
## Trang 66

### အနုသန္ဓေ
### ပကိဏ်းပိုင်းနိဿယ

ယထာယောဂံ-ယှဉ်ထိုက်သည်အားလျော်ခေါင်းစဉ် ပဋိညာဉ် စွာ၊ သမ္ပယုတ္တာ - အညီအမျှ ကုပ္ပါဒတခအစရှိသော အပြားတို့ဖြင့် ယှဉ်ကြကုန်သော၊ သဘာဝတော-မိမိ မိမိ၏ လက္ခဏာအားဖြင့်၊ တေပညာသ = ၅၃<mark>စိတ္တစေတသိကာ</mark> – စိတ် စေတသိက် <mark>ဖြစ်ကုန်သော</mark>၊ ဓမ္မာ–သဘောတရားတို့ကို၊ (<mark>နိဋ္ဌိတံ</mark>-အကျယ် ပြအပ်ကုန်ပြီ။)

ဒါနိ-ယခုအခါ၌၊ တေသံ-ထို ငါးဆဲ့သုံးပါးသော သဘောတရားတို့၏၊ ယထာရဟံ-ထိုက်သည်အားလျော်စွာ၊ ဝေဒနာဟေတုတော-ဝေဒနာအပြား, ဟိတ် အပြားအားဖြင့်၎င်း၊ ကိစ္စဒွါရာလမ္ဗနဝတ္ထုတော-ကိစ္စအပြား, ဒွါရအပြား, အာရုံအပြား,ဝတ္ထု အပြားအားဖြင့်၎င်း၊ သင်္ဂဟောနာမ - ရောပြွမ်း သမျှ,ပေါင်းစု၍ပြ, ပကိဏ္ဏက မည်သော သင်္ဂဟကို၊ စိတ္တုပ္ပါဒဝသေန – စိတ်၏ အစွမ်းဖြင့်သာလျှင်၊ နီယတေ - ဆောင်ပြအပ်၏၊ (ဆောင်ပြပေအံ့-ဟူလို။)

### ပကိဏ်းပိုင်း အဓိပ္ပါယ်

ပကိဏ္ဏက သဒ္ဒါသည် "ရောရောပြွမ်းပြွမ်း" ဟူသော အနက်ကို ဟောရကား ဝေဒနာသင်္ဂဟ စသော သင်္ဂဟ ၆ မျိုးကို ရောပြွမ်း၍ ပြသောကြောင့်ပကိဏ္ဏက သင်္ဂဟခေါ်သည်ဟု မှတ်) ဝေဒနာသင်္ဂဟ စသော တခုထည်းကိုပကိဏ္ဏက သင်္ဂဟခေါ်သည်ဟု မမှတ်နှင့်၊ [ အချို့အယူကို ဘာသာဋီကာ၌စိစစ်ထားသည်။ ]

### နိဿယနှင့်အဓိပ္ပါယ်

**အနုသန္ဓေ-ခေါင်းစဉ်နှင့်-ပဋိညာဉ်။** ဤ "သမ္ပယုတ္တာ ယထာယောဂံ" စသော ဂါထာတို့ကား ရှေ့နောက် စကားဆက်သွယ်မှု ဟူသောအနုသန္ဓေနှင့် ခေါင်းစဉ် ပဋိညာဉ်တို့ကို ပြသော ဂါထာတို့တည်း၊ "ယှဉ်လိုက်သလို ယှဉ်ကြကုန်သော <mark>၅၃</mark> ပါးသော သဘောတရားတို့ကို စိတ်ပိုင်းစေတသိက်ပိုင်းတို့ဖြင့် အကျယ်ပြခဲ့ပြီ၊ (ရှေ့ပိုင်းစကားဆက်, ပုဗ္ဗာနုသန္ဓေဟုလည်း ခေါ်၏၊) ယခုအခါ ထို သဘောတရားတို့၏ ပကိဏ္ဏက သင်္ဂဟကိုဝေဒနာ ဟိတ် ကိစ္စ ဒွါရ အာရုံ ဝတ္ထု အပြားအားဖြင့် ဆောင်ပြပေအံ့ဟူလို၊ (နောက်ပိုင်းစကားဆက်တည်း, အပရာနုသန္ဓေဟုလည်း ခေါ်၏၊ဝေဒနာ ဟေတုတော-ကိစ္စ ဒွါရာလမ္ဗနဝတ္ထုတော ကို သင်္ဂဟောနှင့်တွဲစပ်၍ ဝေဒနာသင်္ဂဟ ဟေတုသင်္ဂဟ စသော ခေါင်းစဉ်မာတိကာကို၎င်း,"နိယတေ" <mark>ပါဠိ</mark>ဖြင့် ပဋိညာဉ်ကို၎င်း, မှတ်လေ။

**တေပညာသ သဘာဝတော။** စိတ် တခုယုတ် ၉၀ ရှိ၏ဟု ပြောဆိုရိုးရှိသော်လည်း စင်စစ်မှာ တခုယုတ် ၉၀ မရှိ၊ <mark>အာရမ္မဏ</mark>ဝိဇာနန (အာရုံကိုသိခြင်းသဘော) လက္ခဏာအားဖြင့် တပါးထည်းသာ ရှိကြောင်းကို"ဣတ္ထမေကူန နဝုတိ, ပဘေဒံ ပန မာနသံ" ဟူသော စိတ်ပိုင်း ဂါထာ၌ပြခဲ့ပြီ၊ စေတသိက် ၅၂ ပါးကား ဖဿ၏ (အာရုံကို တွေ့ထိခြင်း) ဖုသနလက္ခဏာ, ဝေဒနာ၏ (အာရုံကို ခံစားခြင်း) အနုဘဝန လက္ခဏာ, သညာ၏(အာရုံကို မှတ်သားခြင်း) သဉ္ဇာနန လက္ခဏာ စသော မိမိဆိုင်ရာလက္ခဏာအားဖြင့် တမျိုးစီဖြစ်ကြသောကြောင့် ၅၂ ပါးပင်ရှိ၏၊ ထိုကြောင့်မိမိ မိမိ၏ သဘော လက္ခဏာအားဖြင့် စိတ်က ၁ ပါး, စေတသိက်က၅၂ ပါး, ပေါင်း <mark>၅၃</mark> ပါး ဖြစ်၏၊ ၎င်း <mark>၅၃</mark> ပါးကို "နာမ်တေပညာသ"ဟုခေါ်၏။

**ပဋိနိဒ္ဒေသ။** "တေသံ သင်္ဂဟောနာမ နီယတေ" <mark>ပါဠိ</mark>ဖြင့် "ထိုစိတ် စေတသိက်တို့၏ သင်္ဂဟကို ဆောင်ပြပေအံ့" ဟု ဆိုသောကြောင့်ဤ ပကိဏ်းပိုင်းသည် စိတ်စေတသိက် ၂ ပါးစုံကို ထပ်မံ၍ ချွဲပြသောနိဒ္ဒေသတည်းဟု မှတ်။

---

## Trang 67

### ဝေဒနာသင်္ဂဟ

၁။ တတ္ထ-ထို<mark>ခြောက်ပါး</mark>သောသင်္ဂဟတို့တွင်၊<mark>တတ္ထ</mark> – ဟေတုသင်္ဂဟ စသည် တို့မှ ရှေ့ဦးစွာ၊ (<mark>နိဒ္ဒိဋ္ဌ</mark>-ညွှန်ပြအပ်သော)၊ ဝေဒနာသင်္ဂဟေ-ဝေဒနာသင်္ဂဟ၌၊ (လဗ္ဘမာနာ – ရထိုက်သော)၊ ဝေဒနာ – ဝေဒနာသည်၊ သုခံ-သုခဝေဒနာ၎င်း၊ <mark>ဒုက္ခံ</mark>-ဒုက္ခဝေဒနာ၎င်း၊ အနုက္ခမသုခါစ - အနုက္ခမသုခါဝေဒနာ၎င်း၊ ဣတိ - ဤသို့၊ တိဝိဓာ -(<mark>အာရမ္မဏ</mark>ာနုဘဝန လက္ခဏာအားဖြင့်) သုံးပါး အပြားရှိ၏။

#### ဝေဒနာသင်္ဂဟ

ဝေဒနာ အပြားအားဖြင့် စိတ် စေတသိက်တို့ကိုပေါင်းယူရာဖြစ်သော စကားရပ်ကို "ဝေဒနာသင်္ဂဟ" ဟု ခေါ်သည်။<mark>တိဝိဓာ</mark>ဝေဒနာ ၊ ပေ ၊ ဘေဒေနပဉ္စဓာ-- ဤစကားကား ဝေဒနာအပြားအားဖြင့် စိတ်တို့ကို ပေါင်းယူရမည်ဖြစ်၍ <mark>ရှေးဦးစွာ</mark> အရင်းခံဖြစ်သောဝေဒနာ အပြားကို ပြသော စကားတည်း၊ ဝေဒနာ အပြားသည် အခြားသုတ္တန်တို့၌ ၁ ပါး ၂ ပါးမှ စ၍ အမျိုးမျိုး ဟောထားသော်လည်း, ဤအဘိဓမ္မာ၌ ၂ မျိုးသာ ဟောတော်မူ၏၊ ထိုတွင် ပဌမနည်းကား <mark>အာရမ္မဏ</mark>ာနုဘဝန လက္ခဏာအားဖြင့် ပြားသောနည်းတည်း၊ [ <mark>အာရမ္မဏ</mark>=အာရုံ-+အနုဘဝန=ခံစားခြင်း+လက္ခဏ=အမှတ်အသား။ ]

#### <mark>အာရမ္မဏ</mark>ာနုဘဝနနည်း

၁-ဣဋ္ဌာရုံ=အလိုရှိအပ် ကောင်းမြတ်သောအာရုံ, ၂-အနိဋ္ဌာရုံ = အလိုမရှိအပ် မကောင်းမြတ်သော အာရုံ,၃-ဣဋ္ဌမဇ္ဈတ္တာရုံ=(ဣဋ္ဌာရုံလောက် မကောင်းတတ်) အလယ် အလတ်မျှအလိုရှိအပ်သောအာရုံဟု ၃ မျိုးရှိ၏၊ ဣဋ္ဌာရုံကိုခံစားသော ဝေဒနာသည်သာယာသောအားဖြင့် ခံစား၏, ဤခံစားမှုကို "သုခဝေဒနာ"ဟု ခေါ်သည်၊အနိဋ္ဌာရုံကို ခံစားသော ဝေဒနာသည် မသာယာသောအားဖြင့် ခံစား၏,ဤ ခံစားမှုကို "ဒုက္ခဝေဒနာ" ဟု ခေါ်သည်၊ ဣဋ္ဌမဇ္ဈတ္တာရုံကို ခံစားသောဝေဒနာသည် သာယာသည်လည်း မဟုတ် မသာယာသည်လည်း မဟုတ်လျစ်လျူရှုသောအားဖြင့် ခံစား၏, ဤ ခံစားမှုကို "ဥပေက္ခာဝေဒနာ" ဟုခေါ်သည်၊ ဤသို့ <mark>အာရမ္မဏ</mark>ာနုဘဝန လက္ခဏာအားဖြင့် ဝေဒနာ ၃ မျိုးပြားသည်။

#### ဣန္ဒြိယဘေဒနည်း

သုခိန္ဒြေ ဒုက္ခိန္ဒြေ <mark>သောမနဿ</mark>ိန္ဒြေ ဒေါမနဿိန္ဒြေ ဥပေက္ခိန္ဒြေ ဟူသော ဣန္ဒြေ အပြားအားဖြင့် သုခဝေဒနာ-ဒုက္ခ-<mark>သောမနဿ</mark>-ဒေါမနဿ-ဥပေက္ခာဝေဒနာ ဟု ၅ မျိုး ပြားပြန်၏၊ ပြားခြင်း၏အကြောင်းကို ဘာသာဋီကာ၌ ဆိုထားပြီ။

ပန-တနည်းကား၊ သုခံ – သုခဝေဒနာ၎င်း၊ <mark>ဒုက္ခံ</mark> – ဒုက္ခဝေဒနာ၎င်း၊ <mark>သောမနဿ</mark>ံ – <mark>သောမနဿ</mark>ဝေဒနာ၎င်း၊ <mark>ဒေါမနဿ</mark>ံ<mark>ဒေါမနဿ</mark>ဝေဒန၎င်း၊ ဥပေက္ခာစ - <mark>ဥပေက္ခာဝေဒနာ၎င်း</mark>၊ဣတိ-ဤသို့၊ ဘေဒေန - ဣန္ဒြေအပြားအားဖြင့်၊ ပဉ္စဓာ-ငါးပါးပြားသည်၊ ဟောတိ-ဖြစ်၏။

ဤ ဝေဒနာသင်္ဂဟ၌ ထို ၅ မျိုး အပြားအားဖြင့် စိတ်တို့ကို သင်္ဂြိုဟ်ရေတွက်ပြလတံ့၊ ဤ ဝေဒနာဖြင့် စိတ်ကိုရေတွက်နည်းသည် နည်းထူး နည်းဆန်းကြီး မဟုတ်, စိတ်ပိုင်း၌ သရုပ်ခွဲရိုး ဖြစ်နေသော သုခသဟဂုတ်စိတ်ဒုက္ခသဟဂုတ်စိတ် <mark>သောမနဿ</mark>သဟဂုတ်စိတ်၊ <mark>ဒေါမနဿ</mark>သဟဂုတ်စိတ်ဥပေက္ခာသဟဂုတ်စိတ်များပင်တည်း။

**စေတသိက်ကို ရေတွက်ခြင်း။** အရှင်အနုရုဒ္ဓါသည် "ဝေဒနာဖြင့်စိတ်တို့ကိုရေတွက်လျှင် ယှဉ်ဘက်စေတသိက်များအတွက် သိသာလောက်ပြီ"ဟု သဘောပိုက်၍ <mark>ပါဠိ</mark> ဖြစ်သော စိတ်ကိုသာ ရေတွက်ပြခဲ့ပေသည်၊

---

## Trang 68

သို့သော် တမင် ဂရုမစိုက်လျှင် နားလည်ဘွယ် မရှိသောကြောင့် မာတိကာစသောညဝါအကောက်များ၌ ကျေးဇူးများဘို့ရာ စေတသိက်တို့ကိုလည်းတွဲဘက်၍ ရေတွက်ပြအံ့၊ နောက်သင်္ဂဟများ၌လည်း ဤနည်းကို သတိပြု။

> [ဆောင်] သုခဒုက္ခာ, ဝေဒနာနှင့်, ယှဉ်လာလေရိပ်, စေတသိက်ကား,
> <mark>ခြောက်ပါး</mark>ညီမျှ၊ <mark>သောမနဿ</mark>ဝယ်, လေးဆယ်နှင့် ခြောက်၊
> ထိုနောက်ဒေါမန, ယှဉ်သမျှစစ်, နှစ်ဆဲ့တစ်သား ဥပေက္ခာ၌,
> ယှဉ်လာ ဖြစ်မြောက်, လေးဆဲ့ ခြောက်သည်, ရွေးကောက်
> လေတော့ မခဲတည်း။

၂။ <mark>တတ္ထ</mark>သုခသဟဂတံ၊ ပေ ၊ ဧကမေဝ။ သုခဝေဒနာနှင့်တကွဖြစ်သော စိတ်ကား အဟိတ်စိတ်လာ ကုသလဝိပါက် သုခသဟဂုတ် ကာယဝိညာဏ်စိတ် ၁ ပါးသာတည်း၊ ထို သုခသဟဂုတ် ကာယဝိညာဏ် စိတ်၌"<mark>ဒွိ</mark>ပဉ္စဝိညာဏေ <mark>ပကိဏ္ဏကဝဇ္ဇိတာ</mark>" အရ သဗ္ဗစိတ္တသာဓာရဏစေတသိက်၇ ပါး ယှဉ်၏။ ထို ၇ ပါးတွင် အရင်းခံ သုခဝေဒနာကို ကြည့်၍ သုခဝေဒနာနှင့် တကွဖြစ်သော <mark>စေတသိက်သည်</mark> ဖဿ စသောအားဖြင့် ၆ ပါးရှိသည်။

[ စိတ်တခု၌ ဖဿ ဝေဒနာ သညာ စသော စေတသိက် အများယှဉ်ရာတွင် ဖဿလည်း ၁, ဝေဒနာလည်း ၁, သညာလည်း ၁, စသည့်ဖြင့်၃ ပါးစီသာ ရှိသောကြောင့် ဝေဒနာနှင့် ယှဉ်ဘက် ဖြစ်သော အခြားဝေဒနာ ၁ ပါး မရှိပြီ၊ ထို့ကြောင့် ဝေဒနာနှင့် ယှဉ်ဘက် စေတသိက်တို့ကိုရေတွက်ရာ၌ အရင်းခံ ဝေဒနာကို ကြဉ်၍ ရေတွက်ရသည်။ ]

၂။ <mark>တတ္ထ</mark>-ထို ငါးပါးသော ဝေဒနာတို့တွင်၊ သုခသဟဂတံ-သုခဝေဒနာနှင့်တကွ ဖြစ်သော စိတ်သည်၊ ကုသလဝိပါကံ – ကုသလဝိပါက် ဖြစ်သော၊ ကာယဝိညာဏံ ဧကံဧဝ -ကာယဝိညာဏ် စိတ်တခုသာ တည်း၊ ဒုက္ခ<mark>သဟဂတ</mark>ံ – ဒုက္ခဝေဒနာနှင့်တကွ ဖြစ်သော စိတ်သည်၊ အကုသလဝိပါကံ -အကုသလဝိပါက် ဖြစ်သော၊ တထာ – ထို ကာယဝိညာဏ်စိတ်တခုသာတည်း၊

တထာဒုက္ခ<mark>သဟဂတ</mark>ံ အကုသလဝိပါကံ ဒုက္ခဝေဒနာနှင့် တကွဖြစ်သော စိတ်လည်း အကုသလဝိပါက် ဒုက္ခသဟဂုတ် ကာယဝိညာဏ်စိတ်၁ ပါးပင်တည်း၊ စေတသိက်လည်း သုခသဟဂုတ်ကဲ့သို့ ၆ ပါးပင် ဖြစ်၏၊ထိုကြောင့် "သုခ ဒုက္ခာ, ဝေဒနာနှင့်, ယှဉ်လာလေရိပ်, စေတသိက်ကား,<mark>ခြောက်ပါး</mark>ညီမျှ" ဟု ဆိုရလေသည်။

၃။ ပန-ကား၊ <mark>သောမနဿ</mark>သဟဂတစိတ္တာနိ-<mark>သောမနဿ</mark>ဝေဒနာနှင့် တကွ ဖြစ်သော စိတ်တို့သည်။ [ <mark>ဒွါသဋ္ဌိဝိဓာနိ</mark>ဘဝန္တိ၌စပ်] စတ္တာရိ – လေးပါးကုန်သော၊ လောဘမူလာနိ-လောဘမူစိတ်တို့၎င်း၊ <mark>ဒွါဒသ-၁၂ပါး</mark>ကုန်သော၊ ကာမာဝစရသောဘနာနိ-ကာမာဝစရ သောဘနစိတ်တို့၎င်း၊ <mark>ဒွေ</mark>-နှစ်ပါးကုန်သော၊ <mark>သောမနဿသန္တီရဏ</mark> ဟသနာနိစ – <mark>သောမနဿ</mark> သန္တီရဏစိတ်, ဟသိတုပ္ပါဒ်စိတ်တို့၎င်း၊ ဣတိ-ဤသို့၊ အဋ္ဌာရသ-<mark>၁၈ပါး</mark>ကုန်သော၊ ကာမာဝစရ <mark>သောမနဿ</mark>သဟဂတစိတ္တာနိစေ၁-ကာမာဝစရ <mark>သောမနဿ</mark>သဟဂုတ်စိတ်တို့၎င်း၊ ပဌမဒုတိယ တတိယ စတုတ္ထဇ္ဈာနသင်္ခါတာနိ-ပဌမဈာန် ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန် ဟု ဆိုအပ်ကုန်သော၊ စတုစတ္တာလီသ-၄၄ ပါးသော၊ မဟဂ္ဂုတလောကုတ္တရစိတ္တာနိစ-မဟဂ္ဂုတ် လောကုတ္တရာဈာန်စိတ်တို့၎င်း၊ ဣတိ-ဤသို့၊ ဒွါသဋ္ဌိဝိဓာနိ-၆၂ ပါး အပြားရှိကုန်သည်။ ဘဝန္တိ-ဖြစ်ကုန်၏။

၃။ <mark>သောမနဿ</mark>သဟဂတ၊ ပေ၊ <mark>ဒွါသဋ္ဌိဝိဓာနိ</mark>ဘဝန္တိ။ သောမနဿဝေဒနာနှင့် တကွဖြစ်သော စိတ်ကား ၆၂ ပါး ရှိ၏, <mark>ပါဠိ</mark> ကြည့်၍

---

## Trang 69

သရုပ်ရေတွက်လေ၊ <mark>သောမနဿ</mark>နှင့်ယှဉ်သော စေတသိက်ကား "ဒေါသမူ<mark>ဒွေ</mark>း၌သာ ယှဉ်သော ဒေါသ ဣဿာ မစ္ဆရိယ <mark>ကုက္ကုစ္စ</mark> ၄ ပါး, ဝိစိကိစ္ဆာသဟဂုတ်စိတ်၌ ယှဉ်သော ဝိစိကိစ္ဆာ စေတသိက် ၁, ပေါင်း ၅ ပါးနှင့်အရင်းခံ ဖြစ်သော <mark>သောမနဿ</mark>ဝေဒနာကိုကြဉ်" ကြွင်း ၄၆ ပါး တည်း၊ထို့ကြောင့် "<mark>သောမနဿ</mark>ဝယ်, လေးဆယ်နှင့်ခြောက်" ဟု ဆိုရပေသည်။

၄။ ပန-ကား၊ <mark>ဒေါမနဿ</mark>သဟဂတစိတ္တာနိ-<mark>ဒေါမနဿ</mark>ဝေဒနာနှင့်တကွဖြစ်သောစိတ်တို့သည်၊ <mark>ဒွေ</mark>-နှစ်ပါးကုန်သော၊ပဋိဃသမ္ပယုတ္တစိတ္တာနေဝ – ပဋိဃသမ္ပယုတ်စိတ်တို့သာတည်း၊

[ ပန-ကား ဟု တွေ့သမျှ၌ "အဘိဓမ္မာ၌ကား" ဟု ချည်း အနက်ဆို။ ]

၄။ <mark>ဒေါမနဿ</mark>သဟဂတ၊ ပေ၊ ပဋိဃသမ္ပယုတ္တစိတ္တာနေဝ။<mark>ဒေါမနဿဝေဒနာ</mark>နှင့်တကွ ဖြစ်သော စိတ်ဟူသည် ဒေါသမူ<mark>ဒွေ</mark>းပင်တည်း၊စေတသိက်ကား ဒေါသမူ<mark>ဒွေ</mark>း၌ယှဉ်သော စေတသိက် ၂၂ တွင် <mark>ဒေါမနဿ</mark>ဝေဒနာကြဉ်, ကြွင်း ၂၁ ပါး တည်း၊ ထို့ကြောင့် "ထို့နောက် <mark>ဒေါမနဿ</mark>ယှဉ်သမျှစစ်, နှစ်ဆယ့်တစ်သာ" ဟု ဆိုရပေသည်။

၅။ သေသာနိ-ဆိုအပ်ပြီးသည်မှ ကြွင်းကုန်သော၊ သဗ္ဗာနိ၈-အလုံးစုံလည်း <mark>ဖြစ်ကုန်သော</mark>၊ ပဉ္စပညာသ− ၅၅ ပါးသည်၊ဥပေက္ခာ<mark>သဟဂတ</mark>စိတ္တာနေဝ – ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော စိတ်တို့ချည်းသာတည်း၊ ဣတိ - ဤကား ဝေဒနာအပြားအားဖြင့် ပေါင်းယူ ရေတွက်ခြင်းတည်း။

၅။ သေသာနိ၊ပေ၊ ဥပေက္ခာ<mark>သဟဂတ</mark>စိတ္တာနေဝ – သုခသဟဂုတ်ဒုက္ခ <mark>သောမနဿ</mark> ဒေါမနဿ သဟဂုတ်စိတ်မှ ကြွင်းသော ၅၅ ပါးသည်ဥပေက္ခာဝေဒနာနှင့်တကွ ဖြစ်သော စိတ်ချည်းသာတည်း၊ ဤ ဥပေက္ခာနှင့်ယှဉ်သော စေတသိက်ကား – ဒေါသ ဣဿာ မစ္ဆရိယ <mark>ကုက္ကုစ္စ</mark> ၄, သောမနဿ သဟဂုတ်စိတ်၌သာ ယှဉ်သော ပီတိ ၁, ပေါင်း ၅ ပါးနှင့် ရင်းခံဥပေက္ခာဝေဒနာကို ကြဉ်" ကြွင်း ၄၆ ပါးတည်း၊ ထို့ကြောင့် "ဥပေက္ခာ၌ယှဉ်လာဖြစ်မြောက်, လေးဆယ့်ခြောက်သည်" ဟု ဆိုရပေသည်။

### သဟဂါထာ

၆။ <mark>တတ္ထ</mark>-ထို ဝေဒနာသင်္ဂဟ၌၊ (လဗ္ဘမာနာ-ရထိုက်သော၊) ဝေဒနာ – ဝေဒနာသည်၊ သုခံ-သုခဝေဒနာ၎င်း၊ ဒုက္ခ-၎င်း၊ ဥပေက္ခာ-၎င်း၊ ဣတိ-သို့၊ တိဝိဓာ-<mark>အာရမ္မဏ</mark>ာနုဘဝန လက္ခဏာအားဖြင့် သုံးပါး အပြားရှိ၏၊<mark>သောမနဿ</mark>ံ − <mark>သောမနဿ</mark>ဝေဒနာ၎င်း၊ <mark>ဒေါမနဿ</mark>ံ – ၎င်း၊ဣတိ-၏ နှစ်ပါးကို ထည့်၍၊ ဘေဒေန - ဣန္ဒြေအပြားအားဖြင့်၊ပဉ္စဓာ-ငါးပါး ပြား၏။

၇။ သုခံ – သုခဝေဒနာသည်၎င်း၊ ဒုက္ခဉ္စ - ဒုက္ခဝေဒနာသည်၎င်း၊ ဧကတ္ထ-တခုစီသော ကာယဝိညာဏ်စိတ်၌၊ ဌိတံ-တည်၏၊ (ယှဉ်၏၊) <mark>ဒေါမနဿ</mark>ံ – <mark>ဒေါမနဿ</mark> ဝေဒနာသည်၊ဒွယေ-စိတ်နှစ်ပါး အပေါင်း၌၊ ဌိတံ-၏၊ <mark>သောမနဿ</mark>ံ – သောမနဿဝေဒနာသည်၊ ဒွါသဋ္ဌိသု - ၆၂ ပါးသော စိတ်တို့၌၊ဌိတံ-၏၊ ဣတရာ-ဆိုအပ်ပြီးမှ တပါးသော ဥပေက္ခာဝေဒနာသည်၊ ပဉ္စပညာသကေ-၅၅ ပါးသောစိတ်၌၊ <mark>ဌိတာ</mark>-တည်၏။

၆-၇။ **<mark>သင်္ဂဟဂါထာ</mark>။** ဤ<mark>သင်္ဂဟဂါထာ</mark>များတွင် ပဌမဂါထာသည်ဝေဒနာ အပြားကို အကျဉ်းချုပ်ပြ၏။ ဒုတိယဂါထာကား ဝေဒနာနှင့်ယှဉ်သော စိတ်များကို အကျဉ်းချုပ်ပြသည်, အကျယ် <mark>ပါဠိ</mark>နှင့် စပ်၍ကြည့်လေ၊ <mark>အာရမ္မဏ</mark>ာနုဘဝနနည်းအားဖြင့်ကား သုခသဟဂုတ်စိတ် ၆၃,

---

## Trang 70

ဒုက္ခသဟဂုတ်စိတ် ၃, ဥပေက္ခာသဟဂုတ်စိတ် ၅၅, <mark>ပေါင်း ၁၂၁ ပါး</mark>ဖြစ်နိုင်ကြောင်းကိုလည်း စိတ်ပိုင်း၌ တွက်ပြခဲ့သည့်အတိုင်း သိလေဦး။

### လေ့ကျင့်ခန်း မေးခွန်းများ

က။ အဘယ့်ကြောင့် ပကိဏ္ဏကသင်္ဂဟ (ပကိဏ်းပိုင်း) ဟု ခေါ်သနည်း။ခ။ သမ္ပယုတ္တာ ယထာယောဂံ – စသော ဂါထာတို့သည် ဘာကို ပြသောဂါထာတို့နည်း။ဂ။ ထို ဂါထာများကို အနက်ပေး၍ တေပညာသ အရ ရေတွက်ပြပါ။ဃ။ အဘယ်သို့သော စကားရပ်ကို ဝေဒနာသင်္ဂဟ ဟု ခေါ်သနည်း။င။ <mark>အာရမ္မဏ</mark>ာနုဘဝနနည်း ဣန္ဒြိယဘေဒနည်းတို့အရ အသီးအသီး ပြားသော ဝေဒနာအပြားကို ပြပါ။စ။ သုခံ ဧကတ္ထ ဒုက္ခဉ္စ-အရ အကျယ်<mark>ပါဠိ</mark>ကိုထောက်၍ သရုပ်ကောက်ပါ။ဆ။ သုခသဟဂုတ် ဒုက္ခသဟဂုတ် စေတသိက်တို့ မည်မျှစီ ရှိကြသနည်း,လင်္ကာထောက်၍ သရုပ်ကောက်ပါ။ဇ။ <mark>ဒေါမနဿ</mark>ံ ဒွယေ ဌိတံ-အရ အကျယ်<mark>ပါဠိ</mark> ထောက်၍ သရုပ်ကောက်ပြီးလျှင်, စေတသိက်ကိုလည်း လင်္ကာထောက်၍ သရုပ်ရေတွက်ပါ။ဈ။ ဒွါသဋ္ဌိသု <mark>သောမနဿ</mark>ံ – အရ အကျယ်<mark>ပါဠိ</mark>ထောက်၍ သရုပ်ကောက်ပြီးလျှင်, စေတသိက်ကိုလည်း လင်္ကာထောက်၍ သရုပ်ကောက်ပါ။ည။ ပဉ္စပညာသကေ ဣတရာ-အရ အကျယ်<mark>ပါဠိ</mark>ကိုထောက်၍ သရုပ်ကောက်ပြီးလျှင်, စေတသိက်ကိုလည်း လင်္ကာထောက်၍ သရုပ်ကောက်ပါ။

---

### ဟေတုသင်္ဂဟ

၁။ ဟေတုသင်္ဂဟေ-ဟေတုသင်္ဂဟ၌၊ (လဗ္ဘမာနာ-ရထိုက်ကုန်သော)၊ ဟေတူနာမ - ဟိတ်တို့ မည်သည်၊ လောဘော – လောဘ၎င်း၊ ဒေါသော – ၎င်း၊မောဟော-၎င်း၊ အလောဘော-အလောဘ၎င်း၊ အဒေါသော-၎င်း၊ အမောဟောစ-၎င်း၊ ဣတိ-သို့၊ ဆဗ္ဗိဓာ–<mark>ခြောက်ပါး</mark> အပြားရှိကုန်သည်၊ ဘဝန္တိ-ဖြစ်ကုန်၏။

#### ဟေတုသင်္ဂဟ

ဟိတ်အပြားအားဖြင့် စိတ် စေတသိက်ကို သင်္ဂြိုဟ်ရေတွက်ရာ စကားရပ်ကို "ဟေတုသင်္ဂဟ" ဟု ခေါ်သည်။

၁။ ဟေတူနာမ၊ ပေ၊ ဆဗ္ဗိဓာဘဝန္တိ- ဤစကားကား အရင်းခံဟိတ်အပြားကို <mark>ရှေးဦးစွာ</mark>ပြသော စကားတည်း၊ လောဘ စသော စေတသိက်၆ ပါးကို "ဟိတ်" ဟု ခေါ်၏၊ အမောဟဟိတ် ဟူသည် ပညိန္ဒြေစေတသိက်ပင်တည်း၊ ဤဟိတ်အားဖြင့် စေတသိက်တို့ကိုလည်း ရေတွက်ပြရာ၏။

> [ဆောင်] အဟိတ်တေရ, ဧက နှစ်ဆယ်, <mark>ဒွိ</mark>ဝယ် ဋ္ဌစတ်, တိဟိတ်မှတ်-
> ရလတ် သုံးဆဲ့ငါး။

[တေရ=တေရသ၊ အဟိတ်စေတသိက် ၁၃။ ဧကဟိတ်စေတသိက်၂၀။ ဋ္ဌစတ် = အဋ္ဌစတ္တာလီသ၊ <mark>ဒွိ</mark>ဟိတ် စေတသိက် ၄၈။ တိဟိတ်စေတသိက် ၃၅။]

> [အကျယ်ဆောင်] အဟိတ်တေရ, ရေတွက်ပြသော်, မောဟတဆူ,
> မောဟမူယှဉ်, ထို့ပြင် အဟိတ် – စိတ်၌ ယှဉ်ပြန်, သမာန် အည,
> ဆဲ့နှစ်ဝတည်း၊ ဧက နှစ်ဆယ်, မော့ပယ်၍, တဆဲ့ ငါးယူ,
