## Trang 246

သော၊ ဧတဿ ဒုက္ခက္ခန္ဓဿ – ဤ ဒုက္ခအစု၏၊ သမုဒယော-
ဖြစ်ခြင်းသည်၊ ဟောတိ-ထင်ရှား၏။
အယံ-ဤသည်ကား၊<mark>ဧသ</mark>-ဤပစ္စယသင်္ဂဟေ၊ပဋိစ္စသမုပ္ပါဒ
နယော-ပဋိစ္စသမုပ္ပါဒ် နည်းတည်း။
<mark>ပြီးနောက်။</mark> ကျန်ရစ်သော ဆီများ၏ ကုန်ခမ်းသွားအောင် ကျက်ခြင်းသည်
အတွင်းဆွေး ဆွေးကာ လွန်စွာပူလောင်သော ဥပါယာသနှင့် တူ၏။
[ဆောင်] ၁။ အိုးတွင်းဆီကျက်, သောကတွက်, လျှံတက် ပရိဒေ။
၂။ ကုန်ခမ်းအောင်သာ,ကျက်မှုမှာ, ဥပါယာသ ပေ။
၃။ ပမာသဘော, ထင်အောင်နှော, စိတ်စော ဆင်ခြင်လေ။
နိဂုံး။ ။ဧဝမေတဿ၊ ပေ ၊ သမုဒယောဟောတိ'ကား ပဋိစ္စသမုပ္ပါဒ်
တရားစုကို ပြန်၍ ဖုံးအုပ်သော နိဂုံး စကားတည်း၊ ၍ <mark>အဝိဇ္ဇာ</mark> စသော
အကြောင်းတရားတို့ ကြောင့်သာ သုခ နှင့် မရော မယှက် သက်သက် ဒုက္ခတုံး
ဒုက္ခစု၏ ဖြစ်ခြင်းသည် လောက၌ ထင်ရှား၏၊ "ဗြဟ္မာ ဗိဿနိုး တန်ခိုး
ကြီးမား ထာဝရဘုရားတို့ ဖန်ဆင်းခြင်းကြောင့် ဖြစ်သည် မဟုတ်၊ ပုဂ္ဂိုလ်'
သတ္တာ-ငါ-သူ-ယောက်ျား'မိန်းမ၏ ဖြစ်ခြင်းလည်း မဟုတ်, ဒုက္ခ အစု၏
သာ ဖြစ်ခြင်း" ဟူလို။

<mark>လေ့ကျင့်ခန်း</mark> မေးခွန်းများ

ဂ။ အဘယ်တရားကို <mark>အဝိဇ္ဇာ</mark> ဟု ခေါ်သနည်း, တရားကိုယ်ကောက်ပါ။
ဃ။ <mark>အဝိဇ္ဇာ</mark> ဖုံးလွှမ်းအပ်သော နှစ်ဌာနသရုပ်ကို ထုတ်ပြပါ။
င။ အဘယ်တရားကို သင်္ခါရ ဟု ခေါ်သနည်း, တရားကိုယ်ကောက်ပါ။
စ။ အဘယ်တရားများကို ပုညာဘိသင်္ခါရ-အပုညာဘိသင်္ခါရ- အာနေဉ္စာ
ဘိသင်္ခါရဟု ခေါ်သနည်း။

နိဿယနှင့်အဓိပ္ပါယ်
၄၈၃
ဆ။ သင်္ခါရပစ္စယာ ဝိညာဏံ၌ ဝိညာဏအရ တရားကိုယ် ကောက်ပါ။
ဇ။ အဘယ်သင်္ခါရကြောင့် အဘယ်ဝိညာဉ်များ ဖြစ်သနည်း။
ဈ။ ဝိညာဏပစ္စယာ၌ ဝိညာဏအရ တရားကိုယ် ကောက်ပြပါ။
ည။ နာမရူပံ၌ နာမအရ, ရူပအရ ကောက်ပြပါ။
ဋ။ အဋ္ဌကထာကြီးဆိုတိုင်း ဝိညာဏ-နာမ'ရူပတို့၏ အရ ကောက်ပါ။
ဌ။ <mark>သဠာယတနံ</mark>၌ အာယတန ၆ ပါး သရုပ်ကို ထုတ်၍, စက္ခာယတန=
မနာယတနတို့၏ တရားကိုယ်ကို ကောက်ပါ။
ဍ။ သဠာယတနပစ္စယာ၌ သဠာယတန ၂ နည်း ကောက်ပြပါ။
ဏ။ ဖဿ-အရ တရားကိုယ်ကိုပြ၍, သမ္ဖဿ ၆ ပါး သရုပ်ကို ထုတ်ပါ။
တ။ အဘယ်ဖဿကို စက္ခုသမ္ဖဿ ဟု ခေါ်သနည်း။
ထ။ <mark>ဝေဒနာ</mark>အရ တရားကိုယ်ပြ၍ <mark>ဝေဒနာ</mark> ၆ ပါး သရုပ်ကို ထုတ်ပါ။
ဒ။ ဝိညာဏ နာမ မန ဖဿ <mark>ဝေဒနာ</mark> တို့၌ ဓာတုကထာ ကောက်ပုံနှင့်
ဤကျမ်းက ကောက်ပုံသည့် တူသလော, လင်္ကာထောက်ပါ။
ဓ။ တဏှာ၏ တရားကိုယ်ကိုပြ၍, တဏှာ ၆ ပါးသရုပ်ကို ထုတ်ပါ။
န။ တဏှာနှင့် ကာမုပါဒါန်အထူးကို လင်္ကာထောက်၍ ခွဲပြပါ။
ပ။ ကမ္မဘဝ၏ တရားကိုယ်ကို ကောက်ပါ။
ဖ။ ဥပပတ္တိဘဝ၏ တရားကိုယ်ကို ကောက်၍, ဥပပတ္တိဘဝအပြား ၉ ပါး
သရုပ်ကို ထုတ်ပါ။
ဗ။ ကမ္မဘဝနှင့်သင်္ခါရသည့် ဘယ်သို့ ထူးခြားသနည်း, လင်္ကာထောက်ပါ။
ဘ။ ဘဝပစ္စယာ <mark>ဇာတိ</mark>၌ ဘဝအရ အဘယ်ဘဝကို ယူမည်နည်း။
မ။ <mark>ဇာတိ</mark> ဇရာ မရဏတို့၏ အရကို ကောက်ပြပါ။
ယ။ သောက-ပရိဒေဝ-ဒုက္ခ-ဒေါမနဿ-ဥပါယာသတို့ ဟူသည် အဘယ်
သဘောနည်း, အသီးအသီး တရားကိုယ် ကောက်ပြပါ။
ရ။ သောက ပရိဒေဝ ဥပါယာသတို့၏ သဘောကို ဥပမာဖြင့် ခွဲပြပါ။
လ။ ဧဝမေတဿ ကေဝလဿ စသည့်ကား ဘာစကားနည်း။

---

## Trang 247

ပဋိစ္စသမုပ္ပါဒ်နည်းဝယ် <mark>တတ္ထ</mark>- ထို ပဋိစ္စသမုပ္ပါဒ်၌၊ တယော-
သိဘွယ်များ သုံးပါးကုန်သော၊ <mark>အဒ္ဓါ</mark> – အဓွန့်တို့ကို၊

နိဿယနှင့်အဓိပ္ပါယ်

ကထံ-အဘယ်သို့ သိအပ်ကုန်သနည်း။...
အဓွန့် ၃ ဖြာ
၎င်း၊ ဝါ – <mark>ကာလ</mark>တို့ကို၎င်း၊ ဒွါဒသ-
<mark>တစ်ဆယ့်</mark>နှစ်ပါးကုန်သော၊ အင်္ဂါနိ - အင်္ဂါတို့ကို ၎င်း၊ <mark>ဝီသတိ</mark>-
နှစ်ဆယ်သော၊ <mark>အာကာရာ</mark>'အခြင်းအရာ တို့ကို၎င်း၊ ဝါ-အပြား
တို့ကို၎င်း၊ တိသန္တိ-သုံးပါးသော အစပ်ကို၎င်း၊ <mark>စတုသင်္ခေပါ</mark>-
လေးပါးသော အလွှာတို့ကို၎င်း၊ ဝါ-လေးပါးသော အဘို့ အရ
တို့ကို၎င်း၊ တီဏိ-သုံးပါးကုန်သော၊ <mark>ဝဋ္ဋာနိ</mark> - ဝဋ်တို့ကို၎င်း၊
<mark>ဒွေ</mark>-နှစ်ပါးကုန်သော၊ <mark>မူလာနိ စ</mark>-မူလတို့ကို၎င်း၊ ဝေဒိတဗ္ဗာနိ-
သိအပ် သိထိုက်ကုန်၏။
ပဋိစ္စသမုပ္ပါဒ်နည်းဝယ် သိဘွယ်များ။ ။ဤ"တတ္ထ တယော<mark>အဒ္ဓါ</mark>မှ
စ၍ ဝေဒိတဗ္ဗာနိ" တိုင်အောင်သော စကားရပ်ကား ပဋိစ္စသမုပ္ပါဒ်နည်းဝယ်
သိဘွယ်ရာ အချက်များကို ဆက်လက်၍ ပြလိုသောကြောင့် အကျဉ်းချုပ်
ခေါင်းစဉ်၍ ပြသော "ဥဒ္ဒေသ == မာတိကာ" စကား တည်း၊ ဤ အဓွန့်
စသည်တို့ဖြင့် ပဋိစ္စသမုပ္ပါဒ်ကို ခွဲခြား၍ သိထိုက်သည်, သိအောင် ပြုကြပါ
ဟူလို။

<mark>အဒ္ဓါ</mark>'ဟူသော ပါဌ်၌ "အဓွန့်"ဟူ၍ အနက်ဆိုကြ၏၊ အဓွန့်ဟူသည့်
<mark>ကာလ</mark>ပင် တည်း၊ <mark>အာကာရာ</mark> — ဟူသော ပါဌ်၌ "အခြင်းအရာ" ဟူ၍
အနက်ဆိုရိုးရှိ၏၊ "အခြင်းအရာ" ဟူသည် "အမူအရာကြိယာ" ဖြစ်ရကား
ထိုအနက် မကောင်း၊ ရိုးရာဖြစ်၍သာ ထည့်လိုက်ရသည်။ "ပကာရာ အာ
ကာရာ" ဟု မူလဋီကာ ဖွင့်သောကြောင့် "အပြားတို့ကို၎င်း" ဟု တနည်း
ပေးလိုက်သည်၊ အဓိပ္ပါယ် နောက်၌ ထင်ရှားလတ္တံ့။

၄၈၅
<mark>အဝိဇ္ဇာ</mark>သင်္ခါရာ- <mark>အဝိဇ္ဇာ</mark>သင်္ခါရ တို့သည်၊
<mark>အတီတေ</mark>-အတိတ်ဘဝ ဟူသော၊ <mark>အဒ္ဓါ</mark>-
ကာလမည်၏၊ <mark>ဇာတိ</mark> ဇရာမရဏံ - <mark>ဇာတိ</mark> ဇရာမရဏသည်၊
<mark>အနာဂတေ</mark>-အနာဂတ်ဘဝဟူသော၊ <mark>အဒ္ဓါ</mark> - ကာလမည်၏၊
မဇ္ဈေ – အလယ်၌၊ အဋ္ဌ -- ရှစ်ပါးသော တရားတို့သည်၊
ပစ္စုပ္ပန္နေ-<mark>ပစ္စုပ္ပန်ဘဝ</mark>ဟူသော၊ <mark>အဒ္ဓါ</mark>-ကာလမည်၏၊ ဣတိ-

<mark>စတုသင်္ခေပါ</mark> — ဟု ပါဌ်ဟောင်း ရှိ၏၊ သမာဟာရဒွန်သမာသ် ဖြစ်၍
"စတုသင်္ခေပုံ" ဟု ရှိမှကောင်းမည်၊ သင်္ခေပ'ဟူသော ပါဌ်၌ "အလွှာ" ဟု
အနက်သုံးရိုး ရှိ၏, အဓိပ္ပါယ် မထင်ရှား၊ "သင်္ခေပ သဒ္ဓေါဝါ ဘာဂါမိဝစနံ"
ဟု ဖွင့်သောကြောင့် "အဘို့အစု" ဟု အနက်သုံးလိုက်သည်။
အဓွန့် ၃ ဖြာ။ ။အဓွန့် ( <mark>ကာလ</mark> ) ဟူသည် ထင်ရှားမရှိ, ပညတ်မျှ
သာ ဖြစ်ရကား ထို<mark>ကာလ</mark>၌ ဖြစ်သော တရားကိုသာ ( ဌာနူပစာရအား
ဖြင့် ) အတိတ်<mark>ကာလ</mark> စသည့်ဖြင့် နာမည်တပ်၍ ကောက်ယူအပ်လေသည်၊
[ ဌာန<mark>ကာလ</mark>၏ အမည်ကို ဌာနီတရားပေါ်၌ တင်စားမှုကို ဌာနူပစာဟု
ခေါ်သည်။ ]
<mark>အဝိဇ္ဇာ</mark> သင်္ခါရာ အတီတော <mark>အဒ္ဓါ</mark> — သတွာ တစ်ယောက်သည်
ရှေးရှေး အတိတ်ဘဝ၌ သံသရာ၏ အပြစ်ကို မမြင်နိုင်အောင် <mark>အဝိဇ္ဇာ</mark> ဖုံးလွှမ်း
သဖြင့် ကုသိုလ် အကုသိုလ် သင်္ခါရကို ပြုမိခဲ့လေ၏၊ <mark>ထို့ကြောင့်</mark>. အဝိဇ္ဇာနှင့်
သင်္ခါရသည် အတိတ်အဓွန့်၌ ဖြစ်ခဲ့သော တရားများတည်း။
မဇ္ဈေ အဋ္ဌ <mark>ပစ္စုပ္ပန္နေ</mark>ာ — ထိုသို့ အတိတ်ဘဝက ကုသိုလ် အကုသိုလ်
သင်္ခါရကိုပြုခဲ့မိသောကြောင့် ယခုလို <mark>ပစ္စုပ္ပန်ဘဝ</mark>၌ ပဋိသန္ဓေ <mark>ကာလ</mark>မှစ၍

---

## Trang 248

ဤသို့၊ တယော — ၃ ပါးကုန်သော၊ <mark>အဒ္ဓါ</mark> - ကာလ တို့ကို၊
(ဝေဒိတဗ္ဗာ-သိအပ်ကုန်၏။)

အင်္ဂါ ၁၂ ပါး
<mark>အဝိဇ္ဇာ</mark>-<mark>အဝိဇ္ဇာ</mark>၎င်း၊ သင်္ခါရာ-သင်္ခါရာတို့
၎င်း၊ ဝိညာဏံ – ဝိညာဏ် ၎င်း၊ နာမရူပံ-
နာမ်ရုပ်၎င်း၊ <mark>သဠာယတနံ</mark>
- သဠာယတန၎င်း၊ <mark>ဖဿံ</mark>-ဖဿ
၎င်း၊ <mark>ဝေဒနာ</mark> – <mark>ဝေဒနာ</mark>၎င်း၊ တဏှာ - တဏှာ၎င်း၊ ဥပါဒါနံ-
ဥပါဒါန်၎င်း၊ ဘဝေါ - ဘဝ၎င်း၊ <mark>ဇာတိ</mark> - <mark>ဇာတိ</mark>၎င်း၊ ဇရာ
မရဏံ - ဇရာမရဏံ၎င်း၊ ဣတိ - သို့၊ ဒွါဒသ - <mark>တစ်ဆယ့်</mark>နှစ်ပါး
ကုန်သော၊ အင်္ဂါနိ-အင်္ဂါတို့ကို၊ ဝေဒိတဗ္ဗာနိ-ကုန်၏။ [ပန–
အမှာစကားချပ် ညှပ်လိုက်ချုပ်အံ့၊ ဧတ္ထ-ဤပဋိစ္စသမုပ္ပါဒ်ပါဠိ၌၊
သောကာဒိဝစနံ - သောက အစရှိသော သဒ္ဒါသည်၊ <mark>နိဿန္ဒ</mark>
-
-
-
ဝိညာဏ်, နာမ်ရုပ်, သဠာယတန,ဖဿ, <mark>ဝေဒနာ</mark>, တဏှာ, ဥပါဒါန်, ကမ္မ
ဘဝ, <mark>ဤ ၈ ပါးတို့</mark> ဖြစ်ကြကုန်၏၊ <mark>ထို့ကြောင့်</mark> ဤ ၈ ပါးသည် ပစ္စုပ္ပန်အဓွန့်
မည်၏။ [ ဘဝ - အရ ၍ ပစ္စုပ္ပန်အဓွန့်၌ ကမ္မဘဝကိုသာ ယူ။ ]
<mark>ဇာတိ</mark>ဇရာမရဏံ အနာဂတာ — ယခုလို <mark>ပစ္စုပ္ပန်ဘဝ</mark>၌ ကမ္မဘဝ
ဟူသော ကုသိုလ်ကံ အကုသိုလ်ကံ စီမံပြန်ရကား နောက် အနာဂတ် ဘဝ၌
<mark>ဇာတိ</mark> ဇရာ မရဏများ ဖြစ်ကြရပြန်လေသည်၊ <mark>ထို့ကြောင့်</mark> ဇာတိ ဇရာ မရဏ
သည့် အနာဂတ် အဓွန့်တရားများတည်း။
အင်္ဂါ ၁၂ ပါး။ ။အင်္ဂါ'ဟူသည် ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်း၌ မပါလျှင်
မပြီး အရေးအကြီးဆုံးဖြစ်သော အစိတ်အပိုင်းတည်း၊ လှည်းဘီး စက်ဝိုင်း၏
အစိတ်အစိတ် ဒေါက်ဆန်များကဲ့သို့ မှတ်၊ အင်္ဂါ ၁၂ ပါးကို ပါဠိရှိတိုင်း
ရေတွက်လေ၊ ဇရာမရဏ ၂-ပါးကို အင်္ဂါ<mark>တစ်ပါးတည်း</mark> ဟု မှတ်။
နိဿယနှင့်အဓိပ္ပါယ်
<mark>၄၀၇</mark>
ဖလနိဒဿနံ-<mark>ဇာတိ</mark>အတွက် အဆက်ဆက် အကျိုးကို ပြခြင်း
မျှသာတည်း။ (အသီးအခြား အင်္ဂါ မဟုတ်-ဟူလို။)
ပန - အဘို့ တစ်ပါးကား၊ ဧတ္ထ-
အပြား ၂၀, သုံးသွယ်အစပ်,
လေးရပ်အစု ဤ ပဋိစ္စသမုပ္ပါဒ်၌၊ <mark>အဝိဇ္ဇာ</mark>သင်္ခါ
ရဂ္ဂဟဏေန-<mark>အဝိဇ္ဇာ</mark>သင်္ခါရကို
တိုက်ရိုက် ယူလိုက်သဖြင့်၊ <mark>တဏှုပါဒါန</mark> ဘဝါပိ - တဏှာ,
ဥပါဒါန်,ကမ္မဘဝတို့သည်လည်း၊ဂဟိတာ-ယူအပ်ကုန်သည်၊
သောကာဒိဝစနံပနေတ္ထ — စသည်ကား အမှာ စကား ချပ်တည်း၊
အာဒိသဒ္ဒါဖြင့် ပရိဒေဝ ဒေါမနဿ ဥပါယာသကို ယူ၊ ဤ သောက စသည့်
တို့ကား သတွာတိုင်းမှာ ဖြစ်သည် မဟုတ်၊ ဗြဟ္မာနှင့် အချို့ နတ်လူ စသည်မှာ
မဖြစ်၊ သတွာတိုင်းမှာ မဖြစ်လျှင် ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းတွင် မပါလျှင် မပြီး
အရေးကြီးသောအင်္ဂါ မဟုတ်နိုင်၊ <mark>ဇာတိ</mark>ဟူသော အကြောင်းကြောင့် ဖြစ်
ပေါ်မည်ဆိုလျှင် ဆက်သွယ်၍ဖြစ်ဘွယ်ရှိသောအဆက်ဆက်အကျိုး(အကျိုး
ဆက်)တရားများသာ ဖြစ်သည်၊ ဇရာမရဏကား သတွာတိုင်းမှာ ဖြစ်၏၊
<mark>ထို့ကြောင့်</mark> အင်္ဂါအဖြစ်ဖြင့် ပါဝင်လေသည်၊ ဤ စကားအရ'<mark>ဇာတိ</mark>၏ မုချ
အကျိုးရင်းကား ဇရာမရဏတည်း၊ <mark>ဇာတိ</mark>၏ အကျိုးဆက်ကား သောက
စသော ၅ ပါးတည်းဟု မှတ်။

အပြား ၂၀, သုံးသွယ် အစပ်, လေးရပ် အစု။
။<mark>အဝိဇ္ဇာ</mark>သင်္ခါ
ရဂ္ဂဟဏေနမှ စ၍ <mark>စတုသင်္ခေပါ</mark> ဘဝန္တိ-တိုင်အောင် စကားရပ်ကား ဝီသ
တာကာရ – တိသန္တိ – စတုသင်္ခေပ အရတို့ကို အကျယ် ပြသော စကားရပ်
တည်း၊ ထို စကားရပ်တွင် "<mark>အဝိဇ္ဇာ</mark>သင်္ခါရဂ္ဂဟဏေန ၊ ပေ ၊ ဣတိကတွာ
တိုင်အောင်သော စကားစုကား အတိတ် အကြောင်း ၅ ပါး ရပုံ ပစ္စုပ္ပန်
အကြောင်း ၅ ပါး ရပုံ အနာဂတ် အကျိုး ၅ ပါး ရပုံကို ပြသော အခြေခံ
စကားစုတည်း၊

---

## Trang 249

ဘဝန္တိ-ဖြစ်ကုန်၏၊ တထာ-ထိုအတူ၊ <mark>တဏှုပါဒါန</mark> ဘဝဂ္ဂဟ
ဏေန စ-တဏှာ,ဥပါဒါန်, ကမ္မဘဝတို့ကို တိုက်ရိုက်ယူလိုက်

<mark>အဝိဇ္ဇာ</mark>သင်္ခါရဂ္ဂဟဏေန ၊ ပေ ၊ ဘဝါပိဿ'"<mark>အဝိဇ္ဇာ</mark>သင်္ခါရာ အတိ
တော <mark>အဒ္ဓါ</mark>" အတိတ်အဓွန့်(ဘဝ)၌ <mark>အဝိဇ္ဇာ</mark>နှင့် သင်္ခါရကိုသာ တိုက်ရိုက်
ယူခဲ့၏၊ ထို ၂ ပါးတွင် <mark>အဝိဇ္ဇာ</mark>သည် ကိလေသာ ဆယ်ပါး၌ ပါဝင်သော
ကိလေသဝဋ်ပင် ဖြစ်၏၊ တဏှာနှင့် ဥပါဒါန်လည်း ကိလေသဝဋ်ပင် တည်း၊
ထိုသို့ ကိလေသဝဋ်ချင်း တူသောကြောင့် <mark>အဝိဇ္ဇာ</mark>ကို တိုက်ရိုက်ယူလိုက်သဖြင့်
တနွယ်ငင်-တစင်ပါ" ဆိုသလို တဏှာနှင့် ဥပါဒါန်တို့ကိုလည်း အဝိနာ
ဘာဝ ( မကင်း စကောင်းသော ) နည်းအားဖြင့် ယူရလေသည်၊ [ <mark>အဝိဇ္ဇာ</mark>
မကင်း သူ့မျှသာဖြင့် "တဏှာ မဖြစ်ပါဘူး" ဟု ဘုရားစူး ကျိန်သော်လည်း
မဟုတ်နိုင်၊ အသေးစား တဏှာဖြစ်လျှင် အကြီးစား ဥပါဒါန်လည်း ဖြစ်မည့်
သာ၊ ဤ အရာများကို မြန်မာက "တနွယ်ငင်-တစင်ပါ" နည်းလေးဆယ်က
"အဝိနာဘာဝနည်း" ဟု စကားသုံးသည်။ ]
သင်္ခါရသည် ကမ္မဝဋ် ဖြစ်၏၊ [ ဝဋ်သုံးပါး အခွဲကို ကြည့်၊ ] ကမ္မဘဝ
လည်း ကမ္မဝဋ်ပင်တည်း၊ ထိုသို့ ကမ္မဝဋ်ချင်း တူသောကြောင့် အတိတ် ဘဝ၌
သင်္ခါရကို တိုက်ရိုက်ယူလိုက်သဖြင့် ကမ္မဘဝကိုလည်း အဝိနာဘာဝ နည်းဖြင့်
ယူပြီးဖြစ်တော့၏၊ ဤ စကားအရ အတိတ်ဘဝ၌ "<mark>အဝိဇ္ဇာ</mark> သင်္ခါရ တဏှာ
ဥပါဒါန် ကမ္မဘဝ" ဟု အကြောင်းငါးပါး ရသည်။
[ဆောင်] အတိတ်ခွန့်မှာ, <mark>အဝိဇ္ဇာ</mark>ကို, တိုက်ရိုက် ဆိုသဖြင့်, ထိုနှင့်
မသွေ ကိလေသ-ဟူ, ဝဋ်တူပြုသည့်, တဏှပါဒါန်, ယူရ
ပြန်၏၊ <mark>တစ်ဖန်စဉ်</mark>ပြ,သင်္ခါရဖြင့်, ကမ္မဝဋ်တူ, ဘဝယူ-ဟု
တို့သူနောင်လာ, သိစိမ့်<mark>ငှာ</mark>, အဝိနာဘော, နည်းပြ
ဟောသည်, မှတ်လော ယူရိုး ယူစဉ်တည်း။
နိဿယနှင့်အဓိပ္ပါယ်
၄၉
သဖြင့်လည်း၊ <mark>အဝိဇ္ဇာ</mark>သင်္ခါရာ-<mark>အဝိဇ္ဇာ</mark>သင်္ခါရတို့သည်လည်း၊
ဂဟိတာ-ယူအပ်ကုန်သည်၊ ဘဝန္တိ - ဖြစ်ကုန်၏၊ <mark>ဇာတိ</mark> ဇရာ
သင်္ခါရနှင့် ကမ္မဘဝ အထူး။ ။<mark>အဝိဇ္ဇာ</mark>ပစ္စယာ သင်္ခါရာတုန်းက
သင်္ခါရနှင့် ဥပါဒါနပစ္စယာ ဘဝေါ တုန်းက ကမ္မဘဝတို့သည်. စေတနာချင်း
အရတူသော်လည်း, အတိတ်ဘဝနှင့် <mark>ပစ္စုပ္ပန်ဘဝ</mark> ဟု ဘဝ<mark>ကာလ</mark>ချင်း ကွဲပြား
သဖြင့် ထူးခြားလေပြီ၊ ဤနေရာကား အတိတ်အကြောင်း ၅ ပါးတွင် သင်္ခါရနှင့်
ကမ္မဘဝကို ပြွတ်သိပ်၍ ယူထားသဖြင့် ဘဝ <mark>ကာလ</mark>ချင်း တူနေပြန်ရကား
အဘယ်သို့ ထူးသနည်းဟု မေးဘွယ်ရှိပြန်၏။
အဖြေကား.." သင်္ခါရာ ပုရစေတနာ,ဘဝေါတု မုဉ္စသမား
သဗ္ဗာ ဝါစေတနာ ဘဝေါ, သင်္ခါရာသမ္ပယုတ္တကာ
ဟူသည်နှင့်အညီ (၁) ထိုထိုကုသိုလ် အကုသိုလ်ပြုရာ၌ အထမမြောက်မှီ
ရှေးအဘို့ဖြစ်သော ပုဗ္ဗစေတနာသည် သင်္ခါရ မည်၏၊ အထမြောက်သော
မုဉ္စစေတနာသည် ဘဝမည်၏။ (၂) တနည်း-ဇော ၇ ကြိမ်တွင် ရှေ့ဇော
၆ ကြိမ်နှင့် ယှဉ်သော စေတနာသည် သင်္ခါရမည်၏၊ သတ္တမဇောနှင့်ယှဉ်သော
စေတနာသည် ဘဝမည်၏၊ (၃) တနည်း ----စေတနာနှင့် ယှဉ်သော စိတ်
စေတသိက်သည် သင်္ခါရမည်၏၊ စေတနာ ဟူသမျှသည် ဘဝမည်၏၊ ဤကား
ထိုထို ပါဠိတော်လာတိုင်း အမျိုးမျိုးကောက်ပြသော နည်းတည်း။
[ ဤနည်းများအရ ၁-ပုဗ္ဗစေတနာတည်းဟူသော သင်္ခါရကို တိုက်ရိုက်
ယူလိုက်သဖြင့် မုဉ္စစေတနာတည်းဟူသော ကမ္မဘဝကိုလည်းယူပြီး<mark>ဖြစ်လေ၏</mark>
၂-ရှေ့ဇော ၆ ကြိမ်နှင့် ယှဉ်သော စေတနာ သင်္ခါရကို ယူလိုက်သဖြင့် သတ္တမ
ဇောနှင့် ယှဉ်သော စေတနာ ကမ္မဘဝကိုလည်း ယူပြီး <mark>ဖြစ်လေ၏</mark>။ ၃-
စေတနာနှင့် ယှဉ်ဘက် စေတသိက် ဟူသော သင်္ခါရကို ယူလိုက်သဖြင့် စေတနာ
တည်းဟူသော ကမ္မဘဝကိုလည်း ယူပြီးဖြစ်လေသည်။ ]

---

## Trang 250

မရဏဂ္ဂဟဏေန စ - <mark>ဇာတိ</mark> ဇရာ မရဏ တို့ကို တိုက်ရိုက်
ယူလိုက်သဖြင့်လည်း၊ <mark>ဝိညာဏာဒိဖလပဉ္စကမေဝ</mark>-ဝိညာဏ်

ဂါထာနက်။ ။ပုရစေတနာ – ပုဗ္ဗစေတနာတို့သည်၊ ဝါ – ရှေ့ဇော
၆ ကြိမ်နှင့် ယှဉ်သော စေတနာတို့သည်၊ သင်္ခါရာ – သင်္ခါရတို့ မည်၏၊ မုဉ္စ
သတ္တမာ'မုဉ္စစေတနာ သတ္တမဇော စေတနာတို့သည်၊ ဘဝေါ-မည်၏၊ ဝါ…
တနည်းကား၊ သဗ္ဗာစေတနာ - အလုံးစုံသော စေတနာသည်၊ ဘဝေါ…
ဘဝမည်၏၊ သမ္ပယုတ္တကာ−စေတနာနှင့် ယှဉ်ဘက် စိတ်စေတသိက်တို့သည်
သင်္ခါရာ'သင်္ခါရတို့ မည်၏။
ဝိညာဏ်, နာမ်ရုပ်, သဠာယတန,ဖဿ, <mark>ဝေဒနာ</mark>တို့ကား အတိတ်ကံ
ကြောင့် ဖြစ်သော <mark>ပစ္စုပ္ပန်ဘဝ</mark>၌ အကျိုး ၅ ပါးတည်း၊ ["မဇ္ဈေအဋ္ဌ<mark>ပစ္စုပ္ပန္နေ</mark>ာ
အဒ္ဓါ" ကို ထောက်၊ ] ၎င်းအကျိုး ၅ ပါးလုံးပင် ၍ ပဋိစ္စသမုပ္ပါဒ် ပါဠိ၌
တိုက်ရိုက် လာသည်ဖြစ်၍ အထူးပြောဘွယ် မလို။
<mark>တဏှုပါဒါန</mark>၊ပေ၊သင်္ခါရာ'ပစ္စုပ္ပန်အဓွန့် (ဘဝ)၌ တဏှာ
ဥပါဒါန ကမ္မဘဝ ဟူသော အကြောင်း ၃ ပါးသာ တိုက်ရိုက်လာ၏၊ ထို
၃ ပါးကို တိုက်ရိုက်ယူလိုက်သဖြင့် ယခင် ပြခဲ့သော အဝိနာဘာဝနည်း အရ
<mark>အဝိဇ္ဇာ</mark>နှင့် သင်္ခါရကိုလည်း ယူပြီး ဖြစ်ပြန်သည်၊ [ တဏှာ ဥပါဒါန်ဖြင့်
<mark>အဝိဇ္ဇာ</mark>ကို, ကမ္မဘဝဖြင့် သင်္ခါရကို ပြန်၍ယူပါ ဟူလို၊ ဤ စကားအရ
<mark>ပစ္စုပ္ပန်ဘဝ</mark>၌ တဏှာ ဥပါဒါန် ကမ္မဘဝ <mark>အဝိဇ္ဇာ</mark> သင်္ခါရ ဟု အကြောင်း
၅ ပါး ရပြန်သည်။
<mark>ဇာတိ</mark> ဇရာ၊ပေ၊ဝိညာဏာဒိ ဖလပဉ္စကမေဝ-<mark>ဇာတိ</mark>ဟူသည့် တရား
ကိုယ် သီးခြား မရှိ၊ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ <mark>ဝေဒနာ</mark>တို့၏
ဖြစ်ခြင်း ဥပါဒ်သာတည်း၊ ဇရာမရဏ-ဟူသည်လည်း ထို တရားတို့၏ ဌိ နှင့်
ဘင်သာတည်း၊ <mark>ထို့ကြောင့်</mark> "ဇာတိဇရာမရဏံ ၊ <mark>အနာဂတေ</mark>ာအဒ္ဓါ" အရ
နိဿယနှင့်အဓိပ္ပါယ်
၄၉၁
အစရှိသော အကျိုးငါးပါး အပေါင်းကို သာလျှင်၊ ဂဟိတံ –
ယူအပ်၏၊ ဣတိကတွာ - ဤ အကြောင်းကြောင့်။

<mark>အတီတေ</mark> – အတိတ်ဘဝ၌၊ ပဉ္စ – ငါးပါးကုန်သော၊ ဟေ
တဝေါ - အကြောင်းတရားတို့၎င်း၊ ဣဒါနိ – ဤ <mark>ပစ္စုပ္ပန်ဘဝ</mark>၌၊
ဖလပဉ္စကံ- အကျိုးငါးပါး အပေါင်း၎င်း၊ ဣဒါနိ – ဤ ပစ္စုပ္ပန်
ဘဝ၌၊ ပဉ္စ-ငါးပါးကုန်သော၊ ဟေတဝေါ-အကြောင်းတို့၎င်း၊
အာယတိံ - အနာဂတ် ဘဝ၌၊ ဖလပဉ္စကံ - အကျိုး ငါးပါး
အပေါင်း၎င်း၊ ဣတိ'ဤသို့၊<mark>ဝီသတိ-နှစ်ဆယ်သော</mark>၊ အာကာရာ-
အပြားတို့သည်၎င်း၊ ဝါ- အခြင်းအရာတို့သည်၎င်း၊ တိသန္ဓိ-
သုံးပါးသော အစပ်သည်၎င်း၊ <mark>စတုသင်္ခေပါ</mark> - လေးပါးသော
အဘို့တို့သည်၎င်း၊ ဝါ – လေးပါးသော အလွှာတို့သည် ၎င်း၊
ဘဝန္တိ-ဖြစ်ကုန်၏။
အနာဂတ် အဓွန့်၌ <mark>ဇာတိ</mark>ဇရာမရဏကို ဆိုသဖြင့် ဝိညာဏ် စသော အကျိုး
၅ ပါးကိုပင် ယူရလေတော့သည်၊ ဤ စကားအရ အနာဂတ်ဘဝ၌ ဝိညာဏ်
နာမ်ရုပ် သဠာယတန ဖဿ <mark>ဝေဒနာ</mark>-ဟု အကျိုး ၅ ပါး ရပြန်သည်ဟု မှတ်။
["<mark>ဇာတိ</mark>ဇရာ မရဏေန စ <mark>ဝိညာဏာဒိဖလပဉ္စကမေဝ</mark>" ဟု သီဟိုဠ်မူ ရှိ၏,
သာ၍ ကောင်းသည်။ ]

<mark>အတီတေ</mark> ဟေတဝေါ ပဉ္စ၊ ဣဒါနိ ဖလပဉ္စကံ။
ဣဒါနိ ဟေတဝေါ ပဉ္စ၊ အာယတိံ ဖလပဉ္စကံ ။
ဤ
"<mark>အဝိဇ္ဇာ</mark>သင်္ခါရဂ္ဂဟဏေန" မှ စ၍ "<mark>ဝိညာဏာဒိဖလပဉ္စကမေဝ</mark> ဂဟိတံ"
တိုင်အောင် အခြေခံစကားကို <mark>ထောက်ခံ</mark>၍ အတိတ်ဘဝ၌ ဖြစ်သော အကြောင်း
၅ ပါး, <mark>ပစ္စုပ္ပန်ဘဝ</mark>၌ ဖြစ်သော အကျိုး ၅ ပါး, <mark>ပစ္စုပ္ပန်ဘဝ</mark>၌ ဖြစ်သော
အကြောင်း ၅ ပါး, အနာဂတ်ဘဝ၌ ဖြစ်သော အကျိုး ၅ ပါး အားဖြင့်
အပြား ၂၀, အစပ် ၃ ပါး, အလွှာ ၄ ပါး ဖြစ်ကုန်၏။
