## Trang 1

**အရှင်ဇနကာဘိဝံသ**၏**<mark>ဒုတိယကျမ်းစာ</mark>**

အငယ်-အလတ်တန်း စာမေးပွဲများကို အောင်မြင်ရန်နှင့်အခြေရဘို့ရန် တာဝန်ခံနိုင်လောက်အောင်အဘိဓမ္မတ္ထသင်္ဂဟ အဋ္ဌကထာကိုတန်ဆာဆင်ထားသော**အခြေပြုသင်္ဂြိုဟ်**

၁၃၁၄, ခုဆဋ္ဌအကြိမ်နယူးဘားမား ပိဋကတိုက်အမရပူရမြို့။

---

## Trang 2

### နိဒါန်းအချီ

> "အခြေပါဒ, <mark>သင်ဦးစဉ်</mark>, ချနည်းမကျယ်, ဓိပ္ပါယ်ကောင်းစွာ,
> လိုရုံသာဖြင့်, အပ်ရာမသည်း, နားထွင်းနည်းသို့, ညံ့ဖြည်းမွေ
> မွေ, တရွေ့ရွေ့လျှင်, တနေ့ထူး, ကျေးဇူးချဲ့ထွင်, ကျမ်းရိုး
> ငင်လျက်, သင်သင်အံအံ့, ကြံကြံကြည့်ကြည့်"
> — (အရှင်မဟာရဋ္ဌသာရ)

မည်သည့်ကျမ်းစာ မဆို <mark>ရှေးဦးစွာ</mark> အခြေပျိုးစ၌"ဋီကာက ဘယ်နည်း,ဆရာ့ဆရာကြီးတို့က ဘယ်လို, မိမိ အဆိုက ဘယ်အသုံး " ဟု စကားလုံးပြောင်ပြောင်နှင့် တဖေါင်ဖေါင်မပြောသေးဘဲ ခက်ခဲနက်နဲသော အဓိပ္ပါယ်များကို မြှုပ်ထားလျက် လွယ်ကူသော အနက် အဓိပ္ပါယ်ကိုသာ လက်ထပ်ကျန သင်ပြသင့်ပေသည်၊ ဥပမာ – နားထွင်းရာ၌ သိမ်မွေ့ သေးငယ်သောအပ်ကလေးဖြင့် ထွင်းဖေါက်ပြီးမှ တဖြည်းဖြည်း ချဲ့ကာချဲ့ကာ စိန်နားကပ်ကြီးများပန်ဆင်သာအောင် ကျယ်ဝန်းလာသကဲ့သို့ <mark>ထို့အတူ</mark>လွယ်ကူသောအနက်အဓိပ္ပါယ်မျိုးဖြင့် အခြေ ပျိုးပါလျှင် တဖြည်းဖြည်း ကျမ်းရိုးထိမိလျက်လေးနက်သော အဓိပ္ပါယ်ကိုပင် လွယ်ကူသည် ဟု ထင်လာပါလိမ့်မည်။

ဤကဲ့သို့သော အကြောင်းအရာကို ကောင်းစွာ မြှော်မြင်တော်မူသောအရှင်အနုရုဒ္ဓါ ထေရ်မဟာသည် အဘိဓမ္မာဆိုင်ရာဝယ် အခြေပါဒ – ရနိုင်လောက်အောင် ရည်မှန်း၍ အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်းကို ကြိုးပမ်း စီရင်တော်<mark>မူခဲ့ပေ</mark>သည်၊ ထို သင်္ဂြိုဟ်ကျမ်းသည် ယခု အခါ ဤ မြန်မာနိုင်ငံနှင့် တကွသီဟိုဠ် အင်္ဂလန် စသော နိုင်ငံများတွင် အပြစ် ကင်းစင်သော ယုဝတီပမာအဘိဓမ္မာ လေ့လာ သူတို့၏ စက္ခု၌ ကြည့်ရှုတိုင်း ရွှင်လန်းသဖြင့် စန်းပွင့်လျက် ရှိ၏။

[ သီဟိုဠ်အက္ခရာဖြင့် နိဿယအဓိပ္ပါယ်နှင့် တကွ ရှိ၏၊ ယစ်မျိုးမင်းကြီး <mark>ဦးရွှေဇံအောင်</mark> ( အမ် အေ ) သည် အင်္ဂလိပ်လို ပြန်ထားသဖြင့်အင်္ဂလန်မှာလည်း ထင်ရှားလျက် ရှိပေသည်။ ]

---

## Trang 3

ထိုမျှလောက် တွင်ကျယ်လျက်ရှိသော သင်္ဂြိုဟ်ကျမ်း၌ စည်းကမ်း ကျန၍လှအောင် ဆင်ပြင်ဘို့ရာ မိမိတို့ တာဝန်သာ ဖြစ်သောကြောင့် ခေတ်နှင့်လျော်အောင် ဆင်ပြင်ဘို့ရန် စဉ်းစားသည့်အခါ ၁−အခြေပြုသူတို့နှင့်သာထိုက်တန်သော နိဿယ သရုပ်ခွဲ ပါဌ်လျှောက် အဓိပ္ပါယ်တို့က တခဏ်း,၂ – သင်္ဂြိုဟ်ပါဠိနှင့် ဆက်စပ်၍ အခြေရပြီးသူ တို့သာ သိမှတ် ထိုက်သောအဓိပ္ပါယ် အလေးအနက်တို့က တခဏ်း, ဤသို့ ၂ ခဏ်းမျှ ပေါ်ထွက်လာပေသည်။

ထို ၂ ခဏ်းတွင် အခြေ မရသေးသူတို့ အတွက်မှာ လေးနက်သောအဓိပ္ပါယ် တို့ကို ကြည့်ရှုဘွယ်ရာ မဟုတ်သေး,အခြေရပြီးသူတို့မှာ လည်းနိဿယ သရုပ်ခွဲ ပါဌ်လျှောက် အဓိပ္ပါယ်တို့မှာ အပိုသာ ဖြစ်တော့သည်၊ထို့ကြောင့် အခြေမရသေးသူတို့အတွက် မှန်း၍ အခြေပြုသင်္ဂြိုဟ်ကျမ်းကိုပို့ချသော ဆရာလည်း <mark>မပင်ပန်း၊ သင်ယူ</mark>သော တပည့်များလည်း ရွှင်လန်းအောင် ယဉ်ဆန်းသော စည်းစနစ် တို့ဖြင့် နည်းအသစ် တည်ထွင်၍ စီစဉ်ဖွင့်ပြပေအံ့။

[ အခြေရပြီးသူတို့အတွက် လေးနက်သော အဓိပ္ပါယ်များကို မြန်မာဘာသာဖြင့် ကျနစွာ ဖွင့်ပြထားသော ဘာသာဋီကာ၌ တွေ့ရပါလိမ့်မည်၊ ဤအခြေပြုသင်္ဂြိုဟ်၌ အများ၏ အယူအဆနှင့် မတူမျှသော အချက်များကိုလည်း ထို ဘာသာဋီကာက ရှင်းလင်းပြပါလတံ့။ ]

သောတူနံ ပါဒဘာဝါယ, အဘိဓမ္မတ္ထသင်္ဂဟံ၊မဏေ သာဓိပ္ပါယေန, နိဿယေန သဒ္ဒါ သုံဘုံ။

-

သောတူနံ – သင်ယူလေ့ကျက်, ဆောင်ရွက်ကြလို, စာသင်ပျို တို့၏၊ပါဒဘာဝါယ-အရှေ့ကျစ်လစ်, အခြေဖြစ်ဘို့ အကျိုးငှါ၊ အဘိဓမ္မတ္ထသင်္ဂဟံ-အင်္ဂလိပ်လို, သီဟိုဠ်သဏ္ဌန်, မြန်မာ့ဟန်ဖြင့်, နိုင်ငံလှည့်လည်, အဘိဓမ္မတ္ထသင်္ဂဟမည်သော ယုဝတီကို၊ သဓိပ္ပါယေန-ကျမ်းဂန်အသို, ပင်ကိုယ်အရှိ,ထိမိစဘွယ်, အဓိပ္ပါယ်နှင့်တကွဖြစ်သော၊ နိဿယေန-သဒ္ဒါမပျက်, မြန်မာနက်ဟုညက်ညက်ညောညော, ချောမောသော နိဿယဖြင့်၊ သဒါသုဘံ-သူ့အပိုင်းဖြင့်, ရှုတိုင်းတင့်အောင်၊ မဏ္ဍ'အပြစ်လည်း ကင်း, ခေတ်နည်းသွင်းလျက်, ရှင်းရှင်းယဉ်ယဉ်, ဆင်ပြင်ပေအံ့သတည်း။

### ရေးသားပုံ အစီအစဉ်

#### ပါဠိ

။ ။ ဤ အခြေပြု သင်္ဂြိုဟ်ကျမ်း၌ ပါဠိ နိဿယ အဓိပ္ပါယ် ဟုအချုပ်အားဖြင့် ၃ ခဏ်း ရှိ၏၊ ထိုတွင် ပါဠိကို ဆိုလိုရင်းအဓိပ္ပါယ် ပေါ်လွင်အောင် စာလုံးမဲကလေးများဖြင့် ခေါင်းတပ်၍, ရွတ်ဘတ်သည့် အခါဝိဘတ်အဆုံး အဆုံးမှာ ရပ်ဆိုင်းဘို့ အဖြတ်အပိုင်းဖြင့် သေသပ်စွာ တအုပ်သီးခြား စီစဉ်ထားသည်။

#### နိယ

။ ။ နိဿယကို အလွန် လွယ်ကူအောင် သဘောထား၍အကျဉ်းဆုံး စီစဉ်ပါသော်သည်း, အချို့ အရာ၌ သဒ္ဒါနက် မတိမ်မြုပ်စေလိုသောကြောင့် " ယထာက္ကမံ – အကြင် အကြင် အစဉ်ရှိတိုင်း စသောအနက်များမှာ ကျဉ်းသင့်သလောက် မချဉ်းသာဘဲ ရှိလေသည်။

#### အဓိပ္ပါယ်

။ အဓိပ္ပါယ်ကိုကား ၁-သရုပ်ခွဲခြင်း, ၂ - တပုဒ် တဝါကျ၏ဆိုလိုရင်း အဓိပ္ပါယ်, ၃ − လေ့ကျင့်ဘွယ်ရာ မေးခွန်းများ ဟု ၃ ခဏ်းပိုင်းခြားထား၏၊ ရှေးတုန်းက အချို့ သရုပ်ခွဲကြပုံမှာ - ပါဠိကို ကျက်အနက်ကို ထင်စေပြီးနောက် သရုပ်ကောက်ကိုလည်း တမျိုး ကြည့်ရှုရသဖြင့်အချိန်ကုန် လူပန်း၍ စည်းကမ်းလည်း မကျချေ။ ဤကျမ်း၌ကား ပါဠိကိုကျက်၍ အနက်ထင်လျှင် သရုပ် မြင်လေခံသော စည်းကမ်းကို အခဏ်းတိုင်းညွှန်ပြထားသည်။

---

## Trang 4

#### ဆောင်ပုဒ်

။ ။တပုဒ်တဝါကျ၏ ဆိုလိုရင်းအဓိပ္ပါယ်ကို <mark>မသွယ်မဝိုက်</mark>တိုက်ရိုက်ကြီး ပြထားသည့်ပြင်, မှတ်သားချင်ဘွယ် မလွယ်ကူတတ်သောအချက်များ၌ လင်္ကာ ဆောင်ပုဒ် တို့ဖြင့် တုတ်တုတ်တိုတို လိုရာကို ပြထားသည်မှာအခြေပြုတို့ဥာဏ်နှင့် အထူးလျော်ကန်ကြောင်းကို အများပင် ဝန်ခံကြပါလိမ့်လတ္တံ့။

[ အဓိပ္ပါယ် ဖွင့်ပြရာ၌ မူလ ပါဠိက ရှည်လျား နေပါမူဝေဒနာဥာဏ ၊ ပေ ၊ စတုဝီသတိ"ဟု အလယ်မှာ ပေယျာလ မြှုပ်ထားကြောင်းကို သိဘို့ရာ ၊ ပေ ၊ ဟူသော လက္ခဏာကို ပြထားသည့် အပြင်ဆောင်ပုဒ်များကိုလည်း"ဆောင်"ဟု ပြထားသည်။]

#### လေ့ကျင့်ခဏ်း

။ လေ့ကျင့်ခဏ်း မေးခွန်းများကား တကျမ်းလုံးအခြေဖြစ်ဘို့ရာ လွန်စွာ အရေးကြီးသော သင်ခဏ်းစာ တရပ်ပင် ဖြစ်၏၊စာသင်သားတို့ ဥာဏ် တိုးပွားအောင် ကြိုးစား ကြံစီ စေလိုခြင်းကြောင့်အဖြေကို တိုက်ရိုက် မပြလိုက်သော်လည်း, ဆိုခဲ့ပြီး အဓိပ္ပါယ်များကို သတိပြု၍ ကြည့်ရှုပါမူ အလွယ်တကူ ဖြေဆိုနိုင်ဘို့ အရေး၌ နှောင့်နှေးဘွယ် မရှိကြောင်းကိုလည်း ထပ်လောင်း၍ သတိပေးပါသည်။

### ဆရာများအား မှာထားချက်

စာချဆရာသည် မိမိ တပည့်များကို သင်္ဂြိုဟ် လေ့လာ စေပါလျှင် ကံကတ္တားကရိုဏ်း သမ္ပဒါန် စသော သဒ္ဒါဆိုင်ရာ၌ အတော်အတန် ရိပ်မိသူကို လေ့လာစေမှသာ လွယ်ကူစွာဖြင့် လိုရာ ခရီးသို့ ပြီးစီးပေါက်ရောက်စေနိုင်ပေလိမ့်မည်၊ ထိုမျှလောက်မှ မရိပ်မိသေးသူကို ပို့ချမိလျှင် သဲကန္တာရကြီး၌ နွားအိုကြီးဖြင့် ခရီးလှမ်းသကဲ့သို့ အချိန်သာ ကုန်ခမ်း၍ ပင်ပန်းကျိုးမနပ်ဘဲ ရှိရာ၏၊ဤအခြေပြုသင်္ဂြိုဟ်၌ ပါဠိ နိဿယ အဓိပ္ပါယ် လေးကျင့်ခဏ်းဟု ၄ မျိုး ရှိသည်တွင်, ပဌမနေ့၌...

၁။ စာချဆရာက ပါဠိကို ဂ-ဃ-ဏ-န ဘတ်ပြ၍, တပည့်များကိုလည်း မိမိနှုတ်သံအတိုင်း အဘတ်ခိုင်းပါ။

၂။ ထို့နောက် နိဿယတိုင်း အနက်ကို ၁ ခေါက် ၂ ခေါက်မျှ ပို့ချပါ။[သူတို့ အလိုအလျောက် အနက် ထင်ခဲ့ပါလိမ့်မည်။]

၃။ နက်ဖန် ဒုတိယနေ့၌ ပါဠိကို စာအုပ်အလွတ် အပြန်ခိုင်း၍, ပါဠိကြည့်ပြီးလျှင် သွက်လက်စွာ အနက် ထင်ပါစေ။ [လင်္ကာဆောင်ပုဒ်ပါလျှင် လင်္ကာဆောင်ပုဒ်ကိုလည်း အပြန်ခိုင်းပါ။]

၄။ ထို့နောက် ဤစာအုပ်ပါ အဓိပ္ပါယ်များကို ဆရာက အလွတ်မပြောဘဲ,နှုတ်ရှင်းသော တပည့်ကို အဓိပ္ပါယ် တရပ်စီ တရပ်စီ အဘတ်ခိုင်း၍ဘာဆိုကြောင်းကို နားလည်ကြသလားဟု မေးပါ၊ နားမလည်သေးလျှင် ဆရာက ပြောပြပါ၊ ဆိုင်ရာ အဓိပ္ပါယ်ကုန်လျင် တနေ့အတွက် အစအဆုံး အဓိပ္ပါယ်ကို ပြန်၍ အဘတ်ခိုင်းပါလေ။

၅။ အဓိပ္ပါယ် ပြီးလျှင် ပဌမနေ့ကဲ့သို့ ပါဠိဘတ်ပြ, အနက်ချပါ။

၆။ အနက်ချသည့်အခါ သန္တိပုဒ်စပ်ကို ပုဒ်ဖြတ်ပြ၍, ခက်ခဲသည့်နေရာများ၌ ဘယ်ပုဒ်က ဘယ်အနက်ကို ဟောသည် ဟု အစိတ်အစိတ်ပုဒ်နက်ကိုလည်း ခွဲ၍ ပြောလိုက်ပါ။

၇။ ဤကဲ့သို့ ၂ ရက် ၃ ရက်မျှ ပို့ချမိလျှင် လေ့ကျင့်ခဏ်း မေးခွန်းများပေါ်လာပါလတံ့၊ ထို လေ့ကျင့်ခဏ်း မေးခွန်းများကို တပည့်အားအဘတ်ခိုင်း၍, မေးလိုရင်း သဘောကို နားမလည်လျှင် ရှင်းလင်းအောင်ပြောပြပါ၊ အဖြေကို မပြောပါနှင့်, သူ ့ဘာသာ ကြံစီခဲ့ပါစေ။

<mark>၈။</mark> လေ့ကျင့်ခဏ်း မေးခွန်းတို့ ခက်ခဲ များပြားနေပါမူ,တရက် အတွက်တက်စာ ဟု သဘောထားလျက် ပဌမရက်၌ အဘတ်ခိုင်း၍ မေးခွန်းသဘောကိုသာ ပြောပြလိုက်ပြီးလျှင်, နောက် တရက်မှ ဖြေဆိုပါစေ၊မေးခွန်း နည်းနေလျှင်ကား မေးခွန်းအတွက် တရက် မကုန်စေဘဲ,ရှေ့က အဓိပ္ပါယ်များကို ပြောပြီးရာနေ့မှာပင် ဆက်လက်ဖြေဆိုပါစေ။

---

## Trang 5

၉။ ဖြေဆိုသည့် အခါလည်း စကားသုံး ညက်ညော၍ ချောမောအောင်ပြုပြင်ပေးပြီးလျှင်, ရံခါ လက်ရေးစာဖြင့် အဖြေခိုင်းပါ။

၁၀။ လေ့ကျင့်ခဏ်းမေးခွန်းများကို"ကြန့်ကြာသည်-အပိုဘဲ"ဟု သဘောထား၍ ခုန်ကျော်သွားပါလျှင်, သင်္ဂြိုဟ်အခြေ ဖြစ်ဘို့နှင့် ဆိုင်ရာစာမေးပွဲများအတွက် တာဝန် မခံနိုင်ပါကြောင်း။

### စာသင်သားတို့အား တိုက်တွန်းချက်

အို အို – စာသင်သား အပေါင်းတို့………..ပိဋကကျမ်းစာတို့ မည်သည်ဥာဏ်ကောင်းသူတို့သာ တတ်နိုင်ရာသည် မဟုတ်, လုံ့လဝီရိယဖြင့် စိတ်ပါလက်ပါ မှန်မှန်ကြိုးစားပါလျှင် မည်သူမဆို တတ်သိနားလည်စမြဲပင်ဖြစ်၏။

ယခုအခါ တနေ့လျှင် ၅ ဂါထာလောက်မျှသာ အရကျက်နိုင်သော စာချဆရာတော်ကြီးများကို တွေ့မြင် ကြားသိကြရသည်မှာ ဝီရိယ အစွမ်း၏သက်သေခံပင် မဟုတ်ပါလော၊ တကယ့်အရေးကျလျှင် ဥာဏ်တခုကိုသာအားကိုးလေ့ ရှိသူတို့ အောက်တန်းကျ၍, လုံ့လ ဝီရိယရှင်တို့ သာလျှင်အထက်တန်းသို့ တက်လှမ်းနိုင်ကြပေသည်။

ထို့ကြောင့် ဤကျမ်းကို လေ့လာကြသော စာသင်သားတို့သည်....

၁-ပါဠိကို နှုတ်တက်ရွရွ ကျနအောင် ရစေခြင်း, ၂'ပါဠိမြင်လျှင် အနက်ထင်နိုင်ခြင်း, ၃ - အထူးအားဖြင့် သင်္ဂဟဂါထာ အနက်များကို အလွတ်ရအောင် ကျက်ထားခြင်း, ၄-လင်္ကာ ဆောင်ပုဒ်များကို နှုတ်တက် ဆောင်ထားခြင်း, ၅'လေ့ကျင့်ခဏ်း မေးခွန်းများသို့ ရေနံသည့်အခါ စာမတက်မှီမိမိတို့ <mark>စာတက်ဘော်ချင်း</mark> မေးကာ ဖြေကာ ကြိုးစားပါလျှင် မကြာခင်သာသနာ့ ကြက်သရေဆောင်များ ဖြစ်ကြပါလိမ့် သတည်း။

သီတင်းကျွတ်လ

၉ ၅

အရှင် ဇနကာဘိဝံသ

(အခြေပြုသင်္ဂြိုဟ်

ပဏာမ-ပဋိညာဉ်

#### နိဿယနှင့် အဓိပ္ပါယ်

<mark>အဟံ</mark> – ငါသည်၊ အတုလံ - ပြိုင်ဘက်ရည်တူ, ရှိတော်မမူထသော၊ သသဒ္ဓမ္မဂဏုတ္တမံ - သုံးပါးသော သဒ္ဓမ္မ, မြတ်သော အရိယဂိုဏ်းနှင့်တကွလည်း ဖြစ်တော်မူထသော၊ သမ္မာသမ္ဗုဒ္ဓံ-မြတ်စွာဘုရားကို၊ (အဘိဝန္ဒာမိ-အန္တရာယ်ကင်းပျောက်, ကျမ်းပြီး<mark>မြောက်ဘို့</mark>ချီးမြှော်ထောမနာ, လွန်စွာကြည်နူး, အထူးအားဖြင့် ရှိခိုးပါ၏)

အဘိဝါဒိယ - အန္တရာယ်ကင်းပျောက်, ကျမ်းပြီး<mark>မြောက်ဘို့</mark>ချီးထောမနာ, လွန်စွာကြည်နူး, အထူးအားဖြင့် ရှိခိုးပြီး၍၊အဘိဓမ္မတ္ထသင်္ဂဟံ-အဘိဓမ္မာ, ဒေသနာ၏,လွန်စွာကျယ်ဝင်း,အနက်ရင်းကို, အကျဉ်းချုံးက၁, သိမ်းယူရာ၏ အဖြစ်ကြောင့်,အဘိဓမ္မတ္ထသင်္ဂြိုဟ်, ခေါ်ဆိုလက်သန်း, အဋ္ဌကထာကျမ်းကို၊ဘာသိ–မိန့်ဆိုတည်ထွင်, စီရင်ပေအံ့။

-

( ) ဤသို့ ကွင်း၍ပြအပ်သော ပုဒ်များကို ပါဠိရင်းမှာမပါဘဲ ရသင့်၍ထည့်အပ်သော ပုဒ်များဟု မှတ်၊ ဟောတိ ဟောန္တိစသော ပုဒ်များကားထည့်ပါဌ်ဖြစ်သော်လည်း ထင်ရှားသဖြင့် အထူးကွင်းပြတော့မည် မဟုတ်။

၁

---


---

## ❓ မေးခွန်းထုတ်စရာများနှင့် အထူးမှတ်ချက်များ

1. **စာ ၂:** `နိဒါန်း အချိ` (မူရင်း OCR) → `နိဒါန်းအချီ` အဖြစ် ထားရှိသည် (နိဒါန်း၏ အမှန်တကယ်ခေါင်းစဉ်)။ အခြားစာမျက်နှာများရှိ ထပ်နေသော header များကဲ့သို့ မဖျက်ပါ။
2. **စာ ၁:** `ဒုတိယကျမ်းခ` → `ဒုတိယကျမ်းစာ` (အတည်ပြုချက်အရ ပြင်ဆင်သည်)။
3. **စာ ၃:** `မဟုတ်သေး,အခြေရ` – အနောက်တိုင်း ကော်မာ (`,`) ကို မြန်မာပုဒ်ဖြတ် (`၊`) အစား သုံးထားသည်။ မူရင်းစာအုပ်စာစီစာရိုက် ဖြစ်နိုင်သဖြင့် မပြင်ပါ။
4. **စာ ၅:** `၉ ၅` နှင့် `သီတင်းကျွတ်လ` – ရက်စွဲဒေတာ (သီတင်းကျွတ်လ၊ ၉ ရက်၊ ၁၃၀၅ ခုနှစ် ဖြစ်နိုင်)။ metadata အဖြစ် ထိန်းသိမ်းထားသည်။
5. **စာ ၅:** ဖိုင်အဆုံးရှိ `၁` – အောက်ခြေမှတ်စု အမှတ်အသား ဖြစ်နိုင်သည်။ မပြင်ပါ။
6. **ပါဠိဂါထာ (စာ ၃):** `သဒ္ဒါ သုံဘုံ` – နိဿယအရ `သဒါသုဘံ` (sadāsubhaṃ)။ မူရင်းပါဠိကို မပြင်ပါ။
