## Trang 201

ခဏငယ် ၃ချက်ခန့် ကြာခဲ့ပြီ၊ ထို ၃ချက်ကိုနှုတ်က <mark>၄၈</mark> ချက်သာ ကျန်တော့သည့်၊ ခဏကြီးအားဖြင့် မည်မျှကြာသင့်သည်ကိုလည်း ရေတွက်လေ။ ][ဆောင်] ကမ္မဇရုပ်,ချုပ်ပြီးနောက်မှ, စိတ္တဇတို့, ခဏအငယ်,လေးဆယ်နှင့်ရှစ်,စေ့တုံလစ်, စိစစ်လေကွဲ့, ဆုံးသတဲ့။-<mark>အာဟာရဇရုပ်</mark> — ဗဟိဒ္ဓမှ မျိုးအပ်သော အာဟာရလည်း ရှိစေ,အဇ္ဈတ္တ အာဟာရနှင့် ပူးပေါင်းမိသည့်လည်း ဖြစ်စေ, ဝိညာဏ် အထောက်အညံ့လည်း ရသည်ဖြစ်စေ, ဤသုံးပါး ညီညွတ်လျှင် <mark>အာဟာရဇရုပ်</mark> ဖြစ်နိုင်၏၊<mark>ထို့ကြောင့်</mark> စုတိစိတ်၏ ဘင်တိုင်အောင်ပင် ဝိညာဏ် အထောက်အပံ့ ရှိသေးသောကြောင့် <mark>အာဟာရဇရုပ်</mark>များ ဖြစ်ကြသေး၏ ဟု ဆိုကြ၏၊ ၎င်း အလိုခဏငယ် ၅၁ ချက်တွင် စုတိစိတ်၏ ဘင်ခဏအတွက် ၁ ချက်နှုတ်၍ စုတေပြီးနောက် ခဏငယ် ၅ဝ ခန့်ကြာမှ <mark>အာဟာရဇရုပ်</mark>များ ချုပ်သည် ဟု ယူရပေမည်၊ ခဏကြီးအားဖြင့်လည်း ရေတွက်လေ၊[ဆောင်] ကမ္မဇရုပ်, ချုပ်ပြီးနောက်မှ, ဟာရဇတို့, ခဏအငယ်,ငါးဆယ်တိတိ,ပြည့်တုံဘိ, တွက်သိလေကွဲ့ ဆုံးသတဲ့။-ဥတုဇရုပ် — ဥတုဇရုပ်ကား – ယာဝ <mark>မတကဋေဝရ</mark>သင်္ခါတာ ”– အရအလောင်းကောင် တိုင်အောင် ဆက်၍ ဖြစ်ကြ၏။ [ ကဋေဝရ သဒ္ဒါသည်အလောင်းကောင်ကို ဟော၏၊] ဤ"ယာဝ <mark>မတကဋေဝရ</mark>သင်္ခါတာ"ဟူသောစကားလည်း တဘဝအတွက် ပုံသဏ္ဌာန် မပျက်သေးခင် ပိုင်းခြား၍ ဆိုသောစကားများသာ တည်း၊ စင်စစ်မှာ အလောင်းကောင် အဖြစ်မှ အရိုးစု တိုင်အောင်-အရိုးဆွေး၍မြေမှုန့်အဖြစ်တိုင်အောင် ဥတုဇရုပ်ကလာပ်တို့ဆက်ကာဆက်ကာ ကမ္ဘာပျက်သည့်တိုင်အောင်ပင် ဖြစ်ရစ်နိုင်သည်။[ဆောင်] ကမ္မ-စိတ္တ, ဟာရဇတို့, ချုပ်ကြပြီးနောင်, အလောင်းကောင်မှ,စ၍ဆက်ဆက်, ကမ္ဘာပျက်မှ, တိုင်အောင်ဥတုဇချည်းတဲ့။နိဿယနှင့်အဓိပ္ပါယ်၃ ၆ ၃၆။ ဣစ္စေဝံ-ဤဆိုအပ်ပြီးသော အစဉ်ဖြင့်၊ရုပ် သံသရာစက်<mark>မတသတ္တာနံ</mark>-ရတေကုန်သော သတွာတို့၏(သန္တာန်)၌၊ <mark>ပုနဘဝေ</mark>'တဘန်သာလျှင်၊ ဘဝန္တရေ-ဘဝတပါး၌၊ ပဋိသဒ္မ - ပဋိသန္ဓေကို၊ ဥပါဒါယ-အစပြု၍၊ တထာ - ထိုဆိုခဲ့သည့်အတိုင်း၊ ရူပံ-ရုပ်သည်။ ပဝတ္တတိ'ဖြစ်ပြန်၏။-၆။ ရုပ်သံသရာစက်။ ။ ဣစ္စေဝံ၊ပေ၊ပဝတ္တတိ'ကား ရုပ်သံသရာစက်လည်ပုံကိုပြသော ဂါထာတည်း။ ဤ ပြခဲ့သော အစဉ်အားဖြင့် စုတေသောသတွာတို့သန္တာန်၌ နောက်ဘဝဝယ် ပဋိသန္ဓေ၏ ဥပါဒ်မှစ၍ ပြခဲ့သည့် အစဉ်အတိုင်း ကမ္မဇ စိတ္တဇ ဥတုဇ <mark>အာဟာရဇရုပ်</mark>များ ဖြစ်ပြန်လေသည်။လေ့ကျင့်ခဏ်း မေးခွန်းများက။ကမ္မဇ<mark>ရုပ်တို့သည်</mark> အဘယ်အခါကစ၍ ဖြစ်သနည်း,သင်္ဂြိုဟ်<mark>ထောက်ပါ</mark>။ခ ။ ဘယ်အခါ နောက်ဆုံးဖြစ်၍ ဘယ်အခါ နောက်ဆုံး ချုပ်သနည်း။စိတ္တဇ<mark>ရုပ်တို့သည်</mark> ဘယ်အခါကစ၍ ဖြစ်သနည်း, သင်္ဂြိုဟ်<mark>ထောက်ပါ</mark>။ဃ။ ဘယ်အခါ၌နောက်ဆုံးဖြစ်၍ ဘယ်အခါ အဆုံးသတ် ချုပ်သနည်း။စိတ္တဇံတို့ အဆုံးသတ် ချုပ်ရာကာလကို ပြသော လင်္ကာကို ရွတ်ပါ။ဥတုဇ<mark>ရုပ်တို့သည်</mark> ဘယ်အခါကစ၍ ဖြစ်သနည်း, သင်္ဂြိုဟ်<mark>ထောက်ပါ</mark>။ဆ။ ဘယ်အခါတိုင်အောင် ဖြစ်နိုင်သနည်း, သင်္ဂြိုဟ်<mark>ထောက်ပါ</mark>။ဥတုဇတို့ အဆုံးသတ် ချုပ်ရာကိုပြသော လင်္ကာကို ရွတ်ပါ။၅။ အာဟာရဇ<mark>ရုပ်တို့သည်</mark> ဘယ်အခါကစ၍ ဖြစ်တတ်သနည်း။ည။ ဘယ်အခါ၌ နောက်ဆုံးဖြစ်၍ ဘယ်အခါ အဆုံးသတ် ချုပ်သနည်း။အာဟာရဇတို့ အဆုံးသက်ချုပ်ရာကို ပြသော လင်္ကာကို ရွဘ်ပါ။ဌ ။ ဣစ္ဆေဒံ <mark>မတသတ္တာနံ</mark> စသော ဂါထာကို အနက်ပေးပါ။၅ဝ

---

## Trang 202

၇။ ပန-<mark>အဘို့တပါး</mark>ကား၊ ရူပလောကေ-ရူပဘုံ၌၊ <mark>ဃာန</mark>ဇိဝှါ ကာယ <mark>ဘာဝ</mark> ဒသကနိစ - <mark>ဃာန</mark> ဇိဝှါ ကာယ <mark>ဘာဝ</mark>ဒသက တို့ကို၎င်း၊ အာဟာရဇ <mark>ကလာပါ</mark>ရှိစ – အာဟာရဇကလပ်တို့ကို၎င်း၊ <mark>န လဗ္ဘန္တိ</mark> – မရအပ်ကုန်၊ တသ္မာ - ထိုကြောင့်၊ တေသံ – ထို ရူပဗြဟ္မာတို့၏၊ <mark>ပဋိသန္ဓိကာလေ</mark>-ပဋိသန္ဓေအခါ၌၊<mark>စက္ခု သောတ</mark> ဝတ္ထုဝသေန-<mark>စက္ခု သောတ</mark>ဝတ္ထုတို့၏ အပြားအားဖြင့်၊ တီဏိ − သုံးပါးကုန်သော၊ ဒသကနိ-ဒသကတို့၎င်း၊ <mark>ဇီဝိတနဝက</mark>ဉ္စ-<mark>ဇီဝိတနဝက</mark>င်း၊ ဣတိ-ဤသို့၊စတ္တာရော - လေးပါးကုန်သော၊ ကမ္မသမုဋ္ဌာန <mark>ကလာပါ</mark>-၇။ ရူပဘုံ၌ ရထိုက်သောရုပ်များ။ ။ရူပလောကေ၊ပေ၊လဗ္ဘတိ-ဤစကားကား အသညသတ်မှ တပါးသော ရူပဘုံ၌ ရသမျှ ရုပ်ကလာပ်ကိုပြသော စကားတည်း၊ ရူပဘုံ၌ ကမ္မဇကလာပ် ၉ စည်းတွင် <mark>ဃာန</mark> စသောကလာပ် ၄ စည်း မရထိုက်၊ အဘယ့်ကြောင့်နည်း......<mark>ဃာနပသာဒ</mark> ရှိခြင်းကြောင့် နမ်းရှူချင်စိတ်ဖြစ်၏၊ ဇိဝှါပသာဒ ရှိခြင်းကြောင့် စားသောက်ချင်စိတ်ဖြစ်၏၊ ကာယပသာဒ ရှိခြင်းကြောင့် တို့ချင် ထိချင်စိတ် ဖြစ်၏၊ <mark>ဘာဝ</mark>ရုပ်ရှိခြင်းကြောင့် မေထုန်အမှုကို ပြုလို၏၊ ဤသို့ <mark>ဃာန</mark> စသော ရုပ်ကလာပ်တို့သည်ကာမဂုဏ် စိတ်ဓာတ်ကို တိုးပွားစေသော ရုပ်များ တည်း၊ ရူပဘုံကလည်းကာမဂုဏ်ကို စက်ဆုပ်သော ဗြဟ္မာတို့၏ နေရာတည်း၊ <mark>ထို့ကြောင့်</mark> ဃာနစသော ရုပ်ကလာပ်များ မရထိုက်။[ဆောင်] ကာမစိတ်ဓာတ်, ပွားစေတတ်သဖြင့်, <mark>ဃာနတ္တယ</mark>,ဘာဝ နှစ်ထွေ, ဗြဟ္မာ့ပြေ, မှတ်လေ မရထိုက်။<mark>စက္ခု သောတ</mark> ပသာဒတို့ အတွက်ကား ဘုရားဖူး တရားနာ ကျေးဇူးများသော နေရာဌာနများလည်း ရှိသေးသောကြောင့် ချွင်းချက် ထားသည့်၊နိဿယနှင့်အဓိပ္ပါယ်-၃ ၉ ၁ကမ္မသမုဋ္ဌာန်ကလာပ်တို့ကို၊<mark>လဗ္ဘန္တိ</mark>-ရအပ်ကုန်၏၊ပဝတ္တိယံ-ပဝတ္တိအခါ၌၊ <mark>စိတ္တောတု</mark> သမုဋ္ဌာနာစ - စိတ္တသမုဋ္ဌာန် ဥတုသမုဋ္ဌာန်ကလာပ်တို့ကိုလည်း၊ <mark>လဗ္ဘန္တိ</mark>-ရအပ်ကုန်၏။---ဂ။ ပန − အဘို့ တပါးကား၊ အသညသတ္တာနံ - အသညသတ်ဗြဟ္မာတို့၏(သန္တာန်၌)၊ စက္ခု၊ သောတ ဝတ္ထု <mark>သဒ္ဒါပိ</mark>-စက္ခုဒသက <mark>သောတ</mark>ဒသက ဝတ္ထုဒသက သဒ္ဒနဝကတို့ကို<mark>ထို့ကြောင့်</mark> ရူပဗြဟ္မာတို့၏ ပဋိသန္ဓေအခါ၌ <mark>စက္ခု သောတ</mark> ဝတ္ထုဒသက ဇီဝိတနဝက ဤ ကလာပ် ၄ စည်းသာ ရထိုက်သည်။ [ ရူပဘုံ၌သာ ဇီဝိတ နဝကကလာပ်ကို တိုက်ရိုက်ပြ၍ ကာမဘုံ၌ မပြခဲ့သည့်ပြင်"သန္တိ သဗ္ဗာနိ ရူပါနိ, ကာမေသု စတုသမ္ဘဝါ၊<mark>ဇီဝိတနဝက</mark>ံ ဟိတွာ, ကလာပါ´<mark>ဟောန္တိ</mark> ဝီသတိ"....ဟုကာမဘုံ၌ <mark>ဇီဝိတနဝက</mark> ကလာပ် မရှိကြောင်းကို ပရမတ္ထ ဝိနိစ္ဆယ၌ အရှင်အရုဒ္ဓါ ကိုယ်တော်တိုင် မိန့်ဆိုထား၏၊ သင့်မသင့်ကို ဘာသာဋီကာမှာရှူ။--<mark>စိတ္တောတု</mark>သမုဋ္ဌာနား — ပဝတ္တိ အခါ၌ကား စိတ္တဇကလာပ် ဥတုဇကလာပ်များ အားလုံးပင် ရထိုက်၏၊ ဗြဟ္မာတို့၌ <mark>ခဲဖွယ်</mark>ဘောဇဉ်ကို စားမျိုခြင်း မရှိရကား အတွင်းသန္တာန်မှာ သြဇာရုပ် ရှိသော်လည်း ဗဟိဒ္ဓဩဇာနှင့်ပူးပေါင်းရခြင်း မရှိသည့်အတွက် <mark>အာဟာရဇရုပ်</mark>များ မရကြချေ။ <mark>ထို့ကြောင့်</mark>ဗြဟ္မာတို့သန္တာန်၌ ကမ္မဇ စိတ္တဇ ဥတုဇရုပ်များသာ ရှိသည်။[ဗြဟ္မာများသည့် မိမိတို့ဈာန်၌နှစ်သက်ခြင်းပီတိဖြင့် တင်းတိမ်ကာ အစာမစားဘဲနေနိုင်ကြသည်၊ လူတို့သည့် တစုံတခုကို အားရပါးရ ပီတိကျနေသည့်အခါ ဘာကိုမျှ မစားဘဲ နေနိုင်ကြသကဲ့သို့ တည်း၊ ဗြဟ္မာတို့၌ <mark>ဘာဝ</mark>မရှိသော်လည်း ပုံသဏ္ဌာန်မှာ ယောက်ျားလိုပင်တည်း။ ]

---

## Trang 203

လည်း၊ <mark>န လဗ္ဘန္တိ</mark>-မရအပ်ကုန်၊ တထာ-ထို အထူ၊ <mark>သဗ္ဗာနိပိ</mark>-အလုံးစုံလည်း ဖြစ်ကုန်သော၊ <mark>စိတ္တဇရူပါနိ</mark> - စိတ္တဇရုပ်တို့ကို၊<mark>န လဗ္ဘန္တိ</mark> - မရအပ်ကုန်၊ တသ္မာ - <mark>ထို့ကြောင့်</mark>၊ တေသံ-ထိုအသညသတ်ဗြဟ္မာတို့၏၊ ပဋိသန္ဓေကာလေ-ပဋိသန္ဓေ အခါ၌၊<mark>ဇီဝိတနဝက</mark>မေဝ - <mark>ဇီဝိတနဝက</mark> ကလာပ်သည်သာလျှင်၎င်း၊ပဝတ္တိယံစ - ပဝတ္တိ အခါ၌လည်း၊ <mark>သဒ္ဒဝဇ္ဇိတံ</mark> - သဒ္ဒသည်ကြဉ်အပ်သော၊ဥတုသမုဋ္ဌာနရူပံ-ဥတုသမုဋ္ဌာန်ရုပ်သည်၎င်း၊အတိရိစ္ဆတိ – ကြွင်းကျန်၏၊ အတိရိစ္ဆတိ-ကား ပါဠိပျက်။-၈။ အသညသတ္တာနံ၊ပေ၊စက္ခုသောတဝတ္ထု<mark>သဒ္ဒါပိ</mark>— အသညသတ်ဗြဟ္မာတို့ သန္တာန်၌ စက္ခု<mark>သောတ</mark> ဝတ္ထုဒသကနှင့် သဒ္ဒနဝက ကလာပ်များမရထိုက်၊ သဒ္ဒါပိ၌ <mark>အပိသဒ္ဒါ</mark>ဖြင့် ရှေး ရူပ ဗြဟ္မာများ မရထိုက်သော <mark>ဃာန</mark>ဇိဝှါ ကာယ <mark>ဘာဝ</mark>ဒသကနှင့် အာဟာရဇ ကလာပ်များလည်း မရထိုက်ဟုဆောင်သည်၊ <mark>ထို့ကြောင့်</mark> ကမ္မဇကလာပ် ၉ စည်းတွင် ပဋိသန္ဓေအခါ၌ ဇီဝိတနဝက တစည်းသာ ရတော့၏၊ <mark>ထို့ကြောင့်</mark> "တသ္မာ တေသံ ပဋိသန္ဓေကာလေ<mark>ဇီဝိတနဝက</mark>မေဝ" ဟု မိန့်၏၊ စိတ်မရှိသောကြောင့် စိတ္တဇကလာပ် အားလုံးမရထိုက်ရကား "သဗ္ဗာနိပိ <mark>စိတ္တဇရူပါနိ</mark>" ဟု မိန့်သည်။<mark>သဒ္ဒဝဇ္ဇိတံ</mark> ဥတုသမုဌာနရူပံ− ပဝတ္တိအခါ ဥတုဇကလာပ် ၄ စည်းတွင် သဒ္ဒဆိုင်ရာက မရသောကြောင့် သုဒ္ဓဋ္ဌကနှင့် <mark>လဟုတာဒိ ဧကာဒသက</mark>ကလာပ် ၂ စည်းသာ ရသည်၊ <mark>ထို့ကြောင့်</mark> အသညသတ်ဘုံ၌ အဝိနိမ္ဘောဂ<mark>ရုပ် ၈</mark>, ဇီဝိတ ၁, လဟုတာ စသော ရုပ် ၃, ရုပ်ကလာပ်တိုင်း၌ ပါနိုင်သောလက္ခဏရုပ် ၄, အာကာသဓာတ် ၁, ပေါင်း ၁၇ သာ ရသည်။[အရှင်အနုရုဒ္ဓါသည် ရူပဘုံ၌ ဖြစ်နိုင်သော ရုပ်များကိုသာ ပြ၏၊ ဖြစ်စဉ်ချုပ်စဉ်ကို မပြ၊ ထိုသို့ မပြခြင်းကား ကာမဘုံ၌နှင့် များစွာမထူးသောကြောင့်ဖြစ်သည်၊ အနည်းငယ် ထူးဟန်ကိုကား ဘာသာဋီကာမှာ ရှု။နိဿယနှင့်အဓိပ္ပါယ်၃၉၇၉။ ဣစ္စေဝံ-ဤဆိုအပ်ပြီးသောအစဉ်ဖြင့် ကာမရူပါသည<mark>သင်္ခါတေသု</mark> - ကာမ ရူပ အသညသတ်ဟု ဆိုအပ်ကုန်သော၊တိံသု – သုံးပါးကုန်သော၊ ဋ္ဌာနေသု – ဘုံဌာနတို့၌၊ ပဋိသန္ဓေပဝတ္တိဝသေန-ပဋိသန္ဓေ ပဝတ္တိတို့၏ အပြားအားဖြင့်၊ <mark>ဒွိဓာ</mark>-• နှစ်ပါး အပြားရှိသော၊ ရူပ ပဝတ္တိ - ရုပ်တို့၏ ဖြစ်ပျက်ပုံကို၊ဝေဒိတဗ္ဗာ-သိအပ်၏။သင်္ဂဟ-၁၀။ ကာမေသု - ကာမဘုံတို့၌၊ အဋ္ဌဝီသတိ-<mark>နှစ်ဆယ့်ရှစ်ပါး</mark>သော၊ ရူပါနိ – <mark>ရုပ်တို့သည်</mark>၊ဟောန္တိ-ဖြစ်ကုန်၏၊ <mark>ရူပေသု</mark> -အသညသတ်မှတပါး, ရူပတဆဲ့ငါးဘုံတို့၌၊ <mark>တေဝီသ</mark>-နှစ်ဆဲ့သုံးပါးသော၊ ရူပါနိ-<mark>ရုပ်တို့သည်</mark>၊ဟောန္တိ – ဖြစ်ကုန်၏၊ အသညီနံ - အသညသတ် ဗြဟ္မာတို့၏(သန္တာန်)၌၊ <mark>သတ္တရသေဝ</mark>− တဆဲ့ခုနစ်ပါးသော <mark>ရုပ်တို့သည်</mark>သာ၊ <mark>ဟောန္တိ</mark>-ဖြစ်ကုန်၏၊ အရူပေ-အရူပဘုံ၌၊ <mark>ကိဉ္စိပိ</mark>-ဘယ်ရုပ်တခုမျှလည်း၊ နတ္ထိ-မရှိ။၉။ ဣစ္စေဝံ ၊ ပေ ၊ ဝေဒိတဗ္ဗာဝေဒိတဗ္ဗာ— ကား ကာမ ရူပ အသညသတ်ဘုံတို့၌ ရုပ်တို့၏ ဖြစ်ပျက်ပုံကို နိဂုံးအုပ်သော စကာ:တည်း။၁၀။ သင်္ဂဟဂါထာ။ ။အဋ္ဌဝီသတိ၊ပေ၊<mark>ကိဉ္စိပိ</mark>-ကား သင်္ဂဟဂါထာတည်း၊ ကာမဘုံ၌ ရုပ် <mark>၂၈</mark> ပါးလုံး ရထိုက်၏၊ အသညသတ်မှတပါး ရူပ၁၅ ဘုံ၌ ( <mark>ဃာန</mark> ဇိဝှါ ကာယပသာဒနှင့် <mark>ဘာဝ</mark>ရုပ် ၂ ကြဉ် ) ရုပ် ၂၃ ပါးရထိုက်၏၊ အသညသတ်ဘုံ၌ ရထိုက်သော ရုပ် ၁၇ ပါးကား . ....[ဆောင်] အဝိနိဗ္ဗောဂ, ဇီဝိတနှင့်, သုံးဝ လဟု'တာဒိရှု၍,စတုလက္ခဏာ, အာကာသာ, ပေါင်းပါ ဆဲ့ခုနစ်။

---

## Trang 204

သဒ္ဒေါ - <mark>သဒ္ဒရုပ်</mark>ကို၎င်း၊ ဝိကာရော - ဝိကာရရုပ် ငါးခုကို၎င်း၊ ဇရတာ - ဇရတာရုပ်ကို၎င်း၊ မရဏဉ္စ - အနိစ္စတာရုပ်ကို၎င်း၊ ဥပပတ္တိယံ<mark>-ပဋိသန္ဓေတည်နေကာလ</mark>, ဥပါဒ်ခဏ၌၊<mark>န လဗ္ဘန္တိ</mark> - မရအပ်ကုန်၊ <mark>ပဝတ္တေသု</mark> - ပဝတ္တိ အခါ၌ကား၊<mark>ကိဉ္စိပိ</mark>-ဘယ်ရုပ်တခုမျှလည်း၊ <mark>န လဗ္ဘတိ</mark> – မရအပ်သည်မရှိရအပ်သည်သာ ... အယံ - ဤသည်ကား၊ ဧတ္ထ – ဤရူပ ပရိစ္ဆေဒ၌၊ <mark>ရူပပဝတ္တိက္ကမ</mark>-<mark>ရူပပဝတ္တိက္ကမ</mark>တည်း။-သဒ္ဒါဝိကာရော ၊ ပေ ၊ <mark>န လဗ္ဘန္တိ</mark> တိ'ဤဂါထာလည်း ပဋိသန္ဓေအခါပဝတ္တိအခါတို့၌ ရထိုက်သော ရုပ်ကို အကျဉ်းချုပ်သော သင်္ဂဟဂါထာပင်တည်း၊ ဥပပတ္တိယံ 'အရ ပဋိသန္ဓေ၏ ဥပါဒ်ခဏကိုသာ ယူ၊ ထို ဥပါဒ်ခဏ၌<mark>သဒ္ဒရုပ်</mark>-ဝိညတ်ဒွေး-လဟုတာစသော ဝိကာရရုပ်များ – ဇရတာ အနိစ္စတာရုပ်များ မရှိနိုင်၊ ပဝတ္တိကာလ၌ကား ရုပ် <mark>၂၈</mark> ပါးလုံး ထိုက်သလို ရနိုင်သည်။လေ့ကျင့်ခဏ်း မေးခွန်းများ-က။ရူပဘုံ၌ မည်သည့်ရုပ်များ မရထိုက်သနည်း, သင်္ဂြိုဟ်စုဏ္ဏိယ <mark>ထောက်ပါ</mark>။ခ။<mark>ဃာန</mark>ဒိတ္တယ <mark>ဘာဝ</mark>ရုပ်တို့ အဘယ့်ကြောင့် ရူပဘုံ၌ မရသနည်း။ဂ။ရူပဗြဟ္မာများ၌ <mark>အာဟာရဇရုပ်</mark>များ ဘယ့်ကြောင့် မရထိုက်သနည်း။ဃ။ဗြဟ္မာများ၌ <mark>ဘာဝ</mark>ရုပ် မရှိလျှင် ရုပ်ပုံသဏ္ဌာန် ဘယ်သို့ ရှိသနည်း။င။အသညသတ်ဘုံ၌ ကမ္မဇကလာပ်တွင် ဘယ်ကလာပ်သာ ရသနည်း။စ။ဥတုဇကလာပ် ၄ စည်းတွင် အဘယ်ကလာပ်သာ ရသနည်း။ဆ။စိတ္တဇကလာပ်အားလုံး အဘယ့်ကြောင့် မရသနည်း။ဇ။ပဋိသန္ဓေ၏ ဥပါဒ်ခဏ၌ မရထိုက်သော ရုပ်များကို ကောက်ပြပါ။<mark>ရူပပဝတ္တိက္ကမ</mark> ပြီး၏။နိဿယနှင့်အဓိပ္ပါယ်၃ ၉ ၉၁။ ပန-အဘို့ တပါးကား၊ လောကုတ္တရ သင်္ခါ<mark>တံ</mark>-နိဗ္ဗာန်လောကုတ္တရာ ဟု ဆိုအပ်သော၊ စတုမဂ္ဂညာဏေန-လေးပါးသော မဂ်ဉာဏ်ဖြင့်၊ <mark>သစ္ဆိကာတဗ္ဗံ</mark> - မျက်မှောက်ပြုအပ်သော၊ မဂ္ဂဖလာနံ -- မဂ်ဖိုလ် တရား တို့၏<mark>အာရမ္မဏ</mark>ဘူတံ-အာရုံဖြစ်၍ ဖြစ်သော၊ နိဗ္ဗာနံ-နိဗ္ဗာန်ကို၊ <mark>ဝါနသင်္ခါတာယ</mark>-ဝါန ဟု ဆိုအပ်သော၊ တဏှာယ-တဏှာမှ၊ နိက္ခန္တတ္တာ-ထွက်မြောက်တတ်သည်၏ အဖြစ်ကြောင့်၊ <mark>နိဗ္ဗာနန္တိ</mark> - နိဗ္ဗာန်ဟူ၍၊ <mark>ပဝုစ္စတိ</mark>-ဆိုအပ်၏။ဟုနိဗ္ဗာန်ပိုင်း။ ။ " စိတ္<mark>တံ</mark> စေတသိကံ ရူပံ နိဗ္ဗာန မိတိ သဗ္ဗထာ "မာတိကာ စဉ်၍ ပြခဲ့သည့် အတိုင်း နိဗ္ဗာန် အကြောင်းကို ပြရာ အခဏ်းကို" နိဗ္ဗာန်ပိုင်း " ဟု ခေါ်ဆိုထိုက်၏၊ သို့သော် နိဗ္ဗာန်အကြောင်းကို အနည်းငယ်သာ ပြလိုသောကြောင့် တခဏ်း တနား တပိုင်း အဖြစ်ဖြင့် မထားဘဲရုပ်ပိုင်း၏ နောက်ဆက်တွဲအနေ ရုပ်ပိုင်း၌ပင် ထည့်သွင်းခဲ့လေသည်။၁။0နိဗ္ဗာနံ၊ ပေ၊၊ ပေ၊ <mark>နိဗ္ဗာနန္တိ</mark> ပဝုစ္စတိ'ပဌမ"နိဗ္ဗာနံ"ပုဒ်သည် နိဗ္ဗာန်ဟူသောသဘောတရားကို ပြ၏၊ <mark>နိဗ္ဗာနန္တိ</mark>၌ နိဗ္ဗာနံပုဒ်ကား နာမည်ကို ပြ၏၊[ကျောင်းကို(အထည်ဒြဗ်ပြ)ကိန်းအောင်းရာ ဖြစ်သောကြောင့် ကျောင်းဟုခေါ်၏ (နာမည်ပြ) ဟူသကဲ့သို့တည်း။ ]စတုမဂ္ဂညာဏေန <mark>သစ္ဆိကာတဗ္ဗံ</mark>… သောတာပတ္တိ <mark>မဂ်ဉာဏ်</mark> စသော<mark>မဂ်ဉာဏ်</mark> ၄ ပါးဖြင့် မျက်မှောက်ပြုအပ်၏။ " မျက်မှောက်ပြု" ဆိုသည်ကားတိုက်ရိုက် မျက်စိဖြင့် မြင်ရသကဲ့သို့ သိမြင်ခြင်းတည်း၊ <mark>မဂ်ဉာဏ်</mark>ကို မရခင်ကာမာဝစရ <mark>ဉာဏ်</mark>ဖြင့်ကား တိုက်ရိုက်မမြင် မှန်းဆ၍သာ သိနိုင်သည်။ ထို<mark>နိဗ္ဗာန်သည်</mark> မဂ်ဖိုလ်တရားများ၏ အာရုံပေတည်း၊ <mark>ထို့ကြောင့်</mark>"မဂ္ဂဖလာနမာရမ္မဏဘူ<mark>တံ</mark>" ဟု မိန့်သည်။

---

## Trang 205

၂။ တံ - ထို <mark>နိဗ္ဗာန်သည်</mark>၊ သဘာဝတော - သဘောအားဖြင့်၊ ဧကဝိဓံပိ – တမျိုးထည်းသာ ရှိပါသော်လည်း၊ သဥပါဒိသေသ <mark>နိဗ္ဗာနဓာတု</mark> - သ ဥပါဒိသေသ နိဗ္ဗာနဓာတ်၎င်း၊အနုပါဒိသေသ <mark>နိဗ္ဗာနဓာတု</mark>စ - အနုပါဒိသေသ နိဗ္ဗာနဓာတ်၎င်း၊ ဣတိ-ဤသို့၊ ကာရဏပရိယာယေန = မှတ်သားကြောင်းပရိယာယ်အားဖြင့်၊ ဒုဝိဓံ – နှစ်ပါး အပြားရှိသည်၊ ဟောတိ-ဖြစ်၏။-<mark>ဝါနသင်္ခါတာယ</mark> တဏှာယ'တဏှာကို "ဝါန"ဟု ခေါ်၏၊ [ဝါ==ဆက်သွယ်တတ်သော တရား၊ ] အပ်ချုပ်သမားသည် <mark>အဝတ်တစ်စနှင့်</mark> တစ်စကိုဆက်သွယ် ချုပ်ပေးသကဲ့သို့ တဏှာလည်း ယခု ပစ္စုပ္ပန်ဘဝနှင့် နောင် အနာဂတ် ဘဝကို ဆက်သွယ်ပေး၏၊ <mark>ထို့ကြောင့်</mark> တဏှာ မကုန်သေးသမျှ ဘဝသံသရာမှ မလွတ်နိုင်ကြချေ။နိက္ခန္တတ္တာ <mark>နိဗ္ဗာနန္တိ</mark>'နိဗ္ဗာန်တရားကား ထို ဝါနမှ ထွက်မြော်လေပြီ။"ထွက်မြောက်" ဆိုသည်ကား "အာရုံပြု မခံရပြီ, တဏှာ့စက်ကွင်းမှ လွတ်ကင်းလေပြီ " ဟု ဆိုလိုသည်၊ ဤ – <mark>ဝါနသင်္ခါတာယ</mark> နိက္ခန္တတ္တာ " ပါဌ်ဖြင့်နိဗ္ဗာန၌ "နိ+ဝါန" ဟု ပုဒ်ခွဲ၍ " ဝါနတော+နိက္ခန္တတိ, နိဗ္ဗာနံ" ဟုသမာသ် <mark>တွဲစေလိုသည်</mark>၊ [ နိရ်ဝါဏဟု သက္ကတ၌ ရှိသောကြောင့် "နိဗ္ဗာဏ"ဟုလည်း ရေးသားကြသေး၏။ ]။-၂။ နိဗ္ဗာန် ၂ မျိုး။[သ+<mark>ဘာဝ</mark>။။သ<mark>ဘာဝ</mark>တော ဧကဝိဓံပိ၁=မိမိ၏+<mark>ဘာဝ</mark>=လက္ခဏာ ] စိတ်သည့် <mark>အာရမ္မဏ</mark>ဝိဇာနနလက္ခဏာအားဖြင့် တမျိုးထည်းသာ − ဖဿသည့် ဖုသနလက္ခဏာအားဖြင့် တမျိုးထည်းသာ ရှိသကဲ့သို့ နိဗ္ဗာန်ဟူသော သဘောတရားလည်း သန္တိလက္ခဏာ( <mark>ငြိမ်းခြင်း</mark> ) ဟူသော မိမိလက္ခဏာအားဖြင့် တမျိုးထည်းသာ ရှိသည်။နိဿယနှင့်အဓိပ္ပါယ်၄၀၀[ဧကခံ အရ တပါးထည်းသာ ဟု ဆိုသောကြောင့် ရဟန္တာ အားလုံး၏<mark>နိဗ္ဗာန်သည်</mark> ( အများဆိုင် ပစ္စည်းတခုအလား) တပါးထည်းသာ ရှိ၏ ဟုမမှတ်လင့်၊ ကိုယ့်စိတ်နှင့်ကိုယ် ရှိသကဲ့သို့, ကိုယ့်နိဗ္ဗာန်နှင့်ကိုယ်ရှိရာ၏။ ]
====
သ ဥပါဒိသေသ <mark>နိဗ္ဗာနဓာတု</mark>— [သ+ ဥပါဒိ + သေသ။ သေသကိလေသာတို့မှ ကြွင်းကျန်ရစ်သေးသော+ဥပါဒိ … ဝိပါက် နာမ် ခန္ဓာနှင့်ကမ္မဇ ရုပ်ခန္ဓာ+သ = ရှိသည်။ ] မဂ်ဖြင့် ကိလေသာကို ပယ်သည့် အခါခန္ဓာအစဉ်၌ ကိလေသာ ကုန်သွားသည်ရှိသော် ဖြစ်မြဲတိုင်းသော ဝိပါက်နာမ်ခန္ဓာနှင့် ကမ္မဇရုပ်များ ကြွင်းကျန်ရစ်၏၊ ကိလသာတို့မှ ကြွင်းကျန်ရစ်သောထို ဝိပါက် ကမ္မဇရုပ်ဖြင့် မှတ်အပ်သော နိဗ္ဗာနဓာတ်ကို " သဥပါဒိသေသနိဗ္ဗာနဓာတ်" ဟု ခေါ်သည်၊ " ဝိပါက်နာမက္ခန္ဓာ ကမ္မဇရုပ် မချုပ်သေးခင်(ပရိနိဗ္ဗာန်မစံခင်) အာရုံပြုအပ်သော.နိဗ္ဗာန်" ဟူလို။-"အနုပါဒိသေသ <mark>နိဗ္ဗာနဓာတု</mark> – [န+ဥပါဒိ+သေသ] ကိလေသာတို့မှ ကြွင်းကျန်ရစ်သည့် ဝိပါက်ကမ္မဇရုပ် မရှိသော နိဗ္ဗာနဓာတ် တည်း၊"ဝိပါက် နာမက္ခန္ဓာ ကမ္မဇရုပ် ချုပ်ပြီးနောက် (ပရိနိဗ္ဗာန်စံသည့်အခါ) ရအပ်သော နိဗ္ဗာန်" ဟူလို။ဒုဝိဓိကာရဏ ပရိယာယေန – [ကာရဏပရိယာယ = အကြောင်းပရိယာယ်၊ ဝါ=ကာရဏူပစာ၊] သဥပါဒိသေသ အနုပါဒိသေသသည်နိဗ္ဗာန်ကို မှတ်သားကြောင်း တည်း၊ ဤသို့ မှတ်သားကြောင်း ဖြစ်သော လက္ခဏက၂ မျိုး ရှိသောကြောင့် မှတ်သားအပ်သော (လက္မ)နိဗ္ဗာန်လည်း အကြောင်းလက္ခဏ၏ သဥပါဒိသေသ အနုပါဒိသေသ အမည်ကို အကျိုးလက္မ၌ တင်စားလျက် ကာရဏူပစာရ အားဖြင့် သဥပါဒိသေသနိဗ္ဗာန် - အနုပါဒိသေသနိဗ္ဗာန်ဟု ၂ မျိုး ပြားရလေသည်။၅၁
