## Trang 206

၃။ တထာ – ထိုမှတပါး၊ သုညတံ – သုညတနိဗ္ဗာန်၎င်း၊<mark>အနိမိတ္တံ—အနိမိတ္တ</mark>နိဗ္ဗာန်၎င်း၊ အပ္ပဏိဟိတဉ္စ – အပ္ပဏိဟိတနိဗ္ဗာန်၎င်း၊ ဣတိ - ဤသို့၊ အာကာရ ဘေဒေန – အခြင်းအရာတို့၏ အပြားအားဖြင့်၊ တိဝိဓံ-သုံးပါးအပြားရှိသည်၊ ဟောတိ-ဖြစ်၏။၃။ တနည်း နိဗ္ဗာန် ၃ မျိုး။ ။သုညတာကာရ အနိမိတ္တာကာရအပ္ပဏိဟိတာကာရ အားဖြင့်လည်း နိဗ္ဗာန် ၃ မျိုး ပြားပြန်၏။66သုညတ— “ သုည ” <mark>သည့်</mark> သုဉ်းခြင်း, ကင်းခြင်း, မရှိခြင်း ဟူ<mark>သော</mark>အဓိပ္ပါယ်ကိုပြ၏၊ နိဗ္ဗာန်သည်လည်း ရာဂ ဒေါသ မောဟနှင့်တကွ ရုပ်ခန္ဓာ<mark>နာမ</mark>်ခန္ဓာမှသုဉ်း၏ ကင်းဆိတ်၏၊ဤသို့ ရာဂဒေါသမောဟနှင့်တကွ ရုပ်<mark>နာမ</mark>်အားလုံးတို့ သုဉ်းနေပုံ ကင်းဆိတ်နေပုံ အခြင်းအရာ အာကာရကို စွဲမှတ်၍“သုညတနိဗ္ဗာန်” ဟုလည်း ခေါ်အပ်၏။66[ဆောင်] ရာဂ ဒေါသ, မောဟလည်းဆုံး, ရုပ်<mark>နာမ</mark>် သုဉ်းသဖြင့်,လုံးလုံးသည်,ပုံတမျှ, သုညတနိဗ္ဗာန် ခေါ်။အ-အနိမိတ္တ — နိမိတ္တ သဒ္ဒါကား အရှည် အတို အလုံး အခဲ အစ ရှိ<mark>သော</mark>ပုံသဏ္ဌာန်အနက်ကို ဟော၏၊ ရုပ်ခန္ဓာသည် ရုပ်ကလာပ်ချင်း ပေါင်းစုတွေခဲလျက် ပုံသဏ္ဌာန် အမျိုးမျိုးပေါ်ထွက်၏၊<mark>နာမ</mark>်ခန္ဓာလည်း သာမန်ဥာဏ်ဖြင့်မသိမြင်စေကာမူ ဘုရားရှင်တို့ ဥာဏ်မျိုးမှာ ပုံသဏ္ဌာန်<mark>မဟုတ်</mark>သော်လည်းပုံသဏ္ဌာန်လိုပင် ထင်ရှားစရာရှိ၏၊ နိဗ္ဗာန်ကား ထိုကဲ့သို့ ပုံသဏ္ဌာန် မရှိချေ။ဤသို့ ပုံသဏ္ဌာန် မရှိပုံ အခြင်းအရာ အာကာရကို စွဲမှတ်၍ “ အနိမိတ္တနိဗ္ဗာန်”ဟုလည်း ခေါ်ဝေါ်အပ်၏။[ဆောင်] အထည်ပုံဟန်, သဏ္ဌာန်အရိပ်, နိမိတ်ခေါ်ဘိ,လျှင်းမရှိ, အနိမိတ္တခေါ်။<mark>နိဿယ</mark>နှင့်အဓိပ္ပါယ်၄ဝ၃၄။ <mark>အစ္စယံ</mark>-ရတေ ရွေ့ လျော, သေရခြင်းသဘောလည်းမရှိထ<mark>သော</mark>၊ အစ္စန္တိ-အဆုံးအပိုင်းအခြားကိုလည်း လွန်ပြီးထ<mark>သော</mark>၊ အသင်္ခတံ-ကံစ<mark>သော</mark> အကြောင်းလေးပါးတွင်, ဘယ်အကြောင်းတခုမျှ မပြုအပ်သည်လည်းဖြစ်ထ<mark>သော</mark>၊ အနုတ္တရံ-မိမိထက် မြတ်<mark>သော</mark>တရားလည်း မရှိထ<mark>သော</mark>၊ ပဒံ-ရောက်သင့်ရောက်ခံရန်, လျော်ကန်သင့်မြတ်, ထင်ရှားရှိ<mark>သော</mark>ဓာတ် တမျိုးကို၊ဝါနမုတ္တာ - တဏှာမှ လွတ်တော်မူကြကုန်ပြီး<mark>သော</mark>၊ မဟေသယော-မဟာဣသိ, မုနိထွဋ်တင်, ဘုရားရှင်တို့သည်၊ နိဗ္ဗာနံဣတိ-နိဗ္ဗာန်ဟူ၍၊ ဘာသန္တိ-ဟောတော်မူကြကုန်၏။<mark>အပ္ပဏိဟိတ—ပဏိဟိတ</mark>သဒ္ဒါသည် တောင့်တခြင်းအနက်ကိုဟော၏၊ပဏိဓိ သဒ္ဒါနှင့် အနက်တူပင်တည်း၊ နိဗ္ဗာန်ကို တဏှာသဘော အားဖြင့်မတောင့်တအပ်, နိဗ္ဗာန်၌ တောင့်တတတ်<mark>သော</mark> တဏှာလည်း မရှိ၊ ဤသို့ပူပူ ဆာဆာ တဏှာဖြင့်လည်း မတောင့်တအပ်, ပူပူ ဆာဆာ တောင့်တတတ်<mark>သော</mark> တဏှာလည်း မရှိပုံ အခြင်းအရာ အာကာရကို စွဲမှတ်၍“အပ္ပဏိဟိတ နိဗ္ဗာန်” ဟုလည်း ခေါ်ဝေါ်အပ်၏။[ဆောင်] တဏှာသဘော, အာသဝေါဖြင့်, မက်မောလေအပ်,တောင့်တတတ်<mark>သည့်</mark>, ပဏိဟိတ, ကင်းရှင်းစွ, အပ္ပဏိဟိတ ခေါ်။၄။ သင်္ဂဟဂါထာ။ ။ပဒမ ၊ ပေ ၊ မဟေသယော-ကား နိဗ္ဗာန်၏ဂုဏ်ပုဒ်ကို အကျဉ်းချုပ် ပြ<mark>သော</mark> သင်္ဂဟဂါထာ တမျိုးတည်း၊ အနက်ရှိတိုင်းအဓိပ္ပါယ်ချုပ်ကို မှတ်လေ။

---

## Trang 207

၅။ ဣတိ – ၍ ခြောက်ပါး<mark>သော</mark> ပရိစ္ဆေဒဖြင့်၊နိဂုံးချုပ်( နိဋ္ဌိ-ပြအပ်<mark>သော</mark> )၊ စိတ္တံ-စိတ်၎င်း၊ စေတသိကံ-စေတသိက်၎င်း၊ ရူပံ-ရုပ်၎င်း၊ နိဗ္ဗာနံ-နိဗ္ဗာန်၎င်း၊ <mark>ဣစ္စာပိ</mark> –ဤသို့လျှင်၊ ပရမတ္ထ-ပရမတ္ထဘုရားကို၊ စတုဓာဝ – လေးပါးအပြားဖြင့်သာလျှင်၊ တထာဂတာ - ဘုရားရှင်တို့သည်၊ ပကာသေန္တိ-ထင်ရှားပြတော်မူကြကုန်၏။အဘိဓမ္မတ္ထ သင်္ဂဟေ ၌၊ ရူပသင်္ဂဟဝိဘာဂေါ <mark>နာမ</mark>-ရူပသင်္ဂဟ ဝိဘာဂမည်သော၊ <mark>ဆဋ္ဌော</mark> – ခြောက်ပိုင်းတို့၏ ပြည့်ကြောင်းဖြစ်<mark>သော</mark>၊ ပရိစ္ဆေဒေါ-အပိုင်းသည်၊ ဣတိ-<mark>ပြီးပြီ</mark>။၅။ ဣတိစိတ္တ၊ ပေ၊ တထာဂတာ—ကား ပြခဲ့<mark>သော</mark> ပရမတ္ထ ၄ ပါးကိုနိဂုံးချုပ်<mark>သော</mark> ဂါထာတည်း၊ ဤတွင် “ စိတ္တံ စေတသိကံ ရူပံ နိဗ္ဗာနမိတိသဗ္ဗထာ ” ဟူ<mark>သော</mark> အကျဉ်းချုပ်အရ အကျယ်ပြချက် ပြီးပြီ’ဟူလို။

<mark>လေ့ကျင့်ခန်း</mark> မေးခွန်းများအဘယ့်ကြောင့် နိဗ္ဗာန်ကို နိဗ္ဗာန် ဟု ခေါ်သနည်း၊ သင်္ဂြိုဟ်ဟိတ်ပါဌ်ကိုထောက်ပါ။နိဗ္ဗာန်သည် အဘယ်သဘော လက္ခဏာ ရှိသနည်း။သဥပါဒိသေသ အနူပါဒိသေသ နိဗ္ဗာနဓာတ်ဟူသည် အဘယ်နည်း။ဃ။ အဘယ့်ကြောင့် သုညတ အနိမိတ္တ အပ္ပဏိဟိတ ဟု ခေါ်သနည်း။.ဣတိစိတ္တံ ဂါထာ<mark>သည့်</mark> ဘာကိုပြ<mark>သော</mark> ဂါထာနည်း၊ အနက်ပေးပါ။ရုပ်ပိုင်း <mark>နိဿယ</mark>နှင့် အဓိပ္ပါယ် <mark>ပြီးပြီ</mark>

သမုစ္စည်းပိုင်း-အနုသန္ဓေနှင့် ပဋိညာဉ် <mark>ဒွါသတ္တတိဝိဓာ</mark>-ခုနစ်ဆဲ့နှစ်ပါး အပြားရှိကုန်သော၊ <mark>သလက္ခဏာ</mark>-မိမိဆိုင်ရာလက္ခဏာရှိကုန်<mark>သော</mark>၊ ဝတ္ထုဓမ္မာ - ပရမတ်အလို, အထည်ကိုယ် ဝတ္ထု <mark>ရှိကောင်း</mark>သော တရားတို့ကို၊ <mark>ဝုတ္တာ</mark> - ဆိုအပ်ကုန်ပြီ၊ ဒါနိ – ယခုအခါ၌၊ တေသံ - ထိုတရားတို့၏၊ ယထာယောဂံ – ယှဉ်ထိုက်သည်အားလျော်စွာ၊ သမုစ္စယံ- သဘောတူချင်း, ပေါင်းသင်းစည်းပြ, သမုစ္ဆယသင်္ဂဟကို၊ ပဝက္ခာမိ-ဆိုပေအံ့။-1သမုစ္စည်းပိုင်း။ ။စိတ်ပိုင်းမှစ၍ ရုပ်ပိုင်းတိုင်အောင်<mark>သော</mark> စကားဖြင့်ပရမတ္ထတရား ၄ ပါးကို အကျယ်ပြချက် ပြီးခဲ့လေပြီ၊ ယခုတဘန် ထို ပရမတ္ထတရား ၄ ပါးကို သဘောတူချင်း ပေါင်းသင်း ဖွဲ့စည်း၍ တနည်းပြလို<mark>သော</mark>ကြောင့် ဤ သမုစ္စည်းပိုင်းကို ဆိုရပြန်သည်၊ ထို့ကြောင့် “ ပရမတ္ထတရားကိုသဘောတူချင်း ပေါင်းသင်း ဖွဲ့စည်းပြရာ အပိုင်းကို သမုစ္စည်းပိုင်း”ဟု မှတ်။ဒွါသတ္တတိ ၊ပေ ၊ သမုစ္စယံ−ကား အနုသန္ဓေနှင့် ပဋိညာဉ်ကို ပြ<mark>သော</mark>ဂါထာတည်း၊"ဤ ဆိုအပ်ပြီး<mark>သော</mark> သင်္ဂဟခြေခံပိုင်းဖြင့် မိမိဆိုင်ရာ လက္ခဏာရှိ<mark>သော</mark> ၇၂ ပါး သဘောတရားတို့ကို ဆိုအပ်ကုန်ပြီ၊ ယခုအခါ ထိုတရားတို့၏သမုစ္စည်းကို မိန့်ဆိုပေအံ့” ဟူလို။ဝတ္ထုဓမ္မာ — လောကမျက်မြင်အားဖြင့် အိမ် ကျောင်း လ နေ စ<mark>သည့်</mark>တို့မှာ အကောင်အထည် ရကောင်းသကဲ့သို့, စိတ် စေတသိက် နိဗ္ဗန္နရုပ်နှင့်

---

## Trang 208

နိဗ္ဗာန်များလည်း ဥာဏ်မျက်မြင် အားဖြင့် တရား<mark>အထည်ကိုယ်</mark> ရကောင်း၏၊အာကာသဓာတ်စသော အ<mark>နိပ္ဖန္နရုပ်</mark>များကား ထိုကဲ့သို့ <mark>အထည်ကိုယ်</mark>ကော်၍မရ, ပရမတ်အစစ်လည်း မဟုတ်ကြ၊ <mark>နိပ္ဖန္နရုပ်</mark>များ၌ မြှောင်ပေါင်ပါလာ<mark>သော</mark>အခြင်းအရာများ ဖြစ်၍သာ ရုပ် ဟု <mark>နာမ</mark>ည် ခေါ်ရလေသည်၊ စင်စစ်မှာပညတ်သဘောတွေ့သာတည်း၊ ထို့ကြောင့်ဒွါသတ္တတိအရ ၇၂ ပါး သရုပ်ကိုပြရာ၌ ဝတ္ထုဓမ္မ မဟုတ်သော အ<mark>နိပ္ဖန္နရုပ်</mark>များကို ကြဉ်ဘို့ရာ “ ဝတ္ထုဓမ္မာ” ဟုမိန့်ဆိုလေသည်။ဒွါသတ္တတိ ဝိဓာ—စိတ် ၁, စေတသိက် ၅၂, <mark>နိပ္ဖန္နရုပ်</mark> ၁၀, နိဗ္ဗာန် ၁,ပေါင်း ၇၂ ပါးတည်း၊ [စိတ်နှင့် စေတသိက် ၅၃ ပါးကို <mark>နာမ</mark>်တရား ဖြစ်သောကြောင့် “<mark>နာမ</mark>် တေပညာသ” ဟု ပကိဏ်းပိုင်း အစ၌ ဆိုခဲ့ပြီ။ ][ဆောင်] <mark>နာမ</mark>်’တေပညံ,ရုပ်နိပ္ဖန်, နိဗ္ဗာန်ယူဘိ, ဒွါသတ္တတိ။-<mark>သလက္ခဏာ</mark> – ( ပကိဏ်းပိုင်း အစ၌ ပြခဲ့<mark>သည့်</mark>အတိုင်း) စိတ်သည်အာရမဏ ဝိဇာနနလက္ခဏာရှိ၏၊ စေတသိက် ၅၂ တွင် ဖဿသည် ဖုသနလက္ခဏာရှိ၏၊ ဝေဒနာသည် အနူဘဝနလက္ခဏာ ရှိ၏-စသည်၊ ရုပ် ၁၀ ပါးတွင် ပထဝီဓာတ်သည် က (ခိုင်မာခြင်း) လက္ခဏာ ရှိ၏’စသည်၊ နိဗ္ဗာန်သည် သန္တိ (ငြိမ်းဧးခြင်း) လက္ခဏာရှိ၏၊ ဤသို့အားဖြင့် မိမိဆိုင်ရာ လက္ခဏာရှိကြသည်။---သမုစ္စယံ — သံ+ဥစ္စယ၊ သံ=အတူတကွ ( တနည်း —— သဘောတူတရားတို့ကို ) + ဥစ္စယ = ပေါင်းစည်းရာအပိုင်း။ သဘောတူ တရားတို့ကိုပေါင်းစည်းပုံမှာ အာသဝမည်<mark>သော</mark> တရားတစု, သြဃမည်<mark>သော</mark> တရားတစုံစ<mark>သည့်</mark> တစုစီ တစုစီ ပြပုံအားဖြင့် ထင်ရှားလတ္တံ့။မာတိကာ<mark>နိဿယ</mark>နှင့်အဓိပ္ပါယ်၄၀၇အကုသလသင်္ဂဟော - အကုသလသင်္ဂဟ၎င်း၊မိဿကသင်္ဂဟော-မိဿကသင်္ဂဟ၎င်း၊ ဗောဓိပက္ခိယသင်္ဂဟော-ဗောဓိပက္ခိယသင်္ဂဟ၎င်း၊ သဗ္ဗသင်္ဂဟောစ-သဗ္ဗသင်္ဂဟ၎င်း၊ ဣတိ-ဤသို့၊ သမုစ္ဆယသင်္ဂဟော-သမုစ္စယသင်္ဂဟကို၊ စတုဗ္ဗေဓော - လေးပါး အပြားရှိ၏ ဟူ၍၊ ဝေဒိတဗ္ဗော-သိအပ်၏။-ကထံ – သင်္ဂဟလေးပါး အဘယ်သို့ ပြားသနည်း။....-၁။ တတ္ထ - မိဿကသင်္ဂဟ စသည်တို့မှရအကုသလသင်္ဂဟ ရှေး<mark>ဦး</mark>စွာ၊ ( နိဋ္ဌိ - ညွှန်ပြအပ်<mark>သော</mark>၊ )အကုသလသင်္ဂဟေ – အကုသလသင်္ဂဟ၌၊ အာသဝါ - အာသဝ တို့သည်၊ ကာမာသဝေါ -ကာမာသဝ၎င်း၊ ဘဝါ601-အကုသလသင်္ဂဟော၊ ပေ ၊ ဝေဒိတဗ္ဗော’’ဤစကားကား သမုစ္စည်းပိုင်း၌ ပြမည့် သင်္ဂဟ ၄ ရပ်ကိုခေါင်းစဉ်၍ ပြ<mark>သော</mark> အကျဉ်းချုပ် မာတိကာစကားတည်း။အကုသလ သင်္ဂဟော။ ။အကုသိုလ်တရားတို့ကို သင်္ဂြိုဟ်ရေတွက်ရာအခဏ်းကို “အကုသလသင်္ဂဟ” ဟု ခေါ်သည်။၁။ အာသဝေါ ၄ ပါး။ အာသဝသဒ္ဒါသည် အရက်(စိမ်ရည် )ဟူ<mark>သော</mark> အနက်ကို ဟောရင်းတည်း၊ ဤ နေရာ၌ကား ထို အရက်နှင့်တူသောလောဘ စ<mark>သည့်</mark>ကို (သဒိသူပစာရနည်း အားဖြင့်) ဟောသည်၊ ချွေ<mark>ဦး</mark>အံ့’အရက်ကို အနံ့ ပြင်းဘို့ရာ သင့်လျော်သော အိုး၌ <mark>ကြာရှည်စွာ</mark> စိမ်ထားရသကဲ့သို့, ထို့အတူ လောဘ ဒိဋ္ဌိ မောဟဟူ<mark>သော</mark> တရားဆိုးတို့ကိုလည်း(ခန္ဓာ

---

## Trang 209

သဝေါ-ဘဝါသဝ၎င်း၊ ဒိဋ္ဌာသဝေါ - ဒိဋ္ဌာသဝ ၎င်း၊ အဝိဇ္ဇာသဝေါ-အဝိဇ္ဇာသဝ၎င်း၊ (ဣတိ’ဤသို့၊) စတ္တာရော – လေးပါးတို့တည်း။-အစဉ် တည်းဟူ<mark>သော</mark> အရက်အိုး၌ ) အနုမတဂ္ဂ သံသရာဝယ် <mark>ကြာရှည်စွာ</mark>စိမ်အပ်သကဲ့သို့ ဖြစ်သည်။[ဆောင်] အာသဝ မည်, သဒ္ဒါသည်ကား, စိမ်ရည် အရက်, ဟောရင်း<mark>အနက်တည်း</mark>၊မပျက်တမူ, သဒိသူဖြင့်, ညီတူကြီကာ,သံသရာဝယ်,ခန္ဓာကိုယ်ဆိုး၊ အရက်အိုး၌, အခိုး ပြင်းစွာ, ထုံလျက်ပါ<mark>သည့်</mark>,သုံးဖြာ သဘော, လော-ဂိ-မော-ကို, ခေါ်လော အာသဝအမည်တည်း။[ ယခုအခါ စာသင်သားတို့သည် ပရမတ္ထသဘောကို စေတသိက်ပိုင်း၌ပြခဲ့<mark>သော</mark> လောဘ ဒိဋ္ဌိ မောဟ စသော <mark>နာမ</mark>ည်ဖြင့် ပြောပြမှသာ နားလည်နိုင်ကြသည်၊ ထို့ကြောင့် ပရမတ္ထတရား <mark>အထည်ကိုယ်</mark> သဘောကို နားလည်ဘို့ရာ လောဘ ဒိဋ္ဌိ စ<mark>သော</mark> အများသုံး <mark>နာမ</mark>ည်ဖြင့် ပြရလိမ့်မည်၊ ဤကဲ့သို့ပြခြင်းကိုပင် “တရားကိုယ် ကောက်ပြသည်” ဟု မှတ်ယူပါ၊ (တရားကိုယ်===တရားသဘော <mark>အထည်ကိုယ်</mark>+ကောက်ပြ’လက်ဆုပ်လက်ကိုင် ပြသကဲ့သို့ထင်ရှားအောင် ကောက်နှုတ် ထုတ်ပြခြင်း၊ ) ထိုကဲ့သို့ ကောက်ပြ ရာဝယ်လောဘဆိုလျှင် စိတ်ပေါင်း မည်မျှ၌ ယှဉ်နိုင်သည်ကိုလည်း စေတသိက်ပိုင်းပြန်၍ သတိပြုပါလေ။ ]ကာမာသဝ --- ဝတ္ထုအာရုံ ကာမဂုဏ်၌ တပ်မက်<mark>သော</mark> တဏှာတည်း၊တရားကိုယ်ကား လောဘမူစိတ် <mark>၈ ၌</mark> ရှိသော လောဘတည်း။<mark>နိဿယ</mark>နှင့်အဓိပ္ပါယ်၄ဝ၉၂။ ဩဃါ-သြဃတို့သည်၊ ကာမောဃေါ-ကာမောဃ၎င်း၊ ဘဝေါဃော-ဘဝေါ၎င်း၊ ဒိဋ္ဌောဃေါ-ဒိဋ္ဌောဃင်း၊အဝိဇ္ဇောဃေါ – အဝိဇ္ဇောဃ၎င်း၊ ( ဣတိ-ဤသို့၊)စတ္တာရော-လေးပါးတို့တည်း။ဘဝါသဝ — ဘဝအရ ရူပ အရူပဈာန်နှင့် ထိုဈာန်၏ အကျိုးဝိပါက် ရ၏၊ထိုဘဝ၌ နှစ်သက်မှ တဏှာကို ဘဝါသဝဟု ဆို၏၊ တရားကိုယ်ကားဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄ ၌ ယှဉ်<mark>သော</mark> လောဘတည်း။ [ ပဋိသန္ဓေတည်ပြီးစဉ် မိမိဘဝကိုနှစ်သက်တတ်<mark>သော</mark>“ဘဝနိကန္တိ က”လောဘဇောကိုလည်း ဘဝါသဝဟု ဆိုကြသေး၏၊ ဤဘဝါသဝမှ ကြွင်းသမျှကိုကာမာသဝချည်းဟု မှတ်။ ][ဆောင်] ဝတ္ထုအာရုံ,ကာမဂုဏ်၌, တပ်မက်ထိုက်စွာ, များတဏှာကို,ကာမာသဝ, ခေါ်ဆိုကြလော, အရ ကောက်ယူ, လောဘမူယှဉ်, လောဘပင်တည်း၊ ထို့ပြင်ရူပ-အရူပနှင့်, ဈာနပါက်,ဘဝနှစ်ချက်၌, နှစ်သက်တဏှာ, ဘဝါသဝ, မှတ်ပြီးမှလျှင်,အရကိုထုတ်, ဒိဌဝိယုတ်ယှဉ်, လောဘပင်ဟု, ကောက်နည်းပြုသည်, မှတ်နောက်နောင် ဤနည်းတည်း။ဒိဋ္ဌာသဝ’ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄ ၌ ယှဉ်<mark>သော</mark> ဒိဋ္ဌိတည်း။အဝိဇ္ဇာသဝ’အကုသိုလ်စိတ် ၁၂ ၌ ယှဉ်<mark>သော</mark> မောဟတည်း။၂။ ဩဃ။ ။ဩသသဒ္ဒါသည် ရေအယဉ်ဟူ<mark>သော</mark> အနက်ကိုဟော၏၊[အဝ+ဟန၊ အဝ = လွှမ်းမိုး၍--ဟန = သတ်တတ်သည်၊ အငကို ဩ+ဟနဓာတ်ကို သ ပြု၊ ဤ၌ကား ထို ရေအယဉ်နှင့် တူ<mark>သော</mark> လောဘ ဒိဋ္ဌိ၅၂

---

## Trang 210

၃။ ယောဂါ-ယောဂတို့သည်၊ ကာမယောဂေါ – ကာမယောဂ၎င်း၊ ဘဝယောဂေါ-ဘဝယောဂ၎င်း၊ ဒိဋ္ဌိယောဂေါ-ဒိဋ္ဌိယောဂ၎င်း၊ အဝိဇ္ဇာယောဂေါ-အဝိဇ္ဇာယောဂ၎င်း၊ (ဣတိ-ဤသို့၊) စတ္တာရော-လေးပါးတို့တည်း။မောဟကို သဒိသူပစာရအားဖြင့် ဟောသည်၊ ရေအယဉ်သည် သတွာတို့ကိုနှစ်မြုပ်အောင် လွှမ်းဖိ သတ်ဖြတ်တတ်သကဲ့သို့, ဤ လောဘ စသည်တို့လည်းမိမိကိန်းရာ သတွာကို <mark>ဝဋ်</mark>ဒုက္ခ၌ အပါယ် ၄ ပါးအထိ နှစ်မြုပ်အောင် လွှမ်းဖိသတ်ဖြတ်တတ်ကြ လေသည်။[ဆောင်] သြဃ သဒ္ဒါ, ဟောရင်းမှာကား, လွှမ်းကာ ဖိသတ်,နှစ်မြုပ်တတ်<mark>သည့်</mark>, အရပ်ရပ်ပင်, ရေအယဉ်တည်း၊ဤတွင်တမူ, သဒိသူဖြင့်, ညီတူဆွယ်ညှိ, အပါယ်ထိအောင်, မိမိကိန်းရာ, သတွာကို, လွှမ်းကာဖိသတ်, နှစ်မြှုပ်တတ်<mark>သည့်</mark>သုံးရပ် သဘော, လော ဒိဌ် မောကို, ခေါ်လော သြဃအမည်တည်း။၃။ ယောဂ။ ။ယောဂ<mark>သဒ္ဒါသည့်</mark> အစေးဖြင့်ကပ်၍ စပ်ထားသကဲ့သို့ယှဉ်စပ်ခြင်း အနက်ကို ဟော၏၊“ သတွာတို့ကို <mark>ဝဋ်ဆင်းရဲ</mark>၌ ယှဉ်စပ်ပေးတတ်<mark>သော</mark>တရား ” ဟူလို၊ ဤ သြဃ ယောဂ တို့၏ တရားကိုယ်ကောက်<mark>သည့်</mark>အာသဝနှင့် တူ၏။[ဆောင်] ဝတ္ထု နှစ်ရပ် , အစေးဖြင့် ကပ်၍, ယှဉ်စပ်<mark>သည့်</mark>နဲ, ဝဋ်ဆင်းရဲ၌ မကွဲစေ့ငှါ, မြဲစွာယှဉ်စပ်, ကပ်ထားတတ်<mark>သည့်</mark>သုံးရပ် သဘော, လော ဒိဌ်မောကို, ခေါ်လောယောဂအမည့်တည်း။<mark>နိဿယ</mark>နှင့်အဓိပ္ပါယ်၄၁၁၄။ ဂန္ထာ-ဂန္တတို့သည်၊ အဘိဇ္ဈာ-အဘိဇ္ဈာမည်<mark>သော</mark>၊ကာယဂန္တော - ကာယဂန္ထ၎င်း၊ ဗျာပါဒေါ - ဗျာပါဒ မည်<mark>သော</mark>၊ ကာယဂန္ထော – ကာယဂန္ထ ၎င်း၊ သီလဗ္ဗတပရာ--၄။ ဂန္ထ။ ။ ဂန္ထ သဒ္ဒါသည် သံကွင်းချင်း• ဆက်သလို ထုံးနှောင်ဖွဲ့ယှက်ခြင်း အနက်ကို ဟော၏။ “ သတွာတို့၏ <mark>နာမ</mark>ကာယ ရူပကာယကို<mark>ဝဋ်ဆင်းရဲ</mark>မှ မလွတ်ရအောင် စုတိပြီး ပဋိသန္ဓေ-ပဋိသန္ဓေပြီး စုတိဟု ဆက်ပေးတတ်<mark>သော</mark> တရားများ ” ဟူလို၊ “ အဘိဇ္ဈာ ကာယဂန္တ” စသည်၌ ကာယသဒ္ဒါကား <mark>နာမ</mark>ကာယ(<mark>နာမ</mark>်တရားအပေါင်း)ရူပကာယ(ရုပ်တရားအပေါင်း)ကို ဟော၏။,,"[ဆောင်] သံကွင်းချင်းယှက်, ဖွဲ့နှောင် ဆက်သို့, နှစ်ချက်ကာယ,<mark>နာမ</mark>်ရူပကို, ဒုက္ခ<mark>ဝဋ်</mark>၌, မလွတ်ထည့်အောင်, စုတိသန္ဓေ,သန္ဓေစုတိ, ဆက်နှောင်ချည်,မှတ်သိဂန္တသဘောတည်း။-အဘိဇ္ဈာ — [ အဘိ+စျာ။ အဘိ=ရှေးရှု+ဈာ=ကြံစီခြင်း။ ] အာရုံတခုခုကို ရှေးရှုကြံစီခြင်း လိုချင်ခြင်းတည်း၊ တရားကိုယ်မှာ လောဘဟူသမျှကို ကောက်။ဗျာပါဒ’[8+အာ+ပါဒ။ ဝိ=ဖေါက်ပြန် ပျက်စီးခြင်းသို့+အာပါဒ==ရောက်ခြင်း၊ ] စိတ်၏ ဖေါက်ပြန် ပျက်စီးခြင်း စိတ်ဆိုးခြင်းတည်း၊တရားကိုယ်မှာ ဒေါသဟူသမျှကို ကောက်။[ အကုသလ ကမ္မပထ၌ <mark>သူတစ်ပါး</mark>၏ စည်းစိမ်ကို မတရား လိုချင်မှလောဘကို အဘိဇ္ဈာ, <mark>သူတစ်ပါး</mark>ကို သေကြေ ပျက်စီးစေလိုခြင်း ဒေါသကိုဗျာပါဒ ဟု ကောက်ရသည်၊ ဤ၌ကား လိုချင်မှုဟူသမျှ လောဘ အားလုံးကိုအဘိဇ္ဈာ, စိတ်ဆိုးမှ ဟူသမျှ ဒေါသ အားလုံးကို ဗျာပါဒ ဟု ကောက်ယူရသည်။ ]

---
