော နည်းဖြင့်၊ ဝိပဿန္တာနံ – ဝိပဿနာ ရှုကုန်သော
ပုဂ္ဂိုလ်တို့၏ ( သန္တာန်၌)၊ ယထာသကံ - အကြင်ကြင် မိမိ
ဥစ္စာ ဖြစ်သော၊ ဖလံ-ဖိုလ်သည်၊ ဥပ္ပဇ္ဇမာနမ္ပိ - ဖြစ်ပါသော်
လည်း၊ ဝိပဿနာဂမန ဝသေနေဝ-ဖိုလ်၏ဖြစ်ပေါ်လာကြောင်း
ဖြစ်သော ဝိပဿနာနှင့် စပ်သဖြင့် သာလျှင်၊ သုညတာဒိ
ဝိမောက္ခောဘိတ - သုညတဝိမောက္ခ အစရှိသည် ဟူ၍လည်း၊
ပဝုစ္စတိ-ဆိုအပ်၏။
၈။ ပန - အဘို့ တပါးကား၊ အာရမ္မဏဝသေန - နိဗ္ဗာန်
အာရုံနှင့် စပ်သဖြင့်၎င်း၊ သရသ ဝသေနစ - မိမိ သဘောနှင့်
၈။ အာရုံနှင့်စပ်၍ အမည်ရပုံ ။ ။ အာရမ္မဏဝသေန — မဂ်ဖိုလ်
တို့၏ " သုညတဝိမောက္ခ " စသော အမည်ရမှုမှာ မိမိတို့ ရှေ့က ဝိပဿနာ
အတွက်သာ မကသေး, အာရုံနှင့် ဆက်သွယ်၍လည်း သုညတဝိမောက္ခ
စသော အမည်ကို ရကြသေး၏။ မဂ်ဖိုလ်တို့သည် နိဗ္ဗာန်ကို အာရုံပြု၏၊
ထို အာရုံဖြစ်သော နိဗ္ဗာန်ကား သုညတလည်း မည်၏၊ အနိမိတ္တ, အပ္ပဏိ
## Trang 311
စပ်သဖြင့်၎င်း၊ နာမတ္တယံ – သုညတဝိမောက္ခ စသော အမည်
သုံးမျိုးတို့၏ အပေါင်းသည်။ သဗ္ဗတ္ထ - အလုံးစုံသော မဂ္ဂဝီထိ
ဖလသမာပတ္တိဝီထိ၌၊ သဗ္ဗေသံပိ – အလုံးစုံသော ပုဂ္ဂိုလ်တို့၏
(သန္တာန်၌) လည်း၊ သမမေဝ-တူသည်သာလျှင်တည်း၊ ဣတိ-
ဤတွင် အပြီးတည်း။
ဧတ္ထ-၏ ဝိပဿနာကမ္မဋ္ဌာန်း၌၊ အယံ – ဤ ဆိုအပ်ပြီးသည်
ကား၊ ဝိမောက္ခဘေဒေါ-ဝိမောက္ခဘေဒတည်း။
ဟိတလည်းမည်၏(ရုပ်ပိုင်းပြန်ကြည့်)၊ ထို့ကြောင့် အာရုံနှင့်စပ်၍ အမည်
ပေးရလျှင် မဂ်ဖိုလ်များသည့် သုညတဝိမောက္ခ အနိမိတ္တဝိမောက္ခ အပ္ပဏိ
ဟိတဝိမောက္ခ ဟူသော နာမည်သုံးမျိုးကို တပြိုင်နက် ရနိုင်ကြသည်။
မိမိသဘောအားဖြင့် အမည်ရပုံ။ ။သရသဝသေန-[သ=မိမိ၏
ရသ သဘော၊] မဂ်ဖိုလ်တရားတို့သည် ရာဂ ဒေါသ မောဟတို့မှ၎င်း,
အတ္တမှ၎င်း, ကင်းဆိတ်သော“သုညတ”သဘောရှိကုန်၏၊ လုံးလုံး လျောင်း
လျောင်း ပေါင်း၍တည့်ဟန် သဏ္ဌာန် နိမိတ်လည်း မရှိကြကုန်၊ တောင့်တ
တတ်သော တဏှာပဏိဓိလည်း မရှိကုန်၊ ထို့ကြောင့် ဝိပဿနာ အာရုံတို့နှင့်
မခပ်သွယ်ဘဲလည်း မိမိတို့၏ ပင်ကိုယ်သဘောအတိုင်းပင် သုညတဝိမောက္ခ
စသောနာမည်သုံးမျိုးကို ရနိုင်ကြလေသည်။
နာမတ္တယံ သဗ္ဗတ္ထ သဗ္ဗေသံပိ သမမေဝ — ဤသို့လျှင် အာရုံနှင့် စပ်၍
၎င်း,မိမိသဘောအားဖြင့်၎င်း, ရအပ်သော နာမည် သုံးမျိုးသည့် မဂ္ဂဝီထိ
အခိုက်မှာ ဖြစ်စေ, ဖလသမာပတ္တိ ဝီထိ အခိုက်မှာ ဖြစ်စေ အလုံးစုံသော
ပုဂ္ဂိုလ်တို့၌ ထူးမခြားနားပြီ။ [ ဝိပဿနာနှင့်စပ်၍ ရအပ်သော အမည်ကား
မဂ်ဖိုလ် တမျိုးလျှင် အမည် တမျိုးစီသာ ရနိုင်၏၊ အာရုံနှင့် စပ်၍၎င်း မိမိ
သဘောအားဖြင့်၎င်း, ရအပ်သော အမည်ကား တပြိုင်နက် သုံးမျိုးလုံး
ရနိုင်သည့်--ဟူလို။ ]
နိဿယနှင့်အဓိပ္ပါယ်
လေ့ကျင့်ခဏ်း မေးခွန်းများ
၆၁၃
၁။ ဝုဋ္ဌာနဂါမိနီ ဝိပဿနာသည် အနတ္တဟု ရှုလျှင် အဘယ် “ဝိမောက္ခ
မုခ”အမည်ရ၍, ထို့နောက် ရအပ်သော မဂ်နှင့် ထိုမဂ်နောက်ဆက်၍
ဖြစ်သော ဖိုလ်များသည် အဘယ်ဝိမောက္ခ မည်သနည်း။
၂။ ဝုဋ္ဌာနဂါမိနီဝိပဿနာသည် အနိစ္စ ဟု ရှုလျှင် အဘယ် “ဝိမောက္ခမုခ”
အမည်ရ၍ ထိုနောက် ရအပ်သောမဂ်နှင့် ထိုမဂ်နောက် ဆက်၍ ဖြစ်
သော ဖိုလ်များသည် အဘယ်“ဝိမောက္ခ” မည်သနည်း။
၃။ ဝုဋ္ဌာနဂါမိနီ ဝိပဿနာသည် ဒုက္ခဟု ရှုလျှင် အဘယ် “ဝိမောက္ခမုခ”
အမည်ရ၍, ထို့နောက် ရအပ်သောမဂ်နှင့် ထိုမဂ်နောက် ဆက်၍ဖြစ်သော
ဖိုလ်များသည် အဘယ် “ဝိမောက္ခ” မည်သနည်း။
၄။ အဘယ်တရား လွန်ကဲလျှင် အဘယ်သို့ ဝိပဿနာ ရှုဘတ်သနည်း,
လက်ထောက်ပါ။
၅။ သမာပတ်ဝင်စားရာ၌ဖြစ်သော ဖိုလ်စိတ်များကို ဥစ္စာရှင် မဂ်နှင့် တူစွာ
အမည် မှည့်ရမည်လော, သို့မဟုတ် အနီးက ဝိပဿနာနှင့် တူစွာ
မှည့်ရမည်လော, သင်္ဂြိုဟ်ထောက်ပါ။
၆။ နိဗ္ဗာန်အာရုံနှင့်စပ်၍ မဂ်ဖိုလ်များကို နာမည်တပ်လျှင် တပါးနှင့် တပါး
ထူးခြားဘွယ် ရှိသေးသလော။
၇။ မိမိတို့သဘောနှင့် စပ်၍ နာမည် တပ်လျှင်ကော တပါးနှင့် တပါးသည်
ထူးခြားဘွယ် ရှိသေးသလော။
၈။ ထို အမေး ၂ ရပ်နှင့် ဆိုင်သော သင်္ဂြိုဟ်ပါဌ်ကို ပြပါ။
## Trang 312
နိဿယနှင့်အဓိပ္ပါယ်
၆၁၄
၁။ ပန-ဆက်ဦးအံ့၊ ဒက္ခ-ဤမဂ်တို့
အရိယာပုဂ္ဂိုလ်အပြား
တွင်၊ သောတာပတ္တိမဂ္ဂီ - သောတာပတ္တိမဂ်ကို၊ ဘာဝေတွာ-
ဖြစ်စေသည်ရှိသော်၊ ဒိဋ္ဌိဝိစိကိစ္ဆာပ္ပဟာနေန - ဒိဋ္ဌိဝိစိကိစ္ဆာကို ပယ်ခြင်းဖြင့်၊ ပဟီနပါယဂမနော - ပယ်အပ်ပြီးသော အပါယ်သို့ ရောက်ကြောင်း တရား
ရှိသည် (အပါယ်သို့ ရောက်ကြောင်းတရားကို ပယ်ပြီးသည်)၊
ဟုတွာ-ဖြစ်၍၊ သတ္တက္ခတ္တုပရမောနာမ - သတ္တက္ခတ္တုပရမ
မည်သော၊ သောတာပန္နော-သောတာပန် သည်၊ ဟောတိ-၏။
၁။ အရိယာပုဂ္ဂိုလ်အပြား။ ။သောတာပန္န [သောတ=အရိယာ
မဂ် တည်းဟူသော ရေအယာဉ်သို့+အာပန္န ရောက်သူ၊] အရိယာမဂ္ဂင်
ရေအယာဉ်သို့ ရောက်ပြီ, ရွှေဘိုးလျှင် တဖြည်းဖြည်း နိဗ္ဗာန် တည်းဟူသော
သမုဒြာသို့ ဝင်တို့သာ ရှိတော့သည့်ဟူလို။
သောတာပတ္တိမဂ်ကို ဖြစ်စေနိုင်လျှင် (ရလျှင်) ကိလေသာ ၁၀ ပါးတွင်
ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို အကြွင်းအကျန် မရှိအောင် ပယ်နိုင်၏၊ ဥဒ္ဓစ္စမှတပါး ကျန်
ကိလေသာများကိုကား အပါယဂမနီယသတ္တိ (အပါယ်ကျရောက်ဘို့ရန် ရှုံ့ရင်း
ကြမ်းတမ်းသော သတ္တိ) လောက်ကိုသာ ပယ်သေးသည်၊ [အကုသိုလ်၁၂ပါး
တွင် ဒိဋ္ဌိဂတသမ္ပယုတ် ၄, ဝိစိကိစ္ဆာသဟဂုတ် ၁, ၍ ၅ ပါးကို အကြွင်းမရှိ
ပယ်နိုင်၏၊ ဥဒ္ဓစ္စကား အပယ် မချနိုင်သဖြင့် ဥဒ္ဓစ္စသဟဂုတ်စိတ်ကို တို့ရုံမျှ
မတို့သေး၊ ကြွင်းသော အကုသိုလ်စိတ် ၆ ပါး၏ အပါယ်ချနိုင်သော အစွမ်း
သတ္တိကိုကား ပယ်ရှားလေပြီ။]
ပဟီနာပါယဂမနော—ထို့ကြောင့် သောတာပန် ပုဂ္ဂိုလ် မှန်လျှင်
အပါယ်ရောက်ကြောင်း တရားများကို ပယ်ရှားပြီးပြီ- ဟု ဆိုလိုသည်။
သတ္တက္ခတ္တုပရမော——သောတာပန်ဖြစ်လျှင် ကာမဘုံ၌ ၇ ကြိမ်ထက်
လွန်၍ ပဋိသန္ဓေ မနေပြီ၊ ဗြဟ္မာ့ဘုံ၌ကား ၇ ကြိမ်ထက်ပို၍ နေသေး၏။
နိဿယနှင့်အဓိပ္ပါယ်
၆၁၅
၂။ သကဒါဂါမိမဂ္ဂ-သကဒါဂါမိမဂ်ကို၊ ဘာဝေတွာ-
ဖြစ်စေသည်ရှိသော်၊ ရာဂ ဒေါသ မောဟာနံ - ရာဂ ဒေါသ
မောဟတို့ကို၊ တနုကရတ္တာ - နည်းပါးအောင် ပြုဘတ်သည့်
အတွက်၊ သကိဒေဝ - တကြိမ်သာလျှင်၊ ဣမံလောကံ - ဤ
ကာမဘုံသို့၊ အာဂန္တွာ-ပဋိသန္ဓေ နေလာခြင်းကြောင့်၊ သက
ဒါဂါမီနာမ-သကဒါဂါမ် မည်သည်၊ ဟောတိ-ဖြစ်၏။
သောတာပန် ၃ မျိုး
(၁) ဧကဗီဇီ သောတာပန်-ကာမဘုံ၌ ပဋိသန္ဓေမျိုးစေ့ တကြိမ်သာ
ရှိသူ၊ တကြိမ် ပဋိသန္ဓေနေပြီးနောက် ရဟန္တာဖြစ်မည်-ဟူလို။ [ဧက=တကြိမ်+
ဗီဇီ=ပဋိသန္ဓေ မျိုးစေ့ရှိသူ။]
(၂) ကောလံကောလ သောတာပန် − အမျိုးကောင်း တမျိုးမှ
အမျိုးကောင်း တမျိုးသို့ ကူးပြောင်း၍ ပဋိသန္ဓေနေသူ၊ ကာမဘုံ၌ ၂ ကြိမ်မှ
၆ ကြိမ် တိုင်အောင် ပဋိသန္ဓေ နေနိုင်သည်, ထို့နောက် ရဟန္တာ ဖြစ်၏၊
[ကောလ=အမျိုးကောင်း ရှိသူ။]
(၃) သတ္တက္ခတ္တုပရမ သောတာပန်—ကာမဘုံ၌ ၇ ကြိမ် ပဋိသန္ဓေ
နေပြီးလျှင် ရဟန္တာဖြစ်သူ။ [သတ္တက္ခတ္တု=ပဋိသန္ဓေ ခုနှစ်ကြိမ် + ပရမ=
အလွန်ရှိသူ။]
၂။ သကဒါဂါမ်ပုဂ္ဂိုလ် ။ ။ [သင်္ချာ+အာဂါမီ၊ သကိံ=တကြိမ်
+အာဂါမီ =ပဋိသန္ဓေ နေလာသူ၊] ဤ ကာမဘုံ၌ တကြိမ်သာ ပဋိသန္ဓေ
နေလာ၍ ရဟန္တာဖြစ်သူ၊ တကြိမ်ဟူသော်လည်း ဗြဟ္မာ့ဘုံမှ ပြန်လာသည်
မဟုတ်၊ ကာမဘုံချင်းသာ စုတေပြီးနောက် တကြိမ် ပြန်လာသည် – ဟူလို၊
ထို သကဒါဂါမ်သည် ရာဂ ဒေါသ မောဟ များကို နည်းပါးအောင်သာ
ပြုနိုင်သည်၊ မည်သည့် ကိလေသာကိုမျှ အကြွင်းမဲ့ ထပ်၍ မပယ်နိုင်သေး၊
[ဣမံလောကံ—အရ ကာမလောက မနုဿလောက ဟု ၂ ဝါဒ ရှိသည်ကို
ဘာသာဋီကာမှာ ရှု၊]
## Trang 313
နိဿယနှင့်အဓိပ္ပါယ်
၆၁၆
၃။ အနာဂါမိမဂ္ဂ-အနာဂါမိမဂ်ကို၊ ဘာဝေတွာ – ဖြစ်
စေသည် ရှိသော်၊ ကာမရာဂ ဗျာပါဒါနံ – ကာမရာဂ ဗျာပါဒ
တို့ကို၊ အနဝသေသပ္ပဟာနေန—အကြွင်း မရှိအောင် ပယ်သည့်
အတွက်၊ ဣတ္ထတ္တံ- ဤ ကာမဘုံသို့၊ အနာဂန္တွာ – ပဋိသန္ဓေ
မနေလာခြင်း ကြောင့်၊ အနာဂါမီနာမ– အနာဂါမ်မည်သည်၊
ဟောတိ – ဖြစ်၏။
၄။ အရဟတ္တမဂ္ဂ-အရဟတ္တမဂ်ကို၊ ဘာဝေတွာ-သော်၊
အနဝသေသကိလေသပ္ပဟာနေန—အကြွင်း မရှိအောင် ကိလေ
သာတို့ကို ပယ်ခြင်းကြောင့်၊ ခီဏာသဝေါ - ကုန်ခမ်းပြီးသော
အာသဝေါရှိသော၊လောကေ-လောက၌၊အဂ္ဂဒက္ခိဏေယျော-
မြတ်သော အလှူခံပုဂ္ဂိုလ်ဖြစ်သော၊ အရဟာနာမ - ရဟန္တာ
မည်သည်၊ ဟောတိ-ဖြစ်၏။
ဧတ္ထ – ၏ ဝိပဿနာကမ္မဋ္ဌာန်း၌၊ အယံ – ဤ ဆိုအပ်ပြီး
သည်ကား၊ ပုဂ္ဂလဘေဒေါ-ပုဂ္ဂလဘေဒ တည်း။
၃။ အနာဂါမ်ပုဂ္ဂိုလ် ။ ။ ဤကာမဘုံ၌ ပဋိသန္ဓေ မနေလာသူ၊
(ဘုရားဖူး တရားနာကား လာပါသေး၏။)
ကာမရာဂဗျာပါဒါနံ အနဝသေသ ပဟာနေန—[ ကာမရာဂ=
ကာမဂုဏ်ငါးပါး၌ တပ်မက်သော တဏှာ၊ ဗျာပါဒ = ဒေါသကိလေသာ
(ဒေါသမူစိတ်) ။ ] အနာဂါမ်ဖြစ်လျှင် ဤ ကာမရာဂနှင့် ဗျာပါဒကို လုံးဝ
ပယ်လိုက်ပြီ ဖြစ်၍ ကာမဂုဏ်ခံစားခြင်း မရှိ, ဒေါသလည်း မထွက်တော့ပြီ၊
[သကဒါဂါမ်တိုင်အောင် ကာမဂုဏ်ကို နဲနဲပါးပါး ခံစားသေး၏။]
၄။ ရဟန္တာ ပုဂ္ဂိုလ် ။ ။ ကိလေသာ အားလုံးမှ ဝေးကွာသော
ပုဂ္ဂိုလ်ကို “အရဟာ (ရဟန္တာ)” ဟု ခေါ်သည်၊ ရဟန္တာ ဖြစ်သည့်အခါ
နိဿယနှင့်အဓိပ္ပါယ်
၆၁၇
အောက်မဂ်က မပယ်နိုင်၍ ကျန်သေးသော ကိလေသာ ၇ ပါးကို ပယ်၏၊
စိတ်အားဖြင့် ရူပရာဂအရူပရာဂကို ပြုတတ်သော ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄,
ဥဒ္ဓစ္စသဟဂုတ်စိတ် ၁ တို့ကို အကြွင်းမဲ့ ပယ်သည်။
အဂ္ဂဒက္ခိဏေယျော— အမှိုက် သရိုက် ကင်း၍ သန့်ရှင်းသော လယ်
မြေသည် စိုက်ပျိုး ကြဲချအပ်သော မျိုးစေ့ ဟူသမျှကို ထွားကျိုင်း သန်မာ
များစွာသော အပင် အသီးကို ပွားစီးစေသကဲ့သို့,ထို့အတူ ကိလေသာ
တည်းဟူသော အညစ်အကြေး ကင်းသဖြင့် သန့်ရှင်းသော စိတ်အစဉ် ရှိပေ
ရကား, ထို ရဟန္တာအရှင်မြတ်သည် လှူဒါန်း ပူဇော်သမျှ၌ အကျိုးများစွာ
ရစေနိုင်သောကြောင့် အလှူခံပုဂ္ဂိုလ်တို့တွင် “အမြတ်ဆုံး အလှူခံ” ဖြစ်တော်
မူပေသည်။
လေ့ကျင့်ခဏ်း မေးခွန်းများ
(က) အဘယ်ပုဂ္ဂိုလ်မျိုးကို“သောတာပန္န”ဟု ခေါ်သနည်း, ထို သောတာ
ပန်သည် ကိလေသာ ၁၀ ပါးတွင် အဘယ် ကိလေသာကို အကြွင်းမရှိ
ပယ်၍, အဘယ် ကိလေသာများကို နည်းပါးအောင် ပယ်သနည်း။
(ခ) အဘယ် အကုသိုလ်စိတ်ကို အကြွင်းမဲ့ ပယ်၍ အဘယ်စိတ်၏ အပါယဂမ
နီယသတ္တိကို ပယ်ပြီးလျှင်, အဘယ်စိတ်ကို အနည်းငယ်မျှ မပယ်သနည်း၊
သောတာပန် ၃ မျိုးကို ပဋိသန္ဓေ အကြိမ်နှင့်တကွ ခွဲပြပါ။
(ဂ) အဘယ်ပုဂ္ဂိုလ်ကို“သကဒါဂါမီ”ဟု ခေါ်သနည်း,ထိုသကဒါဂါမ်သည်
ကိလေသာကို အကြွင်းမဲ့ ပယ်နိုင်သလော, ဘယ်ပုံပယ်သနည်း။
(ဃ) အဘယ်ပုဂ္ဂိုလ်ကို“အနာဂါမီ”ဟု ခေါ်သနည်း, ထို အနာဂါမ်သည်
ဘယ် ကိလေသာ ဘယ် အကုသိုလ်စိတ်ကို အကြွင်းမဲ့ ပယ်သနည်း။
(င) အဘယ် ပုဂ္ဂိုလ်မျိုးကို “ရဟန္တာ” ဟု ခေါ်သနည်း, ထို ရဟန္တာ၏
ပယ်အပ်သော ကိလေသာများနှင့် အကုသိုလ် စိတ်များကိုလည်း သရုပ်
ရေတွက်ပါ။
## Trang 314
နိဿယနှင့်အဓိပ္ပါယ်
၆၁၈
သမာပတ်အပြား
၁။ ပန - ဆက်ဦးအံ့၊ ဧတ္ထ – ဤ ပုဂ္ဂလ
ဘေဒ၌၊ ဖလသမာပတ္တိဝီထိယော -ဖလ
သမာပတ္တိဝီထိတို့သည်၊ သဗ္ဗေသံပိ - အလုံးစုံသော ဖလဋ္ဌ
ပုဂ္ဂိုလ်တို့၏လည်း၊ ဝါ - တို့နှင့်လည်း၊ ယထာသက ဖလ
ဝသေန-မိမိဥစ္စာဖြစ်သော ဖိုလ်၏အစွမ်းဖြင့်၊ သာဓာရဏာဝ-
ဆက်ဆံကုန်သည်သာတည်း။ [ဖလသမာပတ္တိဝီထီသံ- ဟု
လည်း ရှိ၏၊ သာဓာရဏာနှင့် အရတူမည် ဖြစ်သောကြောင့်
ဝီထိယော-ဟု ရှိမှ သင့်မည်။]
သမာပတ္တိအပြား။ ။ [သံ+အာပတ္တိ၊ သံ == ကောင်းစွာ + အာ
ပတ္တိ = ရောက်ခြင်း၊] ဈာန်တရား, ဖိုလ်တရားနှင့် နိရောဓသို့ ကောင်းစွာ
ရောက်နေခြင်းကို ဈာန်သမာပတ်ဝင်စားသည်, ဖလသမာပတ် ဝင်စားသည်,
နိရောဓသမာပတ် ဝင်စားသည် ဟု ခေါ်ကြ၏၊ ဤ၌ကား ဈာန်ခဏ်းမဟုတ်
သဖြင့် ဈာန်သမာပတ်ကို မပြ, ဖလသမာပတ် နိရောဓသမာပတ် ကိုသာ
ပြလတံ့။
၁။ ဖလသမာပတ္တိဝီထိ။ ယထာသက ဖလဝသေန – [ယထာ=
အကြင်အကြင်+သက=မိမိဥစ္စာ+ဖလ=ဖိုလ်၊] ဖလသမာပတ် ဝင်စားသည့်
အခါ မည်သည့် အရိယာမဆို မိမိဆိုင်ရာ ဖိုလ်နှင့် ဆက်ဆံသည်၊ မိမိဆိုင်ရာ
ဖိုလ်ကိုသာ ဝင်စားနိုင်သည်၊ သောတာပန်ပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်ကို
ဝင်စားနိုင်သည် စသည်ဖြင့် သိလေ၊ ထိုဖလသမာပတ် ဝင်စားသည့်အခါ ဖလ
သမာပတ်မှ မထမခြင်း ဖိုလ်စိတ်အကြိမ်များစွာထပ်ကာထပ်ကာ ဖြစ်နေသည်၊
ရည်ရွယ်ချက် အချိန်စေ့သည့်အခါ ဖိုလ်စိတ် အစဉ်ရပ်၍ ဘဝင်စိတ် ပေါ်လာ
သည်၊ ထိုကဲ့သို့ ဖိုလ်စိတ်အစဉ် ရပ်စဲခြင်းကိုပင် “သမာပတ်မှ ထခြင်း” ဟု
ခေါ်စမှတ် ပြုကြသည်။
နိဿယနှင့်အဓိပ္ပါယ်
၆၁၉
၂။ ပန - အဘို့တပါးကား၊
နိရောဓသမာပတ္တိသမာပဇ္ဇနံ-
နိရောဓသမာပတ်ဝင်စားခြင်းကို၊ အနာဂါမိနဉ္စဝ-အနာဂါမ်
ပုဂ္ဂိုလ်တို့၏(သန္တာန်၌)၎င်း၊ အရဟန္တာနဉ္စ-ရဟန္တာပုဂ္ဂိုလ်
တို့၏ သန္တာန်၌၎င်း၊ လဗ္ဘတိ-ရအပ်၏။
တတ္ထ-ထို နိရောဓသမာပတ်ကို ဝင်စားရာ၌၊ ယထာက္ကမံ-
အစဉ်အားလျော်စွာ၊ ပဌမဈာန မဟဂ္ဂတ သမာပတ္တိ-ပဌမ
ဈာန် အစ ရှိသော မဟဂ္ဂုတ် သမာပတ်ကို၊ သမာပဇ္ဇိတွာ-
ဝင်စား၍၊ ဝုဋ္ဌာယ-သမာပတ်မှ ထပြီးလျှင်၊ တတ္ထဂတေ-ထို
၂။ နိရောဓသမာပတ်။ ။နိရောဓသမာပတ် ဝင်စားမှုကား အရိယာ
အားလုံးနှင့် မဆိုင်၊ သမာပတ် ၈ ပါးကို ရပြီးသော အနာဂါမ် ရဟန္တာနှင့်သာ
ဆိုင်သည်၊ [ စတုက္ကနည်းအားဖြင့် ရူပဈာန်ကို ၄ ပါးယူ၍, အရူပဈာန် ၄ ပါး
နှင့် ပေါင်းလျှင် သမာပတ် ၈ ပါး ဖြစ်သည်။ ]
အဘယ့်ကြောင့် အနာဂါမ်ရဟန္တာများသာ နိရောဓသမာပတ်ကို ဝင်စား
နိုင်သနည်း၊ ထိုပုဂ္ဂိုလ်များသာ သမာဓိပြည့်စုံပြီးဖြစ်သောကြောင့် ထိုအနာဂါမ်
ရဟန္တာ များသာ ဝင်စားနိုင်သည်၊ ထို စကား သင့်၏- မိမိ စိတ်စေတသိက်ကို
မဖြစ်အောင် ချုပ်တည်းမှုသည် ထိုထိုအာရုံကို အာရုံမပြဘဲနေမှသာဖြစ်ရာ၏၊
အနီးအပါးမှာ အာရုံရှိလျက် မပြဘဲ နေနိုင်ခြင်းကား တော်တော် သမာဓိဖြင့်
မဖြစ်နိုင်ရာ၊ သောတာပန် သကဒါဂါမ်တို့မှာကား ထိုမျှလောက်တိုင်အောင်
သမာဓိ မပြည့်စုံနိုင်သေးချေ။
နိရောဓသမာပတ်ဝင်စားပုံအစဉ်။ ။နိရောဓသမာပတ်ကို ဝင်စား
လိုသော် မိမိရပြီးသော လောကီဈာန်တွင် ပဌမဈာန်ကို ဝင်စား, ပဌမဈာန်မှ
ထပြီးနောက် ပဌမဈာန်တွင် ပါဝင်သော သင်္ခါရ (စိတ် စေတသိက်) တပါး
ပါးကို အနိစ္စ ဒုက္ခ အနတ္တ ဟု ဝိပဿနာ ရှုရာ၏၊ ဒုတိယဈာန် စသည်တို့၌
## Trang 315
နိဿယနှင့်အဓိပ္ပါယ်
၆၂၀
သမာပတ်၌ရှိကုန်သော၊ သင်္ခါရဓမ္မေ - သင်္ခါရတရားတို့ကို၊
တတ္ထတ္ထေဝ - ထိုထို သမာပတ်မှ ထပြီးရာ ခဏ၌ ပင်လျှင်၊
ဝိပဿန္တော - ဝိပဿနာရှုလျက်၊ ယာဝအာကိဉ္စညာယတနံ-
အာကိဉ္စညာယတနဈာန် တိုင်အောင်၊ ဂန္တွာ – စိတ် အစဉ်
အားဖြင့် သွား၍၊ တတော – ထို အာကိဉ္စညာယတန ဈာန်မှ၊
ပရံ-နောက်၌၊ အဓိဋ္ဌေယျာဒိကံ – အဓိဋ္ဌာန်ခြင်း အစရှိသော၊
ပုဗ္ဗကိစ္စံ-ပုဗ္ဗကိစ္စ လေးပါးကို၊ ကတွာ - ပြုပြီး၍၊ နေဝသညာ
နာသညာယတနံ-နေဝသညာနာသညာယတန ဈာန်ကို၊ သမာ
ပဇ္ဇတိ - ဝင်စား၏၊ တဿ - ထို နေဝသညာနာသညာယတန
ဈာန်၏၊ ဒွန္နံ-နှစ်ကြိမ်ကုန်သော၊ အပ္ပနာဇဝနာနံ – အပ္ပနာဇော
တို့၏၊ ပရတော - နောက်၌၊ စိတ္တသန္တတိ - စိတ်အစဉ်သည်၊
ဆိဇ္ဇတိ – ပြတ်၏၊ တတော - ထိုသို့ စိတ်အစဉ် ပြတ်ခြင်း
ကြောင့်၊ နိရောဓသမာပန္နောနာမ - နိရောဓသို့ ရောက်သည်
မည်သည်၊ ဝါ - နိရောဓသမာပတ် ဝင်စားသည် မည်သည်၊
ဟောတိ-ဖြစ်၏။
ဤနည်း အတိုင်း ဝင်စားမှ ဝိပဿနာ ရှုမှုကို ပြုလျက် အာကိဉ္စညာယတန
ဈာန်သို့ ရောက်ပြီးနောက်, နေဝသညာနာသညာယတနဈာန် မဝင်စား
သေးဘဲ........
အဓိဋ္ဌေယျာဒိကံ ပုဗ္ဗကိစ္စံကတွာ –– အဓိဋ္ဌာန်ခြင်း စသော ပုဗ္ဗကိစ္စ
လေးပါးကို ပြုရမည်၊ အဓိဋ္ဌေယျာဒိ–၌ အာဒိဖြင့် သံဃပဋိမာနန, သတ္ထု
ပက္ကောသန, အဒ္ဓါနပရိစ္ဆေဒတို့ကို ယူ၊ [အကျယ်ကို ဝီထိဘာသာဋီကာမှာ
ရှု၊] ပုဗ္ဗကိစ္စ ပြုပြီးနောက် နေဝသညာ နာသညာယတနဈာန်ကို ဝင်စားရာ၌
ဈာန်အကြိမ်များစွာ မဖြစ်စေဘဲ.......
နိဿယနှင့်အဓိပ္ပါယ်
၆၂၁
ပန - ဆက်ဦးအံ့၊ ဝုဋ္ဌာနကာလေ - သမာပတ်မှ ထရာ
ကာလ၌၊ အနာဂါမိနော-အနာဂါမ်ပုဂ္ဂိုလ်၏ သန္တာန်၌၊ အနာ
ဂါမိဖလစိတ္တံ - အနာဂါမိ ဖိုလ်စိတ်သည်၎င်း၊ အရဟတော-
ရဟန္တာပုဂ္ဂိုလ်၏ သန္တာန်၌၊ အရဟတ္တဖလစိတ္တံ – အရဟတ္တ
ဖိုလ်စိတ်သည်၎င်း၊ ဧကဝါရမေဝ - တကြိမ်တည်း သာလျှင်၊
ပဝတ္တိတွာ - ဖြစ်ပြီး သည်ရှိသော်၊ ဘဝင်္ဂပါတော – ဘဝင်ကျ
ခြင်းသည်၊ ဟောတိ – ဖြစ်၏၊ တတော—ထိုဘဝင်မှ၊ ပရံ−နောက်၌၊
ပစ္စဝေက္ခဏာဉာဏံ – ပစ္စဝေက္ခဏာဉာဏ်သည်၊ ပဝတ္တတိ--
ဖြစ်၏။
ဧတ္ထ-ဤ ဝိပဿနာသင်္ဂဟ၌၊ အယံ-ဆိုအပ်ပြီးသည်ကား၊
သမာပတ္တိဘေဒေါ-သမာပတ္တိဘေဒတည်း။
နိဂုံးကား၊ ဝိပဿနာကမ္မဋ္ဌာန နယော - ဝိပဿနာ
ကမ္မဋ္ဌာန်းနည်းသည်၊ နိဋ္ဌိတော-ပြီးပြီ။
ဒွိန္နံ အပ္ပနာဇဝနာနံ ပရတောဝါပိ ဝိစ္ဆိဇ္ဇတိ စိတ္တသန္တတိ – နေဝသညာ
နာသညာယတနဈာန်ဇောကိုပင် “အပ္ပနာဇော”ဟု ခေါ်သည်။ ထို အပ္ပနာ
ဇော ၂ ကြိမ်သာ ဖြစ်ပြီးနောက် စိတ် အစဉ် ပြတ်စဲလေတော့၏၊ စိတ်အစဉ်
ပြတ်လျှင် စေတသိက်နှင့် စိတ္တဇရုပ်များလည်း ဖြစ်ခွင့် မရှိပြီ၊ ကမ္မဇ ဥတုဇ
အာဟာရဇရုပ်များသာ ဖြစ်တော့၏။
တတော နိရောဓသမာပန္နောနာမ --- ထို စိတ် စေတသိက် စိတ္တဇရုပ်
တို့၏ ချုပ်နေခြင်းကိုပင် “နိရောဓသမာပတ် ဝင်စားသည်” ဟု ဆိုသည်။
သမာပတ်ဝင်စားချိန်။ ။အစာ မစားလျှင် မဖြစ်၊ “ထမင်းအသက်
ခုနစ်ရက်” ဟု ဆိုသောကြောင့် လူ့ဘုံ၌ ၇ ရက်ထက် လွန်၍ မဝင်စားနိုင်၊
နတ်ပြည်၌ကား သူတို့အစာ၏ အသက်နှင့် နှိုင်းချိန်ရာ၏။ အစာမစားသော
## Trang 316
ပန – တိုက်တွန်း လိုက်ပါဦးအံ့၊ သာသနေ -
ဥယျောဇဉ် သာသနာတော်၌၊ ပဋိပတ္တိရသ ဿာဒံ – ပဋိပတ်
၏ အရသာ၊ သင်္ခယာဘွယ်တောင်း၊ ဈာန်မဂ်ဖိုလ် ဟူသော
ချမ်းသာကောင်းကို၊ ပထယန္တိ န – လိုလား တောင့်တသော
ပုဂ္ဂိုလ်သည်၊ ဣစ္စေဝံ-ဤ ဆိုအပ်ပြီးသော အစဉ်ဖြင့်၊ ဥတ္တမံ-
မွန်မြတ်သော၊ ဘာဝနာဒွယံ - သမထ ဝိပဿနာ၊ ဘာဝနာ
နှစ်ပါး အပေါင်းကို၊ ဘာဝေတဗ္ဗံ-ဖြစ်စေအပ်၊ ဖြစ်စေထိုက်၏၊
ဝါ-မိမိသန္တာန်၌ ထုံမွှမ်းအပ်၊ ထုံမွှမ်းထိုက်ပေသတည်း။
ရူပဗြဟ္မာများမှာ ကြာရှည့်စွာ ဝင်စားနိုင်၏၊ ကာမ ရူပပုဂ္ဂိုလ် အားလုံးပင်
အခွင့်အားလျော်စွာ တစ်ခဏမျှလည်း ဝင်စားနိုင်ကြသည်၊ [အရူပဗြဟ္မာများ
ကား အစဉ်အတိုင်း ဝင်စားဘို့ရာ ရူပဈာန် မရှိသောကြောင့် ဤ သမာပတ်ကို
မဝင်စားနိုင်ကြ။]
ဝုဋ္ဌာနကာလေ-ရည်ရွယ်ချက် အချိန်စေ့၍ စိတ် စေတသိက်တို့ ဖြစ်
ခြင်းကို "နိရောဓသမာပတ်မှ ထသည်" ဟု ဆိုသည်၊ ထိုအခါ အနာဂါမ်
ပုဂ္ဂိုလ်၌ အနာဂါမိ ဖိုလ်စိတ်၊ ရဟန္တာပုဂ္ဂိုလ်၌ အရဟတ္တ ဖိုလ်စိတ်များ
ရှေးဦးစွာ တစ်ကြိမ် ဖြစ်၏၊ ထို့နောက် ဘဝင် ကျပြီးလျှင် မိမိဖိုလ်ကို ပြန်၍
ဆင်ခြင်သော ပစ္စဝေက္ခဏာဝီထိ ဖြစ်၏။
ဥယျောဇဉ်။ ။ပဋိပတ္တိရသဿာဒံ— [ ပဋိပတ္တိ = သီလစောင့်မှု
သမာဓိ အားထုတ်မှု စသော အကျင့်၏+ရသ = အရသာ+အဿာဒ=
သာယာဘွယ်၊ ] သာသနာတော်ဝယ် ပဋိပတ်၏ အရသာ သာယာဘွယ်
ကောင်းသော တရားကား ဈာန်မဂ်ဖိုလ်များတည်း၊ ထို အရသာကို ခံစား
လိုသော အမျိုးကောင်း သား အမျိုးကောင်းသမီး များသည် ဆိုခဲ့သော အစီ
အစဉ်ဖြင့် ဘာဝနာ ၂ ပါးကို ပွားများကြပါလေ – မိမိသန္တာန်၌ ထုံမွှမ်းကြ
ပါလေ ဟု တိုက်တွန်းနှိုးဆော်သော ဥယျောဇဉ် ဂါထာတည်း။
နိဿယနှင့် အဓိပ္ပါယ်
အဘိဓမ္မတ္ထသင်္ဂဟေ - အဘိဓမ္မတ္ထ သင်္ဂြိုဟ်၊ ခေါ်ဆို
လက်သန်း၊ အဋ္ဌကထာကျမ်း၌၊ ကမ္မဋ္ဌာနသင်္ဂဟ ဝိဘာဂေါ
နာမ-ကမ္မဋ္ဌာန သင်္ဂဟ ဝိဘာဂမည်သော၊ နဝမော - ကိုးပိုင်း
တို့၏ ပြည့်ကြောင်း ဖြစ်သော၊ ပရိစ္ဆေဒေါ – အပိုင်းသည်၊
ဣတိ – ပြီးပြီ။
လေ့ကျင့်ခန်း မေးခွန်းများ
က။ သမာပတ် ဝင်စားပုံ၊ သမာပတ်မှ ထပုံကို ထင်ရှားအောင်ပြပါ။
ခ။ အဘယ် ပုဂ္ဂိုလ်သည် အဘယ် ဖိုလ်ကို ဝင်စားသနည်း။
ဂ။ နိရောဓသမာပတ်ကို အဘယ်ကြောင့် အနာဂါမ် ရဟန္တာများသာ
ဝင်စားနိုင်သနည်း။
ဃ။ ဝင်စားပုံ အခြင်းအရာကို သင်္ဂြိုဟ်ပါဠိစဉ် အတိုင်း ပြောပြပါ။
င။ အဓိဋ္ဌေယျာဒိ-၌ အာဒိဖြင့် ဘာကို ယူရမည်နည်း။
စ။ သမာပတ် မရောက်ခင် စတုတ္ထဇ္ဈာန် ဘယ်နှစ်ကြိမ် စောသနည်း။
ဆ။ အဘယ်သို့ ဖြစ်မှုကို နိရောဓသမာပတ် ဝင်စားသည် ဟု ခေါ်သနည်း။
ဇ။ သမာပတ်အတွင်း၌ ဘယ်တရားများ ဖြစ်သနည်း။
ဈ။ လူ့ဘုံ နတ်ဘုံ ဗြဟ္မာ့ဘုံ၌ အဘယ်မျှကြာအောင် ဝင်စားနိုင်သနည်း၊
ခွဲခြား ဖြေပါ။
ည။ သမာပတ်မှ ထသည့်အခါ အဘယ် ပုဂ္ဂိုလ်အား အဘယ်စိတ် အကြိမ်
မည်မျှ ဖြစ်သနည်း။
ကမ္မဋ္ဌာန်းပိုင်း နိဿယနှင့်
အဓိပ္ပါယ် ပြီးပြီ။
## Trang 317
ကျမ်းပြီးနိဂုံး
စာရိတ္တ သောဘိတ ဝိသာလ ကုလောဒယေ
န - စာရိတ္တကြွယ်၊ လွန်တင့်တယ်၍၊ ကြီး
ကျယ်ဘိတောင်း၊ မျိုးရိုးကောင်း၌၊ စွဲပိုက်သန္ဓေ၊ တည်နေ
ရခြင်းလည်း ရှိပေထသော၊ သဒ္ဓါဝုဍ္ဎ ပရိသုဒ္ဓ ဂုဏ-
ယေန - သဒ္ဓါ ပျံ့သင်း၊ လွန်သန့်ရှင်းသည့်၊ သီတင်းသီလ၊
စသည် အပေါင်း၊ သူတော်ကောင်း ဂုဏ်၊ ပြည့်စုံ တိုးပွား
ခြင်းလည်း ရှိပေထသော၊ နာမဓေယျေန-နာမည်သ၊ ဒါယကာ
သည်၊ ပရာနုကမ္မံ - သူတစ်ပါး အတွက်၊ သနားခြင်းကို၊
ပဏိဓာယ - စိတ်ဝယ် သွင်းမှု-အရင်းပြု၍၊ ယံပကရဏံ-
အကြင်အဘိဓမ္မာ၊ အဋ္ဌကထာ လက်သန်း အကျဉ်းကျမ်းကို၊
ကျမ်းပြီးနိဂုံး ။ စာရိတ္တ သောဘိတ စသော ပဌမ ဂါထာဖြင့်
ရေးသားပါရန် တောင်းပန်သူ ဒါယကာနှင့် တကွ ကျမ်းပြီးကြောင်း နိဂုံးကို
ပြ၏။
စာရိတ္တ သောဘိတ ဝိသာလ ကုလောဒယေန —
စာရိတ္တသီလ (အမျိုးကောင်းများ၏ အလေ့အကျင့်) + သောဘိတ
[ စာရိတ္တ = အကျင့်အားဖြင့်
တင့်တယ်သည် ဖြစ်၍ + ဝိသာလ = ကြီးကျယ်သော + ကုလ = အမျိုး
ကောင်း၌+ဥဒယ=ဖြစ်ခြင်း၊ ] ဤစကားဖြင့် "ကျမ်းပြုပါရန် တောင်းပန်သူ
ဒါယကာသည် အကျင့်အားဖြင့် တင့်တယ်၍ စည်းစိမ်ဥစ္စာ ကြွယ်ဝသော
မျိုးရိုးကောင်းမှာ ဖြစ်သူတည်း၊ (အညံ့စားထဲက မဟုတ်)" ဟု ပြသည်။
သဒ္ဓါဘိဝုဒ္ဓိ ပရိသုဒ္ဓဂုဏောဒယေန – [ သဒ္ဓါဘိ = တိုးတက်
သော သဒ္ဓါတရား + ပရိသုဒ္ဓဂုဏ = စင်ကြယ်သော သီလ သုတ စာဂ
ပညာ ဟိရီ သြတ္တပ္ပဂုဏ်+ ဥဒယ=ဖြစ်ခြင်း၊] ဤစကားဖြင့် "အမျိုးအဆွေ
ကောင်းရုံသာမက၊ သူတော်ကောင်းဥစ္စာ ၇ ပါးနှင့် ပြည့်စုံကြောင်းကိုလည်း
ပြသည်။
ကျမ်းပြီးနိဂုံး
အကြင်အဘိဓမ္မာ၊ အဋ္ဌကထာ လက်သန်း အကျဉ်းကျမ်းကို၊
ပဏ္ဏိတံ - ရိုသေလေးမြတ်၊ တောင်းပန်အပ်ပြီ၊ တံ ပကရဏံ-
ထို အဘိဓမ္မာ၊ အဋ္ဌကထာ လက်သန်း၊ အကျဉ်းကျမ်းသည်၊
ပရိနိဋ္ဌိတံ-ဝန်းကျင် ပတ်ကုံး ကမ္ပတ်ဖုံးလျက် နိဂုံးအရောက်၊
ပြီးမြောက်ခဲ့ပေပြီ။
ကျမ်းဆရာ၏ တောင့်တချက်ကိုပြဆိုချုပ်အံ့ ဝိပုလေန-
တောင့်တချက် သဒ္ဓါဆဒ္ဒပီယံသနှင့်၊ လုံ့လခိုင်ခိုင် ပြင်ဆိုင်
လှစွာသော၊ တေန ပုညေန - နေ့စဉ်မှန်မှန်
ကျမ်းဂန်ကိုပြု ထို ကောင်းမှုကြောင့်၊ ဓညာဝါသံ - ပျဉ်းရှင်
ကံရှင်၊ သမ္ဘာရှင်တို့၊ အစဉ်အုပ်စီး၊ သီတင်းသုံးရာလည်း
ဖြစ်ပေထသော၊ ဥဒိတဝိဒိတံ-ကျွန်းလုံးထင်ပေါ်၊ အကျော်
အမော်လည်း ဖြစ်ပေထသော၊ မူလသောမံ - မူလ သောမ၊
မည်ရ ဝှိုက်ချိုး၊ ကျောင်းတိုက်ကြီးကို၊ အာယုဂန္တိ – ယုဂ်
နမ္မယေန-ဤကျမ်းကို တောင်းပန်သူ၏နာမည်ကို "___"ဟုခေါ်၏၊
အမျိုးဂုဏ် အကျင့်ဂုဏ်နှင့် ပြည့်စုံသော ဒကာ နာမ တောင်းပန်အပ်သဖြင့်
ဤကျမ်းကို စီရင်ခဲ့ရာ ယခုအခါ ပြီးစီး အောင်မြင်ပေပြီ-ဟူလို။
ကျမ်းဆရာ၏ တောင့်တချက်။ ။ပုညေနတေန- စသော ဒုတိယ
ဂါထာဖြင့် – မိမိနေရာ မူလသောမ ကျောင်းတိုက်ကြီးကို လဇ္ဇီသူမွန် ပညဝန်
အဆက်ဆက်တို့ မပျက်ကွက်အောင် အမှတ်တရ စောင့်ရှောက်ရစ်ကြပါစေ-
ဟု တောင့်တသည်။
မူလသောမံ — ဤ စကားဖြင့် အရှင် အနုရုဒ္ဓါထေရ်၏ သီတင်းသုံးရာ
ကျောင်းတိုက် နာမည်ကို ပြသည်၊ "မူလသောမ၊ တုမူလသောမ"
ဟု—
## Trang 318
ကျမ်းပြီးနိဂုံး
လေးကြိမ် သုဉ်း၊ ကမ္ဘာဆုံးသည့် တိုင်အောင်၊ ဘိက္ခူ-
နောင်လာနောက်သား၊ ရဟန်းတော်အများတို့သည်၊ ပညာဝ
ဒါတ ဂုဏသောဘိတလဇ္ဇီ-ပညာမြင့်ထံ၊ အကျင့်ဂုဏ်ဖြင့်၊
စွယ်စုံ တင့်ချွန်၊ လဇ္ဇီသူမွန်တို့ချည်းသာ၊ (ဟုတွာ – ဖြစ်၍၊)
ပုညာဒိဘာဝေါ - ဘယမင်္ဂလ - ကောင်းမှုစည်းစိမ်၊ အရှိန်
ပွားတိုး၊ မင်္ဂလာအကျိုးငှါ၊ မညေန္တု - အမြဲမပြတ်၊ သတိ
ချပ်လျက်၊ အမှတ် တရ၊ စောင့်ရှောက်ရစ်ကြ ပါစေကုန်
သတည်း။
ကျောင်းတိုက်၏ နာမည်ကို အမျိုးမျိုး ပြောဆိုကြ၏။ ဤကျမ်း၏ အယူကို
ဘာသာဋီကာ နိဒါန်းမှာ ရှု။
ဓညာဓိဝါသံ- [ဓည+အဓိဝါသ၊] ထို ကျောင်းတိုက်ကြီးကို ပျဉ်းရှင်
ကံရှင် သမ္ဘာရှင်ဘို့ အုပ်စိုး နေထိုင်ကြောင်းကို ပြသည်။
အာယုဂန္တိ-[အာ=အပိုင်းအခြား+ယုဂ=ကတ၊ တြေတ၊ ဒွါပရ
ကလိ၊ ဤယုဂ် ၄ ပါး+အန္တ=အဆုံး ] ယုဂ် ၄ ကြိမ် ကုန်သုဉ်း၍ ကမ္ဘာ
ဆုံးသည့် အပိုင်းအခြားတိုင်အောင်-ဟူလို။ ["အာယုဂန္တ-အသက်ဆုံးသည့်
တိုင်အောင်" ဟု စွဲသုံးကြသည်မှာ သက္ကတ သီဟိုဠ်တို့ အသုံးကို မလေ့လာ
ခြင်း၏ အပြစ်သာတည်း။]
ပညာဝဒါတဂုဏသောဘိတလဇ္ဇီ-[ပညာဝဒါတ (အဝဒါတပညာ
သြဒါတပညာ) ဖြူစင်သော ပညာ + ဂုဏသောဘိတ = အကျင့် ဂုဏ်ဖြင့်
တင့်တယ်ကုန်သော + လဇ္ဇီ = မကောင်းမှုမှရှက်သူတို့၊] ဤ စကားဖြင့်
မူလသောမ ကျောင်းတိုက်ကြီးကို လဇ္ဇီအဆက်ဆက်တို့ အမှတ်တရ စောင့်
ရှောက်ရစ်ကြပါစေ၊ ထိုသို့ စောင့်ရှောက်ရသဖြင့် ကြက်သရေမင်္ဂလာ တိုးပွား
နိုင်ပါသည်-ဟု ပြသည်။
ကျမ်းပြီးနိဂုံး
အနုရုဒါစရိယေန - အနုရုဒ္ဓါ ဆရာတော်သည်၊ စီရင်
စီရင်အပ်သော၊ အဘိဓမ္မတ္ထသင်္ဂဟနာမ - အဘိဓမ္မတ္ထသင်္ဂဟ
မည်သော၊ ပကရဏံ- ကျမ်းသည်၊ ဣတိ-ပြီးပြီ။
အခြေပြုနိဂုံး
သောတူနံ ပါဒဘာဝါယ၊ အဘိဓမ္မတ္ထသင်္ဂဟော၊
မဏ္ဍိတော သာဓိပ္ပါယေန၊ နိဿယေနမယာ သုဘော။
တောသယန္တော မနော သောတုဇနာနံ ဉာဏသံဟိတံ၊
မောဒယံ ဇောတယံ ကလ္လ၊ ကရံ အဘိဓမ္မပါဒကံ၊
ယဒိ အညော ဥပ္ပဇ္ဇေထ၊ ဣတောပိ သုခသမ္မတော၊
အာကာသံ ပဒါနာယ၊ အယံ အန္တရဓာယတု။
[ဤ အခြေပြုသင်္ဂြိုဟ်ကျမ်းသည် စာသင်သားတို့၏ ဉာဏ်နှင့် ယှဉ်သော
စိတ်ဓာတ်ကို ကျေနပ်စေလျက် အဘိဓမ္မာ၏ အခြေပါဒကို ပြုပြီးလျှင် ယခု
ခေတ်တွင်း၌ ထွန်းလင်း တောက်ပ ပါစေ၊ ဤကျမ်းထက် သိလွယ်သော
အခြေပြုတမျိုး ပေါ်ပေါက်လာသည့် အခါ၌မူ ထို လာလတံ့သော အခြေပြု
ကျမ်းသစ်၏ ထွန်းလင်း တောက်ပ ခွင့်ကို ပေးဘို့ရာ ဤ အခြေပြုကျမ်းက
ရှောင်တိမ်း ကွယ်ပရစ်ပါစေ-ဟူလို။]
အဘိဓမ္မတ္ထ သင်္ဂြိုဟ်
အဋ္ဌကထာကို အခြေပြု၍
ရေးသားအပ်သော
အခြေပြု သင်္ဂြိုဟ် ပြီးပြီ။
## Trang 319
စာအုပ်ရနိုင်သော ဌာန။
နောက်ထပ်မရိုက်နှိပ်နိုင်၍ ကုန်လုနီးသော စာအုပ်
များကို ဈေးမြှင့် ရောင်းကြတိုင်း ကျမ်းပြုဆရာတော်
ထံသို့ မကြာမကြာ တိုင်စာ ရောက်ပါသည်၊ ပဌမ
တာဝန်ယူ၍ရိုက်သူများလက်မှ လွတ်ပြီးသောစာအုပ်
များကို ဈေးမြှင့် ရောင်းကြသော်လည်း ဆရာတော်
မတတ်နိုင်ပါ၊ အောက်ပါဌာနတွင် စာအုပ်ရှိသေးသမျှ
စာအုပ် နှုန်းရင်းအတိုင်း ရနိုင်ပါသည်။
တာဝန်ခံ ရိုက်နှိပ်သူ
နယူးဘားမားပိဋကပုံနှိပ်တိုက်၊
အမရပူရမြို့။
ဆရာလေး
ကလျာဏ စာအုပ်စင်
နံပါတ် ၁၀၊ ဈေးရုံ၊ ဈေးချို-မန္တလေး။