## Trang 136

> **ကာမသုဂတိ ၇ ဘုံ** — <mark>မနုဿာ</mark> ၁-လူ့ဘုံ၎င်း၊ စာတု<mark>မဟာ</mark>ရာဇိက—
> စာတု<mark>မဟာ</mark>ရာဇ်ဘုံ၎င်း၊ တာဝတိံသာ—
> တာဝတိံသာဘုံ၎င်း၊ ယာမာ — ယာမာဘုံ၎င်း၊ တုသိတာ—
> တုသိတာဘုံ၎င်း၊ နိမ္မာနရတိ — နိမ္မာနရတိဘုံ၎င်း၊ ပရနိမ္မိတ
> ဝသဝတ္တိစ— ပရနိမ္မိတဝသဝတ္တိဘုံ၎င်း၊ ဣတိ — ဤသို့၊ ကာမ
> သုဂတိဘူမိ — ကာမသုဂတိဘုံသည်၊ <mark>သတ္တဝိဓာ</mark> — ခုနစ်ပါး
> အပြားရှိသည်၊ ဟောတိ — ၏။

ပေါင်း ကာမ <mark>၁၁</mark>

ပန — ဆက်<mark>ဦး</mark>အံ့၊ ဧကာဒသဝိဓောပိ ဟုတွာ ၁၁ ဘုံ <mark>တစ်ဆယ့်တစ်ပါး</mark> အပြားရှိသည်လည်း ဖြစ်သော၊ <mark>သာ အယံ</mark> — ထိုဘုံသည်၊ <mark>ကာမာဝစရ</mark>ဘူမိန္တေဝ — ကာမာဝစရဘုံဟူ၍သာလျှင်၊ သင်္ခံ — ခေါ်ဝေါ်အပ်သည်၏ အဖြစ်သို့၊ဂစ္ဆတိ — ရောက်၏။

**ကာမသုဂတိ ၇ ဘုံ။** သု = ကောင်းသော + ဂတိ = လားရာဘုံ။ကောင်းသော လားရောက်ရာဘုံကို "သုဂတိဘုံ" ဟု ဆိုသည်။ ဤ ကာမသုဂတိ ၇ ဘုံ၏ သရုပ်ကို ပါဠိကြည့်၍ ရေတွက်လေ။

**ကာမ <mark>၁၁</mark> ဘုံ။** အပါယ် (ဒုဂ္ဂတိ) ၄ ဘုံနှင့် ကာမသုဂတိ ၇ ဘုံကိုကာမ <mark>၁၁</mark> ဘုံ ဟု ခေါ်သည်၊ ပါဠိကြည့်၍ သရုပ်ရေတွက်လေ။

[ စာတု<mark>မဟာ</mark>ရာဇ်ဘုံသည် မြင့်မိုရ်တောင်၏ အလယ်လေခံမှ စ၍ မြေပြင်ရောက်အောင် ပြန့်နှံ့၏၊ တာဝတိံသာဘုံသည် မြင့်မိုရ်တောင် ထိပ်၌တည်၏၊ ယာမာစသောဘုံသည် ထိုအထက် ကောင်းကင်၌ အဆင့်ဆင့် မြင့်လျက်တည်ကြ၏၊ အထက်ဝန်းကျင်၌ကား နတ်ပြည်ခြောက်ထပ်လုံးပင် စကြာဝဠာတံတိုင်းထိအောင် ပြန့်နှံ့ တည်နေကြသော ဟူ၏။ ]

---

### နိဿယနှင့်အဓိပ္ပါယ်

---

### လေ့ကျင့်ခန်း မေးခွန်းများ

က။ အဘယ့်ကြောင့် ဝီထိမုတ်ပိုင်း ဟု ခေါ်သနည်း။

ခ။ အဘယ့်ကြောင့် ဘုံပိုင်း ဟု ခေါ်သနည်း။

ဂ။ [OCR_UNCERTAIN: မေးခွန်း ပျက်စီး]

ဃ။ [OCR_UNCERTAIN: မေးခွန်း ပျက်စီး]

င။ [OCR_UNCERTAIN: မေးခွန်း ပျက်စီး]

စ။ [OCR_UNCERTAIN: မေးခွန်း ပျက်စီး]

ဆ။ [OCR_UNCERTAIN: မေးခွန်း ပျက်စီး — OCR ဖတ်၍မရ၊ စာမူမှ တိုက်ရိုက်ကြည့်ရန်]

ဇ။ ဝီထိစိတ္တဝသေနေဝံ ဂါထာသည် ဘာကို ပြသော ဂါထာနည်း၊ ၎င်းဂါထာကို အနက်ပေး၍ စကားပြေကို ပြပါ။

ဈ။ ပဝတ္တိသင်္ဂဟောနာမသန္ဒိယံ-ဟု ဆိုသောကြောင့် ပဋိသန္ဓေအခါ၌သာဖြစ်ပုံကို ပြမည်လော၊ ဥပမာဆောင်၍ ထင်ရှားပြပါ။

ည။ စတ္တာရိစတုက္ကာနိ အရ စတုက္က ၄ ပါးကို ကောက်ပြပါ။

ဋ။ အဘယ်ကို "ဘုံ" ဟု ခေါ်သနည်း၊ ဘုံလေးပါးကို ရေတွက်ပါ။

ဌ။ အဘယ်ဘုံမျိုးကို "အပါယ်ဘုံ" ဟု ခေါ်သနည်း၊ အပါယ်ဘုံ ၄ ပါးကိုသင်္ဂြိုဟ်ထောက်၍ ရေတွက်ပါ။

ဍ။ <mark>ငရဲကြီး</mark> ၈ ထပ်ကို လင်္ကာထောက်၍ ရေတွက်ပါ။

ဎ။ တစ်ထပ် တစ်ထပ်၌ "ဥဿဒ" ခေါ် <mark>ငရဲ</mark>ငယ်များကို ရေတွက်ပါ။

ဏ။ ထို <mark>ငရဲ</mark>ဘုံများသည် အဘယ် အရပ်၌ ရှိသနည်း။

တ။ အဘယ် သတ္တဝါမျိုးကို တိရစ္ဆာန် ဟု ခေါ်သနည်း။

ထ။ အဘယ် သတ္တဝါမျိုးကို ပြိတ္တာ ဟု ခေါ်သနည်း။

ဒ။ အဘယ် သတ္တဝါမျိုးကို အသုရကာယ် ဟု ခေါ်သနည်း။

ဓ။ ကာမသုဂတိ ၇ ဘုံကို သင်္ဂြိုဟ်ထောက်၍ ရေတွက်ပါ။

န။ ကာမ ၁၁ ဘုံတွင် သုဂတိဘုံ ဒုဂ္ဂတိဘုံ မည်မျှစီ ရှိသနည်း။

ပ။ စာတု<mark>မဟာ</mark>ရာဇ် စသော ဘုံများ အဘယ်အရပ်၌ တည်သနည်း။

---

## Trang 137

> #### ရူပ <mark>၁၆</mark> ဘုံ
>
> ၁။ ဗြဟ္မပါရိသဇ္ဇာ— ဗြဟ္မပါရိသဇ္ဇာဘုံ၎င်း၊ ဗြဟ္မ
> ပုရောဟိတာ— ဗြဟ္မာပုရောဟိတာဘုံ၎င်း၊ <mark>မဟာ</mark>
> ဗြဟ္မာစ— <mark>မဟာ</mark>ဗြဟ္မာဘုံ၎င်း၊ ဣတိ — ဤသုံးဘုံသည်၊ ပဌမဇ္ဈာန
> ဘူမိ — ပဌမဈာန်ဘုံတည်း။
>
> ၂။ ပရိတ္တာဘာ — ပရိတ္တာဘာဘုံ၎င်း၊ အပ္ပမာဏာဘာ—
> အပ္ပမာဏာဘာဘုံ၎င်း၊ အာဘဿရာစ— အာဘဿရာဘုံ၎င်း၊
> ဣတိ — သုံးဘုံသည်၊ ဒုတိယဈာနဘူမိ — ဒုတိယဈာန်ဘုံတည်း။
>
> ၃။ ပရိတ္တသုဘာ— ပရိတ္တသုဘာဘုံ၎င်း၊ အပ္ပမာဏသုဘာ—
> အပ္ပမာဏသုဘာဘုံ၎င်း၊ သုဘကိဏှာစ— သုဘကိဏှာဘုံ၎င်း၊
> ဣတိ — သည်၊ တတိယဈာနဘူမိ — တတိယဈာန်ဘုံတည်း။
>
> ၄။ ဝေဟပ္ဖလ— ဝေဟပ္ဖိုလ်ဘုံ၎င်း၊ အသညသတ္တာ—
> အသညသတ်ဘုံ၎င်း၊ သုဒ္ဓါဝါသာ စ — သုဒ္ဓါဝါသ ငါးဘုံ၎င်း၊
> ဣတိ — ဤ ခုနစ်ဘုံသည်၊ <mark>စတုတ္ထဈာန</mark>ဘူမိ — <mark>စတုတ္ထဈာန</mark>်ဘုံ
> တည်း၊ ဣတိ — ဤသို့၊ ရူပါဝစရဘူမိ — ရူပါဝစရဘုံသည်၊
> <mark>သောဠသဝိဓာ</mark> — ၁၆ ပါးအပြားရှိသည်၊ ဟောတိ — ၏။

> အဝိ<mark>ဟာ</mark> — အဝိ<mark>ဟာ</mark>ဘုံ၎င်း၊ အတပ္ပါ — အတပ္ပါဘုံ၎င်း၊
> သုဒဿာ— သုဒဿာဘုံ၎င်း၊ သုဒဿီ— သုဒဿီဘုံ၎င်း၊ အကနိဋ္ဌာ
> စ— အကနိဋ္ဌာဘုံ၎င်း၊ ဣတိ — ဤသို့၊ သုဒ္ဓါဝါသဘူမိ — သုဒ္ဓါဝါသ
> ဘုံသည်၊ ပဉ္စဝိဓာ — ငါးပါးအပြားရှိသည်၊ ဟောတိ — ၏။
> [ <mark>စတုတ္ထဈာန</mark>်ဘုံ၌ ပြခဲ့သော သုဒ္ဓါဝါသသည် ၅ ဘုံရှိ၏ — ဟူလို။ ]

> #### အရူပ ၄ ဘုံ
>
> အာကာသာနဉ္စာယတနဘူမိ — အာကာသာနဉ္စာ
> ယတနဘုံ၎င်း၊ ဝိညာဏဉ္စာယတနဘူမိ — ဝိညာ
> ဏဉ္စာယတနဘုံ၎င်း၊ အာကိဉ္စညာယတနဘူမိ — အာကိဉ္စညာ
> ယတနဘုံ၎င်း၊ နေဝသညာ နာသညာယတနဘူမိစ — နေ
> ဝသညာ နာသညာယတန ဘုံ၎င်း၊ ဣတိ — ဤသို့၊ အရူပါဝစရဘူမိ—
> သည်၊ စတုဗ္ဘိဓာ — လေးပါးအပြားရှိသည်၊ ဟောတိ — ၏။

> သုဒ္ဓါဝါသေသု — သုဒ္ဓါဝါသဘုံတို့၌၊ သဗ္ဗထာ—
> အလုံးစုံသော အပြားအားဖြင့်၊ သဗ္ဗဒါ — အခါခပ်သိမ်း၊
> ပုထုဇ္ဇနာ — ပုထုဇဉ်လည်း ဖြစ်ကုန်
> သော၊ သောတာပန္နာစ — သောတာပန်လည်း ဖြစ်ကုန်သော၊
> သကဒါဂါမိနောစာပိ — သကဒါဂါမ်လည်း ဖြစ်ကုန်သော၊ ပုဂ္ဂ
> လာ — ပုဂ္ဂိုလ်တို့ကို၊ န လဗ္ဘန္တိ — မရအပ်ကုန်၊ အသညသတ္တူပါယ
> ဘူမိသု— အသညသတ်ဘုံ အပါယ်ဘုံတို့၌၊ အရိယာ — အရိယာ
> ပုဂ္ဂိုလ်တို့ကို၊ နေ၀ လဗ္ဘန္တိ — မရအပ်ကုန်၊ သေသဋ္ဌာနေသု—
> ကြွင်းသောဘုံဌာနတို့၌၊ အရိယာ — အရိယာပုဂ္ဂိုလ်တို့ကို၎င်း၊
> အနရိယာပိစ — ပုထုဇဉ်ပုဂ္ဂိုလ်တို့ကို၎င်း၊ လဗ္ဘန္တိ — ရအပ်ကုန်၏။

ဧတ္ထ — ဤ ဝီထိမုတ္တသင်္ဂဟ၌၊ ဣဒံ — ဤသည်ကား၊ ဘူမိစတုက္ကံ — ဘူမိစတုက္ကံတည်း။

---

**ရူပ <mark>၁၆</mark> ဘုံ၊ အရူပ ၄ ဘုံ** တို့၏ သရုပ်ကို ပါဠိကြည့်၍ ရေတွက်လေ။

**ဘုံ၌ ပုဂ္ဂိုလ်ရ။** "ပုထုဇ္ဇနာ၊ ပေ၊ အနရိယာပိစ" ဂါထာတို့ကား ပြအပ်ပြီးသော ဘုံတို့၌ ရထိုက်သော ပုဂ္ဂိုလ်တို့ကို ပြသော ဂါထာတည်း၊ ပုဂ္ဂိုလ်၁၂ ယောက် သရုပ်ကို ဝီထိပိုင်း ပုဂ္ဂလဘေဒ၌ ပြခဲ့ပြီ။

သုဒ္ဓါဝါသ ၅ ဘုံ၌ ပုထုဇဉ် သောတာပန် သကဒါဂါမ်များ မရထိုက်ဟုတိုက်ရိုက်ဆိုထားပြီ၊ မဂ္ဂဋ္ဌပုဂ္ဂိုလ် အဖြစ်၌ စိတ္တက္ခဏ တစ်ချက်ခန့်သာ ကြာ၍—

---

## Trang 138

မဂ်ရပြီးလျှင် ချက်ချင်း ဖိုလ်ကို ရ၏၊ ထို့ကြောင့် အနာဂါမိမဂ္ဂဋ္ဌပုဂ္ဂိုလ် အဖြစ်ဖြင့်လည်း သုဒ္ဓါဝါသဘုံ၌ ပဋိသန္ဓေ မနေထိုက်၊ ထို့ကြောင့် သုဒ္ဓါဝါသ ဘုံ၌အနာဂါမိဖလဋ္ဌနှင့် အရဟတ္တမဂ္ဂဋ္ဌ အရဟတ္တဖလဋ္ဌ ပုဂ္ဂိုလ် ၃ ယောက်သာရထိုက်သည်။

အသညသတ်ဘုံ၌ သုဂတိအဟိတ်ပုဂ္ဂိုလ် ၁ ယောက်သာရ၍၊ အပါယ်၄ ဘုံ၌ ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ် ၁ ယောက်သာ ရသောကြောင့် ထို ဘုံတို့၌အရိယာပုဂ္ဂိုလ်များ မရထိုက်၊ သုဒ္ဓါဝါသ အသညသတ် အပါယ်ဘုံတို့မှ ကြွင်းသော ကာမ ရူပ အရူပဘုံတို့၌ ပုထုဇဉ်နှင့် အရိယာများ ထိုက်သင့်သလိုရကြသည်။

### [ဆောင်]

> အပါယ် ဒု-ရ၊ လူ-နတ် စ၌၊ ဒု-ပ ဧက်ဒသ်၊ ထက် ငါးနတ်ဝယ်၊
> အဟိတ်ပယ်လော၊ ဆယ်ဘုံရူပ၊ တိဟိတ် ရ၏၊ သညသု-သာ၊
> ငါးသုဒ္ဓါမှာ၊ ရိယာခေါင်ဆုံး၊ သုံးယောက်စီရ၊ အရူပဝယ်၊
> စ-မဂ်ပယ်သည်၊ ရှစ်သွယ်တိဟိတ် မကြွင်းတည်း။

**အပါယ်ဘုံ** — အပါယ်ဘုံ၌ ဒုဂ္ဂတိအဟိတ် ၁ ယောက်သာ ရ၏။

**လူ-နတ်စ၊ ဒု-ပ ဧက်ဒသ်** — [နတ်စ = နတ်အစဘုံ။ ဒုပ = ဒုဂ္ဂတိအဟိတ်ကို အပထား၍ + ဧက်ဒသ် = ဧကာဒသ ၁၁] လူဘုံ စာတု<mark>မဟာ</mark>ရာဇ်ဘုံတို့၌ ဒုဂ္ဂတိအဟိတ်မှတစ်ပါး ပုဂ္ဂိုလ် ၁၁ ယောက်ရ၏။

**ထက်ငါးနတ်၊ အဟိတ်ပယ်လော** — အထက် နတ်ပြည် ၅ ထပ်၌ဒုဂ္ဂတိအဟိတ် သုဂတိအဟိတ် ပုဂ္ဂိုလ်ပယ်၍ ကျန် ၁ဝ ယောက်ရ၏။

**ဆယ်ဘုံရူပ၊ တိဟိတ်ရ၏** — သုဒ္ဓါဝါသ ၅ အသညသတ်မှ တစ်ပါးသောရူပ ဆယ်ဘုံ၌ တိဟိတ်ပုဂ္ဂိုလ် ၉ ယောက်ရ၏။ [အရိယာပုဂ္ဂိုလ်များတိဟိတ် ဖြစ်ကြောင်းကို ပုဂ္ဂလဘေဒ၌ ဆိုခဲ့ပြီ။]

**သညသု-သာ** — အသညသတ်ဘုံ၌ သုဂတိအဟိတ် ၁ ယောက်သာရ၏။

**ငါးသုဒ္ဓါမှာ၊ ရိယာခေါင်ဆုံး၊ သုံးယောက်စီရ** — သုဒ္ဓါဝါသ ၅ ဘုံ၌အနာဂါမိဖလဋ္ဌ အရဟတ္တမဂ္ဂဋ္ဌ အရဟတ္တဖလဋ္ဌ ဟူ၍ အထက်ဆုံးအရိယာ သုံးယောက်စီရကြသည်။

**အရူပဝယ်၊ စ-မဂ်ပယ်သည်၊ မကြွင်းတည်း** — အရူပ ၄ ဘုံ၌ အစဆုံး သောတာပတ္တိမဂ်ကိုပယ်၍ (တိဟိတ် ပုထုဇဉ်နှင့် အရိယာ ၇ ယောက်) တိဟိတ်၈ ယောက်ရ၏။

---

### လေ့ကျင့်ခန်း မေးခွန်းများ

က။ ရူပဗြဟ္မာ့ဘုံ မည်မျှရှိသနည်း၊ သင်္ဂြိုဟ်ထောက်၍ ရေတွက်ပါ။

ခ။ ရူပဘုံတို့တွင် သုဒ္ဓါဝါသဘုံ မည်မျှ ပါသနည်း၊ ရေတွက်ပါ။

ဂ။ သုဒ္ဓါဝါသဘုံသည် အဘယ်ဈာန်ဘုံ၌ ပါဝင်သနည်း။

ဃ။ အရူပဘုံ မည်မျှရှိသနည်း၊ သင်္ဂြိုဟ်ထောက်၍ ရေတွက်ပါ။

င။ "ပုထုဇ္ဇနာ န လဗ္ဘန္တိ" စသော ၂ ဂါထာကို အနက် ပေးပါ။

စ။ အပါယ်ဘုံ၌ ရထိုက်သော ပုဂ္ဂိုလ်ကို လင်္ကာထောက်၍ ကောက်ပါ။

ဆ။ လူ့ဘုံ စာတု<mark>မဟာ</mark>ရာဇ်ဘုံတို့၌ ရထိုက်သူကို ကောက်ပါ။

ဇ။ အထက် နတ်ပြည်၌ ရထိုက်သူကို လင်္ကာထောက်၍ ကောက်ပါ။

ဈ။ ဝေဟပ္ဖိုလ်တိုင်အောင်သော ရူပ ၁ဝ ဘုံ၌ ရထိုက်သူများကို လင်္ကာထောက်၍ ကောက်ပါ။

ည။ အသညသတ်ဘုံ၌ ရထိုက်သူကို လင်္ကာထောက်၍ ကောက်ပါ။

ဋ။ သုဒ္ဓါဝါသဘုံ၌ ရထိုက်သူကို လင်္ကာထောက်၍ ကောက်ပါ။

ဌ။ အရူပဘုံ၌ ရထိုက်သူကို လင်္ကာထောက်၍ ကောက်ပါ။

**ဘူမိစတုက္က ပြီး၏။**

---

## Trang 139

> **အပါယပဋိသန္ဓိ** — အပါယ်ပဋိသန္ဓေ၎င်း၊ **ကာမ
> သုဂတိပဋိသန္ဓေ** — ကာမသုဂတိ ပဋိသန္ဓေ၎င်း၊
> **ရူပါဝစရပဋိသန္ဓေ** — ရူပါဝစရ ပဋိသန္ဓေ၎င်း၊
> **အရူပါဝစရ ပဋိသန္ဓိစ** — အရူပါဝစရ ပဋိသန္ဓေ၎င်း၊ ဣတိ —
> ဤသည်တို့ကား၊ စတုဗ္ဘိဓာ — လေးပါးအပြားရှိသော၊ ပဋိသန္ဓိ
> နာမ — ပဋိသန္ဓေမည်၏။

တတ္ထ — ထိုလေးပါးသော ပဋိသန္ဓေတို့တွင်၊

> #### အပါယ်ပဋိသန္ဓေ
>
> အကုသလဝိပါကော ဥပေက္ခာ သဟဂတ
> သန္တီရဏံ — အကုသလဝိပါက် ဥပေက္ခာသဟဂုတ်သန္တီရဏ
> စိတ်သည်၊ အပါယဘူမိယံ — အပါယ်ဘုံ၌၊ ဩက္ကန္တိက္ခဏေ—
> သက်ရောက်ဆဲခဏ၌၊ ပဋိသန္ဓိ — ပဋိသန္ဓေစိတ်သည်၊ ဟုတွာ—
> ဖြစ်၍၊ တတော — ထိုပဋိသန္ဓေအခါမှ၊ ပရံ — နောက်၌ ဘဝင်္ဂ — ဘဝင်စိတ်
> သည်၎င်း၊ ပရိယောသာနေ — ဘဝအဆုံး၌၊ စဝနံ — စုတိစိတ်
> သည်၎င်း၊ ဟုတွာ — ၍၊ ဝေါစ္ဆိဇ္ဇတိ — ပြတ်၏၊ ဧက — တစ်ခုသော၊
> အယံ — ဤ ပဋိသန္ဓေသည်၊ အပါယပဋိသန္ဓိနာမ — အပါယ်ပဋိ
> သန္ဓေ မည်၏။

**ပဋိသန္ဓေ ၄ မျိုး။** အပါယပဋိသန္ဓိ၊ ပေ၊ ပဋိသန္ဓိနာမ — ဤစကားကား ပဋိသန္ဓိစတုက္ကကို အကျယ်ပြလို၍ ရှေး<mark>ဦး</mark>စွာ ပဋိသန္ဓေ လေးပါး၏ခေါင်းစဉ်ကိုပြသော မာတိကာ စကားတည်း၊ ဘဝဟောင်းအပြတ်တွင် ဆက်စပ်သော အားဖြင့် ထိုထိုဘဝ၌ စိတ် စေတသိက်နှင့် ကမ္မဇရုပ်များ၏ အစဆုံးဖြစ်ခြင်းကို "ပဋိသန္ဓေနေခြင်း" ဟု ခေါ်သည်၊ ပဋိသန္ဓေ လေးမျိုး သရုပ်ကိုပါဠိကြည့်၍ ရေတွက်လေ။

**အပါယ်ပဋိသန္ဓေ။** အဟိတ်အကုသလဝိပါက် ဥပေက္ခာ သဟဂုတ်သန္တီရဏစိတ်သည် အပါယ် ၄ ဘုံဝယ် သက်ရောက်စ (ဖြစ်ခါစ) ၌ ပဋိသန္ဓေကိစ္စတပ်၍ ဖြစ်၏၊ ပဋိသန္ဓေခဏမှနောက် ပဝတ္တိအခါဝယ် (ဝီထိစိတ်မဖြစ်သမျှ) ဘဝင်ကိစ္စတပ်၍ ဖြစ်၏၊ ဘဝတုံး၍ဆုံးသည့်အခါ စုတိကိစ္စတပ်၍ဖြစ်၏၊ တစ်ဘဝ၌ ပဋိသန္ဓေ ဘဝင် စုတိကိစ္စတပ်သော စိတ်သည် ဤကဲ့သို့ စိတ်တစ်မျိုးတည်းသာ ဖြစ်ရိုးတည်း၊ ဤစကားအရ အပါယ်ဘုံ၌ ဤအဟိတ် စိတ်ဖြင့်ပဋိသန္ဓေနေရမှုကို ထောက်၍ အပါယ် (ဒုဂ္ဂတိ) ဘုံသား ဟူသမျှကို "ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်" ဟု ခေါ်အပ်သည်။

---

> #### ကာမသုဂတိပဋိသန္ဓေ
>
> ၁။ ပန — ကား၊ ကုသလဝိပါကော ဥပေက္ခာသဟဂတ
> သန္တီရဏံ — အဟိတ်ကုသလဝိပါက်ဥပေက္ခာ
> သဟဂုတ် သန္တီရဏစိတ်သည်၊ ကာမသုဂတိ
> ယံ — ကာမသုဂတိဘုံ၌၊ ဇစ္စန္ဓာဒီနံ — သန္ဓေကာဏ်းစသည်တို့အစရှိကုန်
> သော၊ <mark>မနုဿာ</mark>နံ — လူတို့၏၎င်း၊ ဘုမ္မဿိတာနံ — ဘုမ္မဇိုဝ်း
> —

**ကာမသုဂတိပဋိသန္ဓေ။** [ဇစ္စန္ဓ = ဇာတိ + အန္ဓ၊ ဇာတိ = ပဋိသန္ဓေအားဖြင့် + အန္ဓ = ကာဏ်းသူ။] စက္ခုပသာဒရုပ်ကို ဖြစ်စေနိုင်မည့်ကံ မရှိ၍စက္ခုပသာဒ ဖြစ်ချိန်မှာ မဖြစ်ပေါ်လာသူကို "ဇစ္စန္ဓ၊ ဝါ — သန္ဓေကာဏ်း" ဟုခေါ်သည်၊ စက္ခုပသာဒဖြစ်ပြီးမှ တစုံတစ်ခုသော ဘေးရန်ကြောင့် ပျက်စီးရှာသူကား "သန္ဓေကာဏ်း" မဟုတ်။

ဇစ္စန္ဓာဒိ၌ အာဒိသဒ္ဒါဖြင့် "ဇစ္စဗဓိရ = ပဋိသန္ဓေအားဖြင့် နားထိုင်းသူ၊ဇစ္စမူဂ = ပဋိသန္ဓေအားဖြင့် စကားမပီဘဲ ထစ်အ-အ ဖြစ်နေသူ၊ ဇစ္စဇဠ =ပဋိသန္ဓေအားဖြင့် ထိုင်းမှိုင်း ဖျင်းအသူ၊ တင်းတောင်းပမာဏ မူးမတ်ပဲအရှေ့ အနောက် စသည်ကိုမျှ မသိသူ၊ ဥမ္မတ္တက = ပဋိသန္ဓေအားဖြင့် ရူးနှမ်းသူ၊ ပဏ္ဍက = သူများ၏ သုက်သွေးကို စုပ်ယူတတ်သူနှင့် သူတစ်ပါးတို့ သံဝါသပြုမှုကို ငြူစူ ချောင်းမြောင်းရလျှင် ကိလေသာ ငြိမ်းသည့်သူ၊ ဥဘတောဗျဉ္ဇနက—

---

## Trang 140

— ဥဘတောဗျည်း၊ မိန်းမကလဲ ယောက်ျားဘ၀ ဖြစ်သူ။ နပုံသက = နပုံပဏ္ဍုက်၊မိန်းမအင်္ဂါလည်း မထင်ရှား — ယောက်ျားအင်္ဂါလည်း မထင်ရှားသူ။ ဓမ္မမန်းစွဲသူ၊ စကားပြောလျှင် အမြင်မပြတ်ဘဲ ဒရွတ်ဆွဲ၍ ပြောရသူ။" ဤသို့စသည်ဖြင့် လူစင်မမှီသူတွေကို ယူလေ။

### [ဆောင်]

> ဇစ္စန္ဓာဒိ၊ သဒ္ဒါရှိဝယ်၊ အာဒိအရ၊ ဗဓိရနှင့် မူဂ-ဇဠာ၊
> ဥမ္မတ္တာ-ပဏ္ဍကော၊ ဥဘတောဗျည်း၊ တစ်နည်းထုံးပြ၊ နပုံး
> သကပြင်၊ ဓမ္မတွင်သည်၊ လူစင်မမှီ၊ လူမည်ကာသား၊ ထို
> လူများကို၊ သွယ်ပွား ယူရလေသတည်း။

**ဝိနိပါတိကာသုရ** — [ဝိ...ဖေါက်ပြန်ပျက်စီးလျက် + နိပါတိက = ဖြစ်ပေါ်ကျရောက်သော + အ = သေးငယ်သော +သုရ = နတ်။] စည်းစိမ်ဥစ္စာ အိပ်ရာနေရာ ကောင်းမွန်စွာ မရှိဘဲ ဖေါက်ပြန်ပျက်စီး၍ နေသော နတ်သေး နတ်မွှား နတ်အငယ်စားတွေကို "ဝိနိပါတိကအသုရာ" ဟု ခေါ်သည်။

**ဘုမ္မဿိတ** — [ဘုမ္မ + သိတ။ ဘုမ္မ = ဘုမ္မဇိုဝ်းနတ် + သိတ = မှီခိုသူ။]မြေကြီးနှင့်စပ်သော တောစောင့် တောင်စောင့် အိမ်စောင့် သစ်ပင်စောင့်မြေစောင့်နတ်ဟူသမျှကို "ဘုမ္မ = ဘုမ္မဇိုဝ်း" ဟု ခေါ်သည်၊ အတော်အတန်တန်ခိုးကြီး၏၊ ယခင် ဝိနိပါတိက အသုရာတို့သည် ထိုဘုမ္မဇိုဝ်း နတ်ကြီးများကိုမှီခိုကပ်ယပ်၍ နေကြရလေသည်။ [ဤနတ်များသည် စာတု<mark>မဟာ</mark>ရာဇ်ဘုံ၌ပါဝင်ကြ၏။]

> နတ်ကြီးတို့ကို မှီခိုနေကြရကုန်သော၊ ဝိနိပါတိကာသုရာနဉ္စ—
> ဝိနိပါတိကအသုရာတို့၏၎င်း၊ ပဋိသန္ဓေဘဝင်္ဂစုတိဝသေန — ဖြင့်၊
> ပဝတ္တတိ — ဖြစ်၏။

အဟိတ်ကုသလဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်သည် ထိုဇစ္စန္ဓစသော လူနှင့် အချို့သော ဝိနိပါတိက အသုရာတို့၏ သန္တာန်၌ ပဋိသန္ဓေဘဝင် စုတိကိစ္စတပ်လျက်ဖြစ်၏၊ ထိုကြောင့် ထိုပုဂ္ဂိုလ်များကို သုဂတိဘုံသားဖြစ်သောကြောင့်၎င်း၊ အဟိတ်စိတ်ဖြင့် ပဋိသန္ဓေ နေသောကြောင့်၎င်း"သုဂတိအဟိတ်ပုဂ္ဂိုလ်" ဟု ဆိုအပ်၏။

> ၂။ ပန — ကား၊ အဋ္ဌ — ရှစ်ပါးကုန်သော၊ <mark>မဟာ</mark>ဝိပါကာနိ—
> <mark>မဟာ</mark>ဝိပါက်စိတ်တို့သည်၊ <mark>သဗ္ဗထာပိ</mark> — အလုံးစုံလည်းဖြစ်သော၊
> ကာမသုဂတိယံ — ကာမသုဂတိဘုံ၌၊ ပဋိသန္ဓေဘဝင်္ဂစုတိဝသေ
> န — ပဋိသန္ဓေ ဘဝင် စုတိကိစ္စတို့၏ အစွမ်းဖြင့်၊ ပဝတ္တန္တိ — ဖြစ်ကုန်၏။

> ၃။ နဝ — ၉ ပါးကုန်သော၊ ဣမာ — ပဋိသန္ဓေတို့သည်၊
> ကာမသုဂတိ ပဋိသန္ဓေယောနာမ — ကာမသုဂတိ ပဋိသန္ဓေတို့
> မည်၏၊ ပန — ဆက်ဦးအံ့၊ <mark>ဒသဝိဓာပိ</mark> — ဆယ်ပါး အပြားရှိသည်
> လည်းဖြစ်သော၊ <mark>သာ အယံ</mark> — ထို ပဋိသန္ဓေသည်၊ <mark>ကာမာဝစရ</mark>
> ပဋိသန္ဓိစ္စေဝ — <mark>ကာမာဝစရ</mark> ပဋိသန္ဓေ ဟူ၍သာလျှင် သင်္ခံ—
> ခေါ်ဝေါ်အပ်သည်၏ အဖြစ်သို့၊ ဂစ္ဆတိ — ရောက်၏။

၂။ အဋ္ဌ <mark>မဟာ</mark>ဝိပါကာနိ၊ ပေ၊ ပဝတ္တန္တိ — <mark>မဟာ</mark>ဝိပါက်စိတ် ၈ ပါးကား လူနှင့်ဝိနိပါတိက အသုရာများအတွက်သာမက၊ အလုံးစုံသော ကာမသုဂတိ ၇ ဘုံ၌ ပဋိသန္ဓေ ဘဝင် စုတိ ကိစ္စတပ်၍ ဖြစ်၏။

၃။ အကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ် နှင့် ကာမသုဂတိ ပဋိသန္ဓေစိတ် ၉ ပါး ပေါင်းလျှင် ကာမပဋိသန္ဓေ ၁ဝ ဖြစ်သည်။

---

### နိဿယနှင့်အဓိပ္ပါယ်

---
