## Trang 111

မနောဒွါရ ပန-အဘို့တပါးကား၊ မနောဒွါရေ-မနောဒွါရ၌၊ ဝိဘူတာရုံဝီထိ ဝိဘူတံ-ထင်ရှားသော၊ အာရမ္မဏံ-အာရုံသည်၊ <mark>အာပါထံ</mark>-သို့၊ ယဒိ <mark>အာဂစ္ဆတိ</mark>-အကယ်၍ ရောက်လာအံ့၊ ဘတော-ထိုသို့ ထင်လာသည် ရှိသော်၊ ဝါ-ထိုသို့ ထင်လာခြင်းကြောင့်၊ [ပရံ-ရှိသည်မှာအပို ဘဝင်္ဂစလနမနောဒွါရာဝဇ္ဇန<mark>ဇဝနာဝသာနေ</mark>-ဘဝင်္ဂစလန, မနောဒွါရာဝဇ္ဇန်း, ဇောတို့၏ အဆုံး၌၊ <mark>တဒါရမ္မဏ</mark>ပါကာနိ-တဒါရုံ ဝိပါက်စိတ်တို့သည်၊ ပဝတ္တန္တိ-ဖြစ်ကုန်၏၊ တတော-ထိုတဒါရုံမှ၊ ပရံ-နောက်၌၊ ဘဝင်္ဂပါတော-သည်၊ (ဟောတိ-၏။)]

### ကာမဇော, မနောဒွါရဝီထိ

ကာမဇောစောသောစိတ်ဖြစ်လှည့်အကြိမ်ကို ကာမဇောဝါရ ဟု ခေါ်သည်၊ နောက်၌ "အပ္ပနာဇောဝါရ" ဟု လာလိမ့်ဦးလတံ့။

<mark>ယံ ဝိဘူတံ အာရမ္မဏံ</mark> မနောဒွါရ ဟူသည် ဘဝင်စိတ်တည်း၊ ထိုမနောဒွါရဘဝင်၌ ထင်လာသောအာရုံကား (ပဉ္စဒွါရကဲ့သို့ ရူပါရုံစသော အာရုံငါးပါးသာမက) စိတ် စေတသိက် ရုပ်အားလုံးနှင့် နိဗ္ဗာန်ပညတ်များပင် ထင်လာနိုင်၏။ ထိုအာရုံအားလုံးကို ၁-ထင်ထင်ရှားရှား ထင်လာသော ဝိဘူတအာရုံ<mark>တစ်မျိုး</mark> ၂-မထင်မရှား မသိမသာ ထင်လာသော အဝိဘူတအာရုံ<mark>တစ်မျိုး</mark>ဟု ၂မျိုးခွဲပြီးလျှင် ဤနေရာ၌ ဝိဘူတအာရုံ ထင်လာပြီ ဆိုပါတော့ဟူလို။

ဘဝင်္ဂစလန၊ ပေ၊ ပါကာနိ ပဝတ္တန္တိ ဤမနောဒွါရ၌ လွန်ပြီးသော အတိတ်ရုပ်တရား, မဖြစ်သေးသော အနာဂတ်ရုပ်တရား, စိတ္တက္ခဏ ၁ချက်မျှ အသက်ရှိသောစိတ် စေတသိက်, ထင်ရှားမရှိသော ပညတ်နှင့် နိဗ္ဗာန်များပင် ထင်လာနိုင်ရကား ဥပါဒ်ပြီးနောက် စိတ္တက္ခဏ ဘယ်လောက်လွန်မှ ထင်လာသည်ဟု မဆိုထိုက်၊ ထို့ကြောင့် ထိုအာရုံများနှင့် စပ်၍ "<mark>အတီတ</mark>ဘဝင်" မရအပ်ပြီ။

ပစ္စုပ္ပန်ရုပ်အချို့ အတွက်ကား စိတ္တက္ခဏမည်မျှလွန်မှ ထင်လာသည်ဟု ဆိုထိုက်ပေ၏၊ ထိုအာရုံမျိုးနှင့် စပ်၍ <mark>အတီတ</mark>ဘဝင် ရအပ်၏။ သို့သော် ထိုရုပ်အာရုံများအတွက် ဤကျဉ်းမြောင်းလှသော သင်္ဂြိုဟ်ကျမ်းကလေး၌ ကျမ်းဆရာအထူး မမြွက်ဘဲ ဘဝင်္ဂစလနက စ၍ ဝီထိစဉ်ကို ပြပေသည်။

[ ထိုအာရုံများ ထင်ပုံနှင့် ဝီထိအကျယ်ကို ဘာသာဋီကာ၌ရှု။ ]

> **ဆောင်** — စိတ် စေတသိက်, ရုပ်—တိတ်-နာဂတ်, ပညတ်-နိဗ္ဗာန်, ထင်လာမှန်လျှင်, <mark>ဘဝင်အတီတ</mark>, ချဘွယ်မဟုတ်၊ ပစ္စုပ္ပန်ရုပ်သာ, ထင်သောခါဝယ်, လျော်စွာနှိုင်းညှိ, ချခွင့်ရှိသည်, ယုတ္တိယုတ္တာ စမ်းလေလော။

**ဝိဘူတာရုံဝီထိ ဆိုရိုး။** ထင်ရှားသောအာရုံတစ်ပါးပါးသည် မနောဒွါရ၌ ထင်လာသည်ရှိသော် ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ မနောဒွါရာဝဇ္ဇန်း ဇော ၇ကြိမ် တဒါရုံ ၂ကြိမ်ဖြစ်ပြီးလျှင် <mark>ထို့နောက်</mark> ဘဝင်ဖြစ်ထိုက်သမျှဖြစ်၏။

**အဝိဘူတာရုံဝီထိ ဆိုရိုး။** မထင်ရှားသောအာရုံတစ်ပါးပါးသည် မနောဒွါရ၌ ထင်လာသည်ရှိသော် ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ မနောဒွါရာဝဇ္ဇန်း ဇောခုနစ်ကြိမ် ဖြစ်ပြီးလျှင် <mark>ထို့နောက်</mark> ဘဝင်ဖြစ်ထိုက်သမျှဖြစ်၏။

<mark>နိဿယ</mark>နှင့်အဓိပ္ပါယ် (ဆက်)

အဝိဘူတ-မထင်ရှားသော၊ အာရမ္မဏေ-အာရုံ၌၊ <mark>ဇဝနာဝသာနေ</mark>-ဇော၏အဆုံး၌၊ <mark>ဘဝင်္ဂပါတောဝ</mark>-ဘဝင်၏ကျခြင်းသည်သာလျှင်၊ ဟောတိ-၏၊ <mark>တဒါရမ္မဏ</mark>ုပ္ပါဒေါ-တဒါရုံ၏ဖြစ်ခြင်းသည်၊ နတ္ထိ-မရှိ၊ ဣတိ-ဤသို့ ဝိသယပဝတ္တိ အာရုံဖြစ်ခြင်း ၄ပါး ဤသို့ပြားသတည်း၊ ကထံ ဥပ္ပါဒဋ္ဌိတိ ဘင်္ဂဝသေန တုန်းက ကထံ-အမေးကို ပြန်၍အုပ်သည်။

---

## Trang 112

### ဝီထိစိတ် သရုပ်ရေတွက်ခြင်း

ဝီထိစိတ္တာနိ တီဏေဝ — မနောဒွါရာဝဇ္ဇန်း-ဇော-တဒါရုံအားဖြင့် ဝီထိစိတ်အမျိုးအစား ၃မျိုးသာရှိ၏။

စိတ္တုပ္ပါဒါ ဒသ — စိတ်အကြိမ်အားဖြင့်ကား <mark>ဇောက</mark> ခုနစ်ကြိမ်, တဒါရုံက နှစ်ကြိမ် ဥပါဒ်သောကြောင့် စိတ်တို့၏ ဥပါဒ်ချက်အားဖြင့် ရေတွက်လျှင် မနောဒွါရာဝဇ္ဇန်း, ဇော ၇ကြိမ်, တဒါရုံ ၂ကြိမ်, ပေါင်း ၁၀ကြိမ်ဖြစ်၏။

ဝိတ္ထာရေန ဧကစတ္တာလီသ — ကာမဇော၏အလှည့်အကြိမ်ကိုပြဆိုရာ ကာမဇောဝါရဖြစ်၍ အပ္ပနာဇောများနှင့်လည်း မဆိုင်သေး၊ ကာမစိတ်တွင် ပဉ္စဒွါရ၌ သတ်သတ်ဖြစ်သော ဒွေးပဉ္စဝိညာဏ် ၁၀ မနောဓာတ် ၃ တို့ကိုလည်း မရအပ်သောကြောင့်, အကျယ်အားဖြင့် ကြွင်းသော ကာမစိတ် ၄၁ သာတည်း၊ ၎င်း ၄၁ ပါးထည်းက ထိုက်သည့်အားလျော်စွာဖြစ်ရမည်ဟူလို။

ဤဆိုအပ်ပြီးသောစကားသည် ဤဝီထိသင်္ဂဟအရာ၌ ကာမဇောဝါရတည်း။

<mark>နိဿယ</mark>နှင့်အဓိပ္ပါယ်

ဤ ကာမဇောမနောဒွါရ၌၊ ဝီထိစိတ္တာနိ-ဝီထိစိတ်တို့ကို၊ တီဏေဝ-သုံးပါးတို့ဟူ၍သာလျှင်၊ ဝုတ္တာနိ-ဆိုအပ်ကုန်၏၊ စိတ္တုပ္ပါဒါ-စိတ်တို့၏ဖြစ်ခြင်းအားဖြင့်၊ ဒသ-ဆယ်ပါးတို့ဟူ၍၊ ဝုတ္တာနိ-ဆိုအပ်ကုန်၏၊ ဝိတ္ထာရေန ပန-အကျယ်အားဖြင့်ကား၊ ဧကစတ္တာလီသ-လေးဆဲ့တစ်ပါးဟူ၍၊ ဝိဘာဝယေ-ထင်စွာပြရာ၏။

### ဝိဘူတာရုံ ဝီထိပုံ

ဝဝဝ ဝဝဝဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝဝ ဝဝဝ ဝဝဝ ဝဝဝ

### အဝိဘူတာရုံ ဝီထိပုံ

ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ

ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ

### လေ့ကျင့်ခန်း မေးခွန်းများ

က။ မနောဒွါရ၌ အဘယ်တရားများ ထင်လာနိုင်သနည်း။

ခ။ စိတ် စေတသိက် ပညတ် နိဗ္ဗာန်နှင့် အတိတ် အနာဂတ် ရုပ်တရားကို အာရုံပြု၍ ဝီထိဖြစ်ရာ၌ <mark>အတီတ</mark>ဘဝင် ကျထိုက်သေးသလား။

ဂ။ <mark>အတီတ</mark>ဘဝင် ကျထိုက်သော မနောဒွါရဝီထိ၏ အာရုံကား အဘယ်နည်း, လင်္ကာထောက်ပါ။

ဃ။ သင်္ဂြိုဟ်အထောက်နှင့်တကွ ဝိဘူတာရုံဝီထိ ဆိုရိုးကို ပြပါ။

င။ သင်္ဂြိုဟ်အထောက်နှင့်တကွ အဝိဘူတာရုံဝီထိ ဆိုရိုးကို ပြပါ။

စ။ သင်္ဂဟဂါထာကို အနက်ပေး၍ "ဝီထိစိတ္တာနိ တီဏေဝ" အရကို ပြပါ။

ဆ။ စိတ္တုပ္ပါဒါ ဒသ—ဝိတ္ထာရေန ဧကစတ္တာလီသ အရတို့ကို ကောက်ပါ။

ကာမဇောဝီထိများ ပြီး၏။

---

## Trang 113

### အပ္ပနာဇောဝီထိ

၁။ ပန...<mark>အဘို့တစ်ပါး</mark>ကား၊ အပ္ပနာဇောဝီထိ ဝါရေ-အပ္ပနာဇောဝါရ၌၊ ဝိဘူတာ ဝိဘူတဘေဒေါ-ဝိဘူတာရုံ, အဝိဘူတာရုံဟု ကွဲပြားခြင်းသည်၊ နတ္ထိ-မရှိ၊ တဒါရမ္မုပ္ပါဒေါစ-တဒါရုံတို့၏ဖြစ်ခြင်းသည်လည်း၊ တထာ-ထို့အတူပင်တည်း၊ (မရှိဟူလို။)

အပ္ပနာဇောဝီထိ။ မဟဂ္ဂုတ်လောကုတ္တရဇော ၂၆ ကို အပ္ပနာဇောဟုခေါ်၏၊ ထိုအပ္ပနာဇောစောသောစိတ် ဖြစ်လှည့်အကြိမ်ကို အပ္ပနာဇောဝါရဟု ခေါ်သည်၊ ဤစကားအရ မနောဒွါရဝီထိ၌ ကာမဇောဝါရ အပ္ပနာဇောဝါရဟု ၂မျိုးရှိကြောင်း သိရာ၏။

၁။ ဝိဘူတာ ဝိဘူတဘေဒေါ နတ္ထိ။ ဈာန် မဂ် ဖိုလ်ကို ရှုဘို့ရာ ကသိုဏ်းစသောအာရုံကို မှန်း၍ ကမ္မဋ္ဌာန်းစီးဖြန်းသည့်အခါ ထိုကသိုဏ်းစသောအာရုံများ အလွန်ထင်ရှားစွာ ထင်ပေါ်လာမှသာ ဈာန်စသည်ကို ရနိုင်ကြသည်၊ ထို့ကြောင့် ဈာန်ဇော မဂ်ဇော ဖိုလ်ဇော စောရာ အပ္ပနာဝီထိ၏ အာရုံမှန်လျှင် ထင်ရှားသော "ဝိဘူတာရုံ" <mark>တစ်မျိုး</mark>သာဖြစ်ရမည်၊ အဝိဘူတာရုံဟူ၍ မရှိစကောင်း၊ "ဝိဘူတာ ဝိဘူတဘေဒေါ နတ္ထိ" ဆိုသောကြောင့် ၂မျိုးလုံး မရှိဟု မမှတ်လင့်, ထို ၂မျိုး ကွဲပြားမှုသာ မရှိသည်, ဝိဘူတာရုံ<mark>တစ်မျိုး</mark>ကားရှိပေသည်သာ။

တထာ တဒါရမ္မုပ္ပါဒေါစ — "ကာမေ ဇဝနသတ္တာ လမ္ဗနာနံ နိယမေ သတိ" စသည်ဖြင့် လာလတံ့အတိုင်း ကာမဇောနောက်၌သာ တဒါရုံကျနိုင်ရကား ဤအပ္ပနာဇောဝီထိ၌ တဒါရုံဖြစ်ခြင်းလည်း မရှိ။

<mark>နိဿယ</mark>နှင့်အဓိပ္ပါယ်

၂။ တတ္ထ ဟိ-ချဲ့ဦးအံ့၊ တတ္ထ-ထိုအပ္ပနာဇောဝါရ၌၊ ဆပ္ပါးကုန်သော၊ ဉာဏသမ္ပယုတ္တကာမာဝစရဇဝနာနံ-ဉာဏသမ္ပယုတ်ကာမာဝစရဇောတို့တွင်၊ အညတရသ္မိံ-အခြားမထား, တစ်ပါးပါးသောဇောသည်၊ <mark>ပရိကမ္မော</mark>ပစာရာနုလောမဂေါတြဘုနာမေန-ပရိကံ, ဥပစာ, <mark>အနုလုံ</mark>, ဂေါတြဘုဟူသောနာမည်ဖြင့်၊ စတုက္ခတ္တုမေဝဝါ-လေးကြိမ်သာလျှင်သော်၎င်း၊ တိက္ခတ္တုမေဝဝါ-သုံးကြိမ်သာလျှင်သော်၎င်း၊ ယထာက္ကမ-အကြင်အကြင်အစဉ် ရှိတိုင်း၊ ဥပ္ပဇ္ဇိတွာ-ဖြစ်ပြီး၍၊ နိရုဒ္ဓေ-ချုပ်သည်ရှိသော်၊ ...အပ္ပနာဝီထိံ ဩတရတိ-အပ္ပနာဝီထိသို့ သက်ရောက်၏။

တတ္ထ ဟိ၊ ပေ၊ အပ္ပနာဝီထိံ ဩတရတိ — ဤစကားကား အပ္ပနာဝီထိကျပုံကို အကျယ်ပြသောစကားတည်း၊ ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ မနောဒွါရာဝဇ္ဇန်းတို့ကား ကာမဇောဝါရအတိုင်းဖြစ်၍ မထူးပြီ။

ဉာဏသမ္ပယုတ္တ၊ ပေ၊ အညတရသ္မိံ — ကမ္မဋ္ဌာန်းပေါက်လုခါနီး၌ ဖြစ်သော မဟာကုသိုလ်, သို့မဟုတ် မဟာကြိယာစိတ်များသည် <mark>ဉာဏ်</mark>နှင့်ယှဉ်သောစိတ်များသာဖြစ်ထိုက်သည်၊ ထို့ကြောင့် မနောဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌ မဟာကုသိုလ် မဟာကြိယာ ဉာဏသမ္ပယုတ်ဇော ၈ပါးတွင် တစ်ပါးပါးသောဇောသည် စော၏။

<mark>ပရိကမ္မော</mark>ပစာရာ...တိက္ခတ္တုမေဝဝါ — ထိုသို့စောရာ၌ ၄ကြိမ်သာလျှင်သော်လည်း စောခွင့်ရှိ၏၊ (ဧဝသဒ္ဒါဖြင့် ၄ကြိမ်ထက် မလွန်ရဟု ကန့်၊) ထို ၄ကြိမ်စောရာ၌ ၎င်းဇောတို့နာမည်ကား "၁-ပရိကမ်, ၂-ဥပစာ, ၃-<mark>အနုလုံ</mark>, ၄-ဂေါတြဘု" ဟူသည်တည်း၊ ၃ကြိမ်သာလျှင်သော်လည်း စောခွင့်ရှိ၏။ (ဧဝသဒ္ဒါဖြင့် ၃ကြိမ်အောက် မယုတ်ရဟု ကန့်၊) ထို ၃ကြိမ်စောရာ၌ ပရိကမ်အမည်ကို ချန်ထား၊ [၎င်း ပရိကမ်စသောဇောများကို "ဥပစာရသမာဓိဇော" ဟုခေါ်၏၊ ဥပစာရ=ဈာန် မဂ်ဖိုလ်တို့၏အနီး ဥပစာ၌ဖြစ်သော+သမာဓိ=တည်ကြည်သောဇောများ။]

ယောဂီသည် မန္တပညပုဂ္ဂိုလ်, တိက္ခပညပုဂ္ဂိုလ်ဟု ၂မျိုးရှိ၊ မန္တပည=နုံ့သော, ညံ့သောပညာရှိသူ။ တိက္ခပည=ထက်မြက်သောပညာ။

---

## Trang 114

အကြင်အကြင်အစဉ်ရှိတိုင်း၊ ဥပ္ပဇ္ဇိတွာ-ဖြစ်ပြီး၍၊ နိရုဒ္ဓေ-ချုပ်သည်ရှိသော်၊ အနန္တရမေဝ-ချုပ်သည်၏အခြားမဲ့၌သာလျှင်၊ ယထာရဟံ-<mark>တိက္ခမန္ဒ</mark>ပုဂ္ဂိုလ်အလိုက်, ထိုက်သည်အားလျော်စွာ၊ စတုတ္ထဝါ-၄ကြိမ်မြောက်သော်၎င်း၊ ပဉ္စမံဝါ-၅ကြိမ်မြောက်သော်၎င်း၊ <mark>ဆဗ္ဗီသတိ</mark> မဟန္တလောကုတ္တရဇဝနေသု-နှစ်ဆဲ့ခြောက်ပါးသော မဟဂ္ဂုတ်လောကုတ္တရာဇောတို့တွင်၊ ယထာဘိနီဟာရဝသေန-အကြင်အကြင် သမထ ဝိပဿနာဘာဝနာစိတ်ကို ရှေးရှုဆောင်ခြင်း၏အစွမ်းဖြင့်၊ ယံကိဉ္စိ-တစ်ရံတစ်ခုသော၊ ဇဝနံ-ဇောသည်၊ အပ္ပနာထံ-အပ္ပနာအစဉ်သို့၊ ဩတရတိ-သက်ရောက်၏၊ တတော-ထိုအပ္ပနာဝီထိသို့ သက်ရောက်ရာအခါမှ၊ ပရံ-နောက်၌၊ အပ္ပနာဝသာနေ-အပ္ပနာဇော၏အဆုံး၌၊ <mark>ဘဝင်္ဂပါတောဝ</mark>-ဘဝင်ဖြစ်ခြင်းသာလျှင်၊ ဟောတိ-၏။

ရှိသူ။ မန္တပညပုဂ္ဂိုလ်၌ အသိ<mark>ဉာဏ်</mark>နုံ့နှေးရကား ယခင်ဥပစာရသမာဓိဇောများ ၄ကြိမ်တိုင်အောင်စောမှ ကိစ္စပြီး၏၊ တိက္ခပညပုဂ္ဂိုလ်၌ အသိ<mark>ဉာဏ်</mark>လျင်မြန်ရကား ယခင်ဇောများ ၃ကြိမ်စောရုံမျှဖြင့် ကိစ္စပြီး၏, "ဈာန်-မဂ်-ဖိုလ်များကို ရ၏" ဟူလို။

ယထာရဟံ စတုတ္ထဝါ ပဉ္စမံဝါ ယံကိဉ္စိ ဇဝနံ — မန္တပညပုဂ္ဂိုလ်သန္တာန်၌ ဥပစာရသမာဓိဇော ၄ကြိမ်စောပြီးနောက် ၅ကြိမ်မြောက်ဝယ် အပ္ပနာဇောစော၏၊ တိက္ခပညပုဂ္ဂိုလ်သန္တာန်၌ ၄ကြိမ်မြောက်ဝယ် အပ္ပနာဇောစော၏၊ ထို့ကြောင့် "ယထာရဟံ" ဟုဆိုသည်။

<mark>ဆဗ္ဗီသတိ</mark>၊ ပေ၊ ယထာဘိနီဟာရဝသေန — [ကသိုဏ်းစသော သမထကမ္မဋ္ဌာန်းကို အားထုတ်လျှင် ဈာန်ရ၏, အနိစ္စ ဒုက္ခစသော ဝိပဿနာကို အားထုတ်လျှင် မဂ်ဖိုလ်ရ၏၊] ဈာန်ရအောင် အားထုတ်သူသည် မိမိ၏ သမထဘာဝနာစိတ်ကို ဈာန်သို့ရောက်အောင် ရှေးရှုဆောင်၏၊ မဂ်ရအောင် အားထုတ်သူကလည်း မိမိ၏ ဝိပဿနာဘာဝနာစိတ်ကို မဂ်ဖိုလ်ရောက်အောင် ရှေးရှုဆောင်၏၊ ဤသို့ မိမိ၏စိတ်ကို ရှေးရှုဆောင်ခြင်းကို "ယထာဘိနီဟာရ" ဟုဆိုသည်။ [အဘိ=ရှေးရှု+နီဟာရ=ဆောင်ခြင်း။] ဤသို့ ယထာဘိနီဟာရ၏အစွမ်းဖြင့် ၂၆ပါးသော အပ္ပနာဇောတွင် ၁ပါးပါးသည် အပ္ပနာအစဉ်သို့ရောက်၏၊ "အပ္ပနာဇောစောသည်" ဟူလို၊ ပဌမဈာန်သို့ ရှေးရှုဆောင်လျှင် ပဌမဈာန်ဇောစောမည်, ဒုတိယဈာန်သို့ ရှေးရှုဆောင်လျှင် ဒုတိယဈာန်ဇောစောမည်, စသည်ဖြင့် သိလေ။

အစဆုံးရသော ဈာနဝီထိဖြစ်ပုံကား — ပထဝီကသိုဏ်းစသည်ကို စီးဖြန်းပွားများသဖြင့် ဈာန်ရလုလတ်၍ ပထဝီကသိုဏ်းပညတ်စသောအာရုံတစ်ခုခုသည် မနောဒွါရ၌ ထင်လာသည်ရှိသော် ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ မနောဒွါရာဝဇ္ဇန်း မန္တပညပုဂ္ဂိုလ်၌ ပရိကမ် ဥပစာ <mark>အနုလုံ</mark> ဂေါတြဘုဟု ဥပစာရသမာဓိဇော ၄ကြိမ်, တိက္ခပညပုဂ္ဂိုလ်၌ ဥပစာ <mark>အနုလုံ</mark> ဂေါတြဘုဟု ၃ကြိမ်, <mark>ထို့နောက်</mark> အပ္ပနာသမာဓိဇော တစ်ကြိမ်အကျတွင် ဝီထိစဉ်ပြတ်၍ ဘဝင်ဖြစ်ထိုက်သမျှဖြစ်သတည်း။

### မန္တပညပုဂ္ဂိုလ်၏ အစဆုံးရအပ်သော ဈာနဝီထိပုံ

ဝဝဝ ဝဝဝ ဝဝဝ

ဝဝဝ ဝဝဝ ဝဝဝ

ဂေါ

ဝဝဝ ဝဝဝ ဝဝဝ

[တိက္ခပညပုဂ္ဂိုလ်၏ ဝီထိ၌ ပရိကံမပါခြင်းသာထူး၏၊ ပ=ပရိကံ၊ ဥ=ဥပစာ၊ နု=<mark>အနုလုံ</mark>၊ ဂေါ=ဂေါတြဘု၊ ဈ=ဈာန်။]

---

## Trang 115

၃။ တတ္ထ-ထိုအပ္ပနာဇောဝါရ၌၊ သောမနဿသဟဂတဇဝနာနန္တရံ-သောမနဿသဟဂုတ်ဇော၏အခြားမဲ့၌၊ <mark>အပ္ပနာပိ</mark>-အပ္ပနာဇောကိုလည်း၊ <mark>သောမနဿသဟဂတာဝ</mark>-သောမနဿသဟဂုတ် အပ္ပနာ<mark>ဇောက</mark>ိုသာလျှင်၊ <mark>ပါဋိကင်္ခိတဗ္ဗံ</mark>-အလိုရှိအပ်၏၊ ဥပေက္ခာသဟဂတဇဝနာနန္တရံ-ဥပေက္ခာသဟဂုတ်ဇော၏အခြားမဲ့၌၊ (<mark>အပ္ပနာပိ</mark>-ကိုလည်း၊) ဥပေက္ခာသဟဂတာဝ-ဥပေက္ခာသဟဂုတ် အပ္ပနာ<mark>ဇောက</mark>ိုသာလျှင်၊ <mark>ပါဋိကင်္ခိတဗ္ဗံ</mark>-အလိုရှိအပ်၏။

၃။ တတ္ထ သောမနဿ၊ ပေ၊ ဥပေက္ခာသဟဂတာဝ — ဤစကားကား အပ္ပနာဇောဝီထိ၌ ဥပစာရသမာဓိဇောခေါ် ကာမဇောနှင့် အပ္ပနာသမာဓိဇောများသည် သောမနဿသဟဂုတ်ချင်း ဥပေက္ခာသဟဂုတ်ချင်း ရှေ့နောက်တူရမည်ဟု ပြသောစကားတည်း။

သောမနဿ၊ ပေ၊ <mark>သောမနဿသဟဂတာဝ</mark> — မဟာကုသိုလ် ကြိယာ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ်ဇော ၄ပါးတွင် ၁ပါးပါးသောဇောနောင် မဟဂ္ဂုတ် သောမနဿသဟဂုတ်ဇော ၈, မဂ်ဖိုလ် သောမနဿသဟဂုတ်ဇော ၃၂, ပေါင်း ၄၀ တွင် တစ်ပါးပါးစောနိုင်၏၊ [ဤစကားအရ "ဒွတ္တိံသ သုခပုညမှာ, သုခိတကြိယတော အဋ္ဌ" ဟု ဂါထာ၌ဖြစ်လတံ့။]

ဥပေက္ခာသဟဂတ၊ ပေ၊ ဥပေက္ခာသဟဂတာဝ — မဟာကုသိုလ် ကြိယာ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ်ဇော ၄ပါးတွင် တစ်ပါးပါးသောဇောနောင် မဟဂ္ဂုတ် ဥပေက္ခာသဟဂုတ်ဇော ၁၀, မဂ်ဖိုလ် ဥပေက္ခာသဟဂုတ်ဇော (ပဉ္စမဈာန်) ၈, ပေါင်း <mark>၁၈</mark> တွင် တစ်ပါးပါးစောနိုင်၏၊ [ဤစကားအရ "ဒွါဒသောပေက္ခကာပရံ, ဆ သန္တောန္တိ ဥပေက္ခကာ" ဟု ဖြစ်လတံ့။]

၄။ တတ္ထာပိ-ထိုတူသောဝေဒနာရှိသောဇောဝါ၌လည်း၊ ကုသလဇဝနာနန္တရံ-မဟာကုသိုလ် ဉာဏသမ္ပယုတ်ဇော ၄ခုတို့၏အခြားမဲ့၌၊ ကုသလဇဝနမေဝ-မဟဂ္ဂုတ်လောကုတ္တရာကုသိုလ်ဇောသည်၎င်း၊ ဟေဋ္ဌိမံ-အောက်ခြေဖြစ်သော၊ ဖလတ္တယဉ္စ-ဖိုလ်ဇော ၃ခုအပေါင်းသည်၎င်း၊ အတိ-အပ္ပနာဖြစ်၏၊ ကြိယဇဝနာနန္တရံ-မဟာကြိယာ ဉာဏသမ္ပယုတ်ဇော ၄ခု၏အခြားမဲ့၌၊ ကြိယဇဝနမေဝ-မဟဂ္ဂုတ်ကြိယာဇောသည်၎င်း၊ အရဟတ္တဖလဉ္စ-အရဟတ္တဖိုလ်ဇောသည်၎င်း၊ အပ္ပေတိ-အပ္ပနာဖြစ်၏၊ ဣတိ-ဤသို့မှတ်အပ်၏။

၄။ တတ္ထာပိ ကုသလ...အရဟတ္တဖလဉ္စ — ဤစကားကား ကုသိုလ်ကာမဇောနောင် စောထိုက်သောအပ္ပနာဇော, ကြိယာကာမဇောနောင် စောထိုက်သောအပ္ပနာဇောတို့ကို ခွဲပြသောစကားတည်း။

ကုသလဇဝနာ၊ ပေ၊ ဖလတ္တယမပ္ပေတိ — မဟာကုသိုလ် ဉာဏသမ္ပယုတ်ဇော ၄ပါးတွင် တစ်ပါးပါးနောင် မဟဂ္ဂုတ်လောကုတ္တရာကုသိုလ်ဇော ၂၉, အရဟတ္တဖိုလ်ကြဉ်သောဖိုလ်ဇော ၁၅, ပေါင်း ၄၄ပါးတွင် တစ်ပါးပါးစောနိုင်၏၊ သို့သော် ဝေဒနာချင်းကား ရှေ့နောက်တူရလိမ့်မည်၊ [ဤစကားအရ "ပုထုဇ္ဇနာန သေက္ခာနံ, ကာမပုညတိဟေတုတော" ဟု ဂါထာ၌ လာလတံ့။]

ကြိယဇဝနာနန္တရံ၊ ပေ၊ အရဟတ္တဖလဉ္စ — မဟာကြိယာ ဉာဏသမ္ပယုတ်ဇော ၄ပါးတွင် တစ်ပါးပါးနောင် မဟဂ္ဂုတ်ကြိယာဇော ၉, အရဟတ္တဖိုလ်ဇော ၅, ပေါင်း ၁၄ပါးတွင် တစ်ပါးပါးစောနိုင်၏၊ သို့သော် ဝေဒနာချင်းကား ရှေ့နောက်တူရလိမ့်မည်၊ [ဤစကားအရ "တိဟေတုကာမကြိယာတော, ဝီတရာဂါနမပ္ပနာ" ဟု ဂါထာ၌ လာလတံ့။]

---

