## Trang 36

### ၅။ ဝိရတိစေတသိက်

<mark>သမ္မာ</mark>ဝါစာ- <mark>သမ္မာ</mark>ဝါစာ၎င်း၊ <mark>သမ္မာ</mark>ကမ္မန္တော-<mark>သမ္မာ</mark>ကမ္မန္တ၎င်း၊ <mark>သမ္မာ</mark>အာဇီဝေါစ - <mark>သမ္မာ</mark>အာဇီဝ၎င်း၊ ဣတိ-ဤသို့၊ တိဿာ-သုံးပါးသောသဘောတရားတို့သည်၊ ဝိရတိယောနာမ-ဝိရတိစေတသိက်တို့မည်၏။

<mark>၁၈</mark>။ ကာယုဇုကတာ စေတသိက်အပေါင်း၏ <mark>ဖြောင့်မတ်မှု</mark>။

၁၉။ စိတ္တုဇုကတာ……စိတ်၏ <mark>ဖြောင့်မတ်မှု</mark>။

> [ဆောင်] ဘုရားစ-တုံ, ကောင်းအာရုံဝယ်, ကြည်ယုံကျေနပ်, အမှတ်ရလျက်, ဒုစရက်မှ-ရှက်ကြောက်၊ စွတည်း, ကာမအာရုံ- မစုံမမက်, မခက်ထန်မှု, လျစ်လျူရှု၏, (နှစ်ခုစိတ်စေး, ရောစပ်တွေးလော) ငြိမ်းအေး ၁ လျှင်မြန် ၁၀ <mark>၁၁</mark>, ကုသိုလ်ကံ – ဟုကောင်းသည့်မှငယ်-နူးညံ့ ၁၂ ၁၃ ခံ့ညား ၁၅, လေ့လာများနှင့် ၁၆ ၁၇ ဖြောင့်သားလေစွ <mark>၁၈</mark> ၁၉ ဆဲ့ကိုးဝသည် ... သောဘနသာဓာရဏတည်း။

### ၅။ ဝိရတိစေတသိက်

[မကောင်းမှ ဒုစရိုက်မှ ရှောင်ကြဉ်ခြင်းကို <mark>"ဝိရတိ"</mark> ဟု ခေါ်၏။]

၁။ <mark>သမ္မာ</mark>ဝါစာ=အသက်မွေးဝမ်းကြောင်းနှင့် မစပ်ဆိုင်သော ဝစီဒုစရိုက် ၄ ပါးမှ <mark>ရှောင်ကြဉ်မှု</mark>။

၂။ <mark>သမ္မာ</mark>ကမ္မန္တ = အသက်မွေးဝမ်းကြောင်းနှင့် မစပ်ဆိုင်သော ကာယဒုစရိုက် ၃ ပါးမှ <mark>ရှောင်ကြဉ်မှု</mark>။

၃။ <mark>သမ္မာ</mark>အာဇီဝ=အသက်မွေးဝမ်းကြောင်းနှင့်စပ်ဆိုင်သော ဝစီဒုစရိုက် ၄, ကာယဒုစရိုက် ၃ ပါးမှ <mark>ရှောင်ကြဉ်မှု</mark>။

#### နိဿယနှင့်အဓိပ္ပါယ်

### ၆။ အပ္ပမညာ ၂ နှင့် ပညိန္ဒြေ

<mark>ကရုဏာ-ကရုဏာ</mark>သည်၎င်း၊ မုဒိတာ-မုဒိတာသည်၎င်း၊ <mark>အပ္ပမညာယောနာမ</mark>-အပ္ပမညာ စေတသိက်တို့မည်၏၊ ဣတိ - ဤသို့၊ <mark>သဗ္ဗထာပိ</mark>-အလုံးစုံသော အပြားအားဖြင့်လည်း၊ ပညိန္ဒြိယေန – ပညာစေတသိက်နှင့်၊ သဒ္ဓိ-တကွ၊ <mark>ပဉ္စဝီသ</mark>တိ-နှစ်ဆဲ့ငါးပါးသော၊ ဣမေစေတသိကာ - ဤစေတသိက်တို့ကို၊ သောဘနာတိ-သောဘနတို့ဟူ၍၊ <mark>ဝေဒိတဗ္ဗာ</mark> - သိအပ်ကုန်၏၊ (ဣတိ-<mark>ငါးဆဲ့နှစ်ပါး</mark> ဤသို့ ပြားသတည်း။)

### ၆။ အပ္ပမညာနှင့် <mark>ပညိန္ဒြေ</mark>

ဤ၍ဤမျှဟုအတိုင်းအရှည် ပမာဏမထားဘဲ, သတွာပညတ်၌ ဖြစ်သော (အာရုံပြုသော) တရားကို "အပ္ပမညာ" ဟုခေါ်၏၊

[ ပုဂ္ဂိုလ်သတွာ-ဟူသည် ပရမတ္ထတရား မဟုတ်, ပညတ်တရားတည်း၊ <mark>ထို့ကြောင့်</mark> "သတွာပညတ်" ဟု ခေါ်သည်။ ]

ကရုဏာ=ဒုက္ခိတ သတွာပညတ်ကို အာရုံပြု၍ သနားမှ။

မုဒိတာ=သုခိတ သတ္တာပညတ်ကို အာရုံပြု၍ ဝမ်းမြောက်မှ။

<mark>ပညိန္ဒြေ=ဉာဏ်</mark>ဟု၎င်း, အမောဟဟု၎င်း, ခေါ်သော ပညာကိုပင် သိမှုကိစ္စ၌ အစိုးတရ ဖြစ်သောကြောင့် "<mark>ပညိန္ဒြေ</mark>" ဟု ခေါ်၏၊

[ပညာ+<mark>ဣန္ဒြိယ=ပညာ</mark>=အထူးထူး အပြားပြား သိခြင်း+ ဣန္ဒြိယ=ထိုသိခြင်းကိစ္စ၌ အစိုးတရ ဖြစ်သည်။ ]

သောဘန = အပြစ် မရှိဘဲ တင့်တယ်သော စေတသိက် များကို "သောဘန"ဟုခေါ်၏၊ သောဘနသာဓာရဏစေတသိက် ၁၉ နှင့် ဝိရတိ ၃, အပ္ပမညာ ၂, <mark>ပညိန္ဒြေ</mark> ၁, ပေါင်း <mark>၂၅</mark> ကို လောဘ ဒေါသ စသော အပြစ်ကင်း၍ တင့်တယ်သောကြောင့် "သောဘန စေတသိက်" ဟု ခေါ်သည်။

သောဘန<mark>စေတသိက်ခန်း</mark> ပြီး၏။

---

## Trang 37

### ၇။ သင်္ဂဟနိဂုံး

အကျဉ်းချုံး၍ နိဂုံးကို <mark>ပြဦး</mark>အံ့၊ ဧတ္တာဝတာ-ဤမျှ အတိုင်းအရှည် ရှိသော စကားအစဉ် ဖြင့်၊ <mark>အညသမာနာ</mark> - အညသမာန်း မည်ကုန်သော၊ တေရသစ - တဆဲ့သုံးပါးသော စေတသိက်တို့၎င်း၊ တထာ-ထိုမှတပါး၊ အကုသလာ - အကုသိုလ်မည်ကုန်သော၊ <mark>စုဒ္ဒသ</mark>-တဆဲ့လေးပါးသော စေတသိက်တို့၎င်း၊ သောဘနာ – သောဘန မည်ကုန်သော၊ <mark>ပဉ္စဝီသ</mark> – နှစ်ဆဲ့ငါးပါးသော စေတသိက်တို့၎င်း၊ ဣတိ-ဤသို့၊ ဒွိပညာသ – <mark>ငါးဆဲ့နှစ်ပါး</mark>ဟူ၍၊ ဝုစ္စရေ-ဆိုအပ်ကုန်၏။

### ၇။ သင်္ဂဟနိဂုံး

ဧတ္တာဝတာစ - တေရသစ <mark>အညသမာနာ</mark>စ၊ ပေ ၊ <mark>ဒွိပညာသ</mark> ပဝုစ္စရေ — ကား ပြအပ်ပြီးသော စေတသိက်များကို အကျဉ်းချုပ်ခြင်းနှင့်တကွ နိဂုံးကို ပြသော သင်္ဂဟ နိဂုံးစကားတည်း။

တေရသစ <mark>အညသမာနာ</mark>စ ဖြင့် အညသမာန်း စေတသိက် အကျယ်ကို အကျဉ်းချုပ်ပြသည်။

<mark>စုဒ္ဒသ</mark>ာကုသလာ ဖြင့် အကုသိုလ် စေတသိက် အကျယ်ကို အကျဉ်းချုပ်ပြသည်။

သောဘနာ<mark>ပဉ္စဝီသ</mark> ဖြင့် သောဘန စေတသိက် အကျယ်ကို အကျဉ်းချုပ်ပြသည်။

ဧတ္တာဝတာ ဣတိ <mark>ဒွိပညာသ</mark> ပဝုစ္စရေ ဖြင့် <mark>၅၂</mark> ပါးလုံးကို နိဂုံးအုပ်သည်။

ဤတွင် စေတသိက် ၅၂ ပါး <mark>သရုပ်ကို</mark> ထုတ်ပြချက် ပြီး၏။

#### နိဿယနှင့်အဓိပ္ပါယ်

### လေ့ကျင့်ခန်း မေးခွန်းများ

က။ အကုသလရာသိ စေတသိက်ကို သရုပ် ရေတွက်ပါ။

ခ။ မောဟ စသော ၁၄ သဘောကား အဘယ်နည်း။

<mark>ဂ။</mark> သောဘနသာဓာရဏ စေတသိက်ကို သရုပ် ရေတွက်ပြပါ။

ဃ။ သဒ္ဓါစသော ၁၉ ပါး၏ သဘောကား အဘယ်နည်း။

[အဟိရိကသည် အဘယ် သဘောနည်း, သတိသည် အဘယ် သဘောနည်း စသည်ဖြင့် တစ်ခုစီ ခွဲ၍လည်း မေး။]

<mark>င။</mark> အဘယ် သဘောကို ဝိရတိ ဟု ခေါ်သနည်း။

စ။ <mark>သမ္မာ</mark>ဝါစာသည် ဘယ်မှ ရှောင်ကြဉ်သနည်း။

ဆ။ <mark>သမ္မာ</mark>ကမ္မန္တသည် ဘယ်မှ ရှောင်ကြဉ်သနည်း။

ဇ။ <mark>သမ္မာ</mark>အာဇီဝသည် ဘယ်မှ ရှောင်ကြဉ်သနည်း။

ဈ။ ဘယ်သဘောကို အပ္ပမညာ ဟု ခေါ်သနည်း။

ည။ ကရုဏာ မုဒိတာတို့သည် ဘယ်သို့ သဘောရှိကြသနည်း။

ဋ။ <mark>ပညိန္ဒြေ</mark>ကို နာမည် ဘယ်သို့ ခေါ်သေးသနည်း။

<mark>ဌ။</mark> ဘယ် စေတသိက် အစုကို သောဘနရာသိ ဟု ခေါ်သနည်း။

ဍ။ အဘယ်ကြောင့် သောဘန ဟု ခေါ်သနည်း။

ဏ။ ဧတ္တာဝတာမှ စ၍ <mark>ဒွိပညာသ</mark> ပဝုစ္စရေ-တိုင်အောင်သော စကားကို ဘယ်လို အမည် ခေါ်သနည်း။

---

## Trang 38

### <mark>သမ္ပယောဂ</mark>နည်း

ဣတေ-ဤအခါမှ၊ ပရံ - နောက်၌၊ စိတ္တာဝိယုတ္တာနံ-စိတ်နှင့် မကွေမကွာ ယှဉ်ကြကုန်သော၊ တေသံ-ထိုစေတသိက်တို့၏၊ စိတ္တုပ္ပါဒေသု - ဥပါဒ်သော စိတ်တို့၌၊ ပစ္စေကံ - အသီး အသီး၊ <mark>သမ္ပယောဂေါ</mark> – ယှဉ်ပုံ ယှဉ်နည်းကို၊ ယထာယောဂံ - ယှဉ်ထိုက်သည်အားလျော်စွာ၊ ပဝုစ္စတိ-ဆိုအပ်၏။ (ဆိုပေအံ့-ဟူလို။)

ကထံ-အဘယ်သို့ ယှဉ်ကုန်သနည်း။

### <mark>သမ္ပယောဂ</mark>နည်း <mark>အချီ</mark>ဂါထာ

ဤ "တေသံစိတ္တာဝိယုတ္တာနံ" ဂါထာကား <mark>သမ္ပယောဂ</mark>နည်းကို ပြလို၍ စချီသော ပလ္လင်ခံ စကားတည်း။

စိတ္တုပ္ပါဒေသု-စိတ္တုပ္ပါဒအရ အချို့ အရာ၌ စိတ်စေတသိက် နှစ်ပါးလုံးကို ယူရ၍, အချို့အရာ၌မူ စိတ်ကိုသာ ယူရ၏၊ ဤ၌ စိတ်ကိုသာ ယူ။

[စိတ္တ+ဥပ္ပါဒ။ ဥပ္ပါဒ=ဥပါဒ်သော, ဖြစ်သော+စိတ္တ=စိတ်။]

ပစ္စေကံ <mark>သမ္ပယောဂေါ</mark> ပဝုစ္စတိ…… "မည်သည့် စေတသိက်က မည်မျှလောက်သော စိတ်၌ ယှဉ်၏"ဟု အသီးအသီးစေတသိက်တို့၏ စိတ်၌ယှဉ်ပုံ ယှဉ်နည်းကို ပြမည်-ဟူလို။

ဤ ဂါထာ၌ "တေသံ စိတ္တုပ္ပါဒေသု <mark>သမ္ပယောဂေါ</mark>"ဟူသော ပုဒ်တို့အရ – စေတသိက်တို့၏ စိတ်၌ ယှဉ်ပုံ ယှဉ်ဟန်ကို ပြသော နည်းသည် <mark>သမ္ပယောဂ</mark>နည်းတည်း" ဟု မှတ်သားခဲ့ပါ။

[ဤ စေတသိက်ပိုင်းအဆုံး၌ ဆောင်ပုဒ်နှင့်တကွ အကျယ်<mark>ပြလတံ့</mark>။]

ကထံ-ဟု လာသမျှ၌ ဆိုင်ရာစကားကို အကျယ်ချဲ့ ပြလို၍ ပုစ္ဆာထုတ်သည်-ဟုချည်း မှတ်။

#### နိဿယနှင့်အဓိပ္ပါယ်

### သမ္ပယောဂနည်း — <mark>သဗ္ဗစိတ္တ</mark>သာဓာရဏ စေတသိက်

သတ္တ-အကျဉ်းချုပ် ခုနစ်ပါးတို့သည်၊ သဗ္ဗတ္ထ - အလုံးစုံသော စိတ်တို့၌၊ <mark>ယုဇ္ဇန္တိ</mark> - ယှဉ်ကုန်၏၊

ပကိဏ္ဏကာ – ပကိဏ်းစေတသိက် ၆ ပါးတို့သည်၊ (သဗ္ဗတ္ထ-အလုံးစုံသောစိတ်တို့၌၊) ယထာယောဂံ – ယှဉ်ထိုက်သည်အားလျော်စွာ၊ (<mark>ယုဇ္ဇန္တိ</mark> - ယှဉ်ကုန်၏၊)

<mark>စုဒ္ဒသ</mark> - ၁၄ ပါးသော အကုသိုလ် စေတသိက်တို့သည်၊ အကုသလေသွော - အကုသိုလ်စိတ်တို့၌ သာလျှင်၊ (ယထာယောဂံ-စွာ၊ <mark>ယုဇ္ဇန္တိ</mark>-ကုန်၏၊)

သောဘနာ-သောဘနစေတသိက် <mark>၂၅</mark> ပါးတို့သည်၊ သောဘနေသွော - သောဘနစိတ်တို့၌သာလျှင်၊ (ယထာယောဂံ-စွာ၊ <mark>ယုဇ္ဇန္တိ</mark>-ကုန်၏။)

### <mark>သမ္ပယောဂ</mark>နည်းအချုပ်

ဤ "သတ္တသဗ္ဗတ္ထ<mark>ယုဇ္ဇန္တိ</mark>" ဂါထာကား <mark>သမ္ပယောဂ</mark>နည်းကို အကျဉ်းချုပ် ခေါင်းစဉ်ပြသော ဥဒ္ဒေသဂါထာတည်း၊ နောက်၌ ဤအကျဉ်းချုပ်ခေါင်းစဉ်အတိုင်း အကျယ်ပြလိမ့်မည်။

သတ္တ သဗ္ဗတ္ထ <mark>ယုဇ္ဇန္တိ</mark> မှ သဗ္ဗတ္ထ ပုဒ်ကို ယထာယောဂံ ပကိဏ္ဏကာ၌ လိုက်၍ အနက်ပေး၊ "ပကိဏ်း စေတသိက် တို့သည် အလုံးစုံသော စိတ်၌ ထိုက်သလို ယှဉ်ကုန်၏"ဟူလို၊ ယထာယောဂံနှင့် <mark>ယုဇ္ဇန္တိ</mark> ကိုလည်း နော်နော်ဝါကျများ၌ လိုက်၍ အနက်ပေး။

### <mark>သဗ္ဗစိတ္တ</mark>သာဓာရဏ စေတသိက် <mark>သမ္ပယောဂ</mark>နည်း

စေတသိကာ - ဤ စေတသိက် တို့ကို၊ သဗ္ဗေသုပိ - အလုံးစုံလည်း ဖြစ်ကုန်သော၊ ဧကူနနဝုတိစိတ္တုပ္ပါဒေသု - တခုယုတ်ကိုးဆယ်သောစိတ်တို့၌၊ လဗ္ဘန္တိ-ရအပ်ကုန်၏၊ (ယှဉ်ကုန်၏-ဟူလို။)

---

## Trang 39

### ပကိဏ်းစေတသိက် <mark>သမ္ပယောဂ</mark>နည်း

ပန - အဘို့တပါးကား၊ ပကိဏ္ဏကေသု-ပကိဏ်းစေတသိက်တို့တွင်၊ တာဝ-ဝိတက်စသည်တို့မှ <mark>ရှေးဦး</mark>စွာ၊ (နိဋ္ဌိတ-ညွှန်ပြအပ်သော၊) ဝိတက္ကော – ဝိတက်သည်၊ ဒွိပဉ္စဝိညာဏ <mark>ဝဇ္ဇိတကာမာဝစရ</mark>စိတ္တေသုစေဝ - ဒွေ ပဉ္စဝိညာဏ် ၁၀ သည် ကြဉ်အပ်သော ကာမစိတ် ၄၄ ပါးတို့၎င်း၊ ဧကာဒသသု- <mark>၁၁</mark> ပါးကုန်သော၊ <mark>ပဌမဇ္ဈာန</mark>စိတ္တေသု – ပဌမဈာန်စိတ်တို့၎င်း၊ ဣတိ – ဤသို့၊ ပဉ္စပညာသစိတ္တေသု- <mark>၅၅</mark> ပါးသော စိတ်တို့၌၊ ဥပ္ပဇ္ဇတိ-ဖြစ်၏။

### အညသမာန်း<mark>သမ္ပယောဂ</mark>နည်း

#### <mark>သဗ္ဗစိတ္တ</mark>သာဓာရဏ သမ္ပယောဂနည်း

<mark>သဗ္ဗစိတ္တ</mark>သာဓာရဏာ တာဝ စသော စကားဖြင့် "သတ္တ သဗ္ဗတ္ထ <mark>ယုဇ္ဇန္တိ</mark>" ဟူသော အကျဉ်းကို အကျယ်ပြသည်၊ နောက်၌လည်းဤနည်းချည်းတည်း၊ ဤစကားဖြင့် "<mark>သဗ္ဗစိတ္တ</mark>သာဓာရဏ စေတသိက် ၇ ပါးသည် စိတ်တခုယုတ် ကိုးဆယ် အကျယ် ၁၂၁ ပါး၌ ယှဉ်၏" ဟု မှတ်။

#### ပကိဏ်းစေတသိက် <mark>သမ္ပယောဂ</mark>နည်း

ပါဠိရှိတိုင်းပင် မည်သည့် စေတသိက်က မည်မျှသောစိတ်၌ ယှဉ်ကြောင်းမှာ သိသာသော်လည်း…

၁။ ဝိတက်သည် ဒွေပဉ္စဝိညာဏ် ၁၀ ကြဉ်သောကာမစိတ် ၄၄, ပဌမဈာန် ၁၁, ပေါင်း <mark>၅၅</mark> ပါးသော စိတ်တို့၌ ယှဉ်၏။

၂။ ပန-အဘို့တပါးကား၊ ဝိစာရော-ဝိစာရသည်၊ တေသုစေဝ-ထို ဝိတက်ယှဉ်ရာ <mark>၅၅</mark> ပါးသော စိတ်တို့၎င်း၊ ဧကာဒသသု – <mark>၁၁</mark> ပါးကုန်သော၊ ဒုတိယဇ္ဈာနစိတ္တေသုစ - ဒုတိယဈာန် စိတ်တို့၎င်း၊ ဣတိ – ဤသို့၊ <mark>ဆသဋ္ဌိ</mark>စိတ္တေသု – ၆၆ ပါးသောစိတ်တို့၌၊ (ဥပ္ပဇ္ဇတိ-၏။)

[သင်္ချာပုဒ်တို့၏ နောက်၌ ဣတိသဒ္ဒါ ပါလျှင် "သည်-ဖြင့်-၌" ဟု ဝိဘတ်အနက်သံ မပါစေဘဲ "စိတ်တို့၎င်း" ဟု အနက်သုံးမျိုးရှိသည်။]

၃။ အဓိမောက္ခော - အဓိမောက္ခသည်၊ ဒွိပဉ္စဝိညာဏ ဝိစိကိစ္ဆာသဟဂတ<mark>ဝဇ္ဇိတ</mark>စိတ္တေသု – ဒွေပဉ္စဝိညာဏ် ၁၀, ဝိစိကိစ္ဆာ ၁ သဟဂုတ် စိတ်သည် ကြဉ်အပ်သော <mark>၇၈</mark> ပါးသော စိတ်တို့၌၊ (ဥပ္ပဇ္ဇတိ-၏။)

၄။ ဝီရိယံ – ဝီရိယသည်၊ ပဉ္စဒွါရာဝဇ္ဇန ဒွိပဉ္စဝိညာဏ သမ္ပဋိစ္ဆန သန္တီရဏဝဇ္ဇိတစိတ္တေသု-<mark>ပဉ္စဒွါရာဝဇ္ဇန်း</mark>, ဒွေပဉ္စဝိညာဏ်, <mark>သမ္ပဋိစ္ဆန်း</mark>, သန္တီရဏသည် ကြဉ်အပ်သော ၇၃ ပါးသော စိတ်တို့၌၊ (ဥပ္ပဇ္ဇတိ–၏။)

#### နိဿယနှင့်အဓိပ္ပါယ်

၂။ ဝိစာရသည် ဝိတက်ယှဉ်ရာစိတ် ၅၅, ဒုတိယဈာန်စိတ် ၁၁, ပေါင်း ၆၆ ပါးသောစိတ်၌ ယှဉ်၏။

၃။ အဓိမောက္ခသည် စိတ်တခုယုတ်ကိုးဆယ်တွင် ဒွေပဉ္စဝိညာဏ် ၁၀, ဝိစိကိစ္ဆာသဟဂုတ် ၁ ကို ကြဉ်၍ <mark>၇၈</mark> ပါးသော စိတ်၌ ယှဉ်၏။

၄။ ဝီရိယသည် <mark>ပဉ္စဒွါရာဝဇ္ဇန်း</mark> ၁, ဒွေပဉ္စဝိညာဏ် ၁၀, <mark>သမ္ပဋိစ္ဆန်း</mark> ၂, သန္တီရဏ ၃ ကို ကြဉ်၍ ကြွင်း ၇၃ ပါးသော စိတ်၌ ယှဉ်၏။

---

## Trang 40

### ပကိဏ်းစေတသိက် <mark>သမ္ပယောဂ</mark>နည်း (ဆက်)

၅။ ပီတိ – ပီတိသည်၊ ဒေါမနဿုပေက္ခာသဟဂတ ကာယဝိညာဏ စတုတ္ထဇ္ဈာန <mark>ဝဇ္ဇိတ</mark>စိတ္တေသု - ဒေါသမူဒွေး, ဥပေက္ခာသဟဂုတ်စိတ် ၅၅, ကာယဝိညာဏ်ဒွေး, စတုတ္ထဈာန် ၁၁ သည် ကြဉ်အပ်သော ၅၁ ပါးသောစိတ် တို့၌၊ (ဥပ္ပဇ္ဇတိ-၏။)

၆။ ဆန္ဒော - ဆန္ဒသည်၊ အဟေတုက <mark>မောမူဟ</mark> ဝဇ္ဇိတစိတ္တေသု-အဟိတ်စိတ် <mark>၁၈</mark>, မောဟမူဒွေးသည်ကြဉ်အပ်သော တခုယုတ် ခုနစ်ဆယ်သော စိတ်တို့၌၊ (ဥပ္ပဇ္ဇတိ-၏။) ဣတိ-ပကိဏ်းစေတသိက်တို့ ဤသို့ယှဉ်ကုန်၏။

### သင်္ဂဟ

ပန - အကျဉ်းချုပ်ကား၊ ပကိဏ္ဏကဝိ<mark>ဝဇ္ဇိတ</mark>ာ - ပကိဏ်းစေတသိက်သည် ကြဉ်အပ်ကုန်သော၊ တေစိတ္တုပ္ပါဒါ – ထို စိတ်တို့သည်၊ ယထာက္ကမံ – အကြင် အကြင် အစဉ်ရှိတိုင်း၊ <mark>ဆသဋ္ဌိ</mark> – ၆၆ ပါးသည်၎င်း၊ ပဉ္စပညာသ – ၅၅ ပါးသည်၎င်း၊ ဧကာဒသ-၁၁ ပါးတို့သည်၎င်း၊ <mark>သောဠသ-၁၆</mark> ပါးတို့သည်၎င်း၊ သတ္တတိ-၇ဝ သည်၎င်း၊ <mark>ဝီသတိ</mark>စေဝ-၂ဝ သည်၎င်း၊ (ဟောန္တိ-ကုန်၏။)

#### နိဿယနှင့်အဓိပ္ပါယ်

၅။ ပီတိသည် စိတ် ၁၂၁ တွင် ဒေါသမူ ၂, ဥပေက္ခာသဟဂုတ် ၅၅, ကာယဝိညာဏ် ၂, စတုတ္ထဈာန်စိတ် ၁၁, ပေါင်း ၇ဝ ကြဉ်၍ ကြွင်း ၅၁ ပါး၌ ယှဉ်၏၊

[သုခသဟဂုတ် ၆၃ ခုတွင် သုခသဟဂုတ်ကာယဝိညာဏ် ၁ နှင့် စတုတ္ထဈာန်စိတ် ၁၃ မှ တပါး ကျန် သုခသဟဂုတ်များတည်း။ ]

၆။ ဆန္ဒသည် အဟိတ်စိတ် ၁၈, မောဟမူစိတ် ၂ ကြဉ်၍ ကြွင်းတခုယုတ် ခုနစ်ဆယ်သောစိတ်၌ ယှဉ်၏။

…ဤသို့ မြန်မာစကားပြင်အတိုင်း ခွဲတတ်ပါစေ။

### သင်္ဂဟဂါထာ (သ ပကိဏ္ဏက)

<mark>သပကိဏ္ဏကာ</mark> - ပကိဏ်းစေတသိက်နှင့် တကွ ဖြစ်ကုန်သော၊ (တေစိတ္တုပ္ပါဒါ - တို့သည်၊ ယထာက္ကမံ-တိုင်း၊) ပဉ္စပညာသ-၅၅ ပါးသည်၎င်း၊ <mark>ဆသဋ္ဌိ</mark>-၆၆ ပါးသည်၎င်း၊ အဋ္ဌသတ္တတိ-<mark>၇၈</mark> ပါးသည်၎င်း၊ တိသတ္တတိ-၇၃ ပါးသည်၎င်း၊ ဧကပညာသစ-၅၁ ပါးသည်၎င်း၊ ဧကူနသတ္တတိ-တခုယုတ် ခုနစ်ဆယ်သည်၎င်း၊ (ဟောန္တိ-ကုန်၏။)

### ၇။ သင်္ဂဟဂါထာ

"တေပန စိတ္တုပ္ပါဒါ ယထာက္ကမံ နှင့် တကွ <mark>ဆသဋ္ဌိ</mark> ပဉ္စပညာသ" စသော နှစ်ဂါထာ တို့ကား အကျဉ်းချုပ် ပြသော ဂါထာတို့တည်း၊ ထိုတွင် ရှေ့ဂါထာဖြင့် ပကိဏ်းစေတသိက်တို့ အစဉ်အတိုင်း ကြဉ်အပ်သော စိတ်များကိုပြသည်။ [ပကိဏ္ဏကဝိ<mark>ဝဇ္ဇိတ</mark>ာကို သတိပြု။]

နောက်ဂါထာဖြင့် ပကိဏ်းစေတသိက်တို့ ယှဉ်ရာ စိတ်များကို ပြသည်။ [<mark>သပကိဏ္ဏကာ</mark>ကို ကြည့်။]

| | အကြဉ် | အယှဉ် |
|---|---|---|
| ဝိတက် | <mark>ဆသဋ္ဌိ</mark> | ပဉ္စပညာသ |
| ဝိစာရ | ပဉ္စပညာသ | <mark>ဆသဋ္ဌိ</mark> |
| အဓိမောက္ခ | ဧကာဒသ | အဋ္ဌသတ္တတိ |
| ဝီရိယ | သောဠသ | တိသတ္တတိ |
| ပီတိ | သတ္တတိ | ဧကပညာသ |
| ဆန္ဒ | <mark>ဝီသတိ</mark> | ဧကူနသတ္တတိ |

ထိုတွင် <mark>ဆသဋ္ဌိ</mark> စသော သင်္ချာသည် စိတ်အကျဉ်း သင်္ချာလော, စိတ်အကျယ် သင်္ချာလော ဟု စဉ်းစားရာ၏၊ လောကုတ္တရာ အားလုံး၌ ယှဉ်နိုင်သော စေတသိက်အတွက် စိတ်အကျဉ်း သင်္ချာကို ပြသည်။

[အဓိမောက္ခ

---
