## Trang 71

၂။ တက္က-ထိုဟေထုသင်္ဂဟ၊ ပဉ္စဒွါရာဝဇ္ဇနပဉ္စဝိညာဏ သမ္ပဋိစ္ဆန သန္တီရဏ ဝေါဋ္ဌပန ဟသနဝသေန-ပဉ္စဒွါရာဝဇ္ဇန်း, ဒွေပဉ္စဝိညာဏ်, <mark>သမ္ပဋိစ္ဆိန်း</mark>ဒွေး, သန္တီရဏသုံးခု,ဝုဋ္ဌော, ဟသိတုပ္ပါဒ်တို့၏ အပြားအားဖြင့်၊ အဋ္ဌာရသ – ၁၈ပါးသော <mark>စိတ်</mark>တို့သည်၊ အဟေတုက စိတ္တာနိနာမ – အဟိတ်<mark>စိတ်</mark>တို့ မည်၏။

> မောဟမူတွင်, ယှဉ်လေသမျှ, လောဘမူ၌, ဒေါသမူဆိုက်သည့်,
> ယှဉ်ခိုက် သုံးဟိတ်, <mark>ဉာဏ</mark>ဝိပ်ကယ်, ဟိတ် နှစ်သွယ်သာ၊ ဒွိဝယ်
> ဋ္ဌစက်, အရမှတ်မူ, ငါးရပ်ဟိတ်ကြဉ်, ဒွိဟိတ်ယှဉ်ငြား, လေးဆဲ့
> ငါးနှင့်, အများ တိဟိတ် … <mark>စိတ်</mark>က ဟိတ်သုံး, ပေါင်းရုံး ရောစပ်၊
> တိဟိတ် မှတ်ဘို့, ရလတ်သုံးဆယ်, ငါးခုကယ်မှာ, ဟိတ်ပယ်ရုံမျှ
> လွယ်ကူလှသည်, လုံးဝတိဟိတ်<mark>စိတ်</mark>ယှဉ်တည်း။

၂။ တတ္ထပဉ္စဒွါရာဝဇ္ဇနံ၊ပေ၊အဟေတုကစိတ္တာနိနာမ — ဤစကားသည့် အသစ်အဆန်း မဟုတ်, အဟိတ်<mark>စိတ်</mark> ၁၈ ပါးကို ဝီထိစဉ် အတိုင်းတမျိုးစဉ်၍ ပြထားခြင်း ဖြစ်သည်၊ လောဘ စသော ဟိတ်များနှင့် မယှဉ်သောကြောင့် အဟိတ်<mark>စိတ်</mark>ဟု ခေါ်၏၊ ဟိတ်မယှဉ်ကြောင်းမှာ စေတသိက်ပိုင်း သင်္ဂဟနည်း အရ အဟိတ်<mark>စိတ်</mark>တွင် ယှဉ်နိုင်သော စေတသိက်များ၌ဟိတ်မပါပုံကို ကြည့်သဖြင့် သိနိုင်သည်။

ဤ အဟိတ်<mark>စိတ်</mark>၌ ဆန္ဒကြဉ် — အညသမာန်း ၁၂ ယှဉ်သောကြောင့် ထိုစေတသိက်များကိုလည်း အဟိတ်<mark>စိတ်</mark>နှင့်ယှဉ်ခိုက် အဟိတ်စေတသိက် ၁၂ ပါးဟု <mark>မှတ်ထားခဲ့ပါဦး</mark>သည်၊

### နိဿယနှင့်အဓိပ္ပါယ်

၃။ သေသာနိ — ကြွင်းကုန်သော၊ <mark>သဗ္ဗာနိပိ</mark> — အလုံးစုံလည်းဖြစ်ကုန်သော၊ <mark>ဧကသတ္တတိ စိတ္တာနိ</mark> — ၇၁ ပါးသော <mark>စိတ်</mark>တို့သည်၊ <mark>သဟေတုကာနိပိ</mark> — သဟိတ်<mark>စိတ်</mark>တို့ချည်းသာတည်း။

၄။ တထာပိ — ထို သဟိတ်<mark>စိတ်</mark>တို့တွင်လည်း၊ ဒွေ — နှစ်ပါးကုန်သော၊ မောမူဟစိတ္တာနိ — မောဟမူ<mark>စိတ်</mark>တို့သည်၊ ဧကဟေတုကာနိ — <mark>ဧကဟိတ်</mark>စိတ်တို့တည်း။

၃။ သေသာနိ၊ပေ၊သဟေတုကာနေဝ — အဟိတ်<mark>စိတ်</mark>မှ တပါးကျွန်<mark>စိတ်</mark> ၇၁ ပါးကား သဟိတ်<mark>စိတ်</mark>သာတည်း၊ ဟိတ်တပါးဖြစ်စေ, နှစ်ပါးဖြစ်စေ, ယှဉ်ဘက်ဟိတ်ရှိသော <mark>စိတ်</mark>တွေကို သဟေတုက (သဟိတ်) <mark>စိတ်</mark>ဟုခေါ်သည်။

၄။ တတ္ထာပိဒွေ၊ပေ၊ဧကဟေတုကာနိ — ယှဉ်ဘက်ဟိတ်တပါးသာရှိသော စိတ်ကို "<mark>ဧကဟိတ်</mark>စိတ်" ဟု ခေါ်သည်။ မောဟမူဒွေးသည်မောဟဟိတ် ၁ ပါးနှင့်သာ ယှဉ်၏၊ ထို မောဟမူဒွေး၌ စေတသိက် ၁၆ ပါးယှဉ်ရာ, ထို၌ပါသော မောဟမှာ အခြား ယှဉ်ဘက်ဟိတ် မရှိ၊ ထို့ကြောင့်မောဟမူဒွေး၌ ယှဉ်သော မောဟကို အဟိတ်စေတသိက်အတွင်း၌ သွင်း၍အဟိတ်<mark>စိတ်</mark>၌ယှဉ်သော ယခင် အညသမာန်း ၁၂ နှင့်ပေါင်းလျှင် "အဟိတ်တေရ"အရ ဖြစ်၏။ ထိုကြောင့် "အဟိတ်တေရ, ရေတွက်ပြသော်, မောဟတဆူ, မောဟမူယှဉ်, ထို့ပြင် အဟိတ် — <mark>စိတ်</mark>၌ ယှဉ်ပြန်, သမာန် အညဆဲ့နှစ်ဝတည်း"ဟု ... ဆိုခဲ့ပေသည်။

မောဟမှတပါး မောဟမူ<mark>စိတ်</mark>၌ယှဉ်သော ကျန်စေတသိက် ၁၅ ပါးကား<mark>ဧကဟိတ်</mark>စေတသိက်များတည်း ဟု မှတ်သားခဲ့ဦး။

---

## Trang 72

၅။ သေသာနိ — မောဟမူဒွေးမှကြွင်းကုန်သော၊ ဒသ — ဆယ်ပါးကုန်သော၊ အကုသလစိတ္တာနိစေဝ — အကုသိုလ်<mark>စိတ်</mark>တို့၎င်း၊ <mark>ဉာဏ</mark>ဝိပ္ပယုတ္တာနိ — <mark>ဉာဏ</mark>ဝိပ္ပယုတ် ဖြစ်ကုန်သော၊ ဒွါဒသ — ၁၂ ပါးကုန်သော၊ ကာမာဝစရသောဘနာနိစ — ကာမသောဘန<mark>စိတ်</mark>တို့၎င်း၊ ဣတိ — သို့၊ ဒွါဝီသတိ — ၂၂ ပါးသည်၊ဒွိဟေတုကစိတ္တာနိ — ဒွိဟိတ်<mark>စိတ်</mark>တို့တည်း။

၅။ သေသာနိ၊ပေ၊ဒွိဟေတုကစိတ္တာနိ — ဟိတ်နှစ်ပါးနှင့် ယှဉ်သော<mark>စိတ်</mark>များကို "ဒွိဟိတ်<mark>စိတ်</mark>" ဟု ခေါ်၏၊ ဤ ဒွိဟိတ်<mark>စိတ်</mark> ၂၂ ပါးတွင်မည်သည့် <mark>စိတ်</mark>၌ မည်သည့်ဟိတ်များ ယှဉ်ကြောင်းကို စေတသိက် ယှဉ်ပုံကြည့်၍ သိလေ။

ဤ ဒွိဟိတ်<mark>စိတ်</mark> ၂၂ ၌ ဝိစိကိစ္ဆာနှင့် ပညာကြဉ်၍ စေတသိက်ပေါင်း<mark>၅၀</mark> ယှဉ်၏။ ထို <mark>၅၀</mark> တွင် လောဘမူ<mark>စိတ်</mark>၌ လောဘ မောဟ, ဒေါသမူ<mark>စိတ်</mark>၌ ဒေါသမောဟ, ဉာဏဝိပ္ပယုတ်<mark>စိတ်</mark>၌ အလောဘ, အဒေါသ, ဤ ဟိတ်များသည်အချင်းချင်း အပြန်အလှန် (လောဘသည်မောဟနှင့်, မောဟသည်လောဘနှင့် စသည်) ယှဉ်ရကား ဟိတ်တပါးစီနှင့်သာ ယှဉ်သော <mark>ဧကဟိတ်</mark> စေတသိက်များတည်း၊ ထို့ကြောင့် ဤ ဟိတ် ၅ ပါးနှင့် မောဟမူ<mark>စိတ်</mark>၌ ယှဉ်သောစေတသိက် (မောဟဟိတ်မှတပါး) ၁၅ ပါးကိုပေါင်းလျှင် "ဧကနှစ်ဆယ်"အရ ဖြစ်၏၊ ထို့ကြောင့် "ဧကနှစ်ဆယ်, မောဟပယ်၍, တဆဲ့ငါးယူမောဟမူတွင်, ယှဉ်လေသမျှ, လောဘမူ၌, ဒေါသမူဆိုက်သည့်, ယှဉ်ခိုက် သုံးဟိတ်,<mark>ဉာဏ</mark>ဝိပ်ကယ်, ဟိတ်နှစ်သွယ်သာ"ဟု ဆိုခဲ့ပေသည်။

ဟိတ် ၅ ပါးမှ တပါး ဒွိဟိတ်<mark>စိတ်</mark>၌ ယှဉ်သော ကျန် ၄၅ ပါးကားဟိတ်နှစ်ပါးစီယှဉ်သော ဒွိဟိတ်စေတသိက်များတည်း ဟု မှတ်ခဲ့ပါ။

### နိဿယနှင့်အဓိပ္ပါယ်

၆။ ဒွါဒသ — ၁၂ ပါး ကုန်သော၊ <mark>ဉာဏ</mark>သမ္ပယုတ္တ ကာမာဝစရ သောဘနာနိစေဝ — <mark>ဉာဏ</mark>သမ္ပယုတ် ကာမသောဘန<mark>စိတ်</mark>တို့၎င်း၊ ပဉ္စတ္တိံသ မဟဂ္ဂတ လောကုတ္တရ စိတ္တာနိစ — ၃၅ပါးသော မဟဂ္ဂုတ် လောကုတ္တရာ <mark>စိတ်</mark>တို့၎င်း၊ ဣတိ — သို့၊သတ္တစတ္တာလီသ — ၄၇ ပါးသည်၊ တိဟေတုက စိတ္တာနိ —တိဟိတ် <mark>စိတ်</mark>တို့တည်း၊ ဣတိ — ဤကား ဟိတ် အပြားအားဖြင့်<mark>စိတ်</mark>တို့ကို ပေါင်းယူခြင်းတည်း။

၆။ ဒွါဒသ<mark>ဉာဏ</mark>သမ္ပယုတ္တ၊ပေ၊တိဟေတုကစိတ္တာနိ — ဟိတ်သုံးပါးနှင့် ယှဉ်သော <mark>စိတ်</mark>ကို "တိဟိတ်<mark>စိတ်</mark>" ဟု ခေါ်သည်၊ ဤ တိဟိတ်<mark>စိတ်</mark>များ၌အလောဘ အဒေါသ အမောဟ ဟိတ်တို့ ယှဉ်ကြောင်းကို စေတသိက်ယှဉ်ပုံ ကြည့်၍ သိလေ။

ဤ တိဟိတ်<mark>စိတ်</mark> ၄၇ ၌ စေတသိက် <mark>၃၈</mark> ယှဉ်၏၊ ထိုတွင် ဟိတ် ၃ ပါးကား(အလောဘသည် အဒေါသ အမောဟနှင့်, အဒေါသသည် အလောဘအမောဟနှင့်, အမောဟသည် အလောဘ အဒေါသနှင့် ယှဉ်သောကြောင့်)ဒွိဟိတ် စေတသိက်၌ ပါဝင်လေပြီ၊ ထို့ကြောင့် ဒွိဟိတ်<mark>စိတ်</mark>၌ ယှဉ်သော(ဟိတ်မှ တပါး) စေတသိက် ၄၅ နှင့် ဤဟိတ် ၃ ပါး ပေါင်းလျှင် "ဒွိဝယ်ဋ္ဌစတ်"အရ ဖြစ်၏၊ ထိုကြောင့် "ဒွိဝယ်ဋ္ဌစတ်, အရမှတ်မူ, ငါးရပ်ဟိတ်ကြဉ်,ဒွိဟိတ်ယှဉ်ငြား, လေးဆဲ့ငါးနှင့်, အများတိဟိတ် — <mark>စိတ်</mark>ကဟိတ်သုံး, ပေါင်းရုံးရောစပ်" ဟု ဆိုခဲ့ပေသည်။

အလောဘ အဒေါသ အမောဟမှ တပါး တိဟိတ်<mark>စိတ်</mark>၌ ယှဉ်သောစေတသိက် ၃၅ ပါးကား တိဟိတ် စေတသိက်များ တည်း၊ ထို့ကြောင့်"တိဟိတ် မှတ်ဘို့, ရလတ် သုံးဆယ်, ငါးခုကယ်မှာ, ဟိတ်ပယ်ရုံမျှ, လွယ်ကူလှသည်, လုံးဝတိဟိတ် <mark>စိတ်</mark>ယှဉ်တည်း" ဟု ဆိုခဲ့ပေသည်။

---

## Trang 73

၇။ အကုသလာ — အကုသိုလ်ဖြစ်ကုန်သော၊ ဟေတူ —ဟိတ်တို့သည်၊ <mark>လောဘော</mark> — လောဘ၎င်း၊ ဒေါသောစ — ဒေါသ၎င်း၊ <mark>မောဟော</mark> — မောဟ၎င်း၊ (ဣတိ — ဤသို့၊)တယော — သုံးပါးတို့တည်း၊ ကုသလာဗျာကတာ — ကုသိုလ် အဗျာကတ ဖြစ်ကုန်သော၊ ဟေတူ — ဟိတ်တို့သည်၊ အ<mark>လောဘော</mark> — အလောဘ၎င်း၊အဒေါသော — အဒေါသ၎င်း၊ <mark>အမောဟော</mark> — အမောဟ၎င်း၊ (ဣတိ — သို့၊)တထာ — ထို သုံးပါးစီတို့တည်း။

၈။ အဟေတုကာ — အဟိတ်<mark>စိတ်</mark>တို့ကို၊ အဋ္ဌာရသ — <mark>၁၈</mark>ပါးဟူ၍၊ မတာ — သိအပ်ကုန်၏။ ဧကဟေတုကာ — <mark>ဧကဟိတ်</mark>စိတ်တို့ကို၊ ဒွေ — နှစ်ပါးဟူ၍၊ မတာ — သိအပ်ကုန်၏၊ ဒွိဟေတုကာ —ဒွိဟိတ်<mark>စိတ်</mark>တို့ကို၊ ဒွါဝီသတိ — ၂၂ ပါးဟူ၍၊ မတာ — သိအပ်ကုန်၏၊ တိဟေထုကာ — တိဟိတ်<mark>စိတ်</mark>တို့ကို၊ သတ္တစတ္တာလီသ — ၄၇ ပါးဟူ၍၊မတာ — သိအပ်ကုန်၏။

အကုသိုလ်<mark>စိတ်</mark>၌ ယှဉ်သော ဟိတ်ကို "အကုသိုလ်ဟိတ်" ဟု ၎င်း,ကုသိုလ်နှင့် ယှဉ်သော ဟိတ်ကို "ကုသိုလ်ဟိတ်" ဟု ၎င်း, အဗျာကတ(ဝိပါက်ကြိယာ) <mark>စိတ်</mark>နှင့် ယှဉ်သော ဟိတ်ကို "အဗျာကတဟိတ်" ဟု ၎င်းခေါ်သည်။

အဟေတုကာဋ္ဌာရသေက စသော ဂါထာ၌ အဋ္ဌာရသစသော သင်္ချာတို့၏ သင်္ချေယျ (သရုပ်) ကို အကျယ်ပါဠိကြည့်၍ ရေတွက်လေ။

### နိဿယနှင့်အဓိပ္ပါယ်

### လေ့ကျင့်ခန်း မေးခွန်းများ

၁။ အဘယ်သို့သော စကားရပ်ကို ဟေတုသင်္ဂဟ ဟု ခေါ်သနည်း။

၂။ ကုသိုလ်ဟိတ် အကုသိုလ်ဟိတ် အဗျာကတဟိတ်တို့ မည်မျှစီရှိသနည်း။

၃။ အဟေတုကာဋ္ဌာရသ — အရ အကျယ် ပါဠိကိုပြ၍ သရုပ်ကောက်ပါ။

၄။ အဟိတ်စေတသိက် မည်မျှရှိသနည်း, အကျယ်လင်္ကာပုဒ်ကိုထောက်၍သရုပ်ကောက်ပါ။

၅။ သဟိတ်<mark>စိတ်</mark> မည်မျှရှိသနည်း, အကျယ် ပါဠိကို ပြပါ။

၆။ ဧကဟေတုကာဒွေ — အရ အကျယ် ပါဠိကိုပြ၍ သရုပ်ကောက်ပါ။

၇။ <mark>ဧကဟိတ်</mark> စေတသိက် မည်မျှရှိသနည်း, အကျယ် လင်္ကာပုဒ်ထောက်၍သရုပ်ကောက်ပါ။

၈။ ဒွါဝီသတိ ဒွိဟေတုကာ — အရ အကျယ်ပါဠိကိုပြ၍ သရုပ်ကောက်ပါ။

၉။ ဒွိဟိတ်စေတသိက် မည်မျှ ရှိသနည်း, အကျယ်လင်္ကာပုဒ် ထောက်၍သရုပ်ကောက်ပါ။

၁၀။ သတ္တစတ္တာလီသ တိဟေတုကာ — အရ အကျယ် ပါဠိကိုပြ၍ သရုပ်ကောက်ပါ။

၁၁။ တိဟိတ် စေတသိက် မည်မျှရှိသနည်း, အကျယ် လင်္ကာပုဒ် ထောက်၍သရုပ်ကောက်ပါ။

---

## Trang 74

၁။ ကိစ္စသင်္ဂဟေ — ကိစ္စသင်္ဂဟ၌၊ (လဗ္ဘမာနာနိ —ကိစ္စသင်္ဂဟ နိုင်သော၊) ကိစ္စာနိနာမ — ကိစ္စတို့ မည်သည်၊ ပဋိသန္ဓေဘဝင်္ဂါဝဇ္ဇန ဒဿန သဝန ဃာယန သာယန <mark>ဖုသန</mark> သမ္ပဋိစ္ဆန သန္တီရဏ ဝေါဋ္ဌပန ဇဝန <mark>တဒါရမ္မဏ</mark> စုတိဝသေန — ပဋိသန္ဓေကိစ္စ, ဘဝင်ကိစ္စ, <mark>အာဝဇ္ဇန်း</mark>ကိစ္စ, ဒဿနကိစ္စ, သဝနကိစ္စ, ဃာယနကိစ္စ, သာယနကိစ္စ, <mark>ဖုသန</mark>ကိစ္စ, သမ္ပဋိစ္ဆနကိစ္စ,သန္တီရဏကိစ္စ, ဝုဋ္ဌောကိစ္စ, ဇောကိစ္စ, တဒါရုံကိစ္စ, စုတိကိစ္စတို့၏ အပြားအားဖြင့်၊ <mark>စုဒ္ဒသဝိဓာနိ</mark> — တဆဲ့လေးပါး အပြားရှိကုန်သည်၊ ဘဝန္တိ — ဖြစ်ကုန်၏။ ဤကဲ့သို့သရုပ်ရေတွက်ရာ၌"ဝသ"သဒ္ဒါသည် "အပြား"ဟူသော အနက်ကို ဟော၏။

၂။ ပန — ကား၊ ပဋိသန္ဓိ ဘဝင်္ဂါဝဇ္ဇန ပဉ္စဝိညာဏ ဋ္ဌာနာဒိဝသေန — ပဋိသန္ဓေဌာန, ဘဝင်ဌာန, <mark>အာဝဇ္ဇန်း</mark>ဌာန,ဝိညာဏ်ဌာန အစရှိသည်တို့၏ အပြားအားဖြင့်၊ တေသံ — ထိုကိစ္စတို့၏၊ ဒသဓာ — ဆယ်ပါး အပြားအားဖြင့်၊ ဌာနဘေဒေါ —ဌာနတို့၏ အပြားကို၊ ဝေဒိတဗ္ဗော — သိအပ်၏။

ကိစ္စသင်္ဂဟ — ကိစ္စအားဖြင့် <mark>စိတ်</mark>စေတသိက်တို့ကို သင်္ဂြိုဟ် ရေတွက်ပြရာ စကားရပ်ကို "ကိစ္စသင်္ဂဟ" ဟု ခေါ်သည်။

၁။ ကိစ္စာနိနာမ၊ပေ၊<mark>စုဒ္ဒသဝိဓာနိ</mark> ဘဝန္တိ — ဤစကားကား အရင်းခံကိစ္စအပြားကို ရှေးဦးစွာပြသော စကားတည်း၊ ကိစ္စ ၁၄ ပါးကိုရေတွက်ပါ။

၂။ ပဋိသန္ဓိဘဝင်္ဂါ၊ပေ၊ဌာနဘေဒေါ — စက္ခုဝိညာဏ်, သောတ, ဃာန,ဇိဝှါ, ကာယဝိညာဏ်, ဤဝိညာဏ်ငါးပါး၏ ဖြစ်ရာ ဌာနကို "ပဉ္စဝိညာဏဌာန" ဟု ၁ ဌာနတည်း ဆိုသည်။

### နိဿယနှင့်အဓိပ္ပါယ်

ဌာနာဒိ၌ အာဒိသဒ္ဒါဖြင့် — သန္တီရဏဌာန, ဝုဋ္ဌောဌာန,ဇောဌာန, တဒါရုံဌာနတို့ကို (ကိစ္စအစဉ်အတိုင်း ကြည့်၍) ယူပြီးလျှင်ဌာနအပြား ၁၀ ပါး သရုပ်ကို ရေတွက်လေ။

#### ကိစ္စဌာနအထူး

ယခု မျက်မြင်အားဖြင့် လူတို့၏ အမှုလုပ်ငန်းကို"ကိစ္စ" ဟု ခေါ်၍, ထိုလုပ်ငန်းကိုပြုလုပ်ရာအလုပ်ရုံကို "ဌာန"ဟု ခေါ်သကဲ့သို့, ထိုအတူ ထိုထို<mark>စိတ်</mark> တည်းဟူသော ပရမတ္တတရား တို့၏ ပဋိသန္ဓေ(ဘဝဟောင်းနှင့် ဘဝသစ်ကို ဆက်စပ်ပေးခြင်း) စသော အခြင်းအရာ(အမှုလုပ်ငန်း) ကို "ကိစ္စ" ဟု ခေါ်၏၊ ထို ကိစ္စကိုပြုလုပ်ရာ ရှေ့<mark>စိတ်</mark> နောက်<mark>စိတ်</mark> နှစ်ခုတို့၏အကြား — <mark>စိတ်</mark>တခုဖြစ်လောက်ရာ အခါကာလကို "ဌာန" ဟုခေါ်၏၊ ထိုအကြားဖြစ်သော ကာလဟူသည်ကား ပရမတ်တရားမဟုတ်, ပညတ်ပင်တည်း၊ ထို့ကြောင့် ပါဠိသုံးအားဖြင့် "အန္တရပညတ်" ဟု ခေါ်စမှတ်ပြုကြ၏။

[ အန္တရ = အကြားဖြစ်သော + ပညတ် = ပညတ်တရား ]

> **ဆောင်**
>
> ၁။ ထိုထို<mark>စိတ်</mark>ဓာတ်, ပရမတ်၏, စပ်ဟပ်ပေးခြင်း, အခြင်းအရာ,
> စသည်မှာ, များစွာ "ကိစ္စ"ဆို။
>
> ၂။ <mark>စိတ်</mark>တမျိုး၏, ရှေ့နောက် ရှိသည့်, စုတိဘဝင်, စထွင်
> အများ, <mark>စိတ်</mark>နှစ်ပါး၏, အကြားကာလ, အန္တရခေါ်အပ်,
> ယင်းပညတ်, မှတ်လေ "ဌာန" ကို။

ထင်ရှားစေအံ့ — ဝီထိချရာ၌ စုပ'ဘ (စုတိ ပဋိသန္ဓေ ဘဝင်) ဟု<mark>စိတ်</mark>အစဉ်ရှိရာ, စုတိ<mark>စိတ်</mark>၏ ကိစ္စကား ပစ္စုပ္ပန် ဘဝဟောင်းမှ ရွေ့လျှောခြင်းတည်း၊ ပဋိသန္ဓေ<mark>စိတ်</mark>၏ ကိစ္စကား ဘဝဟောင်းနှင့် ဘဝသစ်ကို စပ်ပေးခြင်းတည်း၊ စုတိနှင့် ဘဝင်၏ အကြား၌ ထို စပ်ပေးခြင်းကိစ္စဖြစ်ရာ ခဏငယ်၃ ချက်ခန့် အခါကလေးသည် ပဋိသန္ဓေဌာနတည်း၊ ထိုခဏငယ် ၃ ချက်ခန့်ကာလဌာနကို ဝီထိပုံ၌ "ဝဝဝ" ဤကဲ့သို့ သုည ၃ လုံး တွဲ၍ ပြကြ၏၊ ထိုသုညတွဲကလေးများပင် ဌာန၏ပုံစံ ဟု မှတ်လေ။

---

## Trang 75

၃။ တတ္ထ — ထိုကိစ္စသင်္ဂဟ၌၊ ဝါ — ထိုကိစ္စတို့တွင်၊ ဒွေ — နှစ်ပါးကုန်သော၊ ဥပေက္ခာသဟဂတသန္တီရဏာနိစေဝ — ဥပေက္ခာသဟဂုတ် သန္တီရဏ<mark>စိတ်</mark>တို့၎င်း၊ အဋ္ဌ — ရှစ်ပါးကုန်သော၊မဟာဝိပါကာနိစ — မဟာဝိပါက်<mark>စိတ်</mark>တို့၎င်း၊ နဝ — ကိုးပါးကုန်သော၊ ရူပါရူပဝိပါကာနိစ — ရူပဝိပါက် အရူပဝိပါက် <mark>စိတ်</mark>တို့၎င်း၊ ဣတိ — ဤသို့၊ <mark>ဧကူနဝီသတိ</mark> — တခုယုတ် နှစ်ဆယ်သော၊စိတ္တာနိ — <mark>စိတ်</mark>တို့သည်၊ ပဋိသန္ဓိဘဝင်္ဂစုတိကိစ္စာနိနာမ — ပဋိသန္ဓေကိစ္စ, ဘဝင်ကိစ္စ, စုတိကိစ္စ ရှိသော <mark>စိတ်</mark>တို့မည်၏။

၄။ ပန — ကား၊ အာဝဇ္ဇနကိစ္စာဒီနိ — <mark>အာဝဇ္ဇန်း</mark>ကိစ္စ ရှိသော<mark>စိတ်</mark>တို့သည်၊ ဒွေ — နှစ်ပါးတို့တည်း၊ ပဉ္စဒွါရာဝဇ္ဇန်းနှင့် မနောဒွါရာဝဇ္ဇန်းတည်း။

၃။ တတ္ထဒွေ၊ပေ၊ပဋိသန္ဓိဘဝင်္ဂစုတိကိစ္စာနိနာမ — ဤစကားဖြင့်ပဋိသန္ဓေကိစ္စ ဘဝင်ကိစ္စ စုတိကိစ္စ ရှိသော (တပ်သော) <mark>စိတ်</mark> ၁၉ ပါးဟုမှတ်သား၍ ပါဠိအတိုင်း သရုပ်ရှေ့တွက်လေ။

ဒွေဥပေက္ခာသဟဂတ သန္တီရဏာနိစေဝ — အဟိတ်ကုသလဝိပါက်ပဋိသန္ဓေကျိုးကို ဒွိဟိတ်ဩမက ကုသိုလ်ကသာ ပေးသည်၊ [ ဘုံပိုင်း၌လာလတ္တံ့၊] ထို ဒွိဟိတ်ဩမက ကုသိုလ်သည် အလွန် အားသေးရကား, အားရှိပါးရှိ သောမနဿ ပဋိသန္ဓေကျိုးကို မပေးနိုင်၊ ထို့ကြောင့် အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ ပဋိသန္ဓေကျိုးကိုသာ ပေးရလေသည်၊ အကုသလဝိပါက် ဥပေက္ခာသန္တီရဏ ပဋိသန္ဓေကျိုးကိုကား အကုသိုလ်<mark>စိတ်</mark>များက ပေးသည်၊ ဤအဟိတ်ပဋိသန္ဓေ ၂ ခုကို "အဟိတ်ပဋိသန္ဓေအစုံ"ဟုခေါ်၏။

[မင်အိုး၌ ကလောင်တပ်ထားလျှင် "မင်အိုး၌ ကလောင်ရှိသည်" ဟုဆိုရသကဲ့သို့ "ကိစ္စရှိသည်"ကိုပင် "ကိစ္စတပ်သည်"ဟု ခေါ်စမှတ်ပြုကြ၏။]

### နိဿယနှင့်အဓိပ္ပါယ်

၅။ ဒဿန သဝန ဃာယန သာယန <mark>ဖုသန</mark> သမ္ပဋိစ္ဆနကိစ္စာနိစ — ဒဿနကိစ္စ, သဝနကိစ္စ, ဃာယနကိစ္စ, သာယနကိစ္စ, <mark>ဖုသန</mark>ကိစ္စ, သမ္ပဋိစ္ဆန်းကိစ္စရှိသော <mark>စိတ်</mark>တို့သည်လည်း၊ တထာ —ထိုအတူ နှစ်ပါးစီတို့တည်း။ စက္ခုဝိညာဏ်ဒွေး, သောတ,ဃာန, ဇိဝှါ, ကာယဝိညာဏ်ဒွေး, <mark>သမ္ပဋိစ္ဆိန်း</mark>ဒွေးတို့တည်း။

၆။ သန္တီရဏကိစ္စာနိ — သန္တီရဏကိစ္စရှိသော <mark>စိတ်</mark>တို့သည်၊ တီဏိ — သုံးပါးတို့တည်း။ (အကုသလဝိပါက်သန္တီရဏနှင့် ကုသလဝိပါက်သန္တီရဏ ၂ ပါးတည်း။)

၇။ မနောဒွါရာဝဇ္ဇနမေဝ — မနောဒွါရာဝဇ္ဇန်းသည်ပင်၊ပဉ္စဒွါရေ — ပဉ္စဒွါရအရာ၌၊ ဝေါဋ္ဌပနကိစ္စံ — ဝုဋ္ဌောကိစ္စကို၊ သါဓေတိ — ပြီးစေ၏။ (မနောဒွါရဝီထိ အရာ၌ <mark>အာဝဇ္ဇန်း</mark>ကိစ္စတပ်သော မနောဒွါရာဝဇ္ဇန်းသည်ပင် ပဉ္စဒွါရ အရာ၌ ဝုဋ္ဌောကိစ္စတပ်သည် — ဟူလို။)

၈။ အာဝဇ္ဇနဒွယဝဇ္ဇိတာနံ — <mark>အာဝဇ္ဇန်း</mark>ဒွေးသည် ကြဉ်အပ်ကုန်သော၊ ပဉ္စပညာသ — ၅၅ ပါးသော၊ ကုသလာကုသလဖလကြိယစိတ္တာနိ — ကုသိုလ် အကုသိုလ် ဖိုလ်ကြိယာ<mark>စိတ်</mark>တို့သည်၊ဇဝနကိစ္စာနိ — ဇောကိစ္စရှိသော <mark>စိတ်</mark>တို့မည်၏။

၄-၅-၆-၇ ဝါကျများ၌ ပါဠိအနက်ကို ကြည့်၍ သိသာပြီ။

၈။ အာဝဇ္ဇန၊ပေ၊ဇဝနကိစ္စာနိ — ကုသိုလ်<mark>စိတ်</mark> ၂၁, အကုသိုလ် ၁၂,ဖိုလ်စိတ် ၄, <mark>အာဝဇ္ဇန်း</mark>ဒွေး ကြဉ်သော ကြိယာ <mark>၁၈</mark>, ဤ ၅၅ သည် ဇောကိစ္စတပ်သော <mark>စိတ်</mark>များတည်း။
