## Trang 6

### ပဏာမ-ပဋိညာဉ် အဓိပ္ပါယ်

ဤ"<mark>သမ္မာသမ္ဗုဒ္ဓမတုလံ</mark>" ဂါထာသည် အချုပ်အားဖြင့် ပဏာမနှင့်
ပဋိညာဉ်ကို ပြသော ဂါထာတည်း၊[ရှိခိုးမှုကို "ပဏာမ " ဟု ခေါ်၏၊
တစုံတယေခံက ကျမ်းပြုဘို့ရန် တောင်းပန်ရာ "ပြုစီရင်အံ့-ပြုစီရင်မည်" ဟု
ဝန်ခံမှုကို"ပဋိညာဉ်"ဟု ခေါ်သည်။]

ကျမ်း၏ အစ၌ ပဏာမကို ပြုရခြင်းသည် အန္တရာယ်ကင်းရှင်း၍ ကျမ်း
ပြီးအောင် စီရင်နိုင်ခြင်း အကျိုး ရှိ၏။ ချဲ့ပေအံ့ … ကျမ်းပြု ဆရာ ဟူသမျှ
တို့သည် အန္တရာယ်ကင်း၍ ကျမ်းပြီးခြင်းအကျို ငှါ ကျမ်းမပြုမှီ <mark>ရှေးဦးအစ</mark>၌
မိရိုး ဘလာ ကိုးကွယ်ရာ တမျိုးမျိုးကို ရှိခိုး ပသရိုး ရှိကြ၏။ <mark>ထို့ကြောင့်</mark>
အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်းပြု ဆရာ အရှင် အနုရုဒ္ဓါလည်း ကျမ်းမပြုခင်
ပူဇာစ ပူဇနီယာနံ, ဧတံမင်္ဂလမုတ္တမံ"ဟူသော မင်္ဂလာတရားတော်နှင့်
ညီစွာ ရတနာ ၃ ပါးကို ရှိခိုးခြင်း ဟူသော ပဏာမ မင်္ဂလာကို ပြုတော်မူ
ပြီးလျှင် ပဋိညာဉ်ကို ပြလိုရကား သမ္မာသမ္ဗုဒ္ဓံ – အစ ချီသော ဂါထာကို
မိန့်သတည်း။

ထိုဂါထာ၌ "<mark>သမ္မာသမ္ဗုဒ္ဓမတုလံ</mark>, သသဒ္ဓမ္မဂဏုတ္တမံ၊ အဘိဝါဒိယ
ကား ပဏာမကို ပြသော စကားတည်း၊ "ဘာသိဿံ အဘိဓမ္မတ္ထသင်္ဂဟံ"
ကား ပဋိညာဉ်ကို ပြသော စကားတည်း)…. " ငါသည် သုံးပါးသော
သဒ္ဓမ္မ ပရိယာဂိုဏ်းကြီးနှင့် တကွ, ဂုဏ်တော် အရည်အခြင်း အားဖြင့်
အတု မရှိသော မြတ်စွာဘုရားကို ရှိခိုး ပါ၏, ရှိခိုး ပြီး၍ ရှိခိုးပြီးနောက်
အဘိဓမ္မတ္ထသင်္ဂဟ မည်သော အဋ္ဌကထာငယ်ကျမ်းကို မိန့်ဆို စီရင်ပေအံ့
ဟူလို။

သုံးပါးသော သဒ္ဓမ္မ ဟူသည်-ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဓတို့တည်း။

ပရိယတ္တိ=ပိဋကပါဠိတော်နှင့် အဋ္ဌကထာများ။

ပဋိပတ္တိ = သီလ ဓုတင် ကမ္မဋ္ဌာန်းအားထုတ်မှုနှင့် ဈာန်အကျင့်များ။

ပဋိဝေဓ = ထိုးထွင်း၍ သိအပ်သော မဂ်ဖိုလ် နိဗ္ဗာန်များတည်း။

အရိယာဂိုဏ်းကြီး ဟူသည်— အရိယာ အဖြစ်သို့ ရောက်ပြီးသော သံဃာ
တော် အပေါင်းတည်း။

#### အဘိဓမ္မတ္ထသင်္ဂဟ

[အဘိဓမ္မ + အတ္ထ + သံ + ဂဟ။ အဘိဓမ္မ==
အဘိဓမ္မာ ဒေသနာတော်၏ + အတ္ထ = အနက် အဓိပ္ပါယ် အကျယ်များ
ကို + သံ = အကျဉ်းချိုး၍+ ဂဟ - ယူရာ ဖြစ်သော ကျမ်း] အဘိဓမ္မာ
ဒေသနာတော်၏ အလွန်ကျယ်ဝင်းသော အနက်အဓိပ္ပါယ်များကို အကျဉ်း
ချုံး၍ ယူထားသောကြောင့် ဤကျမ်းကို " အဘိဓမ္မတ္ထ သင်္ဂြိုဟ်ကျမ်း " ဟု
ခေါ်သည်၊)အဘိဓမ္မပုဒ်ကို ဖြုတ်၍ "သင်္ဂြိုဟ်ကျမ်း"ဟုလည်း ခေါ်၏။

[သက္ကတ၌ သင်္ဂဟကို "သံဂြဟ"ဟု ရေး၏၊ နိဂ္ဂဟိတ်ကို " င် " ပြုလျှင်
သြဟ" ဟု ဖြစ်၏၊ ဂဏ-ပုဒ်ကို လုံးကြီးတင် တချောင်းငင်နှင့် တကွ
ဏ-သတ်၍ "ဂိုဏ်း" ဟု အနက် ပြန်ကြ သကဲ့သို့, ထို သင်္ဂဟ . ကိုလည်း
လုံးကြီးတင် တချောင်းငင်နှင့်တကွ ဟ−သတ်၍"သင်္ဂြိုဟ်"ဟု အနက်ပြန်ရ
လေသည်။]

#### လက်သန်းအဋ္ဌကထာ

လက်ညှိုး လက်မ စသည်မှာ ကြီးမား၍
လက်သန်းကား သေးငယ် သောကြောင့် အထက် အဋ္ဌကထာကြီး တို့မှာ
လက်ညှိုး လက်မ စသည်နှင့် တူ၍ ဤ သင်္ဂြိုဟ်ကျမ်းကား လက်သန်းနှင့်
တူ၏၊ <mark>ထို့ကြောင့်</mark> ဤသင်္ဂြိုဟ်ကျမ်းကို "လက်သန်းအဋ္ဌကထာ" ဟုလည်း
ခေါ်ဝေါ်ကြသည်။

#### လကျွဏ်းအဋ္ဌကထာ

[ တချို့ ကလည်း"လက္ခဏ'မှတ်သား
ကြောင်း"ဟူသော အနက်မှ "လက္ချဏ်း" ဟု ဖြစ်လာရကား အဘိဓမ္မာ
ပါဠိအဋ္ဌကထာမှ မှတ်စုမှတ်ရာ မှတ်ချက်မျှလောက်ကိုပြသော "လကျွဏ်း
အဋ္ဌကထာ" ဟုလည်း ခေါ်ဝေါ်လိုကြ၏၊ ဤ ဝါဒသည် သာ၍ ယုတ္တိရှိ
သကဲ့သို့ ထင်ရပေသည်၊ ဤအလို"လက္ချဏ်း"ဟုခေါ်နေရာမှ ကာလကြာ၍
"လက်သန်း"ပြောင်းလာသည် ဟု ကြီး]

---

## Trang 7

### ပရမတ္ထ ၄ ပါး

တက္က-ထို အဘိဓမ္မတ္ထသင်္ဂဟံ ဟူသော ပုဒ်၌၊
ရတ္တ၁ – ဆိုအပ် ကုန်သော၊ အဘိဓမ္မတ္ထ၁-
အဘိဓမ္မာ၏ အနက်တို့သည်၊ ပရမတ္ထတေ၁-ပရမတ္ထအားဖြင့်၊
စိတ္တံ'စိတ်၎င်း၊ စေတသိကံ – စေတသိက်၎င်း၊ ရူပံ-ရုပ်၎င်း၊
နိဗ္ဗာနံ-နိဗ္ဗာန်၎င်း၊ ဣတိ-ဤသို့၊ သဗ္ဗထာခပ်သိမ်းသောအပြား
အားဖြင့်၊ စတုဓာ'လေးပါးပြားကုန်၏။

#### ပရမတ္ထ ၄ ပါးခေါင်းစဉ်

ဤတတ္ထဝုတ္တာ-စသော ဂါထာကား ပရမတ္ထတရား၄ပါးကို အကျဉ်းချုပ်
ခေါင်းစဉ်၍ပြသော ဂါထာတည်း၊ နောက်၌ ဤခေါင်းစဉ်အတိုင်း အကျယ်
ချဲ့၍ စိတ်ပိုင်း စေတသိက်ပိုင်း ရုပ်ပိုင်းနှင့် နိဗ္ဗာန်တို့ကို ပြလတံ့။

ပရမတ္ထ = [ ပရမ + အတ္ထ။ ပရမ'မြတ်သော၊ တနည်း=အချုပ်
ပဓာန ဖြစ်သော+အတ္ထ=အနက်( အထည်ကိုယ်, သဘောတရား) ]

စိတ် စေတသိက် ရုပ် နိဗ္ဗာန်တို့သည် အာရုံကို သိခြင်း စသော မိမိတို့၏
သဘောမှ မဖေါက်ပြန်ကြကုန်၊ ဥပမာ-လောဘသည် လိုချင်ခြင်းသဘော
ရှိ၏၊ ထို လောဘသည် လူ နတ်ဗြဟ္မာ သတွာအမျိုးမျိုး၌ ဖြစ်သော်လည်း
လိုချင်ခြင်း သဘောမှ မဖေါက်ပြန်, ခွေးလောဘနှင့် လူ့လောဘသည်
သဘောချင်းတူမျှလျက်ရှိ၏၊ ထိုသို့မဖေါက်မပြန် မှန်ကန်တိမတ်သည်ကိုပင်
"မြတ်သည်"ဟု ဆိုထိုက်ရကား ထိုစိတ် စသည်ကိုပင်"ပရမတ္ထ==မြတ်သော
သဘောတရား"ဟု ခေါ်ဝေါ်ရလေသည်။

[ဆောင်] ၁။ မဖေါက်မပြန်, မှန်ကန်တိမတ်, ဂုဏ်သကတ်, အမြတ်
ဟူ၍ ခေါ်။

တနည်း'လူ နတ်ဗြဟ္မာ သတွာ အထွေထွေ, မြေ ရေ တော တောင်
စသည်ဖြင့် အထည် ဝတ္ထု ပညတ်စုံတွေ မည်မျှပင် များနေ သော်လည်း
လိုရင်း အချုပ် အသားတင်ကို စစ်ထုတ် လိုက်လျှင် စိတ် စေတသိက် ရုပ်
နိဗ္ဗာန်မှ တပါး ရှာမရချေ၊ <mark>ထို့ကြောင့်</mark> စိတ် စသော တရား ၄.ပါးကို
"ပရမတ္ထ=အချုပ်ပဓာနဖြစ်သောတရား"ဟုလည်း ဆိုထိုက်လေသည်။

[ဆောင်] ၂။ အထည်ဝတ္ထု, ပညတ်စုတွေ, များပလေလည်း, အခြေ
အမြစ်, စိစစ်ထုဘ်က,အချုပ်ပဓာန, တနည်းပြ, ပရမ
ဟုခေါ်။

စိတ်=အာရုံကိုသိခြင်းသဘောတရား၊ [အာရုံကို ရအောင်ယူနိုင်ခြင်းကို
"သိခြင်း"ဟု ခေါ်သည်။ ]

စေတသိက်-စိတ်၌မှီသော သဘောတရား။

ရုပ်---
==အအေး အပူ စသော ဆန့်ကျင်ဘက် အကြောင်း များကြောင့်
ဖေါက်ပြန်တတ်သော သဘောတရား။

နိဗ္ဗာန်=ဒုက္ခခပ်သိမ်း၏ အေးငြိမ်းရာဖြစ်သော သဘောတရား။

---

## Trang 8

### လေ့ကျင့်ခဏ်း မေးခွန်းများ

[မေးခွန်းများ၏အဖြေကို တိုက်ရိုက်ပြထားလျှင် ကြံစီချင်သောစိတ်ကို
ဖိနှိပ်ထားသကဲ့သို့ ဖြစ်လိမ့်မည်၊ အကြံအစီ မရှိက တကယ့် လေးနက်သော
အဓိပ္ပါယ်ကို မသိနိုင်၊ သို့အတွက် စာသင်သားတို့ ဥာဏ်တိုးပွားအောင်
ကြိုးစား ကြံစီစေလိုခြင်းကြောင့် အဖြေကို တိုက်ရိုက် မပြလိုက်သော်လည်း
ဆိုခဲ့ပြီး အဓိပ္ပါယ်များကို သတိပြု၍ ကြည့်ရှု လေ့လာ ပါလျှင် လွယ်ကူစွာ
ဖြေဆိုနိုင်ဘို့ အရေး၌ နှောင့်နှေးဘွယ် မရှိပေကြောင်း၊ သို့ဖြစ်၍ ဤမေးခွန်း
များကို အတူ သင်ယူသော တပည့်တို့အား ဆရာက ရံခါ နှုတ်ဖြင့် သံပြိုင်
အဖြေခိုင်း၍, ရံခါ တယောက်စီ အဖြေခိုင်းပါလေ, ရွှေက အဓိပ္ပါယ်များကို
ရှင်းလင်းပြီး ဖြစ်စေရုံသာမက, စာမေးပွဲ၌ ဖြေဆိုနည်း ရသဖြင့် ရွှင်လန်း
အားတက် သွက်လက်လာပါလိမ့်လတံ့။]

က။ <mark>သမ္မာသမ္ဗုဒ္ဓမတုလံ</mark>-ဂါထာကို အနက်ပေးပါ။

ခ။ ဤသမ္မာသမ္ဗုဒ္ဓ-ဂါထာသည် အဘယ်ကိုပြသော ဂါထာနည်း။

ဂ ။ အဘယ်ကို ပဏာမဟု ခေါ်သနည်း။

ဃ။ ကျမ်း၏အစဉ် ပဏာမကို ပြုရခြင်းသည် ဘာအကျိုးရှိသနည်း။

င။ ထို ပဏာမကို အဘယ်ပါဌ်ဖြင့် ပြသနည်း။

စ။ အဘယ်ကို ပဋိညာဉ်ဟု ခေါ်သနည်း။

ဆ။ ထိုပဋိညာဉ်ကို အဘယ်ပါဌ်ဖြင့် ပြသနည်း။

ဇ။ သဒ္ဓမ္မ ၃ ပါးတွင် ပရိယတ္တိသဒ္ဓမ္မဟူသည် အဘယ်နည်း။

စျ။ ပဋိပတ္တိသဒ္ဓမ္မဟူသည် အဘယ်နည်း။

ည။ ပဋိဝေဓသဒ္ဓမ္မဟူသည် အဘယ်နည်း။

ဋ ။ ပရိယာဂိုဏ်းကြီးဟူသည် အဘယ်နည်း။

ဌ ။ အဘယ့်ကြောင့် အဘိဓမ္မတ္ထသင်္ဂြိုဟ် ဟု ခေါ်သနည်း။

ဍ ။ အဘယ့်ကြောင့် လက်သန်းအဋ္ဌကထာကျမ်းဟု ခေါ်သနည်း။

ဎ။ တချို့ကအဘယ့်ကြောင့်"လက္ချဏ်းအဋ္ဌကထာ"ဟုခေါ်သတဲ့နည်း။

ဏ။ အဘယ့်ကြောင့်"ပရမတ္ထ"ဟု ခေါ်သနည်း။ [နှစ်နည်းလုံးဖြေပါ။ ]

တ။ စိတ် စေတသိက် ရုပ် နှိဗ္ဗာန်ဟူသည် အဘယ်သဘောများနည်း။

---

### စိတ်ပိုင်းနိဿယ

တတ္ထ - ထိုလေးပါးသော အဘိဓမ္မထံတို့
တွင်၊ တ၁ဝ-<mark>ရှေးဦးစွာ</mark>၊ (ဥဒ္ဒိဋ္ဌိ-အကျဉ်း
ပြအပ်ပြီးသေ၁၊) စိတ္တံ-စိတ်သည်၊ ကာမာဝစရံ-ကာမာဝစရ
စိတ်၎င်း၊ ရူပါဝစရံ-ရူပါဝစရစိတ်၎င်း၊ အရူပါဝစရံ – အရူပါ
ဝစရစိတ်၎င်း။ လောကုတ္တရံစ-လောကုတ္တရာစိက်၎င်း၊ ဣတိ-
ဤသို့၊ စတုဗ္ဘိခံ-လေးပါးအပြားရှိသည်၊ ဟောတိ-ဖြစ်၏။

#### စိတ်ပိုင်းအဓိပ္ပါယ်

ဤ"တတ္ထစိတ္တံတာဝ"မှ စ၍ စိတ်ပိုင်းကုန်အောင်သော စကားရပ်ကား
"စိတ္တံ စေတသိကံ ရူပံ နိဗ္ဗာနံ"ဟူသော အကျဉ်းချုပ် ခေါင်းစဉ်စကားတွင်
စိတ္တံ – အရ အကျယ် ပြသော စကားရပ်တည်း၊ <mark>ထို့ကြောင့်</mark> " တတ္ထ
စိတ္တံ တာဝ စသော စကားကိုသာ စိတ်ပိုင်း၏ အစ ဟု မှတ်နဲ့ သမ္မာ
သမ္ဗုဒ္ဓံ-စသော ရွှေ ၂ ဂါထာကား သင်္ဂြိုဟ် တကျမ်းလုံးနှင့် စပ်ဆိုင်သော
"နိဒါန်းအချီ"စကားရပ်တည်း။ [အိမ်အပေါင်းကို အရပ်ဟု ခေါ်သကဲ့သို့
စကားလုံးအပေါင်းကိုလည်း"စကားရပ်=စကားတရပ်"ဟု ခေါ်သည်။]

#### စိတ်အကျဉ်း ၄ မျိုး

ဤ"တတ္ထစိတ္တံတာဝ၊ပေ၊လောကုတ္တရတိ"
ကားစိတ်၄မျိုးရှိကြောင်းကို အကျဉ်းချုပ်ခေါင်းစဉ်၍ ပြပြန်သော ဥဒ္ဒေသ
မာတိကာ စကားတည်း၊ စိတ် ၄ မျိုး သရုပ်ကို ကာမာဝစရစိတ် ရူပါဝစရ
စိတ် စသည်ဖြင့် ပါဠိကြည့်၍ ရေတွက်လေ။

---

## Trang 9

### စိတ်ပိုင်း

တတ္ထ – ထို လေးပါးသော စိတ်တို့တွင်၊ ကတမံ-အဘယ်
စိတ်သည်၊ ကာမာဝစရံ-ကာမာဝစရ မည်သနည်း။

"လောကုတ္တရတိ'ဤပုဒ်မှ စသဒ္ဒါကို ရှေ့သို့လိုက်စေ၍ " ကာမာ
ဝစရံစ-၎င်း၊ ရူပါဝစရံစ-၎င်း၊ အရူပါဝစရံစ ၎င်း " ဟု အနက်ပေးရိုး ရှိ၏၊
ဤကျမ်းကား ထို စ သဒ္ဒါမျိုးကို ရှေ့သို့ မလိုက်စေဘဲ, စ၏ အတွက်မှန်း၍
အနက်ကိုသာ"၎င်း"ဟု သုံးစွဲလတ္တံ့။

စိတ် ၄ မျိုးတွင် ကာမာဝစရစိတ်သည် ဟီန (အညံ့ဆုံး) တည်း၊ ရူပါ
ဝစရစိတ်ကား ဥက္ကဋ္ဌ ( အမြတ်) တည်း၊ အရူပါဝစရစိတ်ကား ထိုရူပထက်
မြတ်၍ ဥက္ကဋ္ဌတရ ( အထူးမြတ်=သာ၍မြတ် ) တည်း၊ လောကုတ္တရာ
စိတ်ကား အရူပထက်ပင် မြတ်သောကြောင့် ဥက္ကဋ္ဌတမ(အလွန်အကြူး
အထူးမြတ် = အမြတ်ဆုံး) တည်း၊ ဤသို့ ဟီန'ဥက္ကဋ္ဌ-ဥက္ကဋ္ဌတရ-ဥက္ကဋ္ဌ
တမ-အားဖြင့် ရွှေ နောက် စီစဉ်ထားသည်။

#### ကာမာဝစရစိတ်အကျယ်

"တတ္ထ ကတမံ ကာမာဝစရံ" ကား
ကာမစိတ်ကို အကျယ်ပြလို၍ စချီသော ပုစ္ဆာတည်း။

ကာမာဝစရ — [ကာမ+အဝ+စရ။ ကာမ=ကာမဘုံ၌အဝ=
သက်ဝင်၍+စရ ဖြစ်သောစိတ်။ ကာမဘုံ၌သက်ဝင်၍ဖြစ်သော စိတ်ကို
"ကာမာဝစရစိတ်"ဟု ခေါ်၏)အဝစရပုဒ်ကိုဖြုတ်၍"ကာမစိတ်"ဟုလည်း
ခေါ်ကြသည်။

"အဝ = သက်ဝင်၍" ဟူရာ၌ "သက်ဝင်" ဟူသည် "သက်ရောက်
ပါဝင်" ခြင်းတည်း၊ ကာမာဝစရ အမည် ရသော စိတ် များသည် ရူပဘုံ
အရူပဘုံ၌ ဖြစ်ကြသော်လည်း နာမည်စာရင်း သွင်းသည့် အခါ ကာမဘုံ
၌သာ သက်ရောက်ကြရ, ပါ့ဝင်ကြရသည်-ဟု ဆိုလိုသည်။

### နိဿယနှင့်အဓိပ္ပါယ်

#### ၁။ <mark>လောဘမူစိတ်</mark>

သောမနဿ သဟဂတံ – သောမနဿ
သဟဂုတ်ဖြစ်သော၊ ဒိဋ္ဌိဂတသမ္ပယုတ္တံ-
ဒိဋ္ဌိဂတသမ္ပယုတ် ဖြစ်သော၊ အသင်္ခါရိကံ – အသင်္ခါရိကဖြစ်
သော၊ ဧကံ-တပါးသောစိတ်၎င်း၊ သသင်္ခါရိကံ-သသင်္ခါရိက
ဖြစ်သော၊ ဧကံ - တပါးသော စိတ်၎င်း၊ သောမနဿ သဟ
ဂတံ-သောမနဿသဟဂုတ်ဖြစ်သော၊ ဒိဋ္ဌိဂတဝိပ္ပယုတ္တံ-ဒိဋ္ဌိ
ဂတ ၀ိပ္ပယုတ် ဖြစ်သော၊ အသင်္ခါရိကံ – အသင်္ခါရိက ဖြစ်
သော၊ ဧကံ – တပါးသောစိတ်၎င်း၊ သသင်္ခါရိကံ – သသင်္ခါ
ရိက ဖြစ်သော၊ ဧကံ – တပါးသော စိတ်၎င်း၊ ဥပေက္ခာ သဟ
ဂတံ – ဥပေက္ခာသဟဂုတ် ဖြစ်သော၊ ဒိဋ္ဌိဂတ သမ္ပယုတ္တံ-
သော၊ ( ရှေ့က အနက်အတိုင်း ဆိုပါ၊) အသင်္ခါရိက-သေ၁၊
ဧကံ-၎င်း၊ သသင်္ခါရိကံ – သော၊ ဧကံ-၎င်း၊ ဥပေက္ခာသဟ
ဂတံ-သော၊ ဒိဋ္ဌိဂတဝိပ္ပယုတ္တံ-သော၊ အသင်္ခါရိကံ – သော၊
ဧကံ-၎င်း၊ သသင်္ခါရိကံ-သော၊ ဧကံ-၎င်း၊ ဣတိ-ဤသို့၊ အဋ္ဌပိ-
ရှစ်ပါးလည်း ဖြစ်ကုန်သော၊ ဣမာနိ-စိတ်တို့သည်၊ လောဘ
သဟဂတစိတ္တာရှိနာမ-လောဘသဟဂုတ်စိတ်တို့ မည်၏။

အကုသိုလ်စိတ်သည်<mark>လောဘမူ ၈</mark>, ဒေါသမူ ၂,
မောဟမူ ၂, အားဖြင့် ၁၂ ပါး ရှိသည်တွင်... သောမနဿ သဟဂတံ
စသည်ကား <mark>လောဘမူစိတ်</mark>ကို ပြသော စကားရပ်တည်း။

---

## Trang 10

### စိတ်ပိုင်း (ဆက်)

လောဘသဟဂတ<mark>စိတ္တာနိနာမ=</mark> [ လောဘ + သဟ + ဂတ။
လောဘ=လောဘနှင့်+သဟ+တကွ+ဂတ=ဖြစ်သည်။ "လောဘနှင့်
တကွ ဖြစ်သော စိတ်ဟူလို၊ လောဘမူလ ရှိသောကြောင့် " လောဘမူလ
စိတ် " လ-ကို ဖြုတ်၍"<mark>လောဘမူစိတ်</mark>"ဟုလည်း ခေါ်စမှတ် ပြုကြ၏။

"သောမနဿသဟဂတံ ဒိဋ္ဌိဂတသမ္ပယုတ္တံ" စသော ပါဠိကို ကြည့်၍
သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိကစိတ် ၁, သောမနဿ
သဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိကစိတ် ၁, စသည်ဖြင့် ပါဠိရှိတိုင်း
<mark>လောဘမူစိတ် ၈ ပါး</mark>၏ သရုပ်သကောင်ကို ရေတွက်လေ။

ထို့ပြင် <mark>ရှေးဦးစွာ</mark> "သေမနဿသဟဂတံ"ဟူသော ပါဠိကို ကြည့်၍
<mark>လောဘမူစိတ်</mark>၌သောမနဿသဟဂုတ် စိတ် ၄, ဥပေက္ခာသဟဂုတ်စိတ် ၄,
<mark>ပေါင်း ၈ ပါး</mark>ရှိကြောင်းကို ဝေဒနာအပြားအားဖြင့် ခွဲပြရာ၏။

ထိုနောက် "ဒိဋ္ဌိဂတသမ္ပယုတ္တံ" ဟူသော ပါဠိကို ကြည့်၍ သမ္ပယုတ်
စိတ် ၄, ဝိပ္ပယုတ်စိတ် ၄, <mark>ပေါင်း ၈ ပါး</mark> ရှိကြောင်းကို ယောဂ (ယုတ္တ)
အပြားအားဖြင့် ခွဲပြရာ၏။

ထိုနောက်"အသင်္ခါရိကံ" ဟူသော ပါဠိကိုကြည့်၍ အသင်္ခါရိကစိတ် ၄,
သသင်္ခါရိကစိတ် ၄, <mark>ပေါင်း ၈ ပါး</mark>ရှိကြောင်းကို သင်္ခါရ အပြားအားဖြင့်
ခွဲပြရာ၏။ ခွဲပြတိုင်း ခွဲပြတိုင်းပင် ပါဠိကို ရွတ်စေ၍ ရွတ်စေ၍ သရုပ်ကို
ကောက်ကာ ငင်ကာ ပြတတ်စေရမည်။

သရုပ်သကောင်ကို ကွဲကွဲပြားပြား သိသူကို"သရုပ်ကွဲသူ"ဟု ခေါ်၏၊
<mark>ရှေးဦးစွာ</mark>သင်ကာစ၌သရုပ်ကွဲဘို့သာလိုရင်းဖြစ်သောကြောင့် တပည့်များ
ကွဲကွဲပြားပြား နားလည်အောင် ခွဲခြား၍ ပြကြပါလေ။

### နိဿယနှင့်အဓိပ္ပါယ်

#### ၂။ ဒေါသမူစိတ်

ဒေါမနဿ သဟ ဂတံ – ဒေါမနဿ သဟ
ဂုတ် ဖြစ်သော၊ ပဋိဃသမ္ပယုတ္တံ - ပဋိဃ
သမ္ပယုတ် ဖြစ်သော၊ အသင်္ခါရိကံ-အသင်္ခါရိက ဖြစ်သော၊
ဧကံ – တပါးသောစိတ်၎င်း၊ သသင်္ခါရိက - သသင်္ခါရိက ဖြစ်
သော၊ ဧကံ'၎င်း၊ ဣတိ'သို့၊ နွေပိ'နှစ်ပါးလည်းဖြစ်ကုန်သော၊
ဣမာနိ-ဤစိတ်တို့သည်၊ ပဋိဃ သမ္ပယုတ္တံစိတ္တာနီနာမ-ပဋိဃ
သမ္ပယုတ်စိတ်တို့ မည်၏။

ပဋိဃသမ္ပယုတ္တ<mark>စိတ္တာနိနာမ=</mark>ပဋိသ+သမ္ပယုတ္တ။ပဋိသ=ဒေါသ+
သမ္ပယုတ္တ'ယှဉ်သည်။] "ဒေါသနှင့်ယှဉ်သော စိတ် " ဟူလို၊ ဒေါသမူလ
ရှိသောကြောင့်"ဒေါသမူလစိတ်"လ-ကိုဖြုတ်၍ "ဒေါသမူစိတ်" ဟုလည်း
ခေါ်စမှတ် ပြုကြ၏။

ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် အသင်္ခါရိကစိတ် ၁, ဒေါမနဿ
သဟဂုတ် ပဋိဃသမ္ပယုတ် သသင်္ခါရိကစိတ် ၁, ပေါင်း ၂ ပါးဟု ပါဠိရှိတိုင်း
အရုပ်ကို ရေတွက်လေ။

သောမနဿ ဥပေက္ခာ ဒေါမနဿ သုခ ဒုက္ခ ဟူသည်တို့ကား ဝေဒနာ
စေတသိက်၏ နာမည် များတည်း၊ <mark>ထို့ကြောင့်</mark> ဤစိတ်၌ ဒေါမနဿ
သဟဂုတ်ချည်းဖြစ်၍ ဝေဒနာအားဖြင့် အပြား မရှိ၊ ပဋိဃသမ္ပယုတ်ချည်း
ဖြစ်၍ ယောဂအားဖြင့်လည်း အပြားမရှိ (ဝိပ္ပယုတ်မရှိ ဟူလို) ၊အသင်္ခါရိက
စိတ် သသင်္ခါရိကစိတ် ဟု သင်္ခါရအားဖြင့်သာ ၂ ပါးပြားသည်။

---


---

## ❓ မေးခွန်းထုတ်စရာများနှင့် အထူးမှတ်ချက်များ

1. **အရေးကြီးအမှား:** `လောဘပူစိတ်` → `လောဘမူစိတ်` (lobha-mūla)။ OCR က `မ` ကို `ပ` အဖြစ် မှားယွင်းဖတ်သည် — အဘိဓမ္မာ မသိလျှင် ရှာတွေ့ရန် အလွန်ခက်သော အမှားဖြစ်သည်။
2. **နံပါတ် ၈ အမှား:** `ဂ` (ga) ကို `၈` (8) အစား စာမျက်နှာ ၁၀ တွင် "စုစုပေါင်း ၈ စိတ်" အကြောင်းအရာ၌ ၄ ကြိမ်တွေ့ရသည်။
3. **ပါဠိအက္ခရာပျောက်:** `သမ္မာသမ္ဗုဒ္ဓမတုလံ` (Sammāsambuddhamatulaṃ) တွင် anusvara နှင့် stacked form ကြောင့် `လ` ပျောက်နေသည်။
4. **မေးခွန်းများ (စာ ၈):** မေးခွန်းနံပါတ်များ OCR ကြောင့် ပျက်စီးနေသည်။ `က` မှ `တ` အထိ (၁၆ ခု) ပြန်လည်တည်ဆောက်ထားသည်။
5. **စာ ၉-၁၀ ရှိ `စိတ်ပိုင်း`:** အဆင့်မြင့် အဘိဓမ္မာနည်းပညာပိုင်း ဖြစ်၍ ကျွမ်းကျင်သူမှ ပြန်လည်စစ်ဆေးရန် လိုအပ်သည်။
