## Trang 116

၅။ <mark>သုခပုညမှာ</mark> - သောမနဿသဟဂုတ် မဟာ
ကုသိုလ် <mark>ဉာဏ</mark>သမ္ပယုတ်ဇောနှစ်ခုမှ ပရံ-အနန္တရေ၌၊
ဒွတ္တိံသ – သုံးဆဲ့နှစ်ပါးသော အပ္ပနာဇောသည်၊ <mark>သမ္ဘောန္တိ</mark>-
ဖြစ်၏၊ ဥပေက္ခာက-ဥပေက္ခာသဟဂုတ် မဟာကုသိုလ်<mark>ဉာဏ</mark>
သမ္ပယုတ်ဇောနှစ်ခုမှ၊ ပရံ-အနန္တရေ၌၊ ဒွါဒသ-<mark>တစ်ဆဲ့</mark>နှစ်ပါးသော
အပ္ပနာဇောတို့သည်၊ <mark>သမ္ဘောန္တိ</mark> - ဖြစ်ကုန်၏၊ သုခိတကြိယ
တော-<mark>သောမနဿ</mark>သဟဂုတ် မဟာကြိယာ <mark>ဉာဏ</mark>သမ္ပယုတ်
ဇော ၂ ခုမှ၊ ပရံ-၌၊ အဋ္ဌ-ရှစ်ပါးသော အပ္ပနာဇောတို့သည်၊
<mark>သမ္ဘောန္တိ</mark> - ဖြစ်ကုန်၏၊ ဥပေက္ခာက – ဥပေက္ခာသဟဂုတ် မဟာ
ကြိယာ<mark>ဉာဏ</mark>သမ္ပယုတ်ဇောနှစ်ခုမှ၊ ပရံ-၌၊ ဆ-ခြောက်ပါးသော
အပ္ပနာဇောတို့သည်၊ <mark>သမ္ဘောန္တိ</mark>-ဖြစ်ကုန်၏။

၅။ သင်္ဂဟဂါထာ။ ။ ဤ ဂါထာတို့ကား "တတ္ထ<mark>သောမနဿ</mark> သဟ
ဂတဇဝနာနန္တရံ ၊ ပေ ၊ အရဟတ္တဖလဉ္ဇာတိ" ဟူသော ၊ အကျယ် ပါဠိကို
အကျဉ်းချုပ်ပြသော သင်္ဂဟဂါထာတို့တည်း။

ဒွတ္တိံသ<mark>သုခပုညမှာ</mark> — မဟာကုသိုလ် <mark>သောမနဿ</mark>သဟဂုတ် <mark>ဉာဏ</mark>
သမ္ပယုတ်ဇော ၂ ခု နောင် မဟဂ္ဂုတ်ကုသိုလ် <mark>သောမနဿ</mark>ဇော ၄, မဂ်
<mark>သောမနဿ</mark>ဇော ၁၆, အောက်ဖိုလ် ၃ ခု၏ <mark>သောမနဿ</mark>ဇော ၁၂, ပေါင်း
၃၂ ပါးဖြစ်၏၊ "<mark>သောမနဿ</mark>သဟဂတ ဇဝနာနန္တရံ အပ္ပနာပိ <mark>သောမနဿ</mark>
သဟဂတာဝ, ကုသလဇဝနာနန္တရံ ကုသလဇဝန ဟေဋ္ဌိမဂ္ဂ ဖလတ္တယ
မာပဇ္ဇတိ" ကို ထောက်။

ဒွါဒသောပေက္ခာကာပရံ — မဟာကုသိုလ် ဥပေက္ခာသဟဂုတ် <mark>ဉာဏ</mark>
သမ္ပယုတ်ဇော ၂ ခု နောင် မဟဂ္ဂုတ်ကုသိုလ် ဥပေက္ခာဇော ၅, မဂ်ဥပေက္ခာ
ဇော ၄, အောက်ဖိုလ် ၃ ခု၏ ဥပေက္ခာဇော ၃, ပေါင်း ၁၂ ဖြစ်၏၊ "ဥပေက္ခာ
သဟဂတ ဇဝနာနန္တရံ ဥပေက္ခာ သဟဂတာဝနှင့် ကုသလ ဇဝနာနန္တရံ"
စသည်ကို ထောက်။

သုခိတကြိယတောအဋ္ဌ — မဟာကြိယာ <mark>သောမနဿ</mark>သဟဂုတ် <mark>ဉာဏ</mark>
သမ္ပယုတ်ဇော ၂ ခုနောင် မဟဂ္ဂုတ်ကြိယာ <mark>သောမနဿ</mark> ဇော ၄, အရဟတ္တ
ဖိုလ် <mark>သောမနဿ</mark>သဟဂုတ် ဇော ၅, ပေါင်း ၈ ပါးတည်း၊ "ကြိယဇဝနာ
နန္တရံ, ကြိယဇဝနံ အရဟတ္တဖလဉ္စနှင့် <mark>သောမနဿ</mark>သဟဂတ ဇဝနာနန္တရံ"
စသည်ကို ထောက်။

ဆသက္ကောန္တိ ဥပေက္ခကာ — မဟာကြိယာ ဥပေက္ခာသဟဂုတ် <mark>ဉာဏ</mark>
သမ္ပယုတ်ဇော ၂ ခု နောင် မဟဂ္ဂုတ်ကြိယာ ဥပေက္ခာ သဟဂုတ်ဇော ၅,
အရဟတ္တဖိုလ် ပဉ္စမဈာန် ၁, ပေါင်း ၆ ပါးတည်း၊ "ကြိယဇဝနာနန္တရံ" စသည့်
နှင့် "ဥပေက္ခာသဟဂတဇဝနာနန္တရံ" စသည်ကို ထောက်။

ဤ ခွဲပြပုံသည် အထူးအဆန်းမဟုတ်၊ ပုထုဇဉ်သေက္ခပုဂ္ဂိုလ်တို့ သန္တာန်၌
ကုသိုလ်စိတ်သာ ဖြစ်သောကြောင့် မဟာ ကုသိုလ်ဇော နောင် မဟဂ္ဂုတ်
ကုသိုလ်နှင့် မဂ်ဇော အောက် ဖိုလ်ဇောများ စောရလေသည်၊ ရဟန္တာ
သန္တာန်၌ ကြိယာစိတ်သာ ဖြစ်သောကြောင့် ကြိယာဇောများနှင့် အရဟတ္တ
ဖိုလ်ဇောသာ စောရလေသည်။ [ မဂ္ဂဋ္ဌဖလဋ္ဌဖြစ်သော သောတာပန် သကဒါ
ဂါမ် အနာဂါမ်နှင့် အရဟတ္တမဂ်၌ တည်ခိုက်ပုဂ္ဂိုလ်များကို "သေက္ခပုဂ္ဂိုလ်"
ဟု ခေါ်သည်၊ ရဟန္တာကို "အသေက္ခပုဂ္ဂိုလ်" ဟု ခေါ်လတ္တံ့။ ]

---

## Trang 117

အပ္ပနာ – အပ္ပနာဇောတို့သည်၊ <mark>သမ္ဘောန္တိ</mark> – ဖြစ်ကုန်၏၊ <mark>ဝီတ</mark>
ရာဂါနံ-ရဟန္တာပုဂ္ဂိုလ်တို့၏၊ တိဟေတုကာမကြိယတော-
တိဟိတ် ကာမကြိယာ လေးခုမှ၊ မဟာကြိယာ <mark>ဉာဏ</mark>သမ္ပ
ယုတ်-၄၊ ပရံ-၌၊ စုဒ္ဒသ-<mark>တစ်ဆဲ့</mark>လေးပါးကုန်သော အပ္ပနာ-
တို့သည်၊ <mark>သမ္ဘောန္တိ</mark> - ဖြစ်ကုန်၏၊ ( <mark>စုံလင်</mark>အောင် ထည့်စွက်၍
ပေးသည်။ )

အယံ - ဤ ဆိုအပ်ပြီးသော စကားသည်၊ ဧတ္ထ - ဤ ဝီထိ
သင်္ဂဟ၌၊ မနောဒွါရေ - မနောဒွါရ၌၊ ဝီထိစိတ္တံပဝတ္တိနယော-
ဝီထိစိတ်တို့၏ ဖြစ်ပုံနည်းတည်း။

၆။ ပုထုဇ္ဇနာနံ၊ ပေ၊ တိဟေတုတော — တိဟိတ်ပုထုဇန်နှင့် အောက်
ဖလဋ္ဌ သုံးယောက် သန္တာန်၌ တိဟိတ် ကာမကုသိုလ်စိတ် လေးခုသာ ပရိကမ်
ဥပစာ စသော ဥပစာရ သမာဓိဇောအဖြစ်ဖြင့် စောခွင့်ရှိ၏၊ ကြိယာဇော
စောခွင့်မရှိ၊ [မဂ္ဂဋ္ဌ ပုဂ္ဂိုလ်မှာ စိတ္တက္ခဏ တချက်ခန့်သာ ကြာသောကြောင့်
မဂ္ဂဋ္ဌပုဂ္ဂိုလ်သန္တာန်၌ ကာမကုသိုလ်များ ဖြစ်ခွင့်မရှိရကား သေက္ခာနံ အရ
ဖလဋ္ဌသေက္ခကိုသာ ယူ၊ ] စတုစတ္တာလီသ-အရ "တထာပိ ကုသလဇဝနာ
နန္တရံ" စသော ဝါကျ၌ ပြခဲ့ပြီ၊ ရှေဂါထာလာ ဒွတ္တိံသနှင့် ဒွါဒသတို့ အရ
ပင်တည်း။

တိဟေတု ကာမကြိယတော<mark>ဝီတ</mark>ရာဂါနံ — ရဟန္တာသန္တာန်၌ တိဟိတ်
ကြိယာ လေးခုသာ ဥပစာရသမာဓိဇော အဖြစ်ဖြင့် စောခွင့်ရှိ၏၊ ကုသိုလ်
ဇောများ စောခွင့်မရှိ၊ <mark>စုဒ္ဒသ</mark> – အရကို "ကြိယဇဝနာနန္တရံ" စသော
ဝါကျ၌ ပြခဲ့ပြီ၊ ရှေ့ ဂါထာလာ အဋ္ဌ နှင့် ဆ အရတည်း၊ ဤကား အကြမ်း
မျှသာ ဖြစ်သည်။ ဤ ဂါထာအရ ပုဂ္ဂိုလ် တစ်ယောက် တစ်ယောက် အတွက်
အနုစိတ်၍လည်း ခွဲရာ၏၊ ခွဲဟန်ကို ဘာသာဋီကာမှာ ရှုလေ။

### နိဿယနှင့်အဓိပ္ပါယ်

### လေ့ကျင့်ခဏ်း မေးခွန်းများ

က။ အဘယ် ဇောများကို <mark>အပ္ပနာဇော</mark> ဟု ခေါ်သနည်း။

ခ။ မနောဒွါရဝီထိ၌ ဇော ဘယ်နှစ်မျိုး ရှိသနည်း။

ဂ။ ဝိဘူတာ ဝိဘူတဘေဒေါ နတ္ထိ – အရ နှစ်မျိုးလုံးပင် မရှိဟု မှတ်ရမည်
လော, ရှိလျှင် ထင်ရှားအောင် ပြပါ။

ဃ။ ပရိကမ် စသော ဇော ၄ ကြိမ်သည် <mark>အပ္ပနာဇော</mark>လော, ကာမဇော
လော, အဘယ့်ကြောင့် "ဥပစာရသမာဓိဇော" ခေါ်သနည်း။

င။ စတုက္ခတ္တုံ၊ တိက္ခတ္တံ အရ ဖြစ်ရာ ပုဂ္ဂိုလ်ကို ခွဲခြား၍ ပြပါ။
တိက္ခပည ပုဂ္ဂိုလ်၌ ဘယ်နှစ်ကြိမ်မြောက်မှာ <mark>အပ္ပနာဇော</mark> စော၍, မန္တ
ပညပုဂ္ဂိုလ်၌ ဘယ်နှစ်ကြိမ်မြောက်မှာ စောသနည်း။

ဆ။ အစဆုံးရသော ဈာနဝီထိဆိုရိုးကို ပြပါ။

ဇ။ ထို ဝီထိ၌ ပရိကံစသော ဇောတို့က <mark>သောမနဿ</mark> ဝေဒနာနှင့် ယှဉ်လျှင်
<mark>အပ္ပနာဇော</mark>၌ ဘယ်ဝေဒနာနှင့် ယှဉ်မည်နည်း, သင်္ဂြိုဟ်ထောက်ပါ။

ဈ။ မဟာကုသိုလ်ဇော ၄ ခုနောင် <mark>အပ္ပနာဇော</mark> မည်မျှ, မဟာကြိယာဇော
၄ ခု နောင် <mark>အပ္ပနာဇော</mark> မည်မျှ စောနိုင်သနည်း, သင်္ဂြိုဟ်ထောက်ပါ။

ည။ ပဌမသင်္ဂဟဂါထာကို အနက်ပေး၍ ဒွတ္တိံသ, ဒွါဒသ, အဋ္ဌ, ဆ, အရ
တို့ကို ကောက်ပါ။

စ။ ဒုတိယ သင်္ဂဟဂါထာကို အနက်ပေး၍, စတုစတ္တာလီသ အရ, <mark>စုဒ္ဒသ</mark>
အရတို့ကို ကောက်ပါ။

---

## Trang 118

၁။ ပန-အဘို့ တစ်ပါးကား၊ ဧတ္ထ-ဤပဉ္စဒွါရ
တဒါရမဏနိယမ မနောဒွါရ၌၊ သဗ္ဗထာပိ– [ အတိမဟန္တ,
မဟန္တ စသော အလုံးစုံသောအပြားအားဖြင့်လည်း၊ ] အနိဋ္ဌေ-
အနိဋ္ဌ ဖြစ်သော၊ အာရမဏေ – အာရုံ၌၊ အကုသလ ဝိပါကာ
နေဝ-အကုသလဝိပါက်သာလျှင် ဖြစ်ကုန်သော၊ ပဉ္စဝိညာဏ
<mark>သမ္ပဋိစ္ဆ</mark> သန္တီရဏ တဒါရမဏာနိ — <mark>ပဉ္စဝိညာဉ် သမ္ပဋိစ္ဆိုင်း</mark>
သန္တီရဏ တဒါရုံတို့သည်၊ ဟောန္တိ-ဖြစ်ကုန်၏။

> "တဒါရမဏနိယမ" — "မည်သည့်ဇောနောက်၌ မည်သည့်တဒါရုံဖြစ်၏"
ဟု တဒါရုံကို ပိုင်းခြား မှတ်သားမှုကို "တဒါရမဏနိယမ" ဟု ခေါ်သည်။
တဒါရုံကို ပဓာနထား၍ ပဉ္စဝိညာဏ် <mark>သမ္ပဋိစ္ဆ</mark>ိုင်း သန္တီရဏတို့၏ နိယမ ကို
လည်း ဤအခဏ်း၌ ပိုင်းခြား သတ်မှတ် ပြလတ္တံ့။

၁။ အနိဋ္ဌေ အာရမဏေ — အလို မရှိထိုက်သော အာရုံကို "အနိဋ္ဌ"
ခေါ်၏၊ အသေကောင်ပုတ် ကျင်ကြီး ကျင်ငယ် စသော မကောင်းသော
အာရုံများတည်း၊ ထို အာရုံများကို ကျီး-လင်းတ-ခွေး စသော သတ္တာ တို့က
အလိုရှိနေကြသော်လည်း စင်စစ် အလိုရှိခြင်းငှါ ထိုက်တန်သော အာရုံများ
မဟုတ်ချေ။

အကုသလဝိပါကာနေဝ — ထိုအနိဋ္ဌာရုံများကို ရှေး အကုသိုလ်ကြောင့်
တွေ့ကြရသည်ဖြစ်၍ ထို အနိဋ္ဌာရုံနှင့် တွေ့သောအခါ ဇောမှတစ်ပါး စက္ခု
ဝိညာဏ် စသော ဝီထိစိတ်များသည် အဟိတ် အကုသလဝိပါက် စိတ်ချည်း
ဖြစ်ရမည်-ဟူလို။

၂။ ဣဋ္ဌေ-ဣဋ္ဌဖြစ်သော၊ အာရမဏေ-အာရုံ၌၊ ကုသလ
ဝိပါကာနိ (၉ဝ)-ကုသလဝိပါက်သာလျှင် ဖြစ်ကုန်သော၊ ပဉ္စ
ဝိညာဏ <mark>သမ္ပဋိစ္ဆ</mark> သန္တီရဏ တဒါရမဏာနိ – တို့သည်၊
ဟောန္တိ - ဖြစ်ကုန်၏၊ ( စုံအောင် လိုက်ပေးသည်။ )

၃။ ပန-ကား၊ အတိဣဋ္ဌေ – အတိဣဋ္ဌဖြစ်သော၊ အာရမ
ဏေ-၌၊ <mark>သောမနဿ</mark>သဟဂတာနေဝ – <mark>သောမနဿ</mark>သဟ
ဂုတ်သာလျှင် ဖြစ်ကုန်သော၊ သန္တီရဏတဒါရမဏာနေဝ – တို့
သည်၊ ဟောန္တိ-ဖြစ်ကုန်၏။

၂။ ဣဋ္ဌံ — ဣဋ္ဌသည် သာမန် အလိုရှိထိုက်သော ဣဋ္ဌမဇ္ဈတ္တ, အလွန်
အလိုရှိထိုက်သော အတိဣဋ္ဌ, ဟု ၂ မျိုးရှိ၏၊ အတိဣဋ္ဌကို သီးခြားဆိုလတ္တံ့
ဖြစ်၍, ဤနေရာ၌ အလယ် အလတ်စားဖြစ်သော ဣဋ္ဌမဇ္ဈတ္တကိုယူ၊ သာမန်
လောက်သာ လှပသော အဆင်း, သာမန်လောက်သာ ကောင်းသောအသံ,
အနံ့, အရသာ, အတွေ့ စသည်များတည်း။

ကုသလဝိပါကာနိ — ထို ဣဋ္ဌာရုံကို ရှေး ကုသိုလ်ကြောင့်သာ တွေ့ကြ
ရသည်ဖြစ်၍ ထိုအာရုံနှင့် တွေ့သည့်အခါ ဇောမှ တစ်ပါးသော ဝီထိစိတ်များ
မဟာဝိပါက်နှင့် အဟိတ်ကုသလဝိပါက် စိတ်တို့သာ ဖြစ်ကြ၏။

[ နောက်အတိဣဋ္ဌ၌ <mark>သောမနဿ</mark> သန္တီရဏ တဒါရုံ ဟု ဆိုလတ္တံ့ ဖြစ်၍
ဣဋ္ဌမဇ္ဈတ္တာရုံ၌ သန္တီရဏ တဒါရုံတို့သည် ဥပေက္ခာသဟဂုတ် များသာ
ဖြစ်ရမည် ဟု ဖွင့်ဆိုကြ၏။ ]

### နိဿယနှင့်အဓိပ္ပါယ်

၃။ အတိဣဋ္ဌေ၊ ပေ၊ တဒါရမဏာနိ — ဘုရားရှင် စသော အာရုံ,
အလွန်ကောင်းသောအသံ စသည်ကို "အတိဣဋ္ဌ" ဟု ခေါ်သည့်၊ ထို အတိ
ဣဋ္ဌာရုံနှင့် တွေ့ကြုံသည့်အခါ သန္တီရဏနှင့် တဒါရုံတို့သည် <mark>သောမနဿ</mark>
သဟဂုတ် ချည်းသာ ဖြစ်ရမည်၊ ပဉ္စဝိညာဏ်နှင့် <mark>သမ္ပဋိစ္ဆ</mark>ိုင်း စိတ်တို့ကား
<mark>သောမနဿ</mark> မရှိ၍ ဣဋ္ဌမဇ္ဈတ္တာရုံတုန်းကနှင့် မထူးပြီ။

---

## Trang 119

၄။ <mark>တတ္ထာပိ</mark>-ထိုတဒါရုံတို့တွင်လည်း၊ <mark>သောမနဿ</mark>သဟ
ဂတ ကြိယဇဝနာဝသာနေ −<mark>သောမနဿ</mark> သဟဂုတ် ကြိယာ
ဇော၏ အဆုံး၌၊ <mark>သောမနဿ</mark>သဟဂတာနေဝ – <mark>သောမနဿ</mark>
သဟဂုတ်သာလျှင် ဖြစ်ကုန်သော၊ တဒါရမဏာနိ – တဒါရုံ
တို့သည်၊ ဘဝန္တိ-ဖြစ်ကုန်၏။

၅။ ဥပေက္ခာသဟဂတကြိယဇဝနာဝသာနေစ — "ဥပေက္ခာ
သဟဂုတ်ကြိယာဇော၏ အဆုံး၌လည်း၊" ဥပေက္ခာသဟဂတာ
နေဝ - ဥပေက္ခာသဟဂုတ်သာလျှင် ဖြစ်ကုန်သော၊ တဒါရမ
ဏာနိ-တို့သည်၊ ဟောန္တိ-ဖြစ်ကုန်၏။

၆။ ပန-ကား၊ ဒေါမနဿသဟဂတ ဇဝနာဝသာနေစ-
ဒေါမနဿသဟဂုတ်ဇော၏ အဆုံး၌လည်း၊ တဒါရမဏာနိ
စေဝ-တဒါရုံတို့သည်၎င်း၊ ဘဝင်္ဂါနိစ – ဘဝင်တို့သည်၎င်း၊
ဥပေက္ခာသဟဂတာနေဝ - ဥပေက္ခာ သဟဂုတ်တို့ ချည်းသာ
လျှင်၊ ဘဝန္တိ−ဖြစ်ကုန်၏။

၄-၅။ <mark>တတ္ထာပိ</mark> သောမနဿ ၊ ပေ၊ ဥပေက္ခာ သဟဂတာနေဝ —
ကြိယာဇောတို့ မည်သည့် ရဟန္တာသန္တာန်၌သာ ဖြစ်ရကား, အာရုံအား
လျော်စွာ အတိဣဋ္ဌာရုံနှင့်ကြုံလျှင် <mark>သောမနဿ</mark> ဇောစော၍, ဣဋ္ဌမဇ္ဈတ္တ
အနိဋ္ဌာရုံတို့နှင့် တွေ့ကြုံလျှင် ဥပေက္ခာသဟဂုတ် ဇောများ စောကြသည်၊
ထိုကြောင့် <mark>သောမနဿ</mark>ကြိယာဇောနောင် <mark>သောမနဿ</mark> တဒါရုံ ( မဟာ
ဝိပါက် ၄, <mark>သောမနဿ</mark>သန္တီရဏ ၁) ၅ ပါးတွင် တစ်ပါးပါးဖြစ်၏၊ ဥပေက္ခာ
ကြိယာဇောနောင် ဥပေက္ခာတဒါရုံ ( မဟာဝိပါက် ၄, သန္တီရဏ ၂) ၆ ပါး
တွင် တစ်ပါးပါး ဖြစ်၏။

### နိဿယနှင့်အဓိပ္ပါယ်

၆။ ဒေါမနဿ သဟဂတ ၊ ပေ၊ ဥပေက္ခာသဟဂတာနေဝဘဝန္တိ —
<mark>သောမနဿ</mark>ဝေဒနာနှင့် ဒေါမနဿ ဝေဒနာသည် လွန်စွာ ဆန့်ကျင်ဘက်
ဖြစ်၏၊ အချင်းချင်း ရွေ့သွားနောက်လိုက် မဖြစ်နိုင်ကြ၊ ထို့ကြောင့် ဒေါသ
ဇောနောက်၌ တဒါရုံ ဖြစ်ခွင့်ကြုံလျှင် ဥပေက္ခာသဟဂုတ် တဒါရုံသာဖြစ်ရ
မည်၊ တဒါရုံ ဖြစ်ခွင့်မကြုံဘဲ ( ဇဝနဝါရ ဝီထိဖြစ်၍ ) ဇောနောင် ဘဝင်ကျရ
လျှင်လည်း ဥပေက္ခာသဟဂုတ်ဘဝင်သာ ကျရမည် ဟူလို။

တသ္မာ-ထိုကြောင့်၊ <mark>သောမနဿ</mark>ပဋိသန္ဓေကဿ - သော
မနဿပဋိသန္ဓေရှိသောပုဂ္ဂိုလ်၏၊ (<mark>သောမနဿ</mark>နှင့် ပဋိသန္ဓေ
နေခဲ့သူ၏) ဒေါမနဿသဟဂတဇဝနာဝသာနေ-ဒေါမနဿ
ဇော၏အဆုံး၌...

> **[ဆောင်]** ၍ငယ်သနစ်, အရင်းစစ်က, ဥပေက်ကြိယာ, ဒေါသာခြောက်
နောက်, တဒါခြောက်တည်း၊ ကြံသောနောက်ငါး၊ ကြွင်းငြား
ဆဲ့ရှစ်, ဇောနောင်ဖြစ်သည်, ဆဲ့တစ် တဒါရုံပေါင်းတည်း။

၍ဝယ်သနစ် အရင်းစစ်က — "ဤအရာဝယ် ထိုထိုဇောနောင် တဒါရုံတို့ကို
စနစ်ကျကျ အရင်းကစလျက် စိစစ်ရေတွက်သည် ရှိသော်......"

ဥပေက်ကြိယာ၊ ပေ၊ တဒါခြောက်တည်း — မဟာကြိယာဥပေက္ခာဇော ၄,
ဒေါသဇော ၂, ၎င်းဇောခြောက်ပါးနောက်၌ မဟာဝိပါက် ၄, သန္တီ
ရဏ ၂, ပေါင်း ဥပေက္ခာသဟဂုတ် တဒါရုံ ၆ ပါး ဖြစ်နိုင်သည်။

<mark>ကြိသော</mark>နောက်ငါး — မဟာကြိယာ <mark>သောမနဿ</mark>သဟဂုတ်ဇော ၄ ပါး
ဟသိတုပ္ပါဒ်ဇော ၁, ဤငါးပါးနောင် <mark>သောမနဿ</mark> တဒါရုံ (မဟာ
ဝိပါက် ၄, သန္တီရဏ ၁, ) ၅ ပါး ဖြစ်နိုင်သည်။

ကြွင်းငြား၊ ပေ၊ တဒါရုံပေါင်းတည်း — ကြွင်း အကုသိုလ်ဇော ၁ဝ, မဟာ
ကုသိုလ်ဇော ၈ နောင်, တဒါရုံ ၁၁ ပါးလုံး ဖြစ်နိုင်သည် ဟူလို။

တသ္မာယဒိ ၊ ပေ ၊ <mark>တဒါရမ္ပဏ</mark>သတ္တ ဝေါနတ္ထိ — "<mark>သောမနဿ</mark> သဟ
ဂုတ်စိတ်နှင့် ပဋိသန္ဓေ နေခဲ့သူမှာ ပဝတ္တိအခါ အမြဲဖြစ်သော ဘဝင်လည်း

---

## Trang 120

သဟဂုတ်ဇော၏ အဆုံး၌၊ တဒါရမဏသမဝေါ− တဒါရုံ၏
ဖြစ်သင့်ခြင်းသည်၊ ယဒိနတ္ထိ-အကယ်၍မရှိအံ၊ တဒါ-ထိုအခါ၌၊
ယံကိဉ္စိ – အမှတ်မထား, တစ်ပါးပါးသော၊ ပရိစိတပုဗ္ဗေ - ရှေး၌
လေ့ကျက်အပ်သော၊ ပရိတ္တာရမ္မဏံ-ကာမအာရုံကို၊ <mark>အာရမ္မဏံ</mark>-
အာရုံ ပြု၍၊ ဥပေက္ခာသဟဂတသန္တီရဏံ - ဥပေက္ခာသဟ
ဂုတ်သန္တီရဏစိတ်သည်၊ ဥပ္ပဇ္ဇတိ - ဖြစ်၏၊ တံ - ထိုဥပေက္ခာ
သဟဂုတ် သန္တီရဏစိတ်ကို၊ အနန္တရိတွာ - အခြားမဲ့ ပြု၍၊
ဘဝင်္ဂပါတောဝ - <mark>သောမနဿ</mark> ဘဝင် ကျသည် သာလျှင်၊
ဟောတိ-ဖြစ်၏၊ ဣတိ-ဤသို့၊ အာစရိယာ-ဆရာတို့သည်၊ ဝဒန္တိ-
မိန့်ဆိုကြကုန်၏။ [– အနန္တရိတွာ – အနန္တရပစ္စည်းပြု၍" ဟု
ရှေးအနက် ရှိ၏။]

<mark>သောမနဿ</mark> သဟဂုတ်စိတ်ချည်းသာ ဖြစ်ရိုး ရှိသည်။ [ တဘဝ၌ ပဋိသန္ဓေ
ဘဝင်စုတိစိတ်တို့ တစ်မျိုးထည်း တစ်ခုထည်းသာ ဖြစ်ကြောင်းကို မိန့်လတ္တံ့၊ ]
ထိုကြောင့် <mark>သောမနဿ</mark>နှင့် ပဋိသန္ဓေ နေခဲ့သူ၏ သန္တာန်၌ ဒေါသဇော
အဆုံးဝယ် ( တစုံတခု အကြောင်းချို့တဲ့မှုကြောင့် ) တဒါရုံ ဖြစ်ခွင့်မရလျှင်
ဘဝင်ကျရလိမ့်မည်၊ ထိုဘဝင်သည်<mark>သောမနဿ</mark> ဘဝင်ဖြစ်အံ့, ဒေါသဇောနှင့်
ရှေ့နောက်မတဲ့ ကပ်ဖွဲ့ဖြစ်၏၊ ဥပေက္ခာဘဝင်ဖြစ်အံ့, မူလပဋိသန္ဓေနှင့် မသင့်
လျော်ချေ။

တဒယံကိဉ္စိ၊ ပေ၊ သန္တိရဏံ ဥပ္ပဇ္ဇတိ — "ဤသို့ တဒါရုံလည်း ဖြစ်ခွင့်မရ,
ဘဝင်လည်းမကျသာဘဲ အခက်အခဲကြုံရာ အခါဝယ်, ရှေ့က ဒေါသဇော
နှင့်လည်းလျော် — နောက်က <mark>သောမနဿ</mark> ဘဝင်နှင့်လည်း သင့်တော်သော
ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်က အာဂန္တုက ဘဝင်ကိစ္စ တပ်လျက်
ဖြစ်လာရသည်" ဟု - ဆရာတို့ ဆိုကြသတတ်။ [ပဋိသန္ဓေနှင့်တူစွာ ရိုးရာကြမြဲ
အာဝါသိက ဘဝင် မဟုတ်, ယခုမှ လတ်တလော ဖြစ်ရသော ဘဝင်ဖြစ်၍
"အာဂန္တုကဘဝင်" ဟု ခေါ်သည်။ ]

ပရိစိတပုဗ္ဗေ ပရိတ္တာရမ္မဏမာရဗ္ဘ — ၎င်း သန္တီရဏစိတ်သည် ယခု
ဒေါသဇောကျသော ဝီထိ၏အာရုံကို အာရုံမပြုနိုင်၊ ရှေးက အလေ့အလာ
များသော ကာမအာရုံ တစ်ပါးပါးကို အာရုံပြုသည်၊ ဥပမာ — ရူပါရုံပေါ်၌
အလေ့အလာ ဝါသနာများသာလျှင် ရူပါရုံကို အာရုံပြုမည့်, ဤသို့ စသည့်ဖြင့်
သိလေ၊ ထို အာရုံများသည် အနိဋ္ဌာရုံဖြစ်အံ့, အကုသလဝိပါက် သန္တီရဏ
သာ ဖြစ်ခွင့်ရှိ၏၊ ဣဋ္ဌမဇ္ဈတ္တ-အတိဣဋ္ဌာရုံ ဖြစ်အံ့, ကုသလဝိပါက် ဥပေက္ခာ
သန္တီရဏစိတ်သာ ဖြစ်ခွင့် ရှိသည်၊ ထို ဥပေက္ခာသန္တီရဏ၏ အခြားမဲ့၌ကား
ရိုးရာကျမြဲဖြစ်သော <mark>သောမနဿ</mark> ဘဝင်ကျခွင့် ရလေတော့၏။

### နိဿယနှင့်အဓိပ္ပါယ်

၇။ တထာ-ထိုမှတစ်ပါး၊ <mark>ကာမာဝစရ</mark>ဇဝနာဝသာနေဒေဝ-
<mark>ကာမာဝစရ</mark>ဇော်၏ အဆုံး၌ သာလျှင်၊ <mark>ကာမာဝစရ</mark> သတ္တာနံ
ဧဝ-<mark>ကာမာဝစရ</mark>သတ္တဝါတို့၏သန္တာန်၌သာလျှင်၊ [ ဧဝ-လိုက်]
အာရမ္မဏဘူတေသု-အာရုံ ဖြစ်၍ ဖြစ်ကုန်သော၊ <mark>ကာမာဝစရ</mark>
ဓမ္မေသွေဝ-<mark>ကာမာဝစရ</mark> တရားတို့၌သာလျှင်၊ တဒါရမဏံ-
တဒါရုံကို၊ ဣစ္ဆ န္တိ – အလိုရှိကြကုန်၏၊ ဣတိ - ဤကား တဒါ
ရမဏနိယမ အပြီးတည်း။

### သင်္ဂဟ

ဂါထာ — ကာမေ-ကာမဘုံ၌၊ ( ပရိယာပန္နာနံ=အကျုံးဝင်
ကုန်သော၊ ) ဇဝနသတ္တာလမ္ဗနာနံ - ဇော, သတ္တာ,
အာရုံတို့၏၊ နိယမေ – အမှတ်အသားသည်၊ သတိ-ရှိသော်၊

၇။ တထာ<mark>ကာမာဝစရ</mark>၊ ပေ ၊ ဣစ္ဆ န္တိ — ၁-ကာမဇော, ၂-ကာမ
ဘုံသားသတ္တဝါ, ၃-ဝိဘူတာရုံ သို့မဟုတ် အတိမဟန္တာရုံ ဖြစ်သော ကာမ
တရား, ဤအကြောင်း သုံးပါးစုံမှ တဒါရုံ ကျနိုင်သည်।

---
