## Trang 91

### ၁၇. ပကိဏ်းပိုင်း

ည။ အနာဂတ် တရားကို <mark>ဧကန်</mark> အာရုံပြုသောစိတ် မည်မျှ ရှိသနည်း၊ အနေကန် အာရုံပြုသောစိတ် မည်မျှ ရှိသနည်း၊ လင်္ကာသံပေါက်<mark>ထောက်၍</mark> ကောက်ပြပါ။ [ အနာဂတာရမဏာပုဒ်-အရ ဖြစ်လတံ့။ ]

ဋ။ ပစ္စုပ္ပန် တရားကို <mark>ဧကန်</mark> အာရုံပြုသော စိတ် အနေကန် အာရုံပြုသော စိတ် မည်မျှနည်း၊ လင်္ကာသံပေါက်<mark>ထောက်၍</mark> ကောက်ပြပါ။ [ ပစ္စုပ္ပန္နာရမဏာပုဒ်-အရ ဖြစ်လတံ့။ ]

ဌ။ ကာလဝိမုတ်ကို <mark>ဧကန်</mark> အာရုံပြုသောစိတ်၊ အနေကန်အာရုံပြုသောစိတ် မည်မျှနည်း၊ လင်္ကာသံပေါက်<mark>ထောက်၍</mark> ကောက်ပြပါ။ [ အတီတာရမဏတိက်မုတ် ဖြစ်လတံ့။ ]

ဍ။ အဇ္ဈတ္တတရားကို <mark>ဧကန်</mark> အာရုံပြုသောစိတ်၊ အနေကန် အာရုံပြုသော စိတ် မည်မျှနည်း၊ လင်္ကာသံပေါက်<mark>ထောက်၍</mark> ကောက်ပါ။ [ အဇ္ဈတ္တာရမဏာပုဒ်-အရ ဖြစ်လတံ့။ ]

ဎ။ ဗဟိဒ္ဓတရားကို <mark>ဧကန်</mark> အာရုံပြုသောစိတ်၊ အနေကန် အာရုံပြုသောစိတ် မည်မျှနည်း၊ လင်္ကာသံပေါက်<mark>ထောက်၍</mark> ကောက်ပါ။ [ ဗဟိဒ္ဓါရမဏာပုဒ်-အရ ဖြစ်လတံ့။ ]

ဏ။ ဣဿာနှင့် အပ္ပမညာသည် အဇ္ဈတ္တတရားကို အာရုံပြုသလော၊ လင်္ကာပုဒ်ကို ထောက်ပါ။

တ။ <mark>လောကီဝိရတိသည်</mark> အဘယ်တရားကို အာရုံပြုသနည်း၊ လင်္ကာပုဒ် ထောက်ပါ။

<mark>ဒ။</mark> လောကုတ္တရာဝိရတိသည် အဘယ်တရားကို အာရုံပြုသနည်း၊ လင်္ကာပုဒ်ကို ထောက်ပါ။

ပ။ အပ္ပမညာဒွေးသည် အဘယ်တရားကို အာရုံပြုသနည်း၊ လင်္ကာပုဒ် ထောက်ပါ။

---

### ဝတ္ထုသင်္ဂဟ

**နိဿယနှင့်အဓိပ္ပါယ်**

၁၇၃

၁။ ဝတ္ထုသင်္ဂဟေ-ဝတ္ထုသင်္ဂဟ၌၊ (<mark>ဆဠိဓာနိ</mark>-ခြောက်ပါးအပြားရှိကုန်သော၊) <mark>ဝတ္ထုနာမ</mark>-ဝတ္ထုတို့မည်သည်၊ စက္ခုဝတ္ထု-စက္ခုဝတ္ထု၎င်း၊ သောတဝတ္ထု-၎င်း၊ ဃာနဝတ္ထု-၎င်း၊ ဇိဝှါဝတ္ထု-၎င်း၊ ကာယဝတ္ထု-၎င်း၊ ဟဒယဝတ္ထုစ-ဟဒယဝတ္ထု၎င်း၊ ဣတိ-သို့၊ ဆဗ္ဗိဓာနိ-ခြောက်ပါးအပြားရှိကုန်သည်၊ ဘဝန္တိ-ဖြစ်ကုန်၏။

၂။ တာနိ ခေါ-ထိုခြောက်ပါးသော ဝတ္ထုရုပ်တို့ကို၊ ကာမလောကေ-ကာမဘုံ၌၊ <mark>သဗ္ဗာနိပိ</mark>-အလုံးစုံတို့ကိုလည်း၊ လဗ္ဘန္တိ-ရအပ်ကုန်၏။

၃။ ပန-အဘို့တပါးကား၊ ရူပလောကေ-အသညသတ်ကြဉ်သော ရူပဘုံ၌၊ ဃာနာဒိတ္တယံ-ဃာနစသော ဝတ္ထုရုပ်သုံးပါးအပေါင်းသည်၊ နတ္ထိ-မရှိ။

---

### ဝတ္ထုသင်္ဂဟ

"ဝတ္ထု" အပြားဖြင့် <mark>စိတ် စေတသိက်</mark>တို့ကို သင်္ဂြိုဟ်ရေတွက်ရာ စကားရပ်ကို "ဝတ္ထုသင်္ဂဟ" ဟု ခေါ်သည်။

၁။ <mark>ဝတ္ထုနာမ</mark>၊ ပေ၊ <mark>ဆဠိဓာနိ</mark>--ဤကား အရင်းခံ ဝတ္ထုအပြားကို ရှေးဦးစွာပြသော စကားတည်း။ ကျောင်း၏တည်ရာ မှီရာ မြေကို "ဝိဟာရဝတ္ထု-ကျောင်းနေရာ" ဟု ခေါ်စမှတ်ပြုသကဲ့သို့၊ <mark>စိတ် စေတသိက်</mark>တို့၏ မှီရာကို "ဝတ္ထု" ဟု ခေါ်သည်။ ဝတ္ထုရုပ် ၆ ပါးသရုပ်ကို ပါဠိကြည့်၍ ရေတွက်လေ။ ["စက္ခု သောတ ဃာန ဇိဝှါ ကာယ ဟဒယဝတ္ထု စ" ၌ စက္ခုဝတ္ထု၊ သောတဝတ္ထု၊ စသည်ဆိုလိုလျက် ဝါကျကျဉ်းအောင် ရှေးရှေး ဝတ္ထုသဒ္ဒါတွေကို ဖြုတ်ထားသည်၊ အဆုံး၌ ဝတ္ထုသဒ္ဒါတခုကို ပြထားသောကြောင့် အန္တဒီပကနည်းလည်း ဆိုရ၏။]

၂-၃-၄ ဝါကျတို့မှာ ပါဠိရှိတိုင်း သိသာပြီ။ ရူပဘုံ၌ "ဃာနစသော ဝတ္ထုရုပ်များ မရှိ" ဟူသော စကားအရ ရူပဗြဟ္မာများမှာ နှာခေါင်းမရှိ၊

---

## Trang 92

၄။ ပန-ကား၊ အရူပလောကေ-အရူပဘုံ၌၊ <mark>သဗ္ဗာနိပိ</mark>-အလုံးစုံသော ဝတ္ထုရုပ်တို့သည်လည်း၊ န သံဝိဇ္ဇန္တိ-မရှိကုန်။

၅။ တတ္ထ-ထိုခြောက်ပါးသော ဝတ္ထုတို့တွင်၊ ပဉ္စဝိညာဏဓာတုယော-ပဉ္စဝိညာဏဓာတ်တို့သည်၊ ယထာက္ကမံ-အကြင်အကြင် အစဉ်ရှိတိုင်း၊ ဧကန္တေန-<mark>ဧကန်</mark>အားဖြင့်၊ ပဉ္စပသာဒဝတ္ထူနိ-ငါးပါးသော ပသာဒဝတ္ထုတို့ကို၊ နိဿာယေဝ-မှီ၍သာလျှင်၊ ပဝတ္တန္တိ-ဖြစ်ကုန်၏။

၆။ ပန-ကား၊ ပဉ္စဒွါရာဝဇ္ဇန သမ္ပဋိစ္ဆန<mark>သင်္ခါတာ</mark>-ပဉ္စဒွါရာဝဇ္ဇန်း၊ <mark>သမ္ပဋိစ္ဆိန်း</mark>ဒွေးဟု ဆိုအပ်သော၊ <mark>မနောဓာတု</mark>စ-မနောဓာတ်သည်လည်း၊ ဟဒယံ-ဟဒယဝတ္ထုကို၊ နိဿိတာယော-မှီလျက်သာလျှင်၊ ပဝတ္တတိ-ဖြစ်၏။

---

**နိဿယနှင့်အဓိပ္ပါယ်**

၁၇၄

<mark>လျှာမရှိ၊ ကိုယ်မရှိ</mark> ဟု မမှတ်လင့်။ ပသာဒရုပ် အကြည်ဓာတ်သာ မရှိသည်။ နှာခေါင်းပုံဟန် လျှာပုံဟန် ကိုယ်ပုံဟန်ကား လှပပြေပြစ်စွာ ထင်ရှားရှိ၏။ ဃာနပသာဒ စသည်တို့ မရှိခြင်း၏အကြောင်းကို ရုပ်ပိုင်း ရူပပဝတ္တိက္ကမ၌ သိရလတံ့။ အရူပဘုံ၌ကား ရုပ်တရားဟူသမျှ လုံးဝမရှိ၊ <mark>စိတ် စေတသိက်</mark>အစဉ်သာ ရှိသည်။

၅။ တတ္ထ ပဉ္စဝိညာဏ၊ ပေ၊ ပဝတ္တန္တိ — ဤဝါကျ၌ ယထာက္ကမံအရ စက္ခုဝိညာဏ်ဒွေးသည် စက္ခုဝတ္ထုကို မှီ၏၊ သောတဝိညာဏ်က သောတဝတ္ထု၊ ဃာနဝိညာဏ်က ဃာနဝတ္ထု၊ ဇိဝှါဝိညာဏ်က ဇိဝှါဝတ္ထု၊ ကာယဝိညာဏ်ဒွေးက ကာယဝတ္ထုကို မှီ၏ ဟု သိလေ။

၆။ ပဉ္စဒွါရာဝဇ္ဇန၊ ပေ၊ ပဝတ္တတိ — ဤပါဠိအရ (ပဉ္စဒွါရာဝဇ္ဇန်းနှင့် <mark>သမ္ပဋိစ္ဆိန်း</mark>ဒွေးကို "မနောဓာတ်" ခေါ်သည်) ဟု မှတ်။ [သီဟိုဠ်မူ၌ "<mark>မနောဓာတု</mark>-ပဝတ္တတိ" ဟု ဧကဝုစ်ဖြင့် ရှိ၏။]

၇။ ပန-ကား၊ အဝသေသာ-ကြွင်းကုန်သော၊ မနောဝိညာဏဓာတု<mark>သင်္ခါတာ</mark>-မနောဝိညာဏဓာတ်ဟု ဆိုအပ်သော စိတ်တို့သည်လည်း၊ သန္တီရဏ မဟာဝိပါက ပဋိဃဒွယ ပဌမမဂ္ဂ ဟသန ရူပါဝစရဝသေန-သန္တီရဏ၊ မဟာဝိပါက်၊ ဒေါသမူဒွေး၊ သောတာပတ္တိမဂ်၊ ဟသိတုပ္ပါဒ်၊ ရူပစိတ်တို့၏အဖြစ်ဖြင့်၊ (<mark>ပဝတ္တမာနာ</mark>-ဖြစ်ကုန်သည်ရှိသော်) ဟဒယံ-ကို၊ နိဿာယေဝ-မှီ၍သာလျှင်၊ ပဝတ္တန္တိ-ဖြစ်ကုန်၏။

၈။ ပန-ကား၊ အဝသေသ ကုသလာကုသလကြိယာနုတ္တရဝသေန-ကြွင်းသော ကုသိုလ် အကုသိုလ် ကြိယာ လောကုတ္တရာတို့၏အဖြစ်ဖြင့်၊ (<mark>ပဝတ္တမာနာ</mark>-ဖြစ်ကုန်သည်ရှိသော်၊) နိဿာယဝါ-မှီ၍၎င်း၊ အနိဿာယဝါ-မမှီဘဲ၎င်း၊ ပဝတ္တန္တိ-ဖြစ်ကုန်၏။

---

**နိဿယနှင့်အဓိပ္ပါယ်**

၁၇၅

၇။ အဝသေသာ ပန၊ ပေ၊ ပဝတ္တန္တိ — သန္တီရဏ ၃၊ မဟာဝိပါက် ၈၊ ဒေါသမူ ၂၊ သောတာပတ္တိမဂ်စိတ် ၁၊ ဟသိတုပ္ပါဒ် ၁၊ ရူပစိတ် ၁၅၊ ဤ <mark>၃၀</mark> သော စိတ်တို့သည် ဟဒယဝတ္ထုကို အမြဲမှီကုန်၏။

ဤ ၅-၆-၇ ဝါကျလာ ၄၃ ပါးသော စိတ်တို့သည် ရုပ်တရားရှိသော ကာမရူပဘုံတို့၌သာ ဖြစ်သောကြောင့် ဆိုင်ရာ ဝတ္ထုရုပ်ကို အမြဲမှီကြရကား "တေစတ္တာလီသနိဿယ" အရ ဖြစ်လတံ့။

၈။ အဝသေသ၊ ပေ၊ အနိဿာယဝါ... [အဝသေသာ ဟု ရှေးပါဌ်၌ ရှိ၏၊ "အဝသေသာနိ ဒွါဒသ လောကိယ ကုသလာနိ" စသော ဋီကာဖွင့်ကို <mark>ထောက်၍</mark>၎င်း၊ စာသွားကို ဆင်ခြင်၍၎င်း၊ အဝသေသ ဟု သမာသ်နှင့် ပြင်လိုက်သည်။ ဆိုခဲ့ပြီးသော မနောဝိညာဏဓာတ်များကို အဝသေသပုဒ်၏ အပါဒါန်ခံ၊ ရှေ့က "မနောဝိညာဏဓာတု<mark>သင်္ခါတာ</mark>" ဟူသော ပါဌ်ကိုလည်း ဤဝါကျနှင့် နောက်ဝါကျများသို့လည်း လိုက်၍စပ်။]

---

## Trang 93

၉။ <mark>အာရုပ္ပဝိပါကဝသေန</mark>-အာရုပ္ပဝိပါက်၏အဖြစ်ဖြင့်၊ (<mark>ပဝတ္တမာနာ</mark>-ဖြစ်ကုန်သည်ရှိသော်၊) ဟဒယံ-ကို၊ အနိဿာယေဝ-မမှီဘဲသာလျှင်၊ ပဝတ္တန္တိ-ဖြစ်ကုန်၏။ ဣတိ-ဤကား ဝတ္ထုအပြားအားဖြင့် စိတ်တို့ကို ပေါင်းယူခြင်းတည်း။

၁၀။ ကာမေ-ကာမ ၁၁ ဘုံ၌၊ ဆဝတ္ထု-ခြောက်ပါးသော ဝတ္ထုရုပ်ကို၊ နိဿိတာ-မှီကုန်သော၊ သတ္တ-ခုနစ်ပါးသော ဓာတ်တို့ကို၊ (မတံ-သိအပ်ကုန်၏။) ရူပေ-အသညသတ်ကြဉ်သော ရူပ ၁၅ ဘုံ၌၊ တိဝတ္ထု-သုံးပါးသော ဝတ္ထုရုပ်ကို၊ နိဿိတာ-မှီကုန်သော၊ စတုဗ္ဘိဓာ-လေးပါးအပြားရှိသော ဓာတ်တို့ကို၊ (မတံ-သိအပ်ကုန်၏။) အရူပေ-အရူပလေးဘုံ၌၊

---

**နိဿယနှင့်အဓိပ္ပါယ်**

၁၇၆

ရူပကုသိုလ်မှ ကြွင်းသော လောကီကုသိုလ် ၁၂၊ ဒေါသမူဒွေးမှ ကြွင်းသော အကုသိုလ် ၁၀၊ ပဉ္စဒွါရာဝဇ္ဇန်း-ဟသိတုပ္ပါဒ်-ရူပကြိယာတို့မှ ကြွင်းသော ကြိယာ ၁၃၊ သောတာပတ္တိမဂ်မှ ကြွင်းသော လောကုတ္တရာ ၇၊ ပေါင်း ၄၂ တည်း။ ["ဒွေ စတ္တာလီသ" အရ ဖြစ်လတံ့။ ဤစိတ် ၄၂ ပါးသည် ဘုံအားလုံး၌ ဖြစ်ထိုက်ရကား ကာမ ရူပဘုံ၌ ဖြစ်ခိုက် ဟဒယဝတ္ထုကို မှီ၍ ဖြစ်၏၊ အရူပဘုံ၌ဖြစ်ခိုက် မမှီဘဲဖြစ်သည်။]

၉။ အာရုပ္ပ၊ ပေ၊ အနိဿာယေဝ — ဤအရ အရူပဝိပါက် လေးပါးကား <mark>ပဋိသန္ဓေ</mark> ဘဝင်စုတိကိစ္စတပ်လျက် ရုပ်မရှိရာ အရူပဘုံ၌သာဖြစ်သောကြောင့် ဟဒယဝတ္ထုကို အမြဲမမှီဘဲ ဖြစ်သည်။

---

**နိဿယနှင့်အဓိပ္ပါယ်**

၁၇၇

အနိဿိတာ-မမှီသော၊ ဧကာ-တခုသော၊ ဓာတု-မနောဝိညာဏဓာတ်ကို၊ မတံ-သိအပ်၏။

တေစတ္တာလီသ-၄၃ ပါးသော၊ (စိတ္တာနိ-စိတ်တို့သည်၊) နိဿာယ-မှီကုန်၍သာလျှင်၊ ဇာယရေ-ဖြစ်ကုန်၏။ <mark>ဒွေစတ္တာလီသ</mark>-၄၂ ပါးသော၊ (စိတ္တာနိ-စိတ်တို့သည်၊) နိဿာယ စ-ပဉ္စဝေါကာရဘုံ၌ ဖြစ်ခိုက် မှီကုန်၍၎င်း၊ အနိဿာယ-စတုဝေါကာရဘုံ၌ ဖြစ်ခိုက် မမှီကုန်ဘဲ၎င်း၊ ဇာယရေ-ဖြစ်ကုန်၏။ ပါကရုပ္ပါ-အာရုပ္ပဝိပါက် ၄ ခုတို့သည်၊ အနိဿိတာ-မမှီကုန်ဘဲသာ၊ ဇာယရေ-ဖြစ်ကုန်၏။

---

### သင်္ဂဟဂါထာ

ကာမ ၁၁ ဘုံ-ရူပ ၁၅ ဘုံတို့ကား ဝီထိမုတ်ပိုင်း၌ ထင်ရှားလတ္တံ့။

**ဆဝတ္ထုနိဿိတာ ကာမေ သတ္တ** — ကာမဘုံ၌ စက္ခုဝိညာဏဓာတ်စသော ဓာတ် ၇ ပါးသည် ဝတ္ထုရုပ် ၆ ပါးကို ထိုက်သလိုမှီ၍ ဖြစ်သည်။

**ရူပေ စတုဗိဓာ တိဝတ္ထု** — အသညသတ်ဘုံကို စိတ်မရှိသောကြောင့် ကြဉ်၍ ကျန်ရူပဘုံများ၌ စက္ခုဝိညာဏ၊ သောတဝိညာဏ၊ မနောဓာတ်၊ မနောဝိညာဏဓာတ် — ဤဓာတ် ၄ ပါးသည် စက္ခု-သောတ-ဟဒယဝတ္ထု သုံးပါးကို မှီသည်။

**အရူပေ ဓာတွေကာ နိဿိတာ** — အရူပဘုံ၌ဖြစ်သော မနောဝိညာဏဓာတ် ၁ ပါးကား မှီဘို့ရာရုပ်မရှိသောကြောင့် ဝတ္ထုရုပ်ကို မမှီနိုင်။

တေစတ္တာလီသ <mark>ဒွေစတ္တာလီသ</mark> တို့၏ သရုပ်ကို ပါဠိအကျယ်ကြည့်၍ ကောက်လေ။ တေစတ္တာလီသကား ပဉ္စဝေါကာရဘုံ၌သာ ဖြစ်သောကြောင့် ဝတ္ထုရုပ်တပါးပါးကို အမြဲမှီသည်။ <mark>ဒွေစတ္တာလီသ</mark>ကား ပဉ္စဝေါကာရဘုံ၌

---

## Trang 94

ဖြစ်ခိုက်မှီ၍၊ စတုဝေါကာရဘုံ၌ ဖြစ်ခိုက် မမှီဘဲဖြစ်သည်။ အရူပဝိပါက်ကား စတုဝေါကာရဘုံ၌သာ ဖြစ်သောကြောင့် အမြဲမမှီ။

"ဝေါကာရော လာမကေခန္ဓ" အဘိဓာန်အရ ဝေါကာရသဒ္ဒါသည် "ခန္ဓာ" ဟူသော အနက်ကို ဟော၏။ ပဉ္စ+ဝေါကာရ = ခန္ဓာငါးပါးရှိသော ကာမရူပဘုံ၊ စတု+ဝေါကာရ = ခန္ဓာလေးပါးရှိသော အရူပဘုံ။ [အသညသတ်ဘုံသည် ရူပက္ခန္ဓာ ၁ ပါးသာရှိ၍ ဧကဝေါကာရ မည်၏။]

**စေတသိက်ကို ရေတွက်ပြခြင်း။** စက္ခုဝတ္ထုကိုမှီသော စေတသိက်ကား စက္ခုဝိညာဏ်နှင့်ယှဉ်သော သဗ္ဗစိတ္တသာဓာရဏ ၇ တည်း။ သောတ ဃာန ဇိဝှါ ကာယ ဝတ္ထုတို့ကို မှီသော စေတသိက်များလည်း ၎င်းနည်းပင်တည်း။ ဟဒယဝတ္ထုကိုကား စေတသိက် ၅၂ ပါးလုံးက မှီသည်။

---

### လေ့ကျင့်ခဏ်း မေးခွန်းများ

က။ အဘယ်စကားကို ဝတ္ထုသင်္ဂဟ ဟု ခေါ်သနည်း။

ခ။ "ရူပလောကေ ဃာနာဒိတ္တယံ နတ္ထိ" အရ ရူပဗြဟ္မာများ၌ နှာခေါင်း လျှာ ကိုယ်ခန္ဓာ မရှိ ဟု မှတ်ရမည်လော၊ အဘယ်တရားမရှိသနည်း။

ဂ။ အရူပဘုံ၌ ရုပ် နာမ် နှစ်ပါးတွင် အဘယ်တရားသာရှိသနည်း။

ဃ။ စက္ခုဝိညာဏ်ဒွေးသည် အဘယ်ဝတ္ထုကို မှီသနည်း။

င။ သောတဝိညာဏ် ဃာန ဇိဝှါ ကာယဝိညာဏ်ဒွေးတို့သည် အဘယ်ဝတ္ထုကို အသီးအသီး မှီကြသနည်း။

စ။ သင်္ဂဟ ၂ ဂါထာကို အနက်ပေးပါ။

ဆ။ အဘယ်စိတ်များကို "ပဉ္စဝိညာဏဓာတ်" ဟု ခေါ်သနည်း။

ဇ။ အဘယ်စိတ်များကို "မနောဓာတ်" ဟု ခေါ်သနည်း။

ဈ။ အဘယ်စိတ်များကို "မနောဝိညာဏဓာတ်" ဟု ခေါ်သနည်း။

ည။ ကာမဘုံ၌ မည်သည့်ဓာတ်နှင့် မည်သည့်ဝတ္ထုများ ရနိုင်သနည်း။

ဋ။ ရူပဘုံ၌ မည်သည့်ဓာတ်နှင့် မည်သည့်ဝတ္ထုများ ရနိုင်သနည်း။

ဌ။ အရူပဘုံ၌ မည်သည့်ဓာတ်နှင့် မည်သည့်ဝတ္ထုများ ရနိုင်သနည်း။

ဍ။ အဘယ်ဘုံများကို "ပဉ္စဝေါကာရဘုံ" ဟု ခေါ်သနည်း။

ဎ။ အဘယ်ဘုံများကို "စတုဝေါကာရဘုံ" ဟု ခေါ်သနည်း။

ဏ။ တေစတ္တာလီသ အရကို သင်္ဂြိုဟ်အကျယ် ပါဠိ<mark>ထောက်၍</mark> ကောက်ပြပါ။

တ။ ၎င်း ၄၃ ပါးသည် အဘယ့်ကြောင့် ဝတ္ထုရုပ်တပါးပါးကို မှီ၍သာ ဖြစ်ရသနည်း။

ထ။ <mark>ဒွေစတ္တာလီသ</mark> အရကို သင်္ဂြိုဟ်<mark>ထောက်၍</mark> ကောက်ပြပါ။

<mark>ဒ။</mark> ၎င်း ၄၂ ပါးသည် အဘယ့်ကြောင့် ရံခါမှီ၍၊ ရံခါမမှီဘဲ ဖြစ်သနည်း။

ဓ။ အရူပဝိပါက် ၄ သည် အဘယ့်ကြောင့် မမှီမူ၍သာ ဖြစ်သနည်း။

---

**<mark>ပကိဏ္းပုိင္း နိဿယနှင့်အဓိပ္ပါယ် ပြီး၏။</mark>**

အဘိဓမ္မတ္ထသင်္ဂဟေ-၌၊ ပကိဏ္ဏကသင်္ဂဟဝိဘာဂေါ နာမ-ပကိဏ္ဏကသင်္ဂဟဝိဘာဂမည်သော၊ တတိယော-တတိယပိုင်းတို့၏ ပြည့်ကြောင်းဖြစ်သော၊ ပရိစ္ဆေဒေါ-သည်၊ ဣတိ-ပြီးပြီ။

---

## Trang 95

### ဝီထိပိုင်းနိဿယ

**အနုသန္ဓေနှင့် ပဋိညာဉ်**

ဣစ္စေဝံ-ဤဆိုအပ်ပြီးသောနည်းဖြင့်၊ စိတ္တုပ္ပါဒါနံ-<mark>စိတ် စေတသိက်</mark>တို့၏၊ ဥတ္တရံ-ကောင်းမြတ်သော၊ သင်္ဂဟံ-ပကိဏ္ဏကသင်္ဂဟကို၊ ကတွာ-ပြုစီရင်ပြီး၍၊ ဘူမိပုဂ္ဂလဘေဒေန-ဘူမိဘေဒ၊ ပုဂ္ဂလဘေဒနှင့်တကွ၊ <mark>ပုဗ္ဗာပရ</mark>နိယာမိတံ-ရှေ့စိတ် နောက်စိတ်တို့ကို ပိုင်းခြားမှတ်သားအင်္ဂါရာဖြစ်သော၊ ပဋိသန္ဓိပဝတ္တိယံ-<mark>ပဋိသန္ဓေ</mark>အခါ၊ ပဝတ္တိအခါ၌၊ (စိတ္တုပ္ပါဒါနံ-<mark>စိတ် စေတသိက်</mark>တို့၏) ပဝတ္တိသင်္ဂဟံ နာမ-ဖြစ်ပုံကိုပြ၊ ပဝတ္တိမည်သောသင်္ဂဟကို၊ ယထာသမ္ဘဝတော-ဖြစ်သင့်သည်အားလျော်စွာ၊ သမာသေန-အကျဉ်းချုပ်အားဖြင့်၊ ပဝက္ခာမိ-မိန့်ဆိုပေအံ့။

ကထံ-အဘယ်သို့ မိန့်ဆိုသနည်း။

---

### ဝီထိပိုင်း အဓိပ္ပါယ်

"ဝီထိ" သဒ္ဒါသည် "အစဉ်အတန်း" အနက်ကို ဟော၏။ ထို့ကြောင့် ပဉ္စဒွါရာဝဇ္ဇန်း စက္ခုဝိညာဏ် <mark>သမ္ပဋိစ္ဆိန်း</mark> စသည်ဖြင့် စိတ်တို့၏ ဖြစ်စဉ်ကို ပြသော အပိုင်းအခဏ်းကို "ဝီထိပိုင်း" ဟု ခေါ်သည်။

စိတ္တုပ္ပါဒါန၊ ပေ၊ ယထာသမ္ဘဝတော — ဤဂါထာတို့ကား အနုသန္ဓေနှင့် ပဋိညာဉ်ကိုပြသော ဂါထာတို့တည်း။ "ဤဆိုခဲ့ပြီးသောနည်းဖြင့် <mark>စိတ် စေတသိက်</mark>တို့၏ ကောင်းမြတ်သော ပကိဏ္ဏကသင်္ဂဟကို ပြုစီရင်ပြီး၍ ယခုအခါ ဘူမိဘေဒ ပုဂ္ဂလဘေဒနှင့်တကွ ပဝတ္တိမည်သော သင်္ဂဟကို အကျဉ်းအားဖြင့် မိန့်ဆိုပေအံ့" ဟူလို။

"ဥတ္တရံ" — ကား ပါဠိအဆင်သင့်အောင် ပကိဏ်းပိုင်းကို ချီးမြှောက်သော စကားဖြစ်သည်၊ အခြားသင်္ဂဟများထက် ကောင်းမြတ်သည်ဟု မမှတ်ရ။

"ဘူမိပုဂ္ဂလဘေဒေန" — ဤစကားကား ဝီထိပိုင်း၏အဆုံးနား၌ ပြထားသော ပုဂ္ဂလဘေဒနှင့် ဘူမိဝိဘာဂကို ရည်ရွယ်သော စကားတည်း။ [ဝီထိမုတ်ပိုင်းက ဘုံပုဂ္ဂိုလ်ကိုပြသော အခဏ်းများနှင့်လည်း သက်ဆိုင်၏။] "ထိုပုဂ္ဂလဘေဒ ဘူမိဝိဘာဂနှင့်တကွ ပဝတ္တိသင်္ဂဟကိုပြမည်" ဟူလို။

---

**နိဿယနှင့်အဓိပ္ပါယ်**

၁၈၁

<mark>ပုဗ္ဗာပရ</mark>နိယာမိတံ — [ပုဗ္ဗ=ရှေ့စိတ်+အပရ=နောက်စိတ်+နိယာမိတ=ပိုင်းခြားမှတ်သားရာ။] "ပဉ္စဒွါရာဝဇ္ဇန်းပြီးလျှင် စက္ခုဝိညာဏ်ဖြစ်၏၊ ထိုနောက် <mark>သမ္ပဋိစ္ဆိန်း</mark>ဖြစ်၏၊ ဤသို့စသည်ဖြင့် ရှေ့စိတ် နောက်စိတ်တို့၏ ဖြစ်ပုံကို ပိုင်းခြားသတ်မှတ်၍ ပြအပ်ရာ သင်္ဂဟ" ဟူလို။

ပဝတ္တိသင်္ဂဟံ နာမ — "ဖြစ်ခြင်း (ဖြစ်ပုံဖြစ်ဟန်) ကို "ပဝတ္တိ" ဟု ခေါ်၏။ ထို့ကြောင့် <mark>စိတ် စေတသိက်</mark>တို့၏ (ပဓာနအားဖြင့်-စိတ်၏) ဖြစ်ပုံဖြစ်ဟန်ကို ပြသော သင်္ဂဟကို "ပဝတ္တိသင်္ဂဟ" ခေါ်သည်ဟု မှတ်။

ထိုစိတ်၏ဖြစ်ပုံသည်လည်း <mark>ပဋိသန္ဓေ</mark>အခါဖြစ်ပုံ၊ ပဝတ္တိအခါဖြစ်ပုံဟု ၂ မျိုးရှိ၏။ ထိုတွင် ပဝတ္တိအခါ၌ ဖြစ်ပုံမှာ ပဉ္စဒွါရာဝဇ္ဇန်း စက္ခုဝိညာဏ် စသည်ဖြင့် တမျိုးပြီးတမျိုး စီကာစဉ်ကာ ဖြစ်သောကြောင့်၎င်း၊ စက္ခုဒွါရ စသော ၆ ဒွါရ၌ ထိုက်သည့်အားလျော်စွာ ဖြစ်သောကြောင့်၎င်း "ဝီထိ" ဟု ခေါ်၏။ ထိုဝီထိကိုပြသောသင်္ဂဟကို "ဝီထိသင်္ဂဟ" ဟု ခေါ်သည်။ <mark>ပဋိသန္ဓေ</mark> ဘဝင် စုတိတို့၏ ဖြစ်ပုံကား စိတ်တမျိုးထည်းဖြစ်သောကြောင့်၎င်း၊ ထိုထိုဒွါရ၌ မဖြစ်သောကြောင့်၎င်း၊ ဝီထိမုတ္တ (ဝီထိမှ အလွတ်) ဟု ခေါ်၏။ ထိုဝီထိမုတ်စိတ်များကိုပြသော သင်္ဂဟကို "ဝီထိမုတ္တသင်္ဂဟ" ဟု ခေါ်လတ္တံ့။

[အဘိဓမ္မာနည်းအရ <mark>ပဋိသန္ဓေ</mark>တည်စခဏကို <mark>ပဋိသန္ဓေ</mark>အခါဟု ခေါ်၍ <mark>ပဋိသန္ဓေ</mark>တည်ပြီးနောက် အမိဝမ်းမှာ အောင်းနေဆဲပင် ဖြစ်သော်လည်း ပဝတ္တိအခါဟု ခေါ်သည်။]

---
