## Trang 146

သည်၎င်း၊ ဧကမေဝ-တစ်မျိုးထည်းသာလျှင်၎င်း၊ တထာ-ထိုအတူ၊ <mark>ဧကဝိသယဉ္စ</mark>-တူသော အာရုံ ရှိသည်သာလျှင်၎င်း၊( ဟောတိ-၏ )။ ။ဣဒံ - ဤသည်ကား၊ ဧတ္ထ – ဤ ဝီထိမုတ္တသင်္ဂဟေ၊ <mark>ပဋိသန္ဓေစတုက္က</mark>-<mark>ပဋိသန္ဓေစတုက္က</mark> တည်း။-တစ်ဘဝ၌ <mark>တူမြဲတရား</mark>။ ။ဧကမေဝ-<mark>တစ်ဘဝ</mark> <mark>တစ်ဘဝ</mark>၌ ပဋိသန္ဓေ <mark>ဘဝင်</mark>စုတိစိတ်တို့သည် တစ်မျိုးတည်းသာ ဖြစ်ရရိုးတည်း၊ ဥပမာ – ပဋိသန္ဓေ စိတ်ကမဟာဝိပါက် ပဌမစိတ် ဖြစ်ခဲ့ပါလျှင် ပဝတ္တိအခါ <mark>တစ်ဘဝ</mark>လုံး ဖြစ်နေသော<mark>ဘဝင်</mark>များလည်း မဟာဝိပါက် ပဌမစိတ်၊ စုတိကျသည့်အခါလည်း မဟာဝိပါက် ပဌမစိတ်ချည်းသာ ဖြစ်ရမည် ဟူလို။

<mark>ဧကဝိသယ</mark> - အာရုံအားဖြင့်လည်း တူရိုးတည်း၊ ပဋိသန္ဓေစိတ်ကကံကိုအာရုံပြုလျှင် <mark>ဘဝင်</mark> စုတိစိတ်များလည်း <mark>ကံကိုချည်းသာ</mark> အာရုံပြုရမည် ဟူလို။

<mark>လေ့ကျင့်ခန်း</mark> မေးခွန်းများ

ရူပဝိပါက်စိတ် ၅ ပါးတွင် အဘယ်ဝိပါက်သည် အဘယ်ဘုံ၌ ပဋိသန္ဓေ<mark>ဘဝင်</mark> စုတိ ကိစ္စတပ်၍ ဖြစ်သနည်း၊ သင်္ဂြိုဟ်ထောက်ပါ။

အသညသတ်ဘုံ၌ အဘယ်တရားဖြင့် ပဋိသန္ဓေ နေသနည်း။

၈။ အသင်္ချေယျကပ်ဖြင့် ရေတွက်အပ်သောဘုံကား ဘယ်ဘုံများနည်း။

ပဌမဈာန်ဘုံသား ဗြဟ္မာများ၏ အသက် မည်မျှစီ ရှိသနည်း။

<mark>ဝေဟပ္ဖိုလ်</mark>နှင့် အသညသတ် ဗြဟ္မာတို့ အသက် မည်မျှစီ ရှိသနည်း။

၆။ သုဒ္ဓါဝါသ ဗြဟ္မာတို့အသက် မည်မျှစီ ရှိကြသနည်း၊ ထောက်ပါ။

၇။ ပဌမာရုပ္ပါဒိဝိပါကာနံ စသော စကား၌ ယထာက္ကမံ အရ ဝိပါက်နှင့်ဘုံကို တွဲဘက်၍ ပြပါ။

၈။ အာရုပ္ပ ဗြဟ္မာတို့အသက် မည်မျှစီ ရှိသနည်း၊ အသီးအသီး ခွဲပြပါ။

၉။ ပဋိသန္ဓေ <mark>ဘဝင်</mark> — စသော ဂါထာကို <mark>အနက်</mark>ပေး၍ "ဧကမေဝ ဧကဝိသယဉ္စ" ၏ အဓိပ္ပါယ်ကို ပြပါ။

---

၁။ ဇနကံ - အကျိုးဝိပါက်ကို ဖြစ်စေတတ်ကံ ၄ မျိုး ၄ လီသော ကံ၎င်း၊ ဥပတ္ထမ္ဘကံ – ထောက်ပံ့ကူညီတတ်သောကံ၎င်း၊ ဥပပီဠကံ – ကပ်၍ နှိပ်စက်တတ်သောကံ၎င်း၊ ဥပဃာတကံ- ကပ်၍ သတ်ဖြတ်တတ်သော ကံ၎င်း၊ဣတိ-ဤသည်တို့ကား၊ ကိစ္စဝသေန-ကိစ္စနှင့်စပ်သဖြင့်၊ (စတ္တာရိ-လေးပါးကုန်သော၊ ကမ္မာနိနာမ-ကံတို့မည်၏။)

ကံ ၄ မျိုး ၄ လီ။ ။ကုသိုလ် အကုသိုလ် စေတနာကို"ကမ္မ=ကံ"ဟုခေါ်၏၊ ထိုကံ ၄ မျိုးအပေါင်းကို ကမ္မစတုက္က ဟု ခေါ်သည်၊ အရှင်အနုရုဒ္ဓါထေရ်သည် ကမ္မစတုက္ကို ၄ မျိုးခွဲ၍ ပြတော်မူ၏။

၁။ ကိစ္စစတုက္က

ကိစ္စ စတုက္က ။ ။ ဖြစ်စေခြင်း-ထောက်ပံ့ခြင်း-နှိပ်စက်ခြင်း-သတ်ဖြတ်ခြင်းသည် ကံတို့၏ ကိစ္စလုပ်ငန်းပင်တည်း၊ ဤသို့ ကိစ္စနှင့်စပ်၍ ကံ ၄ မျိုးပြားသည်။

ဇနကကံ-ဝိပါက် စိတ် စေတသိက်နှင့် ကမ္မဇရုပ်၊ ကံအရင်းခံ ရှိသောဥတုဇရုပ်ကို အကျိုးဝိပါက် ဟု ခေါ်၏၊ ထိုအကျိုးဝိပါက်ကို ပဋိသန္ဓေအခါ၌ဖြစ်စေ ပဝတ္တိအခါ၌ဖြစ်စေ အခွင့်သင့်ရာအခါဝယ် မိမိကိုယ်တိုင် ဖြစ်စေနိုင်သော ကံကို "ဇနက" ကံ ဟု ခေါ်သည်။

[ဆောင်] ၁။ ဝိပါက်စိတ်စေ၊ ရုပ်ထွေထွေကို သန္ဓေပဝတ္တိ၊ ခွင့်ခါရှိသော်၊မိမိကိုယ်တိုင်၊ ဖြစ်စေနိုင်၊ ခေါ်ပိုင် "ဇနက" ကံ။

<mark>ဥပတ္ထမ္ဘကကံ</mark> ကိုယ်တိုင်ကား အကျိုးမပေးနိုင်၊ တစ်ပါးသောကံအကျိုးပေးခွင့် ရလေအောင်၊ အကျိုးပေးခွင့် ရနေပြန်လျှင် အကျိုးပေးသန်လေအောင်၊ အကျိုးပေးသည့် အခါမှာလည်း ထို အကျိုးများ <mark>ရှည်ကြာ</mark>

---

## Trang 147

ဖွင့်ဖြိုးလေအောင်၊ ကုသိုလ်အရာမှာ ဖြစ်စေ၊ အကုသိုလ်အရာမှာ ဖြစ်စေ၊လျော်စွာ <mark>ထောက်မ</mark>ကူညီတတ်သော ကံကို "ဥပတ္ထမ္ဘက"ကံ ဟု ခေါ်၏။

[ဆောင်] ၂။ အကျိုးပေးခွင့်၊ အခါသင့်ဘို့၊ အခွင့်သင့်ပြန်၊ ကျိုးပေးသန်အောင်၊ ပေးပြန်ပြီးခါ၊ ရှည်မြင့်ကြာဘို့၊ လျော်စွာ<mark>ထောက်မ</mark>၊ကူညီက၊ "ဥပတ္ထမ္ဘက" ကံ။

ဥပပီဠကကံ-တစ်ပါးသောကံကို အကျိုးပေးခွင့် မရလေအောင်၊ အခွင့်ရပြန်လျှင် အကျိုးပေးမထက်သန်အောင်၊ ရပြီးသောအကျိုးကိုလည်း မဖွင့်ဖြိုးလေအောင်၊ ကပ်၍နှိပ်စက်တတ်သော ကံကို "ဥပပီဠက"ကံ ဟု ခေါ်၏။

[ဆောင်] ၃။ အကျိုးပေးခွင့်၊ မရလင့်ဘို့၊ ရသင့်လေပြန်၊ ကျိုးမသန်အောင်၊ ရပြန်အကျိုး၊ မဖွင့်ဖြိုးဘို့၊ အမျိုးမျိုးက၊ နှိပ်စက်လှ၊ "ဥပပီဠက" ကံ။

ဥပဃာတကကံ-နှိပ်စက်ရုံတွင်မက၊ တစ်ပါးသောကံကို လုံးဝ အကျိုးမပေးနိုင်အောင်၊ ပေးပြီးသော အကျိုးများကိုလည်း ပြတ်သွားအောင်၊ သတ်ဖြတ်တတ်သော ကံကို "ဥပဃာတက"ကံ ဟု ခေါ်သည်။

[ဆောင်] ၄။ နှိပ်စက်ရုံတွင်၊ မကချင်ဘဲ၊ ယခင်ထက်တိုး၊ ကံအကျိုးကိုပယ်ချိုးနှိပ်ချ၊ သတ်ဖြတ်က၊ "ဥပဃာတက" ကံ။

၂။ ပါကဒါနပရိယာယစတုက္က ။ ။ [ ပါက=အကျိုး--ဒါန-ပေးခြင်း+ပရိယာယ=အလှည့်အကြိမ်။] <mark>သတ္တဝါတစ်ယောက်</mark>၌ ကံလေးမျိုး

သည်တို့ကား၊ ပါကဒါနပရိယာယေန- အကျိုးပေးလှည့်အစဉ်အားဖြင့်၊ စတ္တာရိ-လေးပါးကုန်သော၊ ကမ္မာနိနာမ-ကံတို့မည်၏။

လုံးရှိလျှင် စုတေသည့်အခါ – "ဂရုကကံ" က အကျိုးပေးခွင့် အလှည့်ကျ၏၊ဂရုကကံမရှိလျှင် "အာသန္နကံ"က အကျိုးပေးလှည့်ကျ၏၊ အာသန္နကံ မရှိလျှင်"အာစိဏ္ဏကံ"က အကျိုးပေးလှည့်ကျ၏၊ အာစိဏ္ဏကံမရှိပြန်လျှင်"ကဋတ္တာကံ"က အကျိုးပေးလှည့်ကျ၏၊ ဤသို့အကျိုးပေးလှည့်အစဉ်အားဖြင့်ကံ ၄ မျိုးပြားရပြန်သည်။

ဂရုကကံ-တစ်ပါးသောကံတို့က မတားမြစ်နိုင်လောက်အောင် ကြီးလေးသော ကံတည်း၊ ကုသိုလ်အရာ၌ မဟဂ္ဂုတ် ( ဈာန် ) ကံများနှင့်၊ အကုသိုလ်အရာ၌ ပဉ္စာနန္တရိယကံများတည်း။ [နိယတမိစ္ဆာဒိဋ္ဌိကံကိုလည်း ဂရုကကံ၌ထည့်သွင်းကြသေး၏။]

ပဉ္စာနန္တရိယ — [ပဉ္စ+အနန္တရ+<mark>ဣယ</mark>။ ပဉ္စ=ငါးပါး+အနန္တရ=အခြားမဲ့ဘဝ+ <mark>ဣယ</mark> = အကျိုးပေးသောကံ၊] အခြားမဲ့ ဒုတိယဘဝ၌ မုချ<mark>မကောင်းကျိုး</mark> ပေးမည်ဖြစ်သော ကံငါးပါးကို "ပဉ္စာနန္တရိယကံ" ဟုခေါ်သည်။

ငါးပါးသရုပ်ကား၊ ၁-မာတုဃာတက=အမိသတ်မှု။ ၂-ပိတုဃာတက=အဘသတ်မှု။ ၃-အရဟန္တဃာတက = ရဟန္တာသတ်မှု။ ၄-လောဟိတုပ္ပါဒက = ဘုရားရှင်၌ သွေးကိုဖြစ်စေမှု၊ သွေးစိမ်းတည်အောင် <mark>သွေးခြေဥအောင်</mark>ပြုမှု။ ၅-သံဃဘေဒက=သံဃာသင်းခွဲမှု။ [<mark>သိမ်တစ်ခုထဲ</mark>၌ တစ်ပြိုင်နက် ကံကြီး ကံငယ်ခွဲ၍ ပြုမှသာ – သံဃဘေဒက ကံ ထိုက်သည်။]

အာသန္နကံ-စုတေခါနီးလောလောဆယ်၌ ပြုအပ်သောကံ၊ သို့မဟုတ်ရှေးကပြုပြီးသားကို စုတေခါနီး၌ ထပ်၍ အောက်မေ့အပ် (ဆင်ခြင်နေအပ်)သော ကံတည်း။

---

## Trang 148

၃။ ဒိဋ္ဌဓမ္မဝေဒ<mark>နီယံ</mark>-ဒိဋ္ဌဓမ္မဝေဒနီယကံ၎င်း၊ ဥပပဇ္ဇဝေဒ<mark>နီယံ</mark>-ဥပပဇ္ဇဝေဒနီယကံ၎င်း၊ အပရာပရိယဝေဒ<mark>နီယံ</mark> – အပရာပရိယဝေဒနီယကံ၎င်း၊ အဟောသိကမ္မဉ္စ – အဟောသိကံ၎င်း၊ဣတိ-ဤသည်တို့ကား၊ ပါက ကာလဝသေန = အကျိုးပေးရာကာလနှင့် စပ်သဖြင့်၊ စတ္တာရိ– လေးပါးကုန်သော၊ ကမ္မာနိနာမ-ကံတို့မည်၏။

အာစိဏ္ဏကံ – နေ့စဉ်မပြတ် ဝတ်ထား၍ လေ့ကျက်အပ်သော ကံတည်း၊ကုသိုလ်အရာ၌ ဘုရားရှိခိုး ရေလှူ ပန်းလှူ ဆွမ်းလှူ ဥပုသ်စောင့် စသည်နှင့်အကုသိုလ်အရာ၌ မုဆိုး တံငါ လုပ်မှုတည်း။

ကဋတ္တာကံ-ဂရုက အာသန္န အာစိဏ္ဏကံ အခြေအနေသို့ မရောက်တတ်ဘဲ၊ ဤဘဝ၌ သာမာန်ပြုအပ်သော ကံများနှင့်၊ ရှေးရှေးဘဝက ပြုအပ်ခဲ့သော ကံများတည်း။ [ကဋတ္တာ--ပြုအပ်ခဲ့သည်၏အဖြစ်ကြောင့်-ကမ္မကံဟူ၍ အမည်ရသော ကံတည်း၊ ပြုအပ်ပြီးဖြစ်၍ နာမည်မတပ်လျှင် မသင့်မြတ်သောကြောင့် "ကဋတ္တာကမ္မ" ဟု နာမည်တပ်ရသည်။]

၃။ ပါကကာလ စတုက္က။ ။ပစ္စုပ္ပန်ကာလ၊ ဒုတိယဘဝ ကာလ၊တတိယဘဝမှစ၍ နိဗ္ဗာန်မရမှီကာလ၊ ဤသို့ အကျိုးပေးရာကာလနှင့် စပ်၍လည်း ကံ ၄ ပါး ပြားရသည်။

ဒိဋ္ဌဓမ္မဝေဒနီယ-မျက်မှောက် ပစ္စုပ္ပန်ဘဝ၌ အကျိုးပေးသောကံ။ဥပပဇ္ဇဝေဒနီယ-နောက် ဒုတိယဘဝ၌ အကျိုးပေးသောကံ။အပရာပရိယဝေဒနီယ -- တတိယဘဝမှ စ၍ နိဗ္ဗာန်မရမှီ အတွင်း၌အကျိုးပေးသောကံတည်း။အဟောသိကမ္မ-အကျိုးလုံးလုံး မပေးသော ကံတည်း။

၄။ အကုသလံ-အကုသိုလ်ကံ၎င်း၊ <mark>ကာမာ</mark>ဝစရကုသလံ-<mark>ကာမာ</mark>ဝစရ ကုသိုလ်ကံ၎င်း၊ ရူပါဝစရကုသလံ - ရူပါဝစရကုသိုလ်ကံ၎င်း၊ အရူပါဝစရကုသလံစ- အရူပါဝစရကုသိုလ်ကံ၎င်း၊ ဣတိ-ဤသည်တို့ကား၊ ပါကဋ္ဌာနဝသေန- အကျိုးပေးရာဌာနနှင့်စပ်သဖြင့်၊ တထာ-<mark>ထို့အတူ</mark> လေးပါးတို့တည်း။

တတ္ထ-ထိုလေးပါးသောကံတို့တွင်၊ အကုအကုသိုလ်ကံ ၃ မျိုးအကျဉ်း သလံ-အကုသိုလ်ကံသည်၊ ကာယကမ္မံ-<mark>ကာယကံ</mark>၎င်း၊ ဝစီကမ္မံ = ဝစီကံ၎င်း၊မနောကမ္မဉ္စ-မနောကံ၎င်း၊ ဣတိ-ဤသို့၊ <mark>ကမ္မဒွါရ</mark>ဝသေန-ကမ္မဒွါရနှင့်စပ်သဖြင့်၊ တိဝိဓံ--သုံးပါးအပြားရှိသည်၊ ဟောတိ-၏။

ကထံ – အဘယ်သို့ ပြားသနည်း။

၄။ ပါကဋ္ဌာနစတုက္က။ ။အကျိုးပေးရာ ဘုံဌာနနှင့် စပ်၍လည်း ကံ၄ မျိုး ပြား၏၊ [ အရှင်အနုရုဒ္ဓါသည် ကမ္မစတုက္ကို ၄ မျိုး ခွဲပြီးလျှင် ကိစ္စ-ပါကဒါနပရိယာယ-ပါကကာလ စတုက္ကတို့ကို သုတ္တန်ဒေသနာနည်း ဖြစ်၍အကျယ်မပြဘဲ၊ ပါကဋ္ဌာနစတုက္က ကိုသာ အဘိဓမ္မာနည်း ဖြစ်သောကြောင့်"တတ္ထ အကုသလံ ကာယကမ္မံ" မှ စ၍ ကမ္မစတုက္က ကုန်အောင် အကျယ်ပြတော်မူသည်။]

အကုသိုလ်ကံအကျဉ်း။ ။<mark>ကမ္မဒွါရ</mark>ဝသေန— [ကမ္မ=ကံ+ဒွါရ=ဖြစ်ရာ ဖြစ်ကြောင်း၊] ကံ၏ဖြစ်ရာ ကာယဒွါရ <mark>ဝစီဒွါရ</mark> မနောဒွါရကို "ကမ္မဒွါရ" ဟု ခေါ်၏၊ ဤ<mark>ကမ္မဒွါရ</mark>သုံးပါးနှင့်စပ်၍ အကုသိုလ်ကံလည်း <mark>ကာယကံ</mark>ဝစီကံ မနောကံ ဟု သုံးမျိုး ပြား၏၊ ထို ကံ သုံးမျိုးကို အကျယ် ပြပြန်လို၍"ကထံ" စသည်ကို မိန့်သည်။

---

## Trang 149

ပါဏာတိပါတော-ပါဏာတိပါတ၎င်း၊ <mark>အဒိန္နာဒါန</mark>ံ-အဒိန္နာဒါန၎င်း၊ <mark>ကာမေသုမိစ္ဆာစာရ</mark>ောစ- <mark>ကာမေသုမိစ္ဆာစာရ</mark>၎င်း၊ဣတိ-ဤသုံးပါးသည်၊ ကာယဝိညတ္တိသင်္ခါတေ-ကာယဝိညတ်ဟု ဆိုအပ်သော၊ ကာယဒွါရေ – ကာယဒွါရ၌၊ ဗာဟုလ္လ<mark>ဝုတ္တိတော</mark> – များစွာ ဖြစ်ခြင်းကြောင့်၊ ကာယကမ္မံနာမ -<mark>ကာယကံ</mark>မည်၏။

<mark>ကာယကံ</mark> ၃ ပါး။ ။ကိုယ်၌ အဖြစ်များသော အမှုကို "<mark>ကာယကံ</mark>"ခေါ်၏၊ [ကာယ=ကိုယ်+ကမ္မ=ကံ၊ အမှု။]

ပါဏာတိပါတ-<mark>သူတစ်ပါး</mark>အသက်သတ်မှု။<mark>အဒိန္နာဒါန</mark>-သူတစ်ပါး ဥစ္စာကို ခိုးဝှက် တိုက်ခိုက် လှည့်ပတ်၍ ယူမှု။<mark>ကာမေသုမိစ္ဆာစာရ</mark> = ကာမဂုဏ်တို့၌ ကဲ့ရွဲ့ထိုက်စွာ ယုတ်ယုတ် မာမာကျင့်မှု။ [ မိမိ၏ ဇနီးမှတစ်ပါး အခြားသူနှင့် <mark>ဖောက်ပြား</mark>မှု၊ မိမိခင်ပွန်းသည်မှတစ်ပါး အခြား ယောက်ျားနှင့် <mark>ဖောက်ပြား</mark>မှု။]

ဝစီကံ ၄ ပါး။ ။နှုတ်၌ အဖြစ်များသော အမှုကို "ဝစီကံ" ဟု ခေါ်၏၊[ဝစီ=နှုတ်+ကမ္မ=ကံ၊ အမှု။]

မုသာဝါဒ-မုသားပြောမှု၊ [ လိမ်၍ ညာဖြန်း၍ ပြောဆိုမှု။]ပိသုဏဝါစာ=ချောပစ် ကုန်းတိုက်စကားကို ပြောဆိုမှု၊ [သူတစ်ပါးတို့ကို<mark>ရန်ဘက်ဖြစ်စေ</mark>မှု။]ဖရုသဝါစာ = <mark>ကြမ်းတမ်း</mark>သော စကားကို ပြောဆိုမှု၊ [ မကြားကောင်းမနာသာ ယုတ်ယုတ်မာမာ ဆဲဆို ငေါက်ငန်း ချောက်ချန်းမှု။]

လာပ၎င်း၊ ဣတိ - ဤလေးပါးသည်၊ <mark>ဝစီဝိညတ္တိ</mark>သင်္ခါတေ-ဝစီဝိညတ် ဟု ဆိုအပ်သော၊ <mark>ဝစီဒွါရ</mark>ေ - <mark>ဝစီဒွါရ</mark>၌၊ ဗာဟုလ္လ<mark>ဝုတ္တိတော</mark>-များစွာဖြစ်ခြင်းကြောင့်၊ ဝစီကမ္မံနာမ-ဝစီကံ မည်၏။

အဘိဇ္ဈာ-အဘိဇ္ဈာ၎င်း၊ ဗျာပါဒေါ-ဗျာပါဒ၎င်း၊ မိစ္ဆာဒိဋ္ဌိစ-မိစ္ဆာဒိဋ္ဌိ၎င်း၊ ဣတိ-ဤသုံးပါး ကား၊ ဝိညတ္တိယာ – ကာယဝိညတ် ဝစီဝိညတ်ကို၊ အညတြာပိ – ကြဉ်၍လည်း၊ မနသ္မိံယေ- မနောဒွါရ၌ သာလျှင်၊ ဗာဟုလ္လ<mark>ဝုတ္တိတော</mark>-များစွာဖြစ်ခြင်းကြောင့်၊ မနောကမ္မံနာမ-မနောကံမည်၏။

သမ္ဖပ္ပလာပ = ပိန်ဖျင်းသော စကားကို ပြောဆိုမှု၊ [အနှစ် အဆန် ကင်းသော စပါးပိန် စပါးဖျင်းအလား အနှစ်လည်းမပါ <mark>အနက်</mark>လည်းမပါ ဒဏ္ဍာရီဝတ္ထုသွား "<mark>ရွှေယုံနဲ့</mark> ရွှေကျား <mark>သက်ငယ်</mark>ရိတ်သွားရောတဲ့" စသော စကားကို ပြောဆိုမှု။]

မနောကံ ၃ ပါး။ ။ကိုယ်လည်း မလှုပ် နှုတ်လည်း မပါ စိတ်သာ အဖြစ်များသော အမှု။

အဘိဇ္ဈာ = <mark>သူတစ်ပါး</mark> စည်းစိမ်ကို မတရား ယူလိုမှု၊ (တရားကိုယ်မှာလောဘတည်း။) [တောင်း၍ လဲ၍ ယူလိုခြင်းမှာ အဘိဇ္ဈာမဟုတ်။]ဗျာပါဒ = <mark>သူတစ်ပါး</mark>၏ ပျက်စီး သေကြေရန် ကြံစီမှု၊ (တရားကိုယ်မှာဒေါသတည်း။)မိစ္ဆာဒိဋ္ဌိ = အယူမှားမှု၊ (တရားကိုယ်မှာ ဒိဋ္ဌိ စေတသိက်တည်း။)

အကုသလကမ္မပထ ၁၀- ဤ <mark>ကာယကံ</mark> ၃ ပါး ဝစီကံ ၄ ပါး မနောကံ၃ ပါးကို အကုသလ ကမ္မပထတရား ၁၀ ပါး ဟု ခေါ်ဝေါ်ရိုး ပြကြသည်။[အကုသလကမ္မ = အကုသိုလ်ကံ+ပထ= အပါယ် ရောက်ကြောင်းလမ်း။]

---

## Trang 150

ကံဖြစ်ကြောင်းတရား

၁။ တေသု-ထိုဆယ်ပါးတို့တွင် ပါဏာတိပါတော – ပါဏာတိပါတသည်၎င်း၊ဖရုသဝါစာ – ဖရုသဝါစာသည်၎င်း၊ ဗျာပါဒေါစ - ဗျာပါဒသည်၎င်း၊ ဒေါသမူလေန – ဒေါသမူလ၊ ဒေါသမူလ ရှိသောစိတ်ကြောင့်၊ <mark>ဇာယန္တိ-ဖြစ်ကုန်၏</mark>။

၂။ <mark>ကာမေသုမိစ္ဆာစာရ</mark>ော - <mark>ကာမေသုမိစ္ဆာစာရ</mark>သည်၎င်း၊ အဘိဇ္ဈာ - အဘိဇ္ဈာ သည်၎င်း၊ မိစ္ဆာဒိဋ္ဌိ - မိစ္ဆာဒိဋ္ဌိ

"အပါယ်ရောက်ကြောင်း မကောင်းသော လမ်းခရီးဖြစ်သော အကုသိုလ်ကံများ"ဟူလို။... ဒုစရိုက် ၁၀ ပါးဟုလည်း ခေါ်၏၊ ဒု=မကောင်းသော+စရိတ=အကျင့်၊ ဝါ…အကျင့်။ ]

၃။ ကံဖြစ်ကြောင်း တရား။ ။တေသု ပါဏာတိပါတော စသော၁-၂-၃-၄ ဝါကျများကား ကံ ဖြစ်ကြောင်းတရားကို ပြသော စကားတည်း၊"ဒေါသမူလေန-ဒေါသမူလ၊ ဒေါသမူလရှိသော စိတ်ကြောင့်" ဟု <mark>အနက်</mark>၂ ချက် ပေးရာ၌ ပါဏာတိပါတနှင့် ဖရုသဝါစာသည် တရားကိုယ်အားဖြင့်ဒေါသ နှင့် ယှဉ်သော စေတနာ ဖြစ်ရကား "ဒေါသမူလကြောင့် ဖြစ်သည်"ဟူ၍၎င်း "ဒေါသမူလ ရှိသော ယှဉ်ဘက်စိတ်ကြောင့် ဖြစ်သည်" ဟူ၍၎င်း<mark>အနက်</mark> ၂ ချက်လုံး သင့်၏။ ဗျာပါဒ၏ တရားကိုယ်မှာ ဒေါသပင် ဖြစ်ရကား"ဒေါသမူလရှိသော ယှဉ်ဘက်စိတ်ကြောင့် ဖြစ်သည်" ဟူသော နောက်<mark>အနက်</mark>သာ သင့်သည်။

၂။ <mark>ကာမေသုမိစ္ဆာစာရ</mark>ော၊ ပေ၊ လောဘမူလေန<mark>ကာမေသုမိစ္ဆာစာရ</mark>သည် တရားကိုယ်အားဖြင့် <mark>လောဘမူလ</mark>စိတ်၌ ယှဉ်သော စေတနာတည်း၊ <mark>ကာမေသုမိစ္ဆာစာရ</mark>နှင့် မိစ္ဆာဒိဋ္ဌိသည် <mark>လောဘမူလ</mark>၊ <mark>လောဘမူလ</mark>

သည်၎င်း၊ <mark>လောဘမူလ</mark>ေန-<mark>လောဘမူလ</mark>၊ <mark>လောဘမူလ</mark>ရှိသောစိတ်ကြောင့်၊ <mark>ဇာယန္တိ-ဖြစ်ကုန်၏</mark>။

၃။ သေသာနိ-ကြွင်းကုန်သော၊ <mark>စတ္တာရိပိ</mark>-လေးပါးလုံးတို့သည်လည်း၊ <mark>ဒွီဟိ</mark>-နှစ်ပါးကုန်သော၊ မူလေဟိ - လောဘမူဒေါသမူတို့ကြောင့်၊ သမ္ဘဝန္တိ-ဖြစ်ကုန်၏။

၄။ ပန- <mark>ဆက်ဦးအံ့</mark>၊ စိတ္တုပ္ပါဒဝသေန – စိတ်ဖြစ်ခြင်း၏အစွမ်းဖြင့်၊ ဧတံ အကုသလံ-ဤအကုသိုလ်ကံသည်၊ <mark>သဗ္ဗထာ</mark>-အလုံးစုံသောအပြားအားဖြင့်လည်း၊ ဒွါဒသဝိဓံ- <mark>တစ်ဆယ့်</mark>နှစ်ပါးအပြားရှိသည်၊ ဟောတိ-ဖြစ်၏။

<mark>ကာမာ</mark>ဝစရကုသိုလ်ကံ ၃ မျိုး

၁။ <mark>ကာမာ</mark>ဝစရကုသလံပိ - <mark>ကာမာ</mark>ဝစရကုသိုလ်ကံသည်လည်း၊ ကာယဒွါရေ-ကာယဒွါရ၌၊ ပဝတ္တိ-ဖြစ်သော၊ ကာယကမ္မံ-ကာယကံ၎င်း၊ <mark>ဝစီဒွါရ</mark>ေ-<mark>ဝစီဒွါရ</mark>၌၊ ပဝတ္တံ-ဖြစ်သော၊ ဝစီကမ္မံ-ဝစီကံ၎င်း၊

ရှိသောယှဉ်ဘက်စိတ်ကြောင့် ဖြစ်၏၊ အဘိဇ္ဈာကား <mark>လောဘမူလ</mark> ရှိသောစိတ်ကြောင့်သာ ဖြစ်သည်။

၃။ သေသာနိ၊ ပေ၊ <mark>ဒွီဟိ</mark> မူလေဟိ – ဆိုခဲ့ပြီးသော ၆ ပါးမှ ကြွင်းသော<mark>အဒိန္နာဒါန</mark> မုသာဝါဒ ပိသုဏဝါစာ သမ္ဖပ္ပလာပ တို့ကား ရံခါ လောဘကြောင့်လည်းဖြစ်၊ ရံခါ ဒေါသကြောင့်လည်း ဖြစ်ကုန်၏။

၄။ စိတ္တုပ္ပါဒ၊ ပေ၊ ဒွါဒသဝိဓံ-ဤအကုသလ ကမ္မပထတရား ၁၀ ပါးသည် စိတ်တို့၏ ဖြစ်ပုံအားဖြင့် ( အရင်းစစ်လျှင် ) အကုသိုလ်စိတ် ၁၂ ပါးပင်တည်း၊ "အကုသိုလ်စိတ် ၁၂ ပါးသည်ပင် ထိုက်သည့် အားလျော်စွာပါဏာတိပါတ စသော အနေအားဖြင့် ဖြစ်ကြလေသည်" ဟူလို။

---
