## Trang 251

အကြောင်း ၅ ပါး၊ နောက် အနာဂတ် ဘဝ၌ <mark>ဖြစ်</mark>သော အကျိုး ၅ ပါးရကြောင်းကို သိရာ၏၊ ဆိုခဲ့ပြီးသော စကားကို ကြည့်၍ သရုပ်ရေတွက်လေ။<mark>ဝီသတာကာရ</mark>ာ ဆိုခဲ့ပြီးသော အတိတ်အကြောင်း ၅ ပါး စ<mark>သည်</mark>ကိုပေါင်းလျှင် ၂၀ <mark>ဖြစ်</mark>၏၊ ထို <mark>၂၀</mark> ကိုပင် "ခြင်းရာ <mark>၂၀</mark>" ဟု ရှေးက ခေါ်ရိုးပြုကြ၏။ စင်စစ်မှာ အတိတ် အကြောင်း<mark>တရား</mark>တို့၏ အပြား ၅ ပါး၊ ပစ္စုပ္ပန်အကျိုး<mark>တရား</mark>တို့၏ အပြား ၅ ပါး စသည် <mark>ဖြစ်</mark>သောကြောင့် အပြား <mark>၂၀</mark>ဟူ၍သာ မှတ်။ကို <mark>သန္တိ</mark>အဆက်အစပ်ကို "<mark>သန္တိ</mark>" ဟု ခေါ်၏၊ ပဋိစ္စသမုပ္ပါဒ် အင်္ဂါ၌အကြောင်း<mark>တရား</mark>၏ အဆုံးနှင့် အကျိုး<mark>တရား</mark>၏ အစ၊ အကျိုး<mark>တရား</mark>၏ အဆုံးနှင့် အကြောင်း<mark>တရား</mark>၏ အစသည့် အစပ်၏ နေရာတည်း၊ ထိုနေရာကို မျဉ်းတိုဟား၍ ပြမည်၊ [ <mark>အဝိဇ္ဇာ</mark> သင်္ခါရ --- ဝိညာဏ် နာမ်ရုပ် <mark>သဠာယတန</mark>ဖဿ ဝေဒနာ --- တဏှာ <mark>ဥပါဒါန</mark>် ကမ္မဘဝ --- ဇာတိ ဇရာမရဏ ]ဤ ပုံစံအရ…… သင်္ခါရနှင့် ဝိညာဏ်၏ အကြား<mark>သည်</mark> အတိတ် အကြောင်းနှင့်ပစ္စုပ္ပန်အကျိုးတစပ်၊ ဝေဒနာနှင့် တဏှာ၏ အကြား<mark>သည်</mark> ပစ္စုပ္ပန် အကျိုးနှင့်ပစ္စုပ္ပန်အကြောင်းတစပ်၊ ဘဝနှင့် ဇာတိအကြား<mark>သည်</mark> ပစ္စုပ္ပန်အကြောင်းနှင့်အနာဂတ်အကျိုးတစပ်၊ ဤသို့ အစပ် ၃ ပါး ဖြစ်သည်။<mark>စတုသင်္ခေပ။</mark> ဤစတုသင်္ခေပါ အရကား အစပ် သုံးခုဖြင့် ခွဲခြားအပ်သော အကြောင်း အကျိုး <mark>တရား</mark>များတည်း၊ အတိတ်အကြောင်း ဖြစ်သော<mark>အဝိဇ္ဇာ</mark> သင်္ခါရ<mark>သည်</mark> တဘို့၊ ပစ္စုပ္ပန်အကျိုး <mark>ဖြစ်</mark>သော ဝိညာဏ် နာမ်ရုပ်<mark>သဠာယတန</mark> ဖဿ ဝေဒနာ<mark>သည်</mark> တဘို့၊ ပစ္စုပ္ပန် အကြောင်းဖြစ်သော တဏှာ<mark>ဥပါဒါန</mark>် ကမ္မဘဝ<mark>သည်</mark> တဘို့၊ အနာဂတ်အကျိုး<mark>ဖြစ်</mark>သော ဇာတိ ဇရာ မရဏ<mark>သည်</mark> တဘို့၊ [သောကစသည့်ကိုလည်း ၍ စတုတ္ထအဘို့၌ သွင်း] ဤသို့၄ ဘို့ (၄ စု ၄ ပုံ) <mark>ဖြစ်</mark>သည်၊ ဤ အဘို့အစုအပုံကိုပင် "အလွှာ" ဟု ရှေးကသုံးစွဲရိုးပြသည်။

<mark>နိဿယနှင့်</mark>အဓိပ္ပါယ်<mark>လေ့ကျင့်ခန်း</mark> မေးခွန်းများက။ အတိတ်<mark>အဓွန့်</mark>တရားကို သင်္ဂြိုဟ်<mark>ထောက်</mark>၍ သရုပ်ရေတွက်ပါ။ခ။ အနာဂတ် <mark>အဓွန့်</mark>တရားကို သင်္ဂြိုဟ်<mark>ထောက်</mark>၍ သရုပ်ရေတွက်ပါ။ဂ။ ပစ္စုပ္ပန် <mark>အဓွန့်</mark>တရားကို သင်္ဂြိုဟ်<mark>ထောက်</mark>၍ သရုပ်ရေတွက်ပါ။ဃ။ အင်္ဂါ ၁၂ ပါးကို သင်္ဂြိုဟ်<mark>ထောက်</mark>၍ သရုပ်ရေတွက်ပါ။<mark>င။</mark> ဇာတိ၏ အကျိုးရင်း အကျိုးဆက်များကို ခွဲခြားပြပါ။<mark>စ။</mark> တိုက်ရိုက်ပြသော အကြောင်း ၂ ပါးတွင် <mark>အဝိဇ္ဇာ</mark>ဖြင့် ဘယ်<mark>တရား</mark>ကို၊သင်္ခါရဖြင့် ဘယ်<mark>တရား</mark>ကို၊ အဘယ့်ကြောင့် ဘယ်<mark>နည်း</mark>အရ ယူနိုင်သနည်း၊ လက်ဥ<mark>ထောက်</mark>ပါ။ဆ။ အတိတ် အကြောင်း၌ သင်္ခါရ ကမ္မဘဝ ၂ ပါးလုံး ပါဝင်နေရာ၊ ထို၂ ပါးတို့ အရကောက်အထူးကို ဂါထာ<mark>ထောက်</mark>၍ ကောက်ပြပါ။<mark>ဇ။</mark> တိုက်ရိုက်ပြသော ပစ္စုပ္ပန်အကြောင်း ၃ ပါးတွင် တဏှာ <mark>ဥပါဒါန</mark>်ဖြင့်ဘယ်<mark>တရား</mark>ကိုယူ၍ ကမ္မဘဝဖြင့် ဘယ်တရားကို ယူမည်<mark>နည်း</mark>။ဈ။ ဇာတိဇရာ မရဏဖြင့် ဘယ့်ကြောင့် ဝိညာဏ်စသော အကျိုး ၅ ပါးကိုယူရသနည်း။ည။ <mark>အတီတေ ဟေတုပဉ္စက</mark> — အရနှင့် ဣဒါနိ ဖလပဉ္စက — အရသရုပ်ရေတွက်ပါ။ဋ။ <mark>ဣဒါနိ ဟေတုပဉ္စက</mark> — အရနှင့် အာယတိ ဖလပဉ္စကံ — အရ သရုပ်ရေတွက်ပါ။ဌ။ <mark>ဝီသတာကာရ</mark> — အရ သရုပ်ရေတွက်ပြပါ။ဍ။ တိ<mark>သန္တိ</mark> — အရနှင့် စတုသင်္ခေပ — အရ သရုပ်ရေတွက်ပါ။

---

## Trang 252

ဝဋ် ၃ ပါးစ — အဘိတပါးကား၊ <mark>အဝိဇ္ဇာတဏှုပါဒါနာ</mark> —အဝိဇ္ဇာ တဏှာ <mark>ဥပါဒါန</mark>် တို့<mark>သည်</mark>၊ ကိလေသဝဋံ — ကိလေသဝဋ် မည်၏၊ <mark>ကမ္မဘဝသင်္ခါတေ</mark> — ကမ္မဘဝဟု ဆိုအပ်သော၊ ဘဝေကဒေသော — <mark>ဘဝတစိတ်</mark>သည်၎င်း၊သင်္ခါရာစ — သင်္ခါရတို့<mark>သည်</mark>၎င်း၊ ကမ္မဝဋံ — ကမ္မဝဋ် မည်၏၊<mark>ဥပပတ္တိဘဝ သင်္ခါတေ</mark> — ဥပပတ္တိဘဝ ဟု ဆိုအပ်သော၊ဘဝေကဒေသော — <mark>ဘဝတစိတ်</mark> သည်၎င်း၊ အဝသေသာစ —ကြွင်းသော ဝိညာဏ် နာမ်ရုပ် <mark>သဠာယတန</mark> ဖဿ ဝေဒနာဇာတိ ဇရာ မရဏ တို့<mark>သည်</mark>၎င်း၊ ဝိပါကဝဋံ — ဝိပါကဝဋ်<mark>မည်၏</mark>၊ ဣတိ — ဤသို့၊ တီဏိ — သုံးပါးကုန်သော၊ <mark>ဝဋ္ဋာနိ</mark> — ဝဋ်တို့ကို၊ ဝေဒိတဗ္ဗာနိ — သိအပ်ကုန်၏။ဝဋ် ၃ ပါး။ ဝဋ္ဋ — သဒ္ဒါ<mark>သည်</mark> စက်ဘီးများ ချာချာလည်သလိုလှည့်လည်ခြင်း အနက်ကို ဟော၏၊ <mark>ထို့ကြောင့်</mark> "အကြောင်းပြီးလျှင် အကျိုး၊အကျိုးပြီးလျှင် အကြောင်း" ဟု အကြောင်းအကျိုး မပြတ်ဘဲ ဆက်စပ် လှည့်လည်နေသော ပဋိစ္စသမုပ္ပါဒ်တရားတွေကို "<mark>ဝဋ္ဋ ဝါ — ဝဋ်</mark>" ဟု ခေါ်<mark>သည်</mark>။ထိုပဋိစ္စသမုပ္ပါဒ်အင်္ဂါ ၁၂ ပါးကို ဝဋ် ၃ ပါးဖြင့် ခွဲလျှင်…….<mark>အဝိဇ္ဇာတဏှုပါဒါနာ</mark>၊ ပေ၊ ကိလေသဝဋံ — <mark>အဝိဇ္ဇာ</mark> တဏှာ <mark>ဥပါဒါန</mark>် ၃ ပါး<mark>သည်</mark> ကိလေသဝဋ်တည်း၊ [ သမုစ္စည်းပိုင်း၌ ပြခဲ့သော <mark>ကိလေသာ ၁၀ ပါး</mark>တွင်ဤ <mark>တရား</mark>တို့၏ <mark>တရား</mark>ကိုယ်များ ပါဝင်နေ<mark>သည်</mark>ကို သတိပြု။ ]ကမ္မဘဝ၊ ပေ၊ ကမ္မဝဋံ — ကမ္မဘဝ ဟူသော <mark>ဘဝတစိတ်</mark>နှင့် သင်္ခါရတို့<mark>သည်</mark> ( ကံတရားချည်းသာ <mark>ဖြစ်</mark>သောကြောင့် ) <mark>ကမ္မဝဋ်</mark>မည်၏။ [ဘဝ<mark>သည်</mark>ကမ္မဘဝ ဥပပတ္တိဘဝ ဟု ၂ မျိုး ရှိ၏၊ ဘဝ ၂ မျိုးလုံးကို မယူဘဲ ကမ္မဘဝဟူသော တစိတ်တပိုင်းကိုသာ ယူသောကြောင့် "<mark>ဘဝတစိတ်</mark>" ဆို<mark>သည်</mark>၊ဘဝေကဒေသ = ဘဝ+ဧကဒေသ။ ]ဥပပတ္တိဘဝသင်္ခါတော၊ ပေ၊ ဝိပါကဝဋံ — ဘဝ ၂ မျိုး ရှိသည့်တွင်ဥပပတ္တိဘဝဟူသော <mark>ဘဝတစိတ်</mark>နှင့် ဝိညာဏ် နာမ်ရုပ် <mark>သဠာယတန</mark> ဖဿဝေဒနာ ဇာတိ ဇရာ မရဏတို့သည် ( အကျိုး<mark>တရား</mark>များချည်း <mark>ဖြစ်</mark>သောကြောင့်) ဝိပါကဝဋ်<mark>မည်၏</mark>။ [ဤဝိပါကဝဋ်ကို ရည်ရွယ်၍ ဝိညာဏ် <mark>နာမ်</mark> ရုပ်စ<mark>သည်</mark>တို့၌ ဝိပါက်စေတသိက်နှင့် ကမ္မဇရုပ်များချည်းသာ ကောက်ခဲ့ရ<mark>သည်</mark>၊၍ ဝိပါကဝဋ်ကို ရည်ရွယ်၍ ပင်လျှင် တစုံတယောက်မှာ ဒုက္ခကြီးစွာ ခံစားနေရသည့်အခါ "ဝဋ်ခံနေရ<mark>သည်</mark>၊ တယ် ဝိပါကဝဋ် အားကြီးရှာတယ်" ဟု၎င်း"<mark>သူတစ်ပါး</mark>ကို နာအောင်မလုပ်နဲ့ ဝဋ်ပါတတ်တယ်" ဟု၎င်း "ဝဋ် အမြဲငရဲ အပ" ဟု၎င်း ပြောဆိုရိုး ပြုကြ<mark>သည်</mark>။ဝဋ်မြစ် ၂ ပါး။ အမြစ်အရင်း အစကို "မူလ" ဟု ခေါ်<mark>သည်</mark>၊ ပဋိစ္စသမုပ္ပါဒ်စက်<mark>သည်</mark> အတိတ်ဘဝ အကြောင်းမှစ၍ ပစ္စုပ္ပန်ဘဝ အကျိုးများ<mark>ဖြစ်</mark>သည့်တိုင်အောင် ရှေ့ပိုင်းတစက်၊ ပစ္စုပ္ပန် အကြောင်းမှစ၍ အနာဂတ်ဘဝအကျိုးတိုင်အောင် နောက်ပိုင်း တစက်၊ ဟု ၂ စက်ရှိ၏။ (၁) "<mark>အဝိဇ္ဇာ</mark>သင်္ခါရ — ဝိညာဏ် နာမ်ရုပ် <mark>သဠာယတန</mark> ဖဿ ဝေဒနာ" တို့ကား ရှေ့ပိုင်းစက်တည်း၊ ထို စက်၌ <mark>အဝိဇ္ဇာ</mark>သည် အရင်းမူလ အစ<mark>ဖြစ်</mark>၏။(၂) "တဏှာ <mark>ဥပါဒါန</mark>် ဘဝ — ဇာတိ ဇရာ မရဏ" တို့ကား နောက်ပိုင်းစက်တည်း၊ ထိုစက်၌ တဏှာ<mark>သည်</mark> အရင်းမူလ အစ<mark>ဖြစ်</mark>၏၊ ဤသို့လျှင် <mark>အဝိဇ္ဇာ</mark>တဏှာအားဖြင့် မူလ ၂ ပါးရှိ<mark>သည်</mark>။

---

## Trang 253

စက်ရဟတ် ပျက်ကိန်း စ — <mark>ဆက်ချူးအံ့</mark>၊ တေသမေဝ <mark>မူလာနံ</mark> —ထို မူလ နှစ်ပါးတို့၏ သာလျှင်၊ နိရောဓေန —အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့်၊ (ဝဋံ —ဝဋ်<mark>တရား</mark>သည်၊) နိရုဇ္ဈတိ — ချုပ်၏။စက်ရဟတ် ပျက်ကိန်း။ "တေသမေဝ စ <mark>မူလာနံ</mark> နိရောဓေနနိရုဇ္ဈတိ" ကား ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်၏ (ဝါ — ဝဋ်<mark>တရား</mark>၏) ချုပ်ပျက်ပုံကို ပြသော စကားတည်း၊ သစ်ပင်၌ ရေသောက်မြစ် ပြတ်လျှင် တပင်လုံးပျက်စီးတော့သကဲ့သို့၊ ထို့အတူ သံသရာတွင် စည်ပင်နေသည့် <mark>သတ္တဝါ</mark>ဟုခေါ်ဆိုအပ်သော ရုပ် <mark>နာမ်</mark> ခန္ဓာ သစ်ပင်ကြီး၌ <mark>အဝိဇ္ဇာ</mark> တဏှာ ဟူသောရေသောက်မြစ် ၂ ခုကို အရဟတ္တမဂ် တည်းဟူသော လက်နက်ဖြင့် ဖျက်ဆီးလိုက်သည့်အခါ အပြီးသတ် ချုပ်ငြိမ်းလေတော့၏၊ <mark>ထို့ကြောင့်</mark> ပဋိစ္စသမုပ္ပါဒ်စက်ရဟတ်၏ ပျက်ကိန်းကိုလည်း ဟောတော်မူလေသည်။"<mark>အဝိဇ္ဇာယ တွေဝ</mark> အသေသ ဝိရာဂနိရောဓာ သင်္ခါရ<mark>နိရောဓော</mark>၊သင်္ခါရနိရောဓာ ဝိညာဏ<mark>နိရောဓော</mark>၊ ဝိညာဏနိရောဓာ နာမရူပ<mark>နိရောဓော</mark>၊ နာမရူပနိရောဓာ သဠာယတန<mark>နိရောဓော</mark>၊ သဠာယတနနိရောဓာ ဖဿ<mark>နိရောဓော</mark>၊ ဖဿနိရောဓာ <mark>ဝေဒနာနိရောဓော</mark>၊ဝေဒနာနိရောဓာ တဏှာ<mark>နိရောဓော</mark>၊ တဏှာနိရောဓာ ဥပါဒါန<mark>နိရောဓော</mark>၊ ဥပါဒါနနိရောဓာ ဘဝ<mark>နိရောဓော</mark>၊ ဘဝနိရောဓာဇာတိနိရော့မော၊ ဇာတိနိရောဓာ ဇရာမရဏံ၊ <mark>သောက ပရိဒေဝ</mark>ဒုက္ခ ဒေါမနဿုပါယာသာ နိရုဇ္ဈန္တိ၊ ဧဝမေတဿ ကေဝလဿဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။"<mark>အဝိဇ္ဇာယ တွေဝ</mark> — အဝိဇ္ဇာ၏ သာလျှင်၊ အသေသဝိရာဂ နိရောဓာ —အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့်၊ သင်္ခါရ<mark>နိရောဓော</mark> — သင်္ခါရတို့၏ချုပ်ငြိမ်းခြင်း<mark>သည်</mark>၊ ဟောတိ — ၏ စသည့် အနက်ဆို။<mark>အဝိဇ္ဇာ</mark>၏ အကြောင်း။ ဇရာ မရဏ မုစ္ဆာယ၊ ပေ၊ <mark>အဝိဇ္ဇာ</mark>စပဝတ္တတိ — အိုခြင်း သေခြင်း တွေဝေမိန်းမောကြောင်းသောကစသော <mark>တရား</mark>အပေါင်းသည်၊ <mark>အဘိဏှသော</mark> — မပြတ်မလပ်၊ မီဠိတာနံ — နှိပ်စက်အပ်သော <mark>သတ္တဝါ</mark>တို့၏ (သန္တာန်၌၊)အာသဝါနံ — အာသဝေါ<mark>တရား</mark>တို့၏၊ သမုပ္ပါဒါ — <mark>ဖြစ်</mark>ခြင်းကြောင့်၊ <mark>အဝိဇ္ဇာ</mark>စ — <mark>အဝိဇ္ဇာ</mark>သည်လည်း၊ ပဝတ္တတိ — ဖြစ်ပြန်၏။<mark>အဝိဇ္ဇာ</mark>၏ အကြောင်း။ "ဇရာ မရဏမုစ္ဆာယ၊ ပေ၊ <mark>အဝိဇ္ဇာ</mark>စပဝတ္တတိ" ကား <mark>အဝိဇ္ဇာ</mark>၏ အကြောင်းကို ပြသော စကားရုပ်တည်း၊ [ <mark>အဝိဇ္ဇာ</mark>ကြောင့် သင်္ခါရ<mark>ဖြစ်</mark>၊ ပေ၊ ဇာတိကြောင့် ဇရာ မရဏ သောက စ<mark>သည်</mark>တို့ဖြစ်လျှင်၊ <mark>အဝိဇ္ဇာ</mark>ကား အဘယ့်ကြောင့်<mark>ဖြစ်</mark>သနည်းဟု မေးဘွယ်ရှိ၍ <mark>အဝိဇ္ဇာ</mark>၏အကြောင်းကို ပြပြန်<mark>သည်</mark> ဟူလို။] ဇရာ မရဏမုစ္ဆာယ၌ <mark>မုစ္ဆာ — သောက</mark>စသော ၅ ပါးကိုယူ၊ သောက စ<mark>သည်</mark>တို့<mark>သည်</mark> မိန်းမော တွေဝေကြောင်းတရားများ<mark>ဖြစ်</mark>၏။ "ဝမ်း<mark>နည်း</mark>လိုက်တာ မေ့ကိုယ်သွားတာပဲ၊ ငိုလိုက်တာ ပူဆွေးလိုက်တာ မေ့ကိုယ်သွားတာပဲ" ဟူသည်ကို <mark>ထောက်</mark>။အာသဝါနံ သမုပ္ပါဒါ <mark>အဝိဇ္ဇာ</mark>စ ပဝတ္တတိ … <mark>အဝိဇ္ဇာ</mark>၏ အကြောင်းကား ကာမာသဝ စသော အာသဝေါ<mark>တရား</mark> ၄ ပါးတည်း၊ ချဲ့ဦးအံ့ — ပဋိစ္စသမုပ္ပါဒ်ပါဠိ၌ သောက စ<mark>သည်</mark>ကို အဆုံးသတ်လျက်ရှိ၏။ သောကဟူ<mark>သည်</mark>ဒေါမနဿတည်း၊ <mark>ထို့ကြောင့်</mark> သောက<mark>ဖြစ်</mark>လျှင် ယှဉ်ဘက် <mark>အဝိဇ္ဇာ</mark>လည်းပါဝင်ပြီ၊ ဒုက္ခ ဒေါမနဿ ဥပါယာသတို့ <mark>ဖြစ်</mark>လျှင်လည်း <mark>အဝိဇ္ဇာ</mark>သည် ရှေ့နောက်<mark>ဖြစ်</mark>စေ၊ အတူတကွ<mark>ဖြစ်</mark>စေ ပါတော့၏၊ ပရိဒေဝဟူသော ငိုကြွေးမှု(သဒ္ဒရုပ်) သည်လည်း <mark>အဝိဇ္ဇာ</mark> (မသိ <mark>မလိမ္မာ</mark>မှု) ကြောင့်သာ ဖြစ်ရကား<mark>အဝိဇ္ဇာ</mark> အရင်းခံလျက် ရှိ၏၊ ထိုကြောင့် "<mark>ဇရာမရဏမုစ္ဆာယ</mark> အာသဝါနံသမုပ္ပါဒါ <mark>အဝိဇ္ဇာ</mark>စ ပဝတ္တတိ" ဟု မိန့်ဆိုလေ<mark>သည်</mark>၊ ထို သောက စ<mark>သည်</mark>ကား "ကာမတော ဇာယတိ သောကော" နှင့် အညီ ကာမာသဝ စ<mark>သည်</mark>တို့ကြောင့်<mark>ဖြစ်</mark>၏။[အကျယ်ကို ဘာသာဋီကာမှာ ရှု။]

[ဆောင်] အာသဝကြောင့်၊ သောက စ<mark>သည်</mark>၊ ငါးလီ ခပင်း၊ <mark>ဖြစ်</mark>တုံလျှင်းက၊ မကင်းသင့်ရာ၊ <mark>အဝိဇ္ဇာ</mark>လည်း၊ ပါဝင်ပြီးမို့၊ ဆို<mark>နည်း</mark>မထောင့်၊ အာသဝ ကြောင့်သာ၊ <mark>အဝိဇ္ဇာ</mark>လည်း၊ <mark>ဖြစ်</mark>သတည်းဟု၊ ကျမ်းကြီး ဆိုတိုင်း၊ သင်္ဂြိုဟ် လှိုင်း<mark>သည်</mark>....ကသိုဏ်း ထင်အောင် ရှုဘို့တည်း။

---

## Trang 254

နိဂုံးဣစ္စေဝံ — ဤ ဆိုအပ်ပြီးသော နည်းဖြင့်၊ <mark>အဗန္ဓကံ</mark> —အဆက်မပြတ်၊ <mark>ဖွဲ့စပ်</mark>အပ်ထသော၊ တေဘူမကံ —ဘုံသုံးပါးတွင်၊ အကြုံးဝင်ထသော၊ အနာဒိကံ — အစလည်း ရှိထသော ဝဋံ — ဝဋ်<mark>တရား</mark>ကို၊ ပဋိစ္စသမုပ္ပါဒေါတိ — ပဋိစ္စသမုပ္ပါဒ်၊စက်ရဟတ်ဟူ၍၊ မဟာမုနိ — မုနိထွဋ်တင်၊ ဘုရားရှင်သည်၊<mark>ပညပေသိ</mark> — ဟောထားတော်မူခဲ့လေပြီ။နိဂုံး။ "<mark>ဣစ္စေဝံ အဗန္ဓကံ</mark>" — စသော ဂါထာကား <mark>အဓွန့်</mark> စသည့် ခွဲပြခဏ်းကို ပြန်၍ ဖုံးသော နိဂုံးစကားတည်း၊ <mark>အဝိဇ္ဇာ</mark>ကြောင့် သင်္ခါရ<mark>ဖြစ်</mark>၊ ပေ၊ဇာတိကြောင့် ဇရာ မရဏ သောက စသည်တို့<mark>ဖြစ်</mark>၊ သောက စသည် <mark>ဖြစ်</mark>လျှင်မုချ အာသဝေါ မကင်းသေး၊ အာသဝေါ မကင်းသေးက အာသဝကြောင့်သောက စ<mark>သည်</mark>နှင့် တကွ <mark>အဝိဇ္ဇာ</mark>လည်း <mark>ဖြစ်</mark>ပြန်၏၊ ဤသို့ အဆက်မပြတ်ရဟတ်စက်ပမာ ချာချာလည်ဘိ ( ဘယ်တရားက စ၍ <mark>ဖြစ်</mark>သည်၊ ဘယ်တုန်းအခါကစ၍ <mark>ဖြစ်</mark>သည် — ဟု) အစ မရှိသော ဝဋ်<mark>တရား</mark>ကို "ပဋိစ္စသမုပ္ပါဒ်စက်"ဟု ဘုရားရှင်ကိုယ်တော်မြတ် ပညတ်တော်မူခဲ့ပေသည်။

<mark>နိဿယနှင့်</mark>အဓိပ္ပါယ်<mark>လေ့ကျင့်ခန်း</mark> မေးခွန်းများက။ အဘယ်တရားကို "<mark>ဝဋ္ဋ၊ ဝါ — ဝဋ်</mark>" ဟု ခေါ်သ<mark>နည်း</mark>။ခ။ ကိလေသဝဋ်<mark>တရား</mark>ကို သင်္ဂြိုဟ်<mark>ထောက်</mark>၍ သရုပ်ရေတွက်ပါ။ဂ။ <mark>ကမ္မဝဋ်</mark>တရားကို သင်္ဂြိုဟ်<mark>ထောက်</mark>၍ သရုပ်ရေတွက်ပါ။ဃ။ "<mark>ကမ္မဘဝသင်္ခါတေ</mark>ာ ဘဝေကဒေသော" အရ "<mark>ဘဝတစိတ်</mark>" ဟူသောစကား၏ အဓိပ္ပါယ်ကို ပြပါ။င။ ဝိပါကဝဋ်<mark>တရား</mark>ကို သင်္ဂြိုဟ်<mark>ထောက်</mark>၍ သရုပ်ရေတွက်ပါ။<mark>စ။</mark> အဘယ်ကို မူလ ဟု ခေါ်သ<mark>နည်း</mark>၊ မူလသရုပ်ကို ရေတွက်ပါ။ဆ။ အဘယ်<mark>တရား</mark>များ ချုပ်လျှင် သံသရာဝဋ် ပြတ်သနည်း။ဇ။ <mark>ဇရာမရဏမုစ္ဆာယ</mark> — ၌ မုစ္ဆာအရ ဘယ်<mark>တရား</mark>များကို ယူမည်<mark>နည်း</mark>။ဈ။ အာသဝကြောင့် <mark>အဝိဇ္ဇာ</mark>ဖြစ်သည် ဟု ဆိုရာ၌၊ လင်္ကာ<mark>ထောက်</mark>၍ အဓိပ္ပါယ်ထင်ရှားအောင် ပြပါ။

ပဋိစ္စသမုပ္ပါဒ်<mark>နည်း</mark>ပြီး ပြီး

---

## Trang 255

ပဋ္ဌာန်း<mark>နည်း</mark>ဟေတုပစ္စယော — ဟေတုပစ္စည်း၎င်း၊ <mark>အာရမ္မဏပစ္စယော</mark> — ၎င်း၊အဓိပတိပစ္စယော — ၎င်း၊ အနန္တရပစ္စယော — ၎င်း၊သမနန္တရပစ္စယော — ၎င်း၊ <mark>သဟဇာတပစ္စယော</mark> — ၎င်း၊အညမညပစ္စယော — ၎င်း၊ နိဿယပစ္စယော — ၎င်း၊ဥပနိဿယပစ္စယော — ၎င်း၊ ပုရေဇာတပစ္စယော — ၎င်း၊<mark>ပစ္ဆာဇာတပစ္စယော</mark> — ၎င်း၊ <mark>အာသေဝနပစ္စယော</mark> — ၎င်း၊ကမ္မပစ္စယော — ၎င်း၊ ဝိပါကပစ္စယော — ၎င်း၊<mark>အာဟာရပစ္စယော</mark> — ၎င်း၊ ဣန္ဒြိယပစ္စယော — ၎င်း၊ဈာနပစ္စယော — ၎င်း၊ မဂ္ဂပစ္စယော — ၎င်း၊သမ္ပယုတ္တပစ္စယော — ၎င်း၊ ဝိပ္ပယုတ္တပစ္စယော — ၎င်း၊အတ္ထိပစ္စယော — ၎င်း၊ နတ္ထိပစ္စယော — ၎င်း၊ဝိဂတပစ္စယော — ၎င်း၊ အဝိဂတပစ္စယော — ၎င်း၊ဣတိ — ဤသို့၊ ( ပစ္စယာ — ပစ္စည်းတို့သည်၊ <mark>စတုဝီသတိ</mark> — နှစ်ဆဲ့လေးပါးတည်း။ )အယံ — ဤ <mark>သည်</mark>ကား၊ ဧက္က — ပစ္စယသင်္ဂဟ၌၊ ပဋ္ဌာန<mark>နယော</mark> — ပဋ္ဌာန်း<mark>နည်း</mark>တည်း။၁၄။ ပဋ္ဌာန်း<mark>နည်း</mark>။ ပဋ္ဌာန်းပါဠိတော်၌ "ဟေတုပစ္စယော၊ ပေ၊အဝိဂတပစ္စယော" ဟု ၂၄ ပစ္စည်းသရုပ်ကို <mark>ရှေးဦးစွာ</mark> ထုတ်ပြ၍ ထို<mark>နည်း</mark>မှအလွန်ကျယ်ဝန်းစွာ ဟောတော်မူ<mark>သည်</mark>၊ ဤ သင်္ဂြိုဟ်ကျမ်း၌ကား ပဋ္ဌာန်း<mark>နည်း</mark>အားလုံး၏ တစွန်းတစ သရုပ်ကိုပင် ပဋ္ဌာန်း<mark>နည်း</mark> ဟု မိန့်ဆိုလေ<mark>သည်</mark>၊ ဤပဋ္ဌာန်း<mark>နည်း</mark>၌ ကျယ်ဝန်းစွာ ရေးလျှင် အခြေပြုခါစနှင့် မတန်မည် စိုး၍ ၃ ချက်စုဘာသာဋီကာ အ<mark>ဖြစ်</mark>ဖြင့် သီးခြား စီစဉ်ထားသော စာအုပ်ကိုရှုပါ။

<mark>နိဿယနှင့်</mark>အဓိပ္ပါယ်ထု — အမျိုးအားဖြင့် ခွဲခြားချူးအံ့၊ <mark>နာမ</mark>ံ —ပစ္စည်း ၆ မျိုး အခွဲနာမ်သည်၊ <mark>နာမဿ</mark> — နာမ် အချင်းချင်းအား၊ <mark>ဆဟိ</mark> — ခြောက်ပစ္စယသတ္တိတို့ဖြင့်၊ ပစ္စယော — ကျေးဇူးပြု<mark>သည်</mark>၊ ဟောတိ — <mark>ဖြစ်</mark>၏၊ နာမံ — <mark>သည်</mark> (လိုက်)၊ နာမရူပိနံ —<mark>နာမ်</mark>ရုပ်နှစ်ပါးတို့အား၊ <mark>ပဉ္စဟိ</mark> — ငါးပစ္စယသတ္တိ တို့ဖြင့်၊ ပစ္စယော — <mark>သည်</mark>၊ ဟောတိ — ဖြစ်၏၊ ပုန — <mark>တဖန်</mark>၊ နာမံ — <mark>သည်</mark>၊ရူပဿ — ရုပ်အား၊ <mark>ဧကေန</mark> — တပစ္စယသတ္တိဖြင့်၊ ပစ္စယော —<mark>သည်</mark>၊ ဟောတိ — ၏၊ <mark>ရူပဉ္စ</mark> — ရုပ်သည်လည်း၊ <mark>နာမဿ</mark> — နာမ်အား၊ <mark>ဧကေန</mark> — ဖြင့်၊ ပစ္စယော — <mark>သည်</mark>၊ ဟောတိ — ၏၊ ပညတ္တိ<mark>နာမ</mark>ရူပါနိ — ပညတ်၊ <mark>နာမ်</mark>၊ ရုပ်တို့သည်၊ <mark>နာမဿ</mark> — နာမ်အား၊<mark>ဒွီဟိ</mark> — နှစ်ပစ္စယသတ္တိတို့ဖြင့်၊ ပစ္စယော — <mark>သည်</mark>၊ ဟောတိ — ၏၊<mark>နာမရူပဉ္စ</mark> — နာမ်ရုပ်နှစ်ပါး အပေါင်း<mark>သည်</mark>လည်း၊ ဒွယဿ — <mark>နာမ်</mark>ရုပ်နှစ်ပါး အပေါင်းအား၊ နဝဟိ — ကိုးပစ္စယသတ္တိတို့ဖြင့်၊ ပစ္စယော — <mark>သည်</mark>၊ ဟောတိ — ၏၊ ဣတိ — ဤသို့၊ ပစ္စယာ — ပစ္စည်းမျိုးတို့သည်၊ <mark>ဆဋ္ဌိ</mark> — ၆ မျိုး အပြားရှိကုန်၏။ပစ္စည်း ၆ မျိုး။ "ဆဓာ နာမံ တု <mark>နာမဿ</mark>" — စသော ဂါထာတို့ကား၂၄ ပစ္စည်းတို့တွင် <mark>နာမ်</mark> အချင်းချင်း ကျေးဇူးပြုသော ပစ္စည်းပေါင်း မည်မျှစ<mark>သည်</mark>ဖြင့် ခွဲပြသော အကျဉ်းချုပ် မာတိကာ ဂါထာတို့တည်း၊ ထို ဂါထာအရ ပစ္စည်း ၆ မျိုးကား —၁။ <mark>နာမ်</mark>သည် <mark>နာမ်</mark>အား ကျေးဇူးပြုသော ပစ္စည်းမျိုး ၆ ပစ္စည်း၊၂။ <mark>နာမ်</mark>သည် <mark>နာမ်</mark>ရုပ်အား ကျေးဇူးပြုသော ပစ္စည်းမျိုး ၅ ပစ္စည်း၊၃။ <mark>နာမ်</mark>သည် ရုပ်အား ကျေးဇူးပြုသော ပစ္စည်းမျိုး ၁ ပစ္စည်း၊
