## Trang 306

ကုန်သော၊ ဖလစိတ္တာနိ - ဖိုလ်စိတ်တို့၏၊ <mark>ပဝတ္တိတွာ</mark> – ဖြစ်ပြီးခြင်းကြောင့်၊ <mark>ဘဝင်္ဂပါတောဝ</mark>-ဘဝင် ကျခြင်းသည်သာလျှင်၊ဟောတိ-ဖြစ်၏။<mark>ပစ္စဝေက္ခဏာ</mark> ဝီထိ--၁၀။ ပုန – တဖန်၊ ဘဝင်္ဂ - ဘဝင်ကို၊<mark>ဝေါစိန္တိတွာ</mark> – ဖြတ်၍၊ ပစ္စဝေက္ခဏာဉာဏာနိ-<mark>ပစ္စဝေက္ခဏာ ဉာဏ</mark>်တို့သည်၊ ပဝတ္တန္တိ - ဖြစ်ကုန်၏။ပဏ္ဍိတော-လောကုတ္တရာ ပညာရှိသည်၊ <mark>မဂ္ဂံ</mark> - မဂ်ကို၎င်း ၊ဖလဉ္စ-ဖိုလ်ကို ၎င်း၊ <mark>နိဗ္ဗာနံ</mark> – နိဗ္ဗာန်ကို၎င်း၊ ပစ္စဝေက္ခတိ--အမှန် ဆင်ခြင်၏၊ ဟိနေ-ပယ်အပ်ကုန်ပြီးသော၊ ကိလေသေ-ကိလေသာ တို့ကို၎င်း၊ သေသေစ - ကြွင်းကျန်သေးသောကိလေသာတို့ကို၎င်း၊ ပစ္စဝေက္ခတိဝါ-ဆင်ခြင်သူလည်း ရှိ၏၊နပစ္စဝေက္ခတိဝါ-မဆင်ခြင်သူလည်းရှိ၏။ကြောင့် ဘဝင်ကျလေတော့၏။ [ "ဖလစိတ္တာနိ-တို့သည်၊ <mark>ပဝတ္တိတွာ</mark>-ဖြစ်၍"ဟု မပေးနှင့်၊ <mark>ပဝတ္တိတွာ</mark>၏ ကတ္တားက ဖလစိတ္တာနိ, ဟောတိ၏ ကတ္တားက<mark>ဘဝင်္ဂပါတော</mark>, ဤသို့ ကတ္တား ကွဲပြားသော အရာတိုင်းမှာ တွာ ပစ္စယန္တပုဒ်များကို " ၍ " ဟု မပေးဘဲ " ၏ " ဟု ပေးရိုးရှိသည်။ ]

<mark>မန္ဒပုဂ္ဂိုလ်</mark>၏ မဂ္ဂဝီထိပုံ

<mark>ပစ္စဝေက္ခဏာ</mark> ဝီထိခဏ်း။ ။<mark>မဂ္ဂဝီထိနောက်</mark> ဘဝင်ကျ၍ ဘဝင်ပြတ်သည့်အခါ မဂ်ဖိုလ် စသည်ကို ဆင်ခြင်သော" <mark>ပစ္စဝေက္ခဏာ</mark>ဝီထိ " များဖြစ်ကြ၏၊ ထို ဝီထိတို့၌ပါသော မဟာကုသိုလ် မဟာကြိယာ <mark>ဉာဏသမ္ပယုတ်</mark>ဇောနှင့် ယှဉ်သော ဉာဏ်များကို "<mark>ပစ္စဝေက္ခဏာ</mark>ဉာဏ်" ဟု ခေါ်သည်။

နိဿယနှင့်အဓိပ္ပါယ်

မဂ္ဂဖလဉ္စပစ္စဝေက္ခတိ ပဏ္ဍိတာ— ဤကား <mark>ပစ္စဝေက္ခဏာ</mark> ဝီထိများကို ပြသော ဂါထာတည်း၊ မဂ်ဖိုလ် ရပြီးသော ပညာရှိသည် – "ငါသည်ဤမဂ် ဤဖိုလ် နိဗ္ဗာန်ကို ရပေပြီ " ဟု မဂ်ဖိုလ်နိဗ္ဗာန်ကို ဧကန် ဆင်ခြင်သည်မဂ်ကိုဆင်ခြင်သော <mark>ပစ္စဝေက္ခဏာ</mark>ဝီထိ, ဖိုလ်ကို ဆင်ခြင်သော ဝီထိ နိဗ္ဗာန်ကိုဆင်ခြင်သော ဝီထိ, ဤ သုံးပါးကား မုချ ဖြစ်သည့် ဟူလို။ဟီနေကိလေသေ သေသေ, ပစ္စဝေက္ခတိဝါနဝါ— မဂ်ဖြင့် ပယ်အပ်သော ကိလေသာကို ပြန်၍ ဆင်ခြင်သော ဝီထိ, မပယ်နိုင်၍ ကျန်နေသောကိလေသာကို ဆင်ခြင်သော ဝီထိ, ဤ ၂ ဝီထိကား အမြဲ မဟုတ်, အချို့ပုဂ္ဂိုလ်မှာ ဖြစ်၍, အချို့ ပုဂ္ဂိုလ်မှာ မဖြစ် ဟူလို၊ ဤ စကားစဉ်အရ သောတာပတ္တိမဂ်ကို ရပြီးနောက် ၅ ဝီထိ, သကဒါဂါမိမဂ်ကို ရပြီးနောက် ၅ ဝီထိ,အနာဂါမိမဂ်ကို ရပြီးနောက် ၅ ဝီထိ, အရဟတ္တမဂ်ကို ရပြီးနောက် ( ကျန်ကိလေသာမရှိ၍) ၄ ဝီထိ, ပေါင်း <mark>ပစ္စဝေက္ခဏာ</mark> ၁၉ ဝီထိ ဖြစ်ခွင့်ရှိသည် ဟုမှတ်၊ ( မုချ ဖြစ်ရမည်ဟု မဆိုလို။ )

၁၁။ ဉာဏဒဿန ဝိသုဒ္ဓိခဏ်း။ ။[ဉာဏ=သိသည့်+ဒဿန=တိုက်ရိုက် မြင်သည့်+ဝိသုဒ္ဓိ=ဆိုင်ရာ ကိလေသာမှ စင်ကြယ်သည်။ ]သီလဝိသုဒ္ဓိ စသော အောက် ဝိသုဒ္ဓိ ၆ ပါးကို အစဉ် အတိုင်း အားထုတ်

---

## Trang 307

ပဝုစ္စတိ-ဆိုအပ်၏။…ဣတ္ထ - ဤ <mark>ဝိပဿနာ</mark> ကမ္မဋ္ဌာန်း၌၊ အယံဤ ဆိုအပ်ပြီးသည်ကား၊ ဝိသုဒ္ဓိဘေဒေါ-ဝိသုဒ္ဓိဘေဒတည်း။

ပြီးနောက် ဖြစ်ပေါ် စေအပ်သော မဂ်ဉာဏ် ( သောတာပတ္တိမဂ် စသော )၄ ပါးကို ကိလေသာမှ စင်ကြယ်၍ သစ္စာ ၄ ပါးကို တိုက်ရိုက် သိတတ်သောကြောင့် " ဉာဏဒဿနဝိသုဒ္ဓိ " ဟု ခေါ်သည်၊ မဂ်၏ ရှေ့နားက အနုလုံသို့ကျလျှင် အောက်ဝိသုဒ္ဓိ ၆ ပါး ပြီးလေပြီ၊ ထို့ကြောင့် မဂ် ၄ ပါးကို "ဉာဏဒဿနဝိသုဒ္ဓိ" ခေါ်သည် ဟူလို။

ဝိသုဒ္ဓိ ၇ ပါးနှင့် ဉာဏ် ၁၀ ပါး တွဲပြချက်။ ။သီလဝိသုဒ္ဓိ စိတ္တဝိသုဒ္ဓိ ဒိဋ္ဌိဝိသုဒ္ဓိ ကင်္ခါဝိတရဏဝိသုဒ္ဓိ စခန်းတို့၌ နာမ်ရုပ် တရားတို့ကို အနိစ္စဒုက္ခ အနတ္တ ဟု မသုံးသပ်ရသေးသောကြောင့် သမ္မသနဉာဏ် မဖြစ်သေး၊မဂ္ဂါမဂ္ဂ ဉာဏဒဿနဝိသုဒ္ဓိ စခန်း၌ သမ္မသနဉာဏ်နှင့် ဥဒယဗ္ဗယဉာဏ်<mark>ရှေ့ပိုင်း</mark>တစိတ်ဖြစ်၏၊ ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိစခန်း၌ ဥဒယဗ္ဗယဉာဏ်နောက် တစိတ်နှင့် ဘင်္ဂဉာဏ်, ဘယဉာဏ်, အာဒီနဝဉာဏ်, နိဗ္ဗိဒါဉာဏ်, <mark>မုစ္စိတုကမျတာ</mark>ဉာဏ်, ပဋိသင်္ခါဉာဏ်, သင်္ခါရုပေက္ခာဉာဏ်, အနုလောမဉာဏ်တို့ ဖြစ်ကုန်၏၊ ဉာဏဒဿန ဝိသုဒ္ဓိစခန်း၌ နိဗ္ဗာန်ကို အာရုံပြုရကား သင်္ခါရတရား၌ အနိစ္စ ဒုက္ခ အနတ္တ ဟု မရှိသောကြောင့် <mark>ဝိပဿနာ</mark>ဉာဏ် မလိုတော့ပြီ။

[ဆောင်] ၁။ သီ-စိတ်-ဒိဌ-ကင်, ဤလေးအင်, ဉာဏ်စဉ် မဆိုင်သင့်။၂။ မဂ္ဂါမဂ္ဂ, စခန်းကျလျှင်, သမ္မသန – ဉာဏ်အစနှင့် ဥဒယဗ္ဗယံ-<mark>ရှေ့ပိုင်း</mark>ဉာဏ်, အမှန် ပါသဖြင့်။၃။ ပဋိပဒ, စခန်းကျသော်, ဥဒယလှိုင်း, နောက်အပိုင်းမှ,စ၍ အနုလုံ, တိုင်အောင်ခြုံ, ဉာဏ်ကုန် ၉ ပါးဆင့်။

နိဿယနှင့်အဓိပ္ပါယ်

လေ့ကျင့်ခဏ်း မေးခွန်းများ

၁။ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ၌ ဘယ်<mark>ဝိပဿနာ</mark> ဉာဏ်များ ဖြစ်သနည်း။၂။ ဥဒယဗ္ဗယဉာဏ်သည် မဂ္ဂါ မဂ္ဂ ဉာဏဒဿန ဝိသုဒ္ဓိတုန်းက ဖြစ်ခဲ့ပြီးပါလျက် အဘယ့်ကြောင့် တဖန် ဖြစ်ရပြန်သနည်း။၃။ ဒွေတီဏိ <mark>ဝိပဿနာ</mark> စိတ္တာနိ၌ အဘယ်ပုဂ္ဂိုလ်မှာ ၂ ကြိမ်, အဘယ်ပုဂ္ဂိုလ်မှာ ၃ ကြိမ် ဖြစ်သနည်း, ၂ ကြိမ်ဖြစ်လျှင် နာမည်ဘယ်သို့, ၃ ကြိမ်ဖြစ်လျှင် နာမည်ဘယ်သို့နည်း။၄။ ထို <mark>ဝိပဿနာ</mark> စိတ်များသည် အဘယ်ကို အာရုံ ပြသနည်း, ဆိုင်ရာပါဌ်ကို ထောက်ပါ။၅။ အဘယ်ဉာဏ်များကို " ဝုဋ္ဌာနဂါမိနိ <mark>ဝိပဿနာ</mark> " ဟု ခေါ်သနည်း,သင်္ဂြိုဟ်ထောက်ပါ။၆။ အဘယ်ကို " အနုလောမဉာဏ် " ဟု ခေါ်သနည်း။၇။ ဂေါတြဘုစိတ်သည် အဘယ်ကို အာရုံ ပြုသနည်း, ဆိုင်ရာ ပါဌ်ကိုထောက်ပါ။ဆိုင်ရာပါဌ်တို့အရ " ဂေါတြဘု " ပုဒ်ကို ဝိဂြိုဟ်ပြုပါ။၈။ အပ္ပနာဝီထိ မနောဒွါရတိ အရ အပ္ပနာအစဉ်ကို ပြပါ။၉။ မဂ်စိတ် ၄ ချက်ကို ဥပမာနှင့်တကွ ပြပါ။၁၀။ ဒွေတီဏိဖလစိတ္တာနိ၌ ဒွေတီဏိအရကို ပုဂ္ဂိုလ်ဖြင့် ခွဲပြပါ။၁၁။ မဂ္ဂဝီထိ တဝီထိချ၍, မဂ်ဖိုလ်တို့၏ အာရုံကိုလည်း ပြပါ။၁၂။ သင်္ဂြိုဟ်အဆိုအတိုင်း အဘယ်<mark>ပစ္စဝေက္ခဏာ</mark> ဝီထိများ မုချဖြစ်ထိုက်၍အဘယ်ဝီထိများ ဖြစ်မဖြစ် ၂ မျိုးရသနည်း။၁၃။ <mark>ပစ္စဝေက္ခဏာ</mark> ၅ ဝီထိ, ၁၉ ဝီထိ သရုပ်ကို အသီးအသီး ရေတွက်ပါ။၁၄။ ဉာဏဒဿနဝိသုဒ္ဓိ ဟူသည် အဘယ်နည်း, သင်္ဂြိုဟ်ထောက်ပါ။၁၅။ ဝိသုဒ္ဓိ ၇ ပါးနှင့် ဉာဏ် ၁၀ ပါးကို ရသင့်သလို တွဲပြပါ။

---

## Trang 308

၁။ တက္က-ထို <mark>ဝိပဿနာ</mark>ရှုခဏ်း၌၊ အနတ္တာနုပဿနာ--အနတ္တာ နုပဿနာသည်၊ အတ္တာဘိနိဝေသံ - အတ္တ ဟူ၍ စွဲလမ်းခြင်းကို၊ မုဉ္စ န္တီ - စွန့်လွှတ်နိုင်သည်၊ ( ဟုတွာ - ဖြစ်၍၊ ဝါ-ဖြစ်ခြင်းကြောင့်၊ ) <mark>သုညတ</mark>ာနုပဿနာနာမ "<mark>သုညတ</mark>ာနုပဿနာ မည်သော၊ <mark>ဝိမောက္ခ</mark>မုခံ-<mark>ဝိမောက္ခ</mark>မုခသည်၊ ဟောတိ-ဖြစ်၏။

၁။ <mark>ဝိမောက္ခ</mark>ခွဲ။ ။အနတ္တာနုပဿနာ <mark>အတ္တာဘိနိဝေသံ</mark> မုဉ္စန္တိ—အနုပဿနာဉာဏ် ၃ မျိုးတွင် အနတ္တ ဟု ရှုသော အနုပဿနာသည် အတ္တရှိသည် ဟု မှတ်ထင်မှုကို လွှတ်နိုင်၏၊ ထို့ကြောင့် ထို အနတ္တာနုပဿနာကို<mark>ဝိမောက္ခ</mark>မုခ ၃ မျိုးတွင် <mark>သုညတ</mark>ာနုပဿနာ မည်သော <mark>ဝိမောက္ခ</mark>မုခ ဟုခေါ်လေသည်။

ရုပ်နာမ် ခန္ဓာတွင်း၌ လွန်စွာ တန်ခိုးသတ္တိရှိ၍ မပျက်မစဲ အမြဲတည်သောခန္ဓာအိမ် အဟောင်း ပျက်လျှင် ခန္ဓာအိမ်သစ်ကို <mark>ဖန်ဆင်းနိုင်</mark>သော, ထိုထိုကိစ္စ ပြုလုပ်ဘို့ရန် အတွင်းက စီမံနေသော, ကောင်း မကောင်းကို ခံစားတတ်သော အတ္တ ခေါ် အထည်ကိုယ် အမာခံ အနှစ်<mark>တမျိုး</mark> ရှိ၏ ဟုပုထုဇန်တို့က ထင်မှားနေကြသည်၊ ထို အတ္တကို အစွဲပြု၍ " ငါ – သူ – မိမိမောင်မောင် – ကို " စသော စကားလုံးတို့ဖြင့် သုံးနှုန်း ခေါ်ဝေါ်ကြ၏၊ခန္ဓာကိုယ် တကိုယ်လုံး ( ရုပ်နာမ် အားလုံး ) ၌ ကြောင်းကျိုး <mark>စုံလင်</mark>အောင်မွှေနှောက်၍ အနတ္တာနုပဿနာဖြင့် အတ္တ-ရှိ မရှိကို ထိထိမိမိ ရှုစားသည့်အခါ ဘာမျှ မရှိ – သုညချည်းသာ ဖြစ်လေတော့၏၊ ဤသို့လျှင် အနတ္တာနုပဿနာသည် အတ္တကင်းစင် သုည ထင်အောင် ရှုနိုင် သောကြောင့်"<mark>သုညတ</mark>ာ နုပဿနာ" ဟူသော နာမည်ရလျက် <mark>ဝိမောက္ခ</mark>သို့ ဝင်ရာ အဝဖြစ်လေသည်။ [<mark>သုညတ</mark>=အတ္တမှ ကင်းဆိတ်၏ ဟု+အနုပဿနာ=ရှုစားတတ်သော ဉာဏ်။ ]

နိဿယနှင့်အဓိပ္ပါယ်

၂။ အနိစ္စာနုပဿနာ-အနိစ္စာနုပဿနာသည်၊ ဝိပလ္လာသနိမိတ္တံ-ဝိပလ္လာသ နိမိတ်ကို၊ မုဉ္စန္တီ--သည်၊ ( ဟုတွာ-၍၊ ဝါ-ကြောင့်၊ ) <mark>အနိမိတ္တာ</mark> နုပဿနာ နာမ – <mark>အနိမိတ္တာ</mark> နုပဿနာမည်သော၊ <mark>ဝိမောက္ခ</mark>မုခံ -သည်၊ ဟောတိ-ဖြစ်၏။

၂။ အနိစ္စာနုပဿနာ၊ပေ ၊ မုဉ္စန္တိ— နိမိတ္တသဒ္ဒါသည် "ပုံသဏ္ဌာန်"ဟူသော အနက်ကို ဟော၏၊ ပုထုဇန်တို့က ရုပ်နာမ်အပေါင်းကို တလုံးထဲတခဲထဲ စုတွဲနေဟန် ပုံသဏ္ဌာန်ကြီး ထင်နေ၏၊ ထိုသို့ မဟုတ် မမှန်ဖေါက်ပြန်စွာ ထင်မှားအပ်သော ပုံသဏ္ဌာန်ကို " ဝိပလ္လာသနိမိတ္တ " ဟုခေါ်သည်။ အနိစ္စာနုပဿနာဉာဏ်ဖြင့် ရုပ်နာမ်ခန္ဓာ၌ ပုံသဏ္ဌာန် ရှိ မရှိကိုထိထိမိမိ ရှုစားသည့်အခါ ယခုဖြစ် ယခုပျက် မမြဲသော .. အချက်ကိုသာတွေ့ရ၏၊ ပုံသဏ္ဌာန် ဖြစ်လောက်အောင် ကြာရှည် လေးမြင့်စွာ တည်လျက်စုပေါင်းတွေခဲ ပူးတွဲနေသည်ကို မတွေ့ရ၊ ဤသို့လျှင် အနိစ္စာ နုပဿနာသည်ဝိပလ္လာသနိမိတ်ကို စွန့်လွှတ်ပယ်ခွါနိုင်သောကြောင့် "<mark>အနိမိတ္တာ</mark> နုပဿနာ"ဟူသော အမည်ကိုရလျက် <mark>ဝိမောက္ခ</mark>သို့ ဝင်ရာ လမ်းပေါက်ဝ <mark>တမျိုး</mark> ဖြစ်လေသည်။[ <mark>အနိမိတ္တ</mark> = နိမိတ်ပုံပန်း သဏ္ဌာန်မရှိ ဟု + အနုပဿနာ=ရှုစားတတ်သော ဉာဏ်။]

၃။ ဒုက္ခာ နုပဿနာ - ဒုက္ခာနုပဿနာသည်၊ တဏှာပဏိဓိံ – တောင့်တတတ်သော တဏှာကို၊ မုဉ္စန္တီ – သည်၊(ဟုတွာ-ဖြစ်၍၊ ဝါ-ကြောင့်၊) <mark>အပ္ပဏိဟိတာ</mark>နုပဿနာ နာမ-

၃။ ဒုက္ခာနုပဿနာ၊ပေ ၊ မုဉ္စန္တိ— တောင့်တတတ်သော တဏှာကို" တဏှာပဏိဓိ " ဟု ခေါ်သည်၊ ထို တောင့်တမှုသည် "ချမ်းသာဘွယ်" ဟုထင်မြင်မှု ကြောင့်သာ ဖြစ်၏၊ ဒုက္ခာ နုပဿနာကား ရုပ်နာမ် ဟူသမျှ၌

---

## Trang 309

<mark>အပ္ပဏိဟိတာ</mark>နုပဿနာ မည်သော၊ <mark>ဝိမောက္ခ</mark>မုခံ – သည်၊ဟောတိ-ဖြစ်၏။

၄။ တသ္မာ-ထို့ကြောင့်၊ ဝုဋ္ဌာနဂါမိနိ<mark>ဝိပဿနာ</mark> – ဝုဋ္ဌာနဂါမိနိဝိပဿနာသည် ..<mark>အနတ္တတော</mark> - အနတ္တအားဖြင့်၊ ယဒိဝိပဿတိ-အကယ်၍ <mark>ရှုအံ့</mark>၊ (ဧဝံသတိ-ဤသို့ ရှုသည်ရှိသော်၊)မဂ္ဂေါ – မဂ်သည်၊ သုညတော <mark>ဝိမောက္ခ</mark>ောနာမ - သုညတ<mark>ဝိမောက္ခ</mark> မည်သည်၊ ဟောတိ-ဖြစ်၏။

၅။ အနိစ္စတော - အနိစ္စအားဖြင့်၊ ယဒိ ဝိပဿတိ - အံ့၊( ဧဝံသတိ-သော်၊ ) မဂ္ဂေါ- သည်၊ အနိမိတ္တော <mark>ဝိမောက္ခ</mark>ောနာမ - အနိမိတ္တ <mark>ဝိမောက္ခ</mark> မည်၏။

တကယ် ချမ်းသာ ရှိ-မရှိကို ထိထိမိမိ ရှုစားလေရာ, ချမ်းသာဘွယ် မမြင်ဆင်းရဲဘွယ် ချည်းသာ ထင်လာသောကြောင့် တဏှာပဏိဓိကို ပယ်ခွါ၍"<mark>အပ္ပဏိဟိတာ</mark> နုပဿနာ " ဟူသော အမည်ထူးကို ရလျက် <mark>ဝိမောက္ခ</mark>သို့ဝင်ရာ လမ်းပေါက်ဝ<mark>တမျိုး</mark>ဖြစ်လေသည်။ [အပ္ပဏိဟိတ=တောင့်တဘွယ်မရှိ ဟု+အနုပဿနာ=ရှုတတ်သော ဉာဏ်။]

[ "ဝုဋ္ဌာနဂါမိနိ <mark>ဝိပဿနာ</mark> " မည်သော ဉာဏ်များကို ရေးခဲ့ပြီ၊ ]

၄။ တသ္မာယဒိဝုဋ္ဌာနဂါမိနိ ၊ ၊ ပေ ၊ ဝိပဿနာ— ထို ဝုဋ္ဌာနဂါမိနိ <mark>ဝိပဿနာ</mark>စခန်းသို့ မရောက်မီက သင်္ခါရတို့၌ အနိစ္စဟု၎င်း, ဒုက္ခဟု ၎င်း, အနတ္တဟု ၎င်း,<mark>အမျိုးမျိုး</mark>အဖုံဖုံ စုံအောင်ပင် ရှုပေလိမ့်မည်၊ ဝုဋ္ဌာနဂါမိနိ<mark>ဝိပဿနာ</mark> စခန်း၌အကယ်၍ အနတ္တဟု ရှုခိုက်ကြုံလျှင် မဂ်ကို"သုညတ <mark>ဝိမောက္ခ</mark>မဂ်"ဟု အမည်မှည့်ရမည် – ဟူလို။ [ မဂ်ဖိုလ်သို့ ရှေးရှု အဝမူ၍ နေသော ဝုဋ္ဌာနဂါမိနိ<mark>ဝိပဿနာ</mark>က အနတ္တ ဟု ရှုသဖြင့် <mark>သုညတဝိမောက္ခ</mark> အမည်ရခဲ့လျှင် မဂ်လည်း<mark>သုညတ</mark>မဂ်ပင် မည်ရတော့သည်၊ နောက်၌လည်း ဤနည်းပင်။ ]

နိဿယနှင့်အဓိပ္ပါယ်

၆။ ဒုက္ခတော - ဒုက္ခအားဖြင့်၊ ယဒိ ဝိပဿတိ-အံ့၊ ( ဧဝံသတိ-သော်၊ ) မဂ္ဂေါ – သည်၊ အပ္ပဏိဟိတော <mark>ဝိမောက္ခ</mark>ောနာမ – အပ္ပဏိဟိတ <mark>ဝိမောက္ခ</mark> မည်၏၊ ဣတိစ – ဤသို့လည်း၊မဂ္ဂေါ – သည်၊ <mark>ဝိပဿနာ</mark> ဂမနဝသေန - မဂ်၏ ဖြစ်ပေါ်လာကြောင်းဖြစ်သော <mark>ဝိပဿနာ</mark>နှင့်စပ်သဖြင့်၊ တီဏိ-သုံးမျိုးကုန်သော၊ နာမာနိ – အမည်တို့ကို၊ လဘတိ - ရ၏၊ တထာ - ထိုအတူ၊ ဖလဉ္စ- ဖိုလ်သည်လည်း၊ <mark>မဂ္ဂဝီထိယံ</mark> - မဂ္ဂဝီထိ၌၊ မဂ္ဂါဂမနဝသေန - ဖိုလ်၏ ဖြစ်ပေါ်လာကြောင်း ဖြစ်သော မဂ်နှင့်စပ်သဖြင့်၊ တီဏိ-ကုန်သော၊ နာမာနိ-တို့ကို၊ လဘတိ – ရ၏။

၅။ ယဒိအနိစ္စတော၊ပေ၊အနိမိတ္တော<mark>ဝိမောက္ခ</mark>ောနာမ – ဝုဋ္ဌာနဂါမိနိ<mark>ဝိပဿနာ</mark>က အနိစ္စဟု ရှုသဖြင့် (အနိမိတ္တ<mark>ဝိမောက္ခ</mark>မုခ အမည်ရခဲ့လျှင်)မဂ်လည်း " အနိမိတ္တ<mark>ဝိမောက္ခ</mark>" မည်တော့၏။

၆။ ယဒိဒုက္ခတော၊ ပေ၊ <mark>ဝိမောက္ခ</mark>ောနာမ— ဝုဋ္ဌာနဂါမိနိ ဝိပဿနာက ဒုက္ခ ဟုရှုသဖြင့် ( အပ္ပဏိဟိတ<mark>ဝိမောက္ခ</mark>မုခ အမည်ရခဲ့လျှင် ) မဂ်လည်း "အပ္ပဏိဟိတ<mark>ဝိမောက္ခ</mark>" မည်တော့၏။

ဣတိစ <mark>ဝိပဿနာ</mark>ဂမနဝသေန တီဏိနာမာနိ လဘတိ— ဤစကားကား "တသ္မာ ယဒိမှ စ၍ အပ္ပဏိဟိတော <mark>ဝိမောက္ခ</mark>ောနာမ" တိုင်အောင်ဆိုပြီးစကားကို ပြန်ဖုံးသောနိဂုံးစကားတည်း။ [<mark>ဝိပဿနာ</mark>ဂမန-<mark>ဝိပဿနာ</mark>အာဂမန၊အာဂမန = မဂ်၏ဖြစ်ပေါ်လာကြောင်း <mark>ဝိပဿနာ</mark>-<mark>ဝိပဿနာ</mark>၊ဤသို့လျှင် မဂ်၏ ဖြစ်ပေါ်လာကြောင်း <mark>ဝိပဿနာ</mark>နှင့် စပ်၍ မဂ်မှာ ( သုညတ<mark>ဝိမောက္ခ</mark>စသော) အမည် ၃ မျိုး ရသည်။

တထာဖလဉ္စ၊ ပေ၊ <mark>မဂ္ဂဝီထိယံ</mark> — ဖိုလ်စိတ်၏ ဖြစ်ပေါ်လာကြောင်းဖြစ်သော မဂ်ကို "မဂ္ဂါဂမန" ဟု ခေါ်သည်၊ [မဂ္ဂ+အာဂမ၊ အာဂမန

---

## Trang 310

ဖိုလ်၏ ဖြစ်ပေါ်လာကြောင်း၊ မဂ်နောက်က ဆက်၍ဖြစ်သော ဖိုလ်လည်းမဂ်နှင့် စပ်၍ အမည် ၃ မျိုးပင် ရ၏၊ မဂ်က <mark>သုညတဝိမောက္ခ</mark> အမည် ရလျှင်ထို့နောက် ဖိုလ်များလည်း <mark>သုညတဝိမောက္ခ</mark>ာပင် မည်၏– ဟူလို။

အထူးမှတ်ချက်။ ။ယောဂီပုဂ္ဂိုလ်သည် <mark>သဒ္ဓိန္ဒြေလွန်သူ, သမာဓိန္ဒြေ</mark>လွန်သူ, <mark>ပညိန္ဒြေ</mark> လွန်သူ ဟု ၃ မျိုးရှိရာ, သဒ္ဓိန္ဒြေ လွန်ကဲသူသည် အနိစ္စ ဟုအရှုများသောကြောင့် အနိမိတ္တ<mark>ဝိမောက္ခ</mark>မုခဖြင့် အနိမိတ္တ<mark>ဝိမောက္ခ</mark> မဂ်ဖိုလ်ကိုရတတ်၏၊ သမာဓိန္ဒြေ လွန်ကဲသူသည် ဒုက္ခဟု အရှုများသောကြောင့် အပ္ပဏိဟိတ<mark>ဝိမောက္ခ</mark>မုခဖြင့် အပ္ပဏိဟိတ<mark>ဝိမောက္ခ</mark> မဂ်ဖိုလ်ကို ရတတ်၏၊ <mark>ပညိန္ဒြေ</mark>လွန်ကဲသူသည် အနတ္တ ဟု အရှုများသဖြင့် <mark>သုညတဝိမောက္ခ</mark> မဂ်ဖိုလ်ကိုရတတ်၏။

[ဆောင်] ၁။ အနိစ္စဟူ, ရှုလေ့သူ, မှတ်ယူ သဒ္ဓါမွန်။၂။ ဒုက္ခဟူဘိ, ရှုလေ့ရှိ, သမာဓိ ကဲ၍လွန်။၃။ အနတ္တသာ,ရှုသူမှာ, ပညာထက်မြက်ချွန်။

၇။ ဖလသမာပတ္တိ၊ပေ၊ပဝုစ္စတိ — ယခင် ဆိုခဲ့ပြီးသော စကားကားမဂ္ဂဝီထိတွင်းမှာ ပါသော ဖိုလ်များအတွက် ဆိုသော စကား ဖြစ်သည်၊ မဂ်နှင့်မဆက်သော ဖလသမာပတ္တိ ဝီထိခဏ်းမှာကား ဖိုလ်၏ ရှေ့က <mark>ဝိပဿနာ</mark>နှင့်စပ်၍ <mark>သုညတဝိမောက္ခ</mark> စသော အမည်ကို ရသည်။

ဖိုလ်ဝင်စားလိုလျှင် <mark>ဝိပဿနာ</mark>ကို နှလုံးသွင်းရသေး၏၊ ထို ဝိပဿနာက<mark>သုညတဝိမောက္ခ</mark>မုခ ဖြစ်လျှင် ( မဂ်ရပြီးစက ဘာဘဲမည်မည် ) ယခု အခါ<mark>ဝိပဿနာ</mark>နှင့် စပ်၍ ဖိုလ်ကို <mark>သုညတဝိမောက္ခ</mark> ဟု မှည့်ရမည်၊ <mark>ဝိပဿနာ</mark>ကအနိမိတ္တ <mark>ဝိမောက္ခ</mark>မုခ အပ္ပဏိဟိတ <mark>ဝိမောက္ခ</mark>မုခ ဖြစ်ရာတို့၌လည်း ဤနည်းပင်တည်း။

<mark>ယထာသကံ</mark> ဖလမုပ္ပဇ္ဇမာန<mark>မ္ပိ</mark>… " မဂ်က <mark>သုညတ</mark>မဂ် ဖြစ်၍, ဖလသမာပတ် ဝင်စားသည့် အခါ ဝိပဿနာက <mark>အနိမိတ္တ</mark>နုပဿနာ ဖြစ်နေလျှင်,<mark>ဝိပဿနာ</mark> နာမည်နောက်သို့ ဖိုလ်နာမည် လိုက်ခဲ့သော် , အရင်းခံ မဂ်နှင့်ဆန့်ကျင်ဘက် မဖြစ်ပေဘူးလား " ဟု မေးဘွယ်ရှိ၍ ဤစကားကို ဆိုရသည်။

ထိုထို <mark>သုညတ</mark>မဂ် စသည်တို့၏ ဥစ္စာရင်း ( အကျိုး ) ဖြစ်သော ဖိုလ်ပင်ဖြစ်သော်လည်း ဥစ္စာရှင်ဖြစ်သော မဂ်နောက်သို့ မလိုက်စေနှင့်တော့, ယခုလောလောဆယ် <mark>ဖြစ်သွားဖြစ်</mark>သော ဝိပဿနာ၏ နာမည် နောက်သို့သာလိုက်ရမည်"ဟူလို။

နိဿယနှင့်အဓိပ္ပါယ်

၇။ ပန - အဘိတပါးကား၊ <mark>ဖလသမာပတ္တိဝီထိ</mark>ယံ – ဖလသမာပတ္တိဝီထိ၌၊ ယထာသုတ္တနယေန-အကြင်အကြင် ဆိုအပ်ခဲ့တိုင်းသော နည်းဖြင့်၊ ဝိပဿန္တာနံ – <mark>ဝိပဿနာ</mark> ရှုကုန်သောပုဂ္ဂိုလ်တို့၏ ( သန္တာန်၌)၊ <mark>ယထာသကံ</mark> - အကြင်ကြင် မိမိဥစ္စာ ဖြစ်သော၊ ဖလံ-ဖိုလ်သည်၊ ဥပ္ပဇ္ဇမာန<mark>မ္ပိ</mark> - ဖြစ်ပါသော်လည်း၊ <mark>ဝိပဿနာ</mark>ဂမန ဝသေနေဝ-ဖိုလ်၏ဖြစ်ပေါ်လာကြောင်းဖြစ်သော <mark>ဝိပဿနာ</mark>နှင့် စပ်သဖြင့် သာလျှင်၊ <mark>သုညတ</mark>ာဒိဝိမောက္ခောဘိတ - <mark>သုညတဝိမောက္ခ</mark> အစရှိသည် ဟူ၍လည်း၊ပဝုစ္စတိ-ဆိုအပ်၏။

၈။ ပန - အဘို့ တပါးကား၊ <mark>အာရမ္မဏ</mark>ဝသေန - နိဗ္ဗာန်အာရုံနှင့် စပ်သဖြင့်၎င်း၊ <mark>သရသ ဝသေနစ</mark> - မိမိ သဘောနှင့်

၈။ အာရုံနှင့်စပ်၍ အမည်ရပုံ ။ ။ <mark>အာရမ္မဏ</mark>ဝသေန — မဂ်ဖိုလ်တို့၏ " <mark>သုညတဝိမောက္ခ</mark> " စသော အမည်ရမှုမှာ မိမိတို့ ရှေ့က <mark>ဝိပဿနာ</mark>အတွက်သာ မကသေး, အာရုံနှင့် ဆက်သွယ်၍လည်း <mark>သုညတဝိမောက္ခ</mark>စသော အမည်ကို ရကြသေး၏။ မဂ်ဖိုလ်တို့သည် နိဗ္ဗာန်ကို အာရုံပြု၏၊ထို အာရုံဖြစ်သော နိဗ္ဗာန်ကား <mark>သုညတ</mark>လည်း မည်၏၊ <mark>အနိမိတ္တ</mark>, အပ္ပဏိ
