## Trang 211

မာသော – <mark>သီလဗ္ဗတ</mark>ပရာမာသ မည်သော၊ <mark>ကာယဂန္ထော</mark> ၁-
ကာယဂန္ထော ၎င်း၊ <mark>ဣဒံသစ္စာဘိနိဝေသ</mark>ော <mark>ဣဒံသစ္စာဘိနိဝေသ</mark>
မည်သော၊ <mark>ကာယဂန္ထော</mark> ၁-<mark>ကာယဂန္ထော</mark> ၎င်း၊ ( ဣတိ - ဤသို့ )
<mark>စတ္တာရော</mark>-လေးပါးတို့တည်း။
၅။ ဥပါဒါနာနိ-ဥပါဒါန်တို့သည်၊ <mark>ကာမ</mark>ုပါဒါနံ-<mark>ကာမ</mark>ုပါ
ဒါန်၎င်း၊ <mark>ဒိဋ္ဌုပါဒါန</mark>ံ – <mark>ဒိဋ္ဌုပါဒါန</mark>်၎င်း၊ <mark>သီလဗ္ဗတ</mark>ုပါဒါနံ -
<mark>သီလဗ္ဗတ</mark>ုပါဒါန်၎င်း၊ အတ္တဝါဒုပါဒါနံ - အတ္တဝါဒုပါဒါန်၎င်း၊
(ဣတိ-ဤသို့) <mark>စတ္တာရော</mark>-လေးပါးတို့တည်း။
၆။ <mark>နီဝရဏာနိ</mark>-နီဝရဏတို့သည်၊ ကာမစ္ဆန္ဒ<mark>နီဝရဏ</mark>ံ-
ကာမစ္ဆန္ဒ<mark>နီဝရဏ ၎င်း</mark>၊ ဗျာပါဒ<mark>နီဝရဏ</mark>ံ - ဗျာပါဒ<mark>နီဝရဏ</mark>
၎င်း၊ ထိန မိဒ္ဓ <mark>နီဝရဏ</mark>ံ-ထိန မိဒ္ဓ <mark>နီဝရဏ ၎င်း</mark>၊ ဥဒ္ဓစ္စကုက္ကုစ္စ
<mark>နီဝရဏ</mark>ံ – ဥဒ္ဓစ္စ ကုက္ကုစ္စ <mark>နီဝရဏ ၎င်း</mark>၊ ဝိစိကိစ္ဆာနီဝရဏံ-
<mark>ဝိစိကိစ္ဆာ</mark>နီဝရဏ ၎င်း၊ <mark>အဝိဇ္ဇာနီဝရဏံ</mark>-အဝိဇ္ဇာ<mark>နီဝရဏ ၎င်း</mark>၊
ဣတိ-ဤသို့၊ ဆ-ခြောက်ပါးတို့တည်း။

---

နိဿယနှင့်အဓိပ္ပါယ်
၄၁၃

<mark>သီလဗ္ဗတ</mark>ပရာမာသ — [သီလ+ဝတ+ပရ+အာမာသ။ သီလ=
နွား ခွေး အစရှိသည်တို့၏ အလေ့ + ဝတ = ၎င်းတို့၏ အကျင့် + ပရ -
မှားမှားယွင်းယွင်း+အာမာသ=သုံးသပ် (စွဲလမ်း) ခြင်း၊] နွား ခွေး စသည်
တို့၏ အလေ့အကျင့်ကို ကျင့်လျှင် ကိလေသာလည်း စင်ကြယ်, သံသရာမှ
လည်းလွတ်မြောက် လွယ်၏ ဟု မှားယွင်းစွာ သုံးသပ် စွဲလမ်းတတ်သော ဒိဋ္ဌိ
<mark>စေတသိက်</mark>တည်း။ [ကျင့်ပုံကို ဘာသာဋီကာမှာ ရှု။]
<mark>ဣဒံသစ္စာဘိနိဝေသ</mark> [ ဣဒံ + သစ္စ + အဘိ+ နိဝေသ။ ဣဒံ =
ဤ ငါ့အယူသာ+<mark>သစ္စ =</mark> အမှန် ဟု+အဘိ=လွန်လွန်ကဲကဲ + နိဝေသ=
နှလုံးသွင်း (စွဲလမ်း) မှု၊ ] အယူမှားကြီးကို ယူပြီးလျှင်....<mark>" ဤ ငါ့</mark>အယူသာ
အမှန်, ကျန်သမျှ အလွဲချည်း " ဟု ( လိပ်ခဲတင်းလင်း ) မှားယွင်းစွာ စွဲလမ်း
တတ်သော ဒိဋ္ဌိ<mark>စေတသိက်</mark>ပင်တည်း။ [မှန်သောအယူကို ယူပြီးလျှင် ထိုကဲ့သို့
စွဲမြဲမှုမှာ <mark>ဒိဋ္ဌိ</mark>မဟုတ်။]
၅။ ဥပါဒါန်။ ။ [<mark>ဥပ+အာဒါန</mark>။ ဥပ=လွန်လွန်ကဲကဲ စွဲမြဲစွာ+
အာဒါန=ယူခြင်း။] <mark>ဖား</mark>ကို မြွေက ဖမ်းထားသကဲ့သို့ မစွန့်လွှတ်နိုင်ဘဲ စွဲစွဲ
လမ်းလမ်း ( <mark>အာရုံပြု</mark>သော အားဖြင့် ) ယူထားခြင်းကို " ဥပါဒါန" ဟု
ဆိုသည်။
[ဆောင်] <mark>ဖား</mark>ကို မြွေနဂါး, မြဲစွာ ဖမ်းသို့, စွဲလမ်းသမျှ, <mark>အာရုံပြု</mark>
ဥပါဒါန် ဟု ခေါ်။
<mark>ကာမ</mark>ုပါဒါန - [<mark>ကာမ</mark>+ ဥပါဒါန။] တရားကိုယ်မှာ <mark>ကာမ</mark>ဂုဏ်၌ အလွန်
စွဲလမ်းတတ်သော လောဘဟူသမျှကို ကောက်။
<mark>ဒိဋ္ဌုပါဒါန</mark> — [ <mark>ဒိဋ္ဌိ</mark>+ဥပါဒါန ] <mark>သီလဗ္ဗတ</mark>ပရာမာသ'အတ္တဝါဒ <mark>ဒိဋ္ဌိ</mark>
၂ မျိုးမှတပါး ကျန်<mark>ဒိဋ္ဌိ</mark> အမျိုးမျိုးတည်း။
<mark>သီလဗ္ဗတ</mark>ုပါဒါန — <mark>သီလဗ္ဗတ</mark> ပရာမာသ ကာယဂန္ထနှင့် တူ၏။
အတ္တဝါဒုပါဒါန [အတ္တ+ဝါဒ] အတ္တရှိ၏ ဟု ပြောဆိုမှုတည်း။
နောက်ဥပါဒါန် ၃ပါး၏ တရားကိုယ်မှာ ဒိဋ္ဌိ<mark>စေတသိက်</mark> ချည်းသာတည်း၊
စွဲလမ်းပုံ ကွဲပြား၍ ၃ မျိုး ခွဲခြားတော်မူသည်၊ အတ္တစွဲလမ်းပုံကို ဘာသာ
ဋီ<mark>ကာမ</mark>ှာ ရှု။
၆။ <mark>နီဝရဏ</mark>။ ။ဈာန် အစရှိသော ကုသိုလ် တရားများကို တားမြစ်
ပိတ်ပင်တတ်သော တရားတို့ကို <mark>နီဝရဏ</mark>ဟု ခေါ်သည်။
[ဆောင်] ကုသိုလ်တရား, ဈာန်မဂ်များကို, မြစ်တားတတ်သည်,
အလီလီ, <mark>နီဝရဏ</mark> ခေါ်။

---

## Trang 212

<mark>ကာမ</mark>စ္ဆန္ဒ — [<mark>ကာမ</mark>+ဆန္ဒ။] <mark>ကာမ</mark>ဂုဏ်ကို လိုချင် <mark>နှစ်သက်မှု</mark>။
တရားကိုယ်မှာ လောဘကိုကောက်။
ဗျာပါဒ — တရားကိုယ်မှာ ဒေါသ အားလုံးတည်း။
ထိနမိဒ္ဓ — ထိန <mark>စေတသိက်</mark>နှင့် မိဒ္ဓ <mark>စေတသိက်</mark> ၂ ပါး။
ဥဒ္ဓစ္စ ကုက္ကုစ္စ — ဥဒ္ဓစ္စနှင့် ကုက္ကုစ္စ စေတသိက်တည်း။
<mark>ဝိစိကိစ္ဆာ</mark> – <mark>ဝိစိကိစ္ဆာ</mark> စေတသိက်တည်း။
အဝိဇ္ဇာ — မောဟအားလုံးကို ကောက်။
ထိန မိဒ္ဓနှင့် ဥဒ္ဓစ္စ ကုက္ကုစ္စ၌ တရားကိုယ် ၂ ပါးစီ ရပါလျက် <mark>နီဝရဏ</mark>
တပါးသာ ဆိုရခြင်း၏ အကြောင်းကို ဘာသာဋီကာ၌ အကျယ် ဆိုထားပြီ။
<mark>ကျက်မှတ်ဖွယ်ရန်</mark>ကား'
[ဆောင်] ထိ-မိဒ် နှစ်ခု, တွန့်တိုမှုနှင့်, ဥဒ်'ကု အတွက်, မငြိမ်သက် ဟု,
တချက် ကိစ္စ, တူပြိုင်ကြ၏၊ ....ဖြစ်ကြောင်းကလည်း, တကွမကင်း,
ပျင်းရိခြင်းနှင့်, ချို့ ယွင်းသမျှ, ဗျသနစုကို, တွေးရှု<mark>ကြံလျက်</mark>, စဉ်တိုင်း
ဖြစ်၏။ <mark>စိစစ်ဖွယ်</mark>ချက်, ဆန့်ကျင်ဘက်ကား, ဆက်ဆက် ဝီရိယ,
သမထ ဟု, ကိစ္စလည်းတူ,အကြောင်းတူလျက်, ဆန့်ကျင် ဘက်
အား, တူလေငြား၍, နှစ်ပါးတရားကိုယ်,တစ်<mark>နီဝရဏ</mark> ဆိုသည့်,
သွင်းသို့ စိတ်ဝယ် မြဲမြဲတည်း။

---

နိဿယနှင့်အဓိပ္ပါယ်
လေ့ကျင့်ခဏ်၊ မေးခွန်းများ
၄၁၅

က။ အဘယ်သို့သော အပိုင်းအခဏ်းကို သမုစ္စည်းပိုင်း ဟု ခေါ်သနည်း။
ဂ။ ဒွါသတ္တတိဝိဓာ စသော ဂါထာသည် ဘာကို ပြသော ဂါထာနည်း,
အနက်ပေးပါ။
ဃ။ ဒွါသတ္တတိအရ၌ အနိပ္ဖန္နရုပ်များ ကြဉ်ရခြင်း၏ အကြောင်းကို ပြ၍,
၇၂ ပါး သရုပ်ကို ရေတွက်ပြပါ။
င။ သမုစ္စည်းပိုင်း၌ ခေါင်းစဉ်အရ သင်္ဂဟ မည်မျှရှိသနည်း,<mark>သင်္ဂြိုဟ်ထွေ</mark>ခံပါ။
စ။ အဘယ် သင်္ဂဟကို အကုသလသင်္ဂဟ ဟု ခေါ်သနည်း။
ဆ။ အဘယ်တရားမျိုးကို အာသဝ ဟု ခေါ်သနည်း, <mark>လင်္ကာထောက်ပါ</mark>။
ဇ။ အာသဝတို့၏ <mark>နာမည်</mark>နှင့် တရားကိုယ်ကို ယှဉ်တွဲပြပါ။[ တရားကိုယ်
ပြရာဝယ် မည်သည့်စိတ်၌ ယှဉ်သောတရားဟု ထင်ရှား ပြရမည်။ ]
စျ။ အဘယ်တရားမျိုးကို သြဃ ဟု ခေါ်သနည်း, <mark>လင်္ကာထောက်ပါ</mark>။
ည။ အဘယ်တရားမျိုးကို ယောဂ ဟု ခေါ်သနည်း, <mark>လင်္ကာထောက်ပါ</mark>။
ဋ။ အဘယ်တရားမျိုးကို ဂန္ထ ဟု ခေါ်သနည်း, <mark>လင်္ကာထောက်ပါ</mark>။
ဌ။ ထိုဂန္ထတို့၏ <mark>နာမည်</mark>နှင့် တရားကိုယ်ကို ယှဉ်တွဲပြပါ။
ဍ။ အဘယ်တရားမျိုးကို ဥပါဒါန် ဟု ခေါ်သနည်း, <mark>လင်္ကာထောက်ပါ</mark>။
ဎ။ ထို ဥပါဒါန်တို့၏ <mark>နာမည်</mark>နှင့် တရားကိုယ်ကို ယှဉ်တွဲပြပါ။
ဏ။ အဘယ်တရားမျိုးကို <mark>နီဝရဏ</mark> ဟု ခေါ်သနည်း, <mark>လင်္ကာထောက်ပါ</mark>။
တ။ ထို နီဝရဏတို့၏ <mark>နာမည်</mark>နှင့် တရားကိုယ်ကို ယှဉ်တွဲပြပါ။

---

## Trang 213

၇။ <mark>အနုသယာ</mark>-အနုသယ တို့သည်၊ <mark>ကာမ</mark>ရာဂါနုသ
ယော – <mark>ကာမ</mark>ရာဂါနုသယ ၎င်း၊ <mark>ဘဝရာဂါနုသယ</mark>ော - ဘဝ
ရာဂါ<mark>နုသယ</mark> ၎င်း၊ ပဋိဃာ<mark>နုသယ</mark>ော - ပဋိဃာ<mark>နုသယ</mark> ၎င်း၊
မာနာ<mark>နုသယ</mark>ော'မာနာနုသယ ၎င်း၊ <mark>ဒိဋ္ဌာနုသယော</mark>-ဒိဋ္ဌာနုသ
ယ ၎င်း၊ <mark>ဝိစိကိစ္ဆာ</mark>နုသယော-<mark>ဝိစိကိစ္ဆာ</mark>နုသယ ၎င်း၊ အဝိဇ္ဇာ
<mark>နုသယ</mark>ော'အဝိဇ္ဇာ<mark>နုသယ</mark> ၎င်း၊ (ဣတိ-ဤသို့) သတ္တ'ခုနစ်ပါး
တို့တည်း။
ဂ။ သုတ္တန္တေ-သုတ္တန်ပါဠိတော်၌၊ <mark>(ဝုတ္တာနိ</mark> – ဟောတော်
မူအပ် ကုန်သော၊ ) သံယောဇနာနိ - <mark>သံယောဇဉ်</mark> တို့သည်၊
ကာမရာဂ<mark>သံယောဇန</mark>ံ - ကာမရာဂ<mark>သံယောဇဉ်</mark> ၎င်း၊ ရူပရာဂ
<mark>သံယောဇနံ</mark> - ရူပရာဂ <mark>သံယောဇဉ်</mark> ၎င်း၊ အရူပရာဂသံယော
ဇနံ - အရူပရာဂ<mark>သံယောဇဉ်</mark> ၎င်း၊ ပဋိဃသံယောဇနံ – ပဋိဃ<mark>သံယောဇဉ်</mark> ၎င်း၊ မာန
သံယောဇနံ – မာန<mark>သံယောဇဉ်</mark> ၎င်း၊ ဒိဋ္ဌိ<mark>သံယောဇနံ</mark> – ဒိဋ္ဌိသံ
ယောဇဉ်၎င်း၊ သီလဗ္ဗတပရာမာသ<mark>သံယောဇနံ</mark> – သီလဗ္ဗတ
ပရာမာသသံယောဇဉ်၎င်း၊ <mark>ဝိစိကိစ္ဆာ</mark>သံယောဇနံ−<mark>ဝိစိကိစ္ဆာ</mark>
သံယောဇဉ်၎င်း၊ ဥဒ္ဓစ္စ<mark>သံယောဇနံ</mark> - ဥဒ္ဓစ္စ<mark>သံယောဇဉ်</mark> ၎င်း၊
အဝိဇ္ဇာ<mark>သံယောဇနံ</mark> - အဝိဇ္ဇာ<mark>သံယောဇဉ်</mark> ၎င်း၊ ဣတိ - ဤသို့၊
ဒသ-ဆယ်ပါးတို့တည်း။

---

နိဿယနှင့်အဓိပ္ပါယ်
၄၁၇

အ<mark>နုသယ</mark> ။ [ အနု+သယ။ အနု = အဘန်ဘန်။ ဝါ'အစဉ်
တစိုက်+သယ=ကိန်းအောင်းသောတရား။ <mark>သတ္တဝါ</mark>တို့သန္တာန်၌ အဘန်ဘန်
အစဉ်တစိုက် ကိန်းအောင်းလျက် ပါနေသော ကိလေသာကို"အ<mark>နုသယ</mark>"ဟု
ဆိုသည်။ ထို အ<mark>နုသယ</mark>ကိလေသာကား ဥပါဒ် ဌိ ဘင်အားဖြင့် အထည်ကိုယ်
ထင်ရှားစွာ ဖြစ်ပေါ်နေသည် မဟုတ်၊ ဆိုင်ရာအာရုံနှင့် တွေ့လျှင် အဆင်သင့်
ဖြစ်ဘို့ရာ ကိလေသာဓာတ် တမျိုးသာတည်း။
[ဆောင်] <mark>သတ္တဝါသန္တာန်</mark>, အဘန်ဘန်လျှင်, အစဉ်တစိုက်,လိုက်၍ပါလာ,
ကိလေသာဟု, ဓာတ်အစု, အ<mark>နုသယ</mark>ခေါ်။
<mark>ကာမ</mark>ရာဂါနုသယနှင့် <mark>ဘဝရာဂါနုသယ</mark>တို့၏ တရားကိုယ် ကောက်ပုံမှာ
<mark>ကာမ</mark>ာသဝ ဘဝါသဝနှင့် တူ၏၊ ပဋိဃာ<mark>နုသယ</mark>ကား ဒေါသတည်း၊ မာနာ
<mark>နုသယ</mark> စသည်တို့၏ တရားကိုယ်မှာ <mark>နာမည်</mark>အတိုင်းပင် ထင်ရှားပြီ။
ဂ။ သုတ္တန်<mark>သံယောဇဉ်</mark> ။ ။ " <mark>သံယောဇဉ်</mark>ကြိုး " ဟု ခေါ်ဝေါ်ရိုး
ရှိသည့်အတိုင်း <mark>သတ္တဝါ</mark>တို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ကြိုးဖြင့် ချည်နှောင်
သကဲ့သို့ ချည်နှောင်တတ်သော တရားကို <mark>သံယောဇဉ်</mark> ဟု ခေါ်သည်။
[ဆောင်] မိမိကိန်းရာ, <mark>သတ္တဝါ</mark>ကို, ထိုထိုဘုံမှ, မလွတ်ရအောင်,
ချည်နှောင်သမျှ, ကြိုးနှယ်ပြု, မှတ်ရှု <mark>သံယောဇဉ်</mark>။
ကာမရာဂ<mark>သံယောဇဉ်</mark>=တရားကိုယ်မှာ <mark>ကာမ</mark>ာသဝနှင့် တူ၏။
ရူပရာဂ = ရူပဈာန် ထိုဈာန်၏ အကျိုးဝိပါက်၌ <mark>နှစ်သက်မှု</mark> တဏှာ။
အရူပရာဂ = အရူပဈာန် ထိုဈာန်၏ အကျိုးဝိပါက်၌ <mark>နှစ်သက်မှု</mark> တဏှာ။
[ ၎င်း ၂ ပါး၏ တရားကိုယ်မှာ ဘဝါသဝနှင့် တူ၏။]
ပဋိဃ<mark>သံယောဇန</mark> = ဒေါသမူစိတ်၌ ယှဉ်သော ဒေါသတည်း။
ဒိဋ္ဌိ<mark>သံယောဇန</mark>=တွဲဘက်ဖြစ်သော <mark>သီလဗ္ဗတ</mark>ပရာမာသ <mark>ဒိဋ္ဌိ</mark>ကို ချန်၍ ကျန်
<mark>ဒိဋ္ဌိ</mark>အမျိုးမျိုးတည်း။
ကြွင်း <mark>သံယောဇဉ်</mark>များ၏ တရားကိုယ်မှာ လွယ်ပြီ၊ ဤ၌ <mark>သံယောဇဉ်</mark>
၁၀ ပါးဆို သော်လည်း တရားကိုယ်မှာ ၇ ပါးသာ ရ၏၊ တွက်ကြည့်လေ။

---

## Trang 214

၉။ အဘိဓမ္မေ- အဘိဓမ္မာ ပါဠိတော်၌၊ <mark>(ဝုတ္တာနိ</mark>-ကုန်
သော၊ ) အပရာနိပိ – တမျိုးလည်း ဖြစ်ကုန်သော၊ သံယော
ဇနာနိ - တို့သည်၊ ကာမရာဂ<mark>သံယောဇနံ</mark> - ၎င်း၊ ဘဝရာဂ
သံယောဇနံ – ဘဝရာဂ<mark>သံယောဇဉ်</mark>၎င်း၊ ပဋိဃ<mark>သံယောဇနံ</mark>-
၎င်း၊ မာန<mark>သံယောဇနံ</mark>−၎င်း၊ ဒိဋ္ဌိ<mark>သံယောဇနံ</mark> − ၎င်း၊ သီလဗ္ဗတ
ပရာမာသ<mark>သံယောဇန</mark>ံ - ၎င်း၊ <mark>ဝိစိကိစ္ဆာ</mark>သံယောဇနံ – ၎င်း၊
<mark>ဣဿာ</mark>သံယောဇနံ - ဣဿာ<mark>သံယောဇဉ်</mark> ၎င်း၊ မစ္ဆရိယ သံ
ယောဇနံ−မစ္ဆရိယ<mark>သံယောဇဉ်</mark>၎င်း၊ အဝိဇ္ဇာ<mark>သံယောဇနံ</mark>-၎င်း၊
ဣတိ-ဤသို့၊ ဒသတို့တည်း။
၁၀။ ကိလေသာ - ကိလေသာတို့သည်၊ လောဘော-
လောဘ၎င်း၊ ဒေါသော-ဒေါသ၎င်း၊ မောဟော--မောဟ၎င်း၊
မာနော-မာန၎င်း၊ <mark>ဒိဋ္ဌိ</mark> - ဒိဋ္ဌိ ၎င်း၊ <mark>ဝိစိကိစ္ဆာ</mark> – <mark>ဝိစိကိစ္ဆာ</mark>၎င်း၊
ထိနံ-ထိန၎င်း၊ ဥဒ္ဓစ္စံ - ဥဒ္ဓစ္စ၎င်း၊ အဟိရိကံ - အဟိရိက၎င်း၊
အနောတ္တပ္ပံ - အနောတ္တပ္ပ၎င်း၊ ဣတိ - ဤသို့၊ ဒသ – ဆယ်ပါး
တို့တည်း။

---

နိဿယနှင့်အဓိပ္ပါယ်
၄၁၉

၉။ အဘိဓမ္မာ <mark>သံယောဇဉ်</mark>။ ။<mark>သံယောဇဉ်</mark> ၁၀ ပါးကို သုတ္တန်
ပါဠိတော်၌ တမျိုး, အဘိဓမ္မာပါဠိတော်၌ တမျိုး, ဘုရားရှင် ဟောတော်
မူသည့်အတွက် ဤ သင်္ဂြိုဟ်ကျမ်း၌လည်း ၂ မျိုး ခွဲပြထားသည်၊ တရားကိုယ်
ကောက်မှာ ပါဠိရှိတိုင်း သိသာပြီ၊ သုတ္တန်နည်းထက် <mark>ဣဿာ</mark>နှင့် မစ္ဆရိယ
၂ပါး ပိုလာ၏၊ ဥဒ္ဓစ္စ လျော့သွား၏၊ ထို့ကြောင့် အဘိဓမ္မာအလို <mark>သံယောဇဉ်</mark>
တရားကိုယ် <mark>၈ ပါး</mark> ရ၏၊ နည်းနှစ်ပါးလုံး ပေါင်းစပ်လျှင် <mark>သံယောဇဉ်</mark> တရား
ကိုယ် ၉ ပါး ထွက်၏။
[ဆောင်] လော-ဒေါ-မာ-ဒိဋ္ဌ, <mark>ဝိစိကိစ္ဆာ</mark>နှင့်, ဥဒ်- ဣသ်-မစ္ဆရိ,
မောဟထည့်, မှတ်ဘိ တရားကိုယ်။
၁၀။ ကိလေသာ။ ။လောဘဖြစ်စေ, ဒေါသ မာန ဖြစ်စေ, စိတ်ကို
<mark>ညစ်ပေ</mark> စေတတ်သော တရားကို ကိလေသာ ဟု ခေါ်၏၊ ဤ ကိလေသာ
၁ဝ ပါး၏ တရားကိုယ်မှာ ပါဠိအတိုင်း သိသာပြီ။
[ဆောင်] လော-ဒေါ-မာနေ, စ ထွေထွေတို့, <mark>ညစ်ပေ</mark>စေမှ,
စိတ်ကိုပြု, မှတ်<mark>ရှု</mark> ကိလေသာ။
တထောင့်ငါးရာ ကိလေသာ။ ။လောဘသည် ရှေ့၌ ပြခဲ့ပြီးသော
<mark>နာမ်တေပညာသ</mark>, နိပ္ဖန္နရုပ် အဋ္ဌာရသ, လက္ခဏရုပ် ၄, ဤ ၇၅ ပါးသော
တရားကို အာရုံ ပြု၏၊ ထို ၇၅ ပါးသော အာရုံသည် မိမိ အဇ္ဈတ္တသန္တာန်မှာ
လည်း ရှိ၏၊ ဗဟိဒ္ဓသန္တာန်မှာလည်း ရှိ၏၊ ထို့ကြောင့် အဇ္ဈတ္တသန္တာန်ကို
<mark>အာရုံပြု</mark>၍ လောဘ ၇၅, ဗဟိဒ္ဓသန္တာန်ကို <mark>အာရုံပြု</mark>၍လောဘ ၇၅ ရှိရကား
လောဘပေါင်း ၁၅ဝ ဖြစ်၏၊ လောဘ ကိလေသာ ကဲ့သို့ ဒေါသ စသော
ကိလေသာများလည်း ၁၅ဝ စီ ရှိရကား ၁၅ဝ ကိုတည့် ကိလေသာ ၁၀ ပါး
ဖြင့် မြှောက်လျှင် ၁၅ဝဝ ဖြစ်၏။
[ဆောင်] နာမ်တေပညာသ, <mark>ရုပ်နိပ္ဖန္န</mark>, လက္ခဏံရုပ် လေး။
သန္တာန်နှစ်ဝ, မြောက်ဆင့်က, တရာ့ငါးဆယ်ရေး။
ဆယ်ကိလေသာ, မြောက်ဆင့်ကာ, ငါးရာတထောင်တွေး။
[ ပညတ်အမျိုးမျိုးဖြင့် မြှောက်လျှင် မရေတွက်နိုင်အောင် များသေး၏။ ]

---

## Trang 215

၁၁။ ပန-အမှာစကားချပ်ညှပ်လိုက်ဦးအံ့၊
အမှာစကားချပ် <mark>ဧတ္ထ</mark>- အကုသလသင်္ဂဟဝယ်၊ အာသဝါ
ဒီသု – အာသဝ အစရှိသည်တို့၌၊ <mark>ကာမဘဝနာမေန</mark> – ကာမ
<mark>နာမည်</mark> ဘဝ<mark>နာမည်</mark>ဖြင့်၊ တဗ္ဗတ္ထုကာ-ထို <mark>ကာမ</mark>ဟူသော
မှီရာအာရုံရှိသော၊ တဏှာ - တဏှာကို၊ အမိတာ – အလိုရှိ
အပ်၏၊ တထာပဝတ္တံ-ထိုထိုယူပုံ အခြင်းအရာအားဖြင့် ကွဲပြား
လျက်ဖြစ်သော၊ <mark>ဒိဋ္ဌိဂတမေဝ</mark>-ဒိဋ္ဌိ<mark>စေတသိက်</mark>ကိုပင်၊သီလဗ္ဗတ
<mark>ပရာမာသော</mark> - သီလဗ္ဗတပရာမာသ ဟူ၍၎င်း၊ ဣဒံသစ္စာဘိ
နိဝေသော-<mark>ဣဒံသစ္စာဘိနိဝေသ</mark>ဟူ၍၎င်း၊ အတ္တဝါဒုပါဒါနော စ-
အတ္တဝါဒုပါဒါန ဟူ၍၎င်း၊ ပဝုစ္စတိ-ဆိုအပ်၏။

---

နိဿယနှင့်အဓိပ္ပါယ်
၄၂၁

၁၁။ အမှာစကားချပ်။ ။ကျမ်းဆရာတို့သည် မိမိပြခဲ့ပြီးသော စကား
ရပ်၌ အထူး သိစေလိုသော အချက်ဝယ် အမှာစကား ညှလျက် မှတ်ချက်ကို
ပြတတ်ကုန်၏၊ ဤ "အာသဝါဒီသု" စသည့်ကား ထိုကဲ့သို့ "မှတ်ချက်"ပြသော
စကားတည်း၊ အာသဝါဒီသု၌ အာဒိဖြင့် ကာမဘဝ <mark>သီလဗ္ဗတ</mark>ပရာမာသ
စသည့်တို့ပါရှိရာ သြဃ ယောဂစသော အခဏ်းများကို ယူ၊ ဂန္ထ -ကိလေသာ
အခဏ်းတို့မှ တပါး ကျန် အားလုံးတည်း။
<mark>ကာမ</mark>ဘဝ ၊ ပေ ၊ တဏှာ<mark>အဓိပ္ပါယ်ဖြစ်</mark>၍ သင်္ဂြိုဟ်ဆရာ အလိုအား
ဖြင့် <mark>ကာမ</mark> သဒ္ဒါသည့် ဝတ္ထုအာရုံ <mark>ကာမ</mark>ဂုဏ်ကို ဟောရင်းတည်း၊ ဘဝ သဒ္ဓါ
လည်း ရူပ အရူပဈာန်နှင့် ၎င်းတို့၏ အကျိုး ဝိပါက်ကို ဟောရင်း တည်း၊
သို့ဖြစ်၍ ( <mark>ဒိဋ္ဌ</mark>ာသဝ စသည်၌ <mark>ဒိဋ္ဌိ</mark>နှင့် အာသဝသည့် အရတူသော်လည်း)
<mark>ကာမ</mark>နှင့် အာသဝ'ဘဝနှင့် အာသဝ စသည့်မှာ အရမတူဘဲ ဖြစ်နေသည်၊
ထို့ကြောင့် <mark>ကာမ</mark>နှင့် အာသဝ စသည်တို့ အရတူဘို့ရာ ကာမ<mark>နာမည်</mark>ဖြင့်(ဝါ-
<mark>ကာမ</mark>အရ ) ဝတ္ထုအာရုံ <mark>ကာမ</mark>ဂုဏ်ကို တိုက်ရိုက်မယူဘဲ, ထိုအာရုံ၌ တည်
သော(ထို ကာမဂုဏ်ကို <mark>အာရုံပြု</mark>သော)ကာမတဏှာကို ဌာနူပစာရအားဖြင့်
ကောက်ပါ၊ ဘဝ<mark>နာမည်</mark>ဖြင့် ( ဘဝအရ) ထို ဘဝကို အာရုံ ပြုသော ဘဝ
တဏှာကို ဌာနူပစာရ အားဖြင့် ကောက်ပါ၊ သို့မှ <mark>ကာမ</mark>သဒ္ဓါ ဘဝသဒ္ဓါနှင့်
အာသဝသဒ္ဒါ စသည်တို့ အရတူကြ သဖြင့် – <mark>ကာမ</mark>ောယေဝ+အာသဝေါ,
<mark>ကာမ</mark>ာသဝေါ"စသော ကမ္မဓာရည်းဝိဂြိုဟ်ပြုနိုင်မည် ဟူလို၊ [ အာရုံဌာန၏
အမည်ကို <mark>အာရုံပြု</mark>တတ်သော ဌာနီ တဏှာ၌ တင်စား၍ ခေါ်ဝေါ်ခြင်းကို
ဌာနူပစာရ ဟု ဆိုသည်။ ]
<mark>သီလဗ္ဗတ</mark> ၊ ပေ ၊ ပဝုစ္စတိ—- –ဒိဋ္ဌိ <mark>စေတသိက်</mark> တခုထည်း ဖြစ်လျက်
အဘယ့်ကြောင့် <mark>သီလဗ္ဗတ</mark>ပရာမာသ စသည်ဖြင့် <mark>နာမည်</mark> အမျိုးမျိုး ဆိုအပ်
သနည်း" ဟု မေးဘွယ်ရှိ၍ ဤ အမှာစကားချပ်ကို ညှပ်ရလေသည်၊ ဆိုလို
ရင်းကား-<mark>သီလဗ္ဗတ</mark>ပရာမာသ <mark>ဒိဋ္ဌိ</mark>သည် – နွား ခွေးတို့၏ အလေ့အကျင့်ဖြင့်
ကိလေသာမှ စင်ကြယ် သံသရာမှ လွတ်မြောက်လွယ်၏ " ဟု ယူ၏၊ ဣဒံ
သစ္စာဘိနိဝေသ ဒိဋ္ဌိသည် – <mark>" ဤ ငါ့</mark>အယူသာ အမှန်, ကျန် အယူတွေ အမှား
ချည်းဘဲ "ဟု စွဲမြဲစွာ ယူ၏၊ အတ္တဝါဒုပါဒါန <mark>ဒိဋ္ဌိ</mark>သည်"အတ္တရှိ၏"ဟု ယူ၏၊
ဤသို့ ယူပုံ အခြင်းအရာ ကွဲပြား သောကြောင့် တရားကိုယ် အားဖြင့် ဒိဋ္ဌိ
<mark>စေတသိက်</mark>တခုထည်းကိုပင် <mark>သီလဗ္ဗတ</mark>ပရာမာသစသည်ဖြင့် <mark>နာမည်</mark>အမျိုးမျိုး
တပ်၍ ဆိုအပ်လေသည် ဟူလို။
[ " တထာပဝတ္တံ " ကား ဒိဋ္ဌိ<mark>စေတသိက်</mark> တခုထည်းကိုပင် <mark>သီလဗ္ဗတ</mark>
ပရာမာသ စသည်ဖြင့် <mark>နာမည်</mark>အမျိုးမျိုး ဆိုရခြင်း အကြောင်းကို ပြသော ပါဌ်
တည်း၊ ထို့ကြောင့် "တထာပဝတ္တံ-ထိုထိုယူပုံ အခြင်းအရာ အားဖြင့် ကွဲပြား
လျက် ဖြစ်ခြင်းကြောင့် " ဟု <mark>ဟေတု</mark>အနက်ကိုလည်း သုံးစွဲပါလေ။
