## Trang 246

သော၊ ဧတဿ ဒုက္ခက္ခန္ဓဿ – ဤ ဒုက္ခအစု၏၊ သမုဒယော-ဖြစ်ခြင်းသည်၊ ဟောတိ-ထင်ရှား၏။အယံ-ဤသည်ကား၊<mark>ဧသ</mark>-ဤပစ္စယသင်္ဂဟေ၊ပဋိစ္စသမုပ္ပါဒနယော-ပဋိစ္စသမုပ္ပါဒ် နည်းတည်း။<mark>ပြီးနောက်။</mark> ကျန်ရစ်သော ဆီများ၏ ကုန်ခမ်းသွားအောင် ကျက်ခြင်းသည်အတွင်းဆွေး ဆွေးကာ လွန်စွာပူလောင်သော ဥပါယာသနှင့် တူ၏။[ဆောင်] ၁။ အိုးတွင်းဆီကျက်, သောကတွက်, လျှံတက် ပရိဒေ။၂။ ကုန်ခမ်းအောင်သာ,ကျက်မှုမှာ, ဥပါယာသ ပေ။၃။ ပမာသဘော, ထင်အောင်နှော, စိတ်စော ဆင်ခြင်လေ။နိဂုံး။ ။ဧဝမေတဿ၊ ပေ ၊ သမုဒယောဟောတိ'ကား ပဋိစ္စသမုပ္ပါဒ်တရားစုကို ပြန်၍ ဖုံးအုပ်သော နိဂုံး စကားတည်း၊ ၍ <mark>အဝိဇ္ဇာ</mark> စသောအကြောင်းတရားတို့ ကြောင့်သာ သုခ နှင့် မရော မယှက် သက်သက် ဒုက္ခတုံးဒုက္ခစု၏ ဖြစ်ခြင်းသည် လောက၌ ထင်ရှား၏၊ "ဗြဟ္မာ ဗိဿနိုး တန်ခိုးကြီးမား ထာဝရဘုရားတို့ ဖန်ဆင်းခြင်းကြောင့် ဖြစ်သည် မဟုတ်၊ ပုဂ္ဂိုလ်'သတ္တာ-ငါ-သူ-ယောက်ျား'မိန်းမ၏ ဖြစ်ခြင်းလည်း မဟုတ်, ဒုက္ခ အစု၏သာ ဖြစ်ခြင်း" ဟူလို။

<mark>လေ့ကျင့်ခန်း</mark> မေးခွန်းများ

ဂ။ အဘယ်တရားကို <mark>အဝိဇ္ဇာ</mark> ဟု ခေါ်သနည်း, တရားကိုယ်ကောက်ပါ။ဃ။ <mark>အဝိဇ္ဇာ</mark> ဖုံးလွှမ်းအပ်သော နှစ်ဌာနသရုပ်ကို ထုတ်ပြပါ။င။ အဘယ်တရားကို သင်္ခါရ ဟု ခေါ်သနည်း, တရားကိုယ်ကောက်ပါ။စ။ အဘယ်တရားများကို ပုညာဘိသင်္ခါရ-အပုညာဘိသင်္ခါရ- အာနေဉ္စာဘိသင်္ခါရဟု ခေါ်သနည်း။

နိဿယနှင့်အဓိပ္ပါယ်၄၈၃ဆ။ သင်္ခါရပစ္စယာ ဝိညာဏံ၌ ဝိညာဏအရ တရားကိုယ် ကောက်ပါ။ဇ။ အဘယ်သင်္ခါရကြောင့် အဘယ်ဝိညာဉ်များ ဖြစ်သနည်း။ဈ။ ဝိညာဏပစ္စယာ၌ ဝိညာဏအရ တရားကိုယ် ကောက်ပြပါ။ည။ နာမရူပံ၌ နာမအရ, ရူပအရ ကောက်ပြပါ။ဋ။ အဋ္ဌကထာကြီးဆိုတိုင်း ဝိညာဏ-နာမ'ရူပတို့၏ အရ ကောက်ပါ။ဌ။ <mark>သဠာယတနံ</mark>၌ အာယတန ၆ ပါး သရုပ်ကို ထုတ်၍, စက္ခာယတန=မနာယတနတို့၏ တရားကိုယ်ကို ကောက်ပါ။ဍ။ သဠာယတနပစ္စယာ၌ သဠာယတန ၂ နည်း ကောက်ပြပါ။ဏ။ ဖဿ-အရ တရားကိုယ်ကိုပြ၍, သမ္ဖဿ ၆ ပါး သရုပ်ကို ထုတ်ပါ။တ။ အဘယ်ဖဿကို စက္ခုသမ္ဖဿ ဟု ခေါ်သနည်း။ထ။ <mark>ဝေဒနာ</mark>အရ တရားကိုယ်ပြ၍ <mark>ဝေဒနာ</mark> ၆ ပါး သရုပ်ကို ထုတ်ပါ။ဒ။ ဝိညာဏ နာမ မန ဖဿ <mark>ဝေဒနာ</mark> တို့၌ ဓာတုကထာ ကောက်ပုံနှင့်ဤကျမ်းက ကောက်ပုံသည့် တူသလော, လင်္ကာထောက်ပါ။ဓ။ တဏှာ၏ တရားကိုယ်ကိုပြ၍, တဏှာ ၆ ပါးသရုပ်ကို ထုတ်ပါ။န။ တဏှာနှင့် ကာမုပါဒါန်အထူးကို လင်္ကာထောက်၍ ခွဲပြပါ။ပ။ ကမ္မဘဝ၏ တရားကိုယ်ကို ကောက်ပါ။ဖ။ ဥပပတ္တိဘဝ၏ တရားကိုယ်ကို ကောက်၍, ဥပပတ္တိဘဝအပြား ၉ ပါးသရုပ်ကို ထုတ်ပါ။ဗ။ ကမ္မဘဝနှင့်သင်္ခါရသည့် ဘယ်သို့ ထူးခြားသနည်း, လင်္ကာထောက်ပါ။ဘ။ ဘဝပစ္စယာ <mark>ဇာတိ</mark>၌ ဘဝအရ အဘယ်ဘဝကို ယူမည်နည်း။မ။ <mark>ဇာတိ</mark> ဇရာ မရဏတို့၏ အရကို ကောက်ပြပါ။ယ။ သောက-ပရိဒေဝ-ဒုက္ခ-ဒေါမနဿ-ဥပါယာသတို့ ဟူသည် အဘယ်သဘောနည်း, အသီးအသီး တရားကိုယ် ကောက်ပြပါ။ရ။ သောက ပရိဒေဝ ဥပါယာသတို့၏ သဘောကို ဥပမာဖြင့် ခွဲပြပါ။လ။ ဧဝမေတဿ ကေဝလဿ စသည့်ကား ဘာစကားနည်း။

---

## Trang 247

ပဋိစ္စသမုပ္ပါဒ်နည်းဝယ် <mark>တတ္ထ</mark>- ထို ပဋိစ္စသမုပ္ပါဒ်၌၊ တယော-သိဘွယ်များ သုံးပါးကုန်သော၊ <mark>အဒ္ဓါ</mark> – အဓွန့်တို့ကို၊

နိဿယနှင့်အဓိပ္ပါယ်

ကထံ-အဘယ်သို့ သိအပ်ကုန်သနည်း။...အဓွန့် ၃ ဖြာ၎င်း၊ ဝါ – <mark>ကာလ</mark>တို့ကို၎င်း၊ ဒွါဒသ-<mark>တစ်ဆယ့်</mark>နှစ်ပါးကုန်သော၊ အင်္ဂါနိ - အင်္ဂါတို့ကို ၎င်း၊ <mark>ဝီသတိ</mark>-နှစ်ဆယ်သော၊ <mark>အာကာရာ</mark>'အခြင်းအရာ တို့ကို၎င်း၊ ဝါ-အပြားတို့ကို၎င်း၊ တိသန္တိ-သုံးပါးသော အစပ်ကို၎င်း၊ <mark>စတုသင်္ခေပါ</mark>-လေးပါးသော အလွှာတို့ကို၎င်း၊ ဝါ-လေးပါးသော အဘို့ အရတို့ကို၎င်း၊ တီဏိ-သုံးပါးကုန်သော၊ <mark>ဝဋ္ဋာနိ</mark> - ဝဋ်တို့ကို၎င်း၊<mark>ဒွေ</mark>-နှစ်ပါးကုန်သော၊ <mark>မူလာနိ စ</mark>-မူလတို့ကို၎င်း၊ ဝေဒိတဗ္ဗာနိ-သိအပ် သိထိုက်ကုန်၏။ပဋိစ္စသမုပ္ပါဒ်နည်းဝယ် သိဘွယ်များ။ ။ဤ"တတ္ထ တယော<mark>အဒ္ဓါ</mark>မှစ၍ ဝေဒိတဗ္ဗာနိ" တိုင်အောင်သော စကားရပ်ကား ပဋိစ္စသမုပ္ပါဒ်နည်းဝယ်သိဘွယ်ရာ အချက်များကို ဆက်လက်၍ ပြလိုသောကြောင့် အကျဉ်းချုပ်ခေါင်းစဉ်၍ ပြသော "ဥဒ္ဒေသ == မာတိကာ" စကား တည်း၊ ဤ အဓွန့်စသည်တို့ဖြင့် ပဋိစ္စသမုပ္ပါဒ်ကို ခွဲခြား၍ သိထိုက်သည်, သိအောင် ပြုကြပါဟူလို။

<mark>အဒ္ဓါ</mark>'ဟူသော ပါဌ်၌ "အဓွန့်"ဟူ၍ အနက်ဆိုကြ၏၊ အဓွန့်ဟူသည့်<mark>ကာလ</mark>ပင် တည်း၊ <mark>အာကာရာ</mark> — ဟူသော ပါဌ်၌ "အခြင်းအရာ" ဟူ၍အနက်ဆိုရိုးရှိ၏၊ "အခြင်းအရာ" ဟူသည် "အမူအရာကြိယာ" ဖြစ်ရကားထိုအနက် မကောင်း၊ ရိုးရာဖြစ်၍သာ ထည့်လိုက်ရသည်။ "ပကာရာ အာကာရာ" ဟု မူလဋီကာ ဖွင့်သောကြောင့် "အပြားတို့ကို၎င်း" ဟု တနည်းပေးလိုက်သည်၊ အဓိပ္ပါယ် နောက်၌ ထင်ရှားလတ္တံ့။

၄၈၅<mark>အဝိဇ္ဇာ</mark>သင်္ခါရာ- <mark>အဝိဇ္ဇာ</mark>သင်္ခါရ တို့သည်၊<mark>အတီတေ</mark>-အတိတ်ဘဝ ဟူသော၊ <mark>အဒ္ဓါ</mark>-ကာလမည်၏၊ <mark>ဇာတိ</mark> ဇရာမရဏံ - <mark>ဇာတိ</mark> ဇရာမရဏသည်၊<mark>အနာဂတေ</mark>-အနာဂတ်ဘဝဟူသော၊ <mark>အဒ္ဓါ</mark> - ကာလမည်၏၊မဇ္ဈေ – အလယ်၌၊ အဋ္ဌ -- ရှစ်ပါးသော တရားတို့သည်၊ပစ္စုပ္ပန္နေ-<mark>ပစ္စုပ္ပန်ဘဝ</mark>ဟူသော၊ <mark>အဒ္ဓါ</mark>-ကာလမည်၏၊ ဣတိ-

<mark>စတုသင်္ခေပါ</mark> — ဟု ပါဌ်ဟောင်း ရှိ၏၊ သမာဟာရဒွန်သမာသ် ဖြစ်၍"စတုသင်္ခေပုံ" ဟု ရှိမှကောင်းမည်၊ သင်္ခေပ'ဟူသော ပါဌ်၌ "အလွှာ" ဟုအနက်သုံးရိုး ရှိ၏, အဓိပ္ပါယ် မထင်ရှား၊ "သင်္ခေပ သဒ္ဓေါဝါ ဘာဂါမိဝစနံ"ဟု ဖွင့်သောကြောင့် "အဘို့အစု" ဟု အနက်သုံးလိုက်သည်။အဓွန့် ၃ ဖြာ။ ။အဓွန့် ( <mark>ကာလ</mark> ) ဟူသည် ထင်ရှားမရှိ, ပညတ်မျှသာ ဖြစ်ရကား ထို<mark>ကာလ</mark>၌ ဖြစ်သော တရားကိုသာ ( ဌာနူပစာရအားဖြင့် ) အတိတ်<mark>ကာလ</mark> စသည့်ဖြင့် နာမည်တပ်၍ ကောက်ယူအပ်လေသည်၊[ ဌာန<mark>ကာလ</mark>၏ အမည်ကို ဌာနီတရားပေါ်၌ တင်စားမှုကို ဌာနူပစာဟုခေါ်သည်။ ]<mark>အဝိဇ္ဇာ</mark> သင်္ခါရာ အတီတော <mark>အဒ္ဓါ</mark> — သတွာ တစ်ယောက်သည်ရှေးရှေး အတိတ်ဘဝ၌ သံသရာ၏ အပြစ်ကို မမြင်နိုင်အောင် <mark>အဝိဇ္ဇာ</mark> ဖုံးလွှမ်းသဖြင့် ကုသိုလ် အကုသိုလ် သင်္ခါရကို ပြုမိခဲ့လေ၏၊ <mark>ထို့ကြောင့်</mark>. အဝိဇ္ဇာနှင့်သင်္ခါရသည် အတိတ်အဓွန့်၌ ဖြစ်ခဲ့သော တရားများတည်း။မဇ္ဈေ အဋ္ဌ <mark>ပစ္စုပ္ပန္နေ</mark>ာ — ထိုသို့ အတိတ်ဘဝက ကုသိုလ် အကုသိုလ်သင်္ခါရကိုပြုခဲ့မိသောကြောင့် ယခုလို <mark>ပစ္စုပ္ပန်ဘဝ</mark>၌ ပဋိသန္ဓေ <mark>ကာလ</mark>မှစ၍

---

## Trang 248

ဤသို့၊ တယော — ၃ ပါးကုန်သော၊ <mark>အဒ္ဓါ</mark> - ကာလ တို့ကို၊(ဝေဒိတဗ္ဗာ-သိအပ်ကုန်၏။)

အင်္ဂါ ၁၂ ပါး<mark>အဝိဇ္ဇာ</mark>-<mark>အဝိဇ္ဇာ</mark>၎င်း၊ သင်္ခါရာ-သင်္ခါရာတို့၎င်း၊ ဝိညာဏံ – ဝိညာဏ် ၎င်း၊ နာမရူပံ-နာမ်ရုပ်၎င်း၊ <mark>သဠာယတနံ</mark>
- သဠာယတန၎င်း၊ <mark>ဖဿံ</mark>-ဖဿ
၎င်း၊ <mark>ဝေဒနာ</mark> – <mark>ဝေဒနာ</mark>၎င်း၊ တဏှာ - တဏှာ၎င်း၊ ဥပါဒါနံ-ဥပါဒါန်၎င်း၊ ဘဝေါ - ဘဝ၎င်း၊ <mark>ဇာတိ</mark> - <mark>ဇာတိ</mark>၎င်း၊ ဇရာမရဏံ - ဇရာမရဏံ၎င်း၊ ဣတိ - သို့၊ ဒွါဒသ - <mark>တစ်ဆယ့်</mark>နှစ်ပါးကုန်သော၊ အင်္ဂါနိ-အင်္ဂါတို့ကို၊ ဝေဒိတဗ္ဗာနိ-ကုန်၏။ [ပန–အမှာစကားချပ် ညှပ်လိုက်ချုပ်အံ့၊ ဧတ္ထ-ဤပဋိစ္စသမုပ္ပါဒ်ပါဠိ၌၊သောကာဒိဝစနံ - သောက အစရှိသော သဒ္ဒါသည်၊ <mark>နိဿန္ဒ</mark>---ဝိညာဏ်, နာမ်ရုပ်, သဠာယတန,ဖဿ, <mark>ဝေဒနာ</mark>, တဏှာ, ဥပါဒါန်, ကမ္မဘဝ, <mark>ဤ ၈ ပါးတို့</mark> ဖြစ်ကြကုန်၏၊ <mark>ထို့ကြောင့်</mark> ဤ ၈ ပါးသည် ပစ္စုပ္ပန်အဓွန့်မည်၏။ [ ဘဝ - အရ ၍ ပစ္စုပ္ပန်အဓွန့်၌ ကမ္မဘဝကိုသာ ယူ။ ]<mark>ဇာတိ</mark>ဇရာမရဏံ အနာဂတာ — ယခုလို <mark>ပစ္စုပ္ပန်ဘဝ</mark>၌ ကမ္မဘဝဟူသော ကုသိုလ်ကံ အကုသိုလ်ကံ စီမံပြန်ရကား နောက် အနာဂတ် ဘဝ၌<mark>ဇာတိ</mark> ဇရာ မရဏများ ဖြစ်ကြရပြန်လေသည်၊ <mark>ထို့ကြောင့်</mark> ဇာတိ ဇရာ မရဏသည့် အနာဂတ် အဓွန့်တရားများတည်း။အင်္ဂါ ၁၂ ပါး။ ။အင်္ဂါ'ဟူသည် ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်း၌ မပါလျှင်မပြီး အရေးအကြီးဆုံးဖြစ်သော အစိတ်အပိုင်းတည်း၊ လှည်းဘီး စက်ဝိုင်း၏အစိတ်အစိတ် ဒေါက်ဆန်များကဲ့သို့ မှတ်၊ အင်္ဂါ ၁၂ ပါးကို ပါဠိရှိတိုင်းရေတွက်လေ၊ ဇရာမရဏ ၂-ပါးကို အင်္ဂါ<mark>တစ်ပါးတည်း</mark> ဟု မှတ်။နိဿယနှင့်အဓိပ္ပါယ်<mark>၄၀၇</mark>ဖလနိဒဿနံ-<mark>ဇာတိ</mark>အတွက် အဆက်ဆက် အကျိုးကို ပြခြင်းမျှသာတည်း။ (အသီးအခြား အင်္ဂါ မဟုတ်-ဟူလို။)ပန - အဘို့ တစ်ပါးကား၊ ဧတ္ထ-အပြား ၂၀, သုံးသွယ်အစပ်,လေးရပ်အစု ဤ ပဋိစ္စသမုပ္ပါဒ်၌၊ <mark>အဝိဇ္ဇာ</mark>သင်္ခါရဂ္ဂဟဏေန-<mark>အဝိဇ္ဇာ</mark>သင်္ခါရကိုတိုက်ရိုက် ယူလိုက်သဖြင့်၊ <mark>တဏှုပါဒါန</mark> ဘဝါပိ - တဏှာ,ဥပါဒါန်,ကမ္မဘဝတို့သည်လည်း၊ဂဟိတာ-ယူအပ်ကုန်သည်၊သောကာဒိဝစနံပနေတ္ထ — စသည်ကား အမှာ စကား ချပ်တည်း၊အာဒိသဒ္ဒါဖြင့် ပရိဒေဝ ဒေါမနဿ ဥပါယာသကို ယူ၊ ဤ သောက စသည့်တို့ကား သတွာတိုင်းမှာ ဖြစ်သည် မဟုတ်၊ ဗြဟ္မာနှင့် အချို့ နတ်လူ စသည်မှာမဖြစ်၊ သတွာတိုင်းမှာ မဖြစ်လျှင် ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းတွင် မပါလျှင် မပြီးအရေးကြီးသောအင်္ဂါ မဟုတ်နိုင်၊ <mark>ဇာတိ</mark>ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်မည်ဆိုလျှင် ဆက်သွယ်၍ဖြစ်ဘွယ်ရှိသောအဆက်ဆက်အကျိုး(အကျိုးဆက်)တရားများသာ ဖြစ်သည်၊ ဇရာမရဏကား သတွာတိုင်းမှာ ဖြစ်၏၊<mark>ထို့ကြောင့်</mark> အင်္ဂါအဖြစ်ဖြင့် ပါဝင်လေသည်၊ ဤ စကားအရ'<mark>ဇာတိ</mark>၏ မုချအကျိုးရင်းကား ဇရာမရဏတည်း၊ <mark>ဇာတိ</mark>၏ အကျိုးဆက်ကား သောကစသော ၅ ပါးတည်းဟု မှတ်။

အပြား ၂၀, သုံးသွယ် အစပ်, လေးရပ် အစု။။<mark>အဝိဇ္ဇာ</mark>သင်္ခါရဂ္ဂဟဏေနမှ စ၍ <mark>စတုသင်္ခေပါ</mark> ဘဝန္တိ-တိုင်အောင် စကားရပ်ကား ဝီသတာကာရ – တိသန္တိ – စတုသင်္ခေပ အရတို့ကို အကျယ် ပြသော စကားရပ်တည်း၊ ထို စကားရပ်တွင် "<mark>အဝိဇ္ဇာ</mark>သင်္ခါရဂ္ဂဟဏေန ၊ ပေ ၊ ဣတိကတွာတိုင်အောင်သော စကားစုကား အတိတ် အကြောင်း ၅ ပါး ရပုံ ပစ္စုပ္ပန်အကြောင်း ၅ ပါး ရပုံ အနာဂတ် အကျိုး ၅ ပါး ရပုံကို ပြသော အခြေခံစကားစုတည်း၊

---

## Trang 249

ဘဝန္တိ-ဖြစ်ကုန်၏၊ တထာ-ထိုအတူ၊ <mark>တဏှုပါဒါန</mark> ဘဝဂ္ဂဟဏေန စ-တဏှာ,ဥပါဒါန်, ကမ္မဘဝတို့ကို တိုက်ရိုက်ယူလိုက်

<mark>အဝိဇ္ဇာ</mark>သင်္ခါရဂ္ဂဟဏေန ၊ ပေ ၊ ဘဝါပိဿ'"<mark>အဝိဇ္ဇာ</mark>သင်္ခါရာ အတိတော <mark>အဒ္ဓါ</mark>" အတိတ်အဓွန့်(ဘဝ)၌ <mark>အဝိဇ္ဇာ</mark>နှင့် သင်္ခါရကိုသာ တိုက်ရိုက်ယူခဲ့၏၊ ထို ၂ ပါးတွင် <mark>အဝိဇ္ဇာ</mark>သည် ကိလေသာ ဆယ်ပါး၌ ပါဝင်သောကိလေသဝဋ်ပင် ဖြစ်၏၊ တဏှာနှင့် ဥပါဒါန်လည်း ကိလေသဝဋ်ပင် တည်း၊ထိုသို့ ကိလေသဝဋ်ချင်း တူသောကြောင့် <mark>အဝိဇ္ဇာ</mark>ကို တိုက်ရိုက်ယူလိုက်သဖြင့်တနွယ်ငင်-တစင်ပါ" ဆိုသလို တဏှာနှင့် ဥပါဒါန်တို့ကိုလည်း အဝိနာဘာဝ ( မကင်း စကောင်းသော ) နည်းအားဖြင့် ယူရလေသည်၊ [ <mark>အဝိဇ္ဇာ</mark>မကင်း သူ့မျှသာဖြင့် "တဏှာ မဖြစ်ပါဘူး" ဟု ဘုရားစူး ကျိန်သော်လည်းမဟုတ်နိုင်၊ အသေးစား တဏှာဖြစ်လျှင် အကြီးစား ဥပါဒါန်လည်း ဖြစ်မည့်သာ၊ ဤ အရာများကို မြန်မာက "တနွယ်ငင်-တစင်ပါ" နည်းလေးဆယ်က"အဝိနာဘာဝနည်း" ဟု စကားသုံးသည်။ ]သင်္ခါရသည် ကမ္မဝဋ် ဖြစ်၏၊ [ ဝဋ်သုံးပါး အခွဲကို ကြည့်၊ ] ကမ္မဘဝလည်း ကမ္မဝဋ်ပင်တည်း၊ ထိုသို့ ကမ္မဝဋ်ချင်း တူသောကြောင့် အတိတ် ဘဝ၌သင်္ခါရကို တိုက်ရိုက်ယူလိုက်သဖြင့် ကမ္မဘဝကိုလည်း အဝိနာဘာဝ နည်းဖြင့်ယူပြီးဖြစ်တော့၏၊ ဤ စကားအရ အတိတ်ဘဝ၌ "<mark>အဝိဇ္ဇာ</mark> သင်္ခါရ တဏှာဥပါဒါန် ကမ္မဘဝ" ဟု အကြောင်းငါးပါး ရသည်။[ဆောင်] အတိတ်ခွန့်မှာ, <mark>အဝိဇ္ဇာ</mark>ကို, တိုက်ရိုက် ဆိုသဖြင့်, ထိုနှင့်မသွေ ကိလေသ-ဟူ, ဝဋ်တူပြုသည့်, တဏှပါဒါန်, ယူရပြန်၏၊ <mark>တစ်ဖန်စဉ်</mark>ပြ,သင်္ခါရဖြင့်, ကမ္မဝဋ်တူ, ဘဝယူ-ဟုတို့သူနောင်လာ, သိစိမ့်<mark>ငှာ</mark>, အဝိနာဘော, နည်းပြဟောသည်, မှတ်လော ယူရိုး ယူစဉ်တည်း။နိဿယနှင့်အဓိပ္ပါယ်၄၉သဖြင့်လည်း၊ <mark>အဝိဇ္ဇာ</mark>သင်္ခါရာ-<mark>အဝိဇ္ဇာ</mark>သင်္ခါရတို့သည်လည်း၊ဂဟိတာ-ယူအပ်ကုန်သည်၊ ဘဝန္တိ - ဖြစ်ကုန်၏၊ <mark>ဇာတိ</mark> ဇရာသင်္ခါရနှင့် ကမ္မဘဝ အထူး။ ။<mark>အဝိဇ္ဇာ</mark>ပစ္စယာ သင်္ခါရာတုန်းကသင်္ခါရနှင့် ဥပါဒါနပစ္စယာ ဘဝေါ တုန်းက ကမ္မဘဝတို့သည်. စေတနာချင်းအရတူသော်လည်း, အတိတ်ဘဝနှင့် <mark>ပစ္စုပ္ပန်ဘဝ</mark> ဟု ဘဝ<mark>ကာလ</mark>ချင်း ကွဲပြားသဖြင့် ထူးခြားလေပြီ၊ ဤနေရာကား အတိတ်အကြောင်း ၅ ပါးတွင် သင်္ခါရနှင့်ကမ္မဘဝကို ပြွတ်သိပ်၍ ယူထားသဖြင့် ဘဝ <mark>ကာလ</mark>ချင်း တူနေပြန်ရကားအဘယ်သို့ ထူးသနည်းဟု မေးဘွယ်ရှိပြန်၏။အဖြေကား.." သင်္ခါရာ ပုရစေတနာ,ဘဝေါတု မုဉ္စသမားသဗ္ဗာ ဝါစေတနာ ဘဝေါ, သင်္ခါရာသမ္ပယုတ္တကာဟူသည်နှင့်အညီ (၁) ထိုထိုကုသိုလ် အကုသိုလ်ပြုရာ၌ အထမမြောက်မှီရှေးအဘို့ဖြစ်သော ပုဗ္ဗစေတနာသည် သင်္ခါရ မည်၏၊ အထမြောက်သောမုဉ္စစေတနာသည် ဘဝမည်၏။ (၂) တနည်း-ဇော ၇ ကြိမ်တွင် ရှေ့ဇော၆ ကြိမ်နှင့် ယှဉ်သော စေတနာသည် သင်္ခါရမည်၏၊ သတ္တမဇောနှင့်ယှဉ်သောစေတနာသည် ဘဝမည်၏၊ (၃) တနည်း ----စေတနာနှင့် ယှဉ်သော စိတ်စေတသိက်သည် သင်္ခါရမည်၏၊ စေတနာ ဟူသမျှသည် ဘဝမည်၏၊ ဤကားထိုထို ပါဠိတော်လာတိုင်း အမျိုးမျိုးကောက်ပြသော နည်းတည်း။[ ဤနည်းများအရ ၁-ပုဗ္ဗစေတနာတည်းဟူသော သင်္ခါရကို တိုက်ရိုက်ယူလိုက်သဖြင့် မုဉ္စစေတနာတည်းဟူသော ကမ္မဘဝကိုလည်းယူပြီး<mark>ဖြစ်လေ၏</mark>၂-ရှေ့ဇော ၆ ကြိမ်နှင့် ယှဉ်သော စေတနာ သင်္ခါရကို ယူလိုက်သဖြင့် သတ္တမဇောနှင့် ယှဉ်သော စေတနာ ကမ္မဘဝကိုလည်း ယူပြီး <mark>ဖြစ်လေ၏</mark>။ ၃-စေတနာနှင့် ယှဉ်ဘက် စေတသိက် ဟူသော သင်္ခါရကို ယူလိုက်သဖြင့် စေတနာတည်းဟူသော ကမ္မဘဝကိုလည်း ယူပြီးဖြစ်လေသည်။ ]

---

## Trang 250

မရဏဂ္ဂဟဏေန စ - <mark>ဇာတိ</mark> ဇရာ မရဏ တို့ကို တိုက်ရိုက်ယူလိုက်သဖြင့်လည်း၊ <mark>ဝိညာဏာဒိဖလပဉ္စကမေဝ</mark>-ဝိညာဏ်

ဂါထာနက်။ ။ပုရစေတနာ – ပုဗ္ဗစေတနာတို့သည်၊ ဝါ – ရှေ့ဇော၆ ကြိမ်နှင့် ယှဉ်သော စေတနာတို့သည်၊ သင်္ခါရာ – သင်္ခါရတို့ မည်၏၊ မုဉ္စသတ္တမာ'မုဉ္စစေတနာ သတ္တမဇော စေတနာတို့သည်၊ ဘဝေါ-မည်၏၊ ဝါ…တနည်းကား၊ သဗ္ဗာစေတနာ - အလုံးစုံသော စေတနာသည်၊ ဘဝေါ…ဘဝမည်၏၊ သမ္ပယုတ္တကာ−စေတနာနှင့် ယှဉ်ဘက် စိတ်စေတသိက်တို့သည်သင်္ခါရာ'သင်္ခါရတို့ မည်၏။ဝိညာဏ်, နာမ်ရုပ်, သဠာယတန,ဖဿ, <mark>ဝေဒနာ</mark>တို့ကား အတိတ်ကံကြောင့် ဖြစ်သော <mark>ပစ္စုပ္ပန်ဘဝ</mark>၌ အကျိုး ၅ ပါးတည်း၊ ["မဇ္ဈေအဋ္ဌ<mark>ပစ္စုပ္ပန္နေ</mark>ာအဒ္ဓါ" ကို ထောက်၊ ] ၎င်းအကျိုး ၅ ပါးလုံးပင် ၍ ပဋိစ္စသမုပ္ပါဒ် ပါဠိ၌တိုက်ရိုက် လာသည်ဖြစ်၍ အထူးပြောဘွယ် မလို။<mark>တဏှုပါဒါန</mark>၊ပေ၊သင်္ခါရာ'ပစ္စုပ္ပန်အဓွန့် (ဘဝ)၌ တဏှာဥပါဒါန ကမ္မဘဝ ဟူသော အကြောင်း ၃ ပါးသာ တိုက်ရိုက်လာ၏၊ ထို၃ ပါးကို တိုက်ရိုက်ယူလိုက်သဖြင့် ယခင် ပြခဲ့သော အဝိနာဘာဝနည်း အရ<mark>အဝိဇ္ဇာ</mark>နှင့် သင်္ခါရကိုလည်း ယူပြီး ဖြစ်ပြန်သည်၊ [ တဏှာ ဥပါဒါန်ဖြင့်<mark>အဝိဇ္ဇာ</mark>ကို, ကမ္မဘဝဖြင့် သင်္ခါရကို ပြန်၍ယူပါ ဟူလို၊ ဤ စကားအရ<mark>ပစ္စုပ္ပန်ဘဝ</mark>၌ တဏှာ ဥပါဒါန် ကမ္မဘဝ <mark>အဝိဇ္ဇာ</mark> သင်္ခါရ ဟု အကြောင်း၅ ပါး ရပြန်သည်။<mark>ဇာတိ</mark> ဇရာ၊ပေ၊ဝိညာဏာဒိ ဖလပဉ္စကမေဝ-<mark>ဇာတိ</mark>ဟူသည့် တရားကိုယ် သီးခြား မရှိ၊ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ <mark>ဝေဒနာ</mark>တို့၏ဖြစ်ခြင်း ဥပါဒ်သာတည်း၊ ဇရာမရဏ-ဟူသည်လည်း ထို တရားတို့၏ ဌိ နှင့်ဘင်သာတည်း၊ <mark>ထို့ကြောင့်</mark> "ဇာတိဇရာမရဏံ ၊ <mark>အနာဂတေ</mark>ာအဒ္ဓါ" အရနိဿယနှင့်အဓိပ္ပါယ်၄၉၁အစရှိသော အကျိုးငါးပါး အပေါင်းကို သာလျှင်၊ ဂဟိတံ –ယူအပ်၏၊ ဣတိကတွာ - ဤ အကြောင်းကြောင့်။

<mark>အတီတေ</mark> – အတိတ်ဘဝ၌၊ ပဉ္စ – ငါးပါးကုန်သော၊ ဟေတဝေါ - အကြောင်းတရားတို့၎င်း၊ ဣဒါနိ – ဤ <mark>ပစ္စုပ္ပန်ဘဝ</mark>၌၊ဖလပဉ္စကံ- အကျိုးငါးပါး အပေါင်း၎င်း၊ ဣဒါနိ – ဤ ပစ္စုပ္ပန်ဘဝ၌၊ ပဉ္စ-ငါးပါးကုန်သော၊ ဟေတဝေါ-အကြောင်းတို့၎င်း၊အာယတိံ - အနာဂတ် ဘဝ၌၊ ဖလပဉ္စကံ - အကျိုး ငါးပါးအပေါင်း၎င်း၊ ဣတိ'ဤသို့၊<mark>ဝီသတိ-နှစ်ဆယ်သော</mark>၊ အာကာရာ-အပြားတို့သည်၎င်း၊ ဝါ- အခြင်းအရာတို့သည်၎င်း၊ တိသန္ဓိ-သုံးပါးသော အစပ်သည်၎င်း၊ <mark>စတုသင်္ခေပါ</mark> - လေးပါးသောအဘို့တို့သည်၎င်း၊ ဝါ – လေးပါးသော အလွှာတို့သည် ၎င်း၊ဘဝန္တိ-ဖြစ်ကုန်၏။အနာဂတ် အဓွန့်၌ <mark>ဇာတိ</mark>ဇရာမရဏကို ဆိုသဖြင့် ဝိညာဏ် စသော အကျိုး၅ ပါးကိုပင် ယူရလေတော့သည်၊ ဤ စကားအရ အနာဂတ်ဘဝ၌ ဝိညာဏ်နာမ်ရုပ် သဠာယတန ဖဿ <mark>ဝေဒနာ</mark>-ဟု အကျိုး ၅ ပါး ရပြန်သည်ဟု မှတ်။["<mark>ဇာတိ</mark>ဇရာ မရဏေန စ <mark>ဝိညာဏာဒိဖလပဉ္စကမေဝ</mark>" ဟု သီဟိုဠ်မူ ရှိ၏,သာ၍ ကောင်းသည်။ ]

<mark>အတီတေ</mark> ဟေတဝေါ ပဉ္စ၊ ဣဒါနိ ဖလပဉ္စကံ။ဣဒါနိ ဟေတဝေါ ပဉ္စ၊ အာယတိံ ဖလပဉ္စကံ ။ဤ"<mark>အဝိဇ္ဇာ</mark>သင်္ခါရဂ္ဂဟဏေန" မှ စ၍ "<mark>ဝိညာဏာဒိဖလပဉ္စကမေဝ</mark> ဂဟိတံ"တိုင်အောင် အခြေခံစကားကို <mark>ထောက်ခံ</mark>၍ အတိတ်ဘဝ၌ ဖြစ်သော အကြောင်း၅ ပါး, <mark>ပစ္စုပ္ပန်ဘဝ</mark>၌ ဖြစ်သော အကျိုး ၅ ပါး, <mark>ပစ္စုပ္ပန်ဘဝ</mark>၌ ဖြစ်သောအကြောင်း ၅ ပါး, အနာဂတ်ဘဝ၌ ဖြစ်သော အကျိုး ၅ ပါး အားဖြင့်အပြား ၂၀, အစပ် ၃ ပါး, အလွှာ ၄ ပါး ဖြစ်ကုန်၏။
