## Trang 151

မနောဒွါရေ-မနောဒွါရ၌၊ ပဝတ္တံ-သေ၊ မနောကမ္မံစ'မနောကံ
၎င်း၊ ဣတိ-သို့၊<mark>ကမ္မဒွါရ</mark>ဝသေန-<mark>ကမ္မဒွါရ</mark>နှင့်စပ်သဖြင့်၊ တိဝိဓံ-
သည်၊ ဟောတိ-၏။
<mark>ကာမ</mark>ကုသိုလ်ကံ ၃ မျိုး။ ။ "တတ္ထ အကုသလံ ကာယကမ္မံ ဝစီကမ္မံ
မနောကမ္မတိ" ဟု ပြခဲ့သည့်အတိုင်း အကုသိုလ်ကံသာ ကာယကံစသော
အားဖြင့် ၃ ပါး ပြားသည် မဟုတ်သေး၊ <mark>ကာမာဝစရ</mark> ကုသိုလ်ကံလည်း
ကာယကံ ဝစီကံ မနောကံအားဖြင့် ၃ ပါးပြားသည့်'ဟူလို။
ကာယကံ ၃ ပါး
ပါဏာတိပါတဝိရတိ=ပါဏာတိပါတမှ ရှောင်ကြဉ်ခြင်း။
အဒိန္နာဒါနဝိရတိ=အဒိန္နာဒါနမှ ရှောင်ကြဉ်ခြင်း။
<mark>ကာမ</mark>ေသုမိစ္ဆာစာရဝိရတိ=<mark>ကာမ</mark>ေသုမိစ္ဆာစာရမှ ရှောင်ကြဉ်ခြင်း။
ဝစီကံ ၄ ပါး
<mark>မုသာဝါဒဝိရတိ</mark>=မုသာဝါဒမှ ရှောင်ကြဉ်ခြင်း။
<mark>ပိသုဏဝါစာဝိရတိ</mark>=ပိသုဏဝါစာမှ ရှောင်ကြဉ်ခြင်း။
<mark>ဖရုသဝါစာဝိရတိ</mark>=ဖရုသဝါစာမှ ရှောင်ကြဉ်ခြင်း။
<mark>သမ္ဖပ္ပလာပ</mark>ဝိရတိ=<mark>သမ္ဖပ္ပလာပ</mark>မှ ရှောင်ကြဉ်ခြင်း။
မနောကံ ၃ ပါး
-
အနဘိဇ္ဈာ=အဘိဇ္ဈာမဖြစ်အောင် စောင့်စည်းခြင်း (အလောဘ)။
အဗျာပါဒ=ဗျာပါဒမဖြစ်အောင် စောင့်စည်းခြင်း (အဒေါသ)။
သမ္မာဒိဋ္ဌိ=အယူမှန်ခြင်း (အမောဟ-ပညာ)ဤ ၁ဝ ပါးကို "ကုသလ
ကမ္မပထ" တရားဟု၎င်း သုစရိုက် ၁၀ ပါးဟု၎င်း ခေါ်သည်။
၂။ ဒါန သီလ <mark>ဘာဝနာ</mark>ဝသေန ဒါန သီလ <mark>ဘာဝနာ</mark>တို့၏
အပြားအားဖြင့်၊ တထာ-<mark>ထို့အတူ</mark> သုံးပါးပင်တည်း။
၃။ ပန- ဆက်ချူးအံ့၊ စိတ္တုပ္ပါဒဝသေန - စိတ်ဖြစ်ခြင်း၏
အစွမ်းအားဖြင့်၊ ဧတံ – ဤ<mark>ကာမာဝစရ</mark>ကုသိုလ်ကံသည်<mark>၊ အ</mark>ဋ္ဌ
ဝိဓံ-ရှစ်ပါးအပြားရှိသည်၊ ဟောတိ-၏။
ဒါန သီလ <mark>ဘာဝနာ</mark> အပစာယန ဝေယျာ
ပုညကြိယ <mark>ဝတ္ထု ၁၀</mark> ဝစ္စ ပတ္တိဒါန <mark>ပတ္တာနုမောဒန</mark> ဓမ္မဿဝန
ဓမ္မဒေသနာ ဒိဋ္ဌိဇုကမ္မဝသေန-<mark>ဒါန၊ သီလ၊ ဘာဝနာ၊</mark> အပစာ
၂။ တထာဒါနသီလ<mark>ဘာဝနာ</mark>ဝသေန'ကာယကံ ဝစီကံ မနောကံ
အားဖြင့် ပြားသော ကုသိုလ်ကံသည်ပင် ဒါန သီလ <mark>ဘာဝနာ</mark>အားဖြင့် တဖန်
၃ မျိုး ပြားပြန်သည်၊ ယခင် ကုသလကမ္မပထတရား ၁၀ ပါးကို ဒါန သီလ
<mark>ဘာဝနာ</mark> ၃ မျိုးဖြင့် မြှောက်ပွားလျှင် ၃ဝ ဖြစ်နိုင်သည်။
၃။ စိတ္တုပ္ပါဒဝသေန ၊ ပေ ၊ ဟောတိ … စိတ်တို့၏ ဖြစ်ခြင်းအားဖြင့်
( အရင်းစစ်လျှင် ) ဤ <mark>ကာမ</mark>ကုသိုလ်ကံသည် <mark>၈ ပါး</mark>ရှိ၏၊ <mark>၈ ပါး</mark>ဟူသည့်မှာ
<mark>မဟာကုသိုလ်</mark>စိတ်ပင်တည်း၊ " <mark>မဟာကုသိုလ်စိတ် ၈</mark> ပါးသည်ပင် ကာယကံ
စသော ဒါနစသော အနေအားဖြင့် ဖြစ်ကြသည် " ဟူလို။
"
သီလ=
<mark>ဘာဝနာ</mark>=
ပုညကြိယဝတ္ထု ၁ဝ ပါး။ ။ဒါန=ပေးကမ်းလှူဒါန်းမှု။ ။ သီ
၅ ပါး၊ <mark>၈ ပါး</mark>၊ ၁၀ ပါးစသော သီလဆောက်တည်မှု။
<mark>ဘာဝနာ =</mark> ကမ္မဋ္ဌာန်း စီးဖြန်းမှု။ ။အပစာယန = အသက်သိက္ခာ ဂုဏ်ကြီးသူအား
အရိုအသေပြုမှု။ ဝေယျာဝစ္စ = သူများကုသိုလ်ကိစ္စ၌ ကူညီဆောင်ရွက်
မှု။ ။ပတ္တိဒါန=မိမိရသော ကုသိုလ်အဘို့ကို အမျှဝေမှု။ [ပတ္တိ = ရအပ်
သောကုသိုလ်အဘို့+ဒါန မိမိကဲ့သို့ အညီအမျှရကြစေရန်ပေးဝေမှု ။
<mark>ပတ္တာနုမောဒန</mark> = မိမိသို့ <mark>ရောက်</mark>လာသော ကုသိုလ်အဘို့ကို ဝမ်းမြောက်

---

## Trang 152

ယန၊ ဝေယျာဝစ္စ၊ ပတ္တိဒါန၊ <mark>ပတ္တာနုမောဒန</mark>၊ ဓမ္မဿဝန၊ ဓမ္မ
ဒေသနာ၊ <mark>ဒိဋ္ဌိဇုကမ္မ</mark>တို့၏ အပြားအားဖြင့်၊ ဒသဝိဓံ-ဆယ်ပါး
အပြားရှိသည်၊
ဟောတိ-၏။
-
ပန - ဆက်ချူးအံ့၊ <mark>ဝီသတိ</mark>ဝိဓမ္ပိ' နှစ်ဆယ် အပြားရှိသည်
လည်း ဖြစ်သော၊ တံဧတံ'ထို ကုသိုလ် အကုသိုလ် ကံသည်၊
-
ဝမ်းသာ သာဓုခေါ်မှ၊ [ ပတ္တ = ကောင်းမှုရှင်တို့က အမျှဝေသဖြင့် မိမိထံ
<mark>ရောက်</mark>လာသော ကုသိုလ်အဘို့+အနုမောဒနာ=<mark>ဝမ်းမြောက်စွာ</mark>သာဓုခေါ်မှ]။
ဓမ္မဿဝန=တရားနာမျှ။ ။ဓမ္မဒေသနာ = လာဘ်လာဘကိုမငဲ့ဘဲ တရား
ဟောမျှ။ ။<mark>ဒိဋ္ဌိဇုကမ္မ</mark>=အယူကို ဖြောင့်မတ်စွာယူမှု။
,,
-
၍ ၁၀ ပါးကို " ပုညကြိယဝတ္ထု " ၁ဝ ပါး ဟု ခေါ်စမှတ် ပြုကြ၏
[ပုည+ကြိယ+ဝတ္ထု။ ပုည'ကောင်းမှ +ကြိယ=ပြုသင့်ပြုထိုက်သော+
ဝတ္ထု'တည့်ရာ၊"ကောင်းသောအကျိုး၏ တည့်ရာဖြစ်၍ ပြသင့်ပြုထိုက်သော
ကောင်းမှုကုသိုလ် ၁ဝ ပါး" ဟူလို။ ] သုစရိုက်ဆယ်ပါးနှင့် ပုညကြိယ ဝတ္ထု
၁ဝ ပါးသည် အတူတူပင် ဟု မှတ်မှားတတ်သည်, သတိပြု။
၁၀ ပါးက ၃ ပါးဖြစ်ပုံ။ ။ဒါနသီလ<mark>ဘာဝနာ</mark>၍ ၃ ပါးကို အစဉ်
အတိုင်းထား၍ အစဖြစ်သော အပစာယန ဝေယျာဝစ္စ <mark>၂ ပါး</mark>ကို အလယ်
ဖြစ်သော သီလတွင်း၌သွင်း<mark>၊ အ</mark>လယ် ဖြစ်သော ပတ္တိဒါန <mark>ပတ္တာနုမောဒန</mark>ာ
၂ ပါးကို အစဖြစ်သော ဒါန၌သွင်း၊ နောက်ဖြစ်သော ဓမ္မဿဝန ဓမ္မဒေသနာ
<mark>ဒိဋ္ဌိဇုကမ္မ</mark>ကို ဘာဝနာ၌သွင်း ( တနည်း'<mark>ဒိဋ္ဌိဇုကမ္မ</mark>ကို ဒါန သီလ <mark>ဘာဝနာ</mark>
၃ ပါးလုံးသွင်း၍) ရေတွက်လျှင် ဒါန သီလ <mark>ဘာဝနာ</mark> ၃ ပါး၌ ပါဝင်၏။
[ဆောင်] ဒါန'သီလ<mark>၊ ဘာဝနာ</mark>၊ သုံးဖြာစဉ်၍ခင်း။ ။စ'နှစ်ကိုလယ်၊
လယ်နှစ်ကို-စ နောက်မှ နောက်ချင်းသွင်း။
ရူပကုသိုလ်ကံ
<mark>ကာမာဝစရ</mark>ကမ္မမိဒံ-<mark>ကာမာဝစရ</mark>ကံ ဟူ၍သာလျှင်၊ သင်္ခ –
ခေါ်ဝေါ်အပ်သည်၏ အဖြစ်သို့၊ <mark>ဂစ္ဆတိ</mark>-ရောက်၏။
ပန-အဘို့ တပါးကား၊ ရူပါဝစရကုသလံ-
၅ ရူပါဝစရ ကုသိုလ်ကံသည်၊ မနောကမ္မ
မေဝ-မနောကံ တမျိုးသာတည်း၊ တဉ္စ - ထို မနောကံသည်
လည်း၊ <mark>ဘာဝနာမယ</mark>်-ဘာဝနာမယတည်း<mark>၊ အပ္ပနာ</mark>ပတ္တံ-<mark>အပ္ပနာ</mark>
သို့<mark>ရောက်</mark>၏၊ ဈာနင်္ဂဘေဒေန-ဈာန်အင်္ဂါတို့၏အပြားအားဖြင့်၊
ပဉ္စဝိဓံ-ငါးပါး အပြားရှိသည်၊ ဟောတိ-၏။
---
တံပနေတံ၊ ပေ၊ သင်္ခ ဂစ္ဆတိ'<mark>ဝီသတိဝိဓံ</mark> အရ ၂ဝ ဟူသည့် အကုသိုလ်
စိတ် ၁၂၊ <mark>မဟာကုသိုလ်စိတ် ၈</mark> ၌ ယှဉ်သော စေတနာ ၂ဝ တည်း၊ ဤ
အကုသိုလ်ကံနှင့် <mark>ကာမာဝစရ</mark> ကုသိုလ်ကံ ၂ဝ ကို <mark>ကာမာဝစရ</mark>ကံ ဟူ၍
ခေါ်ဝေါ်သည့် " ဟူလို။
"
အရူပကုသိုလ်ကံ။ ။မနောကမ္မမေဝ'၍ ရူပါဝစရ ကုသိုလ်ကံကား
ကာယကံ ဝစီကံ မနောကံ ဟု ၃ မျိုးမရှိ မနောကံ ၁ မျိုးသာ ရှိသည်။
တဉ္စ<mark>ဘာဝနာမယ</mark>ံ — ဒါန သီလ <mark>ဘာဝနာ</mark>ဟု ၃မျိုး မရှိ, <mark>ဘာဝနာ</mark>
၁ မျိုးသာ ရှိသည်။ [ <mark>ဘာဝနာမယ</mark>၌ မယသဒ္ဒါ အနက်သီးခြား မရှိ။]
-
-
<mark>အပ္ပနာ</mark>ပတ္တိ …… ဤစကားကား <mark>ကာမ</mark>ကုသိုလ်ကို စောင်းသော စကား
တည်း၊ " မနောကံ <mark>ဘာဝနာမယ</mark> ဟု ဆိုသော်လည်း <mark>ကာမ</mark>ကုသိုလ်က
မနောကံ <mark>ဘာဝနာမယ</mark>မျိုး မဟုတ်, <mark>အပ္ပနာ</mark>ဈာန်သို့ <mark>ရောက်</mark>သော မနောကံ
<mark>ဘာဝနာမယ</mark> တည်း " ဟူလို။ [ ဈာန်မရမှီ ရှေ့အဘို့၌ ကမ္မဋ္ဌာန်း <mark>ဘာဝနာ</mark>
ပွားများမှုကား <mark>ကာမ</mark>ကုသိုလ် မနောကံ <mark>ဘာဝနာ</mark>တည်း။
"
ဈာနင်္ဂဘေဒေနပဉ္စဝိမံ'ရူပစိတ်၌ ပြခဲ့သည့်အတိုင်း ယှဉ်ဘက်ဈာန်
အင်္ဂါတို့က ၅ မျိုး ပြားခြင်းကြောင့် ရူပကုသိုလ်ကံလည်း ၅ မျိုးပြားရသည်။

---

## Trang 153

အရူပကုသိုလ်ကံ ၄
တထာ-ထိုမှတပါး<mark>၊ အ</mark>ရူပါဝစရကုသလ၌-
အရူပါဝစရကုသိုလ်ကံသည်လည်း၊မနော
ကမ္မံ – မနောကံသာတည်း၊ တံပိ - ထို မနောကံသည်လည်း၊
ဘာဝနာမယံ-တည်း<mark>၊ အပ္ပနာ</mark>ပတ္တံ – ၏<mark>၊ အ</mark>ာရမဏဘေဒေန-
<mark>အာရုံ</mark>တို့၏ အပြားအားဖြင့်၊ <mark>စတုဗ္ဗိဓ</mark>-လေးပါး အပြားရှိသည်၊
ဟောတိ-၏။
-
အရူပကုသိုလ်ကံ။ ။အရူပါဝစရကုသိုလ်ကံ၏ မနောကံ – ဘာဝနာ
မယ – <mark>အပ္ပနာ</mark>ပတ္တ ဖြစ်ပုံမှာ ရူပကုသိုလ်ကံနှင့် မထူးပြီ၊ စိတ်ပိုင်း အရူပစိတ်၌
ပြခဲ့သည့်အတိုင်း ကောင်းကင် ပညတ် စသော <mark>အာရုံ</mark>တို့၏ အပြားဖြင့် အရူပ
ကုသိုလ်ကံလည်း ၄ မျိုး ပြားရလေသည်။
"
တတ္ထ အကုသလံ ကာယကမ္မံ-မှ စ၍ ဤ " အာရမဏဘေဒေန စတုဗ္ဘိဓ
ဟောတိ"တိုင်အောင်သောစကားရပ်ကား အကုသိုလ်ကံစသော ကံ ၄မျိုး၏
ရသင့်သော အပြားကို ပြသော စကားရပ်တည်း၊ ဤမှ နောက်၌ ထို ကံတို့၏
ပါကဋ္ဌာနကို ပြတော့လတ္တံ့။
လေ့ကျင့်ခဏ်း မေးခွန်းများ
က။ ကမ္မစတုက္က အစိတ်အစိတ်စတုက္ကပေါင်း မည်မျှရှိသနည်း ရေတွက်ပါ။
အဘယ်ကံမျိုးကို ဇနက ဥပထမ္ဘက ဟု ခေါ်သနည်း။
အဘယ်ကံမျိုးကို ဥပပီဠက ဥပဃာတက ဟု ခေါ်သနည်း။
ခ။
င ။
အဘယ်ကံမျိုးကို ဂရုက အာသန္န ဟု ခေါ်သနည်း။
အဘယ်ကံမျိုးကို အာစိဏ္ဏ ကဋတ္တာဟု ခေါ်သနည်း။
အဘယ်ကံမျိုးကို ဒိဋ္ဌဓမ္မဝေဒနိယ ဥပပဇ္ဇဝေဒနီယ ဟု ခေါ်သနည်း။
။
ပဉ္စာနန္တရိယကံ ၅ ပါး သရုပ် ထုတ်ပြပါ။
အဘယ်ကို အပရာရိယဝေဒနီယ-အဟောသိကံ ဟု ခေါ်သနည်း။
ဈ ။ ကာယကံ ၃ ပါး သရုပ်ကို အနက် အဓိပ္ပါယ်နှင့်တကွ ပြပါ၊
ည။ ဝစီကံ ၄ ပါး သရုပ်ကို အနက်အဓိပ္ပါယ်နှင့်တကွ ပြပါ။
၄
ဋ ။ မနောကံ ၃ ပါး သရုပ်ကို အနက် အဓိပ္ပါယ်နှင့်တကွ ပြပါ။
။ ပါဏာတိပါတ စသော ၁၀ ပါးကို အဘယ့်ကြောင့် " အကုသလ
ကမ္မပထ" ဟု ခေါ်သနည်း။
ဍ ။ ဒုစရိုက် ၁၀ ပါး ဟူသည် အဘယ်တရားများနည်း။
၁ ။ ဒေါသမူလေန ပုဒ်နက်ကို နှစ်မျိုးခွဲ၍ ရသင့်သောကံနှင့် တွဲပြပါ။
ဏ။ လောဘမူလေန ပုဒ်နက်ကို ၂ မျိုးခွဲ၍ ရသင့်သောကံနှင့် တွဲပြပါ။
ဤ အကုသိုလ်ကံ ၁၀ ပါး၏ ဖြစ်ကြောင်းစိတ်ကား အဘယ်စိတ်များ
နည်း, သင်္ဂြိုဟ်ထောက်ပါ။
တ။
ထ။ ကုသလကမ္မပထ ၁ဝပါး၏သရုပ်ကို ကာယကံ ဝစီကံ မနောကံခွဲခြား၍
ရေတွက်ပါ။
၁ ။ သုစရိုက် ၁ဝ ပါးဟူသည့် အဘယ်တရားများနည်း။
ဓ ။
<mark>ကာမ</mark>ကုသိုလ်ကံ၏ ဖြစ်ကြောင်းစိတ်ကို သင်္ဂြိုဟ်ထောက်၍ ကောက်ပါ။
န ။ ပုညကြိယဝတ္ထု ၁ဝ ပါးကို သင်္ဂြိုဟ်ထောက်၍ ရေတွက်ပါ။

၎င်း ၁ဝ ပါးက ၃ ပါးဖြစ်ပုံကို သွင်းပြပါ။
"တံပနေတံ <mark>ဝီသတိဝိဓံ</mark>" အရ <mark>ကာမာဝစရ</mark>ကံ ၂ဝ သရုပ်ကို ပြပါ။
ရူပါဝစရ အရူပါဝစရကံတို့သည် ကာယကံစသော ကံသုံးပါး ဒါန သီလ
<mark>ဘာဝနာ</mark> ၃ ပါးတွင် အဘယ်၌ သွင်းမည်နည်း, သင်္ဂြိုဟ်ထောက်ပါ။

---

## Trang 154

<mark>ကာမ</mark>ကံ၏
၁။ ဧတ္ထ - ၍ လေးမျိုးသော ကံတို့တွင်၊
ဤ
အကျိုးပေးရာဘုံ ဥဒ္ဓစ္စရဟိတံ-ဥဒ္ဓစ္စမှကင်းသော<mark>၊ အ</mark>ကုသလ
ကမ္မ-အကုသိုလ်ကံသည်<mark>၊ အ</mark>ပါယဘူမိယံ-
အပါယ်ဘုံ၌၊ ပဋိသန္ဓေ - ပဋိသန္ဓေကို၊ ဇနေတိ = ဖြစ်စေ၏၊
ပဝတ္တိယံပန-ပဝတ္တိအခါကား၊ သဗ္ဗံ-<mark>အလုံးစုံ</mark>လည်းဖြစ်သော၊
(ဥဒ္ဓစ္စလည်း ပါဝင်သောဟူလို၊) ဒွါဒသဝိဓံ- ၁ <mark>၂ ပါး</mark> အပြား
ရှိသော အကုသိုလ်ကံသည်၊ သတ္တ - ခုနစ်ပါး ကုန်သော၊
အကုသလပါကာနိ-အကုသလဝိပါက်စိတ်တို့ကို၊ သဗ္ဗတ္ထာပိ-
<mark>အလုံးစုံ</mark>လည်း ဖြစ်သော၊ <mark>ကာမ</mark>လောကေ - <mark>ကာမ</mark>ဘုံ၌၎င်း၊
ရူပလောကေစ - ရူပဘုံ၌၎င်း၊ ယထာရဟ – ထိုက်သည်အား
<mark>လျော်</mark>စွာ၊ ဝိပစ္စတိ'ရင့်ကျက်စေ၏။
အကုသလကံ၏
---
<mark>ကာမ</mark>ကံ၏ အကျိုးပေးရာဘုံ။ ။၁-
။၁- "ဧတ္ထာကုလကမ္မ၊ပေ၊ဝိပစ္စတိ"
ကား ပါကဋ္ဌာနစတုက္က၌ ပြခဲ့သော ကံလေးမျိုးတွင် အကုသိုလ် ကံ၏
အကျိုးပေးရာ ( ပါကဋ္ဌာနကို ပြသော စကားတည်း၊ ဥဒ္ဓစ္စ သဟဂုတ်မှ
တပါးသော အကုသိုလ်ကံ ၁၁ ပါးသည့် အပါယ်ဘုံ၌ ပဋိသန္ဓေကျိုးပေး၏။
" အပါယ်ဘုံ၌ ဤ အကုသိုလ်ကံ ၁၁ ပါးတွင် ၁ ပါးပါးကြောင့် ပဋိသန္ဓေ
နေကြရသည်" ဟူလို၊ ဥဒ္ဓစ္စသဟဂုတ်ကံကား ပဋိသန္ဓေကျိုးကို မပေးနိုင်။
ပဝတ္တိအခါ၌ကား ဥဒ္ဓစ္စသဟဂုတ်နှင့်တကွ အကုသိုလ်ကံ ၁၂ လုံးပင်
အဟိတ်အကုသလဝိပါက် ၇ ပါးကို <mark>ကာမ</mark> ၁၁ ဘုံ၌၎င်း<mark>၊ အ</mark>သညသတ်မှတပါး
ရူပ ၁၅ ဘုံ၌၎င်း၊ ထိုက်သလို ဖြစ်စေနိုင်၏<mark>၊ အ</mark>သညသတ်ဘုံနှင့် အရူပဘုံတို့
၌ကား (စက္ခုသောတစသည့်မရှိ) အဟိတ်ဝိပါက်များ ဖြစ်ခွင့်မရှိ၊ ဤစကား
အရ " အကုသိုလ်ကံ၏ ပါကဋ္ဌာနကား ပဋိသန္ဓေအခါ အတွက် အပါယ်ဘုံ,
ပဝတ္တိအခါအတွက် <mark>ကာမ</mark> ၁၁ ဘုံနှင့် ရူပ ၁၅ ဘုံ " ဟု သိသာပြီ။
-
-
-
၂။ <mark>ကာမာဝစရ</mark>ကုသလံပိ – <mark>ကာမာဝစရ</mark>ကုသိုလ်ကံ
သည်လည်း၊ <mark>ကာမ</mark>သုဂတိယမေ၀ = ကာမသုဂတိ <mark>ဘုံ၌သာ</mark>
လျှင်၊ ပဋိသန္ဓေ-ကို၊ ဇနေတိ-၏၊ တထာ- ထို <mark>ကာမ</mark>သုဂတိဘုံ၌
သာလျှင်၊ ပဝတ္တိယဉ္စ – ပဝတ္တိအခါ၌လည်း၊ မဟာဝိပါကာနိ-
မဟာဝိပါက်စိတ်တို့ကို၊ (ဇနေတိ-၏၊) အဟေတုကဝိပါကာနိ
ပန - အဟိတ်ကုသလဝိပါက်စိတ်တို့ကိုကား<mark>၊ အ</mark>ဋ္ဌပိ – ရှစ်ပါး
လုံးတို့ကိုလည်း၊ သဗ္ဗတ္ထိ - <mark>အလုံးစုံ</mark>လည်း ဖြစ်သော၊ <mark>ကာမ</mark>
လောကေ - <mark>ကာမ</mark>ဘုံ၌၎င်း၊ ရူပလောကေစ – ရူပဘုံ၌၎င်း၊
ယထာရဟိ'စွာ၊ ဝိပစ္ဆတိ-၏။
-
<mark>ကာမာဝစရ</mark>ကုသလကံ၏အကျိုး
တိဟိတ်<mark>ဥက္ကဋ္ဌ</mark>
၁။ တတ္ထ – ထို<mark>ကာမာဝစရ</mark> ကုသိုလ်ကံ
မည်အကျိုးတွင်လည်း၊ <mark>တိဟေတုကံ</mark>- တိဟိတ်ဖြစ်သော၊
<mark>ဥက္ကဋ္ဌ</mark>-အမြတ်ဖြစ်သော၊ ကုသလံ – ကုသိုလ်
ကံသည်၊<mark>တိဟေတုကံ</mark>-တိဟိတ်ဖြစ်သော၊ <mark>ပဋိသန္ဓိ</mark>-ပဋိသန္ဓေ
ကျိုးကို၊ ဒတွာ - ပေး၍၊ ပဝတ္တေ - ပဝတ္တိအခါ၌၊ သောဠသ
၂။ <mark>ကာမာဝစရ</mark> ကုသလံ ပိ ၊ ပေ ၊ ဝိပစ္စတိ'<mark>ကာမ</mark>ကုသိုလ်ကံလည်း
ကာမသုဂတိ ၇ <mark>ဘုံ၌သာ</mark> ပဋိသန္ဓေကျိုးကိုပေး၏၊ ပဝတ္တိအခါ၌လည်း မဟာ
ဝိပါက် ၈ ကိုကား ကာမသုဂတိ<mark>ဘုံ၌သာ</mark> ဖြစ်စေ၏၊ ( အပါယ်ဘုံ ရူပဘုံတို့၌
မဖြစ်စေ၊ ) အဟိတ်ကုသလဝိပါက် ၈ ကိုမူ <mark>ကာမ</mark> ၁၁ ဘုံ နှင့် ရူပဘုံ တို့၌
ထိုက်သလို ဖြစ်စေ၏၊ ( အရူပဘုံ၌
မဖြစ်စေ။ ) [ ရူပဘုံ၌ ဃာန ဇိဝှါကာယ
ဝိညာဏ်တို့ကို မဖြစ်စေနိုင်သောကြောင့် "ယထာရဟံ"ဟု ဆို၏။] ဤစကား
အရ <mark>ကာမ</mark>ကုသိုလ်ကံ၏ ပါကဋ္ဌာနကား ပဋိသန္ဓေအခါ၌ <mark>ကာမ</mark>သုဂတိ ၇ဘုံ,
ပဝတ္တိအခါ၌ <mark>ကာမ</mark> ၁၁, ရူပ ၁၅ ဘုံ ဟု သိသာပြီ။

---

## Trang 155

ဝိပါကာနိ-တဆဲ့ ခြောက်ပါးသော ဝိပါက်စိတ်တို့ကို၊ ဝိပစ္ဆတိ-
ရင့်ကျက်စေ၏။
-
၂။ <mark>တိဟေတုကံ</mark> - သော၊ ဩမကံ = အညံ့စား ဖြစ်သော၊
(ကုသလံစ-ကုသိုလ်ကံသည်၎င်း၊) ဒွိဟေတုကံ – ဒွိဟိတ်ဖြစ်
သော၊ <mark>ဥက္ကဋ္ဌ</mark>-သော၊ ကုသလံစ - သည်၎င်း၊ ဒွိဟေတုကံ-
တိဟိတ်<mark>ဥက္ကဋ္ဌ</mark>စသည်တို့၏ အကျိုး။ ။တတ္ထာပိ<mark>တိဟေတုကမုက္ကဋ္ဌံ</mark>-
စသည်ကား <mark>ကာမ</mark>ကုသိုလ်ကံ၏ တိဟိတ် စသော အပြားနှင့် ထို
ကုသိုလ်၏ အကျိုးများကို ခွဲခြားသော စကားတည်း။
<mark>ဥက္ကဋ္ဌ</mark>
တိဟိတ်ကုသိုလ်။ ။ကုသိုလ်ပြုသည့် အခါ ကံ၏အကျိုးကို သိသော
ကမ္မဿကတာ<mark>ဉာဏ်</mark>, သို့မဟုတ် အနိစ္စ ဒုက္ခ အနတ္တဟု ဆင်ခြင်တတ်သော
ဝိပဿနာ<mark>ဉာဏ်</mark> ပါဝင်လာလျှင် ထိုကုသိုလ်သည် တိဟိတ်ကုသိုလ် ဖြစ်၏၊
အလောဘ အဒေါသ အမောဟ ဟိတ်သုံးပါးနှင့် ယှဉ်သည့်" ဟူလို၊ တရား
ကိုယ်မှာ <mark>မဟာကုသိုလ်</mark> ဉာဏသမ္ပယုတ်စိတ်တည်း။
<mark>ဥက္ကဋ္ဌ</mark> ကုသိုလ်။ ။ကုသိုလ်မပြုခင်သော်၎င်း ပြုပြီးနောက်သော်၎င်း
လောဘ ဒေါသစသော အကုသိုလ်များ မခြံရံဘဲ၊ ကုသိုလ်များ ခြံရံနေလျှင်
ထို တိဟိတ်ကုသိုလ်သည် သာလွန်မြင့်မြတ် <mark>ဥက္ကဋ္ဌ</mark>အဖြစ်သို့ <mark>ရောက်</mark>လေ၏၊
ထို ကုသိုလ်ကို သတိရတိုင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ပြန်ပါမူကား အလွန့်
အလွန် မြင့်မြတ်လေတော့သည်။
အကျိုးပေးပုံ။ ။ထိုတိဟိတ်<mark>ဥက္ကဋ္ဌ</mark>ကုသိုလ်သည် မဟာဝိပါက် ဉာဏ
သမ္ပယုတ် ဟူသော တိဟိတ်ပဋိသန္ဓေကျိုးကိုပေး၍ ပဝတ္တိအခါ၌ မဟာဝိပါက်
နှင့် အဟိတ်ကုသလဝိပါက် ၁၅ ချက်သော အကျိုးကို ပေးသည်။
တိဟိတ်ဩမက ကုသိုလ်။ ။ကုသိုလ်မပြုခင်သော်၎င်း၊ <mark>ပြုပြီးမှ</mark>သော်၎င်း,
အကုသိုလ်ကံများ ခြံရံနေလျှင် ယခင် တိဟိတ် <mark>ကုသိုလ်သည်ပင်</mark> အညံ့စား
အဖြစ်သို့ <mark>ရောက်</mark>လေရကား "တိဟိတ်သြမက" မည်ရလေသည်။
သော၊ ပဋိသန္ဓေ-ကို၊ တွာ-၍၊ ပဝတ္တေ-၌၊ တိဟေတုကရဟိ
တာနိ-တိဟိတ်ဝိပါက်မှကင်းကုန်သော၊ (မဟာဝိပါက်ဉာဏ
သမ္ပယုတ်မှ တပါးသော-ဟူလို၊) ဒွါဒသဝိပါကာနိ− ၁ <mark>၂ ပါး</mark>
သော ဝိပါက်စိတ်တို့ကို၊ ဝိပစ္စတိ'ရင့်ကျက်စေ၏။
-
-
၃။ ဒွိဟေတုကံ - သော၊ ဩမကံ – သော၊ ကုသလံပန-
ကုသိုလ်ကံသည်ကား<mark>၊ အ</mark>ဟေတုကမေဝ – အဟိတ်သာလျှင်
ဖြစ်သော၊ ပဋိသန္ဓေ-ပဋိသန္ဓေကျိုးကို၊ ဒေတိ-ပေး၏၊ ပဝတ္တေ
စပဝတ္တိအခါ၌လည်း<mark>၊ အ</mark>ဟေတုကဝိပါကာနေဝ - အဟိတ်
ကုသလဝိပါက်စိတ်တို့ကိုသာလျှင်၊ ဝိပစ္စတိ'၏။
ဒွိဟိတ်<mark>ဥက္ကဋ္ဌ</mark>ကုသိုလ်။ ။ကုသိုလ်ပြုသည့်အခါ ( ကလေးသူငယ်များ
ပြုသကဲ့သို့) ကံ ကံ၏အကျိုးကို သိသော <mark>ဉာဏ်</mark>မပါလျှင် အမောဟ ဟိတ်နှင့်
မယှဉ်သောကြောင့် ဒွိဟိတ်ကုသိုလ် ဖြစ်၏။ တရားကိုယ်မှာ <mark>မဟာကုသိုလ်</mark>
ဉာဏဝိပ္ပယုတ်တည်း၊ ထိုကုသိုလ်၏ ရှေ့နောက်၌ ကုသိုလ်ခြံရံနေလျှင် ဒွိဟိတ်
<mark>ဥက္ကဋ္ဌ</mark>ကုသိုလ် ဖြစ်၏။
အကျိုးပေးပုံ။ ။ဤတိဟိတ်ဩမကနှင့် ဒွိဟိတ်<mark>ဥက္ကဋ္ဌ</mark> ကုသိုလ်သည်
မဟာဝိပါက် ဉာဏဝိပ္ပယုတ်ဟူသော ဒွိဟိတ်ပဋိသန္ဓေကျိုးကိုပေး၍၊ ပဝတ္တိ
အခါ" တိဟေတုက ရဟိတာန်" အရ တိဟိတ်မဟာဝိပါက် ဉာဏသမ္ပယုတ်
မှ တပါး၊ မဟာဝိပါက်ဉာဏဝိပ္ပယုတ် ၄<mark>၊ အ</mark>ဟိတ်ကုသလဝိပါက် ၈၊ ပေါင်း
၁<mark>၂ ပါး</mark>သော အကျိုးကို ပေးသည်။
ဒွိဟိတ်ဩမကကုသိုလ်။ ။ဒွိဟိတ်ကုသိုလ်၏ ဩမကဖြစ်ပုံကို တိဟိတ်
ဩမကအတိုင်း သိလေ၊ ဤ ဒွိဟိတ်ဩမက ကုသိုလ်ကား ပဋိသန္ဓေအခါ၌
ဇစ္စန္ဓ စသော လူနှင့် ဝိနိပါတိကအသုရာတို့ အတွက် အဟိတ်ကုသလဝိပါက်

---
