## Trang 176

ဇာတိရူပမေဝ - ဇာတိရုပ် <mark>တစ်ခု</mark>ထည်းကိုပင်၊ <mark>ဥပစယသန္တတိ</mark>
နာမေန - ဥပစယ သန္တတိ အမည်ဖြင့်၊ ပဝုစ္စတိ – နှစ်မျိုး ခွဲ၍
ဆိုအပ်၏။ ဣတိ-ဤသို့၊ ဧကာဒသဝိဓမ္ပိ-<mark>တစ်ဆဲ့တစ်ပါး</mark> အပြား
ရှိသည်လည်းဖြစ်သော၊ ဧတံရူပံ- ဤရုပ်သည်၊ သရူပဝသေန-
သရုပ် သကောင်၏ အပြားအားဖြင့်၊ အဋ္ဌဝီသတိဝိဓံ - နှစ်ဆဲ့
ရှစ်ပါး အပြားရှိသည်၊ ဟောတိ-ဖြစ်၏။
သင်္ဂဟဂါထာ
ဘူတ-<mark>ပသာဒ</mark> ဝိသယာ- ဘူတရုပ် <mark>ပသာဒရုပ်</mark>
ဝိသယရုပ်တို့၎င်း၊ ဘဝေါ- ဘာဝရုပ်၎င်း၊ ဟဒယံ – ဟဒယ
ဝတ္ထု၎င်း၊ ဣစ္စဝိ-ဤသို့လည်း၊ <mark>ဇီဝိတ</mark>ာဟာရ ရုပေဟိ-<mark>ဇီဝိတ</mark>
အာဟာရရုပ်တို့နှင့်တကွ၊ အဋ္ဌာရသဝိဓံ - <mark>တစ်ဆဲ့ရှစ်ပါး</mark>အပြား
ရှိသော နိပ္ဖန္နရုပ်၎င်း၊ တထာ – ထိုမှ တစ်ပါး၊ ပရိစ္ဆေဒေါစ –
<mark>ပရိစ္ဆေဒရုပ်</mark>၎င်း၊ ဝိညတ္တိ-ဝိညတ်ရုပ်၎င်း၊ <mark>ဝိကာရ</mark>ော-<mark>ဝိကာရ</mark>
ရုပ်၎င်း၊ လက္ခဏံ-လက္ခဏရုပ်၎င်း၊ ဣတိစ-သို့လည်း၊ ဒသ-
ဆယ်ပါးကုန်သော၊ အနိပ္ဖန္နာစ - အနိပ္ဖန္နရုပ်တို့၎င်း၊ ဣတိ -
ဤသို့၊ အဋ္ဌဝီသဝိဓံ-နှစ်ဆဲ့ရှစ်ပါး အပြားရှိသည်၊ ဘဝေ-ဖြစ်၏။
အယံ-ဤသည်ကား၊ <mark>ဆဋ္ဌ</mark>- ရူပပရိစ္ဆေဒ၌၊ ရူပသမုဒ္ဒေသော-
ရူပသမုဒ္ဒေသတည်း။
က။ လေ့ကျင့်ခဏ်း မေးခွန်းများ
အဘယ်ကို <mark>ပရိစ္ဆေဒရုပ်</mark> ဟု သမုတ်သနည်း။
ခ။ အဘယ်ကို ဝိညတ်ရုပ် ဟု သမုတ်သနည်း၊ မည်မျှပြားသနည်း။
ဂ။ အဘယ်ကို <mark>ဝိကာရ</mark>ရုပ် ဟု သမုတ်သနည်း၊ မည်မျှ ပြားသနည်း။
ဃ။ လဟုတာ စသော ၃ ပါး၏ သဘောကို ပြပါ။
င။ အဘယ်ကို လက္ခဏရုပ် ဟု သမုတ်သနည်း၊ မည်မျှ ပြားသနည်း။
စ။ ဥပစယနှင့် သန္တတိအထူးကို လင်္ကာထောက်၍ ပြပါ။
ဆ။ ဥပစယနှင့် သန္တတိကို သုတ္တန်ပါဠိအလို ဘယ်ရုပ် ဟု ဆိုမည်နည်း။
ဇ။ သင်္ဂဟဂါထာကို အနက်ပေး၍ ရုပ်အမျိုးအမည် ၁၁ ကိုရေတွက်ပါ။
ဈ။ ဘူတရုပ် ၄၊ <mark>ပသာဒရုပ်</mark> ၅ စသည်ဖြင့် <mark>၂၈</mark> ပါးသရုပ်ကို ရေတွက်ပါ။
ည။ ရုပ် <mark>၂၈</mark> ပါးသရုပ်ကို ရေတွက်ရာ၌ ဝိသယရုပ် ၇ ပါး <mark>ဝိကာရ</mark>ရုပ် ၅ ပါး
ရှိပါလျက် အဘယ့်ကြောင့် ဝိသယရုပ် ၅ ပါး <mark>ဝိကာရ</mark>ရုပ် ၃ ပါးဟုသာ
ရေတွက်ရသနည်း။
ဋ။ နိပ္ဖန္နရုပ် အနိပ္ဖန္နရုပ်တို့ မည်မျှစီ ရှိသနည်း၊ ရေတွက်ပါ။
ရူပသမုဒ္ဒေသ ပြီး၏။

---

## Trang 177

ပန-<mark>အဘို့တစ်ပါး</mark>ကား၊ ဣစ္စေဝံ – ဤဆိုအပ်ပြီး
နည်းဖြင့်၊ ဂဟိတ<mark>ပဋိသန္ဓိ</mark>ကာနံ-ယူအပ်
ပြီးသော ပဋိသန္ဓေ ရှိသူတို့၏၊ <mark>ပဋိသန္ဓိ</mark> နိရောဓာနန္တရတော-
ပဋိသန္ဓေစိတ် ချုပ်ခြင်း၏ အခြားမဲ့မှ၊ ပဘုတိ – စ၍၊ တမေဝ
အာရမ္မဏံ-ထို ပဋိသန္ဓေစိတ်၏ အာရုံကိုပင်၊ <mark>အာရဗ္ဘ</mark> – အာရုံ
ပြု၍၊ တဒေဝစိတ္တံ-ထိုပဋိသန္ဓေစိတ်သည်ပင်၊ <mark>ယာဝ စုတိ</mark>စိတ္တုပ္ပါဒါ – <mark>စုတိစိတ်</mark> ဖြစ်ရာကာလ တိုင်အောင်၊ <mark>ပဝတ္တတိ</mark>-
ဘဝင်နှင့် <mark>စုတိ</mark>။ ။ ဣစ္စေဝံ ဂဟိတ၊ပေ၊<mark>ပဝတ္တတိ</mark>-ဤစကားကား ပဋိ
သန္ဓေနောက်မှစ၍ ဘဝင်စိတ် ဖြစ်ပုံကိုပြသော စကားတည်း၊ ဤ ဆိုခဲ့သည့်
အတိုင်း ပဋိသန္ဓေနေသူတို့ သန္တာန်၌ ( ဥပါဒ် ဌီ ဘင် စေ့၍ ) ပဋိသန္ဓေစိတ်
ချုပ်သည်၏ အခြားမဲ့၌ ၁၅ကြိမ် ၁၆ ကြိမ်ခန့် ဘဝင်ဆက်လက်၍ ဖြစ်သည်။
<mark>တဒေဝ အာရမ္မဏံ</mark> အာရဗ္ဘ — ထို ဘဝင်များသည် ပဋိသန္ဓေစိတ် ယူအပ်
သော အာရုံကိုပင် လိုက်၍ယူကြသည်၊ ပဋိသန္ဓေစိတ်က ကံကိုအာရုံပြုလျှင် ထို
ဘဝအတွက် ဘဝင်တို့လည်း ကံကိုချည်း အာရုံပြုရမည်-စသည်ဖြင့် သိလေ။
===
တဒေဝ စိတ္တံ = ပဋိသန္ဓေစိတ်နှင့် ဘဝင်စိတ်သည် တစ်မျိုးထည်းဖြစ်သော
ကြောင့် သဒိသူပစာနည်းဖြင့် "တဒေဝစိတ္တံ-ထို ပဋိသန္ဓေစိတ်"ဟု ဆိုသည်၊
စင်စစ်မှာ ပဋိသန္ဓေစိတ်က ချုပ်ပြီးဖြစ်၍ ထိုဘဝ၌ ထပ်၍ မဖြစ်နိုင်တော့ပြီ၊
ထို ပဋိသန္ဓေစိတ်နှင့် အလားတူ စိတ်သာလျှင် ဘဝင်ကိစ္စ တပ်၍ ဖြစ်ခွင့်ရှိ
တော့သည်၊ ဥပမာ – ခြောက်ပါးဆေးကို ဘုဉ်းပေးလေ့ရှိသော ဘုဉ်းတော်
ကြီးသည် မနေ့ကစားပြီးနောက် ယနေ့<mark>တစ်ဖန်</mark> "မနေ့တုန်းက ဆေးကလေးကို
ကပ်စမ်းပါ<mark>ဦး</mark>" ဟု ဆိုပြန်ရာ၌ မနေ့တုန်းက ဆေးမှာ စားပြီးဖြစ်ရကား ထို
ဆေးနှင့်တူသော ၆ ပါးဆေးကိုပင် "မနေ့ကဆေး" ဟု ခေါ်သကဲ့သို့တည်း၊
ထို့ကြောင့် ပဋိသန္ဓေစိတ်က မဟာဝိပါက် ပဌမစိတ် ဖြစ်လျှင် တစ်ဘဝလုံး
အတွက် ဘဝင်များလည်း မဟာဝိပါက် ပဌမ စိတ်ချည်း ဖြစ်၏-စသည်ဖြင့်
သိလေ။
---
ဝီထိစိတ် ဖြစ်ခြင်းသည်၊ အသက္က <mark>မရှိလျှင်သော်</mark>၊ ဘဝဿ-
ဘဝ၏၊ အင်္ဂဘာဝေန – အကြောင်း၏ အဖြစ်ကြောင့်၊ ဘဝင်္ဂ
သန္တတိသင်္ခါတံ-ဘဝင်အစဉ်ဟု ဆို<mark>အပ်သော</mark>၊ မာနသ-စိတ်
သည်၊ <mark>အဗ္ဗောစ္ဆိန္နံ</mark> – မပြတ်မစဲ၊ နဒီသောတော ဝိယ- မြစ်ရေ
အယဉ်ကဲ့သို့၊ <mark>ပဝတ္တတိ</mark>-ဖြစ်၏၊ ပရိယောသာနေ စ-ဘဝအဆုံး
၌လည်း၊ စဝနဝသေန ရွေ့လျောခြင်း၏အစွမ်းဖြင့်၊ <mark>စုတိစိတ္တံ</mark>-
စုတိစိတ်သည်၊ ဟုတွာ-ဖြစ်၍၊ <mark>နိရုဇ္ဈတိ</mark>-ချုပ်၏။
သံသရာစက် လည်ပုံ တတော-ထို <mark>စုတိစိတ်</mark>မှ၊ ပရဉ္စ-နောက်၌
လည်း၊ ပဋိသန္ဓာဒိဝသေန-ပဋိသန္ဓေ အစရှိ
သော စိတ်တို့သည်၊ <mark>ရထစက္ကမိဝ</mark>-ရထားစက်ဘီးသည်ကဲ့သို့၊
<mark>ပရိဝတ္တန္တိ</mark>-အဆက်ဆက်လည်ကုန်လျက်၊ ပဝတ္တန္တိ-ဖြစ်ကုန်၏။
---
ဘဝဿ အင်္ဂဘာဝေန-ဤကား "ဘဝင်" ပုဒ်၏ အနက်ကို ပြသော
စကားတည်း၊ "<mark>ဘဝဿ+အင်္ဂ = ဘဝင်္ဂ</mark>" ဝီထိစိတ် ပြတ်သည့်အခါ ဘဝင်
ဆက်၍မဖြစ်လျှင် ဘဝပြတ်၍ စုတေရတော့၏၊ ထိုကြောင့် ဘဝင်ကို "ဘဝ၏
အကြောင်း ဖြစ်သော ( ဘဝ မပြတ်အောင် ဆက်စပ်ပေးသော ) စိတ်" ဟု
ဆိုရသည်၊ ထိုဘဝင်စိတ်များသည် အကြိမ်ပေါင်းများစွာဆက်၍ မြစ်ရေအယဉ်
စီးသကဲ့သို့ ဖြစ်လေသည်။
---
ပရိယောသာနေ စ ၊ ပေ ၊ <mark>နိရုဇ္ဈတိ</mark>-ဘဝ ဆုံးသည့် အခါ၌လည်း
ထို ပဋိသန္ဓေစိတ်နှင့် အလားတူ စိတ်သည်ပင်လျှင် <mark>စုတိစိတ်</mark> ဖြစ်၍ ချုပ်၏၊
ဤစကားစဉ်ဖြင့် "တစ်ဘဝ တစ်ဘဝ၌ ပဋိသန္ဓေဘဝင် <mark>စုတိစိတ်ဟူ၍</mark> တစ်မျိုးထည်း
သာ ဖြစ်၍ တစ်မျိုးထည်းသော အာရုံကို ယူကြကုန်၏" ဟု ပြသည်၊ "ပဋိသန္ဓေ
<mark>ဘဝင်္ဂစုတိ</mark>" စသော ဂါထာစကားနှင့် အဓိပ္ပါယ်တူပင်တည်း။

---

## Trang 178

<mark>ယထာက္ကမံ ဝ</mark> - အကြင်အကြင် အစဉ်ရှိတိုင်း သာလျှင်၊ ပရိ
ဝတ္တန္တိ-အဆက်ဆက်လည်ကုန်လျက်၊ ပဝတ္တန္တိ-ဖြစ်ကုန်၏။
နိဂုံး
ဣဓ- ပစ္စုပ္ပန် ဘဝ၌၊ ပဋိသန္ဓေ <mark>ဘဝင်္ဂစုတိ</mark>ယော – ပဋိ
သန္ဓေ ဘဝင် <mark>စုတိစိတ်</mark>တို့သည်၎င်း၊ စုတိစ – <mark>စုတိစိတ်</mark>
သည်၎င်း၊ (<mark>ပရိဝတ္တန္တိ</mark> ယထာ - ဆက်ကာ ဆက်ကာ ဖြစ်ကုန်
သကဲ့သို့၊ ) တထာ- ထို့အတူ၊ ဘဝန္တရေ- ဘဝတစ်ပါး၌၊ ပုန-
တစ်ဖန်၊ <mark>စုတိဘဝင်္ဂါဒိ</mark>- ပဋိသန္ဓေဘဝင် အစရှိသော၊ (ဣတိ
သဒ္ဒါ-အာဒိနှင့် အနက်တူ၊) အယံစိတ္တသန္တတိ- ဤ စိတ်အစဉ်
သည်၊ ပရိဝတ္တတိ-ဆက်ကာ ဆက်ကာ ဖြစ်၏။
သံသရာစက် လည်ပုံ
တတော ပရဉ္စ၊ပေ၊ ပဝတ္တန္တိ-ဤစကားကား သံသရာစက် လည်ပုံကို
ပြသောစကားတည်း၊ <mark>စုတိစိတ်</mark> ချုပ်ပြီးနောက်၌လည်း (ရဟန္တာ မဖြစ်သေး၍
ဘဝဇာတ် မသိမ်းသေးလျှင်) ပဋိသန္ဓေ ဘဝင် <mark>စုတိ</mark> ဟူသော စိတ်တို့သည်
ရထား၌ တပ်ထား<mark>အပ်သော</mark> စက်ဘီး၏ လည်ပုံကဲ့သို့ ဆက်ကာ ဆက်ကာ
<mark>ချာချာ</mark> ရစ်ပတ် မပြတ် ဖြစ်ပြန်တော့သည်။
ဝီထိနှင့် ဝီထိမုတ်ပိုင်း နိဂုံး
"<mark>ပဋိသန္ဓိ</mark>ဘဝင်္ဂဝီထိယော"စသော ဂါထာလည်း သံသရာစက်လည်ပုံ
ပြလျက် "ဝီထိပိုင်း-ဝီထိမုတ်ပိုင်း" ၂ ပိုင်းလုံးကိုပင် နိဂုံးအုပ်သော ဂါထာ
တည်း၊ ဤ ပစ္စုပ္ပန်ဘဝ၌ ပဋိသန္ဓေ ဘဝင် <mark>စုတိ</mark>များ ဆက်ကာ ဆက်ကာ
ဖြစ်ကြသကဲ့သို့ <mark>နောင်ခံဘဝ</mark>၌လည်း ဤနည်းအတိုင်း (နိဗ္ဗာန် မရမခြင်း) ဖြစ်ပြန်
လေသည်-ဟူလို။
---
ပန-သံသရာစက်ပြတ်ကိန်းကား၊ ဗုဓာ-
သံသရာစက် ပြတ်ကိန်း
တိဟိတ်ပဋိသန်, ပင်ကိုယ်ဉာဏ် ရှိသူ
တို့သည်၊ စိရာယ-ကြာမြင့်စွာသောကာလပတ်လုံး၊ သဗ္ဗတာ-
သီလဖြူစင်, ဓူတင်ကိုဖြည့်, သမာဓိလောင်း, ကောင်းသော
အကျင့်ရှိကုန်သည်ဖြစ်၍၊ ဧသံ- စိတ်စေတသိက်, ပေါင်းကြိတ်
တည်ထွင်, ဤ ဖြစ်ပုံ အစီအစဉ်ကို၊ အဒ္ဓုဝံ-ဖြစ်ချည်ပျက်ချည်,
အမြဲ မတည်ပါတကား ဟူ၍၊ ပဋိသင်္ခါယ – ဝိပဿနာဉာဏ်
ပညာဖြင့်, ထင်စွာသိမျှ, ကြည့်ရှုဆင်ခြင်ကြကုန်သည် ရှိသော်၊
အစ္စုတံ-စုတေရွေ့လျော, သေရခြင်းသဘော မရှိသော၊ ပဒံ-
နိဗ္ဗာန်ကို၊ <mark>အဓိဂစ္ဆန္တိ</mark>-မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့်, အမှန်သိခြင်း
ကြောင့်၊ သုသမုစ္ဆိန္န သိနေဟဗန္ဓနာ - ကြွင်းမဲ့ သွေ့ခြောက်,
ဖြတ်တောက်အပ်ပြီး, တဏှာ တည်းဟူသော အစေး အဖွဲ့
ရှိကြကုန်သည်ဖြစ်၍၊ သမံ-သင်္ခါရ ခပ်သိမ်းတို့၏, ပြတ်ငြိမ်း
ရာမှန်, <mark>ဧကံနိဗ္ဗာန်</mark>သို့၊ <mark>ဂစ္ဆန္တိ</mark> – ဧကန်ထုတ်ချောက်, ရောက်ရ
ကုန်လတ္တံ့။
အဘိဓမ္မတ္ထသင်္ဂဟေ၊ ဝီထိမုတ္တသင်္ဂဟ ဝိဘာဂေါ နာမ-
ဝီထိမုတ္တသင်္ဂဟဝိဘာဂ မည်သော၊ <mark>ပဉ္စမော</mark> – ငါးခုမြောက် ပိုင်း တို့၏
ပြည့်ကြောင်းဖြစ်သော၊ ပရိစ္ဆေဒေါ-သည်၊ ဣတိ-ပြီးပြီ။
သံသရာစက် ပြတ်ကိန်း
ပဋိသင်္ခါယ ပနေတံ အဒ္ဓုဝံ-ဂါထာကား သံသရာစက် ပြတ်နိုင်သော ကိန်းကို
ပြညွှန်းလျက် တိုက်တွန်းကြောင်း ဖြစ်သော "ဥယျောဇဉ်" ဂါထာတည်း၊
အဓိပ္ပါယ်ကို အနက်အတိုင်း သိလေ။

---

## Trang 179

၁။ ပန-<mark>အဘို့တစ်ပါး</mark>ကား၊ သဗ္ဗဉ္စ-အလုံးစုံလည်း
ဖြစ်သော၊ ဧတံရူပံ - ဤရုပ်သည်၊ အဟေတုကံ
ဝ-အဟေတုကချည်သာတည်း၊ [<mark>အပ္ပဟာတဗ္ဗံ</mark> ဝ မှ ဧဝကို
ပုဒ်တိုင်းလိုက်၍ပေး၊ သပ္ပစ္စယံဝ-သပ္ပစ္စယချည်သာတည်း၊
သာသဝံဧဝ – သာသဝချည်သာတည်း၊ သင်္ခတံဧဝ – သင်္ခတ
ချည်သာတည်း၊ လောကိယံဝ - လောကိယချည်သာတည်း၊
<mark>ကာမာဝစရံ</mark>ဧဝ – ကာမာဝစရ ချည်သာတည်း၊ <mark>အနာရမ္မဏ</mark>
ဧဝ-<mark>အနာရမ္မဏ</mark>ချည်သာတည်း၊ <mark>အပ္ပဟာတဗ္ဗံ</mark>ဧဝ – အပ္ပဟာ
တဗ္ဗချည်သာတည်း၊ ဣတိ - ဤသို့၊ ဧကဝိဓံပိ - တစ်ပါးစီသာ
အဘို့ရှိသော်လည်း၊ <mark>အဇ္ဈတ္တိက</mark>ဗာဟိယာဒိဝသေန-<mark>အဇ္ဈတ္တိက</mark>
ရုပ် ဗာဟိယရုပ် အစရှိသည်တို့၏ အပြားအားဖြင့်၊ <mark>ဗဟုဓာ</mark>-
များသော အပြားအားဖြင့်၊ ဘေဒံ – ကွဲပြားခြင်းသို့၊ ဂစ္ဆတိ-
ရောက်၏။
ကထံ-အဘယ်သို့ ပြားသနည်း။
---
ရူပဝိဘာဂ။ ။ရုပ် ၂၈ ပါးကို <mark>အဇ္ဈတ္တိကရုပ်တစ်မျိုး</mark> ဗာဟိယရုပ်
တစ်မျိုးစသည်ဖြင့် ခွဲခြားဝေဘန်ရာ အပိုင်းအခဏ်းကို ရူပဝိဘာဂ ဟု ခေါ်၏။
သဗ္ဗဉ္စ ၊ ပေ ၊ <mark>ဘေဒံ ဂစ္ဆတိ</mark>-ကား ခွဲခြား ဝေဘန်ဘို့ရာ ရှေး<mark>ဦး</mark>စွာ ပလ္လင်ခံ
အချီစကားတည်း။
---
အဟေတုကံ-အလောဘ စသော ဟိတ်များနှင့် မယှဉ်သောကြောင့် ရုပ်
ဟူသမျှ "အဟေတုက" ချည်သာတည်း၊ အဟေတုကံ ဧဝ၌ ဧဝ
သဒ္ဒါဖြင့် "သဟေတုကရုပ် မရှိ" ဟု ကန့်သည်။
---
သပ္ပစ္စယံ — ကံ စိတ် ဥတု အာဟာရ ဟူသော အကြောင်း ရှိသောကြောင့်
သပ္ပစ္စယ ချည်သာတည်း၊ အပ္ပစ္စယရုပ် မရှိ ဟု ကန့်။ [ ကံ စိတ် ဥတု
အာဟာရ ဟူသော အကြောင်း <mark>တစ်ခု</mark>ခုကြောင့် ဖြစ်ရသည်ကိုပင်
အကြောင်းရှိသည်ဟု ဆိုသည်။]
---
သာသဝံ — [ သ+အာသဝ ] ကာမာသဝ ဘဝါသဝစသော အာသဝေါ
တရားတို့၏ အာရုံ ဖြစ်သောကြောင့် "သာသဝ" ချည်သာတည်း၊
အနာသဝရုပ် မရှိ ဟု ကန့်။
---
သင်္ခတံ-ကံ စသော အကြောင်း<mark>တစ်ခု</mark>ခုသည် ပြုစီမံ<mark>အပ်သော</mark>ကြောင့် "သင်္ခတ
ချည်သာတည်း၊ အသင်္ခတရုပ် မရှိ ဟု ကန့်။
---
လောကိယံ — "သဗ္ဗေ သင်္ခါရာ အနိစ္စာ" အရ သင်္ခါရ လောက၌ ပါဝင်
သောကြောင့် "လောကိယ" ချည်းသာတည်း၊ လောကုတ္တရာရုပ် မရှိ
ဟု ကန့်။
---
<mark>ကာမာဝစရံ</mark> — ကာမတဏှာ၏ ( အာရုံပြုရာ ) ကျင်လည်ရာ ဖြစ်သော
ကြောင့် "ကာမာဝစရ" ချည်းသာတည်း၊ ရူပါဝစရ စသည် မဟုတ်
ဟု ကန့်၊ [ကာမာဝစရ တရားဆိုလျှင် စိတ်တစ်မျိုးသာ ရှိ၏ဟု ထင်
တတ်သည်၊ သတိပြု။]
---
<mark>အနာရမ္မဏ</mark>-စိတ် စေတသိက်တို့ကဲ့သို့ အာရုံကို မယူနိုင် သောကြောင့်
"<mark>အနာရမ္မဏ</mark>" ချည်သာတည်း၊ သာရမ္မဏရုပ် မရှိ ဟု ကန့်။
---
<mark>အပ္ပဟာတဗ္ဗ</mark> — အကုသိုလ် ကိလေသာကဲ့သို့ ပယ်ဘို့ရာ မဟုတ် ( ပယ်၍
လည်း မဖြစ် ) သောကြောင့် ရုပ်ဟူသမျှ – "<mark>အပ္ပဟာတဗ္ဗ</mark>"ချည်သာ
တည်း၊ ပဟာတဗ္ဗရုပ်ဟူ၍ မရှိ ဟု ကန့်။
---
ဣတိ ဧကဝိဓံပိ - ဤ နည်းအားဖြင့် စိစစ်လျှင် ရုပ် ဟူသမျှသည် တစ်ပါးစီ
( တစ်ဘို့စီ တစ်မျိုးစီ တစ်ပုံစီ ) သာ ရှိ၏၊ သို့သော် <mark>အဇ္ဈတ္တိက</mark> ဗာဟိယ
စသည်ဖြင့်ကား အများပင် ကွဲပြားနိုင်၏ ဟူလို။

---

## Trang 180

၂။ <mark>ပသာဒ</mark>သင်္ခါတံ-<mark>ပသာဒ</mark>ဟု ဆိုအပ်သော၊ <mark>ပဉ္စဓမ္ပိ</mark>-
ငါးပါး အပြားရှိသည်လည်း ဖြစ်သောရုပ်သည်၊ <mark>အဇ္ဈတ္တိက</mark>
ရူပံနာမ – <mark>အဇ္ဈတ္တိက</mark>ရုပ် မည်၏၊ ဣတရံ-<mark>ကျန် ၂၃</mark> ပါးသော
ရုပ်သည်၊ ဗာဟိယရူပံနာမ-ဗာဟိယရုပ် မည်၏။
၃။ <mark>ပသာဒ</mark> ဟဒယသင်္ခါတံ – <mark>ပသာဒရုပ်</mark> ဟဒယရုပ် ဟု
ဆိုအပ်သော၊ <mark>ဆဗ္ဗိဓံ</mark>-ခြောက်ပါး အပြားရှိသည်လည်း ဖြစ်
သောရုပ်သည်၊ ဝတ္ထုရူပံနာမ-ဝတ္ထုရုပ်မည်၏၊ ဣတရံ-ကျန်
၂၂ ပါးသောရုပ်သည်၊ အဝတ္ထု<mark>ရူပံ နာမ</mark>-အဝတ္ထုရုပ်မည်၏။
၄။ <mark>ပသာဒ</mark> ဝိညတ္တိသင်္ခါတံ – <mark>ပသာဒရုပ်</mark> ဝိညတ်ရုပ် ဟု
ဆိုအပ်သော၊ <mark>သတ္တဝိဓမ္ပိ</mark> – ခုနစ်ပါး အပြားရှိသည်လည်းဖြစ်
သောရုပ်သည်၊ <mark>ဒွါရရူပံ</mark>နာမ – ဒွါရရုပ် မည်၏၊ ဣတရံ – ကျန်
၂၁ ပါးသော ရုပ်သည်၊ <mark>အဒွါရရူပံ နာမ</mark> – အဒွါရရုပ် မည်၏။
---
၂။ <mark>အဇ္ဈတ္တိက</mark> ဗာဟိယရုပ်။ ။အတွင်းဖြစ်သော ရုပ်ကို <mark>အဇ္ဈတ္တိက</mark>
ရုပ်၊ ပြင်ပဖြစ်သော ရုပ်ကို ဗာဟိယရုပ် ဟု ခေါ်သည်၊ "အတွင်း အပြင်
ဟူရာ၌ – ခန္ဓာကိုယ်၏ အတွင်း၊ ခန္ဓာကိုယ်၏ ပြင်ပ" ဟု မမှတ်လင့်၊ ခန္ဓာ
ကိုယ်၌ အတူတူ ဖြစ်ကြသော်လည်း ခန္ဓာကိုယ်၌ ကျေးဇူး အများဆုံး ဖြစ်
သောရုပ်ကို <mark>အဇ္ဈတ္တိက</mark> ( အတွင်းရုပ်) ဟု ခေါ်သည်၊ ဥပမာ-အိမ်မှုကိစ္စ၌
ကျေးဇူးအများဆုံးသူကို "အတွင်းလူ" ဟု ခေါ်ရသကဲ့သို့တည်း။
စက္ခု သောတ စသော <mark>ပသာဒရုပ်</mark> တို့သည် ခန္ဓာကိုယ်၌ ကျေးဇူးများ
ကြ၏။ ၎င်းတို့မပါလျှင် ကိုယ်နှင့်ဆိုင်ရာကိစ္စများ ပြီးစီးနိုင်ဘွယ်မရှိ၊ မျက်စိ နား
နှာ ပျက်နေသူကို သတိပြုလေ၊ ထို့ကြောင့် စက္ခုစသော <mark>ပသာဒရုပ်</mark> ငါးပါးကို
ခန္ဓာကိုယ်၌ ကျေးဇူးများသည့် အတွက် <mark>အဇ္ဈတ္တိက</mark>ရုပ် ဟု ဆိုအပ်လေသည်၊
ခန္ဓာကိုယ်၌ <mark>အဇ္ဈတ္တိက</mark>ရုပ် များလောက် ကျေးဇူး မများသောကြောင့် ကျန်
၂၃ ပါးကို ဗာဟိယ ( ပြင်ပ) ရုပ် ဟု ဆိုအပ်လေသည်။
[ဆောင်] (က) ခန္ဓာကိုယ်အား၊ ကျေးဇူးများသဖြင့်၊ မှတ်သားလေဘိ၊
<mark>အဇ္ဈတ္တိက</mark>၊ မည်နာမ၊ ခေါ်ကြ အတွင်းရုပ်။
(ခ) ကျေးဇူးအင်အား၊ တယ်မများသဖြင့်၊ မှတ်သားဘွယ်
လျှင်း၊ ကြွင်းဗာဟိယ၊ မည်နာမ၊ ခေါ်ကြ အပြင်ရုပ်။
---
၃။ ဝတ္ထု အဝတ္ထုရုပ်။ ။မှီရာရုပ်ကို ဝတ္ထု၊ မှီရာ မဟုတ်သော ရုပ်ကို
အဝတ္ထုရုပ် ဟု ခေါ်သည်၊ "မှီ" ဟူရာ၌ ထပ်၍ ကပ်၍ မှီသော အမှီမျိုး
မဟုတ်၊ ဆရာ မိဘကို တပည့် သား<mark>သမီး</mark>တို့က မှီခိုနေသည်၊ ဆရာမိဘ မရှိလျှင်
မဖြစ်နိုင် - မကြီးပွားနိုင်၊ ဆရာ မိဘ ရှိမှ ဖြစ်ရ ကြီးပွားရသကဲ့သို့၊ ထို့အတူ
ထို ဝတ္ထုရုပ်များ မရှိလျှင် ဆိုင်ရာ စေတသိက်များ မဖြစ်နိုင်၊ ဝတ္ထုရုပ်များ ရှိမှ
သာ ဖြစ်နိုင်သောကြောင့် စိတ် စေတသိက်တို့က ထို ရုပ်များကို "မှီသည်" ဟု
ဆိုရလေသည်၊ စက္ခု <mark>ပသာဒ</mark>ကို စက္ခု ဝိညာဏ် စိတ်နှင့် စေတသိက် တို့က
မှီသည်-စသည်ဖြင့် ဝတ္ထုသင်္ဂဟ ကြည့်၍ သိလေ။
၄။ ဒွါရ အဒွါရ ရုပ်။ ။ပကတိ တံခါးပေါက်သည် လူတို့ ထွက်ဝင်
ကြောင်း ဖြစ်သကဲ့သို့ ထို့အတူ "အကြောင်း" ဖြစ်သော ရုပ်ကို ဒွါရရုပ် ဟု
ခေါ်၏၊ စက္ခု<mark>ပသာဒ</mark>သည် စက္ခုဒွါရိက ဝီထိစိတ်တို့၏ ဖြစ်ကြောင်းတည်း၊
သောတ ဃာန ဇိဝှါ ကာယ <mark>ပသာဒ</mark>သည် သောတ ဃာန ဇိဝှါ ကာယ
ဒွါရိက ဝီထိစိတ်တို့၏ ဖြစ်ကြောင်းတည်း၊ ၎င်း ၅ ပါးကို <mark>ဥပ္ပတ္တိဒွါရ</mark> ( ဝီထိ
စိတ်၏ ဖြစ်ကြောင်း) ဟု ဆို၏။
ကာယဝိညတ်သည် ကာယကံ ၃ ပါး၏ ဖြစ်ကြောင်းတည်း၊ များသော
အားဖြင့် ကိုယ်လက် လှုပ်ရှားမှုကို ပြုမှသာ ကာယကံများ ထမြောက်နိုင်၏၊
