## Trang 221

<mark>၄၃၂</mark>
အမှာစကားချပ်
-
သမုစ္စည်းပိုင်း
ဂ။ ပန-အမှာ စကားချပ် <mark>ညှပ်လိုက်ဦးအံ့</mark>၊
ဧတ္ထ – ၍ မိဿက <mark>သင်္ဂဟ</mark>၌၊ ဣန္ဒြိယေသု-
<mark>ဣန္ဒြေ</mark>တို့တွင်၊ သောတာပတ္တိမဂ္ဂညာဏံ – သောတာပတ္တိမဂ်
ဉာဏ်ကို၊ <mark>အနညာတညသာမီတိန္ဒြိယန္တိ</mark> - အနညာတညဿာ
မီတိန္ဒြေ ဟူ၍၊ ပဝုစ္စတိ = ဆိုအပ်၏။ ဣတိနှင့် ပဝုစ္စန္တိကို
ပြန်၍လိုက်၊ အရဟတ္တဖလညာဏံ-အရဟတ္တဖိုလ်ဉာဏ်ကို၊
<mark>အညာတာဝိန္ဒြိယံတိ</mark> - အညာတာဝိန္ဒြေ ဟူ၍၊ ပဝုစ္စတိ – ၏
မ - အလယ်၌၊ <mark>ဆ ဉာဏာနိ</mark> - အထက်မဂ် အောက်ဖိုလ်
ခြောက်ပါးသော ဉာဏ်တို့ကို၊ <mark>အညိန္ဒြိယာနီတိ</mark> - အညိန္ဒြေတို့
ဟူ၍၊ ပဝုစ္စန္တိ – ဆိုအပ်ကုန်၏၊ <mark>ဇီဝိတိန္ဒြိယဉ္စ</mark> – ဇီဝိတိန္ဒြေ
<mark>သည်</mark>လည်း၊ ရူပါ ရူပဝသေန – ရုပ် ဇီဝိတ နာမ် ဇီဝိတတို့၏
အပြားအားဖြင့်၊ <mark>ဒုဝိဓံ</mark> – နှစ်ပါး အပြား ရှိ<mark>သည်</mark>၊ ဟောတိ –
ဖြစ်၏။
-
ယေ’အကြင် တရားတို့<mark>သည်</mark>၊ သြဇာဋ္ဌမကရူပံ-သြဇာလျှင် ရှစ်ခုမြောက်
ရှိသော ရုပ်ကို၎င်း၊ ဝေဒနံ−ဝေဒနာကို၎င်း၊ ပဋိသန္ဓေကံ’ပဋိသန္ဓေ ဝိညာဏ်
ကို၎င်း၊ နာမရူပံ’တကွဖြစ်ဘက် နာမ်ရုပ်ကို၎င်း၊ အာဟရန္တိ’ကိုယ်စီ <mark>ကိုယ်ငှ</mark>
ဆောင်ရွက်ကြကုန်၏၊ တသ္မာ-<mark>ထို့ကြောင့်</mark>၊ တေ’ထို <mark>ကဗဠီကာရာဟာရ</mark>
စသော တရားတို့ကို၊ အာဟာရာတိ – အာဟာရတို့ ဟူ၍၊ ဝုစ္စရေ – ဆိုအပ်
ကုန်၏။
၁၁၀
-
-
အမှာစကားချပ်။ “ဣန္ဒြိယေသု <mark>ပနေတ္ထ</mark>” မှ စ၍“အဓိပတိ
ဧကောဝ <mark>လဗ္ဘတိ</mark>” တိုင်အောင် စကားစုကား အထူးမှတ်ချက်ကို ပြသော
အမှာစကားရပ်တည်း၊ ဤစကားရပ်ကို ကြည့်၍ ဆိုခဲ့ပြီးသော <mark>ဣန္ဒြေ</mark> စသည့်၌
တရားကိုယ် ကောက်ပုံကို သိရမည်။
<mark>နိဿယ</mark>နှင့်အဓိပ္ပါယ်
-
၄၃၃
၉။ ပဉ္စဝိညာဏေသု - ဒွေးပဉ္စဝိညာဏ်တို့၌၊ ဈာနင်္ဂါနိ–
ဈာနင်တို့ကို ၎င်း၊ <mark>အဝီရိယေသု</mark> – ဝီရိယ မရှိသောစိတ် တဆဲ့
ခြောက်ပါးတို့၌၊ ဗလာနိ - ဗိုလ်တို့ကို၎င်း၊ အဟေ<mark>တု</mark>ကေသု-
အဟိတ်စိတ်တို့၌၊ မဂ္ဂင်္ဂါနိ-မဂ္ဂင်တို့ကို၎င်း၊ <mark>န လဗ္ဘန္တိ</mark> - မ
အပ်ကုန်။
-
၉။ ပဉ္စဝိညာဏေသုဈာနင်္ဂါနိ —— ဈာနင် မည်သော တရားတို့တွင်
<mark>ဧကဂ္ဂတာ</mark>နှင့် ဝေဒနာ<mark>သည်</mark> ဒွေးပဉ္စဝိညာဉ်၌ ယှဉ်၏၊ သို့သော် ထို ဧကဂ္ဂ
တာနှင့် ဝေဒနာ<mark>သည်</mark> ဒွေးပဉ္စဝိညာဉ်၌ <mark>ယှဉ်ခိုက်</mark>မှာ ဈာနင် အမည် မရထိုက်
ဟူလို၊ <mark>ထို့ကြောင့်</mark> တရားကိုယ် ကောက်<mark>တု</mark>န်းက ၎င်းတို့ကို ကြဉ်ခဲ့ရ<mark>သည်</mark>၊
ဝိတက်စ<mark>သည်</mark>တို့ကား ပင်ကိုယ်ကပင် ပဉ္စဝိညာဉ်၌ မယှဉ်ချေ။
<mark>အဝီရိယေသု</mark>ဗလာနိ
<mark>ဝီ</mark>ရိယနှင့် မယှဉ်သောစိတ် ၁၆ ပါး ရှိ၏၊
[ စေတသိက်ပိုင်း သမ္ပယောဂနည်းကို သတိပြု၊ ] ထို စိတ်တို့၌ <mark>ယှဉ်ခိုက်</mark>
ဧကဂ္ဂတာ စေတသိက်<mark>သည်</mark> သမာဓိဗိုလ်အမည် မရထိုက်၊ သဒ္ဓါစ<mark>သည်</mark>တို့ကား
ပင်ကိုယ်ကပင် အ<mark>ဝီ</mark>ရိယစိတ်၌ မယှဉ်ချေ။
---
အဟေ<mark>တု</mark>ကေသုမဂ္ဂင်္ဂါနိ —— အဟိတ်စိတ် အားလုံး၌၎င်း အချို့၌၎င်း
<mark>ယှဉ်ခိုက်</mark>ဝိတက် ဝီရိယ <mark>ဧကဂ္ဂတာ</mark>တို့သည် မဂ္ဂင် မထိုက်၊ ပညာ စသည့်တို့
ကား ပင်ကိုယ်ကပင် အဟိတ်စိတ်၌ မယှဉ်ချေ။ ဈာနင်စသည့် မထိုက်ခြင်း၏
အကြောင်းကို ဘာသာဋီကာ၌ အကျယ် ဆိုထားပြီ။ မှတ်နှင့်ရန်ကား——
[ဆောင်] ၁။ ဝိတက်မယှဉ်၊ သို့ဖြစ်အင်ကြောင့်၊ ဈာနင်မရ၊ မှတ်ကုန်ကြ
ပဉ္စဝိညာဉ်မှာ။
၂။ <mark>ဝီ</mark>ရိယကိုယ်၊ မရှိလိုသဖြင့်၊ ဗိုလ်မထိုက်ဘို့၊ အလိုက်သိ၊
အဝီရိယပါ။
၅၅

---

## Trang 222

၄၃၄
သမုစ္စည်းပိုင်း
၁၀။ တထာ- ထိုမှ တပါး၊ <mark>ဝိစိကိစ္ဆာစိတ္တေ</mark> – ဝိစိကိစ္ဆာ
-
စိတ်၌၊ <mark>ဧကဂ္ဂတာ</mark> - ဧကဂ္ဂတာ သည်၊ <mark>မဂ္ဂင်္ဂိန္ဒြိယဗလဘာဝံ</mark> -
မဂ္ဂင်<mark>ဣန္ဒြေ</mark>ဗိုလ် အဖြစ်သို့၊ နဂစ္ဆတိ-မရောက်၊
-
၁၁။ ဒွိဟေတုက တိဟေတုက <mark>ဇဝနေသ္ဝေဝ</mark> - ဒွိဟိတ်
ဇော တိဟိတ်ဇော တို့၌ သာလျှင်၊ <mark>ယထာသမ္ဘဝံ</mark> – ဖြစ်သင့်
၁၀။
၃။ ဟိတ်နှင့်မယှဉ်၊ သို့ဖြစ်အင်ကြောင့်၊ မဂ္ဂင်မှဆိတ်၊ အဟိတ်
စိတ်၊ ကြိတ်လိတ် မြဲသေချာ။
တထာ <mark>ဝိစိကိစ္ဆာစိတ္တေ</mark> ၊ ပေ ၊ နဂစ္ဆတိ’ဝိစိကိစ္ဆာသဟဂုတ်
စိတ်၌ ယှဉ်သော <mark>ဧကဂ္ဂတာ</mark>ကား မဂ္ဂင်အမည်လည်း မရထိုက်၊ <mark>ဣန္ဒြေ</mark> ဗိုလ်
အမည်လည်း မရထိုက်။
[၍ သင်္ဂြိုဟ်ပါဠိ ရှိသည့်အတိုင်း သမာဓိန္ဒြေ၏ တရားကိုယ်ကို ကောက်ရ
လျှင် “ဝိစိကိစ္ဆာ သဟဂုတ်စိတ်မှတပါး <mark>စိတ် ၄၈</mark> ၌ ရှိသော <mark>ဧကဂ္ဂတာ</mark>သည်
သမာဓိန္ဒြေ မည်၏”ဟု ဆိုရပေလိမ့်မည်၊ စင်စစ်မှာ ဝိစိကိစ္ဆာစိတ်သာ မက၊
ဝီရိယနှင့် မယှဉ်သော စိတ် ၁၆ ပါး၌ <mark>ယှဉ်ခိုက်</mark> ဖြစ်သော <mark>ဧကဂ္ဂတာ</mark>လည်း
သမာဓိန္ဒြေ မထိုက် ဟု အဋ္ဌကထာကြီးများ ယူကြလေပြီ၊ ထို အယူအတိုင်းပင်
ဓာတုကထာ၌ ကောက်ယူရ လေသည်။ <mark>ထို့ကြောင့်</mark> အဋ္ဌကထာကြီးများနှင့်
လျော်ညီအောင် ကျေးဇူးရှင် ဆရာတော်ကြီး ပြင်ထားသော ပါဠိကို ဘာသာ
ဋီကာမှာ ရှု။ ]
၆
၁၁။ <mark>ဒွိဟေတုက</mark>၊ပေ၊လဗ္ဘန္တိ’’ဒွိဟိတ်ဇော တိဟိတ်ဇော၌ရှိသော
ဆန္ဒစသည့်တို့သာ “အဓိပတိ” ဖြစ်ထိုက်သည့်၊ အခြားစိတ်များ၌ ယှဉ်သော
ဆန္ဒ စ<mark>သည်</mark>တို့ကား အဓိပတိ မဖြစ်ထိုက်၊ <mark>ဇဝနေသ္ဝေဝ</mark> -- ၌ ဧဝဖြင့် ဇော
မဟုတ်သော တရားများကို ကန့်သည်၊ <mark>ဒွိဟေတုက</mark> တိဟေတုက – နောင်
-
<mark>နိဿယ</mark>နှင့်အဓိပ္ပါယ်
-
၄၃၅
<mark>သည်</mark>အားလျော်စွာ၊ အဓိပတိ - အဓိပတိကို၊ <mark>ဧကောဝ-တစ်ပါး</mark>
တည်းကိုသာလျှင်၊ <mark>လဗ္ဘတိ</mark>-ရ အပ်၏။
သင်္ဂဟ
-
၁၂။ <mark>ဝတ္ထုတော</mark>-ပရမတ်အလို အထည်ကိုယ်
ဝတ္ထုအားဖြင့်၊ ဟေတူ – ဟိတ်တို့<mark>သည်</mark>၊ ဆ’
ခြောက်ပါးတို့တည်း၊ ဈာနင်္ဂါ – ဈာနင်တို့<mark>သည်</mark>၊ ပဉ္စ – ငါးပါး
တို့တည်း၊ မဂ္ဂင်္ဂါ-မဂ္ဂင်တို့<mark>သည်</mark>၊ နဝ-ကိုးပါးတို့တည်း၊ ဣန္ဒြိယ
ဓမ္မာစ-<mark>ဣန္ဒြေတရား</mark>တို့သည်ကား၊ သောဠသ - <mark>တဆဲ့ခြောက်ပါး</mark>
တို့တည်း၊ <mark>ဗလဓမ္မာ</mark> - ဗိုလ်တရားတို့ကို၊ နဝ-ကိုးပါးတို့ဟူ၍၊
<mark>ဥဒီရိတာ</mark> - ဆိုအပ်ကုန်၏၊ နဝ <mark>ဥဒီရိတာ</mark>=နဝ+<mark>ဥဒီရိတာ</mark>၊ အဓိ
ပတီ – အဓိပတိတို့ကို၊ စတ္တာရော – လေးပါးတို့ ဟူ၍၊ <mark>ဝုတ္တာ</mark>-
-
-
-
ဧဝသဒ္ဒါ ယှဉ်စပ်၍ “<mark>ဒွိဟေတုက</mark> တိဟေတု<mark>ကေသ္ဝေဝ</mark>”ဟု မှတ်၊ ထို ဧဝဖြင့်
ဧကဟိတ်ဇော အဟိတ်ဇောကို ကန့်<mark>သည်</mark>။ [ ဇောတို့၏ ဒွိဟိတ် တိဟိတ်
ဖြစ်ပုံမှာ ဟေတု<mark>သင်္ဂဟ</mark>ကို သတိပြု။
အဓိပတိ ဧကောဝ
အကြီးဆုံး အချုပ်ဆုံးမှန်လျှင် ထိုထို ကိစ္စ၌
တစ်ယောက်သာ ရှိရသကဲ့သို့ ထို့အတူ မဟာကုသိုလ် ပဌမစိတ်၌ ဆန္ဒစသော
၄ ပါးလုံး ရှိရာ <mark>တစ်ပါးပါး</mark>သာ အဓိပတိဖြစ်ရမည်၊ ကျန် ၃ ပါးကား <mark>နောက်လိုက်</mark>
ငယ်သား သာတည်း၊ ဥပမာ— ဆန္ဒ အဓိပတိဖြစ်ခိုက် ဝီရိယ စ<mark>သည်</mark>တို့က
သာမန် <mark>နောက်လိုက်</mark>တရားများ ဖြစ်ရမည် ဟူလို။
-
-
<mark>ယထာသမ္ဘဝံ</mark> — ထိုလေးပါးတွင် ဖြစ်သင့်သော တရား <mark>တစ်ပါးပါး</mark>က
အဓိပတိ ဖြစ်လိမ့်မည်၊ ဆန္ဒ ထက်သန်သည့် အခါ ဆန္ဒ<mark>သည်</mark> အဓိပတိ ဖြစ်
သင့်၏၊ ဝီရိယ ထက်သန်သည့်အခါ ဝီရိယ<mark>သည်</mark>၊စိတ်ထက်သန်သည့် အခါ
စိတ်<mark>သည်</mark>၊ ပညာ ထက်သန်သည့်အခါ ဝီမံသ<mark>သည်</mark> အဓိပတိ ဖြစ်သင့်၏။

---

## Trang 223

<mark>၄၃၆</mark>
သမုစ္စည်းပိုင်း
ဆိုအပ်ကုန်၏၊ အာဟာရာ – အာဟာရ တို့<mark>သည်</mark>၊ တထာ
ထို့အတူ လေးပါးတို့တည်း၊ ဣတိ - ဤသို့၊ ကုသလာဒိသမာ
ကိဏ္ဏေ - ကုသိုလ် စ<mark>သည်</mark>တို့ဖြင့် ရောပြွမ်းသော၊ မိဿက
<mark>သင်္ဂဟ</mark>ေ - မိဿက<mark>သင်္ဂဟ</mark>ကို၊ သတ္တဓာ - ခုနစ်ပါး အပြား
အားဖြင့်၊ ဝုတ္တော-ဆိုအပ်ပြီ။
၁၂။ <mark>သင်္ဂဟ</mark>။ ။ ဆ ဟေတူ စသည့်အရ ဟိတ် ၆ ပါး စ<mark>သည်</mark>၏
တရားကိုယ် ကောက်ပုံကို ပြခဲ့သော စုဏ္ဏိယ၏ အဓိပ္ပါယ်ကို ကြည့်၍ သိနိုင်
လောက်ပြီ၊ သတ္တဓာအရ ၇ ပါးကား ၁-ဟေတု ၂-ဈာနင်္ဂ၊ ၃-မဂ္ဂင်္ဂ
စသော ၇ ပါးတည်း။
၇
<mark>လေ့ကျင့်ခန်း</mark> မေးခွန်းများ
က။ အဘယ်<mark>သင်္ဂဟ</mark>ကို မိဿက<mark>သင်္ဂဟ</mark> ဟု ခေါ်သနည်း။
ခ။ <mark>အဘယ်တရားမျိုး</mark>ကို ဟေတု ခေါ်သနည်း၊ လင်္ကာထောက်ပါ။
ဂ။ <mark>အဘယ်တရားမျိုး</mark>ကို ဈာနင် ဟု ခေါ်သနည်း၊ လင်္ကာ<mark>ထောက်ပါ</mark>။
ဃ။ အဘယ်စိတ်များ၌ ဈာနင် မရထိုက်သနည်း သင်္ဂြိုဟ်<mark>ထောက်ပါ</mark>။
င။ ထိုဈာန်တို့၏ နာမည်နှင့် တရားကိုယ်ကို ယှဉ်စပ်ပြပါ။
စ။ <mark>အဘယ်တရားမျိုး</mark>ကို မဂ္ဂင် ဟု ခေါ်သနည်း၊ လင်္ကာ<mark>ထောက်ပါ</mark>။
ဆ။ အဘယ်စိတ်များ လုံးဝ မဂ္ဂင် မထိုက်သနည်း၊ သင်္ဂြိုဟ်<mark>ထောက်ပါ</mark>။
ဇ။ ဝိစိကိစ္ဆာစိတ်၌ကား အဘယ်တရား<mark>သည်</mark> မဂ္ဂင် မထိုက်နည်း။
<mark>နိဿယ</mark>နှင့်အဓိပ္ပါယ်
ဈ။ ထို မဂ္ဂင်တို့၏ နာမည်နှင့် တရားကိုယ်ကိုယှဉ်တွဲပြပါ။
ည။ <mark>အဘယ်တရားမျိုး</mark>ကို ဣန္ဒြေ ဟု ခေါ်သနည်း။
ဋ။ အဘယ်စိတ်များ၌ အဘယ်တရားသည် <mark>ဣန္ဒြေ</mark> မထိုက်သနည်း။
ဌ။ ထို <mark>ဣန္ဒြေ</mark>တို့၏ နာမည်ဖြင့် တရားကိုယ်ကို ယှဉ်တွဲပြပါ။
ဍ။ <mark>အဘယ်တရားမျိုး</mark>ကို ဗိုလ် ဟု ခေါ်သနည်း။
<mark>ဎ။</mark> အဘယ်စိတ်များ၌ အဘယ်တရားများ<mark>သည်</mark> ဗိုလ် မထိုက်သနည်း။
ဏ။ ထို ဗိုလ်တို့၏နာမည်နှင့် တရားကိုယ်ကို ယှဉ်တွဲပြပါ။
တ။ <mark>အဘယ်တရားမျိုး</mark>ကို အဓိပတိ ဟု ခေါ်သနည်း။
၄၃၇
ထ။ ထို အဓိပတိကို အဘယ်တရား၌သာ ရအပ်သနည်း၊ သင်္ဂြိုဟ်<mark>ထောက်ပါ</mark>။
ဒ။ လေးပါးလုံး တပြိုင်နက် အဓိပတိ ဖြစ်ထိုက်သလော၊ သင်္ဂြိုဟ်<mark>ထောက်ပါ</mark>။
ဓ။ အဘယ်အခါ အဘယ်တရား<mark>သည်</mark> အဓိပတိ ဖြစ်သင့်သနည်း။
န။ အဓိပတိတို့၏ နာမည်နှင့် တရားကိုယ်ကို ယှဉ်တွဲပြပါ။
ပ။ အဘယ်တရားကို အာဟာရ ဟု ခေါ်သနည်း။
<mark>ဖ။</mark> ထို အာဟာရတို့၏ နာမည်နှင့် တရားကိုယ်ကို ယှဉ်တွဲပြပါ။
ဗ။ ထို အာဟာရတို့ အသီးအသီး <mark>ဆောင်ရွက်သော</mark> အကျိုးများကို
သာဓကနှင့်တကွ ပြပါ။

---

## Trang 224

<mark>၄၃၈</mark>
ဗောဓိပက္ခိယ <mark>သင်္ဂဟ</mark>
သမုစ္စည်းပိုင်း
-
-
၁။ ဗောဓိပက္ခိယ <mark>သင်္ဂဟ</mark>ေ - ဗောဓိ
ပက္ခိယ <mark>သင်္ဂဟ</mark>၌၊ သတိပဋ္ဌာနာ- သတိ
ပဋ္ဌာန် တို့<mark>သည်</mark>၊ ကာယာနုပဿနာ သတိပဋ္ဌာနံ – ကာယာ
နုပဿနာ သတိပဋ္ဌာန်၎င်း၊ <mark>ဝေဒနာနုပဿနာ</mark> သတိပဋ္ဌာနံ-
<mark>ဝေဒနာနုပဿနာ</mark>သတိပဋ္ဌာန်၎င်း၊စိတ္တာနုပဿနာသတိပဋ္ဌာနံ-
စိတ္တာနုပဿနာ သတိပဋ္ဌာန်၎င်း၊ ဓမ္မာနုပဿနာ သတိပဋ္ဌာနံ-
ဓမ္မာနုပဿနာ သတိပဋ္ဌာန်၎င်း၊ (ဣတိ-ဤသို့၊) စတ္တာရော-
လေးပါးတို့တည်း။
။
ဝ
ဗောဓိပက္ခိယ<mark>သင်္ဂဟ</mark> ။ [ဗောဓိ+ပက္ခ+ ဏျ၊ ဗောဓိ=မဂ်
ဉာဏ်+ပက္ခ=အသင်း (ဘက်သား ) + ဏျ==ဖြစ်သည်။] <mark>မဂ်ဉာဏ်</mark>၏
ဘက်တော်အတွင်း၌ အသင်းဝင် တရားများကို “ ဗောဓိပက္ခိယ ” တရားဟု
ခေါ်၏၊ ထို ဗောဓိပက္ခိယ တရားစုကို ပြဆိုရာ အပိုင်း အခဏ်းကို “ ဗောဓိ
ပက္ခိယ <mark>သင်္ဂဟ</mark> ” ဟု ခေါ်သည်။
<mark>ထို့ကြောင့်</mark> ဗောဓိပက္ခိယ တရားတို့၏ တရားကိုယ်ကို ကောက်ရာ၌ မဂ်
ဖိုလ်နှင့် ယှဉ်သော တရားကို၎င်း၊ မဂ်ဖိုလ်၏ ရှေ့သွား ( သီလဝိသုဒ္ဓိ စိတ္တ
ဝိသုဒ္ဓိ စသည့်ဖြင့်) ကျေးဇူးများသည့် လောကီကုသိုလ် ကြိယာနှင့် <mark>ယှဉ်ခိုက်</mark>
တရားကို၎င်း၊ ထိုက်သလို ကောက်ရလိမ့်မည်။
၁။
သတိပဋ္ဌာန်။ ။ [ပဋ္ဌာန=ပ+ဌာန။ ပ==လွန်ကဲစွာ ( အာရုံ၌
သက်ရောက်၍ ) +ဌာန===တည်သောတရား၊ ] မိမိဆိုင်ရာ အာရုံ၌ လွန်လွန်
ကဲကဲ <mark>စွဲမြဲစွာ တည်သော</mark> သတိအထူးကို “သတိပဋ္ဌာန်” ဟု ခေါ်<mark>သည်</mark>။
[ဆောင်] လွန်လွန်ကဲကဲ၊ <mark>အာရုံထဲ၌၊</mark> စွဲမြဲတည်ဘိ၊ ထိုသတိ၊
သတိပဋ္ဌာန်ခေါ်။
-
<mark>နိဿယ</mark>နှင့်အဓိပ္ပါယ်
-
၄၃၉
၂။ သမ္မပ္ပဓာနာ - သမ္မပ္ပဓာန်တို့<mark>သည်</mark>၊ ဥပ္ပန္နာနံ-<mark>ဥပ္ပန္နံ</mark> ဟု
ဆိုအပ် ကုန်သော၊ ပါပကာနံ - အကုသိုလ် တရားတို့ကို၊
ပဟာနာယ - ပယ်ခြင်းငှါ၊ <mark>ဝါယာမော</mark> - အားထုတ်ခြင်း၎င်း၊
<mark>အနုပ္ပန္နာနံ</mark> - အနုပ္ပန္နံ ဟု ဆိုအပ်ကုန်သော၊ ပါပကာနံ – အကု
သိုလ် တရားတို့၏၊ အနုပ္ပါဒါယ - မဖြစ်ခြင်းငှါ၊ <mark>ဝါယာမော</mark>-
အားထုတ်ခြင်း၎င်း၊ <mark>အနုပ္ပန္နာနံ</mark>’အနုပ္ပန္နံ ဟု ဆိုအပ်ကုန်သော၊
ကုသလာနံ – ကုသိုလ် တရားတို့၏၊ ဥပ္ပါဒါယ – ဖြစ်ခြင်းငှါ၊
-
-
သတိပဋ္ဌာန် ၄ ပါး သရုပ်ကို သင်္ဂြိုဟ် ကြည့်၍ ရေတွက်လေ၊ ထို ၄ ပါး
လုံး၏ တရားကိုယ်မှာ မဟာကုသိုလ်ကြိယာ အပ္ပနာဇော ဆဗ္ဗေသ၌ ရှိသော
သတိစေတသိက် ချည်းသာတည်း။[တရားကိုယ်မှာ သတိ တစ်ပါးတည်း ဖြစ်
သော်လည်း ( ၁ ) အာရုံက ကာယ ဝေဒနာ စိတ္တ ဓမ္မ ၄ မျိုး ပြားခြင်း၊
(၂) ထို အာရုံများ၌ အသုဘ ဒုက္ခ အနိစ္စ အနတ္တ ယူပုံ ( ရှုပုံ ) အခြင်း
အရာက ၄ မျိုး ပြားခြင်း၊ ( ၃ ) သုဘ သုခ နိစ္စ အတ္တ ဟု ထင်မှားချက်ကို
ပယ်ခွါခြင်း ကိစ္စက ၄ မျိုး ပြားခြင်းကြောင့် ၄ မျိုးခြား၍ ဘုရား ဟောတော်
မူ<mark>သည်</mark>၊ အကျယ်ကို ဘာသာဋီကာမှာ ရှု။ ]
[ဆောင်] သတိတစ်သာ၊ ဖြစ်တုံပါလည်း၊ ယူရာအာရုံ၊ လေးပါးစုံခဲ့၊
ယူပုံခြင်းရာ၊ လေးမျိုးသာတည်း၊ ပယ်ခွါကိစ္စ၊ ဖြစ်ပြန်က
လျှင်၊ <mark>လေးပါးပင်မျိုး၊ တို့ရှင်ပင်စည်</mark>၊ လေးမျိုးဟော<mark>သည်</mark>၊
မှတ်လော သတိပဋ္ဌာန် တည်း။
၂။ သမ္မပ္ပဓာန်။ ။ [ သမ္မာ+ပဓာန။ သမ္မာ=ကောင်းစွာ+ပဓာ
န=အားထုတ်ခြင်း။ ] အကုသိုလ်ကိုပယ်ခြင်း၊ အသစ် မဖြစ်စေခြင်း၊ ကုသိုလ်
ကို ဖြစ်စေခြင်း၊ တိုးအောင် အားထုတ်ခြင်း၊ ဤ ကိစ္စ ၄ ပါး<mark>သည်</mark> ရဟန္တာ

---

## Trang 225

<mark>၄၄၀</mark>
သမုစ္စည်းပိုင်း
-
<mark>ဝါယာမော</mark> - အားထုတ်ခြင်း၎င်း၊ ဥပ္ပဇ္ဇနံ – <mark>ဥပ္ပန္နံ</mark> ဟု ဆိုအပ်
ကုန်သော၊ ကုသလာနံ - <mark>ကုသိုလ်တရား</mark>တို့၏၊ ဘိယျောဘာ
ဝါယ-တိုးပွား<mark>သည်</mark>၏ အဖြစ်ဟူသော အကျိုးငှါ၊<mark>ဝါယာမော</mark>–
အားထုတ်ခြင်း ၎င်း၊ ဣတိ - ဤသို့၊ စတ္တာရော – လေးပါး
တို့တည်း။
-
-
များနှင့် မဆိုင်ရကား ရဟန္တာများ သန္တာန်၌သာ ဖြစ်လေ့ရှိသော ကြိယာ၌
ယှဉ်သော ဝီရိယကို မကောက်ထိုက်၊ ထို့ပြင် ဖိုလ်တရားများလည်း ထိုကိစ္စ
၄ ပါးလုံးကို မပြုနိုင်ရကား ဖိုလ်တရားများနှင့်လည်း မဆိုင်၊ <mark>ထို့ကြောင့်</mark>
ကုသိုလ်စိတ် <mark>ကုသလေသွေဝ၌</mark> ယှဉ်သော ဝီရိယကိုသာ သမ္မပ္ပဓာန် ၄ ပါးလုံး၏
တရားကိုယ်တည်း ဟု မှတ်၊ ဤသို့ တရားကိုယ် အားဖြင့် ဝီရိယ တစ်ပါးတည်း
သာ ဖြစ်သော်လည်း အကုသိုလ်ကို ပယ်ခြင်းစသောကိစ္စ <mark>၄ ပါးသော</mark>ကြောင့်
သမ္မပ္ပဓာန် ၄ မျိုး ဟောတော်မူ<mark>သည်</mark>။
[ဆောင်] ၁။ ကုသိုလ်စိတ်၌၊ <mark>ယှဉ်ခိုက်</mark>ကြုံမှ၊ ဝီရိယ၊ သမ္မပ္ပဓာန်ကောက်။
၂။ ဝီရိယတစ်ပါး၊ ဖြစ်တုံငြားလည်း၊ လေးပါး ကိစ္စ၊ ရှိလေ
ရသဖြင့်၊ သမ္မပ္ပဓာန်၊ လေးမျိုးဖန်၊ ဟောဟန် သဘော
ပေါက်။
ဥပ္ပန္နပါပက —— ရှေးက ဖြစ်စေ’ယခုဘဝမှာ ဖြစ်စေ’တကယ် ဖြစ်ပြီး
သောအကုသိုလ်ကို၎င်း၊ ဖြစ်ပြီး အကုသိုလ်များနှင့် ( ပါဏာတိပါတချင်း၊
အဒိန္နာဒါနချင်း စ<mark>သည်</mark>ဖြင့် ) တူသော မဖြစ်သေးသော အကုသိုလ်ကို ၎င်း
“ ဥပ္ပန္နပါပက” ဟု ခေါ်<mark>သည်</mark>။
၆၆
[ဆောင်] ဖြစ်ပြီး၎င်း၊ တကြောင်း ထိုနှင့်၊ အသင့်တူမျှ၊ ပါပက၊
ဥပ္ပန္န ဟု ခေါ်။
-
<mark>နိဿယ</mark>နှင့်အဓိပ္ပါယ်
၄၄၁
၃။ <mark>ဣဒ္ဓိ</mark>ပါဒါ – <mark>ဣဒ္ဓိ</mark>ပါဒ်တို့<mark>သည်</mark>၊ ဆန္ဒိဒ္ဓိပါဒေါ - ဆန္ဒိဒ္ဓိ
ပါဒ်၎င်း၊ ဝီရိယိဒ္ဓိပါဒေါ
– ဝီရိယိဒ္ဓိပါဒ်၎င်း၊ <mark>စိတ္တိဒ္ဓိပါဒေါ</mark>-
-
-
အနုပ္ပန္နပါပက — အနမတဂ္ဂ သံသရာ၌ မဖြစ်ဘူးသော အကုသိုလ်
ဟူ၍မရှိ၊ <mark>ထို့ကြောင့်</mark> ဤဘဝ၌ လုံးဝ မဖြစ်ဘူးသော အကုသိုလ်ကို၎င်း၊ အာရုံ
အသစ် အဆန်း တစ်ခုခုကိုစွဲ၍ မဖြစ်ဘူးသေးသော အကုသိုလ်ကို၎င်း၊ “အနုပ္ပန္န
ပါပက” ဟု ခေါ်<mark>သည်</mark>။
[ဆောင်] ဘဝ၌၊ လုံးဝ မဖြစ်၊ အာရုံသစ်ကြောင့်၊ မဖြစ်ဘူးကြ
ပါပက၊ အနုပ္ပန္န ခေါ်။
အနုပ္ပန္နကုသလ — ဤဘဝ၌ မဖြစ်ဘူးသေးသော သမထ <mark>ဝိပဿနာ</mark>
စသော လောကီကုသိုလ်မျိုး၊ သံသရာ၌ <mark>တစ်ခါ</mark>မျှ မဖြစ်ခဲ့ဘူးသော မဂ်ကုသိုလ်
မျိုးကို “အနုပ္ပန္နကုသလ” ဟု ခေါ်<mark>သည်</mark>။
[ဆောင်] လောကီအတွက်၊ ဤဘက် ဘဝ၊ မဂ္ဂသံသရာ၊ ရံ<mark>တစ်ခါ</mark>ထူး၊
မဖြစ်ဘူးကြ၊ ကုသလ၊ အနုပ္ပန္ ခေါ်။
ဥပ္ပန္နကုသလ—<mark>မဂ်တစ်ခု</mark> ဖြစ်ပြီးလျှင် ထိုမဂ်ကို ထပ်၍ တိုးပွားစေဘွယ်
မရှိ၊ မဖြစ်သေးသော ( အနုပ္ပန္န ) မဂ်ကိုသာ ဆက်လက်၍ ဖြစ်အောင် အား
ထုတ်ဘွယ် ရှိသောကြောင့် ဥပ္ပန္နကုသလကို တိုးပွားစေရာ၌ မဂ် ကုသိုလ်ကို
မယူဘဲ ရှေးဘဝကဖြစ်စေ ယခုဘဝ ဖြစ်စေ ဖြစ်ပြီးသော သမထ <mark>ဝိပဿနာ</mark>
စသော လောကီ ကုသိုလ်ကိုသာ ယူ။
[ဆောင်] ထို၍ဘဝ၊ ဖြစ်ကြလေပြီ၊ လောကီကုသလ၊ ဟူသမျှ၊
ဥပ္ပန္န ဟု ခေါ်။
၃။ <mark>ဣဒ္ဓိ</mark>ပါဒ်။ ။ [ <mark>ဣဒ္ဓိ</mark>+ပါဒ။ <mark>ဣဒ္ဓိ</mark>=ပြီးစီးထမြောက်သော အကျိုး
( <mark>ဈာန်မဂ်ဖိုလ်</mark> ) +ပါဒ=အခြေခံ။ ] ပြီးစီး ထမြောက်သော <mark>ဈာန်မဂ်ဖိုလ်</mark>
အကျိုးတို့၏ အခြေခံ အကြောင်းတရားကိုသာ “<mark>ဣဒ္ဓိ</mark>ပါဒ်”ဟုခေါ်<mark>သည်</mark>။
၅၆
