## Trang 26

(၄) "၍ တဏှာ သုံးပါးတို့ အာရုံ မပြနိုင်သော နယ်ပယ် တရပ်" ဟု
သတ်မှတ်အပ်သော နိဗ္ဗာန်နှင့် တကွ လောကုတ္တရာစိတ် စေတသိက်
သည် လောကုတ္တရာ အဝတ္ထာဘုံ မည်၏။.......ဤသို့ အဝတ္ထာဘုံ
၄ ပါး ရှိသည်။

ထို့ကြောင့် ကာမဘုံ ရူပဘုံ အရူပဘုံ ဟု ဆိုရာ၌ ဌာနဘုံလည်း
ရကောင်း၏, အဝတ္ထာဘုံလည်း ရကောင်း၏၊ လောကုတ္တရာဘုံ ဟု ဆိုရာ
၌ကား ဌာနဘုံ မရှိ, အဝတ္ထာဘုံသာ ရကောင်းသည်။

ဤသို့ ဘုံ လေးပါးအားဖြင့် စိတ်တို့ကို သင်္ဂြိုဟ်ရေတွက် ပြသောကြောင့်
"စတုပညာသဓာကာမေ" ဂါထာကို "ဘူမိဘေဒစိတ္တသင်္ဂဟ ဂါထာ" ဟု
ခေါ်သည်၊ စတုပညာသ စသည်တို့၏ သရုပ်ကို ရေတွက်လေ။

---

### လေ့ကျင့်ခန်း မေးခွန်းများ

<mark>၁။ </mark>လောကုတ္တရာ<mark>စိတ် သင်္ဂဟဂါထာကို အန</mark>က်<mark>ပေးပါ။</mark>

၂။ ဘယ်အရာကို "မဂ်" ဟု ခေါ်သနည်း။

၃။ ထိုမဂ်သည် အဘယ့်ကြောင့် လေးမျိုးပြားသနည်း။

<mark>၄။ </mark>လောကုတ္တရာ<mark>စိတ် </mark>အကျ<mark>ဉ်း ၈-ပါးကို သုခသဟဂုတ်၌သွင်းမည်လော,</mark>
ဥပေက္ခာသဟဂုတ်၌ သွင်းမည်လော။

၅။ ထိုကဲ့သို့ အဘယ့်ကြောင့် လေးမျိုးပြားသနည်း။

၆။ ဒွါဒသာ ကုသလာနေဝံ ဂါထာကို ဘယ်ဂါထာ ဟု ခေါ်သနည်း။

၇။ ကုသိုလ် အကျဉ်း မည်မျှရှိသနည်း၊ [လောကီကုသိုလ် လောကုတ္တရာ
ကုသိုလ် ခွဲပြပါ။]

၈။ ဝိပါက်စိတ် အကျဉ်း မည်မျှရှိသနည်း၊[လောကီဝိပါက် လောကုတ္တရာ
ဝိပါက် ခွဲပြပါ။]

၉။ ကြိယာစိတ် မည်မျှ ရှိသနည်း၊ [ရေတွက်ပြပါ။]

၁၀။ စတုပညာသဓာကာမေကို ဘယ်ဂါထာ ခေါ်သနည်း, အနက် ပေးပါ။

၁၁။ ဌာနဘုံ မည်မျှ, အဝတ္ထာဘုံ မည်မျှရှိသနည်း။

---

<mark>### နိဂုံးနှင့် နိဒါန</mark>်း

#### နိဿယနှင့်အဓိပ္ပါယ် ၄၃

**ပန-နိဂုံးကို ပြဦးအံ့၊** မာနသံ — အာရုံကို သိ
ခြင်း လက္ခဏာအားဖြင့် တပါးထည်းသော
စိတ်ကို၊ ဣတ္ထံ-ဤဆိုအပ်ပြီးသော အပြားအားဖြင့်၊ ဧကူနနဝုတိ
ပဘေဒံ — တခုယုတ် ကိုးဆယ် အပြားရှိ၏ ဟူ၍၊ ဝိစက္ခဏာ-
ပညာရှိ တို့သည်၊ ဝိဘဇန္တိ — ဝေဘန် ကြကုန်၏၊ ဧကဝီသ
သတံ — တရာ့ နှစ်ဆယ့်တပါး ရှိ၏ ဟူ၍၊ အထဝါ ဝိဘဇန္တိ-
တနည်းလည်း ဝေဘန်ကြကုန်သေး၏။

**နိဂုံး။** ။ "ဣတ္ထမေကူနနဝုတိ ပဘေဒံ ပန မာနသံ"ကား ဆိုခဲ့ပြီးသော
စိတ်အားလုံးကို အကျဉ်းအုပ်ဖုံးသော "နိဂုံး" စကားတည်း၊ "စိတ်သည်
အာရုံကိုသိခြင်း လက္ခဏာအားဖြင့် တပါးထည်းသာရှိ၏၊ ထို တပါးထည်း
သော စိတ်ကို ဝေဒနာယောဂသင်္ခါရအားဖြင့်၎င်း [သောမနဿသဟဂတံ
ဒိဋ္ဌိဂတသမ္ပယုတ္တံ အသင်္ခါရိကမေကံ — စသည်ကိုကြည့်၊] စက္ခုစသော မှီရာ
သမ္ပဋိစ္ဆန စသော ကိစ္စ အပြားအားဖြင့်၎င်း [အဟိတ်စိတ်ကိုကြည့်၊]
ကုသိုလ် အကုသိုလ် အဗျာကတ ဇာတ် အပြားအားဖြင့်၎င်း [ဒွါဒသာ
<mark>ကုသလာနေဝံကြည့်၊] ကာမ ရူပ အရူပ </mark>လောကုတ္တရာ<mark>ဘုံ အပြားအားဖြင့</mark>်
၎င်း [စတုပညာသဓာကာမေကိုကြည့်၊] ဈာန်အာရုံ မဂ်အပြားအားဖြင့်၎င်း
<mark>[ရူပ အရူပ </mark>လောကုတ္တရာ<mark>စိတ်တို့ကိုကြည့်၊] ၈၉ ပါး ရှိသည်ဟု ပညာရှိများ</mark>
ခွဲစိတ် ဝေဘန်ခဲ့ကြသည်"ဟူလို။ ပိတ်အကျဉ်းကိုပြသော စကားအားလုံး
ဤတွင် ပြီးဆုံးပြီ။

**အကျယ်နိဒါန်း။** ။ ဧကဝိသသတံဝါထ, ဝိဘဇန္တိ ဝိစက္ခဏာကား
၁၂၁ ပါးပြားပုံကို ပြပြန်လို၍ စချီသော နိဒါန်းတည်း၊) ထို့ကြောင့် "ဣတ္ထ
မေကူနနဝုတိ" ဂါထာကို နိဂုံး နိဒါန်း နှစ်ပါးစုံပြသော ဂါထာ ဟု မှတ်။

---

## Trang 27

### လောကုတ္တရာအကျယ်

ဧကူန နဝုတိဝိဓံ-တခုယုတ် ကိုးဆယ်
အပြားရှိသော၊ စိတ္တံ-စိတ်သည်၊ (ဝါ-
စိတ်က၊) ဧက<mark>ဝ</mark>ီသသတံ-တရာ့နှစ်ဆယ့် တပါးသည်၊ က<mark>ထ</mark>ံ
ဟောတိ-အဘယ်သို့ ဖြစ်နိုင်သနည်း။

> ဝိတက္က ဝိစာရ ပီတိ<mark> သုခ ဧကဂ္ဂတာ</mark>
သဟိတံ <mark>—</mark> သော၊
[ရူပစိတ်တုန်းကအတိုင်းဆို ပဌမ<mark>ဇ္ဈ</mark>ာန သေ<mark>ာတာ</mark>ပတ္တိ မဂ္ဂ
စိတ္တံ <mark>—</mark> ပဌမဈာန် သောတာပတ္တိမဂ်စိတ်၎င်း၊ ဝိစာရ ပီတိသုခေ
ကဂ္ဂတာသဟိတံ <mark>—</mark> သော၊ ဒုတိယဇ္ဈာန သော<mark>တာ</mark>ပတ္တိ မဂ္ဂစိတ္တံ-
၎င်း၊ ပီတိ သုခေ ကဂ္ဂတာသဟိတံ <mark>—</mark> သော၊ တတိယ<mark>ဇ္ဈ</mark>ာန
သောတာပတ္တိမဂ္ဂစိတ္တံ <mark>—</mark> ၎င်း၊ သုခေ ကဂ္ဂသဟိတံ <mark>—</mark> သော၊
<mark>စတုတ္ထဇ္ဈာန </mark>သောတာပတ္တိမဂ္ဂစိတ္တံ <mark>—</mark> ၎င်း၊ <mark>ဥပေက္ခာ ဧ</mark>ကဂ္ဂတာ
သဟိတံ <mark>—</mark> သော၊ <mark>ပဉ္စမ</mark>ဇ္ဈာန သော<mark>တာ</mark>ပတ္တိမဂ္ဂစိတ္တံ<mark>စ — ၎င်း၊</mark>
<mark>ဣတိ-ဤသို့၊</mark> ပ<mark>ဉ္စဝိဓ-က</mark>ုန်<mark>သော၊ ဣမာနိ-</mark>တို<mark>့သည်၊</mark> သေ<mark>ာတာ</mark>ပတ္တိ
<mark>မဂ္ဂစိတ္တာနိ နာမ-</mark>သောတာပတ္တိမဂ်စိတ်<mark>တို့ မည်၏။]</mark>

**လောကုတ္တရာစိတ်အကျယ်။** ။<mark> "</mark>ကထမေကူန၊ပေ၊ ဟောတိ" ကား
တခုယုတ်ကိုးဆယ်ရှိသော စိတ်က ဘယ်နည်းမြှောက်ပွား၍ ၁၂၁ ပါး ပြား
သနည်းဟု မေးသောပုစ္ဆာစကားတည်း၊ ဤ ပုစ္ဆာစကားအရ လောကုတ္တရာ
အကျယ်ကို ပြတော့လတံ့။

---

### ၁။ သောတာပတ္တိမဂ်စိတ် ၅

ဝိဘက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၅ ပါးနှင့်တကွဖြစ်သော
ပ<mark>ဌမဈာန်</mark>သော<mark>တာပ</mark>တ္တ<mark>ိမဂ်</mark>စိတ်<mark> ၁,</mark> ဝ<mark>ိစာရ ပီတိ သုခ</mark> ဧက<mark>ဂ္ဂတာ</mark>
ဈာန်အင်္ဂါ ၄ ပါးနှင့်တကွဖြစ်သော ဒုတိယဈာန် သောတာပတ္တိမဂ်စိတ် ၁,
<mark>စသည်ဖြင့် </mark>သော<mark>တာပ</mark>တ္တ<mark>ိမဂ်</mark>စိတ်<mark> ၅ ပါး၏သရုပ</mark>်က<mark>ို ရေတွက်လေ။</mark>

#### နိဿယနှင့်အဓိပ္ပါယ် ၄၅

<mark>> ...[စတုတ္ထဇ္ဈာနံ </mark>သော<mark>တာပတ္တိမဂ္ဂ</mark>စိတ္တံ<mark> — ၎င်း</mark>၊ <mark>ဥပေက္ခာ</mark> ဧက<mark>ဂ္ဂတာ</mark>
သဟိတံ — သော၊ ပဉ္စမဇ္ဈာန သောတာပတ္တိမဂ္ဂစိတ္တံစ — ၎င်း၊
<mark>ဣတိ-ဤသို့၊ ပဉ္စဝိဓ-ကုန်</mark>သော၊ <mark>ဣမာန</mark>ိ-တိ<mark>ု့</mark>သည်၊ <mark>သောတာပတ္တ</mark>ိ
<mark>မဂ္ဂစိတ္တာနိ</mark> န<mark>ာမ-</mark>သောတ<mark>ာပတ္တိမဂ်စိတ်တ</mark>ို<mark>့ မည</mark>်၏။<mark>]</mark>

---

<mark>### ၂။ အထက်မဂ်</mark>စိတ်<mark>နှင့် ဖ</mark>ို<mark>လ်စိတ်မျာ</mark>း

<mark>> **တထာ —** ထိုငါးပါးစီ </mark>ပြားသော၊ <mark>သကဒါဂါမိမဂ္ဂ</mark>စိတ္တံ <mark>—</mark>
သကဒါဂါမိ မဂ်စိတ် ၎င်း၊ အနာဂါမိမဂ္ဂစိတ္တံ — အနာဂါမိမဂ်စိတ်၎င်း၊
အရ<mark>ဟတ္တမဂ္ဂ</mark>စိတ္တ<mark>ဉ္စ — အရဟတ္တ မဂ်</mark>စိတ်<mark>၎င်း</mark>၊ <mark>ဣတိ — ဤသို့</mark>၊
<mark>သမဝီသတိ- အတိကျ နှစ်ဆယ်</mark>သော၊ <mark>မဂ္ဂ</mark>စိတ္တ<mark>ာနိ-မဂ်</mark>စိတ်<mark>တို့၎င်း</mark>၊
<mark>**တထာ-** ထို အတိကျ နှစ်ဆယ်</mark>သော၊ <mark>ဖလ</mark>စိတ္တ<mark>ာနိ — ဖိုလ်</mark>စိတ်<mark>တို့၎င်း</mark>၊
ဣတိ-ဤသို့၊ သမစတ္တာလီသ — အတိကျ လေးဆယ်သော၊
<mark>လ</mark>ော<mark>ကုတ္တရ</mark>စိတ္တ<mark>ာနိ — လောကုတ္တရာ </mark>စိတ်<mark>တို့</mark>သည်၊ <mark>ဘဝန္တိ</mark>-
<mark>ဖြစ်ကုန်၏။ ဣတိ-ဤသို့၊ (</mark>ဧကူနနဝုတိဝိဓံ<mark>-တခုယုတ</mark>် က<mark>ိုးဆယ်</mark>
အပြားရှိသော၊ စိတ္တံ-စိတ်သည်၊ ဝါ-စိတ်က၊<mark>)</mark> ဧကဝ<mark>ီ</mark>သသတံ-
တရာ့နှစ်ဆ<mark>ယ့် </mark>တပါးသည်၊ ဟောတိ-ဖြစ်နိုင်၏။

**၂။ တထာ သကဒါဂါမိမဂ္ဂ၊ ပေ၊ အရဟတ္တမဂ္ဂစိတ္တံ**
သဒ္ဒါဖြင့် — "သကဒါဂါမိမဂ်စိတ် အနာဂါမိမဂ်စိတ် အရဟတ္တ မဂ်စိတ်များ
လည်း သောတာပတ္တိ မဂ်စိတ်နှင့် အလားတူ ၅ ပါးစီ ပြားကြသည်" ဟု
<mark>ညွှန်</mark>ပြသည်၊ <mark>ထို့ကြောင့် "</mark>ဝိတက<mark>္က</mark> ဝိ<mark>စာရ ပီတိ သုခေ ကဂ္ဂတာ သဟိ</mark>တံ
ပ<mark>ဌမဇ္ဈာန သကဒါဂါမိမဂ္ဂ</mark>စိတ္တံ<mark>" </mark>စသည်<mark>ဖြင့် — "ဥပေက္ခာ</mark> ဧက<mark>ဂ္ဂတာ သဟ</mark>ိတံ
ပဉ္စမဇ္ဈာန အရဟတ္တ မဂ္ဂစိတ္တံ"တိုင်အောင် ပါဠိအသွားကို ချဲ့ထွင်ကြည့်လျက်
သရုပ်ကိုလည်းရေတွက်လေ၊ "သကဒါဂါမိမဂ္ဂ အနာဂါမိမဂ္ဂ"ဟု စိတ္တံသဒ္ဒါ
မပါဘဲ စကားသုံးခြင်းကိုကား စကားကျဉ်းအောင် ဝါကျ ချိုးနည်း တမျိုး
ဟု မှတ်။

---

## Trang 28

<mark>> [</mark>အပြားရှိသော၊ စိတ္တံ-စိတ်သည်၊ ဝါ-စိတ်က၊<mark>]</mark> ဧကဝ<mark>ီ</mark>သသတံ-
တရာ့ နှစ်ဆ<mark>ယ့်</mark>တပါးသည်၊ ဟောတိ-ဖြစ်နိုင်၏။ [ဣတိ-နေခံ၌
"ဧကူနနဝုတိဝိဓံ" စသည်ကား "ကထမေက<mark>ူ</mark>နနဝုတိဝိဓံ"
စသော အမေးကို ပြန်အုပ်ဘို့ရာ ထည့်အပ်သော စကား
တည်း။]

**ဣတိ သမဝီသတိ မဂ္ဂစိတ္တံ<mark>** —</mark> ဤနည်းအားဖြင့် အကျဉ်း မဂ်စိတ်
၄ ပါးကို ဈာန်အပြားအားဖြင့် အကျယ်မြှောက်ပွားလိုက်လျှင် မဂ်စိတ် ၂<mark>၀</mark>
အတိအကျ ဖြစ်လာလေသည်၊ ဤကဲ့သို့ မြှောက်ပွားခြင်းကို "ဈာန်ပွား" ဟု
ခေါ်စမှတ်ပြုကြသည်၊ [သမ သဒ္<mark>ဒ</mark>ါ "အညီ အမျှ အတိအကျ" ဟူသော
အနက်ကို ဟော၏။<mark>]</mark>

**တထာ ဖလစိတ္တာနိစ<mark>** — </mark>တထာ သဒ္<mark>ဒ</mark>ါဖြင့် မဂ်စိတ်ကို မြှောက်ပွားသလို
ဖိုလ်စိတ် ၄ ပါးကို မြှောက်ပွား၍လည်း "အတိကျ ၂<mark>၀</mark> ဖြစ်သည်" ဟု
ညွှန်ပြသည်၊ ထို့ကြောင့် "ဝိတက္က<mark> ဝိ</mark>စာရ ပီတိ သုခေ <mark>ဧ</mark>ကဂ္ဂတာသဟိတံ
<mark>ပဌမ</mark>ဇ္ဈာန သောတာပတ္တိဖလစိတ္တံ" စသည်ဖြင့် အကျယ်ကိုသိလေ။

**ဣတိ သမစတ္တာလီသ လောကုတ္တရစိတ္တာနိ** — ဤသို့ မဂ်စိတ် ၂<mark>၀</mark>
ဖိုလ်စိတ် ၂<mark>၀</mark> အားဖြင့် လောကုတ္တရာ စိတ်ပေါင်း အတိကျ ၄<mark>၀</mark> ဖြစ်သည်၊
ဤသို့ အကျယ် ရေတွက်သည့် အခါ အကျဉ်းတုန်းက လောကုတ္တရာစိတ်
<mark>၈-</mark>ပါးကို သီးခြားမရေတွက်ရ၊ ထို အကျဉ်း <mark>၈-</mark>ပါးသည်ပင် အကျယ်မြ<mark>ှ</mark>ောက်
ပွား၍ ၄<mark>၀</mark> ဖြစ်လာသည်ဟူလို၊ ဥပမာ–<mark>၈</mark> ကို ၅ ဖြင့်မြှောက်၍ ၄<mark>၀</mark> ဖြစ်ရာ၌
မူလတည်သော <mark>၈</mark> သည် ၄၀ အတွင်း၌ ပါဝင်တော့သကဲ့သို့တည်း။

ဤစကားစဉ်အရ-လောကီစိတ် <mark>၈</mark>၁ နှင့် လောကုတ္တရာ အကျယ် ၄<mark>၀</mark> ကို
ပေါင်းလျှင် စိတ်အကျယ် ၁၂၁ ပါး ဖြစ်သည်ဟုမှတ်။

---

<mark>### ၃။ </mark>သင်္ဂဟဂါထာ

<mark>> ဈာနင်္ဂယောဂဘေဒေန — </mark>ဈာန်အင်္ဂါတို့၏ ယှဉ်ပုံ အပြား အားဖြင့်၊
<mark>ဧကေ</mark>ကံ-တပါးတပါးသော လောကုတ္တရာစိတ်ကို၊ ပဉ္စ<mark>ဓ</mark>ာ-ငါးပါးစီ
ပြားသည်ကို၊ ကတွာ-ပြု၍၊ အနုတ္တရံ-လောကုတ္တရာဖြစ်သော၊
စိတ္တံ-စိတ်ကို၊ စတ္တာလီသဝိဓံတိ စ-၄<mark>၀</mark> အပြားရှိ၏ဟူ၍လည်း၊
<mark>ဝု</mark>စ္<mark>စ</mark>တိ-ဆိုအပ်၏။

<mark>#### </mark>နိဿယနှင့်အဓိပ္ပါယ်<mark> ၄၇</mark>

"ဈာနင်္ဂယောဂဘေဒေန၊ ၊ ပေ၊ စတ္တာလီသ<mark>ဝိဓန္တိ" ဂါထာကား</mark>
လောကုတ္တရာစိတ် အကျယ်ကို အကျဉ်းချုပ်ပြသော<mark> သင်္ဂဟဂါထာတည်း။</mark>

အချို့ မဂ်စိတ် ဖိုလ်စိတ်၌ ဈာန်အင်္ဂါ ၅ ပါးနှင့်ယှဉ်ခြင်း, အချို့ အချို့၌
၄-ပါး ၃ ပါး ၂ ပါး တ<mark>ခါ</mark> ၂ ပါးနှင့် ယှဉ်ခြင်း အားဖြင့် ဈာန်အင်္ဂါတို့
ယှဉ်ပုံက ၅ မျိုးပြားသောကြောင့် မဂ်စိတ် ဖိုလ်စိတ် တပါးတပါးလျှင် ၅မျိုးစီ
ပြားရလေသည်၊ ဤသို့ လောကုတ္တရာအကျဉ်း <mark>၈</mark> ကို ၅ ဖြင့်မြ<mark>ှောက်</mark>၍ အကျယ်
၄၀ ဖြစ်သည်-ဟူလို။

သောတာပတ္တိ မဂ်စိတ် ၅ ပါးတွင် ရှေ<mark>့</mark>စိတ် ၄ ပါးသည် သုခသဟဂုတ်,
ပဉ္စမဈာန်စိတ် ၁ ပါးကား ဥပေက္ခာသဟဂုတ် တည်း၊ နေ5 မဂ်စိတ် ဖိုလ်စိတ်
များလည်း ဤနည်းပင်၊ ထို့ကြောင့် သုခသဟဂုတ်စိတ်ပေါင်း ၃၂, ဥပေက္ခာ
သဟဂုတ်စိတ်ပေါင်း <mark>၈</mark> ပါးရှိသတည်း။

---

### လေ့ကျင့်ခ<mark>န</mark>်း မေးခွန်းများ

<mark>၁။ </mark>ဣတ္ထမေကူနနဝုတိ — ဂါထာသည် ဘာကိုပြသော ဂါထာနည်း, ၎င်း
ဂါထာကို အနက်ပေးပြပါ။

---

## Trang 29

<mark>၂။ </mark>အာရုံကို သိခြင်း လက္ခဏာ အားဖြင့် တပါးထည်း ဖြစ်သော စိတ်က
တခုယုတ် ကိုးဆယ် ပြားနိုင်ပုံကို ပြောပြပါ။

<mark>၃</mark>။ "တထာ သကဒါဂါမိမဂ္ဂ အနာဂါမိမဂ္ဂ"အရ အနာဂါမိမဂ်စိတ် ၅မျိုး
ကို ရေတွက်ပြပါ။

<mark>၄။ "</mark>တထာ ဖလ<mark>စ</mark>ိတ္တာနိ"အရ သောတာပတ္တိဖိုလ်စိတ် ၅ မျိုးကိုရေတွက်
ပြပါ။

<mark>၅။ </mark>လောကုတ္တရာစိတ် အကျယ် မည်မျှရှိသနည်း၊ [မဂ်စိတ် ဖိုလ်စိတ် များကို
ခွဲပြပါ။]

<mark>၆။ </mark>လောကုတ္တရာစိတ် အကျယ်နှင့် တကွ စိတ်တို့ကို ရေတွက်သည့် အခါ
လောကုတ္တရာ အကျဉ်း <mark>၈-</mark>ပါးကို အဘယ့်ကြောင့် မသွင်းရသနည်း။

<mark>၇။ </mark>ဈာနင်္ဂယောဂဘေဒေန ဂါထာသည် ဘာကို ပြသော ဂါထာနည်း,
အနက်ပေးပြပါ။

<mark>၈။ </mark>ဤ လောကုတ္တရာစိတ် အကျယ် ၄<mark>၀</mark> ၌ သုခသဟဂုတ် မည်မျှ,
<mark>ဥပေက္ခာ</mark>သဟဂုတ် မည်မျှစီ ရှိသနည်း။

<mark>၉</mark>။ သမ္ပယုတ်, ဝိပ္ပယုတ်, အသင်္ခါရိက, သသင်္ခါရိက ဟု၍ အခြေပြုက
ဆိုလိုသလား, မဆိုလိုဘူးလား၊ ရှေးဆရာအချို့ ကမူ အဘယ်သို့ ဆိုလို
သတဲ့နည်း။

---

**လောကုတ္တရာစိတ် အကျယ် ပြီး၏။**

---

<mark>### လောကီလောကုတ္တရာ ဈာန်</mark>စိတ်ပ<mark>ေါ</mark>င်း

> လောကီလောကုတ္တရာ ရူပါဝစရံ-ရူပါဝစရစိတ်ကို၊ ပဌမာဒိဇ္ဈာနဘေဒေ —
ပဌမဈာန် အစရှိသော ဈာန်အပြား၌၊ ဂယှတိ ယထာ — သွင်းယူအပ်သကဲ့သို့၊
တထာ-ထို<mark>့အတူ</mark>၊ <mark>အနုတ္တရံ — လောကုတ္တရာ</mark>စိတ်<mark>ကို</mark>၊ <mark>ပဌမာ</mark>ဒိ<mark>ဇ္ဈာန</mark>
<mark>ဘေဒေ-၌၊ ဂယှတ</mark>ိ-၏၊ <mark>အာရုပ္ပဉ္စာပိ — အာရုပ္ပ </mark>စိတ်ကို<mark>လည်း</mark>၊
<mark>ပဉ္စမေပိ</mark> ပ<mark>ဉ္စမဈာန်၌၊ ဂယှတိ — </mark>၏၊ တ<mark>သ္မာ-ထ</mark>ို့က<mark>ြောင့်</mark>၊ ပ<mark>ဌမာ</mark>
<mark>ဒိကံ — </mark>ပဌမ<mark>ဈာန် အစ</mark>ရှ<mark>ိ</mark>သော၊ <mark>ဧကေကံ — တမျ</mark>ို<mark>း တမျို</mark>းသ<mark>ော</mark>၊
<mark>ဈာနံ — ဈာန်စိတ်ကို ဧကာဒ</mark>သဝိဓံ- <mark>တဆယ့်တ</mark>ပါး<mark>စီ</mark> အပြားရှိ၏
ဟူ၍၊ <mark>ဝ</mark>ုတ<mark>္တံ — ဆ</mark>ို<mark>အပ်၏</mark>၊ အ<mark>န္တေထ</mark>ု-<mark> အ</mark>ဆု<mark>ံး ပဉ္စမဈာန်၌ကား၊</mark>
<mark>(စိတ္တံ — စိတ်သည်၊) တေဝီသ</mark>တိဝိဓံ- <mark>၂</mark>၃ ပါး အပြားရှိ<mark>သည်</mark>၊
ဘဝေ-ဖြစ်၏။

<mark>#### </mark>နိဿယနှင့်အဓိပ္ပါယ်<mark> ၄၉</mark>

"ယထာစ ရူပါဝစရံ" စသော ၂ ဂါထာလည်း လောကီဈာန်စိတ်
<mark>လောက</mark>ုတ္တ<mark>ရာဈ</mark>ာန<mark>်</mark>စိတ်တို့ကို ပ<mark>ေါင်း၍ ပဌမဈာန်စိတ် စသည်တို့ မည်မျှစ</mark>ီ
ရှိကြောင်းကို ရေတွက်ပြသော သင်္ဂဟဂါထာပင်တည်း။

**ယထာစ ရူပါဝစရံ ဂယှတာ နုတ္တရံ တထာ။** ။ ၁-ပဌမဈာန်,
၂-ဒုတိယဈာန်, ၃-တတိယဈာန်, ၄-စတုတ္ထဈာန်, ၅-ပဉ္စမဈာန် ဟု
၅ မျိုး ခွဲထားပြီးလျှင်, ရူပါဝစရစိတ် အားလုံးကိုထိုဈာန် ၅ မျိုး၌
<mark>ထိုက်သလို သွင်းယူရသကဲ့</mark>သို့<mark>, လောကု</mark>တ္တ<mark>ရ</mark>ာစိတ်<mark>အားလုံး</mark>ကို<mark>လည်း</mark> ပ<mark>ဌမဈာန်</mark>
<mark>စသည်၌ သွင်းယူရသည်</mark>၊ <mark>သောတာပ</mark>တ္တိ<mark>မဂ်</mark>စိတ်<mark> ၅ ပါး</mark>ကို <mark>ထိုဈာန် ၅ မျိုး၌</mark>
သ<mark>ွင်းလျ</mark>ှင် ပ<mark>ဌမဈာန်စိတ် ၁, ဒုတိယဈာန်စိတ် ၁ စသည်ဖြစ်၏၊ မဂ်ဖ</mark>ိုလ်စိတ်<mark>များလ</mark>ည်<mark>း</mark>
ဤနည်းပင်၊ ထိုကြောင့် လောကုတ္တရာ ပဌမဈာန် စိတ်ပေါင်း ၈ ဖြစ်၏
<mark>ဒုတိယဈာန်</mark>စိတ်<mark> စသည်များလည်း ၈ ပါးပ</mark>င်<mark>တည်း။</mark>

---

## Trang 30

### ကုသိုလ်နှင့်ဝိပါက်အကျယ်

<mark>> ပုညံ — ကုသိုလ်စိတ်သည်၊ သတ္တ</mark>တိံသ ဝိဓံ- ၃၇ ပါး အပြား ရှိ၏၊
တထာ-ထိုမှတပါး၊ ပါကံ-ဝိပါက် စိတ်သည်၊ ဒွိပညာသဝိဓံ-
၅၂-ပါး အပြားရှိ၏၊ ဣတိ-ဤသို့၊ စိတ္တာနိ-စိတ်တို့ကို၊ ဧက<mark>ဝ</mark>ီသ
သ<mark>တ</mark>ံ-၁၂၁ ပါး ဟူ၍၊ ဗု<mark>ဓာ</mark>-ပညာရှိတို့သည်၊ အာဟု-ဆိုကြ
ကုန်၏။

**အာရုပ္ပဉ္စာပိ ပဉ္စမ<mark>ေ** — </mark>အာရုပ္ပစိတ်ကိုလည်း "ဥပေက္ခာ ဧကဂ္ဂတာ
ဈာန်အင်္ဂါ ၂ ပါးနှင့် ယှဉ်သည့်အတွက် ဈာန်အင်္ဂါချင်း တူသောကြောင့်
ပဉ္စမဈာန်၌ သွင်းရမည်။

<mark>**ဧ</mark>ကာဒသဝိဓံ တသ္မာ<mark>၊</mark> ပေ၊ ဘ<mark>ဝေ** — </mark>ထို့ကြောင့် ကုသိုလ်ဝိပါက်ကြိယာ
အားဖြင့် လောကီရူပပဌမဈာန်စိတ် ၃, လောကုတ္တရာ ပဌမဈာန်စိတ် <mark>၈</mark>,
ပေါင်း ပဌမဈာန်စိတ် ၁၁ ဖြစ်၏၊ ဒုတိယဈာန်စိတ်၊ တတိယ စတုတ္ထဈာန်
စိတ်များလည်း ၎င်းအတိုင်း ၁၁ စီဖြစ်၏၊ ပဉ္စမဈာန်စိတ်ကား ထို ၁၁ တွင်
အာရုပ္ပစိတ် ၁၂ ထည့်၍ ၂၃ ဖြစ်၏။

**ကုသိုလ် နှင့် ဝိပါက် အကျယ်။** ။ <mark>ဤ</mark>ဂါထာလည်း ကုသိုလ် ဝိပါက်
အကျယ်ကို အကျဉ်းချုပ် ပြခြင်းနှင့်တကွ စိတ် အားလုံးကို အချုပ်ပြသော
သင်္ဂဟ ဂါထာပင်တည်း၊) လောကီကုသိုလ် ၁၇, လောကုတ္တရာကုသိုလ် ၂<mark>၀</mark>,
ပေါင်းကုသိုလ် ၃၇ ဖြစ်၏၊ လောကီဝိပါက် ၃၂, လောကုတ္တရာဝိပါက် ၂<mark>၀</mark>,
ပေါင်းဝိပါက် ၅၂ ဖြစ်၏၊ အကုသိုလ်နှင့် ကြိယာတို့မှာ သင်္ချာ မတိုးသော
ကြောင့် ဤဂါထာ၌ ထပ်၍မပြ၊ ကုသိုလ် အကုသိုလ် ဝိပါက်ကြိယာအားလုံး
ပေါင်းလျှင် စိတ်အကျယ် ၁၂၁ ပါး ဖြစ်၏။

---

### မဟာနိဂုံး

> အဘိဓမ္မတ္ထသင်္ဂဟေ — အဘိဓမ္မတ္ထသင်္ဂြိုဟ်,
ခေါ်ဆို လက်သန်း, အဋ္ဌကထာကျမ်း၌၊ စိတ္တ
သင်္ဂဟ ဝိဘာဂေါ နာမ — စိတ္တသင်္ဂဟ ဝိဘာဂ မည်သော၊
ပဌမော — ရှေးဦးစွာသော၊ ပရိစ္ဆေဒေါ-အပိုင်းသည်၊ ဣတိ-
ပြီးပြီ။

#### နိဿယနှင့်အဓိပ္ပါယ် ၅၁

**မဟာနိဂုံး။** ။ ဣတိ၊ ပေ၊ ပဌမော ပရိစ္ဆေဒေါ-ကား စိတ်ပိုင်း တပိုင်း
လုံးကို အုပ်ဖုံးသော အကြီးစား "မဟာနိဂုံး" တည်း။ ဖို့စိတ္တံ စေတသိကံ ရူပံ
နိဗ္ဗာနမိတိ သဗ္ဗထာ ဟူသော ခေါင်းစဉ် ဥဒ္ဒေသစကားရပ်တွင် "စိတ္တံ"
ဟူသော အကျဉ်းဥဒ္ဒေသ၏ နိဒ္ဒေသ အကျယ်သည် ဤနေရာဝယ် ပြီးဆုံးပြီ
ဟူလို၊ ထို့ကြောင့် ဤစိတ်ပိုင်း တပိုင်းလုံးဖြင့် စိတ်ကို အကျယ် ဝေဘန်၍
ပြသည်ဟု မှတ်လေ။

---

### လေ့ကျင့်ခန်း မေးခွန်းများ

၁။ ယထာစရူပါဝစရံ-စသော ၂ ဂါထာသည် ဘာကိုပြသော ဂါထာ
နည်း, အနက်ပေးပါ။

၂။ ပဌမဈာန်စိတ် မည်မျှ ရှိသနည်း, လောကီ ဈာန်စိတ် လောကုတ္တရာ
ဈာန်စိတ် ခွဲပြပါ။

၃။ ပဉ္စမဈာန်စိတ် မည်မျှရှိသနည်း, လောကီ လောကုတ္တရာ ခွဲပြပါ။

၄။ သတ္တတိံသဝိဓံ ပုညံ-ဂါထာသည် ဘာကိုပြသော ဂါထာနည်း။

၅။ စိတ် ၁၂၁ ၌ ကုသိုလ်စိတ်မည်မျှ ဝိပါက်စိတ် မည်မျှရှိသနည်း,လောကီ
လောကုတ္တရာ ခွဲပြပါ။

၆။ ဣတိအဘိဓမ္မတ္ထသင်္ဂဟေ စသော စကားသည် ဘာစကားနည်း။

၇။ စိတ်အကျဉ်းမည်မျှ, အကျယ် မည်မျှ ရှိသနည်း।

---
