## Trang 286

၂။ <mark>ပဋိဘာဂနိမိတ္တံပန</mark>-ပဋိဘာဂနိမိတ်ကိုကားကသိဏာ<mark>အသုဘကောဋ္ဌာသ</mark> အာနာပါနေ သွေဝ - ကသိုဏ်း ဆယ်ပါး,<mark>အသုဘ</mark> ဆယ်ပါး, ဆံ အစရှိသော <mark>ကောဋ္ဌာသ</mark>, အာနာပါနတို့၌သာလျှင်၊ <mark>လဗ္ဘန္တီတိ</mark> – ရအပ်၏၊ ဟိ – မှန်၏၊ တတ္ထ - ထိုကသိုဏ်း, အသုဘ, <mark>ကောဋ္ဌာသ</mark>, အာနာပါန တို့၌၊ ပဋိဘာဂ —ပဋိဘာဂနိမိတ် ထင်လာသည့်အခါ ဥဂ္ဂဟနိမိတ်နှင့် <mark>အမှတ်အတား</mark>လောက်သာ ခွဲခြားနိုင်ရကား ထိုနိမိတ်၂ ပါးကို မုချ ရသည်ဟု မဆိုသာ, ပရိယာယ်အားဖြင့်သာ ရကောင်းသည်ဟု ဆိုလိုသည်။

ယထာရဟံ — ပရိယာယ်အားဖြင့် ရကောင်းသည် ဟု ဆိုသော်လည်းကမ္မဋ္ဌာန်း ၄၀ လုံးမှာပင် ပရိယာယ်အားဖြင့်သာ ရကောင်းသည် ဟု မမှတ်လင့်၊ ပဋိဘာဂနိမိတ် ရကောင်းသော ကသိုဏ်း ၁၀, အသုဘ, <mark>ကောဋ္ဌာသ</mark>,အာနာပါန တို့၌ကား ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ် ၂ ပါးကို ကွဲကွဲ ပြားပြားအထင်အရှားပင်မုချရကောင်း၏၊ ထို့ကြောင့် "ယထာရဟံ ပရိယာယေန"ဟုမိန့်၏၊ နိမိတ် ၂ ပါးကို အချို့ ကမ္မဋ္ဌာန်း၌ ပရိယာယ်အားဖြင့် ရထိုက်၏၊အချို့ ကမ္မဋ္ဌာန်း၌ကား မုချပင် ရထိုက်သည်ဟူလို။

၂။ ပဋိဘာဂ ၊ ပေ၊ <mark>လဗ္ဘန္တီတိ</mark>"ပဋိဘာဂနိမိတ် ဟူသည့် စီးဖြန်းခါစမူလအာရုံနှင့် တူသော အာရုံတမျိုးတည်း၊ ( နောက်၌ ထင်ရှားလတံ့၊ )ဘုရား ဂုဏ်တော် စသည်တို့ကား စီးဖြန်းခါစနှင့် ဘာဝနာ အသားကျသည့် နောက်အခါဝယ် တမျိုးတဖုံ ကွဲပြား၍ ထင်လာတော့သည် မဟုတ်ထို့ကြောင့် ဗုဒ္ဓါနုဿတိ စသော ကမ္မဋ္ဌာန်း ၁၈ ပါး တို့၌ ပဋိဘာဂနိမိတ်မရဘဲ, ကသိုဏ်း ၁၀, <mark>အသုဘ</mark> ၁၀, ကာယဂတာသတိ၏ အာရုံဖြစ်သောဆံ အစရှိသော <mark>ကောဋ္ဌာသ</mark>ပညတ်, အာနာပါနတို့၌သာ ပဋိဘာဂနိမိတ် ရစကောင်းသည်။

နိမိတ္တံ – ပဋိဘာဂ နိမိတ်ကို၊ <mark>အာရမ္မဏံ</mark>ကတွာ – အာရုံပြု၍၊ ဥပစာရ<mark>သမာဓိ</mark>စ-ဥပစာရ <mark>သမာဓိ</mark>သည်၎င်း၊ အပ္ပနာ<mark>သမာဓိ</mark>စ-အပ္ပနာ<mark>သမာဓိ</mark>သည်၎င်း၊ ပဝတ္တန္တိ 'ဖြစ်ကုန်၏။

ကထံ−ဘာဝနာ သုံးပါး, နိမိတ် သုံးပါး အဘယ်သို့ ပြားသနည်း။....

၁။ <mark>ဣဒါနိ</mark> — ယခုအံ့၊ အာဒိကမ္မိကဿ-ရှေး<mark>ဦး</mark>စထွင်, ကမ္မဋ္ဌာန်းအားထုတ်မှု၌ယှဉ်သော ပုဂ္ဂိုလ်၏၊ ပထဝီမဏ္ဍလာဒီသု - ပထဝီကသိုဏ်းဝန်း အစရှိသည်တို့၌၊ နိမိတ္တံ-အာရုံကို၊<mark>ဥဂ္ဂဏှန္တဿ</mark> – ယူစဉ်၊ <mark>တံအာရမ္မဏံ</mark> - ထို အာရုံကို၊ ပရိကမ္မနိမိတ္တံတိ - ပရိကမ္မနိမိတ်ဟူ၍၊ ပ<mark>ဝုစ္စတိ</mark> - ဆိုအပ်၏၊ သာစ

---

## Trang 287

ဘာဝနာ - ထို ပရိကမ္မနိမိတ်ကို အာရုံပြုသော ဘာဝနာသည်လည်း၊ ပရိကမ္မဘာဝနာနာမ-ပရိကမ္မဘာဝနာမည်၏။

၂။ ပန - <mark>အဘို့တပါးကား</mark>၊ ယဒါ – အကြင်အခါ၌၊ <mark>တံနိမိတ္တံ</mark> = ထို အာရုံသည်၊ <mark>စိတ္တေ</mark>န - စိတ်ဖြင့်၊ သမုဂ္ဂဟိတံ-<mark>ကောင်းစွာ</mark> ယူအပ်သည်၊ ဟောတိ-ဖြစ်၏၊ <mark>စက္ခုနာ</mark> – မျက်စိဖြင့်၊ <mark>ပဿန္တဿေဝ</mark>-မြင်ရစဉ်ကဲ့သို့၊ မနောဒွါရဿ - မနောဒွါရ၏၊ အာပါထံ-ရှေးရှုကျခြင်းသို့၊ <mark>အာဂစ္ဆတိ</mark> - ရောက်သည်၊ဟောတိ-၏၊ <mark>တဒါ</mark>-ထိုအခါ၌၊ <mark>တမေဝအာရမ္မဏံ</mark> – ထိုအာရုံသည်ပင်၊ ဥဂ္ဂဟနိမိတ္တံနာမ – ဥဂ္ဂဟနိမိတ် မည်၏၊ သာ စ

ဘာဝနာ - ထို <mark>ဥဂ္ဂဟနိမိတ်ကို</mark> အာရုံပြုသော ဘာဝနာသည်လည်း၊ <mark>သမာဓီယတိ</mark>-သမာဓိဖြစ်၏။

၃။ ပန - <mark>အဘို့တပါးကား</mark>၊ တထာ – ထို ဆိုအပ်ပြီးသောအခြင်းအရာအားဖြင့်၊ သမာဟိတဿ - တည်ကြည်သော၊ဧတဿ-<mark>ယောဂီ</mark>ပုဂ္ဂိုလ်၏ <mark>တဒါ</mark>-ထိုဥဂ္ဂဟနိမိတ်ထင်ရာအခါမှ၊ ပရံ-နောက်၌၊ တသ္မိံ <mark>ဥဂ္ဂဟနိမိတ္တေ</mark>-၌၊ ပရိကမ္မ<mark>သမာဓိနာ</mark>-ပရိကမ္မ<mark>သမာဓိ</mark>ဖြင့်၊ <mark>ဘာဝနံ</mark>− ပွားများမှုကို၊ အနုယုဉ္စန္တဿ-အားထုတ်ပြန်သည်ရှိသော်.....ယဒါ-အကြင်အခါ၌၊တပ္ပဋိဘာဂံ-ထိုဥဂ္ဂဟနိမိတ်နှင့်အလားတူသော၊ <mark>ဝတ္ထု</mark>ဓမ္မဝိမုစ္ဆိတံ-<mark>ဝတ္ထု</mark>ဒြဗ် ပရမတ်သဘောမှ လွတ်သော၊ ပညတ္တိသင်္ခါတံ-ပညတ်ဟု ဆိုအပ်သော၊ ဘာဝနာမယံ-ဘာဝနာကြောင့်ဖြစ်သော၊ <mark>အာရမ္မဏံ</mark>-အာရုံသည်၊ စိတ္တေ-စိတ်၌၊<mark>သန္နိသိန္နံ</mark>-ငြိမ်သက်စွာတည်သည်၊ <mark>သုသမာပိတံ</mark>-ကောင်းစွာသက်ဝင်အပ်သည်၊ ဟောတိ-ဖြစ်၏၊ <mark>တဒါ</mark>-ထိုအခါ၌၊ တံ-ထိုအာရုံကို၊ ပဋိဘာဂနိမိတ္တံ-ပဋိဘာဂနိမိတ်ဟူ၍၊ <mark>ဝုစ္စတိ</mark>-ဆိုအပ်၏။

---

## Trang 288

(ပဋိဘာဂနိမိတ် ဖြစ်ပုံအကျယ်) — ယဒါ တပ္ပဋိဘာဂံ <mark>ဝတ္ထု</mark>ဓမ္မဝိမုစ္ဆိတံ ပညတ္တိသင်္ခါတံ ဘာဝနာမယံအာရမ္မဏံ စိတ္တေ <mark>သန္နိသိန္နံ</mark> သုသမာပိတံ ဟောတိ — အကြင်အခါ ထို ဥဂ္ဂဟနိမိတ်နှင့် ပုံသဏ္ဌာန် ပမာဏတူသောအာရုံတမျိုးသည် စိတ်၌ ငြိမ်သက်စွာ တည်နေ၏။ စိတ်ထည်း၌ <mark>ကောင်းစွာ</mark>သွင်းထားအပ် သကဲ့သို့ ဖြစ်၏။ "မပျောက် မပျက် ကွက်ကွက် ကွင်းကွင်းထင်လာ၏" ဟူလို၊ [ပဋိဘာဂ သဒ္ဒါသည် "အတူ" ဟူသော အနက်ကိုဟော၏။ "ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ်များနှင့် အလားတူသော အာရုံ"ဟူလို၊] ထို ပဋိဘာဂနိမိတ်ကား ဥဂ္ဂဟနိမိတ်ထက် အဆ ရာ ထောင် မကသာလွန်၍ <mark>ကြည်လင်</mark>၏။ ဆွတ်ဆွတ်ဖြူသော ဗျိုင်းကလေးသည် ညိုမှောင်သောတိမ်တောင် တိမ်ထွဋ်ထဲ၌ ပျံဝဲ၍ နေသည့်အခါ လွန်စွာ ပသာဒ ရှိသကဲ့သို့ထိုပဋိဘာဂနိမိတ်လည်း <mark>ယောဂီ</mark>ပုဂ္ဂိုလ်၏ စိတ်ထည်း၌ အလွန့်အလွန်ကြည်နူးဘွယ် ဖြစ်လေသည်။

<mark>ဝတ္ထု</mark>ဓမ္မဝိမုစ္ဆိတံ ပညတ္တိသင်္ခါတံ ဘာဝနာမယံ။။ထိုပဋိဘာဂနိမိတ်သည် ပညတ်လော, ပရမတ်လော, ဘာ့ကြောင့် ဖြစ်သနည်း ဟူသောမေးခွန်း ၂ ရပ်ကို မေးဘွယ်ရှိ၍ ဤ စကားကို ဆိုရသည်၊ ဘာဝနာမယံ−ထို ပဋိဘာဂနိမိတ်သည် ဘာဝနာ သညာအစွမ်းကြောင့် ဖြစ်၏။ [ ဘာဝနာစိတ်နှင့်ယှဉ်သော သညာကို "ဘာဝနာသညာ" ဟု ခေါ်သည်၊ ] <mark>ဝတ္ထု</mark>ဓမ္မဝိမုစ္ဆိတံ ပညတ္တိသင်္ခါတံ-အထည်ကိုယ် <mark>ဝတ္ထု</mark>ဒြဗ် ပရမတ် မဟုတ်, ပညတ်ဖြစ်သည်။ ["<mark>ဒွေ အသီတိ ဝိဓာ ဝုတ္တာ</mark>-ဝတ္ထုဓမ္မာ" ကဲ့သို့ ဤ၌လည်း "<mark>ဝတ္ထု</mark>ဓမ္မ"သဒ္ဒါသည် "ပရမတ် အထည်<mark>ဝတ္ထု</mark>" ဟူသော အနက်ကိုဟော၏။]ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ်တို့သည် မြေဝန်း မြေပိုင်း ဖြစ်သောကြောင့်အထည်ကိုယ်ဒြဗ် ထင်ရှား၏။ <mark>အဋ္ဌကလာပ်</mark>ရုပ် ပရမတ်တရားတွေသာတည်း၊ထို <mark>အဋ္ဌကလာပ်</mark>ရုပ် ပရမတ် တရားအပေါင်းကိုပင် သမူဟပညတ် ဖြစ်သောကြောင့် "ကသိုဏ်းပညတ်" ဟုခေါ်နေကြသည်၊ အရင်းခံမှာ ပရမတ်တရားများပေတည်း၊ ထို ပဋိဘာဂနိမိတ်ကား ထိုကဲ့သို့ ပရမတ် အထည်ကိုယ် <mark>ဝတ္ထု</mark>မဟုတ်၊ ထို ပရမတ် အထည်ကိုယ် <mark>ဝတ္ထု</mark>နှင့် အလားတူစွာ ဘာဝနာ သညာအစွမ်းကြောင့် <mark>ယောဂီ</mark>ပုဂ္ဂိုလ်၏ စိတ်ထည်းမှာ ထင်လာ မြင်လာသော ပညတ်တမျိုးဖြစ်သည်-ဟူလို။

၄။ <mark>တတောပဋ္ဌာယ</mark> ၊ ပေ၊ နိပ္ဖန္နာ နာမ ဟောတိ-ပဋိဘာဂနိမိတ်သည် ဘာဝနာစိတ် ( သညာ ) ၏ အစွမ်းကြောင့် ဖြစ်ပေါ်လာသည် ဟုဆိုလျှင်, ထို ပဋိဘာဂနိမိတ်ကို ဖြစ်ပေါ်စေနိုင်သော ဘာဝနာစိတ်လည်းရှေးကထက် တိုးတက်၍ <mark>သမာဓိ</mark>အားကောင်းမှသာ ပဋိဘာဂနိမိတ်ကို ပေါ်လာစေနိုင်မည်၊ ထို့ကြောင့် ပဋိဘာဂနိမိတ် ပေါ်လာသည်မှ စ၍ ဘာဝနာစိတ် အစဉ်လည်း ပရိကမ္မဘာဝနာ အဆင့်အတန်းကို လွန်ပြီးလျှင် ဥပစာရဘာဝနာ အဆင့်အတန်းသို့ ရောက်လေပြီ ဟု မှတ်။

---

## Trang 289

၅။ တတော - ထို <mark>ဥပစာရဘာဝနာ</mark> ဖြစ်ရာ အခါမှ၊ ပရံ-နောက်၌၊ တမေဝ ပဋိဘာဂနိမိတ္တံ-ထို ပဋိဘာဂနိမိတ်ကိုပင်၊ဥပစာရ<mark>သမာဓိနာ</mark>-ဥပစာရ သမာဓိဖြင့်၊ <mark>သမာသေဝန္တဿ</mark>-ကောင်းစွာ မှီဝဲသည်ရှိသော်၊ ရူပါဝစရပဌမဇ္ဈာနံ -ရူပါဝစရ<mark>ပဌမဈာန်</mark>သည်၊ အပ္ပတိ-သက်ရောက်၏။

ကာမာဝစရ<mark>သမာဓိ</mark>သင်္ခါတာ-ထို <mark>ဥပစာရဘာဝနာ</mark>ဟူသည် <mark>သမာဓိ</mark>ပြဋ္ဌာန်းသော ကာမာဝစရ <mark>စိတ်ပင်</mark>တည်း။

ပရိဗန္ဓဝိပ္ပဟီနာ-- [စိတ္တံ ဗန္ဓန္တိ နိဝါရေန္တီတိ ပရိဗန္ဓာ၊ စိတ္တံ-ကုသိုလ်စိတ်ကို၊ ပရိဗန္ဓန္တိ နိဝါရေန္တိ -- နှောက်ယှက် တားမြစ်တတ်ကုန်၏၊ဣတိ-ထို့ကြောင့်၊ ပရိဗန္ဓာ-ပရိဗန္ဓတို့ မည်၏၊ "အရ] ကာမစ္ဆန္ဒ စသောနီဝရဏ ငါးပါးကို "ပရိဗန္ဓ" ဟု ခေါ်သည်၊ <mark>ဥပစာရဘာဝနာ</mark>သည် ထို"ပရိဗန္ဓ" ခေါ်သော နီဝရဏများကို ပယ်ခွာနိုင်၏။

ဤ စကားစဉ်အရ " ကာမစ္ဆန္ဒနီဝရဏ စသော ကိလေသာ အနှောက်အယှက်တို့ အနယ်ကျသဖြင့်, ဝိတက်စသော ဈာန်အင်္ဂါနှင့်တကွ ဘာဝနာစိတ်အစဉ်သည် အလွန် <mark>ကြည်လင်</mark>လှလေပြီ" ဟု မှတ်၊ ထို့ကြောင့် ၎င်း<mark>ဥပစာရဘာဝနာ</mark>ကို "ဥပစာရဈာန်" ဟု လည်း ခေါ်ဝေါ်ကြသည်။

အချုပ်မှာ --- ပဋိဘာဂနိမိတ် ထင်လာသည့်အခါ ဘာဝနာ အစဉ်ကို"<mark>ဥပစာရဘာဝနာ</mark>" ဟု ခေါ်၏၊ ထို <mark>ဥပစာရဘာဝနာ</mark> ဖြစ်ပေါ်သည့်အခါကာမစ္ဆန္ဒ စသော နီဝရဏများ ကင်းကွာ၍, ဝိတက် စသော ဈာန်အင်္ဂါ၅ ပါးတို့ အထင်အရှား ကိုယ့်ဆိုင်ရာ ကိစ္စကို ရွက်ဆောင်ကြလေပြီ———ဟုဆိုလိုသည်။

၅။ ပဋိဘာဂနိမိတ် နှင့် အပ္ပနာဘာဝနာ။ ။တတောပရံ ၊ ပေ ၊ပဌမဇ္ဈာနမတိ-ပဋိဘာဂနိမိတ် ထင်လာ၍ <mark>ဥပစာရဘာဝနာ</mark>သို့ ရောက်ပြီးပုဂ္ဂိုလ်သည် ထို ထင်လာသော ပဋိဘာဂနိမိတ်ကို အာရုံပြုလျက် ဆက်လက်အားထုတ်ပြန်လျှင်, ထက်မြက်သောဉာဏ်ကြီးရှင်တို့မှာ မကြာမတင် "အပ္ပနာဘာဝနာ"ခေါ်သော ရူပါဝစရဈာန် ပေါ်လာ၏၊ ထိုမျှလောက် မထက်သူမှာ"စကြာမင်း ဖြစ်လိမ့်မည်" ဟု အဟော ထွက်သော ကိုယ်ဝန်သူငယ်ကိုမယ်တော် မိဖုရားကြီးက အထူးယုယ စောင့်ရှောက်သကဲ့သို့, ထို ရပြီးသောပဋိဘာဂနိမိတ်ကို ပျောက်ကွယ် မသွားရအောင် အထူး စောင့်ရှောက်လျက်အဆက်မပြတ် အထပ်ထပ် အားထုတ်ရမည်၊ ဤကဲ့သို့ အားထုတ်ခြင်းကိုပင်လျှင် "<mark>သမာသေဝန္တဿ</mark>=ကောင်းစွာ မှီဝဲသည်" ဟု ဆိုလိုသည်။

လေ့ကျင့်ခဏ်း မေးခွန်းများ၁။က။ ပရိကမ္မနိမိတ် စသည့်၌ "နိမိတ္တ" သဒ္ဒါ၏ အနက်ကို ပြပါ၊ခ။ အဘယ်ကို "ပရိကမ္မ , ဥဂ္ဂဟ, ပဋိဘာဂနိမိတ်" ဟု ခေါ်သနည်း။ဂ။ ပဋိဘာဂနိမိတ် ရကောင်းသော ကမ္မဋ္ဌာန်းကို သင်္ဂြိုဟ်ထောက်ပြပါ။ဃ။ ပရိကမ္မနိမိတ်နှင့် <mark>ဥဂ္ဂဟနိမိတ်ကို</mark> အဘယ် ဘာဝနာက အာရုံပြု၍, ပဋိဘာဂနိမိတ်ကို အဘယ် ဘာဝနာစိတ်တို့က အာရုံပြုသနည်း။င။ ပဋိဘာဂနိမိတ် မရကောင်းသော ကမ္မဋ္ဌာန်းတို့၌ <mark>ဥပစာရဘာဝနာ</mark>သည်အဘယ်နိမိတ်ကို အာရုံပြုမည်နည်း။စ။ အဘယ် ပုဂ္ဂိုလ်မျိုးကို "<mark>ယောဂီ</mark>" ဟု ခေါ်သနည်း။ဆ။ ပထဝီကသိုဏ်းကို ပွားများရာ၌ ပရိကမ္မနိမိတ်နှင့် ပရိကမ္မဘာဝနာဖြစ်ပုံ,ဥဂ္ဂဟနှင့် ပရိကမ္မဘာဝနာဖြစ်ပုံကို သင်္ဂြိုဟ်အတိုင်း ပြပါ။ဇ။ ပဋိဘာဂနိမိတ်သည် ဘယ်အစွမ်းကြောင့် ဖြစ်သနည်း, ပညတ်လောပရမတ်လော, သင်္ဂြိုဟ်ပုဒ်ကို ထောက်ပါ။ဈ။ ပဋိဘာဂနိမိတ်နှင့် <mark>ဥပစာရဘာဝနာ</mark> ဖြစ်ပုံကို ပြောပြပါ။ည။ ဥပစာရ ဘာဝနာစိတ်ဟူသည် ကာမစိတ်လော, ရူပ စိတ်လော, ဘယ်တရားများကို ပယ်ရှားနိုင်သနည်း, သင်္ဂြိုဟ်ပုဒ်ကို ထောက်ပါ။ဋ။ <mark>ဥပစာရဘာဝနာ</mark>ဖြစ်ပြီးနောက် အပ္ပနာဘာဝနာသို့ ရောက်အောင်ဘယ်ပုံ ပြုရမည်နည်း။

---

## Trang 290

၆။ တတော - ထို <mark>ပဌမဈာန်</mark>မှ၊ ပရံ-နောက်၌၊ တမေဝ ပဌမဇ္ဈာနံ-ထိုပဌမဈာန်ကိုပင်၊ <mark>အာဝဇ္ဇန</mark>ံ – <mark>အာဝဇ္ဇန</mark>ဝသိဘော်၎င်း၊ <mark>သမာပဇ္ဇန</mark>ံ – <mark>သမာပဇ္ဇန</mark>ဝသိဘော်၎င်း၊ <mark>အဓိဋ္ဌာန</mark>ံ -<mark>အဓိဋ္ဌာန</mark>ဝသိဘော်၎င်း၊ ဝုဋ္ဌာနံ-ဝုဋ္ဌာန<mark>ဝသိ</mark>ဘော်၎င်း၊ ပစ္စဝေက္ခဏံ – <mark>ပစ္စဝေက္ခဏဝသိ</mark>ဘော်၎င်း၊ ဣတိ - ဤသို့၊ ပဉ္စဟိ–ငါးပါးကုန်သော၊ ဣမာဟိ<mark>ဝသိ</mark>တာဟိ … ဤ <mark>ဝသိ</mark>ဘော်တို့ဖြင့်၊

၆။ ဒုတိယဈာန် စသည် ဖြစ်ပုံ။ … ။တတောပရံ၊ ပေ ၊ <mark>ဝသိ</mark>ဘူတံကတွာ-<mark>ပဌမဈာန်</mark> ရပြီးနောက် ဒုတိယဈာန်ကို ရလိုသော <mark>ယောဂီ</mark>သည် မိမိရအပ်သော <mark>ပဌမဈာန်</mark>ကို ငါးတန်သော <mark>ဝသိ</mark>ဘော်တို့ဖြင့် အတော်အစွမ်းသတ္တိရှိဘို့ရန် အဖန်ဖန်ဝင်စားရသည်၊ အစွမ်းသတ္တိကို ပါဠိလို"<mark>ဝသိ</mark>တာ-ဟု၎င်း,<mark>ဝသိ</mark>ဘာဝ-ဟု၎င်း" ခေါ်၍, မြန်မာလို "<mark>ဝသိ</mark>ဘော်" ဟု ခေါ်သည်၊ ဤ<mark>ဝသိ</mark>ဘော် ၅ ပါးနှင့် တကွ သိဘွယ်ရာ ဟူသမျှ တို့ကို ဘာသာဋီကာမှာ ရှု။ကျက်မှတ်ရန်………ဆောင်ပုဒ်များ၁။ဈာန်အင်္ဂါစု, ဆင်ခြင်မှု၌, တခုဝီထိ, တခု၏ကြား, ဘွင်မများဘဲ, ဆက်သွားဆင်ခြင်, စွမ်းနိုင်လျှင်သော်, <mark>ဝသိ</mark>ဘော်-မိန့်ခေါ်<mark>အာဝဇ္ဇန</mark>။၂။ ဝင်စားလိုလျှင်,အပိုတွင်တို့, မဝင်-မခြား, အလျင်အားဖြင့်,ဝင်စားနိုင်သော်, <mark>ဝသိ</mark>ဘော်, မိန့်ခေါ် <mark>သမာပဇ္ဇန</mark>။၃။ ရှည်ရှည်-တိုတို,တန့်ထားလိုလျှင်, ဘဝင် <mark>လွှမ်းမိ</mark>, မကျထည့်အောင်, ဈာန်၏ အစဉ်, ထားနိုင်လျှင်သော်, <mark>ဝသိ</mark>ဘော်-မိန့်ခေါ် <mark>အဓိဋ္ဌာန</mark>။၄။ ချိန်ခါ တို-ရှည်, ရွယ်ရည်မှန်းဆ, ထိုခဏ၌, ဈာန်မှ ထခြင်း,စွမ်းနိုင်လျှင်းသော်, <mark>ဝသိ</mark>ဘော်–မိန့်ခေါ် ဝုဋ္ဌာန။

<mark>ဝသိ</mark>ဘူတံ - <mark>ဝသိ</mark>ဘော်သို့ ရောက်သည်ကို၊ ကတွာ - ပြု၍၊ဝိတက္ကာဒိသံ - ဝိတက် အစရှိသော၊ ဩဠာရိကင်္ဂ - ရုန့်ရင်းသော ဈာန်အင်္ဂါကို၊ ပဟာနတ္ထံ-ပယ်ခြင်းငှာ၎င်း၊ ဝိစာရာဒိသုခုမင်္ဂုပ္ပတ္တိယာ - ဝိစာရ အစရှိသော သိမ်မွေ့သော ဈာန်အင်္ဂါ၏ ဖြစ်ပေါ်လာခြင်းငှာ၎င်း၊ ပဒဟတော - အားထုတ်သည်ရှိသော်၊ ယထာက္ကမံ-အစဉ်အားလျော်စွာ၊ ဒုတိယဇ္ဈာနာဒယော - ဒုတိယဈာန် အစရှိသည်တို့သည်၊ ယထာရဟံ -ထိုက်သည်အားလျော်စွာ၊ အပ္ပန္တိ-သက်ရောက်ကုန်၏။

၅။ ပစ္စဝေက္ခဏာ--ဇောစောကာဖြင့်, ဈာန်အင်္ဂါစုံ, ဆင်ခြင်မှုစစ်,နည်းတူဖြစ်၍, <mark>အာဝဇ္ဇန</mark>ာ, ဝသိတာမြောက်, အစွမ်းရောက်က,ပစ္စဝေက်ခေါ်,<mark>ဝသိ</mark>ဘော်လည်း တပါးတည်း, အပြီးရော်နေကျ။

ထိုသို့ <mark>ပဌမဈာန်</mark>ကို အစွမ်းထက်အောင် ပြုလုပ်ပြီးနောက်, <mark>ပဌမဈာန်</mark>နှင့် ယှဉ်သော ဈာန်အင်္ဂါ ၅ ပါးတွင်ဝိတက်သည် <mark>ကြမ်းတမ်း</mark>၏၊ ( ဝိတက် ကြီးဘန် များလျှင် ကာမဂုဏ် ကိုပင်ကြိမိမှာ စိုးရ၍, ကာမစ္ဆန္ဒနီဝရဏ ရန်သူကြီးနှင့် နီးလှချေ၏။ ) ထိုကြောင့်ဝိတက် အလျှင်းမပါအောင် ပယ်ခွာဘို့ရာ၎င်း, <mark>ပဌမဈာန်</mark>တုန်းကထက် သိမ်မွေ့သော "ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ" ဈာန်အင်္ဂါတို့ ပေါ်လာဘို့ရာ၎င်း,ရှေးက ထင်ပြီးသော ပဋိဘာဂနိမိတ်ကိုပင် ဆက်လက် အားထုတ် ပြန်ရာဒုတိယဈာန် ခေါ်သော "အပ္ပနာဘာဝနာ" ဖြစ်ပေါ် လာလေသည်၊ ပင်ကိုယ်က ဝိတက်စက်ဆုပ်၍ ဘာဝနာကို အားထုတ်ခဲ့သောကြောင့် ဒုတိယဈာန်ပေါ်လာသည့် အခါ ဝိတက်မပါတော့ဘဲ ဈာန်အင်္ဂါ ၄ ပါးသာ ယှဉ်တော့သည်၊ "အိမ်သာမှ ဧည့်လာ"ဆိုသကဲ့သို့ ဘာဝနာက ဝိတက်ကို မကြည့်သာသဖြင့် ဝိတက်လည်း မပါဝံ့ရှာတော့ချေ၊ တတိယဈာန်စသည့် တက်ခဏ်း၌လည်း ဤနည်းအတိုင်းပင်တည်း။
