## Trang 236

ဒုက္ခိတေဘူမကံ — <mark>ကာ</mark>မ ရူပ အရူပဘုံ ၃ ပါး၌ အကျုံးဝင်သော တရား
များသည့် ဒုက္ခသစ္စာ မည်၏၊ ဤ တေဘူမက တရား ဟူသည်လည်း လောကီ
တရားများပင်တည်း၊ သို့သော် တဏှာ (လောဘ) ကို သီးခြား ဆိုလတ္တံ့ဖြစ်၍
ကြဉ်ရမည်၊ ထို့ကြောင့် "လောကီစိတ် <mark>၈၁</mark>၊ လောဘ ကြဉ်သော စေတသိက်
၅၁၊ ရုပ် <mark>၂၈</mark> သည့် ဒုက္ခသစ္စာမည်၏" ဟု မှတ်။
တဏှာသမုဒယော — လောဘမူစိတ် ၈ ပါး၌ ယှဉ်သော တဏှာ
(လောဘ) သည် သမုဒယ သစ္စာတည်း။
နိရောဓောနာမနိဗ္ဗာနံ'နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏။
<mark>မဂ္ဂါနေ</mark>'
လောကုတ္တရော'လောကုတ္တရာမဂ် ဟု သာမည ဆိုသော်လည်း
မဂ်စိတ် ၄ ခု၌ရှိသော မဂ္ဂင်တရားကိုယ် ၈ ပါးသာ မဂ္ဂသစ္စာ မည်သည်။
[မဂ်စိတ် ၄ ခု၌ စေတသိက် ၃၆ ယှဉ်ရာ၊ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ စသော
မဂ္ဂင် ၈ ပါး၏ တရားကိုယ် <mark>ဖြစ်ကုန်သော</mark> ပညာ ဝိတက် ဝိရတိ ၃၊ ဝီရိယ သတိ
သမာဓိများ ပါ၏။ ထို တရားကိုယ် ၈ ပါးသည့် မဂ္ဂသစ္စာ မည်၏ ဟူလို၊
ဖိုလ်စိတ်၌ မဂ္ဂင် တရားကိုယ်များ ယှဉ်၏။ သို့သော် နိဗ္ဗာန် ရောက်ဘို့ရာ
အကြောင်း (လမ်း) မဟုတ်၊ မဂ်၏ အကျိုးတရား ဖြစ်သောကြောင့် နိဗ္ဗာန
ဂါမိနိပဋိပဒါ ခေါ်သော အရိယသစ္စာတွင် (<mark>ဝါ</mark> – မဂ္ဂသစ္စာတွင်) မပါ
ဝင် နိုင်ချေ။]

---

တဏှာအစစ် တရာ့ရှစ်။ ။ "တဏှာသုံးတန်၊ အရင်းခံ၊ အာ'<mark>ကာ</mark>
သန် – ဖြင့် မြှောက်" နှင့် အညီ၊ တဏှာသမုဒယော'အရ တဏှာ အစစ်
တရာ့ရှစ် ဟု ပြောဆိုရိုးရှိ၏၊ <mark>ကာ</mark>မတဏှာ ဘဝတဏှာ ဝိဘဝတဏှာ ဟု
တဏှာ ၃ မျိုးကိုတည်၊ ထိုတဏှာ ၃ မျိုးက အာရုံ ၆ မျိုးကို အာရုံပြုသော
ကြောင့် (အာ) အာရုံ ၆ ပါးဖြင့် မြှောက်၊ <mark>၁၈</mark> တည်း၊ ထို တဏှာ <mark>၁၈</mark> မျိုး
လုံးသည့် အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလ ၃ ပါး၌ရှိသော အာရုံတို့ကို
အာရုံပြု၍ ဖြစ်ရကား (ကာ) ကာလ ၃ ပါးဖြင့် မြှောက်၊ ၅၄ ဖြစ်၏၊ ထို
၅၄ ပါးလုံးပင် မိမိသန္တာန်ကို အာရုံပြု၍၎င်း၊ သူများသန္တာန်ကို အာရုံပြု၍
၎င်း ဖြစ်ရကား (သန်) သန္တာန် ၂ ပါးဖြင့်မြှောက်၊ <mark>၁၀၈</mark> ဖြစ်၏။ [ကာမ
တဏှာ ဘဝတဏှာ ဝိဘဝတဏှာ၏ အကြောင်းကို ဘာသာဋီကာမှာ ရှူ။]

၁၂။ သစ္စဝိမုတ်။ ။မဂ္ဂယုတ္တာ ၊ပေ ၊ စတုသစ္စဝိနိဿဇ္ဇာ-ဤဂါထာ
ဤ ပါဒကား သစ္စဝိမုတ် (သစ္စာမှလွတ်သော) တရားတို့ကို ပြသော စကား
ရပ်တည်း။
<mark>ပရမတ္ထ</mark> ၄ ပါးတွင် လောကီစိတ် စေတသိက်နှင့် နိဗ္ဗာန်သည့်၎င်း၊ မဂ်
စိတ်နှင့်ယှဉ်သော မဂ္ဂင် ၈ ပါးသည်၎င်း၊ အသီးအသီး သစ္စာမည်ကြလေပြီ၊
မဂ်စိတ် ၄ တွင် တပါးပါးလျှင် စေတသိက် ၃၆ စီ ယှဉ်ရာ၊ မဂ္ဂင်တရားကိုယ်
၈ ပါးကို နှုတ်လိုက်က <mark>၂၈</mark> စီသာ ကျန်တော့၏၊ ထို့ကြောင့် သောတာ
ပတ္တိမဂ်စိတ် ၁၊ စေတသိက် <mark>၂၈</mark>၊ ပေါင်း (မဂ်စိတ္တုပ္ပါဒ်) <mark>၂၉</mark> သည့် သစ္စာ
အရေအတွက်မှလွတ်၏၊ ထိုအတူ သကဒါဂါမိမဂ် စိတ္တုပ္ပါဒ် <mark>၂၉</mark>၊ အနာဂါမိ
မဂ်စိတ္တုပ္ပါဒ် <mark>၂၉</mark>၊ အရဟတ္တမဂ်စိတ္တုပ္ပါဒ် ၂၉ သည့် သစ္စဝိမုတ်ချည့်တည့်း၊
[မာတိကာ အကော်၌ကား ၂၉ လေးလီကို (စိတ်ချင်း စေတသိက်ချင်း)
သဘောတူ ပေါင်း၍ မဂ်စိတ္တုပ္ပါဒ် ၂၉ ဟု သာမည ဆိုထားသည်။]

---

## Trang 237

အဘိဓမ္မတ္ထသင်္ဂဟေ-၌ သမုစ္ဆယ သင်္ဂဟဝိဘာဂေါနာမ-
သမုစ္စယသင်္ဂဟဝိဘာဂမည်သော၊ သတ္တမေ-ခုနစ်ပိုင်းတို့၏
ပြည့်ကြောင်းဖြစ်သော၊ ပရိစ္ဆေဒေါ-သည်၊ ဣတိ-ပြီးပြီ။
သုတ္တန်နည်း။

"<mark>စတုသစ္စဝိနိမုတ္တော ကောစိနာမ</mark> နတ္ထိ" (သစ္စာ
၄ ပါးမှ လွတ်သော သိကွယ် တရားမည်သည် မရှိ) ဟူသော အဋ္ဌကထာ
များ၏ စကားအရ ဆိုလျှင် <mark>ပရမတ္ထ</mark>တရား အားလုံးကို သစ္စာ ၄ ပါး၌ ထိုက်
သလို သွင်းရလိမ့်မည်၊ ထို့ကြောင့် ဖိုလ်စိတ်၌ယှဉ်သော မဂ္ဂင် တရားကိုယ်
(ပညာဝိတက်စသည်) ၈ ပါးကို မဂ္ဂင်ချင်း တူသောကြောင့် (သဒိသူပစာရ
နည်းအားဖြင့်) မဂ္ဂသစ္စာ၌ သွင်းရာ၏၊ ကြွင်းသော မဂ်စိတ္တုပ္ပါဒ် ၂၉၊ ဖိုလ်
စိတ္တုပ္ပါဒ် ၂၉ ကို (သဗ္ဗေသင်္ခါရာ ဒုက္ခာ – အရ သင်္ခါရတရားတွင် ပါဝင်
သဖြင့် သင်္ခါရဒုက္ခ ဖြစ်သောကြောင့်) ဒုက္ခသစ္စာတွင်း၌ သွင်းယူရာ၏။

[ဆောင်] ဖိုလ်စိတ်ယှဉ်ထ၊ မဂ္ဂင်္ဂကို၊ မဂ္ဂသွင်း၊ ကြွင်းသည့် မဂ်ဖိုလ်၊
စိတ္တုပ်ကိုကား၊ ထိုထိုဒုက္ခ၊ သင်္ခါရမို့၊ ဒုက္ခသစ္စာ၊ သွင်းယူ
ရာသည်၊ နည်းလာ သုတ္တန် သဘောတည်း။

ဣတိ ပဉ္စပဘေဒေန – အရ ငါးပါး အပြားကား ခန္ဓ-ဥပါဒါနက္ခန္ဓ-
အာယတန-ဓာတု-အရိယသစ္စာ အခဏ်းတို့တည်း။

လေ့ကျင့်ခဏ်း မေးခွန်းများ

က။ အဘယ့်ကြောင့် သဗ္ဗသင်္ဂဟ ဟု ခေါ်သနည်း။
ခ။ ခန္ဓသဒ္ဒါသည် အဘယ်အနက်ကို ဟောသနည်း။
ဂ။ ခန္ဓ'ဥပါဒါနက္ခန္ဓ ဟု အဘယ်အကျိုးငှါ ၂ မျိုး ခွဲရသနည်း၊ လင်္ကာ
ထောက်ပါ။ ["ခန္ဓ-ဥပါဒါနက္ခန္ဓ အထူးကို ပြပါ"ဟု မေးလျှင်လည်း
ဖြေတူပင်တည်း။]
ဃ။ ခန္ဓာ ၅ ပါး၏နာမည်နှင့် တရားကိုယ်ကို တွဲစပ်ပြပါ။
င။ ဥပါဒါနက္ခန္ဓာ၏ နာမည်နှင့် တရားကိုယ်ကို တွဲစပ်ပြပါ။
စ။ အာယတန ၁၂ ပါး၏ နာမည်နှင့် တရားကိုယ်ကို တွဲစပ်ပြပါ။
ဆ။ အဘယ့်ကြောင့် အာယတန ၁၂ ပါး ဖြစ်နိုင်သနည်း၊ သင်္ဂြိုဟ်ထောက်ပါ။
ဇ။ ဓာတ် <mark>၁၈</mark> ပါး၏ နာမည်နှင့် တရားကိုယ်ကို တွဲစပ်ပြပါ။
ည။ အဘယ့်ကြောင့် ဓာတ် ၁၈ ပါး ဖြစ်နိုင်သနည်း၊ သင်္ဂြိုဟ်ထောက်ပါ။
ဋ။ သစ္စာလေးပါး၏နာမည်နှင့် တရားကိုယ်ကို ယှဉ်စပ်ပြပါ။
ဌ။ သစ္စဝိမုတ် တရားကိုလည်း ထုတ်ပြပါ။
ဍ။ <mark>စတုသစ္စဝိနိမုတ္တော ကောစိနာမ</mark> နတ္ထိ – အရ ထို သစ္စာဝိမုတ် တရား
များကို ရထိုက်သော သစ္စာတွင်း၌ သွင်းပြပါ။
ဎ။ နိဗ္ဗာန်ကို အဘယ့်ကြောင့် ခန္ဓာ မဖွဲ့ရသနည်း၊ သင်္ဂြိုဟ်ထောက်ပါ။
ဏ။ ဘေဒါဘာဝေန-၌ ဘေဒအရ ၁၁ ပါး အပြားကို ရေတွက်ပါ။
သမုစ္စည်းပိုင်း နိဿယနှင့် အဓိပ္ပါယ်
ပြီးပြီ။
တ။ ဝေဒနာ ၁ပါးထည်းကို ခန္ဓာဖွဲ့ရာ၌ အဘယ်သို့ စုပုံမည့်နည်း။

---

## Trang 238

ပစ္စည်းပိုင်း နိဿယ

ယေသံ<mark>သင်္ခတ</mark>ဓမ္မာနံ – အကြင် <mark>သင်္ခတ</mark> ပစ္စယုပ္ပန်
ပဋိညာဉ်
တရားတို့အား၊ ယောဓမ္မာ - အကြင် <mark>သင်္ခတ</mark>၊
အ<mark>သင်္ခတ</mark>၊ ပညတ်ဟူသော ပစ္စည်းတရား တို့သည်၊ ယထာ-
အကြင်အကြင် ဟေတုသတ္တိ <mark>အာရမ္မဏသတ္တိ</mark> အစရှိသော
အခြင်းအရာဖြင့်၊ ပစ္စယာ-ကျေးဇူးပြုတတ်ကုန်၏၊ တံဝိဘာဂံ-
ထိုပစ္စည်း၊ ပစ္စယုပ္ပန်၊ ကျေးဇူးပြုဟန် သတ္တိအပြားကို၊ ဟ-
ဤ ပစ္စယသင်္ဂဟ၌၊ ဣဒါနိ – ယခု အခါ၌၊ ယထာရဟံ – ထိုက်
သည်အားလျော်စွာ၊ ပဝက္ခာမိ-ဆိုပေအံ့။

ပစ္စည်းပိုင်း အဓိပ္ပါယ်

"ပစ္စည်း ပစ္စယုပ္ပန်တို့ကို ပြရာ အပိုင်းကို 'ပစ္စည်းပိုင်း' ဟု ခေါ်သည်။

ပစ္စယ'-ဟူသော ပါဠိကို မြန်မာလို"ပစ္စည်း"ဟု ခေါ်၏၊ အဓိပ္ပါယ်မှာ-
ဆိုင်ရာ အကျိုးများ၏ "အကြောင်း" ဟူလို၊ ယခုလောက၌ "ပစ္စည်း"
ခေါ်ဝေါ်ရသော ရွှေ ငွေ စသော ဥစ္စာသည် ဥစ္စာရှင်အား ဆိုင်ရာအကျိုးကို
ပေးသကဲ့သို့၊ ထို့အတူ ဆိုင်ရာအကျိုးကို ပေးတတ်သော အကြောင်းတရားကို
ပစ္စယ၊ <mark>ဝါ</mark>-ပစ္စည်း" ဟု ခေါ်ဝေါ်ရပေသည်။

ပစ္စယုပ္ပန်'ယခင် အကြောင်းတရားကြောင့် ဖြစ်ရသော အကျိုးတရားကို
ပါဠိလို ပစ္စယုပ္ပန္န၊ မြန်မာလို ပစ္စယုပ္ပန်ဟု ခေါ်သည်။ [ပစ္စယတော+ဥပ္ပန္နံ
= ပစ္စယုပ္ပန္နံ၊ ပစ္စယတော = အကြောင်းတရားကြောင့် -- ဥပ္ပန္နံ =
ဖြစ်သော အကျိုးတည်း။] အချုပ်ကား – ပစ္စည်း ဟူသည့် အကြောင်းတရား တည်း၊
ပစ္စယုပ္ပန်ဟူသည့် အကျိုးတရားတည်း။

ပဋိညာဉ်။ ။ယေသံ<mark>သင်္ခတ</mark>၊ပေ၊ယထာရဟံ ဂါထာသည် ပဋိညာဉ်
ကို ပြသော ဂါထာတည်း၊ "ယခုအခါ ဤ ပစ္စယသင်္ဂဟ၌ ပစ္စည်းတရား၊
ပစ္စယုပ္ပန်တရား၊ ကျေးဇူးပြုပုံ သတ္တိအပြားကို ပြဆိုမည်" ဟူလို၊ "ယေသံ
<mark>သင်္ခတ</mark>ဓမ္မာနံ" ဖြင့် ပစ္စယုပ္ပန်တရားကို ပြ၏၊ "<mark>သင်္ခတ</mark>ဓမ္မာနံ"ဟု ဆိုသော
ကြောင့် ပစ္စယုပ္ပန် မှန်လျှင် <mark>သင်္ခတ</mark> တရားချည်းသာ (အ<mark>သင်္ခတ</mark> ပညတ်များ
မပါ) ဟု မှတ်။ [ကံ စိတ် ဥတု အာဟာရနှင့် အာရုံစသော အကြောင်းတို့
ပြုစီရင်အပ်သော စိတ် စေတသိက် ရုပ်တရားကို "<mark>သင်္ခတ</mark>" ဟုခေါ်သည်။]

"ယေဓမ္မာ" ဖြင့် ပစ္စည်းတရားကို ပြ၏။ "ယေဓမ္မာ" ဟု သာမည
ဆိုသောကြောင့် ပစ္စည်းတရား၌ ယခင် <mark>သင်္ခတ</mark> တရား၊ အ<mark>သင်္ခတ</mark> ဖြစ်သော
နိဗ္ဗာန်တရားနှင့် ပညတ်တရားမျိုးများ ပါဝင်ကြလေသည်၊ "ယထာ" ဖြင့်
ဟေတုသတ္တိ <mark>အာရမ္မဏသတ္တိ</mark> စသော ၂၄ ပစ္စည်းတို့၏ ကျေးဇူး ပြုနိုင်သော
အခြင်းအရာသတ္တိကို ပြသည်။

ပစ္စယာ — လောကဝယ် "အထက်လူကြီးက အောက် လူငယ်အား
ကျေးဇူး ပြုထားသည်"ဟု ဆိုရာ၌ (၁) အခြေအနေ မရှိသေးသော လူငယ်
အား အခြေအနေဖြစ်အောင် တည့်ထောင် ပေးခြင်းနှင့်၊ (၂) ရှိပြီးသော
အခြေအနေကို တည်တန့်အောင် <mark>ထောက်ပံ့</mark> ပေးခြင်းကို "ကျေးဇူးပြုထား
သည့်" ဟု ဆိုရသကဲ့သို့၊ ထို့အတူ "ပစ္စည်းတရားတို့က ပစ္စယုပ္ပန် တရား
တို့အား ကျေးဇူးပြုသည်" ဟု ဆိုရာ၌ (၁) မဖြစ်သေးသော ပစ္စယုပ္ပန်တရားကို
ဖြစ်စေခြင်း၊ (၂) ဖြစ်ပြီးသော ပစ္စယုပ္ပန်တရားကို တည်တန့်အောင် <mark>ထောက်ပံ့</mark>
ခြင်းကို "ကျေးဇူးပြုသည့်" ဟု ခေါ်သည်။

[ဆောင်] ဖြစ်စေ-တည့်စေ၊ ဤနှစ်ထွေ၊ ခေါ်လေ ကျေးဇူးပြု။

"တံဝိဘာဂ"၌ တံ၏ အနက်ကို "ယေသံ-ယေဓမ္မာ-ယထာ" ဟု
ယ ၃ မျိုး အရကို ပြန်၍ စွဲယူရသည်၊ ဝိဘာဂသဒ္ဒါကား "ဝေဘန်အပ်သော
အထူးအပြား" ဟု အနက်ထွက်၏။ ထို့ကြောင့် – "တံဝိဘာဂံ' ထို ပစ္စည်း
ပစ္စယုပ္ပန် ကျေးဇူးပြုဟန် သတ္တိအပြားကို" ဟု အနက် ဆိုပေသည်။

---

## Trang 239

<mark>ပဋိစ္စသမုပ္ပါဒ</mark>နယော – <mark>ပဋိစ္စသမုပ္ပါဒ</mark>်နည်း၎င်း၊
နည်း ၂ ပါးနှင့်
ထူးခြားပုံ <mark>ပဋ္ဌာန</mark>နယောစ-<mark>ပဋ္ဌာန</mark>်းနည်း၎င်း၊ ဣတိ-ဤသို့၊
ပစ္စယ သင်္ဂဟေ- ပစ္စယသင်္ဂဟကို၊ ဒုဝိဓော-
နှစ်ပါး အပြားရှိ၏ ဟူ၍၊ ဝေဒိတဗ္ဗော - သိအပ်၏၊ တတ္ထ
-
နည်း ၂ ပါးနှင့် ထူးခြားပုံ။ ။"<mark>ပဋိစ္စသမုပ္ပါဒ</mark>နယော ၊ပေ ၊ ဝေဒိ
တဗ္ဗော" ဖြင့် နည်း ၂ ပါး ရှိကြောင်းကို ပြ၏၊ "တတ္ထ ၊ပေ ၊ ပဝုစ္စတိ"ဖြင့်
ထို နည်း ၂ ပါး၏ ထူးခြားပုံကို ပြ၏၊ ထူးခြားပုံကို ရှေးဦးစွာ ပါဠိတော်
ရင်းဖြင့် ရှင်းလင်းဦးအံ့။

"အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ ၊ပေ ၊ ဒေါမနဿု
ပါယာသာ သမ္ဘဝန္တိ"....ဤကား <mark>ပဋိစ္စသမုပ္ပါဒ</mark>် ပါဠိတော်တည်း။

"ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စရူပါနံ ဟေတု
ပစ္စယေန ပစ္စယော"...ဤကား <mark>ပဋ္ဌာန</mark>်းပါဠိတော်တည်း။

<mark>ပဋိစ္စသမုပ္ပါဒ</mark>် ပါဠိတော်၌...."အဝိဇ္ဇာပစ္စယာ"ဖြင့် ပစ္စည်းတရားကို
ပြ၏၊ "သင်္ခါရာ"ဖြင့် ပစ္စယုပ္ပန်တရားကို ပြ၏၊ "သင်္ခါရပစ္စယာ" ဖြင့်
ပစ္စည်းကိုပြ၏၊ "ဝိညာဏံ"ဖြင့် ပစ္စယုပ္ပန်ကိုပြ၏၊ ဤသို့ ပစ္စည်းနှင့် ပစ္စယုပ္ပန်
လောက်ကိုသာ ပြသည်၊ "မည်သည့် ပစ္စယသတ္တိဖြင့် ကျေးဇူးပြုသည့်" ဟု
ပစ္စယ သတ္တိထူးကို မပြချေ။

<mark>ပဋ္ဌာန</mark>်းပါဠိတော်၌...."ဟေတူ"ဖြင့် ပစ္စည်းကိုပြ၏။ "ဟေတုသမ္ပယုတ္တ
ကာနံ၊ပေ၊ရူပါန" ဖြင့် ပစ္စယုပ္ပန်ကိုပြ၏၊ "ဟေတုပစ္စယေန"ဖြင့် ဟေတု
ပစ္စယသတ္တိကိုပြ၏၊ ဤသို့ ပစ္စည်း ပစ္စယုပ္ပန်သာမက၊ ပစ္စယ သတ္တိထူးကိုလည်း
သေသေချာချာ <mark>ထုတ်ဖော်</mark>၍ ပြသည်၊ ဤကား ပါဠိတော်ရင်းဖြင့် ရှင်းလင်း
ချက်တည်း၊ ဤ ရှင်းလင်းချက်ကို သတိထား၍ သင်္ဂြိုဟ်စာသွားကို စဉ်းစားရ
လိမ့်မည်။

ထို နည်းနှစ်ပါး တို့တွင်၊ တမ္ဘာဝဘာဝီ<mark>ဘာဝါကာရမတ္တောပ</mark>
လက္ခိတေ-ထို အဝိဇ္ဇာအစရှိသော ပစ္စည်းတရားတို့၏ဖြစ်ခြင်း
ကြောင့်၊ ဖြစ်လေ့ရှိသော သင်္ခါရ အစရှိသော ပစ္စယုပ္ပန်တရား
တို့၏၊ ဖြစ်ပုံ အခြင်းအရာလောက်မျှဖြင့်၊ မှတ်သားအပ်သော
နည်းသည်၊ <mark>ပဋိစ္စသမုပ္ပါဒ</mark>နယေ- <mark>ပဋိစ္စသမုပ္ပါဒ</mark>်နည်း မည်၏။
<mark>ပဋ္ဌာန</mark> နယော ပန – <mark>ပဋ္ဌာန</mark>်းနည်းကိုကား၊ အာဟစ္စပစ္စယ
ဋ္ဌိတိ - အထူးပြု၍ ဖြစ်သော ပစ္စယသတ္တိကို၊ <mark>အာကာရ</mark> – အစွဲ
-
တာဝဘာဝိ၊ ပေ ၊ <mark>ပဋိစ္စသမုပ္ပါဒ</mark>နယာ —
-
[တမ္ဘာဝ=ထို၏
ဖြစ်ခြင်း၊] "တမ္ဘာဝ" ပါဌ်ဖြင့် "အဝိဇ္ဇာပစ္စယာ၊ သင်္ခါရပစ္စယာ" စသော
ပစ္စည်းတရားများကို ပြသည်၊ ထို့ကြောင့် "တမ္ဘာဝ-ထို အဝိဇ္ဇာအစရှိသော
ပစ္စည်းတရားတို့၏ ဖြစ်ခြင်း" ဟု အနက် မှတ်။

"ဘာဝီ" ပါဌ်ဖြင့် – "သင်္ခါရာ၊
ဝိညာဏံ" စသော ပစ္စယုပ္ပန် တရားများကို ပြသည်၊ ထို့ကြောင့် "ဘာဝီ'
ဖြစ်လေ့ရှိသော အကျိုးတရား" ဟု အနက်မှတ်။

ဘာ<mark>ဝါ</mark>ကာရ — [ဘာဝ+<mark>အာကာရ</mark>] ဖြစ်ပုံအခြင်းအရာ၊ ဤပါဠ်ဖြင့်
အဆုံးက "သမ္ဘဝ န္တိ" ကြိယာကို ရည်ရွယ်သည်၊ မတ္တသဒ္ဒါကား ဧဝသဒ္ဒါ၏
ပရိယာယ်တည်း၊ "မျှ=လောက်"ဟူသော အနက်ကို ဟော၏၊ သည်မျှသာ၊
သည့်လောက်သာ ပြ၏။ – <mark>ပဋ္ဌာန</mark>်းနည်း ကဲ့သို့ ပစ္စယ သတ္တိကို မပြ" ဟု
ကန့်သည်။

ပဌာနနယော၊ ပေ၊ ပဝုစ္စတိ— အာဟစ္စသဒ္ဒါကား အာ ရှေးရှိသော
ဟနဓာတ် တွာပစ္စည်းတည်း၊ ဓာတ်တို့၏ အနက်များစွာကို ဟောနိုင်သော
ကြောင့် ဤ၌ – "အထူးပြု၍" ဟူသော အနက်ကို ဟော၏။

---

## Trang 240

ပြု၍၊ ပဝုစ္စတိ – ဟောတော်မူအပ်၏။ [ပန – အမှာစကားချပ်၊
ညှပ်လိုက်ချူးအံ့၊ ဥဘယံ – နည်း နှစ်ပါးကို၊ ဝေါမိတွာ-
ရောနှော၍၊ အာစရိယာ-အဋ္ဌကထာဆရာတို့သည်၊ ပပဉ္စ န္တိ-
ချဲ့ပွင့်ကြကုန်၏။

ပစ္စယဋ္ဌိတိ၌ <mark>ဌိတိသဒ္ဒါ</mark>သည် "သတ္တိ" ဟူသော အနက်ကို ဟော၏၊
"ပစ္စည်းတရားတို့၏ တည့်တည့်ကြောင်း သတ္တိ" ဟူလို၊ <mark>အာဟစ္စပစ္စယဋ္ဌိတိ</mark>ကို
မြန်မာလို တိုက်ရိုက် အနက်ပြန်လျှင် "အထူးဖြစ်သော ပစ္စယသတ္တိ၊ ဝါ-
ပစ္စယသတ္တိထူး"ဟု အနက်ထွက်၏၊ ဟိတ်ခြောက်ပါးသည် ဟေတုသတ္တိထူး
ရှိ၏၊ အာရုံ ၆ ပါးသည့် <mark>အာရမ္မဏသတ္တိ</mark>ထူး ရှိ၏၊ ဤသို့ စသည်ဖြင့် ထိုထို
ပစ္စယသတ္တိထူးကို "<mark>အာဟစ္စပစ္စယဋ္ဌိတိ</mark>" ဟု ခေါ်သည်။

ဤသို့လျှင် အကြောင်းပစ္စည်းဖြစ်ခဲ့သော် ဖြစ်လေ့ရှိသော အကျိုးပစ္စယုပ္ပန်
တရားတို့၏ ဖြစ်ပုံ အခြင်းအရာလောက်မျှ ကိုသာ ပြ၍ (<mark>ပဋ္ဌာန</mark>်းနည်းကဲ့သို့)
ပစ္စယ သတ္တိထူးကို မပြသော နည်းသည့် <mark>ပဋိစ္စသမုပ္ပါဒ</mark>် နည်းတည်း၊ ပစ္စည်း
ပစ္စယုပ္ပန်သာမက ပစ္စယသတ္တိကိုပါ ပြသော နည်းသည့် <mark>ပဋ္ဌာန</mark>်းနည်းတည်း-
ဟု မှတ်။

[ဆောင်] ၁။ အကြောင်း ပစ္စယ၊ ဖြစ်တုံကမူ၊ ဖြစ်ကြလေရိုး၊ ကျိုးပစ္စ
ယုပ္ပန်၊ ဖြစ်ဟန်လောက်မျှ၊ <mark>ထုတ်ဖော်</mark>ပြ၍၊ ပစ္စယသတ္တိ
မပြဘိ၊ မှတ်သိ ပဋိစ္စ-သမုပ္ပါဒ။
၂။ ပစ္စည်း ပစ္စယုပ္ပန်၊ ဖြစ်ဟန်မက၊ ပစ္စယ၏၊ သတ္တိထူးလည်း
တပါထည်း၊ ပြနည်း<mark>ပဋ္ဌာန</mark>။

ဥဘယံ ၊ပေ ၊ အာစရိယာ'ဤစကားကား <mark>ပဋိစ္စသမုပ္ပါဒ</mark> အဋ္ဌကထာ
ဆရာကို စောင်းသော အမှာစကား ချပ်တည်း၊ ဝိဘင်းပါဠိတော်၌ ပဋိ
သမုပ္ပါဒဝိဘင်း ဟု ရှိ၏။ ထို ဝိဘင်းကို ဖွင့်ပြသော အဋ္ဌကထာ ဆရာသည့်
<mark>ပဋိစ္စသမုပ္ပါဒ</mark>်နည်း သက်သက်ကိုသာ မဖွင့်ဘဲ၊ <mark>ပဋ္ဌာန</mark>်းနည်းကိုပါ ရောနှော
ထည့်သွင်းလျက်၊ [ပစ္စယော ဟောတိ ပုညာနံ ဒုဝိဓာ။ သာ – ထို အဝိဇ္ဇာ
သည်၊ ပုညာနံ – ပုညာဘိသင်္ခါရတို့အား၊ ဒုဝိဓာ – <mark>အာရမ္မဏ</mark> ဥပနိဿယ
ဟူသော ၂ ပစ္စယသတ္တိဖြင့်၊ ပစ္စယော — ကျေးဇူးပြုသည်၊ ဟောတိ – ၏၊]
စသည်ဖြင့် ဖွင့်ပြလေသည်။ "ငါတို့ (အရှင်အနုရုဒ္ဓါ)ကား နည်း ၂ပါးကို
ခွဲခြား၍ ဖွင့်ပြမည်" ဟူလို။

လေ့ကျင့်ခဏ်း မေးခွန်းများ

က။ အဘယ် အပိုင်းအခဏ်းကို ပစ္စည်းပိုင်းဟု ခေါ်သနည်း။
ခ။ အဘယ်တရားကို ပစ္စယ-ဝါ ပစ္စည်း ဟု ခေါ်သနည်း။
ဂ။ အဘယ်တရားကို ပစ္စယုပ္ပန္န-ပစ္စယုပ္ပန် ဟု ခေါ်သနည်း။
ဃ။ <mark>သင်္ခတ</mark>ဓမ္မာနံ၌ <mark>သင်္ခတ</mark> ဟူသည် အဘယ်တရားများနည်း။
င။ <mark>သင်္ခတ</mark> အ<mark>သင်္ခတ</mark> ပညတ် ၃ မျိုးတွင်၊ ပစ္စည်းတရားသည့် အဘယ်အ
မျိုးများ ဖြစ်ထိုက်၍ ပစ္စယုပ္ပန်က အဘယ် အမျိုးများ ဖြစ်ထိုက်သနည်း၊
ဆိုင်ရာပါဌ်ကို ထောက်ပါ။
စ။ ပစ္စယာ-အရ "ကျေးဇူးပြု"ဟူသည် အဘယ်နည်း။
ဆ။ တမ္ဘာဝ-ဘာဝိ-ဘာဝါကာရမတ္တ-ပုဒ်တို့၏ အနက်ကို ခွဲပြပါ။
မတ္တ-ဖြင့် ဘယ်အနက်ကို ပြ၍၊ ဘာကို ကန့်သနည်း။
ဇ။ အာဟစ္စ ပစ္စယဋ္ဌိတိ၌ အာဟစ္စ၏ အနက် - ပစ္စယဋ္ဌိတိ အနက်ကို ပြပါ။
ည။ အဘယ်နည်းကို <mark>ပဋိစ္စသမုပ္ပါဒ</mark>် ဟု ခေါ်သနည်း၊ လင်္ကာထောက်ပါ။
ဋ။ အဘယ်နည်းကို <mark>ပဋ္ဌာန</mark>်းနည်း ဟု ခေါ်သနည်း၊ လင်္ကာထောက်ပါ။
