## Trang 26

(၄) "၍ တဏှာ သုံးပါးတို့ အာရုံ မပြနိုင်သော နယ်ပယ် တရပ်" ဟုသတ်မှတ်အပ်သော နိဗ္ဗာန်နှင့် တကွ လောကုတ္တရာစိတ် စေတသိက်သည် လောကုတ္တရာ အဝတ္ထာဘုံ မည်၏။.......ဤသို့ အဝတ္ထာဘုံ၄ ပါး ရှိသည်။

<mark>ထို့</mark>ကြောင့် ကာမဘုံ ရူပဘုံ အရူပဘုံ ဟု ဆိုရာ၌ ဌာနဘုံလည်းရကောင်း၏, အဝတ္ထာဘုံလည်း ရကောင်း၏၊ လောကုတ္တရာဘုံ ဟု ဆိုရာ၌ကား ဌာနဘုံ မရှိ, အဝတ္ထာဘုံသာ ရကောင်းသည်။

ဤသို့ ဘုံ လေးပါးအားဖြင့် စိတ်တို့ကို သင်္ဂြိုဟ်ရေတွက် ပြသောကြောင့်"စတုပညာသဓာကာမေ" ဂါထာကို "ဘူမိဘေဒစိတ္တသင်္ဂဟ ဂါထာ" ဟုခေါ်သည်၊ စတုပညာသ စသည်တို့၏ သရုပ်ကို ရေတွက်လေ။

---

### <mark>လေ့ကျင့်ခန်း</mark> မေးခွန်းများ

၁။ လောကုတ္တရာစိတ် သင်္ဂဟဂါထာကို အနက်ပေးပါ။

၂။ ဘယ်အရာကို "မဂ်" ဟု ခေါ်သနည်း။

၃။ <mark>ထိုမဂ်သည်</mark> အဘယ့်ကြောင့် လေးမျိုးပြားသနည်း။

၄။ လောကုတ္တရာစိတ် အကျဉ်း <mark>၈-ပါး</mark>ကို သုခသဟဂုတ်၌သွင်းမည်လော,ဥပေက္ခာသဟဂုတ်၌ သွင်းမည်လော။

၅။ ထိုကဲ့သို့ အဘယ့်ကြောင့် လေးမျိုးပြားသနည်း။

၆။ ဒွါဒသာ ကုသလာနေဝံ ဂါထာကို ဘယ်ဂါထာ ဟု ခေါ်သနည်း။

၇။ ကုသိုလ် အကျဉ်း မည်မျှရှိသနည်း၊ [လောကီကုသိုလ် လောကုတ္တရာကုသိုလ် ခွဲပြပါ။]

၈။ ဝိပါက်စိတ် အကျဉ်း မည်မျှရှိသနည်း၊[လောကီဝိပါက် လောကုတ္တရာဝိပါက် ခွဲပြပါ။]

၉။ ကြိယာစိတ် မည်မျှ ရှိသနည်း၊ [ရေတွက်ပြပါ။]

၁၀။ စတုပညာသဓာကာမေကို ဘယ်ဂါထာ ခေါ်သနည်း, အနက် ပေးပါ။

၁၁။ ဌာနဘုံ မည်မျှ, အဝတ္ထာဘုံ မည်မျှရှိသနည်း။

---

### နိဂုံးနှင့် နိဒါန်း

#### နိဿယနှင့်အဓိပ္ပါယ် ၄၃

**ပန-နိဂုံးကို <mark>ပြဦး</mark>အံ့၊** မာနသံ — အာရုံကို သိခြင်း <mark>လက္ခဏာ</mark>အားဖြင့် တပါးထည်းသောစိတ်ကို၊ ဣတ္ထံ-ဤဆိုအပ်ပြီးသော အပြားအားဖြင့်၊ <mark>ဧကူနနဝုတိ</mark>ပဘေဒံ — တခုယုတ် ကိုးဆယ် အပြားရှိ၏ ဟူ၍၊ <mark>ဝိစက္ခဏာ</mark>-ပညာရှိ တို့သည်၊ ဝိဘဇန္တိ — ဝေဘန် ကြကုန်၏၊ <mark>ဧကဝီသ</mark>သတံ — တရာ့ နှစ်ဆယ့်တပါး ရှိ၏ ဟူ၍၊ အထဝါ ဝိဘဇန္တိ-တနည်းလည်း ဝေဘန်ကြကုန်သေး၏။

**နိဂုံး။** ။ "ဣတ္ထမေကူနနဝုတိ ပဘေဒံ ပန မာနသံ"ကား ဆိုခဲ့ပြီးသောစိတ်အားလုံးကို အကျဉ်းအုပ်ဖုံးသော "နိဂုံး" စကားတည်း၊ "စိတ်သည်အာရုံကိုသိခြင်း <mark>လက္ခဏာ</mark>အားဖြင့် တပါးထည်းသာရှိ၏၊ ထို တပါးထည်းသော စိတ်ကို ဝေဒနာယောဂသင်္ခါရအားဖြင့်၎င်း [သောမနဿသဟဂတံဒိဋ္ဌိဂတသမ္ပယုတ္တံ အသင်္ခါရိကမေကံ — စသည်ကိုကြည့်၊] စက္ခုစသော မှီရာ<mark>သမ္ပဋိစ္ဆန</mark> စသော ကိစ္စ အပြားအားဖြင့်၎င်း [အဟိတ်စိတ်ကိုကြည့်၊]ကုသိုလ် အကုသိုလ် အဗျာကတ ဇာတ် အပြားအားဖြင့်၎င်း [ဒွါဒသာကုသလာနေဝံကြည့်၊] ကာမ ရူပ အရူပ လောကုတ္တရာဘုံ အပြားအားဖြင့်၎င်း [စတုပညာသဓာကာမေကိုကြည့်၊] ဈာန်အာရုံ မဂ်အပြားအားဖြင့်၎င်း[ရူပ အရူပ လောကုတ္တရာစိတ်တို့ကိုကြည့်၊] <mark>၈၉</mark> ပါး ရှိသည်ဟု ပညာရှိများခွဲစိတ် ဝေဘန်ခဲ့ကြသည်"ဟူလို။ ပိတ်အကျဉ်းကိုပြသော စကားအားလုံးဤတွင် ပြီးဆုံးပြီ။

**အကျယ်နိဒါန်း။** ။ ဧကဝိသသတံဝါထ, ဝိဘဇန္တိ <mark>ဝိစက္ခဏာ</mark>ကား၁၂၁ ပါးပြားပုံကို ပြပြန်လို၍ စချီသော နိဒါန်းတည်း၊) <mark>ထို့</mark>ကြောင့် "ဣတ္ထမေကူနနဝုတိ" ဂါထာကို နိဂုံး နိဒါန်း နှစ်ပါးစုံပြသော ဂါထာ ဟု မှတ်။

---

## Trang 27

### လောကုတ္တရာအကျယ်

ဧကူန နဝုတိဝိဓံ-တခုယုတ် ကိုးဆယ်အပြားရှိသော၊ စိတ္တံ-စိတ်သည်၊ (ဝါ-စိတ်က၊) ဧကဝီသသတံ-<mark>တရာ့နှစ်ဆယ့်</mark> တပါးသည်၊ ကထံဟောတိ-အဘယ်သို့ ဖြစ်နိုင်သနည်း။

> ဝိတက္က ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ
သဟိတံ — သော၊[ရူပစိတ်တုန်းကအတိုင်းဆို ပဌမဇ္ဈာန <mark>သောတာပတ္တိ</mark> မဂ္ဂစိတ္တံ — ပဌမဈာန် <mark>သောတာပတ္တိ</mark>မဂ်စိတ်၎င်း၊ ဝိစာရ ပီတိသုခေကဂ္ဂတာသဟိတံ — သော၊ ဒုတိယဇ္ဈာန <mark>သောတာပတ္တိ</mark> မဂ္ဂစိတ္တံ-၎င်း၊ ပီတိ သုခေ ကဂ္ဂတာသဟိတံ — သော၊ တတိယဇ္ဈာန<mark>သောတာပတ္တိ</mark>မဂ္ဂစိတ္တံ — ၎င်း၊ သုခေ ကဂ္ဂသဟိတံ — သော၊စတုတ္ထဇ္ဈာန <mark>သောတာပတ္တိ</mark>မဂ္ဂစိတ္တံ — ၎င်း၊ <mark>ဥပေက္ခာ ဧကဂ္ဂတာ</mark>သဟိတံ — သော၊ ပဉ္စမဇ္ဈာန <mark>သောတာပတ္တိ</mark>မဂ္ဂစိတ္တံစ — ၎င်း၊ဣတိ-ဤသို့၊ ပဉ္စဝိဓ-ကုန်သော၊ ဣမာနိ-တို့သည်၊ <mark>သောတာပတ္တိ</mark>မဂ္ဂစိတ္တာနိ နာမ-<mark>သောတာပတ္တိ</mark>မဂ်စိတ်တို့ မည်၏။]

**လောကုတ္တရာစိတ်အကျယ်။** ။ "ကထမေကူန၊ပေ၊ ဟောတိ" ကားတခုယုတ်ကိုးဆယ်ရှိသော စိတ်က ဘယ်နည်းမြှောက်ပွား၍ ၁၂၁ ပါး ပြားသနည်းဟု မေးသောပုစ္ဆာစကားတည်း၊ ဤ ပုစ္ဆာစကားအရ လောကုတ္တရာအကျယ်ကို ပြတော့လတံ့။

---

### ၁။ <mark>သောတာပတ္တိ</mark>မဂ်စိတ် ၅

ဝိဘက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၅ ပါးနှင့်တကွဖြစ်သောပဌမဈာန်<mark>သောတာပတ္တိ</mark>မဂ်စိတ် ၁, ဝိစာရ ပီတိ သုခ ဧကဂ္ဂတာဈာန်အင်္ဂါ ၄ ပါးနှင့်တကွဖြစ်သော ဒုတိယဈာန် <mark>သောတာပတ္တိ</mark>မဂ်စိတ် ၁,စသည်ဖြင့် <mark>သောတာပတ္တိ</mark>မဂ်စိတ် ၅ ပါး၏သရုပ်ကို ရေတွက်လေ။

#### နိဿယနှင့်အဓိပ္ပါယ် ၄၅

> ...[စတုတ္ထဇ္ဈာနံ <mark>သောတာပတ္တိ</mark>မဂ္ဂစိတ္တံ — ၎င်း၊ <mark>ဥပေက္ခာ ဧကဂ္ဂတာ</mark>
သဟိတံ — သော၊ ပဉ္စမဇ္ဈာန <mark>သောတာပတ္တိ</mark>မဂ္ဂစိတ္တံစ — ၎င်း၊ဣတိ-ဤသို့၊ ပဉ္စဝိဓ-ကုန်သော၊ ဣမာနိ-တို့သည်၊ <mark>သောတာပတ္တိ</mark>မဂ္ဂစိတ္တာနိ နာမ-<mark>သောတာပတ္တိ</mark>မဂ်စိတ်တို့ မည်၏။]

---

### ၂။ အထက်မဂ်စိတ်နှင့် ဖိုလ်စိတ်များ

> **တထာ —** ထိုငါးပါးစီ ပြားသော၊ သကဒါဂါမိမဂ္ဂစိတ္တံ —
သကဒါဂါမိ မဂ်စိတ် ၎င်း၊ အနာဂါမိမဂ္ဂစိတ္တံ — အနာဂါမိမဂ်စိတ်၎င်း၊အရဟတ္တမဂ္ဂစိတ္တဉ္စ — အရဟတ္တ မဂ်စိတ်၎င်း၊ ဣတိ — ဤသို့၊သမဝီသတိ- အတိကျ နှစ်ဆယ်သော၊ မဂ္ဂစိတ္တာနိ-မဂ်စိတ်တို့၎င်း၊**တထာ-** ထို အတိကျ နှစ်ဆယ်သော၊ <mark>ဖလစိတ္တာနိ</mark> — ဖိုလ်စိတ်တို့၎င်း၊ဣတိ-ဤသို့၊ သမစတ္တာလီသ — အတိကျ လေးဆယ်သော၊လောကုတ္တရစိတ္တာနိ — လောကုတ္တရာ စိတ်တို့သည်၊ ဘဝန္တိ-ဖြစ်ကုန်၏။ ဣတိ-ဤသို့၊ (<mark>ဧကူနနဝုတိ</mark>ဝိဓံ-တခုယုတ် ကိုးဆယ်အပြားရှိသော၊ စိတ္တံ-စိတ်သည်၊ ဝါ-စိတ်က၊) ဧကဝီသသတံ-<mark>တရာ့နှစ်ဆယ့်</mark> တပါးသည်၊ ဟောတိ-ဖြစ်နိုင်၏။

**၂။ တထာ သကဒါဂါမိမဂ္ဂ၊ ပေ၊ အရဟတ္တမဂ္ဂစိတ္တံ**သဒ္ဒါဖြင့် — "သကဒါဂါမိမဂ်စိတ် အနာဂါမိမဂ်စိတ် အရဟတ္တ မဂ်စိတ်များလည်း <mark>သောတာပတ္တိ</mark> မဂ်စိတ်နှင့် အလားတူ ၅ ပါးစီ ပြားကြသည်" ဟုညွှန်ပြသည်၊ <mark>ထို့</mark>ကြောင့် "ဝိတက္က ဝိစာရ ပီတိ သုခေ ကဂ္ဂတာ သဟိတံ<mark>ပဌမဇ္ဈာန</mark> သကဒါဂါမိမဂ္ဂစိတ္တံ" စသည်ဖြင့် — "<mark>ဥပေက္ခာ ဧကဂ္ဂတာ</mark> သဟိတံပဉ္စမဇ္ဈာန အရဟတ္တ မဂ္ဂစိတ္တံ"တိုင်အောင် ပါဠိအသွားကို ချဲ့ထွင်ကြည့်လျက်သရုပ်ကိုလည်းရေတွက်လေ၊ "သကဒါဂါမိမဂ္ဂ အနာဂါမိမဂ္ဂ"ဟု စိတ္တံသဒ္ဒါမပါဘဲ စကားသုံးခြင်းကိုကား စကားကျဉ်းအောင် ဝါကျ ချိုးနည်း တမျိုးဟု မှတ်။

---

## Trang 28

> [အပြားရှိသော၊ စိတ္တံ-စိတ်သည်၊ ဝါ-စိတ်က၊] <mark>ဧကဝီသ</mark>သတံ-
တရာ့ နှစ်ဆယ့်တပါးသည်၊ ဟောတိ-ဖြစ်နိုင်၏။ [ဣတိ-နေခံ၌"<mark>ဧကူနနဝုတိ</mark>ဝိဓံ" စသည်ကား "ကထမေကူနနဝုတိဝိဓံ"စသော အမေးကို ပြန်အုပ်ဘို့ရာ ထည့်အပ်သော စကားတည်း။]

**ဣတိ သမဝီသတိ မဂ္ဂစိတ္တံ** — ဤနည်းအားဖြင့် အကျဉ်း မဂ်စိတ်၄ ပါးကို ဈာန်အပြားအားဖြင့် အကျယ်မြှောက်ပွားလိုက်လျှင် မဂ်စိတ် ၂၀အတိအကျ ဖြစ်လာလေသည်၊ ဤကဲ့သို့ မြှောက်ပွားခြင်းကို "ဈာန်ပွား" ဟုခေါ်စမှတ်ပြုကြသည်၊ [သမ သဒ္ဒါ "အညီ အမျှ အတိအကျ" ဟူသောအနက်ကို ဟော၏။]

**တထာ <mark>ဖလစိတ္တာနိ</mark>စ** — တထာ သဒ္ဒါဖြင့် မဂ်စိတ်ကို မြှောက်ပွားသလိုဖိုလ်စိတ် ၄ ပါးကို မြှောက်ပွား၍လည်း "အတိကျ ၂၀ ဖြစ်သည်" ဟုညွှန်ပြသည်၊ <mark>ထို့</mark>ကြောင့် "ဝိတက္က ဝိစာရ ပီတိ <mark>သုခေ ဧကဂ္ဂ</mark>တာသဟိတံပဌမဇ္ဈာန <mark>သောတာပတ္တိ</mark>ဖလစိတ္တံ" စသည်ဖြင့် အကျယ်ကိုသိလေ။

**ဣတိ သမစတ္တာလီသ လောကုတ္တရစိတ္တာနိ** — ဤသို့ မဂ်စိတ် ၂၀ဖိုလ်စိတ် ၂၀ အားဖြင့် လောကုတ္တရာ စိတ်ပေါင်း အတိကျ ၄၀ ဖြစ်သည်၊ဤသို့ အကျယ် ရေတွက်သည့် အခါ အကျဉ်းတုန်းက လောကုတ္တရာစိတ်<mark>၈-ပါး</mark>ကို သီးခြားမရေတွက်ရ၊ ထို အကျဉ်း <mark>၈-ပါး</mark>သည်ပင် အကျယ်မြှောက်ပွား၍ ၄၀ ဖြစ်လာသည်ဟူလို၊ ဥပမာ–<mark>၈ ကို ၅ ဖြင့်မြှောက်</mark>၍ ၄၀ ဖြစ်ရာ၌မူလတည်သော ၈ သည် ၄၀ အတွင်း၌ ပါဝင်တော့သကဲ့သို့တည်း။

ဤစကားစဉ်အရ-လောကီစိတ် ၈၁ နှင့် လောကုတ္တရာ အကျယ် ၄၀ ကိုပေါင်းလျှင် စိတ်အကျယ် ၁၂၁ ပါး ဖြစ်သည်ဟုမှတ်။

---

### ၃။ သင်္ဂဟဂါထာ

> ဈာနင်္ဂယောဂဘေဒေန — ဈာန်အင်္ဂါတို့၏ ယှဉ်ပုံ အပြား အားဖြင့်၊
ဧကေကံ-တပါးတပါးသော လောကုတ္တရာစိတ်ကို၊ ပဉ္စဓာ-ငါးပါးစီပြားသည်ကို၊ ကတွာ-ပြု၍၊ အနုတ္တရံ-လောကုတ္တရာဖြစ်သော၊စိတ္တံ-စိတ်ကို၊ စတ္တာလီသဝိဓံတိ စ-၄၀ အပြားရှိ၏ဟူ၍လည်း၊ဝုစ္စတိ-ဆိုအပ်၏။

#### နိဿယနှင့်အဓိပ္ပါယ် ၄၇

"ဈာနင်္ဂယောဂဘေဒေန၊ ၊ ပေ၊ စတ္တာလီသဝိဓန္တိ" ဂါထာကားလောကုတ္တရာစိတ် အကျယ်ကို အကျဉ်းချုပ်ပြသော သင်္ဂဟဂါထာတည်း။

အချို့ မဂ်စိတ် ဖိုလ်စိတ်၌ ဈာန်အင်္ဂါ ၅ ပါးနှင့်ယှဉ်ခြင်း, အချို့ အချို့၌၄-ပါး ၃ ပါး ၂ ပါး <mark>တခါ</mark> ၂ ပါးနှင့် ယှဉ်ခြင်း အားဖြင့် ဈာန်အင်္ဂါတို့ယှဉ်ပုံက ၅ မျိုးပြားသောကြောင့် မဂ်စိတ် ဖိုလ်စိတ် တပါးတပါးလျှင် ၅မျိုးစီပြားရလေသည်၊ ဤသို့ လောကုတ္တရာအကျဉ်း <mark>၈ ကို ၅ ဖြင့်မြှောက်</mark>၍ အကျယ်၄၀ ဖြစ်သည်-ဟူလို။

<mark>သောတာပတ္တိ</mark> မဂ်စိတ် ၅ ပါးတွင် ရှေ့စိတ် ၄ ပါးသည် သုခသဟဂုတ်,ပဉ္စမဈာန်စိတ် ၁ ပါးကား ဥပေက္ခာသဟဂုတ် တည်း၊ နေ5 မဂ်စိတ် ဖိုလ်စိတ်များလည်း ဤနည်းပင်၊ <mark>ထို့</mark>ကြောင့် သုခသဟဂုတ်စိတ်ပေါင်း ၃၂, ဥပေက္ခာသဟဂုတ်စိတ်ပေါင်း ၈ ပါးရှိသတည်း။

---

### <mark>လေ့ကျင့်ခန်း</mark> မေးခွန်းများ

၁။ ဣတ္ထမေကူနနဝုတိ — ဂါထာသည် ဘာကိုပြသော ဂါထာနည်း, ၎င်းဂါထာကို အနက်ပေးပြပါ။

---

## Trang 29

၂။ အာရုံကို သိခြင်း <mark>လက္ခဏာ</mark> အားဖြင့် တပါးထည်း ဖြစ်သော စိတ်ကတခုယုတ် ကိုးဆယ် ပြားနိုင်ပုံကို ပြောပြပါ။

၃။ "တထာ သကဒါဂါမိမဂ္ဂ အနာဂါမိမဂ္ဂ"အရ အနာဂါမိမဂ်စိတ် ၅မျိုးကို ရေတွက်ပြပါ။

၄။ "တထာ ဖလစိတ္တာနိ"အရ <mark>သောတာပတ္တိ</mark>ဖိုလ်စိတ် ၅ မျိုးကိုရေတွက်ပြပါ။

၅။ လောကုတ္တရာစိတ် အကျယ် မည်မျှရှိသနည်း၊ [မဂ်စိတ် ဖိုလ်စိတ် များကိုခွဲပြပါ။]

၆။ လောကုတ္တရာစိတ် အကျယ်နှင့် တကွ စိတ်တို့ကို ရေတွက်သည့် အခါလောကုတ္တရာ အကျဉ်း <mark>၈-ပါး</mark>ကို အဘယ့်ကြောင့် မသွင်းရသနည်း။

၇။ ဈာနင်္ဂယောဂဘေဒေန ဂါထာသည် ဘာကို ပြသော ဂါထာနည်း,အနက်ပေးပြပါ။

၈။ ဤ လောကုတ္တရာစိတ် အကျယ် ၄၀ ၌ သုခသဟဂုတ် မည်မျှ,ဥပေက္ခာသဟဂုတ် မည်မျှစီ ရှိသနည်း။

၉။ သမ္ပယုတ်, ဝိပ္ပယုတ်, အသင်္ခါရိက, သသင်္ခါရိက ဟု၍ အခြေပြုကဆိုလိုသလား, မဆိုလိုဘူးလား၊ ရှေးဆရာအချို့ ကမူ အဘယ်သို့ ဆိုလိုသတဲ့နည်း။

---

**လောကုတ္တရာစိတ် အကျယ် ပြီး၏။**

---

### လောကီလောကုတ္တရာ ဈာန်စိတ်ပေါင်း

> လောကီလောကုတ္တရာ ရူပါဝစရံ-ရူပါဝစရစိတ်ကို၊ <mark>ပဌမာဒိဇ္ဈာန</mark>ဘေဒေ —
ပဌမဈာန် အစရှိသော ဈာန်အပြား၌၊ ဂယှတိ ယထာ — သွင်းယူအပ်သကဲ့သို့၊တထာ-<mark>ထို့</mark>အတူ၊ အနုတ္တရံ — လောကုတ္တရာစိတ်ကို၊ <mark>ပဌမာဒိဇ္ဈာန</mark>ဘေဒေ-၌၊ ဂယှတိ-၏၊ <mark>အာရုပ္ပဉ္စာပိ</mark> — အာရုပ္ပ စိတ်ကိုလည်း၊ပဉ္စမေပိ ပဉ္စမဈာန်၌၊ ဂယှတိ — ၏၊ တသ္မာ-<mark>ထို့</mark>ကြောင့်၊ ပဌမာဒိကံ — ပဌမဈာန် အစရှိသော၊ ဧကေကံ — တမျိုး တမျိုးသော၊ဈာနံ — ဈာန်စိတ်ကို ဧကာဒသဝိဓံ- တဆယ့်တပါးစီ အပြားရှိ၏ဟူ၍၊ ဝုတ္တံ — ဆိုအပ်၏၊ အန္တေထု- အဆုံး ပဉ္စမဈာန်၌ကား၊(စိတ္တံ — စိတ်သည်၊) တေဝီသတိဝိဓံ- ၂၃ ပါး အပြားရှိသည်၊ဘဝေ-ဖြစ်၏။

#### နိဿယနှင့်အဓိပ္ပါယ် ၄၉

"ယထာစ ရူပါဝစရံ" စသော ၂ ဂါထာလည်း လောကီဈာန်စိတ်လောကုတ္တရာဈာန်စိတ်တို့ကို ပေါင်း၍ ပဌမဈာန်စိတ် စသည်တို့ မည်မျှစီရှိကြောင်းကို ရေတွက်ပြသော သင်္ဂဟဂါထာပင်တည်း။

**ယထာစ ရူပါဝစရံ ဂယှတာ နုတ္တရံ တထာ။** ။ ၁-ပဌမဈာန်,၂-ဒုတိယဈာန်, ၃-တတိယဈာန်, ၄-စတုတ္ထဈာန်, ၅-ပဉ္စမဈာန် ဟု၅ မျိုး ခွဲထားပြီးလျှင်, ရူပါဝစရစိတ် အားလုံးကိုထိုဈာန် ၅ မျိုး၌ထိုက်သလို သွင်းယူရသကဲ့သို့, လောကုတ္တရာစိတ်အားလုံးကိုလည်း ပဌမဈာန်စသည်၌ သွင်းယူရသည်၊ <mark>သောတာပတ္တိ</mark>မဂ်စိတ် ၅ ပါးကို ထိုဈာန် ၅ မျိုး၌သွင်းလျှင် ပဌမဈာန်စိတ် ၁, ဒုတိယဈာန်စိတ် ၁ စသည်ဖြစ်၏၊ မဂ်ဖိုလ်စိတ်များလည်းဤနည်းပင်၊ ထိုကြောင့် လောကုတ္တရာ ပဌမဈာန် စိတ်ပေါင်း ၈ ဖြစ်၏ဒုတိယဈာန်စိတ် စသည်များလည်း ၈ ပါးပင်တည်း။

---

## Trang 30

### ကုသိုလ်နှင့်ဝိပါက်အကျယ်

> <mark>ပုညံ</mark> — ကုသိုလ်စိတ်သည်၊ သတ္တတိံသ ဝိဓံ- ၃၇ ပါး အပြား ရှိ၏၊
တထာ-ထိုမှတပါး၊ ပါကံ-ဝိပါက် စိတ်သည်၊ ဒွိပညာသဝိဓံ-၅၂-ပါး အပြားရှိ၏၊ ဣတိ-ဤသို့၊ စိတ္တာနိ-စိတ်တို့ကို၊ <mark>ဧကဝီသ</mark>သတံ-၁၂၁ ပါး ဟူ၍၊ <mark>ဗုဓာ</mark>-ပညာရှိတို့သည်၊ အာဟု-ဆိုကြကုန်၏။

**<mark>အာရုပ္ပဉ္စာပိ</mark> ပဉ္စမေ** — အာရုပ္ပစိတ်ကိုလည်း "<mark>ဥပေက္ခာ ဧကဂ္ဂတာ</mark>ဈာန်အင်္ဂါ ၂ ပါးနှင့် ယှဉ်သည့်အတွက် ဈာန်အင်္ဂါချင်း တူသောကြောင့်ပဉ္စမဈာန်၌ သွင်းရမည်။

**ဧကာဒသဝိဓံ တသ္မာ၊ ပေ၊ ဘဝေ** — <mark>ထို့</mark>ကြောင့် ကုသိုလ်ဝိပါက်ကြိယာအားဖြင့် လောကီရူပပဌမဈာန်စိတ် ၃, လောကုတ္တရာ ပဌမဈာန်စိတ် ၈,ပေါင်း ပဌမဈာန်စိတ် ၁၁ ဖြစ်၏၊ ဒုတိယဈာန်စိတ်၊ တတိယ စတုတ္ထဈာန်စိတ်များလည်း ၎င်းအတိုင်း ၁၁ စီဖြစ်၏၊ ပဉ္စမဈာန်စိတ်ကား ထို ၁၁ တွင်အာရုပ္ပစိတ် ၁၂ ထည့်၍ ၂၃ ဖြစ်၏။

**ကုသိုလ် နှင့် ဝိပါက် အကျယ်။** ။ ဤဂါထာလည်း ကုသိုလ် ဝိပါက်အကျယ်ကို အကျဉ်းချုပ် ပြခြင်းနှင့်တကွ စိတ် အားလုံးကို အချုပ်ပြသောသင်္ဂဟ ဂါထာပင်တည်း၊) လောကီကုသိုလ် ၁၇, လောကုတ္တရာကုသိုလ် ၂၀,ပေါင်းကုသိုလ် ၃၇ ဖြစ်၏၊ လောကီဝိပါက် ၃၂, လောကုတ္တရာဝိပါက် ၂၀,ပေါင်းဝိပါက် ၅၂ ဖြစ်၏၊ အကုသိုလ်နှင့် ကြိယာတို့မှာ သင်္ချာ မတိုးသောကြောင့် ဤဂါထာ၌ ထပ်၍မပြ၊ ကုသိုလ် အကုသိုလ် ဝိပါက်ကြိယာအားလုံးပေါင်းလျှင် စိတ်အကျယ် ၁၂၁ ပါး ဖြစ်၏။

---

### မဟာနိဂုံး

> အဘိဓမ္မတ္ထသင်္ဂဟေ — အဘိဓမ္မတ္ထသင်္ဂြိုဟ်,
ခေါ်ဆို လက်သန်း, အဋ္ဌကထာကျမ်း၌၊ စိတ္တသင်္ဂဟ ဝိဘာဂေါ နာမ — စိတ္တသင်္ဂဟ ဝိဘာဂ မည်သော၊ပဌမော — ရှေးဦးစွာသော၊ ပရိစ္ဆေဒေါ-အပိုင်းသည်၊ ဣတိ-ပြီးပြီ။

#### နိဿယနှင့်အဓိပ္ပါယ် ၅၁

**မဟာနိဂုံး။** ။ ဣတိ၊ ပေ၊ ပဌမော ပရိစ္ဆေဒေါ-ကား စိတ်ပိုင်း တပိုင်းလုံးကို အုပ်ဖုံးသော အကြီးစား "မဟာနိဂုံး" တည်း။ ဖို့စိတ္တံ စေတသိကံ ရူပံနိဗ္ဗာနမိတိ သဗ္ဗထာ ဟူသော ခေါင်းစဉ် ဥဒ္ဒေသစကားရပ်တွင် "စိတ္တံ"ဟူသော အကျဉ်းဥဒ္ဒေသ၏ နိဒ္ဒေသ အကျယ်သည် ဤနေရာဝယ် ပြီးဆုံးပြီဟူလို၊ <mark>ထို့</mark>ကြောင့် ဤစိတ်ပိုင်း တပိုင်းလုံးဖြင့် စိတ်ကို အကျယ် ဝေဘန်၍ပြသည်ဟု မှတ်လေ။

---

### <mark>လေ့ကျင့်ခန်း</mark> မေးခွန်းများ

၁။ ယထာစရူပါဝစရံ-စသော ၂ ဂါထာသည် ဘာကိုပြသော ဂါထာနည်း, အနက်ပေးပါ။

၂။ ပဌမဈာန်စိတ် မည်မျှ ရှိသနည်း, လောကီ ဈာန်စိတ် လောကုတ္တရာဈာန်စိတ် ခွဲပြပါ။

၃။ ပဉ္စမဈာန်စိတ် မည်မျှရှိသနည်း, လောကီ လောကုတ္တရာ ခွဲပြပါ။

၄။ သတ္တတိံသဝိဓံ <mark>ပုညံ</mark>-ဂါထာသည် ဘာကိုပြသော ဂါထာနည်း။

၅။ စိတ် ၁၂၁ ၌ ကုသိုလ်စိတ်မည်မျှ ဝိပါက်စိတ် မည်မျှရှိသနည်း,လောကီလောကုတ္တရာ ခွဲပြပါ။

၆။ ဣတိအဘိဓမ္မတ္ထသင်္ဂဟေ စသော စကားသည် ဘာစကားနည်း။

၇။ စိတ်အကျဉ်းမည်မျှ, အကျယ် မည်မျှ ရှိသနည်း।

---
