## Trang 96

-

<mark>ဝီထိ</mark>ခဏ်း၌ <mark>ဆ-၆</mark> ပါးကုန်<mark>သော</mark>၊ ဝတ္ထုနိ-ဝတ္ထုတို့၎င်း၊သိဘွယ်များ <mark>ဆ-၆</mark> ပါးကုန်<mark>သော</mark>၊ ဒွါရာနိ-ဒွါရတို့၎င်း၊<mark>ဆ-၆</mark> ပါးကုန်သော၊ <mark>အာရမ္မဏာနိ</mark>-အာရုံတို့၎င်း၊ <mark>ဆ-၆</mark> ပါးကုန်သော၊ <mark>ဝိညာဏ</mark>ာနိ-ဝိညာဉ်တို့၎င်း၊ <mark>ဆ-၆</mark> ပါးကုန်သော၊<mark>ဝီထိ</mark>ယော-<mark>ဝီထိ</mark>တို့၎င်း၊ ဆဓာ-ခြောက်ပါးပြား<mark>သော</mark> ဝိသယပ္ပဝတ္တိ-ဝိသယပ္ပဝတ္တိ၎င်း၊ ဣတိ-ဤသို့၊ <mark>ဝီထိ</mark>သင်္ဂဟေ-<mark>ဝီထိ</mark>သင်္ဂဟ၌၊ <mark>ဆ-၆</mark> ပါးကုန်<mark>သော</mark>၊ ဆက္ကာနိ-ဆက္ကတို့ကို၊ ဝေဒိတဗ္ဗာနိ-သိအပ်ကုန်၏။

### <mark>ဝီထိ</mark>ခဏ်း၌ သိဘွယ်များ

"ဆ ဝတ္ထုနိ၊ ပေ၊ ဆက္ကာနိ ဝေဒိတဗ္ဗာနိ" ဝါကျဖြင့် <mark>ဝီထိ</mark>ခဏ်း၌အရေးတကြီးသိထိုက်<mark>သော</mark> တရားတို့ကို အကျဉ်းချုပ် မာတိကာ ခေါင်းစဉ်ထုတ်ပြခဲ့သည်၊ ချဲ့ဦးအံ့-နောက်၌ <mark>ဝီထိ</mark>ချသည့်အခါ "ဤစိတ်သည် မည်သည့်ဝတ္ထုရုပ်ကိုမှီ၏" ဟု ဆ ဝတ္ထုနိ အရ ဝတ္ထုကို၎င်း — "မည်သည့်ဒွါရ၌ဖြစ်၏"ဟု ဆ ဒွါရာနိ အရ ဒွါရကို၎င်း — "မည်သည့်<mark>အာရုံ</mark>ကို <mark>အာရုံ</mark>ပြုသည်" ဟုဆ <mark>အာရမ္မဏာနိ</mark> အရ အာရုံကို၎င်း — "မှတ်သားကြောင်း <mark>ဝိညာဏ</mark>်ကား မည်သည့်<mark>ဝီထိ</mark>၌နည်း" ဟု ဆ <mark>ဝိညာဏ</mark>ာနိ အရ <mark>ဝိညာဏ</mark>်ကို၎င်း— "<mark>ဝီထိ</mark>ကား မည်သည့်<mark>ဝီထိ</mark>" ဟု ဆ <mark>ဝီထိ</mark>ယော အရ <mark>ဝီထိ</mark>ကို၎င်း — "ဤ<mark>အာရုံ</mark>ကား မည်သို့ မည်ပုံ ထင်လာသော<mark>အာရုံ</mark>" ဟု ဆဓာ ဝိသယပ္ပဝတ္တိ အရဝိသယပ္ပဝတ္တိကို၎င်း အချက်ကျအောင် သိမှသာ <mark>ဝီထိ</mark>နှင့်စပ်သမျှကို အကုန်နားလည်သည်ဟု ဆိုထိုက်သည်၊ ထို့ကြောင့် "ဤဆက္က ၆ ပါးကို <mark>ဝီထိ</mark>ခဏ်း၌သိထိုက်<mark>သော</mark> အနက်အဓိပ္ပါယ်များဖြစ်၍ သိအောင်ပြုရမည်" ဟူလို။

### နိဿယနှင့် အဓိပ္ပါယ်

၁၇၃

**<mark>မှာ</mark>ထားချက်**

၁။ ပန-<mark>ဆက်ဦးအံ့</mark>၊ ဝီထိမုတ္တာနံ-<mark>ဝီထိ</mark>မုတ်စိတ်တို့၏၊ ကမ္မ ကမ္မနိမိတ္တ ဂတိနိမိတ္တ ဝသေန-ကံ ကမ္မနိမိတ် ဂတိနိမိတ်တို့၏အပြားအားဖြင့်၊ ဝိသယပ္ပဝတ္တိ-<mark>အာရုံ</mark>တို့၏ ဖြစ်ခြင်းသည်၊ <mark>တိဝိဓော</mark>-သုံးပါး အပြားရှိသည်၊ဟောတိ-ဖြစ်၏။

၂။ တတ္ထ-ထို<mark>အခြေခံ</mark>ခြောက်ပါး<mark>သော</mark> ဆက္ကတို့တွင်၊ ဝတ္ထု ဒွါရာရမ္မဏာနိ-ဝတ္ထုဆက္က ဒွါရဆက္က အာရမ္မဏဆက္က တို့သည်၊ပုဗ္ဗေ-<mark>ရှေ့</mark> ပကိဏ္ဏက သင်္ဂဟ၌၊ ဝုတ္တနယာနေဝ-ဆိုအပ်ပြီး<mark>သော</mark> နည်းရှိကုန်သည်သာတည်း။

**<mark>မှာ</mark>ထားချက်**

၁။ "<mark>ဝီထိ</mark>မုတ္တာနံ၊ ပေ၊ ဝိသယပ္ပဝတ္တိ" ဤစကားကား "ဆဓာ ဝိသယပ္ပဝတ္တိ" ဟူ<mark>သော</mark> စကား၌ နေရာတိုင်း<mark>မှာ</mark> ဝိသယပ္ပဝတ္တိ ၆ မျိုး ရှိသည်ဟုထင်<mark>မှာ</mark>းမည်စိုး၍ မှတ်ချက်ကိုပြသော အ<mark>မှာ</mark>စကားတည်း၊ "ဆဓာ ဝိသယပ္ပဝတ္တိဖြင့် ဝိသယပ္ပဝတ္တိ ၆ မျိုး ရှိ၏" ဟု ဆိုခဲ့သော်လည်း <mark>ဝီထိ</mark>စိတ်တို့၏ဝိသယပ္ပဝတ္တိသာ ၆ မျိုးရှိသည်၊ <mark>ဝီထိ</mark>မုတ်ခေါ်<mark>သော</mark> ပဋိသန္ဓေ ဘဝင် စုတိစိတ်တို့၏ ဝိသယပ္ပဝတ္တိကား ကံ ကမ္မနိမိတ် ဂတိနိမိတ် အားဖြင့် ၃ မျိုးသာရှိသည်-ဟူလို။ [၎င်း ဝိသယပ္ပဝတ္တိ ၃ မျိုးကား <mark>ဝီထိ</mark>ပိုင်းမှာ မလို၊ <mark>ဝီထိ</mark>မုတ်ပိုင်းကျမှ အသုံးပြုရလတံ့။]

၂။ တတ္ထ ဝတ္ထု၊ ပေ၊ ဝုတ္တနယာနေဝ — ၎င်း စကားဖြင့် ဝတ္ထုဆက္ကဒွါရဆက္က အာရမ္မဏ ဆက္က ၎င်း ၃ ဆက္ကို ပကိဏ္ဏက သင်္ဂဟ၌ ဝတ္ထုသင်္ဂဟဒွါရသင်္ဂဟ အာရမ္မဏသင်္ဂဟ ဟု ပြခဲ့ပြီးဖြစ်၍ ထိုနည်းအတိုင်းသိလေတော့ဟု <mark>မှာ</mark>ထားပြန်သည်။

---

## Trang 97

### <mark>ဝိညာဏ</mark>ဆက္က

-

စက္ခု<mark>ဝိညာဏ</mark>ံ-စက္ခုဝိညာဉ်၎င်း၊ သောတ<mark>ဝိညာဏ</mark>ံ-၎င်း၊ ဃာန<mark>ဝိညာဏ</mark>ံ-၎င်း၊ ဇိဝှါ<mark>ဝိညာဏ</mark>ံ-၎င်း၊ ကာယ<mark>ဝိညာဏ</mark>ံ-၎င်း၊ မနော<mark>ဝိညာဏ</mark>ဉ္စ-မနောဝိညာဉ်၎င်း၊ ဣတိ-ဤသို့၊ ဆ-ကုန်သော၊ <mark>ဝိညာဏ</mark>ာနိ-တို့ကို၊ဝေဒိတဗ္ဗာနိ-သိအပ်ကုန်၏။

**မေး။** ဤ ၃ ဆက္ကို ပကိဏ္ဏကပိုင်း၌ ပြခဲ့ပြီး ဖြစ်လျက် အဘယ့်ကြောင့်ထပ်၍ ဆိုပြန်သနည်း၊ "ပုနရုတ္တိဒေါသ မရောက်ပါလော" ဟူလို။[ပုန=တဖန်+ဥတ္တိ=ဆိုခြင်းကြောင့်+ဒေါသ=အပြစ်။]

**ဖြေ။** <mark>ဝီထိ</mark>ခဏ်း၌ အရေးတကြီး နားလည်ထိုက်<mark>သော</mark> ဆက္က ၃ မျိုးကိုအပြည့်အစုံ တပေါင်းတည်း ထုတ်ပြလို<mark>သော</mark>ကြောင့် ဤ ဆက္က၃ ပါးကို ထပ်၍ ဆိုပြန်သည်၊ ဤ ၃ ဆက္ကို ထပ်၍ ဆိုလိုက်သည့်အတွက် စာနေ စာသား များစွာ မကျယ်ပေ၊ ဤ ၃ ဆက္က၏ <mark>ဝီထိ</mark>ခဏ်း<mark>မှာ</mark> လွန်စွာ အရေးကြီးသည်ဟူ<mark>သော</mark> အဓိပ္ပါယ်ကား များစွာတာသွားလေသည်၊ ထို့ကြောင့် ဤ ၃ ဆက္ကို ထပ်မံ၍ ဆိုမှအတွက် ကျမ်းဆရာ၌ အပြစ် မရှိထိုက်။

> **[ဆောင်]** <mark>ဝီထိ</mark>ခဏ်းဝယ်၊ နားလည်ဘွယ်ကို၊ သွယ်သွယ်ပေါင်းစု၊ ပြလို
မှုကြောင့်၊ သုံးခု ဆက္က၊ ထပ်၍ပြ၊ ဆရာ့ ပြစ်မထိုက်။

### <mark>ဝိညာဏ</mark>ဆက္က

"စက္ခု<mark>ဝိညာဏ</mark>ံ၊ ပေ၊ ဆ <mark>ဝိညာဏ</mark>ာနိ" ဤစကားကား ဆ <mark>ဝိညာဏ</mark>ာနိအရ အကျယ်ပြ<mark>သော</mark> စကားတည်း၊ စက္ခု<mark>ဝိညာဏ</mark>် စသော ၆ ပါးကားအဟိတ်စိတ်လာ ဒွေးပဉ္စ<mark>ဝိညာဏ</mark>်ပင်တည်း၊ ထို ဒွေးပဉ္စ<mark>ဝိညာဏ</mark>်မှ တပါး<mark>သော</mark> စိတ်အားလုံးကို မနော<mark>ဝိညာဏ</mark>် ဟု ခေါ်သည်။

### <mark>ဝီထိ</mark>ဆက္က

-

**နိဿယနှင့် အဓိပ္ပါယ်**

၁၈၅

ပန-အဘို့တပါးကား၊ စက္ခုဒွါရ<mark>ဝီထိ</mark>-စက္ခုဒွါရ<mark>ဝီထိ</mark>၎င်း၊ သောတဒွါရ<mark>ဝီထိ</mark>-၎င်း၊ ဃာနဒွါရ<mark>ဝီထိ</mark>-၎င်း၊ ဇိဝှါဒွါရ<mark>ဝီထိ</mark>-၎င်း၊ ကာယဒွါရ<mark>ဝီထိ</mark>-၎င်း၊ မနောဒွါရ<mark>ဝီထိ</mark>စ-၎င်း၊ ဣတိ-ဤသို့၊ ဒွါရဝသေန ဝါ-ဒွါရနှင့် စပ်သဖြင့်၎င်း၊ဝသ သဒ္ဒါ အာယတ္တ (စပ်ခြင်း) အနက်ဟော၏၊ စက္ခု<mark>ဝိညာဏ</mark>ဝီထိ-၎င်း၊ သောတ<mark>ဝိညာဏ</mark>ဝီထိ-၎င်း၊ ဃာန<mark>ဝိညာဏ</mark>ဝီထိ-၎င်း၊ ဇိဝှါ<mark>ဝိညာဏ</mark>ဝီထိ-၎င်း၊ ကာယ<mark>ဝိညာဏ</mark>ဝီထိ-၎င်း၊ မနော<mark>ဝိညာဏ</mark>ဝီထိစ-၎င်း၊ ဣတိ-ဤသို့၊ <mark>ဝိညာဏ</mark>ဝသေန ဝါ-ဝိညာဉ်နှင့် စပ်သဖြင့်၎င်း၊ (ယောဇေတဗ္ဗာ-၌စပ်၊)ဒွါရပ္ပဝတ္တာ-ဒွါရ၌ဖြစ်ကုန်<mark>သော</mark>၊ စိတ္တပ္ပဝတ္တိယော-စိတ်တို့၏ဖြစ်ခြင်းဟူကုန်<mark>သော</mark>၊ ဆ-ကုန်သော၊ <mark>ဝီထိ</mark>ယော-<mark>ဝီထိ</mark>တို့ကို၊ယောဇေတဗ္ဗာ-ယှဉ်စေအပ်ကုန်၏။

ပဉ္စဒွါရေ-ပဉ္စဒွါရ၌၊ အတိမဟန္တံ-အတိမဟန္တာရုံ၎င်း၊ ဝါ-ထင်ပြီးသည်မှ စ၍ရေတွက် အလွန်များသော <mark>စိတ္တက္ခဏ</mark>ရှိသော <mark>အာရုံ</mark>၎င်း၊

### <mark>ဝီထိ</mark>ဆက္က

"ဆ <mark>ဝီထိ</mark>ယော ပန၊ ပေ၊ ယောဇေတဗ္ဗာ" ကား ဆ <mark>ဝီထိ</mark>ယောအရ အကျယ်ပြ<mark>သော</mark> စကားတည်း၊ စက္ခုဒွါရ<mark>ဝီထိ</mark>-စသည်ဖြင့်ဒွါရနှင့် စပ်၍၎င်း၊ သို့မဟုတ် စက္ခု<mark>ဝိညာဏ</mark>ဝီထိ-စသည်ဖြင့် ဝိညာဉ်နှင့်စပ်၍၎င်း <mark>ဝီထိ</mark> ၆ မျိုး၏ နာမည်ကို မှတ်သားခဲ့ပါ။

**ဒွါရပ္ပဝတ္တာ စိတ္တပ္ပဝတ္တိယော** — ဤစကားကား "<mark>ဝီထိ</mark>-ဟူသည် ထိုထိုဒွါရ၌ ပဉ္စဒွါရာဝဇ္ဇန်း စက္ခု<mark>ဝိညာဏ</mark>်စသော အစဉ်အားဖြင့် စိတ်တို့၏ ဖြစ်ခြင်းပင်တည်း" ဟု <mark>ဝီထိ</mark>-အရ သရုပ်ကိုပြ<mark>သော</mark> စကားတည်း။

### ဝိသယပ္ပဝတ္တိဆက္က

---

## Trang 98

-

မဟန္တံ-မဟန္တာရုံ၎င်း၊ ဝါ-ထင်ပြီးသည်မှ စ၍ရေတွက်များသော <mark>စိတ္တက္ခဏ</mark>ရှိသော <mark>အာရုံ</mark>၎င်း၊ ပရိတ္တံ-ပရိတ္တာရုံ၎င်း၊ဝါ-ထင်ပြီးသည်မှ စ၍ရေတွက် နည်းသော<mark>စိတ္တက္ခဏ</mark>ရှိသော<mark>အာရုံ</mark>၎င်း၊ အတိပရိတ္တဉ္စ-အတိပရိတ္တာရုံ၎င်း၊ ဝါ-ထင်ပြီးသည်မှစ၍ရေတွက် အလွန်နည်းသော <mark>စိတ္တက္ခဏ</mark>ရှိသော <mark>အာရုံ</mark>၎င်း၊ဣတိ-ဤသို့၎င်း၊ မနောဒွါရေ ပန-မနောဒွါရ၌ကား၊ ဝိဘူတံ-ဝိဘူတာရုံ၎င်း၊ ဝါ-ထင်ရှား<mark>သော</mark> အာရုံ၎င်း၊ <mark>အဝိဘူတ</mark>ဉ္စ-အဝိဘူတာရုံ၎င်း၊ ဝါ-မထင်ရှားသော <mark>အာရုံ</mark>၎င်း၊ ဣတိ-ဤသို့၎င်း၊[ဣတိ နှစ်ချက်ကို ဆရာ<mark>မှာ</mark> စပ်၊] ဆဓာ-၆ ပါး ပြား<mark>သော</mark>၊ဝိသယပ္ပဝတ္တိ-<mark>အာရုံ</mark>တို့၏ဖြစ်ခြင်းကို၊ ဝေဒိတဗ္ဗာ-သိအပ်၏။

### ဝိသယပ္ပဝတ္တိဆက္က

"အတိမဟန္တံ၊ ပေ၊ ဝိသယပ္ပဝတ္တိ ဝေဒိတဗ္ဗာ"ကား "ဆဓာ ဝိသယပ္ပဝတ္တိ" ဟူ<mark>သော</mark> ခေါင်းစဉ် မာတိကာ အရ အကျယ်ပြ<mark>သော</mark> စကားတည်း။

**အတိမဟန္တ** — ထင်လာသည့် ခဏမှစ၍ ချုပ်သည့် ခဏတိုင်အောင်ရေတွက်လျှင် အလွန်များသော <mark>စိတ္တက္ခဏ</mark> အသက်ရှိသော <mark>အာရုံ</mark>ကို "အတိမဟန္တ<mark>အာရုံ</mark> ဝါ-အတိမဟန္တာရုံ" ဟု ခေါ်ရသည်၊ ဤသို့စသည်ဖြင့် အနက်အတိုင်း မှတ်သား၍ ဝိသယပ္ပဝတ္တိ ၆ ပါးကိုလည်း ရေတွက်လေ။

**ဝိသယပ္ပဝတ္တိ** [ဝိသယ=<mark>အာရုံ</mark>+ပဝတ္တိ=ဖြစ်ခြင်း၊ ထင်လာခြင်း။]<mark>အာရုံ</mark>တို့၏ ဖြစ်ခြင်း (ထင်ခြင်း) ဟူရာ၌ သရုပ်သကောင်ကို လက်ဆုပ်လက်ကိုင် ရှာလျှင် ဖြစ်ပေါ်လာ<mark>သော</mark> (ထင်လာသော) <mark>အာရုံ</mark>မှ တပါး"ဖြစ်ခြင်း" ဟူ၍ မရှိပြီ၊ ထို့ကြောင့် ဝိသယပ္ပဝတ္တိ-အရ အတိမဟန္တစသော<mark>အာရုံ</mark>များကိုပင် ထုတ်ပြရလေသည်။

က။ခ။ဂ။။၅။

### နိဿယနှင့် အဓိပ္ပါယ်

#### လေ့ကျင့်ခဏ်း မေးခွန်းများ

၁၈၇

၁။ အဘယ်သို့<mark>သော</mark> အပိုင်းအခဏ်းကို "<mark>ဝီထိ</mark>ပိုင်း" ဟု ခေါ်သနည်း။

၂။ "စိတ္တုပ္ပါဒါန မိစ္ဆေဝံ" စ<mark>သော</mark>ဂါထာတို့ကား ဘာကိုပြ<mark>သော</mark> ဂါထာတို့နည်း၊ ထိုဂါထာတို့ကို အနက်ပေး၍ မြန်မာစကားပြင်ကို ပြပါ။

၃။ အဘယ်သင်္ဂဟများကို "ပဝတ္တိသင်္ဂဟ" ဟု ခေါ်သနည်း။

၄။ ၎င်း <mark>ဝီထိ</mark>ပိုင်းသည် ပဋိသန္ဓေအခါ၌ စိတ်တို့၏ဖြစ်ပုံကို ပြမည်လော၊သို့မဟုတ် ပဝတ္တိအခါ၌ စိတ်တို့၏ဖြစ်ပုံကို ပြမည်လော။

၅။ ဤ <mark>ဝီထိ</mark>ချခဏ်း၌ အရေးတကြီးသိထိုက်<mark>သော</mark> ဆက္က ၆ ပါးကို နာမည်လောက်မျှ ပြပါ။

၆။ <mark>ဝီထိ</mark>စိတ်တို့၏ "ဝိသယပ္ပဝတ္တိ" မည်မျှရှိသနည်း၊ သင်္ဂြိုဟ်ထောက်ပါ။

၇။ ဝတ္ထု ဒွါရ အာရမ္မဏ ဆက္ကတို့ကို ပကိဏ္ဏကပိုင်း၌ ဆိုပြီး ဖြစ်ပါလျက်အဘယ့်ကြောင့် ထပ်၍ ဆိုပြန်သနည်း၊ ပုနရုတ္တိဒေါသ မရောက်လော။

၈။ <mark>ဝိညာဏ</mark>ဆက္ကအရ သင်္ဂြိုဟ်ထောက်၍ သရုပ်ကောက်ပါ။

၉။ <mark>ဝီထိ</mark>ဆက္ကအရ သင်္ဂြိုဟ်ထောက်၍ ဒွါရနှင့်စပ်သောနာမည်၊ <mark>ဝိညာဏ</mark>်နှင့်စပ်<mark>သော</mark> နာမည်များကို ကောက်ပြပါ။

၁၀။ ဝိသယပ္ပဝတ္တိ ၆ ပါး သရုပ်ကိုရေတွက်၍ ပဉ္စဒွါရ၌ ဝိသယပ္ပဝတ္တိမည်မျှ၊မနောဒွါရ၌ မည်မျှရှိသည်ဟု ခွဲခြားပြပါ။

၁၁။ အဘယ်<mark>အာရုံ</mark>မျိုးကို အတိမဟန္တ၊ ပရိတ္တ၊ ဝိဘူတ ဟု ခေါ်သနည်း။

---

## Trang 99

### စိတ်သက်

၁။ ကထံ-ဝိသယပ္ပဝတ္တိ ၆ ပါး အဘယ်သို့ ပြားသနည်း။ဥပ္ပါဒဋ္<mark>ဌိတိ</mark>ဘင်္ဂဝသေန-ဥပါဒ်ခဏ၊ <mark>ဌိတိ</mark>ခဏ၊ဘင်္ဂခဏတို့၏ အပြားအားဖြင့်၊ ခဏတ္တယံ-ခဏငယ် သုံးခုတို့၏အပေါင်းသည်၊ ဧက<mark>စိတ္တက္ခဏ</mark>ံ နာမ-တခုသော<mark>စိတ္တက္ခဏ</mark>မည်၏။

#### ခဏငယ် ၃ ချက် — စိတ်အသက်

၁။ ဥပ္ပါဒဋ္<mark>ဌိတိ</mark>ဘင်္ဂဝသေန — ဥပ္ပါဒ=ဥပါဒ် (ဖြစ်ပေါ်လာမှု၊)<mark>ဌိတိ</mark>=ဌီ (ဖြစ်ပြီးနောက်တည်နေမှု၊) ဘင်္ဂ=ဘင် (တည်ပြီးနောက် ပျက်စီးချုပ်ကွယ်မှု၊) ဤသို့ စိတ်တခုတခု၌ ဥပါဒ်-<mark>ဌီ</mark>-ဘင် (ဖြစ်-တည်-ပျက်) ဟုအခိုက်အတန့် ၃ မျိုးရှိ၏။

"ခဏတ္တယံ ဧက<mark>စိတ္တက္ခဏ</mark>ံ နာမ" အတိုဆုံး<mark>သော</mark> အချိန်ကာလကလေးကို "ခဏ" ဟုခေါ်၏၊ စိတ်၏ဥပါဒ်ရာ ကာလကလေးသည့် ဘာလောက်မျှမကြာ၊ တခဏမျှသာတည်း၊ တည်ရာကာလလည်း ခဏကလေးမျှသာ၊ပျက်ရာကာလလည်း ခဏကလေးမျှသာတည်း၊ ဤခဏကလေးမျိုး ၃ ချိန်အပေါင်းသည် <mark>စိတ္တက္ခဏ</mark> တခုမည်၏။ ယခင် အစိတ်အစိတ် ခဏကလေးများကို ထောက်၍ ဤ<mark>စိတ္တက္ခဏ</mark>ကို "ခဏကြီးတခု" ဟု ခေါ်စမှတ်ပြုကြ၏။

[စိတ္တ+ခဏ။ စိတ္တ=စိတ်၏+ခဏ=ဖြစ်-တည်-ပျက်ရာ အချိန်အခါ။]

ဤစကားအရ "စိတ်တခုတခုသည် ခဏငယ် ၃ ချက်ခန့် အသက်ရှည်၏"ဟု မှတ်သားပြီးလျှင်၊ ဥပါဒ်=စိတ်၏ဖြစ်မှု၊ ဥပါဒ်ခဏ=ဖြစ်ရာကာလ၊စသည်ဖြင့် ဥပါဒ်နှင့် ဥပါဒ်ခဏ၊ <mark>ဌီ</mark>နှင့် <mark>ဌီ</mark>ခဏ၊ ဘင်နှင့် ဘင်ခဏကို ခွဲခြားနိုင်ပါစေ။ ["လက်ဖျောက်တချက်တီးရာကာလအတွင်း၌ ဤဥပါဒ် ဌီ ဘင်နှင့်ပြည့်စုံ<mark>သော</mark>စိတ်ပေါင်းသည့် ကုဋေတသိန်းမက <mark>ရှေ့</mark>နောက်ဆက်၍ ဖြစ်ပျက်နိုင်၏" ဟု ဆို၏။]

### ရုပ်သက်

**နိဿယနှင့် အဓိပ္ပါယ်**

၁၈၉

၂။ ပန-အဘို့တပါးကား၊ <mark>သတ္တရသ</mark>-တဆဲ့ခုနစ်ချက်ကုန်သော၊ တာနိ <mark>စိတ္တက္ခဏ</mark>ာနိ-ထို<mark>စိတ္တက္ခဏ</mark>တို့သည်၊ ရူပဓမ္မာနံ-[ဝိညတ် ဒွေး၊ လက္ခဏရုပ် လေးခုမှတပါး] နှစ်ဆဲ့နှစ်ပါး<mark>သော</mark> ရုပ်တရားတို့၏၊ အာယု-အသက်ရှည်ရာ ကာလတည်း။

#### ခဏကြီး ၁၇ ချက် — ရုပ်အသက်

၂။ "တာနိ၊ ပေ၊ ရူပဓမ္မာနမာယု" ရုပ်၏ အသက်ရှည်ရာကာလကား<mark>စိတ္တက္ခဏ</mark> (စိတ်၏ဖြစ်ရာခဏကြီး) ဖြင့် ရေတွက်လျှင် ၁၇ ချက်ခန့် ကြာ၏၊"ရုပ်၏အသက်သည် စိတ်၏အသက် ၁၇ သက်နှင့် ညီမျှသည်" ဟူလို၊ စိတ်၏ဥပါဒ်ခဏ ဌီခဏ ဘင်ခဏ ဟူ<mark>သော</mark> ခဏငယ်ဖြင့် ရေတွက်လျှင်ကား ရုပ်တသက်သည့် ခဏငယ် ၅၁ ချက်ခန့် ကြာ၏၊ ထိုတွင် ရုပ်၏ ဥပါဒ်ခဏနှင့်ဘင်ခဏသည့် စိတ်၏ ဥပါဒ်ခဏ ဘင်ခဏနှင့် ကာလချင်း ညီမျှ၏၊ ဖြစ်ပြီးနောက်၌ မချုပ်သေးဘဲ တည်နေရာ ဌီခဏကသာ ကြာရှည်၏၊ ထို့ကြောင့်ရုပ်၏ ဌီခဏသည် စိတ်၏ ခဏကြီးပေါင်း ၁၆ ချက်နှင့် ခဏငယ် တချက်ခန့်ကြာ၏၊ ခဏငယ်သက်သက်ဖြင့် ရေတွက်လျှင် ၄၉ ချက်ခန့် ကြာသည်ဟုမှတ်။

ဝိညတ်ဒွေး လက္ခဏရုပ်တို့ကား <mark>စိတ္တက္ခဏ</mark> ၁၇ ချက်ခန့် အသက်မရှည်ကြ၊ထို့ကြောင့် ၎င်းတို့ကို ကြဉ်သည့် ၎င်းတို့၏ အသက်နှင့်တကွ ရုပ် ၂၈ ပါးသရုပ်သည့် ရုပ်ပိုင်း၌ ထင်ရှားလတံ့။

ဤ ၁-၂ နံပါတ် စကား ၂ ရပ်ကား <mark>ဝီထိ</mark>ချခဏ်း၌ အခြေခံ <mark>အုတ်မြစ်</mark>သဘွယ် ဖြစ်<mark>သော</mark> စကားရပ်တို့တည်း၊ ဤမှနောက်၌ <mark>အာရုံ</mark>ထင်လာပုံနှင့်တကွ <mark>ဝီထိ</mark>စဉ်ကို ပြတော့လတံ့။

---

## Trang 100

### ပဉ္စဒွါရဝီထိခဏ်း

ဧက<mark>စိတ္တက္ခဏ</mark>ာတီတာနိ-တခုသော <mark>စိတ္တက္ခဏ</mark>ကို လွန်ကုန်သည်၊ (ဟုတွာ ဝါ-ဖြစ်၍<mark>သော</mark>်၎င်း၊)ဗဟု<mark>စိတ္တက္ခဏ</mark>ာတီတာနိ-များစွာသော <mark>စိတ္တက္ခဏ</mark>ကို လွန်ကုန်သည်၊ (ဟုတွာ ဝါ-ဖြစ်၍သော်၎င်း၊) <mark>ဌိတိ</mark>ပ္ပတ္တာနေဝ-ဌီခဏသို့ရောက်ကုန်သည်ဖြစ်၍သာလျှင်၊ <mark>ပဉ္စာရမ္မဏာနိ</mark>-ငါးပါးသော<mark>အာရုံ</mark>တို့သည်၊ ပဉ္စဒွါရေ-ငါးဒွါရ၌၊ အာပါထံ-ရှေးရှုကျခြင်းသို့၊ဝါ-ထင်ခြင်းသို့၊ <mark>အာဂစ္ဆန္တိ</mark>-ရောက်ကုန်၏။

### အတိမဟန္တာရုံ<mark>ဝီထိ</mark>

တသ္မာ-ထို့ကြောင့်၊ ဧက<mark>စိတ္တက္ခဏ</mark>ာတီတကံ-လွန်ပြီးသော တခုသော<mark>စိတ္တက္ခဏ</mark>ရှိသော၊ ရူပါရမ္မဏံ-ရူပါရုံသည်၊ စက္ခုဿ-စက္ခုပသာဒ၏၊ ဝါ-စက္ခုပသာဒသို့၊ အာပါထံ-ရှေးရှုကျခြင်းသို့၊

---

### ပဉ္စဒွါရ<mark>ဝီထိ</mark>ခဏ်း

စက္ခုစသော ၅ ဒွါရ၌ <mark>အာရုံ</mark>ထင်လာမှုကို အစွဲပြု၍ ဖြစ်<mark>သော</mark>စိတ်ကို "ပဉ္စဒွါရ<mark>ဝီထိ</mark>" ဟုခေါ်သည်၊ ဤသင်္ဂြိုဟ်ကျမ်း၌ ငါးဒွါရလုံးအတွက် အကျယ်မပြဘဲ စက္ခုဒွါရ<mark>ဝီထိ</mark> အတွက်သာ အကျယ်ပြလတံ့။

သတ္တဝါတို့သန္တာန်၌ <mark>ဝီထိ</mark>စိတ် မဖြစ်သည့်အခါ ဘဝင်စိတ် အစဉ်သာလျှင်အမြဲဖြစ်နေ၏၊ ဘဝင်စိတ်ဖြစ်နေသည့်အခါ ဘာကိုမျှ ထူးထူးထွေထွေမသိ၊အခြားမဲ့ လွန်ခဲ့ပြီးစ ဘဝဟောင်း၌ စုတေခါနီးက မရဏာသန္နဇောသည်ယူပေးအပ်<mark>သော</mark> ကံ ကမ္မနိမိတ် ဂတိနိမိတ် ၃ ပါးတွင် တပါးပါးကို <mark>အာရုံ</mark>ပြုနေသည့်၊ အိပ်ပျော်စဉ်အခါ၌ ဘဝင်ချည်ဖြစ်နေသည်၊ ထိုဘဝင်တို့၏အကြားအကြား၌ ထင်လာသော <mark>အာရုံ</mark>အသစ်ကိုစွဲ၍ ထိုက်သင့်<mark>သော</mark> စိတ်အစဉ်များတသုတ်တသုတ် ပေါ်လာလေသည်၊ ထိုကဲ့သို့ပေါ်လာမှုကို <mark>ဝီထိ</mark>ကျသည်ဟုခေါ်၏၊ ထို<mark>ဝီထိ</mark>စိတ်အစဉ် ကုန်သည့်အခါ ဘဝင်ကျမြဲ ကျလေတော့၏။

### <mark>အာရုံ</mark>ထင်ပုံအကျယ်

"ဧက<mark>စိတ္တက္ခဏ</mark>ာတီတာနိ ဝါ <mark>ဌိတိ</mark>ပ္ပတ္တာနေဝ" ရူပါရုံ စသော <mark>အာရုံ</mark>ငါးပါးသည့် စက္ခုပသာဒစ<mark>သော</mark> ၅ ဒွါရ၌ ထင်လာသည့်အခါ ဥပါဒ်လျှင်ဥပါဒ်ခြင်း မထင်သေး၊ ရုပ်တို့မည်သည် ဌီအခိုက်<mark>မှာ</mark> အားရှိ၏၊ ထို့ကြောင့်အား အကောင်းဆုံး ရူပါရုံသည် အကြည်လင်ဆုံး<mark>သော</mark> စက္ခုပသာဒ၌ ထင်လာရ<mark>သော</mark>်လည်း အနည်းဆုံး <mark>စိတ္တက္ခဏ</mark> တချက်ခန့် လွန်ပြီးနောက် ဌီသို့ရောက်မှ ထင်လာနိုင်သည်။

"ဗဟု<mark>စိတ္တက္ခဏ</mark>ာတီတာနိ ဝါ <mark>ဌိတိ</mark>ပ္ပတ္တာနေဝ" "စက္ခာလောက ရူပထင်ပြီ မနသီ၊ လေးလီစက္ခုတို့...နှင့်အညီ၊ စက္ခု<mark>ဝိညာဏ</mark>်၏ဖြစ်ကြောင်း၄ ပါးတွင် စက္ခုပသာဒရုပ်က ညံ့ဖျင်းခဲ့<mark>သော</mark>်၎င်း၊ အာလောက ခေါ်<mark>သော</mark>အရောင်အလင်းက ညံ့ဖျင်းခဲ့<mark>သော</mark>်၎င်း၊ ရူပါရုံက အားသေးခဲ့<mark>သော</mark>်၎င်း၊ ဤသို့တပါးပါးက ညံ့ဖျင်းချို့ယွင်းခဲ့လျှင် <mark>စိတ္တက္ခဏ</mark> ၂ ချက်ခန့်မှစ၍ ၁၅ ချက်ခန့်တိုင်အောင် လွန်ပြီးနောက် ဌီသို့ အတော်ကြာ ရောက်ပြီးမှသာ ထင်လာနိုင်သည်၊ သဒ္ဒါရုံ စသည်များလည်း ဤနည်းပင်တည်း၊ [မနသိကာရခေါ်အာဝဇ္ဇန်းကား <mark>အာရုံ</mark> ထင်ရာတွင် ပါဝင်ထိုက်<mark>သော</mark> အကြောင်း မဟုတ်၊ပဉ္စ<mark>ဝိညာဏ</mark>်၏ ဖြစ်ကြောင်းသာတည်း၊ ပဌမ အကြိမ်ရိုက်၌ စက္ခုဒွါရ၏ဖြစ်ကြောင်းတွင် ထည့်သွင်း <mark>မှာ</mark>းပါသွားသည်။]

**<mark>ပဉ္စာရမ္မဏာနိ</mark> ပဉ္စဒွါရေ** — ရူပါရုံသည် စက္ခုဒွါရ၌၊ သဒ္ဒါရုံသည်<mark>သော</mark>တဒွါရ၌၊ ဂန္ဓာရုံသည် ဃာနဒွါရ၌၊ ရသာရုံသည့် ဇိဝှါဒွါရ၌၊ဖောဋ္ဌဗ္ဗာရုံသည် ကာယဒွါရ၌ ထင်လာသည်ဟု အစဉ်အတိုင်းသိ၊ [ထင်လာပုံကို ဘာသာဋီကာ၌ရှု။]

### စက္ခုဒွါရိက အတိမဟန္တာရုံ<mark>ဝီထိ</mark>

စက္ခုဒွါရ၌ဖြစ်၍ အတိမဟန္တာရုံကို <mark>အာရုံ</mark>ပြုသော စိတ်အစဉ်ကို "စက္ခုဒွါရိက အတိမဟန္တာရုံ<mark>ဝီထိ</mark>" ဟုခေါ်သည်।

---
