## Trang 322

ကမ္မံပန-ကံအာရုံသည်ကား၊<mark>အတီတမေဝ</mark>-အတိတ်တမျိုး
သာတည်း၊ <mark>တဉ္စ-ထို</mark>အတိတ်ကံကိုလည်း၊ မနောဒွါရဂ္ဂဟိတံ-
မနောဒွါရဖြင့် ယူအပ်၏။ ပန - ဆက်ဦးအံ့၊ <mark>တာနိ ပန သဗ္ဗာနိပိ-</mark>
ထို အလုံးစုံသော အာရုံတို့သည်လည်း၊ <mark>ပရိတ္တဓမ္မဘူတာနေဝ-</mark>
ကာမတရားချည်းသာလျှင် ဖြစ်ကုန်သော၊ <mark>အာရမ္မဏာနိ-</mark>
အာရုံတို့တည်း။
၁။ ပန- ကား၊ ရူပါဝစရ <mark>ပဋိသန္ဓိ</mark>ယာ - <mark>ရူပါဝစရ</mark> ပဋိသန္ဓေ၏
အာရုံ၊ ပညတ္တိဘူတံ – ပညတ်
ဖြစ်၍ ဖြစ်သော၊ ကမ္မနိမိတ္တမေဝ - ကမ္မနိမိတ်
သည်သာလျှင်၊ အာရမ္မဏံ-အာရုံသည်၊ <mark>ဟောတိ</mark>-၏။
-
ကံ ဟူသည်ကား
ကမ္မံပန <mark>အတီတမေဝ</mark> တဉ္စမနောဒွါရဂ္ဂဟိတံ
ယခု ပဋိသန္ဓေကျိုးကို ပေးတော့မည်ဖြစ်သော ကုသိုလ် အကုသိုလ် စေတနာ
တည်း၊ <mark>မရဏာသန္န</mark>ဝီထိ၌ ပါသော ကုသိုလ် အကုသိုလ်ဇော စေတနာ
တို့ကား ပဋိသန္ဓေကျိုးကို မပေးနိုင်၊ <mark>ထို့ကြောင့်</mark> မရဏာသန္န<mark>ဝီထိ</mark>၌ ကံအာရုံ
ထင်လာလျှင် <mark>မရဏာသန္န</mark>ဝီထိသို့ မရောက်မီက ဖြစ်ခဲ့သော အတိတ်ကံသာ
ဖြစ်ရမည်၊ ထိုကံလည်း အာရုံ ၆ပါးတွင် ဓမ္မာရုံမှာ ပါဝင်၍ မနောဒွါရဖြင့်သာ
ယူအပ်သည်၊
"ပဋိသန္ဓေစိတ်သည် ကံကို အာရုံပြုလျှင် မနောဒွါရိက မရဏာ
သန္နဇောသည် ယူပေးအပ်သော အတိတ်ကံကိုသာ အာရုံပြုသည်" ဟူလို။
တာနိ ပန ၊ ပေ ၊ <mark>အာရမ္မဏာနိ</mark>'၍ ပြဆိုအပ်ခဲ့သော ကံ ကမ္မနိမိတ် ဂတိ
နိမိတ် အာရုံတို့သည် ( တရားကိုယ် အားဖြင့် ) ကာမတရားတို့ချည်းသာ ဖြစ်
ကုန်၏။ [ မဟဂ္ဂုတ် ပညတ်အာရုံများမပါ…ဟူလို။]
ရူပ ပဋိသန္ဓေ၏ အာရုံ။ ။<mark>ရူပါဝစရ</mark> ပဋိသန္ဓေ၏ အာရုံကား ပညတ်
ဖြစ်သော ကမ္မနိမိတ်တည်း၊ <mark>ရူပါဝစရ</mark>ဈာန်သည် ကသိုဏ်းစသော ပညတ်ကို
အာရုံ ပြုရကား စုတေခါနီး၌ ဈာန်၏ အာရုံ ဖြစ်သော ကသိုဏ်းပညတ်
များသည် ကမ္မနိမိတ် အဖြစ်ဖြင့် ထင်လာကြရမြဲ ဖြစ်၏၊ <mark>ထို့ကြောင့်</mark> စုတိ
အခြားမဲ့၌ ဗြဟ္မာ့ပြည့်မှာဖြစ်သော ပဋိသန္ဓေစိတ်လည်း ထို ကသိုဏ်းစသော
ပညတ် ကမ္မနိမိတ်ကိုပင် ဆက်၍ အာရုံပြုသည်။
အရူပ ပဋိသန္ဓေ၏ အာရုံ။ ။အ<mark>ရူပါဝစရ</mark> ပဋိသန္ဓေ၏ အာရုံလည်း
ထို့အတူ ကမ္မနိမိတ်ပင်တည်း၊ ထို ကမ္မနိမိတ်သည် ပညတ်မဟဂ္ဂုတ် ၂ မျိုးတွင်
ထိုက်သင့်သလို ဖြစ်၏။
ပဌမ– တတိယ အ<mark>ရူပါဝစရ</mark> ပဋိသန္ဓေ( ဝိပါက် ) စိတ်၏ အာရုံသည်
(အစဉ်အတိုင်း ) ကောင်းကင်ပညတ်နှင့် နတ္ထိဘောပညတ် ကမ္မနိမိတ်တည်း၊
ဒုတိယ – စတုတ္ထ အရူပ ပဋိသန္ဓေ၏ အာရုံကား အစဉ်အတိုင်း ပဌမာရုပ္ပ
ဝိညာဏ်စိတ်နှင့် တတိယာရုပ္ပ ဝိညာဏ်စိတ် ဟူသော မဟဂ္ဂုတ် ကမ္မနိမိတ်
တည်း၊ ထိုသို့ ယထာရဟံ-အရ ထိုက်သင့်သလို ဖြစ်ပုံကို သိလေ။ [အာရမ္မဏ
သင်္ဂဟကို ပြန်ကြည့်။ ]

---

## Trang 323

၂။ တထာ - ထို့အတူ၊ အရူပါဝစရ
<mark>ပဋိသန္ဓိယာပိ</mark> – အရူပါဝစရ ပဋိသန္ဓေ စိတ်၏
လည်း၊ <mark>မဟဂ္ဂတ</mark>ဘူတံ – မဟဂ္ဂုတ် ဖြစ်၍
လည်းဖြစ်သော၊ ပညတ္တိဘူတဉ္စ-ပညတ်ဖြစ်၍လည်းဖြစ်သော၊
ကမ္မနိမိတ္တမေဝ - ကမ္မနိမိတ်သည်ပင်လျှင်၊ ယထာရဟံ-ထိုက်
သည်အား လျော်စွာ၊ အာရမ္မဏံ-အာရုံသည်၊ <mark>ဟောတိ</mark>-၏။
-
၃။ ပန-အဖို့တပါးကား၊အသညသတ္တာနံ-အသညသတ်
ဘုံသားတို့၏ ဇီဝိတနဝကမေဝ-ဇီဝိတနဝက ကလာပ်သည်
သာလျှင်၊ <mark>ပဋိသန္ဓိ</mark>ဘာဝေန-ပဋိသန္ဓေ၏ အဖြစ်ဖြင့်၊ ပတိဋ္ဌာတိ-
တည်၏ ၊တသ္မာ-<mark>ထို့ကြောင့်</mark>၊ တေ-ထို အသညသတ်ဘုံသား
တို့သည်၊ <mark>ရူပပဋိသန္ဓိကာ နာမ</mark> - ရုပ်ပဋိသန္ဓေ ရှိသူတို့ မည်၏၊
အာရုပ္ပါ-အရူပဘုံသားတို့သည်၊ အရူပ <mark>ပဋိသန္ဓိ</mark>ကာ-နာမ် ပဋိ
သန္ဓေ ရှိသူတို့တည်း၊ သေသာ-ကြွင်းသော ဘုံသားတို့သည်၊
<mark>ရူပါရူပပဋိသန္ဓိကာ</mark>-ရုပ် နာမ် အစုံ ပဋိသန္ဓေရှိသူတို့တည်း။
<mark>အာရုပ္ပစုတိယာ</mark>-အာရုပ္ပစုတိမှ၊ <mark>ပရံ-နောင်၌</mark>၊
ဟေဋ္ဌိမာရုပ္ပ<mark>ဝဇ္ဇိတာ</mark>-အောက်အောက် အရူပ္ပ
သည် ကြဉ်အပ်ကုန်သော၊ <mark>အာရုပ္ပါနိ စ</mark> – အာရုပ္ပ ပဋိသန္ဓေ
တို့သည်၎င်း၊ တထာ-ထိုမှတပါး၊ <mark>ကာမတိဟေတုကာ</mark>-ကာမ
တိဟိတ် ပဋိသန္ဓေတို့ သည်၎င်း၊ <mark>ဟောန္တိ</mark>-ဖြစ်ကုန်၏။
<mark>ရူပါဝစရစုတိယာ</mark> - ရူပါဝစရ<mark>စုတိ</mark>မှ၊ ပရံ – နောင်၌၊ အဟေတု
ရဟိတာ-အဟိတ်ပဋိသန္ဓေမှ တပါးသောပဋိသန္ဓေတို့သည်၊
<mark>သိယုံ</mark>-ဖြစ်ကုန်၏၊ ကာမတိဟေတုမှာ- ကာမတိဟိတ် စုတိမှ၊
<mark>ပရံ-နောင်၌</mark>၊ သဗ္ဗာ-အလုံးစုံသောပဋိသန္ဓေတို့သည်၊ <mark>သိယုံ</mark>-ဖြစ်ကုန်၏၊
<mark>ဣတရာ ပန</mark>-ဆိုခဲ့ပြီးမှတပါးသော ကာမအဟိတ် ဒွိဟိတ် စုတိ
မှကား၊ <mark>ပရံ-နောင်၌</mark>၊ ကာမေသွေဝ-ကာမတစ်ဆယ့်တစ်ဘုံတို့၌သာလျှင်၊
<mark>သိယုံ</mark>-ဖြစ်ကုန်၏။
-
<mark>အာရုပ္ပစုတိယာ</mark>၊ပေ၊ ကာမတိဟေတုကာ— အာရုပ္ပ<mark>စုတိ</mark> ( အာရုပ္ပ
ဝိပါက်)၄ ခုနောင် အာရုပ္ပပဋိသန္ဓေစိတ် ၄, ကာမတိဟိတ်(မဟာဝိပါက်
ဉာဏသမ္ပယုတ် ) ပဋိသန္ဓေစိတ် ၄, <mark>ပေါင်း ၈ ပါး</mark> ဖြစ်နိုင်၏၊ ဟေဋ္ဌိမာရုပ္ပ
ဝဇ္ဇီတာ-အရ အောက်အောက် အရူပပဋိသန္ဓေကို <mark>ကြဉ်ဖို့ရန်</mark>သတိပြု၊ဥပမာ-
ဒုတိယ – ဝိညာဏဉ္စာယတန<mark>စုတိ</mark>နှောင် အာကာသာနဉ္စာယတန ပဋိသန္ဓေ
မနှောင်းနိုင်၊ စတုတ္ထ-နေဝသညာနာသညာယတန<mark>စုတိ</mark>နောင် အာကာသာ
နဉ္စ – ဝိညာဏဉ္စ, အာကိဉ္စညာယတန ပဋိသန္ဓေ ၃ ပါးလုံး မနှောင်းနိုင်၊
အထက် အရူပဘုံသို့ ရောက်ပြီး သူသည် အောက်အောက် အရူပဈာန်ကို
အားမထုတ်ကြသောကြောင့် အောက်အောက် အရူပဘုံ၌ ပြန်၍ မဖြစ်ပြီ၊ မိမိ
ဘုံ၌ကား ပြန်၍ ဖြစ်သေး၏။
<mark>ရူပါဝစရစုတိယာ</mark>, အဟေတုရဟိတာ-<mark>ရူပါဝစရစုတိ</mark> (ရူပဝိပါက်)
၅ ခုနောင် (ပဋိသန္ဓေစိတ် ၁၉ တွင် အဟိတ်ပဋိသန္ဓေ ၂ ကိုကြဉ်)ပဋိသန္ဓေ
စိတ် ၁၇ ပါး နှောင်းနိုင်၏၊"ရူပဘုံမှစုတေလျှင် ရူပ အရူပဘုံ၌လည်း ပဋိသန္ဓေ
နေနိုင်, ကာမဘုံ၌လည်း တိဟိတ်ဒွိဟိတ် ပဋိသန္ဓေနေနိုင်၏"ဟူလို၊ ဤစကား

---

## Trang 324

အယံ-ဤ ဆိုအပ်ပြီးသော စကားရပ်ကား၊ ဧတ္ထ-<mark>ဝီထိ</mark>
မုတ္တသင်္ဂဟ၌၊ <mark>စုတိပဋိသန္ဓိက္ကမော</mark> - စုတိ ပဋိသန္ဓေ အစဉ်ကို
ပြသော စကားတည်း။
လည်း ပုထုဇဉ်ကို ရည်ရွယ်သောစကား ဖြစ်သည်။ အရိယာတို့ကား အထက်
ရောက်လျှင် အောက်ဘုံ၌ပြန်၍ ပဋိသန္ဓေ မနေပြီ၊ [ ထို့ပြင် အသညသတ်မှ
<mark>စုတိ</mark>သူတို့ ပဋိသန္ဓေကို ဤ သင်္ဂြိုဟ်စာသွားဖြင့် မထင်ရှားသေး၊"အသညဘုံ,
<mark>စုတိ</mark>တုံက, ကာမတိဟိတ်, ဒွိဟိတ်သန္ဓေ, ရှစ်ခုနေ၏" ဟူသော ဘာသာ
ဋီကာကိုရှု။ ] -
သဗ္ဗာ ကာမတိဟေတုမှာ– ကာမတိဟိတ် (မဟာဝိပါက် ဉာဏသမ္ပ
ယုတ်) ၄ ခုနောင် ( ရုပ်ပဋိသန္ဓေနှင့် တကွ) ပဋိသန္ဓေ ၂ဝ လုံး နှောင်းနိုင်၏၊
"ဈာန်ရလျှင် ရူပအရူပဘုံသို့ ရောက်နိုင်၏၊ဈာန်မရလျှင် ကာမဘုံ၌ ထိုက်သလို
ဖြစ်နိုင်၏" ဟူလို။
<mark>ကာမေသွေဝ ပန ဣတရာ</mark>-ဆိုခဲ့ပြီးသော <mark>စုတိ</mark>များမှ ကြွင်းသော ကာမ
ဒွိဟိတ် (မဟာဝိပါက် ဉာဏဝိပ္ပယုတ် ၄) အဟိတ် (ဥပေက္ခာသန္တီရဏ ၂)
ဤ ၆ ခုနောင် ထို ဒွိဟိတ် အဟိတ် ပုဂ္ဂိုလ်တို့က ဈာန်မရနိုင် သောကြောင့်
ကာမပဋိသန္ဓေ ၁ဝ သာ နှောင်းနိုင်သည်။
<mark>လေ့ကျင့်ခန်း</mark> မေးခွန်းများ
က။ ကာမာဝစရ ပဋိသန္ဓေ၏ အာရုံသည် ကမ္မနိမိတ် ဂတိနိမိတ် ဖြစ်အံ့
အဘယ်ဒွါရဖြင့် ယူအပ်သနည်း, သင်္ဂြိုဟ်ထောက်ပါ။
ခ။ <mark>ထို အာရုံသည်</mark> ပစ္စုပ္ပန်စသော ကာလ ၃ ပါးတွင် အဘယ် ကာလ၌
ဖြစ်ထိုက်သနည်း, <mark>ထောက်</mark>ပါ။
ဂ။ ကံ-အာရုံ ဖြစ်အံ့, အဘယ်ကာလ၌ ဖြစ်၍, အဘယ် ဒွါရဖြင့် ယူအပ်
သနည်း, <mark>ထောက်</mark>ပါ။
ဃ။ ရူပ ပဋိသန္ဓေသည် အဘယ်ကို အာရုံပြုသနည်း, သင်္ဂြိုဟ်<mark>ထောက်</mark>ပါ။
င။ အရူပ ပဋိသန္ဓေသည် အဘယ်ကို အာရုံပြုသနည်း, ယထာရဟံအရ
ထိုက်သင့်သလို ခွဲပြပါ။
စ။ အသညသတ်ဘုံ၌ အဘယ်တရားဖြင့် ပဋိသန္ဓေ နေသနည်း, သင်္ဂြိုဟ်
<mark>ထောက်</mark>ပါ။
ဆ။ ရုပ် ပဋိသန္ဓေနေရာဘုံ, နာမ်ပဋိသန္ဓေနေရာဘုံ, ရုပ်နာမ်အစုံ ပဋိသန္ဓေ
နေရာဘုံကို သင်္ဂြိုဟ်<mark>ထောက်</mark>၍ ခွဲပြပါ။
ဇ။ ဧကဝေါကာရ, စတုဝေါကာရ, ပဉ္စဝေါကာရ ဘုံများကို အသီးအသီး
ခွဲပြပါ။
ဈ။ အာရုပ္ပ<mark>စုတိ</mark>စိတ် မည်မျှရှိ၍ ထို <mark>စုတိ</mark>များနောင် ပဋိသန္ဓေမည်မျှ နှောင်း
နိုင်သနည်း။
ည။ ရူပ <mark>စုတိ</mark>စိတ် မည်မျှရှိ၍ ထို <mark>စုတိ</mark>များနောင် ပဋိသန္ဓေစိတ် မည်မျှနှောင်း
နိုင်သနည်း။
ဋ။ အသညသတ် <mark>စုတိ</mark>နောင် ပဋိသန္ဓေ မည်မျှ နှောင်းသနည်း။
<mark>ဌ။</mark> ကာမတိဟိတ် <mark>စုတိ</mark> မည်မျှရှိ၍ ထို <mark>စုတိ</mark>နောင် ပဋိသန္ဓေ မည်မျှ နှောင်း
နိုင်သနည်း။
<mark>ဍ။ ကာမ</mark>အဟိတ် ဒွိဟိတ်<mark>စုတိ</mark> မည်မျှရှိ၍ ထို <mark>စုတိ</mark>နောင် ပဋိသန္ဓေ မည်မျှ
နှောင်းနိုင်သနည်း။

---

## Trang 325

<mark>လေ့ကျင့်ခန်း</mark> မေးခွန်းများ
က။ ပဋိသန္ဓေစိတ်၏ အခြားမဲ့၌ အဘယ်ကို အာရုံပြု၍ အဘယ်စိတ် ဖြစ်
သနည်း, <mark>ထောက်</mark>ပါ။
ခ။ "တဒေဝစိတ္တံ – ထို ပဋိသန္ဓေစိတ် " ဟု ဆိုရာ၌ အဓိပ္ပါယ်ကို ဥပမာ
ဆောင်၍ ထင်ရှားအောင်ပြပါ။
ဂ။ သတ္တာတို့သန္တာန်၌ <mark>ဝီထိ</mark>စိတ် မဖြစ်သည့်အခါ ဘယ်စိတ်ဖြစ်သနည်း,
ထောက်ပါ။
ဃ။ <mark>ဘဝင်္ဂ</mark>+အင်္ဂဘာဝေန-ပါဌ်ကိုထောက်၍"<mark>ဘဝင်္ဂ</mark>" ပုဒ် အဓိပ္ပါယ်ကို
ဝိဂြိုဟ်နှင့်တကွ ပြပါ။
င။ ပဋိသန္ဓေ စသော စိတ်တို့ဖြစ်ပုံသည် ဘာနှင့်တူသနည်း, သင်္ဂြိုဟ်<mark>ထောက်</mark>၍
တူပုံကို ထင်ရှားအောင် ပြစမ်းပါ။
စ။ <mark>ပဋိသန္ဓိ</mark> ဘဝင်္ဂ<mark>ဝီထိ</mark>ယော-စသော ဂါထာသည် ဘာကိုပြသော ဂါထာ
နည်း, ၎င်းဂါထာကို အနက်ပေးပါ။
ဆ။ ပဋိသင်္ခါယ ပနေတမဒ္ဓဝံ-စသော ဂါထာသည် ဘာကိုပြသော ဂါထာ
နည်း, အနက်ပေးပါ။
<mark>ဝီထိမုတ်</mark> နိဿယနှင့်
အဓိပ္ပါယ် <mark>ပြီးပြီ။</mark>
ရုပ်ပိုင်းနိဿယ
အနုသန္ဓေနှင့် ပဋိညာဉ် သပ္ပဘေဒ<mark>ပဝတ္တိ</mark>ကာ - ပဘေဒလည်း
ရှိကုန်, <mark>ပဝတ္တိ</mark>လည်းရှိကုန်သော၊ စိတ္တ
စေတသိကာ-စိတ်စေတသိက် ဖြစ်ကုန်သော၊ ဓမ္မာ - သဘော
တရားတို့ကို၊ ဧတ္တာဝတာ-ဤမျှ အတိုင်းအရှည်ရှိသော ငါးပိုင်း
တို့ဖြင့်၊ ဟိ ယသ္မာ-<mark>အကြင့်ကြောင့်</mark>၊ ဝိဘတ္တာ-ဝေဘန်အပ်ကုန်
ပြီ၊ တသ္မာ-ထိုကြောင့်၊ ဒါနိ-ယခုအခါ၌၊ ရူပံ-ရုပ်ကို၊ပဝုစ္စတိ-
ဆိုအပ်၏။ [ ဆိုပေအံ့-ဟူလို။]
ရုပ်ပိုင်းအဓိပ္ပါယ်
[ရုပ်တရားတို့၏ အကြောင်းအရာကို ပြသော အပိုင်း အခန်းကို
"ရုပ်ပိုင်း" ဟု ခေါ်၏။]
ဧတ္တာဝတာ၊ပေ၊ ပဝုစ္စတိ-ဤဂါထာကား အနုသန္ဓေနှင့် ပဋိညာဉ်ကို
ပြသော ဂါထာတည်း၊ " စိတ္တံ စေတသိကံ ရူပံ နိဗ္ဗာနမိတိ " ဟု ခေါင်းစဉ်
ပြခဲ့သည့်အတိုင်း, စိတ် စေတသိက် ပကိဏ်း ဝီထိ <mark>ဝီထိမုတ်</mark> ဟု ငါးခုသော
အပိုင်းအခန်းတို့ဖြင့် စိတ် စေတသိက်တို့ကို အကျယ်ပြပြီး၍ ယခုအခါ ရုပ်ကို
ပြတော့မည်-ဟူလို။
-
သပ္ပဘေဒ <mark>ပဝတ္တိ</mark>ကာ [ သ+ပဘေဒ + <mark>ပဝတ္တိ</mark> + က။ သ
ရှိသည့်+ပဘေဒ=အပြား+<mark>ပဝတ္တိ</mark> = ဖြစ်ခြင်း+က = ကား အနက် မရှိ
<mark>သောထုံးစံ</mark>အရ အပိုလာသည်။ ] ပဘေဒ-ဟူသည် ဥဒ္ဒေသ-နိဒ္ဒေသ-ပဋိ
နိဒ္ဒေသ-ဤ သုံးပါးအပြားတည်း၊ ထိုတွင် အကျဉ်းချုပ် ခေါင်းစဉ်၍ ပြခြင်းကို

---

## Trang 326

"ဥဒ္ဒေသ" ဟု ခေါ်၏၊ ထို အကျဉ်းကို ချဲ့ပြခြင်းကို "နိဒ္ဒေသ" ဟု ခေါ်၏၊
ထပ်မံ၍ တမျိုးတဖုံ <mark>ချဲ့ပြန်</mark>ခြင်းကို "ပဋိနိဒ္ဒေသ" ဟု ခေါ်၏။
<mark>ထို့ကြောင့်</mark> "စိတ္တံ စေတသိကံ ရူပံ နိဗ္ဗာနမိတိ" ၌ စိတ္တံ-ကား စိတ်ကို
အကျဉ်းချုပ် ပြသော ဥဒ္ဒေသစကားတည်း၊ စေတသိကံ-ကား စေတသိက်ကို
အကျဉ်းချုပ် ပြသော ဥဒ္ဒေသတည်း၊ ထိုနောက် "တတ္ထ စိတ္တံတာဝ စတုဗ္ဗေဓံ
<mark>ဟောတိ</mark> " မှ စ၍ စိတ်ပိုင်း အဆုံးတိုင်အောင် စကားကား စိတ်ကို အကျယ်
ပြသော နိဒ္ဒေသစကားတည်း၊ စေတသိက်ပိုင်း တပိုင်းလုံးကား စေတသိက်ကို
အကျယ် ပြသော နိဒ္ဒေသ စကားတည်း၊ ပကိဏ်းပိုင်းကား စိတ် စေတသိက်
နှစ်ပါးစုံကို တမျိုးတဖုံ ထပ်၍ <mark>ချဲ့ပြန်</mark>သော ပဋိနိဒ္ဒေသ စကားတည်း ဟု မှတ်။
[ဆောင်ပုဒ်]
၁။ စိတ္တံ-စေတသိကံ, ခေါင်းစဉ်ဟန်, မှတ်ရန် ဥဒ္ဒေသ။
၂။ တတ္ထကတမံ – တာဝခံလျက်, ချဲ့ရန် တက်လှိုင်း, စိတ်
တပိုင်းလုံး, အကျယ်သုံး, မှတ်ထုံး စိတ္တ နိဒ္ဒေသ။
၃။ စေတသိက်ကြိုး, တပိုင်းလုံးတည့်, စေတသိက, ချဲ့၍ပြ,
မှတ်ကြ နိဒ္ဒေသ။
၄။ ပကိဏ်းပိုင်းမှာ,နှစ်ဖြာစပ်မိ, <mark>ချဲ့ပြန်</mark>ဘိ, ပဋိနိဒ္ဒေသ။
<mark>ပဝတ္တိ</mark>-ဟူသည် စိတ် စေတသိက်တို့ ဖြစ်ခြင်း-ဖြစ်ပုံ-ဖြစ်ဟန်တည်း၊
ထို ဖြစ်ပုံမှာလည်း ပဋိသန္ဓေ ဘဝင် <mark>စုတိ</mark>အခါ၌ ဖြစ်ပုံ-<mark>ဝီထိ</mark>ကျသည့် အခါ၌
ဖြစ်ပုံဟု နှစ်မျိုးရှိ၏၊ <mark>ဝီထိ</mark>ကျသည့် အခါ၌ ဖြစ်ပုံကို <mark>ဝီထိ</mark>ပိုင်းဖြင့် ပြခဲ့၏၊
ပဋိသန္ဓေ ဘဝင် <mark>စုတိ</mark>အခါ၌ ဖြစ်ပုံကို ဝီထိ <mark>ဝီထိမုတ်ပိုင်း</mark>ဖြင့် ပြခဲ့သည်၊ ဤသို့
ဥဒ္ဒေသစသော အပြား, ပဋိသန္ဓေ စသော ဖြစ်ပုံရှိသော စိတ်နှင့် စေတသိက်ကို
အောက် ၅ ပိုင်းဖြင့် ဝေဘန်၍ ပြခဲ့ပြီ ဟူလို။

---

## Trang 327

အကျဉ်းချုပ် ခေါင်းစဉ် <mark>သမုဒ္ဒေသာ</mark>-ရုပ်တို့ကို အကျဉ်းချုပ်
ပြခြင်း
အားဖြင့်၎င်း၊ <mark>ဝိဘာဂတော စ</mark>-ရုပ်
တို့ကို အကျယ်ဝေဘန်ခြင်း အားဖြင့်၎င်း၊ သမုဋ္ဌာနာ- ရုပ်တို့၏
ဖြစ်ကြောင်း အားဖြင့်၎င်း၊ <mark>ကလာပဘေဒတော</mark>-ရုပ်တို့ကို ကလာပ်
ဖွဲ့ခြင်း အားဖြင့်၎င်း၊ <mark>ပဝတ္တိ</mark>က္ကမတော စ – ရုပ်တို့၏ ဖြစ်စဉ်
အားဖြင့်၎င်း၊ ဣတိ - ဤသို့၊ တတ္ထ – ထို ရူပသင်္ဂဟ၌၊ <mark>ပဉ္စဓာ-</mark>
ငါးပါး အပြားအားဖြင့်၊ <mark>သင်္ဂဟော</mark> – ပေါင်းယူ ခြင်းသည်၊
<mark>ဟောတိ</mark>-ဖြစ်၏။
-
<mark>သမုဒ္ဒေသာ</mark>၊ ပေ၊ <mark>သင်္ဂဟော</mark> ဤ ဂါထာကား ရုပ်ပိုင်း၌ အကျယ်
ပြမည့် သင်္ဂဟ ၅ ရပ်ကို အကျဉ်းချုပ် ခေါင်းစဉ်၍ ပြသော ဂါထာတည်း၊
၁=ရူပသမုဒ္ဒေသ, ၂ = ရူပဝိဘာဂ, ၃ = ရူပသမုဋ္ဌာန, <mark>၄=ရူပကလာပ</mark>,
၅=ရူပ <mark>ပဝတ္တိ</mark>က္ကမ, ဟု သင်္ဂဟ ၅ ရပ်ကို ပါဠိရှိတိုင်း မှတ်သားခဲ့ပါ။
-
<mark>လေ့ကျင့်ခန်း</mark> မေးခွန်းများ
က။ ဧတ္တာဝတာ ဝိဘတ္တာဟိ ဂါထာသည် ဘာကိုပြသော ဂါထာနည်း။
ခ။ သပ္ပဘေဒ၌ "ပဘေဒ" အရ အဘယ်ကို ဥဒ္ဒေသ နိဒ္ဒေသ ပဋိနိဒ္ဒေသ ဟု
ခေါ်သနည်း။
<mark>ဂ။ စိတ်၏</mark> ဥဒ္ဒေသ နိဒ္ဒေသ စေတသိက်၏ ဥဒ္ဒေသ နိဒ္ဒေသကို လင်္ကာ
<mark>ထောက်</mark>၍ ကောက်ပြပါ။
ဃ။ ပဋိနိဒ္ဒေသ စကားကိုလည်း လင်္ကာ<mark>ထောက်</mark>၍ ကောက်ပြပါ။
င။ သပ္ပဘေဒ <mark>ပဝတ္တိ</mark>ကာ၌ အဘယ်ကို "<mark>ပဝတ္တိ</mark>" ဟု ခေါ်သနည်း။
ထို <mark>ပဝတ္တိ</mark>ကို ပြသော အပိုင်းကား ဘယ်အပိုင်းများနည်း။
စ။ ရုပ်ပိုင်းလာ သင်္ဂဟ ၅ ရပ်ကို သင်္ဂြိုဟ်<mark>ထောက်</mark>၍ ရေတွက်ပါ။

---
