## Trang 211

မာသော – <mark>သီလဗ္ဗတ</mark>ပရာမာသ မည်သော၊ <mark>ကာယဂန္ထော</mark> ၁-ကာယဂန္ထော ၎င်း၊ <mark>ဣဒံသစ္စာဘိနိဝေသ</mark>ော <mark>ဣဒံသစ္စာဘိနိဝေသ</mark>မည်သော၊ <mark>ကာယဂန္ထော</mark> ၁-<mark>ကာယဂန္ထော</mark> ၎င်း၊ ( ဣတိ - ဤသို့ )<mark>စတ္တာရော</mark>-လေးပါးတို့တည်း။၅။ ဥပါဒါနာနိ-ဥပါဒါန်တို့သည်၊ <mark>ကာမ</mark>ုပါဒါနံ-<mark>ကာမ</mark>ုပါဒါန်၎င်း၊ <mark>ဒိဋ္ဌုပါဒါန</mark>ံ – <mark>ဒိဋ္ဌုပါဒါန</mark>်၎င်း၊ <mark>သီလဗ္ဗတ</mark>ုပါဒါနံ -<mark>သီလဗ္ဗတ</mark>ုပါဒါန်၎င်း၊ အတ္တဝါဒုပါဒါနံ - အတ္တဝါဒုပါဒါန်၎င်း၊(ဣတိ-ဤသို့) <mark>စတ္တာရော</mark>-လေးပါးတို့တည်း။၆။ <mark>နီဝရဏာနိ</mark>-နီဝရဏတို့သည်၊ ကာမစ္ဆန္ဒ<mark>နီဝရဏ</mark>ံ-ကာမစ္ဆန္ဒ<mark>နီဝရဏ ၎င်း</mark>၊ ဗျာပါဒ<mark>နီဝရဏ</mark>ံ - ဗျာပါဒ<mark>နီဝရဏ</mark>၎င်း၊ ထိန မိဒ္ဓ <mark>နီဝရဏ</mark>ံ-ထိန မိဒ္ဓ <mark>နီဝရဏ ၎င်း</mark>၊ ဥဒ္ဓစ္စကုက္ကုစ္စ<mark>နီဝရဏ</mark>ံ – ဥဒ္ဓစ္စ ကုက္ကုစ္စ <mark>နီဝရဏ ၎င်း</mark>၊ ဝိစိကိစ္ဆာနီဝရဏံ-<mark>ဝိစိကိစ္ဆာ</mark>နီဝရဏ ၎င်း၊ <mark>အဝိဇ္ဇာနီဝရဏံ</mark>-အဝိဇ္ဇာ<mark>နီဝရဏ ၎င်း</mark>၊ဣတိ-ဤသို့၊ ဆ-ခြောက်ပါးတို့တည်း။

---

နိဿယနှင့်အဓိပ္ပါယ်၄၁၃

<mark>သီလဗ္ဗတ</mark>ပရာမာသ — [သီလ+ဝတ+ပရ+အာမာသ။ သီလ=နွား ခွေး အစရှိသည်တို့၏ အလေ့ + ဝတ = ၎င်းတို့၏ အကျင့် + ပရ -မှားမှားယွင်းယွင်း+အာမာသ=သုံးသပ် (စွဲလမ်း) ခြင်း၊] နွား ခွေး စသည်တို့၏ အလေ့အကျင့်ကို ကျင့်လျှင် ကိလေသာလည်း စင်ကြယ်, သံသရာမှလည်းလွတ်မြောက် လွယ်၏ ဟု မှားယွင်းစွာ သုံးသပ် စွဲလမ်းတတ်သော ဒိဋ္ဌိ<mark>စေတသိက်</mark>တည်း။ [ကျင့်ပုံကို ဘာသာဋီကာမှာ ရှု။]<mark>ဣဒံသစ္စာဘိနိဝေသ</mark> [ ဣဒံ + သစ္စ + အဘိ+ နိဝေသ။ ဣဒံ =ဤ ငါ့အယူသာ+<mark>သစ္စ =</mark> အမှန် ဟု+အဘိ=လွန်လွန်ကဲကဲ + နိဝေသ=နှလုံးသွင်း (စွဲလမ်း) မှု၊ ] အယူမှားကြီးကို ယူပြီးလျှင်....<mark>" ဤ ငါ့</mark>အယူသာအမှန်, ကျန်သမျှ အလွဲချည်း " ဟု ( လိပ်ခဲတင်းလင်း ) မှားယွင်းစွာ စွဲလမ်းတတ်သော ဒိဋ္ဌိ<mark>စေတသိက်</mark>ပင်တည်း။ [မှန်သောအယူကို ယူပြီးလျှင် ထိုကဲ့သို့စွဲမြဲမှုမှာ <mark>ဒိဋ္ဌိ</mark>မဟုတ်။]၅။ ဥပါဒါန်။ ။ [<mark>ဥပ+အာဒါန</mark>။ ဥပ=လွန်လွန်ကဲကဲ စွဲမြဲစွာ+အာဒါန=ယူခြင်း။] <mark>ဖား</mark>ကို မြွေက ဖမ်းထားသကဲ့သို့ မစွန့်လွှတ်နိုင်ဘဲ စွဲစွဲလမ်းလမ်း ( <mark>အာရုံပြု</mark>သော အားဖြင့် ) ယူထားခြင်းကို " ဥပါဒါန" ဟုဆိုသည်။[ဆောင်] <mark>ဖား</mark>ကို မြွေနဂါး, မြဲစွာ ဖမ်းသို့, စွဲလမ်းသမျှ, <mark>အာရုံပြု</mark>ဥပါဒါန် ဟု ခေါ်။<mark>ကာမ</mark>ုပါဒါန - [<mark>ကာမ</mark>+ ဥပါဒါန။] တရားကိုယ်မှာ <mark>ကာမ</mark>ဂုဏ်၌ အလွန်စွဲလမ်းတတ်သော လောဘဟူသမျှကို ကောက်။<mark>ဒိဋ္ဌုပါဒါန</mark> — [ <mark>ဒိဋ္ဌိ</mark>+ဥပါဒါန ] <mark>သီလဗ္ဗတ</mark>ပရာမာသ'အတ္တဝါဒ <mark>ဒိဋ္ဌိ</mark>၂ မျိုးမှတပါး ကျန်<mark>ဒိဋ္ဌိ</mark> အမျိုးမျိုးတည်း။<mark>သီလဗ္ဗတ</mark>ုပါဒါန — <mark>သီလဗ္ဗတ</mark> ပရာမာသ ကာယဂန္ထနှင့် တူ၏။အတ္တဝါဒုပါဒါန [အတ္တ+ဝါဒ] အတ္တရှိ၏ ဟု ပြောဆိုမှုတည်း။နောက်ဥပါဒါန် ၃ပါး၏ တရားကိုယ်မှာ ဒိဋ္ဌိ<mark>စေတသိက်</mark> ချည်းသာတည်း၊စွဲလမ်းပုံ ကွဲပြား၍ ၃ မျိုး ခွဲခြားတော်မူသည်၊ အတ္တစွဲလမ်းပုံကို ဘာသာဋီ<mark>ကာမ</mark>ှာ ရှု။၆။ <mark>နီဝရဏ</mark>။ ။ဈာန် အစရှိသော ကုသိုလ် တရားများကို တားမြစ်ပိတ်ပင်တတ်သော တရားတို့ကို <mark>နီဝရဏ</mark>ဟု ခေါ်သည်။[ဆောင်] ကုသိုလ်တရား, ဈာန်မဂ်များကို, မြစ်တားတတ်သည်,အလီလီ, <mark>နီဝရဏ</mark> ခေါ်။

---

## Trang 212

<mark>ကာမ</mark>စ္ဆန္ဒ — [<mark>ကာမ</mark>+ဆန္ဒ။] <mark>ကာမ</mark>ဂုဏ်ကို လိုချင် <mark>နှစ်သက်မှု</mark>။တရားကိုယ်မှာ လောဘကိုကောက်။ဗျာပါဒ — တရားကိုယ်မှာ ဒေါသ အားလုံးတည်း။ထိနမိဒ္ဓ — ထိန <mark>စေတသိက်</mark>နှင့် မိဒ္ဓ <mark>စေတသိက်</mark> ၂ ပါး။ဥဒ္ဓစ္စ ကုက္ကုစ္စ — ဥဒ္ဓစ္စနှင့် ကုက္ကုစ္စ စေတသိက်တည်း။<mark>ဝိစိကိစ္ဆာ</mark> – <mark>ဝိစိကိစ္ဆာ</mark> စေတသိက်တည်း။အဝိဇ္ဇာ — မောဟအားလုံးကို ကောက်။ထိန မိဒ္ဓနှင့် ဥဒ္ဓစ္စ ကုက္ကုစ္စ၌ တရားကိုယ် ၂ ပါးစီ ရပါလျက် <mark>နီဝရဏ</mark>တပါးသာ ဆိုရခြင်း၏ အကြောင်းကို ဘာသာဋီကာ၌ အကျယ် ဆိုထားပြီ။<mark>ကျက်မှတ်ဖွယ်ရန်</mark>ကား'[ဆောင်] ထိ-မိဒ် နှစ်ခု, တွန့်တိုမှုနှင့်, ဥဒ်'ကု အတွက်, မငြိမ်သက် ဟု,တချက် ကိစ္စ, တူပြိုင်ကြ၏၊ ....ဖြစ်ကြောင်းကလည်း, တကွမကင်း,ပျင်းရိခြင်းနှင့်, ချို့ ယွင်းသမျှ, ဗျသနစုကို, တွေးရှု<mark>ကြံလျက်</mark>, စဉ်တိုင်းဖြစ်၏။ <mark>စိစစ်ဖွယ်</mark>ချက်, ဆန့်ကျင်ဘက်ကား, ဆက်ဆက် ဝီရိယ,သမထ ဟု, ကိစ္စလည်းတူ,အကြောင်းတူလျက်, ဆန့်ကျင် ဘက်အား, တူလေငြား၍, နှစ်ပါးတရားကိုယ်,တစ်<mark>နီဝရဏ</mark> ဆိုသည့်,သွင်းသို့ စိတ်ဝယ် မြဲမြဲတည်း။

---

နိဿယနှင့်အဓိပ္ပါယ်လေ့ကျင့်ခဏ်၊ မေးခွန်းများ၄၁၅

က။ အဘယ်သို့သော အပိုင်းအခဏ်းကို သမုစ္စည်းပိုင်း ဟု ခေါ်သနည်း။ဂ။ ဒွါသတ္တတိဝိဓာ စသော ဂါထာသည် ဘာကို ပြသော ဂါထာနည်း,အနက်ပေးပါ။ဃ။ ဒွါသတ္တတိအရ၌ အနိပ္ဖန္နရုပ်များ ကြဉ်ရခြင်း၏ အကြောင်းကို ပြ၍,၇၂ ပါး သရုပ်ကို ရေတွက်ပြပါ။င။ သမုစ္စည်းပိုင်း၌ ခေါင်းစဉ်အရ သင်္ဂဟ မည်မျှရှိသနည်း,<mark>သင်္ဂြိုဟ်ထွေ</mark>ခံပါ။စ။ အဘယ် သင်္ဂဟကို အကုသလသင်္ဂဟ ဟု ခေါ်သနည်း။ဆ။ အဘယ်တရားမျိုးကို အာသဝ ဟု ခေါ်သနည်း, <mark>လင်္ကာထောက်ပါ</mark>။ဇ။ အာသဝတို့၏ <mark>နာမည်</mark>နှင့် တရားကိုယ်ကို ယှဉ်တွဲပြပါ။[ တရားကိုယ်ပြရာဝယ် မည်သည့်စိတ်၌ ယှဉ်သောတရားဟု ထင်ရှား ပြရမည်။ ]စျ။ အဘယ်တရားမျိုးကို သြဃ ဟု ခေါ်သနည်း, <mark>လင်္ကာထောက်ပါ</mark>။ည။ အဘယ်တရားမျိုးကို ယောဂ ဟု ခေါ်သနည်း, <mark>လင်္ကာထောက်ပါ</mark>။ဋ။ အဘယ်တရားမျိုးကို ဂန္ထ ဟု ခေါ်သနည်း, <mark>လင်္ကာထောက်ပါ</mark>။ဌ။ ထိုဂန္ထတို့၏ <mark>နာမည်</mark>နှင့် တရားကိုယ်ကို ယှဉ်တွဲပြပါ။ဍ။ အဘယ်တရားမျိုးကို ဥပါဒါန် ဟု ခေါ်သနည်း, <mark>လင်္ကာထောက်ပါ</mark>။ဎ။ ထို ဥပါဒါန်တို့၏ <mark>နာမည်</mark>နှင့် တရားကိုယ်ကို ယှဉ်တွဲပြပါ။ဏ။ အဘယ်တရားမျိုးကို <mark>နီဝရဏ</mark> ဟု ခေါ်သနည်း, <mark>လင်္ကာထောက်ပါ</mark>။တ။ ထို နီဝရဏတို့၏ <mark>နာမည်</mark>နှင့် တရားကိုယ်ကို ယှဉ်တွဲပြပါ။

---

## Trang 213

၇။ <mark>အနုသယာ</mark>-အနုသယ တို့သည်၊ <mark>ကာမ</mark>ရာဂါနုသယော – <mark>ကာမ</mark>ရာဂါနုသယ ၎င်း၊ <mark>ဘဝရာဂါနုသယ</mark>ော - ဘဝရာဂါ<mark>နုသယ</mark> ၎င်း၊ ပဋိဃာ<mark>နုသယ</mark>ော - ပဋိဃာ<mark>နုသယ</mark> ၎င်း၊မာနာ<mark>နုသယ</mark>ော'မာနာနုသယ ၎င်း၊ <mark>ဒိဋ္ဌာနုသယော</mark>-ဒိဋ္ဌာနုသယ ၎င်း၊ <mark>ဝိစိကိစ္ဆာ</mark>နုသယော-<mark>ဝိစိကိစ္ဆာ</mark>နုသယ ၎င်း၊ အဝိဇ္ဇာ<mark>နုသယ</mark>ော'အဝိဇ္ဇာ<mark>နုသယ</mark> ၎င်း၊ (ဣတိ-ဤသို့) သတ္တ'ခုနစ်ပါးတို့တည်း။ဂ။ သုတ္တန္တေ-သုတ္တန်ပါဠိတော်၌၊ <mark>(ဝုတ္တာနိ</mark> – ဟောတော်မူအပ် ကုန်သော၊ ) သံယောဇနာနိ - <mark>သံယောဇဉ်</mark> တို့သည်၊ကာမရာဂ<mark>သံယောဇန</mark>ံ - ကာမရာဂ<mark>သံယောဇဉ်</mark> ၎င်း၊ ရူပရာဂ<mark>သံယောဇနံ</mark> - ရူပရာဂ <mark>သံယောဇဉ်</mark> ၎င်း၊ အရူပရာဂသံယောဇနံ - အရူပရာဂ<mark>သံယောဇဉ်</mark> ၎င်း၊ ပဋိဃသံယောဇနံ – ပဋိဃ<mark>သံယောဇဉ်</mark> ၎င်း၊ မာနသံယောဇနံ – မာန<mark>သံယောဇဉ်</mark> ၎င်း၊ ဒိဋ္ဌိ<mark>သံယောဇနံ</mark> – ဒိဋ္ဌိသံယောဇဉ်၎င်း၊ သီလဗ္ဗတပရာမာသ<mark>သံယောဇနံ</mark> – သီလဗ္ဗတပရာမာသသံယောဇဉ်၎င်း၊ <mark>ဝိစိကိစ္ဆာ</mark>သံယောဇနံ−<mark>ဝိစိကိစ္ဆာ</mark>သံယောဇဉ်၎င်း၊ ဥဒ္ဓစ္စ<mark>သံယောဇနံ</mark> - ဥဒ္ဓစ္စ<mark>သံယောဇဉ်</mark> ၎င်း၊အဝိဇ္ဇာ<mark>သံယောဇနံ</mark> - အဝိဇ္ဇာ<mark>သံယောဇဉ်</mark> ၎င်း၊ ဣတိ - ဤသို့၊ဒသ-ဆယ်ပါးတို့တည်း။

---

နိဿယနှင့်အဓိပ္ပါယ်၄၁၇

အ<mark>နုသယ</mark> ။ [ အနု+သယ။ အနု = အဘန်ဘန်။ ဝါ'အစဉ်တစိုက်+သယ=ကိန်းအောင်းသောတရား။ <mark>သတ္တဝါ</mark>တို့သန္တာန်၌ အဘန်ဘန်အစဉ်တစိုက် ကိန်းအောင်းလျက် ပါနေသော ကိလေသာကို"အ<mark>နုသယ</mark>"ဟုဆိုသည်။ ထို အ<mark>နုသယ</mark>ကိလေသာကား ဥပါဒ် ဌိ ဘင်အားဖြင့် အထည်ကိုယ်ထင်ရှားစွာ ဖြစ်ပေါ်နေသည် မဟုတ်၊ ဆိုင်ရာအာရုံနှင့် တွေ့လျှင် အဆင်သင့်ဖြစ်ဘို့ရာ ကိလေသာဓာတ် တမျိုးသာတည်း။[ဆောင်] <mark>သတ္တဝါသန္တာန်</mark>, အဘန်ဘန်လျှင်, အစဉ်တစိုက်,လိုက်၍ပါလာ,ကိလေသာဟု, ဓာတ်အစု, အ<mark>နုသယ</mark>ခေါ်။<mark>ကာမ</mark>ရာဂါနုသယနှင့် <mark>ဘဝရာဂါနုသယ</mark>တို့၏ တရားကိုယ် ကောက်ပုံမှာ<mark>ကာမ</mark>ာသဝ ဘဝါသဝနှင့် တူ၏၊ ပဋိဃာ<mark>နုသယ</mark>ကား ဒေါသတည်း၊ မာနာ<mark>နုသယ</mark> စသည်တို့၏ တရားကိုယ်မှာ <mark>နာမည်</mark>အတိုင်းပင် ထင်ရှားပြီ။ဂ။ သုတ္တန်<mark>သံယောဇဉ်</mark> ။ ။ " <mark>သံယောဇဉ်</mark>ကြိုး " ဟု ခေါ်ဝေါ်ရိုးရှိသည့်အတိုင်း <mark>သတ္တဝါ</mark>တို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ကြိုးဖြင့် ချည်နှောင်သကဲ့သို့ ချည်နှောင်တတ်သော တရားကို <mark>သံယောဇဉ်</mark> ဟု ခေါ်သည်။[ဆောင်] မိမိကိန်းရာ, <mark>သတ္တဝါ</mark>ကို, ထိုထိုဘုံမှ, မလွတ်ရအောင်,ချည်နှောင်သမျှ, ကြိုးနှယ်ပြု, မှတ်ရှု <mark>သံယောဇဉ်</mark>။ကာမရာဂ<mark>သံယောဇဉ်</mark>=တရားကိုယ်မှာ <mark>ကာမ</mark>ာသဝနှင့် တူ၏။ရူပရာဂ = ရူပဈာန် ထိုဈာန်၏ အကျိုးဝိပါက်၌ <mark>နှစ်သက်မှု</mark> တဏှာ။အရူပရာဂ = အရူပဈာန် ထိုဈာန်၏ အကျိုးဝိပါက်၌ <mark>နှစ်သက်မှု</mark> တဏှာ။[ ၎င်း ၂ ပါး၏ တရားကိုယ်မှာ ဘဝါသဝနှင့် တူ၏။]ပဋိဃ<mark>သံယောဇန</mark> = ဒေါသမူစိတ်၌ ယှဉ်သော ဒေါသတည်း။ဒိဋ္ဌိ<mark>သံယောဇန</mark>=တွဲဘက်ဖြစ်သော <mark>သီလဗ္ဗတ</mark>ပရာမာသ <mark>ဒိဋ္ဌိ</mark>ကို ချန်၍ ကျန်<mark>ဒိဋ္ဌိ</mark>အမျိုးမျိုးတည်း။ကြွင်း <mark>သံယောဇဉ်</mark>များ၏ တရားကိုယ်မှာ လွယ်ပြီ၊ ဤ၌ <mark>သံယောဇဉ်</mark>၁၀ ပါးဆို သော်လည်း တရားကိုယ်မှာ ၇ ပါးသာ ရ၏၊ တွက်ကြည့်လေ။

---

## Trang 214

၉။ အဘိဓမ္မေ- အဘိဓမ္မာ ပါဠိတော်၌၊ <mark>(ဝုတ္တာနိ</mark>-ကုန်သော၊ ) အပရာနိပိ – တမျိုးလည်း ဖြစ်ကုန်သော၊ သံယောဇနာနိ - တို့သည်၊ ကာမရာဂ<mark>သံယောဇနံ</mark> - ၎င်း၊ ဘဝရာဂသံယောဇနံ – ဘဝရာဂ<mark>သံယောဇဉ်</mark>၎င်း၊ ပဋိဃ<mark>သံယောဇနံ</mark>-၎င်း၊ မာန<mark>သံယောဇနံ</mark>−၎င်း၊ ဒိဋ္ဌိ<mark>သံယောဇနံ</mark> − ၎င်း၊ သီလဗ္ဗတပရာမာသ<mark>သံယောဇန</mark>ံ - ၎င်း၊ <mark>ဝိစိကိစ္ဆာ</mark>သံယောဇနံ – ၎င်း၊<mark>ဣဿာ</mark>သံယောဇနံ - ဣဿာ<mark>သံယောဇဉ်</mark> ၎င်း၊ မစ္ဆရိယ သံယောဇနံ−မစ္ဆရိယ<mark>သံယောဇဉ်</mark>၎င်း၊ အဝိဇ္ဇာ<mark>သံယောဇနံ</mark>-၎င်း၊ဣတိ-ဤသို့၊ ဒသတို့တည်း။၁၀။ ကိလေသာ - ကိလေသာတို့သည်၊ လောဘော-လောဘ၎င်း၊ ဒေါသော-ဒေါသ၎င်း၊ မောဟော--မောဟ၎င်း၊မာနော-မာန၎င်း၊ <mark>ဒိဋ္ဌိ</mark> - ဒိဋ္ဌိ ၎င်း၊ <mark>ဝိစိကိစ္ဆာ</mark> – <mark>ဝိစိကိစ္ဆာ</mark>၎င်း၊ထိနံ-ထိန၎င်း၊ ဥဒ္ဓစ္စံ - ဥဒ္ဓစ္စ၎င်း၊ အဟိရိကံ - အဟိရိက၎င်း၊အနောတ္တပ္ပံ - အနောတ္တပ္ပ၎င်း၊ ဣတိ - ဤသို့၊ ဒသ – ဆယ်ပါးတို့တည်း။

---

နိဿယနှင့်အဓိပ္ပါယ်၄၁၉

၉။ အဘိဓမ္မာ <mark>သံယောဇဉ်</mark>။ ။<mark>သံယောဇဉ်</mark> ၁၀ ပါးကို သုတ္တန်ပါဠိတော်၌ တမျိုး, အဘိဓမ္မာပါဠိတော်၌ တမျိုး, ဘုရားရှင် ဟောတော်မူသည့်အတွက် ဤ သင်္ဂြိုဟ်ကျမ်း၌လည်း ၂ မျိုး ခွဲပြထားသည်၊ တရားကိုယ်ကောက်မှာ ပါဠိရှိတိုင်း သိသာပြီ၊ သုတ္တန်နည်းထက် <mark>ဣဿာ</mark>နှင့် မစ္ဆရိယ၂ပါး ပိုလာ၏၊ ဥဒ္ဓစ္စ လျော့သွား၏၊ ထို့ကြောင့် အဘိဓမ္မာအလို <mark>သံယောဇဉ်</mark>တရားကိုယ် <mark>၈ ပါး</mark> ရ၏၊ နည်းနှစ်ပါးလုံး ပေါင်းစပ်လျှင် <mark>သံယောဇဉ်</mark> တရားကိုယ် ၉ ပါး ထွက်၏။[ဆောင်] လော-ဒေါ-မာ-ဒိဋ္ဌ, <mark>ဝိစိကိစ္ဆာ</mark>နှင့်, ဥဒ်- ဣသ်-မစ္ဆရိ,မောဟထည့်, မှတ်ဘိ တရားကိုယ်။၁၀။ ကိလေသာ။ ။လောဘဖြစ်စေ, ဒေါသ မာန ဖြစ်စေ, စိတ်ကို<mark>ညစ်ပေ</mark> စေတတ်သော တရားကို ကိလေသာ ဟု ခေါ်၏၊ ဤ ကိလေသာ၁ဝ ပါး၏ တရားကိုယ်မှာ ပါဠိအတိုင်း သိသာပြီ။[ဆောင်] လော-ဒေါ-မာနေ, စ ထွေထွေတို့, <mark>ညစ်ပေ</mark>စေမှ,စိတ်ကိုပြု, မှတ်<mark>ရှု</mark> ကိလေသာ။တထောင့်ငါးရာ ကိလေသာ။ ။လောဘသည် ရှေ့၌ ပြခဲ့ပြီးသော<mark>နာမ်တေပညာသ</mark>, နိပ္ဖန္နရုပ် အဋ္ဌာရသ, လက္ခဏရုပ် ၄, ဤ ၇၅ ပါးသောတရားကို အာရုံ ပြု၏၊ ထို ၇၅ ပါးသော အာရုံသည် မိမိ အဇ္ဈတ္တသန္တာန်မှာလည်း ရှိ၏၊ ဗဟိဒ္ဓသန္တာန်မှာလည်း ရှိ၏၊ ထို့ကြောင့် အဇ္ဈတ္တသန္တာန်ကို<mark>အာရုံပြု</mark>၍ လောဘ ၇၅, ဗဟိဒ္ဓသန္တာန်ကို <mark>အာရုံပြု</mark>၍လောဘ ၇၅ ရှိရကားလောဘပေါင်း ၁၅ဝ ဖြစ်၏၊ လောဘ ကိလေသာ ကဲ့သို့ ဒေါသ စသောကိလေသာများလည်း ၁၅ဝ စီ ရှိရကား ၁၅ဝ ကိုတည့် ကိလေသာ ၁၀ ပါးဖြင့် မြှောက်လျှင် ၁၅ဝဝ ဖြစ်၏။[ဆောင်] နာမ်တေပညာသ, <mark>ရုပ်နိပ္ဖန္န</mark>, လက္ခဏံရုပ် လေး။သန္တာန်နှစ်ဝ, မြောက်ဆင့်က, တရာ့ငါးဆယ်ရေး။ဆယ်ကိလေသာ, မြောက်ဆင့်ကာ, ငါးရာတထောင်တွေး။[ ပညတ်အမျိုးမျိုးဖြင့် မြှောက်လျှင် မရေတွက်နိုင်အောင် များသေး၏။ ]

---

## Trang 215

၁၁။ ပန-အမှာစကားချပ်ညှပ်လိုက်ဦးအံ့၊အမှာစကားချပ် <mark>ဧတ္ထ</mark>- အကုသလသင်္ဂဟဝယ်၊ အာသဝါဒီသု – အာသဝ အစရှိသည်တို့၌၊ <mark>ကာမဘဝနာမေန</mark> – ကာမ<mark>နာမည်</mark> ဘဝ<mark>နာမည်</mark>ဖြင့်၊ တဗ္ဗတ္ထုကာ-ထို <mark>ကာမ</mark>ဟူသောမှီရာအာရုံရှိသော၊ တဏှာ - တဏှာကို၊ အမိတာ – အလိုရှိအပ်၏၊ တထာပဝတ္တံ-ထိုထိုယူပုံ အခြင်းအရာအားဖြင့် ကွဲပြားလျက်ဖြစ်သော၊ <mark>ဒိဋ္ဌိဂတမေဝ</mark>-ဒိဋ္ဌိ<mark>စေတသိက်</mark>ကိုပင်၊သီလဗ္ဗတ<mark>ပရာမာသော</mark> - သီလဗ္ဗတပရာမာသ ဟူ၍၎င်း၊ ဣဒံသစ္စာဘိနိဝေသော-<mark>ဣဒံသစ္စာဘိနိဝေသ</mark>ဟူ၍၎င်း၊ အတ္တဝါဒုပါဒါနော စ-အတ္တဝါဒုပါဒါန ဟူ၍၎င်း၊ ပဝုစ္စတိ-ဆိုအပ်၏။

---

နိဿယနှင့်အဓိပ္ပါယ်၄၂၁

၁၁။ အမှာစကားချပ်။ ။ကျမ်းဆရာတို့သည် မိမိပြခဲ့ပြီးသော စကားရပ်၌ အထူး သိစေလိုသော အချက်ဝယ် အမှာစကား ညှလျက် မှတ်ချက်ကိုပြတတ်ကုန်၏၊ ဤ "အာသဝါဒီသု" စသည့်ကား ထိုကဲ့သို့ "မှတ်ချက်"ပြသောစကားတည်း၊ အာသဝါဒီသု၌ အာဒိဖြင့် ကာမဘဝ <mark>သီလဗ္ဗတ</mark>ပရာမာသစသည့်တို့ပါရှိရာ သြဃ ယောဂစသော အခဏ်းများကို ယူ၊ ဂန္ထ -ကိလေသာအခဏ်းတို့မှ တပါး ကျန် အားလုံးတည်း။<mark>ကာမ</mark>ဘဝ ၊ ပေ ၊ တဏှာ<mark>အဓိပ္ပါယ်ဖြစ်</mark>၍ သင်္ဂြိုဟ်ဆရာ အလိုအားဖြင့် <mark>ကာမ</mark> သဒ္ဒါသည့် ဝတ္ထုအာရုံ <mark>ကာမ</mark>ဂုဏ်ကို ဟောရင်းတည်း၊ ဘဝ သဒ္ဓါလည်း ရူပ အရူပဈာန်နှင့် ၎င်းတို့၏ အကျိုး ဝိပါက်ကို ဟောရင်း တည်း၊သို့ဖြစ်၍ ( <mark>ဒိဋ္ဌ</mark>ာသဝ စသည်၌ <mark>ဒိဋ္ဌိ</mark>နှင့် အာသဝသည့် အရတူသော်လည်း)<mark>ကာမ</mark>နှင့် အာသဝ'ဘဝနှင့် အာသဝ စသည့်မှာ အရမတူဘဲ ဖြစ်နေသည်၊ထို့ကြောင့် <mark>ကာမ</mark>နှင့် အာသဝ စသည်တို့ အရတူဘို့ရာ ကာမ<mark>နာမည်</mark>ဖြင့်(ဝါ-<mark>ကာမ</mark>အရ ) ဝတ္ထုအာရုံ <mark>ကာမ</mark>ဂုဏ်ကို တိုက်ရိုက်မယူဘဲ, ထိုအာရုံ၌ တည်သော(ထို ကာမဂုဏ်ကို <mark>အာရုံပြု</mark>သော)ကာမတဏှာကို ဌာနူပစာရအားဖြင့်ကောက်ပါ၊ ဘဝ<mark>နာမည်</mark>ဖြင့် ( ဘဝအရ) ထို ဘဝကို အာရုံ ပြုသော ဘဝတဏှာကို ဌာနူပစာရ အားဖြင့် ကောက်ပါ၊ သို့မှ <mark>ကာမ</mark>သဒ္ဓါ ဘဝသဒ္ဓါနှင့်အာသဝသဒ္ဒါ စသည်တို့ အရတူကြ သဖြင့် – <mark>ကာမ</mark>ောယေဝ+အာသဝေါ,<mark>ကာမ</mark>ာသဝေါ"စသော ကမ္မဓာရည်းဝိဂြိုဟ်ပြုနိုင်မည် ဟူလို၊ [ အာရုံဌာန၏အမည်ကို <mark>အာရုံပြု</mark>တတ်သော ဌာနီ တဏှာ၌ တင်စား၍ ခေါ်ဝေါ်ခြင်းကိုဌာနူပစာရ ဟု ဆိုသည်။ ]<mark>သီလဗ္ဗတ</mark> ၊ ပေ ၊ ပဝုစ္စတိ—- –ဒိဋ္ဌိ <mark>စေတသိက်</mark> တခုထည်း ဖြစ်လျက်အဘယ့်ကြောင့် <mark>သီလဗ္ဗတ</mark>ပရာမာသ စသည်ဖြင့် <mark>နာမည်</mark> အမျိုးမျိုး ဆိုအပ်သနည်း" ဟု မေးဘွယ်ရှိ၍ ဤ အမှာစကားချပ်ကို ညှပ်ရလေသည်၊ ဆိုလိုရင်းကား-<mark>သီလဗ္ဗတ</mark>ပရာမာသ <mark>ဒိဋ္ဌိ</mark>သည် – နွား ခွေးတို့၏ အလေ့အကျင့်ဖြင့်ကိလေသာမှ စင်ကြယ် သံသရာမှ လွတ်မြောက်လွယ်၏ " ဟု ယူ၏၊ ဣဒံသစ္စာဘိနိဝေသ ဒိဋ္ဌိသည် – <mark>" ဤ ငါ့</mark>အယူသာ အမှန်, ကျန် အယူတွေ အမှားချည်းဘဲ "ဟု စွဲမြဲစွာ ယူ၏၊ အတ္တဝါဒုပါဒါန <mark>ဒိဋ္ဌိ</mark>သည်"အတ္တရှိ၏"ဟု ယူ၏၊ဤသို့ ယူပုံ အခြင်းအရာ ကွဲပြား သောကြောင့် တရားကိုယ် အားဖြင့် ဒိဋ္ဌိ<mark>စေတသိက်</mark>တခုထည်းကိုပင် <mark>သီလဗ္ဗတ</mark>ပရာမာသစသည်ဖြင့် <mark>နာမည်</mark>အမျိုးမျိုးတပ်၍ ဆိုအပ်လေသည် ဟူလို။[ " တထာပဝတ္တံ " ကား ဒိဋ္ဌိ<mark>စေတသိက်</mark> တခုထည်းကိုပင် <mark>သီလဗ္ဗတ</mark>ပရာမာသ စသည်ဖြင့် <mark>နာမည်</mark>အမျိုးမျိုး ဆိုရခြင်း အကြောင်းကို ပြသော ပါဌ်တည်း၊ ထို့ကြောင့် "တထာပဝတ္တံ-ထိုထိုယူပုံ အခြင်းအရာ အားဖြင့် ကွဲပြားလျက် ဖြစ်ခြင်းကြောင့် " ဟု <mark>ဟေတု</mark>အနက်ကိုလည်း သုံးစွဲပါလေ။
