## Trang 56

ထိုထိုစိတ်၌ မယှဉ်နိုင်သော ဧတ္ထ - ဤ သောဘနစိတ် တို့တွင်၊
စေ တ သိ က် စု ကြိယေသုခ – မဟာကြိယာစိတ်
တို့၌၎င်း၊ မဟဂ္ဂတေစ-မဟဂ္ဂုတ်စိတ်၌၎င်း၊ ဝိရတီ – ဝိရတိ
တို့သည်၊ နဝိဇ္ဇန္တိ – မရှိကုန်၊ အနုတ္တရေ-လောကုတ္တရာစိတ်၌၊
<mark>အပ္ပမညာ</mark>-အပ္ပမညာတို့<mark>သည်။ နဝိဇ္ဇန္တိ</mark>-မရှိကုန်၊ ကာမပါကေ-
မဟာဝိပါက်စိတ်၌၊ ဒွယံ – ဝိရတိ <mark>အပ္ပမညာ</mark> နှစ်မျိုးလုံးသည်၊
တထာ-ထို အတူ၊ ဝိဇ္ဇတိ-မရှိ။

စိတ်ချင်းကွဲအောင်ပြုသော အနုတ္တရေ - လောကုတ္တရာ စိတ်၌၊
စေတသိက် စု <mark>ဈာနဓမ္မာ</mark> – ဈာန်တရား တို့သည်၊
<mark>ဝိသေသကာ</mark>-စိတ်ချင်းကွဲပြား, ထူးခြားအောင် ပြုတတ်ကုန်၏။
မဇ္ဈိမေ-မဟဂ္ဂုတ်စိတ်၌၊ <mark>အပ္ပမညာ</mark>-<mark>အပ္ပမညာ</mark>တို့သည်၎င်း၊
<mark>ဈာနဓမ္မာ</mark> – ဈာန်တရားတို့သည်၎င်း၊ <mark>ဝိသေသကာ</mark> - ကုန်၏။

ထိုထိုစိတ်၌ မယှဉ်နိုင်သော <mark>စေတ</mark>သိက်စု။ ။ "နဝိဇ္ဇန္တေတ္ထ
စသောဂါထာသည် သောဘန<mark>စေတ</mark>သိက် ၂၅ တွင် ထိုထို သောဘနစိတ်၌
မယှဉ်နိုင်သော <mark>စေတ</mark>သိက်တို့ကို အကျဉ်းချုပ် ရေတွက် ပြသော သင်္ဂဟ
ဂါထာတည်း၊ မယှဉ်နိုင်ပုံကို ထိုထိုစိတ်၌ ဆိုခဲ့ပြီးဖြစ်ရကား, ထို ဆိုခဲ့တိုင်း
သော စုံဏ္ဏိယနှင့်ပြန်၍ ဆက်စပ်ကြည့်လေ၊ ဥပမာ —— "<mark>နဝိဇ္ဇန္တေတ္ထ ဝိရတီ</mark>,
ကြိယေသု စ မဟဂ္ဂတေ"ဟူသော စကားနှင့်"<mark>ကြိယစိတ္တေသုပိ ဝိရတိဇ္ဇိတာ</mark>"
ဟူသော ကာမသောဘန သင်္ဂဟနည်းစကား "မဟဂ္ဂတေသု ပန တီသု ၊ပေ၊
ဝိရတိတ္တယဝဇ္ဇိတာ ဒွါ<mark>ဝီသတိ</mark> သောဘန<mark>စေတ</mark>သိကာ" ဟူသော မဟဂ္ဂုတ်
သင်္ဂဟနည်းစကားတို့ကို ဆက်စပ်ကြည့်လေ'ဟူလို။

ပရိတ္တေသု – ကာမသောဘနစိတ်တို့၌၊ ဝိရတီညာဏပီတိစ-
ဝိရတိ ဉာဏ် ပီတိတို့သည်၎င်း၊ <mark>အပ္ပမညာ</mark>စ - <mark>အပ္ပမညာ</mark>တို့
သည်၎င်း၊ <mark>ဝိသေသကာ</mark>-ကုန်၏။

စိတ်ချင်းကွဲပြားအောင်ပြုသော <mark>စေတ</mark>သိက်စု။ ။ဤ "အနုတ္တရေ
<mark>ဈာနဓမ္မာ</mark>" စသော ဂါထာလည်း စိတ်တမျိုးနှင့် တမျိုးကို ကွဲပြားအောင်
ပြုတတ်သော <mark>စေတ</mark>သိက်များကို အကျဉ်းချုပ်ပြသော သင်္ဂဟဂါထာ တမျိုး
ပင်တည်း။

အနုတ္တရေ <mark>ဈာနဓမ္မာ</mark> ဝိသေသကာ — ဈာန်တရား ဟူသည် ဝိတက်
ဝိစာရ စသည် တို့တည်း၊ လောကုတ္တရာစိတ်တွင် ဝိတက်သည် ပဌမဈာန်
စိတ်၌သာ ယှဉ်၍ ဒုတိယဈာန်စိတ် စသည်၌ မယှဉ်၊ ဤ ဝိတက်၏ ယှဉ်မှ
မယှဉ်မှုကြောင့် ပဌမဈာန်စိတ်သည် ဒုတိယဈာန်စိတ် စသည့်တို့မှ ထူးခြား
ကွဲလွဲရလေ၏၊ ဤသို့လျှင်ပဌမဈာန်စိတ် စသည်တို့၏ ကွဲပြားမှုကို ဝိတက်ဈာန်
တရားက ပြုသည်။ [ဝေဒနာဥာဏသင်္ခါရဘေဒေန – ဂါထာ၌ ဥာဏ် တခု
ထည်းက စိတ်ချင်း ကွဲပြားအောင် ပြုပုံနှင့် အတူတူပင်တည်း၊ အကျယ်ကို
ဘာသာ ဋီကာ၌ရှူ။]

> [ဆောင်] ယှဉ်ရာ စိတ်စု, သီးသန့်ပြုလျက်, ယှဉ်မှု တခြား, ကြွင်းစိတ်များ
နှင့်, ကွဲပြားစေမှ, ထူးအောင်ပြု, မှတ်ရှု ဝိသေသကတည်း။

မဇ္ဈိမေ။ (အညံ့စား ကာမစိတ်, အမြတ်ဆုံး လောကုတ္တရာစိတ်တို့၏
အလယ်ဖြစ်သောကြောင့် မဟဂ္ဂုတ်ကို"မဇ္ဈိမ" ဟုခေါ်သည်။)

### လေ့ကျင့်ခဏ်း မေးခွန်းများ

က။ နဝိဇ္ဇန္တေတ္ထ စသော ဂါထာကို ဘာ ဂါထာ ဟု ခေါ်သနည်း, ထို
ဂါထာကို အနက်ပေးပါ။

---

## Trang 57

ခ။ မဟာကြိယာစိတ်တို့၌ ဝိရတိ မရှိဟူသော စကားအရ အကျယ် ပါဠိကို
ပြပါ။

ဂ။ မဟဂ္ဂုတ်စိတ်၌ ဝိရတိ မရှိဟူသော စကားအရ အကျယ် ပါဠိကို ပြပါ။

ဃ။ လောကုတ္တရာစိတ်၌ <mark>အပ္ပမညာ</mark> မရှိ ဟူသော စကားအရ အကျယ်
ပါဠိကို ပြပါ။

<mark>စ။</mark> မဟာဝိပါက်စိတ်၌ ဝိရတိ<mark>အပ္ပမညာ</mark> ၂ မျိုးလုံး မရှိဟူသော စကားအရ
အကျယ် ပါဠိကို ပြပါ။

ဆ။ အနုတ္တရေ<mark>ဈာနဓမ္မာ</mark> စသော ဂါထာကို ဘာ ဂါထာ ခေါ်သနည်း။

ဇ။ လောကုတ္တရာစိတ်၌ အဘယ် တရားသည် စိတ်ချင်း ကွဲပြားအောင် ပြု
သနည်း။

ဈ။ ကွဲပြားအောင် ပြုပုံကို လင်္ကာထောက်၍ ထင်ရှားပြပါ။

ည။ မဟဂ္ဂုတ် စိတ်၌ အဘယ်တရားသည် စိတ်ချင်းကွဲပြားအောင်ပြုသနည်း။

ဋ။ ကာမသောဘနစိတ်၌ အဘယ်တရားများသည် စိတ်ချင်းကွဲပြားအောင်
ပြသနည်း။

၁။ ပန-ကား၊ အကုသလေသု -
အကုသိုလ်စိတ်၌ သင်္ဂဟနည်း အကုသိုလ်စိတ် တို့တွင်၊ တ၁ဝ -
ဒေါသမူစိတ် စသည်တို့မှ ရှေးဦးစွာ၊ (နိဋ္ဌေသု-ကုန်သော်၌)၊
လောဘမူလေသု = လောဘမူစိတ်တို့တွင်၊ ပဌမ-ပဌမ ဖြစ်
သော၊ အသင်္ခါရိကေ - <mark>အသင်္ခါရိကစိတ်</mark>၌၊ အညသမာနာ-
ကုန်သော၊ တေရသ-<mark>တစ်ဆယ့်သုံး</mark>သော၊ <mark>စေတ</mark>သိကာ – တို့၎င်း၊ အကု
သလသာ<mark>ဓာ</mark>ရဏာ - သဗ္ဗာကုသလသာ<mark>ဓာ</mark>ရဏ မည်ကုန်
သော၊ စတ္တာရောစ-လေးပါးသော <mark>စေတ</mark>သိက်တို့၎င်း၊ ဣတိ-
ဤသို့၊ သတ္တရသ – <mark>တစ်ဆယ့်ခုနစ်</mark>ပါးသော <mark>စေတ</mark>သိက်တို့သည်၊
လောဘဒိဋ္ဌိဟိ - လောဘဒိဋ္ဌိတို့နှင့်၊ သဒ္ဓိံ-တကွ၊ <mark>ဧကူနဝီသ</mark>
တိ-တခုယုတ် နှစ်ဆယ်သော၊ ဓမ္မာ-သဘောတရားတို့သည်၊
(ဟုတွာ-ဖြစ်၍၊) သင်္ဂဟံ-ပေါင်းယူအပ်ကုန်သည်၏ အဖြစ်သို့၊
ဂစ္ဆန္တိ-ကုန်၏။

အကုသိုလ်စိတ် သင်္ဂဟနည်း။ ။လောဘမူစိတ်၌ အသင်္ခါရိက ၄
ဒေါသမူစိတ်၌ အသင်္ခါရိက ၁, ၍ <mark>အသင်္ခါရိကစိတ်</mark> ၅ ပါး၌ သင်္ဂဟနည်းကို
ရှေးဦးစွာ အစဉ်အတိုင်း ပြပြီးမှ, သသင်္ခါရိကစိတ် ၅ ပါး၏ သင်္ဂဟနည်းကို
နောက်၌ စဉ်၍ ပြထား၏၊ <mark>ထို့နောက်</mark> အသင်္ခါရိက သသင်္ခါရိကမှ အလွတ်
ဖြစ်သော မောဟမူဒွေးကိုပြသည်၊ မောဟမူတွင်လည်း <mark>ဝိစိကိစ္ဆာ</mark>သဟဂုတ်
စိတ်ကို <mark>စေတ</mark>သိက် ယှဉ်ပုံ ထူးသောကြောင့် ဥဒ္ဓစ္စသဟဂုတ်စိတ် သင်္ဂဟ၏
နောက်မှ ပြထားသည်။

၁။ ပဌမေ အသင်္ခါရိက – (သင်္ဂြိုဟ်ပါဠိကို သတိပြု) အညသမာန်း
၁၃, သဗ္ဗာကုသလသာ<mark>ဓာ</mark>ရဏ ၄, လောဘ ဒိဋ္ဌိ ၂, ပေါင်း ၁၉ ပါးသော

---

## Trang 58

<mark>စေတ</mark>သိက်တို့သည် သောမနဿသဟဂုတ် ဒိဋ္ဌိဂတ သမ္ပယုတ် အသင်္ခါရိက
စိတ်၌ ယှဉ်ကုန်၏၊ [ ဒိဋ္ဌိဂတ သမ္ပယုတ်ဖြစ်၍ ဒိဋ္ဌိယှဉ်သည်၊ "ဒိဋ္ဌိ စတူသု
ဒိဋ္ဌိဂတ သမ္ပယုတ္တေသု" ကို သတိပြု။ ]

၂။ ဒုတိယေ အသင်္ခါရိက - ဒုတိယ <mark>အသင်္ခါရိကစိတ်</mark>၌၊
လောဘမာနေန-<mark>လောဘမာန</mark>နှင့်၊ (<mark>သဒ္ဓိံ</mark>-တကွ၊) တထေဝ-
ထိုအညသမာန်း, <mark>အကုသလသာဓာရဏ</mark>စေတသိက်တို့သည်
ပင်၊ သင်္ဂဟံ-သို့၊ ဂစ္ဆန္တိ-ကုန်၏။

၂။ တထေဝဒုတိယေ-အညသမာန်း ၁၃, <mark>အကုသလသာဓာရဏ</mark> ၄,
လောဘ မာန ၂, ပေါင်း ၁၉ ပါးသော <mark>စေတ</mark>သိက်တို့သည် သောမနဿ
သဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် <mark>အသင်္ခါရိကစိတ်</mark>၌ ယှဉ်ကုန်၏၊ [ ဒိဋ္ဌိဂတ
ဝိပ္ပယုတ်ဖြစ်၍ ဒိဋ္ဌိကြဉ် မာနယှဉ်သည်၊ "မာနော စတူသုဒိဋ္ဌိဂတဝိပ္ပယုတ္တေ
သု" ဟူသော သမ္ပယောဂနည်းကို သတိပြု၊ ]

<mark>၃။</mark> တတိယေ-တတိယ<mark>အသင်္ခါရိကစိတ်</mark>၌၊ ပီတိဝဇ္ဇိတာ-
ပီတိသည် ကြဉ်အပ်ကုန်သော၊ လောဘဒိဋ္ဌိဟိ-တို့နှင့်၊ သဟ-
တကွ၊ အဋ္ဌာရသ - <mark>တစ်ဆယ့်ရှစ်</mark>ပါးကုန်သော၊ တထေဝ - ထို
အညသမာန်း, <mark>အကုသလသာဓာရဏ</mark> စေတသိက်တို့သည်
ပင်၊ သင်္ဂဟံ-သို့၊ ဂစ္ဆန္တိ-ကုန်၏။

<mark>၃။</mark> တတိယေ တထေဝ ပီတိကြာ အညသမာန်း ၁၂, သဗ္ဗာကုသလ
သာဓာရဏ ၄, လောဘဒိဋ္ဌိ ၂, ပေါင်း ၁၈ ပါးသော <mark>စေတ</mark>သိက်တို့သည်
ဥပေက္ခာသဟဂုတ်ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက စိတ်၌ယှဉ်ကုန်၏၊ [ ပီတိ
ဒေါမနဿုပေက္ခာသဟဂတ− စသော သမ္ပယောဂနည်းကို ကြည့်၍ ပီတိ
ကြဉ်ရကြောင်းကို သိလေ။]

၄။ စတုတ္ထေ-စတုတ္ထ <mark>အသင်္ခါရိကစိတ်</mark>၌၊ လောဘမာနေ
န – <mark>လောဘမာန</mark>နှင့်၊ (သဟ-တကွ၊) တထေဝ – ထို အည
သမာန်း, <mark>အကုသလသာဓာရဏ</mark> စေတသိက်တို့ သည်ပင်၊
သင်္ဂဟံ-သို့၊ ဂစ္ဆန္တိ-ကုန်၏။

၄။ စတုတ္ထတထေဝ—ပီတိကြာ အညသမာန်း ၁၂, သဗ္ဗာကုသလ
သာဓာရဏ ၄, လောဘ မာန ၂, ပေါင်း ၁၈ ပါးသော <mark>စေတ</mark>သိက်များ
ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် <mark>အသင်္ခါရိကစိတ်</mark>၌ ယှဉ်ကြ၏။

၅။ ပန-အတို့တပါးကား၊ ပဉ္စမေ-ပဉ္စမဖြစ်သော၊ ပဋိဃ
သမ္ပယုတ္တေ-ပဋိဃသမ္ပယုတ် ဖြစ်သော၊ အသင်္ခါရိကေ-<mark>အသင်္ခါရိကစိတ်</mark>၌၊ ဒေါသော-ဒေါသ၎င်း၊ ဣဿာ-၎င်း၊ မစ္ဆရိယံ-
၎င်း၊ ကုက္ကုစ္စံ-၎င်း၊ ဣတိ - ဤသို့၊ စတူဟိ – လေးပါးသော
<mark>စေတ</mark>သိက်တို့နှင့်၊ သဒ္ဓိံ – တကွ၊ <mark>ပီတိဝဇ္ဇိတာ</mark> - ပီတိသည်
ကြဉ်အပ်ကုန်သော၊ <mark>ဝီသတိ</mark>− ၂၀သော၊ တေဝဓမ္မာ-ထိုအည
သမာန်း, <mark>အကုသလသာဓာရဏ</mark> တရားတို့ကိုပင်၊ သင်္ဂယှ န္တိ--
ပေါင်းယူအပ်ကုန်၏၊ (ပန-အမှာစကားချပ် ညှပ်လိုက်ချုးအံ့၊)
ဧတ္ထ – ဤ ၂၀ သော <mark>စေတ</mark>သိက်တို့တွင်၊ ဣဿာ မစ္ဆရိယ
ကုက္ကုစ္စာနိ – ဣဿာ မစ္ဆရိယ ကုက္ကုစ္စတို့ကို၊ ပစ္စေကမေဝ-
တသီးတခြား, တပါးစီသာလျှင်၊ ယောဇေတဗ္ဗာနိ – ယှဉ်စေ
အပ်ကုန်၏။

၅။ ပဉ္စမေ ပဋိဃသမ္ပယုတ္တေ ဒေါသ ဣဿာ မစ္ဆရိယ ကုက္ကုစ္စ ၄,
ပီတိကြာ အညသမာန်း ၁၂, သဗ္ဗာကုသလသာဓာရဏ ၄, ပေါင်း ၂၀သော
<mark>စေတ</mark>သိက်တို့သည် ဒေါမနဿ သဟဂုတ် ပဋိဃသမ္ပယုတ် <mark>အသင်္ခါရိကစိတ်</mark>၌
ယှဉ်ကုန်၏။

ဣဿာ မစ္ဆရိယ ကုက္ကုစ္စ၊ပေ၊ပစ္စေကံ-'ဤသို့ ၂၀ ယှဉ်သော်လည်း
ဣဿာသည် <mark>သူတစ်ပါး</mark>စည်းစိမ်ကို အာရုံပြု၏, မစ္ဆရိယသည် မိမိစည်းစိမ်ကို
အာရုံ ပြု၏, ကုက္ကုစ္စသည် ပြုပြီး ဒုစရိုက် နှင့် မပြုခဲ့မိသော သုစရိုက်ကို

---

## Trang 59

အာရုံပြု၏, ဤသို့ အာရုံကွဲပြားသောကြောင့် ထို ၃ ပါးတို့ တပြိုင်နက် မယှဉ်
နိုင်ရကား ဤ ဒေါသမူ <mark>အသင်္ခါရိကစိတ်</mark>၌ အလွန်ဆုံးအားဖြင့် <mark>၁၈</mark> ပါးသာ
တပြိုင်နက် ယှဉ်သည်၊ ဣဿာ မစ္ဆရိယ ကုက္ကုစ္စတို့က အနိယတယောဂီ
<mark>စေတ</mark>သိက်များဖြစ်၍ တရံတခါသာ ယှဉ်သောကြောင့် အမြဲတန်းအားဖြင့်
၁၇ ပါးသာ ယှဉ်သည်။

> [ဆောင်] သူများ စည်းစိမ်, ကိုယ့် စည်းစိမ်တည်း, ပြုပြီး ဒုစရိုက်, မပြု
လိုက်မိ, သုစရိဟု, အာရုံပြုရာ, ကွဲသည့်တာကြောင့်, ဣဿာ
မစ္ဆရ, ကုက္ကုစ္စတို့, တက္ဗဆိုင်လျက်, တပြိုင်နက်, ဆက်ဆက်
မယှဉ်ကြ။

၆။ သသင်္ခါရိက ပဉ္စကေ - သသင်္ခါရိကစိတ် ငါးပါး
အပေါင်း၌လည်း၊ တထေဝ-ထိုအသင်္ခါရိက၌ ယှဉ်ထိုက်သော
<mark>စေတ</mark>သိက်တို့ကိုပင်၊ ထိနမိဒ္ဓေန-ထိနမိဒ္ဓဖြင့်၊ ဝိသေသေတွာ-
အထူးပြု၍၊ ယောဇေတဗ္ဗာ-ယှဉ်စေအပ်ကုန်၏။

၆။ သသင်္ခါရိကပဉ္စကေ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ်
သသင်္ခါရိကစိတ် စသော သသင်္ခါရိကစိတ် ၅ ပါး၌ <mark>စေတ</mark>သိက် ယှဉ်ပုံမှာ
အသင်္ခါရိက ၅ ပါး၌ ယှဉ်သော <mark>စေတ</mark>သိက်များတွင် ထိန မိဒ္ဓ ၂ ပါးကို
ထပ်၍ ထည့်ရုံသာ ထူးသည်၊ <mark>ထို့ကြောင့်</mark> "ပဌမ အသင်္ခါရိက၌ <mark>စေတ</mark>သိက်
၁၉ ပါး ယှဉ်ရာတွင် ထိန မိဒ္ဓကို ထပ်၍ ထည့်က ပဌမ သသင်္ခါရိက စိတ်၌
ယှဉ်သော <mark>စေတ</mark>သိက် ၂၁ ဖြစ်၏" ဟု သိလေ။

၇။ ပန-ကား၊ <mark>ဆန္ဒာဒိဝဇ္ဇိတာ</mark>-ဆန္ဒအာဒိသည် ကြဉ်အပ်
ကုန်သော၊ အညသမာနာ-အညသမာန်းမည်ကုန်သော၊ ဧက
ဒသ−၁၁ပါးတို့၎င်း၊ <mark>အကုသလသာဓာရဏ</mark>ာ-သဗ္ဗာကုသလ
သာဓာရဏ မည်ကုန်သော၊ စတ္တာရောစ - လေးပါးတို့၎င်း၊
ဣတိ-သို့၊ ပန္နရသ-၁၅ ပါးကုန်သော၊ ဓမ္မာ-သဘောတရားတို့
သည်၊ ဥဒ္ဓစ္စသဟဂတေ-ဥဒ္ဓစ္စသဟဂုတ်စိတ်၌၊ သမ္ပယုဇ္ဈန္တိ-
ယှဉ်ကုန်၏။

၇။ ပန္နရသဓမ္မာဥဒ္ဓစ္စသဟဂတေ ဆန္ဒ ကြဉ် အညသမာန်း၁၁,
သဗ္ဗာကုသလ သာဓာရဏ ၄, ပေါင်း ၁၅ ပါးသော <mark>စေတ</mark>သိက်များသည်
ဥဒ္ဓစ္စ သဟဂုတ်စိတ်၌ ယှဉ်ကြ၏။

၈။ <mark>ဝိစိကိစ္ဆာ</mark>သဟဂတစိတ္တေစ – <mark>ဝိစိကိစ္ဆာ</mark>သဟဂုတ်
စိတ်၌ကား၊ အဓိမောက္ခဝိရဟိတာ – အဓိမောက္ခမှ ကင်းကုန်
သော၊ <mark>ဝိစိကိစ္ဆာ</mark>သဟဂတာ – <mark>ဝိစိကိစ္ဆာ</mark>နှင့် တကွ ဖြစ်ကုန်
သော၊ ပန္နရသ−၁၅ ပါးကုန်သော၊ တထေဝဓမ္မာ – ထို အည
သမာန်း <mark>အကုသလသာဓာရဏ</mark> စေတသိက်တို့ကိုပင်၊ သမုပ္ပ
လာန္တိ-ကောင်းစွာ ရအပ်ကုန်၏၊ ဣတိ- ဤသို့၊ သဗ္ဗထာပိ-
လည်း၊ ဒွါဒသာကုသလ စိတ္တုပ္ပါဒေသု – ၁၂ ပါးသော အကု
သိုလ် စိတ်တို့၌၊ ပစ္စေကံ - အသီးအသီး၊ <mark>ယောဇိယမာနာ</mark>-

၈။ <mark>ဝိစိကိစ္ဆာ</mark>သဟဂတစိတ္တေစ – ဥဒ္ဓစ္စ သဟဂုတ် စိတ်၌ ယှဉ်သော
၁၅ ပါးတွင် အဓိမောက္ခ ကြဉ်၍ <mark>ဝိစိကိစ္ဆာ</mark>ကို သွင်းလျက် ၁၅ ပါးသော
<mark>စေတ</mark>သိက်များပင် <mark>ဝိစိကိစ္ဆာ</mark>သဟဂုတ်စိတ်၌ ယှဉ်ကြ၏။

---

## Trang 60

ယှဉ်စေအပ်ပါကုန်သော်လည်း၊ ဂဏနဝသေန-ဂဏန်းသင်္ချာ
တို့၏ အပြားအားဖြင့်၊ <mark>သတ္တဓာ</mark> - ခုနစ်ပါး အပြား အားဖြင့်
သာလျှင်၊ သင်္ဂဟိတာ - ပေါင်းယူအပ်ကုန်သည်၊ ဘဝန္တိ-ဖြစ်
ကုန်၏၊ ဣတိ-ဤသို့ရအပ်ကုန်၏။

ပစ္စေကံ<mark>ယောဇိယမာနာ</mark>ပိ'၍ ဆိုအပ်ပြီးသော နည်းအရ အကုသိုလ်
စိတ် ၁၂ ပါး၌ယှဉ်သော <mark>စေတ</mark>သိက်များကို အသီးအသီး တမျိုးစီ သင်္ဂဟ
ပြုလျက် ပေါင်းစုရေတွက်ရာ ၁၂ မျိုး ထွက်လာ၏၊ သင်္ဂဟနည်း ၁၂ မျိုးပင်
ရှိသင့်၏၊ သို့သော်…..

ဂဏန ဝသေန <mark>သတ္တဓာ</mark> – ဂဏန်းသင်္ချာ အနေအထား အမျိုးအစား
အားဖြင့် ဆိုလျှင် ၇ မျိုးသာရှိသည်၊ ( ၇ မျိုး ရှိပုံကို သင်္ဂဟ ဂါထာဖြင့်
ထင်ရှားစေလတံ့။ ) <mark>ထို့ကြောင့်</mark> "အကုသိုလ်စိတ်၌ သင်္ဂဟနည်း ၇ နည်း
သာ ရှိသည် ဟု မှတ်ယူကြလေ"ဟူလို။

| | ပဌမ | ဒုတိယ | တတိယ | စတုတ္ထ | ပဉ္စမ |
|---|---|---|---|---|---|
| အသင်္ခါရိက | ၁၉ | ၁၉ | <mark>၁၈</mark> | <mark>၁၈</mark> | ၂၀ |
| သသင်္ခါရိက | ၂၁ | ၂၁ | ၂၀ | ၂၀ | ၂၂ |

[ အကုသိုလ်စိတ် ၁၂ တွင် အသင်္ခါရိက ၅ သသင်္ခါရိက ၅ ဟု ဤ၌
တိုက်ရိုက် ပြထားသောကြောင့် "ရှင်အနုရုဒ္ဓါ ကိုယ်တော်တိုင်က မောဟမူ
ဒွေးကို အသင်္ခါရိက သသင်္ခါရိက ၂ ပါးလုံး မဆိုလိုကြောင်း" ထင်ရှားပြီ။]

### သင်္ဂဟ ၉။ အကုသလေ - အကုသိုလ် စိတ်၌၊ <mark>သင်္ဂဟာ</mark> -
သင်္ဂဟနည်းတို့သည်၊ <mark>ဧကူနဝီသ</mark>-<mark>ဧကူနဝီသ</mark> သင်္ဂဟ
၎င်း၊ အဋ္ဌာရသ - အဋ္ဌာရသ သင်္ဂဟ၎င်း၊ <mark>ဝီသ</mark> - <mark>ဝီသ</mark>
သင်္ဂဟ၎င်း၊ ဧက<mark>ဝီသ</mark>-ဧက<mark>ဝီသ</mark>သင်္ဂဟ၎င်း၊ <mark>ဝီသတိ</mark>-<mark>ဝီသတိ</mark>
သင်္ဂဟ၎င်း၊ ဒွါ<mark>ဝီသ</mark> – ဒွါ<mark>ဝီသ</mark> သင်္ဂဟ၎င်း၊ ပန္နရသ – ပန္နရသ
သင်္ဂဟ၎င်း၊ ဣတိ-သို့၊ <mark>သတ္တဓာ</mark> – ခုနစ်ပါး အပြားအားဖြင့်၊
ဌိတာ-တည်ကုန်၏။

### သင်္ဂဟ ဂါထာ

၁။ <mark>ဧကူနဝီသ</mark> ( ၁၉ ) ကား ပဌမ အသင်္ခါရိက ဒုတိယအသင်္ခါရိက စိတ်၌
သင်္ဂဟတည်း၊ ပါဠိအကျယ်နှင့် တိုက်ဆိုင်ကြည့်လေ။

၂။ အဋ္ဌာရသ <mark>( ၁၈ )</mark> ကား တတိယ အသင်္ခါရိက စတုတ္ထအသင်္ခါရိက၌
သင်္ဂဟတည်း။

၃။ <mark>ဝီသ</mark> (၂၀) ကား ပဉ္စမ <mark>အသင်္ခါရိကစိတ်</mark>၌ သင်္ဂဟတည်း။

၄။ ဧက<mark>ဝီသ</mark> (၂၁) ကား ပဌမ သသင်္ခါရိက ဒုတိယ သသင်္ခါရိက စိတ်၌
သင်္ဂဟတည်း။

၅။ <mark>ဝီသတိ</mark> (၂၀) ကား တတိယ သသင်္ခါရိက စတုတ္ထ သသင်္ခါရိက
သင်္ဂဟတည်း။
[ (၃ – ၅) သည် ဂဏန်းသင်္ချာချင်း တူသော်လည်း ၄-အရ
ဧက<mark>ဝီသ</mark> သင်္ချာက ခြားနေ သောကြောင့် တပေါင်းတည်း မယူဘဲ
တနည်းစီ ခွဲထားသည်။ ]

၆။ ဒွါ<mark>ဝီသ</mark> (၂၂) ကား ပဉ္စမ သသင်္ခါရိက၌ သင်္ဂဟတည်း။

၇။ ပန္နရသ (၁၅) ကား မောဟမူဒွေး၌ သင်္ဂဟတည်း။

ဤသို့ ဂဏန်း သင်္ချာ အပြားအားဖြင့် သင်္ဂဟနည်း ၇ နည်း ရှိ၏။
