## Trang 206

၃။ တထာ – ထိုမှတပါး၊ သုညတံ – သုညတနိဗ္ဗာန်၎င်း၊
<mark>အနိမိတ္တံ—အနိမိတ္တ</mark>နိဗ္ဗာန်၎င်း၊ အပ္ပဏိဟိတဉ္စ – အပ္ပဏိဟိတ
နိဗ္ဗာန်၎င်း၊ ဣတိ - ဤသို့၊ အာကာရ ဘေဒေန – အခြင်းအရာ
တို့၏ အပြားအားဖြင့်၊ တိဝိဓံ-သုံးပါးအပြားရှိသည်၊ ဟောတိ-
ဖြစ်၏။
၃။ တနည်း နိဗ္ဗာန် ၃ မျိုး။ ။သုညတာကာရ အနိမိတ္တာကာရ
အပ္ပဏိဟိတာကာရ အားဖြင့်လည်း နိဗ္ဗာန် ၃ မျိုး ပြားပြန်၏။
66
သုညတ— “ သုည ” <mark>သည့်</mark> သုဉ်းခြင်း, ကင်းခြင်း, မရှိခြင်း ဟူ<mark>သော</mark>
အဓိပ္ပါယ်ကိုပြ၏၊ နိဗ္ဗာန်သည်လည်း ရာဂ ဒေါသ မောဟနှင့်တကွ ရုပ်ခန္ဓာ
<mark>နာမ</mark>်ခန္ဓာမှသုဉ်း၏ ကင်းဆိတ်၏၊ဤသို့ ရာဂဒေါသမောဟနှင့်တကွ ရုပ်<mark>နာမ</mark>်
အားလုံးတို့ သုဉ်းနေပုံ ကင်းဆိတ်နေပုံ အခြင်းအရာ အာကာရကို စွဲမှတ်၍
“သုညတနိဗ္ဗာန်” ဟုလည်း ခေါ်အပ်၏။
66
[ဆောင်] ရာဂ ဒေါသ, မောဟလည်းဆုံး, ရုပ်<mark>နာမ</mark>် သုဉ်းသဖြင့်,
လုံးလုံးသည်,ပုံတမျှ, သုညတနိဗ္ဗာန် ခေါ်။
အ
-
အနိမိတ္တ — နိမိတ္တ သဒ္ဒါကား အရှည် အတို အလုံး အခဲ အစ ရှိ<mark>သော</mark>
ပုံသဏ္ဌာန်အနက်ကို ဟော၏၊ ရုပ်ခန္ဓာသည် ရုပ်ကလာပ်ချင်း ပေါင်းစုတွေ
ခဲလျက် ပုံသဏ္ဌာန် အမျိုးမျိုးပေါ်ထွက်၏၊<mark>နာမ</mark>်ခန္ဓာလည်း သာမန်ဥာဏ်ဖြင့်
မသိမြင်စေကာမူ ဘုရားရှင်တို့ ဥာဏ်မျိုးမှာ ပုံသဏ္ဌာန်
<mark>မဟုတ်</mark>သော်လည်း
ပုံသဏ္ဌာန်လိုပင် ထင်ရှားစရာရှိ၏၊ နိဗ္ဗာန်ကား ထိုကဲ့သို့ ပုံသဏ္ဌာန် မရှိချေ။
ဤသို့ ပုံသဏ္ဌာန် မရှိပုံ အခြင်းအရာ အာကာရကို စွဲမှတ်၍ “ အနိမိတ္တနိဗ္ဗာန်”
ဟုလည်း ခေါ်ဝေါ်အပ်၏။
[ဆောင်] အထည်ပုံဟန်, သဏ္ဌာန်အရိပ်, နိမိတ်ခေါ်ဘိ,
လျှင်းမရှိ, အနိမိတ္တခေါ်။
<mark>နိဿယ</mark>နှင့်အဓိပ္ပါယ်
၄ဝ၃
၄။ <mark>အစ္စယံ</mark>-ရတေ ရွေ့ လျော, သေရခြင်းသဘောလည်း
မရှိထ<mark>သော</mark>၊ အစ္စန္တိ-အဆုံးအပိုင်းအခြားကိုလည်း လွန်ပြီးထ
<mark>သော</mark>၊ အသင်္ခတံ-ကံစ<mark>သော</mark> အကြောင်းလေးပါးတွင်, ဘယ်
အကြောင်းတခုမျှ မပြုအပ်သည်လည်းဖြစ်ထ<mark>သော</mark>၊ အနုတ္တရံ-
မိမိထက် မြတ်<mark>သော</mark>တရားလည်း မရှိထ<mark>သော</mark>၊ ပဒံ-ရောက်သင့်
ရောက်ခံရန်, လျော်ကန်သင့်မြတ်, ထင်ရှားရှိ<mark>သော</mark>ဓာတ် တမျိုးကို၊
ဝါနမုတ္တာ - တဏှာမှ လွတ်တော်မူကြကုန်ပြီး<mark>သော</mark>၊ မဟေ
သယော-မဟာဣသိ, မုနိထွဋ်တင်, ဘုရားရှင်တို့သည်၊ နိဗ္ဗာနံ
ဣတိ-နိဗ္ဗာန်ဟူ၍၊ ဘာသန္တိ-ဟောတော်မူကြကုန်၏။
<mark>အပ္ပဏိဟိတ—ပဏိဟိတ</mark>သဒ္ဒါသည် တောင့်တခြင်းအနက်ကိုဟော၏၊
ပဏိဓိ သဒ္ဒါနှင့် အနက်တူပင်တည်း၊ နိဗ္ဗာန်ကို တဏှာသဘော အားဖြင့်
မတောင့်တအပ်, နိဗ္ဗာန်၌ တောင့်တတတ်<mark>သော</mark> တဏှာလည်း မရှိ၊ ဤသို့
ပူပူ ဆာဆာ တဏှာဖြင့်လည်း မတောင့်တအပ်, ပူပူ ဆာဆာ တောင့်တ
တတ်<mark>သော</mark> တဏှာလည်း မရှိပုံ အခြင်းအရာ အာကာရကို စွဲမှတ်၍“အပ္ပဏိ
ဟိတ နိဗ္ဗာန်” ဟုလည်း ခေါ်ဝေါ်အပ်၏။
[ဆောင်] တဏှာသဘော, အာသဝေါဖြင့်, မက်မောလေအပ်,
တောင့်တတတ်<mark>သည့်</mark>, ပဏိဟိတ, ကင်းရှင်းစွ, အပ္ပဏိ
ဟိတ ခေါ်။
၄။ သင်္ဂဟဂါထာ။ ။ပဒမ ၊ ပေ ၊ မဟေသယော-ကား နိဗ္ဗာန်၏
ဂုဏ်ပုဒ်ကို အကျဉ်းချုပ် ပြ<mark>သော</mark> သင်္ဂဟဂါထာ တမျိုးတည်း၊ အနက်ရှိတိုင်း
အဓိပ္ပါယ်ချုပ်ကို မှတ်လေ။

---

## Trang 207

၅။ ဣတိ – ၍ ခြောက်ပါး<mark>သော</mark> ပရိစ္ဆေဒဖြင့်၊
နိဂုံးချုပ်
( နိဋ္ဌိ-ပြအပ်<mark>သော</mark> )၊ စိတ္တံ-စိတ်၎င်း၊ စေတသိ
ကံ-စေတသိက်၎င်း၊ ရူပံ-ရုပ်၎င်း၊ နိဗ္ဗာနံ-နိဗ္ဗာန်၎င်း၊ <mark>ဣစ္စာပိ</mark> –
ဤသို့လျှင်၊ ပရမတ္ထ-ပရမတ္ထဘုရားကို၊ စတုဓာဝ – လေးပါး
အပြားဖြင့်သာလျှင်၊ တထာဂတာ - ဘုရားရှင်တို့သည်၊ ပကာ
သေန္တိ-ထင်ရှားပြတော်မူကြကုန်၏။
အဘိဓမ္မတ္ထ သင်္ဂဟေ ၌၊ ရူပသင်္ဂဟဝိဘာဂေါ <mark>နာမ</mark>-ရူပ
သင်္ဂဟ ဝိဘာဂမည်သော၊ <mark>ဆဋ္ဌော</mark> – ခြောက်ပိုင်းတို့၏ ပြည့်
ကြောင်းဖြစ်<mark>သော</mark>၊ ပရိစ္ဆေဒေါ-အပိုင်းသည်၊ ဣတိ-<mark>ပြီးပြီ</mark>။
၅။ ဣတိစိတ္တ၊ ပေ၊ တထာဂတာ—ကား ပြခဲ့<mark>သော</mark> ပရမတ္ထ ၄ ပါးကို
နိဂုံးချုပ်<mark>သော</mark> ဂါထာတည်း၊ ဤတွင် “ စိတ္တံ စေတသိကံ ရူပံ နိဗ္ဗာနမိတိ
သဗ္ဗထာ ” ဟူ<mark>သော</mark> အကျဉ်းချုပ်အရ အကျယ်ပြချက် ပြီးပြီ’ဟူလို။

<mark>လေ့ကျင့်ခန်း</mark> မေးခွန်းများ
အဘယ့်ကြောင့် နိဗ္ဗာန်ကို နိဗ္ဗာန် ဟု ခေါ်သနည်း၊ သင်္ဂြိုဟ်ဟိတ်ပါဌ်ကို
ထောက်ပါ။
နိဗ္ဗာန်သည် အဘယ်သဘော လက္ခဏာ ရှိသနည်း။
သဥပါဒိသေသ အနူပါဒိသေသ နိဗ္ဗာနဓာတ်ဟူသည် အဘယ်နည်း။
ဃ။ အဘယ့်ကြောင့် သုညတ အနိမိတ္တ အပ္ပဏိဟိတ ဟု ခေါ်သနည်း။.
ဣတိစိတ္တံ ဂါထာ<mark>သည့်</mark> ဘာကိုပြ<mark>သော</mark> ဂါထာနည်း၊ အနက်ပေးပါ။
ရုပ်ပိုင်း <mark>နိဿယ</mark>နှင့် အဓိပ္ပါယ် <mark>ပြီးပြီ</mark>

သမုစ္စည်းပိုင်း
-
အနုသန္ဓေနှင့် ပဋိညာဉ် <mark>ဒွါသတ္တတိဝိဓာ</mark>-ခုနစ်ဆဲ့နှစ်ပါး အပြား
ရှိကုန်သော၊ <mark>သလက္ခဏာ</mark>-မိမိဆိုင်ရာ
လက္ခဏာရှိကုန်<mark>သော</mark>၊ ဝတ္ထုဓမ္မာ - ပရမတ်အလို, အထည်
ကိုယ် ဝတ္ထု <mark>ရှိကောင်း</mark>သော တရားတို့ကို၊ <mark>ဝုတ္တာ</mark> - ဆိုအပ်
ကုန်ပြီ၊ ဒါနိ – ယခုအခါ၌၊ တေသံ - ထိုတရားတို့၏၊ ယထာ
ယောဂံ – ယှဉ်ထိုက်သည်အားလျော်စွာ၊ သမုစ္စယံ- သဘော
တူချင်း, ပေါင်းသင်းစည်းပြ, သမုစ္ဆယသင်္ဂဟကို၊ ပဝက္ခာမိ-
ဆိုပေအံ့။
-
1
သမုစ္စည်းပိုင်း။ ။စိတ်ပိုင်းမှစ၍ ရုပ်ပိုင်းတိုင်အောင်<mark>သော</mark> စကားဖြင့်
ပရမတ္ထတရား ၄ ပါးကို အကျယ်ပြချက် ပြီးခဲ့လေပြီ၊ ယခုတဘန် ထို ပရမတ္ထ
တရား ၄ ပါးကို သဘောတူချင်း ပေါင်းသင်း ဖွဲ့စည်း၍ တနည်းပြလို<mark>သော</mark>
ကြောင့် ဤ သမုစ္စည်းပိုင်းကို ဆိုရပြန်သည်၊ ထို့ကြောင့် “ ပရမတ္ထတရားကို
သဘောတူချင်း ပေါင်းသင်း ဖွဲ့စည်းပြရာ အပိုင်းကို သမုစ္စည်းပိုင်း”ဟု မှတ်။
ဒွါသတ္တတိ ၊ပေ ၊ သမုစ္စယံ−ကား အနုသန္ဓေနှင့် ပဋိညာဉ်ကို ပြ<mark>သော</mark>
ဂါထာတည်း၊"ဤ ဆိုအပ်ပြီး<mark>သော</mark> သင်္ဂဟခြေခံပိုင်းဖြင့် မိမိဆိုင်ရာ လက္ခဏာ
ရှိ<mark>သော</mark> ၇၂ ပါး သဘောတရားတို့ကို ဆိုအပ်ကုန်ပြီ၊ ယခုအခါ ထိုတရားတို့၏
သမုစ္စည်းကို မိန့်ဆိုပေအံ့” ဟူလို။
ဝတ္ထုဓမ္မာ — လောကမျက်မြင်အားဖြင့် အိမ် ကျောင်း လ နေ စ<mark>သည့်</mark>
တို့မှာ အကောင်အထည် ရကောင်းသကဲ့သို့, စိတ် စေတသိက် နိဗ္ဗန္နရုပ်နှင့်

---

## Trang 208

နိဗ္ဗာန်များလည်း ဥာဏ်မျက်မြင် အားဖြင့် တရား<mark>အထည်ကိုယ်</mark> ရကောင်း၏၊
အာကာသဓာတ်စသော အ<mark>နိပ္ဖန္နရုပ်</mark>များကား ထိုကဲ့သို့ <mark>အထည်ကိုယ်</mark>ကော်၍
မရ, ပရမတ်အစစ်လည်း မဟုတ်ကြ၊ <mark>နိပ္ဖန္နရုပ်</mark>များ၌ မြှောင်ပေါင်ပါလာ<mark>သော</mark>
အခြင်းအရာများ ဖြစ်၍သာ ရုပ် ဟု <mark>နာမ</mark>ည် ခေါ်ရလေသည်၊ စင်စစ်မှာ
ပညတ်သဘောတွေ့သာတည်း၊ ထို့ကြောင့်ဒွါသတ္တတိအရ ၇၂ ပါး သရုပ်ကို
ပြရာ၌ ဝတ္ထုဓမ္မ မဟုတ်သော အ<mark>နိပ္ဖန္နရုပ်</mark>များကို ကြဉ်ဘို့ရာ “ ဝတ္ထုဓမ္မာ” ဟု
မိန့်ဆိုလေသည်။
ဒွါသတ္တတိ ဝိဓာ—စိတ် ၁, စေတသိက် ၅၂, <mark>နိပ္ဖန္နရုပ်</mark> ၁၀, နိဗ္ဗာန် ၁,
ပေါင်း ၇၂ ပါးတည်း၊ [စိတ်နှင့် စေတသိက် ၅၃ ပါးကို <mark>နာမ</mark>်တရား ဖြစ်
သောကြောင့် “<mark>နာမ</mark>် တေပညာသ” ဟု ပကိဏ်းပိုင်း အစ၌ ဆိုခဲ့ပြီ။ ]
[ဆောင်] <mark>နာမ</mark>်’တေပညံ,ရုပ်နိပ္ဖန်, နိဗ္ဗာန်ယူဘိ, ဒွါသတ္တတိ။
-
<mark>သလက္ခဏာ</mark> – ( ပကိဏ်းပိုင်း အစ၌ ပြခဲ့<mark>သည့်</mark>အတိုင်း) စိတ်သည်
အာရမဏ ဝိဇာနနလက္ခဏာရှိ၏၊ စေတသိက် ၅၂ တွင် ဖဿသည် ဖုသန
လက္ခဏာရှိ၏၊ ဝေဒနာသည် အနူဘဝနလက္ခဏာ ရှိ၏-စသည်၊ ရုပ် ၁၀ ပါး
တွင် ပထဝီဓာတ်သည် က (ခိုင်မာခြင်း) လက္ခဏာ ရှိ၏’စသည်၊ နိဗ္ဗာန်
သည် သန္တိ (ငြိမ်းဧးခြင်း) လက္ခဏာရှိ၏၊ ဤသို့အားဖြင့် မိမိဆိုင်ရာ လက္ခဏာ
ရှိကြသည်။
--
-
သမုစ္စယံ — သံ+ဥစ္စယ၊ သံ=အတူတကွ ( တနည်း —— သဘောတူ
တရားတို့ကို ) + ဥစ္စယ = ပေါင်းစည်းရာအပိုင်း။ သဘောတူ တရားတို့ကို
ပေါင်းစည်းပုံမှာ အာသဝမည်<mark>သော</mark> တရားတစု, သြဃမည်<mark>သော</mark> တရားတစုံ
စ<mark>သည့်</mark> တစုစီ တစုစီ ပြပုံအားဖြင့် ထင်ရှားလတ္တံ့။
မာတိကာ
<mark>နိဿယ</mark>နှင့်အဓိပ္ပါယ်
၄၀၇
အကုသလသင်္ဂဟော - အကုသလသင်္ဂဟ၎င်း၊
မိဿကသင်္ဂဟော-မိဿကသင်္ဂဟ၎င်း၊ ဗောဓိ
ပက္ခိယသင်္ဂဟော-ဗောဓိပက္ခိယသင်္ဂဟ၎င်း၊ သဗ္ဗသင်္ဂဟော
စ-သဗ္ဗသင်္ဂဟ၎င်း၊ ဣတိ-ဤသို့၊ သမုစ္ဆယသင်္ဂဟော-သမုစ္စယ
သင်္ဂဟကို၊ စတုဗ္ဗေဓော - လေးပါး အပြားရှိ၏ ဟူ၍၊ ဝေဒိ
တဗ္ဗော-သိအပ်၏။
-
ကထံ – သင်္ဂဟလေးပါး အဘယ်သို့ ပြားသနည်း။....
-
၁။ တတ္ထ - မိဿကသင်္ဂဟ စသည်တို့မှ
ရ
အကုသလသင်္ဂဟ ရှေး<mark>ဦး</mark>စွာ၊ ( နိဋ္ဌိ - ညွှန်ပြအပ်<mark>သော</mark>၊ )
အကုသလသင်္ဂဟေ – အကုသလသင်္ဂဟ၌၊ အာသဝါ - အာ
သဝ တို့သည်၊ ကာမာသဝေါ -
ကာမာသဝ၎င်း၊ ဘဝါ
601
-
အကုသလသင်္ဂဟော၊ ပေ ၊ ဝေဒိတဗ္ဗော’’ဤစကားကား သမုစ္စည်း
ပိုင်း၌ ပြမည့် သင်္ဂဟ ၄ ရပ်ကိုခေါင်းစဉ်၍ ပြ<mark>သော</mark> အကျဉ်းချုပ် မာတိကာ
စကားတည်း။
အကုသလ သင်္ဂဟော။ ။အကုသိုလ်တရားတို့ကို သင်္ဂြိုဟ်ရေတွက်ရာ
အခဏ်းကို “အကုသလသင်္ဂဟ” ဟု ခေါ်သည်။
၁။ အာသဝေါ ၄ ပါး။ အာသဝသဒ္ဒါသည် အရက်(စိမ်ရည် )
ဟူ<mark>သော</mark> အနက်ကို ဟောရင်းတည်း၊ ဤ နေရာ၌ကား ထို အရက်နှင့်တူသော
လောဘ စ<mark>သည့်</mark>ကို (သဒိသူပစာရနည်း အားဖြင့်) ဟောသည်၊ ချွေ<mark>ဦး</mark>အံ့’
အရက်ကို အနံ့ ပြင်းဘို့ရာ သင့်လျော်သော အိုး၌ <mark>ကြာရှည်စွာ</mark> စိမ်ထားရ
သကဲ့သို့, ထို့အတူ လောဘ ဒိဋ္ဌိ မောဟဟူ<mark>သော</mark> တရားဆိုးတို့ကိုလည်း(ခန္ဓာ

---

## Trang 209

သဝေါ-ဘဝါသဝ၎င်း၊ ဒိဋ္ဌာသဝေါ - ဒိဋ္ဌာသဝ ၎င်း၊ အဝိဇ္ဇာ
သဝေါ-အဝိဇ္ဇာသဝ၎င်း၊ (ဣတိ’ဤသို့၊) စတ္တာရော – လေးပါး
တို့တည်း။
-
အစဉ် တည်းဟူ<mark>သော</mark> အရက်အိုး၌ ) အနုမတဂ္ဂ သံသရာဝယ် <mark>ကြာရှည်စွာ</mark>
စိမ်အပ်သကဲ့သို့ ဖြစ်သည်။
[ဆောင်] အာသဝ မည်, သဒ္ဒါသည်ကား, စိမ်ရည် အရက်, ဟောရင်း
<mark>အနက်တည်း</mark>၊မပျက်တမူ, သဒိသူဖြင့်, ညီတူကြီကာ,သံသရာဝယ်,
ခန္ဓာကိုယ်ဆိုး၊ အရက်အိုး၌, အခိုး ပြင်းစွာ, ထုံလျက်ပါ<mark>သည့်</mark>,
သုံးဖြာ သဘော, လော-ဂိ-မော-ကို, ခေါ်လော အာသဝ
အမည်တည်း။
[ ယခုအခါ စာသင်သားတို့သည် ပရမတ္ထသဘောကို စေတသိက်ပိုင်း၌
ပြခဲ့<mark>သော</mark> လောဘ ဒိဋ္ဌိ မောဟ စသော <mark>နာမ</mark>ည်ဖြင့် ပြောပြမှသာ နားလည်
နိုင်ကြသည်၊ ထို့ကြောင့် ပရမတ္ထတရား <mark>အထည်ကိုယ်</mark> သဘောကို နားလည်
ဘို့ရာ လောဘ ဒိဋ္ဌိ စ<mark>သော</mark> အများသုံး <mark>နာမ</mark>ည်ဖြင့် ပြရလိမ့်မည်၊ ဤကဲ့သို့
ပြခြင်းကိုပင် “တရားကိုယ် ကောက်ပြသည်” ဟု မှတ်ယူပါ၊ (တရားကိုယ်===
တရားသဘော <mark>အထည်ကိုယ်</mark>+ကောက်ပြ’လက်ဆုပ်လက်ကိုင် ပြသကဲ့သို့
ထင်ရှားအောင် ကောက်နှုတ် ထုတ်ပြခြင်း၊ ) ထိုကဲ့သို့ ကောက်ပြ ရာဝယ်
လောဘဆိုလျှင် စိတ်ပေါင်း မည်မျှ၌ ယှဉ်နိုင်သည်ကိုလည်း စေတသိက်ပိုင်း
ပြန်၍ သတိပြုပါလေ။ ]
ကာမာသဝ --- ဝတ္ထုအာရုံ ကာမဂုဏ်၌ တပ်မက်<mark>သော</mark> တဏှာတည်း၊
တရားကိုယ်ကား လောဘမူစိတ် <mark>၈ ၌</mark> ရှိသော လောဘတည်း။
<mark>နိဿယ</mark>နှင့်အဓိပ္ပါယ်
၄ဝ၉
၂။ ဩဃါ-သြဃတို့သည်၊ ကာမောဃေါ-ကာမောဃ
၎င်း၊ ဘဝေါဃော-ဘဝေါ၎င်း၊ ဒိဋ္ဌောဃေါ-ဒိဋ္ဌောဃင်း၊
အဝိဇ္ဇောဃေါ – အဝိဇ္ဇောဃ၎င်း၊ ( ဣတိ-ဤသို့၊)စတ္တာရော-
လေးပါးတို့တည်း။
ဘဝါသဝ — ဘဝအရ ရူပ အရူပဈာန်နှင့် ထိုဈာန်၏ အကျိုးဝိပါက် ရ၏၊
ထိုဘဝ၌ နှစ်သက်မှ တဏှာကို ဘဝါသဝဟု ဆို၏၊ တရားကိုယ်ကား
ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄ ၌ ယှဉ်<mark>သော</mark> လောဘတည်း။ [ ပဋိသန္ဓေ
တည်ပြီးစဉ် မိမိဘဝကိုနှစ်သက်တတ်<mark>သော</mark>“ဘဝနိကန္တိ က”လောဘ
ဇောကိုလည်း ဘဝါသဝဟု ဆိုကြသေး၏၊ ဤဘဝါသဝမှ ကြွင်းသမျှကို
ကာမာသဝချည်းဟု မှတ်။ ]
[ဆောင်] ဝတ္ထုအာရုံ,ကာမဂုဏ်၌, တပ်မက်ထိုက်စွာ, များတဏှာကို,
ကာမာသဝ, ခေါ်ဆိုကြလော, အရ ကောက်ယူ, လောဘ
မူယှဉ်, လောဘပင်တည်း၊ ထို့ပြင်ရူပ-အရူပနှင့်, ဈာနပါက်,
ဘဝနှစ်ချက်၌, နှစ်သက်တဏှာ, ဘဝါသဝ, မှတ်ပြီးမှလျှင်,
အရကိုထုတ်, ဒိဌဝိယုတ်ယှဉ်, လောဘပင်ဟု, ကောက်နည်း
ပြုသည်, မှတ်နောက်နောင် ဤနည်းတည်း။
ဒိဋ္ဌာသဝ’ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄ ၌ ယှဉ်<mark>သော</mark> ဒိဋ္ဌိတည်း။
အဝိဇ္ဇာသဝ’အကုသိုလ်စိတ် ၁၂ ၌ ယှဉ်<mark>သော</mark> မောဟတည်း။
၂။ ဩဃ။ ။ဩသသဒ္ဒါသည် ရေအယဉ်ဟူ<mark>သော</mark> အနက်ကိုဟော၏၊
[အဝ+ဟန၊ အဝ = လွှမ်းမိုး၍--ဟန = သတ်တတ်သည်၊ အငကို ဩ+
ဟနဓာတ်ကို သ ပြု၊ ဤ၌ကား ထို ရေအယဉ်နှင့် တူ<mark>သော</mark> လောဘ ဒိဋ္ဌိ
၅၂

---

## Trang 210

၃။ ယောဂါ-ယောဂတို့သည်၊ ကာမယောဂေါ – ကာမ
ယောဂ၎င်း၊ ဘဝယောဂေါ-ဘဝယောဂ၎င်း၊ ဒိဋ္ဌိယောဂေါ-
ဒိဋ္ဌိယောဂ၎င်း၊ အဝိဇ္ဇာယောဂေါ-အဝိဇ္ဇာယောဂ၎င်း၊ (ဣတိ-
ဤသို့၊) စတ္တာရော-လေးပါးတို့တည်း။
မောဟကို သဒိသူပစာရအားဖြင့် ဟောသည်၊ ရေအယဉ်သည် သတွာတို့ကို
နှစ်မြုပ်အောင် လွှမ်းဖိ သတ်ဖြတ်တတ်သကဲ့သို့, ဤ လောဘ စသည်တို့လည်း
မိမိကိန်းရာ သတွာကို <mark>ဝဋ်</mark>ဒုက္ခ၌ အပါယ် ၄ ပါးအထိ နှစ်မြုပ်အောင် လွှမ်းဖိ
သတ်ဖြတ်တတ်ကြ လေသည်။
[ဆောင်] သြဃ သဒ္ဒါ, ဟောရင်းမှာကား, လွှမ်းကာ ဖိသတ်,
နှစ်မြုပ်တတ်<mark>သည့်</mark>, အရပ်ရပ်ပင်, ရေအယဉ်တည်း၊ဤတွင်
တမူ, သဒိသူဖြင့်, ညီတူဆွယ်ညှိ, အပါယ်ထိအောင်, မိမိ
ကိန်းရာ, သတွာကို, လွှမ်းကာဖိသတ်, နှစ်မြှုပ်တတ်<mark>သည့်</mark>
သုံးရပ် သဘော, လော ဒိဌ် မောကို, ခေါ်လော သြဃ
အမည်တည်း။
၃။ ယောဂ။ ။ယောဂ<mark>သဒ္ဒါသည့်</mark> အစေးဖြင့်ကပ်၍ စပ်ထားသကဲ့သို့
ယှဉ်စပ်ခြင်း အနက်ကို ဟော၏၊“ သတွာတို့ကို <mark>ဝဋ်ဆင်းရဲ</mark>၌ ယှဉ်စပ်ပေးတတ်
<mark>သော</mark>တရား ” ဟူလို၊ ဤ သြဃ ယောဂ တို့၏ တရားကိုယ်ကောက်<mark>သည့်</mark>
အာသဝနှင့် တူ၏။
[ဆောင်] ဝတ္ထု နှစ်ရပ် , အစေးဖြင့် ကပ်၍, ယှဉ်စပ်<mark>သည့်</mark>နဲ, ဝဋ်
ဆင်းရဲ၌ မကွဲစေ့ငှါ, မြဲစွာယှဉ်စပ်, ကပ်ထားတတ်<mark>သည့်</mark>
သုံးရပ် သဘော, လော ဒိဌ်မောကို, ခေါ်လောယောဂ
အမည့်တည်း။
<mark>နိဿယ</mark>နှင့်အဓိပ္ပါယ်
၄၁၁
၄။ ဂန္ထာ-ဂန္တတို့သည်၊ အဘိဇ္ဈာ-အဘိဇ္ဈာမည်<mark>သော</mark>၊
ကာယဂန္တော - ကာယဂန္ထ၎င်း၊ ဗျာပါဒေါ - ဗျာပါဒ မည်
<mark>သော</mark>၊ ကာယဂန္ထော – ကာယဂန္ထ ၎င်း၊ သီလဗ္ဗတပရာ
-
-
၄။ ဂန္ထ။ ။ ဂန္ထ သဒ္ဒါသည် သံကွင်းချင်း• ဆက်သလို ထုံးနှောင်
ဖွဲ့ယှက်ခြင်း အနက်ကို ဟော၏။ “ သတွာတို့၏ <mark>နာမ</mark>ကာယ ရူပကာယကို
<mark>ဝဋ်ဆင်းရဲ</mark>မှ မလွတ်ရအောင် စုတိပြီး ပဋိသန္ဓေ-ပဋိသန္ဓေပြီး စုတိဟု ဆက်ပေး
တတ်<mark>သော</mark> တရားများ ” ဟူလို၊ “ အဘိဇ္ဈာ ကာယဂန္တ” စသည်၌ ကာယ
သဒ္ဒါကား <mark>နာမ</mark>ကာယ(<mark>နာမ</mark>်တရားအပေါင်း)ရူပကာယ(ရုပ်တရားအပေါင်း)
ကို ဟော၏။
,,
"
[ဆောင်] သံကွင်းချင်းယှက်, ဖွဲ့နှောင် ဆက်သို့, နှစ်ချက်ကာယ,
<mark>နာမ</mark>်ရူပကို, ဒုက္ခ<mark>ဝဋ်</mark>၌, မလွတ်ထည့်အောင်, စုတိသန္ဓေ,
သန္ဓေစုတိ, ဆက်နှောင်ချည်,မှတ်သိဂန္တသဘောတည်း။
-
အဘိဇ္ဈာ — [ အဘိ+စျာ။ အဘိ=ရှေးရှု+ဈာ=ကြံစီခြင်း။ ] အာရုံ
တခုခုကို ရှေးရှုကြံစီခြင်း လိုချင်ခြင်းတည်း၊ တရားကိုယ်မှာ လောဘ
ဟူသမျှကို ကောက်။
ဗျာပါဒ’[8+အာ+ပါဒ။ ဝိ=ဖေါက်ပြန် ပျက်စီးခြင်းသို့+အာပါဒ==
ရောက်ခြင်း၊ ] စိတ်၏ ဖေါက်ပြန် ပျက်စီးခြင်း စိတ်ဆိုးခြင်းတည်း၊
တရားကိုယ်မှာ ဒေါသဟူသမျှကို ကောက်။
[ အကုသလ ကမ္မပထ၌ <mark>သူတစ်ပါး</mark>၏ စည်းစိမ်ကို မတရား လိုချင်မှ
လောဘကို အဘိဇ္ဈာ, <mark>သူတစ်ပါး</mark>ကို သေကြေ ပျက်စီးစေလိုခြင်း ဒေါသကို
ဗျာပါဒ ဟု ကောက်ရသည်၊ ဤ၌ကား လိုချင်မှုဟူသမျှ လောဘ အားလုံးကို
အဘိဇ္ဈာ, စိတ်ဆိုးမှ ဟူသမျှ ဒေါသ အားလုံးကို ဗျာပါဒ ဟု ကောက်ယူ
ရသည်။ ]

---
