## Trang 191

ဗ ။ ဧကန် စိတ္တဇရုပ် <mark>မည်မျှ</mark>နည်း၊ သင်္ဂြိုဟ်ထောက်ပါ။ဆ။ ဧကဇရုပ် <mark>မည်မျှ</mark>နည်း၊ သင်္ဂြိုဟ်ထောက်ပါ။ဒွိဇရုပ် <mark>မည်မျှ</mark>နည်း၊ သင်္ဂြိုဟ်ထောက်ပါ။ဇ ။ တိဇရုပ် <mark>မည်မျှ</mark>နည်း၊ သင်္ဂြိုဟ်ထောက်ပါ။<mark>စ။ စတုဇရုပ်</mark> မည်မျှနည်း၊ သင်္ဂြိုဟ်ထောက်ပါ။ည။ န ကုတောစိ သမုဋ္ဌာန်ရုပ် <mark>မည်မျှ</mark>နည်း၊ သင်္ဂြိုဟ်ထောက်ပါ။ဋ ။ သင်္ဂြိုဟ်အဆိုအားဖြင့် ကမ္မဇရုပ် ၁<mark>၈ ပါး</mark>၊ ပရိယာယ်အားဖြင့် <mark>၂၀</mark> ကိုသရုပ်ရေတွက်ပါ။ဌ ။ စိတ္တဇရုပ် ၁၅ ပါး၊ ပရိယာယ် အားဖြင့် ၁၇ ပါးကို သရုပ်ရေတွက်ပါ။<mark>ဍ ။ ဥတုဇရုပ်</mark> ၁၃ ပါး၊ ပရိယာယ်အားဖြင့် ၁၅ ပါးကို သရုပ်ရေတွက်ပါ။ယ။ အာဟာရဇရုပ် ၁၂ ပါး၊ ပရိယာယ်အားဖြင့် ၁၄ ပါးကို သရုပ်ရေတွက်ပြပါ။ဏ။ ဇာယမာနာဒိရူပါနံစသော ဂါထာကို အနက်ပေးပါ။တ။ အဘယ့်ကြောင့် လက္ခဏရုပ် တို့သည် <mark>မည်သည့်</mark> အကြောင်းကြောင့်မျှမဖြစ်ကုန်သနည်း၊ သင်္ဂြိုဟ်ဟိတ်ပါဌ်ကို ထောက်ပြပါ။

ရူပသမုဋ္ဌာန်ခဏ်းပြီး၏။

ရူပကလာပနိဿယနှင့်အဓိပ္ပါယ်

၁။ <mark>ဧကပ္ပါဒါ</mark>-တူသောဖြစ်ခြင်း ရှိကုန်သည်၎င်း၊<mark>ဧကနိရောဓါ</mark>-တူသောချုပ်ခြင်း ရှိကုန်သည်၎င်း၊ဧကနိဿယာ - တူသော မှီရာ မဟာဘုတ် ရှိကုန်သည်၎င်း၊<mark>ဟုတွာ</mark> – ဖြစ်ကုန်၍၊ <mark>သဟဝုတ္တိနယော</mark> - အတူတကွ ဖြစ်ခြင်း————

၁။ ရူပကလာပ။ ။ကလာပ<mark>သဒ္ဒ</mark>ါသည် – အပေါင်း အဖွဲ့အစည်း”ဟူသော အနက်ကို ဟော၏၊ <mark>ထို့ကြောင့်</mark> အတူတကွ ဖြစ်ဘက်ရုပ်များကိုပေါင်းစပ် ဖွဲ့စည်း၍ပြရာ အခဏ်းကို ရူပကလာပခဏ်း ဟု ခေါ်သည်၊ ရုပ်များဖြစ်သည့်အခါ <mark>တစ်ခုချင်း</mark>ခွဲ၍ ဖြစ်သည်မဟုတ်၊ ဆိုင်ရာရုပ်နှင့် ပူးပေါင်းတွဲဘက်၍သာ ဖြစ်လေ့ ပျက်လေ့ ရှိကြသည်။

“ဧကုပ္ပါဒ’တူသော ဖြစ်ခြင်းရှိသည် “ တစ်<mark>ကလာပ်</mark>ထည်း၌ ပါဝင်သောရုပ်များသည့် တစ်ခုကဖြစ်လျှင် အခြားတွဲဘက်များလည်း <mark>တစ်ပြိုင်နက်</mark> ဖြစ်ကြရသည့်” ဟူလို။

ဧကနိရောဓ’တူသော ချုပ်ခြင်းလည်း ရှိကြသည်၊“<mark>ရုပ်တစ်ခုက</mark>ချုပ်လျှင်အခြားတွဲဘက် <mark>ကလာပ်</mark>တူရုပ်များလည်း ချုပ်ကြရသည် ” ဟူလို။

ဧကနိဿယ — တူသော မှီရာရှိကြသည်၊ ရုပ်<mark>ကလာပ်</mark>တစ်ခု၌ ပါဝင်သောဥပါဒါရုပ်တို့သည် မဟာဘုတ် ၄ ပါးကိုချည်း မှီကြရသည်၊ မဟာဘုတ်များလည်း အချင်းချင်း အပြန်အလှန် မှီကြသည်၊ ဤသို့ <mark>တစ်ကွ</mark>ဖြစ်ဘက် ဟူသမျှတူသော မှီရာမဟာဘုတ် ရှိကြသည် ဟူလို။

အတူဖြစ်ခြင်း — အတူချုပ်ခြင်း — တူသော မှီရာရှိခြင်းသည် <mark>သဟဝုတ္တိ</mark>( အတူတကွ တွဲဘက်၍ ဖြစ်နိုင်ဘို့ရာ ) အင်္ဂါ ၃ ပါးတည်း၊ <mark>သဟဝုတ္တိ</mark>နှင့်ကလာပ<mark>သဒ္ဒ</mark>ါသည့် အဓိပ္ပါယ်တူသောကြောင့် ယခင် ၃ ပါးကို <mark>ကလာပ်</mark>၏အင်္ဂါဟူ၍လည်း ဆိုကြ၏၊ [ အချို့ ကား <mark>သဟဝုတ္တိ</mark>ကို ကလာပ်၏ အင်္ဂါ ၁ပါးဟု ဆိုလိုကြ၏၊ သင့် မသင့်ကို ဘာသာဋီကာ၌ စိစစ်ထားသည်။ ]

---

## Trang 192

ရှိသော ရုပ်အပေါင်းတို့သည်၊ ဧကဝီသတိ - နှစ်ဆဲ့တစ်စည်းသော၊ ရူပကလာပါနာမ-ရုပ်<mark>ကလာပ်</mark>တို့ မည်၏။

ကမ္မဇ<mark>ကလာပ်</mark>

၂။ တတ္ထ-ထို ၂၁ စည်းသော ရုပ်<mark>ကလာပ်</mark>တို့တွင်၊ ဇီဝိတံ−ဇီဝိတရုပ်၎င်း၊<mark>အဝိနိဗ္ဘောဂရူပဉ္စ</mark>-အဝိနိဗ္ဘောဂရုပ် <mark>ရှစ်ပါး</mark>၎င်း၊ <mark>စက္ခုနာ</mark>-စက္ခုပသာဒနှင့်၊သဟ-<mark>တစ်ကွ</mark> ဖြစ်သည်ရှိသော်၊ စက္ခုဒသကံတိ-စက္ခုဒသကဟူ၍၊ <mark>ပဝုစ္စတိ</mark>’ဆိုအပ်၏။

တထာ-ထို့အတူ၊ သောတာဒီဟိ – သောတပသာဒ အစရှိသောရုပ်တို့နှင့်၊ သဟ-<mark>တစ်ကွ</mark>ဖြစ်သည်ရှိသော်၊သောတဒသကံ<mark>-သောတဒသက</mark> ဟူ၍၎င်း၊ ဃာနဒသကံ<mark>-ဃာနဒသက</mark>ဟူ၍၎င်း၊ ဇိဝှါဒသကံ – ဇိဝှါဒသကဟူ၍၎င်း၊ ကာယဒသကံ-ကာယဒသက ဟူ၍၎င်း၊ <mark>ဣတ္ထိဘာဝဒသက</mark>ံ-ဣတ္ထိဘာဝဒသက ဟူ၍၎င်း၊ <mark>ပုရိသဘာဝဒသကံ</mark>- ပုရိသဘာဝဒသကဟူ၍၎င်း၊ ဝတ္ထုဒသကန္တိစ-ဝတ္ထုဒသက ဟူ၍၎င်း၊ ယထာက္ကမံ - အစဉ်အားလျော်စွာ၊ <mark>ယောဇေတဗ္ဗံ</mark>-ယှဉ်စေအပ်၏။

၂။ ကမ္မဇ<mark>ကလာပ်</mark>။ ။တတ္ထဇီဝိတံ၊ပေ၊<mark>ပဝုစ္စတိ</mark>’[ ဒသက၊ ဒသ==ဆယ်ခု+က = အပေါင်း။ ]ရုပ်ဆယ်ခုတို့၏ အပေါင်းကို “ ဒသက ” ဟုခေါ်၏၊ ဇီဝိတရုပ် ၁, <mark>အဝိနိဗ္ဘောဂရုပ်</mark> ၈, စက္ခုပသာဒ ၁, ၍ ၁၀ ပါးကို“ စက္ခုဒသက <mark>ကလာပ်</mark>” ဟု ခေါ်သည်၊ စက္ခုပသာဒရုပ်ဖြင့် မှတ်သား အပ်သော ရုပ် ဆယ်ခုအပေါင်း” ဟူလို။

<mark>တထာသောတာဒီဟိ၊ပေ</mark>၊ယောဇေတဗ္ဗံ … သောတာဒီဟိ၌ အာဒိ<mark>သဒ္ဒ</mark>ါဖြင့် ဃာနပသာဒ ဇိဝှါပသာဒ ကာယပသာဒ ဣတ္ထိဘာဝ ပုရိသဘာဝ

<mark>အဝိနိဗ္ဘောဂရူပမေဝ</mark>-အဝိနိဗ္ဘောဂ ရုပ်<mark>ရှစ်ပါး</mark>ကိုပင်၊ ဇီဝိတေန-ဇီဝိတရုပ်နှင့်၊ သဟ’<mark>တစ်ကွ</mark>ဖြစ်သည်ရှိသော်၊ ဇီဝိတနဝကံတိ−ဇီဝိတနဝက ဟူ၍၊ <mark>ပဝုစ္စတိ</mark>-ဆိုအပ်၏၊ <mark>ဣမေနဝ- ဤ</mark>စည်းတို့သည်၊ ကမ္မသမုဋ္ဌာနကလာပါ-ကံကြောင့် ဖြစ်သောရုပ်<mark>ကလာပ်</mark>တို့တည်း။

စိတ္တဇ<mark>ကလာပ်</mark>

၃။ ပန - အတူ တစ်ပါးကား၊ <mark>အဝိနိဗ္ဘောဂ</mark>ရူပံ – <mark>အဝိနိဗ္ဘောဂ</mark> ရုပ် <mark>ရှစ်ပါး</mark>သည်၊ သုဒ္ဓဋ္ဌကံ-သုဒ္ဓဋ္ဌကမည်၏၊ တဒ-ထို<mark>အဝိနိဗ္ဘောဂ</mark> ရုပ်သည်ပင်၊ကာယဝိညတ္တိယာ-<mark>ကာယဝိညတ်</mark>နှင့်၊ သဟ-<mark>တစ်ကွ</mark> ဖြစ်သည်

ဟဒယဝတ္ထုရုပ် ဟူသော ဧကန် ကမ္မဇရုပ်များကို ယူ၊“ယထာက္ကမံ ယောဇေတဗ္ဗံ ” အရ ဇီဝိတရုပ် ၁, <mark>အဝိနိဗ္ဘောဂရုပ်</mark> ၈ ၌ သောတပသာဒ သွင်းလျှင်သောတဒသက <mark>ကလာပ်</mark>ဖြစ်၏၊ဃာနပသာဒသွင်းလျှင် ဃာနဒသက <mark>ကလာပ်</mark>ဖြစ်၏၊စသည့်ဖြင့် သိနိုင်လေခံပြီ၊ ဟဒယဝတ္ထု သွင်းလျှင် ဝတ္ထုဒသကကလာပ်ဖြစ်၏။

<mark>အဝိနိဗ္ဘောဂ</mark> ၊ ပေ ၊ ကလာပါ’<mark>အဝိနိဗ္ဘောဂရုပ်</mark> ၈, ဇီဝိတရုပ် ၁,ဤ ရုပ် ၉ ပါးအပေါင်းကို “ဇီဝိတနဝက” <mark>ကလာပ်</mark> ဟု ခေါ်၏၊ စက္ခုဒသက<mark>ကလာပ်</mark>မှစ၍ ဤ ဇီဝိတနဝက <mark>ကလာပ်</mark>တိုင်အောင် ကမ္မဇ<mark>ကလာပ်</mark> ၉ စည်းဟူ၍ မှတ်၊ ဤ ကမ္မဇ<mark>ကလာပ်</mark>ကို စဉ်းစားကြည့်လျှင် ရူပသမုဋ္ဌာန်ခဏ်း၌ ပြခဲ့သော ဧကန်ကမ္မဇရုပ် ၉ ပါးကို တစ်ခုစီ ခွဲခြား၍ အနေကန် ဖြစ်သော အဝိနိဗ္ဘောဂရုပ် <mark>၈ ပါး</mark>နှင့် ဇီဝိတပါ တွဲဘက်ပြကြောင်း သိသာ၏၊ <mark>နောက်နောက်</mark>ကလာပ် များ၌လည်း ဧကန် စိတ္တဇရုပ် စသည်ကို <mark>အဝိနိဗ္ဘောဂ</mark> ရုပ်များနှင့်တွဲဘက်၍ ပြလတ္တံ့၊

---

## Trang 193

ရှိသော်၊ <mark>ကာယဝိညတ္တိနဝကံ</mark> - ကာယဝိညတ္တိနဝက မည်၏၊<mark>ဝစီဝိညတ္တိသဒ္ဒေဟိ</mark>-ဝစီဝိညတ်<mark>သဒ္ဒ</mark>ရုပ် နှစ်မျိုးတို့နှင့်၊ သဟ’<mark>တစ်ကွ</mark>ဖြစ်သည်ရှိသော်၊ ဝစီဝိညတ္တိဒသကံ-ဝစီဝိညတ္တိဒသကမည်၏၊ - <mark>လဟုတာဒီဟိ</mark> - လဟုတာ အစရှိသော ရုပ် သုံးပါးတို့နှင့်၊ သဒ္ဓိံ - <mark>တစ်ကွ</mark> ဖြစ်သည် ရှိသော်၊ လဟုတာဒေကာဒသကံ - လဟုတာ ဧကဒသက မည်၏၊ ကာယဝိညတ္တိ<mark>လဟုတာဒီဟိ</mark> - ကာယဝိညတ် လဟုတာ အစရှိသောသုံးပါးတို့နှင့်၊ သဒ္ဓိံ- <mark>တစ်ကွ</mark> ဖြစ်သည်ရှိသော်၊ ကာယဝိညတ္တိလဟုတာဒိ <mark>ဒွါဒသကံ</mark> - ကာယဝိညတ္တိ လဟုတာဒိ ဒွါဒသကမည်၏၊ ဝစီဝိညတ္တိ သဒ္ဒ <mark>လဟုတာဒီဟိ</mark> – ဝစီဝိညတ် <mark>သဒ္ဒ</mark>လဟုတာ စသော ရုပ် သုံးပါးတို့နှင့်၊ သဒ္ဓိံ– <mark>တစ်ကွ</mark> ဖြစ်သည်ရှိသော်၊ဝစီဝိညတ္တိသဒ္ဒလဟုတာဒိ<mark>တေရသကံစ</mark>-ဝစီဝိညတ္တိ<mark>သဒ္ဒ</mark>လဟုတာဒိ တေရသကလည်း မည်၏၊ ဣတိဆ- <mark>ခြောက်</mark>စည်းတို့ကား၊ စိတ္တသမုဋ္ဌာနကလာပါ-စိတ်ကြောင့် ဖြစ်သောရုပ်<mark>ကလာပ်</mark>တို့တည်း။

၃။ စိတ္တဇကလာပ်။ ။ <mark>အဝိနိဗ္ဘောဂ</mark> ၊ပေ၊ စိတ္တသမုဋ္ဌာနကလာပါ-ကား စိတ္တဇ<mark>ကလာပ်</mark> ၆ စည်းကို ပြသော စကားရပ်တည်း၊ <mark>အဝိနိဗ္ဘောဂရုပ်</mark>၈ ပါးကို သုဒ္ဓဋ္ဌက<mark>ကလာပ်</mark>ဟု ခေါ်၏၊[သုဒ္ဓ+အဋ္ဌက။ သုဒ္ဓ-ဆိုလတ္တံ့သောဝိညတ်စသည့်တို့နှင့် မရောယှက်၍ သက်သက်သန့်သန့် ဖြစ်သော--အဋ္ဌက=ရုပ် ရှစ်ခု အပေါင်း၊]

ယခင် ၈ ပါး၌ <mark>ကာယဝိညတ်</mark> ထည့်လျှင် ကာယဝိညတ္တိနဝက ကလာပ်ဖြစ်၏၊ <mark>ကာယဝိညတ်</mark>ဖြင့် မှတ်အပ်သော ရုပ် ၉ ပါး အပေါင်း ဟူလို၊ ယခင်

<mark>ရှစ်ပါး</mark>တွင် ဝစီဝိညတ်နှင့် <mark>သဒ္ဒ</mark> ထည့်က ဝစီဝိညတ္တိဒသက <mark>ကလာပ်</mark>ဖြစ်၏၊ဤသို့စသည်ဖြင့် <mark>အဝိနိဗ္ဘောဂရုပ်</mark> ၈ ပါးကို စိတ္တဇ<mark>ကလာပ်</mark>တိုင်းမှာ အရင်းခံအဖြစ်ဖြင့် ထည့်သွင်းလေ၊ [၍ သင်္ဂြိုဟ်ကျမ်း၌ စိတ္တဇ<mark>ကလာပ်</mark> ၆ စည်းသာလာသော်လည်း အဋ္ဌကထာကြီးများ အလိုအားဖြင့် <mark>၈ စည်း</mark> ရထိုက်ကြောင်းဘာသာဋီကာ၌ ဆိုထားသည်။ ]

---

၄။ သုဒ္ဓဋ္ဌကံ – သုဒ္ဓဋ္ဌက၎င်း၊ <mark>သဒ္ဒ</mark>နဝကံ-ဥတုဇ<mark>ကလာပ်</mark>သဒ္ဒနဝက၎င်း၊ <mark>လဟုတာဒေကာဒသကံ</mark>-လဟုတာဒိ ဧကာဒသက၎င်း၊ သဒ္ဒလဟုတာဒိ<mark>ဒွါဒသကံ</mark>စ-သဒ္ဒလဟုတာဒိဒွါဒသက၎င်း၊ ဣတိ-ဤသို့၊ စတ္တာရော-လေးစည်းတို့သည်၊ ဥတုသမုဋ္ဌာနကလာပါ-ဥတုကြောင့်ဖြစ်သောရုပ်<mark>ကလာပ်</mark>တို့တည်း။

အာဟာရဇ<mark>ကလာပ်</mark>

၅။ သုဒ္ဓဋ္ဌကံ-သုဒ္ဓဋ္ဌက၎င်း၊ လဟုတာဒေကာဒသကံစ “လဟုတာဒိဧကာဒသက၎င်း၊ ဣတိ-ဤသို့၊ ဒွေ-နှစ်စည်းတို့သည်၊ အာဟာရသမုဋ္ဌာနကလာပါ…အာဟာရကြောင့် ဖြစ်သော ရုပ်<mark>ကလာပ်</mark>တို့တည်း။

၄။ ဥတုဇ<mark>ကလာပ်</mark>။ ။သုဒ္ဓဋ္ဌကံ ၊၊ဥတုသမုဋ္ဌာနကလာပါ’ကားဥတုဇ<mark>ကလာပ်</mark> ၄ စည်းကို ပြသော စကားရပ်တည်း၊ စိတ္တဇ<mark>ကလာပ်</mark>၌ ဆိုခဲ့သည့်အတိုင်း <mark>အဝိနိဗ္ဘောဂရုပ်</mark> ၈ ခုကို သုဒ္ဓဋ္ဌက <mark>ကလာပ်</mark>, ထို ၈ ခုတွင်<mark>သဒ္ဒ</mark>ထည့်၍ သဒ္ဒနဝက <mark>ကလာပ်</mark>, ထို ၈ ခုတွင် လဟုတာ မုဒုတာ ကမ္မညတာထည့်၍ လဟုတာဧကာဒသက <mark>ကလာပ်</mark>, ၎င်း ၁၁ တွင် <mark>သဒ္ဒ</mark> ထည့်၍ <mark>သဒ္ဒ</mark>လဟုတာဒိဒွါဒသက <mark>ကလာပ်</mark> ဟု ဆိုသည်။

၅။ အာဟာရဇ<mark>ကလာပ်</mark> ။ ။ သုဒ္ဓဋ္ဌကံ ၊ ပေ ၊ အာဟာရသမုဋ္ဌာနကလာပါ – ကား အာဟာရဇ<mark>ကလာပ်</mark> ၂ စည်းကို ပြသော စကားတည်း။

---

## Trang 194

အဇ္ဈတ္တ ဗဟိဒ္ဓ<mark>ကလာပ်</mark>

၆။ တတ္ထ- ထို နှစ်ဆဲ့တစ်စည်းသောရုပ်<mark>ကလာပ်</mark>တို့တွင်၊သုဒ္ဓဋ္ဌကံ-သုဒ္ဓဋ္ဌက၎င်း၊ <mark>သဒ္ဒ</mark>နဝကံစ-<mark>သဒ္ဒ</mark>နဝက၎င်း၊ ဣတိ-ဤသို့၊ ဒွေ-နှစ်စည်းကုန်သော၊ ဥတုသမုဋ္ဌာနကလာပါ – ဥတုကြောင့် ဖြစ်သောရုပ်<mark>ကလာပ်</mark>တို့ကို၊ ဗဟိဒ္ဓါပိ-ဗဟိဒ္ဓသန္တာန်၌လည်း၊လဗ္ဘန္တိ-ရအပ်ကုန်၏။

<mark>ကလာပ်</mark> ဖွဲ့ပုံကို ဥတုဇ<mark>ကလာပ်</mark>အတိုင်း သိနိုင်လောက်ပြီ၊ ဤသို့လျှင် ကမ္မဇ<mark>ကလာပ်</mark> ၉ စည်း, စိတ္တဇ<mark>ကလာပ်</mark> ၆, ဥတုဇ<mark>ကလာပ်</mark> ၄, အာဟာရဇ<mark>ကလာပ်</mark> ၂ စည်းအားဖြင့် ရုပ်<mark>ကလာပ်</mark> ၂၁ စည်း ဖြစ်သည်။

၆။ အဇ္ဈတ္တ ဗဟိဒ္ဓ<mark>ကလာပ်</mark> အခွဲ။ ။တတ္ထသုဒ္ဓဋ္ဌကံ ၊ ပေ ၊ အဇ္ဈတ္တမေဝ - ကား အဇ္ဈတ္တသန္တာန် ဗဟိဒ္ဓသန္တာန်၌ ရထိုက်သော ရုပ်<mark>ကလာပ်</mark>ကိုခွဲခြားပြသော စကားတည်း၊ ဥတုဇ<mark>ကလာပ်</mark> ၄ စည်း ရှိသည့်အနက် သုဒ္ဓဋ္ဌက<mark>ကလာပ်</mark>နှင့် သဒ္ဒနဝက<mark>ကလာပ်</mark>ကို ဗဟိဒ္ဓသန္တာန်၌လည်း ရကောင်း၏၊ ဗဟိဒ္ဓဆိုသည်ကား ခန္ဓာကိုယ်မှ ပြင်ပ အဝိညာဏက ( သက်မဲ့ ) ဖြစ်သော သစ်ပင်တော တောင် စသည်ကို ဆိုသည်။

<mark>ထို့ကြောင့်</mark> သစ်ပင် တော တောင် မြေရေ လေ မီး အိမ် စသည့်၌ ရှိသမျှရုပ်တို့သည် ဥတုကြောင့်ဖြစ်သော သုဒ္ဓဋ္ဌကကလာပ်(<mark>အဝိနိဗ္ဘောဂရုပ်</mark>ရှစ်ပါး)ချည်းသာ၊ အလောင်းကောင်များ၌လည်း ဤ ဥတုဇသုဒ္ဓဋ္ဌက <mark>ကလာပ်</mark> ၁စည်းသာ ရှိသည်၊ ထို သစ်ပင် စသည်တို့၌လေခတ်၍သော်၎င်း, အချင်းချင်း ကြိတ်မိခတ်မိ၍ သော်၎င်း, တမင် တီးခေါက်၍ သော်၎င်း, အသံထွက်ပေါ်လာသည့်အခါ၌ ဖြစ်သမျှ ရုပ်အပေါင်းသည် ဥတုကြောင့်ဖြစ်သော သဒ္ဒနဝက <mark>ကလာပ်</mark>များတည်း။

ပန - အဘို့ တစ်ပါးကား၊ အဝသေသာ - ဥတုဇ<mark>ကလာပ်</mark>နှစ်စည်းမှကြွင်းကုန်သော၊ သဗ္ဗေပိ-အလုံးစုံသောကလပ်တို့သည်လည်း၊ အဇ္ဈတ္တမေဝ-အတ္တတို့ချည်းသာတည်း၊ ဣတိ-ဤတွင် ပြီး၏။ “ အဇ္ဈတ္တိကာယေဝါတိ ” ဟု ရှိလျှင်လည်းကောင်း၏။

ကမ္မစိတ္တောတုကာဟာရ သမုဋ္ဌာနာ-ကမ္မ သမုဋ္ဌာန်စသည့် စိတ္တသမုဋ္ဌာန် ဥတုသမုဋ္ဌာန် အာဟာရသမုဋ္ဌာန်ဖြစ်သော ရုပ်<mark>ကလာပ်</mark>တို့သည်။ ယထာက္ကမံ-အစဉ်အားလျော်စွာ၊ နဝ-ကိုးစည်းတို့သည်၎င်း၊ ဆ– <mark>ခြောက်</mark>စည်းတို့သည်၎င်း၊စတုရော-လေးစည်းတို့သည်၎င်း၊ ဒွေ-နှစ်စည်းတို့သည်၎င်း၊

ဗဟိဒ္ဓါပိ လဗ္ဘန္တိ၌’ပိ<mark>သဒ္ဒ</mark>ါဖြင့် အဇ္ဈတ္တကို ဆည်းသည့်၊ ထို ဥတုဇရုပ်<mark>ကလာပ်</mark> ၂ စည်းကို အဇ္ဈတ္တသန္တာန်၌လည်း ရကောင်း၏ ဟူလို။ [ သက်ရှိသတ္တဝါ ဟူသမျှကို အဇ္ဈတ္တသန္တာန် ဟု ဆိုသည်။ ]

အဝသေသာ၊ပေ၊အဇ္ဈတ္တမေဝ -- ယခင် ဥတုဇ<mark>ကလာပ်</mark> ၂ စည်းမှကြွင်းသော ၁၉ စည်းတို့ကား အဇ္ဈတ္တ၌သာ ရကောင်း၏၊ <mark>ထို့ကြောင့်</mark>ဗဟိဒ္ဓါပိအရ ဆည်းအပ်သော ဥတုဇ<mark>ကလာပ်</mark> ၂ စည်း, ဤ၌ ဆိုအပ်သော<mark>ကလာပ်</mark> ၁၉ စည်း, ပေါင်း <mark>ကလာပ်</mark> ၂၁ စည်းလုံး အဇ္ဈတ္တ သန္တာန်၌ ထိုက်သည့်အား လျော်စွာ ရနိုင်သည်။ [ အဇ္ဈတ္တမေဝ ( အဇ္ဈတ္တိကာယေဝ ) ၌ဧဝဖြင့် ဗဟိဒ္ဓ၌ မရကောင်း ဟု ကန့်ကွက်သည်။ ]

သင်္ဂဟဂါထာ။ ။ကမ္မသမုဋ္ဌာနဟူသည်နှင့် ကမ္မဇဟူသည်မှာ အနက်တူပင်တည်း၊ ကမ္မဇ<mark>ကလာပ်</mark> ၉ စည်း စသည်တို့၏ သရုပ်ကို အကျယ် ပါဠိကြည့်၍ ကြေပွန်အောင် ရေတွက်ပါ။

---

## Trang 195

ဟောန္တိ မဖြစ်ကုန်၏၊ ဣတိ’ဤသို့၊ ကလာပါ – ရုပ်<mark>ကလာပ်</mark>တို့သည်၊ ဧကဝီသတိ-နှစ်ဆဲ့တစ်စည်းတည်း။

အာကာသံ - အာကာသ ဓာတ်ကို ၎င်း၊ လက္ခဏာနိစ -လက္ခဏရုပ်တို့ကို၎င်း၊ ကလာပါနံ – ရုပ်<mark>ကလာပ်</mark> တို့၏၊ ပရိစ္ဆေဒ လက္ခဏတ္တာ-အပိုင်းအခြား, အမှတ်အသားတို့၏အဖြစ်ကြောင့်၊ ကလာပင်္ဂ”ဣတိ - <mark>ကလာပ်</mark>၏ အစိတ်အပိုင်း ဟူ၍၊ဝိစက္ခဏာ - ပညာရှိတို့သည်၊ န အာဟု-မဆိုကြကုန်။

အယံ-ဤသည်ကား၊ ဣဓ - ဤ ရူပ ပရိစ္ဆေဒ၌၊ ကလာပယောဇနာ-<mark>ကလာပ်</mark>တို့ကို ယှဉ်စပ် ( ဖွဲ့ပြ ) ခြင်းတည်း။

ကလာပါနံ ၊ ပေ၊ လက္ခဏာနိစ’<mark>ကလာပ်</mark>ဖွဲ့စည်းခဏ်း၌ ရုပ် ၂၈ တွင်အာကာသဓာတ်နှင့် လက္ခဏရုပ် ၄ ပါး မပါဝင်ခဲ့ချေ၊ ဤ ဂါထာကား ထိုအာကာသဓာတ် လက္ခဏရုပ်တို့ <mark>ကလာပ်</mark> အစိတ်အပိုင်းမှာ မပါဝင်ရခြင်း၏အကြောင်းကို ပြသောဂါထာတည်း။

ပရိစ္ဆေဒလက္ခဏတ္တာ -- ဤ ပါဌ်၌ ပရိစ္ဆေဒကား အာကာသဓာတ်အတွက် ပြသောအကြောင်းတည်း၊ လက္ခဏကား လက္ခဏရုပ်များအတွက်ပြသော အကြောင်းတည်း၊ အာကာသဓာတ်သည် <mark>ကလာပ်</mark>တို့၏ အပိုင်းအခြားသာ ဖြစ်၏၊ ရုပ်<mark>ကလာပ်</mark> ၂ ခုစပ်လျှင် အာကာသဓာတ် ( အကြား )အလိုလို ပါလာ၏၊ <mark>ထို့ကြောင့်</mark> အာကာသဓာတ်သည် <mark>ကလာပ်</mark> ဖွဲ့စည်းရာ၌<mark>ကလာပ်</mark>၏ အစိတ်အပိုင်း မဖြစ်နိုင်၊“<mark>ကလာပ်</mark>၏ ပြင်ဘက်က” ဟူလို။

လက္ခဏရုပ်လည်း ရုပ်<mark>ကလာပ်</mark>တို့၏ ဖြစ်ခြင်း ရင့်ခြင်း ပျက်ခြင်းဟူသောအမှတ်အသား မျှသာ ဖြစ်၏၊ လူတစ်ယောက်၏ မွေးဖွားခြင်း ကြီးရင့်ခြင်းစုတေခြင်း ဟူရာ၌ မွေးဖွားမှု ကြီးရင့်မှု စုတေမှုသည် လူကောင်မဟုတ်၊ မွေးလာပြီ, ကြီးရင့်ပြီ, သေရှာပြီ ဟု လူတစ်ယောက်ကို မှတ်သား ပြောဆိုဘို့ရာ

လက္ခဏာသာ ဖြစ်သကဲ့သို့ ထို့အတူ ဖြစ်ခြင်း ရင့်ခြင်း ပျက်ခြင်း ဟူသောဥပစယ သန္တတိ ဇရတာ အနိစ္စတာလည်း ရုပ်စစ် မဟုတ်၊ ရုပ်<mark>ကလာပ်</mark>တို့၏အမှတ် လက္ခဏာသာ ဖြစ်သည်။ . <mark>ထို့ကြောင့်</mark> လက္ခဏရုပ် ၄ ပါးကိုလည်းရုပ်<mark>ကလာပ်</mark>တွင်း၌ မသွင်းထိုက်၊“ရုပ်<mark>ကလာပ်</mark> အထည်ကိုယ်မှာ အစိတ်အပိုင်းအင်္ဂါအဖြစ်ဖြင့် မပါဝင်နိုင်” ဟူလို။

လေ့ကျင့်ခဏ်း မေးခွန်းများ

က။ ကလာပ <mark>သဒ္ဒ</mark>ါသည် အဘယ်အနက်ကို ဟောသနည်း။အဘယ်အခဏ်းကို ရူပကလာပခဏ်း ဟု ခေါ်သနည်း။ခ။ ကမ္မစိတ္တောတုကာဟာရ စသော ဂါထာကို အနက်ပေးပါ။ဂ။ ကမ္မဇ<mark>ကလာပ်</mark> ၉ စည်း သရုပ်ကို ရေတွက်ပါ။ဃ။ စိတ္တဇ<mark>ကလာပ်</mark> ၆ စည်းသရုပ်ကို သင်္ဂြိုဟ်ထောက်၍ ရေတွက်ပါ။င။ အဘယ့်ကြောင့် သုဒ္ဓဋ္ဌက<mark>ကလာပ်</mark> ဟု ခေါ်သနည်း။ဆ။ ဥတုဇကလာပ် <mark>မည်မျှ</mark>ရှိသနည်း၊ သင်္ဂြိုဟ်ထောက်၍ ရေတွက်ပါ။ဇ ။ အာဟာရဇကလာပ် <mark>မည်မျှ</mark>ရှိသနည်း၊ သင်္ဂြိုဟ်ထောက်၍ရေတွက်ပါ။ဈ။ အဇ္ဈတ္တ သန္တာန်၌သာ ရထိုက်သောကလာပ် <mark>မည်မျှ</mark>ရှိသနည်း။ည။ ဗဟိဒ္ဓ၌ ရထိုက်သောကလာပ် <mark>မည်မျှ</mark>ရှိသနည်း။ဋ ။ အဇ္ဈတ္တ၌ အားလုံး ကလာပ်ပေါင်း <mark>မည်မျှ</mark>ရထိုက်သနည်း။ဌ ။ သစ်ပင် တော တောင် အိမ် စသည်နှင့် အလောင်းကောင် များ၌ကလာပ်<mark>မည်မျှ</mark> ရထိုက်သနည်း။ဍ ။ ကလာပါနံ ပရိစ္ဆေဒလက္ခဏတ္တာ စသော ဂါထာကို အနက်ပေးပါ။ဏ။ အဘယ့်ကြောင့် အာကာသဓာတ်နှင့် လက္ခဏရုပ်တို့ကို <mark>ကလာပ်</mark>အင်္ဂါ၌မသွင်းသနည်း၊ သင်္ဂြိုဟ်ဟိတ်ပါဌ်ကို ထောက်ပါ။
