## Trang 236

ဒုက္ခိတေဘူမကံ — <mark>ကာ</mark>မ ရူပ အရူပဘုံ ၃ ပါး၌ အကျုံးဝင်သော တရားများသည့် ဒုက္ခသစ္စာ မည်၏၊ ဤ တေဘူမက တရား ဟူသည်လည်း လောကီတရားများပင်တည်း၊ သို့သော် တဏှာ (လောဘ) ကို သီးခြား ဆိုလတ္တံ့ဖြစ်၍ကြဉ်ရမည်၊ ထို့ကြောင့် "လောကီစိတ် <mark>၈၁</mark>၊ လောဘ ကြဉ်သော စေတသိက်၅၁၊ ရုပ် <mark>၂၈</mark> သည့် ဒုက္ခသစ္စာမည်၏" ဟု မှတ်။တဏှာသမုဒယော — လောဘမူစိတ် ၈ ပါး၌ ယှဉ်သော တဏှာ(လောဘ) သည် သမုဒယ သစ္စာတည်း။နိရောဓောနာမနိဗ္ဗာနံ'နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏။<mark>မဂ္ဂါနေ</mark>'လောကုတ္တရော'လောကုတ္တရာမဂ် ဟု သာမည ဆိုသော်လည်းမဂ်စိတ် ၄ ခု၌ရှိသော မဂ္ဂင်တရားကိုယ် ၈ ပါးသာ မဂ္ဂသစ္စာ မည်သည်။[မဂ်စိတ် ၄ ခု၌ စေတသိက် ၃၆ ယှဉ်ရာ၊ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ စသောမဂ္ဂင် ၈ ပါး၏ တရားကိုယ် <mark>ဖြစ်ကုန်သော</mark> ပညာ ဝိတက် ဝိရတိ ၃၊ ဝီရိယ သတိသမာဓိများ ပါ၏။ ထို တရားကိုယ် ၈ ပါးသည့် မဂ္ဂသစ္စာ မည်၏ ဟူလို၊ဖိုလ်စိတ်၌ မဂ္ဂင် တရားကိုယ်များ ယှဉ်၏။ သို့သော် နိဗ္ဗာန် ရောက်ဘို့ရာအကြောင်း (လမ်း) မဟုတ်၊ မဂ်၏ အကျိုးတရား ဖြစ်သောကြောင့် နိဗ္ဗာနဂါမိနိပဋိပဒါ ခေါ်သော အရိယသစ္စာတွင် (<mark>ဝါ</mark> – မဂ္ဂသစ္စာတွင်) မပါဝင် နိုင်ချေ။]

---

တဏှာအစစ် တရာ့ရှစ်။ ။ "တဏှာသုံးတန်၊ အရင်းခံ၊ အာ'<mark>ကာ</mark>သန် – ဖြင့် မြှောက်" နှင့် အညီ၊ တဏှာသမုဒယော'အရ တဏှာ အစစ်တရာ့ရှစ် ဟု ပြောဆိုရိုးရှိ၏၊ <mark>ကာ</mark>မတဏှာ ဘဝတဏှာ ဝိဘဝတဏှာ ဟုတဏှာ ၃ မျိုးကိုတည်၊ ထိုတဏှာ ၃ မျိုးက အာရုံ ၆ မျိုးကို အာရုံပြုသောကြောင့် (အာ) အာရုံ ၆ ပါးဖြင့် မြှောက်၊ <mark>၁၈</mark> တည်း၊ ထို တဏှာ <mark>၁၈</mark> မျိုးလုံးသည့် အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလ ၃ ပါး၌ရှိသော အာရုံတို့ကိုအာရုံပြု၍ ဖြစ်ရကား (ကာ) ကာလ ၃ ပါးဖြင့် မြှောက်၊ ၅၄ ဖြစ်၏၊ ထို၅၄ ပါးလုံးပင် မိမိသန္တာန်ကို အာရုံပြု၍၎င်း၊ သူများသန္တာန်ကို အာရုံပြု၍၎င်း ဖြစ်ရကား (သန်) သန္တာန် ၂ ပါးဖြင့်မြှောက်၊ <mark>၁၀၈</mark> ဖြစ်၏။ [ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ၏ အကြောင်းကို ဘာသာဋီကာမှာ ရှူ။]

၁၂။ သစ္စဝိမုတ်။ ။မဂ္ဂယုတ္တာ ၊ပေ ၊ စတုသစ္စဝိနိဿဇ္ဇာ-ဤဂါထာဤ ပါဒကား သစ္စဝိမုတ် (သစ္စာမှလွတ်သော) တရားတို့ကို ပြသော စကားရပ်တည်း။<mark>ပရမတ္ထ</mark> ၄ ပါးတွင် လောကီစိတ် စေတသိက်နှင့် နိဗ္ဗာန်သည့်၎င်း၊ မဂ်စိတ်နှင့်ယှဉ်သော မဂ္ဂင် ၈ ပါးသည်၎င်း၊ အသီးအသီး သစ္စာမည်ကြလေပြီ၊မဂ်စိတ် ၄ တွင် တပါးပါးလျှင် စေတသိက် ၃၆ စီ ယှဉ်ရာ၊ မဂ္ဂင်တရားကိုယ်၈ ပါးကို နှုတ်လိုက်က <mark>၂၈</mark> စီသာ ကျန်တော့၏၊ ထို့ကြောင့် သောတာပတ္တိမဂ်စိတ် ၁၊ စေတသိက် <mark>၂၈</mark>၊ ပေါင်း (မဂ်စိတ္တုပ္ပါဒ်) <mark>၂၉</mark> သည့် သစ္စာအရေအတွက်မှလွတ်၏၊ ထိုအတူ သကဒါဂါမိမဂ် စိတ္တုပ္ပါဒ် <mark>၂၉</mark>၊ အနာဂါမိမဂ်စိတ္တုပ္ပါဒ် <mark>၂၉</mark>၊ အရဟတ္တမဂ်စိတ္တုပ္ပါဒ် ၂၉ သည့် သစ္စဝိမုတ်ချည့်တည့်း၊[မာတိကာ အကော်၌ကား ၂၉ လေးလီကို (စိတ်ချင်း စေတသိက်ချင်း)သဘောတူ ပေါင်း၍ မဂ်စိတ္တုပ္ပါဒ် ၂၉ ဟု သာမည ဆိုထားသည်။]

---

## Trang 237

အဘိဓမ္မတ္ထသင်္ဂဟေ-၌ သမုစ္ဆယ သင်္ဂဟဝိဘာဂေါနာမ-သမုစ္စယသင်္ဂဟဝိဘာဂမည်သော၊ သတ္တမေ-ခုနစ်ပိုင်းတို့၏ပြည့်ကြောင်းဖြစ်သော၊ ပရိစ္ဆေဒေါ-သည်၊ ဣတိ-ပြီးပြီ။သုတ္တန်နည်း။

"<mark>စတုသစ္စဝိနိမုတ္တော ကောစိနာမ</mark> နတ္ထိ" (သစ္စာ၄ ပါးမှ လွတ်သော သိကွယ် တရားမည်သည် မရှိ) ဟူသော အဋ္ဌကထာများ၏ စကားအရ ဆိုလျှင် <mark>ပရမတ္ထ</mark>တရား အားလုံးကို သစ္စာ ၄ ပါး၌ ထိုက်သလို သွင်းရလိမ့်မည်၊ ထို့ကြောင့် ဖိုလ်စိတ်၌ယှဉ်သော မဂ္ဂင် တရားကိုယ်(ပညာဝိတက်စသည်) ၈ ပါးကို မဂ္ဂင်ချင်း တူသောကြောင့် (သဒိသူပစာရနည်းအားဖြင့်) မဂ္ဂသစ္စာ၌ သွင်းရာ၏၊ ကြွင်းသော မဂ်စိတ္တုပ္ပါဒ် ၂၉၊ ဖိုလ်စိတ္တုပ္ပါဒ် ၂၉ ကို (သဗ္ဗေသင်္ခါရာ ဒုက္ခာ – အရ သင်္ခါရတရားတွင် ပါဝင်သဖြင့် သင်္ခါရဒုက္ခ ဖြစ်သောကြောင့်) ဒုက္ခသစ္စာတွင်း၌ သွင်းယူရာ၏။

[ဆောင်] ဖိုလ်စိတ်ယှဉ်ထ၊ မဂ္ဂင်္ဂကို၊ မဂ္ဂသွင်း၊ ကြွင်းသည့် မဂ်ဖိုလ်၊စိတ္တုပ်ကိုကား၊ ထိုထိုဒုက္ခ၊ သင်္ခါရမို့၊ ဒုက္ခသစ္စာ၊ သွင်းယူရာသည်၊ နည်းလာ သုတ္တန် သဘောတည်း။

ဣတိ ပဉ္စပဘေဒေန – အရ ငါးပါး အပြားကား ခန္ဓ-ဥပါဒါနက္ခန္ဓ-အာယတန-ဓာတု-အရိယသစ္စာ အခဏ်းတို့တည်း။

လေ့ကျင့်ခဏ်း မေးခွန်းများ

က။ အဘယ့်ကြောင့် သဗ္ဗသင်္ဂဟ ဟု ခေါ်သနည်း။ခ။ ခန္ဓသဒ္ဒါသည် အဘယ်အနက်ကို ဟောသနည်း။ဂ။ ခန္ဓ'ဥပါဒါနက္ခန္ဓ ဟု အဘယ်အကျိုးငှါ ၂ မျိုး ခွဲရသနည်း၊ လင်္ကာထောက်ပါ။ ["ခန္ဓ-ဥပါဒါနက္ခန္ဓ အထူးကို ပြပါ"ဟု မေးလျှင်လည်းဖြေတူပင်တည်း။]ဃ။ ခန္ဓာ ၅ ပါး၏နာမည်နှင့် တရားကိုယ်ကို တွဲစပ်ပြပါ။င။ ဥပါဒါနက္ခန္ဓာ၏ နာမည်နှင့် တရားကိုယ်ကို တွဲစပ်ပြပါ။စ။ အာယတန ၁၂ ပါး၏ နာမည်နှင့် တရားကိုယ်ကို တွဲစပ်ပြပါ။ဆ။ အဘယ့်ကြောင့် အာယတန ၁၂ ပါး ဖြစ်နိုင်သနည်း၊ သင်္ဂြိုဟ်ထောက်ပါ။ဇ။ ဓာတ် <mark>၁၈</mark> ပါး၏ နာမည်နှင့် တရားကိုယ်ကို တွဲစပ်ပြပါ။ည။ အဘယ့်ကြောင့် ဓာတ် ၁၈ ပါး ဖြစ်နိုင်သနည်း၊ သင်္ဂြိုဟ်ထောက်ပါ။ဋ။ သစ္စာလေးပါး၏နာမည်နှင့် တရားကိုယ်ကို ယှဉ်စပ်ပြပါ။ဌ။ သစ္စဝိမုတ် တရားကိုလည်း ထုတ်ပြပါ။ဍ။ <mark>စတုသစ္စဝိနိမုတ္တော ကောစိနာမ</mark> နတ္ထိ – အရ ထို သစ္စာဝိမုတ် တရားများကို ရထိုက်သော သစ္စာတွင်း၌ သွင်းပြပါ။ဎ။ နိဗ္ဗာန်ကို အဘယ့်ကြောင့် ခန္ဓာ မဖွဲ့ရသနည်း၊ သင်္ဂြိုဟ်ထောက်ပါ။ဏ။ ဘေဒါဘာဝေန-၌ ဘေဒအရ ၁၁ ပါး အပြားကို ရေတွက်ပါ။သမုစ္စည်းပိုင်း နိဿယနှင့် အဓိပ္ပါယ်ပြီးပြီ။တ။ ဝေဒနာ ၁ပါးထည်းကို ခန္ဓာဖွဲ့ရာ၌ အဘယ်သို့ စုပုံမည့်နည်း။

---

## Trang 238

ပစ္စည်းပိုင်း နိဿယ

ယေသံ<mark>သင်္ခတ</mark>ဓမ္မာနံ – အကြင် <mark>သင်္ခတ</mark> ပစ္စယုပ္ပန်ပဋိညာဉ်တရားတို့အား၊ ယောဓမ္မာ - အကြင် <mark>သင်္ခတ</mark>၊အ<mark>သင်္ခတ</mark>၊ ပညတ်ဟူသော ပစ္စည်းတရား တို့သည်၊ ယထာ-အကြင်အကြင် ဟေတုသတ္တိ <mark>အာရမ္မဏသတ္တိ</mark> အစရှိသောအခြင်းအရာဖြင့်၊ ပစ္စယာ-ကျေးဇူးပြုတတ်ကုန်၏၊ တံဝိဘာဂံ-ထိုပစ္စည်း၊ ပစ္စယုပ္ပန်၊ ကျေးဇူးပြုဟန် သတ္တိအပြားကို၊ ဟ-ဤ ပစ္စယသင်္ဂဟ၌၊ ဣဒါနိ – ယခု အခါ၌၊ ယထာရဟံ – ထိုက်သည်အားလျော်စွာ၊ ပဝက္ခာမိ-ဆိုပေအံ့။

ပစ္စည်းပိုင်း အဓိပ္ပါယ်

"ပစ္စည်း ပစ္စယုပ္ပန်တို့ကို ပြရာ အပိုင်းကို 'ပစ္စည်းပိုင်း' ဟု ခေါ်သည်။

ပစ္စယ'-ဟူသော ပါဠိကို မြန်မာလို"ပစ္စည်း"ဟု ခေါ်၏၊ အဓိပ္ပါယ်မှာ-ဆိုင်ရာ အကျိုးများ၏ "အကြောင်း" ဟူလို၊ ယခုလောက၌ "ပစ္စည်း"ခေါ်ဝေါ်ရသော ရွှေ ငွေ စသော ဥစ္စာသည် ဥစ္စာရှင်အား ဆိုင်ရာအကျိုးကိုပေးသကဲ့သို့၊ ထို့အတူ ဆိုင်ရာအကျိုးကို ပေးတတ်သော အကြောင်းတရားကိုပစ္စယ၊ <mark>ဝါ</mark>-ပစ္စည်း" ဟု ခေါ်ဝေါ်ရပေသည်။

ပစ္စယုပ္ပန်'ယခင် အကြောင်းတရားကြောင့် ဖြစ်ရသော အကျိုးတရားကိုပါဠိလို ပစ္စယုပ္ပန္န၊ မြန်မာလို ပစ္စယုပ္ပန်ဟု ခေါ်သည်။ [ပစ္စယတော+ဥပ္ပန္နံ= ပစ္စယုပ္ပန္နံ၊ ပစ္စယတော = အကြောင်းတရားကြောင့် -- ဥပ္ပန္နံ =ဖြစ်သော အကျိုးတည်း။] အချုပ်ကား – ပစ္စည်း ဟူသည့် အကြောင်းတရား တည်း၊ပစ္စယုပ္ပန်ဟူသည့် အကျိုးတရားတည်း။

ပဋိညာဉ်။ ။ယေသံ<mark>သင်္ခတ</mark>၊ပေ၊ယထာရဟံ ဂါထာသည် ပဋိညာဉ်ကို ပြသော ဂါထာတည်း၊ "ယခုအခါ ဤ ပစ္စယသင်္ဂဟ၌ ပစ္စည်းတရား၊ပစ္စယုပ္ပန်တရား၊ ကျေးဇူးပြုပုံ သတ္တိအပြားကို ပြဆိုမည်" ဟူလို၊ "ယေသံ<mark>သင်္ခတ</mark>ဓမ္မာနံ" ဖြင့် ပစ္စယုပ္ပန်တရားကို ပြ၏၊ "<mark>သင်္ခတ</mark>ဓမ္မာနံ"ဟု ဆိုသောကြောင့် ပစ္စယုပ္ပန် မှန်လျှင် <mark>သင်္ခတ</mark> တရားချည်းသာ (အ<mark>သင်္ခတ</mark> ပညတ်များမပါ) ဟု မှတ်။ [ကံ စိတ် ဥတု အာဟာရနှင့် အာရုံစသော အကြောင်းတို့ပြုစီရင်အပ်သော စိတ် စေတသိက် ရုပ်တရားကို "<mark>သင်္ခတ</mark>" ဟုခေါ်သည်။]

"ယေဓမ္မာ" ဖြင့် ပစ္စည်းတရားကို ပြ၏။ "ယေဓမ္မာ" ဟု သာမညဆိုသောကြောင့် ပစ္စည်းတရား၌ ယခင် <mark>သင်္ခတ</mark> တရား၊ အ<mark>သင်္ခတ</mark> ဖြစ်သောနိဗ္ဗာန်တရားနှင့် ပညတ်တရားမျိုးများ ပါဝင်ကြလေသည်၊ "ယထာ" ဖြင့်ဟေတုသတ္တိ <mark>အာရမ္မဏသတ္တိ</mark> စသော ၂၄ ပစ္စည်းတို့၏ ကျေးဇူး ပြုနိုင်သောအခြင်းအရာသတ္တိကို ပြသည်။

ပစ္စယာ — လောကဝယ် "အထက်လူကြီးက အောက် လူငယ်အားကျေးဇူး ပြုထားသည်"ဟု ဆိုရာ၌ (၁) အခြေအနေ မရှိသေးသော လူငယ်အား အခြေအနေဖြစ်အောင် တည့်ထောင် ပေးခြင်းနှင့်၊ (၂) ရှိပြီးသောအခြေအနေကို တည်တန့်အောင် <mark>ထောက်ပံ့</mark> ပေးခြင်းကို "ကျေးဇူးပြုထားသည့်" ဟု ဆိုရသကဲ့သို့၊ ထို့အတူ "ပစ္စည်းတရားတို့က ပစ္စယုပ္ပန် တရားတို့အား ကျေးဇူးပြုသည်" ဟု ဆိုရာ၌ (၁) မဖြစ်သေးသော ပစ္စယုပ္ပန်တရားကိုဖြစ်စေခြင်း၊ (၂) ဖြစ်ပြီးသော ပစ္စယုပ္ပန်တရားကို တည်တန့်အောင် <mark>ထောက်ပံ့</mark>ခြင်းကို "ကျေးဇူးပြုသည့်" ဟု ခေါ်သည်။

[ဆောင်] ဖြစ်စေ-တည့်စေ၊ ဤနှစ်ထွေ၊ ခေါ်လေ ကျေးဇူးပြု။

"တံဝိဘာဂ"၌ တံ၏ အနက်ကို "ယေသံ-ယေဓမ္မာ-ယထာ" ဟုယ ၃ မျိုး အရကို ပြန်၍ စွဲယူရသည်၊ ဝိဘာဂသဒ္ဒါကား "ဝေဘန်အပ်သောအထူးအပြား" ဟု အနက်ထွက်၏။ ထို့ကြောင့် – "တံဝိဘာဂံ' ထို ပစ္စည်းပစ္စယုပ္ပန် ကျေးဇူးပြုဟန် သတ္တိအပြားကို" ဟု အနက် ဆိုပေသည်။

---

## Trang 239

<mark>ပဋိစ္စသမုပ္ပါဒ</mark>နယော – <mark>ပဋိစ္စသမုပ္ပါဒ</mark>်နည်း၎င်း၊နည်း ၂ ပါးနှင့်ထူးခြားပုံ <mark>ပဋ္ဌာန</mark>နယောစ-<mark>ပဋ္ဌာန</mark>်းနည်း၎င်း၊ ဣတိ-ဤသို့၊ပစ္စယ သင်္ဂဟေ- ပစ္စယသင်္ဂဟကို၊ ဒုဝိဓော-နှစ်ပါး အပြားရှိ၏ ဟူ၍၊ ဝေဒိတဗ္ဗော - သိအပ်၏၊ တတ္ထ-နည်း ၂ ပါးနှင့် ထူးခြားပုံ။ ။"<mark>ပဋိစ္စသမုပ္ပါဒ</mark>နယော ၊ပေ ၊ ဝေဒိတဗ္ဗော" ဖြင့် နည်း ၂ ပါး ရှိကြောင်းကို ပြ၏၊ "တတ္ထ ၊ပေ ၊ ပဝုစ္စတိ"ဖြင့်ထို နည်း ၂ ပါး၏ ထူးခြားပုံကို ပြ၏၊ ထူးခြားပုံကို ရှေးဦးစွာ ပါဠိတော်ရင်းဖြင့် ရှင်းလင်းဦးအံ့။

"အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ ၊ပေ ၊ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ"....ဤကား <mark>ပဋိစ္စသမုပ္ပါဒ</mark>် ပါဠိတော်တည်း။

"ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စရူပါနံ ဟေတုပစ္စယေန ပစ္စယော"...ဤကား <mark>ပဋ္ဌာန</mark>်းပါဠိတော်တည်း။

<mark>ပဋိစ္စသမုပ္ပါဒ</mark>် ပါဠိတော်၌...."အဝိဇ္ဇာပစ္စယာ"ဖြင့် ပစ္စည်းတရားကိုပြ၏၊ "သင်္ခါရာ"ဖြင့် ပစ္စယုပ္ပန်တရားကို ပြ၏၊ "သင်္ခါရပစ္စယာ" ဖြင့်ပစ္စည်းကိုပြ၏၊ "ဝိညာဏံ"ဖြင့် ပစ္စယုပ္ပန်ကိုပြ၏၊ ဤသို့ ပစ္စည်းနှင့် ပစ္စယုပ္ပန်လောက်ကိုသာ ပြသည်၊ "မည်သည့် ပစ္စယသတ္တိဖြင့် ကျေးဇူးပြုသည့်" ဟုပစ္စယ သတ္တိထူးကို မပြချေ။

<mark>ပဋ္ဌာန</mark>်းပါဠိတော်၌...."ဟေတူ"ဖြင့် ပစ္စည်းကိုပြ၏။ "ဟေတုသမ္ပယုတ္တကာနံ၊ပေ၊ရူပါန" ဖြင့် ပစ္စယုပ္ပန်ကိုပြ၏၊ "ဟေတုပစ္စယေန"ဖြင့် ဟေတုပစ္စယသတ္တိကိုပြ၏၊ ဤသို့ ပစ္စည်း ပစ္စယုပ္ပန်သာမက၊ ပစ္စယ သတ္တိထူးကိုလည်းသေသေချာချာ <mark>ထုတ်ဖော်</mark>၍ ပြသည်၊ ဤကား ပါဠိတော်ရင်းဖြင့် ရှင်းလင်းချက်တည်း၊ ဤ ရှင်းလင်းချက်ကို သတိထား၍ သင်္ဂြိုဟ်စာသွားကို စဉ်းစားရလိမ့်မည်။

ထို နည်းနှစ်ပါး တို့တွင်၊ တမ္ဘာဝဘာဝီ<mark>ဘာဝါကာရမတ္တောပ</mark>လက္ခိတေ-ထို အဝိဇ္ဇာအစရှိသော ပစ္စည်းတရားတို့၏ဖြစ်ခြင်းကြောင့်၊ ဖြစ်လေ့ရှိသော သင်္ခါရ အစရှိသော ပစ္စယုပ္ပန်တရားတို့၏၊ ဖြစ်ပုံ အခြင်းအရာလောက်မျှဖြင့်၊ မှတ်သားအပ်သောနည်းသည်၊ <mark>ပဋိစ္စသမုပ္ပါဒ</mark>နယေ- <mark>ပဋိစ္စသမုပ္ပါဒ</mark>်နည်း မည်၏။<mark>ပဋ္ဌာန</mark> နယော ပန – <mark>ပဋ္ဌာန</mark>်းနည်းကိုကား၊ အာဟစ္စပစ္စယဋ္ဌိတိ - အထူးပြု၍ ဖြစ်သော ပစ္စယသတ္တိကို၊ <mark>အာကာရ</mark> – အစွဲ-တာဝဘာဝိ၊ ပေ ၊ <mark>ပဋိစ္စသမုပ္ပါဒ</mark>နယာ —-[တမ္ဘာဝ=ထို၏ဖြစ်ခြင်း၊] "တမ္ဘာဝ" ပါဌ်ဖြင့် "အဝိဇ္ဇာပစ္စယာ၊ သင်္ခါရပစ္စယာ" စသောပစ္စည်းတရားများကို ပြသည်၊ ထို့ကြောင့် "တမ္ဘာဝ-ထို အဝိဇ္ဇာအစရှိသောပစ္စည်းတရားတို့၏ ဖြစ်ခြင်း" ဟု အနက် မှတ်။

"ဘာဝီ" ပါဌ်ဖြင့် – "သင်္ခါရာ၊ဝိညာဏံ" စသော ပစ္စယုပ္ပန် တရားများကို ပြသည်၊ ထို့ကြောင့် "ဘာဝီ'ဖြစ်လေ့ရှိသော အကျိုးတရား" ဟု အနက်မှတ်။

ဘာ<mark>ဝါ</mark>ကာရ — [ဘာဝ+<mark>အာကာရ</mark>] ဖြစ်ပုံအခြင်းအရာ၊ ဤပါဠ်ဖြင့်အဆုံးက "သမ္ဘဝ န္တိ" ကြိယာကို ရည်ရွယ်သည်၊ မတ္တသဒ္ဒါကား ဧဝသဒ္ဒါ၏ပရိယာယ်တည်း၊ "မျှ=လောက်"ဟူသော အနက်ကို ဟော၏၊ သည်မျှသာ၊သည့်လောက်သာ ပြ၏။ – <mark>ပဋ္ဌာန</mark>်းနည်း ကဲ့သို့ ပစ္စယ သတ္တိကို မပြ" ဟုကန့်သည်။

ပဌာနနယော၊ ပေ၊ ပဝုစ္စတိ— အာဟစ္စသဒ္ဒါကား အာ ရှေးရှိသောဟနဓာတ် တွာပစ္စည်းတည်း၊ ဓာတ်တို့၏ အနက်များစွာကို ဟောနိုင်သောကြောင့် ဤ၌ – "အထူးပြု၍" ဟူသော အနက်ကို ဟော၏။

---

## Trang 240

ပြု၍၊ ပဝုစ္စတိ – ဟောတော်မူအပ်၏။ [ပန – အမှာစကားချပ်၊ညှပ်လိုက်ချူးအံ့၊ ဥဘယံ – နည်း နှစ်ပါးကို၊ ဝေါမိတွာ-ရောနှော၍၊ အာစရိယာ-အဋ္ဌကထာဆရာတို့သည်၊ ပပဉ္စ န္တိ-ချဲ့ပွင့်ကြကုန်၏။

ပစ္စယဋ္ဌိတိ၌ <mark>ဌိတိသဒ္ဒါ</mark>သည် "သတ္တိ" ဟူသော အနက်ကို ဟော၏၊"ပစ္စည်းတရားတို့၏ တည့်တည့်ကြောင်း သတ္တိ" ဟူလို၊ <mark>အာဟစ္စပစ္စယဋ္ဌိတိ</mark>ကိုမြန်မာလို တိုက်ရိုက် အနက်ပြန်လျှင် "အထူးဖြစ်သော ပစ္စယသတ္တိ၊ ဝါ-ပစ္စယသတ္တိထူး"ဟု အနက်ထွက်၏၊ ဟိတ်ခြောက်ပါးသည် ဟေတုသတ္တိထူးရှိ၏၊ အာရုံ ၆ ပါးသည့် <mark>အာရမ္မဏသတ္တိ</mark>ထူး ရှိ၏၊ ဤသို့ စသည်ဖြင့် ထိုထိုပစ္စယသတ္တိထူးကို "<mark>အာဟစ္စပစ္စယဋ္ဌိတိ</mark>" ဟု ခေါ်သည်။

ဤသို့လျှင် အကြောင်းပစ္စည်းဖြစ်ခဲ့သော် ဖြစ်လေ့ရှိသော အကျိုးပစ္စယုပ္ပန်တရားတို့၏ ဖြစ်ပုံ အခြင်းအရာလောက်မျှ ကိုသာ ပြ၍ (<mark>ပဋ္ဌာန</mark>်းနည်းကဲ့သို့)ပစ္စယ သတ္တိထူးကို မပြသော နည်းသည့် <mark>ပဋိစ္စသမုပ္ပါဒ</mark>် နည်းတည်း၊ ပစ္စည်းပစ္စယုပ္ပန်သာမက ပစ္စယသတ္တိကိုပါ ပြသော နည်းသည့် <mark>ပဋ္ဌာန</mark>်းနည်းတည်း-ဟု မှတ်။

[ဆောင်] ၁။ အကြောင်း ပစ္စယ၊ ဖြစ်တုံကမူ၊ ဖြစ်ကြလေရိုး၊ ကျိုးပစ္စယုပ္ပန်၊ ဖြစ်ဟန်လောက်မျှ၊ <mark>ထုတ်ဖော်</mark>ပြ၍၊ ပစ္စယသတ္တိမပြဘိ၊ မှတ်သိ ပဋိစ္စ-သမုပ္ပါဒ။၂။ ပစ္စည်း ပစ္စယုပ္ပန်၊ ဖြစ်ဟန်မက၊ ပစ္စယ၏၊ သတ္တိထူးလည်းတပါထည်း၊ ပြနည်း<mark>ပဋ္ဌာန</mark>။

ဥဘယံ ၊ပေ ၊ အာစရိယာ'ဤစကားကား <mark>ပဋိစ္စသမုပ္ပါဒ</mark> အဋ္ဌကထာဆရာကို စောင်းသော အမှာစကား ချပ်တည်း၊ ဝိဘင်းပါဠိတော်၌ ပဋိသမုပ္ပါဒဝိဘင်း ဟု ရှိ၏။ ထို ဝိဘင်းကို ဖွင့်ပြသော အဋ္ဌကထာ ဆရာသည့်<mark>ပဋိစ္စသမုပ္ပါဒ</mark>်နည်း သက်သက်ကိုသာ မဖွင့်ဘဲ၊ <mark>ပဋ္ဌာန</mark>်းနည်းကိုပါ ရောနှောထည့်သွင်းလျက်၊ [ပစ္စယော ဟောတိ ပုညာနံ ဒုဝိဓာ။ သာ – ထို အဝိဇ္ဇာသည်၊ ပုညာနံ – ပုညာဘိသင်္ခါရတို့အား၊ ဒုဝိဓာ – <mark>အာရမ္မဏ</mark> ဥပနိဿယဟူသော ၂ ပစ္စယသတ္တိဖြင့်၊ ပစ္စယော — ကျေးဇူးပြုသည်၊ ဟောတိ – ၏၊]စသည်ဖြင့် ဖွင့်ပြလေသည်။ "ငါတို့ (အရှင်အနုရုဒ္ဓါ)ကား နည်း ၂ပါးကိုခွဲခြား၍ ဖွင့်ပြမည်" ဟူလို။

လေ့ကျင့်ခဏ်း မေးခွန်းများ

က။ အဘယ် အပိုင်းအခဏ်းကို ပစ္စည်းပိုင်းဟု ခေါ်သနည်း။ခ။ အဘယ်တရားကို ပစ္စယ-ဝါ ပစ္စည်း ဟု ခေါ်သနည်း။ဂ။ အဘယ်တရားကို ပစ္စယုပ္ပန္န-ပစ္စယုပ္ပန် ဟု ခေါ်သနည်း။ဃ။ <mark>သင်္ခတ</mark>ဓမ္မာနံ၌ <mark>သင်္ခတ</mark> ဟူသည် အဘယ်တရားများနည်း။င။ <mark>သင်္ခတ</mark> အ<mark>သင်္ခတ</mark> ပညတ် ၃ မျိုးတွင်၊ ပစ္စည်းတရားသည့် အဘယ်အမျိုးများ ဖြစ်ထိုက်၍ ပစ္စယုပ္ပန်က အဘယ် အမျိုးများ ဖြစ်ထိုက်သနည်း၊ဆိုင်ရာပါဌ်ကို ထောက်ပါ။စ။ ပစ္စယာ-အရ "ကျေးဇူးပြု"ဟူသည် အဘယ်နည်း။ဆ။ တမ္ဘာဝ-ဘာဝိ-ဘာဝါကာရမတ္တ-ပုဒ်တို့၏ အနက်ကို ခွဲပြပါ။မတ္တ-ဖြင့် ဘယ်အနက်ကို ပြ၍၊ ဘာကို ကန့်သနည်း။ဇ။ အာဟစ္စ ပစ္စယဋ္ဌိတိ၌ အာဟစ္စ၏ အနက် - ပစ္စယဋ္ဌိတိ အနက်ကို ပြပါ။ည။ အဘယ်နည်းကို <mark>ပဋိစ္စသမုပ္ပါဒ</mark>် ဟု ခေါ်သနည်း၊ လင်္ကာထောက်ပါ။ဋ။ အဘယ်နည်းကို <mark>ပဋ္ဌာန</mark>်းနည်း ဟု ခေါ်သနည်း၊ လင်္ကာထောက်ပါ။
