## Trang 196

၁။ ပန-အဘို့ တပါးကား၊ သဗ္ဗာနိပိ-အလုံးရုံလည်း ဖြစ်ကုန်သော၊ <mark>ဧတာနိ ပါ</mark> – ဤရုပ်တို့ကို၊ ကာမလောက - ကာမဘုံ၌၊ ယထာရဟံ – ရထိုက်သည်အားလျော်စွာ၊ <mark>အနူနာနိ</mark> - မယုတ်လျော့ကုန်သည် ဖြစ်၍၊ ပဝတ္တိယံ-ပဝတ္တိအခါ၌၊ <mark>ဥပလဗ္ဘန္တိ</mark>-ရအပ်ကုန်၏၊

၂။ ပဋိသန္ဓေယံပန - ပဋိသန္ဓေ အခါ၌ကား၊ <mark>သံသေဒဇာနဉ္စ</mark>-သံသေဒဇ <mark>သတ္တာ</mark>တို့၏ ( သန္တာန်၌ )၎င်း၊ သြပပါတိကာနဉ္စ-သြပပါတိက <mark>သတ္တာ</mark>တို့၏ ( သန္တာန်၌ ) ၎င်း၊ ဥက္ကဋ္ဌဝသေန-အလွန်ကို ပိုင်းခြားခြင်း၏ အစွမ်းဖြင့်၊ စက္ခု သောတ <mark>ဃာန</mark> ဇိဝှါ ကာယ <mark>ဘာဝ</mark> ဝတ္ထု ဒသက သင်္ခါတာနိ - <mark>စက္ခုဒသက</mark> သောတဒသက <mark>ဃာနဒသက</mark> ဇိဝှါဒသက ကာယဒသက ဘာဝဒသက <mark>ဝတ္ထုဒသက</mark> ဟု ဆိုအပ် ကုန်သော၊ သတ္တဒသကာနိ-ခုနစ်ပါးသောဒသကတို့သည်၊ <mark>ပါတုဘဝန္တိ</mark>-ထင်ရှား ဖြစ်ကုန်၏။

---

<mark>ရူပပဝတ္တိက္ကမ</mark> ။ [ပဝတ္တိ+က္ကမ။ ပဝတ္တိ=ဖြစ်ခြင်း (ပျက်ခြင်းပါ ယူ)+က္ကမ= အစဉ် ] ရုပ်တို့၏ ဖြစ်ပုံပျက်ပုံ အစဉ်ကို ပြရာ အပိုင်းအခဏ်းကို "<mark>ရူပပဝတ္တိက္ကမ</mark>" ခဏ်း ဟု ခေါ်သည်။

၁။ သဗ္ဗာနိပိ၊ ပေ၊ <mark>ဥပလဗ္ဘန္တိ</mark> 'ကာမဘုံ၌ ရုပ် <mark>၂၈ ပါး</mark>လုံး (အယုတ်အလျော့ မရှိ)ပဝတ္တိအခါဝယ် ထိုက်သလို ရကြ၏။ အမ ဖြစ်လျှင် ပုရိသ<mark>ဘာဝ</mark>ရုပ် မရ-အထီး ဖြစ်လျှင် ဣတ္ထိ<mark>ဘာဝ</mark>ရုပ် မရသောကြောင့်၎င်း, စက္ခု သောတ စသည် ချို့ သူတို့၌ တချို့ ရုပ်များ <mark>မရှိသောကြောင့်</mark>၎င်း, "ယထာရဟံ" ဟု ဆိုသည်။

<mark>အနူနာနိ</mark> — ထိုသို့ ပုဂ္ဂိုလ်အလိုက် အချို့ ရုပ်များ <mark>ရထိုက်သော်လည်း</mark> ကာမဘုံ <mark>တစ်ခုလုံး</mark> အတွက်ကား ရုပ် <mark>၂၈ ပါး</mark>လုံးပင် ရနိုင်လေသောကြောင့် "<mark>အနူနာနိ</mark>" ဟု မိန့်ဆိုသည်။ [ အနူန=န+ဥန။ ဥန=ယုတ်လျော့သည့်+န=မဟုတ်။]

---

၂။ ပဋိသန္ဓိယံ၊ပေ၊ <mark>ပါတုဘဝန္တိ</mark> —— ပဋိသန္ဓေ စိတ် စေတသိက်နှင့် ကမ္မဇရုပ်တို့၏ <mark>တဘဝတဘဝ၌</mark> ပဌမဆုံးဖြစ်ရာ အခါကို ပဋိသန္ဓေအခါ ဟု ခေါ်၏၊ ထို ပဌမဆုံး ဖြစ်သော စိတ် စေတသိက် ကမ္မဇရုပ်တို့၏ <mark>ဌီမှ</mark> စ၍ နောက်ကာလကို ( စုတိစိတ် မကျမီ အတွင်း၌ ) ပဝတ္တိအခါဟူ၍ ခေါ်သည်၊ ဤကား အဘိဓမ္မာ ထုံးစံတည်း။

ပုဂ္ဂိုလ် အမျိုးအစားသည် သံသေဒဇ'သြပပါတိက− <mark>ဂဗ္ဘသေယျက</mark> ဟု ၃ မျိုး ရှိ၏၊ <mark>ဂဗ္ဘသေယျက</mark>သည်လည်း ဇလာဗုဇ အဏ္ဍဇ – ဟု ၂ မျိုးရှိပြန်၏၊ ထို့ကြောင့် ပုဂ္ဂိုလ်အမျိုးအစားသည် ၃ မျိုးတနည်း, ၄ မျိုးတနည်း ရှိ၏ ဟု မှတ်၊ ဤပုဂ္ဂိုလ် ၄ မျိုးကို "ယောနိ ၄ မျိုး"ဟုလည်း ခေါ်စမှတ်ပြု၏၊ ယောနိသဒ္ဒါကား " အမျိုးဇာတ် " ဟူသော အနက်ကို ဟောသည်။

သံသေဒဇ'သံသေဒ+ဇ။ သံသေဒ=ငြိကပ်တွယ်တာရာ အရပ်၌+ဇ'ဖြစ်သော<mark>သတ္တာ</mark>။ [ သံသေဒ+ဇာတော, သံသေဒဇော။ ] ပဒုမ္မာကြာပန်း၌ သန္ဓေ တည်သော ပဒုမဝတီ မိဖုရား, ဝါးပင်၌ သန္ဓေ တည်သော ဝေဠုဝတီမိဖုရား, ရေပုတ် ငါးပုတ် စသည်တို့၌ သန္ဓေတည်သော ပိုးလောက် စသော <mark>သတ္တာ</mark>မျိုးတည်း။

---

ဩပပါတိက — [ ဥပပါတ+ ဣက။ ဥပ'ခုန်လွှား၍+ ပါတ-ကျရောက် သကဲ့ သို့+ ဣက = ဖြစ်ခြင်းရှိသူ။ ] ဘဝဟောင်းမှ ခုန်လွှားခဲ့၍ <mark>ဘွားကနဲ</mark> ကျလာသကဲ့သို့ ခန္ဓာကိုယ် အထင်အရှား ဖြစ်သူကို သြပပါတိက (ဥပပတ် ပဋိသန္ဓေ နေသော) <mark>သတ္တာ</mark>ဟု ခေါ်သည်၊ ကမ္ဘာဦးက လူများနှင့် <mark>နတ်</mark> ဗြဟ္မာ စသည်တို့တည်း။

---

## Trang 197

ပန-အဘို့တပါးကာ၊ ဩမကဝသေန - အယုတ်အလျော့ကို ပိုင်းခြား ခြင်း၏ အစွမ်းဖြင့်၊ စက္ခု၊ သောတ <mark>ဃာန</mark> ဘာဝဒသကနိ-စက္ခု သောတ <mark>ဃာန</mark> ဘာဝဒသကတို့ကို၊ <mark>ကဒါစိ</mark>–တရံတခါ၌၊ <mark>န လဗ္ဘန္တိ</mark> – မရအပ်ကုန်၊ တသ္မာ - ထို ကြောင့်၊ တေသံ-ထိုစက္ခု၊ သောတ <mark>ဃာန</mark> ဘာဝဒသကတို့နှင့်၊ ဝသေန-စပ်သဖြင့်၊ <mark>ကလာပဟာနိ</mark>-ကလပ်တို့၏ ယုတ်လျော့ခြင်းကို၊ <mark>ဝေဒိတဗ္ဗာ</mark>-သိအပ်၏။

---

၃။ ပန - အဘို့ တပါးကား၊ <mark>ဂဗ္ဘသေယျက</mark> သတ္တာနံ-<mark>ဂဗ္ဘသေယျက</mark> သတ္တာတို့၏ (သန္တာန်)၌၊ ကာယ ဘာဝ <mark>ဝတ္ထုဒသက</mark> သင်္ခါတာနိ- ကာယ ဘာဝ <mark>ဝတ္ထုဒသက</mark> ဟု ဆိုအပ် ကုန်သော၊ တီဏိ - သုံးပါးကုန်သော၊ ဒသကနိ - ဒသကတို့သည်၊ <mark>ပါတုဘဝန္တိ</mark>-ထင်ရှားဖြစ်ကုန်၏၊ <mark>တတ္ထာပိ</mark>'ဆို သုံးပါးသော ဒသကတို့တွင်လည်း၊ <mark>ဘာဝ</mark> ဒသကံ-ဘာဝဒသကကို၊ <mark>ကဒါစိ</mark> - တရံတခါ၌၊ န လဗ္ဘတိ - မရအပ်၊ <mark>တတော</mark>-ထို ပဋိသန္ဓေအခါမှ၊ ပရံ−နောက်၌၊ ပဝတ္တိကာလေ - ပဝတ္တိအခါ၌၊ <mark>ကမေန-</mark>အစဉ်အားဖြင့်၊ ဝါ-<mark>တရွေ့ရွေ့</mark>၊ (ဝဍ္ဎမာနာနံ-ကြီးပွားကုန်သည် ရှိသော်၊) <mark>စက္ခုဒသကာဒယောစ</mark> – စက္ခု သောတ <mark>ဃာန</mark> ဇိဝှါ ဒသက တို့သည်လည်း၊ <mark>ပါတုဘဝန္တိ</mark>--ထင်ရှားဖြစ်ကုန်၏။

---

၃။ ဂဗ္ဘသေယျက၊ပေ၊<mark>ပါတုဘဝန္တိ</mark> — [ဂဗ္ဘော-အမိ ဝမ်းတိုက်+သေယျက=ကိန်းအောင်း ( ဖြစ်နေ ) သူ။] အမိဝမ်း၌ ကိန်းအောင်း၍ ပဋိသန္ဓေနေသူကို "<mark>ဂဗ္ဘသေယျက</mark> သတ္တာ" ဟု ခေါ်သည်၊ <mark>ဂဗ္ဘသေယျက</mark> ၂ မျိုးတွင် လူ စသောသူတို့ကဲ့သို့ သူငယ်အိမ် သားအိမ်၌ ဖြစ်သူကို "ဇလာဗုဇ" <mark>သတ္တာ</mark>ဟု ခေါ်သည်၊ ငှက် စသော<mark>သတ္တဝါ</mark>တို့ကဲ့သို့ ဥခွံ၌ဖြစ်သူကို "အဏ္ဍဇ" <mark>သတ္တာ</mark> ဟု ခေါ်သည်၊ [ ဇလာဗု = သားအိမ်၌ + အဏ္ဍ = ဥခွံတွင်း၌+ဇ=ဖြစ်သူ။]

၍ <mark>ဂဗ္ဘသေယျက</mark> သတ္တာ ၂ မျိုးတို့ သန္တာန်၌ ပဋိသန္ဓေအခါ ကာယဒသက ဘာဝဒသက <mark>ဝတ္ထုဒသက</mark>တို့ ဖြစ်ကုန်၏၊ ၎င်းကလာပ် ၃ မျိုးကိုပင် "ကလလ <mark>ရေကြည်</mark>" ဟု ခေါ်သည်၊ [ အချို့ <mark>သတ္တာ</mark>များ၌ <mark>ဘာဝ</mark>ဒသက ချို့တဲ့တတ်သေး၏။ ] ပဋိသန္ဓေ တည်ပြီးနောက် တစတစ ကြီးပွား၍ ၁၁ <mark>သတ္တာ</mark>ဟ (၇၇ ရက်) လောက် ကြာမှ စက္ခု၊ သောတ <mark>ဃာန</mark> ဇိဝှါ ဒသကတို့ ဖြစ်ကြသည်၊ [ ၎င်းတို့နှင့်စပ်၍ "ကမေန" ပါဌ်သာ သင့်မြတ်ကြောင်းကို....]

---

ပဋိသန္ဓေအခါ ရထိုက်၏ " ဆိုသော်လည်း အလွန်ဆုံးကို ပိုင်းခြား၍ ဆိုခြင်းဖြစ်သည်၊ အောက်ထစ်ကို လျော့၍ ပိုင်းခြားလျှင်, သံသေဒဇ သြပပါတိက <mark>သတ္တာ</mark>တို့ သန္တာန်၌ စက္ခု သောတ <mark>ဃာန</mark> ဘာဝဒသက ၄ ပါးတို့ အချို့ <mark>သတ္တာ</mark>၏ ပဋိသန္ဓေ အခါ၌ မရသည်လည်း ရှိသေးရကား ထို ဒသက ၄ ပါးနှင့် စပ်၍ ရုပ်ကလာပ် လျော့နိုင်ပုံကိုလည်း သိလေ၊[ ဟာနိ၌ ဟာ-ဓာတ်+တိ ပစ္စည်း, တိကို နိပြုထားသည်၊ ဣတ္ထိလိင်ဧကဝုစ်။]

---

## Trang 198

"<mark>တတော</mark> ပရံ ပဝတ္တိမှိ, ဝဍ္ဎမာနဿ ဇန္တုနော၊
<mark>စက္ခုဒသက</mark>ာဒယော စ, စတ္တာရော ဟောန္တိ သမ္ဘဝါ"

အရှင်အနုရုဒ္ဓါ ရေးသား အပ်သော ပရမတ္ထဝိနိစ္ဆယ ပါဠိဖြင့် ဘာသာဋီကာ၌ <mark>ဆုံးဖြတ်ထားသည်</mark>၊ ၍ သင်္ဂြိုဟ်စကားရပ်နှင့် စပ်၍ ပရမတ္ထသရူပဘေဒနီလာ ဆောင်ပုဒ်ကို မှတ်သားရာ၏။

[ဆောင်] ဘုမ္မဇိုင်းဖြတ်, ကြွင်း<mark>နတ်</mark> - နိဇ္ဈာ, ငရဲရွာ, တစ်သာ ဥပပါတ်၊ အကြွင်းဂတိ, လေးယောနိ, ရဘိ ပုံသေမှတ်။

[<mark>ဘုမ္မဇိုင်းနတ်</mark>ကို ပယ်၍ ကြွင်းသော <mark>နတ်</mark>ဗြဟ္မာများ, နိဇ္ဈာမတဏှိကဟု ခေါ်ဝေါ်အပ်သော (မီးသရဲ) ပြိတ္တာမျိုးနှင့် ငရဲဘုံများ၌ ဥပပါတ်ပဋိသန္ဓေ တစ်မျိုးသာ ရ၏၊ ကြွင်းသော လားရာ ဂတိများ၌ ယောနိ ၄ မျိုးလုံး ရ၏၊ မနုဿဂတိ(လူ့ဘုံ)၌ ကမ္ဘာဦးက လူတို့သည် ဥပပါတ် ပဋိသန္ဓေ နေကြ၏၊ ပဒုမဝတီ စသောသူတို့ သံသေဒဇ ပဋိသန္ဓေနေကြ၏၊ ဇလာဗုဇကား ယခု ထုံးစံပင်တည်း၊ အချို့လူများသည် ဥခွံတွင်း၌ အဏ္ဍဇ ပဋိသန္ဓေ နေကြ၏၊ တိရိစ္ဆာန် ပြိတ္တာနှင့် <mark>ဘုမ္မဇိုင်းနတ်</mark>များ၌လည်း ဤကဲ့သို့ ယောနိ ၄ ပါးလုံး ရနိုင်သည်။]

---

[ဆောင်] စက္ခု-သောတ, <mark>ဃာန</mark>-ဘာဝါ, ချို့ကောင်းရာကား, နှစ်ဖြာ <mark>ဂဗ္ဘ</mark>, သံသေဒ မှတ်၊ ဥပပါတ်မှာ, ပါယ်၌ သာလျှင်, စက္ခု-သောတ, <mark>ဘာဝ</mark>ချို့ဘိ၊ သုဂတိကား, ကမ္ဘာဦးသား, ချို့ငြား ဘော<mark>တစ်ခု</mark>။

[ဇလာဗုဇ အဏ္ဍဇ ဟူသော <mark>ဂဗ္ဘသေယျက</mark> ၂ မျိုးနှင့် သံသေဒဇသတ္တာတို့၌ <mark>စက္ခုဒသက</mark> သောတဒသက <mark>ဃာနဒသက</mark> ဘာဝဒသက ဤ ၄ မျိုးချို့တဲ့နိုင်၏၊ ဥပပါတ် ပဋိသန္ဓေ နေသူတို့တွင် အပါယ် ဥပပါတ် ပုဂ္ဂိုလ်တို့၌သာ စက္ခု သောတ <mark>ဘာဝ</mark>ဒသက ၃ မျိုး ချို့တဲ့ကောင်း၏၊ သုဂတိဘုံသား ဥပပါတ် ပုဂ္ဂိုလ်တို့တွင် ကမ္ဘာဦးက လူ ဥပပါတ်၌ <mark>ဘာဝ</mark>ဒသက ကလာပ် ချို့၏ (ကမ္ဘာဦးကလူများ <mark>ယောက်ျားလည်း</mark>မဟုတ်, <mark>မိန်းမလည်း</mark> မဟုတ်ကြသေး၊) အခြားသော သုဂတိဘုံသား ဥပပါတ်များကား မည်သည့် ရုပ်ကလာပ်မျှ မချို့တဲ့ကြချေ။

---

**လေ့ကျင့်ခဏ်း မေးခွန်းများ**

က။ ကာမဘုံသား အထီး အမတို့၌ ရုပ်ပေါင်းမည်မျှစီ ရထိုက်သနည်း။ ပုဂ္ဂိုလ်အမျိုးအစား ၃ ပါး, တနည်း ၄ ပါးကို သရုပ်ရေတွက်ပါ။

ခ။ သံသေဒဇ သြပပါတိက <mark>သတ္တာ</mark> ဟူသည် အဘယ် <mark>သတ္တာ</mark>မျိုးနည်း။

ဂ။ ထို <mark>သတ္တာ</mark>တို့၌ ပဋိသန္ဓေအခါ ရုပ်ကလာပ်ပေါင်း အလွန်ဆုံး မည်မျှ ရထိုက်၍, မည်သည့်ရုပ်ကလာပ်များ ချို့တဲ့ကောင်းသနည်း။

ဃ။ <mark>ဂဗ္ဘသေယျက</mark> သတ္တာတို့၏ ပဋိသန္ဓေအခါ၌ ရုပ်ကလာပ် ပေါင်း အလွန်ဆုံးမည်မျှ, အနည်းဆုံးမည်မျှ ရထိုက်သနည်း။

င။ ကလလ <mark>ရေကြည်</mark> ဟူသည် အဘယ်ရုပ်များကို ခေါ်သနည်း။

စ။ ဘုမ္မဇိုင်းမှ <mark>တစ်ပါး</mark> နတ်ဗြဟ္မာများ၌ အဘယ်ယောနိ ရသနည်း။

ဆ။ မနုဿဂတိ တိရစ္ဆာနဂတိတို့၌ အဘယ်ယောနိ ရသနည်း။

ဇ။ နိဇ္ဈာမတဏှိကပြိတ္တာမှ <mark>တစ်ပါး</mark> အခြား ပေတဂတိ၌ အဘယ်ယောနိ ရထိုက်သနည်း။

ဈ။ <mark>ဘုမ္မဇိုင်းနတ်</mark> နိဇ္ဈာမတဏှိကပြိတ္တာ နိရယဂတိတို့၌ အဘယ် ယောနိ ရထိုက်သနည်း။

ည။ စက္ခု သောတ <mark>ဃာန</mark> ဘာဝ စသော ဆောင်ပုဒ်ကို ရွတ်ပါ။

---

## Trang 199

**ရုပ်တို့၏ဖြစ်စဉ်**

၄။ <mark>ဣစ္စေဝံ</mark> - ဤ ဆိုအပ် ပြီးသော အစီအစဉ်ဖြင့်၊ ပဋိသန္ဓေမုပါဒါယ-ပဋိသန္ဓေစိတ်၏ဥပါဒ်ခဏကို၊ ဥပါဒါယ – အစပြု၍၊ ကမ္မသမုဋ္ဌာနာ-ကမ္မသမုဋ္ဌာန် ရုပ်တို့၎င်း၊ ဒုတိယစိတ္တံ-ပဌမဘဝင်စိတ်၏ ဥပါဒ်ခဏကို၊ ဥပါဒါယ-၍၊ စိတ္တသမုဋ္ဌာနာ – စိတ္တသမုဋ္ဌာန် ရုပ်တို့၎င်း၊ <mark>ဌိတိကာလံ</mark> - ပဋိသန္ဓေစိတ်၏ ဌီကာလကို၊ ဥပါဒါယ – ၍၊ <mark>ဥတု</mark>သမုဋ္ဌာနာ-<mark>ဥတု</mark>သမုဋ္ဌာန် ရုပ်တို့၎င်း၊ ဩဇာဖရဏံ-သြဇာ၏ ပြန့်နှံ့ရာ အခါကို၊ ဥပါဒါယ – ၍၊ အာဟာရ သမုဋ္ဌာနာစ-အာဟာရ သမုဋ္ဌာန်ရုပ်တို့၎င်း၊ ဣတိ-ဤသို့၊ စတုသမုဋ္ဌာနရူပကလာပသန္တတိ – လေးပါးသော အကြောင်းတို့ကြောင့် ဖြစ်သော ရုပ်ကလာပ်အစဉ်သည်၊ ကာမလောကေ – ကာမဘုံ၌၊ <mark>ဒီပဇာလာဝိယ</mark> –ဆီမီးလျှံသည် ကဲ့သို့၎င်း၊ <mark>သောတောဝိယ စ</mark>-မြစ်ရေအယဉ်သည် ကဲ့သို့၎င်း၊ ယာဝတာယုကံ- အသက်ရှည်သမျှ ကာလပတ်လုံး၊ <mark>အဗ္ဗောစ္ဆိန္နံ</mark>-မပြတ်မစဲ၊ <mark>တဖွဲဖွဲ</mark>၊ ပဝတ္တတိ-ဖြစ်၏။

---

ရုပ်တို့၏ဖြစ်စဉ်။ ။ရှေ့ကပြခဲ့သော စကားတို့ကား ရုပ်တို့၏ဖြစ်စဉ်ကို ပြသော စကားများ မဟုတ်ကြသေး၊ ဖြစ်စဉ်ကို ပြဘို့ရာ အခြေခံ စကားသာ ဖြစ်သေးသည်၊ – "<mark>ဣစ္စေဝံ</mark>၊ပေ၊ ပဝတ္တတိ" စကားများသာ ရုပ်တို့ ဖြစ်စဉ်ကို ပြသော စကားဖြစ်သည်၊ ဤ ဆိုအပ်ပြီးသော အစီအစဉ် အရ ဖြစ်ထိုက်သမျှ သော ရုပ်တို့တွင်.........

---

ပဋိသန္ဓေမုပါဒါယ ဒုတိယစိတ္တမုပါဒါယ — ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏမှ စ၍ ခဏတိုင်း ခဏတိုင်း ကမ္မဇရုပ်များ ဖြစ်ကြ၏၊ ပဋိသန္ဓေ စိတ်ကို ထောက်၍ ထိုနောက် ဖြစ်သော ပဌမဆုံး ဘဝင်ကို ဒုတိယစိတ် ဟု ခေါ်သည်၊ ထို ပဌမဘဝင်စိတ်၏ ဥပါဒ်မှစ၍ ဥပါဒ်တိုင်း ဥပါဒ်တိုင်း စိတ္တဇရုပ်များ ဖြစ်ကုန်၏။

ဌိတိကာလမုပါဒါယ'ဤ၌ ဌိတိကာလအရ ပဋိသန္ဓေစိတ်၏ ဌီကာလကိုယူ၊ ပဋိသန္ဓေစိတ်၏ <mark>ဌီခဏ</mark>မှစ၍ <mark>ဥတု</mark>ဇရုပ်များဖြစ်၏၊ ပဋိသန္ဓေနှင့် အတူ ဥပါဒ်သော ကမ္မဇကလာပ်များ၌ <mark>ဥတု</mark> ( တေဇောဓာတ် ) ပါ၏၊ ထို <mark>ဥတု</mark>များသည် ပဋိသန္ဓေစိတ် <mark>ဌီခဏ</mark>ရောက်လျှင် သူတို့လည်း <mark>ဌီခဏ</mark>သို့ရောက်ကြ၏၊ ထိုအခါ <mark>ဥတု</mark>များမှ(တ<mark>ဥတု</mark>လျှင် ကလာပ်တခုကျ)<mark>ဥတု</mark>ဇရုပ်ကလာပ်သစ်များ ဖြစ်ပေါ်လာကြသည်-ဟူလို။

---

ဩဇာဖရဏမုပါဒါယ – ပဋိသန္ဓေ နေပြီးနောက် သြပပါတိကနှင့် သံသေဒဇ<mark>သတ္တာ</mark> တို့ဝယ် တစုံ<mark>တစ်ခု</mark>သော စားဘွယ်ကို ( အယုတ်သဖြင့် မိမိတံထွေးကို ) စားသောက်သည့် အခါ ထို အစာ၌ ပါသော သြဇာသည် ကိုယ်၌ ပြန့်နှံ့၏၊ <mark>ဂဗ္ဘသေယျက</mark> သတ္တာတို့၌ မိခင် စားသမျှ အာဟာရသည် တ<mark>သတ္တာ</mark>ဟ နှစ်<mark>သတ္တာ</mark>ဟလောက် ကြာလျှင် သူငယ်၏ ကိုယ်၌ ပြန့်နှံ့၏၊ ထို ပြန့်နှံ့သော ဗဟိဒ္ဓ ( အပြင် ) သြဇာနှင့် ပင်ကိုယ် ရှိရင်းဖြစ်သော အဇ္ဈတ္တ ( အတွင်း ) သြဇာတို့ ပူးပေါင်း မိကြသည့် အခါ ဩဇာ တစုံလျှင် တခုကျ အာဟာရဇရုပ်ကလာပ်ကို ဖြစ်စေ၏။

<mark>ဒီပဇာလာဝိယ</mark>' မီးစာ ဆီတို့ကြောင့် တောက်၍နေသော ဆီမီးသည် မျက်မြင် အားဖြင့် တခုထည်း ထင်ရသော်လည်း ရှေးရှေး မီးစာ အပိုင်းနှင့် ဆီတို့ကြောင့် ဖြစ်သော မီးတောက်, <mark>နောက်နောက်</mark> မီးစာအပိုင်းနှင့် ဆီတို့ကြောင့် ဖြစ်သော မီးတောက်တို့သည် တခုထည်း မဟုတ်၊ ရှေးရှေး မီးစာနှင့် ဆီတို့ အမြဲကုန်သလောက် မီးတောက်လည်း အမြဲချုပ်ပျောက်၏၊ <mark>နောက်နောက်</mark> မီးစာနှင့် ဆီတို့အတွက် အသစ်အသစ် မီးတောက်ပေါ်ထွက်၏၊ ထို့အတူ ရုပ်ခန္ဓာလည်း တခုထည်း ထင်ရစေကာမူ ရှေးရှေး ကံစိတ် <mark>ဥတု</mark> အာဟာရတို့ကြောင့် ဖြစ်သော ရုပ်အစဉ်သည် ဥပါဒ် ဌီ ဘင် စေ့က ချုပ်ကြရ၏၊ <mark>နောက်နောက်</mark> ကံ စသည်အတွက် ရုပ်သစ်အစဉ်များ ပေါ်ထွက်လာပြန်သည်။

---

## Trang 200

**ရုပ်တို့၏ ပျက်စဉ်**

၅။ ပန-ဖြစ်စဉ်မှ တပါး ချုပ်စဉ်ကို <mark>ပြဦး</mark>အံ့၊ မရဏကာလေ – စုတေခါနီး အခါ၌၊ <mark>စုတိစိတ္တ</mark>ောပရိ သတ္တရသမ စိတ္တဿ -- စုတိစိတ်မှ အထက်၊ <mark>တစ်ဆယ့်</mark>ခုနစ်ချက်မြောက်သော စိတ်၏၊ <mark>ဌိတိကာလံ</mark>-ဌီကာလကို၊ ဥပါဒါယ – ၍၊ ကမ္မဇရူပါနိ – ကမ္မဇရုပ် တို့သည်၊ န ဥပ္ပဇ္ဇန္တိ-မဖြစ်ကုန်၊ ပုရေတရံ – ရှေ့ဖြစ်သော ဥပါဒ်ခဏ၌၊ ဥပ္ပန္နာနိ-ဖြစ်ကုန်ပြီးသော၊ ကမ္မဇရူပါနိစ- ကမ္မဇရုပ်တို့သည်လည်း၊ <mark>စုတိစိတ္တ</mark>သမကာလမေဝ – စုတိစိတ်နှင့် ညီမျှသော ကာလတိုင်အောင် သာလျှင်၊ <mark>ပဝတ္တိတွာ</mark> – ဖြစ်တည်ကုန်၍၊ <mark>နိရုဇ္ဈန္တိ</mark>-ချုပ်ကုန်၏၊ <mark>တတော</mark>-ထိုကမ္မဇရုပ်တို့ချုပ်ရာအခါမှ၊ ပရံ-နောက်၌၊ စိတ္တဇာဟာရဇ ရူပဉ္စ - စိတ္တဇ အာဟာရဇရုပ် သည်လည်း၊ <mark>ဝေါစ္ဆိဇ္ဇတိ</mark>-ပြတ်စဲ၏၊ <mark>တတော</mark>-ထို စိတ္တဇရုပ် အာဟာရဇရုပ်တို့ ချုပ်ရာကာလမှ၊ ပရံ−နောက်၌၊ <mark>ဥတု</mark>သမုဋ္ဌာနရူပ ပရမ္ပရာ-<mark>ဥတု</mark>သမုဋ္ဌာန် ရုပ် အဆက်ဆက်တို့သည်၊ ယာဝ မတကလေဝရ သင်္ခါတံ-စုတေပြီးနောက် အလောင်းကောင်ဟု, ခေါ်ဆိုအပ် သည်တိုင်အောင်၊ ပဝတ္တန္တိ 'ဖြစ်ကုန်၏။

---

၅။ ရုပ်တို့ပျက်စဉ်။ ။ "မရဏကာလေ၊ပေ၊ပဝတ္တန္တိ" ကား ရုပ်တို့၏ ချုပ်ပျက်စဉ်ကိုပြသော စကားရပ်တည်း၊ ပြအပ်ခဲ့သည့်အတိုင်း ကမ္မဇစသော ရုပ်တို့သည် အစဉ်မပြတ် ဖြစ်ကာချုပ်ကာ လာခဲ့ရာ စုတေခါနီးသို့ ရောက်လေသော် ကမ္မဇရုပ် ဆုံးမှသာ တဘဝ တုံးရာသောကြောင့် စုတိစိတ် အထက် နောက်ပြန် ရေတွက်လျှင် <mark>တစ်ဆယ့်</mark>ခုနစ်ချက်မြောက် စိတ်၏ <mark>ဌီခဏ</mark> လောက်မှစ၍ ကမ္မဇရုပ်သစ်များ မဖြစ်ကြတော့ပြီ၊ ထို ၁၇ချက်မြောက်စိတ်၏ ဥပါဒ်ခဏ၌ဖြစ်ကြသော ကမ္မဇရုပ်များသည် စုတိစိတ်၏ ဘင်ခဏ၌ ၁၇ ချက် ရုပ်သက်စေ့သဖြင့် စုတိစိတ်နှင့်ပြိုင်၍ ချုပ်ကြလေ၏။

[ကမ္မဇရုပ်များတွင် ဇီဝိတရုပ် ပါ၏၊ ထို ဇီဝိတကို "ရုပ်သက်" ဟု ခေါ်သည်၊ စိတ်နှင့်ယှဉ်သော စေတသိက်များတွင်လည်း ဇီဝိတိန္ဒြေ စေတသိက် ပါ၏၊ ထို ဇီဝိတိန္ဒြေကို – "နာမ်သက်" ဟုလည်း ခေါ်၏၊ တဘဝ အတွက် ထို ရုပ်သက် နာမ်သက်တို့ တပြိုင်နက် အပြီးသတ် ချုပ်သည်ကိုပင် – "အသက်ကုန်သည် စုတေသည်" ဟု ခေါ်စမှတ်ပြုရသည်။]

---

စိတ္တဇာဟာရဇရူပဉ္စ <mark>ဝေါစ္ဆိဇ္ဇတိ</mark> — ကမ္မဇရုပ် ချုပ်ပြီးသည့်နောက် မကြာခင်စိတ္တဇရုပ် အာဟာရဇရုပ်တို့ ပြတ်စဲ၏ဟု ဆိုရာ, ဘယ်လောက်ကြာမှ ပြတ်စဲသနည်း ဟု စိစစ်ထိုက်၏။

စိတ္တဇရုပ် — ရဟန္တာတို့၏ စုတိမှ <mark>တစ်ပါး</mark> အားလုံးသော <mark>သတ္တာ</mark>တို့၏ စုတိစိတ်သည် ရုပ်ကို ဖြစ်စေနိုင်၏ဟု (အဋ္ဌကထာ) ဆို၏၊ ထို့ကြောင့် စုတိစိတ်၏ ဥပါဒ် ခဏ၌ အဆုံးသတ် ဖြစ်ကြသော စိတ္တဇရုပ်တို့သည် ကမ္မဇရုပ် ချုပ်ပြီး (စုတေပြီး) နောက် ခဏငယ် <mark>၄၈</mark> ချက်ခန့် ကြာမှ ချုပ်၏၊ [ ရုပ်သက်သည် ခဏငယ် ၅၁ ချက်ခန့် ရှည်ရာ၊ ၅၁ ချက်တွင် စုတိစိတ် အခိုက်တုန်းက

---

၍ သောတောဝိယ — မြစ်ရေအယဉ်ကို ကြည့်ရှုရာ၌ တခုထည်းထင်ရသော်လည်း ပဌမ မြင်ရသော <mark>မြစ်ရေသည်</mark> အောက်သို့ စီးလေပြီးနောက် ဒုတိယမြစ်ရေ ရောက်လာသကဲ့သို့, ထို့အတူ ပဌမရုပ် အစဉ်ချုပ်ပြီးနောက် ဒုတိယ စသော ရုပ်အစဉ်များ ပေါ်ပေါက်လာ၏၊ ဤသို့လျှင် ၄ ပါးသော အကြောင်းကြောင့် ဖြစ်ရသော ရုပ်များသည် ဆီမီးလျှံ ရေအယဉ်တို့ကဲ့သို့ အစဉ်မပျက် ဆက်ကာဆက်ကာ အသက်ရှည်သမျှ ဖြစ်ကြလေသည်။
