## Trang 186

၆။ ပန-အထူးကို <mark>ဆိုဦးအံ့</mark>၊ ၁- ဝုဋ္ဌော ကာမဇောအဘိညာဏ် တို့တွင်၊ တေရသ - တဆဲ့သုံးပါး ကုန်သော၊သောမနဿဇဝနာနိ – သောမနဿဇောတို့သည်၊ ဟသနဝိ-<mark>ပြုံးရယ်</mark>ခြင်းကိုလည်း၊ ဇနေန္တိ’ဖြစ်စေကုန်၏။

ဝုဋ္ဌော ကာမဇော <mark>တစ်ခုယုတ်</mark> ၃ဝ အဘိညာဏ်ဒွေး ၍ ၃၂ ပါးသော စိတ်တို့သည် ကာယဝိညတ် ဝစီဝိညတ် ၂ ပါးကိုလည်း <mark>ဖြစ်စေနိုင်ကုန်၏၊</mark> ပိသဒ္ဒါအရ ရုပ်သာမညကိုလည်း <mark>ဖြစ်စေနိုင်ကုန်၏၊</mark> ဣရိယာပုထ်ကိုလည်း <mark>ထောက်ပံ့</mark>နိုင်ကုန်၏ ဟူလို။

၆။ သောမနဿ၊ ပေ၊ ဇ န န္တိ ’ရွှေဝါကျ၌ ပြခဲ့သော ဝုဋ္ဌော ကာမဇော အဘိညာဏ်တို့တွင် လောဘမူ သောမနဿဇော ၄၊ ဟသိတုပ္ပါဒ်ဇော ၁၊ မဟာကုသိုလ်ကြိယာ သောမနဿဇော <mark>၈ ၍</mark> ၁၃ပါးကား ပြုံးရွှင်ခြင်းကိုလည်း ဖြစ်စေနိုင်၏၊ ထိုတွင်...

[ဆောင်] “ရှစ်ပုထုဇန်, ခြောက်သေက္ခန်, ငါးတန် ရဟန္တာ၊ဟာသအကြောင်း, ထူးပြားရှောင်း,စိတ်ပေါင်း တေရသာ”...

နှင့် အညီ၊ ပုထုဇန်တို့သည် လောဘမူ မဟာကုသိုလ် သောမနဿ ဇော၈ ပါးတွင် တပါးပါးဖြင့် <mark>ပြုံးရယ်</mark>ကုန်၏၊ သေက္ခ (သောတာပန် သကဒါဂါမ်အနာဂါမ်)ပုဂ္ဂိုလ်တို့ကား ဒိဋ္ဌိဂတသမ္ပယုတ် သောမနဿဇော ၂ ကို ပယ်ပြီးဖြစ်၍ လောဘမူ ဒိဋ္ဌိဂတဝိပ္ပယုတ် ၂၊ မဟာကုသိုလ် သောမနဿဇော ၄၊ပေါင်း ၆ ပါးတွင် တပါးပါးဖြင့် <mark>ပြုံးရယ်</mark>ကုန်၏၊ ဘုရား ရဟန္တာ တို့ကားဟသိတုပ္ပါဒ်ဇော ၁၊ မဟာကြိယာ သောမနဿဇော ၄၊ ပေါင်း ၅ ပါးတွင်တပါးပါးဖြင့် ပြုံးတော်မူကုန်၏။

ဟသနံပိ၌’ပိ<mark>သဒ္ဒ</mark>ါကားဝါကျကို ဆည်းသည်၊ ရယ်ရွှင်ခြင်းကိုလည်းဖြစ်စေနိုင်၏၊ ဝိညတ်ကိုလည်း ဖြစ်စေနိုင်၏ ဟူလို။ [ ဣရိယာပထံပိနှင့်နိဿယနှင့်အဓိပ္ပါယ်

၃၆.၃

စိတ္တသမုဋ္ဌာနရူပံ တို့ကိုကား ဝိညတ္တိပိတုန်းက ဆည်းခဲ့ပြီး ဖြစ်၍ . ထင်မံဆည်းဘို့ မလို။]

““ တတ္ထအပ္ပနာဇဝနံမှစ၍ ဟသနဝိဇနေန္တိ ” တိုင်အောင်သော စကားများကား ရုပ်ကိုဖြစ်စေနိုင်သော စိတ်များ၏ သတ္တိထူးကိုပြသော စကားရပ်တည်း၊ ထိုစကားအရ ပရမတ္ထသရူပဘေဒနီ ကောက်ချက် ချသော ကဗျာဆောင်ပုဒ်ကို မှတ်သားရာ၏။

[ဆောင်] မနောဓာတုံ, တဒါရုံက, ရူပဝိပါက်, ဆဲ့ကိုးချက်မှာ,ရုပ်ကိုသာတည်း၊ အပ္ပနာဇဝန, ဆမ္ဘီသကား, ယာပထလည်း, ဖွဲ့တည်းခိုင်းစေ၊ တထွေဝုဋ္ဌော,ကာဇောဘိညာ,ဒွတ္တိံသာကား, နှစ်ဖြာဝိညတ်-ကိုလည်းတတ်၏၊ သောမနဿ,ဆဲ့သုံးခုကား, ရှယ်မှရွှင်ခြင်း,လည်းပြုလျှင်း၏ကြွင်းအာရုပ္ပ - ဝိပါကနှင့်, ပဉ္စဝိညာ, ဆဲ့လေးဖြာသည်,ဘယ်ဟာ ဖြစ်စေနိုင်ဘူးတည်း။

[မနောဓာတ် ၃, တဒါရုံ ၁၁, ရူပ၀ိပါက် ၅, ၎င်း ၁၉ ကား ရုပ်ကိုသာဖြစ်စေနိုင်၏၊ အပ္ပနာဇော ၂ ၆ ကား ရုပ်သာမညအပြင် ဣရိယာပုထ်ကိုလည်း<mark>ထောက်ပံ့</mark>နိုင်၏၊ ဝုဋ္ဌော ၁, ကာမဇော ၂၉, အဘိညာဉ် ၂, ပေါင်း ၃၂ ပါးကား ရုပ်သာမည ဣရိယာပုထ်တို့ အပြင် ဝိညတ် ကိုလည်း ဖြစ်စေနိုင်၏၊ထို ၃၂ ပါးတွင် သောမနဿဇော ၁၃ ကား ရုပ်သာမည’ ဣရိယာပုထ်’ဝိညတ်အပြင် ရယ်ရွှင်ခြင်းကိုလည်း ဖြစ်စေနိုင်၏၊ ကြွင်းသော အာရုံပ္ပဝိပါက်ဒွေပဉ္စဝိညာဏ်တို့ကား ဘာတခုမျှ မဖြစ်စေနိုင်။]

---

## Trang 187

ရုပ်ကိုဖြစ်စေနိုင်သောကံ ၂၅ ပါးကို သင်္ဂြိုဟ်ထောက်၍ ရေတွက်ပါ။

<mark>ဂ။ ကမ္မဘာဝသည်</mark> ဘယ်အချိန်ကစ၍ ဘယ်ခဏ၌ ရုပ်ကို ဖြစ်စေသနည်း။

ရုပ်ကို ဖြစ်စေနိုင်သောစိတ်များကို သင်္ဂြိုဟ်ထောက်၍ ရေတွက်ပါ။

<mark>ဃ။ စိတ်သည်</mark> ဘယ်အခါမှစ၍ ဘယ်ခဏ၌ ရုပ်ကို ဖြစ်စေသနည်း။

ဆ။ ရုပ်သာမညကိုသာ ဖြစ်စေနိုင်သောစိတ် မည်မျှနည်း၊ လင်္ကာပုဒ်ကို<mark>ထောက်ပါ</mark>။

ရုပ်ကို ဖြစ်စေခြင်းနှင့် တကွ ဣရိယာပုထ်ကို <mark>ထောက်ပံ့</mark> နိုင်သောစိတ်မည်မျှနည်း၊ သင်္ဂြိုဟ်ပါဠိနှင့် လင်္ကာကို <mark>ထောက်ပါ</mark>။

[စာမေးပွဲပုစ္ဆာများ၌ ဤနေရာမှာ – ဣရိယာပုထ်ကို ဖြစ်စေနိုင်သောစိတ်ကို ထုတ်ပြပါ” ဟု ပုစ္ဆာထုတ်လိမ့်မည်, အဖြေတူပင်။ ]

ဈ။ ရုပ်ဣရိယာပုထ် ဝိညတ်ကို ဖြစ်စေနိုင်သော စိတ် မည်မျှရှိသနည်း,သင်္ဂြိုဟ်နှင့် လင်္ကာပုဒ်ကို <mark>ထောက်ပါ</mark>။

ည။ ရုပ်ဣရိယာပုထ် ဝိညတ် အပြင် ရယ်ရွှင်ခြင်းကို ဖြစ်စေနိုင်သော စိတ်မည်မျှရှိသနည်း၊ သင်္ဂြိုဟ်နှင့် လင်္ကာပုဒ်ကို <mark>ထောက်ပါ</mark>။

ဋ။ ပုထုဇဉ်တို့ အဘယ်စိတ်များဖြင့် ရယ်ကြသနည်း၊ လင်္ကာပုဒ်ကို<mark>ထောက်ပါ</mark>။

ဌ။ သေက္ခပုဂ္ဂိုလ်တို့ အဘယ်စိတ်များဖြင့် ရယ်ကြသနည်း၊ <mark>ထောက်ပါ</mark>။

ဍ။ ဘုရားရဟန္တာတို့ အဘယ်စိတ်များဖြင့် ပြုံးတော်မူကြသနည်း။

နိဿယနှင့်အဓိပ္ပါယ်

၃၆ ၅

၇။ သိတုဏောတု သမညာတ၁ - သိဘဥတု ဥဏှဥထုဟု အသိအမှတ်ပြုအပ်သော၊ တေဇောဓာတု - တေဇောဓာတ်သည်၊ ဗြိတိပ္ပတ္တ၁ဝ-သို့ရောက်မှသာလျှင်၊ ဥတုသမုဋ္ဌာနရုပ်-ဥတုကြောင့်ဖြစ်သောရုပ်ကို၊ အဇ္ဈတ္တဉ္စ-အဇ္ဈတ္တသန္တာန်၌၎င်း၊ဗဟိဒ္ဓါစ-ဗဟိဒ္ဓသန္တာန်၌၎င်း၊ ယထာရဟံ- ထိုက်သည်အားလျော်စွာ၊ သမုဋ္ဌာပေတိ-ဖြစ်စေ၏။

၇။ သီတုဏှာတု ၊ ပေ ၊ သမုဋ္ဌာပေတိ-’ဤစကားရပ်ကား“ ဥတု”ဟူသော အကြောင်းတရားက ရုပ်ဖြစ်စေပုံကို ပြသော စကားရပ်တည်း၊မဟာဘုတ် ၄ ပါးတွင် တေဇောဓာတ်ကိုပင် ယခု လောက၌ <mark>သီတဥတု</mark>(အအေးငွေ့) ဟူ၍၎င်း, ဥဏှဥတု ( အပူငွေ့) ဟူ၍၎င်း, အသိအမှတ် ပြုကြလေသည်၊ အေးသော <mark>အရာဝတ္ထု</mark> ဟူသမျှ၌ <mark>သီတဥတု</mark> ( သီတတေဇော)ပါ၏၊ ပူနွေးသော <mark>အရာဝတ္ထု</mark> ဟူသမျှ၌ ဥဏှဥတု (ဥဏှတေဇော) ပါသည်၊<mark>ဥတုနှင့်</mark> တေဇော ဟူသည့် အသံသာကွဲ၏, အနက်အရမှာ အငွေ့ဓာတ်ချည်းသာတည်း၊ မည်သည့်ဝတ္ထု၌မဆို အအေးငွေ့ အနွေးငွေ့ တခုခု အမြဲရှိသည်။ [သီတုဏှောတု=သီတ+ဥ+ဥတု။]

---

<mark>ဌိတိပ္ပတ္တ</mark>ာ၁ — ရုပ်တရားတို့ မည်သည် <mark>ဌီအခိုက်</mark>အတန့်၌ ကြာမြင့်စွာ<mark>တည်နေရ</mark>သောကြောင့် <mark>ဥပါဒ်ခိုက်</mark>ထက် ဌီအခိုက်မှာ အားကောင်း၏၊ထို့ကြောင့် ဥတု ခေါ်သော ဤ တေဇောဓာတ်သည် ဥပါဒ်ပြီးနောက်<mark>ဌီအခိုက်</mark>သို့ ရောက်မှသာ ရုပ်ကိုဖြစ်စေ၏၊ ထိုဥတုကြောင့် ဖြစ်သော ရုပ်ကိုဥတုဇ — ရုပ် ဟု ခေါ်သည်။ [ ဌိတိပ္ပဘာဝ၌ ဧဝ သဒ္ဒါဖြင့် <mark>ဥပါဒ်ခိုက်</mark>၌မဖြစ်စေနိုင် ဟု ကန့်သည်။ ]

အဇ္ဈတ္တဉ္စ ဗဟိဒ္ဓါစ---ထိုသို့ ဖြစ်စေရာဝယ် အဇ္ဈတ္တသန္တာန်၌ ( ခန္ဓာကိုယ်တွင်း၌ ) ရောက်ရှိ တွေ့ထိသော ဥတုကလည်း ခန္ဓာကိုယ် အတွင်း၌

---

## Trang 188

ဥတုဇရုပ်ကို ဖြစ်စေ၏၊ ဗဟိဒ္ဓသန္တာန်၌ ( ကိုယ်၏ ပြင်ပ သစ်ပင် တောတောင် ရေ မြေ စသည့်တို့၌ ) ရှိသော ဥတုကလည်း ဗဟိဒ္ဓ၌ ဥတုဇရုပ်များကို ဖြစ်စေ၏၊ အသက်ဝိညာဉ် မရှိသော ဝတ္ထု ဟူသမျှသည် ဥတုဇရုပ်များချည်းသာ တည်း။

ယထာရဟံ — ဤသို့ အဇ္ဈတ္တဥတုက အဇ္ဈတ္တ၌ ရထိုက်သော ဥတုဇရုပ်ကလာပ်ကို, ဗဟိဒ္ဓဥတုက ဗဟိဒ္ဓ၌ ရထိုက်သော ရုပ်ကလာပ်ကို ဖြစ်စေသည့် ဟု သိစေလို၍ ယထာရဟံ ဟု မိန့်သည်။ [ဥတုဇကလာပ် ၄ စည်းတွင်ဗဟိဒ္ဓသန္တာန်၌ ၂ စည်းသာ ရထိုက်သည် ဟု ဆိုလတ္တံ့။]

ဤစကားအရ — “<mark>သီတဥတု</mark> ဥဏှဥတု ဟု ခေါ်သော တေဇောဓာတ်သည် ဥပါဒ်ပြီးနောက် <mark>ဌီ</mark>သို့ အရောက်တွင် ဥတုဇရုပ်ကို အဇ္ဈတ္တ ဗဟိဒ္ဓသန္တာန်၌ရထိုက်သလို ဖြစ်စေသည်”ဟု နှုတ်တက်မှတ်ခဲ့ပါ။

<mark>၈။ ဩဇာ</mark>သင်္ခါတေ<mark>၁-</mark>ဩဇာ ဟု ဆိုအပ်သော၊ အာဟာရော – အာဟာရသည်၊ အာဟာရ သမုဋ္ဌာနရုပ် - အာဟာရကြောင့်ဖြစ်သော ရုပ်ကို၊ အာဟရဏကာလေ- မျိုအပ်ရာအခါ၌၊ <mark>ဌာနပတ္တေ၁၀-ဌီသို့</mark> ရောက်မှသာလျှင်၊ သမုဋ္ဌာပေတိ-ဖြစ်စေ၏။

---

ဩဇာသင်္ခါတော၊ ပေ ၊ သမုဋ္ဌာပေတိ — ဤစကားရပ်ကား“အာဟာရ” ဟူသော အကြောင်းတရားက ရုပ်ဖြစ်စေပုံကို ပြသော စကားရပ်တည်း၊ စားဘွယ် သောက်ဘွယ် ဟူသမျှ တို့၌ ပါရှိသော အဆီ အနှစ်အစေးကို သြဇာဟူ၍၎င်း, အာဟာရဟူ၍၎င်း ခေါ်၏။ [ တယ် အဆီ'အနှစ်အားကြီးတဲ့အစာ, တယ် အစေးအညှော်များတဲ့ ဆန်, စသော စကားများသည် သြဇာကိုပြောသော စကားများတည်း။]

နိဿယနှင့်အဓိပ္ပါယ်

၃၆၇

၉။ တတ္ထ’ထို ရုပ်တို့တွင်၊ ဟဒယ ဣန္ဒိယရူပါဠိ- ဟဒယဣန္ဒိယရုပ်တို့သည်၊ ကမ္မဇာနေဝ-ကမ္မဇတို့ချည်းသာတည်း။

၁၀။ ဝိညတ္တိဒွယံ - <mark>ဝိညတ်နှစ်ပါး</mark>သည်၊ စိတ္တဇမေဝ- စိတ္တဇချည်းသာတည်း။

၁၁။ သဒ္ဓေါ - သဒ္ဒရုပ်သည်၊ <mark>စိတ္တောတုဇော</mark>- စိတ်နှစ်ပါးတို့ကြောင့် ဖြစ်၏။

---

<mark>အာဟရဏကာလဌာန</mark> ပတ္တောဝ ‘တစုံတခုသော စားဘွယ်သောက်ဘွယ်ကို စားသောက်သည့် အခါ ထို အစာတွင်း၌ပါသော ဩဇာနှင့်တကွ ရုပ်ဟူသမျှသည် ဥပါဒ် <mark>ဌီဘင်</mark> အားဖြင့် အစဉ်မပျက် ဖြစ်ပျက်ကြလေရာ,ဥပါဒ်ပြီးနောက် <mark>ဌီ</mark> အခိုက်သို့ အရောက် အရောက်တွင် သြဇာ ဟု ခေါ်သောအာဟာရရုပ်သည် ရုပ်သစ်တမျိုးကို တိုးပွား ဖြစ်ပေါ်စေ၏၊ ထို အာဟာရကြောင့် ဖြစ်သောရုပ်ကို “အာဟာရဇရုပ်” ဟု ခေါ်၏။

ဤ စကားစဉ်အရ — “သြဇာ ဟူသော အာဟာရသည် စားဘွယ်ကိုမျိုလိုက်ရာအခါဝယ် ရောက်လေရာ အရပ်၌ အသစ်အသစ် ဥပါဒ်ပြီးနောက်<mark>ဌီ</mark>သို့ အရောက်မှာ အာဟာရဇရုပ်ကို ဖြစ်စေသည့် ” ဟု နှုတ်တက် မှတ်ခဲ့ပါ။

၉။ တတ္ထဟဒယ၊ပေ၊ကမ္မဇာနေဝ— ကမ္မဇာနေဝ၌ ဧဝဖြင့် စိတ္တဇဥတုဇ အာဟာရဇမရှိဟု ကန့်သည်၊ ဤစကားအရ ဟဒယရုပ် ၁,<mark>ဣန္ဒိယရုပ် ၈</mark>အားဖြင့် ဧကန် ကမ္မဇရုပ် ၉ ပါးရှိသည့် ဟု မှတ်။

၁၀။ <mark>ဝိညတ္တိဒွယံ</mark>စိတ္တဇမေဝ — ဤစကားအရ ဧကန် စိတ္တဇရုပ် ၂ ဟုမှတ်ခဲ့ပါ၊ ကမ္မဇ စိတ္တဇ ဧကန်ရုပ်များကို ပေါင်း၍ ဧကဇ ( အကြောင်းတပါးကြောင့် ဖြစ်သော)ရုပ် ၁၁ ပါးဟုလည်း မှတ်သားခဲ့ပါ။

၁၁။ <mark>သဒ္ဓေါစိတ္တောတုဇော</mark> — စကားပြောသံ အသက်ရှူသံ စသည့်သည် စိတ္တဇ <mark>သဒ္ဒ</mark> တည်း၊ အပြင်ပ၌ မိုဃ်းသံ လေသံ ခေါင်းလောင်းသံ

---

## Trang 189

ဓာတ်သီချင်းသံနှင့် ဝမ်းတွင်း၌ လေသံတို့ကား ဥတုကြောင့် ဖြစ်သော ဥတုဇ<mark>သဒ္ဒ</mark>တည်း၊ ဤသို့လျှင် <mark>သဒ္ဒရုပ်</mark>သည် စိတ် ဥတု ၂ ပါးကြောင့် ထိုက်သည်အားလျော်စွာ ဖြစ်၏၊ ဤစကားအရ ဒွိဇ (အကြောင်း ၂ ပါးကြောင့် ဖြစ်သော)ရုပ် ၁ ပါးဟု မှတ်ခဲ့ပါ။

၁၂။ လဟုတာဒိတ္တယံ၊ပေ ၊ သန္တောတိ’ဥတု <mark>သာယာ</mark>သည့်အခါ,စိတ်ကြည်လင်သည့်အခါ, အစာ အာဟာရ မျှတသည့် အခါတို့၌ ရုပ်ခန္ဓာ၏ပေါ့ပါးမှု (လဟုတာ), နူးညံ့မှု (မုဒုတာ), ထိုထို အမှုကိစ္စတို့၌ ကောင်းမွန်ခံ့ညားမှု ( ကမ္မညတာ ) ရုပ်များသည့် ဖြစ်တတ်၏၊ ထို့ကြောင့် လဟုတာစသော ရုပ် ၃ ပါးသည့် ဥတု စိတ် အာဟာရ တို့တွင် တပါးပါးကြောင့်ထိုက်သလိုဖြစ်၏၊ ဤစကားအရ တိဇရုပ် ၃ ပါးဟု မှတ်ခဲ့ပါ။

၁၃။ <mark>အဝိနိဗ္ဘောဂ</mark>၊ ပေ ၊ သမ္ဘူတာနိ ’ <mark>အဝိနိဗ္ဘောဂရုပ်</mark> ၈ ပါးသည့် အကြောင်း လေးပါးကြောင့် ထိုက်သလို ဖြစ်၏။ အာကာသဓာတ်ဟူသည်လည်း၊ ရုပ်ကလာပ် ၂ ခု ပေါင်းစပ် မိလျှင် အလိုလို ပါလာသော“အကြား” တည်း၊ ထို့ကြောင့် ကမ္မဇကလာပ် ၂ ခုကြား ( အာကာသ) ကိုကမ္မဇ အာကာသဓာတ်, စိတ္တဇ ကလာပ် ၂ ခု ကြားကို စိတ္တဇ အာကာသဓာတ် စသည်ဖြင့် ခေါ်ဝေါ်ရလေသည်။ ဤ စကားအရ စတုဇရုပ် ၉ ပါးဟုမှတ်သားခဲ့ပါ။

နိဿယနှင့်အဓိပ္ပါယ်

၃၆ ၉

၁၄။ လက္ခဏရူပါနိ-လက္ခဏ ရုပ်တို့သည်၊ ကုတောစိ-မည်သည့် အကြောင်းကြောင့်မျှ၊ နဇာယန္တိ−မဖြစ်ကုန်။

သင်္ဂဟော အဋ္ဌာရသ - တဆဲ့ရှစ်ပါးသော ရုပ်တို့၎င်း၊ ပန္နရသ-တဆဲ့ ငါးပါးသော ရုပ်တို့၎င်း၊ တေရသ – တဆဲ့သုံးပါးသော ရုပ်တို့၎င်း၊ ဒွါဒသစ - တဆဲ့နှစ်ပါးသော ရုပ်တို့၎င်း၊ ဣတိ-ဤသို့၊ ယထာက္ကမံ-အစဉ်အားလျော်စွာ “အကြင်အကြင် အစဉ်ရှိတိုင်း” ဟုလည်း ဆိုနိုင်၏၊ ကမ္မစိတ္တော-တုကာဟာရဇာနိ - ကမ္မဇ စိတ္တဇ ဥတုဇ အာဟာရဇရုပ်တို့သည်၊ ဟောန္တိ‘ဖြစ်ကုန်၏။

၁၄။ လက္ခဏရူပါနိ ၊ ပေ ၊ ဇာယ န္တိ ’လက္ခဏရုပ် ၄ ပါးကို မည်သည့် အကြောင်းကြောင့် ဖြစ်သည် ဟု မဆိုသင့်။ [ အကြောင်းမှာ ဂါထာ၌ထင်ရှားလတံ့၊ ] ဤစကားအရ နကုတောစိသမုဋ္ဌာန် ( ဘယ်အကြောင်းကြောင့်မျှ မဖြစ်သော ) ရုပ် ၄ ပါးဟု မှတ်သားခဲ့ပါ။

သင်္ဂဟဂါထာ။ ။ အဋ္ဌာရသ ၊ ပေ ၊ ယထာက္ကမံ’ကား ကမ္မဇရုပ်စသည့်ကို အကျဉ်းချုပ် ရေတွက်ပြသော သင်္ဂဟဂါထာတည်း၊ ယထာက္ကမံအရ ကမ္မဇရုပ် အဋ္ဌာရသ, စိတ္တဇရုပ် ပန္နရသ, ဥတုဇရုပ် တေရသ, အာဟာရဇရုပ် ဒွါဒသ ဟု သိလေ။

<mark>ကမ္မဇရုပ် ၁၈</mark> ကား — ဧကန် ကမ္မဇရုပ် ၉ နှင့် <mark>အဝိနိဗ္ဘောဂရုပ်</mark> ၈အာကာသဓာတ်တည်း။ [နောက်၉ပါးကို အနေကန် ကမ္မဇရုပ်များဟုလည်း ခေါ်နိုင်၏၊ စုဏ္ဏိယကို ပြန်ကြည့်။ ]

စိတ္တဇရုပ် ၁၅ ကား—ဝိညတ် ၂, <mark>သဒ္ဒ</mark> ၁, လဟုတာဒိ ၃, <mark>အဝိနိဗ္ဘောဂ</mark>နှင့်အာကာသဓာတ် ၁ တည်း။

---

## Trang 190

ဥတုဇရုပ် ၁၃ ကား’ယခင် ၁၄ တွင် ဝိညတ် ၂ ကို နှုတ်။အာဟာရဇရုပ် ၁၂ ကား’ယခင် ၁၃ တွင် <mark>သဒ္ဒရုပ်</mark>ကို ထပ်၍ နှုတ်။

ဇာယမာနာဒိရူပါနံ သဘာဝတ္တာ ‘ဤ ပါဌ်ကား လက္ခဏရုပ် ၄ ခု“နကုတောစိသမုဋ္ဌာန်” မည်ခြင်း၏ အကြောင်းကို ပြသော ပါဌ်တည်း၊လက္ခဏ ရုပ်တို့သည် ဖြစ်ဆဲ ဆဲ ရုပ်တို့၏ ဓမ္မတာ ဖြစ်သောကြောင့်“မည်သည့် အကြောင်းကြောင့် ဖြစ်သည် ဟု မဆိုနိုင်” ဟူလို၊ ဇာယမာန =ဖြစ်ဆဲရုပ်(ဥပါဒ်ဆဲရုပ်)၊ ဇာယမာနာဒိ၌ အာဒိ<mark>သဒ္ဒ</mark>ါဖြင့် တည့်ဆဲရုပ်(ဌီရုပ်),ပျက်ဆဲရုပ် (ဘင်ရုပ်) ကို ယူ။

သဘာဝတ္တာ’လက္ခဏရုပ်တို့ ဟူသည် ဥပစယ သန္တတိ ဇရတာအနိစ္စတာတို့တည်း၊ ဖြစ်ခြင်း (ဥပစယ-သန္တတိ)လက္ခဏာသည် ဖြစ်ဆဲရုပ်၏သဘောတံထွာ ဓမ္မတာပင်တည်း၊ ရင့်ခြင်း(ဇရတာ)လက္ခဏာသည် တည်ဆဲရုပ်၏ သဘောတံထွာ ဓမ္မတာပင်တည်း၊ ပျက်ခြင်း (အနိစ္စတာ) လက္ခဏာသည့် ပျက်ဆဲရုပ်၏ ဓမ္မတာပင်တည်း။

မုံ့လုံးကို ဝယ်စားသည့်အခါ အတွင်းမှာပါသော ထန်းလျက် အတွက်သီးခြား အဘိုးပေးဘွယ် မရှိသကဲ့သို့ ဆိုင်ရာ အကြောင်းတရားတို့က ဆိုင်ရာနိဿယနှင့်အဓိပ္ပါယ်

---

၃၇၁

အယံ-ဤသည်ကား၊ ဧတ္ထ – ရူပ ပရိစ္ဆေဒ၌၊ ရူပသမုဋ္ဌာနနယော<mark>၁-</mark>ရူပသမုဋ္ဌာန်နည်းတည်း။

ရုပ်ကိုစီမံလိုက်သည့်အခါ ၍ ဖြစ်ခြင်း ရင့်ခြင်း ပျက်ခြင်းဟူသောလက္ခဏာမှာသဘောတံထွာ ဓမ္မတာအလိုက်ပါလာတော့၏၊ တသီးတခြား ပြုစီမံနေဘွယ်မရှိ၊ ထို့ကြောင့် ဤလက္ခဏရုပ် ၄ ပါးကို – “မည့်သည့် အကြောင်းကြောင့်ဖြစ်သည့်” ဟု မဆိုနိုင်’ဟူလို။

[ အဋ္ဌကထာကြီးများ၌ ဥပစယနှင့် သန္တတိကို ပရိယာယ် အားဖြင့်ရုပ်လေးမျိုး၌ သွင်းသောနည်းလည်း ရှိသေး၏၊ ထိုနည်းကိုလိုက်၍ မာတိကာအကောက်များ၌ အဋ္ဌာရသ စသော သင်္ချာတွင် ဥပစယနှင့် သန္တတိ သွင်းပြီးလျှင် ကမ္မဇရုပ် ဝီသ ( ၂၀ ), စိတ္တဇရုပ် သတ္တရသ ( ၁၇ ), ဥတုဇရုပ်ပန္နရသ ( ၁၅ ), အာဟာရဇရုပ် စုဒ္ဒသ (၁၄) ဟု ဆိုထားသည်ကိုလည်းသတိပြုခဲ့ပါ။ ]

လေ့ကျင့်ခဏ်း မေးခွန်းများ

က။ ဥတုသည် <mark>ရုပ် ၂၈</mark> ပါးတွင် အဘယ်ရုပ်နည်း၊ အဘယ်ခဏ၌ ရုပ်ကိုဖြစ်စေသနည်း။

ခ။ အာဟာရဟူသည့် ဘယ်အရာကို ခေါ်သနည်း၊ အဘယ်ခဏ၌ ရုပ်ကိုဖြစ်စေသနည်း။

ဂ။ အသက်ရှိသော <mark>သတ္တဝါ</mark>တို့၌ ကမ္မဇ စသော ရုပ် ၄ မျိုးတွင် အဘယ်ရုပ်များရှိ၍၊ သစ်ပင် တော တောင် စသော သက်မဲ့ ဝတ္ထု၌ အဘယ်ရုပ်များ ရှိသနည်း။

ဃ။ ဧကန် ကမ္မဇရုပ် မည်မျှနည်း၊ သင်္ဂြိုဟ်ထောက်၍ ရေတွက်ပါ။
