## Trang 201

ခဏငယ် ၃ချက်ခန့် ကြာခဲ့ပြီ၊ ထို ၃ချက်ကိုနှုတ်က <mark>၄၈</mark> ချက်သာ ကျန်တော့
သည့်၊ ခဏကြီးအားဖြင့် မည်မျှကြာသင့်သည်ကိုလည်း ရေတွက်လေ။ ]
[ဆောင်] ကမ္မဇရုပ်,ချုပ်ပြီးနောက်မှ, စိတ္တဇတို့, ခဏအငယ်,
လေးဆယ်နှင့်ရှစ်,စေ့တုံလစ်, စိစစ်လေကွဲ့, ဆုံးသတဲ့။
-
<mark>အာဟာရဇရုပ်</mark> — ဗဟိဒ္ဓမှ မျိုးအပ်သော အာဟာရလည်း ရှိစေ,
အဇ္ဈတ္တ အာဟာရနှင့် ပူးပေါင်းမိသည့်လည်း ဖြစ်စေ, ဝိညာဏ် အထောက်
အညံ့လည်း ရသည်ဖြစ်စေ, ဤသုံးပါး ညီညွတ်လျှင် <mark>အာဟာရဇရုပ်</mark> ဖြစ်နိုင်၏၊
<mark>ထို့ကြောင့်</mark> စုတိစိတ်၏ ဘင်တိုင်အောင်ပင် ဝိညာဏ် အထောက်အပံ့ ရှိသေး
သောကြောင့် <mark>အာဟာရဇရုပ်</mark>များ ဖြစ်ကြသေး၏ ဟု ဆိုကြ၏၊ ၎င်း အလို
ခဏငယ် ၅၁ ချက်တွင် စုတိစိတ်၏ ဘင်ခဏအတွက် ၁ ချက်နှုတ်၍ စုတေပြီး
နောက် ခဏငယ် ၅ဝ ခန့်ကြာမှ <mark>အာဟာရဇရုပ်</mark>များ ချုပ်သည် ဟု ယူရပေ
မည်၊ ခဏကြီးအားဖြင့်လည်း ရေတွက်လေ၊
[ဆောင်] ကမ္မဇရုပ်, ချုပ်ပြီးနောက်မှ, ဟာရဇတို့, ခဏအငယ်,
ငါးဆယ်တိတိ,ပြည့်တုံဘိ, တွက်သိလေကွဲ့ ဆုံးသတဲ့။
-
ဥတုဇရုပ် — ဥတုဇရုပ်ကား – ယာဝ <mark>မတကဋေဝရ</mark>သင်္ခါတာ ”
– အရ
အလောင်းကောင် တိုင်အောင် ဆက်၍ ဖြစ်ကြ၏။ [ ကဋေဝရ သဒ္ဒါသည်
အလောင်းကောင်ကို ဟော၏၊] ဤ"ယာဝ <mark>မတကဋေဝရ</mark>သင်္ခါတာ"ဟူသော
စကားလည်း တဘဝအတွက် ပုံသဏ္ဌာန် မပျက်သေးခင် ပိုင်းခြား၍ ဆိုသော
စကားများသာ တည်း၊ စင်စစ်မှာ အလောင်းကောင် အဖြစ်မှ အရိုးစု တိုင်
အောင်-အရိုးဆွေး၍မြေမှုန့်အဖြစ်တိုင်အောင် ဥတုဇရုပ်ကလာပ်တို့ဆက်ကာ
ဆက်ကာ ကမ္ဘာပျက်သည့်တိုင်အောင်ပင် ဖြစ်ရစ်နိုင်သည်။
[ဆောင်] ကမ္မ-စိတ္တ, ဟာရဇတို့, ချုပ်ကြပြီးနောင်, အလောင်း
ကောင်မှ,စ၍ဆက်ဆက်, ကမ္ဘာပျက်မှ, တိုင်အောင်
ဥတုဇချည်းတဲ့။
နိဿယနှင့်အဓိပ္ပါယ်
၃ ၆ ၃
၆။ ဣစ္စေဝံ-ဤဆိုအပ်ပြီးသော အစဉ်ဖြင့်၊
ရုပ် သံသရာစက်
<mark>မတသတ္တာနံ</mark>-ရတေကုန်သော သတွာတို့၏
(သန္တာန်)၌၊ <mark>ပုနဘဝေ</mark>'တဘန်သာလျှင်၊ ဘဝန္တရေ-ဘဝတပါး
၌၊ ပဋိသဒ္မ - ပဋိသန္ဓေကို၊ ဥပါဒါယ-အစပြု၍၊ တထာ - ထို
ဆိုခဲ့သည့်အတိုင်း၊ ရူပံ-ရုပ်သည်။ ပဝတ္တတိ'ဖြစ်ပြန်၏။
-
၆။ ရုပ်သံသရာစက်။ ။ ဣစ္စေဝံ၊ပေ၊ပဝတ္တတိ'ကား ရုပ်သံသရာစက်
လည်ပုံကိုပြသော ဂါထာတည်း။ ဤ ပြခဲ့သော အစဉ်အားဖြင့် စုတေသော
သတွာတို့သန္တာန်၌ နောက်ဘဝဝယ် ပဋိသန္ဓေ၏ ဥပါဒ်မှစ၍ ပြခဲ့သည့် အစဉ်
အတိုင်း ကမ္မဇ စိတ္တဇ ဥတုဇ <mark>အာဟာရဇရုပ်</mark>များ ဖြစ်ပြန်လေသည်။
လေ့ကျင့်ခဏ်း မေးခွန်းများ
က။
ကမ္မဇ<mark>ရုပ်တို့သည်</mark> အဘယ်အခါကစ၍ ဖြစ်သနည်း,သင်္ဂြိုဟ်<mark>ထောက်ပါ</mark>။
ခ ။ ဘယ်အခါ နောက်ဆုံးဖြစ်၍ ဘယ်အခါ နောက်ဆုံး ချုပ်သနည်း။
စိတ္တဇ<mark>ရုပ်တို့သည်</mark> ဘယ်အခါကစ၍ ဖြစ်သနည်း, သင်္ဂြိုဟ်<mark>ထောက်ပါ</mark>။
ဃ။ ဘယ်အခါ၌နောက်ဆုံးဖြစ်၍ ဘယ်အခါ အဆုံးသတ် ချုပ်သနည်း။
စိတ္တဇံတို့ အဆုံးသတ် ချုပ်ရာကာလကို ပြသော လင်္ကာကို ရွတ်ပါ။
ဥတုဇ<mark>ရုပ်တို့သည်</mark> ဘယ်အခါကစ၍ ဖြစ်သနည်း, သင်္ဂြိုဟ်<mark>ထောက်ပါ</mark>။
ဆ။ ဘယ်အခါတိုင်အောင် ဖြစ်နိုင်သနည်း, သင်္ဂြိုဟ်<mark>ထောက်ပါ</mark>။
ဥတုဇတို့ အဆုံးသတ် ချုပ်ရာကိုပြသော လင်္ကာကို ရွတ်ပါ။
၅။ အာဟာရဇ<mark>ရုပ်တို့သည်</mark> ဘယ်အခါကစ၍ ဖြစ်တတ်သနည်း။
ည။ ဘယ်အခါ၌ နောက်ဆုံးဖြစ်၍ ဘယ်အခါ အဆုံးသတ် ချုပ်သနည်း။
အာဟာရဇတို့ အဆုံးသက်ချုပ်ရာကို ပြသော လင်္ကာကို ရွဘ်ပါ။
ဌ ။ ဣစ္ဆေဒံ <mark>မတသတ္တာနံ</mark> စသော ဂါထာကို အနက်ပေးပါ။
၅ဝ

---

## Trang 202

၇။ ပန-<mark>အဘို့တပါး</mark>ကား၊ ရူပလောကေ-ရူပဘုံ၌၊ <mark>ဃာန</mark>
ဇိဝှါ ကာယ <mark>ဘာဝ</mark> ဒသကနိစ - <mark>ဃာန</mark> ဇိဝှါ ကာယ <mark>ဘာဝ</mark>
ဒသက တို့ကို၎င်း၊ အာဟာရဇ <mark>ကလာပါ</mark>ရှိစ – အာဟာရဇ
ကလပ်တို့ကို၎င်း၊ <mark>န လဗ္ဘန္တိ</mark> – မရအပ်ကုန်၊ တသ္မာ - ထို
ကြောင့်၊ တေသံ – ထို ရူပဗြဟ္မာတို့၏၊ <mark>ပဋိသန္ဓိကာလေ</mark>-ပဋိ
သန္ဓေအခါ၌၊<mark>စက္ခု သောတ</mark> ဝတ္ထုဝသေန-<mark>စက္ခု သောတ</mark>ဝတ္ထု
တို့၏ အပြားအားဖြင့်၊ တီဏိ − သုံးပါးကုန်သော၊ ဒသကနိ-
ဒသကတို့၎င်း၊ <mark>ဇီဝိတနဝက</mark>ဉ္စ-<mark>ဇီဝိတနဝက</mark>င်း၊ ဣတိ-ဤသို့၊
စတ္တာရော - လေးပါးကုန်သော၊ ကမ္မသမုဋ္ဌာန <mark>ကလာပါ</mark>
-
၇။ ရူပဘုံ၌ ရထိုက်သောရုပ်များ။ ။ရူပလောကေ၊ပေ၊လဗ္ဘတိ-
ဤစကားကား အသညသတ်မှ တပါးသော ရူပဘုံ၌ ရသမျှ ရုပ်ကလာပ်ကို
ပြသော စကားတည်း၊ ရူပဘုံ၌ ကမ္မဇကလာပ် ၉ စည်းတွင် <mark>ဃာန</mark> စသော
ကလာပ် ၄ စည်း မရထိုက်၊ အဘယ့်ကြောင့်နည်း......<mark>ဃာနပသာဒ</mark> ရှိခြင်း
ကြောင့် နမ်းရှူချင်စိတ်ဖြစ်၏၊ ဇိဝှါပသာဒ ရှိခြင်းကြောင့် စားသောက်ချင်စိတ်
ဖြစ်၏၊ ကာယပသာဒ ရှိခြင်းကြောင့် တို့ချင် ထိချင်စိတ် ဖြစ်၏၊ <mark>ဘာဝ</mark>ရုပ်
ရှိခြင်းကြောင့် မေထုန်အမှုကို ပြုလို၏၊ ဤသို့ <mark>ဃာန</mark> စသော ရုပ်ကလာပ်တို့သည်
ကာမဂုဏ် စိတ်ဓာတ်ကို တိုးပွားစေသော ရုပ်များ တည်း၊ ရူပဘုံကလည်း
ကာမဂုဏ်ကို စက်ဆုပ်သော ဗြဟ္မာတို့၏ နေရာတည်း၊ <mark>ထို့ကြောင့်</mark> ဃာန
စသော ရုပ်ကလာပ်များ မရထိုက်။
[ဆောင်] ကာမစိတ်ဓာတ်, ပွားစေတတ်သဖြင့်, <mark>ဃာနတ္တယ</mark>,
ဘာဝ နှစ်ထွေ, ဗြဟ္မာ့ပြေ, မှတ်လေ မရထိုက်။
<mark>စက္ခု သောတ</mark> ပသာဒတို့ အတွက်ကား ဘုရားဖူး တရားနာ ကျေးဇူး
များသော နေရာဌာနများလည်း ရှိသေးသောကြောင့် ချွင်းချက် ထားသည့်၊
နိဿယနှင့်အဓိပ္ပါယ်
-
၃ ၉ ၁
ကမ္မသမုဋ္ဌာန်ကလာပ်တို့ကို၊<mark>လဗ္ဘန္တိ</mark>-ရအပ်ကုန်၏၊ပဝတ္တိယံ-
ပဝတ္တိအခါ၌၊ <mark>စိတ္တောတု</mark> သမုဋ္ဌာနာစ - စိတ္တသမုဋ္ဌာန် ဥတု
သမုဋ္ဌာန်ကလာပ်တို့ကိုလည်း၊ <mark>လဗ္ဘန္တိ</mark>-ရအပ်ကုန်၏။
--
-
ဂ။ ပန − အဘို့ တပါးကား၊ အသညသတ္တာနံ - အသည
သတ်ဗြဟ္မာတို့၏(သန္တာန်၌)၊ စက္ခု၊ သောတ ဝတ္ထု <mark>သဒ္ဒါပိ</mark>-
စက္ခုဒသက <mark>သောတ</mark>ဒသက ဝတ္ထုဒသက သဒ္ဒနဝကတို့ကို
<mark>ထို့ကြောင့်</mark> ရူပဗြဟ္မာတို့၏ ပဋိသန္ဓေအခါ၌ <mark>စက္ခု သောတ</mark> ဝတ္ထုဒသက ဇီဝိတ
နဝက ဤ ကလာပ် ၄ စည်းသာ ရထိုက်သည်။ [ ရူပဘုံ၌သာ ဇီဝိတ နဝက
ကလာပ်ကို တိုက်ရိုက်ပြ၍ ကာမဘုံ၌ မပြခဲ့သည့်ပြင်
"သန္တိ သဗ္ဗာနိ ရူပါနိ, ကာမေသု စတုသမ္ဘဝါ၊
<mark>ဇီဝိတနဝက</mark>ံ ဟိတွာ, ကလာပါ´<mark>ဟောန္တိ</mark> ဝီသတိ"....ဟု
ကာမဘုံ၌ <mark>ဇီဝိတနဝက</mark> ကလာပ် မရှိကြောင်းကို ပရမတ္ထ ဝိနိစ္ဆယ၌ အရှင်
အရုဒ္ဓါ ကိုယ်တော်တိုင် မိန့်ဆိုထား၏၊ သင့်မသင့်ကို ဘာသာဋီကာမှာရှူ။
--
<mark>စိတ္တောတု</mark>သမုဋ္ဌာနား — ပဝတ္တိ အခါ၌ကား စိတ္တဇကလာပ် ဥတုဇ
ကလာပ်များ အားလုံးပင် ရထိုက်၏၊ ဗြဟ္မာတို့၌ <mark>ခဲဖွယ်</mark>ဘောဇဉ်ကို စားမျို
ခြင်း မရှိရကား အတွင်းသန္တာန်မှာ သြဇာရုပ် ရှိသော်လည်း ဗဟိဒ္ဓဩဇာနှင့်
ပူးပေါင်းရခြင်း မရှိသည့်အတွက် <mark>အာဟာရဇရုပ်</mark>များ မရကြချေ။ <mark>ထို့ကြောင့်</mark>
ဗြဟ္မာတို့သန္တာန်၌ ကမ္မဇ စိတ္တဇ ဥတုဇရုပ်များသာ ရှိသည်။
[ဗြဟ္မာများသည့် မိမိတို့ဈာန်၌နှစ်သက်ခြင်းပီတိဖြင့် တင်းတိမ်ကာ အစာ
မစားဘဲနေနိုင်ကြသည်၊ လူတို့သည့် တစုံတခုကို အားရပါးရ ပီတိကျနေသည့်
အခါ ဘာကိုမျှ မစားဘဲ နေနိုင်ကြသကဲ့သို့ တည်း၊ ဗြဟ္မာတို့၌ <mark>ဘာဝ</mark>
မရှိသော်လည်း ပုံသဏ္ဌာန်မှာ ယောက်ျားလိုပင်တည်း။ ]

---

## Trang 203

လည်း၊ <mark>န လဗ္ဘန္တိ</mark>-မရအပ်ကုန်၊ တထာ-ထို အထူ၊ <mark>သဗ္ဗာနိပိ</mark>-
အလုံးစုံလည်း ဖြစ်ကုန်သော၊ <mark>စိတ္တဇရူပါနိ</mark> - စိတ္တဇရုပ်တို့ကို၊
<mark>န လဗ္ဘန္တိ</mark> - မရအပ်ကုန်၊ တသ္မာ - <mark>ထို့ကြောင့်</mark>၊ တေသံ-ထို
အသညသတ်ဗြဟ္မာတို့၏၊ ပဋိသန္ဓေကာလေ-ပဋိသန္ဓေ အခါ၌၊
<mark>ဇီဝိတနဝက</mark>မေဝ - <mark>ဇီဝိတနဝက</mark> ကလာပ်သည်သာလျှင်၎င်း၊
ပဝတ္တိယံစ - ပဝတ္တိ အခါ၌လည်း၊ <mark>သဒ္ဒဝဇ္ဇိတံ</mark> - သဒ္ဒသည်
ကြဉ်အပ်သော၊ဥတုသမုဋ္ဌာနရူပံ-ဥတုသမုဋ္ဌာန်ရုပ်သည်၎င်း၊
အတိရိစ္ဆတိ – ကြွင်းကျန်၏၊ အတိရိစ္ဆတိ-ကား ပါဠိပျက်။
-
၈။ အသညသတ္တာနံ၊ပေ၊စက္ခုသောတဝတ္ထု<mark>သဒ္ဒါပိ</mark>— အသညသတ်
ဗြဟ္မာတို့ သန္တာန်၌ စက္ခု<mark>သောတ</mark> ဝတ္ထုဒသကနှင့် သဒ္ဒနဝက ကလာပ်များ
မရထိုက်၊ သဒ္ဒါပိ၌ <mark>အပိသဒ္ဒါ</mark>ဖြင့် ရှေး ရူပ ဗြဟ္မာများ မရထိုက်သော <mark>ဃာန</mark>
ဇိဝှါ ကာယ <mark>ဘာဝ</mark>ဒသကနှင့် အာဟာရဇ ကလာပ်များလည်း မရထိုက်ဟု
ဆောင်သည်၊ <mark>ထို့ကြောင့်</mark> ကမ္မဇကလာပ် ၉ စည်းတွင် ပဋိသန္ဓေအခါ၌ ဇီဝိတ
နဝက တစည်းသာ ရတော့၏၊ <mark>ထို့ကြောင့်</mark> "တသ္မာ တေသံ ပဋိသန္ဓေကာလေ
<mark>ဇီဝိတနဝက</mark>မေဝ" ဟု မိန့်၏၊ စိတ်မရှိသောကြောင့် စိတ္တဇကလာပ် အားလုံး
မရထိုက်ရကား "သဗ္ဗာနိပိ <mark>စိတ္တဇရူပါနိ</mark>" ဟု မိန့်သည်။
<mark>သဒ္ဒဝဇ္ဇိတံ</mark> ဥတုသမုဌာနရူပံ− ပဝတ္တိအခါ ဥတုဇကလာပ် ၄ စည်း
တွင် သဒ္ဒဆိုင်ရာက မရသောကြောင့် သုဒ္ဓဋ္ဌကနှင့် <mark>လဟုတာဒိ ဧကာဒသက</mark>
ကလာပ် ၂ စည်းသာ ရသည်၊ <mark>ထို့ကြောင့်</mark> အသညသတ်ဘုံ၌ အဝိနိမ္ဘောဂ
<mark>ရုပ် ၈</mark>, ဇီဝိတ ၁, လဟုတာ စသော ရုပ် ၃, ရုပ်ကလာပ်တိုင်း၌ ပါနိုင်သော
လက္ခဏရုပ် ၄, အာကာသဓာတ် ၁, ပေါင်း ၁၇ သာ ရသည်။
[အရှင်အနုရုဒ္ဓါသည် ရူပဘုံ၌ ဖြစ်နိုင်သော ရုပ်များကိုသာ ပြ၏၊ ဖြစ်စဉ်
ချုပ်စဉ်ကို မပြ၊ ထိုသို့ မပြခြင်းကား ကာမဘုံ၌နှင့် များစွာမထူးသောကြောင့်
ဖြစ်သည်၊ အနည်းငယ် ထူးဟန်ကိုကား ဘာသာဋီကာမှာ ရှု။
နိဿယနှင့်အဓိပ္ပါယ်
၃၉၇
၉။ ဣစ္စေဝံ-ဤဆိုအပ်ပြီးသောအစဉ်ဖြင့် ကာမရူပါသည
<mark>သင်္ခါတေသု</mark> - ကာမ ရူပ အသညသတ်ဟု ဆိုအပ်ကုန်သော၊
တိံသု – သုံးပါးကုန်သော၊ ဋ္ဌာနေသု – ဘုံဌာနတို့၌၊ ပဋိသန္ဓေ
ပဝတ္တိဝသေန-ပဋိသန္ဓေ ပဝတ္တိတို့၏ အပြားအားဖြင့်၊ <mark>ဒွိဓာ</mark>-
• နှစ်ပါး အပြားရှိသော၊ ရူပ ပဝတ္တိ - ရုပ်တို့၏ ဖြစ်ပျက်ပုံကို၊
ဝေဒိတဗ္ဗာ-သိအပ်၏။
သင်္ဂဟ
-
၁၀။ ကာမေသု - ကာမဘုံတို့၌၊ အဋ္ဌဝီသတိ-
<mark>နှစ်ဆယ့်ရှစ်ပါး</mark>သော၊ ရူပါနိ – <mark>ရုပ်တို့သည်</mark>၊
ဟောန္တိ-ဖြစ်ကုန်၏၊ <mark>ရူပေသု</mark> -အသညသတ်မှတပါး, ရူပတဆဲ့
ငါးဘုံတို့၌၊ <mark>တေဝီသ</mark>-နှစ်ဆဲ့သုံးပါးသော၊ ရူပါနိ-<mark>ရုပ်တို့သည်</mark>၊
ဟောန္တိ – ဖြစ်ကုန်၏၊ အသညီနံ - အသညသတ် ဗြဟ္မာတို့၏
(သန္တာန်)၌၊ <mark>သတ္တရသေဝ</mark>− တဆဲ့ခုနစ်ပါးသော <mark>ရုပ်တို့သည်</mark>
သာ၊ <mark>ဟောန္တိ</mark>-ဖြစ်ကုန်၏၊ အရူပေ-အရူပဘုံ၌၊ <mark>ကိဉ္စိပိ</mark>-ဘယ်ရုပ်တခု
မျှလည်း၊ နတ္ထိ-မရှိ။
၉။ ဣစ္စေဝံ ၊ ပေ ၊ ဝေဒိတဗ္ဗာ
ဝေဒိတဗ္ဗာ— ကား ကာမ ရူပ အသညသတ်ဘုံ
တို့၌ ရုပ်တို့၏ ဖြစ်ပျက်ပုံကို နိဂုံးအုပ်သော စကာ:တည်း။
၁၀။ သင်္ဂဟဂါထာ။ ။အဋ္ဌဝီသတိ၊ပေ၊<mark>ကိဉ္စိပိ</mark>-ကား သင်္ဂဟဂါထာ
တည်း၊ ကာမဘုံ၌ ရုပ် <mark>၂၈</mark> ပါးလုံး ရထိုက်၏၊ အသညသတ်မှတပါး ရူပ
၁၅ ဘုံ၌ ( <mark>ဃာန</mark> ဇိဝှါ ကာယပသာဒနှင့် <mark>ဘာဝ</mark>ရုပ် ၂ ကြဉ် ) ရုပ် ၂၃ ပါး
ရထိုက်၏၊ အသညသတ်ဘုံ၌ ရထိုက်သော ရုပ် ၁၇ ပါးကား . ....
[ဆောင်] အဝိနိဗ္ဗောဂ, ဇီဝိတနှင့်, သုံးဝ လဟု'တာဒိရှု၍,
စတုလက္ခဏာ, အာကာသာ, ပေါင်းပါ ဆဲ့ခုနစ်။

---

## Trang 204

သဒ္ဒေါ - <mark>သဒ္ဒရုပ်</mark>ကို၎င်း၊ ဝိကာရော - ဝိကာရရုပ် ငါးခု
ကို၎င်း၊ ဇရတာ - ဇရတာရုပ်ကို၎င်း၊ မရဏဉ္စ - အနိစ္စတာ
ရုပ်ကို၎င်း၊ ဥပပတ္တိယံ<mark>-ပဋိသန္ဓေတည်နေကာလ</mark>, ဥပါဒ်ခဏ၌၊
<mark>န လဗ္ဘန္တိ</mark> - မရအပ်ကုန်၊ <mark>ပဝတ္တေသု</mark> - ပဝတ္တိ အခါ၌ကား၊
<mark>ကိဉ္စိပိ</mark>-ဘယ်ရုပ်တခုမျှလည်း၊ <mark>န လဗ္ဘတိ</mark> – မရအပ်သည်မရှိ
ရအပ်သည်သာ ... အယံ - ဤသည်ကား၊ ဧတ္ထ – ဤရူပ ပရိ
စ္ဆေဒ၌၊ <mark>ရူပပဝတ္တိက္ကမ</mark>-<mark>ရူပပဝတ္တိက္ကမ</mark>တည်း။
-
သဒ္ဒါဝိကာရော ၊ ပေ ၊ <mark>န လဗ္ဘန္တိ</mark> တိ'ဤဂါထာလည်း ပဋိသန္ဓေအခါ
ပဝတ္တိအခါတို့၌ ရထိုက်သော ရုပ်ကို အကျဉ်းချုပ်သော သင်္ဂဟဂါထာပင်
တည်း၊ ဥပပတ္တိယံ 'အရ ပဋိသန္ဓေ၏ ဥပါဒ်ခဏကိုသာ ယူ၊ ထို ဥပါဒ်ခဏ၌
<mark>သဒ္ဒရုပ်</mark>-ဝိညတ်ဒွေး-လဟုတာစသော ဝိကာရရုပ်များ – ဇရတာ အနိစ္စတာ
ရုပ်များ မရှိနိုင်၊ ပဝတ္တိကာလ၌ကား ရုပ် <mark>၂၈</mark> ပါးလုံး ထိုက်သလို ရနိုင်သည်။
လေ့ကျင့်ခဏ်း မေးခွန်းများ
-
က။
ရူပဘုံ၌ မည်သည့်ရုပ်များ မရထိုက်သနည်း, သင်္ဂြိုဟ်စုဏ္ဏိယ <mark>ထောက်ပါ</mark>။
ခ။
<mark>ဃာန</mark>ဒိတ္တယ <mark>ဘာဝ</mark>ရုပ်တို့ အဘယ့်ကြောင့် ရူပဘုံ၌ မရသနည်း။
ဂ။
ရူပဗြဟ္မာများ၌ <mark>အာဟာရဇရုပ်</mark>များ ဘယ့်ကြောင့် မရထိုက်သနည်း။
ဃ။
ဗြဟ္မာများ၌ <mark>ဘာဝ</mark>ရုပ် မရှိလျှင် ရုပ်ပုံသဏ္ဌာန် ဘယ်သို့ ရှိသနည်း။
င။
အသညသတ်ဘုံ၌ ကမ္မဇကလာပ်တွင် ဘယ်ကလာပ်သာ ရသနည်း။
စ။
ဥတုဇကလာပ် ၄ စည်းတွင် အဘယ်ကလာပ်သာ ရသနည်း။
ဆ။
စိတ္တဇကလာပ်အားလုံး အဘယ့်ကြောင့် မရသနည်း။
ဇ။
ပဋိသန္ဓေ၏ ဥပါဒ်ခဏ၌ မရထိုက်သော ရုပ်များကို ကောက်ပြပါ။
<mark>ရူပပဝတ္တိက္ကမ</mark> ပြီး၏။
နိဿယနှင့်အဓိပ္ပါယ်
၃ ၉ ၉
၁။ ပန-အဘို့ တပါးကား၊ လောကုတ္တရ သင်္ခါ<mark>တံ</mark>-
နိဗ္ဗာန်
လောကုတ္တရာ ဟု ဆိုအပ်သော၊ စတုမဂ္ဂညာဏေန-
လေးပါးသော မဂ်ဉာဏ်ဖြင့်၊ <mark>သစ္ဆိကာတဗ္ဗံ</mark> - မျက်မှောက်
ပြုအပ်သော၊ မဂ္ဂဖလာနံ -- မဂ်ဖိုလ် တရား တို့၏
<mark>အာရမ္မဏ</mark>
ဘူတံ-အာရုံဖြစ်၍ ဖြစ်သော၊ နိဗ္ဗာနံ-နိဗ္ဗာန်ကို၊ <mark>ဝါနသင်္ခါတာယ</mark>-ဝါန ဟု ဆိုအပ်သော၊ တဏှာယ-တဏှာမှ၊ နိက္ခန္တတ္တာ-
ထွက်မြောက်တတ်သည်၏ အဖြစ်ကြောင့်၊ <mark>နိဗ္ဗာနန္တိ</mark> - နိဗ္ဗာန်
ဟူ၍၊ <mark>ပဝုစ္စတိ</mark>-ဆိုအပ်၏။
ဟု
နိဗ္ဗာန်ပိုင်း။ ။ " စိတ္<mark>တံ</mark> စေတသိကံ ရူပံ နိဗ္ဗာန မိတိ သဗ္ဗထာ "
မာတိကာ စဉ်၍ ပြခဲ့သည့် အတိုင်း နိဗ္ဗာန် အကြောင်းကို ပြရာ အခဏ်းကို
" နိဗ္ဗာန်ပိုင်း " ဟု ခေါ်ဆိုထိုက်၏၊ သို့သော် နိဗ္ဗာန်အကြောင်းကို အနည်း
ငယ်သာ ပြလိုသောကြောင့် တခဏ်း တနား တပိုင်း အဖြစ်ဖြင့် မထားဘဲ
ရုပ်ပိုင်း၏ နောက်ဆက်တွဲအနေ ရုပ်ပိုင်း၌ပင် ထည့်သွင်းခဲ့လေသည်။
၁။
0
နိဗ္ဗာနံ၊ ပေ၊
၊ ပေ၊ <mark>နိဗ္ဗာနန္တိ</mark> ပဝုစ္စတိ'ပဌမ"နိဗ္ဗာနံ"ပုဒ်သည် နိဗ္ဗာန်
ဟူသောသဘောတရားကို ပြ၏၊ <mark>နိဗ္ဗာနန္တိ</mark>၌ နိဗ္ဗာနံပုဒ်ကား နာမည်ကို ပြ၏၊
[ကျောင်းကို(အထည်ဒြဗ်ပြ)ကိန်းအောင်းရာ ဖြစ်သောကြောင့် ကျောင်းဟု
ခေါ်၏ (နာမည်ပြ) ဟူသကဲ့သို့တည်း။ ]
စတုမဂ္ဂညာဏေန <mark>သစ္ဆိကာတဗ္ဗံ</mark>… သောတာပတ္တိ <mark>မဂ်ဉာဏ်</mark> စသော
<mark>မဂ်ဉာဏ်</mark> ၄ ပါးဖြင့် မျက်မှောက်ပြုအပ်၏။ " မျက်မှောက်ပြု" ဆိုသည်ကား
တိုက်ရိုက် မျက်စိဖြင့် မြင်ရသကဲ့သို့ သိမြင်ခြင်းတည်း၊ <mark>မဂ်ဉာဏ်</mark>ကို မရခင်
ကာမာဝစရ <mark>ဉာဏ်</mark>ဖြင့်ကား တိုက်ရိုက်မမြင် မှန်းဆ၍သာ သိနိုင်သည်။ ထို
<mark>နိဗ္ဗာန်သည်</mark> မဂ်ဖိုလ်တရားများ၏ အာရုံပေတည်း၊ <mark>ထို့ကြောင့်</mark>"မဂ္ဂဖလာန
မာရမ္မဏဘူ<mark>တံ</mark>" ဟု မိန့်သည်။

---

## Trang 205

၂။ တံ - ထို <mark>နိဗ္ဗာန်သည်</mark>၊ သဘာဝတော - သဘော
အားဖြင့်၊ ဧကဝိဓံပိ – တမျိုးထည်းသာ ရှိပါသော်လည်း၊ သ
ဥပါဒိသေသ <mark>နိဗ္ဗာနဓာတု</mark> - သ ဥပါဒိသေသ နိဗ္ဗာနဓာတ်၎င်း၊
အနုပါဒိသေသ <mark>နိဗ္ဗာနဓာတု</mark>စ - အနုပါဒိသေသ နိဗ္ဗာနဓာတ်
၎င်း၊ ဣတိ-ဤသို့၊ ကာရဏပရိယာယေန = မှတ်သားကြောင်း
ပရိယာယ်အားဖြင့်၊ ဒုဝိဓံ – နှစ်ပါး အပြားရှိသည်၊ ဟောတိ-
ဖြစ်၏။
-
<mark>ဝါနသင်္ခါတာယ</mark> တဏှာယ'တဏှာကို "ဝါန"ဟု ခေါ်၏၊ [ဝါ==
ဆက်သွယ်တတ်သော တရား၊ ] အပ်ချုပ်သမားသည် <mark>အဝတ်တစ်စနှင့်</mark> တစ်စကို
ဆက်သွယ် ချုပ်ပေးသကဲ့သို့ တဏှာလည်း ယခု ပစ္စုပ္ပန်ဘဝနှင့် နောင် အနာ
ဂတ် ဘဝကို ဆက်သွယ်ပေး၏၊ <mark>ထို့ကြောင့်</mark> တဏှာ မကုန်သေးသမျှ ဘဝ
သံသရာမှ မလွတ်နိုင်ကြချေ။
နိက္ခန္တတ္တာ <mark>နိဗ္ဗာနန္တိ</mark>'နိဗ္ဗာန်တရားကား ထို ဝါနမှ ထွက်မြော်လေပြီ။
"ထွက်မြောက်" ဆိုသည်ကား "အာရုံပြု မခံရပြီ, တဏှာ့စက်ကွင်းမှ လွတ်
ကင်းလေပြီ " ဟု ဆိုလိုသည်၊ ဤ – <mark>ဝါနသင်္ခါတာယ</mark> နိက္ခန္တတ္တာ " ပါဌ်ဖြင့်
နိဗ္ဗာန၌ "နိ+ဝါန" ဟု ပုဒ်ခွဲ၍ " ဝါနတော+နိက္ခန္တတိ, နိဗ္ဗာနံ" ဟု
သမာသ် <mark>တွဲစေလိုသည်</mark>၊ [ နိရ်ဝါဏဟု သက္ကတ၌ ရှိသောကြောင့် "နိဗ္ဗာဏ"
ဟုလည်း ရေးသားကြသေး၏။ ]
။
-
၂။ နိဗ္ဗာန် ၂ မျိုး။
[သ+<mark>ဘာဝ</mark>။
။သ<mark>ဘာဝ</mark>တော ဧကဝိဓံပိ
၁=မိမိ၏+<mark>ဘာဝ</mark>=လက္ခဏာ ] စိတ်သည့် <mark>အာရမ္မဏ</mark>ဝိဇာနနလက္ခဏာ
အားဖြင့် တမျိုးထည်းသာ − ဖဿသည့် ဖုသနလက္ခဏာအားဖြင့် တမျိုး
ထည်းသာ ရှိသကဲ့သို့ နိဗ္ဗာန်ဟူသော သဘောတရားလည်း သန္တိလက္ခဏာ
( <mark>ငြိမ်းခြင်း</mark> ) ဟူသော မိမိလက္ခဏာအားဖြင့် တမျိုးထည်းသာ ရှိသည်။
နိဿယနှင့်အဓိပ္ပါယ်
၄၀၀
[ဧကခံ အရ တပါးထည်းသာ ဟု ဆိုသောကြောင့် ရဟန္တာ အားလုံး၏
<mark>နိဗ္ဗာန်သည်</mark> ( အများဆိုင် ပစ္စည်းတခုအလား) တပါးထည်းသာ ရှိ၏ ဟု
မမှတ်လင့်၊ ကိုယ့်စိတ်နှင့်ကိုယ် ရှိသကဲ့သို့, ကိုယ့်နိဗ္ဗာန်နှင့်ကိုယ်ရှိရာ၏။ ]
====
သ ဥပါဒိသေသ <mark>နိဗ္ဗာနဓာတု</mark>— [သ+ ဥပါဒိ + သေသ။ သေသ
ကိလေသာတို့မှ ကြွင်းကျန်ရစ်သေးသော+ဥပါဒိ … ဝိပါက် နာမ် ခန္ဓာနှင့်
ကမ္မဇ ရုပ်ခန္ဓာ+သ = ရှိသည်။ ] မဂ်ဖြင့် ကိလေသာကို ပယ်သည့် အခါ
ခန္ဓာအစဉ်၌ ကိလေသာ ကုန်သွားသည်ရှိသော် ဖြစ်မြဲတိုင်းသော ဝိပါက်နာမ်
ခန္ဓာနှင့် ကမ္မဇရုပ်များ ကြွင်းကျန်ရစ်၏၊ ကိလသာတို့မှ ကြွင်းကျန်ရစ်သော
ထို ဝိပါက် ကမ္မဇရုပ်ဖြင့် မှတ်အပ်သော နိဗ္ဗာနဓာတ်ကို " သဥပါဒိသေသ
နိဗ္ဗာနဓာတ်" ဟု ခေါ်သည်၊ " ဝိပါက်နာမက္ခန္ဓာ ကမ္မဇရုပ် မချုပ်သေးခင်
(ပရိနိဗ္ဗာန်မစံခင်) အာရုံပြုအပ်သော.နိဗ္ဗာန်" ဟူလို။
-
"အနုပါဒိသေသ <mark>နိဗ္ဗာနဓာတု</mark> – [န+ဥပါဒိ+သေသ] ကိလေသာ
တို့မှ ကြွင်းကျန်ရစ်သည့် ဝိပါက်ကမ္မဇရုပ် မရှိသော နိဗ္ဗာနဓာတ် တည်း၊
"ဝိပါက် နာမက္ခန္ဓာ ကမ္မဇရုပ် ချုပ်ပြီးနောက် (ပရိနိဗ္ဗာန်စံသည့်အခါ) ရအပ်
သော နိဗ္ဗာန်" ဟူလို။
ဒုဝိဓိကာရဏ ပရိယာယေန – [ကာရဏပရိယာယ = အကြောင်း
ပရိယာယ်၊ ဝါ=ကာရဏူပစာ၊] သဥပါဒိသေသ အနုပါဒိသေသသည်နိဗ္ဗာန်
ကို မှတ်သားကြောင်း တည်း၊ ဤသို့ မှတ်သားကြောင်း ဖြစ်သော လက္ခဏက
၂ မျိုး ရှိသောကြောင့် မှတ်သားအပ်သော (လက္မ)နိဗ္ဗာန်လည်း အကြောင်း
လက္ခဏ၏ သဥပါဒိသေသ အနုပါဒိသေသ အမည်ကို အကျိုးလက္မ၌ တင်
စားလျက် ကာရဏူပစာရ အားဖြင့် သဥပါဒိသေသနိဗ္ဗာန် - အနုပါဒိသေသ
နိဗ္ဗာန်ဟု ၂ မျိုး ပြားရလေသည်။
၅၁
