## Trang 41

ဝီရိယ ဆန္ဒ တို့တည်း။ ] လောကုတ္တရာစိတ် အချို့၌သာ ယှဉ်နိုင်သော စေတသိက် များအတွက် ( အကျယ်ချဲ့ပြမှ သိသာမည် ဖြစ်သောကြောင့် ) စိတ်အကျယ် သင်္ချာကို ပြသည်။ [ဝိတက် ဝိစာရ ပီတိ တို့တည်း။] <mark>ဆသတ္တိ</mark> စသော သင်္ချာတို့၏ သင်္ချေယျ ( သရုပ် ) ကို အကျယ် စုတ္တိယ ကြည့်၍ ရေတွက်လေ။

သမ္ပယောဂနည်း ၇။ ။ သဗ္ဗစိတ္တသာဓာရဏ စေတသိက်တို့၏ ယှဉ်ပုံ ယှဉ်ဟန်က တနည်း, ဝိတက်စသော ပကိဏ်းစေတသိက် ၆ ပါးတို့၏ ယှဉ်ပုံ ယှဉ်ဟန်က အသီး အသီး ၆ နည်း ဖြစ်၍ အညသမာန်း စေတသိက်စုအတွက် သမ္ပယောဂနည်း ၇ နည်း ရှိသည် ဟု မှတ်။

### <mark>လေ့ကျင့်ခန်း</mark>မေးခွန်းများ

**က။** တေသံစိတ္တာ ဝိယုတ္တာနံ — ဂါထာသည် ဘာကိုပြသော ဂါထာနည်း, ထိုဂါထာကို အနက်ပေးပါ။

**<mark>ခ။</mark>** အဘယ်နည်းမျိုးကို သမ္ပယောဂနည်းဟု ခေါ်သနည်း။

**ဂ။** သတ္တသဗ္ဗတ္ထယုဇ္ဇန္တိ — ဂါထာသည် ဘာကို ပြသော ဂါထာနည်း, ထိုဂါထာကို အနက်ပေးပါ။

**ဃ။** သဗ္ဗစိတ္တသာဓာရဏ စေတသိက်တို့သည် မည်မျှလောက်သော စိတ်၌ ယှဉ်သနည်း။

**င။** ဝိတက်သည် မည်မျှလောက်သော စိတ်၌ ယှဉ်သနည်း, ပါဠိကိုရွတ်ပြပါ။ [ဝိစာရ စသော ၅ ပါးကိုလည်း မေးလေ။]

**စ။** တေပနစိတ္တုပ္ပါဒါ စသော စကားများကို အဘယ်သို့ <mark>နာမည်</mark> ခေါ်သနည်း, အနက်ပေးပါ။

**ဆ။** ရွှေဂါထာက ဘာကို ပြ၍, နောက် ဂါထာက ဘာကို ပြသနည်း။

### နိဿယနှင့်အဓိပ္ပါယ်

**ဇ။** ရွှေဂါထာလာ <mark>ဆသတ္တိ</mark> စသော သင်္ချာတို့၏ သင်္ချေယျ (သရုပ်)ကို ရေတွက်ပြပါ။

[ ၁ - ၂ - ၃ စသော အရေအတွက်ကို သင်္ချာ ဟု ခေါ်၏, ထိုသို့ ရေတွက်အပ်သော သရုပ်ကို သင်္ချေယျ ဟု ခေါ်သည်။ ]

**ဈ။** နောက် ဂါထာလာ ပဉ္စပညာသ စသော သင်္ချာတို့၏ သင်္ချေယျကို ရေတွက်ပြပါ။

**ည။** အညသမာန်းစေတသိက်၏ သမ္ပယောဂနည်း မည်မျှ ရှိသနည်း။

### စက်လှည့်ခွဲပုံ

**<mark>ဋ။</mark>** ဝိတက်၏ ယှဉ်ရာသာ ဖြစ်၍ ဝိစာရ၏ ယှဉ်ရာ မဟုတ်သောစိတ် ရှိသလော။

**ဌ။** ဝိစာရ၏ ယှဉ်ရာသာ ဖြစ်၍ ဝိတက်၏ ယှဉ်ရာ မဟုတ်သောစိတ် မည်မျှ ရှိသနည်း။

**ဍ။** ဝိတက် ဝိစာရ နှစ်ပါးစုံ ယှဉ်ရာစိတ်ကား မည်မျှနည်း။

**<mark>ဎ။</mark>** နှစ်ပါးစုံ ယှဉ်ရာ မဟုတ်သော စိတ်ကား မည်မျှနည်း။

[ဤနည်းအတိုင်း ဝိတက်ကို မူတည်, အဓိမောက္ခကို မူလီသွတ်၍ ခွဲ, ထိုနောက် ဝိစာရစသည်ကို မူတည်, အဓိမောက္ခ စသည်ကို မူလီသွတ်လျက် လေးချက်လှည့်၍ ခွဲပြလေ၊ စာသင်သားတို့ ဉာဏ်မှာ သိပ်ရှုပ်ပုံရလျှင်လည်း ခွဲမပေးနှင့်, နောင်အခါ အလိုအလျောက် နားလည်လာလိမ့်မည်။]

အညသမာန်း သမ္ပယောဂနည်း ပြီး၏။

---

## Trang 42

### အကုသိုလ်စေတသိက် သမ္ပယောဂနည်း

**၁။** ပန — အဘို့ တပါးကား၊ အကုသလေ သမ္ပယောဂနည်း၌ — အကုသိုလ် စေတသိက် တို့တွင်၊ မောဟော — မောဟ၎င်း၊ အဟိရိကံ — ၎င်း၊ အနောတ္တပ္ပံ — ၎င်း၊ ဥဒ္ဓစ္စံ — ၎င်း၊ ဣတိ — ဤသို့၊ စတ္တာရော — လေးပါးကုန်သော၊ ဣမေ စေတသိကာ — ဤ စေတသိက်တို့သည်၊ <mark>သဗ္ဗာကုသလ</mark> သာဓာရဏာ နာမ — အလုံးစုံသော အကုသိုလ်စိတ် တို့နှင့် ဆက်ဆံသော စေတသိက်တို့ မည်၏၊ [<mark>သဗ္ဗေသုပိ</mark> — အလုံးစုံလည်း ဖြစ်ကုန်သော၊ ဒွါဒသာကုသလေသု — တဆယ့်နှစ်ပါးသော အကုသိုလ်စိတ်တို့၌၊ <mark>လဗ္ဘန္တိ</mark> — ရအပ်ကုန်၏။]

**၂။** လောဘော — လောဘကို၊ အဋ္ဌသု — ရှစ်ပါးကုန်သော၊ လောဘသဟဂတ စိတ္တေသွေဝ — လောဘသဟဂုတ် စိတ်တို့၌ သာလျှင်၊ <mark>လဗ္ဘတိ</mark> — ရအပ်၏။

**၃။** ဒိဋ္ဌိ — ဒိဋ္ဌိကို၊ စတူသု — လေးပါးကုန်သော၊ ဒိဋ္ဌိဂတ သမ္ပယုတ္<mark>တေသု</mark> ဧဝ — ဒိဋ္ဌိဂတ သမ္ပယုတ် စိတ် တို့၌ သာလျှင်၊ (<mark>လဗ္ဘတိ</mark> — ၏။) ဧဝသဒ္ဒါနှင့် <mark>လဗ္ဘတိ</mark>ကို ဝါကျတိုင်းလိုက်။

**၄။** <mark>မာနော</mark> — မာနကို၊ စတူသု — ကုန်သော၊ <mark>ဒိဋ္ဌိဂတဝိပ္ပယုတ္တေသုဧဝ</mark> — ဒိဋ္ဌိဂတ ဝိပ္ပယုတ်စိတ်တို့၌သာလျှင်၊ <mark>လဗ္ဘတိ</mark> — ၏။

**၅။** ဒေါသော — ဒေါသ၎င်း၊ ဣဿာ — ၎င်း၊ မစ္ဆရိယံ — ၎င်း၊ <mark>ကုက္ကုစ္စဉ္စ</mark> — ၎င်း၊ ဣတိ — ဤ စေတသိက်တို့ကို၊ ဒွိသု — နှစ်ပါးကုန်သော၊ ပဋိဃသမ္ပယုတ္တစိတ္တေသွေဝ — ပဋိဃ သမ္ပယုတ်စိတ် တို့၌သာလျှင်၊ (<mark>လဗ္ဘန္တိ</mark> — ကုန်၏။)

**၆။** ထိနမိဒ္ဓံ — ထိနမိဒ္ဓကို၊ ပဉ္စသု — ငါးပါးကုန်သော၊ သသင်္ခါရိက စိတ္တေသွေဝ — သသင်္ခါရိက စိတ်တို့၌ သာလျှင်၊ (<mark>လဗ္ဘတိ</mark> — ၏။)

**၇။** ဝိစိကိစ္ဆာ — ဝိစိကိစ္ဆာကို၊ ဝိစိကိစ္ဆာသဟဂတ စိတ္တေယေဝ — ဝိစိကိစ္ဆာသဟဂုတ် စိတ်၌သာလျှင်၊ (<mark>လဗ္ဘတိ</mark> — ၏။)

### သင်္ဂဟဂါထာ

စတ္တာရော — လေးပါးသော စေတသိက်တို့သည်၊ သဗ္ဗာပုညေသု — အလုံးစုံသော အကုသိုလ်စိတ် တို့၌၊ <mark>ဂတာ</mark> — ဖြစ်ကုန်၏၊ တယော — သုံးပါးသော စေတသိက်တို့သည်၊ လောဘမူလေ — လောဘမူ စိတ်၌သာလျှင်၊ <mark>ဂတာ</mark> — ကုန်၏။ စတ္တာရော — လေးပါးသော စေတသိက်တို့သည်၊ ဒေါသမူလေသု — ဒေါသမူစိတ်တို့၌သာလျှင်၊ <mark>ဂတာ</mark> — ကုန်၏၊ ဒွယံ — ထိနမိဒ္ဓနှစ်ပါးအပေါင်းသည်၊ သသင်္ခါရေ — သသင်္ခါရိကစိတ် ငါးပါး၌သာလျှင်၊ ဂတံ — ၏၊ တထာ — ထိုမှတပါး၊ ဝိစိကိစ္ဆာ — ဝိစိကိစ္ဆာ စေတသိက်သည်၊ ဝိစိကိစ္ဆာသဟဂတစိတ္တေ စ — ဝိစိကိစ္ဆာသဟဂုတ်စိတ်၌ သာလျှင်၊ <mark>ဂတာ</mark> — ဖြစ်၏၊ ဣတိ — ဤသို့၊ စတုဒ္ဒသ — တဆယ့်လေးပါးသော အကုသိုလ် စေတသိက်တို့သည်၊ ဒွါဒသာကုသလေသွေဝ — တဆယ့်နှစ်ပါးသော အကုသိုလ် စိတ်တို့၌သာလျှင်၊ <mark>ပဉ္စဓာ</mark> — ငါးပါးအပြားအားဖြင့်၊ သမ္ပယုဇ္ဇန္တိ — ယှဉ်ကုန်၏။

[အကုသိုလ်စေတသိက်သမ္ပယောဂနည်း။ ။ မည်သည့်စေတသိက်က မည်သည့်စိတ်၌ ယှဉ်ကြောင်းမှာ ပါဠိသွားဖြင့် ထင်ရှားပြီ။]

> သင်္ဂဟဂါထာ။ ။ သဗ္ဗာပုညေသု စတ္တာရော စသည်၌ စတ္တာရော စသော သင်္ချာတို့၏ သင်္ချေယျကို စုတ္တိယ အကျယ်ကြည့်၍ ကောက်ပြလေ။

---

## Trang 43

### အကုသိုလ်စေတသိက်များ၏ သမ္ပယောဂနည်း

သမ္ပယုဇ္ဇန္တိ <mark>ပဉ္စဓာ</mark>။ ။ ပါဌ်ဖြင့် အကုသိုလ် စေတသိက်တို့၏ သမ္ပယောဂနည်း ၅ နည်း ရှိသည်ဟု ပြသည်။

**၁။** သဗ္ဗာပုညေသု စတ္တာရော — အရ သမ္ပယောဂနည်း တနည်း။

**၂။** လောဘမူလေ တယော <mark>ဂတာ</mark> — အရ တနည်း။

> [လောဘသည် လောဘမူစိတ် <mark>၈ ပါး</mark>လုံး၌ ယှဉ်၏၊ ဒိဋ္ဌိသည် လောဘမူ သမ္ပယုတ် ၄ ၌သာ ယှဉ်၏၊ မာနသည် လောဘမူ ဝိပ္ပယုတ် ၄ ၌သာ ယှဉ်၏။ ဤသို့ ယှဉ်ပုံမတူသော်လည်း ယှဉ်ရာစိတ်မှာ လောဘမူစိတ်ချည်းသာဖြစ်၍ သမ္ပယောဂ တနည်းတည်း ဟု ကျမ်းဆရာ ယူထားသည်။]

**၃။** ဒေါသမူလေသု စတ္တာရော — အရ တနည်း။

**၄။** သသင်္ခါရေ ဒွယံ — အရ တနည်း။

**၅။** ဝိစိကိစ္ဆာ ဝိစိကိစ္ဆာသဟဂတစိတ္တေ — အရ တနည်း။

ဤသို့ သမ္ပယောဂနည်း ၅ နည်း ရှိသည်။

### <mark>လေ့ကျင့်ခန်း</mark>မေးခွန်းများ

**က။** သဗ္ဗာပုညေသု စတ္တာရော စသည်ကို ဘာ ဂါထာ ခေါ်သနည်း, အနက်ပေးပါ။

**<mark>ခ။</mark>** စတ္တာရော — အရ သရုပ်ကောက်၍ ဆိုင်ရာ ပါဠိ အကျယ်ကို ရွတ်ပါ။

**ဂ။** တယော — အရ သရုပ်ဖောက်၍ ပါဠိအကျယ်ကို ရွတ်ပြပါ။

**ဃ။** ဒေါသမူလေသု စတ္တာရော — အရ သရုပ်ကောက်၍ ပါဠိ အကျယ်ကို ရွတ်ပါ။

**င။** သသင်္ခါရေ ဒွယံ — သရုပ်ကောက်၍ ပါဠိ အကျယ်ကို ရွတ်ပါ။

**စ။** အကုသိုလ် စေတသိက်တို့၏ သမ္ပယောဂ ၅ နည်းကို ရေတွက်ပါ။

### စက်လှည့်ခွဲပုံ

**ဆ။** မောဟ၏ ယှဉ်ရာသာဖြစ်၍ လောဘ၏ ယှဉ်ရာ မဟုတ်သော စိတ် မည်မျှနည်း။

**ဇ။** လောဘ၏ ယှဉ်ရာသာဖြစ်၍ မောဟ၏ ယှဉ်ရာ မဟုတ်သော စိတ် ရှိသလော။

**ဈ။** နှစ်ပါးစုံယှဉ်ရာ မဟုတ်သောစိတ် မည်မျှနည်း, သရုပ်ရေတွက်ပါ။

> [ဤနည်းအတိုင်း မောဟကို မူတည်ကာ ဒိဋ္ဌိ မာန မှစ၍ ဝိစိကိစ္ဆာ တိုင်အောင် မူလီသွတ်၊ ထိုနောက် လောဘ စသည်ကို မူတည်၍ ဒိဋ္ဌိ စသည်ကို မူလီသွတ်၍ ခွဲ၊ ယှဉ်ရာ စိတ်ချင်း တူနေလျှင် ထပ်၍ မူတည်ခြင်း, မူလီသွတ်ခြင်း မပြနှင့်၊ ဥပမာ — မောဟကို မူတည်လျှင် အဟိရိက စသည်ကို မူလီမသွတ်နှင့် ထပ်၍လည်း မူတည်မနေနှင့်, ဒေါသကို မူလီသွင်းပြီးလျှင် ဣဿာမစ္ဆရိယ ကုက္ကုစ္စကို ထပ်၍ မူလီမသွတ်နှင့်, ထပ်၍မူလီသွတ်သော်လည်း သရုပ်အရ ထူးတော့မည် မဟုတ်။]

အကုသိုလ် စေတသိက်များ၏ သမ္ပယောဂနည်း ပြီး၏။

---

## Trang 44

### သောဘနစေတသိက် သမ္ပယောဂနည်း

**၁။** ပန — အဘို့ တပါးကား၊ သောဘနေသု — သောဘန စေတသိက် တို့တွင်၊ တာဝ — ဝိရတိ စသည်တို့မှ <mark>ရှေးဦးစွာ</mark>၊ (နိဋ္ဌိတာ — ကုန်သော၊) သောဘန <mark>သာဓာရဏာ</mark> — သောဘန သာဓာရဏ မည်ကုန်သော၊ <mark>ဧကူနဝီသတိ</mark> — တခုယုတ်နှစ်ဆယ်သော၊ ဣမေ စေတသိကာ — ဤ စေတသိက်တို့သည်၊ <mark>သဗ္ဗေသုပိ</mark> — အလုံးစုံလည်း ဖြစ်ကုန်သော၊ ဧကူနသဋ္ဌိသောဘန စိတ္<mark>တေသု</mark> — တခုယုတ် ခြောက်ဆယ်သော သောဘနစိတ်တို့၌၊ <mark>သံဝိဇ္ဇန္တိ</mark> — ရှိကုန်၏၊ (ယှဉ်ကုန်၏ — ဟူလို။)

**၂။** ပန — ကား၊ <mark>တိဿော</mark> — သုံးပါးလည်း ဖြစ်ကုန်သော၊ ဝိရတိယော — ဝိရတိ စေတသိက်တို့ကို၊ လောကုတ္တရစိတ္<mark>တေသု</mark> — လောကုတ္တရာစိတ်တို့၌၊ သဗ္ဗထာပိ — ဒုစရိုက် ဒုရာဇီဝ, ဟူသမျှကို, တစုံမချန်, ပယ်လှန် ရှောင်ရှား အလုံးစုံသော အပြားအားဖြင့်၊ <mark>နိယတာ</mark> — အမြဲ ယှဉ်ကုန်လျက်၊ <mark>ဧကတောဝ</mark> — တပြိုင်နက်ထည်း ပင်လျှင်၊ <mark>လဗ္ဘန္တိ</mark> — ရအပ်ကုန်၏။

**၁။** သောဘန သာဓာရဏ စေတသိက် ၁၉ သည် သောဘနစိတ် အကျဉ်းတခုယုတ် ၆၀ (အကျယ် ၉၁) ၌ ယှဉ်၏။

**၂။** ဝိရတိယော။ ပေ။ <mark>လဗ္ဘန္တိ</mark> — ဝိရတိစေတသိက် ၃ ပါးတို့သည် လောကုတ္တရာစိတ်တို့၌ ယှဉ်ရာဝယ်...

(သဗ္ဗထာပိ — ဖြင့် ကာယ ဒုစရိုက် ဝစီဒုစရိုက် ဒုရာဇီဝ ဟူသမျှတို့မှ အကုန်အစဉ် ရှောင်ကြဉ်သောအားဖြင့် ယှဉ်ပုံကိုပြ၏။)

> [သတ် ဖြတ် ခိုး ဝှက်ခြင်း စသည်ကို ပြုလျက် မတရား အသက်မွေးမှုကို "ဒုရာဇီဝ" ဟု ခေါ်၏။]

ပန — ကား၊ လောကိယေသု — လောကီစိတ်တို့တွင်၊ <mark>ကာမာဝစရ</mark> ကုသလေသွေဝ — <mark>ကာမာဝစရ</mark> ကုသိုလ်စိတ်တို့၌သာလျှင်၊ <mark>ကဒါစိ</mark> — ဒုစရိုက်, ဒုရာဇီဝတို့မှ ရှောင်ကြဉ်ခိုက်သာ တရံတခါ၌၊ ဝိသုံ ဝိသုံ — သုံးပါးမတွဲ တကွဲတပြား သီးခြား၍ သီးခြား၍၊ <mark>ဝတ္တန္တိ</mark> — ဖြစ်ကုန်၏၊ (ယှဉ်ကုန်၏။)

(<mark>နိယတာ</mark> — ဖြင့် လောကုတ္တရာစိတ် ဖြစ်တိုင်း ဖြစ်တိုင်း အမြဲယှဉ်လျက် ပါသည်ဟု ပြ၏။)

(<mark>ဧကတောဝ</mark> — ဖြင့် သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ ၃ ပါးလုံး တပြိုင်နက် အတူတကွ ယှဉ်ကြသည် ဟု ပြသည်၊ သဗ္ဗထာပိ <mark>ဧကတောဝ</mark> တို့၏ ထူးခြားပုံကို ဘာသာဋီကာ၌ ဆိုထားပြီ။)

> **ဆောင်။** သဗ္ဗထာပိ-သဒ္ဒါရှိက, ဒုစရိစုံ, ကုန်သိမ်းခြုံ၍, ရှောင်ပုံကိုမျှ ဓိပ္ပါယ်ပြ၏, တကွယှဉ်ပုံ, မပြတုံခဲ့၊ ဧကတော-က, သဘောပြမှာ, တကွစုံယှဉ်, ကုန်မကြဉ်သည် ယူအင် ဤသို့ ကွဲသတည်း။

လောကိယေသု ပန၊ ပေ၊ ဝိသုံ ဝိသုံ — လောကီစိတ်တို့တွင်ကား <mark>ကာမာဝစရ</mark>ကုသိုလ်စိတ်၌သာ ဝိရတိ ယှဉ်သည်၊ ထိုသို့ ယှဉ်ရာဝယ် <mark>ကဒါစိ</mark> — ဒုစရိုက် ဒုရာဇီဝတို့မှ ရှောင်ကြဉ်ရာ တရံတခါသာ ယှဉ်သည်။

[လောကုတ္တရာစိတ်၌ကဲ့သို့ မြဲမယှဉ် ဟု ရွှေဝါကျက "<mark>နိယတာ</mark>" ကို စောင်းသော စကားတည်း။]

ထို့ကြောင့် ဘုရားဖူး တရားနာ စသည်ဖြင့် မဟာကုသိုလ်စိတ်တွေ ဖြစ်နေသော်လည်း ရှောင်ကြဉ်မှု သဘော မပါ, ရှောင်ကြဉ်စရာ ဒုစရိုက် မရှိသောကြောင့် ဝိရတိစေတသိက်များ ယှဉ်လျက် မပါချေ။

ဝိသုံ ဝိသုံ — ထိုသို့ တရံတခါ ယှဉ်ပြန်ပါလည်း အသီးအသီး တပါးစီ တပါးစီသာ ယှဉ်သည်၊ ဝစီ ဒုစရိုက်မှ ရှောင်ကြဉ်၍ သမ္မာဝါစာ ယှဉ်ခိုက် သမ္မာကမ္မန္တ သမ္မာအာဇီဝတို့ မယှဉ်၊ ကာယဒုစရိုက်မှ ရှောင်ကြဉ်၍ သမ္မာကမ္မန္တ ယှဉ်ခိုက်, ကျန်နှစ်ပါး မယှဉ်။ မိစ္ဆာဇီဝမှ ရှောင်ကြဉ်၍ သမ္မာအာဇီဝ ယှဉ်ခိုက်, ကျန်နှစ်ပါးမယှဉ် ဟူလို။

[လောကုတ္တရာစိတ်၌ကဲ့သို့ တပြိုင်နက် တပေါင်းထည်း မယှဉ်နိုင်ဟု ရှေးဝါကျက "ဧကတော" ကို စောင်းသည်၊ ဤ ၂ နံပါတ် ဝါကျအရ ဝိရတိ ၃ ပါးသည် လောကုတ္တရာစိတ် ၈, မဟာကုသိုလ် ၈, ပေါင်း ၁၆ ပါးသော စိတ်၌ ယှဉ်၏ ဟု မှတ်ခဲ့ပါ။]

---

## Trang 45

**၃။** ပန — ကား။ အပ္ပမညာယော — အပ္ပမညာစေတသိက် တို့သည်၊ ဒွါဒသသု — တဆယ့်နှစ်ပါးကုန်သော၊ ပဉ္စမဇ္ဈာနဝဇ္ဇိတ <mark>မဟဂ္ဂတ</mark> စိတ္<mark>တေသု</mark> စေဝ — ပဉ္စမဈာန်စိတ်သည် ကြဉ်အပ်သော မဟဂ္ဂုတ်စိတ် တို့၎င်း၊ <mark>ကာမာဝစရ</mark> ကုသလေသု စ — <mark>ကာမာဝစရ</mark> ကုသိုလ်စိတ်တို့၎င်း၊ သဟေတုက <mark>ကာမာဝစရ</mark>ကြိယ စိတ္<mark>တေသု</mark> စ — သဟိတ် <mark>ကာမာဝစရ</mark> ကြိယာစိတ်တို့၎င်း၊ ဣတိ — ဤသို့၊ အဋ္ဌဝီသတိ စိတ္တေသွေဝ — ၂<mark>၈ ပါး</mark>သော စိတ်တို့၌သာလျှင်၊ <mark>ကဒါစိ</mark> — သတွာပညတ်ကို အာရုံပြု၍ သနားမှု, ဝမ်းမြောက်မှု ဖြစ်ရာ တရံတခါ၌၊ နာနာ — ၂ ပါး မတွဲ, တကွဲတပြား အသီးအခြားတို့သည်၊ ဟုတွာ — ဖြစ်ကုန်၍၊ ဇာယန္တိ — ဖြစ်ကုန်၏။

**၃။** အပ္ပမညာယော ပန၊ ပေ၊ ဟုတွာ ဇာယန္တိ — အပ္ပမညာ စေတသိက် ၂ သည် ပဉ္စမဈာန်စိတ်ကြဉ် မဟဂ္ဂုတ် ၁၂ ပါး, မဟာကုသိုလ် ၈, မဟာကြိယာ ၈, ပေါင်း ၂<mark>၈ ပါး</mark>သောစိတ်၌ ယှဉ်သည်၊ ထိုသို့ ယှဉ်ရာဝယ်, <mark>ကဒါစိ</mark> — သတွာပညတ်ကို အာရုံပြု၍ သနားမှု-ဝမ်းမြောက်မှု ဖြစ်သည့်အခါသာ ယှဉ်၏။ "ဘုရားစသည့်ကို အာရုံပြုသည့်အခါ မယှဉ်နိုင်" ဟူလို။

နာနာ — ထိုကဲ့သို့ တရံတခါ ယှဉ်ပြန်ပါလည်း နှစ်ပါးစုံ၍ မယှဉ်နိုင်, တသီးတခြား တပါးစီ ယှဉ်သည်၊ "ဒုက္ခိတသတွာကို အာရုံပြု၍ သနားမှု ဖြစ်သည့်အခါ ကရုဏာယှဉ်၍, <mark>မုဒိတာ</mark> မယှဉ်၊ သုခိတသတွာကို အာရုံပြု၍ ဝမ်းမြောက်မှုဖြစ်သည့်အခါ <mark>မုဒိတာ</mark>သာယှဉ်၍, ကရုဏာ မယှဉ် ဟူလို။"

### ကေစိဝါဒ

ပန — ဝါဒအထူး မိန့်ဆို<mark>ဦး</mark>အံ့၊ တေသု — ၂<mark>၈ ပါး</mark>သော စိတ်တို့တွင်၊ ဥပေက္ခာ သဟဂ<mark>တေသု</mark> — ဥပေက္ခာ သဟဂုတ် <mark>၈ ပါး</mark>တို့၌၊ ကရုဏာ <mark>မုဒိတာ</mark> — ကရုဏာ <mark>မုဒိတာ</mark> စေတသိက်တို့သည်၊ န သန္တိ — မရှိကုန်၊ ဣတိ — ဤသို့၊ ကေစိ — အချို့ဆရာတို့သည်၊ ဝဒန္တိ — ဆိုကြကုန်၏။

> [အချို့ဆရာတို့ကား "ထို ၂<mark>၈ ပါး</mark>တွင် မဟာကုသိုလ် ဥပေက္ခာသဟဂုတ် ၄, မဟာကြိယာ ဥပေက္ခာသဟဂုတ် ၄, ပေါင်း ၈ ပါး၌ ကရုဏာ <mark>မုဒိတာ</mark> မယှဉ်ထိုက်" ဟု ဆိုကြ၏၊ ထိုဝါဒကို ဘာသာဋီကာ၌ စိစစ်ထားသည်၊ ကျက်မှတ်နှင့်ရန်ကား......]

> **ဆောင်။** လေ့လာပြီးသား, ကျမ်းဂန်များကို, မထားသတိ, ချွတ်နိုင်ဘိသို့, <mark>မုဒိတာ</mark> ကရုဏာ, ဘာဝနာ၏, အပ္ပနာ ရှေ့တန်း, ကမ္မဋ္ဌာန်း၌, စီးဖြန်းဝါးဝ, အသားကျက, သောမနဿ ဥပေက္ခာ, လှည့်၍ ဖြစ်ကြောင်း, ရှိစကောင်းမို့, ၎င်းဝါဒ, ကေစိပြ, အောက်ချထေရ်ရှင် မိန့်သတည်း။

**၄။** ပန — ကား၊ ပညာ — ပညာစေတသိက်သည်၊ ဒွါဒသသု — ၁၂ ပါးကုန်သော၊ ဉာဏသမ္ပယုတ္တ <mark>ကာမာဝစရ</mark> စိတ္တေသွေဝ — ဉာဏသမ္ပယုတ် <mark>ကာမာဝစရ</mark>စိတ်တို့၎င်း၊ <mark>သဗ္ဗေသုပိ</mark> — အလုံးစုံလည်းဖြစ်ကုန်သော၊ <mark>ပဉ္စတ္တိံသ</mark> မဟဂ္ဂတလောကုတ္တရ...

**၄။** ပညာ၊ ပေ၊ သမ္ပယောဂံ ဂစ္ဆတိ — ပညာစေတသိက်သည် ဉာဏသမ္ပယုတ် <mark>ကာမာဝစရ</mark>စိတ် ၁၂, မဟဂ္ဂုတ်လောကုတ္တရာစိတ် ၃၅, ပေါင်း...
