## Trang 121

ဝိဘူတေ-ဝိဘူတဘဝရုံ၌၎င်း၊ အတိမဟန္တေစ– အတိမဟန္တာရုံ၌
၎င်း၊ တဒါရမဏံ-တဒါရုံကို၊ ဝုတ္တံ-ဆိုအပ်၏။
ဧဝံ-၍ ဝီထိသင်္ဂဟ၌၊ အယံ – ဤ ဆိုအပ်ပြီးသည်ကား၊
တဒါရမဏနိယမော-တဒါရုံကိုမှတ်သားခြင်းတည်း။

### သင်္ဂဟဂါထာ

ဂ။ သင်္ဂဟဂါထာကား— နံပါတ်ကို အကျဉ်းချုပ်သောဂါထာတည်း။

### လေ့ကျင့်ခန်း မေးခွန်းများ

အဘယ်ကို တဒါရမဏနိယမ ဟု ခေါ်သနည်း။

ခ။ အဘယ်အာရုံမျိုးကို အနိဋ္ဌာရုံဟု ခေါ်သနည်း၊ ထိုအနိဋ္ဌာရုံနှင့်ကြုံသည့်
အခါ ဘယ် ဝိပါက်စိတ်များ ဖြစ်သနည်း။

ဂ။ အဘယ် အာရုံမျိုးကို ဣဋ္ဌမဇ္ဈတ္တာရုံ ဟု ခေါ်သနည်း၊ ဣဋ္ဌမဇ္ဈတ္တာရုံ၌
အဘယ် ဝိပါက်စိတ်များ ဖြစ်သနည်း။

ဃ။ အဘယ် အာရုံမျိုးကို အတိဣဋ္ဌာရုံ ဟု ခေါ်သနည်း၊ အတိဣဋ္ဌာရုံ၌
အဘယ် ဝိပါက်စိတ်များ ဖြစ်သနည်း၊ သင်္ဂြိုဟ်ထောက်ပါ။

င။ တဒါရုံချမှုနှင့်ဆိုင်ရာ လင်္ကာအချုပ်နှင့်တကွ အဓိပ္ပါယ်ပြပါ။

စ။ သောမနဿ ပဋိသန္ဓေနေခဲ့သူ၏ ဒေါသဇော အဆုံး၌ တဒါရုံကျခွင့်
မရလျှင် အဘယ့်ကြောင့် ဘဝင် မချထိုက်သေးသနည်း။

ဆ။ ဘဝင် မချထိုက်လျှင် အဘယ်စိတ် ဖြစ်သနည်း၊ ထိုစိတ်သည် အဘယ်
တရားကို အာရုံပြုမည်နည်း။

ဇ။ ထိုစိတ်ကို အဘယ်ကြောင့် အာဂန္တုက ဘဝင် ဟု ခေါ်ကြသနည်း၊
အာဂန္တုက ဘဝင်ရှိလျှင် အာ<mark>ဝါ</mark>သိကဘဝင်ကား အဘယ်နည်း။

ဈ။ တဒါရုံကျနိုင်ခြင်း၏ အင်္ဂါကို သင်္ဂြိုဟ် အထောက်နှင့် တကွ ပြပါ။

---

### ဇဝနနိယမ

### နိဿယနှင့်အဓိပ္ပါယ်

၁။ စ-အဖို့တစ်ပါးကား၊ ဇဝနေသု-ဇောအဖို့
တွင်၊ ပရိတ္တဇဝနဝီထိယံ– <mark>ကာမဇော ဝီထိ</mark>၌၊
ကာမာဝစရဇဝနာနိ-ကာမာဝစရဇောတို့သည်၊ သတ္တက္ခတ္တံ
<mark>ဝါ</mark>- ခုနစ်ကြိမ်သာလျှင်သော်၎င်း၊ (<mark>နေတ္ထ</mark> ဧဝကိုလိုက်စေ၊)
ဆက္ခတ္တုမေဝ<mark>ဝါ</mark>-ခြောက်ကြိမ် သာလျှင် သော်၎င်း၊ ဇဝန္တိ-
စောကုန်၏။

၂။ ပန-ကား၊ မန္ဒပ္ပဝတ္တိယံ – အဟုန်ရော့ရဲ့၊ <mark>ခွန် နွဲ့နွဲ့</mark> ဖြစ်ရာ
အခါ၌၊ မရဏကာလာဒီသု - စုတေခါနီးကာလ အစရှိသည်
တို့၌၊ ပဉ္စဝါရမေဝ-ငါးကြိမ်သာလျှင်၊ ( ဇဝန္တိ-ဖြစ်၏။ )

**ဇဝနနိယမ။** ။ဇောကို <mark>ပိ</mark>ုင်းခြားမှတ်သား၍ ပြသော စကားရပ်ကို
"ဇဝနနိယမ" ဟု ခေါ်သည်။ [နိယမ-မှတ်သားသော စကား။ ]

၁။ ပရိတ္တဇဝန၊ပေ၊ဇဝန္တိ—ဤစကားကား ကာမဇောတို့၏ ပကတိ
ရိုးရာအခါ၌ စောပုံကိုပြသော စကားတည်း၊ အတိမဟန္တာရုံဝီထိ စသည်၌
ပြခဲ့သော ကာမဇောတို့ ၇ ကြိမ်သော်လည်း စောတတ်၏။ သို့မဟုတ် ၆ ကြိမ်
သော်လည်း စောတတ်၏၊ [ သတ္တက္ခတ္တံဧဝ – ၌ ဧဝသဒ္ဒါဖြင့် ၇ ကြိမ်ထက်
မလွန်ရဟု ကန့်၊ ဆက္ခတ္တံဧဝ-၌ ဧဝသဒ္ဒါဖြင့် ၆ ကြိမ်အောက် မယုတ်ရဟု ကန့်၊
အချို့ ဋီကာတို့ ဖွင့်ပုံကို ဘာသာဋီကာ၌ ရှု။]

၂။ မန္ဒပ္ပဝတ္တိ၊ပေ၊ပဉ္စဝါရမေဝ—မန္ဒဟူသည်၊ အဟုန်မပြင်းလှ၊
ရော့ရဲရဲရှိသည်၊ "စိတ်ဇော အားသေးသည်"ဟူလို။

မရဏကာလာဒီသု—မရဏကာလ= စုတေခါနီးအခါ၊ အာဒိသဒ္ဒါဖြင့်
သစ်ပင်မှကျမှု ရေနစ်မွန်းမှု စသည်ကြောင့်တွေဝေမိန်းမော သေငယ်ဇောဖြင့်
မျော၍ နေရာ—မုစ္ဆာကာလ၊ သတိကင်း၍ မေ့နေရာ—ဝိသညီဘူတကာလ၊

---

## Trang 122

၃။ ပန-ကား၊ ဘဂဝတော - မြတ်စွာဘုရား၏၊ ယမက
ပါဋိဟာရိယကာလာဒီသု- ရေမီးအစုံ ဖြစ်သော တန်ခိုးပြာဋိ
ဟာကို ပြရာကာလ အစရှိသည်တို့၌၊ လဟုကပ္ပဝတ္တိယံ-လျင်
မြန်စွာ ဖြစ်ရာအခါ၌၊ စတ္တာရိဝါ-၄ ကြိမ်သော်လည်း ဖြစ်ကုန်
သော၊ ပဉ္စဝါ-၅ ကြိမ်သော်လည်းဖြစ်ကုန်သော၊ ပစ္စဝေက္ခဏာ
စိတ္တာနိ-<mark>ပစ္စဝေက္ခဏာဇော</mark>စိတ်တို့သည်၊ ဘဝန္တိ-ဖြစ်၏၊ ဣတိ
<mark>ပိ</mark>-ဤသို့လည်း၊ ဝဒန္တိ-အဋ္ဌကထာဆရာတို့ ဆိုကြကုန်၏။

မွေးဖွားခါစ - အတိတရုဏကာလ၊ စသည်ကိုယူ၊ ဤ မရဏကာလစသည်
တို့၌ မှီရာ ဟဒယဝတ္ထုရုပ်၏ အားနည်းခြင်းကြောင့် ကာမဇောတို့ ၅ ကြိမ်
လောက်သာ စောကြရသည်။

> **[ဆောင်]** မရဏကာလာ၊ အာဒိမှာဖြင့်၊ မုစ္ဆာ တစ်ရှိ၊ ဝိသည်နှင့်၊ အတိ
> တရုဏ၊ စသည့်ကာလ၊ ဟူသမျှ၊ ယူရ မှတ်လေလော။

---

၃။ ဘဂဝတော၊ပေ၊စိတ္တာနိ ဘဝန္တိ — မြတ်စွာဘုရား၏ တန်ခိုး
ပြာဋိဟာကို ပြတော်မူရာ အခါ၌ လက်ဝဲဘက်က မီးအလျှံထွက်အောင်ဈာန်
အဘိညာဉ် ဝင်စားရ၏၊ ထို့နောက် ဈာန်အဘိညာဉ်၌ ပါသော ဈာန်အင်္ဂါ
တွေကို ဆင်ခြင်းဖို့ရာ ပစ္စဝေက္ခဏာ ဝီထိခေါ် <mark>ကာမဇော ဝီထိ</mark>များ ဖြစ်ရ၏၊
ထို့နောက် လက်ယာဘက်က ရေအယဉ် ထွက်လာအောင် ဈာန်အဘိညာဉ်
ဝင်စားရ၏၊ ဈာန်အင်္ဂါကို ဆင်ခြင်ရ၏။

ဤသို့ မီးအလျှံ ထွက်လာအောင် စိတ်အစဉ်တစ်မျိုး ရေအယဉ် ထွက်လာ
အောင် စိတ်အစဉ်တစ်မျိုးဖြစ်သော်လည်း၊ ကြည့်ရှုဖူးမျှော်သူတို့က မီးနှင့် ရေ
စုံဘက်၍ တစ်ပြိုင်နက် ထွက်လာသည်ဟု ထင်ကြရလေသည်၊ ထိုသို့ တစ်ပြိုင်နက်
ထွက်လာသည်ဟု ထင်ရလောက်အောင်ပင် အဆောတလျင် ဖန်ဆင်းရမည့်

### နိဿယနှင့်အဓိပ္ပါယ်

၄။ ပန-ကား၊ အာဒိကမ္မိကဿ-အစဆုံး ကမ္မဋ္ဌာန်း အား
ထုတ်မှ ရှိသော ပုဂ္ဂိုလ်၏၊ ပဌမကပ္ပနာယံ – ရှေးဦးစွာသော
အပ္ပနာ၌၊ <mark>မဟဂ္ဂတဇဝနာနိ</mark>-မဟဂ္ဂုတ်ဇောတို့သည်၊ ဧကဝါရ
မေဝ- တစ်ကြိမ်သာလျှင်၊ ဇဝန္တိ-စောကုန်၏ (လိုက်)၊ အဘိညာ
ဇဝနာနိစ = အဘိညာဉ်ဇောတို့သည်လည်း၊ <mark>သဗ္ဗဒါ</mark> – အခါ
ခပ်သိမ်းလည်း၊ ဧကဝါရမေဝ-တစ်ကြိမ်သာလျှင်၊ ဇဝန္တိ-ဖြစ်၏၊ တတော-
ထိုတစ်ကြိမ်မှ၊ ပရံ – နောက်၌၊ <mark>ဘဝင်္ဂပါတော</mark>-သည်၊ (ဟောတိ-ဖြစ်၏။)

အခမ်းအနားဖြစ်၍ ပစ္စဝေက္ခဏာဝီထိ၌ ပါသော ကာမဇောတို့ <mark>စိတ်ပြေနပြေ</mark>
စောနေခွင့် မရ၊ ၄ ကြိမ်ခန့် ၅ ကြိမ်ခန့်ဖြင့် ကိစ္စ ပြီးအောင် အရေးတကြီး
စောကြရလေသည်၊ အရေးတကြီးမဟုတ်လျှင် ပစ္စဝေက္ခဏာ ဇောတို့ ၇ ကြိမ်
ပင် စော၏။ [ဝီထိစဉ်နှင့်အကျယ်ကို ဘာသာဋီကာမှာရှု။]

---

၄။ အာဒိကမ္မိကဿ—ထိုထိုဈာန် အတွက် အစဆုံး ကမ္မဋ္ဌာန်း အား
ထုတ်မှရှိသော ယောဂီပုဂ္ဂိုလ်ကို " အာဒိကမ္မိကပုဂ္ဂိုလ် " ဟု ခေါ်သည်၊
ဥပမာ—ပဌမဈာန်ရပြီးနောက် ဒုတိယဈာန်ကို စ၍ အားထုတ်ပြန်လျှင် ဒုတိယ
ဈာန်အတွက် အာဒိကမ္မိက ပုဂ္ဂိုလ်ပင် ဖြစ်သည်၊ အထက်ဈာန်တို့ကို အား
ထုတ်ရာ၌လည်း ဤနည်းပင်တည်း။

ပဌမကပ္ပနာယံ — ထိုကဲ့သို့ အားထုတ်ရာ၌ ပဌမ-ပဌမ ရအပ်သော
ဈာန်ကို "ပဌမကပ္ပနာ" ဟု ခေါ်သည်။ [ ပဌမ=ရှေးဦးစွာဖြစ်သော+
အပ္ပနာ=အပ္ပနာဈာန်။ ]

<mark>မဟဂ္ဂတဇဝနာနိ</mark>ဧကဝါရမေဝ—ထို အစဆုံးရအပ်သော ဈာနဝီထိ
<mark>အခိုက်အတန့်</mark>၌ ဈာန်ဇော ဟူသမျှ ၁ ကြိမ်သာ စောရမည်-ဟူလို၊ [ နောက်ထပ်
ဈာန်ဝင်စားသည့်အခါ၌ကား အကြိမ်များစွာ စောလိမ့်မည်။]

---

## Trang 123

၅။ ပန-ကား၊ စတ္တာရော-လေးပါးကုန်သော၊ မဂ္ဂပ္ပါဒါ-
ဥပါဒ်သောမဂ်တို့သည်၊ ဧကစိတ္တက္ခဏိကာ - တစ်ခုသောစိတ္တ
က္ခဏရှိကုန်၏၊ တတော-ထိုတစ်ကြိမ်မှ၊ ပရံ-နောက်၌၊ <mark>ဒွေ တီဏိ ဖလ</mark>
စိတ္တာနိ- ၂ ကြိမ်၊ ၃ကြိမ်သောဖိုလ်စိတ်တို့သည်၊ ယထာရဟံ-
မန္ဒတိက္ခပုဂ္ဂိုလ်အလိုက်၊ ထိုက်သည်အားလျော်စွာ၊ ဥပ္ပဇ္ဇန္တိ-
ဖြစ်ကုန်၏၊ တတော-ထိုဖိုလ်ဇောတို့မှ၊ ပရံ-နောက်၌၊ ဘဝင်္ဂ
ပါတော-သည်၊ ဟောတိ-ဖြစ်၏။

၆။ နိရောဓသမာပတ္တိကာလေ – နိရောဓ သမာပတ်ကို
ဝင်စားခါနီးကာလ၌၊ ဒွိက္ခတ္တုံ – နှစ်ကြိမ်၊ စတုတ္ထာရုပ္ပဇဝန-
အဘိညာဇဝနာနိ<mark>သဗ္ဗဒါ</mark>-ဧကဝါရမေဝ—[<mark>သဗ္ဗဒါ</mark>ကို အဘိညာ
ဇဝနာနိနှင့်သာ တွဲ၍ အဓိပ္ပါယ်မှတ်၊ <mark>မဟဂ္ဂတဇဝနာနိ</mark>နှင့် မတွဲမိစေနှင့်၊
အဘိညာဏ်ဇောတို့ကား ပဌမရစအခါ၌ ဖြစ်စေ၊ နောက်အခါ၌ ဖြစ်စေ၊
အခါခပ်သိမ်း ၁ ကြိမ်သာ စောသည် ဟူလို။]

၅။ စတ္တာရောပန၊ပေ၊ ဥပ္ပဇ္ဇန္တိ—မဂ်ဖိုလ်တို့သည် တစ်ကြိမ်သာ ဖြစ်ရိုး
ရှိကုန်၏၊ တစ်ကြိမ်ပြီးသည်နှင့်တစ်ပြိုင်နက် ဖိုလ်ဇော ဆက်၍ စော၏။

ယထာရဟံ ဒွေ တိဏ္ဏိ—ထိုသို့ ဖိုလ်ဇောစောရာဝယ် <mark>မန္ဒပည</mark>ပုဂ္ဂိုလ်၌
၂ ကြိမ်၊ <mark>တိက္ခပည</mark>ပုဂ္ဂိုလ်၌ ၃ ကြိမ်၊ ဤသို့ ထိုက်သင့်သလို စောကြရသည်။
[ မ=မဂ်။ ဖ=ဖိုလ်။ ]

<mark>မန္ဒပည</mark>ပုဂ္ဂိုလ်၏ မဂ္ဂဝီထိပုံ
( နု ဂေါ မ ဖ ဖ ဘ )
<mark>တိက္ခပည</mark>ပုဂ္ဂိုလ်၏ မဂ္ဂဝီထိပုံ
( နု ဂေါ မ ဖ ဖ ဖ ဘ )

### နိဿယနှင့်အဓိပ္ပါယ်

စတုတ္ထအာရုပ္ပဇောသည်၊ ဇဝတိ-စော၏၊ တတော-ထိုစတုတ္ထ
အာရုပ္ပဇောမှ၊ ပရံ-နောက်၌၊ နိရောဓံ – စိတ် စေတသိက် စိတ္တဇရုပ်တို့၏
ချုပ်ခြင်းသို့၊ ဖုသတိ - ရောက်၏၊ ဝုဋ္ဌာနကာလေ စ - နိရောဓ
သမာပတ်မှ ထရာကာလ၌လည်း၊ အနာဂါမိဖလံဝါ-အနာဂါမိ
ဖိုလ်ဇောသည်သော်၎င်း၊ အရဟတ္တဖလံဝါ - အရဟတ္တဖိုလ်
ဇောသည်သော်၎င်း၊ ယထာရဟံ-အနာဂါမ်၊ ရဟန္တာပုဂ္ဂိုလ်
အလိုက်၊ ထိုက်သည်အားလျော်စွာ၊ ဧကဝါရံ-တစ်ကြိမ်၊ ဥပ္ပဇ္ဇ
<mark>တွာ</mark>-ဖြစ်ပြီး၍၊ နိရုဒ္ဓေ - ချုပ်သည်ရှိသော်၊ <mark>ဘဝင်္ဂပါတောဝ</mark>-
သည်သာလျှင်၊ ဟောတိ-ဖြစ်၏။

---

၆။ နိရောဓသမာပတ္တိ— [ နိရောဓ = ချုပ်ခြင်းသို့၊ သမာပတ္တိ-
ကောင်းစွာ ရောက်ခြင်း။ ] စိတ် စေတသိက် စိတ္တဇရုပ်၏ <mark>အခိုက်အတန့်</mark>မျှ
ချုပ်ငြိမ်းမှုသို့ ကောင်းစွာရောက်နေခြင်းကို "နိရောဓသမာပတ်ဝင်စားသည်"
ဟု ခေါ်စမှတ်ပြုကြသည်၊ [ တစုံတစ်ခုသောအရပ်၌ ဝင်ရောက် ခံစားနေသည်
ဟု မမှတ်မှားလင့်။ ] ထို သမာပတ်ကို အနာဂါမ်နှင့် ရဟန္တာများသာ ဝင်စား
နိုင်၏။

ဒွိက္ခတ္တုံ စတုတ္ထာရုပ္ပဇဝနံ — ဤနိရောဓသမာပတ်ကို ဝင်စားခါနီး၌
စတုတ္ထအာရုပ္ပခေါ် နေဝသညာ နာသညာယတနဇော ( အနာဂါမ်ဖြစ်လျှင်
ကုသိုလ်ဇော၊ ရဟန္တာဖြစ်လျှင် ကြိယာဇော ) ၂ ကြိမ်စီ စောသည်။

တတောပရံ နိရောဓံ—ထို့နောက်သမာပတ်အတွင်း၌ စိတ် စေတသိက်
များ ဆက်လက်၍ မဖြစ်သေး၊ စိတ် စေတသိက်များ မဖြစ်လျှင် စိတ်ကြောင့်
ဖြစ်ရသော စိတ္တဇရုပ်များလည်း မကြာခင် ရပ်စဲလေတော့၏၊ သမာပတ်
အတွင်း၌ ကမ္မဇ ဥတုဇ အာဟာရဇရုပ်များသာ ဖြစ်၏။

---

## Trang 124

၇။ သဗ္ဗတ္ထာ<mark>ပိ</mark> – အလုံးစုံလည်းဖြစ်သော၊ သမာပတ္တိဝီ
ထိယံ-ဈာနသမာပတ္တိ၊ ဖလသမာပတ္တိဝီထိ၌၊ <mark>ဘဝင်္ဂသောတော</mark>
ဝိယ-ဘဝင်အယဉ်သည်ကဲ့သို့၊ <mark>ဝီထိနိယမော</mark>-ဇောအစဉ်ကို
မှတ်သားဖွယ် သည်၊ နတ္ထိ-မရှိပြီ၊ တိ က<mark>တွာ</mark>-၍အကြောင်း
ကြောင့်၊ <mark>ဗဟူနိပိ</mark>-များစွာသော ဇောတို့ကိုလည်း၊ လဗ္ဘန္တိ –
ရအပ်ကုန်၏၊ ဣတိ—ဤတွင် ဇဝနနိယမ အပြီးတည်း။

---

ဝုဋ္ဌာနကာလေ၊ပေ၊နိရုဒ္ဓေ — စိတ်စေတသိက် စိတ္တဇရုပ်များ ပြန်၍
ဖြစ်ပေါ်လာမှုကိုပင် " နိရောဓသမာပတ်မှထသည် " ဟု ခေါ်စမှတ် ပြုသည်၊
[အိပ်ရာမှထလာသလို ထလာသည်ဟု မမှတ်လင့်၊] သမာပတ်မှထသည့်အခါ
အနာဂါမ်ဖြစ်လျှင် အနာဂါမိဖိုလ်၊ ရဟန္တာဖြစ်လျှင် အရဟတ္တဖိုလ်စိတ်များ
ပဌမဆုံးတစ်ကြိမ်မျှ ပေါ်လာပြီးနောက် ဘဝင်ကျလေ၏။ [ ကမ္မဋ္ဌာန်းပိုင်း၌
အကျယ်လာဦးလတ္တံ့။]

---

၇။ သဗ္ဗတ္ထာပိ၊ပေ၊လဗ္ဘန္တိ — ဈာန်သို့ ကောင်းစွာရောက်ခြင်း၊ ဈာန်
ဇောချည်း ထပ်ကာထပ်ကာ များစွာဖြစ်နေခြင်းကို " ဈာနသမာပတ္တိ၊ ဝါ—
ဈာန်ဝင်စားသည် "ဟု ခေါ်၏၊ ဖိုလ်ဇောချည်း ထပ်ကာထပ်ကာ များစွာ
ဖြစ်နေခြင်းကို "ဖလသမာပတ္တိ၊ ဝါ— ဖိုလ်ဝင်စားသည်" ဟု ခေါ်သည်၊ ထို
ကြောင့် ဤ သမာပတ်များအတွင်း၌ ဈာန်ဇော ဖိုလ်ဇောများ "မည်မျှဖြစ်သင့်
၏" ဟု မှတ်သားဖွယ်မရှိ၊ အများအပြားပင် ဖြစ်နိုင်ပေသည်။

ဣတိ ကတွာ <mark>ဗဟူနိပိ</mark>၌ ပိသဒ္ဒါဖြင့် ဈာန်ဝင်စားမှု ဖိုလ်ဝင်စားမှု၌ အလေ့
အလာ မရ-အဝါးမဝသေးခင် ၂ ကြိမ် ၃ ကြိမ်စသည်ဖြင့် အနည်းငယ်လည်း
ဖြစ်နိုင်သည်ကို ဆည်းသည်။

### သင်္ဂဟဂါထာ

### နိဿယနှင့်အဓိပ္ပါယ်

၈။ ပရိတ္တာနိ-ကာမဇောတို့ကို၊ သတ္တက္ခတ္တံ-အလွန်
အားဖြင့် ခုနစ်ကြိမ်၊ မတာနိ-သိအပ်ကုန်၏၊ ( <mark>မတံ</mark>-
ကို ပြင်၍လိုက်၊) မဂ္ဂါဘိညာ—မဂ်ဇော အဘိညာဉ်ဇောတို့ကို၊
<mark>သကိံ</mark> - တစ်ကြိမ်၊ <mark>မတံ</mark> - သိအပ်ကုန်၏၊ အဝသေသာနိ -
ကြွင်းကုန်သော၊ ဇဝနာနိ — ဇောတို့ကို၊ <mark>ဗဟူနိပိ</mark> – အကြိမ်
များစွာတို့ကိုလည်း၊ လဗ္ဘန္တိ—ရအပ်ကုန်၏။

ဧဝံ- ဝီထိသင်္ဂဟ၌၊ အယံ-ဤ ဆိုအပ်ပြီးသော စကား
သည်၊ ဇဝနနိယမော-ဇောကို ပိုင်းခြား မှတ်သားခြင်းတည်း။

၈။ သင်္ဂဟဂါထာ။ ။သတ္တက္ခတ္တံ ပရိတ္တာနိ—ဟူသော " ကာမဇောတို့
၇ ကြိမ် စောနိုင်၏ " ဟူသော စကားကား အလွန်ဆုံးကို ပိုင်းခြား၍ ပြော
သော စကားတည်း။ ၆-၅-၄ ကြိမ် စောနိုင်သေးသည်ကိုလည်း အကျယ်
ပါဠိပြန်၍ ကြည့်သဖြင့် သိသင့်လေပြီ။

မဂ္ဂါဘိညာ <mark>သကိံ</mark> — ကား " အဘိညာဇဝနာနိစ <mark>သဗ္ဗဒါ</mark> ဧကဝါရ
မေဝ"နှင့် " စတ္တာရောပန မဂ္ဂပ္ပါဒါ " ကို ချုပ်သော စကားတည်း။

အဝသေသာနိ၊ပေ၊<mark>ဗဟူနိပိ</mark>—ကြွင်းသော ဈာန်ဇော ဖိုလ်ဇောတို့ကား
အကြိမ်ပေါင်း များစွာလည်း စောနိုင်၏၊ <mark>ဗဟူနိပိ</mark>၌ ပိသဒ္ဒါဖြင့် အနည်းငယ်
ကိုဆည်း၏။ ထို့ကြောင့် ဈာန်ရစအခါ၌ ၁ ကြိမ်၊ နိရောဓ သမာပတ်ဝင်စား
ခါနီးအခါ၌ စတုတ္ထာရုပ္ပဇောတို့ ၂ ကြိမ်၊ မဂ်ရပြီးစ အခါ၌ ဖိုလ်ဇောများ
၂ ကြိမ် ၃ ကြိမ်၊ နိရောဓသမာပတ်မှ အထ၌ ၁ ကြိမ်၊ ဤသို့ အနည်းငယ်
လည်း စောနိုင်၏ဟု ပါဠိအကျယ်ကို ကြည့်၍ ပေါင်းဆည်းပုံ သိလေ။

### လေ့ကျင့်ခန်း မေးခွန်းများ

က။ အဘယ် စကားရပ်ကို ဇဝနနိယမ ဟု ခေါ်သနည်း။

---

## Trang 125

ခ။ ကာမဇောတို့ ပကတိအခါ၌ အကြိမ်ပေါင်း မည်မျှ၊ မရဏကာလ
စသည်တို့၌ အကြိမ်ပေါင်း မည်မျှ စောသနည်း။

ဂ။ မရဏကာလာဒိ၌ အာဒိဖြင့် ဘယ်ကာလများကိုယူရမည်နည်း၊ လင်္ကာ
ထောက်ပါ။

ဃ။ တန်ခိုးပြသောအခါ စသည်၌ <mark>ပစ္စဝေက္ခဏာဇော</mark>များ အကြိမ်ပေါင်း
မည်မျှ စောသနည်း။

င။ အာဒိကမ္မိက၏ ပဌမအပ္ပနာဈာန်သည် အကြိမ်မည်မျှ ဖြစ်သနည်း။

စ။ အဘယ် ပုဂ္ဂိုလ်ကို အာဒိကမ္မိကပုဂ္ဂိုလ်ဟု ခေါ်သနည်း။

ဆ။ အဘိညာဉ်ဇောများသည် ဘယ်အခါ၌ တစ်ကြိမ်သာ စောသနည်း။

ဇ။ မဂ်ဇောတို့ အကြိမ်မည်မျှ စောသနည်း၊ အထောက် ပြပါ။

ဈ။ မဂ်နောက် ဖိုလ်ဇောတို့သည် အကြိမ် မည်မျှ စောသနည်း၊ ပုဂ္ဂိုလ်
အလိုက်ခွဲပြပါ။

ည။ အဘယ်ကို နိရောဓ သမာပတ် ဝင်စားသည်ဟု ခေါ်သနည်း၊ နိရောဓ
သမာပတ်ကို အဘယ်ပုဂ္ဂိုလ်များ ဝင်စားနိုင်သနည်း။

ဋ။ နိရောဓသမာပတ် ဝင်စားခါနီး ဝယ် ဘယ် ပုဂ္ဂိုလ်၌ ဘယ်ဇော စော
သနည်း။

ဌ။ အဘယ်ကို နိရောဓသမာပတ်မှ ထသည်ဟု ဆိုသနည်း၊ နိရောဓသမာ
ပတ်မှ ထသည့်အခါ ဘယ်ပုဂ္ဂိုလ်၌ ဘယ်ဇော စောသနည်း။

ဍ။ အဘယ်ကို ဈာန်ဝင်စားသည်-ဖိုလ်ဝင်စားသည်ဟု ဆိုသနည်း။
ထို ဝင်စားသည့်အခါ ဈာန်ဇော ဖိုလ်ဇောများ မည်မျှဖြစ်သနည်း။

ဎ။ သင်္ဂဟဂါထာကို အနက်ပေး၍ <mark>ဗဟူနိပိ</mark>၌ ပိ သဒ္ဒါဖြင့် ဆည်းအပ်သော
အဓိပ္ပါယ်ကို ပြပါ။

---

### ပုဂ္ဂလဘေဒ

### နိဿယနှင့်အဓိပ္ပါယ်

၁။ ပန-ကား၊ ဝီထိစိတ်တို့တွင်၊ ဒွိဟေ
တုကာနံ-ဒွိဟိတ်ပုဂ္ဂိုလ်တို့၏ (သန္တာန်၌) ၎င်း၊
အဟေတုကာနံစ – အဟိတ် ပုဂ္ဂိုလ် တို့၏ (သန္တာန်၌) ၎င်း၊
ကြိယဇဝနာနိစေဝ - ကြိယာဇော တို့ကို၎င်း၊ အပ္ပနာဇဝနာ
နိစ-အပ္ပနာဇောတို့ကို၎င်း၊ န လဘန္တိ−မရအပ်ကုန်။

---

၁။ ပုဂ္ဂလဘေဒ။ ။ပုဂ္ဂိုလ် အပြားအားဖြင့် ခွဲခြား၍ ရထိုက်သော
ဝီထိစိတ်များကို ပြရာအခန်းကို " ပုဂ္ဂလဘေဒ " ဟု ခေါ်သည်၊ အတိုချုပ်
အားဖြင့် "ပုဂ္ဂိုလ်၍ စိတ်ရ" ဟု ခေါ်၏။

ပုဂ္ဂိုလ်အပြားကား—"ဒု – သု – ဒွိ – တိ၊ ရှစ်အရိရှစ်၊ <mark>တစ်ကျိပ်နှစ်</mark>၊
မှတ်လစ် ပုဂ္ဂိုလ် အပြားတည်း" ဟူသည်နှင့်အညီ <mark>တစ်ကျိပ်နှစ်</mark>ယောက်ရှိ၏။
[ ဒု = ဒုဂ္ဂတိ အဟိတ် ပုဂ္ဂိုလ်၊ သု—သုဂတိ အဟိတ် ပုဂ္ဂိုလ်၊ ဒွိ=ဒွိဟိတ်၊
တိ=တိဟိတ်၊ ရှစ်အရိယာ= အရိယာပုဂ္ဂိုလ် <mark>၈ ယောက်</mark>။ ........ အရိယာ
<mark>၈ ယောက်</mark>ကား သောတာပတ္တိမဂ် စသည့်၌ တည်သော မဂ္ဂဋ္ဌ ၄ ယောက်နှင့်
သောတာပတ္တိဖိုလ် စသည့်၌ တည်သော ဖလဋ္ဌ ၄ ယောက်တည်း။]

---

<mark>ဒွိဟေတုကာ</mark>၊ပေ၊န လဘန္တိ—[ ဒွိ=နှစ်ပါး+ဟေတု=ဟိတ်၊ က
ရှိသည်။ ] အလောဘ အဒေါသ ဟိတ် ၂ ပါးရှိသော မဟာဝိပါက် ဉာဏ
ဝိပ္ပယုတ်စိတ်ဖြင့် ပဋိသန္ဓေ နေသူကို ဒွိဟိတ် (ဒွိဟိတ်) ပုဂ္ဂိုလ် ဟု ခေါ်သည်၊
အဟိတ်စိတ်ဖြင့် ပဋိသန္ဓေ နေသူကို အဟိတ်ပုဂ္ဂိုလ် ဟု ခေါ်သည်၊ ထို
အဟိတ်ကား သုဂတိဘုံ၌ဖြစ်သော သုဂတိ အဟိတ်ပုဂ္ဂိုလ်-ဒုဂ္ဂတိ(အပါယ်)
ဘုံ၌ ဖြစ်သော ဒုဂ္ဂတိ အဟိတ်ပုဂ္ဂိုလ် ဟု ၂ မျိုးရှိ၏။

ဤဒွိဟိတ် သုဂတိအဟိတ် ဒုဂ္ဂတိအဟိတ် ပုဂ္ဂိုလ် ၃ ယောက်တို့သန္တာန်၌
ကာမကြိယာဇော ၉ နှင့် အပ္ပနာဇော ၂၆ တို့ တစ်ဘဝလုံးမရနိုင်၊ ထိုကြောင့်

---


---

## ❓ မေးခွန်းထုတ်စရာများနှင့် အထူးမှတ်ချက်များ

1. **Header `ပီထိပိုင်း` (စာ ၁၂၁-၁၂၂):** OCR က `ဝီထိ` ကို `ပီထိ` ဟု မှားယွင်းဖတ်သည်ဟု သံသယရှိသည်။ Header ဖြစ်၍ ဖျက်ထားပြီး အဓိကအကြောင်းအရာတွင် `ဝီထိ` မှန်ကန်စွာ သုံးထားသည်။
2. **စာ ၁၂၄:** OCR က `၂၃၀` ဟုဖတ်သော်လည်း အစဉ်အရ (၂၃၂-၂၃၄-၂၃၆-၂၃၈-၂၄၀) `၂၃၈` ဖြစ်သင့်သည်။ Header ဖျက်ထားပြီးဖြစ်၍ အကြောင်းအရာကို မထိခိုက်ပါ။
3. **စာ ၁၂၃ ဇယား:** `၆၆`, `ဘ`, `3`, `မ`, `000` တို့သည် မဂ္ဂဝီထိဖော်ပြချက် ဇယား၏ အကြွင်းအကျန်များဖြစ်သည်။ ရိုးရှင်းသော စာသားဖော်ပြချက်ဖြင့် အစားထိုးထားသည်။
4. **ပြန့်ကျဲနေသော နံပါတ်များ:** `၉`, `8`, `၁`, `၁၅` တို့သည် ပါဠိတွင် ပြန့်ကျဲနေသည် — OCR စာလုံးမှားယွင်းဖတ်သည့် ပုံစံ။
5. **စာ ၁၂၅:** `ပုဂ္ဂလဘေဒ` အပိုင်းအသစ် စတင်သည်၊ အဖွင့်အပိုင်းသာရှိသေးသည်။
