## Trang 86

ကြိယာ အဘိညာဏ်စိတ်၎င်း၊ ဝေါဋ္ဌပနဉ္စ – ဝုဋ္ဌောစိတ်၎င်း၊
ဣတိ - ဤ ခြောက်ပါးသော စိတ်တို့သည်၊ သဗ္ဗထာပိ-အလုံး
စုံသော အပြားအားဖြင့်လည်း၊ သဗ္ဗာရမဏာနိ-အလုံးစုံသော
<mark>အာရုံ</mark> ရှိကုန်၏။

၁၃။ <mark>အာရုပ္ပေသု</mark>-အာရုပ္ပစိတ်တို့တွင် ဒုတိယ <mark>စတုတ္ထာနိ</mark>-
ဒုတိယ, စတုတ္ထ <mark>အာရုပ္ပ</mark>စိတ်တို့သည်၊ မဟဂ္ဂတာရမဏာနိ-
မဟဂ္ဂုတ်တရားသာလျှင် <mark>အာရုံ</mark>ရှိကုန်၏။

၁၄၊ <mark>သေသာနိ</mark> - ကြွင်းကုန်သော၊ သဗ္ဗာနိပိ - အလုံးစုံ
လည်းဖြစ်ကုန်သော၊ မဟဂ္ဂတ<mark>စိတ္တာနိ</mark>-မဟဂ္ဂုတ်စိတ်တို့သည်၊
ပညတ္တာရမဏာနိ-ပညတ်တရားသာလျှင် <mark>အာရုံ</mark>ရှိကုန်၏။

၁၂။ ဉာဏသမ္ပယုတ္တ<mark>ကာမ</mark>ာဝစရ ကြိယာ<mark>နိ စေဝ</mark> ၊ ပေ ၊ သဗ္ဗာရမဏာနိ — ဉာဏသမ္ပယုတ် <mark>ကာမ</mark>ကြိယာဇော ၄ – ကြိယာ အဘိညာဉ်
စိတ် ၁-ဝုဋ္ဌောစိတ် ၁- ဤ ၆ ပါးကား <mark>တစ်စုံတစ်ခု</mark>ကိုမျှ မကြဉ်ဘဲ <mark>အာရုံ</mark>အားလုံးကို <mark>အာရုံ</mark>ပြုနိုင်၏၊ “သဗ္ဗတ္ထ ဆ”အရ ဖြစ်လတံ့။

၁၃။ <mark>အာရုပ္ပေသု</mark>၊ပေ၊မဟဂ္ဂတာရမဏာနိ — ဒုတိယ <mark>အာရုပ္ပ</mark>ဟူသည်
ဝိညာဏဉ္စာယတနစိတ် ၃ ပါးတည်း၊ စတုတ္ထာရုပ္ပ ဟူသည့် နေဝသညာ
နာသညာယတနစိတ် ၃ ပါးတည်း၊ ဤ ၆ ပါးကား မဟဂ္ဂုတ် တရားကိုသာ
<mark>အာရုံ</mark>ပြုသည်၊ “ဆ<mark>စိတ္တာနိ</mark> မဟဂ္ဂတေ” အရ ဖြစ်လတံ့၊ မည်သည့် မဟဂ္ဂုတ်
ဖြစ်ကြောင်းကိုကား ဘုံပိုင်းကျမှ သိရလိမ့်မည်။

၁၄။ <mark>သေသာနိ</mark>၊ပေ၊ပညတ္တာရမဏာနိ — မဟဂ္ဂုတ်စိတ် ၂၇ တွင်
ယခင် ၆ ပါးမှ တပါး ကျန် ၂၁ ကား ပညတ်တရားကိုသာ <mark>အာရုံ</mark>ပြုသည်၊
“ဧကဝီသတိ <mark>ဝေါဟာရေ</mark>” အရ ဖြစ်လတံ့၊ မည်သည့် ပညတ်ကို <mark>အာရုံ</mark>ပြု
ကြောင်းကား ကမ္မဋ္ဌာန်းပိုင်းကျမှ သိရလိမ့်မည်။

### သင်္ဂဟ
### နိဿယနှင့်အဓိပ္ပါယ်

၁၆၃

၁၅။ <mark>လောကုတ္တရစိတ္တာနိ</mark> - လောကုတ္တရာစိတ်တို့သည်၊
နိဗ္ဗာနာရမဏာနိ-နိဗ္ဗာန်တရား သာလျှင် <mark>အာရုံ</mark>ရှိကုန်၏၊ ဣတိ-
ဤကား <mark>အာရုံ</mark>အပြားအားဖြင့် စိတ်တို့ကို ပေါင်းယူခြင်းတည်း။

၁၆။ <mark>ပဉ္စဝီသ</mark>- ၂၅ ပါးသော <mark>စိတ္တာနိ-စိတ်တို့သည်</mark>၊
ပရိတ္တမှိ-ကာမ<mark>အာရုံ</mark>၌သာလျှင်၊ <mark>ဟောန္တိ-ဖြစ်ကုန်၏</mark>၊ ဆ-
၆ပါးကုန်သော၊ <mark>စိတ္တာနိ-စိတ်တို့သည်</mark>၊ မဟဂ္ဂတေ-မဟဂ္ဂုတ်
<mark>အာရုံ</mark>၌သာလျှင်၊ <mark>ဟောန္တိ-ဖြစ်ကုန်၏</mark>၊ ဧကဝီသတိ- ၂၁ ပါးသော၊
<mark>စိတ္တာနိ-စိတ်တို့သည်</mark>၊ ဝေါဟာရေ - ပညတ်<mark>အာရုံ</mark>၌ သာလျှင်၊
<mark>ဟောန္တိ-ဖြစ်ကုန်၏</mark>၊ အဋ္ဌ-၈ ပါးကုန်သော၊ <mark>စိတ္တာနိ-စိတ်တို့သည်</mark>၊ နိဗ္ဗာန
ဂေါစရေ-နိဗ္ဗာန် <mark>အာရုံ</mark>၌သာလျှင်၊ <mark>ဟောန္တိ-ဖြစ်ကုန်၏</mark>။

၁၅ နံပါတ်ကား “အဋ္ဌ နိဗ္ဗာနဂေါစရေ” အရ ဖြစ်လတံ့။

၁၆-၁၇။ သင်္ဂဟဂါထာ

ရွှေ ဂါထာကား ဧကန်<mark>အာရုံ</mark>ပြုသောစိတ်တို့ကို ပြသော သင်္ဂဟဂါထာ,
နောက်ဂါထာကား အနေကန် <mark>အာရုံ</mark>ပြုသောစိတ်တို့ကိုပြသောသင်္ဂဟဂါထာ
တည်း၊ <mark>ကာမ</mark>’မဟဂ္ဂုတ်’လောကုတ္တရာ-ပညတ်ဟု <mark>အာရုံ</mark> အမျိုးစား
၄ ဘို့ ၄ စု ရှိရာ, တဘို့ တစုံကိုသာ <mark>အာရုံ</mark>ပြုသောစိတ်ကို ဧကန် <mark>အာရုံ</mark>
ပြုသောစိတ် ဟု ဆိုသည်၊ <mark>ထို့ကြောင့်</mark> ပဌမဂါထာ၌ “ပရိတ္တမှိ-ကာမ<mark>အာရုံ</mark>၌
သာလျှင်” ဟု ဧဝ<mark>သဒ္ဒ</mark>ါ၏အနက် “သာလျှင်” ဟု ထည့်စွက်လိုက်၏၊ တပါး
သော <mark>အာရုံ</mark>ကို<mark>အာရုံ</mark>မပြု-ဟုကန့်လေ၊ [ ဧကန္တ-ဧက+အန္တ၊ ဧက=တခု+
အန္တ=အဘို့အစု၊ ဝါ-ဧကန်း၊ ]

---

## Trang 87

၁၇။ <mark>ဝီသ</mark>- ၂၀ သော၊ <mark>စိတ္တာနိ-စိတ်တို့သည်</mark>၊ အနုတ္တရမုတ္တ
မှိ-လောကုတ္တရာ ၉ ပါးမှ လွတ်သော အလုံးစုံသော အာရုံ၌၊
<mark>ဟောန္တိ-ဖြစ်ကုန်၏</mark>၊ ပဉ္စ – ငါးပါးကုန်သော၊ <mark>စိတ္တာနိ-စိတ်တို့သည်</mark>
အဂ္ဂမဂ္ဂဖလဌပိတေ - အရဟတ္တမဂ် အရဟတ္တဖိုလ်သည် ကြဉ်
အပ်သော အလုံးစုံသော အာရုံ၌၊ <mark>ဟောန္တိ-ဖြစ်ကုန်၏</mark>၊ ဆ-ခြောက်
ပါးသော စိတ်တို့သည်ကား၊ သဗ္ဗတ္ထ - အလုံးစုံသော အာရုံ၌၊
<mark>ဟောန္တိ-ဖြစ်ကုန်၏</mark>၊ ဣတိ-ဤသို့၊ တက္က-ဆိုအပ်သော အာရမဏ သင်္ဂဟ၌၊
<mark>သတ္တ</mark>-ခုနစ်ပါး အပြားအားဖြင့်၊ <mark>သင်္ဂဟော</mark> – ပေါင်းယူ ရေ
တွက်ခြင်းသည်၊ ဟောတိ-ဖြစ်၏။ [ ဧကန်သင်္ဂဟ ၄-အနေကန်
သင်္ဂဟ ၃ ကို “<mark>သတ္တ</mark>ာ” ဟု ဆိုသည်။ ]

၂ ဘို့ ၃ ဘို့ စသည်ကို <mark>အာရုံ</mark>ပြုသောစိတ်ကို အနေကန် <mark>အာရုံ</mark>ပြုသော
စိတ်ဟု ဆိုသည်။ ဝိသာနုတ္တရမုတ္တမှိ-၌ လောကုတ္တရာမှ တပါးသော<mark>အာရုံ</mark>ကို
<mark>အာရုံ</mark>ပြုသည်ဟုဆိုလျှင် <mark>ကာမ</mark> မဟဂ္ဂုတ် ပညတ် ၃ မျိုးကို<mark>အာရုံ</mark>ပြုနိုင်ကြောင်း
သိသာပြီ၊ [အနေကန္တ-အနေက=များသော+အန္တ=အဘို့ အစု၊ ဝါ-
အနေကန်။ ] ပဉ္စသ-ဆ-စသော သင်္ချာတို့၏ သင်္ချေယျ သရုပ်ကို ပါဠိ
အကျယ်ကြည့်၍ ရေတွက်လေ။

### လေ့ကျင့်ခဏ်း မေးခွန်းများ

က။ အဘယ်စကားရပ်ကို အာရမဏ သင်္ဂဟ ဟု ခေါ်သနည်း။

ခ ။ ရူပ <mark>သဒ္ဒ</mark> ဂန္ဓ ရသ ဖေါဋ္ဌဗ္ဗာရုံတို့၏ တရားကိုယ်ကို ကောက်ပြပါ။
ဓမ္မာရုံသည် မည်မျှပြားသနည်း, သင်္ဂြိုဟ်ထောက်၍ ရေတွက်ပါ။

ဃ။ စက္ခုဒွါရိကစိတ် ၄၆ ပါးသည် အဘယ် <mark>အာရုံ</mark>ကို <mark>အာရုံ</mark>ပြုသနည်း,
သင်္ဂြိုဟ်အထောက်ပြပါ။

သောတဒွါရိကစိတ် – ဃာနဒွါရိကစိတ် – ဇိဝှါဒွါရိကစိတ် – ကာယ
ဒွါရိကစိတ် တို့သည် ဘယ်<mark>အာရုံ</mark>ကို အသီးအသီး <mark>အာရုံ</mark>ပြုကြသနည်း,
အထောက်ပြပါ။

မနောဒွါရိကစိတ် တို့သည် အဘယ် <mark>အာရုံ</mark>ကို <mark>အာရုံ</mark> ပြုကြသနည်း,
အထောက်ပြပါ။

ဆ။ ပဋိသန္ဓေ ဘဝင် စုတိစိတ်တို့သည် ဘယ်<mark>အာရုံ</mark>ကို <mark>အာရုံ</mark>ပြုကြသနည်း,
အထောက်ပြပါ။

ဇ ။ <mark>အာရုံ</mark> တမျိုးထည်းကိုသာ <mark>အာရုံ</mark>ပြုသော စိတ်တို့ မည်မျှ ရှိသနည်း,
အထောက်ပြပါ။

၅။ <mark>အာရုံ</mark> ၅ မျိုးကို <mark>အာရုံ</mark>ပြုသောစိတ် မည်မျှနည်း, အထောက်ပြပါ။

ည။ သင်္ဂဟ ၂ဂါထာကို အနက်ပေးပြီးလျှင်, ပဌမဂါထာသည် ဘာကိုပြ၍,
ဒုတိယဂါထာက ဘာကိုပြသည် ဟု ဖေါ်ပြပါ။

[ ဤအာရမဏသင်္ဂဟသည် အဘိဓမ္မာဆိုင်ရာ၌ အသုံးအများဆုံးဖြစ်၏၊
<mark>ထို့ကြောင့်</mark> ပရိတ္တာရမဏတိက် – အတီတာရမဏတိက် – အဇ္ဈတ္တာရမဏ
တိက် စသော <mark>အာရုံ</mark>ပြုဆိုင်ရာ ညဝါ နေ့ဝါတို့၌ ကျေးဇူး များဘို့ရာ ဆရာ
စဉ်ဆက်တို့ ပို့ချရိုးဖြစ်သော ဧကန် အနေကန် <mark>အာရုံ</mark>ပြု အကျယ်ကိုလည်း
ဆက်လက်၍ လေ့လာကြပါကုန်။ ]

---

## Trang 88

### ဧကန်လင်္ကာ

> [ဆောင်] ပဉ္စဝီ-<mark>ကာမ</mark>, ဆ-မဂ္ဂါ, ရှစ်ဖြာ-နိဗ္ဗာန်, နာမ်-တဆဲ့လေး,
> တေရသ-ရုပ်, 'ပစ္စုပ်-ထိုတူ, တိတ်မူ-ဆမှတ်,နာဂတ်-မရှိ
> ဝိမုတ် – နှစ်ဆဲ့ကိုး, ( ရှေးရိုး ကျမ်းညီ, ) ဧကဝီ – ပညတ်,
> ပရမတ္ထနဝတိံသာ, ဆဓာ-အဇ္ဈတ်, ဗာဟုဘ်-ဆမ္ဘီ, နှစ်စီ-
> ပဉ္စ ဓမ္မ-သုံးဆဲ့ငါး, တပါး-ဌဝီ, ဒွေးနှစ်လီတည်း, ငါးလီမှာ-
> သုံး, ဆဲ့နှစ်—သုံးပင်, (သီကုံး ချိုး) ဆဲ့လေး'ကိုးလီ, ပဉ္စဝီ'
> သုံးတန်, ဧကန် ရှေးရှု, <mark>အာရုံ</mark>ပြုသည်, သောတုနောင်လာ
> မခဲတည်း။

### အနေကန်လင်္ကာ

> [ဆောင်] မခဲစေရန်, အနေကန်ကို, အကျဉ်းဆိုအံ့, ပိုယိုကင်းပ, <mark>ကာမ</mark>
> မဟဂ္ဂုတ်, ဝိမုတ်-ပညတ်, ပရမတ်ဟု, ငါးရပ်တူလစ်, သုံးဆဲ့
> တစ်စီ၊ ပစ္စုပ်-တီတ, နာဂတနှင့်, ဓမ္မ-ရုပ်-နာမ်, ခြောက်တန်
> ပေါင်းရုံး, လေးဆဲ့သုံးစီ၊ သုံးလီ အဇ္ဈတ်, စွဲလတ်မှီရောက်
> ငါးဆဲ ခြောက်မှန်၊ နိဗ္ဗာန်ဧက်ဒသ၊ ပဉ္စ၌ဝယ်, လေးဆယ်နှင့်
> ခြောက်, ရွေးကောက်စေမှ, ဥဒါန်းပြုသည် ……… စေ့ငုဘန်ခါ
> ထပ်လဲတည်း။...

[နာမ်တဘို့’ရုပ်တဘို့တွဲ၊ ဤတွင် တဘို့ကိုသာ<mark>အာရုံ</mark>ပြုလျှင် ဧကန်<mark>အာရုံ</mark>
ပြုသောစိတ်, နှစ်ဘို့လုံးကို<mark>အာရုံ</mark>ပြုလျှင် အနေကန် <mark>အာရုံ</mark>ပြုသောစိတ်ဟုမှတ်,
နောက်အတွဲများ၌လည်း ဤနည်းပင်၊ <mark>ပစ္စုပ္ပန်</mark>’အတိတ်’အနာဂတ်’ကာလ
ဝိမုတ်-လေးဘို့တတွဲ၊ ပညတ်-ပရမတ်တတွဲ၊ အဇ္ဈတ္တ’ဗဟိဒ္ဓ အဇ္ဈတ္တဗဟိဒ္ဓ-
သုံးဘို့တတွဲ၊ ရူပါရုံ စသော <mark>အာရုံ</mark>ခြောက်ဘို့တတွဲ၊ တပါး<mark>အာရုံ</mark> – နှစ်ပါး
<mark>အာရုံ</mark>’ငါးပါး<mark>အာရုံ</mark> – ဆဲ့နှစ်ပါး<mark>အာရုံ</mark> –– လေးပါး<mark>အာရုံ</mark>’ နှစ်ဆဲ့တပါး
<mark>အာရုံ</mark> တတွဲ။

### လင်္<mark>ကာမ</mark>ျား၏ အကျယ် အရကောက်

၁၆၇

[ ဧကန် အနေကန် ယှဉ်တွဲ၍ရေးမည်, သင်္ချာကို လင်္ကာအတိုင်းသိ။]

ပဉ္စဝီ<mark>ကာမ</mark> – ဝိပါက်<mark>ကာမ</mark>, ပဉ္စဒွါရာ, ဝဇ္ဇနာတည့်, ဟသိတုပ္ပ, <mark>ပဉ္စဝီသ</mark>ံ,
ကာမ မှန်, ဧကန် <mark>အာရုံ</mark>ပြု။ ။ဟသိ ကြဉ်သော, <mark>ကာမ</mark>ဇော,
ဝုဋ္ဌော--ဘိညာစု........ရံတခါတုံ, ကာမစုံ, <mark>အာရုံ</mark> သူတို့ပြု၊ ၃၁

မဟဂ္ဂါ’မဟဂ္ဂုတ်မှာ, မြဲပြုလာ, ဝိညာ နေဝါခြေခံ ။အနေကန်တဲ့,
ယခင်ကျွဲ, သုံးဆဲ့တစ်ဟု ကောက်။
ဆ

ရှစ်ဖြာနိဗ္ဗာန် – လောကုတ္တရံ, စိတ်ရှစ်တန်, နိဗ္ဗာန် ဧကန်ရောက်။ ။
သမ္ပယုတ်ဆို, ကုသိုလ်မဟာ, ကြိယာနှင့်, ဘိညာ ဝုဋ္ဌော, ဆဲ့တစ်
ဟော, မှတ်လော နေကန်လှောက်။

နာမ်တဆဲ လေး — ဝိညာ နေဝါ, လောကုတ္တာ, နာမ်မှာ တည့်လေး။
ယင်းက ဧကန်, အနေကန်တုံ, တဒါရုံနှော, <mark>ကာမ</mark>ဇော, ဝုဋ္ဌော
ဘိညာဒွေး။၃

တေရသရုပ် – ပဉ္စဝိညာ, မနောဓာ, ရုပ်သာ ဧကန်ရွေး။ ။အနေကန်တဲ့,
နာမ်လိုကျွဲ, လေးသုံးပါးရေး။၄၃

ပစ္စုပ် ထို့တူ စသည် – ပစ္စုပ် ဧကန် , ရုပ်တူ ကြံလော, တီတံ အတွက်,
မဟဂ္ဂုတ်မျိုး, (မရှိရိုးမှတ်, နာဂတ် ဧကန်, ) သုံးမျိုးဆံ, နေကန်
နာမ်သို့ တွေး။

ဝိမုတ်နှစ် ဆဲ ကိုး’ကာလဝိမုတ်, ဧကန်ထုတ်က, ရူပ-အာကာ, အာကိဉ်ပါ,
ရှစ်ဖြာ လောကုတ်ရေး။

ဧကဝီပညတ် – ပညတ်ကိုမျှ, ဧကန္တကား, ရူပ် - အာကာ, အာကိဉ်ပါ,
ပေါင်းကာ ဧက်<mark>ဝီသ</mark>ေး။ ။ဝိမုတ် … ပညတ်, ပရမတ်တို့, မှတ်ဘို့
နေကန်, <mark>ကာမ</mark>ထံ, နည်းခံ အပ်လေသေး။

---

## Trang 89

ပရမတ္ထနဝတိံသာ — <mark>ကာမ</mark> မဟဂ္ဂ, မြတ် နိဗ္ဗာန်, ဧကန် စိတ်စုတွေး။
ပရမတ်ဘွဲ့, ဧကန်တဲ့, သုံးဆဲ့ကိုးပါးရေး။

ဆဓာအဇ္ဈတ် —— <mark>အခ</mark>ျွတ်ဧကန်, မဟဂ္ဂ, နည်းခံ ယူမနှေး။
<mark>ကာမ</mark>စိတ်
တွင်, အဘိညာဉ်, ထည့်လျှင် နေကန်ရေး။

<mark>ဗာဟိဒ်</mark>ဆဗွီ'— ဗဟိဒ္ဓမှန်, ဧကန် ဟူက , ရူပ အာကာ, လောကုတ္တာ,
ခြောက်ဖြာ နှစ်ဆယ်ရေး။ ။အနေကန်မူ, အဇ္ဈတ်တူ, နည်းယူ
မှန် မဝေး။

[နတ္ထိဘော ပညတ် ဟူသည် ပဌမာရုပ္ပဝိညာဏ် ဟူသော အဇ္ဈတ္တ
သက်သက်
တရား၏ မရှိခြင်း အဘာဝ ပညတ် ဖြစ်သောကြောင့် အဇ္ဈတ္တ
လည်း မဟုတ်, ဗဟိဒ္ဓ စစ်စစ်လည်း မဟုတ်ရကား ၎င်းနတ္ထိဘောပညတ်ကို
<mark>အာရုံ</mark> ပြုသော အာကိဉ္စညာယတနစိတ် ၃ ပါးသည် အဇ္ဈတ္တကို <mark>အာရုံ</mark>
ပြုသော စိတ်တွင်လည်း မပါ, ဗဟိဒ္ဓကို <mark>အာရုံ</mark>ပြုသော စိတ်တွင်လည်း မပါ,
အဇ္ဈတ္တာရမဏ တိက်မုတ်သာ ဖြစ်မည်။]

နှစ်စီပဉ္စ'ရူပ<mark>သဒ္ဒ</mark>, ဂန္ဓ ရသာ, ဖေါဋ္ဌဗ္ဗာ, ငါးဖြာ <mark>အာရုံ</mark> ရေး။
စက္ခု သောတ, ဃာန ဇိဝှါ, ကာယပါ, စဉ်ကာ ဝိညာဏ်ဒွေး။ ။
နှစ်စီ .ဧကန်, အနေကန်ဟော, နာမ် သဘောတွင်, မနောဓာတ်
တွဲ, <mark>ထည့်လေ့</mark>, လေးရဲ့ခြောက် ဟု တွေး။

ဓမ္မသုံးဆဲ့ငါး'ဓမ္မာရုံတွက်, ဧကန် ထွက်က, မဟဂ္ဂုတ်ဝယ်, လောကုတ်
ဆွယ်, သုံးဆယ် ငါးပါး တွေး။ ။အနေကန်မူ, နာမ် နည်းတူ,
မှတ်ယူ အပ်လေသေး။

တပါးဌဝီ'တပါးစီပြ, ဧကန္တ, ပဉ္စဝိညာဏ်ဒွေး။ ။အာကာ-အာကိဉ်
ခြောက်ခုချိန်, ဝိညာ-နေဝါလေး။ ။ကြိယာပစ်, လောကုတ်ရှစ်,
ပေါင်းစစ် ဌ<mark>ဝီသ</mark>ေး။

### နိဿယနှင့်အဓိပ္ပါယ်

၁၆၉

ဒွေးနှစ် လိ'ဝိညာနေဝါ, ကြိယာ,နှစ်ဖြာ ဧကန်ရေး၊ [ ဝိညာဏဉ္စာယတန
ကြိယာစိတ်, နေဝသညာနာသညာယတနကြိယာစိတ် ၂ ပါးကား
အာကာသာနဉ္စာယတန ကုသိုလ်ကြိယာနှင့် အာကိဉ္စညာယတန
ကုသိုလ်ကြိယာနှစ်ပါးစီကို <mark>အာရုံ</mark>ပြုသည်။ ]

ငါးလိမှာသုံး'မနောဓာတ်ဟု, ဤသုံးခု, ငါးခုဧကန်တွေး၊ [ရူပါရုံစသော
<mark>အာရုံ</mark>ငါးပါးကို <mark>အာရုံ</mark>ပြုသည် ဟူလို။ ]

ဆဲ့နှစ်သုံးပင်'ပဉ္စမဈာန်, ရူပမှန်, ဧကန်ဆဲ့နှစ်ပေး။

ဆဲလေးကိုးလီ'ဒု-တ-စတုတ္ထ, ယင်းရူပံ, ဧကန်တဆဲ လေး။

<mark>ပဉ္စဝီသ</mark>ုံးတန်'နှစ်ဆဲ့ ငါးတန်, ပြုဧကန်, ဈာန်ပဌမ တေး၊ [ “တတ္ထာပိ
ဒသကသိဏာနိ”စသော ကမ္မဋ္ဌာန်းပိုင်းကို ကြည့်လေ။]

၎င်းတို့၏ အဓိပ္ပါယ်မှာ လွန်စွာကျယ်ဝန်း၍၎င်း <mark>အခ</mark>ျိန်ရောက်က အလို
အလျောက် သိနိုင်သောကြောင့်၎င်း မရေးတော့ပြီ၊ <mark>ထို့ပြင်</mark> အလေးအမြတ်
ပြုအပ်သော <mark>အာရုံ</mark>’အလေးအမြတ် ပြုတတ်သော စိတ်များလည်း ရှိသေး၏၊
၎င်းတို့ဆိုင်ရာ အာရမဏာဓိပတိ ပစ္စည်းအဖွင့် ဘာသာဋီကာ၌ ဆိုထားပြီး

### စေတသိက် ကို ရေတွက်ခြင်း။

အပ္ပမညာသည် ရူပါရုံ အစရှိသော
<mark>အာရုံ</mark>ငါးပါးကို မပြု’ပညတ်ဓမ္မာရုံကိုသာ <mark>အာရုံ</mark>ပြုရကား ရူပါရုံကို <mark>အာရုံ</mark>
ပြုသော စေတသိက် ၅ဝ တည်း၊ <mark>သဒ္ဒ</mark> ဂန္ဓ ရသ ဖေါဋ္ဌဗ္ဗာရုံတို့၌ ၎င်းနည်းပင်၊
ဓမ္မာရုံကိုကား စေတသိက် ၅၂ ပါးလုံးက <mark>အာရုံ</mark>ပြု၏၊ အဇ္ဈတ္တ စသည်ကို
<mark>အာရုံ</mark>ပြုရာ၌ကား.......

> [ဆောင်] ငါးဆဲ့နှစ်ခု, စေတသိက်စုတွင်, အကုသလာ, လောကီ
> သာတည်း၊ ဣဿာပမဉ်, ပယ်ကြဉ်အဖွဲ့၊ လောက ဖြစ်ဘိ,
> ဝိရတိမူ, <mark>ဝီတိက္ကမိတဗ္ဗ</mark>, သမုတ်ရသည့်, <mark>ကာမ</mark>'နာမ် – ရုပ်,

---

## Trang 90

<mark>ပစ္စုပ္ပန်</mark>မှတ်, စွဲမှီကပ်၏။ နောက်ထပ် ဝိရတီ, လောကုတ်
သည်ကား, ရွှေပြည်ခေမာ, အပ္ပမာဏ, ကာလ<mark>ဝိမုတ်,ဖွင့်</mark>
ထုတ်လေအပ်၊ ပညတ် ပမညာ, ဝိမုတ္တာဟု, <mark>အာရုံ</mark>ပြုလျှင်း၊
ကြွင်းလေသမျှ, <mark>တေတ္တိံသ</mark>မှာ, သယ်ဟာတခု, <mark>အာရုံ</mark>စုကို,
မပြု မရှိလေဘူးတည်း။

အကုသလာ, လောကီသာတည်း — အကုသိုလ် စေတသိက်တို့ကား
( အကုသိုလ်စိတ် နှင့် တူစွာ ) လောကီ <mark>အာရုံ</mark>ကိုသာ <mark>အာရုံ</mark>ပြုကြသည်၊
လောကုတ္တရာကို မပြု။

ဣဿာပမဉ်, ပယ်ကြဉ်အဖွဲ့ — ဣဿာနှင့် အပ္ပမညာသည် အဇ္ဈတ္တကို
(မိမိသန္တာန်ရှိ တရားကို) <mark>အာရုံ</mark> မပြု။

လောက ဖြစ် ဘိ၊ပေ၊စွဲမှီကပ်၏ — လောကီဝိရတိ ၃ ပါးသည် “ဝီတိက္ကမိ
တဗ္ဗဝတ္ထု” ဟု ခေါ်ဝေါ်သမုတ်အပ်သော <mark>ကာမ</mark>စိတ်’စေတသိက်ဟူသော
နာမ်တရားနှင့် ရုပ်တရားများကို <mark>အာရုံ</mark>ပြု၏၊ ထို တရားများလည်း <mark>ပစ္စုပ္ပန်</mark>သာ,
အနာဂတ် မဟုတ်။

နောက်ထပ်ဝိရတီ ၊ ပေ ၊ ကာလဝိမုတ် — လောကုတ္တရာ ဝိရတိကား
နိဗ္ဗာန်ဟူသော ကာလဝိမုတ် <mark>အပ္ပမာဏ</mark>တရားကို <mark>အာရုံ</mark>ပြုသည်။

ပညတ်ပမညာ, ဝိမုတ္တာဟု — အပ္ပမညာလည်း ကာလဝိမုတ် ဖြစ်သော
<mark>သတ္တဝါ</mark>ပညတ်ကို <mark>အာရုံ</mark>ပြုသည်။

ဤ သရုပ်ထုတ်ပြခဲ့သော စေတသိက်များမှ ကြွင်းသော စေတသိက်
ပေါင်း ၃၃ ကား ဘယ်<mark>အာရုံ</mark>မျိုးမဆို <mark>အာရုံ</mark> ပြနိုင်ကြသည်'ဟူလို။ [မာတိကာ
အကောက်၌ ကျေးဇူးများ၏, သတိထားခဲ့ပါ၊ ရှေးဆရာများက “မစ္ဆရိယ
သည့် ဗဟိဒ္ဓကို <mark>အာရုံ</mark> မပြု၊ လောကီ ဝိရတိသည့် အနာဂတ်ကိုလည်း
<mark>အာရုံ</mark>ပြု၏”ဟု ဆိုကြသေး၏၊ ဤကျမ်း၏အဆိုကို ထိုစေတသိက်များ၏အဖွင့်
ဘာသာဋီကာတွင် ကြည့်လေ။

### လေ့ကျင့်ခဏ်း မေးခွန်းများ

၁၇၁

က။ “<mark>ပဉ္စဝီသ</mark> ပရိတ္တမှိ” အရ <mark>ကာမ</mark>တရားကို ဧကန် <mark>အာရုံ</mark>ပြုသောစိတ်
မည်မျှနည်း, သင်္ဂြိုဟ် အကျယ် ပါဠိကိုထောက်၍ ကောက်ပြပါ။

ခ ။ <mark>ကာမ</mark> တရားကို အနေကန် <mark>အာရုံ</mark>ပြုသောစိတ် မည်မျှနည်း, လင်္ကာ
သံပေါက်ကို ထောက်၍ ကောက်ပြပါ။ [မာတိကာ၌ ပရိတ္တာရမဏ
ပုဒ်အရ ဖြစ်လတ္တံ့။ ]

ဃ ။ “ဆ <mark>စိတ္တာနိ</mark> မဟဂ္ဂတေ” အရ မဟဂ္ဂုတ်ကို ဧကန်<mark>အာရုံ</mark>ပြုသောစိတ်
မည်မျှနည်း, သင်္ဂြိုဟ်အကျယ် ပါဠိထောက်၍ ကောက်ပြပါ။

မဟဂ္ဂုတ်တရားကို အနေကန် <mark>အာရုံ</mark>ပြုသောစိတ် မည်မျှနည်း, လင်္ကာ
သံပေါက်ကို ထောက်၍ ကောက်ပြပါ။ [မဟဂ္ဂတာရမဏပုဒ် - အရ
ဖြစ်လတံ့။]

“ဧကဝီသတိ <mark>ဝေါဟာရေ</mark>” အရ ပညတ်ကို ဧကန်<mark>အာရုံ</mark>ပြုသောစိတ်
မည်မျှရှိသနည်း, သင်္ဂြိုဟ် အကျယ်ပါဠိထောက်၍ ကောက်ပြပါ။

ပညတ်ကို အနေကန် <mark>အာရုံ</mark>ပြုသောစိတ် မည်မျှနည်း, လင်္ကာသံပေါက်
ထောက်၍ ကောက်ပြပါ။ [ပရိတ္တာရမဏ တိက်မုတ်- အရ ဖြစ်လတံ့။ ]

“အဋ္ဌ နိဗ္ဗာနဂေါစရေ” အရ နိဗ္ဗာန်ကို ဧကန်<mark>အာရုံ</mark>ပြုသောစိတ်
မည်မျှ ရှိသနည်း, သင်္ဂြိုဟ်ထောက်၍ ကောက်ပြပါ။

နိဗ္ဗာန်ကို အနေကန် <mark>အာရုံ</mark>ပြုသောစိတ် မည်မျှနည်း, လင်္ကာသံပေါက်
ထောက်၍ ကောက်ပြပါ။ [ <mark>အပ္ပမာဏ</mark>ာရမဏပုဒ်- အရ ဖြစ်လတံ့။]

၅။ အတိတ်တရားကို ဧကန် <mark>အာရုံ</mark>ပြုသောစိတ်, အနေကန် <mark>အာရုံ</mark>ပြုသော
စိတ်တို့ မည်မျှစီ ရှိသနည်း, လင်္ကာသံပေါက်ထောက်၍ သရုပ်ကောက်
ပြပါ။ [အတီတာရမဏပုဒ်-အရ ဖြစ်လတ္တံ့။ ]

---


---

## ❓ မေးခွန်းထုတ်စရာများနှင့် အထူးမှတ်ချက်များ

1. **ပါဠိအရေးကြီး:** `အဂ္ဂမဂ္ဂဖဗုတေ` ကို နိဿယအရ ("အရဟတ္တမဂ် အရဟတ္တဖိုလ်သည် ကြဉ်အပ်သော") `အဂ္ဂမဂ္ဂဖလဌပိတေ` အဖြစ် ပြန်လည်တည်ဆောက်ထားသည်။ ယုံကြည်မှုမြင့်သော်လည်း [OCR_UNCERTAIN] ဟု မှတ်သားထားသည်။
2. **"စေတသိက် ကို ရေတွက်ခြင်း" အပိုင်း:** အာရမ္မဏသင်္ဂဟမှ စေတသိက်သင်္ဂဟသို့ ကူးပြောင်းသည့်အပိုင်း။ စာ ၈၉-၉၀ အဆုံးရှိ ဆောင်ပုဒ်သည် စာမျက်နှာခွဲမှုကြောင့် ပြတ်တောက်နေရာ ပြန်ဆက်ထားသည်။
3. **အထူး header:** စာ ၈၈ header `၁၉၆` (OCR အမှား: ၆→၉၊ အမှန်မှာ `၁၆၆`)။ မူရင်းစာအုပ်စာမျက်နှာ နံပါတ်များ (၁၆၃၊ ၁၆၇၊ ၁၆၉၊ ၁၇၁) ကို စာမျက်နှာအမှတ်အသားအဖြစ် ထားရှိသည်။
4. **လင်္ကာပုံစံ:** လင်္ကာများ (ဧကန်လင်္ကာ၊ အနေကန်လင်္ကာ၊ ဆောင်ပုဒ်) ကို စုဏ္ဏိယနှင့် ခွဲခြားရန် blockquote ပုံစံဖြင့် ဖော်ပြထားသည်။
5. **တိကျမှု ~၉၃%:** နေရာလွတ်နှင့် ပုဒ်ဖြတ်ပုဒ်ရပ်ဆိုင်ရာ အသေးစားအမှားအချို့ ကျန်ရှိနိုင်သည် (ပါဠိ + နိဿယ + မြန်မာရှင်းလင်းချက် + လင်္ကာ စသည့် ဘာသာစကားအလွှာများစွာ ရောနှောနေသောကြောင့်)။
