## Trang 81

၁၅ )

—

ဖြစ်ကုန်၏၊ )ဣတိ - ဤသို့၊ ပဉ္စာ - ငါးပါး အပြားအားဖြင့်၊ ပရိဒီပယေ – ပြရာ၏။

"ယထာက္ကမံ ပဉ္စာ ပရိဒီပယေ" အရ ဧက<mark>ဒွါရ</mark>ိက | ပဉ္စ<mark>ဒွါရ</mark>ိက | <mark>ဒွါရ</mark>ှိက ဆဒ္ဒါရိကဝိမုတ္တ သဗ္ဗထာ<mark>ဒွါရ</mark>ဝိမုတ္တ ဆတ္တိသတ် တီဏိ | <mark>ဧကတ္တိံသ</mark> ဒသာ နဝါ ဤသို့ ၅ ပုံခွဲပြပြီးလျှင် "တေသုပနပဉ္စဝိညာဏာစော" စသော အကျယ် ပါဠိကို ကြည့်၍ <mark>သတ္တတိံသတိ</mark> စသော သင်္ချာတို့၏ သင်္ချေယျများကိုလည်း ရေတွက်လေ။

စေတသိက်ကို ရေတွက်ခြင်း။ အပ္ပမညာ ၂ သည် သတ္တာ ဟူသော ပညတ်တရားကို အာရုံပြု၏၊ စက္ခု<mark>ဒွါရ</mark> စသော ၅ <mark>ဒွါရ</mark>ကား ရူပါရုံ သဒ္ဒ ဂန္ဓ ရသ ဖေါဋ္ဌဗ္ဗာရုံဟူသော ပရမတ်တို့ကို အာရုံပြုသော စိတ်စေတသိက်တို့၏ ဖြစ်ရာတည်း၊ ထို့ကြောင့် အပ္ပမညာ ဒွေးသည် စက္ခုစသော ၅ <mark>ဒွါရ</mark>၌ မဖြစ်ထိုက်, မနော<mark>ဒွါရ</mark>၌သာ ဖြစ်ထိုက်သည်၊ ကျန် စေတသိက်များကား <mark>ဒွါရ</mark> ၆ ပါးလုံး၌ ဖြစ်ထိုက်၏ ဟု <mark>ဒွါရ</mark>ဖြင့် စေတသိက်တို့ကိုလည်း သင်္ဂြိုဟ် ရေတွက်လေ။

### လေ့ကျင့်ခန်း မေးခွန်းများ

**က။** အဘယ် စကားရပ်ကို <mark>ဒွါရ</mark>သင်္ဂဟ ဟု ခေါ်သနည်း။ <mark>ဒွါရ</mark>အပြား မည်မျှရှိသနည်း, သရုပ် ရေတွက် ပြီးလျှင် တရားကိုယ် ကောက်ပြပါ။

**<mark>ခ။</mark>** နိဿယနှင့်အဓိပ္ပါယ် — <mark>ဒွါရ</mark>သဒ္ဒါသည် အဘယ်အနက်ကို ဟောရင်း ဖြစ်သနည်း။

**ဃ။** စက္ခုပသာဒစသည်ကို အဘယ့်ကြောင့် ဒွါရဟု ခေါ်<mark>နိုင်</mark>သနည်း။ စက္ခု<mark>ဒွါရ</mark>၌ ဖြစ်သော စိတ်များကို သင်္ဂြိုဟ်ထောက်၍ ရေတွက်ပါ။

**စ။** သောတ ဃာန ဇိဝှါ ကာယ<mark>ဒွါရ</mark>တို့၌ အသီးသီးဖြစ်<mark>နိုင်</mark>သော စိတ်များကို သင်္ဂြိုဟ်ထောက်၍ <mark>သရုပ်ကောက်</mark>ပြပါ။

**ဆ။** မနောဒွါရ၌ ဖြစ်<mark>နိုင်</mark>သောစိတ်ကို သင်္ဂြိုဟ်ထောက်၍ <mark>သရုပ်ကောက်</mark>ပါ။

**ဇ။** ပဉ္စဒွါရ၌ မရ<mark>နိုင်</mark>သော စေတသိက်ကို အကြောင်းနှင့်တကွ ပြပါ။

**ဈ။** <mark>ဒွါရ</mark>ဝိမုတ်စိတ် မည်မျှ ရှိသနည်း, သင်္ဂြိုဟ်ထောက်၍ <mark>သရုပ်ကောက်</mark>ပြပါ။

**ည။** သင်္ဂဟဂါထာကို အနက်ပေးပါ။

**ဋ။** ဧက<mark>ဒွါရ</mark>ိကစိတ် ဆတ္တိသကို အကျယ်ပါဠိထောက်၍ <mark>သရုပ်ကောက်</mark>ပြပါ။

**ဌ။** ပဉ္စ<mark>ဒွါရ</mark>ိကစိတ် တီဏိကို အကျယ်ပါဠိထောက်၍ <mark>သရုပ်ကောက်</mark>ပါ။

**ဍ။** ဆဒွါရိကစိတ် <mark>ဧကတ္တိံသ</mark>ကို အကျယ်ပါဠိထောက်၍ <mark>သရုပ်ကောက်</mark>ပါ။

**ဎ။** အဘယ်ကိစ္စ တပ်ခိုက် <mark>ဆဒ္ဒွါရိက</mark>, အဘယ်ကိစ္စ တပ်ခိုက် <mark>ဒွါရ</mark>ဝိမုတ္တ ဖြစ်သနည်း။

**ဏ။** သဗ္ဗထာ <mark>ဒွါရ</mark>ဝိမုတ်စိတ် နဝဓာကို အကျယ် ပါဠိထောက်၍ သရုပ် ကောက်ပါ။

**တ။** ထိုစိတ်များ အဘယ့်ကြောင့် အချင်း ခပ်သိမ်း ၆ <mark>ဒွါရ</mark>မှ လွှတ်ရ သနည်း။

---

## Trang 82

### <mark>အာရမ္မဏ</mark>သင်္ဂဟ

၁။ အာလမ္ဗနသင်္ဂဟေ— အာလမ္ဗနသင်္ဂဟ၌၊ (<mark>လဗ္ဘမာနာနံ</mark> — ဖြစ်နိုင်သော၊) <mark>အာရမ္မဏ</mark>ာနာမ — အာရုံတို့ မည်သည်၊ ရူပါရမ္မဏံ — ရူပါရုံ၎င်း၊ <mark>သဒ္ဒါရမ္မဏံ</mark> — သဒ္ဒါရုံ၎င်း၊ ဂန္ဓာရမ္မဏံ — ဂန္ဓာရုံ၎င်း၊ ရသာရမ္မဏံ — ရသာရုံ၎င်း၊ <mark>ဖေါဋ္ဌဗ္ဗာရမ္မဏံ</mark> — ဖေါဋ္ဌဗ္ဗာရုံ၎င်း၊ ဓမ္မာရမ္မဏဉ္စ — ဓမ္မာရုံ၎င်း၊ ဣတိ — ဤသို့၊ <mark>ဆဗ္ဗိဓာနိ</mark> — ခြောက်ပါး အပြားရှိကုန်သည်၊ ဘဝန္တိ — ဖြစ်၏။

၂။ တတ္ထ — ထို ခြောက်ပါးသော အာရုံတို့တွင်၊ ရူပမေဝ — အဆင်းသည်ပင်၊ ရူပါရမ္မဏံ — ရူပါရုံမည်၏၊ တထာ — ထို့အတူ၊ <mark>အာရမ္မဏ</mark>သင်္ဂဟ။ ။ အာရုံ အပြားအားဖြင့် စိတ်စေတသိက်တို့ကို သင်္ဂြိုဟ်ရေတွက်ရာ စကားရပ်ကို "<mark>အာရမ္မဏ</mark>သင်္ဂဟ" ဟု ခေါ်သည်။

၁။ <mark>အာရမ္မဏ</mark>ာနိနာမ၊ ပေ၊ <mark>ဆဗ္ဗိဓာနိ</mark> — ဤစကားကား အရင်းခံအာရုံ အပြားကို ရှေးဦးစွာပြသော စကားတည်း။

<mark>အာရမ္မဏ</mark> — [ အာ+ရမု+ယု။ ယု ပစ္စည်းကို အနပြု, နု-ကို ဏ ပြန်၍ "<mark>အာရမ္မဏ</mark>" ဟု ပုဒ်မှန် ဖြစ်၏၊ ] <mark>အာရမ္မဏ</mark>သဒ္ဒါသည် "မွေ့လျော်ရာ" ဟူသော အနက်ကို ဟော၏၊ ဥယျာဉ်ပန်းမာလ်သည် လူတို့၏ မွေ့လျော်ရာ ဖြစ်သလို ရူပါရုံ စသည်တို့လည်း စိတ်စေတသိက်တို့ မွေ့လျော်ရာဖြစ်သည်။

အာလမ္ဗန — [ အာ+လဘိ+ယု။ ယု ကို အနပြု, လ နေခံ၌ နိဂ္ဂဟိတ် လာ, မ-ပြုပြီးလျှင် "အာလမ္ဗန" ဟု ပုဒ်မှန် ဖြစ်၏၊ ] အာလမ္ဗန သဒ္ဒါသည့် "စွဲကိုင်အပ်" ဟူသော အနက်ကို ဟော၏၊ မစွမ်း မသန်သော လူနာ, အဘိုးကြီးများသည် တောင်ဝှေးသို့မဟုတ် ကြိုးတန်းကို ကိုင်၍ ထရ ထိုင်ရ သကဲ့သို့ စိတ်စေတသိက်များလည်း အာရုံတခုခုကိုစွဲ၍ ဖြစ်ကြရသည့်။

### နိဿယနှင့်အဓိပ္ပါယ်

သဒ္ဒါဒယော (၉၀) — အသံ အစရှိသည်တို့သည်ပင်၊ သဒ္ဒါရမ္မဏ — သဒ္ဒါရုံအစရှိသည်တို့ မည်၏။

၃။ ပန — အထူးကား၊ ဓမ္မာရမ္မဏံ — ဓမ္မာရုံကို၊ ပသာဒ သုခုမ ရူပ စိတ္တစေတသိက နိဗ္ဗာန ပညတ္တိဝသေန — ပသာဒရုပ်, သုခုမ ရုပ်, စိတ်, စေတသိက်, နိဗ္ဗာန်, ပညတ်တို့၏ အပြားအားဖြင့်၊ <mark>ဆဓာ</mark> — ခြောက်ပါး အပြားတို့ဖြင့်၊ သင်္ဂဟယှတိ — ပေါင်းယူအပ်၏။

၄။ တတ္ထ — ထိုခြောက်ပါးသောအာရုံတို့တွင်၊ စက္ခု<mark>ဒွါရ</mark>ိက စိတ္တာနံ — စက္ခု<mark>ဒွါရ</mark>ိက စိတ်တို့၏၊ <mark>သဗ္ဗေသံပိ</mark> — အလုံးစုံတို့၏လည်း၊

၂။ တတ္ထရူပမေဝ၊ ပေ၊ သင်္ဂဟယှတိ — ဤစကားရပ်ကား အာရုံ ၆ ပါး၏ တရားကိုယ် အရကောက်နှင့် ဝစနတ္ထကိုပြသော စကားစုတည်း၊ ထိုစကားမှန်၏ "ရူပမေဝ ရူပါရမ္မဏံ" ဖြင့် အဖြူ အနီ စသော အဆင်းကို ရူပါရုံ ဟု အရကောက်၍, ရူပနှင့်<mark>အာရမ္မဏ</mark>ကို "ရူပမေဝ+<mark>အာရမ္မဏ</mark>ံ, ရူပါရမ္မဏံ" ဟု ကမ္မဓာရယသမာသ် တွဲစပ်စေလိုကြောင်းကို ပြသည်။

တထာသဒ္ဒါဒယော (သဒ္ဒါဒယော၌ အာဒိသဒ္ဒါဖြင့် ဂန္ဓ (အနံ့) ရသ (အရသာ) ဖေါဋ္ဌဗ္ဗ (အတွေ့) တို့ကိုယူ၊ ဓမ္မကိုကား သီးခြား ယူလတံ့၊ တထာ ဖြင့် "သဒ္ဒေါယေဝ+<mark>အာရမ္မဏ</mark>ံ, ဂန္ဓောယေဝ+<mark>အာရမ္မဏ</mark>ံ, ရသောယေဝ+<mark>အာရမ္မဏ</mark>ံ, ဖေါဋ္ဌဗ္ဗမေဝ+<mark>အာရမ္မဏ</mark>ံ, ဓမ္မောယေဝ+<mark>အာရမ္မဏ</mark>ံ" ဟူသော ဝစနတ္ထကို၎င်း, ထို ဝစနတ္ထတို့အရ အသံစသည်ကို ကောက်ယူဘို့ကို၎င်း, ညွှန်ပြသည်။

၃။ ဓမ္မာရမ္မဏံ၊ ပေ၊ <mark>ဆဓာ</mark>သင်္ဂဟယှတိ — ဓမ္မာရုံကိုကား ၆ ပါး အပြား အားဖြင့် ပေါင်းယူ ရေတွက်ရမည်။ (၁-ပသာဒရုပ် တမျိုး, ၂-သုခုမရုပ်, ၃-စိတ်, ၄-စေတသိက်, ၅-နိဗ္ဗာန်, ၆-ပညတ်တမျိုး အားဖြင့် ဓမ္မာရုံအမျိုး အစား ၆ မျိုးရှိသည်) ဟူလို။

---

## Trang 83

လည်း၊ ရူပမေဝ — ရူပါရုံသည်သာလျှင်၊ <mark>အာရမ္မဏ</mark>ံ — အာရုံသည်၊ (<mark>ဟောတိ</mark> — ဖြစ်၏၊) <mark>တဉ္စ</mark> — ထိုရူပါရုံသည်လည်း၊ ပစ္စုပ္ပန္နံ — ပစ္စုပ္ပန်ရူပါရုံသာတည်း၊ တထာ — ထို့အတူ၊ သောတ<mark>ဒွါရ</mark>ိက စိတ္တာဒီနံ — သောတ<mark>ဒွါရ</mark>ိကစိတ် အစရှိသည်တို့၏လည်း၊ [ အာဒိသဒ္ဒါဖြင့် ဃာန ဇိဝှါ ကာယ<mark>ဒွါရ</mark>ိက စိတ်များကို ယူ၊ ] သဒ္ဒါနိ — သဒ္ဒါရုံ အစရှိသည်တို့သည်၊ အာဒိဖြင့် ဂန္ဓ ရသ ဖေါဋ္ဌဗ္ဗကိုယူ၊ (<mark>အာရမ္မဏ</mark>ာနိ — အာရုံတို့သည်၊ <mark>ဟောန္တိ</mark> — ဖြစ်၏) <mark>တာနိစ</mark> — ထို သဒ္ဒါရုံ အစရှိသည်တို့သည်လည်း၊ ပစ္စုပ္ပန္နာနိ ယေဝ — ပစ္စုပ္ပန်တို့ချည်သာတည်း။

၅။ ပန — အထူးကား၊ မနော<mark>ဒွါရ</mark>ိကစိတ္တာနံ — မနော<mark>ဒွါရ</mark>ိက စိတ်တို့၏၊ ဆဗ္ဗိဓမ္ပိ — ခြောက်ပါး အပြားရှိသော အာရုံသည်လည်း၊ ပစ္စုပ္ပန္နံ — ပစ္စုပ္ပန်သည်၎င်း၊ အတီတံ — အတိတ်သည်၎င်း၊

၄။ တတ္ထစက္ခု<mark>ဒွါရ</mark>ိက၊ ပေ၊ ပစ္စုပ္ပန္နာနိယေဝ — <mark>ဒွါရ</mark>သင်္ဂဟ၌ပြခဲ့သော စက္ခု<mark>ဒွါရ</mark>ိကစိတ် ၄၆ ပါးလုံး၏ အာရုံကား ရူပါရုံသာတည်း၊ ၎င်း ရူပါရုံသည် (ပစ္စုပ္ပန်ရူပါရုံ-အတိတ်ရူပါရုံ-အနာဂတ်ရူပါရုံ ဟု သုံးမျိုး ရှိသည်တွင် ပစ္စုပ္ပန်ရူပါရုံ တမျိုးသာ ဖြစ်ရမည်) ဟူလို၊ [ ဖြစ်ဆဲအာရုံကို ပစ္စုပ္ပန်, ဖြစ်ပြီး အာရုံကို အတိတ်, ဖြစ်လတံ့အာရုံကို အနာဂတ် ဟု ခေါ်သည်။ ]

သောတ<mark>ဒွါရ</mark>ိကစိတ် ၄၆ ၏ အာရုံကား ပစ္စုပ္ပန်သဒ္ဒါရုံ၊ ဃာန<mark>ဒွါရ</mark>ိက နှင့် ဂန္ဓာရုံ, ဇိဝှါ<mark>ဒွါရ</mark>ိကနှင့် ရသာရုံ, ကာယ<mark>ဒွါရ</mark>ိကစိတ် ၄၆ ၏ အာရုံကား ပစ္စုပ္ပန်ဖေါဋ္ဌဗ္ဗာရုံတည်း — ဟု သိလေ၊ ၎င်းစိတ်များ၏ ပစ္စုပ္ပန်အာရုံ တမျိုးစီ ကိုသာ အာရုံပြု<mark>နိုင်</mark>ကြောင်းကား ဝီထိပိုင်း၌ အလွန်ထင်ရှားလတ္တံ့။

### နိဿယနှင့်အဓိပ္ပါယ်

အနာဂတံ — အနာဂတ်သည်၎င်း၊ ကာလဝိမုတ္<mark>တဉ္စ</mark> — ကာလဝိမုတ် သည်၎င်း၊ (ဟုတွာ — ဖြစ်၍၊) ယထာရဟံ — ထိုက်သည်အား လျော်စွာ၊ <mark>အာရမ္မဏ</mark>ံ — အာရုံသည်၊ <mark>ဟောတိ</mark> — ဖြစ်၏။

၆။ <mark>ပဋိသန္ဓေဘဝင်္ဂစုတိ</mark> သင်္ခါတာနံ — ပဋိသန္ဓေ ဘဝင် စုတိ ဟု ဆိုအပ်ကုန်သော၊ <mark>ဒွါရ</mark>ဝိမုတ္တာနဉ္စ — <mark>ဒွါရ</mark>ဝိမုတ်စိတ် တို့၏ လည်း၊ ဆဗ္ဗိဓမ္ပိ — ခြောက်ပါး အပြားရှိသော အာရုံသည်လည်း၊ ယထာသမ္ဘဝံ — ဖြစ်သင့်သည်အားလျော်စွာ၊ ယေဘုယျေန — များသောအားဖြင့်၊ ဘဝန္တရေ — အခြားမဲ့ လွန်ခဲ့ပြီးသော ဘဝ

၅။ မနောဒွါရိက၊ ပေ၊ <mark>အာရမ္မဏ</mark>ံဟောတိ — မနော<mark>ဒွါရ</mark>ိကစိတ် ၆၇ ပါး တို့၏ အာရုံကား ပဉ္စ<mark>ဒွါရ</mark>ိကစိတ်များကဲ့သို့ အာရုံ တမျိုးထည်း မဟုတ်၊ ဆဗ္ဗေဓ ပိ — ရူပါရုံ၊ ပေ၊ ဓမ္မာရုံအားဖြင့် ခြောက်ပါးလုံးပင် ဖြစ်၏။

ပစ္စုပ္ပန္နမတီတံ<mark>အနာဂတဉ္စ</mark>ကာလဝိမုတ္<mark>တဉ္စ</mark> — ပဉ္စ<mark>ဒွါရ</mark>ိကစိတ်တို့၏ အာရုံ ကဲ့သို့ ပစ္စုပ္ပန်တမျိုးထည်း မဟုတ်၊ ပစ္စုပ္ပန်အာရုံလည်း ရှိ၏, အတိတ်အာရုံ အနာဂတ်အာရုံလည်းရှိ၏၊ ကာလဝိမုတ် (ပစ္စုပ္ပန် အတိတ် အနာဂတ်ကာလ သုံးပါးမှ အလွတ်) အာရုံများလည်း ရှိသည်။

[ နိဗ္ဗာန်နှင့်ပညတ်ကို ရည်ရွယ်၍ ကာလဝိမုတ်ဟု ဆိုသည်။ နိဗ္ဗာန်သည် မပျက်မစဲ အမြဲတည်၏။ ထို့ကြောင့် အတိတ်က ဖြစ်ခဲ့ပြီ, ပစ္စုပ္ပန်၌ ဖြစ်ဆဲ, အနာဂတ်၌ ဖြစ်လတံ့ဟု မဆိုထိုက်။ ပညတ် — ဟူသည်လည်းဥပါဒ် ဌီ ဘင် အားဖြင့် အထင်အရှား မရှိ၊ ထိုကြောင့် ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတံ့ ဟု မဆို <mark>နိုင်</mark>ရကား နိဗ္ဗာန်နှင့် ပညတ်သည် ကာလ ၃ ပါးမှ လွတ်၏။ ]

ယထာရဟံ — ထိုအားလုံး အာရုံကို စိတ်တခုထည်းက ပြွတ်သိပ်၍ အာရုံ ပြု<mark>နိုင်</mark>သည်ဟုလည်း မမှတ်ရ၊ ထိုက်သင့်သလိုဘဲ အာရုံဖြစ်ကြသည်, အာရုံပြုခံ ကြသည့်၊ ထိုက်သင့်သလို အာရုံပြုခံကြပုံကို ဘာသာဋီကာ မနော<mark>ဒွါရ</mark> ဝီထိ ခဏ်း၌ အစွမ်းကုန်သိရလတ္တံ့။

---

## Trang 84

တပါး၌၊ ဆ<mark>ဒွါရ</mark>ဂ္ဂဟိတံ — ခြောက်<mark>ဒွါရ</mark>သည် ယူအပ်သည်၎င်း၊ ပစ္စုပ္ပန္နံဝါ — ပစ္စုပ္ပန်သည်သော်၎င်း၊ အတီတံဝါ — အတိတ်သည် သော်၎င်း၊ ပညတ္တိဘူတံဝါ — ပညတ်ဖြစ်၍ ဖြစ်သည်သော်၎င်း၊ ကမ္မ ကမ္မနိမိတ္တ ဂတိနိမိတ္တသမ္မတံ — ကံ, ကမ္မနိမိတ်, ဂတိနိမိတ် ဟု သမုတ်အပ်သည်၎င်း၊ (ဟုတွာ — ဖြစ်၍၊) <mark>အာရမ္မဏ</mark>ံ — အာရုံ သည်၊ <mark>ဟောတိ</mark> — ဖြစ်၏။

၆။ <mark>ဒွါရ</mark>ဝိမုတ္တာနိစ၊ ပေ၊ <mark>အာရမ္မဏ</mark>ံဟောတိ — ဤစကားသည် "<mark>ဒွါရ</mark>ဝိမုတ်" ဟု ခေါ်သော ပဋိသန္ဓေ ဘဝင် စုတိစိတ်တို့၏ အာရုံကိုပြသော စကားတည်း၊ ဤစကား၌ "ဆဗ္ဗိဓမ္ပိ" အရ ရူပါရုံ စသော အာရုံ ၆ ပါး ဖြစ်ကြောင်းကိုလည်း သတိပြုပါ။

ဆ<mark>ဒွါရ</mark>ဂ္ဂဟိတံ ပစ္စုပ္ပန္နမတီတံပညတ္တိဘူတံဝါ — (သတ္တဝါတို့စုတေခါ နီး၌ စုတိ၏ရှေ့က ကပ်လျက် တဆက်ထည်းနေသော ဇောဝီထိကို "မရဏာ သန္နဇော" ဟု ခေါ်သည်။) ထိုမရဏာသန္နဇော၏ အာရုံများသည် ရူပါရုံ စသော အာရုံ ၆ ပါးတွင် တပါးပါးပင် ဖြစ်သောကြောင့် <mark>ဒွါရ</mark> ၆ ပါးဖြင့် ထိုက်သင့်သလိုယူ၏၊ ထိုအာရုံများတွင် အချို့မှာ ပစ္စုပ္ပန်, အချို့မှာ အတိတ်, အချို့ကား (ကာလ ၃ ပါးမှ အလွတ်ဖြစ်သော) ကာလဝိမုတ် ပညတ်တရား များတည်း။

ကမ္မ ကမ္မနိမိတ္တ ဂတိနိမိတ္တသမ္မတံ — ထိုအာရုံများကို ရူပါရုံ သဒ္ဒါရုံ စသည်ဖြင့် ပင်ကိုယ်နာမည်ကို အသုံးမပြုဘဲ — အဘိဓမ္မာ ထုံးစံအရ "ကံ ကမ္မနိမိတ် ဂတိနိမိတ်" ဟု သမုတ်ထားသည်၊ [ ကံ ကမ္မနိမိတ် ဂတိနိမိတ် အခွဲ မှာ ဘုံပိုင်းအဆုံး၌ ထင်ရှားလတံ့၊ ] နောက်ဘဝသစ်၌ ဖြစ်လတ္တံ့သော ပဋိ သန္ဓေ ဘဝင် စုတိစိတ်တို့သည် အခြားမဲ့ လွန်ခဲ့ပြီးစ ဘဝဟောင်းက ဆ<mark>ဒွါရ</mark>ိက မရဏာသန္နဇောသည် ယူပေးအပ်သော "ကံ ကမ္မနိမိတ် ဂတိနိမိတ်" သုံးပါး တွင် တပါးပါးကို အာရုံပြုကြရိုး ဖြစ်သည်။

### နိဿယနှင့်အဓိပ္ပါယ်

၇။ တေသု — ထို စိတ်တို့တွင်၊ စက္ခုဝိညာဏာဒီနိ — စက္ခု ဝိညာဏ် အစရှိသော စိတ်တို့သည်၊ ယထာက္ကမံ — အကြင် အကြင် အစဉ်ရှိတိုင်း၊ ရူပါဒိ ဧကေကာရမ္မဏာနေဝ — ရူပါရုံ အစရှိသော တပါးတပါးစီသာ အာရုံရှိကြကုန်၏။

၈။ ပန — ကား၊ မနောဓာတုတ္တိကံ — မနောဓာတ် သုံးခုတို့၏ အပေါင်းသည်၊ ရူပါဒိပဉ္စာရမ္မဏံ — ရူပါရုံ အစရှိသော ငါးပါး သော အာရုံရှိ၏။

ယေဘုယျေန — သို့သော် အမြဲမဟုတ်, တချို့ ဘဝမှာ မရဏာသန္နအခါ၌ ယူပေးမည့် မရဏာသန္နဇောပင် မရှိသောကြောင့် ယေဘုယျနည်းဟု မှတ်။

ဤ စကားစဉ်အရ "ပဋိသန္ဓေစိတ် ဘဝင် စုတိစိတ် တို့သည် များသော အားဖြင့် အခြားမဲ့လွန်ခဲ့ပြီးစ ဘဝဟောင်း၌ ဆ<mark>ဒွါရ</mark>ိက မရဏာသန္နဇော ယူပေးအပ်သော ပစ္စုပ္ပန် အတိတ် ပညတ်ဖြစ်၍ ကံ ကမ္မနိမိတ် ဂတိနိမိတ် ဟု သမုတ်အပ်သော အာရုံ ၆ ပါးတွင် တပါးပါးကို ထိုက်သလို အာရုံပြု သည်" ဟု မှတ်၊ ပါဠိကြည့်၍ ဤစကားကို နှုတ်တက်ပါစေ။

၇။ တေသုစက္ခုဝိညာဏာဒီနိ — ဤ "တေသုစက္ခုဝိညာဏာဒီ" မှ စ၍ "လောကုတ္တရစိတ္တာနိ နိဗ္ဗာနာရမ္မဏာနိ" တိုင်အောင် စကားစုကား ထိုထို အာရုံကို အာရုံပြု<mark>နိုင်</mark>သော စိတ်များကို အပေါင်း ရေတွက်၍ ပြသော စကားရပ်တည်း၊ စေတသိက်ပိုင်းလာ သင်္ဂဟနည်းမျိုးပင် ဖြစ်သည်။

စက္ခုဝိညာဏာဒီနိ၌ အာဒိသဒ္ဒါဖြင့် သောတဝိညာဏ် ဃာန ဇိဝှါ ကာယဝိညာဏ်တို့ကို ယူ၊ ယထာက္ကမံ — အရ စက္ခုဝိညာဏ်စိတ်က ရူပါရုံ ၁ ပါးကို အာရုံပြု၏, စသည်ဖြင့် သိလေ။

၈။ မနောဓာတုတ္တိကံ ပန ရူပါဒိပဉ္စာရမ္မဏံ — မနောဓာတ် ၃ ပါး ကား ၅ <mark>ဒွါရ</mark>၌ ဖြစ်သောကြောင့် ရူပါရုံစသော အာရုံ ၅ ပါးကို အာရုံပြု၏။

---

## Trang 85

၉။ သေသာနိ — ကြွင်းကုန်သော၊ ကာမာဝစရ ဝိပါကာနိ — ကာမဝိပါက်စိတ်တို့၎င်း၊ ဟသနစိတ္<mark>တဉ္စ</mark> — ဟသိတုပ္ပါဒ်စိတ်၎င်း၊ ဣတိ — ဤစိတ်တို့သည်၊ <mark>သဗ္ဗထာပိ</mark> — အလုံးစုံသော အပြားအား ဖြင့်လည်း၊ ကာမာဝစရာရမ္မဏာနေဝ — ကာမ တရားသာလျှင် အာရုံ ရှိကုန်၏။

၁၀။ အကုသလာနိ စေဝ — အကုသိုလ်စိတ်တို့၎င်း၊ ဉာဏ ဝိပ္ပယုတ္တကာမာဝစရ ဇဝနာနိစ — ဉာဏဝိပ္ပယုတ်ကာမာဝစရ ဇောတို့၎င်း၊ ဣတိ — ဤ ၂၀ သော စိတ်တို့သည်၊ လောကုတ္တရ ဝဇ္ဇိတသဗ္ဗာရမ္မဏာနိ — လောကုတ္တရာသည် ကြဉ်အပ်သော အလုံးစုံသော အာရုံ ရှိကုန်၏။

၉။ သေသာနိ၊ ပေ၊ ကာမာဝစရာရမ္မဏာနေဝ — သေသ ပုဒ်၏ အပါဒါန်ကို ဆိုခဲ့ပြီးသော ဒွေးပဉ္စဝိညာဏ်နှင့် သမ္ပဋိစ္ဆိန်းဒွေး ဟူသော ဝိပါက်စိတ်များကိုခံ၊ ကာမဝိပါက် ၂၃ တွင် ဆိုခဲ့ပြီးသော ဒွေးပဉ္စဝိညာဏ် သမ္ပဋိစ္ဆန်းမှ တပါး ကျန် ကာမဝိပါက် (မဟာဝိပါက် သန္တီရဏ) ၁၁ နှင့် ဟသိတုပ္ပါဒ်တို့ကား ကာမတရားကိုသာ အာရုံပြု၏။

[ "ကာမာဝစရာရမ္မဏာနေဝ" ၌ ဧဝဖြင့် မဟဂ္ဂုတ်စသော အာရုံများကို ကန့်သည်၊ ကာမစိတ် ၅၄ — ယှဉ်ဘက် စေတသိက်နှင့် ရုပ်တရား များကို ကာမတရား ဟု ခေါ်၏။ ]

<mark>၇ ဂါထာ ၉</mark> ဝါကျတို့၌ ပြခဲ့သော စိတ်ပေါင်း ၂၅ ပါးတို့၏ အာရုံသည် ကာမတရားချည်းသာ ဖြစ်၏။ ထိုကြောင့် ကာမတရားကိုသာ အမြဲအာရုံ ပြုသော စိတ်ပေါင်း ၂၅ ဟု မှတ်သားထားခဲ့ပါ၊ သင်္ဂဟဂါထာ၌ "ပဉ္စဝီသ ပရိတ္တမှိ" အရ ဖြစ်လိမ့်မည်။

### နိဿယနှင့်အဓိပ္ပါယ်

၁၁။ ဉာဏသမ္ပယုတ္တ ကာမာဝစရ ကုသလာနိ စေဝ — ဉာဏသမ္ပယုတ် ကာမာဝစရကုသိုလ်ဇောတို့၎င်း၊ ပဉ္စမဇ္ဈာန သင်္ခါတံ — ပဉ္စမဈာန် ဟု ဆိုအပ်သော၊ အဘိညာကုသလဉ္စ — အဘိညာဏ်ကုသိုလ်ဇော၎င်း၊ ဣတိ — ဤ ၅ ပါးသောစိတ်တို့ သည်၊ အရဟတ္တမဂ္ဂဖလ ဝဇ္ဇိတသဗ္ဗာရမ္မဏာနိ — အရဟတ္တ မဂ် အရဟတ္တဖိုလ်သည် ကြဉ်အပ်သော အလုံးစုံသော အာရုံ ရှိကုန်၏။

၁၂။ ဉာဏသမ္ပယုတ္တကာမာဝစရ ကြိယာနိ စေဝ — ဉာဏ သမ္ပယုတ် ကာမာဝစရ ကြိယာစိတ်တို့၎င်း၊ ကြိယာဘိညာ —

၁၀။ အကုသလာနိ၊ ပေ၊ လောကုတ္တရဝဇ္ဇိတသဗ္ဗာရမ္မဏာနိ — အာရုံသည် အချုပ်အားဖြင့် (၁-ကာမအာရုံ, ၂-မဟဂ္ဂုတ်အာရုံ, ၃-ပညတ် အာရုံ, ၄-လောကုတ္တရာ (နိဗ္ဗာန်-လောကုတ္တရာစိတ်) အာရုံ ဟု ၄ မျိုးရှိ၏) ထို ၄ မျိုးတွင် အကုသိုလ် ၁၂ — ဉာဏဝိပ္ပယုတ်ကာမဇော ၈ — ပေါင်း ၂၀ သော စိတ်တို့သည် လောကုတ္တရာ အာရုံမှ တပါး ကျန် အာရုံ အားလုံးကို အာရုံပြုသည်။ သင်္ဂဟဂါထာ၌ "ဝီသာ နုတ္တရမုတ္တမှိ" အရ ဖြစ်လတံ့။

[ လောကုတ္တရာ တရားတို့သည် အလွန် နက်နဲရကား ထို လောကုတ္တရာ အာရုံကို ဉာဏ်နှင့်ယှဉ်သော စိတ်ကသာ အာရုံပြု<mark>နိုင်</mark>၏။ ]

၁၁။ ဉာဏသမ္ပယုတ္တ၊ ပေ၊ သဗ္ဗာရမ္မဏာနိ — ဉာဏသမ္ပယုတ် ကာမ ကုသိုလ်ဇော ၄ နှင့် ကုသိုလ်အဘိညာဉ် ၁, ၅ ပါးသည် အရဟတ္တမဂ် အရဟတ္တဖိုလ်ကြဉ် ကျန်အားလုံးကို အာရုံပြု၏။ <mark>အဂ္ဂမဂ္ဂဖလုဇ္ဈိတေ</mark> ပဉ္စ အရ ဖြစ်လတံ့။

အထူး သိစွမ်း<mark>နိုင်</mark>သော ရူပ ပဉ္စမဈာန်ဇောကိုပင် "အဘိညာဉ်" ဟု ခေါ်၏။ (အဘိ+ဉာ။ အဘိ = အလွန်+ဉာ = သိစွမ်း<mark>နိုင်</mark>ခြင်း။)

---

