## Trang 311

စပ်သဖြင့်၎င်း၊ နာမတ္တယံ – <mark>သုညတဝိမောက္ခ</mark> စသော အမည်သုံးမျိုးတို့၏ အပေါင်းသည်။ သဗ္ဗတ္ထ - အလုံးစုံသော မဂ္ဂဝီထိ<mark>ဖလသမာပတ္တိဝီထိ၌</mark>၊ သဗ္ဗေသံပိ – အလုံးစုံသော ပုဂ္ဂိုလ်တို့၏(သန္တာန်၌) လည်း၊ သမမေဝ-တူသည်သာလျှင်တည်း၊ ဣတိ-ဤတွင် အပြီးတည်း။

<mark>ဧတ္ထ-၏</mark> ဝိပဿနာကမ္မဋ္ဌာန်း၌၊ အယံ – ဤ ဆိုအပ်ပြီးသည်ကား၊ ဝိမောက္ခဘေဒေါ-ဝိမောက္ခဘေဒတည်း။

ဟိတလည်းမည်၏(ရုပ်ပိုင်းပြန်ကြည့်)၊ ထို့ကြောင့် အာရုံနှင့်စပ်၍ အမည်ပေးရလျှင် မဂ်ဖိုလ်များသည့် <mark>သုညတဝိမောက္ခ</mark> အနိမိတ္တဝိမောက္ခ အပ္ပဏိဟိတဝိမောက္ခ ဟူသော <mark>နာမည်သုံးမျိုး</mark>ကို တပြိုင်နက် ရနိုင်ကြသည်။

မိမိသဘောအားဖြင့် အမည်ရပုံ။ ။<mark>သရသဝသေန-[သ=</mark>မိမိ၏ရသ သဘော၊] မဂ်ဖိုလ်တရားတို့သည် ရာဂ ဒေါသ မောဟတို့မှ၎င်း,အတ္တမှ၎င်း, ကင်းဆိတ်သော“သုညတ”သဘောရှိကုန်၏၊ လုံးလုံး လျောင်းလျောင်း ပေါင်း၍တည့်ဟန် သဏ္ဌာန် နိမိတ်လည်း မရှိကြကုန်၊ တောင့်တတတ်သော တဏှာပဏိဓိလည်း မရှိကုန်၊ ထို့ကြောင့် ဝိပဿနာ အာရုံတို့နှင့်မခပ်သွယ်ဘဲလည်း မိမိတို့၏ ပင်ကိုယ်သဘောအတိုင်းပင် သုညတဝိမောက္ခစသော<mark>နာမည်သုံးမျိုး</mark>ကို ရနိုင်ကြလေသည်။

<mark>နာမ</mark>တ္တယံ သဗ္ဗတ္ထ <mark>သဗ္ဗေသံပိ</mark> သမမေဝ — ဤသို့လျှင် အာရုံနှင့် စပ်၍၎င်း,မိမိသဘောအားဖြင့်၎င်း, ရအပ်သော <mark>နာမ</mark>ည် သုံးမျိုးသည့် <mark>မဂ္ဂဝီထိ</mark>အခိုက်မှာ ဖြစ်စေ, ဖလသမာပတ္တိ <mark>ဝီထိ</mark> အခိုက်မှာ ဖြစ်စေ အလုံးစုံသောပုဂ္ဂိုလ်တို့၌ ထူးမခြားနားပြီ။ [ ဝိပဿနာနှင့်စပ်၍ ရအပ်သော အမည်ကားမဂ်ဖိုလ် တမျိုးလျှင် အမည် တမျိုးစီသာ ရနိုင်၏၊ အာရုံနှင့် စပ်၍၎င်း မိမိသဘောအားဖြင့်၎င်း, ရအပ်သော အမည်ကား တပြိုင်နက် သုံးမျိုးလုံးရနိုင်သည့်--ဟူလို။ ]

---

နိဿယနှင့်အဓိပ္ပါယ်

လေ့ကျင့်ခဏ်း မေးခွန်းများ

၆၁၃

၁။ <mark>ဝုဋ္ဌာနဂါမိနီ</mark> ဝိပဿနာသည် အနတ္တဟု ရှုလျှင် အဘယ် “ဝိမောက္ခမုခ”အမည်ရ၍, <mark>ထို့နောက်</mark> ရအပ်သော မဂ်နှင့် ထိုမဂ်နောက်ဆက်၍ဖြစ်သော ဖိုလ်များသည် အဘယ်ဝိမောက္ခ မည်သနည်း။

၂။ <mark>ဝုဋ္ဌာနဂါမိနီ</mark>ဝိပဿနာသည် အနိစ္စ ဟု ရှုလျှင် အဘယ် “ဝိမောက္ခမုခ”အမည်ရ၍ ထိုနောက် ရအပ်သောမဂ်နှင့် ထိုမဂ်နောက် ဆက်၍ ဖြစ်သော ဖိုလ်များသည် အဘယ်“ဝိမောက္ခ” မည်သနည်း။

၃။ <mark>ဝုဋ္ဌာနဂါမိနီ</mark> ဝိပဿနာသည် ဒုက္ခဟု ရှုလျှင် အဘယ် “ဝိမောက္ခမုခ”အမည်ရ၍, <mark>ထို့နောက်</mark> ရအပ်သောမဂ်နှင့် ထိုမဂ်နောက် ဆက်၍ဖြစ်သောဖိုလ်များသည် အဘယ် “ဝိမောက္ခ” မည်သနည်း။

၄။ အဘယ်တရား လွန်ကဲလျှင် အဘယ်သို့ ဝိပဿနာ ရှုဘတ်သနည်း,လက်ထောက်ပါ။

၅။ သမာပတ်ဝင်စားရာ၌ဖြစ်သော ဖိုလ်စိတ်များကို ဥစ္စာရှင် မဂ်နှင့် တူစွာအမည် မှည့်ရမည်လော, သို့မဟုတ် အနီးက ဝိပဿနာနှင့် တူစွာမှည့်ရမည်လော, သင်္ဂြိုဟ်ထောက်ပါ။

၆။ နိဗ္ဗာန်အာရုံနှင့်စပ်၍ မဂ်ဖိုလ်များကို <mark>နာမ</mark>ည်တပ်လျှင် တပါးနှင့် တပါးထူးခြားဘွယ် ရှိသေးသလော။

၇။ မိမိတို့သဘောနှင့် စပ်၍ <mark>နာမ</mark>ည် တပ်လျှင်ကော တပါးနှင့် တပါးသည်ထူးခြားဘွယ် ရှိသေးသလော။

၈။ ထို အမေး ၂ ရပ်နှင့် ဆိုင်သော သင်္ဂြိုဟ်ပါဌ်ကို ပြပါ။

---

## Trang 312

နိဿယနှင့်အဓိပ္ပါယ်

၆၁၄

၁။ ပန-ဆက်ဦးအံ့၊ ဒက္ခ-ဤမဂ်တို့အရိယာပုဂ္ဂိုလ်အပြားတွင်၊ သောတာပတ္တိမဂ္ဂီ - <mark>သောတာပတ္တိမဂ်ကို</mark>၊ ဘာဝေတွာ-ဖြစ်စေသည်ရှိသော်၊ <mark>ဒိဋ္ဌိဝိစိကိစ္ဆာပ္ပဟာနေန</mark> - ဒိဋ္ဌိဝိစိကိစ္ဆာကို ပယ်ခြင်းဖြင့်၊ <mark>ပဟီနပါယဂမနော</mark> - ပယ်အပ်ပြီးသော အပါယ်သို့ ရောက်ကြောင်း တရားရှိသည် (အပါယ်သို့ ရောက်ကြောင်းတရားကို ပယ်ပြီးသည်)၊ဟုတွာ-ဖြစ်၍၊ <mark>သတ္တက္ခတ္တုပရမောနာမ</mark> - သတ္တက္ခတ္တုပရမမည်သော၊ သောတာပန္နော-သောတာပန် သည်၊ <mark>ဟောတိ</mark>-၏။

၁။ အရိယာပုဂ္ဂိုလ်အပြား။ ။သောတာပန္န [သောတ=အရိယာမဂ် တည်းဟူသော ရေအယာဉ်သို့+အာပန္န ရောက်သူ၊] အရိယာမဂ္ဂင်ရေအယာဉ်သို့ ရောက်ပြီ, ရွှေဘိုးလျှင် တဖြည်းဖြည်း နိဗ္ဗာန် တည်းဟူသောသမုဒြာသို့ ဝင်တို့သာ ရှိတော့သည့်ဟူလို။

<mark>သောတာပတ္တိမဂ်ကို</mark> ဖြစ်စေနိုင်လျှင် (ရလျှင်) <mark>ကိလေသာ</mark> ၁၀ ပါးတွင်ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို အကြွင်းအကျန် မရှိအောင် ပယ်နိုင်၏၊ ဥဒ္ဓစ္စမှတပါး ကျန်<mark>ကိလေသာ</mark>များကိုကား အပါယဂမနီယသတ္တိ (<mark>အပါယ်ကျရောက်</mark>ဘို့ရန် ရှုံ့ရင်း<mark>ကြမ်းတမ်းသော</mark> သတ္တိ) လောက်ကိုသာ ပယ်သေးသည်၊ [အကုသိုလ်၁၂ပါးတွင် ဒိဋ္ဌိဂတသမ္ပယုတ် ၄, ဝိစိကိစ္ဆာသဟဂုတ် ၁, ၍ ၅ ပါးကို အကြွင်းမရှိပယ်နိုင်၏၊ ဥဒ္ဓစ္စကား အပယ် မချနိုင်သဖြင့် <mark>ဥဒ္ဓစ္စသဟဂုတ်စိတ်</mark>ကို တို့ရုံမျှမတို့သေး၊ ကြွင်းသော အကုသိုလ်စိတ် ၆ ပါး၏ အပါယ်ချနိုင်သော အစွမ်းသတ္တိကိုကား ပယ်ရှားလေပြီ။]

<mark>ပဟီနာပါယဂမနော—ထို့</mark>ကြောင့် သောတာပန် ပုဂ္ဂိုလ် မှန်လျှင်အပါယ်ရောက်ကြောင်း တရားများကို ပယ်ရှားပြီးပြီ- ဟု ဆိုလိုသည်။

သတ္တက္ခတ္တုပရမော——သောတာပန်ဖြစ်လျှင် ကာမဘုံ၌ ၇ ကြိမ်ထက်လွန်၍ ပဋိသန္ဓေ မနေပြီ၊ ဗြဟ္မာ့ဘုံ၌ကား ၇ ကြိမ်ထက်ပို၍ နေသေး၏။

---

နိဿယနှင့်အဓိပ္ပါယ်

၆၁၅

၂။ သကဒါဂါမိမဂ္ဂ-သကဒါဂါမိမဂ်ကို၊ <mark>ဘာဝေတွာ</mark>-ဖြစ်စေသည်ရှိသော်၊ ရာဂ ဒေါသ မောဟာနံ - ရာဂ ဒေါသမောဟတို့ကို၊ <mark>တနုကရတ္တာ</mark> - နည်းပါးအောင် ပြုဘတ်သည့်အတွက်၊ သကိဒေဝ - တကြိမ်သာလျှင်၊ <mark>ဣမံလောကံ</mark> - ဤကာမဘုံသို့၊ <mark>အာဂန္တွာ</mark>-ပဋိသန္ဓေ နေလာခြင်းကြောင့်၊ သကဒါဂါမီ<mark>နာမ</mark>-သကဒါဂါမ် မည်သည်၊ <mark>ဟောတိ</mark>-ဖြစ်၏။

သောတာပန် ၃ မျိုး

(၁) ဧကဗီဇီ သောတာပန်-ကာမဘုံ၌ ပဋိသန္ဓေမျိုးစေ့ တကြိမ်သာရှိသူ၊ တကြိမ် ပဋိသန္ဓေ<mark>နေပြီး</mark>နောက် ရဟန္တာဖြစ်မည်-ဟူလို။ [ဧက=တကြိမ်+ဗီဇီ=ပဋိသန္ဓေ မျိုးစေ့ရှိသူ။]

(၂) ကောလံကောလ သောတာပန် − အမျိုးကောင်း တမျိုးမှအမျိုးကောင်း တမျိုးသို့ ကူးပြောင်း၍ ပဋိသန္ဓေနေသူ၊ ကာမဘုံ၌ ၂ ကြိမ်မှ၆ ကြိမ် တိုင်အောင် ပဋိသန္ဓေ နေနိုင်သည်, <mark>ထို့နောက်</mark> ရဟန္တာ ဖြစ်၏၊[ကောလ=အမျိုးကောင်း ရှိသူ။]

(၃) သတ္တက္ခတ္တုပရမ သောတာပန်—ကာမဘုံ၌ ၇ ကြိမ် ပဋိသန္ဓေ<mark>နေပြီး</mark>လျှင် ရဟန္တာဖြစ်သူ။ [သတ္တက္ခတ္တု=ပဋိသန္ဓေ ခုနှစ်ကြိမ် + ပရမ=အလွန်ရှိသူ။]

၂။ သကဒါဂါမ်ပုဂ္ဂိုလ် ။ ။ [<mark>သင်္ချာ</mark>+အာဂါမီ၊ <mark>သကိံ</mark>=တကြိမ်+အာဂါမီ =ပဋိသန္ဓေ နေလာသူ၊] ဤ ကာမဘုံ၌ တကြိမ်သာ ပဋိသန္ဓေနေလာ၍ ရဟန္တာဖြစ်သူ၊ တကြိမ်ဟူသော်လည်း ဗြဟ္မာ့ဘုံမှ ပြန်လာသည်မဟုတ်၊ ကာမဘုံချင်းသာ စုတေပြီးနောက် တကြိမ် ပြန်လာသည် – ဟူလို၊ထို သကဒါဂါမ်သည် ရာဂ ဒေါသ မောဟ များကို နည်းပါးအောင်သာပြုနိုင်သည်၊ မည်သည့် <mark>ကိလေသာ</mark>ကိုမျှ အကြွင်းမဲ့ ထပ်၍ မပယ်နိုင်သေး၊[<mark>ဣမံလောကံ</mark>—အရ ကာမလောက မနုဿလောက ဟု ၂ ဝါဒ ရှိသည်ကိုဘာသာဋီကာမှာ ရှု၊]

---

## Trang 313

နိဿယနှင့်အဓိပ္ပါယ်

၆၁၆

၃။ အနာဂါမိမဂ္ဂ-အနာဂါမိမဂ်ကို၊ <mark>ဘာဝေတွာ</mark> – ဖြစ်စေသည် ရှိသော်၊ ကာမရာဂ ဗျာပါဒါနံ – ကာမရာဂ ဗျာပါဒတို့ကို၊ <mark>အနဝသေသ</mark>ပ္ပဟာနေန—အကြွင်း မရှိအောင် ပယ်သည့်အတွက်၊ ဣတ္ထတ္တံ- ဤ ကာမဘုံသို့၊ <mark>အနာဂန္တွာ</mark> – ပဋိသန္ဓေမနေလာခြင်း ကြောင့်၊ အနာဂါမီနာမ– <mark>အနာဂါမ်</mark>မည်သည်၊<mark>ဟောတိ</mark> – ဖြစ်၏။

၄။ အရဟတ္တမဂ္ဂ-အရဟတ္တမဂ်ကို၊ <mark>ဘာဝေတွာ</mark>-သော်၊အနဝသေသ<mark>ကိလေသပ္ပဟာနေန</mark>—အကြွင်း မရှိအောင် ကိလေသာတို့ကို ပယ်ခြင်းကြောင့်၊ ခီဏာသဝေါ - ကုန်ခမ်းပြီးသောအာသဝေါရှိသော၊လောကေ-လောက၌၊အဂ္ဂဒက္ခိဏေယျော-မြတ်သော အလှူခံပုဂ္ဂိုလ်ဖြစ်သော၊ အရဟာ<mark>နာမ</mark> - ရဟန္တာမည်သည်၊ <mark>ဟောတိ</mark>-ဖြစ်၏။

<mark>ဧတ္ထ</mark> – ၏ ဝိပဿနာကမ္မဋ္ဌာန်း၌၊ အယံ – ဤ ဆိုအပ်ပြီးသည်ကား၊ ပုဂ္ဂလဘေဒေါ-ပုဂ္ဂလဘေဒ တည်း။

၃။ <mark>အနာဂါမ်</mark>ပုဂ္ဂိုလ် ။ ။ ဤကာမဘုံ၌ ပဋိသန္ဓေ မနေလာသူ၊(ဘုရားဖူး တရားနာကား လာပါသေး၏။)

ကာမရာဂဗျာပါဒါနံ <mark>အနဝသေသ</mark> ပဟာနေန—[ ကာမရာဂ=ကာမဂုဏ်ငါးပါး၌ တပ်မက်သော တဏှာ၊ ဗျာပါဒ = ဒေါသ<mark>ကိလေသာ</mark>(ဒေါသမူစိတ်) ။ ] <mark>အနာဂါမ်</mark>ဖြစ်လျှင် ဤ ကာမရာဂနှင့် ဗျာပါဒကို လုံးဝပယ်လိုက်ပြီ ဖြစ်၍ ကာမဂုဏ်ခံစားခြင်း မရှိ, ဒေါသလည်း မထွက်တော့ပြီ၊[သကဒါဂါမ်တိုင်အောင် ကာမဂုဏ်ကို နဲနဲပါးပါး ခံစားသေး၏။]

၄။ ရဟန္တာ ပုဂ္ဂိုလ် ။ ။ <mark>ကိလေသာ</mark> အားလုံးမှ ဝေးကွာသောပုဂ္ဂိုလ်ကို “အရဟာ (ရဟန္တာ)” ဟု ခေါ်သည်၊ ရဟန္တာ ဖြစ်သည့်အခါ

---

နိဿယနှင့်အဓိပ္ပါယ်

၆၁၇

<mark>အောက်မဂ်က</mark> မပယ်နိုင်၍ ကျန်သေးသော <mark>ကိလေသာ</mark> ၇ ပါးကို ပယ်၏၊စိတ်အားဖြင့် ရူပရာဂအရူပရာဂကို ပြုတတ်သော ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄,<mark>ဥဒ္ဓစ္စသဟဂုတ်စိတ်</mark> ၁ တို့ကို အကြွင်းမဲ့ ပယ်သည်။

အဂ္ဂဒက္ခိဏေယျော— အမှိုက် သရိုက် ကင်း၍ သန့်ရှင်းသော လယ်မြေသည် စိုက်ပျိုး ကြဲချအပ်သော မျိုးစေ့ ဟူသမျှကို ထွားကျိုင်း သန်မာများစွာသော အပင် အသီးကို ပွားစီးစေသကဲ့သို့,ထို့အတူ <mark>ကိလေသာ</mark>တည်းဟူသော အညစ်အကြေး ကင်းသဖြင့် သန့်ရှင်းသော စိတ်အစဉ် ရှိပေရကား, ထို ရဟန္တာအရှင်မြတ်သည် လှူဒါန်း ပူဇော်သမျှ၌ အကျိုးများစွာရစေနိုင်သောကြောင့် အလှူခံပုဂ္ဂိုလ်တို့တွင် “အမြတ်ဆုံး အလှူခံ” ဖြစ်တော်မူပေသည်။

---

လေ့ကျင့်ခဏ်း မေးခွန်းများ

<mark>(က)</mark> အဘယ်ပုဂ္ဂိုလ်မျိုးကို“သောတာပန္န”ဟု ခေါ်သနည်း, ထို သောတာပန်သည် <mark>ကိလေသာ</mark> ၁၀ ပါးတွင် အဘယ် <mark>ကိလေသာ</mark>ကို အကြွင်းမရှိပယ်၍, အဘယ် <mark>ကိလေသာ</mark>များကို နည်းပါးအောင် ပယ်သနည်း။

<mark>(ခ)</mark> အဘယ် အကုသိုလ်စိတ်ကို အကြွင်းမဲ့ ပယ်၍ အဘယ်စိတ်၏ အပါယဂမနီယသတ္တိကို ပယ်ပြီးလျှင်, အဘယ်စိတ်ကို အနည်းငယ်မျှ မပယ်သနည်း၊သောတာပန် ၃ မျိုးကို ပဋိသန္ဓေ အကြိမ်နှင့်တကွ ခွဲပြပါ။

(ဂ) အဘယ်ပုဂ္ဂိုလ်ကို“သကဒါဂါမီ”ဟု ခေါ်သနည်း,ထိုသကဒါဂါမ်သည်<mark>ကိလေသာ</mark>ကို အကြွင်းမဲ့ ပယ်နိုင်သလော, ဘယ်ပုံပယ်သနည်း။

(ဃ) အဘယ်ပုဂ္ဂိုလ်ကို“အနာဂါမီ”ဟု ခေါ်သနည်း, ထို <mark>အနာဂါမ်</mark>သည်ဘယ် <mark>ကိလေသာ</mark> ဘယ် အကုသိုလ်စိတ်ကို အကြွင်းမဲ့ ပယ်သနည်း။

(င) အဘယ် ပုဂ္ဂိုလ်မျိုးကို “ရဟန္တာ” ဟု ခေါ်သနည်း, ထို ရဟန္တာ၏ပယ်အပ်သော <mark>ကိလေသာ</mark>များနှင့် အကုသိုလ် စိတ်များကိုလည်း သရုပ်ရေတွက်ပါ။

---

## Trang 314

နိဿယနှင့်အဓိပ္ပါယ်

<mark>၆၁၈</mark>

သမာပတ်အပြား

၁။ <mark>ပန - ဆက်ဦး</mark>အံ့၊ <mark>ဧတ္ထ – ဤ</mark> ပုဂ္ဂလဘေဒ၌၊ <mark>ဖလသမာပတ္တိဝီထိ</mark>ယော -ဖလသမာပတ္တိဝီထိတို့သည်၊ <mark>သဗ္ဗေသံပိ</mark> - အလုံးစုံသော ဖလဋ္ဌပုဂ္ဂိုလ်တို့၏လည်း၊ ဝါ - တို့နှင့်လည်း၊ ယထာသက ဖလဝသေန-မိမိဥစ္စာဖြစ်သော ဖိုလ်၏အစွမ်းဖြင့်၊ <mark>သာဓာရဏာဝ</mark>-ဆက်ဆံကုန်သည်သာတည်း။ [ဖလသမာပတ္တိ<mark>ဝီထီသံ</mark>- ဟုလည်း ရှိ၏၊ သာဓာရဏာနှင့် အရတူမည် ဖြစ်သောကြောင့်<mark>ဝီထိယော</mark>-ဟု ရှိမှ သင့်မည်။]

သမာပတ္တိအပြား။ ။ [သံ+အာပတ္တိ၊ သံ == ကောင်းစွာ + အာပတ္တိ = ရောက်ခြင်း၊] ဈာန်တရား, ဖိုလ်တရားနှင့် <mark>နိရောဓ</mark>သို့ ကောင်းစွာရောက်နေခြင်းကို ဈာန်သမာပတ်ဝင်စားသည်, ဖလသမာပတ် ဝင်စားသည်,<mark>နိရောဓ</mark>သမာပတ် ဝင်စားသည် ဟု ခေါ်ကြ၏၊ ဤ၌ကား ဈာန်ခဏ်းမဟုတ်သဖြင့် ဈာန်သမာပတ်ကို မပြ, ဖလသမာပတ် <mark>နိရောဓ</mark>သမာပတ် ကိုသာပြလတံ့။

၁။ <mark>ဖလသမာပတ္တိဝီထိ</mark>။ ယထာသက ဖလဝသေန – [ယထာ=အကြင်အကြင်+သက=မိမိဥစ္စာ+ဖလ=ဖိုလ်၊] ဖလသမာပတ် ဝင်စားသည့်အခါ မည်သည့် အရိယာမဆို မိမိဆိုင်ရာ <mark>ဖိုလ်နှင့်</mark> ဆက်ဆံသည်၊ မိမိဆိုင်ရာဖိုလ်ကိုသာ ဝင်စားနိုင်သည်၊ သောတာပန်ပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်ကိုဝင်စားနိုင်သည် စသည်ဖြင့် သိလေ၊ ထိုဖလသမာပတ် ဝင်စားသည့်အခါ ဖလသမာပတ်မှ <mark>မထမခြင်း ဖိုလ်စိတ်</mark>အကြိမ်များစွာထပ်ကာထပ်ကာ ဖြစ်နေသည်၊ရည်ရွယ်ချက် အချိန်စေ့သည့်အခါ ဖိုလ်စိတ် အစဉ်ရပ်၍ ဘဝင်စိတ် ပေါ်လာသည်၊ ထိုကဲ့သို့ ဖိုလ်စိတ်အစဉ် ရပ်စဲခြင်းကိုပင် “သမာပတ်မှ ထခြင်း” ဟုခေါ်စမှတ် ပြုကြသည်။

---

နိဿယနှင့်အဓိပ္ပါယ်

၆၁၉

၂။ ပန - အဘို့တပါးကား၊နိရောဓသမာပတ္တိ<mark>သမာပဇ္ဇနံ</mark>-နိရောဓသမာပတ်ဝင်စားခြင်းကို၊ အနာဂါမိနဉ္စဝ-<mark>အနာဂါမ်</mark>ပုဂ္ဂိုလ်တို့၏(သန္တာန်၌)၎င်း၊ အရဟန္တာနဉ္စ-ရဟန္တာပုဂ္ဂိုလ်တို့၏ သန္တာန်၌၎င်း၊ <mark>လဗ္ဘတိ</mark>-ရအပ်၏။

တတ္ထ-ထို <mark>နိရောဓ</mark>သမာပတ်ကို ဝင်စားရာ၌၊ ယထာက္ကမံ-အစဉ်အားလျော်စွာ၊ <mark>ပဌမ</mark>ဈာန မဟဂ္ဂတ သမာပတ္တိ-<mark>ပဌမ</mark>ဈာန် အစ ရှိသော မဟဂ္ဂုတ် သမာပတ်ကို၊ သမာပဇ္ဇိတွာ-ဝင်စား၍၊ ဝုဋ္ဌာယ-သမာပတ်မှ ထပြီးလျှင်၊ <mark>တတ္ထဂတေ</mark>-ထို

၂။ <mark>နိရောဓ</mark>သမာပတ်။ ။<mark>နိရောဓ</mark>သမာပတ် ဝင်စားမှုကား အရိယာအားလုံးနှင့် မဆိုင်၊ သမာပတ် <mark>၈ ပါး</mark>ကို ရပြီးသော <mark>အနာဂါမ်</mark> ရဟန္တာနှင့်သာဆိုင်သည်၊ [ စတုက္ကနည်းအားဖြင့် ရူပဈာန်ကို ၄ ပါးယူ၍, အရူပဈာန် ၄ ပါးနှင့် ပေါင်းလျှင် သမာပတ် <mark>၈ ပါး</mark> ဖြစ်သည်။ ]

အဘယ့်ကြောင့် <mark>အနာဂါမ်</mark>ရဟန္တာများသာ <mark>နိရောဓ</mark>သမာပတ်ကို ဝင်စားနိုင်သနည်း၊ ထိုပုဂ္ဂိုလ်များသာ သမာဓိပြည့်စုံပြီးဖြစ်သောကြောင့် ထို<mark>အနာဂါမ်</mark>ရဟန္တာ များသာ ဝင်စားနိုင်သည်၊ ထို စကား သင့်၏- မိမိ စိတ်စေတသိက်ကိုမဖြစ်အောင် ချုပ်တည်းမှုသည် ထိုထိုအာရုံကို အာရုံမပြဘဲနေမှသာဖြစ်ရာ၏၊အနီးအပါးမှာ အာရုံရှိလျက် မပြဘဲ နေနိုင်ခြင်းကား တော်တော် သမာဓိဖြင့်မဖြစ်နိုင်ရာ၊ သောတာပန် သကဒါဂါမ်တို့မှာကား ထိုမျှလောက်တိုင်အောင်သမာဓိ မပြည့်စုံနိုင်သေးချေ။

<mark>နိရောဓ</mark>သမာပတ်ဝင်စားပုံအစဉ်။ ။<mark>နိရောဓ</mark>သမာပတ်ကို ဝင်စားလိုသော် မိမိရပြီးသော လောကီဈာန်တွင် <mark>ပဌမ</mark>ဈာန်ကို ဝင်စား, <mark>ပဌမ</mark>ဈာန်မှထပြီးနောက် <mark>ပဌမ</mark>ဈာန်တွင် ပါဝင်သော သင်္ခါရ (စိတ် စေတသိက်) တပါးပါးကို အနိစ္စ ဒုက္ခ အနတ္တ ဟု ဝိပဿနာ ရှုရာ၏၊ ဒုတိယဈာန် စသည်တို့၌

---

## Trang 315

နိဿယနှင့်အဓိပ္ပါယ်

၆၂၀

သမာပတ်၌ရှိကုန်သော၊ သင်္ခါရဓမ္မေ - သင်္ခါရတရားတို့ကို၊<mark>တတ္ထတ္ထေဝ</mark> - ထိုထို သမာပတ်မှ ထပြီးရာ ခဏ၌ ပင်လျှင်၊ဝိပဿန္တော - ဝိပဿနာရှုလျက်၊ ယာဝအာကိဉ္စညာယတနံ-အာကိဉ္စညာယတနဈာန် တိုင်အောင်၊ <mark>ဂန္တွာ</mark> – စိတ် အစဉ်အားဖြင့် သွား၍၊ <mark>တတော</mark> – ထို အာကိဉ္စညာယတန ဈာန်မှ၊ပရံ-နောက်၌၊ အဓိဋ္ဌေယျာဒိကံ – အဓိဋ္ဌာန်ခြင်း အစရှိသော၊ပုဗ္ဗကိစ္စံ-ပုဗ္ဗကိစ္စ လေးပါးကို၊ ကတွာ - ပြုပြီး၍၊ နေဝသညာနာသညာယတနံ-နေဝသညာနာသညာယတန ဈာန်ကို၊ သမာပဇ္ဇတိ - ဝင်စား၏၊ တဿ - ထို နေဝသညာနာသညာယတနဈာန်၏၊ <mark>ဒွန္နံ</mark>-နှစ်ကြိမ်ကုန်သော၊ အပ္ပနာဇဝနာနံ – အပ္ပနာဇောတို့၏၊ ပရတော - နောက်၌၊ စိတ္တသန္တတိ - စိတ်အစဉ်သည်၊<mark>ဆိဇ္ဇတိ</mark> – ပြတ်၏၊ <mark>တတော</mark> - ထိုသို့ စိတ်အစဉ် ပြတ်ခြင်းကြောင့်၊ <mark>နိရောဓ</mark>သမာပန္နောနာမ - <mark>နိရောဓ</mark>သို့ ရောက်သည်မည်သည်၊ ဝါ - <mark>နိရောဓ</mark>သမာပတ် ဝင်စားသည် မည်သည်၊<mark>ဟောတိ</mark>-ဖြစ်၏။

ဤနည်း အတိုင်း ဝင်စားမှ ဝိပဿနာ ရှုမှုကို ပြုလျက် အာကိဉ္စညာယတနဈာန်သို့ ရောက်ပြီးနောက်, <mark>နေဝသညာနာသညာယတနဈာန်</mark> မဝင်စားသေးဘဲ........

အဓိဋ္ဌေယျာဒိကံ ပုဗ္ဗကိစ္စံကတွာ –– အဓိဋ္ဌာန်ခြင်း စသော ပုဗ္ဗကိစ္စလေးပါးကို ပြုရမည်၊ အဓိဋ္ဌေယျာဒိ–၌ အာဒိဖြင့် သံဃပဋိမာနန, သတ္ထုပက္ကောသန, <mark>အဒ္ဓါနပရိစ္ဆေဒ</mark>တို့ကို ယူ၊ [အကျယ်ကို <mark>ဝီထိ</mark>ဘာသာဋီကာမှာရှု၊] ပုဗ္ဗကိစ္စ ပြုပြီးနောက် နေဝသညာ နာသညာယတနဈာန်ကို ဝင်စားရာ၌ဈာန်အကြိမ်များစွာ မဖြစ်စေဘဲ.......

---

နိဿယနှင့်အဓိပ္ပါယ်

၆၂၁

<mark>ပန - ဆက်ဦး</mark>အံ့၊ ဝုဋ္ဌာန<mark>ကာလ</mark>ေ - သမာပတ်မှ ထရာ<mark>ကာလ</mark>၌၊ အနာဂါမိနော-<mark>အနာဂါမ်</mark>ပုဂ္ဂိုလ်၏ သန္တာန်၌၊ အနာဂါမိဖလစိတ္တံ - အနာဂါမိ ဖိုလ်စိတ်သည်၎င်း၊ အရဟတော-ရဟန္တာပုဂ္ဂိုလ်၏ သန္တာန်၌၊ အရဟတ္တဖလစိတ္တံ – အရဟတ္တဖိုလ်စိတ်သည်၎င်း၊ ဧကဝါရမေဝ - တကြိမ်တည်း သာလျှင်၊<mark>ပဝတ္တိတွာ</mark> - ဖြစ်ပြီး သည်ရှိသော်၊ <mark>ဘဝင်္ဂပါတော</mark> – ဘဝင်ကျခြင်းသည်၊ <mark>ဟောတိ</mark> – ဖြစ်၏၊ <mark>တတော</mark>—ထိုဘဝင်မှ၊ ပရံ−နောက်၌၊ပစ္စဝေက္ခဏာဉာဏံ – ပစ္စဝေက္ခဏာဉာဏ်သည်၊ ပဝတ္တတိ--ဖြစ်၏။

<mark>ဧတ္ထ</mark>-ဤ ဝိပဿနာသင်္ဂဟ၌၊ အယံ-ဆိုအပ်ပြီးသည်ကား၊သမာပတ္တိဘေဒေါ-သမာပတ္တိဘေဒတည်း။

နိဂုံးကား၊ ဝိပဿနာကမ္မဋ္ဌာန နယော - ဝိပဿနာကမ္မဋ္ဌာန်းနည်းသည်၊ <mark>နိဋ္ဌိတော</mark>-ပြီးပြီ။

<mark>ဒွိန္နံ</mark> အပ္ပနာဇဝနာနံ ပရတောဝါပိ <mark>ဝိစ္ဆိဇ္ဇတိ</mark> စိတ္တသန္တတိ – နေဝသညာနာသညာယတနဈာန်ဇောကိုပင် “အပ္ပနာဇော”ဟု ခေါ်သည်။ ထို အပ္ပနာဇော ၂ ကြိမ်သာ ဖြစ်ပြီးနောက် စိတ် အစဉ် ပြတ်စဲလေတော့၏၊ စိတ်အစဉ်ပြတ်လျှင် စေတသိက်နှင့် စိတ္တဇရုပ်များလည်း ဖြစ်ခွင့် မရှိပြီ၊ ကမ္မဇ ဥတုဇအာဟာရဇရုပ်များသာ ဖြစ်တော့၏။

တတော <mark>နိရောဓ</mark>သမာပန္နော<mark>နာမ</mark> --- ထို စိတ် စေတသိက် စိတ္တဇရုပ်တို့၏ ချုပ်နေခြင်းကိုပင် “<mark>နိရောဓ</mark>သမာပတ် ဝင်စားသည်” ဟု ဆိုသည်။

သမာပတ်ဝင်စားချိန်။ ။အစာ မစားလျှင် မဖြစ်၊ “ထမင်းအသက်ခုနစ်ရက်” ဟု ဆိုသောကြောင့် လူ့ဘုံ၌ ၇ ရက်ထက် လွန်၍ မဝင်စားနိုင်၊နတ်ပြည်၌ကား သူတို့အစာ၏ အသက်နှင့် နှိုင်းချိန်ရာ၏။ အစာမစားသော

---
