## Trang 181

၅။ <mark>ပသာဒ</mark> ဘာဝ ဇီဝိတ သင်္ခါတံ-<mark>ပသာဒ</mark>ရုပ် ဘာဝရုပ်
ဇီဝိတရုပ် ဟု ဆိုအပ်သော၊ <mark>အဋ္ဌဝိဓံပိ</mark>-ရှစ်ပါး အပြားရှိသည်
လည်းဖြစ်သော ရုပ်သည်၊ ဣန္ဒြိယရူပံ<mark>နာမ</mark> – ဣန္ဒိယရုပ်မည်၏၊
ဣတရံ-ကျန် ၂၀ သော ရုပ်သည်၊ အနိန္ဒိယရူပံ<mark>နာမ</mark>-အနိန္ဒိယ
ရုပ် မည်၏။
၆။ <mark>ပသာဒ</mark> ဝိသယသင်္ခါတံ – <mark>ပသာဒ</mark>ရုပ် ဝိသယရုပ်ဟု
ဆိုအပ်သော၊ <mark>ဒွါဒသဝိဓံပိ</mark>-တဆဲ့နှစ်ပါး အပြားရှိသည်လည်း
ဖြစ်သောရုပ်သည်၊ <mark>သြဠာရိကရုပ်</mark>လည်းမည်
၏၊ <mark>သန္တိကေရူပံ</mark>-သန္တိကေရုပ်လည်းမည်၏၊ သပ္ပဋိဃရူပဉ္စ-
<mark>သပ္ပဋိဃရုပ်</mark>လည်းမည်၏၊ ဣတရံ-<mark>ကျန် ၁၆ပါး</mark>သောရုပ်သည်၊
သုခုမရူပံ - သုခုမရုပ်လည်း မည်၏၊ ဒူရေရူပံ - <mark>ဒူရေရုပ်လည်း</mark>
မည်၏၊ <mark>အပ္ပဋိဃရူပံ</mark>-အပ္ပဋိဃရုပ်လည်း မည်၏။

၄။ ဒွါရ အဒွါရရုပ် (အဆက်)။ ။<mark>၎င်းဝစီဝိညတ်</mark>သည် ဝစီကံ ၄ ပါး၏ ဖြစ်ကြောင်း<mark>တည်း</mark>၊ များသောအားဖြင့်
နှုတ်မြွက် ပြောဆိုမှသာ ဝစီကံများ <mark>ထမြောက်</mark>နိုင်သည်၊ <mark>၎င်း</mark> ၂ ပါးကို ကမ္မဒွါရ
(ကံ၏အကြောင်း) ဟု ဆို၏။ ဤသို့လျှင် ဝီထိစိတ်၏ ဖြစ်ကြောင်း၊ ကာယကံ
ဝစီကံ၏ <mark>ထမြောက်</mark>ကြောင်း ဖြစ်သောကြောင့် စက္ခုစသော ရုပ် ၇ ပါးကို
ဒွါရရုပ်ဟု ဆိုရလေသည်၊ ကျန်ရုပ်များကား ထိုကဲ့သို့ အကြောင်း မဟုတ်
သောကြောင့် အဒွါရရုပ် ဟု ခေါ်ရသည်။

နိဿယနှင့်အဓိပ္ပါယ်

၅။ ဣန္ဒြိယ အနိန္ဒိယရုပ်။ ။ဆိုင်ရာကိစ္စ၌ "အစိုးရသော ရုပ်ကို
ဣန္ဒိယရုပ်၊" အစိုးမရသောရုပ်ကို အနိန္ဒိယရုပ် ဟု ဆိုသည့်၊ စက္ခု<mark>ပသာဒ</mark>သည့်
ဒဿန (မြင်ခြင်း) ကိစ္စ၌ အစိုးရ၏၊ ထိုကြောင့် စက္ခု<mark>ပသာဒ</mark>ကို စက္ခုဟု
ခေါ်၏၊ ဤသို့စသည်ဖြင့် သမုစ္စည်းပိုင်း၌ ထင်ရှားလတံ့။
၆။ <mark>သြဠာရိက</mark> သုခုမရုပ်။ ။ဉာဏ်စက္ခုဖြင့် ကြည့်ရှုသည့်အခါ ပေါ်
လွင် ထင်ရှားသော ရုပ်ကို <mark>သြဠာရိက</mark> (အကြမ်း) ရုပ်ဟု ဆိုသည်၊ စက္ခု
စသော <mark>ပသာဒ</mark>ရုပ် ၅ ပါးနှင့် ဝိသယရုပ် ၇ ပါး၊ ဤ ၁၂ ပါးသောရုပ်တို့
သည် ထိုသို့ ပေါ်လွင်ထင်ရှားသောကြောင့် <mark>သြဠာရိကရုပ်</mark> ခေါ်၏၊ ယင်း
တို့သည်ပင် နီးသကဲ့သို့ဖြစ်၍ သန္တိကေရုပ်, ဓာတ်သဘာဝအလိုက်
ထိခိုက်တတ်သောကြောင့် <mark>သပ္ပဋိဃရုပ်</mark> ဟူ၍လည်း ခေါ်ကြသေးသည်။
ဉာဏ်စက္ခုဖြင့် ကြည့်ရှုသည့်အခါ ထင်ရှားမတွေ့ သိမ်မွေ့လှသောရုပ်ကို သုခုမရုပ်
ဟု ဆိုသည်၊ ကျန် ၁၆ ပါးသော ရုပ်<mark>တည်း</mark>၊ ယင်းတို့သည်ပင် အဝေးသကဲ့သို့
ဖြစ်၍ ဒူရေရုပ်, ဓာတ်သဘာဝအလိုက် မထိခိုက်တတ်သောကြောင့် အပ္ပဋိဃရုပ်
ဟူ၍လည်း ခေါ်ကြသေးသည်။
[ဆောင်] (က) ဉာဏ်စက္ခုဖြင့်၊ ကြည့်ရှုလိုက်လျှင်၊ ပေါ်ထင်စွာသိ၊
သြဠာရိ-ခေါ်ဘိ အကြမ်းရုပ်။
( ခ ) ဉာဏ်စက္ခုဖြင့်၊ ကြည့်ရှုလိုက်လျှင်၊ ထင်နိုင်ခဲစွ၊ သုခုမ-
ခေါ်ကြ အနုရုပ်။
သန္တိကေ ဒူရေရုပ်။ ။လောက၌ နီးကပ်နေသော ဝတ္ထုကို ယူ<mark>ဘို့</mark>ရာ
လွယ်သကဲ့သို့၊ ဉာဏ်ဖြင့်ယူရာ၌ ထင်လွယ် မြင်လွယ် သိလွယ်သောကြောင့်
ယခင် <mark>သြဠာရိကရုပ်</mark>များကိုပင် သန္တိကေ (အနီး) ရုပ်၊ မထင်လွယ်သော
ကြောင့် ယခင် သုခုမရုပ်များကိုပင် ဒူရေ (အဝေး) ရုပ် ဟု ဆိုပြန်သည်။
[ဆောင်] (က) ဉာဏ်ဖြင့် လှမ်းယူ၊ လွယ်တကူ<mark>ဘို့</mark>၊ ပုံတူမှတ်စေ၊
သန္တိကေ၊ ခေါ်လေ အနီးရုပ်။
(ခ) ဉာဏ်ဖြင့် လှမ်းယူ၊ မလွယ်ကူ၍၊ ပုံတူမှတ်စေ၊
ရုပ်ထွေထွေ၊ ဒူရေ အဝေးရုပ်။
သပ္ပဋိဃ အပ္ပဋိဃရုပ်။ ။ဝီထိချခဏ်းဝယ် ပြခဲ့သည့် အတိုင်း ရူပါရုံ
သည် စက္ခု<mark>ပသာဒ</mark>၌ ထိခိုက်၏၊ ဤသို့ စသည်ဖြင့် ဓာတ်သဘာဝ အလိုက်
ထိခိုက်တတ်သောကြောင့် <mark>သပ္ပဋိဃရုပ်</mark>မည်၏၊ [သ + ပဋိဃ။ <mark>ပဋိဃ==</mark>
ထိခိုက်ခြင်း+သ = ရှိသည်၊] ဓာတ်သဘာဝ အလိုက် မထိခိုက်တတ်သော
ရုပ်များကို အပ္ပဋိဃရုပ် ဟု ဆိုသည်။
[ဆောင်] စက္ခုရူပ၊ စသည်ချင်းထိ၊ ဓာတ်ခိုက်မိ၍၊ သပ္ပဋိဃ၊ မည်ရ
လေမြို့၊ ယင်းရုပ်တို့မှ၊ ကြွင်းသမျှရှိ၊ ဓာတ်မထိ၊ အပ္ပဋိဃရှု။

---

## Trang 182

၇။ ကမ္မဇံ - ကမ္မဇရုပ်သည်၊ ဥပါဒိန္နရူပံ-ဥပါဒိန္နရုပ်
မည်၏၊ ဣတရံ-ကျန် တိဇရုပ်သည်၊ <mark>အနုပါဒိန္နရူပံ</mark>-အနုပါဒိန္န
ရုပ် မည်၏။
<mark>၈။</mark> ရူပါယတနံ-ရူပါရုံသည်၊ သနိဒဿနရူပံ-သနိဒဿန
ရုပ်မည်၏၊ ဣတရံ- ကျန် ၂၇ ပါးသောရုပ်သည်၊ အနိဒဿန
ရူပံ-အနိဒဿနရုပ် မည်၏။
၉။ အသမ္ပတ္တဝသေန - မိမိထံမှောက်သို့ မရောက် မသိ
မငြိမကပ်သောအာရုံကို ယူတတ်သည်၏အစွမ်းဖြင့် (ပဝတ္တံ-
ဖြစ်သော၊) စက္ခာဒိဒွယံ - စက္ခု အစရှိသော ရုပ် နှစ်ခု<mark>တို့၏</mark>
အပေါင်း<mark>၎င်း</mark>၊ သမ္ပတ္တဝသေန - မိမိ ထံမှောက်သို့ ရောက်ထိ
ငြိကပ်သော အာရုံကို ယူတတ်သည်၏ အစွမ်းဖြင့်၊ (ပဝတ္တံ-
ဖြစ်သော၊) ဃာနာဒိတ္တယံ - ဃာန အစရှိသော ရုပ် သုံးခု<mark>တို့၏</mark>

နိဿယနှင့်အဓိပ္ပါယ်

၇။ ဥပါဒိန္န အနုပါဒိန္နရုပ်။ ။ကံ၏ အကျိုးဖြစ်သော ရုပ်ကို ဥပါဒိန္န
ရုပ်၊ စိတ် ဥတု အာဟာရ ဤအကြောင်း ၃ ပါးကြောင့် ဖြစ်သော (တိဇ)
ရုပ်ကို အနုပါဒိန္နရုပ် ဟု ဆိုသည်၊ [ဥပ=တဏှာဒိဋ္<mark>ဌိတိ</mark>ု့ ကပ်ရောက်အပ်သော
ကံက+အာဒိန္န=ငါ၏ အကျိုး ဟု စွဲယူအပ်သောရုပ်။]
<mark>၈။</mark> သနိဒဿန အနိဒဿန။ ။စက္ခုဝိညာဏ်ဖြင့်မြင်ကောင်းသောရုပ်
ကို သနိဒဿနရုပ်၊ မမြင်ကောင်းသောရုပ်ကို အနိဒဿနရုပ် ဟု ခေါ်သည်။
၉။ ဂေါစရဂ္ဂါဟက အဂေါစရဂ္ဂါဟက။ ။[ဂေါစရ=အာရုံ+
ဂါဟက=ယူတတ်သည်၊] အာရုံကို ယူတတ်သော ရုပ်ကို ဂေါစရဂ္ဂါဟက၊
အာရုံကို မယူတတ်သောရုပ်ကို အဂေါစရဂ္ဂါဟကရုပ် ဟု ခေါ်၏၊ အာရုံကို
ယူတတ်သော ရုပ်ကား စက္ခုစသော <mark>ပသာဒ</mark>ရုပ် ၅ ပါး<mark>တည်း</mark>၊ ထိုတွင်...
အပေါင်း<mark>၎င်း</mark>၊ ဣတိ-သို့၊ <mark>ပဉ္စဝိဓံပိ</mark>-ငါးပါးအပြားရှိသည်လည်း
ဖြစ်သော ရုပ်သည်၊ ဂေါစရဂ္ဂါဟကရူပံ-ဂေါစရဂ္ဂါဟကရုပ်
မည်၏၊ ဣတရံ – ကျန် <mark>၂၃</mark> ပါးသော ရုပ်သည်၊ အဂေါစရဂ္ဂါ
ဟကရူပံ – အဂေါစရဂ္ဂါဟကရုပ် မည်၏၊
စက္ခာဒိဒွယံ အသမ္ပတ္တဝသေန — စက္ခု သောတ ၂ ပါးကား ရူပါရုံ
သဒ္ဒါရုံတို့ လာသည်ဖြစ်စေ-မလာသည်ဖြစ်စေ မိမိတို့ထံသို့ မရောမထိ မငြိ
ကပ်သော အာရုံကိုသာ ယူ၏၊ ထို့ကြောင့် စက္ခု သောတ ၂ ပါးကို အသမ္ပတ္တ
ဂါဟကရုပ် ဟု ခေါ်သည်၊ [<mark>အသမ္ပတ္တ==မရောက်သော</mark>အာရုံကို+ဂါဟက=
ယူတတ်သောရုပ်။]
ဃာနာဒိတ္တယံ သမ္ပတ္တဝသေန − ဃာန အစရှိသော ရုပ် ၃ ပါးကား
မိမိတို့အထံ၌ ထိမိကပ်မိသော ဂန္ဓာရုံ စသည့်တို့ကိုသာ ယူသည်၊ နှာခေါင်း
ပိတ်ထား၍ ဂန္ဓာရုံ နှာခေါင်းအတွင်းမရောက်လျှင် အနံ့မရနိုင်ခြင်းစသည့်ကို
သတိပြု၊ ထိုကြောင့် ဃာနစသော <mark>ပသာဒ</mark> ၃ ပါးကို သမ္ပတ္တဂါဟကရုပ် ဟု
ခေါ်သည်၊ [သမ္ပတ္တ=ရောက်သောအာရုံကို+ဂါဟက=ယူသောရုပ်။]

၁၀။ အဝိနိမ္ဘောဂ <mark>ဝိနိမ္ဘောဂရုပ်</mark>။ ။တခုစီခွဲ၍မရကောင်း တပေါင်း
<mark>တည်း</mark> ဖြစ်သော ရုပ်ကို <mark>အဝိနိမ္ဘောဂရုပ်</mark>၊ ခွဲခြား၍ ရကောင်းသော ရုပ်ကို
<mark>ဝိနိမ္ဘောဂရုပ်</mark>ဟု ဆိုသည်၊ ဝဏ္ဏ ဂန္ဓ ရသ သြဇာနှင့် မဟာဘုတ်ကြီး ၄ ပါး၊

---

## Trang 183

အဝိနိမ္ဘောဂရူပံ-<mark>အဝိနိမ္ဘောဂရုပ်</mark>မည်၏၊ ဣတရံ-ကျန် ၂၀
သော ရုပ်သည်၊ <mark>ဝိနိမ္ဘောဂရူပံ</mark>-ဝိနိမ္ဘောဂရုပ် မည်၏။
၁၁။ စ-နိဂုံးကို ဆိုဦးအံ့၊ ဣစ္စေဝံ -ဤသို့ စသော အပြား
အားဖြင့်၊ ဝိစက္ခဏာ – ပညာရှိ တို့သည်၊ အဋ္ဌဝီသတိဝိဓံ-
<mark>နှစ်ဆဲ့ရှစ်ပါး</mark> အပြားရှိသည်လည်း ဖြစ်သော ရုပ်ကို၊ အဗ္ဘန္တ
ရိကာဒိဘေဒေန-အဇ္ဈတ္တိကအစရှိသော အပြားအားဖြင့်၊ ယထာ
ရဟံ-ဝေဘန်ထိုက်သည်အားလျော်စွာ၊ ဝိဘဇန္တိ ဝေဘန်ကြ
ကုန်၏။
အယံ – ဤသည်ကား၊ <mark>ဧတ္ထ</mark>-ဤ ရူပပရိစ္ဆေဒ၌၊ ရူပဝိဘာ
ဂေါ-ရူပဝိဘာဂ<mark>တည်း</mark>။

နိဿယနှင့်အဓိပ္ပါယ်

ဤရုပ် ၈ ပါးသည် ဘယ်နေရာ၌မျှ ခွဲခြား၍မဖြစ်၊ နေရောင် လရောင်၌ ဝဏ္ဏ
(အဆင်း) ရုပ်က ထင်ရှားနေသော်လည်း ဂန္ဓ ရသ သြဇာနှင့် မဟာဘုတ်
များလည်း ပါဝင်၏၊ ထိုထိုအနှံ့၌ ဂန္ဓရုပ်ထင်ရှား၏၊ ခဲဘွယ်ဘောဇဉ်၌ ရသ
ရုပ်နှင့် သြဇာရုပ် ထင်ရှား၏၊ မြေ ရေ လေ မီးတို့၌ ဓာတ်ကြီးလေးပါး အသီး
အသီးထင်ရှား၏။ သို့သော် အခြား ရုပ်များလည်း မထင်မရှား ပါဝင်သည့်၊
ထို့ကြောင့် ဝဏ္ဏစသော ရုပ် ၈ ပါးကို <mark>အဝိနိမ္ဘောဂရုပ်</mark>ဟု ခေါ်၏၊ ကျန်
သောရုပ်များတွင်ကား စက္ခုနှင့် သောတသည် ခွဲ၍ရ၏၊ ဤသို့စသည်ဖြင့် ခွဲ၍
ရကောင်းသောကြောင့် <mark>ဝိနိမ္ဘောဂရုပ်</mark> ဟု ခေါ်ရသည်။
နိဂုံး။ ။ ဣစ္စေဝံ စသည်ကား ဆိုခဲ့သမျှ ရူပဝိဘာဂကို ပြန်၍ <mark>ခြုံးသော</mark>
နိဂုံးစကား<mark>တည်း</mark>၊ ဤ ဝေဘန်နည်းအပြင် ဓမ္မသင်္ဂဏီ ရူပကဏ္ဍ ပါဠိတော်၌
ဝေဘန်ပုံများ ရှိသေးသောကြောင့် "ဣစ္စေဝံ- ဤသို့စသော အပြားအားဖြင့်"
ဟု ဆိုသည်။

လေ့ကျင့်ခဏ်း မေးခွန်းများ

က။ အဘယ် အခဏ်းကို ရူပဝိဘာဂခဏ်း ဟု ခေါ်သနည်း။
ခ။ ရုပ်အားလုံးကို ဘာ့ကြောင့် အဟေတုက---သပ္ပစ္စယ ခေါ်သနည်း။
ဂ။ အဘယ့်ကြောင့် သာသဝ-သင်္ခတ ဟု ခေါ်သနည်း။
ဃ။ အဘယ့်ကြောင့် လောကိယ-ကာမာဝစရ ဟု ခေါ်သနည်း။
င။ အဘယ့်ကြောင့် အနာရမ္မဏ-အပ္ပဟာတဗ္ဗ ဟု ခေါ်သနည်း။
စ။ အဘယ့်ကြောင့် အဇ္ဈတ္တိက ဗာဟိရ အမည်ရသနည်း။
ဆ။ အဘယ့်ကြောင့် ဝတ္ထုရုပ် အဝတ္ထုရုပ် မည်သနည်း။
ဇ။ အဘယ့်ကြောင့် ဒွါရရုပ် အဒွါရရုပ် မည်သနည်း၊ ဥပပတ္တိဒွါရရုပ် ကမ္မ
ဒွါရရုပ် ခွဲပြပါ။
ဈ။ အဘယ့်ကြောင့် ဣန္ဒြိယရုပ် အနိန္ဒိယရုပ် မည်သနည်း။
ည။ အဘယ့်ကြောင့် <mark>သြဠာရိက</mark> စသည် မည်သနည်း၊ အကြမ်း အနု အနီး
အဝေး သဘောကို လက်ထောက်၍ ထင်ရှားအောင် ပြပါ။
ဋ။ အဘယ်ကို ဥပါဒိန္နရုပ် အနုပါဒိန္နရုပ် ဟု ခေါ်သနည်း။
ဌ။ အဘယ် သဘော ရှိသော ရုပ်ကို သနိဒဿနရုပ် အနိဒဿနရုပ် ဟု
ခေါ်သနည်း၊ ရေတွက်ပါ။
ဍ။ အဘယ်သဘော ရှိသောရုပ်ကို ဂေါစရဂ္ဂါဟက အဂေါစရဂ္ဂါဟကရုပ်
ဟု ခေါ်သနည်း။
ဎ။ ဂေါစရဂ္ဂါဟကရုပ်တွင် အသမ္ပတ္တဂ္ဂါဟကရုပ် မည်မျှ သမ္ပတ္တဂ္ဂါဟကရုပ်
မည်မျှရှိသနည်း။
ဏ။ အဘယ်သဘော ရှိသော ရုပ်ကို <mark>အဝိနိမ္ဘောဂရုပ်</mark> ဝိနိမ္ဘောဂရုပ်ဟု
ခေါ်သနည်း၊ သရုပ်ကိုလည်း ကောက်ပြပါ။
<mark>ရူပဝိဘာဂ ပြီး၏။</mark>

---

## Trang 184

<mark>ရူပသမုဋ္ဌာန</mark>
၁။ ကမ္မံ – ကံ<mark>၎င်း</mark>၊ စိတ္တံ – စိတ်<mark>၎င်း</mark>၊ ဥတု-
ဥတု<mark>၎င်း</mark>၊ အာဟာရောစ - အာဟာရ <mark>၎င်း</mark>၊
ဣတိ-ဤသို့၊ <mark>စတ္တာရော</mark>-လေးပါးတို့သည်၊ <mark>ရူပသမုဋ္ဌာန</mark>ာနိနာမ-
ရုပ်ကိုဖြစ်စေတတ်သော အကြောင်းတို့မည်၏။
၂။ <mark>တတ္ထ</mark>-ထို လေးပါးသော သမုဋ္ဌာန်တို့တွင်၊ ကာမာဝ
စရံ= ကာမာဝစရကုသိုလ် အကုသိုလ်စေတနာ နှစ်ဆယ်<mark>၎င်း</mark>၊
ရူပါဝစရံ – ရူပါဝစရ ကုသိုလ်စေတနာ ငါးပါး<mark>၎င်း</mark>၊ ဣတိ -
ဤသို့၊ <mark>ပဉ္စဝီသတိဝိဓံပိ</mark> - နှစ်ဆဲ့ငါးပါး အပြား ရှိသည်လည်း

နိဿယနှင့်အဓိပ္ပါယ်

၁။ <mark>ရူပသမုဋ္ဌာန</mark>။ ရုပ်ကို ဖြစ်စေတတ်သော အကြောင်းနှင့်
ထိုအကြောင်းများကြောင့် ရုပ်<mark>တို့၏</mark>ဖြစ်ပုံကို ပြရာအခဏ်းကို <mark>ရူပသမုဋ္ဌာန</mark>ခဏ်း
ဟု ခေါ်၏၊ ရုပ်ကို ဖြစ်စေတတ်သော အကြောင်းတရားသည် ကံ စိတ်
ဥတု အာဟာရအားဖြင့် လေးမျိုးရှိ၏ ဟု ပါဠိရှိတိုင်း မှတ်ခဲ့ပါ။
၂။ တတ္ထ<mark>ကာမာဝစရံ</mark> ၊ ပေ ၊ သမုဋ္ဌာပေတိ ---- ဤစကားရပ်ကား
ထိုအကြောင်း ၄ ပါးတွင် "ကံ"ဟူသော အကြောင်းတရားက ရုပ်ဖြစ်စေပုံကို
ပြသောစကား<mark>တည်း</mark>၊ ကံဟူသည် ထိုထိုစိတ်နှင့်ယှဉ်သောစေတနာစေတသိက်
<mark>တည်း</mark>၊ သို့သော် စေတနာတိုင်း ရုပ်ကို ဖြစ်စေနိုင်သည် မဟုတ်။
<mark>ကာမာဝစရံ</mark> ရူပါဝစရံ — အကုသိုလ် ၁၂၊ မဟာကုသိုလ်စိတ် ၈၊
ဤ ကာမာဝစရစိတ် ၂၀ နှင့် ယှဉ်သော စေတနာ စေတသိက် ၂၀ နှင့်၊ ရူပ
ကုသိုလ်စိတ် ၅ ပါးနှင့် ယှဉ်သော ရူပစေတနာ ၅၊ <mark>ဤ ၂၅ပါး</mark>သော စေတနာ
<mark>သာရုပ်ကို</mark>ဖြစ်စေနိုင်၏၊ ထိုစေတနာ(ကံ)ကြောင့်ဖြစ်သော ရုပ်ကို "ကမ္မဇ
ရုပ်"ခေါ်သည်၊ [ကမ္မ=ကံကြောင့်+ဇ=ဖြစ်သည်။]
ဖြစ်သော၊ အဘိသင်္ခတံ-ပြုစီမံပြီးအပ်သော၊ကုသလာကုသလ
ကမ္မံ - ကုသိုလ် အကုသိုလ်ကံသည်၊ <mark>အတ္တနော</mark> သန္တာနေ-
မိမိသန္တာန်၌၊ အဇ္ဈတ္တသန္တာနေ-အဇ္ဈတ္တသန္တာန်၌၊ ရှိလျှင်<mark>သာလျှင်</mark>
ကမ္မသမုဋ္ဌာနရူပံ – ကံကြောင့် ဖြစ်သော ရုပ် အပေါင်းကို၊ ပဋိ
သန္ဓေ – ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏကို၊ ဥပါဒါယ – အစပြု၍၊
ခဏေခဏေ-စိတ်၏ ခဏခဏတိုင်း၌၊ သမုဋ္ဌာပေတိ-ဖြစ်ပေါ်
စေ၏။
အဘိသင်္ခတံ-ထို "ကံ"ဟု ခေါ်သော စေတ<mark>နာမ</mark>ျားလည်း တွေ့ရာ
မြင်ရာ စေတနာ မဟုတ်၊ နောင် အကျိုးပေး<mark>ဘို့</mark>ရန် မိမိသန္တာန်၌ ပြုစီမံအပ်
ပြီး(ဖြစ်စေအပ်ပြီး) သော အတိတ် စေတနာများတည်း။
<mark>အတ္တနော</mark> သန္တာနေ ၊ ပေ ၊ သမုဋ္ဌာပေတိ-ထိုသို့ အကျိုးပေး<mark>ဘို့</mark>ရန် အဆင်သင့်
ပြုစီမံအပ်သော စေတနာသည် <mark>သူတစ်ပါး</mark>သန္တာန် သွား၍ အကျိုးပေးသည်
မဟုတ်၊ မိမိသန္တာန်ဝယ် အကျိုးပေးခွင့်<mark>သာလျှင်</mark> သင့်ရာဘဝ၌ ပဋိသန္ဓေ
တည်စ စိတ်၏ ဥပါဒ်ခဏမှစ၍ ရုပ်ကို ဖြစ်စေသည်။
ခဏ ခဏ-ထိုသို့ ဖြစ်စေရာဝယ် တကြိမ်တခါသာ မဟုတ်၊ စိတ်၏
ဥပါဒ်ခဏ <mark>ဌိတိ</mark>ခဏ ဘင်ခဏတိုင်း ကမ္မဇရုပ်များကို အသစ်အသစ် ထပ်၍
ထပ်၍ ဖြစ်စေသည်။
ဤ-စကားစဉ်အရ — "ပဋိသန္ဓေစိတ်၏ ဥပါဒ်မှစ၍ ကမ္မဇရုပ်တို့သည်
စိတ်၏ ခဏတိုင်း ခဏတိုင်း (တဆဲ့ခုနစ်ချက် ရုပ်သက်စေ့က အဟောင်း
အဟောင်းချုပ်၍) အသစ် အသစ် ဖြစ်ကြကုန်၏" ဟု နှုတ်တက် မှတ်သား
ခဲ့ပါ။

---

## Trang 185

၃။ အာရုပ္ပဝိပါက <mark>ဒွိပဉ္စဝိညာဏဝဇ္ဇိတံ</mark> – အာရုပ္ပဝိပါက်
ဒွေးပဉ္စဝိညာဏ်သည် ကြဉ်အပ်သော၊ <mark>ပဉ္စသတ္တတိဝိဓံပိ</mark>-
ခုနစ်ဆဲ့ငါးပါးအပြားရှိသည်လည်းဖြစ်သော၊ စိတ္တံ-စိတ်သည်၊
စိတ္တသမုဋ္ဌာနရူပံ-စိတ်ကြောင့်ဖြစ်သော ရုပ်အပေါင်းကို၊ ပဌမ
ဘဝင်္ဂ-ပဌမဘဝင်၏ ဥပါဒ်ကို၊ ဥပါဒါယ-အစပြု၍၊ ဇာယန္တ
မေဝ-ဥပါဒ်လျှင် ဥပါဒ်ခြင်း<mark>သာလျှင်</mark>၊ သမုဋ္ဌာပေတိ-ဖြစ်စေ၏။

နိဿယနှင့်အဓိပ္ပါယ်

၃။ <mark>အာရုပ္ပ</mark> ၊ ပေ ၊ သမုဋ္ဌာပေတိ-ဤစကားရပ်ကား "စိတ်"ဟူသော
အကြောင်း တရားက ရုပ်ဖြစ်စေပုံကို ပြသော စကားရပ်တည်း၊ <mark>အာရုပ္ပ</mark>
ဝိပါက် ၄၊ ဒွေးပဉ္စဝိညာဏ် ၁၀၊ ဤ <mark>၁၄ပါး</mark>မှ တပါး ၇၅ ပါးသော စိတ်
သည် ပဋိသန္ဓေစိတ်နောက် ပဌမဘဝင်စိတ်၏ ဥပါဒ်ခဏမှစ၍ ရုပ်ကို ဖြစ်စေ
နိုင်၏၊ ထိုစိတ်ကြောင့်ဖြစ်သောရုပ်ကို "စိတ္တဇ"ရုပ်ဟု ခေါ်သည်၊ [စိတ်ကို
မှတ်၍ဆိုသည်၊ စေတသိက်များလည်း စိတ်နှင့် <mark>ပေါင်းစပ်</mark>၍ ရုပ်ကိုဖြစ်စေကြ
သေး၏၊] ၇၅ ပါးသောစိတ်တွင် ပဋိသန္ဓေ ကိစ္စတပ်သောအခါ၊ ရဟန္တာ
<mark>တို့၏</mark> စုတိကိစ္စတပ်သောအခါတို့၌ အချို့ စိတ်များ ရုပ်ကိုမဖြစ်စေနိုင်။
<mark>ဇာယန္တမေဝ</mark> —— စိတ်တို့သည် အလွန် အသက်တိုရကား ဥပါဒ်တုန်း
၌သာ အားရှိ၏၊ ထို့ကြောင့် ဥပါဒ်ခဏက<mark>သာရုပ်ကို</mark> ဖြစ်စေနိုင်၏၊ ထိုသို့
ဖြစ်စေရာ၌ ကံတခု<mark>တည်း</mark>က ရုပ်ပေါင်းများစွာကို ဖြစ်စေနိုင်သကဲ့သို့၊ စိတ်
တခု<mark>တည်း</mark>ကလည်း ရုပ်ပေါင်းများစွာကို ဖြစ်စေနိုင်သည်၊ <mark>ဇာယန္တမေဝ</mark>၌
ဧဝသဒ္ဒါဖြင့် <mark>ဌိတိ</mark>ခဏ ဘင်ခဏတို့၌ ရုပ်ကို မဖြစ်စေနိုင်ဟု ကန့်သည်။
ဤ-စကားစဉ်အရ—"အရူပစိတ် ၄၊ ဒွေးပဉ္စဝိညာဏ် ၁၀ မှ တပါး ၇၅
ပါးသော စိတ်များသည် ပဋိသန္ဓေနောင် ပဌမ ဘဝင်၏ ဥပါဒ်မှစ၍ မိမိတို့
ဥပါဒ်ခိုက် ဥပါဒ်ခိုက်၌ ရုပ်ကို ဖြစ်စေသည်"ဟု နှုတ်တက်မှတ်ခဲ့ပါ။
၄။ <mark>တတ္ထ</mark> – ထို ခုနစ်ဆဲ့ငါးပါးသော စိတ်တို့တွင်၊ အပ္ပနာ
ဇဝနံ – အပ္ပနာဇောသည်၊ ဣရိယာပထမ္ပိ – ဣရိယာပုထ်ကို
လည်း၊ <mark>သန္နာမေတိ</mark>-ကောင်းစွာညွှတ်စေ ဆောင်ထားလေ၏။
၅။ ပန− အ<mark>ဘို့</mark>တပါးကား၊ ဝေါဋ္ဌပန ကာမာဝစရဇဝနာ
ဘိညာ - ဝုဋ္ဌော ကာမဇောတခုယုတ် သုံးဆယ် အဘိညာဏ်
ဒွေးတို့သည်၊ <mark>ဝိညတ္တိမ္ပိ</mark> - ကာယဝိညတ် ဝစီဝိညတ်ကိုလည်း၊
သမုဋ္ဌာပေန္တိ-ဖြစ်စေနိုင်ကုန်၏။

နိဿယနှင့်အဓိပ္ပါယ် (အဆက်)

၄။ <mark>တတ္ထ</mark>အပ္ပနာ ၊ ပေ ၊ <mark>သန္နာမေတိ</mark>-ရုပ်ကို ဖြစ်စေနိုင်သော စိတ်
၇၅ ပါးတွင် အပ္ပနာဇော ၂၆ ပါးလည်း ပါဝင်၏။ သွားမှု ရပ်မှု ထိုင်မှု
လျောင်းစက်မှုကို "ဣရိယာပုထ်"ဟု ခေါ်၏။ ထို အပ္ပနာဇော ၂၆ပါးသည်
ဣရိယာပုထ်များကို ထောက်ပံ့နိုင်၏။
ထောက်ပံ့ — ဆိုသည်ကား – အခြား စိတ် စေတသိက်များကြောင့်
သွားခြင်း ဣရိယာပုထ် ဖြစ်နေလျှင် ထို သွားခြင်း ဣရိယာပုထ် မပျက်အောင်
ထောက်ပံ့ပေးနိုင်သည်၊ မိမိတို့ကား ဣရိယာပုထ်ကို စ၍ မဖြစ်စေနိုင်" ဟူလို၊
အချို့ကား "အပ္ပနာဇောများသည် ဣရိယာပုထ်ကို ဖြစ်စေနိုင်၏"
ဟု ယောင်မှားကြ၏၊ သာဓကကို ဘာသာဋီကာ၌ ရှုပါ။
ဣရိယာပထမ္ပိ၌-ပိသဒ္ဒါကား ဆိုအပ်ပြီးသော စကားကို ဆည်းသော
ဝုတ္တသမုစ္စည်း" <mark>တည်း</mark>၊ ဣရိယာပုထ်ကိုလည်း ထောက်ပံ့နိုင်၏။ ဆိုခဲ့ပြီး
သော စကားအရ ရုပ်သာမညကိုလည်း ဖြစ်စေနိုင်၏ ဟူလို၊ [ဣရိယာပုထ်
ဝိညတ်တို့ မပါသော ဖြစ်ရိုးဖြစ်စဉ် ရုပ်ကို "ရုပ်သာမည"ဟု ဆိုသည်။]
၅။ ဝေါဋ္ဌပန ၊ ပေ ၊ သမုဋ္ဌာပေန္တိ-<mark>ဝိညတ္တိမ္ပိ</mark>၌ ပိသဒ္ဒါလည်း ဆိုခဲ့
သော စကား ၂ ရပ်ကို ဆည်းသော ဝုတ္တသမုစ္စည်းပင်<mark>တည်း</mark>၊ ထို့ကြောင့်
