## Trang 241

တက္က'ထို နည်းနှစ်ပါးတို့တွင်၊ အဝိဇ္ဇာပဋိစ္စသမုပ္ပါဒ်နည်းပစ္စယာ-သစ္စာလေးတန်၊ <mark>ပုဗ္ဗန္တ</mark> – အပရန္တ၊ ထိုနှစ်ဝနှင့်၊ ပဋိစ္စသမုပ္ပါဒ်၊ ဤရှစ်ရပ်ကို မပြတ်ပိတ်ကာ၊အဝိဇ္ဇာ ဟူသော အကြောင်းကြောင့်၊ သင်္ခါရာ - ပုညာပုည၊ အာ၊ သုံးဝအပြား၊ သင်္ခါရတရားတို့သည်၊ <mark>သမ္ဘဝန္တိ</mark>ပဋိစ္စသမုပ္ပါဒ်နည်း အဓိပ္ပါယ်။ အဝိဇ္ဇာပစ္စယာ-သိထိုက်သည်ကိုမသိ၊ မသိထိုက်သည်ကိုသာ သိသောတရားကို "အဝိဇ္ဇာ" ဟု ခေါ်၏၊[အ+ဝိဇ္ဇာ၊ အ ဆန့်ကျင်ဘက်+ဝိဇ္ဇာ = <mark>ဉာဏ်</mark>၊ "<mark>ဉာဏ်</mark>၏ ဆန့်ကျင်ဘက်တရား" ဟူလို၊ ] တရားကိုယ်မှာ အကုသိုလ်စိတ် ၁၂ ၌ ယှဉ်သောမောဟတည်း။-"ထို အဝိဇ္ဇာမည်သော မောဟသည် ၁-ဒုက္ခသစ္စာ၊ ၂-သမုဒယသစ္စာ၊၃-နိရောဓသစ္စာ၊ ၄-မဂ္ဂသစ္စာ၊ ဤ ၄ ပါးကို မသိအောင် ဖုံးလွှမ်းတတ်၏၊၅-အတိတ်က ဖြစ်ခဲ့သော ခန္ဓာ အာယတန ဓာတ် အဘို့အစုကို "<mark>ပုဗ္ဗန္တ</mark>"ဟု ခေါ်၏၊ [ပုဗ္ဗ+အန္တ၊ ပုဗ္ဗ'ရှေး အတိတ်၌ ဖြစ်သော+အန္တ = အဘို့အစု၊ ] ၆-အနာဂတ်၌ ဖြစ်မည့် ခန္ဓာစသော အဘို့အစုကို "အပရန္တ" ဟုခေါ်၏၊ ၇-ထို ရှေ့နောက် ၂ ပါးကို "<mark>ပုဗ္ဗန္တ</mark>ာ ပရန္တ" ဟု ခေါ်၏၊ အဝိဇ္ဇာသည် ထို တရားတွေ၏ အမှန် သဘောကို ကောင်းစွာ မသိအောင် ဖုံးကွယ်၍ ထားသည့်၊ <mark>၈ – ဤ</mark> ပဋိစ္စသမုပ္ပါဒ် တရားတို့၏ အမှန်သဘောကိုလည်းကောင်းစွာမသိအောင် အဝိဇ္ဇာက ပိတ်ကာထားသည်။,,<mark>ဤ ၈ ပါး</mark>နှင့် စပ်ဆိုင်ရာကို မသိခြင်းသာ အဝိဇ္ဇာ ဟု ခေါ်၏၊ အလွန်<mark>ဉာဏ်</mark>ကြီးသူတို့၏ အရာဖြစ်သော အချက်များကို ပိုင်နိုင်စွာ မသိခြင်းမှာအဝိဇ္ဇာ မဟုတ်၊ မိမိ<mark>ဉာဏ်</mark>၏ သတ္တိ ညံ့မျှသာတည်း၊ ဥပမာ — နေ့လည်-နိဿယနှင့်အဓိပ္ပါယ်၄၇၃ဖြစ်ကုန်၏၊ သင်္ခါရပစ္စယာ – သင်္ခါရ ဟူသော အကြောင်းကြောင့်၊ ဝိညာဏံ – လောကီ သက်သက်၊ ဝိပါက် တရား၊သုံးဆဲ့နှစ်ပါးသော ဝိညာဏ်သည်၊ <mark>သမ္ဘဝတိ</mark>-ဖြစ်၏၊ ဝိညာဏကြောင်တောင်ဝယ် နေရောင်ရှိလျက် ခတ်ဝေးဝေးကို လှမ်း၍ မမြင်နိုင်ခြင်းသည် အမှောင်၏ ကာကွယ်မှုကြောင့် မဟုတ်၊ မိမိမျက်လုံး၏ မစူးရှမှုကြောင့်သာ ဖြစ်သကဲ့သို့တည်း။သင်္ခါရာသစ္တ န္တိ — ယခု ဘဝ၌ ကိုယ်မှ နှုတ်မှ စိတ်မှုများနှင့် နောက်ဘဝအတွက် အကျိုးဝိပါက်များကို ပြုစီမံတတ်သော တရားကို "သင်္ခါရ" ဟုခေါ်၏၊ တရားကိုယ်မှာ လောကီကုသိုလ် အကုသိုလ်စိတ်၌ ယှဉ်သော စေတနာ ၂၉ တည်း၊ ဤ သင်္ခါရတို့သည် အဝိဇ္ဇာကြောင့် ဖြစ်ကုန်၏။ထိုတွင် <mark>မဟာကုသိုလ် ၈</mark>၊ ရူပကုသိုလ် ၅ ၌ ယှဉ်သော စေတနာ ၁၃ ကို"ပုညာဘိသင်္ခါရ" ဟု ခေါ်၏၊ [ ပုည + အဘိသင်္ခါရ၊ "ပုည == ကုသိုလ်ဖြစ်သော + အဘိသင်္ခါရ = ပြုစီမံတတ်သောတရား။ သင်္ခါရ နှင့် အဘိသင်္ခါရသည် အနက်တူ၏။ အကုသိုလ်စိတ် ၁၂ ၌ ယှဉ်သော စေတနာကိုအပုညာဘိသင်္ခါရ ဟု ခေါ်၏၊ <mark>အရူပကုသိုလ်</mark>စိတ် ၄ ၌ ယှဉ်သော စေတနာကို အာနေဉ္စာဘိသင်္ခါရ ဟု ခေါ်၏၊ [ အာနဉ္စသဒ္ဒါသည် မတုန်မလှုပ်ခြင်း-အနက်ကို ဟော၏၊ အရူပတရားများသည် သမာဓိ အားကောင်းရကားဆန့်ကျင်ဘက် တရားတို့ကြောင့် လှုပ်ရှားမယိုင် မြဲခိုင်သည့်အတွက် အာနေဉ္စမည်ကုန်၏။]သင်္ခါရပစ္စယာဝိညာဏံ − သင်္ခါရကြောင့် <mark>ဝိညာဏ်</mark>ဖြစ်ရာ၌ <mark>ဝိညာဏ်</mark>အရ ပဋိသန္ဓေ ပဝတ္တိအခါ၌ ထိုက်သင့်သလိုဖြစ်သော လောကီဝိပါက်စိတ်၃၂ ပါးကိုသာ ယူ၊ ထိုတွင် ပုညာဘိသင်္ခါရကြောင့် <mark>အဟိတ်ဝိပါက် ၈</mark>၊ မဟာဝိပါက် ၈၊ ရူပဝိပါက် ၅၊ ပေါင်း ၂၁ ပါးသော <mark>ဝိညာဏ်</mark>ဖြစ်၏၊ အပုညာဘိသင်္ခါရကြောင့် အကုသလဝိပါက်<mark>ဝိညာဏ်</mark> ၇ ဖြစ်၏၊ အာနေဉ္စာဘိ သင်္ခါရ၆ဝ

---

## Trang 242

ပစ္စယာ - ရှေးရှေးဘဝ၊ ကမ္မ<mark>ဝိညာဏ်</mark>၊ ပစ္စုပ္ပန်တွက်၊ ဝိပါက်<mark>ဝိညာဏ်</mark>၊ ဟူသော အကြောင်းကြောင့်၊ နာမရူပံ - ဝိပါက်ယှဉ်ဘိ၊ စေတသိက၊ ကမ္မဇဟု၊ နာမ်ရုပ်အစုသည်၊ <mark>သမ္ဘဝတိ</mark>-ဖြစ်၏၊ နာမရူပပစ္စယာ'နာမ်ရုပ်ဟူသော အကြောင်းကြောင့်၊-ကြောင့် အရူပဝိပါက်<mark>ဝိညာဏ်</mark> ၄ ဖြစ်၏။ [ဝဋ်တရားတို့၏ လည်နေပုံကိုပြသော အရာဖြစ်၍ လောကုတ္တရာဝိပါက်<mark>ဝိညာဏ်</mark>ကို မကောက်ထိုက်။]ဝိညာဏပစ္စယာ နာမရူပံ – ဝိညာဏပစ္စယာ၌ <mark>ဝိညာဏ်</mark> အရဝယ်-ရှေးရှေးဘဝက ဖြစ်ခဲ့သော ကမ္မ<mark>ဝိညာဏ်</mark>နှင့် ယခု ပစ္စုပ္ပန်မှာဖြစ်သော ဝိပါက်<mark>ဝိညာဏ်</mark>များကို ကောက်ယူရမည်။[စေတနာ တည်းဟူသော ကံနှင့် ယှဉ်သောစိတ်ကို ကမ္မ<mark>ဝိညာဏ်</mark>ဟု ခေါ်သည်၊ သင်္ခါရပစ္စယာ ဝိညာဏံ တုန်းကအကျိုး<mark>ဝိညာဏ်</mark>နှင့် ဤ ဝိညာဏပစ္စယာ၌ အကြောင်း<mark>ဝိညာဏ်</mark>၏ အရကော်ချင်း မတူသည်ကို သတိပြု။ ]နာမရူပံ၌ နာမအရဝယ် ဝိပါက် <mark>ဝိညာဏ်</mark>နှင့် ယှဉ်သော စေတသိက်များကို ကောက်၍၊ ရူပအရ ကမ္မဇရုပ်ကိုသာ ကောက်ယူရာ၏၊ ဤ နာမ်ရုပ်များသည် <mark>ဝိညာဏ်</mark>ကြောင့် ဖြစ်ကုန်၏။"အရူပဘုံ၌ နာမ်သာ ရှိ၏၊ အသညသတ် ဘုံ၌ ရုပ်သာ ရှိ၏၊ ပဉ္စဝေါကာရဘုံ၌ နာမ်ရုပ် ၂ ပါးလုံး ရှိ၏၊ ပဉ္စဝေါကာရ နာမ်ရုပ်တွင်လည်းရံခါနာမ်ကိုသာ၊ ရံခါ ရုပ်ကိုသာ၊ ရံခါ နာမ်ရုပ် ၂ ပါးလုံးကို <mark>ဝိညာဏ်</mark>ကကျေးဇူးပြု၏၊ ထို့ကြောင့် နာမရူပံ၌ – နာမဉ္စ ရူပဉ္စ <mark>နာမရူပဉ္စ</mark> နာမရူပံဟု <mark>ဧကသေသ</mark> ပြုထားသည်၊ နာမဉ္စ– (အရူပဘုံ၊ ရံခါ ပဉ္စဝေါကာရဘုံ၌)နာမ်လည်း၊ ရူပဉ္စ– (အသညသတ်ဘုံ၊ ရံခါ ပဉ္စဝေါကာရဘုံ၌) ရုပ်လည်း၊<mark>နာမရူပဉ္စ</mark>-(ပဉ္စဝေါကာရဘုံ၌)နာမ်ရုပ်လည်း၊ နာမရူပံ-နာမ်၊ ရုပ်၊ နာမ် ရုပ်၊-နိဿယနှင့်အဓိပ္ပါယ်၄၇၅<mark>သဠာယတန</mark>ံ-စက္ခာယတန၊ စသည်အပြား၊ ခြောက်ပါးသောအာယတန တရားသည်၊ <mark>သမ္ဘဝတိ</mark> - ဖြစ်၏၊ <mark>သဠာယတန</mark>-ပစ္စယာ – ခြောက်ပါးသော အာယတန ဟူသော အကြောင်းကြောင့်၊ <mark>ဖဿော</mark> – စက္ခုစသား၊ ခြောက်ပါးသော သမ္<mark>ဖဿ</mark>တရားသည်၊ <mark>သမ္ဘဝတိ</mark> = ဖြစ်၏၊ <mark>ဖဿ</mark>ပစ္စယာ--<mark>ဖဿ</mark>[ဤကား မှတ်နှင့်ရုံသာတည်း၊ အဋ္ဌကထာကြီးများ၌ <mark>ဝိညာဏ်</mark>အရ စိတ်အားလုံးကို ကောက်၍၊ နာမအရ စိတ်အားလုံးနှင့် ယှဉ်သော စေတသိက်အားလုံး၊ ရူပအရ စတုဇရုပ်အားလုံးကို ကော်သည်၊ အဋ္ဌကထာအာဘော်နှင့်တကွ ကျေးဇူးပြုပုံကို ဘာသာဋီကာမှာ ရှု။နာမရူပပစ္စယာ <mark>သဠာယတန</mark>ံ'ဤ နာမရူပပစ္စယာ၌ နာမရူပ-အရဆိုခဲ့ပြီးသော နာမ်ရုပ်ကိုပင် ယူ၊ <mark>သဠာယတန</mark>၌ အာယတန ၆ ပါးကားစက္ခာယတန သောတ ဃာန ဇိဝှါ ကာယ မနာယတန တို့တည်း၊ ဤ၌လည်းမနာယတနအရငယ် လောကီဝိပါက်စိတ် ၃၂ ပါးကိုသာ ကောက်၊ အာယတန ၆ ပါးလုံးသည် ပဉ္စဝေါကာရ ဘုံ၌သာ ရှိ၍ အရူပဘုံ၌ ၆ ခု မြောက်သော မနာယတန တပါးသာ ရှိရကား "<mark>သဠာယတန</mark>ဉ္စ ဆဋ္ဌာယတန<mark>သဠာယတန</mark>ံ" ဟု <mark>ဧကသေသ</mark> ပြုရပြန်သည်၊ သဋ္ဌာယတနဉ္စ-ခြောက်ပါးသောအာယတနလည်း၊ ဆဋ္ဌာယတနဉ္စ'(အရူပဘုံအတွက်) ၆ ခု မြောက်သောမနာယတနလည်း၊ <mark>သဠာယတန</mark>ံ-၆ ပါးသော အာယတန၊ ၆ ခုမြောက်သောမနာယတန။,,<mark>သဠာယတန</mark>ပစ္စယာဖဿော—- <mark>သဠာယတန</mark> အရ ဆိုခဲ့ပြီးသောစက္ခာယတန စသော ၆ ပါးကို ယူ၊ [ ရူပါယတန စသော ၆ ပါးကိုလည်းတနည်း ကောက်ယူသေး၏၊ ] ဖဿနှင့် သမ္မဿမှာ အနက်တူ၏။ သမ္ဖဿ၆ ပါးကား စက္ခုသမ္ဖဿ၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ နောသမ္ဖဿ

---

## Trang 243

ဟူသော အကြောင်းကြောင့်၊ ဝေဒနာ-စက္ခုစသား၊ ခြေခံပါးသော သမ္ဖဿဇာဝေဒနာ တရားသည်၊ <mark>သမ္ဘဝတိ</mark> – ဖြစ်၏၊66-,,တို့တည်း၊ စက္ခာယတနကြောင့် ဖြစ်သော ဖဿကို "စက္ခုသမ္ဖဿ" ဟုခေါ်၏၊ သောတ သမ္မဿ စသည်၌လည်း ဤ နည်းတည်း၊ ဤ၌ ဖဿ အရလောကီဝိပါက် ၃၂ ၌ ယှဉ်သော ဖဿ စေတသိက်ကိုသာ ကောက်။ဖဿပစ္စယာဝေဒနာ − ဖဿ အရ ယခင် ဖဿများကို ယူ၊ ယခင်သမ္မဿကြောင့် ဖြစ်သော ဝေဒနာကို "သမ္မဿဇာဝေဒနာ" ဟု ခေါ်သည်၊[သမ္ပဿတော+ဇာတာ၊ သမ္ဖဿဇာ၊] ဝေဒနာ ၆ ပါးကား စက္ခုသမ္ဖဿ၆ဇာဝေဒနာ၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ မနောသမ္ဖဿ ဇာ ဝေဒနာတို့တည်း၊ ဤ၌လည်း ဝေဒနာအရ လောကီဝိပါက် ၃၂ ၌ ယှဉ်သော ဝေဒနာစေတသိက်ကိုသာ ကောက်။တရားကိုယ်ကောက်ပုံ <mark>အထူး</mark>။ ။ ပဋိစ္စသမုပ္ပါဒ်၌ ဟောပုံ နည်းသည် အဘိဓမ္မဘာဇနီယနည်း၊ သုတ္တန္တဘာဇနီယနည်း ဟု ၂ မျိုး ရှိ၏၊အဘိဓမ္မဘာဇနီယနည်း အလိုအားဖြင့် ဘယ်တရားမဆို ရနိုင်သမျှအားလုံးကို ကောက်ယူ၏၊ ဥပမာ-ဝိညာဏအရ စိတ် <mark>၈၉</mark> ကို ကောက်၏၊ ဖဿအရ <mark>ရှေ့စိတ်</mark> အားလုံးနှင့် ယှဉ်သော ဖဿ အားလုံးကို ကောက်၏၊ ဓာတုကထာ စသည်၌ ဤ နည်း အတိုင်း ကောက်သည်၊ ထို အဘိဓမ္မာနည်း အလိုအားဖြင့် ပဋိစ္စသမုပ္ပါဒ် ဒင်္ဂါ ၁၂ ပါးကို "အတီတေ ဟေတဝေါ ပဉ္စဣဒါနိဖလပဉ္စကံ" စသည်ဖြင့် အကြောင်းအကျိုး ခွဲပြရန်လည်း မလိုချေ၊ ခွဲ၍လည်းမဖြစ်။သုတ္တန်နည်း၌ အတိတ်အကြောင်း ၅ ပါး၊ ပစ္စုပ္ပန်အကျိုး ၅ ပါး စသည့်ဖြင့် ခွဲပြရမည် ဖြစ်၍ သင်္ခါရပစ္စယာ ဝိညာဏံ၌ <mark>ဝိညာဏ်</mark>အရ၊ သဠယတန၌မနာယတန အရ အကျိုးဖြစ်သော လောကီ ဝိပါက်စိတ်ကိုသာ ကောက်၍နိဿယနှင့်အဓိပ္ပါယ်၄၇၇ဝေဒနာပစ္စယာ-ဝေဒနာဟူသော အကြောင်းကြောင့်၊ တဏှာ-ရူပ သဒ္ဒ၊ စသည်ခြေချယ်သွယ်၊ အကျယ်မြှောက်ပွား၊ တရာ့ရှစ်ပါးသော တဏှာတရားသည်၊ <mark>သမ္ဘဝတိ</mark> – ဖြစ်၏၊ တဏှာပစ္စယာ – တဏှာ ဟူသော အကြောင်းကြောင့်၊ ဥပါဒါနံ-နာမရူပံ၌ နာမအရနှင့် ဖဿဝေဒနာ အရ၌ကား ထို ဝိပါက်နှင့် ယှဉ်သောစေတသိက်နှင့် ဖဿဝေဒနာတို့ကိုသာ ထိုက်သလို ကောက်ယူရမည်၊ သို့မှ"ဖလပဉ္စက" ၌ ၎င်း ၅ ပါးကို ကောက်ယူလတို့နှင့် ညီမျှလိမ့်မည်။[ဆောင်] ဓာတုကထာကောက်၊ စသည့်ရောက်လျှင်၊ ဝိညာဉ်-နာမ၊မန-ဖဿ၊ ဝေဒနာတို့၊ ထွေရာအားလုံး၊ ကုန်သိမ်းကြုံး၍<mark>ထုံးအဘိဓမ္မာ</mark>၊ နည်းနာ အရ၊ ကော်သင့် လှ၏၊ သင်္ဂဟထွက်၊ဤကျမ်းတွက်ကား၊ ဝိပါက်ကိုသာ၊ ကောက်သင့်ရာသည်၊မှတ်ပါ သုတ္တန် အလိုတည်း။66,,ဝေဒနာပစ္စယာတဏှာ'ရူပတဏှာ သဒ္ဒတဏှာ ဂန္ဓ ရသ ဖေါဋ္ဌဗ္ဗဓမ္မတဏှာ ဟု ပါဠိတော်၌ အကျဉ်းချုပ် တဏှာ ၆ ပါးလာ၏၊ [ ရူပါရုံကိုတပ်မက်မောသော တဏှာကို ရူပတဏှာ ဟု ခေါ်၏၊ သဒ္ဒတဏှာ စသည်၌နည်းတူ၊ ] ၎င်း ၆ ပါးကို ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာ ၃ ပါးဖြင့် မြှောက်၊ ထို့နောက် သန္တာန် ၂ ပါးဖြင့် မြောက်၊ ထို့နောက် ကာလ၃ ပါးဖြင့် မြှောက်၊ တဏှာ ၁၀၈ ပါးဖြစ်၏၊ [သမုစ္စည်းပိုင်း "တဏှာသမုဒယောဘဝ"အဖွင့်တုန်းကမြှောက်ပြခဲ့ပြီ၊ မြှောက်ပုံအစဉ် မတူသော်လည်းအဓိပ္ပါယ်မှာ အတူတူပင်တည်း။ ] တဏှာ၏ တရားကိုယ်ကား လောဘမူစိတ်၌ယှဉ်သော လောဘတည်း။တဏှာပစ္စယာ ဥပါဒါနံဥပါဒါန် ၄ ပါး သရုပ်နှင့်တကွ တရားကိုယ်ကောက်ပုံကို သမုစ္စည်းပိုင်း၌ ဆိုခဲ့ပြီ။

---

## Trang 244

လေးပါးသော ဥပါဒါန်သည်၊ <mark>သမ္ဘဝတိ</mark> – ဖြစ်၏၊ ဥပါဒါန<mark>သမ္ဘဝတိ</mark>ပစ္စယာ – ဥပါဒါန် ဟူသော အကြောင်းကြောင့်၊ ဘဝေါ-တဏှာကာမုပါဒါန် <mark>အထူး</mark>။ ကာမုပါဒါန် ဟူသည့် တဏှာပင်ဖြစ်ရကား တဏှာပစ္စယာ-အရ၌ အကြောင်းတဏှာနှင့် ဥပါဒါန်၌ ပါဝင်သော ကာမုပါဒါန်သည် အဘယ်သို့ ထူးခြားသနည်း ဟု မေးဘွယ်ရှိ၏။ ထိုအမေးကို မဖြေမှီ ဥပါဒါန၌ – ဥပသဒ္ဒါသည် အလွန်အကဲ (စွဲစွဲမြဲမြဲ) ဟူသောအနက်ရှိ၏၊ အာဒါန သဒ္ဓါသည် ယူခြင်း အနက်ရှိ၏" ဟု မှတ်သားပြီးမှအဖြေကို သိရာ၏။"[ဆောင်] ချင်းချင်း ထောက်ဆ၊ ရှေးရှေး ကျသည့်၊ ဒုဗ္ဗလ ဟု၊ လိုချင်မှုကို၊ တဏှာဆိုလော့၊ ထိုထိုနောက်မှ၊ ဗလာဖြစ်ပြန်၊ ဥပါဒါန်တည်း ။ တဘန်ဆိုကြ၊ ကေစနကား၊ မရသေးခင်၊ တောင့်တအင်ကို၊ ခေါ်တွင် တဏှာ၊ ရခဲ့ပါတုံ၊ စုံစုံမက်မက်၊ နှစ်သက်ပါဒါန်ပြု၏ ။၊ နှစ်ခု ခွဲကြိတ်၊ ဆန့်ကျင် ရိပ်ကား၊ အပ္ပစတာ၊ သန္တုဋ္ဌာတည်း ။ ဒုက္ခာ ကျိုးတွေ၊ ရေတွက်လေသော်၊ရှာဖွေတောင့်တ၊ တကြောင့်ကြဟု၊ စောင့်ရှောက်မှုသည်တဏှပါဒါန် အခွဲတည်း။သမျှ၊၁'အချင်းချင်း ထောက်ဆ၍ ရှေးရှေးကျသော ဒုဗ္ဗလ (အားသေးသော) လိုချင်မှုသည် တဏှာမည်၏၊ ထိုနောက် ဗလဝ (အားကြီးသော)လိုချင်မှုသည့် ကာမုပါဒါန်မည်၏၊ ဤကား သဘောအတိုင်း ခွဲပြချက်တည်း၊၂ – ကေစိဆရာတို့ကား... "တစုံတခုသော အာရုံကို မရသေးခင် လိုချင်တောင့်တမှုသည့် တဏှာမည်၏၊ ရရှိပြီးနောက် စုံစုံမက်မက် နှစ်သက် စွဲလမ်းမှုသည် ကာမုပါဒါန် မည့်၏" ဟု ဆိုကြ၏၊ ၃'ထို့ပြင်........တဏှာသည်အပိစ္ဆတာ (မလိုချင်မှု) ၏ ဆန့်ကျင်ဘက်တည်း၊ ကာမုပါဒါန်သည့်-နိဿယနှင့်အဓိပ္ပါယ်၄၇၉ကမ္မဘဝ ဥပပတ္တိဘဝသည်၊ <mark>သမ္ဘဝတိ</mark>-ဖြစ်၏၊ ဘဝပစ္စယ၁-ကမ္မဘဝ ဟူသော အကြောင်းကြောင့်၊ ဇာတိ-ဝိပါက်တရား၊သန္တုဋ္ဌိတာ (တင်းတိမ်ရောင့်ရဲမှု) ၏ ဆန့်ကျင်ဘက်တည်း။ [ ပဌမ လိုချင်မှုက တဏှာ၊ ရပြီးနောက် တင်းမတိမ်ဘဲ ထပ်ကာ ထပ်ကာ လိုချင်မှုကားကာမုပါဒါန် ဟူလို၊ ] ၄ – တဏှာသည် တောင့်တမှ ရှာဘွေမှ ဒုက္ခစု၏အကြောင်းရင်းတည်း၊ ကာမုပါဒါန်သည် ရရှိသော အာရုံကို ကြောင့်ကြရမှစောင့်ရှောက်ရမှ ဒုက္ခစု၏ အကြောင်းရင်းတည်း။ဥပါဒါနပစ္စယာဘဝေါ—ဘဝသည် ကမ္မဘဝ ဥပပတ္တိဘဝဟု ၂ မျိုးရှိ၏၊ ထိုတွင် လောကီကုသိုလ် ၁၇၊ အကုသိုလ် ၁၂ ၌ ရှိသော စေတနာ(ကံ) ၂၉ သည် ကမ္မဘဝ မည်၏။ [ သင်္ခါရ-အရတုန်းက ကောက်ခဲ့သောပုညာဘိသင်္ခါရ အပုညာဘိသင်္ခါရ အာနေဉ္စာဘိသင်္ခါရများပင်တည်း။]ဥပပတ္တိဘဝဟူသည်ကား ထိုကံကြောင့်ဖြစ်သော လောကီဝိပါက် စိတ်စေတသိက်နှင့် ကမ္မဇရုပ်များတည်း၊ ထို ဥပပဝတ္တိ ဘဝသည့် ကာမဘဝ ရူပဘဝ အရူပဘဝ သညီဘဝ အသညီဘဝ နေဝသညီနာသညီဘဝ ဧကဝေါကာရဘဝ စတုဝေါကာရဘဝ ပဉ္စဝေါကာရဘဝ ဟု ၉ ပါးရှိ၏၊ ဤဘဝကြီး၉ ပါး၏ အရကောက်ကို ဓာတုကထာ အကောက်၌ သိရလတံ့။သင်္ခါရနှင့် ကမ္မဘဝ<mark>အထူး</mark>။ ။သင်္ခါရနှင့် ကမ္မဘဝသည့် လောကီကုသိုလ် အကုသိုလ်၌ယှဉ်သော စေတနာချည်းဖြစ်၍ အဘယ်သို့ ထူးသနည်းဟု မေးဘွယ် ရှိ၏။ အဖြေကား — ယခု ပစ္စုပ္ပန်ဘဝ၌ အကျိုး ပေးဘို့ရန်အတိတ် ဘဝတုန်းက ဖြစ်သော စေတနာသည့် သင်္ခါရ မည့်၏၊ [ အဝိဇ္ဇာသင်္ခါရာ အတီတော အဒ္ဓါ-ကို ထောက် ] နောင် အနာဂတ်ဘဝ၌ အကျိုးပေးဘို့ရန် ယခုပစ္စုပ္ပန်၌ဖြစ်သော စေတနာသည့် ကမ္မဘဝမည့်၏၊ ပစ္စုပ္ပန္နော

---

## Trang 245

ရုပ်နာမ် နှစ်ပါးတို့၏ ဖြစ်ခြင်းသည်၊ <mark>သမ္ဘဝတိ</mark>- ဖြစ်၏၊ ဇာတိပစ္စယာ – ဇာတိ ဟူသော အကြောင်းကြောင့်၊ ဇရာမရဏံ--အဒ္ဓါတွင် ကမ္မဘဝ ပါဝင်သည်ကို ထောက်၊ ဤသို့ စေတနာချင်း တူသော်လည်း အတိတ် ဘဝက စေတနာ ပစ္စုပ္ပန်ဘဝ စေတနာ ဟု ဘဝကာလအားဖြင့် ကွဲပြား သတည်း၊ [ ဤသို့ ဘဝကာလအားဖြင့် ကွဲပြားပုံကိုသာဤနေရာ၌ မှတ်၊ သင်္ခါရာ ပုရစေတနာ – စသော အဓိပ္ပါယ်မှာ ဤနေရာနှင့်မဆိုင်သေး။ ][ဆောင်] ကမ္မဘဝ၊ သင်္ခါရတို့၊ ကောက်ပြဘွယ်ဟူ၊ အရတူလည်း၊ခုမူဘဝ၊ ဖြစ်ကြထွေလာ၊ စေတနာကို၊ သေချာကမ္မ-ဘဝမှတ်ရေး၊၊ အတိတ်ရှေး၊ စေတနာစုကို၊ ခေါ်မှတင်သ၊သင်္ခါရသည်၊ ကာလသည်ပုံ ကွဲသတည်း။,,ဘဝပစ္စယာဇာတိ -- ဤ၌ ဇာတိအရ လောကီဝိပါက် စေတသိက်နှင့် ကမ္မဇရုပ်တို့၏ ဖြစ်ခြင်း(ဥပါဒ်)ကိုသာ ကော်ပါ၊ သို့မှသာ – "အာယတိ°ဖလပဉ္စကံ" အရ အကျိုး ၅ ပါး၌ ဇာတိ ပါနိုင်မည်၊ ဓာတုကထာကဲ့သို့ရုပ်နာမ် အားလုံးတို့၏ ဖြစ်ခြင်းကိုမကောက်နှင့်၊ ဤ ဇာတိသည့် ကုသိုလ်ကံအကုသိုလ်ကံကြောင့်သာ ဖြစ်ရကား ဘဝပစ္စယာ၌ ဘဝအရကိုလည်း ကမ္မဘဝကိုသာ အဋ္ဌကထာကော်လေသည်။ [ မူလဋီကာ၌ ဥပပတ္တိဘဝကိုလည်းကောက်ယူသေး၏။ ]ဇရာ'ဟူသည် ဇာတိကဲ့သို့ လောကီဝိပါက် စိတ် စေတသိက် ကမ္မဇရုပ်တို့၏ ရင့်ခြင်း (ဒီ) တည်း။-မရဏ … ဟူသည့် ယခင် တရားတို့၏ ပျက်စီးခြင်း (ဘင် တည်း။[ဇာတိပစ္စယာ ဇရာမရဏံ-ဟု နိဂ္ဂဟိတ်နှင့် ပါဌ်မှန်ရှိစေ။ ]နိဿယနှင့်အဓိပ္ပါယ်<mark>၄၈၁</mark>ဇရာမရဏသည် ၎င်း၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ-ပိုးရိမ်ခြင်း၊ ငိုကြွေးခြင်း၊ စိတ်နှလုံး မသာယာခြင်း၊ပြင်းစွာ ပင်ပန်းခြင်းတို့သည်၎င်း၊ သမ္ဘ၀န္တိ 'ဖြစ်ကုန်၏။ဧဝံ-ဤ အဝိဇ္ဇာ အစရှိသော အကြောင်းတို့ ကြောင့်သာ၊ကေဝလဿ - သုခမဘက်၊ သက်သက်သော၊ ဝါ - အလုံးရံသောက 'ဟူသည့် ဝမ်းနဲခြင်းတည်း၊ (စိုးရိမ်ခြင်း-ဟုလည်း ဆိုကြ၏)တရားကိုယ်မှာ ဒေါသမူဒွေး၌ ယှဉ်သော ဒေါမနဿ ဝေဒနာတည်း။ပရိဒေဝ'ဟူသည့် တစုံတခု ပျက်စီးမှုကြောင့် တမ်းတ ငိုကြွေးခြင်းတည်း၊တရားကိုယ်မှာစိတ္တဇဝိပလ္လာသ သဒ္ဒရုပ်တည်း၊ [ စိတ်ကြောင့် ဖြစ်သော ဖေါက်ပြန်သော အသံရုပ် ဟူလို။ ]-ဒုက္ခ — ဟူသည် ကိုယ်ဆင်းရဲမှ (ကာယိကဒုက္ခ) တည်း၊ တရားကိုယ်မှာဒုက္ခသဟဂုတ် ကာယဝိညာဉ်နှင့် ယှဉ်သော ဝေဒနာတည်း။-ဒေါမနဿ — ဟူသည့် စိတ်ဆင်းရဲမှ စိတ်နှလုံး မသာယာမှု (စေတသိကဒုက္ခ) တည်း၊ တရားကိုယ်မှာ ဒေါသမူဒွေး၌ ယှဉ်သော ဝေဒနာတည်း။ဥပါယာသ— [ဥပ+အာယာသ၊ ဥပ'လွန်ကဲပြင်းပြစွာ+အာယသပင်ပန်းခြင်း] သောက ပရိဒေဝတို့ထက် လွန်ကဲလျက် အသံမျှ မထွက်နိုင်အောင်မြှိုက်ကြီးငင်ကြီးဖြစ်ကာ အတွင်းဆွေး-ဆွေးခြင်းမျိုးတည်း၊တရားကိုယ်မှာ ဒေါသမူဒွေး၌ ယှဉ်သော ဒေါသတည်း။သောက ပရိဒေဝ ဥပါယာသ<mark>အထူး</mark>။ ။ဆီကို ချက်ရာ၌အိုးအတွင်းမှာ ဆီကျက်နေခြင်းသည် ဝမ်းနှဲခြင်း သောကနှင့် တူ၏၊ ကျက်အားကြီး၍ဆီများ ဝေလျှံတက်ခြင်းသည် ငိုသံထွက်လာခြင်း ပရိဒေဝနှင့် တူ၏၊ ဝေလျှံ၆၁
