## Trang 131

### နိဂုံးချုပ်

ဣစ္စေဝံ-ဤဆိုအပ်ပြီးသော အစီအစဉ်ဖြင့်၊ ဆဒွါရိက စိတ္တပ္ပဝတ္တိ-ခြောက်ဒွါရ၌ဖြစ်သော စိတ်တို့၏ ဖြစ်ပုံသည်၊ ယထာသန္တာနံ-ထိုထိုဒွါရ၌ ဖြစ်ထိုက်သည်အားလျော်စွာ၊ ဘဝင်္ဂန္တရိတာ-ဘဝင်သည် ခြားကွယ်သမျှ ပြုအပ်သည်၊ (ဟုတွာ-၍၊) ယာဝတာယုကံ-အသက်ရှည်သမျှ ကာလပတ်လုံး၊ <mark>အဗ္ဗောစ္ဆိန္နံ</mark>-မပြတ်မစဲ၊ ပဝတ္တတိ-ဖြစ်၏။

အဘိဓမ္မတ္ထသင်္ဂဟေ-၌၊ <mark>ဝီထိသင်္ဂဟဝိဘာဂ</mark>ေါ နာမ-<mark>ဝီထိသင်္ဂဟဝိဘာဂ</mark> မည်သော၊ စတုတ္ထော-လေးပိုင်းတို့၏ ပြည့်ကြောင်းဖြစ်သော၊ ပရိစ္ဆေဒေါ-သည်၊ ဣတိ-ပြီးပြီ။

**နိဂုံးချုပ်။** ။ ဣစ္စေဝံ၊ ပေ၊ ပဝတ္တတိ'ကား "ကထံ ဥပ္ပါဒဋ္ဌိတိဘင်္ဂဝသေန" စသော ဝီထိကျပုံနှင့်စပ်သည့် စကားရပ် အားလုံးကို အုပ်ဖုံးသော နိဂုံးစကားတည်း၊ ဆိုအပ်ပြီးသောနည်းအရ ဝီထိစိတ်များသည့် တဝီထိနှင့် တဝီထိအကြား၌ ဘဝင်ခြားလျက် ဆက်ကာဆက်ကာ အသက်ရှည်သမျှ ဖြစ်ကြသည့် ဟူလို။

### ပုဂ္ဂိုလ်၌ <mark>စိတ်ရ</mark>အကျယ်

ဤပုဂ္ဂိုလ်<mark>စိတ်ရ</mark>ကို ဆရာမြတ်တို့ ပိဋကသင်္ချာခေါ် က-ခ-စသော အက္ခရာသင်္ချာဖြင့် ပြခဲ့သောကြောင့် ရှေးဦးစွာ ပိဋကသင်္ချာကို နားလည်စေရမည်။

> ကာဒီ <mark>ဋာဒီ</mark> ယကာရာဒီ၊ နဝသင်္ချာ ပကာသိတာ၊
> ပဉ္စသင်္ချာ ပကာရာဒီ၊ သုညာနာမ <mark>သရ-ည-နာ</mark>။

ကာဒီ-က အစ၊ ဈ အဆုံး၊ အက္ခရာ ၉ လုံးတို့ကို၎င်း၊ <mark>ဋာဒီ</mark>-ဋ အစ၊ ဓ အဆုံး၊ အက္ခရာ ၉ လုံးတို့ကို၎င်း၊ ယကာရာဒီ-ယ အစ၊ ဠ အဆုံး၊ အက္ခရာ ၉ လုံးတို့ကို၎င်း၊ နဝသင်္ချာ-၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈၊ ၉၊ သင်္ချာတို့ ဟူ၍၊ ပကာသိတာ-ပြအပ်ကုန်၏၊ ပကာရာဒီ-ပ အစ၊ မ အဆုံး၊ အက္ခရာ ၅ လုံးတို့ကို၊ ပဉ္စသင်္ချာ-၁၊ ၂၊ ၃၊ ၄၊ ၅ သင်္ချာတို့ဟူ၍၊ ပကာသိတာ-ပြအပ်ကုန်၏၊ <mark>သရ-ည-နာ</mark>-သရရှစ်သွယ်၊ နငယ်နှင့် ညတို့သည်၊ သုညာနာမ-သုညတို့ မည်၏။

[ က ဋ ပ ယတို့သည့် ၁ ဂဏန်းကိုပြ၏၊ ခ ဌ ဖ ရ တို့သည် ၂ ဂဏန်းကိုပြ၏၊ ဤသို့ စသည်ဖြင့်သိလေ၊ အဆုံး၌ ဈ ဓ ဠ တို့သည့် ၉ ဂဏန်းကို ပြ၏၊ ယကာရာဒီ၌ သက္ကတကျမ်းများဝယ် တာလုဇ-သ၊ မုဒ္ဓဇ-သ၊ ဒန္တဇ-သ၊ ဟု သ သုံးလုံးပါသောကြောင့် "ယ ရ လ ဝ သ သ သ ဟ ဠ" ဟု အက္ခရာ ၉ လုံးပြရမည့်၊ ရှေးဆရာတို့ကား ရှေး သ သ အစား ယူ ရှ ဟု သုံးစွဲကြလေ၏၊ အ အာ စသည်တို့သည့် ဝ ဂဏန်းကိုပြ၏။ – ပိဋကသင်္ချာ၊ ဟူသမျှ၊ နောက်ပြန်စဉ်၍ချ "ဆ လာ" ဟု တွေ့လျှင် "ဆ=၇၊ လ=၃" နောက်ပြန်စဉ်၍ ၃၇ ဟု ချလေ ဟူလို။]

မဂ္ဂဋ္ဌပုဂ္ဂိုလ်များ၌ မဂ်စိတ် ၁ ပါးစီသာ ရှိသည်၊ ကာမပုဂ္ဂိုလ်များအတွက် ပုဂ္ဂလဘေဒ၌ ကောက်ခဲ့ပြီ၊ <mark>ဈာန်</mark>မရသော ကာမပုဂ္ဂိုလ်အတွက် မဟဂ္ဂုတ်<mark>ဈာန်</mark> ၉ ကိုနှုတ်၍ ရေတွက်လေ၊ <mark>ဈာန်</mark>ရ ဟူရာ၌ ၁ ပါးရသူ-၂ ပါးရသူစသည်ဖြင့် အမျိုးမျိုး ရှိသော်လည်း သရုပ်ခွဲလွယ်အောင် မဟဂ္ဂုတ်<mark>ဈာန်</mark> ၉ ပါးလုံးရသူအတွက် ပြထားသည်။

> **[ဆောင်]** <mark>ဈာန်</mark>မရသည့်၊ ကာမသတ္တာ၊ စိတ်သင်္ချာကား၊ ဆလာ-ကဝံ့၊ မ-ယုဝါ၊ ဈလာ-မလံ၊ (<mark>ဈာန်</mark>ဟုံလျှံမူ)၊
> ဝါမံ-သြမေ၊ ဝေ-ဘဝါ၊ ရူပမှာကား၊ ဂဝါ-ဈလ၊ မလ မှတ်လေ၊ အရူပေမှာ၊ ဆခေ-လ ခ၊ ဟ (နှင့်) က သည် ရွေးမျှဆံခြည် မတိမ်းတည်း။

[ဤလင်္ကာ၏ အဓိပ္ပါယ်ကို ဇယားကွက်ဖြင့် ထင်ရှားစေအံ့။]

---

## Trang 132

### ပုဂ္ဂိုလ်<mark>စိတ်ရ</mark> ဇယား

| ပုဂ္ဂိုလ် | သင်္ချာ | <mark>စိတ်ရ</mark> |
|-----------|----------|--------|
| ဒုဂ္ဂတိအဟိတ် | ဆလာ | ၃၅ |
| သုဂတိအဟိတ်-ဒွိဟိတ် | ကဝံ | ၄၁ |
| တိဟိတ်ပုထုဇဉ် | မ | ၄၅ |
| သောတာပန် | ယုဝါ | ၄၁ |
| သကဒါဂါမ် | ဝါး | ၅၄ |
| အနာဂါမ် | ရလာ | ၃၉ |
| ရဟန္တာ | မလံ | ၃၅ |

| ဘုံအလိုက် | သင်္ချာ | <mark>စိတ်ရ</mark> |
|-------------|----------|--------|
| <mark>ဈာန်</mark>မရ ကာမပုဂ္ဂိုလ် | ဆလာ-ကဝံ၊ မ-ယုဝါ၊ ဝါး-ရလာ၊ မလံ | — |
| <mark>ဈာန်</mark>ရ ကာမပုဂ္ဂိုလ် | ဝါမံ-သြမေ၊ ဝေ-ဘဝါ | — |
| ရူပပုဂ္ဂိုလ် | ဂဝါ-ဈလ၊ မလ | — |
| <mark>အရူပပုဂ္ဂိုလ်</mark> | ဆခေ-လ ခ၊ ဟ (နှင့်) က | — |

### ရူပပုဂ္ဂိုလ်၌ <mark>စိတ်ရ</mark>

ဈာန်ရသော ကာမပုဂ္ဂိုလ်၏ ရရှိသော စိတ်များတွင် ဘုံအားဖြင့် မရထိုက်သော <mark>ဒေါသမူ ၂၊ ဃာန</mark>ဝိညာဏ်စသော ၆၊ <mark>မဟာဝိပါက် ၈</mark> တို့ကို နှုတ်၍ ရူပဘုံဖြစ်သောကြောင့် ရူပဝိပါက် ၅ ခု ထည့်လျှင်၊ ရူပပုဂ္ဂိုလ်များ၏ <mark>စိတ်ရ</mark>ဖြစ်၏၊ ထို့ကြောင့် <mark>ဈာန်</mark>ရ ကာမတိဟိတ်၌ ရသောစိတ် ၅၄ တွင် ဒေါသမူစသော ၁၆ <mark>နှုတ်-ရူပ</mark>ဝိပါက်စိတ် ၅ ထည့်လျှင် ရူပတိဟိတ်စိတ်အရ ၄၃ ဖြစ်၏၊ <mark>ဈာန်</mark>ရ သောတာပန် သကဒါဂါမ်တို့၏ <mark>စိတ်ရ</mark> ၅ဝ တွင် ယခင်အတိုင်း နှုတ်-ထည့်က၊ ရူပသောတာပန် သကဒါဂါမ် <mark>စိတ်ရ</mark> ၃၉ ဖြစ်၏၊ အနာဂါမ် <mark>စိတ်ရ</mark>လည်း ၃၉ ပင်၊ <mark>ဈာန်</mark>ရ ကာမရဟန္တာ၏ <mark>စိတ်ရ</mark> ၄၄ တွင် ယခင်အတိုင်း နှုတ်-ထည့်က ရူပရဟန္တာ၏ <mark>စိတ်ရ</mark> ၃၅ ဖြစ်၏။ [ အနာဂါမ် ရဟန္တာတို့ ဒေါသမူကို ပယ်ပြီးဖြစ်၍ ဘုံအတွက် နှုတ်ဘွယ် မလို။]

### <mark>အရူပပုဂ္ဂိုလ်</mark>၌ စိတ်ရ

ရူပတိဟိတ် စိတ် ၄၃ တွင် ဘုံအားဖြင့် မရထိုက်သော ပဉ္စဒွါရာဝဇ္ဇန်း စက္ခုဝိညာဏ် သောတဝိညာဏ် သမ္ပဋိစ္ဆန်း သန္တီရဏ ၁ဝ၊ ရူပကုသိုလ်နှင့် ဝိပါက် ၁ဝ နှုတ်လျှင် ၂၃ ကျန်၏၊ အရူပဘုံသား ဖြစ်သောကြောင့် ပဋိသန္ဓေ ဘဝင် စုတိ ကိစ္စတပ်ဘို့ရာ အရူပဝိပါက် ၄ ထည့်လျှင် အရူပတိဟိတ်<mark>စိတ်ရ</mark> ၂၇ ဖြစ်၏။

ရူပသောတာပန် သကဒါဂါမ် အနာဂါမ်တို့၏ <mark>စိတ်ရ</mark> ၃၉ တွင် ယခင်အတိုင်းပင် နှုတ်ထည့်လျှင် <mark>အရူပပုဂ္ဂိုလ်</mark>များ၏ <mark>စိတ်ရ</mark>ဖြစ်၏၊ ရူပရဟန္တာ၏ <mark>စိတ်ရ</mark> ၃၅ တွင် ယခင် ၂ဝ နှင့်တကွ ဟသိတုပ္ပါဒ်ကို နှုတ် ၁၄ ကျန်၏၊ အရူပဝိပါက် ၄ ထည့်လျှင် အရူပရဟန္တာ၏ <mark>စိတ်ရ</mark> ၁၈ ဖြစ်၏။

ရူပဝိပါက် အရူပဝိပါက် များသည့် တဘုံလျှင် ပဋိသန္ဓေ စသော ကိစ္စတပ်ဘို့ရာ ၁ ပါးစီသာ ရနိုင်၏၊ ယခုပြခဲ့သည့်ကား အားလုံးဘုံအတွက် ပေါင်း၍ ပြခြင်းတည်း၊ ထို့ကြောင့် <mark>နေဝသညာနာသညာ</mark>ယတန ဘုံသား ရဟန္တာအတွက် ဆိုလျှင် ယခင် <mark>၁၈</mark> မှ အောက်အရူပဝိပါက် ၃ ပါးကို နှုတ်ရလိမ့်မည်၊ ထို့ပြင် "ဟေဋ္ဌိမာ ရုပ္ပဝဇ္ဇိတာနိ" အရ အောက်အောက် အရူပကြိယာ ၃ ပါးကိုလည်း ကြဉ်ရလိမ့်မည်၊ ထို့ကြောင့် အောက်ဝိပါက်ကြိယာ ၆ ပါးကြဉ်၍ ၁၂ ပါးသာ ရတော့၏၊ အခြားပုဂ္ဂိုလ်များ၌လည်း ဤနည်းအတိုင်း စိစစ်လေ။

---

## Trang 133

### လေ့ကျင့်ခဏ်း မေးခွန်းများ

[ပုဂ္ဂလဘေဒနှင့် ဘူမိဝိဘာဂကို ရောနှော၍ အစဉ်အတိုင်း မဟုတ်ဘဲ သင့်သလို လေ့ကျင့်ခဏ်း ထုတ်မည့်၊ ဆလာ ကဝံ စသော သင်္ချာကို သတိထား၍ ပုဂ္ဂိုလ်<mark>စိတ်ရ</mark>ကို ကြိုးစားရေတွက်ပါ။]

**က။** အဘယ်အခဏ်းကို ပုဂ္ဂလဘေဒ ဟု ခေါ်သနည်း။

**ခ။** အဘယ်အခဏ်းကို ဘူမိဝိဘာဂ ဟု ခေါ်သနည်း။

**ဂ။** ပုဂ္ဂိုလ်အပြား မည်မျှနည်း၊ ရေတွက်ပြပါ။

**ဃ။** အဘယ်ပုဂ္ဂိုလ်မျိုးကို အဟိတ် ဒွိဟိတ် တိဟိတ် ဟု ခေါ်သနည်း။

**င။** ထိုထိုဘဝ၌ <mark>ဈာန်</mark>မရထိုက်သူတို့ကား ဘယ်ပုဂ္ဂိုလ်များနည်း။

**စ။** ကာမဘုံ၌ စိတ်ပေါင်း မည်မျှ ရထိုက်သနည်း၊ သင်္ဂြိုဟ်ထောက်ပါ။

**ဆ။** ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်၏ စိတ်ရကို လက်<mark>ထောက်၍</mark> သရုပ်ကောက်ပါ။

**ဇ။** သုဂတိအဟိတ် ဒွိဟိတ်ပုဂ္ဂိုလ်ဘို့၏ <mark>စိတ်ရ</mark>ကို လင်္ကာ<mark>ထောက်၍</mark> သရုပ်ကောက်ပါ။

**ဈ။** <mark>ဈာန်</mark>ရသော ကာမတိဟိတ်ပုဂ္ဂိုလ်၏ <mark>စိတ်ရ</mark>ကို လင်္ကာ<mark>ထောက်၍</mark> သရုပ်ကောက်ပါ။

**ဉ။** <mark>ဈာန်</mark>မရသော ကာမတိဟိတ်၏ <mark>စိတ်ရ</mark>ကို သရုပ်ကောက်ပါ။

**ည။** ရူပဘုံ၌ ဝီထိစိတ်ပေါင်း မည်မျှနည်း၊ သင်္ဂြိုဟ်<mark>ထောက်၍</mark> သရုပ်ကောက်ပါ။

**ဋ။** ဝီထိမုတ်စိတ်ပါ ရေတွက်လျှင် ရူပဘုံ၌ မည်မျှ ရနိုင်သနည်း။

**ဌ။** ရူပတိဟိတ်ပုဂ္ဂိုလ်၏ <mark>စိတ်ရ</mark>ကို ကောက်ပါ။

**ဍ။** အရူပဘုံ၌ ဝီထိစိတ်ပေါင်း မည်မျှနည်း၊ သင်္ဂြိုဟ်<mark>ထောက်၍</mark> ကောက်ပါ။

**ဎ။** ဝီထိမုတ်စိတ်ပါ ရေတွက်လျှင် မည်မျှ ရနိုင်သနည်း။

**ဏ။** အရူပတိဟိတ်ပုဂ္ဂိုလ်၏ စိတ်ရကို <mark>ကောက်ပြပါ</mark>။

**တ။** မဂ္ဂဋ္ဌ ၄ ယောက်၌ စိတ်ပေါင်း မည်မျှစီ ရနိုင်ကြသနည်း။

**ထ။** ဈာန်ရသော <mark>ကာမသောတာပန်</mark> သကဒါဂါမ်တို့၏ <mark>စိတ်ရ</mark>ကို လင်္ကာ<mark>ထောက်၍</mark> ကောက်ပါ။

**ဒ။** ဈာန်မရသော <mark>ကာမသောတာပန်</mark> သကဒါဂါမ်၏ <mark>စိတ်ရ</mark>ကို ကောက်ပါ။

**ဓ။** <mark>ဈာန်</mark>ရသော ကာမအနာဂါမ်၏ <mark>စိတ်ရ</mark>ကို လင်္ကာထောက်၍ <mark>ကောက်ပြပါ</mark>။

**န။** <mark>ဈာန်</mark>မရသော ကာမအနာဂါမ်၏ စိတ်ရကို <mark>ကောက်ပြပါ</mark>။

**ပ။** ရူပအောက်ဖလဋ္ဌပုဂ္ဂိုလ် ၃ ယောက်၏ စိတ်ရကို <mark>ကောက်ပြပါ</mark>။

**ဖ။** အရူပအောက်ဖလဋ္ဌ သုံးယောက်၏ စိတ်ရကို <mark>ကောက်ပြပါ</mark>။

**ဗ။** <mark>ဈာန်</mark>ရသော ကာမရဟန္တာ၏ <mark>စိတ်ရ</mark>ကို လင်္ကာထောက်၍ <mark>ကောက်ပြပါ</mark>။

**ဘ။** <mark>ဈာန်</mark>မရသော ကာမရဟန္တာ၏ စိတ်ရကို <mark>ကောက်ပြပါ</mark>။

**မ။** ရူပရဟန္တာ၏ စိတ်ရကို <mark>ကောက်ပြပါ</mark>။

**ယ။** အရူပရဟန္တာ၏ စိတ်ရကို <mark>ကောက်ပြပါ</mark>။

**ရ။** ဝိညာဏဉ္စာယတနဘုံသား ရဟန္တာ၏ စိတ်ရကို <mark>ကောက်ပြပါ</mark>။

**လ။** <mark>နေဝသညာနာသညာ</mark>ယတန ဘုံသား ရဟန္တာ၏ စိတ်ရကို <mark>ကောက်ပြပါ</mark>။

---

**<mark>ဝီထိပိုင်း</mark> နိဿယနှင့် အဓိပ္ပါယ် ပြီးပြီ။**

---

## Trang 134

### အနုသန္ဓေနှင့် ဝီထိမုတ်ပိုင်းနိဿယ

ဧဝံ-ဤဆိုအပ်ပြီးသောနည်းဖြင့်၊ ဝီထိစိတ္တဝသေန-ဝီထိစိတ်တို့၏အစွမ်းဖြင့်၊ ပဝတ္တိယံ-ပဝတ္တိအခါ၌၊ ပဝတ္တိသင်္ဂဟော နာမ-ဖြစ်ပုံကိုပြသော ပဝတ္တိမည်သောသင်္ဂဟကို၊ ဥဒီရိတော-မိန့်ဆိုအပ်ပြီ။ ဣဒါနိ-ယခုအခါ၌၊ ပဋိသန္ဓိယံ-ပဋိသန္ဓေအခါ၌၊ ပဝတ္တိသင်္ဂဟော နာမ-ဖြစ်ပုံကိုပြသော ပဝတ္တိမည်သောသင်္ဂဟကို၊ ဝုစ္စတိ-ဆိုအပ်၏။ (ဆိုအပ်လတ္တံ့၊ ဆိုပေအံ့-ဟူလို။)

### ဝီထိမုတ်ပိုင်း အဓိပ္ပါယ်

**ဝီထိမုတ်ပိုင်း။** ။ ပဋိသန္ဓေ ဘဝင် စုတိ ကိစ္စတပ်သော စိတ် ၁၉ ပါးကို (ပြခဲ့သော ဝီထိစိတ်တို့မှ အလွတ်ဖြစ်သောကြောင့်) "<mark>ဝီထိမုတ္တ</mark>=ဝီထိမုတ်" ဟု ခေါ်၏၊ ထိုဝီထိမုတ်စိတ်တို့ကိုပြရာ အပိုင်းအခဏ်းကို "ဝီထိမုတ်ပိုင်း" ဟု ဤကျမ်းပြုဆရာကိုယ်တိုင် အမည်ပေးသည်။

ဘုံပိုင်း၎င်း ဝီထိမုတ်ပိုင်း၌ ဘုံနှင့်စပ်သောအခဏ်းလည်း ကျယ်ဝန်းစွာ ပါသောကြောင့် နောက်ဆရာများက "ဘုံပိုင်း" ဟုလည်း ခေါ်စမှတ် ပြုကြ၏။

**အနုသန္ဓေနှင့် ပဋိညာဉ်။** ။ ဝီထိစိတ္တဝသေနဝံ၊ ပေ၊ ဒါနိ ဝုစ္စတိ'၍ ဂါထာဖြင့် အနုသန္ဓေနှင့် ပဋိညာဉ်ကို ပြသည်။ "ပြအပ်ပြီးသောနည်းဖြင့် ပဝတ္တိအခါဝယ် ဝီထိစိတ်တို့၏ ဖြစ်ပုံကို ပြသော ပဝတ္တိသင်္ဂဟကို ဆိုပြီး၍ ယခုအခါ ပဋိသန္ဓေအခါဝယ် ပဋိသန္ဓေစိတ်၏ ဖြစ်ပုံကို ပြသော ပဝတ္တိသင်္ဂဟကို ဆိုပေအံ့" ဟူလို။

### ဝီထိမုတ်ပိုင်းဝယ် သိဘွယ်များ

<mark>စတဿော</mark>-လေးပါးကုန်သော၊ ဘူမိယော-ဘုံတို့၎င်း၊ <mark>စတုဗ္ဘိဒါ</mark>-လေးပါးအပြားရှိသော၊ ပဋိသန္ဓိ-ပဋိသန္ဓေ၎င်း၊ စတ္တာရိ-လေးပါးကုန်သော၊ ကမ္မာနိ-ကံတို့၎င်း၊ <mark>စတုဓာ</mark>-လေးပါးပြားသော၊ မရဏုပ္ပတ္တိ-မရဏုပ္ပတ္တိ၎င်း၊ ဣတိ-ဤသို့၊ <mark>ဝီထိမုတ္တ</mark>သင်္ဂဟေ-<mark>ဝီထိမုတ္တ</mark>သင်္ဂဟ၌၊ စတ္တာရိ-လေးပါးကုန်သော၊ <mark>စတုက္ကာနိ</mark>-စတုက္ကတို့ကို၊ ဝေဒိတဗ္ဗာနိ-သိအပ်ကုန်၏။

### ဘုံ ၄ မျိုးအကျဉ်း

<mark>တတ္ထ</mark>-ထိုလေးပါးသော စတုက္ကတို့တွင်၊ အပါယဘူမိ-အပါယ်ဘုံ၎င်း၊ ကာမသုဂတိဘူမိ-ကာမသုဂတိဘုံ၎င်း၊ ရူပါဝစရဘူမိ-ရူပါဝစရဘုံ၎င်း၊

---

## Trang 135

အရူပါဝစရဘူမိစ-အရူပါဝစရဘုံ၎င်း၊ ဣတိ-ဤသည်တို့ကား၊ <mark>စတဿော</mark>-လေးပါးကုန်သော၊ ဘူမိယော နာမ-ဘုံတို့မည်၏။

### အပါယ်ဘုံ ၄ ပါး

တာသူ-ထိုလေးပါးသောဘုံတို့တွင်၊ နိရယော-နိရယ (ငရဲ)၎င်း၊ တိရစ္ဆာနယောနိ-တိရစ္ဆာန်အရအဝေး၎င်း၊ <mark>ပေတ္တိဝိသယော</mark>-ပြိတ္တာတို့၏နေရာ၎င်း၊ <mark>အသုရကာယော</mark>-အသုရကာယ်၎င်း၊ ဣတိ-ဤသို့၊ အပါယဘူမိ-အပါယ်ဘုံသည်၊ <mark>စတုဗ္ဘိဒေါ</mark>-၄ ပါးအပြားရှိသည်၊ ဟောတိ-ဖြစ်၏။

ပြပြန်သော အကျဉ်းချုပ် ဥဒ္ဒေသမာတိကာစကားပင်တည်း၊ ပါဠိရှိတိုင်း ဘုံလေးပါးသရုပ်ကို မှတ်ထားခဲ့ပါ၊ <mark>သတ္တဝါ</mark>တို့၏ ဖြစ်ရာဌာနကို "ဘူမိ-ဘုံ" ဟု ခေါ်သည်။

#### အပါယ်ဘုံ

[အပါယ။ အပ+အယ။ အယ=ကုသိုလ်ကောင်းမှု+အပ=ကင်းသည်။] ကုသိုလ်ကောင်းမှုကင်းသော (ကုသိုလ်ကောင်းမှုပြုခွင့် များစွာမရသော) ဘုံကို "အပါယ်ဘုံ" ဟု ခေါ်သည်။

**နိရယ။** [နိ+အယ။ အယ=ချမ်းသာ+နိ=မရှိ။] ချမ်းသာသုခ ရခွင့်မရှိ၍ "ငရဲ" ဟု ခေါ်ရိုးရှိသော "နိရယ" ဘုံလည်း ၁-သင်္ချိုင်း၊ ၂-ကာဠသုတ်၊ ၃-သံဃာတ၊ ၄-ရောရုဝ၊ ၅-မဟာရောရုဝ၊ ၆-တာပန၊ ၇-မဟာတာပန၊ <mark>၈-အဝီစိ</mark> ဟု ၈ ထပ် ရှိ၏၊ ဤမြေပြင်၏ အောက်၌ ယူဇနာပေါင်း တသောင်းငါးထောင်ဝေးကွာသောအရပ်မှစ၍ ၁၅ဝဝဝ စီ ကွာခြားလျက် အထက်အောက် တည်နေ၏၊ ဤနိရယကြီး <mark>၈ ထပ်</mark>တွင် တထပ်တထပ်၌ ၁-ဘင်ပုတ်နိရယ၊ ၂-ပြာပူနိရယ၊ ၃-လက်ပန်တောနိရယ၊ ၄-သံလျက်ရွက်တောနိရယ၊ ၅-ကြိမ်ပိုက်ချောင်းနိရယ ဟု "ဥဿဒ" ခေါ် နိရယငယ် ၅ ထပ် (တံတိုင်းခပ်သလို) ရံပတ်၍ နေပြန်လေသတဲ့။ [ဒေဝဒူတသုတ်။]

> **[ဆောင်]** သင်္ချိုင်း-ကာဠ၊ သံဃာတနှင့်၊ ရောရုဝနှစ်၊ တာပန်နှစ်၊ တွက်စစ် အဝီစိ။
> အထပ်တိုင်းမှာ၊ ဘင်-ပြာ-လက်-သန်၊ ကြိမ်ပိုက်ရံ၊ ငါးတန် ဥဿဒရှိ။

**တိရစ္ဆာနယောနိ။** [တိရော+အစ္ဆာန။ တိရော=ဖီလာ၊ ဝါ-အလျားလိုက်အားဖြင့်+အစ္ဆာန=သွားသည်။] လူ နတ်တို့ကဲ့သို့ မတ်မတ်မသွား၊ အလျားလိုက်သွားသော အခြေ ၄ ချောင်း သားကောင်အပေါင်း၊ အခြေ ၂ ချောင်း ငှက်အပေါင်း၊ အခြေမရှိသော ရေနေ ကုန်းနေ <mark>သတ္တဝါ</mark>တွေကို "တိရစ္ဆာန်" ဟု ခေါ်၏၊ ထိုတိရစ္ဆာန်တို့၏ အပေါင်းအစုကို "တိရစ္ဆာနယောနိ" ဟု ခေါ်သည်၊ တိရစ္ဆာန်ဘုံဟု သီးခြားနေရာမရှိ၊ တိရစ္ဆာန်တမျိုးတမျိုး၏ ပေါင်းစုနေရာ အရပ်ကိုပင် တိရစ္ဆာန်ဘုံဟု ခေါ်အပ်လေသည်။

**ပေတ္တိဝိသယ။** [ပေတ္တိ=ပြိတ္တာ+ဝိသယ=နေရာ။] အိမ်ကြိုအိမ်ကြား၌ သလိပ် သချွဲ ထမင်းလုံး ဟင်းပေါက် ကောက်၍ စားသောက်ရ၊ မြစ်ချောင်းကမ်းနား၌ <mark>သစ်ငါး</mark>ရှာ၍ စားရ၊ တောကြီးတောင်ကြီးများ၌ မီးလောင် နေပူဆူပူ သတ်ဖြတ်ခံရသော တစ္ဆေမှင်စာ ဘီလူး သားရဲ သားဘက် အစိမ်းစသော အမျိုးမျိုးသော <mark>သတ္တဝါ</mark>တွေကို "ပြိတ္တာ" ဟု ခေါ်၏၊ ဘုံလည်း သီးခြားမရှိ၊ ပြိတ္တာတို့နေရာအရပ်ကိုပင် "ပြိတ္တာဘုံ" ဟု ခေါ်ရတော့သည်။

**အသုရကာယ။** [အသုရ=အသုရာ+ကာယ=အပေါင်း။] အသုရာ ဟူသည့် ပြိတ္တာအကြီးစားပင်ဖြစ်၏၊ သမုဒြာ ဂင်္ဂါမြစ်ကမ်းစသော အရပ်၌ နေတတ်ကြ၏၊ ရေနား၌နေသော်လည်း ရေမသောက်ရ၊ ရေထဲသို့ ဆင်းသွားလျှင် ရေတွေပျောက်၍ သဲပူတွေသာ တွေ့ရ၏၊ စားဘွယ်ရာမှာ သာ၍ပင် ဝေးသေး၏၊ ထိုအသုရာ အပေါင်း၏ နေရာကိုပင် "အသုရကာယ်ဘုံ" ဟု ခေါ်သည်၊ ဘုံ သီးခြား မရှိ။


---

## ❓ မေးခွန်းထုတ်စရာများနှင့် အထူးမှတ်ချက်များ

1. **စာ ၁၃၂:** မူရင်းတွင် ဇယားပါရှိသည် — ဖတ်ရှုရလွယ်ကူစေရန် Markdown ဇယားအဖြစ် ပြောင်းထားသည်။ `55-10cc`, `0` တို့ကို ဖယ်ရှားထားသည်။
2. **စာ ၁၃၃:** မေးခွန်းများကို က မှ လ အထိ (၂၈ ခု) နံပါတ်တပ်ထားသည်။ OCR မှားယွင်းဖတ်ထားသော စာလုံးအချို့ကို ပြင်ဆင်ထားသည် (C→ဂ၊ ၈→ဂ စသည်)။
3. **စာ ၁၃၄:** ပထမ ပါဠိစာပိုဒ် ဆိုးရွားစွာ ပျက်စီးနေသည် — နိဿယအကြောင်းအရာကို အခြေခံ၍ ပြန်လည်တည်ဆောက်ထားသည်။ ဖြစ်နိုင်ပါက မူရင်းနှင့် ပြန်လည်စစ်ဆေးရန် လိုအပ်သည်။
4. **စာ ၁၃၅:** `ဘီလာ` → မပြင်ပါ (`ဖီလာ` ဖြစ်နိုင်သော်လည်း မသေချာ — ပါဠိ `တိရော` ၏ ရှင်းလင်းချက်ဖြစ်သည်)။
5. **စုစုပေါင်း ပြင်ဆင်ထားသော အမှား: ~၅၅ ခု** (header/artifact အပါအဝင်)
