## Trang 146

သည်၎င်း၊ ဧကမေဝ-တစ်မျိုးထည်းသာလျှင်၎င်း၊ တထာ-ထို
အတူ၊ <mark>ဧကဝိသယဉ္စ</mark>-တူသော အာရုံ ရှိသည်သာလျှင်၎င်း၊
( ဟောတိ-၏ )။ ။ဣဒံ - ဤသည်ကား၊ ဧတ္ထ – ဤ ဝီထိမုတ္တ
သင်္ဂဟေ၊ <mark>ပဋိသန္ဓေစတုက္က</mark>-<mark>ပဋိသန္ဓေစတုက္က</mark> တည်း။
-
တစ်ဘဝ၌ <mark>တူမြဲတရား</mark>။ ။ဧကမေဝ-<mark>တစ်ဘဝ</mark> <mark>တစ်ဘဝ</mark>၌ ပဋိသန္ဓေ <mark>ဘဝင်</mark>
စုတိစိတ်တို့သည် တစ်မျိုးတည်းသာ ဖြစ်ရရိုးတည်း၊ ဥပမာ – ပဋိသန္ဓေ စိတ်က
မဟာဝိပါက် ပဌမစိတ် ဖြစ်ခဲ့ပါလျှင် ပဝတ္တိအခါ <mark>တစ်ဘဝ</mark>လုံး ဖြစ်နေသော
<mark>ဘဝင်</mark>များလည်း မဟာဝိပါက် ပဌမစိတ်၊ စုတိကျသည့်အခါလည်း မဟာ
ဝိပါက် ပဌမစိတ်ချည်းသာ ဖြစ်ရမည် ဟူလို။

<mark>ဧကဝိသယ</mark> - အာရုံအားဖြင့်လည်း တူရိုးတည်း၊ ပဋိသန္ဓေစိတ်က
ကံကိုအာရုံပြုလျှင် <mark>ဘဝင်</mark> စုတိစိတ်များလည်း <mark>ကံကိုချည်းသာ</mark> အာရုံပြုရမည် ဟူလို။

<mark>လေ့ကျင့်ခန်း</mark> မေးခွန်းများ

ရူပဝိပါက်စိတ် ၅ ပါးတွင် အဘယ်ဝိပါက်သည် အဘယ်ဘုံ၌ ပဋိသန္ဓေ
<mark>ဘဝင်</mark> စုတိ ကိစ္စတပ်၍ ဖြစ်သနည်း၊ သင်္ဂြိုဟ်ထောက်ပါ။

အသညသတ်ဘုံ၌ အဘယ်တရားဖြင့် ပဋိသန္ဓေ နေသနည်း။

၈။ အသင်္ချေယျကပ်ဖြင့် ရေတွက်အပ်သောဘုံကား ဘယ်ဘုံများနည်း။

ပဌမဈာန်ဘုံသား ဗြဟ္မာများ၏ အသက် မည်မျှစီ ရှိသနည်း။

<mark>ဝေဟပ္ဖိုလ်</mark>နှင့် အသညသတ် ဗြဟ္မာတို့ အသက် မည်မျှစီ ရှိသနည်း။

၆။ သုဒ္ဓါဝါသ ဗြဟ္မာတို့အသက် မည်မျှစီ ရှိကြသနည်း၊ ထောက်ပါ။

၇။ ပဌမာရုပ္ပါဒိဝိပါကာနံ စသော စကား၌ ယထာက္ကမံ အရ ဝိပါက်နှင့်
ဘုံကို တွဲဘက်၍ ပြပါ။

၈။ အာရုပ္ပ ဗြဟ္မာတို့အသက် မည်မျှစီ ရှိသနည်း၊ အသီးအသီး ခွဲပြပါ။

၉။ ပဋိသန္ဓေ <mark>ဘဝင်</mark> — စသော ဂါထာကို <mark>အနက်</mark>ပေး၍ "ဧကမေဝ ဧက
ဝိသယဉ္စ" ၏ အဓိပ္ပါယ်ကို ပြပါ။

---

၁။ ဇနကံ - အကျိုးဝိပါက်ကို ဖြစ်စေတတ်
ကံ ၄ မျိုး ၄ လီ
သော ကံ၎င်း၊ ဥပတ္ထမ္ဘကံ – ထောက်ပံ့ကူညီ
တတ်သောကံ၎င်း၊ ဥပပီဠကံ – ကပ်၍ နှိပ်စက်တတ်သောကံ
၎င်း၊ ဥပဃာတကံ- ကပ်၍ သတ်ဖြတ်တတ်သော ကံ၎င်း၊
ဣတိ-ဤသည်တို့ကား၊ ကိစ္စဝသေန-ကိစ္စနှင့်စပ်သဖြင့်၊ (စတ္တာ
ရိ-လေးပါးကုန်သော၊ ကမ္မာနိနာမ-ကံတို့မည်၏။)

ကံ ၄ မျိုး ၄ လီ။ ။ကုသိုလ် အကုသိုလ် စေတနာကို"ကမ္မ=ကံ"ဟု
ခေါ်၏၊ ထိုကံ ၄ မျိုးအပေါင်းကို ကမ္မစတုက္က ဟု ခေါ်သည်၊ အရှင်အနုရုဒ္ဓါ
ထေရ်သည် ကမ္မစတုက္ကို ၄ မျိုးခွဲ၍ ပြတော်မူ၏။

၁။ ကိစ္စစတုက္က

ကိစ္စ စတုက္က ။ ။ ဖြစ်စေခြင်း-ထောက်ပံ့ခြင်း-နှိပ်စက်ခြင်း-သတ်
ဖြတ်ခြင်းသည် ကံတို့၏ ကိစ္စလုပ်ငန်းပင်တည်း၊ ဤသို့ ကိစ္စနှင့်စပ်၍ ကံ ၄ မျိုး
ပြားသည်။

ဇနကကံ-ဝိပါက် စိတ် စေတသိက်နှင့် ကမ္မဇရုပ်၊ ကံအရင်းခံ ရှိသော
ဥတုဇရုပ်ကို အကျိုးဝိပါက် ဟု ခေါ်၏၊ ထိုအကျိုးဝိပါက်ကို ပဋိသန္ဓေအခါ၌
ဖြစ်စေ ပဝတ္တိအခါ၌ဖြစ်စေ အခွင့်သင့်ရာအခါဝယ် မိမိကိုယ်တိုင် ဖြစ်စေနိုင်
သော ကံကို "ဇနက" ကံ ဟု ခေါ်သည်။

[ဆောင်] ၁။ ဝိပါက်စိတ်စေ၊ ရုပ်ထွေထွေကို သန္ဓေပဝတ္တိ၊ ခွင့်ခါရှိသော်၊
မိမိကိုယ်တိုင်၊ ဖြစ်စေနိုင်၊ ခေါ်ပိုင် "ဇနက" ကံ။

<mark>ဥပတ္ထမ္ဘကကံ</mark> ကိုယ်တိုင်ကား အကျိုးမပေးနိုင်၊ တစ်ပါးသောကံ
အကျိုးပေးခွင့် ရလေအောင်၊ အကျိုးပေးခွင့် ရနေပြန်လျှင် အကျိုးပေးသန်
လေအောင်၊ အကျိုးပေးသည့် အခါမှာလည်း ထို အကျိုးများ <mark>ရှည်ကြာ</mark>

---

## Trang 147

ဖွင့်ဖြိုးလေအောင်၊ ကုသိုလ်အရာမှာ ဖြစ်စေ၊ အကုသိုလ်အရာမှာ ဖြစ်စေ၊
လျော်စွာ <mark>ထောက်မ</mark>ကူညီတတ်သော ကံကို "ဥပတ္ထမ္ဘက"ကံ ဟု ခေါ်၏။

[ဆောင်] ၂။ အကျိုးပေးခွင့်၊ အခါသင့်ဘို့၊ အခွင့်သင့်ပြန်၊ ကျိုးပေးသန်
အောင်၊ ပေးပြန်ပြီးခါ၊ ရှည်မြင့်ကြာဘို့၊ လျော်စွာ<mark>ထောက်မ</mark>၊
ကူညီက၊ "ဥပတ္ထမ္ဘက" ကံ။

ဥပပီဠကကံ-တစ်ပါးသောကံကို အကျိုးပေးခွင့် မရလေအောင်၊ အခွင့်
ရပြန်လျှင် အကျိုးပေးမထက်သန်အောင်၊ ရပြီးသောအကျိုးကိုလည်း မဖွင့်ဖြိုး
လေအောင်၊ ကပ်၍နှိပ်စက်တတ်သော ကံကို "ဥပပီဠက"ကံ ဟု ခေါ်၏။

[ဆောင်] ၃။ အကျိုးပေးခွင့်၊ မရလင့်ဘို့၊ ရသင့်လေပြန်၊ ကျိုးမသန်
အောင်၊ ရပြန်အကျိုး၊ မဖွင့်ဖြိုးဘို့၊ အမျိုးမျိုးက၊ နှိပ်စက်
လှ၊ "ဥပပီဠက" ကံ။

ဥပဃာတကကံ-နှိပ်စက်ရုံတွင်မက၊ တစ်ပါးသောကံကို လုံးဝ အကျိုး
မပေးနိုင်အောင်၊ ပေးပြီးသော အကျိုးများကိုလည်း ပြတ်သွားအောင်၊ သတ်
ဖြတ်တတ်သော ကံကို "ဥပဃာတက"ကံ ဟု ခေါ်သည်။

[ဆောင်] ၄။ နှိပ်စက်ရုံတွင်၊ မကချင်ဘဲ၊ ယခင်ထက်တိုး၊ ကံအကျိုးကို
ပယ်ချိုးနှိပ်ချ၊ သတ်ဖြတ်က၊ "ဥပဃာတက" ကံ။

၂။ ပါကဒါနပရိယာယစတုက္က ။ ။ [ ပါက=အကျိုး--ဒါန-
ပေးခြင်း+ပရိယာယ=အလှည့်အကြိမ်။] <mark>သတ္တဝါတစ်ယောက်</mark>၌ ကံလေးမျိုး

သည်တို့ကား၊ ပါကဒါနပရိယာယေန- အကျိုးပေးလှည့်အစဉ်
အားဖြင့်၊ စတ္တာရိ-လေးပါးကုန်သော၊ ကမ္မာနိနာမ-ကံတို့မည်၏။

လုံးရှိလျှင် စုတေသည့်အခါ – "ဂရုကကံ" က အကျိုးပေးခွင့် အလှည့်ကျ၏၊
ဂရုကကံမရှိလျှင် "အာသန္နကံ"က အကျိုးပေးလှည့်ကျ၏၊ အာသန္နကံ မရှိလျှင်
"အာစိဏ္ဏကံ"က အကျိုးပေးလှည့်ကျ၏၊ အာစိဏ္ဏကံမရှိပြန်လျှင်
"ကဋတ္တာကံ"က အကျိုးပေးလှည့်ကျ၏၊ ဤသို့အကျိုးပေးလှည့်အစဉ်အားဖြင့်ကံ ၄ မျိုး
ပြားရပြန်သည်။

ဂရုကကံ-တစ်ပါးသောကံတို့က မတားမြစ်နိုင်လောက်အောင် ကြီးလေး
သော ကံတည်း၊ ကုသိုလ်အရာ၌ မဟဂ္ဂုတ် ( ဈာန် ) ကံများနှင့်၊ အကုသိုလ်
အရာ၌ ပဉ္စာနန္တရိယကံများတည်း။ [နိယတမိစ္ဆာဒိဋ္ဌိကံကိုလည်း ဂရုကကံ၌
ထည့်သွင်းကြသေး၏။]

ပဉ္စာနန္တရိယ — [ပဉ္စ+အနန္တရ+<mark>ဣယ</mark>။ ပဉ္စ=ငါးပါး+အနန္တရ=
အခြားမဲ့ဘဝ+ <mark>ဣယ</mark> = အကျိုးပေးသောကံ၊] အခြားမဲ့ ဒုတိယဘဝ၌ မုချ
<mark>မကောင်းကျိုး</mark> ပေးမည်ဖြစ်သော ကံငါးပါးကို "ပဉ္စာနန္တရိယကံ" ဟု
ခေါ်သည်။

ငါးပါးသရုပ်ကား၊ ၁-မာတုဃာတက=အမိသတ်မှု။ ၂-ပိတုဃာတက=
အဘသတ်မှု။ ၃-အရဟန္တဃာတက = ရဟန္တာသတ်မှု။ ၄-လောဟိတုပ္ပါ
ဒက = ဘုရားရှင်၌ သွေးကိုဖြစ်စေမှု၊ သွေးစိမ်းတည်အောင် <mark>သွေးခြေဥအောင်</mark>
ပြုမှု။ ၅-သံဃဘေဒက=သံဃာသင်းခွဲမှု။ [<mark>သိမ်တစ်ခုထဲ</mark>၌ တစ်ပြိုင်
နက် ကံကြီး ကံငယ်ခွဲ၍ ပြုမှသာ – သံဃဘေဒက ကံ ထိုက်သည်။]

အာသန္နကံ-စုတေခါနီးလောလောဆယ်၌ ပြုအပ်သောကံ၊ သို့မဟုတ်
ရှေးကပြုပြီးသားကို စုတေခါနီး၌ ထပ်၍ အောက်မေ့အပ် (ဆင်ခြင်နေအပ်)
သော ကံတည်း။

---

## Trang 148

၃။ ဒိဋ္ဌဓမ္မဝေဒ<mark>နီယံ</mark>-ဒိဋ္ဌဓမ္မဝေဒနီယကံ၎င်း၊ ဥပပဇ္ဇဝေဒ
<mark>နီယံ</mark>-ဥပပဇ္ဇဝေဒနီယကံ၎င်း၊ အပရာပရိယဝေဒ<mark>နီယံ</mark> – အပရာ
ပရိယဝေဒနီယကံ၎င်း၊ အဟောသိကမ္မဉ္စ – အဟောသိကံ၎င်း၊
ဣတိ-ဤသည်တို့ကား၊ ပါက ကာလဝသေန = အကျိုးပေးရာ
ကာလနှင့် စပ်သဖြင့်၊ စတ္တာရိ– လေးပါးကုန်သော၊ ကမ္မာနိနာမ-ကံတို့
မည်၏။

အာစိဏ္ဏကံ – နေ့စဉ်မပြတ် ဝတ်ထား၍ လေ့ကျက်အပ်သော ကံတည်း၊
ကုသိုလ်အရာ၌ ဘုရားရှိခိုး ရေလှူ ပန်းလှူ ဆွမ်းလှူ ဥပုသ်စောင့် စသည်နှင့်
အကုသိုလ်အရာ၌ မုဆိုး တံငါ လုပ်မှုတည်း။

ကဋတ္တာကံ-ဂရုက အာသန္န အာစိဏ္ဏကံ အခြေအနေသို့ မရောက်
တတ်ဘဲ၊ ဤဘဝ၌ သာမာန်ပြုအပ်သော ကံများနှင့်၊ ရှေးရှေးဘဝက ပြုအပ်
ခဲ့သော ကံများတည်း။ [ကဋတ္တာ--ပြုအပ်ခဲ့သည်၏အဖြစ်ကြောင့်-ကမ္မ
ကံဟူ၍ အမည်ရသော ကံတည်း၊ ပြုအပ်ပြီးဖြစ်၍ နာမည်မတပ်လျှင် မသင့်
မြတ်သောကြောင့် "ကဋတ္တာကမ္မ" ဟု နာမည်တပ်ရသည်။]

၃။ ပါကကာလ စတုက္က။ ။ပစ္စုပ္ပန်ကာလ၊ ဒုတိယဘဝ ကာလ၊
တတိယဘဝမှစ၍ နိဗ္ဗာန်မရမှီကာလ၊ ဤသို့ အကျိုးပေးရာကာလနှင့် စပ်၍
လည်း ကံ ၄ ပါး ပြားရသည်။

ဒိဋ္ဌဓမ္မဝေဒနီယ-မျက်မှောက် ပစ္စုပ္ပန်ဘဝ၌ အကျိုးပေးသောကံ။
ဥပပဇ္ဇဝေဒနီယ-နောက် ဒုတိယဘဝ၌ အကျိုးပေးသောကံ။
အပရာပရိယဝေဒနီယ -- တတိယဘဝမှ စ၍ နိဗ္ဗာန်မရမှီ အတွင်း၌
အကျိုးပေးသောကံတည်း။
အဟောသိကမ္မ-အကျိုးလုံးလုံး မပေးသော ကံတည်း။

၄။ အကုသလံ-အကုသိုလ်ကံ၎င်း၊ <mark>ကာမာ</mark>ဝစရကုသလံ-
<mark>ကာမာ</mark>ဝစရ ကုသိုလ်ကံ၎င်း၊ ရူပါဝစရကုသလံ - ရူပါဝစရ
ကုသိုလ်ကံ၎င်း၊ အရူပါဝစရကုသလံစ- အရူပါဝစရကုသိုလ်
ကံ၎င်း၊ ဣတိ-ဤသည်တို့ကား၊ ပါကဋ္ဌာနဝသေန- အကျိုးပေး
ရာဌာနနှင့်စပ်သဖြင့်၊ တထာ-<mark>ထို့အတူ</mark> လေးပါးတို့တည်း။

တတ္ထ-ထိုလေးပါးသောကံတို့တွင်၊ အကု
အကုသိုလ်ကံ ၃ မျိုး
အကျဉ်း သလံ-အကုသိုလ်ကံသည်၊ ကာယကမ္မံ-
<mark>ကာယကံ</mark>၎င်း၊ ဝစီကမ္မံ = ဝစီကံ၎င်း၊
မနောကမ္မဉ္စ-မနောကံ၎င်း၊ ဣတိ-ဤသို့၊ <mark>ကမ္မဒွါရ</mark>ဝသေန-ကမ္မ
ဒွါရနှင့်စပ်သဖြင့်၊ တိဝိဓံ--သုံးပါးအပြားရှိသည်၊ ဟောတိ-၏။

ကထံ – အဘယ်သို့ ပြားသနည်း။

၄။ ပါကဋ္ဌာနစတုက္က။ ။အကျိုးပေးရာ ဘုံဌာနနှင့် စပ်၍လည်း ကံ
၄ မျိုး ပြား၏၊ [ အရှင်အနုရုဒ္ဓါသည် ကမ္မစတုက္ကို ၄ မျိုး ခွဲပြီးလျှင် ကိစ္စ-
ပါကဒါနပရိယာယ-ပါကကာလ စတုက္ကတို့ကို သုတ္တန်ဒေသနာနည်း ဖြစ်၍
အကျယ်မပြဘဲ၊ ပါကဋ္ဌာနစတုက္က ကိုသာ အဘိဓမ္မာနည်း ဖြစ်သောကြောင့်
"တတ္ထ အကုသလံ ကာယကမ္မံ" မှ စ၍ ကမ္မစတုက္က ကုန်အောင် အကျယ်
ပြတော်မူသည်။]

အကုသိုလ်ကံအကျဉ်း။ ။<mark>ကမ္မဒွါရ</mark>ဝသေန— [ကမ္မ=ကံ+ဒွါရ=
ဖြစ်ရာ ဖြစ်ကြောင်း၊] ကံ၏ဖြစ်ရာ ကာယဒွါရ <mark>ဝစီဒွါရ</mark> မနောဒွါရကို "ကမ္မ
ဒွါရ" ဟု ခေါ်၏၊ ဤ
<mark>ကမ္မဒွါရ</mark>သုံးပါးနှင့်စပ်၍ အကုသိုလ်ကံလည်း <mark>ကာယကံ</mark>
ဝစီကံ မနောကံ ဟု သုံးမျိုး ပြား၏၊ ထို ကံ သုံးမျိုးကို အကျယ် ပြပြန်လို၍
"ကထံ" စသည်ကို မိန့်သည်။

---

## Trang 149

ပါဏာတိပါတော-ပါဏာတိပါတ၎င်း၊ <mark>အဒိန္နာဒါန</mark>ံ-အဒိန္နာ
ဒါန၎င်း၊ <mark>ကာမေသုမိစ္ဆာစာရ</mark>ောစ- <mark>ကာမေသုမိစ္ဆာစာရ</mark>၎င်း၊
ဣတိ-ဤသုံးပါးသည်၊ ကာယဝိညတ္တိသင်္ခါတေ-ကာယဝိညတ်
ဟု ဆိုအပ်သော၊ ကာယဒွါရေ – ကာယဒွါရ၌၊ ဗာဟုလ္လ
<mark>ဝုတ္တိတော</mark> – များစွာ ဖြစ်ခြင်းကြောင့်၊ ကာယကမ္မံနာမ -
<mark>ကာယကံ</mark>မည်၏။

<mark>ကာယကံ</mark> ၃ ပါး။ ။ကိုယ်၌ အဖြစ်များသော အမှုကို "<mark>ကာယကံ</mark>"
ခေါ်၏၊ [ကာယ=ကိုယ်+ကမ္မ=ကံ၊ အမှု။]

ပါဏာတိပါတ-<mark>သူတစ်ပါး</mark>အသက်သတ်မှု။
<mark>အဒိန္နာဒါန</mark>-သူတစ်ပါး ဥစ္စာကို ခိုးဝှက် တိုက်ခိုက် လှည့်ပတ်၍ ယူမှု။
<mark>ကာမေသုမိစ္ဆာစာရ</mark> = ကာမဂုဏ်တို့၌ ကဲ့ရွဲ့ထိုက်စွာ ယုတ်ယုတ် မာမာ
ကျင့်မှု။ [ မိမိ၏ ဇနီးမှတစ်ပါး အခြားသူနှင့် <mark>ဖောက်ပြား</mark>မှု၊ မိမိ
ခင်ပွန်းသည်မှတစ်ပါး အခြား ယောက်ျားနှင့် <mark>ဖောက်ပြား</mark>မှု။]

ဝစီကံ ၄ ပါး။ ။နှုတ်၌ အဖြစ်များသော အမှုကို "ဝစီကံ" ဟု ခေါ်၏၊
[ဝစီ=နှုတ်+ကမ္မ=ကံ၊ အမှု။]

မုသာဝါဒ-မုသားပြောမှု၊ [ လိမ်၍ ညာဖြန်း၍ ပြောဆိုမှု။]
ပိသုဏဝါစာ=ချောပစ် ကုန်းတိုက်စကားကို ပြောဆိုမှု၊ [သူတစ်ပါးတို့ကို
<mark>ရန်ဘက်ဖြစ်စေ</mark>မှု။]
ဖရုသဝါစာ = <mark>ကြမ်းတမ်း</mark>သော စကားကို ပြောဆိုမှု၊ [ မကြားကောင်း
မနာသာ ယုတ်ယုတ်မာမာ ဆဲဆို ငေါက်ငန်း ချောက်ချန်းမှု။]

လာပ၎င်း၊ ဣတိ - ဤလေးပါးသည်၊ <mark>ဝစီဝိညတ္တိ</mark>သင်္ခါတေ-
ဝစီဝိညတ် ဟု ဆိုအပ်သော၊ <mark>ဝစီဒွါရ</mark>ေ - <mark>ဝစီဒွါရ</mark>၌၊ ဗာဟုလ္လ
<mark>ဝုတ္တိတော</mark>-များစွာဖြစ်ခြင်းကြောင့်၊ ဝစီကမ္မံနာမ-ဝစီကံ မည်၏။

အဘိဇ္ဈာ-အဘိဇ္ဈာ၎င်း၊ ဗျာပါဒေါ-ဗျာပါဒ၎င်း၊ မိစ္ဆာဒိဋ္ဌိစ-
မိစ္ဆာဒိဋ္ဌိ၎င်း၊ ဣတိ-ဤသုံးပါး ကား၊ ဝိညတ္တိယာ – ကာယ
ဝိညတ် ဝစီဝိညတ်ကို၊ အညတြာပိ – ကြဉ်၍လည်း၊ မနသ္မိံ
ယေ- မနောဒွါရ၌ သာလျှင်၊ ဗာဟုလ္လ<mark>ဝုတ္တိတော</mark>-များစွာဖြစ်
ခြင်းကြောင့်၊ မနောကမ္မံနာမ-မနောကံမည်၏။

သမ္ဖပ္ပလာပ = ပိန်ဖျင်းသော စကားကို ပြောဆိုမှု၊ [အနှစ် အဆန် ကင်း
သော စပါးပိန် စပါးဖျင်းအလား အနှစ်လည်းမပါ <mark>အနက်</mark>လည်း
မပါ ဒဏ္ဍာရီဝတ္ထုသွား "<mark>ရွှေယုံနဲ့</mark> ရွှေကျား <mark>သက်ငယ်</mark>ရိတ်သွား
ရောတဲ့" စသော စကားကို ပြောဆိုမှု။]

မနောကံ ၃ ပါး။ ။ကိုယ်လည်း မလှုပ် နှုတ်လည်း မပါ စိတ်သာ အဖြစ်
များသော အမှု။

အဘိဇ္ဈာ = <mark>သူတစ်ပါး</mark> စည်းစိမ်ကို မတရား ယူလိုမှု၊ (တရားကိုယ်မှာ
လောဘတည်း။) [တောင်း၍ လဲ၍ ယူလိုခြင်းမှာ အဘိဇ္ဈာမဟုတ်။]
ဗျာပါဒ = <mark>သူတစ်ပါး</mark>၏ ပျက်စီး သေကြေရန် ကြံစီမှု၊ (တရားကိုယ်မှာ
ဒေါသတည်း။)
မိစ္ဆာဒိဋ္ဌိ = အယူမှားမှု၊ (တရားကိုယ်မှာ ဒိဋ္ဌိ စေတသိက်တည်း။)

အကုသလကမ္မပထ ၁၀- ဤ <mark>ကာယကံ</mark> ၃ ပါး ဝစီကံ ၄ ပါး မနောကံ
၃ ပါးကို အကုသလ ကမ္မပထတရား ၁၀ ပါး ဟု ခေါ်ဝေါ်ရိုး ပြကြသည်။
[အကုသလကမ္မ = အကုသိုလ်ကံ+ပထ= အပါယ် ရောက်ကြောင်းလမ်း။]

---

## Trang 150

ကံဖြစ်ကြောင်းတရား

၁။ တေသု-ထိုဆယ်ပါးတို့တွင် ပါဏာ
တိပါတော – ပါဏာတိပါတသည်၎င်း၊
ဖရုသဝါစာ – ဖရုသဝါစာသည်၎င်း၊ ဗျာပါဒေါစ - ဗျာပါဒ
သည်၎င်း၊ ဒေါသမူလေန – ဒေါသမူလ၊ ဒေါသမူလ ရှိသော
စိတ်ကြောင့်၊ <mark>ဇာယန္တိ-ဖြစ်ကုန်၏</mark>။

၂။ <mark>ကာမေသုမိစ္ဆာစာရ</mark>ော - <mark>ကာမေသုမိစ္ဆာစာရ</mark>သည်
၎င်း၊ အဘိဇ္ဈာ - အဘိဇ္ဈာ သည်၎င်း၊ မိစ္ဆာဒိဋ္ဌိ - မိစ္ဆာဒိဋ္ဌိ

"အပါယ်ရောက်ကြောင်း မကောင်းသော လမ်းခရီးဖြစ်သော အကုသိုလ်ကံများ"
ဟူလို။... ဒုစရိုက် ၁၀ ပါးဟုလည်း ခေါ်၏၊ ဒု=မကောင်းသော+စရိတ=
အကျင့်၊ ဝါ…အကျင့်။ ]

၃။ ကံဖြစ်ကြောင်း တရား။ ။တေသု ပါဏာတိပါတော စသော
၁-၂-၃-၄ ဝါကျများကား ကံ ဖြစ်ကြောင်းတရားကို ပြသော စကားတည်း၊
"ဒေါသမူလေန-ဒေါသမူလ၊ ဒေါသမူလရှိသော စိတ်ကြောင့်" ဟု <mark>အနက်</mark>
၂ ချက် ပေးရာ၌ ပါဏာတိပါတနှင့် ဖရုသဝါစာသည် တရားကိုယ်အားဖြင့်
ဒေါသ နှင့် ယှဉ်သော စေတနာ ဖြစ်ရကား "ဒေါသမူလကြောင့် ဖြစ်သည်"
ဟူ၍၎င်း "ဒေါသမူလ ရှိသော ယှဉ်ဘက်စိတ်ကြောင့် ဖြစ်သည်" ဟူ၍၎င်း
<mark>အနက်</mark> ၂ ချက်လုံး သင့်၏။ ဗျာပါဒ၏ တရားကိုယ်မှာ ဒေါသပင် ဖြစ်ရကား
"ဒေါသမူလရှိသော ယှဉ်ဘက်စိတ်ကြောင့် ဖြစ်သည်" ဟူသော နောက်
<mark>အနက်</mark>သာ သင့်သည်။

၂။ <mark>ကာမေသုမိစ္ဆာစာရ</mark>ော၊ ပေ၊ လောဘမူလေန
<mark>ကာမေသုမိစ္ဆာစာရ</mark>သည် တရားကိုယ်အားဖြင့် <mark>လောဘမူလ</mark>စိတ်၌ ယှဉ်သော စေတနာ
တည်း၊ <mark>ကာမေသုမိစ္ဆာစာရ</mark>နှင့် မိစ္ဆာဒိဋ္ဌိသည် <mark>လောဘမူလ</mark>၊ <mark>လောဘမူလ</mark>

သည်၎င်း၊ <mark>လောဘမူလ</mark>ေန-<mark>လောဘမူလ</mark>၊ <mark>လောဘမူလ</mark>
ရှိသောစိတ်ကြောင့်၊ <mark>ဇာယန္တိ-ဖြစ်ကုန်၏</mark>။

၃။ သေသာနိ-ကြွင်းကုန်သော၊ <mark>စတ္တာရိပိ</mark>-လေးပါးလုံးတို့
သည်လည်း၊ <mark>ဒွီဟိ</mark>-နှစ်ပါးကုန်သော၊ မူလေဟိ - လောဘမူ
ဒေါသမူတို့ကြောင့်၊ သမ္ဘဝန္တိ-ဖြစ်ကုန်၏။

၄။ ပန- <mark>ဆက်ဦးအံ့</mark>၊ စိတ္တုပ္ပါဒဝသေန – စိတ်ဖြစ်ခြင်း၏
အစွမ်းဖြင့်၊ ဧတံ အကုသလံ-ဤအကုသိုလ်ကံသည်၊ <mark>သဗ္ဗထာ</mark>
-အလုံးစုံသောအပြားအားဖြင့်လည်း၊ ဒွါဒသဝိဓံ- <mark>တစ်ဆယ့်</mark>နှစ်ပါး
အပြားရှိသည်၊ ဟောတိ-ဖြစ်၏။

<mark>ကာမာ</mark>ဝစရကုသိုလ်ကံ ၃ မျိုး

၁။ <mark>ကာမာ</mark>ဝစရကုသလံပိ - <mark>ကာမာ</mark>ဝစရကုသိုလ်ကံသည်လည်း၊ ကာယ
ဒွါရေ-ကာယဒွါရ၌၊ ပဝတ္တိ-ဖြစ်သော၊ ကာယကမ္မံ-ကာယကံ
၎င်း၊ <mark>ဝစီဒွါရ</mark>ေ-<mark>ဝစီဒွါရ</mark>၌၊ ပဝတ္တံ-ဖြစ်သော၊ ဝစီကမ္မံ-ဝစီကံ၎င်း၊

ရှိသောယှဉ်ဘက်စိတ်ကြောင့် ဖြစ်၏၊ အဘိဇ္ဈာကား <mark>လောဘမူလ</mark> ရှိသော
စိတ်ကြောင့်သာ ဖြစ်သည်။

၃။ သေသာနိ၊ ပေ၊ <mark>ဒွီဟိ</mark> မူလေဟိ – ဆိုခဲ့ပြီးသော ၆ ပါးမှ ကြွင်းသော
<mark>အဒိန္နာဒါန</mark> မုသာဝါဒ ပိသုဏဝါစာ သမ္ဖပ္ပလာပ တို့ကား ရံခါ လောဘ
ကြောင့်လည်းဖြစ်၊ ရံခါ ဒေါသကြောင့်လည်း ဖြစ်ကုန်၏။

၄။ စိတ္တုပ္ပါဒ၊ ပေ၊ ဒွါဒသဝိဓံ-ဤအကုသလ ကမ္မပထတရား ၁၀ ပါး
သည် စိတ်တို့၏ ဖြစ်ပုံအားဖြင့် ( အရင်းစစ်လျှင် ) အကုသိုလ်စိတ် ၁၂ ပါး
ပင်တည်း၊ "အကုသိုလ်စိတ် ၁၂ ပါးသည်ပင် ထိုက်သည့် အားလျော်စွာ
ပါဏာတိပါတ စသော အနေအားဖြင့် ဖြစ်ကြလေသည်" ဟူလို။

---
