## Trang 261

ရုပ်တို့အား၎င်း၊ သဟဇာတဝသေန - <mark>သဟဇာတဝိပ္ပယုတ္တ</mark>
ပစ္စည်း၏ <mark>အစွမ်းဖြင့်</mark>၊ ပစ္စယော - သည်၊ ဟောတိ - ဖြစ်၏၊
(၂) <mark>ပစ္ဆာဇာတ</mark>၁ – နောက်နောက်၌ ဖြစ်ကုန်<mark>သော</mark>၊ စိတ္တ
စေတသိကာ - ကုန်<mark>သော</mark>၊ ဓမ္မာ - တို့သည်၊ ပုရေဇာတဿ-
ရှေးရှေး၌ ဖြစ်သော၊ <mark>ဣမဿ ကာယဿ</mark>- ၏ ရူပကာယအား၊
<mark>ပစ္ဆာဇာတ</mark>ဝသေန - ပစ္ဆာဇာတ <mark>ဝိပ္ပယုတ္တ</mark>ပစ္စည်း၏ အစွမ်း
ဖြင့်၊ ပစ္စယော - သည်၊ ဟောတိ-ဖြစ်၏၊ (၃) ဆ - ခြောက်ပါး
ကုန်<mark>သော</mark>၊ ဝတ္ထူနိ - ဝတ္ထုရုပ် တို့သည်၊ ပဝတ္တိယံ - ပဝတ္တိ
အခါ၌၊ သတ္တန္နံ – ခုနစ်ပါးကုန်<mark>သော</mark>၊ ဝိညာဏဓာနံ – ဝိညာ
<mark>ဏဓာတ်</mark>တို့အား၊ ပုရေဇာတဝသေန - ပုရေဇာတ <mark>ဝိပ္ပယုတ္တ</mark>
ပစ္စည်း၏ <mark>အစွမ်းဖြင့်</mark>၊ ပစ္စယော-သည်၊ ဟောတိ-ဖြစ်၏၊ ဣတိစ-
ဤသို့လျှင်၊ <mark>ဝိပ္ပယုတ္တ</mark> ပစ္စယော - <mark>ဝိပ္ပယုတ္တ</mark>ံ ပစ္စည်းသည်၊ တိဝိ
ဓော-သုံးပါး အပြားရှိသည်၊ ဟောတိ-ဖြစ်၏။


၈။ အတ္ထိ <mark>အဝိဂတ</mark> အပြား သဗ္ဗထာ - <mark>အလုံးစုံ</mark>သော အပြား
အားဖြင့်၊ သဟဇာတံ-သဟဇာတ
မျိုး၎င်း၊ ပုရေဇာတံ - ပုရေဇာတမျိုး၎င်း၊ <mark>ပစ္ဆာဇာတ</mark>ံစ -
<mark>ပစ္ဆာဇာတ</mark>မျိုး၎င်း၊ <mark>ကဗဠီကာရော</mark> အာဟာရော - <mark>ကဗဠီ</mark>
ကာရ အာဟာရ၎င်း၊ ရူပဇီဝိတံ-<mark>ရူပဇီဝိတိန္ဒြိယ</mark>၎င်း၊ ဣတိ-
သို့၊ <mark>အယံ ပဉ္စဝိဓော</mark> - ဤ ငါးပါး အပြား ရှိ<mark>သော</mark> ပစ္စည်းသည်၊

အထိ<mark>အဝိဂတ</mark>အပြား။ ။"သဟဇာတံ ပုရေဇာတံ၊ ပေ၊ ပဉ္စဝိဓော
ဟောတိ အတ္ထိပစ္စယော <mark>အဝိဂတ</mark>ပစ္စယော" ကား အတ္ထိပစ္စည်း <mark>အဝိဂတ</mark>
ပစ္စည်းတို့၏ အပြားကို ပြ<mark>သော</mark>စကားတည်း၊ <mark>ရှေ့က</mark>ပြခဲ့<mark>သော</mark> သဟဇာတမျိုး,
နိဿယနှင့်အဓိပ္ပါယ်
၅၁၃
<mark>အတ္ထိပစ္စယောစ</mark>-အတ္ထိပစ္စည်းသည်၎င်း၊ <mark>အဝိဂတ</mark>ပစ္စယောစ-
<mark>အဝိဂတ</mark> ပစ္စည်းသည်၎င်း၊ ဟောတိ - ဖြစ်၏။ [မိစ္ဆယံတိ-ဟု
ရှိသည်ကား ပါဠိပျက်၊ မိစ္ဆယံ-ဟုသာ ရှိရမည်။]

ပစ္စည်း အကျဉ်းချုပ် စ = ဆက်ဦးအံ့၊ <mark>အာရမ္မဏူပနိဿယ</mark>
ကမ္မပစ္စယေသု - အာရမ္မဏ ပစ္စည်း
ဥပနိဿယပစ္စည်း ကမ္မပစ္စည်း အတ္ထိပစ္စည်း တို့၌၊ သဗ္ဗေပိ-
<mark>အလုံးစုံ</mark>လည်း ဖြစ်ကုန်<mark>သော</mark>၊ ပစ္စယာ-တို့သည်၊ သမောဓနံ−
ပေါင်းဆုံခြင်းသို့၊ ဂစ္ဆန္တိ-ရောက်ကုန်၏။
အမှာစကားချပ်
<mark>ငါ</mark> - အမှာ စကားချပ် ညှပ်လိုက်ဦးအံ့၊
<mark>ထို-</mark>ဤ ပဋ္ဌာန်းနည်း၌၊ <mark>သဗ္ဗထာ</mark>-အလုံး
စုံ<mark>သော</mark> သဟဇာတမျိုးတို့၌လည်း၊ <mark>သဟဇာတရူပ</mark>ံတိ-သဟ
ဇာတရူပ ဟူသည်၊ ပဝတ္တေ-ပဝတ္တိအခါ၌၊ စိတ္တသမုဋ္ဌာနာနံ-
စိတ်ကြောင့် ဖြစ်<mark>သော</mark> ရုပ်တို့၏၎င်း၊ ပဋိသန္ဓေယံ - ပဋိသန္ဓေ
အခါ၌၊ ကဋတ္တာရူပါနံစ - ကဋတ္တာ ရုပ်တို့၏၎င်း၊ ဝသေန-
အပြားအားဖြင့်၊ ဒုဝိဓံ-နှစ်ပါး အပြားရှိသည်၊ ဟောတိ-ဖြစ်၏၊
ဣတိ-သို့၊ ဝေဒိတဗ္ဗ-သိအပ်၏။
ပုရေဇာတမျိုး, <mark>ပစ္ဆာဇာတ</mark>မျိုး, <mark>ကဗဠီ</mark>ကာရ အာဟာရ, <mark>ရူပဇီဝိတိန္ဒြိယ</mark>
တို့သည် အတ္ထိပစ္စည်း <mark>အဝိဂတ</mark>ပစ္စည်းလည်း မည်ကုန်၏-ဟူလို။
ပစ္စည်းအကျဉ်းချုပ် ၄ ပါး» ။ <mark>၂၄</mark> ပစ္စည်းကို ထိုက်သလို သွင်းလျှင်
အာရမ္မဏပစ္စည်း,
ဥပနိဿယပစ္စည်း, ကမ္မပစ္စည်း, အတ္ထိပစ္စည်း, ဤ ၄ ပစ္စည်း
တို့၌ဝင်၏၊ ထို့ကြောင့် အကျဉ်းချုပ်အားဖြင့် ပစ္စည်း ၄ မျိုးသာ ရှိသည်။

အမှာစကားချပ်။ ။ "<mark>သဟဇာတရူပ</mark>ံတိပနေတ္ထ" စသည်ကား
အမှာစကားချပ်တည်း၊ <mark>ရှေ့က</mark> ဆိုခဲ့<mark>သော</mark> စကားတို့၌ သဟဇာတမျိုး ဟူသမျှ
၆၅

---

## Trang 262

ဣတိ - ဤသို့၊ <mark>သန္တဝါ</mark> – ဖြစ်သင့်<mark>သော</mark>အားဖြင့်၊
<mark>တေကာလိက</mark>ာ-ကာလ သုံးပါး၌လည်း ဖြစ်ကုန်
<mark>သော</mark>၊ ကာလမုတ္တာစ – ကာလ သုံးပါးမှလည်း လွတ်ကုန်
<mark>သော</mark>၊ အဇ္ဈတ္တဉ္စ - အတ္တ သန္တာန်၌လည်း ဖြစ်ကုန်<mark>သော</mark>၊
ဗဟိဒ္ဓါစ - ဗဟိဒ္ဓသန္တာန်၌လည်း ဖြစ်ကုန်<mark>သော</mark>၊ သင်္ခတဉ္စ-
သင်္ခတ တရားလည်း ဖြစ်ကုန်သော၊ <mark>အသင်္ခတ</mark>ဉ္စ - <mark>အသင်္ခတ</mark>
တရားလည်း ဖြစ်ကုန်<mark>သော</mark>၊ တထာ - ထိုမှတပါး၊ ပညတ္တိ
နာမရူပါနံ – ပညတ် နာမ် ရုပ်တို့၏၊ ဝသေန – အပြားအားဖြင့်၊
<mark>တိဝိဓာ</mark>-သုံးပါး အပြားအားဖြင့်၊ <mark>ဌိတာ</mark>-တည်ကုန်<mark>သော</mark>၊ ဓမ္မာ-
တရားတို့သည်၊ ပဋ္ဌာနေ-ပဋ္ဌာန်းအရာ၌၊ သဗ္ဗထာ-<mark>အလုံးစုံ</mark>သော
အပြားအားဖြင့်၊ စတုဝီသတိ – ၂၄ ပါး<mark>သော</mark>၊ ပစ္စယာနာမ-
ပစ္စည်းတို့ မည်၏။


ထပ်၍ "<mark>သဟဇာတရူပ</mark>ါနံ" ဟူ<mark>သော</mark> ပါဠိ ရှိ၏၊ ထို ပါဠိအရ သဟဇာတရုပ်
ဟူရာ၌.. (၁) ပဝတ္တိအခါဖြစ်လျှင် စိတ္တဇရုပ်ကို ဆိုသည်ဟုမှတ်၊ (၂)ပဋိသန္ဓေ
အခါဖြစ်လျှင် ကဋတ္တာ (ကမ္မဇ) ရုပ်ကို ဆိုလိုသည်ဟုမှတ်၊ ဤသို့လျှင် စိတ္တဇရုပ်
ပဋိသန္ဓေ ကမ္မဇရုပ်ဟု သဟဇာတရုပ် ၂ မျိုးရှိ၏-ဟူလို။

နိဂုံးချုပ်လျက် <mark>တေကာလိက</mark> စသည် ခွဲပြချက်။ "ဣတိ တေ
ကာလိကာ ဓမ္မာ" စ<mark>သော</mark> ဂါထာကား <mark>၂၄</mark> ပစ္စည်းတွင် ပါဝင်<mark>သော</mark> တရား
တို့၏ <mark>တေကာလိက</mark>, ကာလဝိမုတ္တ စသည်ဖြင့် အမျိုးမျိုးရှိကြောင်းကို ခွဲပြရင်း
နိဂုံးချုပ်<mark>သော</mark> ဂါထာတည်း၊ <mark>တေကာလိက</mark>-ကာလဝိမုတ္တ အားဖြင့် ၂ မျိုး
အဇ္ဈတ္တ-ဗဟိဒ္ဓအားဖြင့် ၂ မျိုး, သင်္ခတ <mark>အသင်္ခတ</mark> အားဖြင့် ၂ မျိုး, ပညတ်
<mark>နာမ်ရုပ်</mark> အားဖြင့် ၃ မျိုး, ဤသို့ အသီးသီး <mark>ပြားကုန်</mark>သော တရားသည်
ပဋ္ဌာန်းနည်း အရာဝယ် ၂၄ ပစ္စည်း <mark>အမည်ရ</mark>လေသည်-ဟူလို။
နိဿယနှင့်အဓိပ္ပါယ်
<mark>၅၁</mark>၅
ထိုတွင် <mark>တေကာလိက</mark> တရားဟူသည် စိတ် စေတသိက် ရုပ်တို့<mark>တည်း</mark>၊
ကာလဝိမုတ္တ ဟူသည် နိဗ္ဗာန်ပညတ်<mark>တည်း</mark>၊ အဇ္ဈတ္တ ဟူသည် မိမိသန္တာန်၌
ဖြစ်<mark>သော</mark> စိတ် စေတသိက် ရုပ်များ<mark>တည်း</mark>၊ ဗဟိဒ္ဓဟူသည် <mark>သူတစ်ပါး</mark> သန္တာန်၌
ဖြစ်<mark>သော</mark> စိတ် စေတသိက် ရုပ်နှင့် နိဗ္ဗာန်<mark>တည်း</mark>၊ သင်္ခတဟူသည် စိတ် စေတ
သိက် ရုပ်များတည်း၊ <mark>အသင်္ခတ</mark> ဟူသည် နိဗ္ဗာန်ပညတ်တည်း။
<mark>လေ့ကျင့်ခန်း</mark> မေးခွန်းများ
က။ <mark>ဆဓာနာမံတု</mark> နာမဿ – စ<mark>သော</mark> ဂါထာ တို့သည် ဘာကို ပြ<mark>သော</mark>
ဂါထာတို့နည်း။
ခ။ ထိုဂါထာ၌ "ဆဗ္ဗိဓာပစ္စယာ" အရ ပစ္စည်း ၆ မျိုးကိုရေတွက်ပါ။
ဂ။ <mark>ဆဓာနာမံတု</mark> နာမဿအရ အကျယ် ပြ<mark>သော</mark> စကားရပ်၏ အစနှင့်
အဆုံးကို သတ်မှတ်ပြီးလျှင်, ၆ ပစ္စည်း သရုပ်ကို ထုတ်ပြပါ။
ဃ။ ပဉ္စဓာနာမရူပီနံ အရ အကျယ် ပြ<mark>သော</mark> စကား၏ အစ နှင့် အဆုံးကို
သတ်မှတ်ပြီးလျှင်, ၅ ပစ္စည်း သရုပ်ကို ထုတ်ပြပါ။
င။ ဧကဓာပုနရူပဿ အရ အကျယ်ပြ<mark>သော</mark> စကားကို ပြပါ။
စ။ ရူပံ နာမဿ စေကဓာ အရ အကျယ်ပြ<mark>သော</mark> စကားရပ်ကို ပြပါ။
ဆ။ ပညတ္တိ နာမရူပါနိ နာမဿ ဒုဝိဓာအရ အကျယ်ပြ<mark>သော</mark> စကား၏ အစ
အဆုံးကို သတ်မှတ်ပြီးလျှင် ထို ၂ ပစ္စည်း၏ နာမည်ကို ပြပါ။
ဇ။ အာရမ္မဏပစ္စည်း အပြားနှင့် ဥပနိဿယ ပစ္စည်းအပြားကို ပြပါ။
ရ။ ထို ဥပနိဿယပစ္စည်းများ၏ သရုပ်ကို ပြ<mark>သော</mark> ပါဠိကို အစအဆုံး ပိုင်း
ခြား ပြပါ။
ည။ ဒွယံ ဒွယဿ နဝဓာ အရ ၉ ပစ္စည်းကို သင်္ဂြိုဟ်ထောက်၍ ရေတွက်ပါ။
ဋ။ <mark>၂၄</mark> ပစ္စည်းကို အကျဉ်းချုပ်လျှင် ပစ္စည်းပေါင်း မည်မျှ ဖြစ်သနည်း။
ဌ။ သဟဇာတ ရူပါနံ-ဟု လာရှိသည့် ပါဠိဟူသမျှ၌ သဟဇာတရုပ်ဟူသည်
ဘယ်နှစ်မျိုး ရှိသနည်း, သင်္ဂြိုဟ်ထောက်၍ ရေတွက်ပါ။

---

## Trang 263

တတ္ထ - ထို ပညတ် <mark>နာမ်ရုပ်</mark> တို့တွင်၊
ရုပ် နာမ် ပညတ်အခွဲ
ရူပဓမ္မာ - ရုပ်
တရားတို့ ဟူသည်။
<mark>ရူပက္ခန္ဓောဝ</mark>-ရူပက္<mark>ခန္ဓာ</mark>ပင်တည်း၊ စိတ္တစေတသိက<mark>သင်္ခါတာ</mark>-
စိတ် စေတသိက် ဟု ဆိုအပ်ကုန်<mark>သော</mark>၊ စတ္တာရော- လေးပါး
ကုန်သော၊ <mark>အရူပိနော</mark>-နာမ်ဖြစ်ကုန်သော၊ <mark>ခန္ဓာ</mark> – <mark>ခန္ဓာ</mark>တို့၎င်း၊
နိဗ္ဗာနဉ္စ-နိဗ္ဗာန်၎င်း၊ ဣတိ-သို့၊ ပဉ္စဝိဓံ-<mark>ငါ</mark>းပါး အပြားရှိသည်
လည်း ဖြစ်<mark>သော</mark> တရားကို၊ အရူပန္တိ - အရူပ ဟူ၍၎င်း၊
<mark>နာမန္တိ</mark> စ-နာမ်ဟူ၍၎င်း၊ <mark>ပဝုစ္စတိ</mark>-ဆိုအပ်၏။

<mark>တတော</mark> - ထို ရုပ် နာမ်မှ၊ အဝသေသာ - ကြွင်း<mark>သော</mark>၊
ပညတ္တိပန-ပညတ်သည်ကား၊ ပညာယတ္တာ-အပြားအားဖြင့်
သိစေအပ်သည်၏ အဖြစ်ကြောင့်၊ ပညတ္တိ - အတ္ထပညတ်၎င်း၊

ရုပ်နာမ်ပညတ်တို့ကို ခွဲပြခြင်း။ ။ ဆိုခဲ့ပြီး<mark>သော</mark> စကားအစဉ်ဖြင့်
ပဋိစ္စသမုပ္ပါဒ်နည်း ပဋ္ဌာန်းနည်း ပြီးဆုံးပြီ ဖြစ်၍ ပစ္စည်းပိုင်းကို အဆုံးသတ်
သင့်<mark>သော</mark>်လည်း, ဆိုခဲ့ပြီး<mark>သော</mark>ဂါထာဝယ် – "ပညတ္တိနာမ ရူပါနံ, ဝသေန
<mark>တိဝိဓာ</mark> ဌိတာ" ဟု <mark>ပါရှိ</mark>သဖြင့် ပညတ် နာမ် ရုပ်များကို ခွဲခြား၍ ပြပြန်
လို<mark>သော</mark>ကြောင့် "တတ္ထ ရူပဓမ္မာ" မှစ၍ "ဝစီ<mark>သော</mark>သာနုသာရေန" ဂါထာ
တိုင်အောင် ဆက်လက် မိန့်ဆိုရပြန်လေသည်၊ ထိုတွင် "<mark>ရူပဓမ္မာ ပန</mark> ပဝုစ္စတိ"
ကား ရုပ်နှင့် နာမ်၏ သရုပ်ကို ပြသော စကား<mark>တည်း</mark>၊ ရုပ်တရား ဟူသည်
<mark>သမုစ္စည်းပိုင်း</mark>၌ ပြခဲ့သော ရူပက္<mark>ခန္ဓာ</mark>ပင်တည်း၊ နာမ်တရား ဟူသည်ကား
ဝေဒနာက္<mark>ခန္ဓာ</mark> သညာက္<mark>ခန္ဓာ</mark> သင်္ခါရက္<mark>ခန္ဓာ</mark> ဝိညာဏက္ခန္ဓာ <mark>ဟူသော ၄ပါး</mark>နှင့် နိဗ္ဗာန်
တရားတည်း။

<mark>သဒ္ဒပညတ်</mark>, အတ္ထပညတ်။ ။ "<mark>တတော</mark> အဝသေသာ၊ ပေ၊ ဒုဝိဓာ
ဟောတိ" ဖြင့် ပညတ် ၂ မျိုး ပြားကြောင်းကို ပြသည်။ "ပညာပီယတ္တာ
ပညတ္တိ" ဖြင့် အတ္ထပညတ်ကို ပြ၏၊ ထင်ရှားစေအံ့— — "ပညာယတ္တာ"
နိဿယနှင့်အဓိပ္ပါယ်
<mark>၅၁</mark>၇
ပညာပနတော - အပြားအားဖြင့် သိစေတတ်သည်၏ အဖြစ်
ကြောင့်၊ ပညတ္တိစ- <mark>သဒ္ဒပညတ်</mark>၎င်း၊ ဣတိ-သို့၊ ဒုဝိဓာ-နှစ်ပါး
အပြားရှိသည်၊ ဟောတိ-ဖြစ်၏။
အတ္ထပညတ် အကျယ်
(၁) တံတံဘူတဝိပရိဏာမာ<mark>ကာရ</mark>ံ-
ထိုထို ပထဝီ စသော <mark>မဟာဘုတ်</mark>တို့၏,
အထူးထူး အဖုံဖုံ, ထက်ဝန်းကျင် ညွှတ်ကိုင်းလျက် တည်နေပုံ

အရ "သိစေအပ်" ဟူသည် <mark>သူတစ်ပါး</mark>တို့ နားလည်အောင် ပြောပြအပ်သော
အနက်<mark>တည်း</mark>၊ [စိတ်၌ ထင်လာသမျှ အကောင်<mark>အထည်</mark> ဒြဗ်ဝတ္ထု စသည်ကို
"အနက်" ဟု ခေါ်သည်၊] ထိုအနက်ကို အမျိုးမျိုး အစားစား များပြား
<mark>သော</mark> နာမည်တပ်၍ သိစေအပ်<mark>သော</mark>ကြောင့် "ပ<mark>ကာရ</mark>ေန + ဉာပီယတိ"
ဟူ<mark>သော</mark> ဝစနတ်အရ "ပညတ္တိ" ဟု ဆိုရလေသည်။ ["ပ<mark>ကာရ</mark>ေန-အပြား
အားဖြင့်+ဉာပီယတိ-သိစေအပ်၏" ဟု အနက်ဆို။]

"ပညာပနတော ပညတ္တိ" ဖြင့် <mark>သဒ္ဒပညတ်</mark>ကိုပြ၏၊ ထင်ရှားစေအံ့—
ပါဠိစကားသံဖြစ်စေ, မြန်မာ ကုလား <mark>တရုတ်</mark>စသော လူမျိုးများ၏ စကားသံ
ဖြစ်စေ, ထိုထို စကားသံ (<mark>သဒ္ဒ</mark>) ဟူသမျှသည် မိမိတို့ ဘာသာ အလျောက်
ဆိုလိုရာ အနက်ဒြဗ် အထည် ဝတ္ထု <mark>တစ်ခုခု</mark>ကို အမျိုးမျိုး အစားစား အားဖြင့်
သိစေတတ်သည်ချည်း ဖြစ်<mark>သော</mark>ကြောင့် "ပ<mark>ကာရ</mark>ေန+ဉာပေတိ"ဟူ<mark>သော</mark>
ဝစနတ်အရ "ပညတ္တိ" မည်၏။ ["ပ<mark>ကာရ</mark>ေန-အပြားအားဖြင့်+ ဉာပေတိ-
သိစေတတ်၏" ဟု အနက်ဆို၊ ပညတ္တိ - ၌ ကား ပ ရှေးရှိ<mark>သော</mark> ဉ ပဓာတ်,
တစ်နည်း ဉာဓာတ်, (<mark>ကာရ</mark>ိတ်ပစ္စည်းကြေ) တိ ပစ္စည်း<mark>တည်း</mark>။]

အတ္ထပညတ် အကျယ်။ ။ ကထံစသည်ကား ပညတ် ၂ မျိုးကို အကျယ်
ပြသော စကား<mark>တည်း</mark>၊ ထိုတွင် "တံတံဘူတဝိပရိဏာမာ<mark>ကာရ</mark>" မှ စ၍
"ပညတ္တိနာမ" တိုင်အောင်<mark>သော</mark> စကားရပ်ကား အတ္ထပညတ်ကို ပြသော
စကားရပ်<mark>တည်း</mark>။
၆၆

---

## Trang 264

အခြင်းအရာကို၊ ဥပါဒါယ – ရှေး<mark>ဦး</mark>စွာ ကပ်ယူ၍၊ ဝါ-စွဲ၍၊
<mark>တထာတထာ</mark>-ထိုထို ဘူမိပဗ္ဗတ အစရှိ<mark>သော</mark> အပြားအားဖြင့်၊
<mark>ပညတ္တာ</mark> – ခေါ်ဝေါ်ပညတ် သမုတ်အပ်<mark>သော</mark>၊ ဘူမိပဗ္ဗတာ
ဒိကာ-ဘူမိပဗ္ဗတ အစရှိ<mark>သော</mark> သန္တာနပညတ်၎င်း။

(၁) တံတံဘူတ၊ ပေ၊ ဘူမိပဗ္ဗတကား။ ။ <mark>သတ္တာသန္တာန်</mark>မှ
တစ်ပါး အပြင်တည်ရာ ဝတ္ထုတို့၌ ပထဝီ အာပေါ တေဇော ဝါယော ဟူသော
<mark>မဟာဘုတ်</mark>ကြီး ၄ ပါးနှင့် ဝဏ္ဏ ဂန္ဓ ရသ ဩဇာ ဟူသော <mark>ရုပ် ၈ ပါး</mark> အပေါင်း
(အဋ္ဌကလာပ်) သာ ပရမတ္ထအားဖြင့် ထင်ရှားရှိသည်၊ ထို <mark>ရုပ် ၈ ပါး</mark>တွင်
<mark>အထည်</mark>ကိုယ် ထင်ရှားသော <mark>မဟာဘုတ်</mark>ကိုသာ စကား သုံးလိမ့်မည်၊
<mark>မဟာဘုတ်</mark> တို့၏ အစဉ်အဆက် တွဲယှက်ပြီးလျှင် ပြန့်ကျယ် ပြားချပ်<mark>သော</mark>
အခြင်းအရာအားဖြင့် ညွှတ်ပေါင်း စုပုံနေဟန် အစဉ်သန္တာန်ကို ရှေး<mark>ဦး</mark>စွာ
စိတ်ဖြင့် ယူ၍ (အာရုံပြု၍,) ဤအရာကား "ဘူမိ" မြန်မာလို
"မြေ" စသည်ဖြင့် အမည် ပညတ် သမုတ်အပ်လေ၏၊ ထို <mark>မဟာဘုတ်</mark>တို့၏ အစဉ်
အဆက် တွဲယှက်ပြီးလျှင် မိုးမိုးမောက်မောက် မတ်စောက်စောက် အားဖြင့်
ထက်ဝန်းကျင် ညွတ်ပေါင်း စုပုံနေဟန် အခြင်းအရာကို စိတ်ဖြင့်ယူ၍ ဤအရာ
ကား ပဗ္ဗတ (တောင်) စသည်ဖြင့် နာမည် ပညတ် သမုတ်အပ်လေ၏။- ထိုသို့
သမုတ်အပ်<mark>သော</mark> အရာဝတ္ထု အထည် ဒြဗ်သည် <mark>မဟာဘုတ်</mark>တို့၏ အစီအစဉ်ကို
စွဲ၍ ဖြစ်<mark>သော</mark>ကြောင့် "သန္တာနပညတ်" မည်၏။ [သမူဟပညတ် ဟုလည်း
ဆိုကြ၏။]

[ဘူတဝိပရိဏာမာ<mark>ကာရ</mark> "ဝိဝိဓံ+ပရိ (<mark>သမန္တတော</mark>) +နမနံ+
ဝိပရိဏာမော" ဝိဝိဓံ=အထူးထူး အပြားပြား (အမျိုးမျိုး အဖုံဖုံ) + ပရိ
<mark>သမန္တတော</mark>=ထက်ဝန်းကျင်မှ <mark>နမနံ</mark> = ညွှတ်ကိုင်း ပေါင်းစုလျက် တည်နေ
ပုံသည်+ဝိပရိဏာမော = မည်၏၊ "<mark>ဘူတာနံ</mark>+ ဝိပရိဏာမော ဘူတဝိပရိ
နိဿယနှင့်အဓိပ္ပါယ်
<mark>၅၁</mark>၉
(၂) သန္ထာရ <mark>သန္နိဝေသာ</mark>ကာရံ - သစ်သား စသော
<mark>အဆောက်</mark>အဦးတို့၏ <mark>စုဝေး</mark> တည်နေပုံ အခြင်းအရာကို၊ ဥပါ
ဒါယ-၍၊ <mark>တထာတထာ</mark> - ထိုထို <mark>ဂေဟ</mark> ရထ သကဋ အစ
ရှိ<mark>သော</mark> အပြားအားဖြင့်၊ ပညတ္တာ - သော၊ (<mark>တထာတထာ</mark>
ပညတ္တာကို ဝါကျတိုင်း လိုက်) <mark>ဂေဟ</mark> ရထ သကဋာဒိကာ-
<mark>ဂေဟ</mark> ရထ သကဋအစရှိ<mark>သော</mark> သမူဟ ပညတ်၎င်း။
ဏာမော" ဘူတာနံ=<mark>မဟာဘုတ်</mark>တို့၏ ဝိပရိဏာမော=အမျိုးမျိုး အဖုံဖုံ
ထက်ဝန်းကျင်၌ ညွတ်ကိုင်း ပေါင်းစုလျက် တည်နေပုံသည်၊ ဘူတဝိပရိဏာ
မောမည်၏၊ "ဘူတဝိပရိဏာမောစ+<mark>သော</mark> အာကာရောစာတိ ဘူတ
ဝိပရိဏာမာ<mark>ကာရ</mark>ော" ဟု ဝိဂြိုဟ်ပြု၊ ဘူမိပဗ္ဗတာဒိကာ၌ အာဒိသဒ္ဓါဖြင့်
ရုက္ခ-နဒီ-သမုဒ္ဒ-စသည်ကို ယူ။]

(၂) သမ္ဘာရ<mark>သန္နိဝေသာ</mark>၊ ပေ၊ <mark>ဂေဟ</mark> ရထ သကဋာဒိကာ။
သစ်သားစသော <mark>အဆောက်</mark>အဦးတို့၏ တစ်ခုနှင့်တစ်ခု ဆက်သွယ်ပေါင်းစုလျက်
တည်နေပုံကို စိတ်ဖြင့် ရှေး<mark>ဦး</mark>စွာ ယူ၍ ရှေးလူကြီးတို့သည် ဤအရာဝတ္ထုကား
"<mark>ဂေဟ</mark> (အိမ်)" ဤဝတ္ထုကား "<mark>ရထ</mark> (<mark>ရထ</mark>ား)" ဤဝတ္ထုကား "<mark>သကဋ</mark>
(လှည်း)" စသည်ဖြင့် နာမည်ပညတ် သမုတ်အပ်လေသည်၊ ဤကဲ့သို့ ပညတ်
အပ်<mark>သော</mark> အထည်ဒြဗ်သည် <mark>အဆောက်</mark> အပြုံးတွေ ပေါင်းစု နေပုံကို စွဲ၍
ဖြစ်<mark>သော</mark>ကြောင့် "သမူဟပညတ်" မည်၏။ [ပုံသဏ္ဌာန်ကို စွဲ၍ ဖြစ်<mark>သော</mark>
ကြောင့် သဏ္ဌာန ပညတ်-ဟုလည်း ဆိုကြ၏၊] <mark>သကဋ</mark>ာဒိကာ၌ အာဒိဖြင့်
အိမ်တွေ ပေါင်းနေသည်ကိုစွဲ၍ "ဂါမ (ရွာ)" <mark>မြေကြီးတွေ</mark> ပေါင်းနေသည်ကို
စွဲ၍ "<mark>ဃဋ (အိုး)</mark>" ချည်ချောင်းတွေ ပေါင်းနေသည်ကို စွဲ၍ "ပဋ (ပုဆိုး)"
စ<mark>သော</mark> ပညတ်တို့ကို ယူ။

---

## Trang 265

(၃) ခန္ဓပဉ္စကံ - <mark>ခန္ဓာ</mark>ငါးပါး အပေါင်းကို၊ ဥပါဒါယ – ၍၊
<mark>တထာတထာ</mark>-ထိုထို ပုရိသပုဂ္ဂလ အစရှိ<mark>သော</mark>အပြားအားဖြင့်၊
<mark>ပညတ္တာ</mark>- သော၊ ပုရိသ<mark>ပုဂ္ဂလာဒိကာ</mark> - ပုရိသ, ပုဂ္ဂလအစ
ရှိ<mark>သော</mark> သတ္တပညတ်၎င်း။

(၄) <mark>စန္ဒာဝဋ္ဋနာကံ</mark> - လ နေ နက္ခတ် တို့၏ မြင့်မိုရ်
တောင်ကို လက်ျာရစ် လည်လျက် ထွက်ပုံ ဝင်ပုံ အစရှိသည်
ကို၊ ဥပါဒါယ – ၍၊ <mark>တထာတထာ</mark> - ထိုထို ဒိသာကာလ အစ
ရှိ<mark>သော</mark>အပြားအားဖြင့်၊ <mark>ပညတ္တာ</mark>-သော၊ ဒိသာကာလာဒိကာ-
ပုဗ္ဗဒိသာအစရှိ<mark>သော</mark> ဒိသာပညတ်, ပုဗ္ဗဏှအစရှိ<mark>သော</mark> ကာလ
ပညတ်၎င်း။

(၃) ခန္ဓပဉ္စက၊ ပေ၊ ပုရိသ<mark>ပုဂ္ဂလာဒိကာ</mark>။ ။ ခန္ဓာ<mark>ငါ</mark>းပါးအပေါင်း
ကို ရှေးဦးစွာ စိတ်ဖြင့် စွဲယူ၍ (အာရုံပြု၍) ဤအရာကား "ပုရိသ" ဤအရာ
ကား "ပုဂ္ဂလ" ဟု နာမည် ပညတ် သမုတ်အပ်သည်။ ဤကဲ့သို့ ပညတ်
အပ်သော <mark>အထည်</mark>ဒြဗ်သည် သတ္တဝါကို စွဲ၍ ဖြစ်<mark>သော</mark>ကြောင့် "သတ္တ
ပညတ်" မည်၏၊ (<mark>ခန္ဓာ</mark>ပဉ္စကကို စွဲ၍ ဖြစ်<mark>သော</mark>ကြောင့် ဥပါဒါပညတ်-ဟု
လည်း ဆိုနိုင်၏၊) အာဒိဖြင့် ဣတ္ထိ, အတ္တ, ဇီဝ စ<mark>သော</mark> ပညတ် များကို
ယူသင့်၏။

(၄) <mark>စန္ဒာဝဋ္ဋနာ</mark>၊ ပေ၊ ဒိသာကာလာဒိကာ။ ။ စန္ဒသဒ္ဓါဖြင့်
လကို ဥပလက္ခဏ နည်းအားဖြင့် မှတ်၍ဆိုသည်၊ နေနက္ခတ်ပါ ယူ၊ အာဝဋ္ဋန
<mark>သဒ္ဒ</mark>ါသည် လှည့်လည်ခြင်းအနက်ကို ဟော၏၊ [လ နေ နက္ခတ် တို့သည်
ဤ ကျွန်းသူ ကျွန်းသားတို့ အမြင်အားဖြင့် အရှေ့ခေါ်<mark>သော</mark> အရပ်မှ ထွက်
ပြီးလျှင် လက်ျာရစ်လည်၍ အနောက် ခေါ်<mark>သော</mark> အရပ်မှာ နောက်ဆုံး ဖြစ်
သည်ဟု ဝင်သည်ဟု ထင်ကြရ၏၊ ထို နေ လ နက္ခတ်၏ အသွားအလာကို စွဲ၍
နိဿယနှင့်အဓိပ္ပါယ်
၅၂၁
(၅) အသမ္ဖဋ္ဌာကာရံ – <mark>မဟာဘုတ်</mark>ချင်း မထိ မစပ်ပုံ
အခြင်းအရာကို၊ ဥပါဒါယ – ၍၊ <mark>တထာတထာ</mark> - ထိုထို ကူပ
ဂူဟာ အစရှိ<mark>သော</mark> အပြားအားဖြင့်၊ <mark>ပညတ္တာ</mark> - သော၊ ကူ
ပဂူဟာဒိကာ-ကူပဂူဟာ အစရှိ<mark>သော</mark> အာကာသပညတ်၎င်း။

အကြင်အရပ်မှ ရှေးဦးစွာ ထွက်ပေါ်လာ၏၊ ထို အရပ်ကို "ရှေးဦး" အနက်
ဟော "ပုဗ္ဗ-ပုရတ္ထိမ" <mark>သဒ္ဒ</mark>ါတို့ဖြင့် "ပုဗ္ဗဒိသာ-ပုရတ္ထိမဒိသာ (အရှေ့အရပ်)"
ဟု ပညတ်ထားကြ၏၊ လ နေ နက္ခတ်တို့ နောက်ဆုံး ဖြစ်ရာ အရပ်ကို "ပစ္ဆိမ
ဒိသာ (အနောက်အရပ်)" ဟု၎င်း, လက်ျာဘက် အရပ်ကို "ဒက္ခိဏဒိသာ
(တောင်အရပ်)" ဟု၎င်း, လက်ဝဲဘက် အရပ်ကို မြင့်မြောက်<mark>သော</mark> အရပ်
ဖြစ်၍ "အထက်" ဟော ဥတ္တရသဒ္ဓါဖြင့် "ဥတ္တရဒိသာ (<mark>မြောက်အရပ်</mark>)"ဟု၎င်း,
ပညတ်ထား၏၊ [<mark>မြောက်အရပ်</mark>က မြင့်ပုံကို မြင့်မိုရ်တောင် ရှိသဖြင့်၎င်း, ရေစီး
ပုံကို ကြည့်သဖြင့်၎င်း သိရာ၏။]

နေ၏ ရှေးဦးစွာ ထွက်စ အခါကို <mark>တစ်နေ့</mark>လုံးအတွက် ရှေးဦးစွာ ဖြစ်<mark>သော</mark>
အခါဖြစ်၍ "ပုဗ္ဗဏှ (နံနက်ပိုင်း)" ဟုပညတ်ထား၏၊ "<mark>မဇ္ဈဏှ</mark> (နေ့လယ်
ပိုင်း)" "<mark>အပရဏှ</mark> (ညနေပိုင်း)" ဟု ပညတ်ပုံကိုလည်း သိလေ၊ ဤ ပညတ်
မျိုးကား ဒိသာပညတ်, ကာလ ပညတ်တို့<mark>တည်း</mark>၊ အာဒိဖြင့် ဥတုပညတ်,
တာကုးလ စ<mark>သော</mark> မာသ ပညတ်, နှစ် ဟူ<mark>သော</mark> သံဝစ္ဆရ ပညတ် တို့ကို ယူ။
[ပုဗ္ဗဏှ = ပုဗ္ဗ + အဟ။ ပုဗ္ဗ = ရှေ့ + အဟ=နေ့၊ နေ့၏ ရှေ့အဘို့
(နံနက်ပိုင်း) အာကို အလှပြု။]

(၅) အသမ္ဖဋ္ဌာ၊ ပေ၊ ကူပဂူဟာဒိကာ။ ။ "တွင်းဂူ"အစ ရှိသည်
တို့သည် ထက်ဝန်းကျင် အရပ်၌သာ မြေသား <mark>မဟာဘုတ်</mark> ရုပ်ကလာပ်များ
ရှိကြ၏၊ အလယ်အရပ်၌ကား <mark>မဟာဘုတ်</mark> ရုပ်ကလာပ်များ အထင်အရှား မရှိ
ချေ၊ ထို <mark>မဟာဘုတ်</mark> ရုပ်ကလာပ်တို့ ဆက်သွယ်၍ ထိစပ်ခြင်း မရှိ, ဟာလာ
၆၉
