## Trang 322

ကမ္မံပန-ကံအာရုံသည်ကား၊<mark>အတီတမေဝ</mark>-အတိတ်တမျိုးသာတည်း၊ <mark>တဉ္စ-ထို</mark>အတိတ်ကံကိုလည်း၊ မနောဒွါရဂ္ဂဟိတံ-မနောဒွါရဖြင့် ယူအပ်၏။ ပန - ဆက်ဦးအံ့၊ <mark>တာနိ ပန သဗ္ဗာနိပိ-</mark>ထို အလုံးစုံသော အာရုံတို့သည်လည်း၊ <mark>ပရိတ္တဓမ္မဘူတာနေဝ-</mark>ကာမတရားချည်းသာလျှင် ဖြစ်ကုန်သော၊ <mark>အာရမ္မဏာနိ-</mark>အာရုံတို့တည်း။၁။ ပန- ကား၊ ရူပါဝစရ <mark>ပဋိသန္ဓိ</mark>ယာ - <mark>ရူပါဝစရ</mark> ပဋိသန္ဓေ၏အာရုံ၊ ပညတ္တိဘူတံ – ပညတ်ဖြစ်၍ ဖြစ်သော၊ ကမ္မနိမိတ္တမေဝ - ကမ္မနိမိတ်သည်သာလျှင်၊ အာရမ္မဏံ-အာရုံသည်၊ <mark>ဟောတိ</mark>-၏။-ကံ ဟူသည်ကားကမ္မံပန <mark>အတီတမေဝ</mark> တဉ္စမနောဒွါရဂ္ဂဟိတံယခု ပဋိသန္ဓေကျိုးကို ပေးတော့မည်ဖြစ်သော ကုသိုလ် အကုသိုလ် စေတနာတည်း၊ <mark>မရဏာသန္န</mark>ဝီထိ၌ ပါသော ကုသိုလ် အကုသိုလ်ဇော စေတနာတို့ကား ပဋိသန္ဓေကျိုးကို မပေးနိုင်၊ <mark>ထို့ကြောင့်</mark> မရဏာသန္န<mark>ဝီထိ</mark>၌ ကံအာရုံထင်လာလျှင် <mark>မရဏာသန္န</mark>ဝီထိသို့ မရောက်မီက ဖြစ်ခဲ့သော အတိတ်ကံသာဖြစ်ရမည်၊ ထိုကံလည်း အာရုံ ၆ပါးတွင် ဓမ္မာရုံမှာ ပါဝင်၍ မနောဒွါရဖြင့်သာယူအပ်သည်၊"ပဋိသန္ဓေစိတ်သည် ကံကို အာရုံပြုလျှင် မနောဒွါရိက မရဏာသန္နဇောသည် ယူပေးအပ်သော အတိတ်ကံကိုသာ အာရုံပြုသည်" ဟူလို။တာနိ ပန ၊ ပေ ၊ <mark>အာရမ္မဏာနိ</mark>'၍ ပြဆိုအပ်ခဲ့သော ကံ ကမ္မနိမိတ် ဂတိနိမိတ် အာရုံတို့သည် ( တရားကိုယ် အားဖြင့် ) ကာမတရားတို့ချည်းသာ ဖြစ်ကုန်၏။ [ မဟဂ္ဂုတ် ပညတ်အာရုံများမပါ…ဟူလို။]ရူပ ပဋိသန္ဓေ၏ အာရုံ။ ။<mark>ရူပါဝစရ</mark> ပဋိသန္ဓေ၏ အာရုံကား ပညတ်ဖြစ်သော ကမ္မနိမိတ်တည်း၊ <mark>ရူပါဝစရ</mark>ဈာန်သည် ကသိုဏ်းစသော ပညတ်ကိုအာရုံ ပြုရကား စုတေခါနီး၌ ဈာန်၏ အာရုံ ဖြစ်သော ကသိုဏ်းပညတ်များသည် ကမ္မနိမိတ် အဖြစ်ဖြင့် ထင်လာကြရမြဲ ဖြစ်၏၊ <mark>ထို့ကြောင့်</mark> စုတိအခြားမဲ့၌ ဗြဟ္မာ့ပြည့်မှာဖြစ်သော ပဋိသန္ဓေစိတ်လည်း ထို ကသိုဏ်းစသောပညတ် ကမ္မနိမိတ်ကိုပင် ဆက်၍ အာရုံပြုသည်။အရူပ ပဋိသန္ဓေ၏ အာရုံ။ ။အ<mark>ရူပါဝစရ</mark> ပဋိသန္ဓေ၏ အာရုံလည်းထို့အတူ ကမ္မနိမိတ်ပင်တည်း၊ ထို ကမ္မနိမိတ်သည် ပညတ်မဟဂ္ဂုတ် ၂ မျိုးတွင်ထိုက်သင့်သလို ဖြစ်၏။ပဌမ– တတိယ အ<mark>ရူပါဝစရ</mark> ပဋိသန္ဓေ( ဝိပါက် ) စိတ်၏ အာရုံသည်(အစဉ်အတိုင်း ) ကောင်းကင်ပညတ်နှင့် နတ္ထိဘောပညတ် ကမ္မနိမိတ်တည်း၊ဒုတိယ – စတုတ္ထ အရူပ ပဋိသန္ဓေ၏ အာရုံကား အစဉ်အတိုင်း ပဌမာရုပ္ပဝိညာဏ်စိတ်နှင့် တတိယာရုပ္ပ ဝိညာဏ်စိတ် ဟူသော မဟဂ္ဂုတ် ကမ္မနိမိတ်တည်း၊ ထိုသို့ ယထာရဟံ-အရ ထိုက်သင့်သလို ဖြစ်ပုံကို သိလေ။ [အာရမ္မဏသင်္ဂဟကို ပြန်ကြည့်။ ]

---

## Trang 323

၂။ တထာ - ထို့အတူ၊ အရူပါဝစရ<mark>ပဋိသန္ဓိယာပိ</mark> – အရူပါဝစရ ပဋိသန္ဓေ စိတ်၏လည်း၊ <mark>မဟဂ္ဂတ</mark>ဘူတံ – မဟဂ္ဂုတ် ဖြစ်၍လည်းဖြစ်သော၊ ပညတ္တိဘူတဉ္စ-ပညတ်ဖြစ်၍လည်းဖြစ်သော၊ကမ္မနိမိတ္တမေဝ - ကမ္မနိမိတ်သည်ပင်လျှင်၊ ယထာရဟံ-ထိုက်သည်အား လျော်စွာ၊ အာရမ္မဏံ-အာရုံသည်၊ <mark>ဟောတိ</mark>-၏။-၃။ ပန-အဖို့တပါးကား၊အသညသတ္တာနံ-အသညသတ်ဘုံသားတို့၏ ဇီဝိတနဝကမေဝ-ဇီဝိတနဝက ကလာပ်သည်သာလျှင်၊ <mark>ပဋိသန္ဓိ</mark>ဘာဝေန-ပဋိသန္ဓေ၏ အဖြစ်ဖြင့်၊ ပတိဋ္ဌာတိ-တည်၏ ၊တသ္မာ-<mark>ထို့ကြောင့်</mark>၊ တေ-ထို အသညသတ်ဘုံသားတို့သည်၊ <mark>ရူပပဋိသန္ဓိကာ နာမ</mark> - ရုပ်ပဋိသန္ဓေ ရှိသူတို့ မည်၏၊အာရုပ္ပါ-အရူပဘုံသားတို့သည်၊ အရူပ <mark>ပဋိသန္ဓိ</mark>ကာ-နာမ် ပဋိသန္ဓေ ရှိသူတို့တည်း၊ သေသာ-ကြွင်းသော ဘုံသားတို့သည်၊<mark>ရူပါရူပပဋိသန္ဓိကာ</mark>-ရုပ် နာမ် အစုံ ပဋိသန္ဓေရှိသူတို့တည်း။<mark>အာရုပ္ပစုတိယာ</mark>-အာရုပ္ပစုတိမှ၊ <mark>ပရံ-နောင်၌</mark>၊ဟေဋ္ဌိမာရုပ္ပ<mark>ဝဇ္ဇိတာ</mark>-အောက်အောက် အရူပ္ပသည် ကြဉ်အပ်ကုန်သော၊ <mark>အာရုပ္ပါနိ စ</mark> – အာရုပ္ပ ပဋိသန္ဓေတို့သည်၎င်း၊ တထာ-ထိုမှတပါး၊ <mark>ကာမတိဟေတုကာ</mark>-ကာမတိဟိတ် ပဋိသန္ဓေတို့ သည်၎င်း၊ <mark>ဟောန္တိ</mark>-ဖြစ်ကုန်၏။<mark>ရူပါဝစရစုတိယာ</mark> - ရူပါဝစရ<mark>စုတိ</mark>မှ၊ ပရံ – နောင်၌၊ အဟေတုရဟိတာ-အဟိတ်ပဋိသန္ဓေမှ တပါးသောပဋိသန္ဓေတို့သည်၊<mark>သိယုံ</mark>-ဖြစ်ကုန်၏၊ ကာမတိဟေတုမှာ- ကာမတိဟိတ် စုတိမှ၊<mark>ပရံ-နောင်၌</mark>၊ သဗ္ဗာ-အလုံးစုံသောပဋိသန္ဓေတို့သည်၊ <mark>သိယုံ</mark>-ဖြစ်ကုန်၏၊<mark>ဣတရာ ပန</mark>-ဆိုခဲ့ပြီးမှတပါးသော ကာမအဟိတ် ဒွိဟိတ် စုတိမှကား၊ <mark>ပရံ-နောင်၌</mark>၊ ကာမေသွေဝ-ကာမတစ်ဆယ့်တစ်ဘုံတို့၌သာလျှင်၊<mark>သိယုံ</mark>-ဖြစ်ကုန်၏။-<mark>အာရုပ္ပစုတိယာ</mark>၊ပေ၊ ကာမတိဟေတုကာ— အာရုပ္ပ<mark>စုတိ</mark> ( အာရုပ္ပဝိပါက်)၄ ခုနောင် အာရုပ္ပပဋိသန္ဓေစိတ် ၄, ကာမတိဟိတ်(မဟာဝိပါက်ဉာဏသမ္ပယုတ် ) ပဋိသန္ဓေစိတ် ၄, <mark>ပေါင်း ၈ ပါး</mark> ဖြစ်နိုင်၏၊ ဟေဋ္ဌိမာရုပ္ပဝဇ္ဇီတာ-အရ အောက်အောက် အရူပပဋိသန္ဓေကို <mark>ကြဉ်ဖို့ရန်</mark>သတိပြု၊ဥပမာ-ဒုတိယ – ဝိညာဏဉ္စာယတန<mark>စုတိ</mark>နှောင် အာကာသာနဉ္စာယတန ပဋိသန္ဓေမနှောင်းနိုင်၊ စတုတ္ထ-နေဝသညာနာသညာယတန<mark>စုတိ</mark>နောင် အာကာသာနဉ္စ – ဝိညာဏဉ္စ, အာကိဉ္စညာယတန ပဋိသန္ဓေ ၃ ပါးလုံး မနှောင်းနိုင်၊အထက် အရူပဘုံသို့ ရောက်ပြီး သူသည် အောက်အောက် အရူပဈာန်ကိုအားမထုတ်ကြသောကြောင့် အောက်အောက် အရူပဘုံ၌ ပြန်၍ မဖြစ်ပြီ၊ မိမိဘုံ၌ကား ပြန်၍ ဖြစ်သေး၏။<mark>ရူပါဝစရစုတိယာ</mark>, အဟေတုရဟိတာ-<mark>ရူပါဝစရစုတိ</mark> (ရူပဝိပါက်)၅ ခုနောင် (ပဋိသန္ဓေစိတ် ၁၉ တွင် အဟိတ်ပဋိသန္ဓေ ၂ ကိုကြဉ်)ပဋိသန္ဓေစိတ် ၁၇ ပါး နှောင်းနိုင်၏၊"ရူပဘုံမှစုတေလျှင် ရူပ အရူပဘုံ၌လည်း ပဋိသန္ဓေနေနိုင်, ကာမဘုံ၌လည်း တိဟိတ်ဒွိဟိတ် ပဋိသန္ဓေနေနိုင်၏"ဟူလို၊ ဤစကား

---

## Trang 324

အယံ-ဤ ဆိုအပ်ပြီးသော စကားရပ်ကား၊ ဧတ္ထ-<mark>ဝီထိ</mark>မုတ္တသင်္ဂဟ၌၊ <mark>စုတိပဋိသန္ဓိက္ကမော</mark> - စုတိ ပဋိသန္ဓေ အစဉ်ကိုပြသော စကားတည်း။လည်း ပုထုဇဉ်ကို ရည်ရွယ်သောစကား ဖြစ်သည်။ အရိယာတို့ကား အထက်ရောက်လျှင် အောက်ဘုံ၌ပြန်၍ ပဋိသန္ဓေ မနေပြီ၊ [ ထို့ပြင် အသညသတ်မှ<mark>စုတိ</mark>သူတို့ ပဋိသန္ဓေကို ဤ သင်္ဂြိုဟ်စာသွားဖြင့် မထင်ရှားသေး၊"အသညဘုံ,<mark>စုတိ</mark>တုံက, ကာမတိဟိတ်, ဒွိဟိတ်သန္ဓေ, ရှစ်ခုနေ၏" ဟူသော ဘာသာဋီကာကိုရှု။ ] -သဗ္ဗာ ကာမတိဟေတုမှာ– ကာမတိဟိတ် (မဟာဝိပါက် ဉာဏသမ္ပယုတ်) ၄ ခုနောင် ( ရုပ်ပဋိသန္ဓေနှင့် တကွ) ပဋိသန္ဓေ ၂ဝ လုံး နှောင်းနိုင်၏၊"ဈာန်ရလျှင် ရူပအရူပဘုံသို့ ရောက်နိုင်၏၊ဈာန်မရလျှင် ကာမဘုံ၌ ထိုက်သလိုဖြစ်နိုင်၏" ဟူလို။<mark>ကာမေသွေဝ ပန ဣတရာ</mark>-ဆိုခဲ့ပြီးသော <mark>စုတိ</mark>များမှ ကြွင်းသော ကာမဒွိဟိတ် (မဟာဝိပါက် ဉာဏဝိပ္ပယုတ် ၄) အဟိတ် (ဥပေက္ခာသန္တီရဏ ၂)ဤ ၆ ခုနောင် ထို ဒွိဟိတ် အဟိတ် ပုဂ္ဂိုလ်တို့က ဈာန်မရနိုင် သောကြောင့်ကာမပဋိသန္ဓေ ၁ဝ သာ နှောင်းနိုင်သည်။<mark>လေ့ကျင့်ခန်း</mark> မေးခွန်းများက။ ကာမာဝစရ ပဋိသန္ဓေ၏ အာရုံသည် ကမ္မနိမိတ် ဂတိနိမိတ် ဖြစ်အံ့အဘယ်ဒွါရဖြင့် ယူအပ်သနည်း, သင်္ဂြိုဟ်ထောက်ပါ။ခ။ <mark>ထို အာရုံသည်</mark> ပစ္စုပ္ပန်စသော ကာလ ၃ ပါးတွင် အဘယ် ကာလ၌ဖြစ်ထိုက်သနည်း, <mark>ထောက်</mark>ပါ။ဂ။ ကံ-အာရုံ ဖြစ်အံ့, အဘယ်ကာလ၌ ဖြစ်၍, အဘယ် ဒွါရဖြင့် ယူအပ်သနည်း, <mark>ထောက်</mark>ပါ။ဃ။ ရူပ ပဋိသန္ဓေသည် အဘယ်ကို အာရုံပြုသနည်း, သင်္ဂြိုဟ်<mark>ထောက်</mark>ပါ။င။ အရူပ ပဋိသန္ဓေသည် အဘယ်ကို အာရုံပြုသနည်း, ယထာရဟံအရထိုက်သင့်သလို ခွဲပြပါ။စ။ အသညသတ်ဘုံ၌ အဘယ်တရားဖြင့် ပဋိသန္ဓေ နေသနည်း, သင်္ဂြိုဟ်<mark>ထောက်</mark>ပါ။ဆ။ ရုပ် ပဋိသန္ဓေနေရာဘုံ, နာမ်ပဋိသန္ဓေနေရာဘုံ, ရုပ်နာမ်အစုံ ပဋိသန္ဓေနေရာဘုံကို သင်္ဂြိုဟ်<mark>ထောက်</mark>၍ ခွဲပြပါ။ဇ။ ဧကဝေါကာရ, စတုဝေါကာရ, ပဉ္စဝေါကာရ ဘုံများကို အသီးအသီးခွဲပြပါ။ဈ။ အာရုပ္ပ<mark>စုတိ</mark>စိတ် မည်မျှရှိ၍ ထို <mark>စုတိ</mark>များနောင် ပဋိသန္ဓေမည်မျှ နှောင်းနိုင်သနည်း။ည။ ရူပ <mark>စုတိ</mark>စိတ် မည်မျှရှိ၍ ထို <mark>စုတိ</mark>များနောင် ပဋိသန္ဓေစိတ် မည်မျှနှောင်းနိုင်သနည်း။ဋ။ အသညသတ် <mark>စုတိ</mark>နောင် ပဋိသန္ဓေ မည်မျှ နှောင်းသနည်း။<mark>ဌ။</mark> ကာမတိဟိတ် <mark>စုတိ</mark> မည်မျှရှိ၍ ထို <mark>စုတိ</mark>နောင် ပဋိသန္ဓေ မည်မျှ နှောင်းနိုင်သနည်း။<mark>ဍ။ ကာမ</mark>အဟိတ် ဒွိဟိတ်<mark>စုတိ</mark> မည်မျှရှိ၍ ထို <mark>စုတိ</mark>နောင် ပဋိသန္ဓေ မည်မျှနှောင်းနိုင်သနည်း။

---

## Trang 325

<mark>လေ့ကျင့်ခန်း</mark> မေးခွန်းများက။ ပဋိသန္ဓေစိတ်၏ အခြားမဲ့၌ အဘယ်ကို အာရုံပြု၍ အဘယ်စိတ် ဖြစ်သနည်း, <mark>ထောက်</mark>ပါ။ခ။ "တဒေဝစိတ္တံ – ထို ပဋိသန္ဓေစိတ် " ဟု ဆိုရာ၌ အဓိပ္ပါယ်ကို ဥပမာဆောင်၍ ထင်ရှားအောင်ပြပါ။ဂ။ သတ္တာတို့သန္တာန်၌ <mark>ဝီထိ</mark>စိတ် မဖြစ်သည့်အခါ ဘယ်စိတ်ဖြစ်သနည်း,ထောက်ပါ။ဃ။ <mark>ဘဝင်္ဂ</mark>+အင်္ဂဘာဝေန-ပါဌ်ကိုထောက်၍"<mark>ဘဝင်္ဂ</mark>" ပုဒ် အဓိပ္ပါယ်ကိုဝိဂြိုဟ်နှင့်တကွ ပြပါ။င။ ပဋိသန္ဓေ စသော စိတ်တို့ဖြစ်ပုံသည် ဘာနှင့်တူသနည်း, သင်္ဂြိုဟ်<mark>ထောက်</mark>၍တူပုံကို ထင်ရှားအောင် ပြစမ်းပါ။စ။ <mark>ပဋိသန္ဓိ</mark> ဘဝင်္ဂ<mark>ဝီထိ</mark>ယော-စသော ဂါထာသည် ဘာကိုပြသော ဂါထာနည်း, ၎င်းဂါထာကို အနက်ပေးပါ။ဆ။ ပဋိသင်္ခါယ ပနေတမဒ္ဓဝံ-စသော ဂါထာသည် ဘာကိုပြသော ဂါထာနည်း, အနက်ပေးပါ။<mark>ဝီထိမုတ်</mark> နိဿယနှင့်အဓိပ္ပါယ် <mark>ပြီးပြီ။</mark>ရုပ်ပိုင်းနိဿယအနုသန္ဓေနှင့် ပဋိညာဉ် သပ္ပဘေဒ<mark>ပဝတ္တိ</mark>ကာ - ပဘေဒလည်းရှိကုန်, <mark>ပဝတ္တိ</mark>လည်းရှိကုန်သော၊ စိတ္တစေတသိကာ-စိတ်စေတသိက် ဖြစ်ကုန်သော၊ ဓမ္မာ - သဘောတရားတို့ကို၊ ဧတ္တာဝတာ-ဤမျှ အတိုင်းအရှည်ရှိသော ငါးပိုင်းတို့ဖြင့်၊ ဟိ ယသ္မာ-<mark>အကြင့်ကြောင့်</mark>၊ ဝိဘတ္တာ-ဝေဘန်အပ်ကုန်ပြီ၊ တသ္မာ-ထိုကြောင့်၊ ဒါနိ-ယခုအခါ၌၊ ရူပံ-ရုပ်ကို၊ပဝုစ္စတိ-ဆိုအပ်၏။ [ ဆိုပေအံ့-ဟူလို။]ရုပ်ပိုင်းအဓိပ္ပါယ်[ရုပ်တရားတို့၏ အကြောင်းအရာကို ပြသော အပိုင်း အခန်းကို"ရုပ်ပိုင်း" ဟု ခေါ်၏။]ဧတ္တာဝတာ၊ပေ၊ ပဝုစ္စတိ-ဤဂါထာကား အနုသန္ဓေနှင့် ပဋိညာဉ်ကိုပြသော ဂါထာတည်း၊ " စိတ္တံ စေတသိကံ ရူပံ နိဗ္ဗာနမိတိ " ဟု ခေါင်းစဉ်ပြခဲ့သည့်အတိုင်း, စိတ် စေတသိက် ပကိဏ်း ဝီထိ <mark>ဝီထိမုတ်</mark> ဟု ငါးခုသောအပိုင်းအခန်းတို့ဖြင့် စိတ် စေတသိက်တို့ကို အကျယ်ပြပြီး၍ ယခုအခါ ရုပ်ကိုပြတော့မည်-ဟူလို။-သပ္ပဘေဒ <mark>ပဝတ္တိ</mark>ကာ [ သ+ပဘေဒ + <mark>ပဝတ္တိ</mark> + က။ သရှိသည့်+ပဘေဒ=အပြား+<mark>ပဝတ္တိ</mark> = ဖြစ်ခြင်း+က = ကား အနက် မရှိ<mark>သောထုံးစံ</mark>အရ အပိုလာသည်။ ] ပဘေဒ-ဟူသည် ဥဒ္ဒေသ-နိဒ္ဒေသ-ပဋိနိဒ္ဒေသ-ဤ သုံးပါးအပြားတည်း၊ ထိုတွင် အကျဉ်းချုပ် ခေါင်းစဉ်၍ ပြခြင်းကို

---

## Trang 326

"ဥဒ္ဒေသ" ဟု ခေါ်၏၊ ထို အကျဉ်းကို ချဲ့ပြခြင်းကို "နိဒ္ဒေသ" ဟု ခေါ်၏၊ထပ်မံ၍ တမျိုးတဖုံ <mark>ချဲ့ပြန်</mark>ခြင်းကို "ပဋိနိဒ္ဒေသ" ဟု ခေါ်၏။<mark>ထို့ကြောင့်</mark> "စိတ္တံ စေတသိကံ ရူပံ နိဗ္ဗာနမိတိ" ၌ စိတ္တံ-ကား စိတ်ကိုအကျဉ်းချုပ် ပြသော ဥဒ္ဒေသစကားတည်း၊ စေတသိကံ-ကား စေတသိက်ကိုအကျဉ်းချုပ် ပြသော ဥဒ္ဒေသတည်း၊ ထိုနောက် "တတ္ထ စိတ္တံတာဝ စတုဗ္ဗေဓံ<mark>ဟောတိ</mark> " မှ စ၍ စိတ်ပိုင်း အဆုံးတိုင်အောင် စကားကား စိတ်ကို အကျယ်ပြသော နိဒ္ဒေသစကားတည်း၊ စေတသိက်ပိုင်း တပိုင်းလုံးကား စေတသိက်ကိုအကျယ် ပြသော နိဒ္ဒေသ စကားတည်း၊ ပကိဏ်းပိုင်းကား စိတ် စေတသိက်နှစ်ပါးစုံကို တမျိုးတဖုံ ထပ်၍ <mark>ချဲ့ပြန်</mark>သော ပဋိနိဒ္ဒေသ စကားတည်း ဟု မှတ်။[ဆောင်ပုဒ်]၁။ စိတ္တံ-စေတသိကံ, ခေါင်းစဉ်ဟန်, မှတ်ရန် ဥဒ္ဒေသ။၂။ တတ္ထကတမံ – တာဝခံလျက်, ချဲ့ရန် တက်လှိုင်း, စိတ်တပိုင်းလုံး, အကျယ်သုံး, မှတ်ထုံး စိတ္တ နိဒ္ဒေသ။၃။ စေတသိက်ကြိုး, တပိုင်းလုံးတည့်, စေတသိက, ချဲ့၍ပြ,မှတ်ကြ နိဒ္ဒေသ။၄။ ပကိဏ်းပိုင်းမှာ,နှစ်ဖြာစပ်မိ, <mark>ချဲ့ပြန်</mark>ဘိ, ပဋိနိဒ္ဒေသ။<mark>ပဝတ္တိ</mark>-ဟူသည် စိတ် စေတသိက်တို့ ဖြစ်ခြင်း-ဖြစ်ပုံ-ဖြစ်ဟန်တည်း၊ထို ဖြစ်ပုံမှာလည်း ပဋိသန္ဓေ ဘဝင် <mark>စုတိ</mark>အခါ၌ ဖြစ်ပုံ-<mark>ဝီထိ</mark>ကျသည့် အခါ၌ဖြစ်ပုံဟု နှစ်မျိုးရှိ၏၊ <mark>ဝီထိ</mark>ကျသည့် အခါ၌ ဖြစ်ပုံကို <mark>ဝီထိ</mark>ပိုင်းဖြင့် ပြခဲ့၏၊ပဋိသန္ဓေ ဘဝင် <mark>စုတိ</mark>အခါ၌ ဖြစ်ပုံကို ဝီထိ <mark>ဝီထိမုတ်ပိုင်း</mark>ဖြင့် ပြခဲ့သည်၊ ဤသို့ဥဒ္ဒေသစသော အပြား, ပဋိသန္ဓေ စသော ဖြစ်ပုံရှိသော စိတ်နှင့် စေတသိက်ကိုအောက် ၅ ပိုင်းဖြင့် ဝေဘန်၍ ပြခဲ့ပြီ ဟူလို။

---

## Trang 327

အကျဉ်းချုပ် ခေါင်းစဉ် <mark>သမုဒ္ဒေသာ</mark>-ရုပ်တို့ကို အကျဉ်းချုပ်ပြခြင်းအားဖြင့်၎င်း၊ <mark>ဝိဘာဂတော စ</mark>-ရုပ်တို့ကို အကျယ်ဝေဘန်ခြင်း အားဖြင့်၎င်း၊ သမုဋ္ဌာနာ- ရုပ်တို့၏ဖြစ်ကြောင်း အားဖြင့်၎င်း၊ <mark>ကလာပဘေဒတော</mark>-ရုပ်တို့ကို ကလာပ်ဖွဲ့ခြင်း အားဖြင့်၎င်း၊ <mark>ပဝတ္တိ</mark>က္ကမတော စ – ရုပ်တို့၏ ဖြစ်စဉ်အားဖြင့်၎င်း၊ ဣတိ - ဤသို့၊ တတ္ထ – ထို ရူပသင်္ဂဟ၌၊ <mark>ပဉ္စဓာ-</mark>ငါးပါး အပြားအားဖြင့်၊ <mark>သင်္ဂဟော</mark> – ပေါင်းယူ ခြင်းသည်၊<mark>ဟောတိ</mark>-ဖြစ်၏။-<mark>သမုဒ္ဒေသာ</mark>၊ ပေ၊ <mark>သင်္ဂဟော</mark> ဤ ဂါထာကား ရုပ်ပိုင်း၌ အကျယ်ပြမည့် သင်္ဂဟ ၅ ရပ်ကို အကျဉ်းချုပ် ခေါင်းစဉ်၍ ပြသော ဂါထာတည်း၊၁=ရူပသမုဒ္ဒေသ, ၂ = ရူပဝိဘာဂ, ၃ = ရူပသမုဋ္ဌာန, <mark>၄=ရူပကလာပ</mark>,၅=ရူပ <mark>ပဝတ္တိ</mark>က္ကမ, ဟု သင်္ဂဟ ၅ ရပ်ကို ပါဠိရှိတိုင်း မှတ်သားခဲ့ပါ။-<mark>လေ့ကျင့်ခန်း</mark> မေးခွန်းများက။ ဧတ္တာဝတာ ဝိဘတ္တာဟိ ဂါထာသည် ဘာကိုပြသော ဂါထာနည်း။ခ။ သပ္ပဘေဒ၌ "ပဘေဒ" အရ အဘယ်ကို ဥဒ္ဒေသ နိဒ္ဒေသ ပဋိနိဒ္ဒေသ ဟုခေါ်သနည်း။<mark>ဂ။ စိတ်၏</mark> ဥဒ္ဒေသ နိဒ္ဒေသ စေတသိက်၏ ဥဒ္ဒေသ နိဒ္ဒေသကို လင်္ကာ<mark>ထောက်</mark>၍ ကောက်ပြပါ။ဃ။ ပဋိနိဒ္ဒေသ စကားကိုလည်း လင်္ကာ<mark>ထောက်</mark>၍ ကောက်ပြပါ။င။ သပ္ပဘေဒ <mark>ပဝတ္တိ</mark>ကာ၌ အဘယ်ကို "<mark>ပဝတ္တိ</mark>" ဟု ခေါ်သနည်း။ထို <mark>ပဝတ္တိ</mark>ကို ပြသော အပိုင်းကား ဘယ်အပိုင်းများနည်း။စ။ ရုပ်ပိုင်းလာ သင်္ဂဟ ၅ ရပ်ကို သင်္ဂြိုဟ်<mark>ထောက်</mark>၍ ရေတွက်ပါ။

---
