## Trang 101

ဝါ-ထင်ခြင်းသို့၊ <mark>ယဒိ အာဂစ္ဆတိ</mark> - အကယ်၍ ရောက်လာအံ့၊
တတော-ထိုသို့ ထင်လာသည်ရှိသော်၊ ဝါ-ထိုသို့ထင်လာခြင်း
ကြောင့်၊ <mark>ဒွိက္ခတ္တုံ</mark>-နှစ်ကြိမ်၊ <mark>ဘဝင်</mark>္ဂေ-သည်၊ စလိတေ-လျှပ်ပြီး
သည်ရှိသော်၊ <mark>ဘဝင်</mark>္ဂသောတံ-ဘဝင်အယဉ်ကို၊ <mark>ဝေါစိန္ဒိတွာ</mark>-ဖြတ်
တသ္မာ၊ ပေ၊ <mark>အာပါထမာဂစ္ဆတိ</mark>-ဤစကားရပ်ကား ပြအပ်ခဲ့သော
ဝိသယပ္ပဝတ္တိတို့တွင် အတိမဟန္တဝိသယပ္ပဝတ္တိ (အတိမဟန္တာရုံ၏ဖြစ်ပုံ) ကို
ပြလို၍ ကြံစီ ပြောဆိုအပ်သော ပရိကပ္ပ စကားတည်း။

ရူပါရုံ စသော အာရုံငါးပါးသည် ဥပါဒ်ပြီးနောက် စိတ္တက္ခဏ <mark>တစ်ချက်</mark>ခန့်
လွန်မှသော်၎င်း, များစွာသော စိတ္တက္ခဏကို လွန်ပြီးမှသော်၎င်း, ထင်လာ
တတ်လေရာ, ဤနေရာ၌ စိတ္တက္ခဏ <mark>တစ်ချက်</mark>ခန့်အလွန်တွင် အကယ်၍ကျရောက်
ထင်လာငြားအံ့၊ " ကျရောက် ထင်လာပြီ ဆိုပါတော့ " ဟူလို။

ဤ စကားအရ — စက္ခုပသာဒ၌ ထင်သည့်အခါ ရူပါရုံသည့် စိတ္တက္ခဏ
<mark>တစ်ချက်</mark>ခန့် ကာလကို လွန်ခဲ့ပြီ ဟု မှတ်၊ ထို လွန်ခဲ့ရာ ကာလ၌ ဖြစ်သော
<mark>ဘဝင်</mark>စိတ်ကိုလည်း အတီတ <mark>ဘဝင်</mark> ( ရူပါရုံ ထင်ရာကာလကို ထောက်၍
အတိတ် <mark>ဘဝင်</mark>-လွန်ပြီး <mark>ဘဝင်</mark>) ဟု နာမည် တပ်ရသည်။

> **ဆောင်။** အာရုံသီးသီး, ဖြစ်ပြီးသည့်နောက်, ထင်ရာထောက်၍
> လွန်မြောက်ခဲ့ရိပ်, အတိတ် ခေါ်ငြား, <mark>ဘဝင်</mark>များ,
> မှတ်သား အတီတ။

---

တတော <mark>ဒွိက္ခတ္တုံ</mark> ဘဝင်္ဂစလိတေ-ထို ရူပါရုံထင်လာမှုကြောင့် <mark>ဘဝင်</mark>
နှစ်ကြိမ်လှုပ်သည်၊ ချဲ့အံ့ — <mark>ဘဝင်</mark>စိတ်သည့် ကံ ကမ္မနိမိတ် ဂတိနိမိတ်
၃ ပါးတွင် <mark>တစ်ပါး</mark>ပါးကို အာရုံပြုနေစဉ်, ထင်လာသော အာရုံသစ်ကြောင့်
ယူနေဆဲ အာရုံကို စွဲမြဲစွာလည်း မယူနိုင်, လွှတ်လည်း မလွှတ်သေးဘဲ,
ပင်ကိုယ်သဘောမှ ဖေါက်ပြား၍ ၂ ကြိမ်တိုင်တိုင် လှုပ်ချော့ချားမှုကို "<mark>ဘဝင်</mark>
လှုပ်" ဟု ခေါ်သည်။

> **ဆောင်။** အသစ်အာရုံ, ထင်လာတုံလျှင်, စိတ်<mark>ဘဝင်</mark>တို့, ပင်ကိုယ်
> ယူဆဲ, အာရုံထဲ၌ မစွဲမြဲငြား, လှုပ်ချော့ချား, မှတ်သား
> ဘဝင်လှုပ်။

<mark>ဒွိက္ခတ္တုံ</mark> ဘဝင်္ဂစလိတေ ဤ စကားအရ လှုပ်ရှားသော <mark>ဘဝင်</mark>
၂ ကြိမ်ကို " <mark>ဘဝင်</mark>္ဂစလန " ဟု နာမည် တပ်သင့်၏၊ သို့သော် ဒုတိယ<mark>ဘဝင်</mark>္ဂ
စလနကို " <mark>ဘဝင်</mark>္ဂုပစ္ဆေဒ " ဟု နောက်ဆရာတို့ နာမည်တပ်ကြသည်၊
[ဘင်္ဂ+ဥပစ္ဆေဒ။ ဥပစ္ဆေဒ-ပြတ်စဲသော+ဘင်္ဂ-<mark>ဘဝင်</mark>။]

<mark>ဘဝင်</mark>္ဂသောတံ၊ ပေ၊ ပဉ္စဒွါရာဝဇ္ဇနစိတ္တံ — ထို့နောက် <mark>ဘဝင်</mark>အစဉ်ကို
ဖြတ်လျက် ထင်လာသော အာရုံသစ်ကို ဆင်ခြင်သကဲ့သို့ ဖြစ်သော ပဉ္စဒွါရာ
ဝဇ္ဇန်းစိတ် ဖြစ်၍ ချုပ်၏။

---

## Trang 102

တတော၊ ပေ၊ ဝေါဋ္ဌပနစိတ္တံ-ထို့နောက် ထိုရူပါရုံကို မြင်တတ်သော
စက္ခုဝိညာဏ်စိတ်, ထို ရူပါရုံကို ခံယူသကဲ့သို့ ဖြစ်သော သမ္ပဋိစ္ဆိ ုန်းစိတ်,
ထို ရူပါရုံကို စုံစမ်းသကဲ့သို့ ဖြစ်သော သန္တီရဏစိတ်, ထို ရူပါရုံကို " ရူပါရုံ
အမှန်ပင် "ဟု ဆုံးဖြတ်သကဲ့သို့ ဖြစ်သော ဝေါဋ္ဌောစိတ်တို့ အစဉ်အတိုင်း ဖြစ်ကြ
ချုပ်ကြသည်။ [ဒုတိယအကြိမ်ရိုက်၌ တမျိုးအဓိပ္ပါယ်ပါသွားသည်။ ]

ဤစကားစဉ်များအရ ရူပါရုံသည် ဥပါဒ်သည်မှစ၍ စိတ္တက္ခဏ ၈ ချက်ခန့်
ကြာခဲ့ပြီဟု မှတ်၊ စိတ်အစဉ်များလည်း "အတီတ<mark>ဘဝင်</mark>, <mark>ဘဝင်</mark>္ဂစလန, <mark>ဘဝင်</mark>္ဂု
ပစ္ဆေဒ, ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိ ုန်း, သန္တီရဏ, ဝေါဋ္ဌော" ဟု
၈ ကြိမ် ရှိခဲ့ပြီ။ [ ဝေါတ္ထပေန္တိ ဟု ရှေးပါဠိ ရှိ၏၊ ထို ပါဌ်အတိုင်းဆိုလျှင်
"ဝေါတ္ထပနစိတ္တံ " ဟု ရေးမှ သရနည်းနှင့်သရ ရှေ့သွား နောက်လိုက် ညီမည်၊
ဤ ပါဌ်အလို — "အ+အဝရှေးရှိသော+ထပဓာတ်" ဟု ကြံလေ။]

၄။ တတောပရံ၊ ပေ၊ ယံ ကိဉ္စိ-ဝေါဋ္ဌောစိတ် ချုပ်ပြီးနောက် ဇောစောချိန်
ရောက်လတ်သော် ကာမတရားဖြစ်သော ရူပါရုံကို ကာမဇောကသာ အာရုံ
ပြုနိုင်၏၊ [<mark>အာရမ္မဏ</mark>သင်္ဂဟကြည့်] ထို့ကြောင့် ကာမဇော <mark>တစ်ခု</mark>ယုတ် သုံး
ဆယ်တွင် <mark>တစ်ပါး</mark>ပါးသာ စောနိုင်ခွင့် ရှိသည်။

လဒ္ဓပစ္စယံ — ရအပ်သော ယောနိသော မနသိကာရ စသော
အကြောင်းရှိသည် ဖြစ်၍၊ ယေဘုယျေန — များသော အားဖြင့်၊
<mark>သတ္တက္ခတ္တုံ</mark>-ခုနစ်ကြိမ်၊ ဇဝတိ-အဟုန်ပြင်းစွာ ဖြစ်ပေါ်လာ၏၊
ဝါ-စော၏။

---

ဇဝနာနုဗန္ဓနိ - ဇောသို့ အစဉ်လိုက်ကုန်သော၊ <mark>ဒွေ</mark>-နှစ်
ကြိမ်ကုန်သော၊ တဒါရမ္မဏပါကာနိစ-တဒါရုံဝိပါက်စိတ်တို့
သည်လည်း၊

---

လဒ္ဓပစ္စယံ-ထိုသို့စောရာ၌လည်း မိမိဆိုင်ရာအကြောင်းအားလျော်စွာ
စောကြသည်၊ " ယောနိသော မနသိကာရ ( အသင့်အတင့် နှလုံးသွင်းမှ )
ဟူသော အကြောင်းရှိလျှင် ကုသိုလ်ဇော <mark>တစ်ပါး</mark>ပါးစော၏၊ အယောနိသော
မနသိကာရ ( မသင့်မတင့် နှလုံးသွင်းမှ ) ဟူသော အကြောင်းရှိလျှင် အကု
သိုလ်ဇော <mark>တစ်ပါး</mark>ပါးစော၏၊ အနုသယကင်းသော ရဟန္တာ သန္တာန်ဖြစ်လျှင်
ကြိယာဇော <mark>တစ်ပါး</mark>ပါးစော၏" ဟူလို။

ယေဘုယျေန <mark>သတ္တက္ခတ္တုံ</mark>-ထိုကဲ့သို့ အခွင့်ရသော ဇောသည် စိတ်
တစ်မျိုးတည်းက ၇ ကြိမ်ထပ်၍ဖြစ်၏။ "၇ ကြိမ်" ဟူသော စကားကိုလည်း
၇ ကြိမ်အဖြစ်များသောကြောင့် ယေဘုယျနည်းအားဖြင့် ဆိုသည်၊ ပကတိ
ရိုးရာအခါ၌ပင် ၆ ကြိမ်စောသော အရာလည်း အနည်းငယ် ရှိနိုင်သေး၏။
ထို့ကြောင့် " ကာမာဝစရဇဝနာနိ <mark>သတ္တက္ခတ္တုံ</mark>, ဆက္ခတ္တမေဝ ဝါ ဇဝန္တိ "
ဟု မိန့်ဦးလတံ့၊ စုတေခါနီးအခါ တွေဝေ မိန်းမောရာ အခါတို့၌ ၅ ကြိမ်မျှ
စောသော အရာလည်း ရှိသေး၏။

> **ဆောင်။** ပင်ကိုယ်ရိုးရာ, ချိန်အခါဝယ်, ခြောက်ကြိမ်သာလည်း, စော
> သတည်းတဲ့၊ တနည်းစုတေ, နီးသူတွေနှင့်, တွေဝေသူ့ တွက်,
> ငါးကြိမ်ဘက်သဖြင့်, <mark>သတ္တက္ခတ္တုံ</mark>, မြဲမကြုံသည်, ယေဘုယျ
> နည်း-မှတ်လေလော့။

---

## Trang 103

ဇဝနာနုဗန္ဓနိ၊ ပေ၊ တဒါရမ္မဏပါကာနိ-ရေညာသို့ ဆန်၍ သင်္ဘော
ခုတ်သွားရာ, အောက်အကြေသို့ စီးဆင်းနေသော ရေအယာဉ်သည် သင်္ဘော
နောက်သို့ အနည်းငယ်ခန့် ကာလမျှ ဆန်တက်လိုက်သွားသကဲ့သို့, ထို့အတူ
ဇောအဆုံးတွင် <mark>ဘဝင်</mark>ကျထိုက်သော်လည်း <mark>ဘဝင်</mark> မကျသေးဘဲ, တဒါရုံ
ကိစ္စတပ်လျက်ဝိပါက်စိတ်(မဟာဝိပါက် ၈-သန္တီရဏ ၃ တွင်) တစ်မျိုးမျိုးသည်
၂ ကြိမ်ထပ်၍ ဇောနောက်သို့ လိုက်ပါသွားလေသည်။ [ ဇောနှင့် သင်္ဘော,
<mark>ဘဝင်</mark>အယာဉ်နှင့် ရေအယာဉ်, တဒါရုံ ၂ ကြိမ် ဖြစ်လျက် ဇောနောက်သို့
လိုက်မှုနှင့် သင်္ဘောနောက်သို့ ရေအယာဉ်လိုက်မှ တူသည်။]

တတောပရံ <mark>ဘဝင်္ဂပါတော</mark> — ဒုတိယတဒါရုံချုပ်ပြီးနောက် <mark>ဝီ</mark>ထိစိတ်
အစဉ်ကုန်သဖြင့် <mark>ဘဝင်</mark>ဘက်သို့ စိတ်အစဉ် ကျလေ၏။ [ <mark>ဝီ</mark>ထိစိတ်တို့၏
ဖြစ်ခြင်းသည့် ထက်ထက်ကြွကြွ ဗျာပါရ ရှိသဖြင့် မြင့်မောက် ကြွတက် သကဲ့သို့
ထင်ရှ၏၊ <mark>ဘဝင်</mark>အစဉ် ဖြစ်ပုံကား ငြိမ်သက်လှသဖြင့် အောက်ကျ နိမ့်ရှိုင်း
သကဲ့သို့ထင်ရ၏၊ ထို့ကြောင့် <mark>ဘဝင်</mark>စိတ်အစဉ်၏ ဖြစ်ခြင်းကို "<mark>ဘဝင်</mark>္ဂပါတ-
<mark>ဘဝင်</mark>ကျခြင်း" ဟု ဆိုသည်။ ]

၅။ ဧတ္တာဝတာ၊ ပေ၊ ပ ပရိပူရေန္တိ-ရူပါရုံဥပါဒ်သည်မှစ၍ ရေတွက်
လျှင် စိတ္တက္ခဏ ၁၇ ချက် ပြည့်ခဲ့ပြီ၊ ပါဠိကြည့်၍ ရေတွက်လေ။

<mark>ဝီ</mark>ထိစိတ္တုပ္ပါဒါ-ဝီထိစိတ္တုပ္ပါဒ်တို့၎င်း၊ <mark>ဒွေ</mark>- ၂ ကြိမ်ကုန်သော၊
<mark>ဘဝင်</mark>္ဂစလနာနိ-<mark>ဘဝင်</mark>္ဂစလနတို့၎င်း၊ [<mark>ဘဝင်</mark>္ဂုပစ္ဆေဒကိုလည်း
<mark>ဘဝင်</mark>္ဂစလန-ဟု ဆိုသည်၊ ပုဗ္ဗေဝ-ရှေးဦးကပင်လျှင်၊ အတီ
တကံ-လွန်နှင့်ပြီးသော၊ ဧကစိတ္တက္ခဏံ-<mark>တစ်ခု</mark>သောစိတ္တက္ခဏ
၎င်း၊ ဣတိ ကတွာ-ဤသို့ပြု၍၊ သတ္တရသစိတ္တက္ခဏာနိ — ၁၇
ချက်သော စိတ္တက္ခဏ တို့သည်၊ ပရိပူရေန္တိ - ပြည့်ကုန်၏၊
တတော-ထိုသို့ ၁၇ ချက် ပြည့်ခြင်းကြောင့်၊ နိရုဇ္ဈတိ-ချုပ်၏
ဧတံ <mark>အာရမ္မဏ</mark>ံ - ဤ အာရုံသည်၊ အတိမဟန္တံ နာမ — အတိ
မဟန္တ မည်သော၊ ဂေါစရံ - အခရံတည်း။ [ တတောပရံ-ဟု
တတောနောက်၌ ပရံ ရှိသည်ကား အပို။]

---

တတော၊ ပေ၊ နိရုဇ္ဈတိ-ရုပ်တို့မည်သည် စိတ္တက္ခဏ ၁၇ ချက်ခန့်သာ
အသက်ရှည်ရကား, ဥပါဒ်ခဲ့သော ရူပါရုံလည်း ၁၇ ချက် အသက်ပြည့်ခြင်း
ကြောင့် ချုပ်ရတော့သည်။

<mark>အာရမ္မဏ</mark> မေတံ အတိမဟန္တံ နာမ-စိတ္တက္ခဏ တစ်ကြိမ် အလွန်တွင်
ထင်လာသည်မှစ၍ရေတွက်လျှင် စိတ္တက္ခဏ ၁၆ချက်ခန့်ကြာသော အာရုံသည်
အသက်အရှည်ဆုံးဖြစ်၏, သည့်ထက်အသက်ရှည်သောအာရုံမရှိ၊ ထို့ကြောင့်
၍ ရူပါရုံသည့် "အတိမဟန္တာရုံ" အမည်ရလေသည်။

### ဝီထိပုံ အတွက် မှာထားချက်

ဤ သင်္ဂြိုဟ်ကျမ်း အဆိုအတိုင်း
တိုက်ရိုက်နားလည်သင့်သော ဝီထိများကို အကျဉ်းချုပ်မျှ နားလည်အောင်
လေ့လာကြရာ၏၊ ဝီထိပုံ၌ " တီ — န " ဤသို့သော ပုံများကို ပြထား၏၊
တီ=အတီတ<mark>ဘဝင်</mark>၊ န=<mark>ဘဝင်</mark>္ဂစလန၊ ဒ=<mark>ဘဝင်</mark>္ဂုပစ္ဆေဒ၊ ပ=ပဉ္စဒွါရာဝဇ္ဇန်း၊
စ=စက္ခုဝိညာဏ်၊ သံ=သမ္ပဋိစ္ဆိ ုန်း၊ ဏ=သန္တီရဏ၊ ဝု=ဝေါဋ္ဌော၊ ဇ=ဇော၊
တ=တဒါရုံ၊ ဘ=<mark>ဘဝင်</mark>, ဟု အတိုချုပ် ရေးထားသည် ဟု မှတ်၊ သုည —

---

## Trang 104

မည်သည့် ကင်းဆိတ်ခြင်း-ဘာမျှမရှိခြင်းဟူသော အနက်ကိုပြ၏။ ခဏဟူသော
ကာလ အတိုကလေးလည်း အထင်အရှား ဘာမျှမရှိ၊ ထို့ကြောင့် " ဝဝဝ "
ဤသို့ ဆက်၍ ပြထားသော သုည ၃ လုံးဖြင့် ထိုထိုစိတ်၏ ဥပါဒ်ခဏ ဌိခဏ
ဘင်ခဏကို အစဉ်အတိုင်း ပြသည်။

> **နှုတ်တက်ဆောင်ရန် ဆိုရိုး**
>
> တဒါရမ္မဏဝါရ စက္ခုဒွါရိက အတိမဟန္တာရုံဝီထိ ဖြစ်ဟန်ကား-ရူပါရုံ
> နှင့် စက္ခုပသာဒတို့ ရှေးရှူအတူ ဥပါဒ်ကြသည်မှစ၍ အတီတဘဝင် <mark>တစ်ချက်</mark>
> အလွန်တွင် စက္ခုပသာဒ၌ ရူပါရုံ ထင်ခြင်းသို့ ရောက်သဖြင့်, <mark>ဘဝင်</mark>္ဂစလန,
> <mark>ဘဝင်</mark>္ဂုပစ္ဆေဒ, ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိ ုန်း, သန္တီရဏ, ဝေါဋ္ဌော,
> ဇော ခုနစ်ကြိမ်, တဒါရုံ နှစ်ကြိမ် ဖြစ်ပြီးလျှင် ရူပါရုံ စက္ခုပသာဒတို့ တဆဲ့
> ခုနစ်ချက် ရုပ်သက်စေ့ရကား, ဒုတိယတဒါရုံ၏ ဘင်နှင့်ပြိုင်၍ချုပ်ခြင်းရှိသော
> ဝီထိသည် "တဒါရမ္မဏဝါရ စက္ခုဒွါရိက အတိမဟန္တာရုံဝီထိ" မည်၏။
> ထို့နောက် <mark>ဘဝင်</mark>ဖြစ်ထိုက်သမျှဖြစ်၏။ [တဒါရုံအဆုံးရှိသော စိတ်အကြိမ်ကို
> တဒါရမ္မဏဝါရ ဟု ခေါ်သည်။ ]

### ဝီထိပုံ

```
တီ န ဒ ပ စ သံ ဏ ဝု ဇ ဇ ဇ ဇ ဇ ဇ ဇ တ တ
ooo ooo ooo ooo ooo ooo ooo ooo ooo ooo ooo ooo ooo ooo
```

ပဉ္စဒွါရာဝဇ္ဇန်းအစ တဒါရုံအဆုံး ရှိသော ဝီထိစိတ် အားလုံးသည် ထင်လာ
သော ပစ္စုပ္ပန် ရူပါရုံကို အာရုံပြုသည်ဟု မှတ်၊ "တတ္ထ ပဉ္စဝိညာဏ ဓာတုယော
၊ ပေ၊ ပဉ္စပသာဒဝတ္ထူနိ နိဿာယေဝ <mark>ပဝတ္တန္တိ</mark>" ကို ထောက်၍ စက္ခုဝိညာဏ်
စိတ်သည် စက္ခုဝတ္ထုရုပ်ကို မှီသည် ဟု မှတ်၊ <mark>ဘဝင်</mark>နှင့်တကွ ကြွင်းသော စိတ်
အားလုံးကား မိမိ ရှေ့က စိတ်နှင့် ပြိုင်၍ဖြစ်သော ဟဒယဝတ္ထု ရုပ်ကိုချည်း
မှီကြသည်။ ဝတ္ထုသင်္ဂဟကို ထောက်လေ၊ သည့်ထက် နက်နဲစွာ စိစစ်ဘွယ်
တို့ကို ဘာသာဋီကာ ဝီထိ ဆိုရိုးနှင့် သုံးချက်စု အဓိပ္ပါယ်တို့၌ စိစစ်ထားပြီ။

### လေ့ကျင့်ခန်း မေးခွန်းများ

**က။** ခဏတ္တယ၌ ခဏ ဟူသည် အဘယ်နည်း။

**ခ။** အဘယ်ကို ဥပါဒ် ဌီ ဘင် ဟု အသီးအသီး ခေါ်သနည်း။

**ဂ။** ဥပါဒ်နှင့် ဥပါဒ်ခဏကို ခွဲခြားပြပါ။

**ဃ။** စိတ် <mark>တစ်ခု</mark><mark>တစ်ခု</mark>သည် အသက် မည်မျှရှိသနည်း, အထောက်ပြပါ။

**င။** လက်ဖျောက်<mark>တစ်ချက်</mark> တီးရာကာလ၌ စိတ်ပေါင်း မည်မျှ ဖြစ်ချုပ်နိုင်
သနည်း။

**စ။** ရုပ်သည် အသက် မည်မျှ ရှည်သနည်း, အထောက်ပြပါ။

**ဆ။** ရုပ်၏ ဌီ ခဏသည် ခဏကြီးအားဖြင့် မည်မျှ, ခဏငယ်သက်သက် အား
ဖြင့် မည်မျှ ကြာသနည်း။

**ဇ။** အဘယ်ကို ပဉ္စဒွါရဝီထိ ဟု ခေါ်သနည်း။

**ဈ။** ရူပါရုံစသည်တို့ စက္ခုစသော ၅ ဒွါရ၌ ဥပါဒ်လျှင်ဥပါဒ်ခြင်း ထင်နိုင်
သလော, ဘယ်အခါကျမှ ထင်နိုင်သနည်း, သင်္ဂြိုဟ်ထောက်ပါ။

**ည။** ရူပါရုံ မထင်မီ လွန်ပြီးသော <mark>ဘဝင်</mark>ကို အဘယ်ကြောင့် အတီတ<mark>ဘဝင်</mark>ဟု
ခေါ်သနည်း, လက်ထောက်ပါ။

---

## Trang 105

**ဋ။** <mark>ဘဝင်</mark>စိတ်၏ ဘယ်ပုံ ဖြစ်မှုကို " <mark>ဘဝင်</mark> လှုပ်သည် " ဟု ခေါ်သနည်း,
လင်္ကာထောက်ပါ။

**ဌ။** ဒုတိယ <mark>ဘဝင်</mark>္ဂစလနကို အဘယ့်ကြောင့် " <mark>ဘဝင်</mark>္ဂုပစ္ဆေဒ "ဟု ခေါ်ကြ
သနည်း။

**ဍ။** ယံကိဉ္စိ လဒ္ဓပစ္စယံ — အရ အဘယ်အကြောင်းရှိလျှင် အဘယ်ဇော
စောသနည်း။

**ဎ။** ယေဘုယျေန <mark>သတ္တက္ခတ္တုံ</mark> ပါဌ်၌ အဘယ်ကို ရည်ရွယ်၍ ယေဘုယျေန
သဒ္ဒါကို ဆိုသနည်း, လင်္ကာထောက်ပါ။

**ဏ။** တဒါရုံ ဝိပါက်စိတ်၏ ဇောနောက်သို့ လိုက်ပုံကို ဥပမာ ပြပါ။

**တ။** အတိမဟန္တာရုံသည် ထင်ပြီးသည်မှစ၍ ချုပ်သည့်တိုင်အောင်ရေတွက်
လျှင် စိတ္တက္ခဏ မည်မျှ အသက်ရှည်သနည်း။

**ထ။** အဘယ်ကို " တဒါရမ္မဏဝါရ" ဟု ခေါ်သနည်း, တဒါရမ္မဏဝါရ
စက္ခုဒွါရိက အတိမဟန္တာရုံဝီထိ ဆိုရိုးကို ပြပါ။

**ဒ။** ဝီထိ စိတ်တို့သည့် အဘယ်ကို အာရုံပြု၍, ရှေ့နောက် <mark>ဘဝင်</mark>တို့က အဘယ်
ကို အာရုံပြုသနည်း။

**ဓ။** စက္ခုဝိညာဏ်သည့် အဘယ်ဝတ္ထုကို မှီ၍, ကြွင်းစိတ်များက အဘယ်ကို
မှီသနည်း, သင်္ဂြိုဟ်ထောက်ပါ။

---

### မဟန္တာရုံဝီထိ

ပန - အဘို့ <mark>တစ်ပါး</mark>ကား၊ ယာဝတဒါရမ္မဏုပ္ပါ
ဒါ- တဒါရုံ နှစ်ကြိမ်ဖြစ်ရာ ခဏတိုင်အောင်၊
အပ္ပဟောန္တာတီတကံ — တည်ခြင်းငှါ မစွမ်းနိုင်သည် ဖြစ်၍
လွန်ခဲ့ပြီးသည်၊( ဟုတွာ-၍၊ ) အထပါတံ — ရှေးရှု ကျခြင်းသို့၊
ဝါ-ထင်ခြင်းသို့၊ အာဂတံ-သော၊ <mark>အာရမ္မဏ</mark>ံ-သည်၊ မဟန္တံ
နာမ-မဟန္တာရုံ မည်၏၊ တတ္ထ - ထို မဟန္တာရုံဝီထိ၌၊ ဇဝနာ
ဝသာနေ-ဇော၏ အဆုံး၌၊ <mark>ဘဝင်္ဂပါတော</mark>ဝ - ဘဝင် ကျခြင်း
သည်သာလျှင်၊ ဟောတိ - ၏၊ တဒါရမ္မဏုပ္ပါဒေါ — တဒါရုံ၏
ဖြစ်ခြင်းသည်၊ နတ္ထိ-မရှိ။

> **ဇဝနဝါရ, စက္ခုဒွါရိက, မဟန္တာရုံဝီထိ။** ယာဝတဒါရမ္မဏုပ္ပါဒါ
> ပါဌ်ကို အပ္ပဟောန္တာတီတက၌ စပ်၊ "တဒါရုံ ဖြစ်ရာခဏ တိုင်အောင် ဌီ အခိုက်၌
> တည်ခြင်းငှါ မစွမ်းနိုင်" ဟူလို။

အပ္ပဟောန္တာတီတက-အပ္ပဟောန္တု = မစွမ်းနိုင်သည်ဖြစ်၍ + အတီ
တက-လွန်သည်၊ စက္ခုပသာဒ၌ မထင်နိုင်သေးဘဲ လွန်ခဲ့သည်ကို "လွန်"ဟု
ဆိုသည်။

အတိမဟန္တာရုံလည်း ဥပါဒ်လျှင်ဥပါဒ်ခြင်း မထင်နိုင်သေးဘဲ စိတ္တက္ခဏ
<mark>တစ်ချက်</mark>ခန့် လွန်ခဲ့၏, သို့သော် ထို အတိမဟန္တာရုံ၏ လွန်ခြင်းသည် တဒါရုံ
၂ ကြိမ် ဖြစ်သည့်တိုင်အောင် တည်နေခြင်းငှါ စွမ်းနိုင်သော "ပဟောန္တာတီ
တက"တည်း၊ ဤမဟန္တာရုံ၏ လွန်ခြင်းကား တဒါရုံ ၂ ကြိမ် ဖြစ်သည့်တိုင်
အောင် တည်နေခြင်းငှါ မစွမ်းနိုင်မူကား "အပ္ပဟောန္တာတီတက"တည်း။

ထို့ကြောင့် ၍ မဟန္တာရုံသည် စိတ္တက္ခဏ ၂ ချက် ၃ ချက်ခန့် လွန်ပြီးမှ
စက္ခုပသာဒ၌ ထင်နိုင်သည်။ ဇော ၇ ကြိမ်တိုင်အောင် တည်နေရဦးမည်။

---
