## Trang 76

၉။ အဋ္ဌ-ရှစ်ပါးကုန်သော၊ မဟာဝိပါကာနိစေဝ - မဟာဝိပါက်စိတ်တို့၎င်း၊ သန္တီရဏတ္တယဉ္စ – သန္တီရဏ သုံးပါးအပေါင်း၎င်း၊ ဣတိ-ဤသို့၊ ဧကာဒသ-၁၁ ပါးသော စိတ်တို့သည်၊ <mark>တဒါရမဏ</mark>ကိစ္စာနိ-တဒါရုံကိစ္စရှိသောစိတ်တို့မည်၏။

---

၁၀။ ပန− အပေါင်းကို ပြခြူးအံ့၊ တေသု-ထို ဆိုင်ရာကိစ္စရှိသော စိတ်တို့တွင်၊ <mark>ဒွေ</mark>-၂ ပါးကုန်သော၊ ဥပေက္ခာသဟဂတသန္တီရဏ<mark>စိတ္တာနိ</mark> - ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်တို့သည်၊ ပဋိသန္ဓိ ဘဝင်္ဂ စုတိ <mark>တဒါရမဏ</mark> သန္တီရဏဝသေနပဋိသန္ဓေ, ဘဝင်, စုတိ, တဒါရုံ, သန္တီရဏကိစ္စတို့၏ အပြားအားဖြင့်၊ <mark>ပဉ္စကိစ္စာနိနာမ</mark>−၅ ကိစ္စရှိသော စိတ်တို့မည်၏။

---

၁၁။ အဋ္ဌ - ရှစ်ပါးကုန်သော၊ မဟာဝိပါကာနိ - မဟာဝိပါက်စိတ်တို့သည်၊ ပဋိသန္ဓိ ဘဝင်္ဂ စုတိ <mark>တဒါရမဏ</mark>ဝသေနဖြင့်၊ <mark>စတုကိစ္စာနိနာမ</mark>-၄ ကိစ္စရှိသော စိတ်တို့မည်၏။

---

၁၂။ နဝ-၉ ပါးကုန်သော၊ မဟဂ္ဂတဝိပါကာနိ-မဟဂ္ဂုတ်ဝိပါက်စိတ်တို့သည်၊ ပဋိသန္ဓိ <mark>ဘဝင်္ဂ</mark> စုတိ ဝသေန – အားဖြင့်၊တိကိစ္စာနိ<mark>နာမ</mark>-၃ ကိစ္စရှိသော စိတ်တို့မည်၏။

---

၁၃။ သောမနဿသန္တီရဏံ – သောမနဿသန္တီရဏစိတ်သည်၊ သန္တီရဏ<mark>တဒါရမဏ</mark>ဝသေန-သန္တီရဏတဒါရုံတို့၏ အပြားအားဖြင့်၊ <mark>ဒွိကိစ္စ</mark>-နှစ်ကိစ္စရှိသော စိတ်မည်၏။

---

### နိဿယနှင့်အဓိပ္ပါယ်

၁၄။ ဝေါဋ္ဌပနံ – <mark>ဝုဋ္ဌော</mark> မနောဒွါရာဝဇ္ဇန်း စိတ်သည်၊ဝေါဋ္ဌပန အာဝဇ္ဇနဝသေန - <mark>ဝုဋ္ဌော</mark>ကိစ္စ, အာဝဇ္ဇန်း ကိစ္စ တို့၏အပြားအားဖြင့်၊ တထာ-<mark>ထို့အတူ</mark> နှစ်ကိစ္စ ရှိ၏။

၁၅။ ပန-ကား၊ သေသာနိ-ဆိုအပ်ပြီးမှ ကြွင်းကုန်သော၊သဗ္ဗာနိပိ-အလုံးစုံလည်း ဖြစ်ကုန်သော၊ ဇဝန မနောဓာတုတ္တိက ဒွိပဉ္စဝိညာဏာနိ – <mark>ဇော ၅၅</mark>, မနောဓာတ် ၃, <mark>ဒွေးပဉ္စ</mark>ဝိညာဏ် ၁၀ တို့သည်၊ <mark>ယထာသမ္ဘဝံ</mark> - ဖြစ်သင့်သည်အားလျော်စွာ၊ ဧကကိစ္စာနိ - တကိစ္စစီ ရှိသော စိတ်တို့ မည်၏၊ဣတိ - ဤကား ကိစ္စအပြားအားဖြင့် စိတ်တို့ကို ပေါင်းယူခြင်းတည်း။

<mark>တေသုပန ဒ္ဓေစသော</mark> (၁၀,၁၁,၁၂,၁၃,၁၄,၁၅, နံပါတ်)စကားကား စိတ်တမျိုး တမျိုး၏ တပ်နိုင်သော ကိစ္စကို ပေါင်းယူ ရေတွက်ပြသောစကားရပ်တည်း၊ စေတသိက်ပိုင်းက သင်္ဂဟနည်းမျိုးပင်ဖြစ်သည်၊ ပြခဲ့သောအစိတ်အစိတ် ပါဠိကို ကြည့်၍ ၅ ကိစ္စ တပ်ကြောင်း, ၄ ကိစ္စ တပ်ကြောင်းစသည်ကို သိလေ။

၁၅။ သေသာနိပန၊ ပေ၊ ယထာသမ္ဘဝ မေကကိစ္စာနိ… "ယထာသမ္ဘဝ" အရ ဖြစ်သင့်သလို တကိစ္စစီ တပ်ကြပုံကား – <mark>ဇော ၅၅</mark> သည်ဇောကိစ္စ ၁ သာ, မနောဓာတ် ၃ တွင် ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် အာဝဇ္ဇန်းကိစ္စ ၁ သာ, <mark>သမ္ပဋိစ္ဆိန်း</mark> ဒွေးသည် <mark>သမ္ပဋိစ္ဆိန်း</mark> ကိစ္စ ၁ သာ, စက္ခုဝိညာဏ်<mark>ဒွေ</mark>းသည် ဒဿနကိစ္စ ၁ သာ, <mark>သောတဝိညာဏ်ဒွေးသည်</mark> သဝနကိစ္စ ၁ သာ,ဃာန ဝိညာဏ် <mark>ဒွေ</mark>းသည် ဃာယနကိစ္စ ၁ သာ, ဇိဝှါဝိညာဏ် <mark>ဒွေ</mark>းသည်သာယနကိစ္စ ၁ သာ, ကာယဝိညာဏ် <mark>ဒွေ</mark>းသည် ဖုသန ကိစ္စ ၁ သာ, ဤသို့တကိစ္စစီသာ တပ်ကြသည်။

---

## Trang 77

၁၆။ ပဋိသန္ဓာဒယော<mark>နာမ</mark> - ပဋိသန္ဓေ အစရှိသည်မည်ကုန်သော၊ စိတ္တုပ္ပါဒါ-စိတ်တို့ကို၊ ကိစ္စဘေဒေန-ကိစ္စတို့၏ အပြားအားဖြင့်၊ <mark>စုဒ္ဒသ</mark>-၁၄ ပါးတို့ဟူ၍၎င်း၊ ဌာနဘေဒေန – ဌာနတို့၏ အပြားအားဖြင့်၊ ဒသဓာ-ဆယ်ပါး ပြားကုန်၏ဟူ၍၎င်း၊ <mark>ပကာသိတာ</mark> – ပြအပ်ကုန်၏။

---

၁၇။ ဧက ဒွိ တိ စတု ပဉ္စ ကိစ္စဌာနာနိ-တကိစ္စ တဌာန,နှစ်ကိစ္စ နှစ်ဌာန, သုံးကိစ္စ သုံးဌာန, လေးကိစ္စ လေးဌာန, ငါးကိစ္စ ငါးဌာနရှိသော စိတ်တို့ကို၊ ယထာက္ကမံ-အကြင် အကြင်အစဉ်ရှိတိုင်း၊ အဋ္ဌသဋ္ဌိ-<mark>၆၈ ပါး</mark>ဟူ၍၎င်း၊ တထာ-ထိုမှတပါး၊<mark>ဒွေစ</mark>-နှစ်ပါးတို့ဟူ၍၎င်း၊ နဝ-ကိုးပါးတို့ဟူ၍၎င်း၊ အဋ္ဌ-ရှစ်ပါးတို့ဟူ၍၎င်း၊ <mark>ဒွေ-နှစ်ပါး</mark>တို့ဟူ၍၎င်း၊ <mark>နိဒ္ဒေသေ</mark>-ညွှန်ပြရာ၏။

---

### သင်္ဂဟဂါထာ

ဤကိစ္စ အပြားအားဖြင့် စေတသိက်ကို ရေတွက်ပုံမှာ မထူးလှ၊ စေတသိက်ယှဉ်ပုံကို ကြည့်ရုံမျှဖြင့် သိနိုင်လောက်ပြီ၊ သင်္ဂဟ၂ ဂါထာတွင် ပဌမ ဂါထာသည် ၁ နံပါတ် ဝါကျမှ စ၍, ၉ နံပါတ် ဝါကျတိုင်အောင် အစိတ်အစိတ် ပြခဲ့သောစကားကျယ်ကို အကျဉ်းချုပ်ပြ၍ ဒုတိယဂါထာက ၁၀ နံပါတ်ဝါကျမှစ၍ ၁၅ နံပါတ်ဝါကျတိုင်အောင် အပေါင်းရေတွက်၍ ပြခဲ့သော အကျယ်ကို အကျဉ်းချုပ် ပြသည်။

### ကိစ္စနှင့် ဌာန

| ကိစ္စ | ဌာန |
|--------|------|
| ဧက | အဋ္ဌသဋ္ဌိ |
| ဒွိ | <mark>ဒွေ</mark> |
| တိ | နဝ |
| စတု | အဋ္ဌ |
| ပဉ္စ | <mark>ဒွေ</mark> |

---

### နိဿယနှင့်အဓိပ္ပါယ်

---

### လေ့ကျင့်ခဏ်း မေးခွန်းများ

က။ အဘယ်စကားရပ်ကို ကိစ္စသင်္ဂဟ ဟု ခေါ်သနည်း။

ခ။ ကိစ္စအပြား ဌာနအပြားကို သရုပ်ရေတွက်၍, ကိစ္စနှင့်ဌာန အထူးပြပါ။

ဂ။ ပဋိသန္ဓေ-ဘဝင်-စုတိ ကိစ္စ တပ်သောစိတ် မည်မျှရှိကြောင်းကို သင်္ဂြိုဟ်ထောက်၍ ပြပါ။

ဃ။ အာဝဇ္ဇန်းကိစ္စ တပ်သောစိတ် မည်မျှ ရှိသနည်း, အထောက်ပြပါ။

င။ ဒဿန သဝန ဃာယန သာယန ဖုသန သမ္ပဋိစ္ဆန ကိစ္စ တပ်သောစိတ်မည်မျှစီ ရှိသနည်း, သင်္ဂြိုဟ်ထောက်၍ အသီးအသီး ကောက်ပြပါ။

စ။ သန္တီရဏ ကိစ္စ တပ်သောစိတ် မည်မျှ ရှိသနည်း, အထောက်ပြပါ။

ဆ။ <mark>ဝုဋ္ဌော</mark>ကိစ္စ တပ်သောစိတ် မည်မျှ ရှိသနည်း, အထောက်ပြပါ။ဇောကိစ္စတပ်သောစိတ် မည်မျှ ရှိသနည်း, အထောက်ပြပါ။

ဇ။ တဒါရုံ ကိစ္စ တပ်သောစိတ် မည်မျှ ရှိသနည်း, အထောက်ပြပါ။

ဈ။ သင်္ဂဟ ၂ ဂါထာတွင် ပဌမ ဂါထာက အဘယ် စကားရပ်ကို အကျဉ်းချုပ်၍, ဒုတိယ ဂါထာက အဘယ် စကားရပ်ကို အကျဉ်းချုပ်သနည်း,ထို နှစ်ဂါထာကို အနက်ပေးပြပါ။

ည။ ဧက နှင့် အဋ္ဌသဋ္ဌိ အရ အကျယ်ပါဠိကိုပြ၍ သရုပ် ရေတွက်ပါ။

ဋ။ ဒွိ နှင့် <mark>ဒွေ</mark> အရ ၂ ကိစ္စ ၂ ဌာနစီ တပ်သောစိတ် ၂ ပါး ရှိရာဝယ်အကျယ်ထောက်၍ သရုပ်ကောက်ပါ။

ဌ။ တိ နှင့် နဝ အရ အကျယ်ထောက်၍ သရုပ်ကောက်ပါ။

ဍ။ စတု နှင့် အဋ္ဌ အရ အကျယ်ထောက်၍ သရုပ်ကောက်ပါ။

ဏ။ ပဉ္စ နှင့် <mark>ဒွေ</mark> အရ အကျယ်ထောက်၍ သရုပ်ကောက်ပါ။

---

## Trang 78

၁။ ဒွါရသင်္ဂဟေ – ဒွါရသင်္ဂဟ၌၊ (တထာ ဒွါရသင်္ဂဟေ<mark>နာမ</mark>-ဒွါရသင်္ဂဟမည်သော စကားရပ်၌ ဆိုလတ္တံ့ကုန်သော၊) ဒွါရာနိ<mark>နာမ</mark> – ဒွါရတို့မည်သည်၊စက္ခုဒွါရံ-စက္ခု ဒွါရ၎င်း၊ သောတဒွါရံ-၎င်း၊ ဃာနဒွါရံ-၎င်း၊ဇိဝှါဒွါရံ-၎င်း၊ ကာယဒွါရံ-၎င်း၊ မနောဒွါရံစ-၎င်း၊ ဣတိ--ဤသို့၊ ဆဗ္ဗိဓာနိ-<mark>ခြောက်ပါး</mark> အပြားရှိကုန်သည်၊ ဘဝန္တိ-ဖြစ်၏။

၂။ တတ္ထ-ထို<mark>ခြောက်ပါး</mark>သော ဒွါရတို့တွင်၊ စက္ခုမေဝ-စက္ခုပသာဒသည်ပင် စက္ခုဒွါရံ-စက္ခုဒွါရ မည်၏၊ တထာ–

---

### ဒွါရသင်္ဂဟ

ဒွါရ အပြားအားဖြင့် စိတ်စေတသိက်တို့ကို သင်္ဂြိုဟ်ရေတွက်ပြရာ စကားရပ်ကို "ဒွါရသင်္ဂဟ" ဟု ခေါ်သည်။

၁။ ဒွါရာနိ<mark>နာမ</mark>၊ ပေ၊ ဆဗ္ဗိဓာနိ ဘဝန္တိ — ဤစကားကား အရင်းခံ ဒွါရအပြားကို <mark>ရှေးဦးစွာ</mark>ပြသော စကားတည်း၊ ဒွါရသဒ္ဒါသည် လူနေအိမ်များ၏ တံခါးပေါက်ကို ဟောရှင်းဖြစ်၏၊ ဤနေရာ၌ကား ၍ တံခါးပေါက်နှင့်အလားတူသော စက္ခုပသာဒ စသော တရားများကို <mark>သဒိသူပစာရ</mark>အားဖြင့်ဒွါရသဒ္ဒါက ဟောပြသည်၊ "ပကတိ တံခါးပေါက်သည် လူတို့ ဝင်ရောက်ကြောင်း ဖြစ်သကဲ့သို့, ခန္ဓာအိမ်၏ စက္ခုပသာဒအစရှိသော တံခါးပေါက်များလည်း စက္ခုဒွါရိကဝီထိ စသည်တို့၏ (ဝင်ရောက်သည့်ပမာ) ဖြစ်ပေါ်လာကြောင်းဖြစ်သည်"ဟူလို၊ ဒွါရ ၆ ပါးသရုပ်ကို ပါဠိရှိတိုင်း ရေတွက်လေ။

---

၂။ စက္ခုမေဝ၊ ပေ၊ ပဝုစ္စတိ - ဤစကားရပ်ကား ဒွါရ ၆ ပါး၏တရားကိုယ်နှင့်တကွ ဝိဂြိုဟ်ကိုပြသော စကားတည်း၊ ထိုစကားမှန်၏ "စက္ခုမေဝ စက္ခုဒွါရံ" ဖြင့် စက္ခုဒွါရဟူသည် စက္ခုပသာဒရုပ်ပင်တည်း ဟု စက္ခုဒွါရ၏ တရားကိုယ် အရကောက်ကို၎င်း, စက္ခုနှင့် ဒွါရကို "စက္ခုမေဝ+ဒွါရံ,စက္ခုဒွါရံ" ဟု အဝဓာရဏကမ္မဓာရည်းသမာသ် တွဲစပ်ပုံကို၎င်း ပြသည်။

---

### နိဿယနှင့်အဓိပ္ပါယ်

<mark>ထို့အတူ</mark>၊ သောတာဒယော (သောတ) - သောတပသာဒ အစရှိသည်တို့သည်ပင်၊ <mark>သောတဒွါရာဒီနိ</mark> - သောတဒွါရ အစရှိသည်တို့မည်၏၊ ပန-အထူးကား၊ <mark>ဘဝင်္ဂ</mark>-ဘဝင်စိတ်ကိုမနောဒွါရန္တိ−မနောဒွါရဟူ၍၊ ပဝုစ္စတိ-ဆိုအပ်၏။

---

၃။ တတ္ထ-ထို<mark>ခြောက်ပါး</mark>သောဒွါရတို့တွင်၊ ပဉ္စဒွါရာဝဇ္ဇနစက္ခုဝိညာဏ သမ္ပဋိစ္ဆန သန္တီရဏ ဝေါဋ္ဌပန ကာမာဝစရဇဝန<mark>တဒါရမဏ</mark>ဝသေန ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဏ်ဒွေး,<mark>သမ္ပဋိစ္ဆိန်း</mark>ဒွေး, သန္တီရဏသုံးပါး, <mark>ဝုဋ္ဌော</mark>, ကာမဇောတခုယုတ်သုံးဆယ်, တဒါရုံတို့၏ အပြားအားဖြင့်၊ ဆစတ္တာလီသ – ၄၆

---

သောတာဒယော၌ အာဒိသဒ္ဒါဖြင့် ဃာန ဇိဝှါ ကာယ ပသာဒရုပ် တို့ကိုယူ။ တထာသဒ္ဒါဖြင့်စက္ခုဒွါရကဲ့သို့ "သောတမေဝ+ဒွါရံ, သောတဒွါရံ" စသော ဝစနတ်နှင့်သောတပသာဒ စသည်ကို အရကောက်တို့ရာ ညွှန်ပြသည်။

---

မနောဒွါရံပန၊ ပေ၊ ပဝုစ္စတိ — ဘဝင်စိတ်ကို မနောဒွါရဟု ဆိုအပ်သည်၊ "မနောဒွါရအရမှာ စက္ခုဒွါရစသည်ကဲ့သို့ ပသာဒရုပ်ကို မကောက်ဘဲဘဝင်စိတ်ကို ကောက်ယူပါလေ" ဟူလို၊ ဝိဂြိုဟ်မှာ – မနောဧဝ + ဒွါရံ,မနောဒွါရံ — ဘဝင်စိတ်သည်ပင်, ဒွါရံ-ဝီထိစိတ်တို့၏ဖြစ်ကြောင်းတည်း၊ မနောဒွါရံ – ဘဝင်စိတ်သည်ပင် ဝီထိစိတ်တို့၏ ဖြစ်ကြောင်း။

---

၃။ တတ္ထ ပဉ္စဒွါရာ၊ ပေ၊ ဥပ္ပဇ္ဇန္တိ — ဤ စကားဖြင့် စက္ခုဒွါရ၌ ဖြစ်နိုင်သော စိတ်ပေါင်း ၄၆ ပါးရှိ၏ ဟုမှတ်၊ ပဉ္စဒွါရာဝဇ္ဇန်း ၁-စက္ခုဝိညာဏ် ၂ -<mark>သမ္ပဋိစ္ဆိန်း</mark> ၂-သန္တီရဏ ၃-<mark>ဝုဋ္ဌော</mark>(မနောဒွါရာဝဇ္ဇန်း) ၁-ကာမဇော ၂၉-

---

## Trang 79

ပါးသော၊ <mark>စိတ္တာနိ</mark> – စိတ်တို့သည်၊ စက္ခုဒွါရေ – စက္ခုဒွါရ၌၊ယထာရဟံ- <mark>အခါ ရံ</mark> ဘုံ ပုဂ္ဂိုလ် မနသိကာရစသည်အလိုက်ထိုက်သည်အားလျော်စွာ၊ ဥပ္ပဇ္ဇန္တိ 'ဖြစ်ကုန်၏။

၄။ တထာ-<mark>ထို့အတူ</mark>၊ ပဉ္စဒွါရာဝဇ္ဇန<mark>သောတဝိညာဏာ</mark>ဒိဝသေန-ပဉ္စဒွါရာဝဇ္ဇန်း, သောတဝိညာဏ် အစရှိသည်တို့၏အပြားအားဖြင့်၊ သောတဒွါရာဒီသုပိ-သောတဒွါရအစရှိသည်တို့၌လည်း၊ ဆစတ္တာလီသေဝ- ၄၆ ပါးစီသာလျှင်ဖြစ်သော၊(<mark>စိတ္တာနိ</mark>-တို့သည်၊) ဘဝန္တိ-ဖြစ်၏၊ ဣတိ-ဤသို့၊ သဗ္ဗထာပိ-အလုံးစုံသော အပြားအားဖြင့်လည်း၊ ပဉ္စဒွါရေ - ငါးဒွါရ၌၊စတုပညာသ- ၅၄ ပါးသော၊ <mark>စိတ္တာနိ</mark>-တို့သည်၊ <mark>ကာမာဝစရာ</mark>နေဝ-ကာမာဝစရစိတ်တို့ချည်းသာတည်း။

---

တဒါရုံ ၁၁ (၁၁ရှိသော်လည်း သန္တီရဏကို ယူပြီးဖြစ်၍ မဟာဝိပါက်စိတ်၈ ကိုသာယူ) ပေါင်း ၄၆ ပါးတည်း၊[ ၍ ပဉ္စဒွါရာဝဇ္ဇန်း စက္ခုဝိညာဏ်စသော အစဉ်ကို ဝီထိကျစဉ် အတိုင်း ဆိုသည်၊ ယထာရဟံ စသည် တို့၏အဓိပ္ပါယ်ကို ဘာသာဋီကာ၌ ဆိုထားပြီ။ ]

၄။ တထာ ပဉ္စဒွါရာဝဇ္ဇန၊ ပေ၊ ဆစတ္တာလီသေဝ ဘဝန္တိ — သောတဝိညာဏာဒိ၌ အာဒိသဒ္ဒါဖြင့် ဃာနဝိညာဏ် ဇိဝှါဝိညာဏ် ကာယဝိညာဏ်တို့ကို ယူ၊ သောတဒွါရာဒီသု၌ အာဒိသဒ္ဒါဖြင့် ဃာနဒွါရ ဇိဝှါဒွါရ ကာယဒွါရတို့ကိုယူ၊ "စက္ခုဝိညာဏ်အရာ၌ သောတဝိညာဏ် စသည်ကို လဲလှယ်သွတ်သွင်း၍ သောတဒွါရိကစိတ် ၄၆, ဃာနဒွါရိကစိတ် ၄၆, ဇိဝှါဒွါရိကစိတ် ၄၆, ကာယဒွါရိကစိတ် ၄၆ ဟု သိလေ"ဟူလို။

---

### နိဿယနှင့်အဓိပ္ပါယ်

၅။ ပန-အဖို့တပါးကာ၊ မနောဒွါရေ-မနောဒွါရ၌၊ မနောဒွါရာဝဇ္ဇန ပဉ္စပညာသဇဝန <mark>တဒါရမဏ</mark>ဝသေန - မနောဒွါရာဝဇ္ဇန်း, <mark>ဇော ၅၅</mark>, တဒါရုံ ၁၁ ပါး တို့၏ အပြားအားဖြင့်၊<mark>သတ္တသဋ္ဌိ</mark>-၆၇ ပါးသော၊ <mark>စိတ္တာနိ</mark> – စိတ်တို့သည်၊ ဘဝန္တိ−ဖြစ်ကုန်၏။

၆။ <mark>ကူနဝီသတိ</mark>-တခုယုတ်နှစ်ဆယ်သော၊ (<mark>စိတ္တာနိ</mark>-တို့သည်၊) ပဋိသန္ဓေ<mark>ဘဝင်္ဂ</mark>စုတိဝသေန - ပဋိသန္ဓေကိစ္စ ဘဝင်ကိစ္စစုတိကိစ္စတို့၏ အပြားအားဖြင့်၊ (ပဝတ္တမာနာနိ-ဖြစ်ကုန်သည်ရှိသော်) ဒွါရဝိမုတ္တာနိ-ဒွါရမှလွတ်ကုန်၏။

၇။ ပန-အပေါင်းကို ပြခြူးအံ့၊ တေသု - ထို ဆိုင်ရာဒွါရ၌ဖြစ်သောစိတ်တို့တွင်၊ ပဉ္စဝိညာဏာနိစ-<mark>ဒွေးပဉ္စ</mark>ဝိညာဏ်၁၀ တို့၎င်း၊ မဟဂ္ဂုတလောကုတ္တရ ဇဝနာနိစ – မဟဂ္ဂုတ်လောကုတ္တရာဇောကို၎င်း၊ ဣတိ-သို့၊ ဆတ္တိံသ-၃၆ ပါးသော၊

---

ဣတိ သဗ္ဗထာပိ၊ ပေ၊ <mark>ကာမာဝစရာ</mark>နေဝ - စက္ခုစသော ငါးဒွါရ၌ဖြစ်သမျှသော စိတ်ပေါင်းသည် ၅၄ ပါးရှိ၏၊ ထိုအားလုံးသည် ကာမာဝစရစိတ်ချည်းသာတည်း၊[ဟုတ် မဟုတ်ကို စိစစ်ကြည့်လေ။]

၅။ မနောဒွါရေပန၊ ပေ၊ <mark>သတ္တသဋ္ဌိ</mark> စိတ္တာနိ — မနောဒွါရ၌ ဖြစ်သောစိတ်ကား ၆၇ ပါးရှိ၏၊ ပါဠိကိုကြည့်၍ သရုပ်ရေတွက်လေ။

၆။ <mark>ကူနဝီသတိ</mark>၊ ပေ၊ ဒွါရဝိမုတ္တာနိ — ပဋိသန္ဓေကိစ္စ ဘဝင်ကိစ္စ စုတိကိစ္စ တပ်ခိုက် မည်သည့်ဒွါရ၌မျှ မဖြစ်ကြရကား ပဋိသန္ဓေ ဘဝင် စုတိစိတ်တို့သည် ဒွါရဝိမုတ်စိတ်များ ဖြစ်ကုန်၏။

---

## Trang 80

(<mark>စိတ္တာနိ</mark>-တို့သည်၊) ယထာရဟံ - ထိုက်သည်အားလျော်စွာ၊<mark>ဧကဒွါရိကစိတ္တာနိနာမ</mark>-ဒွါရ၌ဖြစ်သော စိတ်တို့မည်၏။

၈။ ပန-ကား၊ မနောဓာတုတ္တိကံ-မနောဓာတ်သုံးပါးသည်၊ပဉ္စဒွါရိကံ-ငါးဒွါရ၌ဖြစ်၏။

၉။ သုခသန္တီရဏ ဝေါဋ္ဌပန <mark>ကာမာဝစရ ဇဝနာနိ</mark>-သုခသန္တီရဏ, <mark>ဝုဋ္ဌော</mark>, ကာမဇောတို့သည်၊ ဆဒွါရိကစိတ္တာနီ-ခြောက်ဒွါရ၌ဖြစ်သော စိတ်တို့တည်း။

၁၀။ ဥပေက္ခာသဟဂတ သန္တီရဏ မဟာဝိပါကာနိ-ဥပေက္ခာသန္တီရဏ ၂, မဟာဝိပါက် ၈ တို့သည်၊ ဆဒွါရိကနိစေဝ-ရံခါ ခြောက်ဒွါရ၌လည်း ဖြစ်ကုန်၏၊ ဒွါရဝိမုတ္တာနိစ-ရံခါ ခြောက်ဒွါရမှလည်း လွတ်ကုန်၏။

---

၇။ တေသုပန၊ ပေ၊ ဧကဒွါရိက<mark>စိတ္တာနိ</mark> — ဒွေးပဉ္စဝိညာဏ် ၁၀ တွင်စက္ခုဝိညာဏ်<mark>ဒွေ</mark>းသည် စက္ခုဒွါရ၌သာဖြစ်၏, စသည်ဖြင့် သိလေ၊ မဟဂ္ဂုတ်လောကုတ္တရာဇောတို့သည် မနောဒွါရ၌သာ ဖြစ်ကုန်၏။

၁၀။ ဥပေက္ခာသဟဂတ၊ ပေ၊ ဒွါရဝိမုတ္တာနိစ−ဥပေက္ခာသဟဂုတ်သန္တီရဏ ၂ နှင့် မဟာဝိပါက် ၈ တို့သည် သန္တီရဏ တဒါရုံကိစ္စ တပ်ခိုက်၆ ဒွါရ၌ဖြစ်ကုန်၏။ ပဋိသန္ဓေ ဘဝင် စုတိ ကိစ္စတပ်ခိုက် ၆ ဒွါရမှလွတ်ကုန်၏။

၇, ၈, ၉, ၁၀, ၁၁ — ဤ စကားရပ်တို့ကား တဒွါရ၌ ဖြစ်သော စိတ်ငါးဒွါရ၌ဖြစ်သောစိတ် စသည်ဖြင့် ပေါင်းယူရေတွက်ပြသော စကားတည်း၊စေတသိက်ပိုင်းလာ သင်္ဂဟနည်းမျိုးပင် ဖြစ်၏။

---

### နိဿယနှင့်အဓိပ္ပါယ်

၁၁။ မဟဂ္ဂတဝိပါကာနိ-<mark>မဟဂ္ဂုတ်ဝိပါက် ၉ ခု</mark>တို့သည်၊ဒွါရဝိမုတ္တာနေဝ-အခါခပ်သိမ်း ခြောက်ဒွါရမှ လွတ်ကုန်သည်သာလျှင်တည်း၊ ဣတိ-ဤကား ဒွါရဖြင့် စိတ်တို့ကို ပေါင်းယူခြင်းတည်း။

၁၂။ ဧကဒွါရိက<mark>စိတ္တာနိ</mark>-တဒွါရ၌ဖြစ်သော စိတ်တို့သည်၎င်း၊ ပဉ္စ ဆဒွါရိကာနိစ-ငါးဒွါရ၌ဖြစ်သောစိတ် ခြောက်ဒွါရ၌ဖြစ်သော စိတ်တို့သည်၎င်း၊ ဆဒွါရိကဝိမုတ္တာနိ-ရံခါ ခြောက်ဒွါရ၌ဖစ်၍, ရံခါ ခြောက်ဒွါရမှလွတ်သော စိတ်တို့သည်၎င်း၊သဗ္ဗထာ-အလုံးစုံသောအပြားအားဖြင့်၊ သဗ္ဗဒါ-ရှိလျှင်, အခါခပ်သိမ်း၊ ဝိမုတ္တာနိစ-ခြောက်ဒွါရမှ လွတ်သောစိတ်တို့သည်၎င်း၊ ယထာက္ကမံ-အကြင်အကြင် အစဉ်ရှိတိုင်း၊ <mark>ဆတ္တိံသတိ</mark>-၃၆ ပါးသည်၎င်း၊ တထာ-ထိုမှတပါး၊ တီဏိ-သုံးပါးတို့သည်၎င်း၊ <mark>ဧကတ္တိံသ</mark>-၃၁ ပါးသည်၎င်း၊ ဒသ-ဆယ်ပါး ပြားကုန်သည်၎င်း၊ နဝဓာ-ကိုးပါး ပြားကုန်သည်၎င်း၊ (ဟောန္တိ-

---

၁၁။ မဟဂ္ဂတ၊ ပေ၊ ဒွါရဝိမုတ္တာနေဝ — မဟဂ္ဂုတ်ဝိပါက်စိတ်တို့ကားပဋိသန္ဓေ ဘဝင် စုတိ ကိစ္စမှတပါး အခြားကိစ္စ မတပ်သောကြောင့် အခါခပ်သိမ်း ၆ ဒွါရမှ လွတ်ကုန်၏။

၁၂။ သင်္ဂဟဂါထာ။ ပဉ္စ ဆ ဒွါရိကာနိ၌ "ပဉ္စဒွါရိက-ဆဒွါရိက"ဟု ဆိုလိုလျက် ဂါထာအရာ ဖြစ်၍ စကား ကျဉ်းအောင် ဒွါရိက တပုဒ်ကိုချေထားသည်၊ ဆဒွါရိကဝိမုတ္တာနိ၌လည်း "ဆဒွါရိက-ဒွါရဝိမုတ္တာနိ" ဟုဆိုလိုလျက် ဒွါရပုဒ်ကို ချေထားသည်။
