## Trang 231

၁။ သဗ္ဗသင်္ဂဟေ - သဗ္ဗသင်္ဂဟ၌၊ <mark>ခန္ဓာ</mark> – <mark>ခန္ဓာ</mark>သဗ္ဗသင်္ဂဟ တို့သည်၊ ရူပက္ခန္ဓော-<mark>ရူပက္ခန္ဓာ</mark>၎င်း၊ ဝေဒနာက္<mark>ခန္ဓော</mark>-ဝေဒနာက္ခန္ဓာ၎င်း၊ <mark>သညာက္ခန္ဓော</mark> - သညာက္<mark>ခန္ဓာ</mark>၎င်း၊ သင်္ခါရက္ခန္ဓော- <mark>သင်္ခါရက္ခန္ဓာ၎င်း</mark>။ ဝိညာဏက္ခန္ဓော-<mark>ဝိညာဏက္ခန္ဓာ</mark>၎င်း၊ (ဣတိ-ဤသို့၊) ပဉ္စ-ငါးပါးတို့တည်း။

၂။ ဥပါဒါနက္<mark>ခန္ဓာ</mark> – ဥပါဒါနက္<mark>ခန္ဓာ</mark> တို့သည်၊ ရူပုပါဒါနက္<mark>ခန္ဓော</mark> - ရူပုပါဒါနက္ခန္ဓာ၎င်း၊ <mark>ဝေဒနုပါဒါနက္ခန္ဓော</mark>- ဝေဒနုပါဒါနက္ခန္ဓာ ၎င်း၊ <mark>သညုပါဒါနက္ခန္ဓော</mark> – သညုပါဒါနက္<mark>ခန္ဓာ</mark>၎င်း၊ သင်္ခါရုပါဒါနက္<mark>ခန္ဓော</mark> – သင်္ခါရုပါဒါနက္<mark>ခန္ဓာ</mark>၎င်း၊ ဝိညာဏုပါဒါနက္ခန္ဓော-<mark>ဝိညာဏုပါဒါနက္ခန္ဓာ</mark>၎င်း၊ (ဣတိ-ဤသို့၊ )ပဉ္စ-တို့တည်း။

---

သဗ္ဗသင်္ဂဟ ။စိတ် စေတသိက် ရုပ် နိဗ္ဗာန် အားလုံးကို သိမ်းကြုံးရေတွက်ရာ အခန်းကို " သဗ္ဗသင်္ဂဟ " ဟု ခေါ်သည်။

၁။ <mark>ခန္ဓာ</mark>။ ။ခန္ဓသဒ္ဒါသည် – "အစုအပုံ " ဟူသော အနက်ကို ဟော၏၊ ထို့ကြောင့် – <mark>ရူပက္ခန္ဓာ</mark>=ရုပ်အစု၊ ဝေဒနာက္<mark>ခန္ဓာ</mark>=ဝေဒနာအစုစသည်ဖြင့် သိရာ၏၊ "အစုအပုံ"ဟူရာ၌ စပါးတွေ စုပုံနေသကဲ့သို့ <mark>ခန္ဓာ</mark>ကိုယ်တွင်း၌ <mark>ရုပ်တွေ</mark> ဝေဒနာတွေ <mark>စုပုံနေသည်</mark>ဟု မမှတ်နှင့်၊ အတိတ်ရုပ် အနာဂတ်ရုပ် ပစ္စုပ္ပန်ရုပ် ၃ မျိုးကို <mark>ဉာဏ်</mark>ဖြင့် စုပေါင်း စပ်ထားရာ၏၊ ထို ၃ မျိုးပေါင်းစပ်အပ်သော အစုအပုံကိုပင် " <mark>ရူပက္ခန္ဓာ</mark> = ရုပ် အစု" ဟု ဆိုသည်။ရုပ်အများ တွင်လည်း ပထဝီဓာတ် <mark>တစ်ခု</mark>သည်ပင် အတိတ်ပထဝီ အနာဂတ်ပထဝီ ပစ္စုပ္ပန်ပထဝီ ၃ မျိုးရှိ၏၊ ထို ၃ မျိုး စုပုံလျှင် ပထဝီဓာတ် တစ်ခုကိုပင်"<mark>ရူပက္ခန္ဓာ</mark> " ဟု ခေါ်နိုင်သည်။

ထို့ကြောင့် ဝေဒနာ<mark>တစ်ခု</mark>, သညာ<mark>တစ်ခု</mark>ထည်းကိုပင် အတိတ် အနာဂတ်ပစ္စုပ္ပန်ဝေဒနာတွေ သညာတွေ စုပေါင်း၍ ဝေဒနာက္ခန္ဓာ <mark>သညာက္ခန္ဓာ</mark> ဟုခေါ်နိုင်ကြောင်း သိပါ။ [ အဇ္ဈတ္တ ဗဟိဒ္ဓ စသော အပြားနှင့် တရားကိုယ်ကောက်ပုံမှာ နောက်၌ ထင်ရှားလတ္တံ့။ ]

---

နိဿယနှင့်အဓိပ္ပါယ်

၂။ ဥပါဒါနက္<mark>ခန္ဓာ</mark>။ ။ဥပါဒါန်တရားတို့၏အာရုံဖြစ်သော <mark>ခန္ဓာ</mark>ကို" ဥပါဒါနက္<mark>ခန္ဓာ</mark> " ဟု ခေါ်သည်၊ ထို့ကြောင့် ဥပါဒါနက္<mark>ခန္ဓာ</mark>"အရ ကာမုပါဒါန် စသည်တို့၏ အာရုံဖြစ်သော လောကီစိတ် စေတသိက် များနှင့် ရုပ်အားလုံးကို ကောက်။

[မေး] ဘယ်အကျိုးငှာ ခန္ဓ ဥပါဒါနက္ခန္ဓ ဟု နှစ်မျိုးခွဲ၍ ဟောတော်မူသနည်း။

[ ဖြေ ] ၁။ ခန္ဓ ဟူသော နာမည် အတွင်း၌ ရထိုက်သမျှ လောကီ<mark>လောကုတ္တရာ</mark> အားလုံးကို သွင်း၍ <mark>ခန္ဓာ</mark>ဖွဲ့ပြခြင်းငှာ ပဌမ ခန္ဓဒေသနာကိုဟောတော်မူ၏။

၂။ ယောဂီပုဂ္ဂိုလ်တို့ ဝိပဿနာကမ္မဋ္ဌာန်း စီးဖြန်းသည့်အခါ ဝိပဿနာရှုဘို့ အတွက် လောကီတရား သက်သက်ကို <mark>ခန္ဓာ</mark> ဖွဲ့ပြခြင်းငှာ ဒုတိယ ဥပါဒါနက္ခန္ဓဒေသနာကို ဟောတော်မူသည်။

[ရူပံအနိစ္စံ, ဝေဒနာအနိစ္စာ စသည်ဖြင့် အနိစ္စ ဒုက္ခ အနတ္တဟု ကမ္မဋ္ဌာန်းရှုသည့်အခါ <mark>လောကုတ္တရာ</mark>တရားကို အာရုံပြု၍ မရှုရ၊ လောကီ ရုပ်နာမ် <mark>ခန္ဓာ</mark>ကိုသာ အာရုံပြုရသည်။]

[ဆောင်] ၁။ လောကီ လောကုတ်, မယုတ်မကြွင်း, <mark>ခန္ဓာ</mark> တွင်း၌, သိမ်းသွင်း၍ယူ, ပြတော်မူ, မှတ်ယူ ခန္ဓ ဒေသနာနည်း။

၂။ ဝိပဿနာ,ရှုဘို့ငှာလျှင်, ဥပါဒါနက်, လောကီတွက်,သက်သက် ဟောရ ပြန်သတည်း။

---

## Trang 232

၃။ အာယတနာနိ− အာယတန တို့သည်၊ စက္ခာယတနံ-စက္ခာယတန၎င်း၊ <mark>သောတာယတနံ</mark> − သောတာယတန ၎င်း၊ဃာနာယတနံ – ဃာနာယတန၎င်း၊ ဇိဝှါယတနံ -ဇိဝှါယတန၎င်း၊ ကာယာယတနံ – ကာယာယတန ၎င်း၊ <mark>မနာယတန</mark>ံ−<mark>မနာယတန</mark>၎င်း၊ ရူပါယတနံ – ရူပါယတန၎င်း၊ <mark>သဒ္ဒါယတန</mark>ံ-သဒ္ဒါယတန၎င်း၊ <mark>ဂန္ဓာယတနံ</mark>-ဂန္ဓာယတန၎င်း၊ ရသာယတနံ-ရသာယတန ၎င်း၊ <mark>ဖေါဋ္ဌဗ္ဗာယတန</mark>ံ – <mark>ဖေါဋ္ဌဗ္ဗာယတန</mark> ၎င်း၊ဓမ္မာယတနံ – ဓမ္မာယတန၎င်း၊ ဣတိ-ဤသို့၊ ဒွါဒသ – တစ်ဆယ့်နှစ်ပါး တို့တည်း။

၄။ ဓာတုယော-ဓာတ်တို့သည်၊ စက္ခုဓာတု-စက္ခု ဓာတ်၎င်း၊ <mark>သောတဓာတု</mark> – သောတဓာတ်၎င်း၊ ဃာနဓာတု-ဃာနဓာတ်၎င်း၊ ဇိဝှါဓာတု-ဇိဝှါဓာတ်၎င်း၊ <mark>ကာယဓာတု</mark> – ကာယဓာတ်၎င်း၊ ရူပဓာတု – ရူပဓာတ်၎င်း၊ <mark>သဒ္ဒဓာတု</mark> - ၎င်း၊ ဂန္ဓဓာတု-၎င်း၊ ရသဓာတု-၎င်း၊ ဖေါဋ္ဌဗ္ဗဓာတု - ဖေါဋ္ဌဗ္ဗဓာတ်၎င်း၊ စက္ခုဝိညာဏဓာတု-<mark>စက္ခုဝိညာဏဓာတ်</mark>၎င်း၊ သောတဝိညာဏဓာတု-သောတ<mark>ဝိညာဏဓာတ်</mark>၎င်း၊ ဃာနဝိညာဏဓာတု - ဃာန<mark>ဝိညာဏဓာတ်</mark>၎င်း၊ ဇိဝှါဝိညာဏဓာတု – ဇိဝှါဝိညာဏဓာတ်၎င်း၊ <mark>ကာယဝိညာဏဓာတု</mark> - ကာယဝိညာဏဓာတ်၎င်း၊ မနောဓာတု - မနောဓာတ်၎င်း၊ မနောဝိညာဏဓာတု - <mark>မနောဝိညာဏဓာတ်</mark>၎င်း၊ ဓမ္မဓာတု - ဓမ္မဓာတ်၎င်း၊( ဣတိ-ဤသို့၊) <mark>အဋ္ဌာရသ-တစ်ဆယ့်ရှစ်</mark>ပါးတို့တည်း။

---

၃။ အာယတန။ ။အာယတန သဒ္ဒါသည် " အကြောင်း" ဟူသောအနက်ကို ဟော၏၊ စိတ် စေတသိတ်တို့သည် ရူပါရုံ စက္ခုပသာဒ စသည်ကိုအကြောင်းပြု၍ ဖြစ်ကြကုန်၏၊ ဤသို့ စိတ် စေတသိက်တို့၏ ဖြစ်ကြောင်း တရားများကို"အာယတန" ဟု ဆိုရသည်၊ စက္ခာယတနစသော ငါးပါးတို့၏ တရားကိုယ်ကား စက္ခုပသာဒစသော ပသာဒရုပ် ငါးပါးတည်း၊ ရူပါယတန စသည့်တို့၏ တရားကိုယ်မှာ ရူပါရုံစသော အာရုံ ငါးပါးတည်း၊ ဓမ္မာယတန၏တရားကိုယ်မှာ နောက်၌ ထင်ရှားလတ္တံ့၊ စိတ်အားလုံးသည် <mark>မနာယတန</mark>၊

၄။ ဓာတ်။ ။မိမိသဘောကို ဆောင်တတ်သော တရားကို " ဓာတ်"ဟု ခေါ်သည်၊ [ "မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်သည်ကိုဆောင်သည် " ဟု ခေါ်၏။]

---

နိဿယနှင့်အဓိပ္ပါယ်

စက္ခုဓာတ် စသော ငါးပါး၏ တရားကိုယ်သည် စက္ခုပသာဒ စသောငါးပါးတည်း၊ ရူပဓာတ် စသော ငါးပါး၏ တရားကိုယ်ကား ရူပါရုံ စသောငါးပါးတည်း၊ (အာယတန ကောက်ပုံနှင့် တူ၏) <mark>စက္ခုဝိညာဏဓာတ်</mark>=စက္ခု<mark>ဝိညာဉ်ဒွေး</mark>၊ သောတ ဃာန ဇိဝှါ ကာယ<mark>ဝိညာဏဓာတ်</mark> တို့ကား သောတ<mark>ဝိညာဉ်ဒွေး</mark> ဃာန<mark>ဝိညာဉ်ဒွေး</mark> ဇိဝှါ<mark>ဝိညာဉ်ဒွေး</mark> ကာယ<mark>ဝိညာဉ်ဒွေး</mark>တို့တည်း။မနောဓာတ်၏ တရားကိုယ်ကား ပဉ္စဒွါရာဝဇ္ဇန်း ၁, သမ္ပဋိစ္ဆန်း ၂,ပေါင်း ၃ ပါးတည်း။ [ " ပဉ္စဒွါရာဝဇ္ဇန သမ္ပဋိစ္ဆနသင်္ခါတာ ပန မနောဓာတုစ " ကို ထောက်၊ ] ဒွေပဉ္စဝိညာဏ် ၁၀, မနောဓာတ် ၃ မှ ကြွင်းသောစိတ် ၇၆ ကို <mark>မနောဝိညာဏဓာတ်</mark> ဟု ခေါ်သည်၊ ဓမ္မဓာတ်ကား ထင်ရှားလတ္တံ့။

---

## Trang 233

၅။ အရိယသစ္စာနိ – အရိယသစ္စာ တို့သည်၊ ဒုက္ခံ - ဒုက္ခဟူသော၊ အရိယသစ္စံ - အရိယသစ္စာ၎င်း၊ ဒုက္ခသမုဒယော-ဒုက္ခ၏ ဖြစ်ကြောင်းဖြစ်သော၊ အရိယသစ္စံ - ၎င်း၊ ဒုက္ခနိရောဓော-ဒုက္ခ၏ချုပ်ရာဖြစ်သော၊ အရိယသစ္စံ-အရိယသစ္စာ၎င်း၊ ဒုက္ခနိရောဓဂါမိနီပဋိပဒါ-ဒုက္ခ၏ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ဖြစ်သော၊ အရိယသစ္စံ – အရိယသစ္စာ၎င်း၊ ( ဣတိ- ဤသို့၊ )စတ္တာရိ-လေးပါးတို့တည်း။

အမှာစကားချပ်

၆။ ပန-အမှာစကားချပ် ညှပ်လိုက်ချူးအံ့၊

ဧတ္ထ – ဤ သဗ္ဗ သင်္ဂဟ၌၊ စေတသိကသုခုမရူပ နိဗ္ဗာနဝသေန - စေတသိက် သုခုမရုပ် နိဗ္ဗာန်တို့၏အပြားအားဖြင့် ဧကူနသတ္တတိဓမ္မာ-<mark>တစ်ခုယုတ်ခုနှစ်ဆယ်</mark>သောတရားတို့သည်၊ <mark>ဓမ္မာယတနဓမ္မဓာတုတိ</mark>-ဓမ္မာယတနဓမ္မဓာတ်ဟူ၍၊ <mark>သင်္ခံ</mark>-ခေါ်ဝေါ်အပ်သည်၏ အဖြစ်သို့၊ ဂစ္ဆန္တိ-ရောက်ကုန်၏။

၇။ <mark>မနာယတနမေဝ</mark>-မနာယတန<mark>တစ်ခု</mark>ထည်းကပင်၊ သတ္တဝိညာဏဓာတုဝသေန - ခုနစ်ပါးသော ဝိညာဏ ဓာတ်တို့၏အပြားအားဖြင့်၊ <mark>ဘိဇ္ဇတိ</mark>-ပြား၏။

၈။ ရူပဉ္စ – ရုပ်၎င်း၊ ဝေဒနာ - ဝေဒနာစေတသိက်၎င်း၊သညာ-သညာစေတသိက်၎င်း၊ သေသစေတသိကာ-ဝေဒနာသညာမှ ကြွင်းသော <mark>စေတသိက် ငါးဆယ်တို့</mark>၎င်း၊ <mark>တထာ-</mark>ထိုမှတစ်ပါး၊ ဝိညာဏံ – ဝိညာဏ်၎င်း၊ ဣတိ-သို့၊ ဧတေပဉ္စ-၏ ငါးမျိုးတို့ကို၊ ပဉ္စက္<mark>ခန္ဓာ</mark>တိ - ငါးပါးသော <mark>ခန္ဓာတို့</mark> ဟူ၍ဘာသိတာ-ဆိုအပ်ကုန်၏။

---

၅။ သစ္စာ။ ။သစ္စသဒ္ဒါသည် " အမှန် " ဟူသောအနက်ကို ဟော၏၊ဒုက္ခဟူ၍ ဟောအပ်သော တရားတွေသည် ဧကန် အမှန် ဒုက္ခဖြစ်၏၊ သမုဒယဟောအပ်သော တဏှာလည်း ဧကန်အမှန် ဒုက္ခ၏ အကြောင်း ဖြစ်၏၊ဤသို့ စသည့်ဖြင့် မှန်ကန်သော တရားကို " သစ္စာ" ဟု ခေါ်သည်၊ ထို သစ္စာ၄ပါးကိုပင် အရိယာပုဂ္ဂိုလ်တို့ သိအပ်သောကြောင့်"အရိယသစ္စာ" ဟုလည်းခေါ်ရပြန်သည်၊ ဤ သစ္စာ ၄ ပါးတရားကိုယ်မှာ ထင်ရှားလတ္တံ့။

သင်္ဂြိုဟ်ပါဠိအခေါ် | ခေါ်ဝေါ်ရိုး
--- | ---
(၁) ဒုက္ခ အရိယသစ္စ | ဒုက္ခသစ္စာ(၂) ဒုက္ခသမုဒယ အရိယသစ္စ | သမုဒယသစ္စာ(၃) ဒုက္ခနိရောဓ အရိယသစ္စ | နိရောဓသစ္စာ(၄) ဒုက္ခနိရောဓဂါမိနီပဋိပဒါအရိယသစ္စ | မဂ္ဂသစ္စာ

၆။ အမှာစကားချပ်။ ။ ဧတ္ထပန ။ ပေ ၊ <mark>သင်္ခံ</mark> ဂစ္ဆန္တိ ဝါကျမှ စ၍သဗ္ဗသင်္ဂဟ ဆုံးသည့်တိုင်အောင်သော စကားကား အမှာ စကားချည်သာတည်း၊ ထိုတွင် ဤ " စေတသိက် သုခုမ ၊ ပေ ၊ ဂစ္ဆန္တိ " ကား ဓမ္မာယတနဓာတ်၏ တရားကိုယ်ကိုပြသော စကားတည်း၊ စေတသိက် ၅၂, သုခုမရုပ် ၁၆, နိဗ္ဗာန် ၁, ဤ <mark>တစ်ခု</mark>ယုတ် ၇၀ သော တရားများကို ဓမ္မာယတနဓမ္မဓာတ်အရ ကောက်ပါဟူလို။

၇။ <mark>မနာယတနမေဝ</mark>၊ ပေ ၊ <mark>ဘိဇ္ဇတိ</mark>-အာယတန ၁၂ ပါး၌လာသော<mark>မနာယတန</mark>တစ်ခုတည်းကပင်လျှင် ဓာတ်အခန်း၌ <mark>ဝိညာဏဓာတ်</mark> ၇ ပါးအဖြစ်ဖြင့် ကွဲပြားရသည်။ [ <mark>ဝိညာဏဓာတ်</mark> ၇ ပါးဆိုသော်လည်း မနောဓာတ်မှာ <mark>ဝိညာဏဓာတ်</mark>မဟုတ်၊ သို့သော် <mark>စက္ခုဝိညာဏဓာတ်</mark> စသည်ဖြင့်<mark>ဝိညာဏဓာတ်</mark>တွေက များနေသောကြောင့် စိတ်ဟူသမျှ <mark>ဝိညာဏဓာတ်</mark>ဟု(များရာလိုက်၍) ဆိုဟန်တူသည်။ ]

၈။ <mark>ခန္ဓာ</mark>။ ။ရူပဉ္စ၊ပေ၊ ဘာသိတာ-ဤဂါထာကား <mark>ခန္ဓာ</mark>ငါးပါး၏တရားကိုယ်ကို ကောက်ပြသော ဂါထာတည်း၊ ဤဂါထာ အရ--ရုပ်အဋ္ဌဝီသ

---

## Trang 234

၉။ တေဘူမကာ - ဘုံသုံးပါး၌ ဖြစ်ကုန်သော၊ <mark>တထာ-</mark>ထို ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ် တို့ကို၊ ပဉ္စုပါဒါနက္<mark>ခန္ဓာ</mark>တိ - ငါးပါးသော ဥပါဒါနက္<mark>ခန္ဓာတို့</mark> ဟူ၍၊ <mark>မတာ</mark>-သိအပ်ကုန်၏၊ နိဗ္ဗာနံ-နိဗ္ဗာန်သည်၊ ဘေဒါဘာဝေန – အတိတ်အနာဂတ်စသော အားဖြင့် အကွဲအပြား မရှိခြင်းကြောင့်၊ ခန္ဓသင်္ဂဟနိဿဋံ-<mark>ခန္ဓာ</mark>အတွင်း၌ သွင်းယူခြင်းမှ လွတ်၏။

---

သည် <mark>ရူပက္ခန္ဓာ</mark>, ဝေဒနာစေတသိက်သည် ဝေဒနာက္<mark>ခန္ဓာ</mark>, သညာစေတသိက်သည် <mark>သညာက္ခန္ဓာ</mark>, ဝေဒနာသညာမှ ကြွင်းသော စေတသိက်၅၀ သည်သင်္ခါရက္ခန္ဓာ,<mark>စိတ်တစ်ခုယုတ် ၉၀</mark> သည် <mark>ဝိညာဏက္ခန္ဓာ</mark>မည်၏ – ဟု နှုတ်တက် ပါစေ။

၉။ ဥပါဒါနက္ခန္ဓာ။ ။<mark>ပဉ္စုပါဒါနက္ခန္ဓာ</mark>၊ပေ၊မတာ"၍ နှစ်ပါဒကား ဥပါဒါနက္<mark>ခန္ဓာ</mark>၏ တရားကိုယ်ကိုပြသော စကားတည်း၊ တေဘူမက၌ဘုံသုံးပါးကားကာမဘုံ ရူပဘုံ အရူပဘုံတည်း၊ ထိုဘုံသုံးပါး၌ ဖြစ်သောတရားများကို " တေဘူမက " တရား ဟု ခေါ်သည်၊ <mark>ရုပ် ၂၈</mark> နှင့် ကာမစိတ်,ထိုစိတ်နှင့် ယှဉ်သော စေတသိက်သည် ကာမဘူမက=ကာမဘုံ၌ အကြုံးဝင်၏၊ ရူပစိတ် စေတသိက်ကား ရူပဘူမက, အရူပစိတ် စေတသိက်ကား အရူပဘူမကတည်း၊ <mark>လောကုတ္တရာ</mark> တရားများကား ဥပါဒါန်တို့၏ အာရုံမဟုတ်သောကြောင့် မရထိုက်၊ ရုပ်အဋ္ဌဝီသသည် ရူပုပါဒါနက္ခန္ဓာ, ( <mark>ရူပက္ခန္ဓာ</mark>နှင့်မထူးပြီ)၊ လောကီစိတ်နှင့် ယှဉ်သော ဝေဒနာ သညာ ကျန်စေတသိက်များသည် ( အစဉ်အတိုင်း ) ဝေဒနုပါဒါနက္ခန္ဓာ, <mark>သညုပါဒါနက္ခန္ဓာ</mark>, သင်္ခါရုပါဒါနက္<mark>ခန္ဓာ</mark>မည်၏၊ လောကီစိတ် ၈၁ သည် <mark>ဝိညာဏုပါဒါနက္ခန္ဓာ</mark> မည်၏။

နိဗ္ဗာန်ကို <mark>ခန္ဓာ</mark>မဖွဲ့ရ။ ။ဘေဒါဘာဝေန၊ပေ၊<mark>နိဿဋံ</mark>-ဤ ၂ ပါဒဖြင့် နိဗ္ဗာန်ကို<mark>ခန္ဓာ</mark>မဖွဲ့ရခြင်း၏ အကြောင်းကိုပြ၏။ အတိတ် အနာဂတ်ပစ္စုပ္ပန်စသော အားဖြင့် အကွဲ အပြား မရှိခြင်းကြောင့် နိဗ္ဗာန်ကို ခန္ဓာ <mark>မဖွဲ့ထိုက်</mark>။[ဘေဒါဘာဝေန-ဟူသော ဟိတ်ပါဌ်ကို ကြည့်။ ]

[ဆောင်] ၁။ ကာလသုံးရပ်, အဇ္ဈ-ဗဟိ, သြဠာရိက, သုခုမနှင့်, ဟီန-ပဏီတေ, ဒူရေ-သန္တိက, ကွဲပြား, ခန္ဓ-ဖွဲ့ကောင်းသည်။

၂။ နိဗ္ဗာန်သည်ကား, နှစ်ပါး မကွဲ, မြဲ ဗဟိဒ္ဓ, သုခုမနှင့်,ပဏီတ ပေ, ဒူရေတွက်မှ, တစ်ဘက်ရ, ခန္ဓ ဝိမုတ်မည်။

မည်သည့်တရားမဆို အတိတ် အနာဂတ် ပစ္စုပ္ပန်ကွဲပြားလျှင် ထို ၃ မျိုးကိုစုပေါင်း၍ <mark>ခန္ဓာ</mark>ဖွဲ့ကောင်း၏၊ အဇ္ဈတ္တ ဗဟိဒ္ဓ ၂ မျိုးကွဲပြားလျှင် ထို ၂ မျိုးကိုစုပေါင်း၍၎င်း, သြဠာရိက ( ရုန့်ရင်းသော ) တရားတစ်မျိုး, သုခုမ (သိမ်မွေ့သော )တရားတစ်မျိုး ဟု ကွဲပြားလျှင် ထို ၂ မျိုးကို ပေါင်း၍ ၎င်း, ဟီန(ယုတ်သော) တရားတစ်မျိုး, ပဏီတ(မွန်မြတ်သော)တရားတစ်မျိုး ဟု ကွဲပြားလျှင် ထို ၂ မျိုးကိုပေါင်း၍၎င်း, ဒူရေ (အသိခက်ခဲသဖြင့် <mark>ဉာဏ်</mark>နှင့်ဝေးသော)တရားတစ်မျိုး, သန္တိက(အသိလွယ်သဖြင့် <mark>ဉာဏ်</mark>နှင့် နီးသော)တရားတစ်မျိုး ဟုကွဲပြားလျှင် ထို ၂ မျိုးကို ပေါင်း၍၎င်း, <mark>ခန္ဓာ</mark>ဖွဲ့ကောင်း၏။

နိဗ္ဗာန်ကား ကာလ ၃ ပါးမှ လွတ်၍ ကာလဝိမုတ်တည်း၊ အဇ္ဈတ္တ ဗဟိဒ္ဓဟု ၂မျိုးမပြား, <mark>ခန္ဓာ</mark>ကိုယ်၏ ပြင်ဘက်မှာ တည်သောကြောင့် ဗဟိဒ္ဓတစ်မျိုးသာတည်း၊ သြဠာရိက သုခုမ ဟု ၂ မျိုး မပြား, သိမ်မွေ့သောကြောင့် သုခုမတစ်မျိုးသာတည်း၊ ဟီန ပဏီတ ဟု ၂ မျိုး မပြား, မြတ်သောကြောင့် ပဏီတတစ်မျိုးသာတည်း၊ ဒူရေ သန္တိကဟု ၂ မျိုးမပြား, <mark>ဉာဏ်</mark>နှင့်ဝေးသောကြောင့်ဒူရေ တစ်မျိုးသာတည်း၊ ဤသို့ ဆိုင်ရာ ဌာန၌ ၂ မျိုးမရ, တစ်မျိုးစီသာ ရသောကြောင့် နိဗ္ဗာန်ကို " ဘေဒါဘာဝ=အကွဲအပြား မရှိ " ဟု ဆိုသည်၊ [ ဗဟိဒ္ဓသုခုမ ပဏီတ ဒူရ ဟူသော ၄ မျိုးကား အချင်းချင်း ကွဲပြား တော့သည်မဟုတ်၊ ဗဟိဒ္ဓ နိဗ္ဗာန်သည်ပင် သုခုမလည်း မည်၏၊ ပဏီတလည်း မည်၏ဒူရလည်း မည်၏။]

---

## Trang 235

၁၀။ ဒွါရာရမဏဘေဒေန-<mark>ဒွါရခြောက်ပါး</mark>,အာရုံ ခြောက်ပါး တို့၏ ကွဲပြားခြင်းကြောင့်၊ အာယတနာနိစ-အာယတနတို့သည်လည်း၊ ဒွါဒသ - <mark>တစ်ဆယ့် နှစ်ပါး</mark> တို့သည်၊ ဘဝန္တိ -ဖြစ်ကုန်၏၊ ဒွါရာရမဏ<mark>တဒုပ္ပန္န</mark>ပရိယာယေန – ဒွါရ ခြောက်ပါး<mark>အာရုံ ခြောက်တန်</mark>, ထို ဒွါရ အာရုံတို့၌ ဖြစ်သော ဝိညာဏ်ခြောက်သွယ် ပရိယာယ်အမြွက်အားဖြင့်၊ ဓာတုယော - ဓာတ်တို့သည်၊ (<mark>အဋ္ဌာရသ-တစ်ဆယ့်ရှစ်</mark>ပါးတို့သည်၊) ဘဝန္တိ-ကုန်၏။

၁၁။ တေဘူမကံ – ဘုံသုံးပါး၌ ဖြစ်သော၊ဝဋံ- ဝဋ်တရားသည်၊ ဒုက္ခံ-ဒုက္ခသစ္စာမည်၏၊ တဏှာ – တဏှာသည်။ သမုဒယော-သမုဒယ သစ္စာမည်သည်။ ဘဝေ - ၏၊ နိဗ္ဗာနံ - နိဗ္ဗာန်သည်၊နိရောဓောနာမ-နိရောဓသစ္စာမည်၏၊ လောကုတ္တရော = လောကုတ္တရာဖြစ်သော၊ မဂ္ဂေါ-မဂ္ဂင်တရားကိုယ် ရှစ်ပါးကို၊(မဂ္ဂေါ-မဂ္ဂသစ္စာဟူ၍၊) မတော-သိအပ်၏။

---

၁၀။ ဒွါရာရမဏ၊ ပေ ၊ ဓာတုယော"၍ ဂါထာကား အာယတန၁၂, <mark>ဓာတ် ၁၈ ပါး</mark> ကွဲပြားရခြင်း၏ အကြောင်းကို ပြသော ဂါထာတည်း၊ထိုတွင် ဒွါရာရမဏဘေဒေနပါဌ်ကား အာယတနအတွက် အကြောင်းပြချက်တည်း၊ စက္ခာယတနသည် စက္ခုဒွါရတည်း၊ သောတ ဃာန ဇိဝှါ ကာယာယတနတို့လည်း သောတဒွါရ စသည့်တို့ ပင်တည်း၊ <mark>မနာယတန</mark> အရ၌ စိတ်အားလုံးကိုပင် ယူရိုးတည်း၊ သို့သော် ဤအရာ၌ <mark>မနာယတန</mark> တစိတ်ဖြစ်သောဘဝင်စိတ်ကိုစွဲ၍ <mark>မနာယတန</mark>ကို မနောဒွါရ ဟု ဆိုသည်။ ဆိုလိုရင်းကား-စိတ် စေတသိက်တို့၏ ဖြစ်ကြောင်းကို " အာယတန" ဟု ခေါ်၏။ ထို စိတ်စေတသိက်တို့၏ ဖြစ်ကြောင်းဟူသည် ဒွါရနှင့် အာရုံတည်း၊( ဝီထိခန်းကိုသဘိပြု၊ ) ထို ဒွါရနှင့် အာရုံတို့က ၆ ပါးစီ ပြားခြင်းကြောင့် အာယတန၁၂ ပါး ဖြစ်သည် ဟူလို။

ဒွါရာရမဏ<mark>တဒုပ္ပန္န</mark>ပရိယာယေနဓာတုယော-ကား <mark>ဓာတ် ၁၈ ပါး</mark>ပြားခြင်း၏ အကြောင်း ပြချက် တည်း၊ <mark>ဒွါရခြောက်ပါး</mark> အာရုံ ခြောက်ပါးဝိညာဏ်ခြောက်ပါး ပြားသောကြောင့် <mark>ဓာတ် ၁၈ ပါး</mark> ဖြစ်သည် ဟူလို။

---

သစ္စာလေးပါးတရားကိုယ်

ဒွါရ ၆ ပါး | အာရုံ ၆ တန် | ဝိညာဏ် ၆ သွယ်
--- | --- | ---
စက္ခုဒွါရ | ရူပါရုံ | စက္ခုဝိညာဏ်သောတဒွါရ | သဒ္ဒါရုံ | သောတဝိညာဏ်ဃာနဒွါရ | ဂန္ဓာရုံ | ဃာနဝိညာဏ်ဇိဝှါဒွါရ | ရသာရုံ | ဇိဝှါဝိညာဏ်ကာယဒွါရ | ဖေါဋ္ဌဗ္ဗာရုံ | ကာယဝိညာဏ်မနောဒွါရ | ဓမ္မာရုံ | မနောဝိညာဏ်

ဤ၌ မနောဓာတ်ကို မနောဒွါရ, ဓမ္မဓာတ်ကို ဓမ္မာရုံ ဟု ဆိုခြင်းသည်မုချကောက်ရိုး အားဖြင့် မဖြစ်နိုင်၊ ပရိယာယ် တစ်မျိုးဖြင့်သာ ကောက်ယူခြင်းဖြစ်သောကြောင့် "ဒွါရာရမဏ <mark>တဒုပ္ပန္န</mark> ပရိယာယေန" ဟု ပရိယာယ သဒ္ဒါထည့်စွက်၍ မိန့်မြွက်ရလေသည်။ [အကျယ်ကို ဘာသာဋီကာမှာရှု။ ]

၁၁။ သစ္စာ ၄ပါး။။ဒုက္ခံတေဘူမကံ ၊ ပေ ၊ လောကုတ္တရောမတော"ဤ ဂါထာဖြင့် သစ္စာ ၄ ပါး၏ တရားကိုယ်ကို ပြသည်။
