## Trang 51

### မဟဂ္ဂုတ်စိတ်၌ သင်္ဂဟနည်း

၁။ ပန – ကား၊ မဟဂ္ဂတေသု- မဟဂ္ဂုတ်စိတ် တို့တွင်၊ တ၁ဝ- ဒုတိယဈာန်စိတ်စသည်တို့မှ ရှေးဦးစွာ၊ <mark>( နိဋ္ဌိတ-ပြီးသော )</mark> တီသု-သုံးပါးကုန်သော၊ <mark>ပဌမဇ္ဈာနိက</mark>စိတ္တေသု - ပဌမဈာန်နှင့် ယှဉ်သောစိတ်တို့၌၊ အညသမာနာ-အညသမာန်းဖြစ်သော၊ တေရသ-တစ်ဆယ့်သုံးပါးသော၊ စေတသိကာ - စေတသိက်တို့၎င်း၊ <mark>ဝိရတိ</mark>တ္တယ ဝဇ္ဇီတာ - <mark>ဝိရတိ</mark> သုံးပါး အပေါင်းသည် ကြဉ်အပ်ကုန်သော၊ <mark>ဒွါဝီသတိ</mark>- ၂၂ ပါးသော၊ သောဘနစေတသိကာစ-သောဘနစေတသိက်တို့၎င်း၊ ဣတိ-သို့၊ <mark>ပဉ္စတ္တိံသ</mark>-၃၅ ပါး

မဟဂ္ဂုတ်စိတ်၌ သင်္ဂဟနည်း

၁။ ပဌမဈာန်စိတ်(ကုသိုလ်ဝိပါက်ကြိယာ) ၃ ပါး၌ အညသမာန်း ၁၃၊ (<mark>ဝိရတိ</mark>ကြဉ်) သောဘန ၂၂၊ ပေါင်း ၃၅ ပါးသော စေတသိက်များ ယှဉ်ကုန်၏၊ ဤသို့ စသည်ဖြင့် သင်္ဂြိုဟ်ပါဠိအတိုင်း ရေတွက်လေ။

<mark>ဝိရတိ</mark>တ္တယဝဇ္ဇီတာ-(ဒုစရိုက် ဒုရာဇီဝဟူသမျှကို သီလဝိသုဒ္ဓိ အစွမ်းဖြင့် ပယ်ရှားပြီးသော ယောဂီသူတော်စင်တို့ သန္တာန်၌ သမာဓိ ကောင်းစွာရ၍ စိတ် တည်ကြည်ရုံမျှဖြင့် မဟဂ္ဂုတ်ဈာန်များ ဖြစ်နိုင်ကြသည်။ <mark>ထို့</mark>ကြောင့် ထို မဟဂ္ဂုတ် ဈာန်များ သီးခြား ပယ်ဘို့ရာ ဒုစရိုက် ဒုရာဇီဝ မရှိတော့ပြီ၊ လောကုတ္တရာ ဈာန်များကဲ့သို့လည်း ဒုစရိုက် အနုသယဓာတ်ကို အကြွင်းမဲ့ မပယ်ဖြတ်နိုင်ချေ၊ <mark>ထို့</mark>ကြောင့် မဟဂ္ဂုတ်စိတ်၌ <mark>ဝိရတိ</mark>များ ယှဉ်ခွင့်မရှိ၊

> <mark>[ဆောင်]</mark> ဒုစ္စရိတ, ဒုဇ္ဇီဝကို, သီလခေါ်ဘိ, ဝိသုဒ္ဓိအား, စွမ်းပကားဖြင့်,
> ပယ်ရှားပြီးလတ်, ယောဂီမြတ်တို့, ရအပ်ဈာန်ဝယ်, ပယ်ဘွယ်ဒုစရိ
> လျှင်းမရှိ၍ <mark>ဝိရတိ</mark>တွက်, မဟဂ္ဂုတ်မှာ, မယှဉ်သာသည်, ဋီကာမိန့်ခွန်း
> ကဗျာတည်း။

### နိဿယနှင့်အဓိပ္ပါယ်

၉ ၃

သော၊ ဓမ္မာ-တရားတို့သည်၊ သင်္ဂဟံ-သင်္ဂြိုဟ်သို့၊ ဂစ္ဆန္တိ-ရောက်ကုန်၏၊ [ ပန-အမှာစကားချပ်ညှပ်လိုက်<mark>ဦးအံ့</mark>၊ ဧတ္ထ- ထို ၃၅ ပါးတို့တွင်၊ ကရုဏာ၊ မုဒိတာ၊ - ကရုဏာနှင့် မုဒိတာ တို့ကို၊ ပစ္စေကမေဝ – တသီးတခြား တပါးစီသာလျှင် ယောဇေတဗ္ဗာ-ယှဉ်စေအပ်ကုန်၏။ ]

ဒုတိယဈာနိကစိတ္တေသု-ဒုတိယဈာန်စိတ်တို့၌၊ လောကုတ္တရာစိတ်အတိုင်း ဝိတက္ကဝဇ္ဇာ-ဝိတက်ကြဉ်သော၊ တထာ-ထို ၃၄ ပါးသော <mark>သဘောတရား</mark>တို့သည်၊ သင်္ဂဟံ-သင်္ဂြိုဟ်သို့၊ ဂစ္ဆန္တိ-ရောက်ကုန်၏။

တတိယဈာနိက စိတ္တေသု – တတိယဈာန်စိတ်တို့၌၊ ဝိတက္က ဝိစာရ ဝဇ္ဇာ - ဝိတက်ဝိစာရကြဉ်သော၊ တထာ – ထို ၃၃ ပါးသော <mark>သဘောတရား</mark>တို့သည်၊ သင်္ဂဟံ-သင်္ဂြိုဟ်သို့၊ ဂစ္ဆန္တိ-ရောက်ကုန်၏။

စတုတ္ထဇ္ဈာနိကစိတ္တေသု-စတုတ္ထဈာန်စိတ်တို့၌၊ ဝိတက္က ဝိစာရ ပီတိဝဇ္ဇာ- ဝိတက်ဝိစာရပီတိကြဉ်သော၊ တထာ – ထို ၃၂ ပါးသော <mark>သဘောတရား</mark>တို့သည်၊ သင်္ဂဟံ-သင်္ဂြိုဟ်သို့၊ ဂစ္ဆန္တိ-ရောက်ကုန်၏။

ကရုဏာ မုဒိတာ ၊ ပေ ၊ ပစ္စေကမေဝ-ကရုဏာ ယှဉ်ခိုက် မုဒိတာ မယှဉ်စေရ, မုဒိတာ ယှဉ်ခိုက်လည်း ကရုဏာ မယှဉ်စေရ, အဘယ်ကြောင့်နည်း, ကရုဏာက ဒုက္ခိတ <mark>သတွာ</mark> ပညတ်ကို အာရုံပြု၍ မုဒိတာက သုခိတ <mark>သတွာပညတ်</mark>ကို အာရုံပြုသည့်အတွက် အာရုံချင်း မတူသောကြောင့်တည်း)

> <mark>[ဆောင်]</mark> ဒုက္ခိတနှင့်, သုခိတ တဖြာ, <mark>သတွာပညတ်</mark>, စွဲမှတ်လေတုံ, အာရုံ
> ယူလျှင်း, မတူခြင်းကြောင့်, ယင်းကရုဏာ, မုဒိတာတို့ နှစ်ဖြာ
> ဆိုင်လျက်, တပြိုင်နက်, ဆက်ဆက်မယှဉ်ကြ။

ဒုတိယဈာန်စိတ် စသည်၌ ပါဠိကြည့်၍ သရုပ်ရေတွက်လေ။

---

## Trang 52

၂။ လင်္ဂဟဂါထာ။

<mark>ပဉ္စတ္တိံသ</mark>(၃၅)ကား ပဌမဈာန်စိတ် ၃ ပါးအတွက် သင်္ဂဟတည်း။
စတုတ္တိံသ (၃၄)ကား ဒုတိယဈာန်စိတ် ၃ အတွက် သင်္ဂဟတည်း။
<mark>တေတ္တိံသ</mark> (၃၃)ကား တတိယဈာန်စိတ် ၃ အတွက် သင်္ဂဟတည်း။
<mark>ဗာတ္တိံသ</mark>(၃၂)ကား စတုတ္ထဈာန်စိတ် ၃ အတွက် သင်္ဂဟတည်း။
<mark>တိံသ (၃၀)</mark>ကား ပဉ္စမဈာန်စိတ် ၁၅ အတွက် သင်္ဂဟတည်း။

ဤသို့အားဖြင့် မဟဂ္ဂုတ်စိတ်၌ သင်္ဂဟနည်း ၅ မျိုး ရှိသည်။

### နိဿယနှင့်အဓိပ္ပါယ်

<mark>ပဉ္စတ္တိံသ</mark> (၃၅)ကား ပဌမဈာန်စိတ် ၃ ပါးအတွက် သင်္ဂဟတည်း။
စတုတ္တိံသ (၃၄)ကား ဒုတိယဈာန်စိတ် ၃ အတွက် သင်္ဂဟတည်း။
<mark>တေတ္တိံသ</mark> (၃၃)ကား တတိယဈာန်စိတ် ၃ အတွက် သင်္ဂဟတည်း။
<mark>ဗာတ္တိံသ</mark>(၃၂)ကား စတုတ္ထဈာန်စိတ် ၃ အတွက် သင်္ဂဟတည်း။
<mark>တိံသ (၃၀)</mark>ကား ပဉ္စမဈာန်စိတ် ၁၅ အတွက် သင်္ဂဟတည်း။

ဤသို့အားဖြင့် မဟဂ္ဂုတ်စိတ်၌ သင်္ဂဟနည်း ၅ မျိုး ရှိသည်။

### လေ့ကျင့်ခန်း မေးခွန်းများ

၉ ၅

**က။** မဟဂ္ဂုတ်စိတ် အားလုံး၌ စေတသိက် မည်မျှ ယှဉ်သနည်း, သရုပ်ရေတွက်ပါ။

**ခ။** <mark>ဝိရတိ</mark> ၃ ပါးကို အဘယ်ကြောင့် ကြဉ်ရသနည်း, <mark>လင်္ကာ</mark>ထောက်ပါ။

**ဂ။** ကရုဏာနှင့် မုဒိတာတို့ ဘယ်ကြောင့် အသီးအသီး ယှဉ်ကြသနည်း, <mark>လင်္ကာ</mark>ထောက်ပါ။

**ဃ။** မဟဂ္ဂုတ် စိတ်တို့၌ သင်္ဂဟနည်း မည်မျှ ရှိသနည်း။

**င။** <mark>ပဉ္စတ္တိံသ</mark> ကား ဘယ်စိတ်၌ သင်္ဂဟနည်းလဲ, ၎င်း<mark>ပဉ္စတ္တိံသ</mark>နှင့် ဆိုင်ရာ အကျယ် ပါဠိကို ရွတ်၍ သရုပ် ရေတွက်ပါ။

**စ။** စတုတ္တိံသကား ဘယ်စိတ်၌ သင်္ဂဟနည်းလဲ, ဆိုင်ရာ အကျယ်ရွတ်၍ သရုပ် ရေတွက်ပါ။

**ဆ။** <mark>တေတ္တိံသ</mark>ကား ဘယ်စိတ်၌ သင်္ဂဟနည်းလဲ, ဆိုင်ရာ အကျယ်ရွတ်၍ သရုပ် ရေတွက်ပါ။

**ဇ။** <mark>ဗာတ္တိံသ</mark>ကား ဘယ်စိတ်၌ သင်္ဂဟနည်းလဲ, ဆိုင်ရာ အကျယ် ရွတ်၍ သရုပ် ရေတွက်ပါ။

**ဈ။** တိံသကား ဘယ်စိတ်၌ သင်္ဂဟနည်းလဲ, ဆိုင်ရာ အကျယ် ရွတ်၍ သရုပ် ရေတွက်ပါ။

---

## Trang 53

### ကာမသောဘနစိတ်၌ သင်္ဂဟနည်း

၁။ ပန - ကား၊ ကာမာဝစရသောဘနေသု – ကာမ သောဘန စိတ်တို့တွင်၊ တ၁ဝ.- ဝိပါက်ကြိယာတို့မှ <mark>ရှေးဦးစွာ</mark>၊ (နိဋ္ဌိတေသု-ပြီးသော၊) ကုသလေသု-ကုသိုလ်စိတ်တို့တွင်၊ <mark>ပဌမဂ္ဂယေ</mark> - ပဌမအရံ၌၊ အညသမာနာ-အညသမာန်းဖြစ်ကုန်သော၊ တေရသ-တစ်ဆယ့်သုံးပါးကုန်သော၊ စေတသိကာ-စေတသိက်တို့၎င်း၊ ပဉ္စဝီသတိ- ၂၅ ပါးသော၊ သောဘနစေတသိကာစ-သောဘနစေတသိက်တို့၎င်း၊ ဣတိ-သို့၊ အဋ္ဌတ္တိံသ- <mark>၃၈</mark> ပါးသော၊ ဓမ္မာ-တရားတို့သည်၊ သင်္ဂဟံ-သင်္ဂြိုဟ်သို့၊ ဂစ္ဆန္တိ-ရောက်ကုန်၏၊ (ပန-အမှာစကားချပ်ညှပ်လိုက်<mark>ဦးအံ့</mark>၊ ဧတ္ထ- ထို <mark>၃၈</mark> ပါးတို့တွင်၊ အပ္ပမညာ<mark>ဝိရတိ</mark>ယော-အပ္ပမညာ <mark>ဝိရတိ</mark>တို့ကို၊ ပဉ္စပိ-၅ ပါးလုံးတို့ကိုလည်း၊ ပစ္စေကမေဝ-တသီးတခြား တပါးစီသာလျှင်၊ ယောဇေတဗ္ဗာ-ယှဉ်စေအပ်ကုန်၏။)

ကာမသောဘန၌ သင်္ဂဟနည်း။ ။ [၁-ကုသလေသု <mark>ပဌမဂ္ဂယေ</mark>]

မဟာကုသိုလ် သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ်နှင့် သသင်္ခါရိကစိတ်ကို ပဌမ အစုံဟု ဆိုသည်။ ၎င်း ပဌမအစုံ၌ အညသမာန်း ၁၃, သောဘန ၂၅, <mark>ပေါင်း ၃၈</mark> ပါးသော စေတသိက်များ ယှဉ်သည်။

အပ္ပမညာ<mark>ဝိရတိ</mark>ယော၊ ပေ ၊ ယောဇေတဗ္ဗာ - ထိုသို့ <mark>၃၈</mark> ပါးယှဉ်သော်လည်း အပ္ပမညာ <mark>ဝိရတိ</mark> ၅ ပါးလုံးတို့ကား တပြိုင်နက် ယှဉ်ခွင့် မရ တပါးစီသာ ယှဉ်ခွင့်ရသည်၊ ဘာ့ကြောင့်နည်း, '(အပ္ပမညာသည့် <mark>သတွာ</mark> ပညတ်ကို အာရုံပြု၍, ဝိရတီတို့ကား ဝိတိက္ကမိတဗ္ဗ ဝတ္ထုကို အာရုံပြုသဖြင့် အာရုံချင်း မတူသောကြောင့်တည်း။)

> <mark>[ဆောင်]</mark> အပ္ပမညာ, အာရုံမှာကား, <mark>သတွာ</mark> ပညတ်, စွဲမှတ်လေဘိ၊
> <mark>ဝိရတိ</mark>မူ, ဝိတိက္ကမိတဗ္ဗ, ဝတ္ထုက၌, စွဲရလေတုံ၊ အာရုံ မညီ
> အလီလီကြောင့်, ဝိရတီ တေး, ပမည် ဒွေးတို့, လုံးထွေးဆိုင်
> လျက်, တပြိုင်နက် ဆက်ဆက် မယှဉ်ကြ။

### နိဿယနှင့်အဓိပ္ပါယ်

၉ ၆

<mark>ဒုတိယဂ္ဂယေ</mark>-ဒုတိယအရံ၌၊ ဉာဏဝဇ္ဇိတာ - ဉာဏ်သည် ကြဉ်အပ်ကုန်သော၊ ဉာဏဝိပ္ပယုတ် စိတ်များမို့ ဉာဏ်ကို ကြဉ်သည် တထာ-ထို ၃၇ ပါးသော <mark>သဘောတရား</mark>တို့သည်၊ သင်္ဂဟံ-သင်္ဂြိုဟ်သို့၊ ဂစ္ဆန္တိ-ရောက်ကုန်၏။

<mark>တတိယဂ္ဂယေ</mark>-တတိယအရံ၌၊ ဉာဏသမ္ပယုတ္တာ-ဉာဏ်နှင့် ယှဉ်ကုန်သော၊ <mark>ပီတိဝဇ္ဇိတာ</mark> - ပီတိသည် ကြဉ်အပ်ကုန်သော၊ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ်စိတ်များ ဖြစ်၍ ပီတိကြဉ် – ဉာဏ်ယှဉ်သည် တထာ - ထို ၃၇ ပါးသော <mark>သဘောတရား</mark>တို့သည်၊ သင်္ဂဟံ-သင်္ဂြိုဟ်သို့၊ ဂစ္ဆန္တိ-ရောက်ကုန်၏။

<mark>စတုတ္ထဂ္ဂယေ</mark>-စတုတ္ထအရံ၌၊ <mark>ဉာဏပီတိဝဇ္ဇိတာ</mark> - ဉာဏ် ပီတိသည် ကြဉ်အပ်ကုန်သော၊ တေဧဝ – ထို အညသမာန်း သောဘန စေတသိက်တို့ကိုပင်၊ <mark>သင်္ဂယှန္တိ</mark> - ပေါင်းယူအပ်ကုန်၏။

၂။ <mark>ကြိယစိတ္တေသု</mark>-ကြိယာ စိတ်တို့၌လည်း၊ <mark>ဝိရတိဝဇ္ဇိတာ</mark> – ဝိရတိသည် ကြဉ်အပ်ကုန်သော၊ တေဧဝ – ထို အညသမာန်း သောဘနစေတသိက် တို့ကိုပင်၊ <mark>စတူသုပိ</mark>-လေးပါးလည်းဖြစ်ကုန်သော၊ ဒုကေသု-အရံတို့၌၊ <mark>စတုဓာဝ</mark>-လေးပါးအပြားအားဖြင့်သာလျှင်၊ <mark>သင်္ဂယှန္တိ</mark>-ပေါင်းယူအပ်ကုန်၏။

၃။ တထာ-ထို ကြိယာစိတ်အတူ၊ <mark>ဝိပါကေသုပိ</mark> - ဝိပါက်စိတ်တို့၌လည်း၊ <mark>အပ္ပမညာဝိရတိဝဇ္ဇိတာ</mark> – အပ္ပမညာ <mark>ဝိရတိ</mark>သည် ကြဉ်အပ်ကုန်သော၊ တေဧဝ-ထို အညသမာန်းသောဘန စေတသိက်တို့ကိုပင်၊ <mark>သင်္ဂယှန္တိ</mark>-ပေါင်းယူအပ်ကုန်၏၊ ဣတိ-သို့၊ သဗ္ဗထာပိ-လည်း၊ <mark>စတုဝီသတိယာ</mark> ကာမာဝစရ သောဘနစိတ္တေသု- ၂၄ ပါးသော ကာမ သောဘန စိတ်တို့၌၊ ဒုကဝသေန – အရံ၏ အပြားအားဖြင့်၊ ဒွါဒသဓာဝ-၁၂ ပါး အပြားအားဖြင့်သာလျှင်၊ သင်္ဂဟော – ပေါင်းယူခြင်းသည်၊ ဟောတိ - ဖြစ်၏၊ ဣတိ-ဤသို့ ရအပ်ကုန်၏။

ဤ စကားအရ မဟာကုသိုလ် ပဌမအစုံ၌ <mark>အများဆုံး ၃၈</mark> ပါးသာ တပြိုင်နက် အတူယှဉ်နိုင်ကြ၏၊ ထို ၃၈ ပါးတွင်လည်း အပ္ပမညာနှင့် <mark>ဝိရတိ</mark>တို့မှာ အနိယတယောဂီ စေတသိက်များဖြစ်၍ တရံတခါသာ ယှဉ်ရသောကြောင့် အမြဲအားဖြင့် စေတသိက် ၃၃ ပါး ယှဉ်သည် ဟု မှတ်၊ ဒုတိယအစုံစသည်၌လည်း သင်္ဂြိုဟ်ပါဠိကြည့်၍ စေတသိက်ယှဉ်ကို သိလေ၊ <mark>မဟာကုသိုလ် ၈</mark> ကို အစုံဖွဲ့လျှင် ၄ စုံ ရှိရကား တစုံလျှင် သင်္ဂဟ တနည်းစီ ဖြစ်သောကြောင့် သင်္ဂဟနည်း ၄ နည်း ရှိသည်။

---

## Trang 54

### သင်္ဂဟနည်း (ဆက်)

သမာန်း သောဘနစေတသိက် တို့ကိုပင်၊ <mark>စတူသုပိ</mark>-လေးပါးလည်းဖြစ်ကုန်သော၊ ဒုကေသု-အရံတို့၌၊ <mark>စတုဓာဝ</mark>-လေးပါးအပြားအားဖြင့်သာလျှင်၊ <mark>သင်္ဂယှန္တိ</mark>-ပေါင်းယူအပ်ကုန်၏။

၂။ <mark>မဟာကြိယာ</mark>စိတ်၌ သင်္ဂဟနည်း ။[ ဝိပါက်ထက် စေတသိက်အယှဉ်များသောကြောင့် <mark>မဟာကြိယာ</mark>ကို ရှေ့ထားသည်။ ]

<mark>ကြိယစိတ္တေသု</mark>ပိ၊ ပေ ၊ စတုဓာဝ <mark>သင်္ဂယှန္တိ</mark> - မဟာကြိယာစိတ်၌လည်း ကုသိုလ်အတိုင်းတွင် ဝိရတိကို <mark>ကြဉ်ရုံ</mark>သာ ထူးသည်၊ မဟာကုသိုလ် ပဌမအစုံ၌ <mark>စေတသိက် ၃၈</mark> ရှိရာ ဤ<mark>မဟာကြိယာ</mark> ပဌမအစုံ၌ <mark>ဝိရတိ</mark> ကြဉ်၍ ၃၅ ဖြစ်၏၊ ဒုတိယအစုံ စသည်များ၌လည်း ဤနည်းပင်တည်း။

<mark>ဝိရတိဝဇ္ဇိတာ</mark>=လောကီ <mark>ဝိရတိ</mark>မှန်လျှင် ဧကန် ကုသိုလ်သဘောရှိသောကြောင့် အဗျာကတ ဇာတ်ဖြစ်သော ကြိယာ ( ဝိပါက်) တို့၌ မယှဉ်ထိုက်။

> <mark>[ဆောင်]</mark> ဝိရတီနံ, လောကီမှန်လျှင်, ဧကန် ကုသလ, သဘာဝကြောင့်,
> ဗျာကတဇာတ်, အရပ်ရပ်, မှတ်လေ မယှဉ်နိုင်။

၃။ <mark>မဟာဝိပါက်</mark>စိတ်၌ သင်္ဂဟနည်း။ <mark>မဟာဝိပါက်</mark>စိတ် ပဌမအစုံ၌လည်း အညသမာန်း ၁၃, အပ္ပမညာ <mark>ဝိရတိ</mark>ကြဉ်၍ သောဘန ၂၀, ပေါင်း ၃၃ ပါး ယှဉ်၏, စသည်ဖြင့် သိလေ။

### နိဿယနှင့်အဓိပ္ပါယ်

အပ္ပမညာ <mark>ဝိရတိဝဇ္ဇိတာ</mark> ---(ကာမဝိပါက် မှန်လျှင် ပရိတ္တခေါ်သော ကာမတရားကို ဧကန် အာရုံပြုသောကြောင့် <mark>သတွာပညတ်</mark>ကို အာရုံပြုသော အပ္ပမညာတို့ မယှဉ်ထိုက်၊ <mark>ဝိရတိ</mark>မယှဉ်ကြောင်းကား ကြိယာစိတ် အတိုင်းပင်တည်း။)

> <mark>[ဆောင်]</mark> ဝိပါကာနံ, ကာမ မှန်လျှင်, ဧကန်ပရိတ္တ, <mark>အာလမ္ဗဏ</mark>ကြောင့်,
> သတ္တပညတ်, အာရုံကပ်သည့်, အပ္ပမညာ, ထိုနှစ်ဖြာ, မှန်စွာ
> မယှဉ်ထိုက်။

ဣတိသဗ္ဗထာပိ၊ ပေ ၊ ဒွါဒသဓာဝသင်္ဂဟော-'ဤသို့ ကာမသောဘန စိတ် ၂၄ ကို အစုံဖွဲ့လျှင် ကုသိုလ် အတွက် ၄, ကြိယာအတွက် ၄, ဝိပါက်အတွက် ၄, အားဖြင့် ၁၂ စုံ ထွက်ရကား, တစုံလျှင် သင်္ဂဟတနည်းကျစီအားဖြင့် သင်္ဂဟနည်း ၁၂ ပါးရှိသည်။

---

## Trang 55

၄။ သင်္ဂဟဂါထာ

| | ကုသိုလ် | ကြိယာ | ဝိပါက် |
|---|---|---|---|
| (က) | အဋ္ဌတ္တိံသ ၃၈ | <mark>ပဉ္စတ္တိံသ</mark> ၃၅ | <mark>တေတ္တိံသ</mark> ၃၃ |
| (က) | သတ္တတ္တိံသ ၃၇ | စတုတ္တိံသ ၃၄ | <mark>ဗာတ္တိံသ</mark> ၃၂ |
| (ခ) | သတ္တတ္တိံသ ၃၇ | စတုတ္တိံသ ၃၄ | <mark>ဗာတ္တိံသ</mark> ၃၂ |
| | ဆတ္တိံသ ၃၆ | <mark>တေတ္တိံသ</mark> ၃၃ | ဧကတ္တိံသ <mark>၃၁</mark> |

### လေ့ကျင့်ခန်း မေးခွန်းများ

**က။** မဟာကုသိုလ်စိတ်၌ စေတသိက် မည်မျှယှဉ်သနည်း။

**ခ။** အပ္ပမညာနှင့် <mark>ဝိရတိ</mark>တို့ ဘာ့ကြောင့် အသီးသီး ယှဉ်ကြသနည်း။

**ဂ။** မဟာကုသိုလ်စိတ်တို့၌ တပြိုင်နက် အများဆုံး မည်မျှယှဉ်သနည်း, အမြဲတန်း မည်မျှယှဉ်သနည်း, သရုပ် ရေတွက်ပါ။

**ဃ။** ဤ မဟာကုသိုလ်နှင့်ဆိုင်ရာ သင်္ဂဟဂါထာပါဌ်ကို ပြပါ။

**င။** ဤ မဟာကုသိုလ်စိတ်၌ သင်္ဂဟနည်း မည်မျှ ရှိသနည်း။

**စ။** အဋ္ဌတ္တိံသကား အဘယ်စိတ်၌ သင်္ဂဟနည်းလဲ, အဋ္ဌတ္တိံသနှင့် ဆိုင်ရာ <mark>စုတ္တိယ</mark>အကျယ်ကိုချွတ်၍ သရုပ်ရေတွက်ပါ။

**ဆ။** (က) သတ္တတ္တိံသကား အဘယ်စိတ်၌ သင်္ဂဟနည်းလဲ, ဆိုင်ရာ ပါဠိအကျယ်ကိုရွတ်၍ သရုပ်ရေတွက်ပါ။

**ဇ။** (ခ) သတ္တတ္တိံသကား အဘယ်စိတ်၌ သင်္ဂဟနည်းလဲ, ဆိုင်ရာ ပါဠိအကျယ်ကိုရွတ်၍ သရုပ်ရေတွက်ပါ။

**ဈ။** ဆတ္တိံသကား အဘယ်စိတ်၌ သင်္ဂဟနည်းလဲ, ဆိုင်ရာ ပါဠိ အကျယ်ရွတ်၍ သရုပ်ရေတွက်ပါ။

**ည။** <mark>မဟာကြိယာ</mark>စိတ်၌ စေတသိက်မည်မျှယှဉ်သနည်း, သရုပ်ရေတွက်ပြပါ။

**ဋ။** <mark>ဝိရတိ</mark>ကို အဘယ့်ကြောင့် ကြဉ်ရသနည်း, <mark>လင်္ကာ</mark>ထောက်ပါ။

**ဌ။** တပြိုင်နက် အစွမ်းကုန် မည်မျှယှဉ်နိုင်သနည်း, [ အပ္ပမညာကို တပါးစီယှဉ်သည်ကို သတိပြု။ ]

**ဍ။** အမြဲတန်း မည်မျှယှဉ်သနည်း, သရုပ်ရေတွက်ပါ။

**ဎ။** ဤ <mark>မဟာကြိယာ</mark>နှင့် ဆိုင်ရာ သင်္ဂဟဂါထာပါဌ်ကိုပြပါ။

**ဏ။** <mark>မဟာဝိပါက်</mark>စိတ်၌ ယှဉ်သမျှစေတသိက်တို့ကို သရုပ်ရေတွက်ပါ။

**တ။** အပ္ပမညာကို အဘယ့်ကြောင့် ကြဉ်ရသနည်း, <mark>လင်္ကာ</mark>ထောက်ပါ။

**ထ။** <mark>ဝိရတိ</mark>ကို အဘယ့်ကြောင့် ကြဉ်ရသနည်း, <mark>လင်္ကာ</mark>ထောက်ပါ။

**ဒ။** ဤ မဟာကုသိုလ် ဝိပါက် ကြိယာစိတ် တို့၌ အမြဲတန်း ယှဉ်နိုင်သော စေတသိက်ချင်း ထူးခြားသလော, ရေတွက်ပါ။

**ဓ။** <mark>မဟာဝိပါက်</mark>နှင့်ဆိုင်ရာ သင်္ဂဟဂါထာပါဌ်ကို ပြပါ။

### နိဿယနှင့်အဓိပ္ပါယ်

၁၀၁

သင်္ဂဟ ၄။ သဟေတုကာမာဝစရ ပုညပါက ကြိယာမနေ - ကာမာဝစရကုသိုလ်, သဟိတ်ကာမာဝစရဝိပါက်, သဟိတ်ကာမာဝစရ ကြိယာစိတ်တွင်၊ ( ဧကဝုစ်နိဒ္ဓါရဏ၊ ) သုဘေ-ကာမာဝစရကုသိုလ်စိတ်၌၊ အဋ္ဌတ္တိံသ - အဋ္ဌတ္တိံသ သင်္ဂဟ သည်၎င်း၊ သတ္တတ္တိံသမ္ပယံ – သတ္တတ္တိံသ သင်္ဂဟ နှစ်ပါးအပေါင်းသည်၎င်း၊ ဆတ္တိံသကံ – ဆတ္တိံသ သင်္ဂဟ သည်၎င်း၊ ဘဝေ-ဖြစ်၏။ ကြိယေ-သဟိတ်ကာမာဝစရ ကြိယာစိတ်၌၊ <mark>ပဉ္စတ္တိံသ</mark> - <mark>ပဉ္စတ္တိံသ</mark> သင်္ဂဟသည်၎င်း၊ စတုတ္တိံသယံ-စတုတ္တိံသ သင်္ဂဟနှစ်ပါးအပေါင်းသည်၎င်း၊ <mark>တေတ္တိံသ</mark>ကံ-<mark>တေတ္တိံသ</mark> သင်္ဂဟသည်၎င်း၊ ဘဝေ-ဖြစ်၏၊ ပါကေ-သဟိတ်ကာမာဝစရဝိပါက်စိတ်၌၊ <mark>တေတ္တိံသ</mark> - <mark>တေတ္တိံသ</mark> သင်္ဂဟသည်၎င်း၊ <mark>ဗာတ္တိံသယံ</mark> – ဗာတ္တိံသ သင်္ဂဟ နှစ်ပါး အပေါင်းသည်၎င်း၊ <mark>ဧကတ္တိံသကံ</mark> – ဧကတ္တိံသ သင်္ဂဟသည်၎င်း၊ (ဒွယေက-ကို ဒွယံဧက ဟု ပုဒ်ဖြတ်၊) ဘဝေ-ဖြစ်၏။
